Tyranny Ver.1 [ ဖိႏွိပ္​ညႇင္​...

By relisia6800

172K 17.2K 1.2K

မင္​းကမုန္​းတယ္​လို႔တဖြဖြ​ေျပာ​ေနရင္​​ေတာင္​ ငါအဆင္​​ေျပပါတယ္​ BaekHyunee .. CV by Asuna Park ❤ More

1....
2...
3...
4...
5..
6.....
8...
9...
10..
11..
12..
13..
14..
15 ( မဂၤလာဦးည -.- )
16..
17( Changes )
18...
19..
20..
21...
Final..

7...

6K 702 76
By relisia6800

Zawgyi

"စိန္​တြင္​းအ​ေျခအ​ေနက ​ေကာင္​းတယ္​မလား..?
ဘာမွ အမွားအယြင္​းမ႐ွိ​ေအာင္​လုပ္​​ေနာ္​.."

"ဟူတ္​ကဲ့..ဆရာ.."

"​ေအး..ဘာမွ​ေျပာစရာမ႐ွိရင္​သြား​ေတာ့.."

အဆင္​့​ေနရာတက္​​ေအာင္​ လုပ္​ဖို႔ ဘာ​ေတြကို
ဘယ္​လို စီမံရမလဲ ​ေတာ္​​ေတာ္​​ေလး​ေခါင္​းခဲလိုက္​ရ​ေပမယ္​့
ကံ​ေကာင္​းတာက လြန္​ခဲ့တဲ့ႏွစ္​​ေလာက္​က
​ေတြ႔႐ွိထားခဲ့သည္​့ စိန္​တြင္​းတစ္​ခုက
စိတ္​သက္​သာရာရ​ေစသည္​..။

ထိုင္​းနိုင္ငံ​နယ္​စပ္​ဘက္​က တပည္​့​ေတြဆီက​ေန..
စိန္​​ေၾကာတစ္​ခု​ေတြ႔႐ွိထားတယ္​လို႔သတင္​းၾကားၿပီးတဲ့
​ေနာက္​ ကိုယ္​တုိင္​သြား​ေရာက္​ၾကည္​့႐ႈထားခဲ့သည္​့
အဖိုးတန္​​ေလးက ဒီ​ေလာက္​ထိတန္ဖိုး႐ွိလာလိမ္​့မယ္​လို႔
မထင္​ထားခဲ့...။

ဒီတိုင္​း ကြၽန္​​ေတာ္​​ေတြ႔ဖူးသမ်ွ​ေတြထဲ အရည္​အ​ေသြး
အျမင္​့ဆံုးစိန္​တံုး​​ေတြျဖစ္​တာမို႔ ဘယ္​သူမွမသိ​ေအာင္​
ကြယ္​၀ွက္​ထားၿပီး​​ေနာက္​ႏွစ္​နည္​းနည္​း ၾကာမွ..
လူ​ေတြကိုထုတ္​ျပကာ
တန္​ဖိုးႀကီးႀကီးနဲ႔​ေရာင္​းမယ္​လို႔စိတ္​ကူးထားခဲ့တာ..။
အခု​ေတာ့ ႏွလံုးသား​ေရးရာကိစၥ​ေလး​ေၾကာင္​့
အဖိုးတန္​​ေလးကို ထုတ္​သံုးရဖို႔အခ်ိန္​က်​ေရာက္​လာခဲ့သည္​..။

ကိုယ္​က အဲ့လူဆိုး​ေကာင္​လို လက္​နက္​ ​ေတြ ​ေဆး​ေတြထိ
​ေစ်းကြက္​ မကိုင္​တတ္​​ေတာ့
​ေနာက္​​ေကာက္​က်န္​ခဲ့ရမွာ ​ေသမလိုစိတ္​ပူခဲ့ရသည္​မလား...။

ဒါ​ေပမယ္​့အခု​ေတာ့လဲ ​ေအး​ေဆးပါ...။

ကြၽန္​​ေတာ္​ခိုင္​းတဲ့အတိုင္​း လွည္​့ပတ္​လႈပ္​႐ွား​ေနတဲ့
စိန္​တူး​ေဖာ္​​ေရးလုပ္​ငန္​း​ေလးက ​ေအး​ေအး​ေဆး​ေဆး
ျဖစ္​​ေနတာမို႔..
အဆင္​့တက္ႏိုင္​ဖို႔ကိစၥက လက္​တစ္​ကမ္​းပဲလိုသည္​လို႔
​ေျပာလို႔ရတဲ့အထိ ​ေသခ်ာသ​ေလာက္​ျဖစ္​​ေနသည္​..။

"hyung ကၾကည္​့ရတာ Xရဲ႕ ထိပ္​တန္​းအ​ေၾကာင္​း​ေတြကို
Ghou ဆီ​ေပးမယ္​ထင္​တယ္​..ဘာအခ​ေၾကး​ေငြမွ မယူပဲ​ေလ.."

"တစ္​ကယ္​လား..!!?"

"အင္​း..ကြၽန္​​ေတာ္​့ကို သူကိုယ္​တိုင္​​ေျပာျပတာ.."

ကိုယ္​့ကိုက္ိုယ္​ ပိုင္​လွၿပီ လို႔မထင္​ရဲလို႔
လူဆိုး​ေကာင္​ဘာ​ေတြမ်ား လုပ္​​ေနလဲ လို႔
SeHunee ကို​ေမးၾကည္​့တဲ့အခါ...

ကြၽန္​​ေတာ္​့ကို အႏုိင္​ရဖို႔ခြင္​ႀကီးႀကီးကို..
ၾကံစည္​​ေန​ေၾကာင္​းသိလိုက္​ရ​ေတာ့ မအံ့ၾသပဲ
မ​ေနႏိုင္​..။
သူ႔လုပ္​​ေနတဲ့ကိစၥႀကီးက ကံ​ေကာင္​းရင္​..
Ghou နဲ႔တန္​းတူ​အဆင္​့အထိ​ေရာက္​ႏိုင္​တယ္​မလား..။

Xနဲ႔ Ghou ဟာ..အခု ကြၽန္​​ေတာ္​တို႔​ေလာကမွာ
ထိပ္​ဆံုးအဖြဲ႔ႏွစ္​ဖြဲ႔ျဖစ္​သလို..ႏွစ္​ဖြဲ႔လံုးက ႏုိင္​ငံ​ေရး​ေလာက
အထိတိုး​ေပါက္​ၾကတဲ့အ​ေျခအ​ေနမ်ိဳးဆို​ေတာ့..
တစ္​ကယ္​လို႔ Xရဲ႕အတြင္​း​ေရးကိစၥ​ေတြသာ..
Ghou လက္​ထဲ​ေရာက္​သြားရင္​..
Xက တစ္​ခါတည္​းပြဲသိမ္​းသြား​ေလာက္​သည္​..။

ဒါ​ေပမယ္​့ ဒီ​ေလာက္​အင္​အားႀကီးတဲ့ဂိုဏ္​းတစ္​ဂိုဏ္​းရဲ႕
အတြင္​း​ေရး​ေတြကို hackဖို႔ဆိုတာက..?

Byun Baek Hyun ဆီမွာ အဲ့သ​ေလာက္​အင္​အား႐ွိလို႔လား..။

သူကဒီအတိုင္​း ကိုရီးယားႏုိင္​ငံက အ​ေတာ္​အသင္​့နာမည္​႐ွိတဲ့ လူဆိုးဂိုဏ္​း​ေခါင္​း​ေဆာင္​​ေလးတစ္​​ေယာက္​​ေလ..။
ဟိုက မိုက္​​ေပ့ဆိုး​ေပ့ဆိုတဲ့ ႏိုင္​ငံျခားဂိုဏ္​း​ေတြ..။

ကြၽန္​​ေတာ္​့လိုစိန္​အ​ေရာင္​းအ၀ယ္​နဲ႔ခ်ဥ္​းကပ္​တာက
​ေအာင္​ျမင္​ခ်င္​​ေအာင္​ျမင္​သြားလိမ္​့မယ္​..။
သူ႔ကိစၥက မ​ေတာ္​လို႔ X ဂိုဏ္​းဘက္​ကမ်ားသိသြားခဲ့ရင္​..။

"မင္​းအစ္​ကိုက​ေတာ့ကြာ..ငါ့ကိုစိတ္​ပူ​ေအာင္​လုပ္​​ေနျပန္​ၿပီ..."

"ဘာကို..စိတ္​ပူ​ေနရျပန္​တာလဲ..?"

"ဟ..! သူအခုလုပ္​​ေနတဲ့ဟာႀကီးက ကံမ​ေကာင္​းရင္​
သူ​ေရာ မင္​းတို႔တစ္​ဖြဲ႔လံုး​ေရာ လည္​ပင္​းျပတ္​မယ္​့ကိစၥကြ..
Xကို hackဖို႔ဆိုတာ လြယ္​တယ္​မ်ားထင္​​ေနလား..??"

"သူ႔ဇာတ္​သူႏုိင္​လို႔က​ေနတာပဲ..
အသာ​ေနစမ္​းပါ..hyung ရာ..
သူ​ေတာင္​ hyung ကို ႏိုင္​ခ်င္​လြန္​းလို႔ လုပ္​​ေနတာ​ေလ..
hyung က ဘာကိစၥသူ႔ကို စိတ္​ပူ​ေနရတာလဲ.."

"အဲ့တာက​ေတာ့......"

ကိုယ္​့ကို မခ်စ္​မႏွစ္​သက္​တဲ့လူကုိ ဇြတ္​ခ်စ္​​ေနမိတာကလဲ
၀ဋ္​​ေႂကြးလိုပါပဲလား..။

SeHun ​ေျပာသလို သူက ကိုယ္​သူ႔ကို..အႏိုင္​မရ​ေအာင္​
တတ္​ႏိုင္​သမ်ွနည္​းလမ္​း​ေပါင္​းစံုနဲ႔ႀကိဳးစား​ေနတဲ့အခ်ိန္​..
ကိုယ္​က သူ႔ကို ရန္​ဘက္​တစ္​​ေယာက္​လို႔သ​ေဘာထားဖို႔​ေန​ေနသာသာ..
သူအနၱရာယ္​ျဖစ္​မွာစိုးရိမ္​ပူပန္​​ေနမိသတဲ့​ေလ..။

အခ်စ္​ဆိုတာႀကီးက ​ေတာ္​​ေတာ္​ဆိုးတာပါလား..။

ျဖစ္​ႏိုင္​ရင္​ အဲ့ဒီအ​ေလာင္​းအစားဆိုတာကို​ေရာ..
သူ႔ရဲ႕အတၱ​ေတြကိုပါ ခ်ိဳးဖဲ့ပစ္​လိုက္​ခ်င္​​ေပမယ္​့
ဘုရားသခင္​က ကြၽန္​​ေတာ္​့ဘက္​မ႐ွိ​ေသး​​ေတာ့
သူ႔စိတ္​တိုင္​းက် အားလံုးျဖစ္​​ေစ​ေပါ့..။

"အဲ့​ေလာက္​​ေတာင္​ခ်စ္​​ေနလဲ..ဘာမွ လုပ္​​မ​ေနနဲ႔..
ခိုး​ေျပးၿပီး အခန္​းတစ္​ခုထဲသာ ပိတ္​​ေလွာင္​ထားလိုက္​​ေတာ့..
႐ႈပ္​တယ္​.."

