Piano Ghost (Complete)

By layaung95

118K 11.7K 466

သူငယ္ခ်င္းတစ္ေယာက္ကုိဆံုးရံႈးလိုက္ရျပီးသည့္ေနာက္ သူ႕ကုိယ္သူအျပစ္ရွိသူတစ္ေယာက္လို႔သတ္မွတ္ထားေသာသူတစ္ေယာက္... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Final
Unicode သမားတွေအတွက် ချစ်ရပါသော အော်သာမှပေးစာ💗💗💗
Book Publishing
Questions&Answers

Part 16

1.9K 239 8
By layaung95

(Uni) မနက်လင်းတဲ့အခါမှ ခေါင်းကနာကြင်မူတစ်ချို့နှင့်အတူ ရှားရဲ့အမြင်လွှာတို့ပွင့်ဟလာခဲ့သည်။

. . . . . . .Ar. . . . .ကျွတ်ကျွတ်. . . . . , . . . .

*ငါ ဘာဖြစ်သွားတာလဲ. . . *

ခေါင်းကို လက်နဲ့ဖိလိုက်ရင်း အိပ်ယာပေါ်ကနေသူထလာလိုက်သည်။

''ဟင် မနေ့ကငါကြမ်းပြင်ပေါ်မှာလဲကျသွားတာမလား. . . . ''

သူပြန်စဉ်းစားတော့ သူကြမ်းပြင်ပေါ်မှာလဲကျသွားခဲ့တာကိုသူမှတ်မိသည်။ သို့သော်သူဘယ်လိုလုပ်ပြီးကုတင်ပေါ်ပြန်ရောက်နေတယ်သူ မသိ။

''အကိုပြန်တင်ပေးထားတာ. . . ''

အဝတ်အစားလဲနေရင်းကနေ သံသယစိတ်ဖြစ်နေသောရှားအတွက် စစ်သွေးပြန်ရှင်းပြလိုက်လေသည်။ ဤသည်ကိုရှားသေချာနားမလည်။

''ခင်ဗျာ. . . ''

''မင်းအိပ်ရေးကြမ်းတယ်ထင်တယ် အကိုတစ်ရေးနိုးတော့ မင်းကုတင်ပေါ်ကပြုတ်ကျနေတာလေ. . . အဲ့ဒါကြောင့် အကိုပြန်တင်ပေးထားတာ. . . ''

သူ့ရဲ့ပိုးလိုးပက်လက်ပုံစံကို စစ်သွေးမြင်သွားမည်မှာအမှန်ပင်။ ထိုသို့ဖြစ်ပျက်နေသောသူ့ကို စစ်သွေးက ကုတင်ပေါ်ပြန်တင်ပေးခဲ့သည်ဆိုတော့. . . .

*ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ရမှာလား. . . . . . *

အို . . . တော်ပါ. . . . စစ်သွေးကို သူလုံးဝစကားမပြောဘူး. . အပေါင်းအသင်းမလုပ်ဘူးလို့ ဆုံးဖြတ်ထားခဲ့သည်မဟုတ်လား။

ဘာလို့ကျေးဇူးတင်ပါတယ်ပြောရမှာလဲပေါ့။
သူက ပြန်ခင်အောင်ဘယ်လိုကြိုးစားကြိုးစား လုံးဝစိတ်မပါဘူးဟု ရှား ခိုင်မာစွာဆုံးဖြတ်ပြီး ဘာမပြောပဲ ငြိမ်နေခဲ့လေသည်။

စစ်သွေးခမျာ သူ့ဘက်ကဘာများဆက်ပြောလိမ့်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ အကျီၤလဲနေရင်းကနေ ရှားဆီသို့တစ်ချက်လှည့်ကြည့်လိုက်မိ၏။

သို့သော် ထိုလဒလေးက သူ့ကိုစောက်ဖက်မလုပ်ပဲ တစ်ဖက်သို့လှည့်ပြီး ထလိုက်လေသည်။

🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈

. . . . ဟေ့ကောင်တွေ. . . ဟေ့ကောင်တွေ. . . မင်းတို့သိပြီးကြပြီလား. . . ကျောင်းသူလေးယောက်ဒီနေ့ကျောင်းကနေအထုတ်ခံရတယ်တဲ့. . . . .

နေရာတကာမှာစပ်စုလှလွန်းတဲ့ ဇွဲကြောင့် ကျောင်းသားတစ်စုလုံးမှာ အင်တာနက်ထက်မြန်တဲ့သတင်းအချက်အလက်များကိုရကြရသည်။ သူ့ခမျာလည်း မနက်မိုးလင်းတာနဲ့တစ်ကျောင်းလုံးကိုပတ်ပြီးသတင်းကောက်နေတဲ့သူလိုပင်။ လျှောက်သွားပြီးကြားတဲ့သတင်းကုန်စင်အောင်ပြောပြသည်။

အခုလည်းအလောတကြီးပြေးလာရင်း ကြားခဲ့တဲ့သတင်းကိုပြောပြတော့၏။

''ဟင် ဘယ်လို. . . . ''

အကုန်လုံးကလည်း ထိုအကြောင်းကိုစိတ်ဝင်စားလာကြသည်နှယ် ဇွဲအနားကိုဝိုင်းအုံကပ်လာကြသည်။

သူ့အသံကကျယ်လွန်းတော့ စစ်သွေးရဲ့နားထဲလည်းဝင်မည်အသေအချာ။ ထိုအဖွဲ့နဲ့သိပ်ပြီးကီးမကိုက်သော သူ့မှာ သွားနားမထောင်သော်လည်း အဝေးကနေ နားစွင့်နေခဲ့မိ၏။

''မနေ့ညက ခိုးထွက်ကြတာတဲ့. . . ပြီးတော့မင်းတို့သိတယ်မလား ဟိုကျောင်းအိုကြီးထဲကို ဝင်ကြတာတဲ့. . . ''

ကျောင်းအိုကြီးအကြောင်းကိုကြားတာနဲ့ အားလုံးကကြက်သီးထကြသည်။

''ဘုရား ဘုရား မိန်းကလေးတွေကယောကျာ်းလေးတွေထက်ပိုသတ္တိကောင်းနေကြပါလား. . .''

