Part 19

1.9K 237 0
                                    

(Uni) အားမရှိပဲ ချိနဲ့နေတဲ့သူမကို ပြန်ဖို့အတွက် ကျောင်းပေါက်ဝထိ ရှားပြန်လိုက်ပို့ပေးခဲ့သည်။ ရှားကိုအမှီပြုပြီး လမ်းကိုသေချာလျှောက်ခဲ့ရသည်။

"မင်းလည်း ကောင်းကောင်းပြန်ဦးနော်. . . "

သူ့ပုခုံးပေါ်သို့ ခေါင်းမှီထားသော နွယ်ဒါလီကို ကျောင်းရှေ့ထိုင်ခုံတစ်ခုပေါ်သို့ထိုင်စေလိုက်သည်။

သူမက ခေါင်းငေါက်စိုက်ချထားတာကြောင့် မျက်နှာကိုသေချာမမြင်ရတော့။

"ကောင်းကောင်းပြန်မှာပါ. . . . ခ်ခ်. . . . "

နဂိုက ကြောက်လန့်တုန်လှုပ်ပြီး အသံပျော့နေသောသူမက အခုကျသူ့ကိုလှောင်ပြောင်သလို ခိုးရယ်လိုက်သည့်အသံကြောင့် ရှားတစ်မျိုးကြီးခံစားလိုက်ရသည်။ သို့သော်လည်း သူမကစိတ်ပုံမှန်မဟူတ်ခဲ့သည်မလား။ ဒါ့ကြောင့်လည်းဖြစ်နိုင်သည်လို့တွေးလိုက်ပြီး
သူမကို ထိုင်ခုံမှာထားခဲ့ပြီး နှုတ်ဆက်စကားဆိုကာ ထွက်လာခဲ့လေသည်။

"spirit of the cionကို သေချင်လို့ကစားခဲ့ကြတာကိုး. . . "

ပြာနှမ်းနေသောသူမရဲ့နှုတ်ခမ်းကနေ အက်ကွဲသံပါပါနဲ့ကြောက်စရာအသံနှင့်အတူ ထိုင်ရာကနေ သူမထလာခဲ့သည်။

"ခစ်ခစ်ခစ်ခစ်ခစ်. . . . . ဟီးဟီးဟီး. . . . ခစ်ခစ်. . . . "

မခိုးတရို့ရယ်လာကာ သူမကားလမ်းပေါ်သို့တက်သွားလေသည်။

ရှားကတော့ သူမဘာဖြစ်နေရယ် လုံးလုံးမသိ။ ကျောင်းထဲကို ပြန်ဝင်လာလေသည်။

. . . . . . . ကျွီ. . ~ ~ ~ ဝုန်း. . . . . ~ ~ ~ ~ _ _ _ _ _
ကျယ်လောင်သောအသံနှင့် လူတစ်ချို့ရဲ့ကြောက်လန့်စွာအော်တဲ့အသံတွေကြောင့် ရှားတစ်ဖက်သို့လှည့်ကြည့်လိုက်၏။

"ဟာ. . . . . . "

ဘစ်ကားတစ်စီးရှေ့သို့ဝင်အောင်းကာ သွေးအလှိမ့်လှိမ့်နှင့် ဆန့်တငင်ငင်ဖြစ်နေသော နွယ်ဒါလီကိုမြင်လိုက်ရ၍ ရှားလန့်ပြီး နှလုံးရပ်မတတ်ပင်ဖြစ်သွားရသည်။

ကားလမ်းပေါ်မှာ သူမရဲ့သွေးတွေရဲရဲတောက်ကာ သူမမှာမျက်လုံးပင်မပိတ်ပဲ မျက်ဖြူ လန်ပြီး အသက်ပျောက်နေခဲ့တော့သည်။

Piano Ghost (Complete)Where stories live. Discover now