ႏွစ္​​ေယာက္​စလံုးကို စိတ္​ပ်က္​​ေနတဲ့ပံုစံနဲ႔
​ေျပာသြားၿပီး..
သတင္​းလာ​ေပးတဲ့ SeHunee ျပန္သြား​ေလသည္​..။

တစ္​ကယ္​..။

SeHun ​ေျပာသလို..အဲ့အ​ေကာင္​ဆိုးကို..
မင္​းငါ့ကိုခ်စ္​ခ်စ္​မခ်စ္​ခ​်စ္​ ငါက​ေတာ့ခ်စ္​တာမို႔ဆိုႁပီး
အတင္​းအဓမၼသာ သိမ္​းပိုက္​လိုက္​ခ်င္​ေတာ့သည္​..။

အဲ့လိုလုပ္​ဖို႔ အင္​အား​ေရာ..
​ေငြ​ေၾကးဥစၥာ​ေရာ အားလံုးလဲ အသင္​့႐ွိသည္​..။

ဒါ​ေပမယ္​့ ဆိုးတာက အဲ့လိုအခန္​းထဲထည္​့ပိတ္​ထားလိုက္​လို႔..
ကြၽန္​​ေတာ္​့ကိုျပန္ခ်စ္​ဖို႔​ေန​ေနသာသာ..
စိတ္​႐ူး​ေပါက္​ၿပီး သတ္​​​ေသ သြားခဲ့ရင္​..။
အဲ့က်မွ ကြၽန္​​ေတာ္​့ရင္​​ေတြျဗန္​းျဗန္​းကြဲ​ေနရဦးမည္​မလား..။

အဲ့​ေတာ့ထားပါ​ေတာ့..႐ွိ​ေစ​ေတာ့...။

ငယ္​သူငယ္​ခ်င္​းသံ​ေယာဇဥ္​​ေသး​ေသး​ေလး​ေတာင္​
မ႐ွိဘူးဆိုတဲ့​ေမတၱာတရား​ေခါင္​းပါးသူႂကီးကို
​ေမတၱာဓာတ္​​ေလး၀င္​​ေအာင္​..လုပ္​ဖို႔
အရင္​ကထက္​ ပိုႀကိဳးစားသြားမွာမို႔...။

::::::Tyranny:::::::::::::

Baek Hyun နဲ႔ကြၽန္​​ေတာ္​ အ​ေလာင္​းအစားလုပ္​ၿပီး
၈ လအၾကာ..။

​ေပက်င္​းမွာ႐ွိတဲ့ Ghou ရဲ႕ရံုးခ်ဳပ္​မွာ..
သူတို႔ဂိုဏ္​းခ်ဳပ္​နဲ႔ ကြၽန္​​ေတာ္​သြား​ေတြ႔ခဲ့သည္​..။
အ​ေၾကာင္​းျပခ်က္​က​ေတာ့..
ကြၽန္​​ေတာ္​့မွာ အဖိုးတန္​စိန္​တံုး​ေလး​ေတြ႐ွိ​ေၾကာင္​းျပသရင္​းနဲ႔ ကြၽန္​​ေတာ္​ျဖစ္​ခ်င္​တာ​ေလး​ေတြ​ေျပာၾကားတာ​ေပါ့..။

ဂိုဏ္​းခ်ဳပ္​က အသက္​​ေလးဆယ္​အရြယ္​လူလတ္​ပိုင္​း
ျဖစ္​​ေပမယ္​့ အခုထိ သံုးဆယ္​စြန္​းစြန္​း ​ေလာက္​ပဲ လို႔ထင္​ရ​ေလာက္​​ေအာင္​ ႏုပ်ိဳဆဲျဖစ္​သည္​့..
တ႐ုတ္​အမ်ိဳးသားတစ္​​ေယာက္​..။

ဟန္​​ေဆာင္​​ေနတာလား..
တစ္​ကယ္​ ​လား မသိ​ေပမယ္​့ ​ေတာ္​​ေတာ္​​ေလး​ေတာ့
​ေပါင္​းသင္​းဆက္​ဆံ​ေရး​ေကာင္​းသည္​..။
​ေအး​ေပါ့​ေလ..ႏိုင္​ငံ​ေရး​ေလာကနဲ႔​ေတာင္​
အဆက္​အဆံ႐ွိတဲ့လူက ​ေပါင္​းသင္​းဆက္​ဆံ​ေရး​ေကာင္​း
တာ အဆန္​းမဟုတ္​ဘူးမလား..။

အရင္​က အ​ေရးႀကီးစည္​း​ေ၀းပြဲ​ေတြမွာ တစ္​​ေခါက္​စ
ႏွစ္​​ေခါက္​စ ​ေတြ႔ဖူး​ျပီး​ႏႈတ္​ဆက္​သမႈ ျပဳတဲ့အထိ
မလုပ္​ခဲ့ဖူး​ေပမယ္​့ ကံ​ေကာင္​း​ေထာက္​မစြာနဲ႔
သူဟာ..ကြၽန္​​ေတာ္​့ရဲ႕ Park အိမ္​​ေတာ္​အ​ေၾကာင္​း​ေတြကို
​ေကာင္​း​ေကာင္​းသိသည္​တဲ့​ေလ..။

အဲ့တာနဲ႔ထပ္​တူပဲ ကြၽန္​​ေတာ္​့လူဆိုး​ေကာင္​ရဲ႕..
Byun အိမ္​​ေတာ္​အ​ေၾကာင္​း​ေတြလဲ ၾကားပါသည္​တဲ့..။

ကဲ..ဘယ္​​ေလာက္​​ေတာင္​မွ အလ်ဥ္​းသင္​့လိုက္​သလဲ..။

"ဒီစိန္​​ေတြက..ကမၻာမွာ ဘယ္​​ေနရာမွမ႐ွိ​ေသးတဲ့စိန္​တံုး​ေလး​ေတြဆိုတာ..ကြၽန္​​ေတာ္​ရဲရဲႀကီးအာမခံပါတယ္​.."

"ဘယ္​သူမွ လဲမျမင္​ဖူး ၾက​ေသးဘူးလို႔ပါ
ထည္​့​ေျပာရင္​ ပိုမွန္​လိမ္​့မယ္​ ထင္​တယ္​..
ဟုတ္​တယ္​မလား..?"

"ဟူတ္​တာ​ေပါ့အစ္ကိုရာ.."

ဗန္​းအမဲ​ေလး​ေပၚက စိန္​ျဖဴျဖဴ​ေလး​ေတြကို မွန္​ဘီလူးနဲ႔
ၾကည္​့႐ႈရင္​း..​ေဘးက သူ႔တပည္​့စိန္​ကြၽမ္​းက်င္​ ပညာ႐ွင္​
ဆီကလဲ..
ကြၽန္​​ေတာ္​့အဖိုးတန္​​ေလး​ေတြအ​ေၾကာင္​း ​ေျပာျပ​ေနသည္​ထင္​...။

​ေခါင္​းတစ္​ၿငိမ္​့ၿငိမ္​့နဲ႔သ​ေဘာက်​ေနသည္​..။

သ​ေဘာမက်႐ိုးလား..။
ကြၽန္​​ေတာ္​က အ​ေျပာနဲ႔အလုပ္​ညီ​ေအာင္​လုပ္​သည္​့
Park Chan Yeol ဆို​ေတာ့..
စိန္​တံုး​ေလး​ေတြ ရဲ႕အရည္​အ​ေသြး ျပည္​့မီမႈကို
သံသယျဖစ္​စရာမွ မလိုပဲ...။

တြင္​းထဲက​ေန လြန္​ခဲ့သည္​့တစ္​ပတ္​ကမွ တူးယူလာခဲ့သည္​့
အဖိုးတန္​အ႐ိုင္​းတံုး​ေလး​ေတြ​ေလ..။

"အဲ့​ေတာ့ကာ..မင္​းဘက္​က ဘာျဖစ္​ခ်င္​တာလဲ..
​ေျပာၾကည္​့ပါဦး.."

"ဟုတ္​ကဲ့အစ္​ကို..ကြၽန္​​ေတာ္​က ဒီစိန္​​ေတြကို
အစ္​ကို႔ကို သက္​သက္​သာသာနဲ႔​ေရာင္​း​ေပးမယ္​..
အစ္​ကိုက အစ္​ကို႔ရဲ႕အဆက္​​ေတြကို..
ႀကိဳက္​တဲ့ ​ေစ်းနဲ႔ျပန္​​ေရာင္​း​ေပါ့..
ကြၽန္​​ေတာ္​ကပစၥည္​းမျပတ္​​ေအာင္​ လုပ္​​ေပးမယ္​..
ၿပီး​ေတာ့ ဒီစိန္​ကလြဲရင္​ တစ္​ျခားဟာ​ေလး​ေတြကို..
ကိုရီးယားမွာ မၾကာမၾကာျပပြဲ​ေလးလုပ္​ၿပီး
​ေရာင္​းခ်င္​တယ္​..ပံုမွန္​​ေစ်းကြက္​​ေလး​ေပါ့..
အဲ့ဒီအတြက္​ အစ္​ကို႔ဘက္​က ကြၽန္​​ေတာ္​့ကို
အင္​အားနည္​းနည္​း
​ေလး​ေထာက္​ပံ့​ေပးပါ..
​ေျပာရမယ္​ဆိုရင္​ Ghou က Park အိမ္​​ေတာ္​ရဲ႕
​ေနာက္​မွာ ႐ွိ​ေနတယ္​ဆိုတဲ့သ​ေဘာ​ေလး ျပ​ေစခ်င္​တာ​ေပါ့.."

"ဟားဟားဟား...!
ဟုတ္​ၿပီ​ေကာင္​​ေလး​ေရ..မင္​းကမ္​းလွမ္​းမႈကို ငါ​ေတာ့
​ေတာ္​​ေတာ္​​ေလးသ​ေဘာက်​ေနၿပီ.."

လာတာ လာခဲ့ရ​ေပမယ္​့  အဆင္​​ေရာ​ေျပပါ့မလားလို႔​ေတြးပူ
ခဲ့သမ်​ွ တ႐ုတ္​ႀကီးရဲ႕ ရယ္​​ေမာသံခပ္​က်ယ္​က်ယ္​မွာ..
အပူ​ေတြ နည္​းနည္​း​ေလ်ာ့သြားသလို..။

ကြၽန္​​ေတာ္​့အကြက္​​ေလးက ႐ိုး႐ိုး​ေလးနဲ႔တစ္​ဖက္​လူ
လက္​ခံခ်င္​စရာ​ေလးဆို​ေတာ့ကာ..။
ဘုရားသခင္​..ကြၽန္​​ေတာ္​အခု​ေတာင္​းဆိုမယ္​့ ​ေနာက္​ဆက္​တြဲ ကိစၥ​ေလးပါ​ေအာင္​ျမင္​ပါရ​ေစ..။

"ၿပီး​ေတာ့​ေလ.."

"​ေအး ​ေျပာၾကည္​့ဦး ဘာထပ္​လိုခ်င္​​ေသးလဲ..?"

