Part 27

1.8K 221 9
                                    

(Uni) ". . . ဇွဲ. . . . . သတိထားပါဦး. . . . ဇွဲ. . . . "

မနက်လင်းမှာ ထိတ်လန့်စဖွယ် ဇွဲရဲ့ပုံကိုမြင်ရတော့ ကျောင်းသားတွေအားလုံးအုပ်အုပ်ရုန်းရုန်းဖြစ်ရလေသည်။
ပြာပြာသလဲနဲ့ သူ့ကိုကုသဆောင်သို့အမြန်ခေါ်သွားခဲ့ကြ၏။

"အသက်ရှုတာ ပုံမှန်မဟုတ်ဘူး. . . "

"ဘယ်ကတည်းက အခုလိုဖြစ်နေတာလဲ. . . . "

ဇွဲရဲ့ဖြစ်ပျက်နေပုံကို ပထမဆုံးမြင်ခဲ့တဲ့ကျောင်းသားတစ်ယောက်ကလည်း သူမြင်ခဲ့တိုင်းအတိုင်းပြောပြလေ၏။

"မနက်အစောကြီးနိုးတော့ ကျွန်တော် ပြတင်းပေါက်ကိုဖွင့်ပြီးအနောက်ဘက်ကိုငေးတာ. . . အဲ့ဒီမှာသူ့ကိုစမြင်တာပဲ . . ဘယ်ချိန်ကတည်းက ဖြစ်နေတာလဲ ကျွန်တော်မသိဘူး. . . "

"တစ်ခုခုကိုမြင်ပြီး လန့်သွားတာဖြစ်မယ်. . . . "

သူ့သူငယ်ချင်းကြီးက ရုတ်တရက်အခုလိုဖြစ်သွားရတော့ ရဲသော်လည်း ဘယ်နေနိုင်ပါ့မလဲ။

"သူ. . . သူ သက်သာမှာပါနော် ဆရာ. . . "

"စိတ်ငြိမ်ဆေးနဲ့အိပ်ဆေးထိုးပေးထားတယ် . . . သူသတိရလာတဲ့အခါကြည့်ရမှာပေါ့, . . "

မသေချာမရေရာစွာဆရာဝန်ကပြောပြီး စောင့်ကြည့်ဖို့အတွက် နာ့စ်တစ်ယောက်ကိုလွှတ်ထားကာ ထွက်သွားတော့သည်။
ရဲသော်လည်း လူနာကုတင်ပေါ်မှာ သတိလစ်နေသော ဇွဲကိုငေးကြည့်ရင်းစိတ်မကောင်းဖြစ်သွားရသည်။

"ဘာကိုကြောက်သွားတာလဲ. . . ဟင်. . . ?. . မင်းကြောက်ရင်ဘာလို့ငါ့ကိုမနှိုးခဲ့တာလဲ. . . ဘာလို့တစ်ယောက်တည်းလျှောက်သွားရတာလဲ. . . ဟင်. . . ထ ဖြေဦးလေ. . . "

မျက်ရည်တော့မထွက်ခဲ့ပေမယ့် သူ့ရဲ့အသံဟာ ဇွဲအတွက်စိတ်ပူလှလွန်း၍ တုန်ရီနေခဲ့လေသည်။ သူ့ဘေးနားမှာထိုင်ကာ သူ့အတွက် ရဲသော်စောင့်ပေးနေခဲ့တော့၏။

ဇွဲရဲ့အဖြစ်ကိုသိထားရတော့ စစ်သွေးလည်း ရှားအတွက်စိတ်ပူတာပေါ့။ အဲ့ဒီကလေးကို တစ်မနက်လုံး သူနိုးကတည်းကမတွေ့ဘူး။ ဇွဲကို ကုသဆောင်လိုက်ပို့တဲ့အထဲလည်း ပါမသွားမှန်း စစ်သွေးရိပ်မိသည်။

Piano Ghost (Complete)Where stories live. Discover now