''ဒါနဲ့ရော သူတို့တွေ ဘာမဖြစ်ခဲ့ဘူးလား. . . အဲ့ဒီထဲကိုဝင်သွားရင် အကုန်လုံးတော့အသက်ရှင်လျက်ပြန်မလာနိုင်ကြဘူးနော်. . . ''

''အေး ဘာတဲ့လဲ ဆက်ပြောလေကွာ. . . ''

အားလုံးကလည်း သိချင်ကြတာမို့ ဇွဲကိုအတင်းမေးလေ၏။ သူတို့မေးခွန်းအတွက်တော့ ဇွဲမှာအဖြေအတိအကျမရှိသည့်ဟန်။

''အဲ့ဒါတော့ငါလည်းမသိဘူးကွ. . လေးယောက်စလုံးအသက်ရှင်လျက်ပြန်လာကြတာဆိုတော့တော်ရုံတန်ရုံစကေးမဟုတ်ဘူးနော်. . . ''

သူတို့ပြောနေတဲ့စကားတွေကြောင့် ရှားတစ်ခုကိုစိုးထိတ်သွားလေသည်။ မနေ့ညက လေပြေ သူ့ကိုဖုန်းဆက်ခဲ့သေးတယ်မဟုတ်လား။

အဲ့ဒီ်မနက်ကလည်း သူမပြောခဲ့သေးတယ်လေ. . . ''ငါတို့သရဲတွေ့ဖို့စီစဉ်နေကြတယ်''ဆိုတာ။

*လေပြေကရော. . . သူလည်းပါမယ်မလား. . . *

ွှှရှားစိတ်ပူသွားရပြီး ထိုအဖွဲ့နားကို ပြေးသွားလိုက်ကာ ဇွဲကိုဝင်မေးလေတော့သည်။

''အဲ့ဒီလေးယောက်က ဘယ်သူတွေလဲဟင်. . . ''

စိတ်လှုပ်ရှားစွာမေးလာလေတော့ ရဲသော်နဲ့ဇွဲတို့ အံ့သြမိသွားလေသည်။

"ဟေ့ကောင် ဖြည်းဖြည်းမေးပါဟ မင်းနောက်ကကျားလိုက်လာလို့လား . . ."

ရဲသော်ကအရစ်ရှည်နေ၍ ရှားစိတ်မရှည်ပဲဇွဲကိုသာအတင်းမေးနေတော့၏။

''သူတို့က ဘယ်သူတွေလဲလို့. . . ''

ခါတိုင်းလို လူရိုးလူအေးလေးနှင့်မတူ ရှားစိတ်တိုတဲ့ပုံက တကယ်ကျားရိုင်းတစ်ကောင်လိုဖြစ်နေတာမို့ အကုန်လုံးလည်းလန့်သွားကြလေသည်။
ထိုထဲမှာ စစ်သွေးအပါအဝင်ပေါ့။

ဇွဲလည်း ရှားကို လန့်သွားပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ပြောလိုက်ရတော့သည်။

''နာမည် တွေတော့  ငါ ငါလည်းမသိဘူး. . နားစွန်နားဖျားကြားတဲ့သတင်းကိုငါချက်ချင်းသယ်လာခဲ့တာ. . . . . ဟို. . .ကျောင်းရှေ့က notiboardမှာ ကပ် ကပ်ထားတယ်. . .ငါတို့လည်း ပြီးမှသွားကြည့်မှာ. . . .  ''

ဇွဲပြောလိုက်တော့ ရှားချက်ချင်း အတင်းပြေးထွက်သွားလေတော့သည်။ သူ့ကြည့်ရတာ သရဲဘီလူးစီးနေသည့်ပုံမို့ တစ်ခန်းလုံးက သူထွက်သွားကြီးသည့်တိုင် ငြိမ်သက်နေခဲ့၏။

''wow. . . တကယ်သောင်းကျန်တာပဲ. . .''

ရှားအခုလိုဖြစ်တဲ့ပုံကို စစ်သွေးလည်း တစ်ခါမှမမြင်ဖူးတော့ ထူးဆန်းနေသလိုခံစားခဲ့ရသည်။

*သူဘာဖြစ်သွားတာလဲ. . . . *

💬💬💬💬💬💬💬💬💬💬💬💬💬💬

ရှားတစ်ယောက် notiboardဆီသို့ အတင်းပြေးလာခဲ့သည်။

''လင်းယင် . .သံစဉ်ချို. . . . ဖူးစုံ. . . နွယ်ဒါလီ. . . . ''

လေးယောက်စလုံးနာမည်မှာ လေပြေနာမည်မပါ၍ ရှားထိတ်လန့်သွားလေသည်။ ခေါင်းတွေလည်းပူထူလာပြီး လေပြေဆီဖုန်းထပ်ဆက်မိ၏။

#လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ . . #

သုံးခါဆက်လိုက်သော်လည်း ဖုန်းမကိုင်၍ ရှားစိတ်တိုသွားရသည်။

''ဟာ. . . . တောက်. . . . ဘာလို့ဖုန်းမကိုင်တာလဲ. . . . ''

ဖုန်းကိုပစ်ချထားခဲ့ပြီး ချက်ချင်း မိန်းကလေးအဆောင်မှုးရုံးခန်းသို့ပြေးသွားလေ၏။

❔❔❔❔❔❔❔❔❔❔❔❔❔❔

''ဒီကောင်လေး ဘာဖြစ်နေတာလဲ. . . ''

စိတ်ကိုသေချာမချုပ်တည်းနိုင်တဲ့ကလေးတစ်ယောက်မို့ စစ်သွေးစိတ်မချပဲ သူ့နောက်ကိုလိုက်ကြည့်ခဲ့သည်။

notiboardမှာကျသွားသောသူ့ဖုန်းကို ကောက်ယူလိုက်ပြီး boardမှ ပုံနှင့်နာမည်များကိုသူတစ်ချက်ကြည့်မိသည်။

''ထပ်ဖြစ်ပြန်ပြီလား. . . ''

စစ်သွေးစိုးရိမ်မိခဲ့ပြီး ရှားနောက်ကိုအတင်းပြေးလိုက်သွားလေသည်။

💠💠💠💠💠💠💠💠💠💠💠💠💠💠

''ဘာဆိုင်လို့တွေ့ချင်တာလဲ. . . ယောကျာ်းလေးနဲ့မိန်းကလေးခွဲထားတာ . . . အတင်းပတ်သက်လို့မရဘူး. . . ''

ထိုအဆောင်မှုးကလည်း လေပြေကိုထွက်တွေ့မပေးပဲ ရှားကိုအတင်းပြန်လွှတ်လေ၏။

''အတန်းသွားဖို့လာခေါ်တာပါ. . . ဖုန်းလည်းမကိုင်ဘူး. . ဘာဖြစ်နေမှန်းမသိလို့ သူနေမကောင်းတာလားဟင်. . . ခဏလေးပဲတွေ့ရရင်ကျေနပ်ပါပြီ. . . ''

စိတ်ပူသောကရောက်နေသောရှားပုံစံကိုကြည့်ပြီး ထိုအဆောင်မှုးတစ်ယောက်မလုံမလဲဖြစ်နေသည်။

''အင်း နေမကောင်းနေတာ မနေ့ညကတည်းက. . .ဒါပေမယ့် မနက်ကပဲသူ့အိမ်ကလာခေါ်သွားပြီ. . သူသက်သာမှပြန်လာလိမ့်မယ်. . မင်းပြန်တော့ ''

သူမလိမ်နေမှန်း ရှားသိသော်လည်း ထောက်ပြစရာဘာမှခိုင်ခိုင်လုံလုံမရှိ၍ သူလှည့်ပြန်ရတော့မည်ဆိုတာသိသည်။

''ကိစ္စမရှိတော့ရင်ပြန်တော့လို့. . . . ''

*ငါ့ကို ဘာမှပြောမသွားပဲ လေပြေမပြန်ဘူး သေချာတယ် ကိစ္စတစ်ခုခုရှိနေခဲ့တယ်မလား. . . ဟင်. . . လေပြေမင်းဘယ်မှာလဲ. *

သူလှည့်ပြန်မည်လုပ်စဉ် အဆောင်ထဲမှ ခရီးဆောင်အိတ်တစ်လုံးနှင့် မျက်နှာဖြူ ဖက်ဖြူ ရော်ဖြစ်သောမိန်းကလေးတစ်ယောက်ထွက်လာလေသည်။ ကျောလယ်လောက်ထိဆံပင်တို့မှာ ခေါင်းစည်းကြိုးနှင့်မဆံ့ပဲလျော့ရဲကျနေ၏။ သူမရဲ့မှေးစင်းလှသောမျက်ဝန်းတွေရဲ့ဘေးမှာ အညိုရောင်တွေသန်းနေလို့။
သူမပုံစံမှာ တကယ် စိတ္တဇဖြစ်နေသည့်ပုံပင်။

''အဆောင်မှုး ကျွန်မပြန်တော့မယ်. . . ''

အားပျက်နေသောအသံနှင့် အဆောင်မှုးကိုနှုတ်ဆက်ကာ ထွက်လာသောသူမကို ရှားဒေါက်ထောက်ကြည့်မိသည်။

သူကြည့်နေတဲ့ပုံကို အဆောင်မှုးကစိတ်ပူသွားပုံရပြီး ရှားကိုမြန်မြန်ပြန်လွှတ်လေသည်။

''မိန်းကလေးအဆောင်ရှေ့ဆက်ပြီးကြာကြာရပ်နေရင် ဖာသာကိုငါလှမ်းတိုင်လိုက်တော့မှာနော်. . . ''

''နေဦး. . . ''

အဆောင်မှုးစကားမှမဆုံးသေး။ ရှား ထိူမိန်းကလေးရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။ ထိုမိန်းကလေးလည်းလန့်သွားပုံရပြီး သူ့လက်ကနေရုန်းတော့၏။

''ဘာလုပ်တာလဲ လွှတ်. . . ''

''မင်း မနေ့ညကခိုးထွက်ခဲ့တဲ့တစ်ယောက်မလား. . . ''