"ကြၽန္​​ေတာ္​့​ေနာက္မွာ အစ္​ကိုရဲ႕ အင္​အား႐ွိ​ေၾကာင္​း
ျပ​ေပးမယ္​ဆိုရင္​​ေလ..
ဟို..ကြၽန္​​ေတာ္​့ကို ကိုရီးယားမွာ...
ကြၽန္​​ေတာ္​့ဂိုဏ္​းရဲ႕အင္​အားကို..
နည္​းနည္​းအဆင္​့ထက္​တိုး​ေပး​ေစခ်င္​ပါတယ္​.."

"ဟားဟားဟား..!
​ေကာင္​းတယ္​ လူဆိုးဆိုတာ ဒီလိုမ်ိဳးအခြင္​့အ​ေရးကို
ရသ​ေလာက္​ ယူတတ္​ရတယ္​..
​ေကာင္​းတယ္​..ငါသိပ္​သ​ေဘာက်တယ္​..
ဟားဟားဟား.."

ဒီတစ္​​ေခါက္​ ရယ္​​ေမာသံႀကီးက နည္​းနည္​း​ေက်ာခ်မ္​းစရာ
မို႔လို႔..
စကားမ်ားမွားသြားၿပီလား..

မ​ေတာင္​းဆိုသင္​့သည္​့အရာကို ​ေတာင္းဆိုမိသြားတာလား..

တစ္​ကယ္​လို႔တ႐ုတ္​ႀကီးစိတ္​ကြက္​သြားရင္​..
ကြၽန္​​ေတာ္​​ေရာ..
အတူတူ ပါလာၾကသည္​့ ကြၽန္​​ေတာ္​့တပည္​့​ေတြအားလံုး
တ႐ုတ္​ျပည္​မွာ ကြိခနဲ လက္စတံုးခံရ​ေတာ့မည္​လား
စသျဖင္​့ ႐ုတ္​တရက္​ႀကီး​ေၾကာက္​ရြံ႔မိသြားတဲ့အခါ..
​ေခြ​်း​ေစး​ေတြ​ေတာင္​ျပန္​လာသလို..။

Byun Baek Hyun ကလိမ္​ကက်စ္​နဲ႔ဆင္​တဲ့အကြက္​မွာ အသက္​ကို​ေတာင္​မႏွ​ေျမာပဲ..
Ghouကိုဇြတ္​တရြတ္​၀င္​လာၿပီး..
မဟုတ္​တာ​ေတြ လာကမ္​းလွမ္​း​ေနမိသည္​့အျပစ္​က..
​ေခါင္​းျဖတ္​ခံရရင္​​ေတာင္​ ​ေက်ႏိုင္​မွာမဟုတ္​​ေလ..။

အခုလဲ ကြၽန္​​ေတာ္​​ေျပာ​ေနတာ​ေတြကို
လက္​ခံသည္​မခံသည္​ ဘာတစ္​ခြန္​းမွမ​ေျပာ​ေသးပဲ
စိန္​တံုး​ေတြကို မွန္​ဘီလူးတစ္​လက္​နဲ႔
ဖင္​တစ္​ျပန္​​ေခါင္​းတစ္​ျပန္​ ၾကည္​့​ေနတဲ့
တ႐ုတ္​ႂကီး​ေၾကာင္​့ လူက အသက္​႐ွဴ​ေတြ​ေတာင္​
မမွန္​​ေတာ့သလို..။

အဲ့ဒီ ..Byun Baek Hyun ဒုကၡ​ေပးကို
​ေပးႏိုင္​လြန္​းပါတယ္​..!

"ဒါနဲ႔..မင္​းတို႔ကိုရီးယား​ေကာင္​​ေတြဘာျဖစ္​ၾကတာလဲ..
ဟို​ေန႔ကလဲ Byun Baek Hyun ဆိုတဲ့တစ္​​ေယာက္​
​ေရာက္​လာၿပီး သူ႔ကိုအဆင္​့တိုး​ေပးဖို႔
ကူညီပါဦးတဲ့..အဲ သူက​ေတာ့..
ငါ့ကို​ေတာ္​​ေတာ္​ႀကိဳက္​​ေလာက္​​ေစမယ္​့အရာ​ေလးနဲ႔
ုျမဴဆြယ္​သြားတယ္​ကြ..ငါအႀကိဳက္​ဆံုးက​ေတာ့.."

ကြၽန္​​ေတာ္​့လူဆိုး​ေကာင္​အ​ေၾကာင္​းပါလာ​ေတာ့..
ကားၿပီးသားနား​ေတြက ပိုကားသြားၿပီး
အသက္​မ႐ွဴတမ္​းနား​ေထာင္​မိလိုက္​သည္​..။

SeHun ​ေျပာျပလို႔ သူဒီကို လာသြားတာကြၽန္​​ေတာ္​
သိၿပီးသား..။
အဲ့တာ​ေၾကာင္​့မို႔ ကြၽန္​​ေတာ္​လဲ ​ေရာက္​​ေအာင္​
လာခဲ့ျခင္​းျဖစ္​သည္​..။
ဘာျဖစ္​လို႔ဆိုရင္​ ကြၽန္​​ေတာ္​တို႔ကို အဆင္​့တိုး​ေပးဖို႔ဆိုရင္​..
Ghou လို ဂိုဏ္​းကပဲ သတ္​မွတ္​​ေပးမွျဖစ္​တာမို႔..
ဒီကိုပဲ လာ​ေရာက္​ခ်ဥ္​းကပ္​ရျခင္​းသာ..။

ဟိုတစ္​​ေယာက္​ Xရဲ႕ အတြင္​း​ေရး​ေတြကို ​ေဖာက္​ခ်သြား
တာကိုလဲ သိၿပီးၿပီျဖစ္​သည္​..။

​ေတာ္​​ေသးတာ​ေပါ့..
သူ႔အင္​အားနဲ႔ Xကို hackတာ..
ဟိုကမသိခင္​ Ghouကို အားလံုးလႊဲ​ေပးလိုက္​ႏုိင္​လို႔..။

မဟုတ္​ရင္​....ကြၽန္​​ေတာ္​ပဲစိတ္​ပူ​ေနရဦးမယ္​..။

"ဒါ​ေပမယ္​့ သူ​ေပးတဲ့သတင္​းထက္​..
သူ ​ေနာက္​ထပ္​​ေပးလာတာ​ေလးက ပိုသ​ေဘာက်ဖို႔​ေကာင္​းတယ္​ကြာ..
တစ္​ကယ္​အဲ့​ေကာင္​​ေလး​ေယာက်ာ္​း​ေလးျဖစ္​ရက္​သားနဲ႔
မိန္​းက​ေလးလို လွရက္​လြန္​းတယ္​.."

"ဗ်ာ...!"

"ႏႈတ္​ခမ္​း​ေလး​ေတြကလဲ ခ်ိဳခ်ိဳ​ေလး..
က်ားရဲတြင္​းလာၿပီး က်ားႀကီးကို အတူတူအိပ္​ရ​ေအာင္​လို႔..
လာဆြဲ​ေဆာင္​ရဲတာ ​ေတာ္​ရံုသတၱိမ်ိဳး​ေတာ့
မဟုတ္​ဘူးငါ့ညီ​ေရ..
ဘာလို႔အဲ့​ေလာက္​ အဆင္​့တက္​ခ်င္​​ေနရလဲမသိ​ေပမယ္​့
ငါကလဲ​ေတာ္​​ေတာ္​ႀကိဳက္​သြား​ေတာ့
​ေနာက္​အပတ္​က်ရင္​ သူ႔အဆင္​့တက္​သြားတဲ့အ​ေၾကာင္​း
တရား၀င္​​ေၾကျငာ​ေပး​ေတာ့မလို႔.."

ဘုရား​သခင္​..!

ကြၽန္​​ေတာ္​အခုၾကား​ေနရတာက ဘာအ​ေၾကာင္​း​ေတြလဲ..?

ႏႈတ္​ခမ္​း ခ်ိဳခ်ိဳ​ေလး..။

မိန္​းက​ေလးလိုလွရက္​လြန္​ူးတယ္​..။

အိပ္​ရ​ေအာင္​လို႔ လာဆြဲ​ေဆာင္​ရဲတယ္​..။

အို..ဘုရား​ေရ..။

ကြၽန္​​ေတာ္​့ကို ဘာ​ေၾကာင္​့မ်ားအ​ေသမသတ္​လိုက္​တာလဲ..။

နားထဲ သံရည္​ပူနဲ႔​ေလာင္​းခ်ခံလိုက္​ရသလိုပဲ..။

အဲ့​ေကာင္​ ကြၽန္​​ေတာ္​့အ​ေပၚမွာ အျမဲတမ္​းယုတ္​မာ႐ိုင္​းစိုင္​း
ခဲ့တာ သိ​ေပမယ္​့..
ဒီ​ေလာက္​ထိ လုပ္​ရက္​လိမ္​့္​မထင္​ခဲ့ဘူး..။

ကြၽန္​​ေတာ္​့မွာ​ေတာ့ ခ်စ္​ရလြန္​း​ေပမယ္​့..
သူအလိုမတူတာ​ေၾကာင္​့ ႏႈတ္​ခမ္​း​ေလးနမ္​းရံုကလြဲရင္​
ဘာမွ မထိရက္​မကိုင္​ရက္​ ခဲ့တာ..။
ဟိုးတစ္​ခါက စိတ္​ဆိုးလြန္​းအားႀကီးလို႔သာ..
ဒါ​ေတာင္​..အ၀တ္​​ေတြဆြဲျဖဲ ခဲ့ရံု​ေလးပဲ..။

အခုဟာက..ဟင့္​အင္​း..!

အ​ေ႐ွ႕က တ႐ုတ္​ႀကီးဘာ​ေတြဆက္​​ေျပာ​ေနလဲ..
မၾကားႏုိင္​​ေတာ့..။

ကြၽန္​​ေတာ္​့ဂိုဏ္​းအဆင္​့တက္​ဖို႔ကိုလဲ စိတ္​မ၀င္​စားႏုိင္​​ေတာ့..။

Byun Baek Hyun ကသူ႔ကို အိပ္​ဖို႔ လာဆြဲ​ေဆာင္​ခဲ့တယ္​ဆိုတဲ့တ႐ုတ္​ႀကီးရဲ႕စကားသံပဲ
နားထဲမွာ တစ္​၀ဲလည္​လည္​..။

႐ွက္​ဖို႔​ေကာင္း​ေလာက္​​ေအာင္​..
မ်က္​ရည္​​ေတြ က်မိခဲ့လား..
မက်ခဲ့ဘူးလား မသိ..။
အဲ့အခန္​းထဲကယိုင္​တုိင္​တိုင္​​ေျခလွမ္​း​ေတြနဲ႔ျပန္​ထြက္​လာခဲ့မိတာ..
ဘယ္​လိုမွ ဆက္​ၿပီးလမ္​းမ​ေလ်ွာက္​ႏိုင္​​ေတာ့လို႔..
​ေဘးကတပည္​့​ေတြ ကူ​ေပးရတဲ့အထိ..။

ကြၽန္​​ေတာ္​အရမ္​းမုန္​း​ေနၿပီ..!

ကြၽန္​​ေတာ္​့ကို အဲ့​ေလာက္​ထိ ႏွိပ္​စက္​ရမွျဖစ္​မွာလား..။

ကိုယ္​့ဘက္​က​ေတာ့ခ်စ္​လိုက္​ရတာဗ်ာ...။

:::::::::::::::::::::::::::::::::::::::

/ လူႀကီးမင္​း​ေခၚဆို​ေသာ တယ္​လီဖုန္​းမွာ../

"ဟာ..​ေတာက္​..!
မင္​းငါ့ကို အဲ့​ေလာက္​ထိစမ္​းမွ ျဖစ္​မွာလား..ဟမ္​..!!"

