Part 7

2.2K 292 5
                                    

(Uni) သူ့ရဲ့ခြေလှမ်းတို့ဟာ တဖြည်းဖြည်းနဲ့ အဆောင်ကနေကျော်လွန်လာ၏။

ထိုအသံတို့က သူ့ရဲ့အသိဉာဏ်တို့ကိုပါ မှေးမှိန်စေတာမို့ ထုံထိုင်းကာ ဘာမျှမသိတော့ပဲ ထိုသံစဉ်နောက်ကိုသာ ရှားဆက်လိုက်တော့၏။

လူတွေအကုန်လုံးက အိပ်စက်နေတာမို့ ပတ်ဝန်းကျင်တစ်ခုက တိတ်ဆိတ်နေတာကြောင့် ထိုသံစဉ်တွေကပဲ တိတ်ဆိတ်မှုတွေကြားမှာရစ်ဝဲနေသည်။

ရှား သူ မရောက်ဖူးသေးသော သစ်ပင်တွေအုံ့မှိုင်းကာလူပျက်သည့်ထိုနေရာကို ရောက်လို့လာသည်။

*ညကြီးကို ဘယ်သူကများ ဒီလိုအဝေးကြီးမှာ pianoလာတီးနေတာပါလိမ့်. . . . တော်တော်နားထောင်ကောင်းတယ်ရော . . *

တဖြည်းဖြည်းနဲ့သူ့ခြေလှမ်းတွေက သစ်ပင်တွေကိုဖြတ်ကျော်ရင်း အဆောက်ဦးဟောင်းကြီးကိုလှမ်းမြင်လိုက်ရတော့သည်။

*ဝိုး. . .အဲ့ဒီကပဲဖြစ်မယ် အရမ်းတီးတတ်တယ်ရော. . . .*

သူဆက်သွားဖို့ပြင်ဆင်လိုက်သည်။

. . . . . .ဝုတ်. . .ဝုတ်. . . . ဝုတ်. . . . . . .arwoo. . . . . ဝုတ်. . . .ဝုတ်. . . . . .

ထိုစဉ် ခွေးမည်းကြီးသုံးလေးကောင်လောက် သူ့နောက်ကိုအတင်းလာဟောင်ကြတော့သည်။

''အမယ်လေး. . လန့်တာ. . . ''

ရှားလည်း အနည်းငယ်လန့်သွားပြီး ထိုခွေးတွေကိုစိတ်တိုတိုနဲ့ ငေါက်ငမ်းနှင်ထုတ်မိသည်။

''ရှုး. . . . သွားစမ်း. . . . .ခွေးတွေအရမ်းပေါလိုက်တာ  . . ရှုး. . သွားစမ်း. . .''

ရှား ခွေးတွေကို ခဲနဲ့ကောက်ထုပစ်တာကြောင့် သစ်ပင်တစ်ပင်၏နောက်သို့ ထိုခွေးတွေ ထွက်သွားကြလေသည်။

''လန့်သွားတာပဲ . .ဒီကခွေးတွေက. . . . အယ်. . . .''

ခွေးတွေကိုခြောက်ပြီး ရှေ့ပြန်လှည့်ကြည့်ရာ သူကြားနေခဲ့သော ထိုသံစဉ်တို့ဟာ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။
နဂိုကတည်းက မည်သူမျှမတီးခတ်ခဲ့သလိုမျိုး ငြိမ်သက်၍ သွားသည်။

တကယ်တော့ ဒီနေရာကို သူဘယ်လိုရောက်လာမှန်း ရှားမသိတော့။ တကယ့်နေရာစိမ်းကြီးမို့ သူပြန်သွားဖို့အတွက် လမ်းလည်းမသိ၍ တော်တော်ခက်လှပြီ။

Piano Ghost (Complete)Where stories live. Discover now