" mommy ေနမေကာင္းဘူးလား ဟင္?''
အိပ္ရာေပၚမွာ အေတြးမ်ားစြာ နဲ႔ လွဲေနရင္း အခန္းထဲဝင္လာၿပီး အနားေရာက္လာတဲ့ ဂုဏ္ေရာင္ေၾကာင့္ ေဒၚေႂကြရြက္ဝါ အေတြးစေတြ ျပတ္ေတာက္သြားရေလသည္။
အခုတေလာ အေတြးေတြက သိပ္ကို စံုေနတာ...
အထူးသျဖင့္
ေႂကြ႔ ရဲ႕ေ႐ွ႕ေရးကိုေတြးၿပီး ရင္ပူေနရတာ...
ဒီကေလး အတြက္ သူ ဘာမ်ားလုပ္ေပးႏိုင္တာ႐ွိမလဲ အေတြးေတြနဲ႔ေပါ့..
"mommy သားေမးတာၾကားရဲ႕လား?''
" ၾကား.. ၾကားပါတယ္ သားရယ္ mommy . နည္းနည္းေလး ပင္ပန္းေနလို႔ပါ ''
" ဘာစိတ္ညစ္စရာမ်ား႐ွိေနလို႔လဲ Mommy... ''
" မ႐ွိပါဘူး သားရယ္... ဘာလိုလိုနဲ႔ mommy သားေလးေတာင္ ေစ့စပ္ၿပီးေနၿပီေနာ္ ''
ဂုဏ္ေရာင္ရဲ႕ ဆံပင္ေတြကိုဖြရင္း ေဒၚေႂကြရြက္ဝါ ခပ္ေတြးေတြးေလး ဆိုလိုက္မိသည္။
" mommy က သားကို ႏွေျမာေနတာလား.. သားက mommy ေဘးကေန ဘယ္ေတာ့မွ ခြဲသြားမွာ မဟုတ္ဘူး..''
" ယံုပါတယ္ သားရယ္ mommy မွာ သား႐ွိေနခဲ့တာ ကံေကာင္းလြန္းတာပါ...သားကို mommy သိပ္ခ်စ္ပါတယ္ သားရယ္..''
ေျပာရင္းနဲ႔ ဂုဏ္ေရာင့္ကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားမိလိုက္သည္။
သားႏွစ္ေယာက္ေမြးထားခဲ့မိတာ မွန္ေပမယ့္
တစ္ဘဝလံုး ဂုဏ္ေရာင့္ကိုပဲ ၾကည့္ၿပီးေနလာခဲ့တာ...
တစ္ခါတစ္ေလ ေႂကြ႔ကိုေတာင္ ေမ့ေနတဲ့အထိေလ...
ဝန္ခံပါတယ္....
ေႂကြ႔ကို ဘဝရဲ႕ ေနာင္တအျဖစ္ သတ္မွတ္ခဲ့ဖူးတာကို....
ဒါေပမယ့္အခု....
သိသင့္တာေတြ သိၿပီး...
နားလည္ႏိုင္တာေတြ နားလည္ၿပီးေနာက္မွာ...
ေႂကြ႔အေပၚေပးဆပ္ခ်င္ေနတာပါ...
ဒါ သူရဲ႕ တကယ့္စိတ္ရင္း....
" သားငယ္ေလးကို mommy ေျပာစရာ႐ွိတယ္ ''
" ေျပာေလ mommy''
" သားငယ္ေလး ဒီ အသက္ရြယ္ေရာက္တဲ့အထိ mommy တစ္ခါမွ
မေတာင္းဆိုဖူးဘူးေနာ္ ''
" သားသိပါတယ္ ''
" အခု mommy သားကို တစ္ခုပဲ ေတာင္းဆိုခ်င္တယ္..
သား ေႂကြ႔ကို မမုန္းပါနဲ႔ကြယ္ ေနာ္ ''
" ဗ်ာ?''
အံ့အားသင့္ မ်က္ဝန္းအစံုနဲ႔ ၾကည့္လာတဲ့ ဂုဏ္ေရာင္...