Ghou က ျပန္​လာၿပီးၿပီးခ်င္​း..
ဒင္​းဆီဆက္​ရင္​ ဖုန္​းမကိုင္​ဘူးဆိုတာ သိလို႔..
SeHun ဆီဆက္​​ေတာ့..
အလုပ္​ကိစၥတစ္​ခုနဲ႔ အျပင္​ထြက္​သြား​ေပမယ္​့
ခဏ​ေန ျပန္​​ေရာက္​မယ္​ ဆိုတဲ့ သတင္​းရခဲ့တာမို႔
​ေလယာဥ္​ဆိုက္​ဆိုက္​ခ်င္​း..
ဒင္​းအိမ္​႐ွိရာ တန္​းလာခဲ့သည္​..။

လမ္​းမွာ​ေတာက္​​ေလ်ွာက္​ ဖုန္​းဆက္​လာခဲ့​ေပမယ္​့
ဖုန္​ူးပိတ္​ထားပါသည္​ဆိုတဲ့အမ်ိဳးသမီးအသံနဲ႔ပဲ တိုးတိုး​ေန​ေတာ့
ကြၽန္​​ေတာ္​့စိတ္​​ေတြအစိုးမရ​ေတာ့..။

အခုခ်ိန္​မွာ လူသတ္​ဆိုလဲ သတ္​ႏိုင္​​ေလာက္​မည္​ထင္​သည္​..။

အဟက္​..!
ဒင္​းလဲ အခု​ေလာက္​ဆို Ghou ဂိုဏ္​းခ်ဳပ္​ဆီက​ေန
သူလာသြားတဲ့အ​ေၾကာင္​း​ေတြ
ကြၽန္​​ေတာ္​သိ​ေလာက္​ၿပီဆိုတာ သိ​ေနမ​ွာ​ေပါ့..။
အဲ့တာ​ေၾကာင္​့ ဖုန္​းကိုတမင္စက္​ပိတ္​ထားၿပီး
ကြၽန္​​ေတာ္​့ကို ညႇင္​း​ေနတာ...။

အဟားဟား..။
Byun Baek Hyun ပီသခ်က္​က​ေတာ့
ကြၽန္​​ေတာ္​့ကို ဘယ္​လိုသတ္​ရင္​​ေသတယ္​ ဆိုတာ
​ေကာင္​း​ေကာင္​း​ေလးသိတာပဲ..။

ျဖစ္​ႏုိင္​ရင္​ ကြၽန္​​ေတာ္​ တစ္​ကယ္​ပဲ လည္​ပင္​းကို
ဓားနဲ႔လွီးၿပီး​ေတာ့ပဲျဖစ္​ျဖစ္​ ​ေသလိုက္​ခ်င္​​ေတာ့တာ..။

အဲ့ဒီ ရက္​စက္​မႈ​ေတြၾကားထဲမွာ..
နာက်င္​လြန္​း​ေနၿပီ​ေလ...။

::::::::::::::::::::::::::::::::::::::::

"Byun Baek Hyun..
Byun Baek Hyun..ဘယ္​မွာလဲ..
ထြက္​ခဲ့စမ္​း...!!!!"

အရင္​လို လာ​ေရာက္​တားဆီးတာမ်ိဴးမ႐ွိ​ေတာ့​ေပမယ္​့
ကြၽန္​​ေတာ္​အိမ္​ထဲ ၀င္​လာကတည္​းကပင္​..
မ်က္​လံုး​ေဒါက္​​ေထာက္​ၾကည္​့​ေနၾကသည္​့..
အ​ေစာင္​့​ေတြ..။

​ေစာက္​ဂ႐ုမစိုက္​စြာပင္​....
လိုရာကိုပဲ ႐ွာ​ေဖြ ၾကည့္​ျဖစ္​လိုက္​သည္​..။

​ေစာ​ေစာက ျခံထဲ အ၀င္​..
SeHun ဆီက​ေန ..
ထမင္​းစားခန္​းထဲမွာ ႐ွိ​ေနၾကသည္​ ဆိုသည္​့စာတို​ေလး​ေၾကာင္​့..
​ေျခ​ေထာက္​​ေတြကို..
ထမင္​းစားခန္​းတည္​႐ွိ​ေနရာသို႔တည္​့မတ္​စြာ..လွည္​့လိုက္​​ေတာ့..

​ေတြ႔ပါၿပီ..။

ကြၽန္​​ေတာ္​့ရဲ႕အ႐ွင္​သခင္​..ခပ္​ဆိုးဆိုးအ​ေကာင္​.။

ဘာခံစားမႈမွ မ႐ွိတဲ့မ်က္​ႏွာထားနဲ႔..
လက္​သူတ္​ပ၀ါနဲ႔ႏႈတ္​ခမ္​းကို ခပ္​ယြယြသုတ္​​ေနလိုက္​တဲ့ပံုမ်ား..။

ဘယ္​လိုမွ သည္​းမခံႏိုင္​​ေတာ့လို႔..
​ေဘးနားအ​ေရာက္​သြားၿပီး..အက်ီၤ​ေကာ္​လံက​ေန
ဆြဲဆုပ္​ၿပီး ထ​ေစ​ေတာ့..
ကြၽန္​​ေတာ္​့ထက္​ အင္​အားနည္​းသည္​့ခနၶာကို္​ယ္​က
လက္​ထဲ အလိုက္​သင္​့​ေလးပါလာခဲ့သည္​..။

ပတ္​ပတ္​လည္​က ဂိုဏ္​းသား​ေတြက​ေတာ့
သူတို႔​ေခါင္​း​ေဆာင္​ကို မထိဖို႔သတိ​ေျပာၾကားသံ​ေတြ
ဆူညံပြက္​​ေလာ႐ိုက္​သြားခဲ့သည္​..။

သူတို႔ဘာသူတို႔ သတိပဲ​ေပး​ေပး..
​ေသနတ္​နဲ႔ပဲ ခ်ိန္​ၾကခ်ိန္​ၾက..
ကြၽန္​​ေတာ္​က​ေတာ့ အခုဒီ​ေကာင္​နဲ႔ စာရင္​းမ႐ွင္​းရရင္​..
​ေသ​ေတာင္​​ေသသြားႏိုင္​တာမို႔...!

"မင္​းတို႔ထြက္​သြားၾက.."

သူ႔တပည္​့​ေတြကို ထမင္​းစားခန္​းထဲက ထြက္​ဖို႔
​ေျပာလိုက္​​ေတာ့..
အခန္​းထဲမွာ..ကြၽန္​​ေတာ္​ရယ္​..
သူရယ္​..SeHun ရယ္​သာ က်န္​​ေတာ့သည္​..။

"သူမ်ားတကာနဲ႔သြားအိပ္​ရ​ေအာင္​..မင္​းကဖာလား..?
ဟုတ္​လား.​ေဟ့​ေကာင္​ ..မင္​းကဖာလားလို႔...
ငါ​ေမး​ေနတယ္​​ေလ..!!"

"ဟုတ္​တယ္​..ငါက..ဖာ.."

"မင္​း...!!!!"

"​ေတာ္​​ေတာ့..​ေတာ္​ၾကပါ​ေတာ့...
Chan Yeol hyung..စိတ္​ၿငိမ္​ၿငိမ္​ထားစမ္​းပါဗ်ာ.."

ရြဲ႔ၿပီး​ေမး​ေနတာကို..
ရြဲ႔ၿပီး ျပန္​​ေျဖလာ​ေတာ့..
ဘယ္​လိုမွ သည္​းမခံႏုိင္​...။

သူကပဲ ​ေသြး​ေအးတတ္​လြန္​းတာလား..။
ကြၽန္​​ေတာ္​့ႏွလံုးသားကပဲ ​ေစာက္​မွတ္​မ႐ွိတာလား...။

ကိုယ္​က ပူ​ေလာင္​​ေနသ​ေလာက္​..
သူက​ေတာ့​ေအး​ေအး​ေဆး​ေဆးနဲ႔မ​ေထ့​တ​ေထ့ႁပံဳးျပ​ေန​ေတာ့..

ျမတ္​ႏိုးစြာနဲ႔အႀကိမ္​ႀကိမ္​နမ္​း႐ိႈက္​ခဲ့ဖူးသည္​့
ပါးျပင္​ျဖဴျဖဴ ​ေတြကို..
​ေဒါသတႀကီး ထိုးႀကိတ္​လိုက္​မိသည္​..။

SeHun လာဆြဲ​ေပမယ္​့
ႏွစ္​ခ်က္​​ေလာက္​ထိုးၿပီးသြားတာမို႔ ..
ႏႈတ္​ခမ္​းပါးလ်ပ္​လ်ပ္​​ေတြက​ေန ​ေသြးစီး​ေၾကာင္​း
​ေတြထြက္​က်လာသည္​မွာ..

မ်က္​ႏွာႏုႏုနဲ႔ဘယ္​လိုမွ မလိုက္​ဖက္​..။

အဲ့တာ​ေတာင္​မွ..ကြၽန္​​ေတာ္​့ႏွလံုးသားသက္​သာရရမယ္​့
​ေျဖ႐ွင္​းခ်က္​တစ္​စံုတစ္​ရာ​ေလး​ေတာင္​..
မ​ေျပာလာ​ေသး​ေတာ့...

မရ​ေတာ့..ကြၽန္​​ေတာ္​့စိတ္​​ေတြ တအား လြတ္​သြားခဲ့ၿပီ..။

"မင္​းမ​ေသရင္​..ငါ​ေသမွပဲ​ေအး​ေတာ့မယ္​.."

"hyung..မလုပ္​နဲ႔​ေလ..စိတ္​ထိန္​းပါဦးဗ်ာ..!"

"ဖယ္​..ငါ့ကိုဖယ္​..
မင္​းလဲ ဘာလို႔ အဲ့​ေကာင္​ ဖာသြားလုပ္​တဲ့ကိစၥကို
ငါ့ကို မ​ေျပာျပတာလဲ..ဟမ္​..!!!!"

"ကြၽန္​​ေတာ္​မွမသိခဲ့ပဲ...
အခုhyung ​ေျပာျပမွ ကြၽန္​​ေတာ္​လဲ သိတာပါ..
hyung ရယ္​..အဲ့ခြက္​ကို ခ်လိုက္​ပါ​ေနာ္​..
Baek Hyun hyung လဲ ​ေက်းဇူးျပဳၿပီး
အ​ခန္​းထဲပဲျဖစ္​ျဖစ္​ သြား​ေနလိုက္​ပါလားဗ်ာ..
​ေက်းဇူးျပဳၿပီး ကြၽန္​​ေတာ္​​ေျပာတာ နား​ေထာင္​​ေပးၾကပါ.."

ထမင္​းစားပြဲ​ေပၚက ဖ​ေယာင္​းတိုင္​အလွထြန္​းသည္​့
ဖန္​ခြက္​႐ွည္​ကို ႏွစ္​ပိုင္​းကြဲ​ေအာင္​ ခံု​ေစာင္​းနဲ႔႐ိုက္​ခ်လိုက္​ၿပီး
လက္​ဖ်ံ​ေပၚ ​ေထာက္​လိုက္​ရာတြင္​...

