Part 24

1.8K 223 4
                                    

(Uni)  "ဘယ်လိုလဲ အဲ့ဒီ ကလေးနှစ်ယောက်ကို ကျောင်းထုတ်ပစ်မှာလား"

ဒီကိစ္စအတွက် ထပ်ပြီး ပြသနာတွေဖြစ်မလာစေချင်တာကြောင့် sisaတစ်ယောက်မှ ဖာသာကိုမေးလာခဲ့သည်။

"ပွဲကလည်း နီးလာပြီဆိုတော့. . .ပြသနာထပ်ဖြစ်ရင်မကောင်းဘူးလေ. . . ဒီကိစ္စကိုဘယ်လိုလုပ်မှာလဲ ဖာသာ. . "

sisalတွေရဲ့စကားတွေကို သေချာစဉ်းစားနေရင်း ဖာသာပြန်ပြောလာ၏။
နဂိုကတည်းက သံသယရှိနေတဲ့စစ်သွေးက အငြိမ်မနေပဲ ဖာသာတို့ရုံးခန်းကိုပဲ တဝဲလည်လည် ရစ်နေရင်း ခိုးနားထောင်တတ်တဲ့အကျင့်ရှိနေတော့သည်။ ဖာသာကြီးနဲ့ sisalတို့ စုရုံးပြီဆိုရင် စစ်သွေးကအမြဲဒေါက်ထောက်ကြည့်ရင်း ချောင်းတော့သည်။

အခုလည်း သူတို့တွေ ဘာတိုင်ပင်နေကြတာလဲ အပြင်ဘက်ပြတင်ပေါက်နားကနေ ချောင်းနားထောင်၏။

"အဲ့ဒီကောင်လေးကြောင့် မဟုတ်ရင် ကျောင်းကြီးထဲမှာ လူသေမှုထပ်ဖြစ်ခဲ့မှာလေ. . သူ့ကြောင့် ဟိုကလေးမလေးကမသေခဲ့တာ. . သူဘယ်လိုလုပ်ခဲ့တာလဲ သိချင်သေးတယ်. . . အခု နှစ်ယောက်စလုံး အသက်ရှင်လျက်ထွက်လာနိုင်ခဲ့တာလေ. . . သူတို့ကိုထုတ်ပစ်ရင် ဘယ်တရားပါတော့မလဲ. . . ကလေးတွေကိုဒီတိုင်းလွှတ်ထားလိုက်ရအောင်. . . "

ဖာသာရဲ့ဆုံးဖြတ်ချက်ကို အားလုံးကလည်း မလွန်ဆန်ရဲသည့်အပြင် လက်ခံသဘောတူလိုက်ကြလေသည်။

*အဲ့ဒီနေရာက တကယ်ပဲ သရဲ သရဲဆိုတာမျိုး ရှိနေခဲ့လို့လား. . . . သရဲရှိခဲ့တယ်ဆိုရင် အဲ့ဒီသရဲရဲ့နောက်ကြောင်းကဘာလဲ ? ဘာလို့ လူတွေကိုသတ်ရတာလဲ ?. . . *

စစ်သွေးမှာ သိချင်စိတ်ပြင်းပြနေသော်လည်း ဒါကစုံစမ်းရမှာဖြစ်တဲ့အတွက် ဆက်ပြီးသာချောင်းနားထောင်နေတော့သည်။

. . . . . . . . . .Ti. . . . .Ti. . . . .Ti. . . . . . . . . . .

ထိုစဉ် စစ်သွေးဖုန်းဝင်လာခဲ့၍ ဖုန်းသံကို အကုန်ကြားကုန်ကြ၏။
စစ်သွေးလည်းလန့်ပြီး ဖုန်းကိုမြန်မြန်ပိတ်မိ၏။

"ဘာသံလဲ. . . "

ဖုန်းမြည်သံကြားလာတော့ ဖာသာကြီးလည်း ဘေးဘင်တွေကိုလှည့်ကြည့်ကာ သံသယဖြစ်လာတော့သည်။

Piano Ghost (Complete)Where stories live. Discover now