" အေတြးမွားေတြ သားေခါင္းထဲဝင္ေအာင္ mommy တို႔ လုပ္ခဲ့မိတယ္.... သတိမထားမိခဲ့တဲ့ လ်စ္လ်ဴ႐ႈမႈေတြက ညီအစ္ကို အခ်င္းခ်င္း မုန္းတီးေနၾကဖို႔ မျဖစ္ေစခ်င္လို႔ပါ..''
" mommy က ကိုေႂကြ႔ဘက္ကေန ႐ုတ္တရက္ႀကီး ဘာလို႔ေျပာေပးေနရတာလဲ?''
" တအားေနာက္က်လြန္းတဲ့ အသိတရားက အသံုးမဝင္ျဖစ္တဲ့ဘဝ သားကို မေရာက္ေစခ်င္လို႔ပါ...''
ဂုဏ္ေရာင္မယံုႏိုင္စြာေမးခြန္း ျပန္ထုတ္မိေတာ့
Mommy ျပန္ေျဖတဲ့ အေျဖစကားေၾကာင့္ ခပ္ေတြေတြေလး ျဖစ္သြားရေလသည္။
ကိုေႂကြက ဘာျဖစ္ေနလို႔လဲ?
Roy နဲ႔ အဆက္သြယ္ျပတ္ၿပီးကတည္းက အဲ့ကိစၥေတြနဲ႔ ေဝးေနခဲ့တာ..
ကိုေႂကြ နဲ႔ ပတ္သတ္ရင္ အျမဲ ခါးသက္ေအးစက္ေနတက္တဲ့ mommy က အခုလို႐ုတ္တရက္ေျပာင္းလဲသြားတာ ဘာေၾကာင့္လဲ....
ဒါေပမယ့္ ေသခ်ာတာ တစ္ခုကေတာ့ မင္းဂုဏ္ေရာင္ဆိုတဲ့ သူက
Mommy ကိုေတာ့ ဘယ္ေတာ့မွ စိတ္ဆင္းရဲေအာင္လုပ္မွာမဟုတ္တဲ့
သားလိမၼာေလးပါပဲ...။
~~~~~~~~~~~~~~~~~~~~~~
💬
ႀကိဳးေလး......
အိမ္ကို ေကာင္းေကာင္းျပန္ေရာက္ရဲ႕လား?
ကိုယ္ အလုပ္အားမွ ph ေခၚလိုက္မယ္..💬
Ph screen ေပၚက msg အတိုေလးကိုၾကည့္ၿပီး ေႂကြ မဲ့လိုက္မိသည္။
မိုးလင္းတဲ့အခ်ိန္ထိ ျပန္ေရာက္မလာလို႔ ကိုယ့္ဘာသာ အိမ္ျပန္လာရတာ...
အလုပ္က အဲ့ေလာက္ေတာင္ ေန႔မအိပ္ ညမအိပ္ မ်ားတာပဲလား...
ေအးေလ... Daddy လည္း အလုပ္သိပ္မ်ားတာ....
အျမဲ အလုပ္ကို ပဲ အေၾကာင္းျပတက္ၾကတဲ့ လူေတြ....
စိတ္ပ်က္ဖို႔ေကာင္းတယ္...
တကယ္ဆို အလုပ္လက္မဲ့ေတြနဲ႔ပဲ ပတ္သတ္ခဲ့သင့္တာ...
ဒါမွ.... တစ္ခုခုဆို အလုပ္ကို အေၾကာင္းျပၿပီး ေႂကြ႔ကို မထားခဲ့ၾကမွာ..
ပိုက္ဆံဆိုတာ မ႐ွိမျဖစ္ အေရးပါေပမယ့္...
တကယ္ေတာ့ ၿငီးေငြ႔စရာေကာင္းတဲ့ အသံုးေဆာင္ တစ္ခုလိုပါပဲ...
သူ႔ဘဝလိုပဲေပါ့....
မေသႏိုင္လို႔ အသက္႐ွင္ေနရေပမယ့္...
ဘဝႀကီးက သိပ္ကို ၿငီးေငြ႔စရာေကာင္းေနၿပီေလ...
တစ္ခါတစ္ေလ ကိုးမာန္ေၾကာင့္ ေပ်ာ္ရတဲ့ အခိုက္တန္႔ေလးေတြက ေတာ့ ခြၽင္းခ်က္ေပါ့.....