လက္​ထဲက ဖန္​ကြဲစကို..အတင္​းလာလုတဲ့ SeHunee..။

ပဲ့ကိုင္​႐ွင္​ႀကီးကိုတစ္​ခ်က္​လွမ္​းၾကည္​့လိုက္​​ေတာ့..
မတ္​တပ္​ရပ္​လ်က္​သားအ​ေနအထားနဲ႔မတုန္​မလႈပ္​
ရပ္​​ေနတာကို ​ေတြ႔လိုက္​ရသည္​..။

SeHun ႏွင္​လႊတ္​လိုက္​​ေတာ့..
ပါး​ေစာင္​က ​ေသြးစ​ေတြကို လက္​နဲ႔သူတ္​ၿပီး
အခန္​းထဲက ​ေအး​ေအး​ေဆး​ေဆး ထြက္​သြားတာမ်ား..။

​ေဘးနားကျဖတ္​သြားတဲ့အခ်ိန္​ခဏ​ေလးမွာ​ေတာင္​..
နာက်င္​ရလြန္​းလို႔ ​ေသြးမ်က္​ရည္​​ေတြက်​ေနရသည္​..။

SeHunee ကို​ေတာင္​ မ​ေျပာျပခဲ့ဖူးဆို​ေတာ့..
ဒါႀကီးက ကြၽန္​​ေတာ္​ နာက်င္​​ေအာင္​တမင္​ရည္​ရြယ္​
လုပ္​ခဲ့တာ လံုး၀အသိသာႀကီးမလား..။

ဘယ္​လိုပဲျဖစ္​ျဖစ္​..

ကြၽန္​​ေတာ္​တန္​ဖိုးထားတဲ့အရာကို..
သူမ်ားလက္​ထဲ ​ေခြး​ေကြၽးႏြား​ေကြၽးထိုး​ေကြၽးၿပီးခဲ့တာ​ေတာ့
အမွန္​ပဲ​ေလ...။

"ငါ့ကို အဲ့​ေလာက္​​ေတာင္​မွ အႏိုင္​က်င္​့ခ်င္​တာလား..
တစ္​ျခားနည္​းနဲ႔သတ္​လဲ ​ေသပါတယ္​..
အခုဟာက..မင္​းပဲစဥ္​းစားၾကည္​့ကြာ..
ငါ..!"

"သိတယ္​..ကြၽန္​​ေတာ္​ hyung ရဲ႕ခံစားခ်က္​အားလံုးကို သိတာမို႔...!!
ဒီတစ္​ခါ Baek Hyun..hyung..တအားလြန္​တယ္​.."

​ေဘးလူျဖစ္​သည္​့ SeHunee ​ေတာင္​
မ်က္​ရည္​​ေပါက္​​ေပါက္​က်တဲ့အထိ ဖိႏွိပ္​ညႇင္​းပန္​း
ျပႏိုင္​ခဲ့သည္​့ အဆိုး​ေကာင္​..။

ကြၽန္​​ေတာ္​ဆု​ေတာင္​း​ေပးလိုက္​ပါ့မယ္​..။

သူ႔အ​ေပၚထားတဲ့ကြၽန္​​ေတာ္​့ရဲ႕ခ်စ္​ျခင္​း​ေမတၱာ​ေတြ
ျပန္​မစူးပါ​ေစနဲ႔လို႔...။

ကြၽန္​​ေတာ္​ငို​ေနရလဲ ဘာအ​ေရးလဲ..။
သူႏိုင္​သြားမည္​မလား..။
သူ​ေက်နပ္​ရင္​ ကြၽန္​​ေတာ္​က်႐ွံုးရလဲ..
ကြၽန္​​ေတာ္​က​ေန​ေပ်ာ္​ပါတယ္​..။

တစ္​ခုပဲ...။

သူကြၽန္​​ေတာ္​့ကို ဘယ္​​ေလာက္​ပဲရက္စက္​ရက္​စက္​
တစ္​ကယ္​မမုန္​းႏိုင္​သလို..
သူ႔ခနၶာကိုယ္​ ညစ္​ပတ္​​ေနခဲ့ရင္​​ေတာင္​မွ..
ျမတ္​ျမတ္​ႏုိးႏုိး နမ္​း႐ိႈက္​ခ်င္​​ေနတုန္​းမို႔...။

​ေက်းဇူးျပဳ၍သာ..ကြၽန္​​ေတာ္​့​ေမတၱာ​ေတြကို
အႀကိမ္​ႀကိမ္​အခါခါ ​ေစာ္​ကားခဲ့တာ​ေတြအတြက္​
ျပန္​၀ဋ္​မလည္​ပါ​ေစနဲ႔လို႔...။

မတ္​တပ္​ရပ္​ဖို႔​ေတာင္ ​မတတ္​ႏုိူ္​င္​​ေတာ့တဲ့
ကြၽန္​​ေတာ္​့ကို ကူညီ​ေဖးမ​ေပး​ေနတဲ့ SeHunee
မ်က္​ႏွာမွာကိုက မ်က္ရည္​ဗရပြနဲ႔..။

ကြၽန္​​ေတာ္​့မ်က္​ႏွာမွာဆိုရင္​ ​ေျပာမ​ေနပါနဲ႔​ေတာ့..။
မ်က္​ရည္​​ေတြထပ္​ထြက္​မလာႏုိင္​​ေတာ့ဘူးလို႔
ထင္​ရ​ေလာက္​​ေအာင္​ထိ နင္​့နင္​့သီးသီးငို​ေႂကြး​ေနမိ
သည္​..။

ငါ့ရင္​ဘတ္​​ေတြနာ​ေနတာ..
နည္​းနည္​း​ေလး​ေတာ့ လွည္​့ၾကည္​့ဖို႔​ေကာင္​းတယ္​မလား..
Byun Baek Hyun ရဲ႕....။

TBC ##

နည္​းနည္​း​ေတာ့ ၾကမ္​းမယ္​​ေနာ္​ 😣

Unicode

Zawgyi

"စိန်တွင်းအခြေအနေက ကောင်းတယ်မလား..?
ဘာမှ အမှားအယွင်းမရှိအောင်လုပ်နော်.."

"ဟူတ်ကဲ့..ဆရာ.."

"အေး..ဘာမှပြောစရာမရှိရင်သွားတော့.."

အဆင့်နေရာတက်အောင် လုပ်ဖို့ ဘာတွေကို
ဘယ်လို စီမံရမလဲ တော်တော်လေးခေါင်းခဲလိုက်ရပေမယ့်
ကံကောင်းတာက လွန်ခဲ့တဲ့နှစ်လောက်က
တွေ့ရှိထားခဲ့သည့် စိန်တွင်းတစ်ခုက
စိတ်သက်သာရာရစေသည်..။

ထိုင်းနိုင်ငံနယ်စပ်ဘက်က တပည့်တွေဆီကနေ..
စိန်ကြောတစ်ခုတွေ့ရှိထားတယ်လို့သတင်းကြားပြီးတဲ့
နောက် ကိုယ်တိုင်သွားရောက်ကြည့်ရှုထားခဲ့သည့်
အဖိုးတန်လေးက ဒီလောက်ထိတန်ဖိုးရှိလာလိမ့်မယ်လို့
မထင်ထားခဲ့...။

ဒီတိုင်း ကျွန်တော်တွေ့ဖူးသမျှတွေထဲ အရည်အသွေး
အမြင့်ဆုံးစိန်တုံးတွေဖြစ်တာမို့ ဘယ်သူမှမသိအောင်
ကွယ်ဝှက်ထားပြီးနောက်နှစ်နည်းနည်း ကြာမှ..
လူတွေကိုထုတ်ပြကာ
တန်ဖိုးကြီးကြီးနဲ့ရောင်းမယ်လို့စိတ်ကူးထားခဲ့တာ..။
အခုတော့ နှလုံးသားရေးရာကိစ္စလေးကြောင့်
အဖိုးတန်လေးကို ထုတ်သုံးရဖို့အချိန်ကျရောက်လာခဲ့သည်..။

ကိုယ်က အဲ့လူဆိုးကောင်လို လက်နက် တွေ ဆေးတွေထိ
ဈေးကွက် မကိုင်တတ်တော့
နောက်ကောက်ကျန်ခဲ့ရမှာ သေမလိုစိတ်ပူခဲ့ရသည်မလား...။

ဒါပေမယ့်အခုတော့လဲ အေးဆေးပါ...။

ကျွန်တော်ခိုင်းတဲ့အတိုင်း လှည့်ပတ်လှုပ်ရှားနေတဲ့
စိန်တူးဖော်ရေးလုပ်ငန်းလေးက အေးအေးဆေးဆေး
ဖြစ်နေတာမို့..
အဆင့်တက်နိုင်ဖို့ကိစ္စက လက်တစ်ကမ်းပဲလိုသည်လို့
ပြောလို့ရတဲ့အထိ သေချာသလောက်ဖြစ်နေသည်..။

"hyung ကကြည့်ရတာ Xရဲ့ ထိပ်တန်းအကြောင်းတွေကို
Ghou ဆီပေးမယ်ထင်တယ်..ဘာအခကြေးငွေမှ မယူပဲလေ.."

"တစ်ကယ်လား..!!?"

"အင်း..ကျွန်တော့်ကို သူကိုယ်တိုင်ပြောပြတာ.."

ကိုယ့်ကိုကိုယ် ပိုင်လှပြီ လို့မထင်ရဲလို့
လူဆိုးကောင်ဘာတွေများ လုပ်နေလဲ လို့
SeHunee ကိုမေးကြည့်တဲ့အခါ...

ကျွန်တော့်ကို အနိုင်ရဖို့ခွင်ကြီးကြီးကို..
ကြံစည်နေကြောင်းသိလိုက်ရတော့ မအံ့သြပဲ
မနေနိုင်..။
သူ့လုပ်နေတဲ့ကိစ္စကြီးက ကံကောင်းရင်..
Ghou နဲ့တန်းတူအဆင့်အထိရောက်နိုင်တယ်မလား..။

Xနဲ့ Ghou ဟာ..အခု ကျွန်တော်တို့လောကမှာ
ထိပ်ဆုံးအဖွဲ့နှစ်ဖွဲ့ဖြစ်သလို..နှစ်ဖွဲ့လုံးက နိုင်ငံရေးလောက
အထိတိုးပေါက်ကြတဲ့အခြေအနေမျိုးဆိုတော့..
တစ်ကယ်လို့ Xရဲ့အတွင်းရေးကိစ္စတွေသာ..
Ghou လက်ထဲရောက်သွားရင်..
Xက တစ်ခါတည်းပွဲသိမ်းသွားလောက်သည်..။

ဒါပေမယ့် ဒီလောက်အင်အားကြီးတဲ့ဂိုဏ်းတစ်ဂိုဏ်းရဲ့
အတွင်းရေးတွေကို hackဖို့ဆိုတာက..?