ရှားမေးလိုက်တဲ့မေးခွန်းအဆုံးမှာ အဆောင်မှုးလန့်သွားပြီး ကျောင်းကိုဦးစီးတဲ့ဖာသာကို လှမ်းအကြောင်းကြားတော့၏။

''ဟေ့ မိန်းကလေးတစ်ယောက်ရဲ့လက်ကိုကိုင်နေတာ မိုက်မဲသကိုး. . . . လွှတ်လိုက်စမ်း. . ''

အဆောင်မှုးလည်းသူဖုံးကွယ်ထားသည့်အရာကိုပေါ်မည်ကြောက်သည့်ပုံနှင့် ရှားလက်ကိုထိုမိန်းကလေးထံမှအတင်းဆွဲဖြုတ်လေ၏။

''လေပြေဘယ်မှာလဲ. . . . သူမင်းတို့နဲ့အတူပါသွားတယ်မလား''

ရှားမေးခွန်းကြောင့် ထိုမိန်းကလေးမှာ လန့်ဖြန့်ပြီး စိတ္တဇဖြစ်နေသည့်ရုပ်လို တုန်လှုပ်ခြောက်ခြားလာလေသည်။

''ဟင့်အင်း မသိဘူး. . . . မသိဘူး. . . ငါမဟုတ်ဘူး. . . ''

''ဟေ့ မိန်းကလေးလက်ကိုလွှတ်လိုက်စမ်း. . . ''

ထိုစဉ်မှာပဲ အဆောင်မှုးတိုင်ထားတာကြောင့် ထိန်းသိမ်းရေးအဖွဲ့တစ်ချို့ရောက်လာပြီး ရှားကိုဝိုင်းထိန်းကြတော့၏။

''လွှတ် ကျွန်တော့်ကိုလွှတ်. . . . ''

သူ့ကိုထိန်းလိုက်တဲ့အချိန်မှာပဲ ထိုမိန်းကလေးက အိတ်ကိုကိုင်ကာချက်ချင်းထွက်ပြေးသွားတော့သည်။

''မင်းတို့အဖွဲ့ထဲမှာ လေပြေပါသွားတယ်မလား. . . အခုဘာလို့သူမပါလာရတော့တာလဲ. . . ဟင်. . . ငါမေးနေတာဖြေလေ လူလိမ်မ. . . ''

ထိန်းထားတဲ့ကြားက ရှားမရရအောင်ရုန်းကန်ထွက်ရင်း ရုပ်ပျက်လောက်အောင်အော်ဟစ်နေခဲ့သည်။

###########################

"ကျွန်တော့်ကိုလွှတ်. . . . . ဒီကောင်တွေသတ်တာ. . . သူတို့သတ်လို့ ရန်နိုင်သေရတာ. . .ကျွန်တော်သူတို့ကိုပြန်သတ်မယ်. . . လွှတ်ဗျာ. . . . "

"ငြိမ်ငြိမ်နေစမ်း "

###########################

ရှားရဲ့ဖြစ်ပျက်နေပုံကိုကြည့်ရင်း စစ်သွေးတစ်ယောက် အတိတ်တစ်ချိန်ကိုပြန်တွေးနေမိခဲ့သည်။

သူငယ်ချင်းတစ်ယောက်လုံးသေသွားခဲ့ရသော စစ်သွေးတစ်ယေက်မှာ ရှားထက်ဆိုးရွားအောင်သောင်းကျန်းခဲ့ဖူးသည်မှာအမှန်။

အခုလည်း ရှားအတွက် သူလည်းထပ်တူခံစားခဲ့ရသည်။

''ဒီကောင့်ကိုရုံးခန်းခေါ်သွားမယ်. . . လာ. . . "

"မိန်းကလေးအဆောင်လာသောင်းကျန်းနေတယ် လာခဲ့စမ်း. . . "

ထိန်းမရ သိမ်းမရနိုင်လွန်းတဲ့ရှားကို ထိုအဖွဲ့က ရုံးခန်းကိုခေါ်သွားဖို့ပြင်ဆင်ကြတော့သည်။

*သူအပြစ်ပေးခံရလိမ့်မယ် မဖြစ်ဘူး. . . *

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
လေပြေတကယ်ပဲဘယ်ကိုပျောက်သွားခဲ့တာလဲ......
သူတိူ့ဘာတွေဖြစ်ခဲ့ကြတာလဲ........
Continue ♥

(Zaw) မနက္လင္းတဲ့အခါမွ ေခါင္းကနာျကင္မူတစ္ခ်ိဳ႕ႏွင့္အတူ ရွားရဲ႕အျမင္လႊာတို႔ပြင့္ဟလာခဲ့သည္။

. . . . . . .Ar. . . . .ကြ်တ္ကြ်တ္. . . . . , . . . .