Byun Baek Hyun ဆီမှာ အဲ့သလောက်အင်အားရှိလို့လား..။

သူကဒီအတိုင်း ကိုရီးယားနိုင်ငံက အတော်အသင့်နာမည်ရှိတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်လေးတစ်ယောက်လေ..။
ဟိုက မိုက်ပေ့ဆိုးပေ့ဆိုတဲ့ နိုင်ငံခြားဂိုဏ်းတွေ..။

ကျွန်တော့်လိုစိန်အရောင်းအဝယ်နဲ့ချဉ်းကပ်တာက
အောင်မြင်ချင်အောင်မြင်သွားလိမ့်မယ်..။
သူ့ကိစ္စက မတော်လို့ X ဂိုဏ်းဘက်ကများသိသွားခဲ့ရင်..။

"မင်းအစ်ကိုကတော့ကွာ..ငါ့ကိုစိတ်ပူအောင်လုပ်နေပြန်ပြီ..."

"ဘာကို..စိတ်ပူနေရပြန်တာလဲ..?"

"ဟ..! သူအခုလုပ်နေတဲ့ဟာကြီးက ကံမကောင်းရင်
သူရော မင်းတို့တစ်ဖွဲ့လုံးရော လည်ပင်းပြတ်မယ့်ကိစ္စကွ..
Xကို hackဖို့ဆိုတာ လွယ်တယ်များထင်နေလား..??"

"သူ့ဇာတ်သူနိုင်လို့ကနေတာပဲ..
အသာနေစမ်းပါ..hyung ရာ..
သူတောင် hyung ကို နိုင်ချင်လွန်းလို့ လုပ်နေတာလေ..
hyung က ဘာကိစ္စသူ့ကို စိတ်ပူနေရတာလဲ.."

"အဲ့တာကတော့......"

ကိုယ့်ကို မချစ်မနှစ်သက်တဲ့လူကို ဇွတ်ချစ်နေမိတာကလဲ
ဝဋ်ကြွေးလိုပါပဲလား..။

SeHun ပြောသလို သူက ကိုယ်သူ့ကို..အနိုင်မရအောင်
တတ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေတဲ့အချိန်..
ကိုယ်က သူ့ကို ရန်ဘက်တစ်ယောက်လို့သဘောထားဖို့နေနေသာသာ..
သူအန္တရာယ်ဖြစ်မှာစိုးရိမ်ပူပန်နေမိသတဲ့လေ..။

အချစ်ဆိုတာကြီးက တော်တော်ဆိုးတာပါလား..။

ဖြစ်နိုင်ရင် အဲ့ဒီအလောင်းအစားဆိုတာကိုရော..
သူ့ရဲ့အတ္တတွေကိုပါ ချိုးဖဲ့ပစ်လိုက်ချင်ပေမယ့်
ဘုရားသခင်က ကျွန်တော့်ဘက်မရှိသေးတော့
သူ့စိတ်တိုင်းကျ အားလုံးဖြစ်စေပေါ့..။

"အဲ့လောက်တောင်ချစ်နေလဲ..ဘာမှ လုပ်မနေနဲ့..
ခိုးပြေးပြီး အခန်းတစ်ခုထဲသာ ပိတ်လှောင်ထားလိုက်တော့..
ရှုပ်တယ်.."

နှစ်ယောက်စလုံးကို စိတ်ပျက်နေတဲ့ပုံစံနဲ့
ပြောသွားပြီး..
သတင်းလာပေးတဲ့ SeHunee ပြန်သွားလေသည်..။

တစ်ကယ်..။

SeHun ပြောသလို..အဲ့အကောင်ဆိုးကို..
မင်းငါ့ကိုချစ်ချစ်မချစ်ချစ် ငါကတော့ချစ်တာမို့ဆိုပြီး
အတင်းအဓမ္မသာ သိမ်းပိုက်လိုက်ချင်တော့သည်..။

အဲ့လိုလုပ်ဖို့ အင်အားရော..
ငွေကြေးဥစ္စာရော အားလုံးလဲ အသင့်ရှိသည်..။

ဒါပေမယ့် ဆိုးတာက အဲ့လိုအခန်းထဲထည့်ပိတ်ထားလိုက်လို့..
ကျွန်တော့်ကိုပြန်ချစ်ဖို့နေနေသာသာ..
စိတ်ရူးပေါက်ပြီး သတ်သေ သွားခဲ့ရင်..။
အဲ့ကျမှ ကျွန်တော့်ရင်တွေဗြန်းဗြန်းကွဲနေရဦးမည်မလား..။

အဲ့တော့ထားပါတော့..ရှိစေတော့...။

ငယ်သူငယ်ချင်းသံယောဇဉ်သေးသေးလေးတောင်
မရှိဘူးဆိုတဲ့မေတ္တာတရားခေါင်းပါးသူကြီးကို
မေတ္တာဓာတ်လေးဝင်အောင်..လုပ်ဖို့
အရင်ကထက် ပိုကြိုးစားသွားမှာမို့...။

::::::Tyranny:::::::::::::

Baek Hyun နဲ့ကျွန်တော် အလောင်းအစားလုပ်ပြီး
၈ လအကြာ..။

ပေကျင်းမှာရှိတဲ့ Ghou ရဲ့ရုံးချုပ်မှာ..
သူတို့ဂိုဏ်းချုပ်နဲ့ ကျွန်တော်သွားတွေ့ခဲ့သည်..။
အကြောင်းပြချက်ကတော့..
ကျွန်တော့်မှာ အဖိုးတန်စိန်တုံးလေးတွေရှိကြောင်းပြသရင်းနဲ့ ကျွန်တော်ဖြစ်ချင်တာလေးတွေပြောကြားတာပေါ့..။

ဂိုဏ်းချုပ်က အသက်လေးဆယ်အရွယ်လူလတ်ပိုင်း
ဖြစ်ပေမယ့် အခုထိ သုံးဆယ်စွန်းစွန်း လောက်ပဲ လို့ထင်ရလောက်အောင် နုပျိုဆဲဖြစ်သည့်..
တရုတ်အမျိုးသားတစ်ယောက်..။

ဟန်ဆောင်နေတာလား..
တစ်ကယ် လား မသိပေမယ့် တော်တော်လေးတော့
ပေါင်းသင်းဆက်ဆံရေးကောင်းသည်..။
အေးပေါ့လေ..နိုင်ငံရေးလောကနဲ့တောင်
အဆက်အဆံရှိတဲ့လူက ပေါင်းသင်းဆက်ဆံရေးကောင်း
တာ အဆန်းမဟုတ်ဘူးမလား..။

အရင်က အရေးကြီးစည်းဝေးပွဲတွေမှာ တစ်ခေါက်စ
နှစ်ခေါက်စ တွေ့ဖူးပြီးနှုတ်ဆက်သမှု ပြုတဲ့အထိ
မလုပ်ခဲ့ဖူးပေမယ့် ကံကောင်းထောက်မစွာနဲ့
သူဟာ..ကျွန်တော့်ရဲ့ Park အိမ်တော်အကြောင်းတွေကို
ကောင်းကောင်းသိသည်တဲ့လေ..။

အဲ့တာနဲ့ထပ်တူပဲ ကျွန်တော့်လူဆိုးကောင်ရဲ့..
Byun အိမ်တော်အကြောင်းတွေလဲ ကြားပါသည်တဲ့..။

ကဲ..ဘယ်လောက်တောင်မှ အလျဉ်းသင့်လိုက်သလဲ..။

"ဒီစိန်တွေက..ကမ္ဘာမှာ ဘယ်နေရာမှမရှိသေးတဲ့စိန်တုံးလေးတွေဆိုတာ..ကျွန်တော်ရဲရဲကြီးအာမခံပါတယ်.."

"ဘယ်သူမှ လဲမမြင်ဖူး ကြသေးဘူးလို့ပါ
ထည့်ပြောရင် ပိုမှန်လိမ့်မယ် ထင်တယ်..
ဟုတ်တယ်မလား..?"

"ဟူတ်တာပေါ့အစ်ကိုရာ.."

ဗန်းအမဲလေးပေါ်က စိန်ဖြူဖြူလေးတွေကို မှန်ဘီလူးနဲ့
ကြည့်ရှုရင်း..ဘေးက သူ့တပည့်စိန်ကျွမ်းကျင် ပညာရှင်
ဆီကလဲ..
ကျွန်တော့်အဖိုးတန်လေးတွေအကြောင်း ပြောပြနေသည်ထင်...။

ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့သဘောကျနေသည်..။

သဘောမကျရိုးလား..။
ကျွန်တော်က အပြောနဲ့အလုပ်ညီအောင်လုပ်သည့်
Park Chan Yeol ဆိုတော့..
စိန်တုံးလေးတွေ ရဲ့အရည်အသွေး ပြည့်မီမှုကို
သံသယဖြစ်စရာမှ မလိုပဲ...။

တွင်းထဲကနေ လွန်ခဲ့သည့်တစ်ပတ်ကမှ တူးယူလာခဲ့သည့်
အဖိုးတန်အရိုင်းတုံးလေးတွေလေ..။

"အဲ့တော့ကာ..မင်းဘက်က ဘာဖြစ်ချင်တာလဲ..
ပြောကြည့်ပါဦး.."

"ဟုတ်ကဲ့အစ်ကို..ကျွန်တော်က ဒီစိန်တွေကို
အစ်ကို့ကို သက်သက်သာသာနဲ့ရောင်းပေးမယ်..
အစ်ကိုက အစ်ကို့ရဲ့အဆက်တွေကို..
ကြိုက်တဲ့ ဈေးနဲ့ပြန်ရောင်းပေါ့..
ကျွန်တော်ကပစ္စည်းမပြတ်အောင် လုပ်ပေးမယ်..
ပြီးတော့ ဒီစိန်ကလွဲရင် တစ်ခြားဟာလေးတွေကို..
ကိုရီးယားမှာ မကြာမကြာပြပွဲလေးလုပ်ပြီး
ရောင်းချင်တယ်..ပုံမှန်ဈေးကွက်လေးပေါ့..
အဲ့ဒီအတွက် အစ်ကို့ဘက်က ကျွန်တော့်ကို
အင်အားနည်းနည်း
လေးထောက်ပံ့ပေးပါ..
ပြောရမယ်ဆိုရင် Ghou က Park အိမ်တော်ရဲ့
နောက်မှာ ရှိနေတယ်ဆိုတဲ့သဘောလေး ပြစေချင်တာပေါ့.."

"ဟားဟားဟား...!
ဟုတ်ပြီကောင်လေးရေ..မင်းကမ်းလှမ်းမှုကို ငါတော့
တော်တော်လေးသဘောကျနေပြီ.."

လာတာ လာခဲ့ရပေမယ့်  အဆင်ရောပြေပါ့မလားလို့တွေးပူ
ခဲ့သမျှ တရုတ်ကြီးရဲ့ ရယ်မောသံခပ်ကျယ်ကျယ်မှာ..
အပူတွေ နည်းနည်းလျော့သွားသလို..။

ကျွန်တော့်အကွက်လေးက ရိုးရိုးလေးနဲ့တစ်ဖက်လူ
လက်ခံချင်စရာလေးဆိုတော့ကာ..။
ဘုရားသခင်..ကျွန်တော်အခုတောင်းဆိုမယ့် နောက်ဆက်တွဲ ကိစ္စလေးပါအောင်မြင်ပါရစေ..။

"ပြီးတော့လေ.."

"အေး ပြောကြည့်ဦး ဘာထပ်လိုချင်သေးလဲ..?"

"ကျွန်တော့်နောက်မှာ အစ်ကိုရဲ့ အင်အားရှိကြောင်း
ပြပေးမယ်ဆိုရင်လေ..
ဟို..ကျွန်တော့်ကို ကိုရီးယားမှာ...
ကျွန်တော့်ဂိုဏ်းရဲ့အင်အားကို..
နည်းနည်းအဆင့်ထက်တိုးပေးစေချင်ပါတယ်.."

"ဟားဟားဟား..!
ကောင်းတယ် လူဆိုးဆိုတာ ဒီလိုမျိုးအခွင့်အရေးကို
ရသလောက် ယူတတ်ရတယ်..
ကောင်းတယ်..ငါသိပ်သဘောကျတယ်..
ဟားဟားဟား.."

ဒီတစ်ခေါက် ရယ်မောသံကြီးက နည်းနည်းကျောချမ်းစရာ
မို့လို့..
စကားများမှားသွားပြီလား..

မတောင်းဆိုသင့်သည့်အရာကို တောင်းဆိုမိသွားတာလား..

တစ်ကယ်လို့တရုတ်ကြီးစိတ်ကွက်သွားရင်..
ကျွန်တော်ရော..
အတူတူ ပါလာကြသည့် ကျွန်တော့်တပည့်တွေအားလုံး
တရုတ်ပြည်မှာ ကွိခနဲ လက်စတုံးခံရတော့မည်လား
စသဖြင့် ရုတ်တရက်ကြီးကြောက်ရွံ့မိသွားတဲ့အခါ..
ချွေးစေးတွေတောင်ပြန်လာသလို..။

Byun Baek Hyun ကလိမ်ကကျစ်နဲ့ဆင်တဲ့အကွက်မှာ အသက်ကိုတောင်မနှမြောပဲ..
Ghouကိုဇွတ်တရွတ်ဝင်လာပြီး..
မဟုတ်တာတွေ လာကမ်းလှမ်းနေမိသည့်အပြစ်က..
ခေါင်းဖြတ်ခံရရင်တောင် ကျေနိုင်မှာမဟုတ်လေ..။

အခုလဲ ကျွန်တော်ပြောနေတာတွေကို
လက်ခံသည်မခံသည် ဘာတစ်ခွန်းမှမပြောသေးပဲ
စိန်တုံးတွေကို မှန်ဘီလူးတစ်လက်နဲ့
ဖင်တစ်ပြန်ခေါင်းတစ်ပြန် ကြည့်နေတဲ့
တရုတ်ကြီးကြောင့် လူက အသက်ရှူတွေတောင်
မမှန်တော့သလို..။

အဲ့ဒီ ..Byun Baek Hyun ဒုက္ခပေးကို
ပေးနိုင်လွန်းပါတယ်..!

"ဒါနဲ့..မင်းတို့ကိုရီးယားကောင်တွေဘာဖြစ်ကြတာလဲ..
ဟိုနေ့ကလဲ Byun Baek Hyun ဆိုတဲ့တစ်ယောက်
ရောက်လာပြီး သူ့ကိုအဆင့်တိုးပေးဖို့
ကူညီပါဦးတဲ့..အဲ သူကတော့..
ငါ့ကိုတော်တော်ကြိုက်လောက်စေမယ့်အရာလေးနဲ့
ုမြူဆွယ်သွားတယ်ကွ..ငါအကြိုက်ဆုံးကတော့.."

ကျွန်တော့်လူဆိုးကောင်အကြောင်းပါလာတော့..
ကားပြီးသားနားတွေက ပိုကားသွားပြီး
အသက်မရှူတမ်းနားထောင်မိလိုက်သည်..။

SeHun ပြောပြလို့ သူဒီကို လာသွားတာကျွန်တော်
သိပြီးသား..။
အဲ့တာကြောင့်မို့ ကျွန်တော်လဲ ရောက်အောင်
လာခဲ့ခြင်းဖြစ်သည်..။
ဘာဖြစ်လို့ဆိုရင် ကျွန်တော်တို့ကို အဆင့်တိုးပေးဖို့ဆိုရင်..
Ghou လို ဂိုဏ်းကပဲ သတ်မှတ်ပေးမှဖြစ်တာမို့..
ဒီကိုပဲ လာရောက်ချဉ်းကပ်ရခြင်းသာ..။

ဟိုတစ်ယောက် Xရဲ့ အတွင်းရေးတွေကို ဖောက်ချသွား
တာကိုလဲ သိပြီးပြီဖြစ်သည်..။

တော်သေးတာပေါ့..
သူ့အင်အားနဲ့ Xကို hackတာ..
ဟိုကမသိခင် Ghouကို အားလုံးလွှဲပေးလိုက်နိုင်လို့..။

မဟုတ်ရင်....ကျွန်တော်ပဲစိတ်ပူနေရဦးမယ်..။

"ဒါပေမယ့် သူပေးတဲ့သတင်းထက်..
သူ နောက်ထပ်ပေးလာတာလေးက ပိုသဘောကျဖို့ကောင်းတယ်ကွာ..
တစ်ကယ်အဲ့ကောင်လေးယောကျာ်းလေးဖြစ်ရက်သားနဲ့
မိန်းကလေးလို လှရက်လွန်းတယ်.."

"ဗျာ...!"

"နှုတ်ခမ်းလေးတွေကလဲ ချိုချိုလေး..
ကျားရဲတွင်းလာပြီး ကျားကြီးကို အတူတူအိပ်ရအောင်လို့..
လာဆွဲဆောင်ရဲတာ တော်ရုံသတ္တိမျိုးတော့
မဟုတ်ဘူးငါ့ညီရေ..
ဘာလို့အဲ့လောက် အဆင့်တက်ချင်နေရလဲမသိပေမယ့်
ငါကလဲတော်တော်ကြိုက်သွားတော့
နောက်အပတ်ကျရင် သူ့အဆင့်တက်သွားတဲ့အကြောင်း
တရားဝင်ကြေငြာပေးတော့မလို့.."

ဘုရားသခင်..!

ကျွန်တော်အခုကြားနေရတာက ဘာအကြောင်းတွေလဲ..?

နှုတ်ခမ်း ချိုချိုလေး..။

မိန်းကလေးလိုလှရက်လွန်ူးတယ်..။

အိပ်ရအောင်လို့ လာဆွဲဆောင်ရဲတယ်..။

အို..ဘုရားရေ..။

ကျွန်တော့်ကို ဘာကြောင့်များအသေမသတ်လိုက်တာလဲ..။

နားထဲ သံရည်ပူနဲ့လောင်းချခံလိုက်ရသလိုပဲ..။

အဲ့ကောင် ကျွန်တော့်အပေါ်မှာ အမြဲတမ်းယုတ်မာရိုင်းစိုင်း
ခဲ့တာ သိပေမယ့်..
ဒီလောက်ထိ လုပ်ရက်လိမ့်မထင်ခဲ့ဘူး..။

ကျွန်တော့်မှာတော့ ချစ်ရလွန်းပေမယ့်..
သူအလိုမတူတာကြောင့် နှုတ်ခမ်းလေးနမ်းရုံကလွဲရင်
ဘာမှ မထိရက်မကိုင်ရက် ခဲ့တာ..။
ဟိုးတစ်ခါက စိတ်ဆိုးလွန်းအားကြီးလို့သာ..
ဒါတောင်..အဝတ်တွေဆွဲဖြဲ ခဲ့ရုံလေးပဲ..။

အခုဟာက..ဟင့်အင်း..!

အရှေ့က တရုတ်ကြီးဘာတွေဆက်ပြောနေလဲ..
မကြားနိုင်တော့..။

ကျွန်တော့်ဂိုဏ်းအဆင့်တက်ဖို့ကိုလဲ စိတ်မဝင်စားနိုင်တော့..။

Byun Baek Hyun ကသူ့ကို အိပ်ဖို့ လာဆွဲဆောင်ခဲ့တယ်ဆိုတဲ့တရုတ်ကြီးရဲ့စကားသံပဲ
နားထဲမှာ တစ်ဝဲလည်လည်..။

ရှက်ဖို့ကောင်းလောက်အောင်..
မျက်ရည်တွေ ကျမိခဲ့လား..
မကျခဲ့ဘူးလား မသိ..။
အဲ့အခန်းထဲကယိုင်တိုင်တိုင်ခြေလှမ်းတွေနဲ့ပြန်ထွက်လာခဲ့မိတာ..
ဘယ်လိုမှ ဆက်ပြီးလမ်းမလျှောက်နိုင်တော့လို့..
ဘေးကတပည့်တွေ ကူပေးရတဲ့အထိ..။

ကျွန်တော်အရမ်းမုန်းနေပြီ..!

ကျွန်တော့်ကို အဲ့လောက်ထိ နှိပ်စက်ရမှဖြစ်မှာလား..။

ကိုယ့်ဘက်ကတော့ချစ်လိုက်ရတာဗျာ...။

:::::::::::::::::::::::::::::::::::::::

/ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ../

"ဟာ..တောက်..!
မင်းငါ့ကို အဲ့လောက်ထိစမ်းမှ ဖြစ်မှာလား..ဟမ်..!!"

Ghou က ပြန်လာပြီးပြီးချင်း..
ဒင်းဆီဆက်ရင် ဖုန်းမကိုင်ဘူးဆိုတာ သိလို့..
SeHun ဆီဆက်တော့..
အလုပ်ကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားပေမယ့်
ခဏနေ ပြန်ရောက်မယ် ဆိုတဲ့ သတင်းရခဲ့တာမို့
လေယာဉ်ဆိုက်ဆိုက်ချင်း..
ဒင်းအိမ်ရှိရာ တန်းလာခဲ့သည်..။

လမ်းမှာတောက်လျှောက် ဖုန်းဆက်လာခဲ့ပေမယ့်
ဖုန်ူးပိတ်ထားပါသည်ဆိုတဲ့အမျိုးသမီးအသံနဲ့ပဲ တိုးတိုးနေတော့
ကျွန်တော့်စိတ်တွေအစိုးမရတော့..။

အခုချိန်မှာ လူသတ်ဆိုလဲ သတ်နိုင်လောက်မည်ထင်သည်..။

အဟက်..!
ဒင်းလဲ အခုလောက်ဆို Ghou ဂိုဏ်းချုပ်ဆီကနေ
သူလာသွားတဲ့အကြောင်းတွေ
ကျွန်တော်သိလောက်ပြီဆိုတာ သိနေမှာပေါ့..။
အဲ့တာကြောင့် ဖုန်းကိုတမင်စက်ပိတ်ထားပြီး
ကျွန်တော့်ကို ညှင်းနေတာ...။

အဟားဟား..။
Byun Baek Hyun ပီသချက်ကတော့
ကျွန်တော့်ကို ဘယ်လိုသတ်ရင်သေတယ် ဆိုတာ
ကောင်းကောင်းလေးသိတာပဲ..။

ဖြစ်နိုင်ရင် ကျွန်တော် တစ်ကယ်ပဲ လည်ပင်းကို
ဓားနဲ့လှီးပြီးတော့ပဲဖြစ်ဖြစ် သေလိုက်ချင်တော့တာ..။

အဲ့ဒီ ရက်စက်မှုတွေကြားထဲမှာ..
နာကျင်လွန်းနေပြီလေ...။

::::::::::::::::::::::::::::::::::::::::

"Byun Baek Hyun..
Byun Baek Hyun..ဘယ်မှာလဲ..
ထွက်ခဲ့စမ်း...!!!!"