*ငါ ဘာျဖစ္သြားတာလဲ. . . *

ေခါင္းကုိ လက္နဲ႔ဖိလိုက္ရင္း အိပ္ယာေပၚကေနသူထလာလိုက္သည္။

''ဟင္ မေန႔ကငါျကမ္းျပင္ေပၚမွာလဲက်သြားတာမလား. . . . ''

သူျပန္စဥ္းစားေတာ့ သူျကမ္းျပင္ေပၚမွာလဲက်သြားခဲ့တာကုိသူမွတ္မိသည္။ သုိ႔ေသာ္သူဘယ္လိုလုပ္ျပီးကုတင္ေပၚျပန္ေရာက္ေနတယ္သူ မသိ။

''အကုိျပန္တင္ေပးထားတာ. . . ''

အဝတ္အစားလဲေနရင္းကေန သံသယစိတ္ျဖစ္ေနေသာရွားအတြက္ စစ္ေသြးျပန္ရွင္းျပလိုက္ေလသည္။ ဤသည္ကုိရွားေသခ်ာနားမလည္။

''ခင္ဗ်ာ. . . ''

''မင္းအိပ္ေရးျကမ္းတယ္ထင္တယ္ အကုိတစ္ေရးနိုးေတာ့ မင္းကုတင္ေပၚကျပဳတ္က်ေနတာေလ. . . အဲ့ဒါေျကာင့္ အကုိျပန္တင္ေပးထားတာ. . . ''

သူ႔ရဲ႕ပိုးလိုးပက္လက္ပံုစံကုိ စစ္ေသြးျမင္သြားမည္မွာအမွန္ပင္။ ထိုသုိ႔ျဖစ္ပ်က္ေနေသာသူ႔ကုိ စစ္ေသြးက ကုတင္ေပၚျပန္တင္ေပးခဲ့သည္ဆိုေတာ့. . . .

*ေက်းဇူးတင္ပါတယ္လို႔ေျပာလိုက္ရမွာလား. . . . . . *

အုိ . . . ေတာ္ပါ. . . . စစ္ေသြးကုိ သူလံုးဝစကားမေျပာဘူး. . အေပါင္းအသင္းမလုပ္ဘူးလို႔ ဆံုးျဖတ္ထားခဲ့သည္မဟုတ္လား။

ဘာလို႔ေက်းဇူးတင္ပါတယ္ေျပာရမွာလဲေပါ့။
သူက ျပန္ခင္ေအာင္ဘယ္လိုျကိုးစားျကိုးစား လံုးဝစိတ္မပါဘူးဟု ရွား ခိုင္မာစြာဆံုးျဖတ္ျပီး ဘာမေျပာပဲ ျငိမ္ေနခဲ့ေလသည္။

စစ္ေသြးခမ်ာ သူ႔ဘက္ကဘာမ်ားဆက္ေျပာလိမ့္မလဲဆိုတဲ့ ေမ်ွာ္လင့္ခ်က္နဲ႔ အက်ီၤလဲေနရင္းကေန ရွားဆီသုိ႔တစ္ခ်က္လွည့္ျကည့္လိုက္မိ၏။

သုိ႔ေသာ္ ထိုလဒေလးက သူ႔ကုိေစာက္ဖက္မလုပ္ပဲ တစ္ဖက္သုိ႔လွည့္ျပီး ထလိုက္ေလသည္။

🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈

. . . . ေဟ့ေကာင္ေတြ. . . ေဟ့ေကာင္ေတြ. . . မင္းတို႔သိျပီးျကျပီလား. . . ေက်ာင္းသူေလးေယာက္ဒီေန႔ေက်ာင္းကေနအထုတ္ခံရတယ္တဲ့. . . . .

ေနရာတကာမွာစပ္စုလွလြန္းတဲ့ ဇြဲေျကာင့္ ေက်ာင္းသားတစ္စုလံုးမွာ အင္တာနက္ထက္ျမန္တဲ့သတင္းအခ်က္အလက္မ်ားကုိရျကရသည္။ သူ႔ခမ်ာလည္း မနက္မိုးလင္းတာနဲ႔တစ္ေက်ာင္းလံုးကုိပတ္ျပီးသတင္းေကာက္ေနတဲ့သူလိုပင္။ ေလ်ွာက္သြားျပီးျကားတဲ့သတင္းကုန္စင္ေအာင္ေျပာျပသည္။

အခုလည္းအေလာတျကီးေျပးလာရင္း ျကားခဲ့တဲ့သတင္းကုိေျပာျပေတာ့၏။

''ဟင္ ဘယ္လို. . . . ''

အကုန္လံုးကလည္း ထိုအေျကာင္းကုိစိတ္ဝင္စားလာျကသည္နွယ္ ဇြဲအနားကုိဝိုင္းအံုကပ္လာျကသည္။

သူ႔အသံကက်ယ္လြန္းေတာ့ စစ္ေသြးရဲ႕နားထဲလည္းဝင္မည္အေသအခ်ာ။ ထိုအဖြဲ႕နဲ႔သိပ္ျပီးကီးမကုိက္ေသာ သူ႔မွာ သြားနားမေထာင္ေသာ္လည္း အေဝးကေန နားစြင့္ေနခဲ့မိ၏။

''မေန႔ညက ခိုးထြက္ျကတာတဲ့. . . ျပီးေတာ့မင္းတို႔သိတယ္မလား ဟိုေက်ာင္းအိုျကီးထဲကုိ ဝင္ျကတာတဲ့. . . ''

ေက်ာင္းအုိျကီးအေျကာင္းကုိျကားတာနဲ႕ အားလံုးကျကက္သီးထျကသည္။

''ဘုရား ဘုရား မိန္းကေလးေတြကေယာက်ာ္းေလးေတြထက္ပုိသတၱိေကာင္းေနျကပါလား. . .''