အရင်လို လာရောက်တားဆီးတာမျိူးမရှိတော့ပေမယ့်
ကျွန်တော်အိမ်ထဲ ဝင်လာကတည်းကပင်..
မျက်လုံးဒေါက်ထောက်ကြည့်နေကြသည့်..
အစောင့်တွေ..။

စောက်ဂရုမစိုက်စွာပင်....
လိုရာကိုပဲ ရှာဖွေ ကြည့်ဖြစ်လိုက်သည်..။

စောစောက ခြံထဲ အဝင်..
SeHun ဆီကနေ ..
ထမင်းစားခန်းထဲမှာ ရှိနေကြသည် ဆိုသည့်စာတိုလေးကြောင့်..
ခြေထောက်တွေကို..
ထမင်းစားခန်းတည်ရှိနေရာသို့တည့်မတ်စွာ..လှည့်လိုက်တော့..

တွေ့ပါပြီ..။

ကျွန်တော့်ရဲ့အရှင်သခင်..ခပ်ဆိုးဆိုးအကောင်.။

ဘာခံစားမှုမှ မရှိတဲ့မျက်နှာထားနဲ့..
လက်သူတ်ပဝါနဲ့နှုတ်ခမ်းကို ခပ်ယွယွသုတ်နေလိုက်တဲ့ပုံများ..။

ဘယ်လိုမှ သည်းမခံနိုင်တော့လို့..
ဘေးနားအရောက်သွားပြီး..အကျီၤကော်လံကနေ
ဆွဲဆုပ်ပြီး ထစေတော့..
ကျွန်တော့်ထက် အင်အားနည်းသည့်ခန္ဓာကိုယ်က
လက်ထဲ အလိုက်သင့်လေးပါလာခဲ့သည်..။

ပတ်ပတ်လည်က ဂိုဏ်းသားတွေကတော့
သူတို့ခေါင်းဆောင်ကို မထိဖို့သတိပြောကြားသံတွေ
ဆူညံပွက်လောရိုက်သွားခဲ့သည်..။

သူတို့ဘာသူတို့ သတိပဲပေးပေး..
သေနတ်နဲ့ပဲ ချိန်ကြချိန်ကြ..
ကျွန်တော်ကတော့ အခုဒီကောင်နဲ့ စာရင်းမရှင်းရရင်..
သေတောင်သေသွားနိုင်တာမို့...!

"မင်းတို့ထွက်သွားကြ.."

သူ့တပည့်တွေကို ထမင်းစားခန်းထဲက ထွက်ဖို့
ပြောလိုက်တော့..
အခန်းထဲမှာ..ကျွန်တော်ရယ်..
သူရယ်..SeHun ရယ်သာ ကျန်တော့သည်..။

"သူများတကာနဲ့သွားအိပ်ရအောင်..မင်းကဖာလား..?
ဟုတ်လား.ဟေ့ကောင် ..မင်းကဖာလားလို့...
ငါမေးနေတယ်လေ..!!"

"ဟုတ်တယ်..ငါက..ဖာ.."

"မင်း...!!!!"

"တော်တော့..တော်ကြပါတော့...
Chan Yeol hyung..စိတ်ငြိမ်ငြိမ်ထားစမ်းပါဗျာ.."

ရွဲ့ပြီးမေးနေတာကို..
ရွဲ့ပြီး ပြန်ဖြေလာတော့..
ဘယ်လိုမှ သည်းမခံနိုင်...။

သူကပဲ သွေးအေးတတ်လွန်းတာလား..။
ကျွန်တော့်နှလုံးသားကပဲ စောက်မှတ်မရှိတာလား...။

ကိုယ်က ပူလောင်နေသလောက်..
သူကတော့အေးအေးဆေးဆေးနဲ့မထေ့တထေ့ပြုံးပြနေတော့..

မြတ်နိုးစွာနဲ့အကြိမ်ကြိမ်နမ်းရှိုက်ခဲ့ဖူးသည့်
ပါးပြင်ဖြူဖြူ တွေကို..
ဒေါသတကြီး ထိုးကြိတ်လိုက်မိသည်..။

SeHun လာဆွဲပေမယ့်
နှစ်ချက်လောက်ထိုးပြီးသွားတာမို့ ..
နှုတ်ခမ်းပါးလျပ်လျပ်တွေကနေ သွေးစီးကြောင်း
တွေထွက်ကျလာသည်မှာ..

မျက်နှာနုနုနဲ့ဘယ်လိုမှ မလိုက်ဖက်..။

အဲ့တာတောင်မှ..ကျွန်တော့်နှလုံးသားသက်သာရရမယ့်
ဖြေရှင်းချက်တစ်စုံတစ်ရာလေးတောင်..
မပြောလာသေးတော့...

မရတော့..ကျွန်တော့်စိတ်တွေ တအား လွတ်သွားခဲ့ပြီ..။

"မင်းမသေရင်..ငါသေမှပဲအေးတော့မယ်.."

"hyung..မလုပ်နဲ့လေ..စိတ်ထိန်းပါဦးဗျာ..!"

"ဖယ်..ငါ့ကိုဖယ်..
မင်းလဲ ဘာလို့ အဲ့ကောင် ဖာသွားလုပ်တဲ့ကိစ္စကို
ငါ့ကို မပြောပြတာလဲ..ဟမ်..!!!!"

"ကျွန်တော်မှမသိခဲ့ပဲ...
အခုhyung ပြောပြမှ ကျွန်တော်လဲ သိတာပါ..
hyung ရယ်..အဲ့ခွက်ကို ချလိုက်ပါနော်..
Baek Hyun hyung လဲ ကျေးဇူးပြုပြီး
အခန်းထဲပဲဖြစ်ဖြစ် သွားနေလိုက်ပါလားဗျာ..
ကျေးဇူးပြုပြီး ကျွန်တော်ပြောတာ နားထောင်ပေးကြပါ.."

ထမင်းစားပွဲပေါ်က ဖယောင်းတိုင်အလှထွန်းသည့်
ဖန်ခွက်ရှည်ကို နှစ်ပိုင်းကွဲအောင် ခုံစောင်းနဲ့ရိုက်ချလိုက်ပြီး
လက်ဖျံပေါ် ထောက်လိုက်ရာတွင်...

လက်ထဲက ဖန်ကွဲစကို..အတင်းလာလုတဲ့ SeHunee..။

ပဲ့ကိုင်ရှင်ကြီးကိုတစ်ချက်လှမ်းကြည့်လိုက်တော့..
မတ်တပ်ရပ်လျက်သားအနေအထားနဲ့မတုန်မလှုပ်
ရပ်နေတာကို တွေ့လိုက်ရသည်..။

SeHun နှင်လွှတ်လိုက်တော့..
ပါးစောင်က သွေးစတွေကို လက်နဲ့သူတ်ပြီး
အခန်းထဲက အေးအေးဆေးဆေး ထွက်သွားတာများ..။

ဘေးနားကဖြတ်သွားတဲ့အချိန်ခဏလေးမှာတောင်..
နာကျင်ရလွန်းလို့ သွေးမျက်ရည်တွေကျနေရသည်..။

SeHunee ကိုတောင် မပြောပြခဲ့ဖူးဆိုတော့..
ဒါကြီးက ကျွန်တော် နာကျင်အောင်တမင်ရည်ရွယ်
လုပ်ခဲ့တာ လုံးဝအသိသာကြီးမလား..။

ဘယ်လိုပဲဖြစ်ဖြစ်..

ကျွန်တော်တန်ဖိုးထားတဲ့အရာကို..
သူများလက်ထဲ ခွေးကျွေးနွားကျွေးထိုးကျွေးပြီးခဲ့တာတော့
အမှန်ပဲလေ...။

"ငါ့ကို အဲ့လောက်တောင်မှ အနိုင်ကျင့်ချင်တာလား..
တစ်ခြားနည်းနဲ့သတ်လဲ သေပါတယ်..
အခုဟာက..မင်းပဲစဉ်းစားကြည့်ကွာ..
ငါ..!"

"သိတယ်..ကျွန်တော် hyung ရဲ့ခံစားချက်အားလုံးကို သိတာမို့...!!
ဒီတစ်ခါ Baek Hyun..hyung..တအားလွန်တယ်.."

ဘေးလူဖြစ်သည့် SeHunee တောင်
မျက်ရည်ပေါက်ပေါက်ကျတဲ့အထိ ဖိနှိပ်ညှင်းပန်း
ပြနိုင်ခဲ့သည့် အဆိုးကောင်..။

ကျွန်တော်ဆုတောင်းပေးလိုက်ပါ့မယ်..။

သူ့အပေါ်ထားတဲ့ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေ
ပြန်မစူးပါစေနဲ့လို့...။

ကျွန်တော်ငိုနေရလဲ ဘာအရေးလဲ..။
သူနိုင်သွားမည်မလား..။
သူကျေနပ်ရင် ကျွန်တော်ကျရှုံးရလဲ..
ကျွန်တော်ကနေပျော်ပါတယ်..။

တစ်ခုပဲ...။

သူကျွန်တော့်ကို ဘယ်လောက်ပဲရက်စက်ရက်စက်
တစ်ကယ်မမုန်းနိုင်သလို..
သူ့ခန္ဓာကိုယ် ညစ်ပတ်နေခဲ့ရင်တောင်မှ..
မြတ်မြတ်နိုးနိုး နမ်းရှိုက်ချင်နေတုန်းမို့...။

ကျေးဇူးပြု၍သာ..ကျွန်တော့်မေတ္တာတွေကို
အကြိမ်ကြိမ်အခါခါ စော်ကားခဲ့တာတွေအတွက်
ပြန်ဝဋ်မလည်ပါစေနဲ့လို့...။

မတ်တပ်ရပ်ဖို့တောင် မတတ်နိုူ်င်တော့တဲ့
ကျွန်တော့်ကို ကူညီဖေးမပေးနေတဲ့ SeHunee
မျက်နှာမှာကိုက မျက်ရည်ဗရပွနဲ့..။

ကျွန်တော့်မျက်နှာမှာဆိုရင် ပြောမနေပါနဲ့တော့..။
မျက်ရည်တွေထပ်ထွက်မလာနိုင်တော့ဘူးလို့
ထင်ရလောက်အောင်ထိ နင့်နင့်သီးသီးငိုကြွေးနေမိ
သည်..။

ငါ့ရင်ဘတ်တွေနာနေတာ..
နည်းနည်းလေးတော့ လှည့်ကြည့်ဖို့ကောင်းတယ်မလား..
Byun Baek Hyun ရဲ့....။

TBC ##

နည်းနည်းတော့ ကြမ်းမယ်နော် 😣

Continue Reading

You'll Also Like

30.9K 4.8K 34
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
286K 49.3K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
172K 12K 62
🍓🍎🍒🍑 ဘယ်ရည်းစားကိုအချစ်ဆုံးလဲ🍓🍎🍒🍑 📣📣📣ရှောင်းကျန့်...ရဲရဲ ကြီးဖြေလိုက်စမ်းပါ...ဘယ်ရည်းစားကို အချစ်ဆုံး လဲဆိုတာ...✨✨✨ 🍓🍎🍒🍑 ဘယ္ရည္းစားကို...
226K 13K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