''ဒါနဲ႔ေရာ သူတို႔ေတြ ဘာမျဖစ္ခဲ့ဘူးလား. . . အဲ့ဒီထဲကုိဝင္သြားရင္ အကုန္လံုးေတာ့အသက္ရွင္လ်က္ျပန္မလာနိုင္ျကဘူးေနာ္. . . ''

''ေအး ဘာတဲ့လဲ ဆက္ေျပာေလကြာ. . . ''

အားလံုးကလည္း သိခ်င္ျကတာမို႔ ဇြဲကုိအတင္းေမးေလ၏။ သူတို႔ေမးခြန္းအတြက္ေတာ့ ဇြဲမွာအေျဖအတိအက်မရွိသည့္ဟန္။

''အဲ့ဒါေတာ့ငါလည္းမသိဘူးကြ. . ေလးေယာက္စလံုးအသက္ရွင္လ်က္ျပန္လာျကတာဆိုေတာ့ေတာ္ရံုတန္ရံုစေကးမဟုတ္ဘူးေနာ္. . . ''

သူတို႔ေျပာေနတဲ့စကားေတြေျကာင့္ ရွားတစ္ခုကုိစိုးထိတ္သြားေလသည္။ မေန႔ညက ေလေျပ သူ႔ကုိဖုန္းဆက္ခဲ့ေသးတယ္မဟုတ္လား။

အဲ့ဒီ္မနက္ကလည္း သူမေျပာခဲ့ေသးတယ္ေလ. . . ''ငါတို႔သရဲေတြ႕ဖို႔စီစဥ္ေနျကတယ္''ဆိုတာ။

*ေလေျပကေရာ. . . သူလည္းပါမယ္မလား. . . *

ႊွရွားစိတ္ပူသြားရျပီး ထိုအဖြဲ႕နားကုိ ေျပးသြားလိုက္ကာ ဇြဲကုိဝင္ေမးေလေတာ့သည္။

''အဲ့ဒီေလးေယာက္က ဘယ္သူေတြလဲဟင္. . . ''

စိတ္လႈပ္ရွားစြာေမးလာေလေတာ့ ရဲေသာ္နဲ႔ဇြဲတို႔ အ့ံျသမိသြားေလသည္။

"ေဟ့ေကာင္ ျဖည္းျဖည္းေမးပါဟ မင္းေနာက္ကက်ားလိုက္လာလို႔လား . . ."

ရဲေသာ္ကအရစ္ရွည္ေန၍ ရွားစိတ္မရွည္္ပဲဇြဲကုိသာအတင္းေမးေနေတာ့၏။

''သူတို႔က ဘယ္သူေတြလဲလို႔. . . ''

ခါတိုင္းလို လူရိုးလူေအးေလးနွင့္မတူ ရွားစိတ္တိုတဲ့ပံုက တကယ္က်ားရိုင္းတစ္ေကာင္လိုျဖစ္ေနတာမို႔ အကုန္လံုးလည္းလန္႔သြားျကေလသည္။
ထိုထဲမွာ စစ္ေသြးအပါအဝင္ေပါ့။

ဇြဲလည္း ရွားကုိ လန္႔သြားျပီး ထစ္ထစ္ေငါ့ေငါ့နဲ႔ေျပာလိုက္ရေတာ့သည္။

''နာမည္ ေတြေတာ့  ငါ ငါလည္းမသိဘူး. . နားစြန္နားဖ်ားျကားတဲ့သတင္းကုိငါခ်က္ခ်င္းသယ္လာခဲ့တာ. . . . . ဟို. . .ေက်ာင္းေရွ႕က notiboardမွာ ကပ္ ကပ္ထားတယ္. . .ငါတို႔လည္း ျပီးမွသြားျကည့္မွာ. . . .  ''

ဇြဲေျပာလိုက္ေတာ့ ရွားခ်က္ခ်င္း အတင္းေျပးထြက္သြားေလေတာ့သည္။ သူ႔ျကည့္ရတာ သရဲဘီလူးစီးေနသည့္ပံုမို႔ တစ္ခန္းလံုးက သူထြက္သြားျကီးသည့္တိုင္ ျငိမ္သက္ေနခဲ့၏။

''wow. . . တကယ္ေသာင္းက်န္တာပဲ. . .''

ရွားအခုလိုျဖစ္တဲ့ပံုကုိ စစ္ေသြးလည္း တစ္ခါမွမျမင္ဖူးေတာ့ ထူးဆန္းေနသလိုခံစားခဲ့ရသည္။

*သူဘာျဖစ္သြားတာလဲ. . . . *

💬💬💬💬💬💬💬💬💬💬💬💬💬💬

ရွားတစ္ေယာက္ notiboardဆီသုိ႔ အတင္းေျပးလာခဲ့သည္။

''လင္းယင္ . .သံစဥ္ခ်ိဳ. . . . ဖူးစံု. . . ႏြယ္ဒါလီ. . . . ''

ေလးေယာက္စလံုးနာမည္မွာ ေလေျပနာမည္မပါ၍ ရွားထိတ္လန္႔သြားေလသည္။ ေခါင္းေတြလည္းပူထူလာျပီး ေလေျပဆီဖုန္းထပ္ဆက္မိ၏။

#လူျကီးမင္းေခၚဆိုေသာ တယ္လီဖုန္းမွာ . . #

သံုးခါဆက္လိုက္ေသာ္လည္း ဖုန္းမကိုင္၍ ရွားစိတ္တိုသြားရသည္။

''ဟာ. . . . ေတာက္. . . . ဘာလို႔ဖုန္းမကိုင္တာလဲ. . . . ''

ဖုန္းကိုပစ္ခ်ထားခဲ့ျပီး ခ်က္ခ်င္း မိန္းကေလးအေဆာင္မႈးရံုးခန္းသုိ႔ေျပးသြားေလ၏။

❔❔❔❔❔❔❔❔❔❔❔❔❔❔

''ဒီေကာင္ေလး ဘာျဖစ္ေနတာလဲ. . . ''

စိတ္ကုိေသခ်ာမခ်ဳပ္တည္းနိုင္တဲ့ကေလးတစ္ေယာက္မို႔ စစ္ေသြးစိတ္မခ်ပဲ သူ႔ေနာက္ကုိလိုက္ျကည့္ခဲ့သည္။

notiboardမွာက်သြားေသာသူ႔ဖုန္းကုိ ေကာက္ယူလိုက္ျပီး boardမွ ပံုႏွင့္နာမည္မ်ားကုိသူတစ္ခ်က္ျကည့္မိသည္။

''ထပ္ျဖစ္ျပန္ျပီလား. . . ''

စစ္ေသြးစိုးရိမ္မိခဲ့ျပီး ရွားေနာက္ကုိအတင္းေျပးလိုက္သြားေလသည္။

💠💠💠💠💠💠💠💠💠💠💠💠💠💠

''ဘာဆိုင္လို႔ေတြ႕ခ်င္တာလဲ. . . ေယာက်ာ္းေလးနဲ႔မိန္းကေလးခြဲထားတာ . . . အတင္းပတ္သက္လို႔မရဘူး. . . ''

ထုိအေဆာင္မႈးကလည္း ေလေျပကုိထြက္ေတြ႔မေပးပဲ ရွားကုိအတင္းျပန္လႊတ္ေလ၏။

''အတန္းသြားဖို႔လာေခၚတာပါ. . . ဖုန္းလည္းမကိုင္ဘူး. . ဘာျဖစ္ေနမွန္းမသိလို႔ သူေနမေကာင္းတာလားဟင္. . . ခဏေလးပဲေတြ႕ရရင္ေက်နပ္ပါျပီ. . . ''

စိတ္ပူေသာကေရာက္ေနေသာရွားပံုစံကုိျကည့္ျပီး ထိုအေဆာင္မႈးတစ္ေယာက္မလံုမလဲျဖစ္ေနသည္။

''အင္း ေနမေကာင္းေနတာ မေန႔ညကတည္းက. . .ဒါေပမယ့္ မနက္ကပဲသူ႔အိမ္ကလာေခၚသြားျပီ. . သူသက္သာမွျပန္လာလိ္မ့္မယ္. . မင္းျပန္ေတာ့ ''

သူမလိမ္ေနမွန္း ရွားသိေသာ္လည္း ေထာက္ျပစရာဘာမွခိုင္ခိုင္လံုလံုမရွိ၍ သူလွည့္ျပန္ရေတာ့မည္ဆိုတာသိသည္။

''ကိစၥမရွိေတာ့ရင္ျပန္ေတာ့လို႔. . . . ''

*ငါ့ကုိ ဘာမွေျပာမသြားပဲ ေလေျပမျပန္ဘူး ေသခ်ာတယ္ ကိစၥတစ္ခုခုရွိေနခဲ့တယ္မလား. . . ဟင္. . . ေလေျပမင္းဘယ္မွာလဲ. *

သူလွည့္ျပန္မည္လုပ္စဥ္ အေဆာင္ထဲမွ ခရီးေဆာင္အိတ္တစ္လံုးႏွင့္ မ်က္နွာျဖဴ ဖက္ျဖဴ ေရာ္ျဖစ္ေသာမိန္းကေလးတစ္ေယာက္ထြက္လာေလသည္။ ေက်ာလယ္ေလာက္ထိဆံပင္တို႔မွာ ေခါင္းစည္းျကိုးနွင့္မဆ့ံပဲေလ်ာ့ရဲက်ေန၏။ သူမရဲ႕ေမွးစင္းလွေသာမ်က္ဝန္းေတြရဲ႕ေဘးမွာ အညိဳေရာင္ေတြသန္းေနလို႔။
သူမပံုစံမွာ တကယ္ စိတၱဇျဖစ္ေနသည့္ပံုပင္။

''အေဆာင္မႈး ကြ်န္မျပန္ေတာ့မယ္. . . ''

အားပ်က္ေနေသာအသံႏွင့္ အေဆာင္မႈးကုိနႈတ္ဆက္ကာ ထြက္လာေသာသူမကုိ ရွားေဒါက္ေထာက္ျကည့္မိသည္္။

သူျကည့္ေနတဲ့ပံုကုိ အေဆာင္မႈးကစိတ္ပူသြားပံုရျပီး ရွားကုိျမန္ျမန္ျပန္လႊတ္ေလသည္။

''မိန္းကေလးအေဆာင္ေရွ႕ဆက္ျပီးျကာျကာရပ္ေနရင္ ဖာသာကုိငါလွမ္းတိုင္လိုက္ေတာ့မွာေနာ္. . . ''

''ေနဦး. . . ''

အေဆာင္မႈးစကားမွမဆံုးေသး။ ရွား ထိူမိန္းကေလးရဲ႕လက္ကုိလွမ္းဆြဲလိုက္သည္။ ထိုမိန္းကေလးလည္းလန္႔သြားပံုရျပီး သူ႔လက္ကေနရုန္းေတာ့၏။

''ဘာလုပ္တာလဲ လႊတ္. . . ''

''မင္း မေန႔ညကခိုးထြက္ခဲ့တဲ့တစ္ေယာက္မလား. . . ''

ရွားေမးလိုက္တဲ့ေမးခြန္းအဆံုးမွာ အေဆာင္မႈးလန္႔သြားျပီး ေက်ာင္းကုိဦးစီးတဲ့ဖာသာကုိ လွမ္းအေျကာင္းျကားေတာ့၏။

''ေဟ့ မိန္းကေလးတစ္ေယာက္ရဲ႔လက္ကုိကိုင္ေနတာ မိုက္မဲသကုိး. . . . လႊတ္လိုက္စမ္း. . ''

အေဆာင္မႈးလည္းသူဖံုးကြယ္ထားသည့္အရာကုိေပၚမည္ေျကာက္သည့္ပံုႏွင့္ ရွားလက္ကုိထိုမိန္းကေလးထံမွအတင္းဆြဲျဖဳတ္ေလ၏။

''ေလေျပဘယ္မွာလဲ. . . . သူမင္းတို႔နဲ႔အတူပါသြားတယ္မလား''

ရွားေမးခြန္းေျကာင့္ ထိုမိန္းကေလးမွာ လန္႔ျဖန္႔ျပီး စိတၱဇျဖစ္ေနသည့္ရုပ္လို တုန္လႈပ္ေျခာက္ျခားလာေလသည္။

''ဟင့္အင္း မသိဘူး. . . . မသိဘူး. . . ငါမဟုတ္ဘူး. . . ''

''ေဟ့ မိန္းကေလးလက္ကုိလႊတ္လိုက္စမ္း. . . ''

ထိုစဥ္မွာပဲ အေဆာင္မႈးတိုင္ထားတာေျကာင့္ ထိန္းသိမ္းေရးအဖြဲ႕တစ္ခ်ိဳ႔ေရာက္လာျပီး ရွားကုိဝိုင္းထိန္းျကေတာ့၏။

''လႊတ္ ကြ်န္ေတာ့္ကုိလႊတ္. . . . ''

သူ႔ကုိထိန္းလိုက္တဲ့အခ်ိန္မွာပဲ ထိုမိန္းကေလးက အိတ္ကုိကိုင္ကာခ်က္ခ်င္းထြက္ေျပးသြားေတာ့သည္။

''မင္းတို႔အဖြဲ႕ထဲမွာ ေလေျပပါသြားတယ္မလား. . . အခုဘာလို႔သူမပါလာရေတာ့တာလဲ. . . ဟင္. . . ငါေမးေနတာေျဖေလ လူလိမ္မ. . . ''

ထိန္းထားတဲ့ျကားက ရွားမရရေအာင္ရုန္းကန္ထြက္ရင္း ရုပ္ပ်က္ေလာက္ေအာင္ေအာ္ဟစ္ေနခဲ့သည္။

###########################

"ကြ်န္ေတာ့္ကုိလႊတ္. . . . . ဒီေကာင္ေတြသတ္တာ. . . သူတို႔သတ္လို႔ ရန္နိုင္ေသရတာ. . .ကြ်န္ေတာ္သူတို႔ကုိျပန္သတ္မယ္. . . လႊတ္ဗ်ာ. . . . "

"ျငိမ္ျငိမ္ေနစမ္း "

###########################

ရွားရဲ႕ျဖစ္ပ်က္ေနပံုကုိျကည့္ရင္း စစ္ေသြးတစ္ေယာက္ အတိတ္တစ္ခ်ိန္ကုိျပန္ေတြးေနမိခဲ့သည္။

သူငယ္ခ်င္းတစ္ေယာက္လံုးေသသြားခဲ့ရေသာ စစ္ေသြးတစ္ေယက္မွာ ရွားထက္ဆိုးရြားေအာင္ေသာင္းက်န္းခဲ့ဖူးသည္မွာအမွန္။

အခုလည္း ရွားအတြက္ သူလည္းထပ္တူခံစားခဲ့ရသည္။

''ဒီေကာင့္ကုိရံုးခန္းေခၚသြားမယ္. . . လာ. . . "

"မိန္းကေလးအေဆာင္လာေသာင္းက်န္းေနတယ္ လာခဲ့စမ္း. . . "

ထိန္းမရ သိမ္းမရနိုင္လြန္းတဲ့ရွားကုိ ထိုအဖြဲ႕က ရံုးခန္းကုိေခၚသြားဖို႔ျပင္ဆင္ျကေတာ့သည္။

*သူအျပစ္ေပးခံရလိမ့္မယ္ မျဖစ္ဘူး. . . *

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ေလေျပတကယ္ပဲဘယ္ကုိေပ်ာက္သြားခဲ့တာလဲ......
သူတိူ႔ဘာေတြျဖစ္ခဲ့ၾကတာလဲ........
Continue ♥

Continue Reading

You'll Also Like

12.6K 1.7K 8
A group of four boys in two episodes began a live search for ghosts. What kind of ghosts will the four of them encounter? What interesting things wi...
44.4K 3.5K 45
အဖေနဲ့ မတည့်တဲ့ သားငယ်ဖြစ်သူဟာ accidentဖြစ်ပြီး အဖေဖြစ်သူ၏ ငယ်ရွယ်စဉ် အချိန်ဖြစ်တဲ့ ၁၉၉၀ဆီသို့ ရောက်သွားသောအခါ။ ဘယ်လို အခက်အခဲတွေ ကြုံ‌တွေ့ရမလဲဆိုတာ...
459K 70.6K 183
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
230K 47.8K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!