ေႂကြ အေတြးစေတြကို ခဏေလးျဖတ္လိုက္ၿပီး ေရခ်ိဳးဖို႔ ျပင္ဆင္လိုက္ေလသည္။
ထိုစဥ္...
ျပတင္းတံခါးဆီ အမွတ္တမဲ့ေရာက္သြားတဲ့ ေႂကြ ျမင္ကြင္းထဲဝင္လာတာက ျခံေ႐ွ႕မွာ မေယာင္မလည္လုပ္ေနေသာ သူတစ္ေယာက္...
ေႂကြ မ်က္ေမွာင္က်ံဳ႕ၿပီး ေသခ်ာၾကည့္လိုက္ေတာ့...
Roy...
မင္းဂုဏ္ေရာင္ကို လာေခ်ာင္းတာပဲ ျဖစ္လိမ့္မည္ဟု ေတြးမိလိုက္ေပမယ့္
သူ႔အၾကည့္ေတြကို ေႂကြ႔အိမ္ကို ေရာက္ေနတာေၾကာင့္
ဇေဝဇဝါ ျဖစ္သြားရသည္။
Roy က ငါ့ကို လာ႐ွာတာမ်ားလား?
လာ႐ွာရေအာင္လည္း ဘာကိစၥ႐ွိေနလို႔လဲ?
ေႂကြ ေတြ႔ရာ အက်ီ ၤတစ္ထည္ေကာက္စြတ္ၿပီး ေအာက္ထပ္ေျပးဆင္းကာ ျခံေ႐ွ႕ထြက္လာခဲ့လိုက္သည္။
" Roy? မင္းငါ့ကို လာ႐ွာတာလား?''
" ဟင္? ေႂကြ..... ေႂကြႀကိဳး..''
ေႂကြ႔ကိုေတြ႔လိုက္တာနဲ႔ မ်က္စိမ်က္ႏွာပ်က္ကာ ေနာက္ကို ဆုတ္သြားတဲ့ Roy ကိုၾကည့္ၿပီး ေႂကြ နားမလည္ႏိုင္ ျဖစ္သြားရသည္။
ဒီေကာင္ ဘာျဖစ္ေနတာလဲ?
" Roy!''
" ငါ... ငါသြားေတာ့မယ္..''
ေျပာေနရင္းကေန ထြက္ေျပးသြားတဲ့ Roy ကိုၾကည့္ၿပီး
ေႂကြ တကယ့္ကို နားမလည္ႏိုင္..။
ဘာေတြလာေၾကာင္ေနၾကလဲမသိ..
လူကို ကသိကေအာက္ျဖစ္ေအာင္ သိပ္လုပ္ၾကတာပဲ...
ဟင္း....
ဘာလို႔မွန္းမသိ feel က သိပ္မေကာင္းေတာ့တာေၾကာင့္
ျခံထဲက ပန္းအိုးေလးေတြနားမွာ ေဆာင့္ေၾကာင့္ေလးထိုင္လိုက္မိသည္။
တစ္ခါတစ္ေလ ႐ူးေနတဲ့သူလို အာရံုေတြ လြင့္ၿပီး ဘာလုပ္ရမွန္းမသိျဖစ္ေနတဲ့အခါ ေရာက္တဲ့ေနရာမွာ ထိုင္ခ်ၿပီး
ဟိုေငးသည္ေငးလုပ္ရတာက ကုထံုးတစ္ခုလို...
ေမးေစ့ေလးေထာက္ၿပီး ဟိုေငးသည္ေငးလုပ္ေနတဲ့ ေႂကြ႔ေ႐ွ႕ကေန Daddy ကား ျဖတ္ေမာင္းဝင္လာေတာ့လည္း ေႂကြက ေငးျမဲ ေငးဆဲ
Daddy ကကားေပၚကေနဆင္းလာၿပီး ေႂကြ႔ကို တစ္ခ်က္လွည့္ၾကည့္ကာ...
" အၾကာႀကီးထိုင္မေနနဲ႔... ေအးတယ္ ''
ထူးဆန္းစြာ ေလသံၿငိမ္ေနတဲ့ Daddy အမူအရာ ေၾကာင့္
ေႂကြ အနည္းငယ္ အံ့ျသသြားရသည္။
ႏွစ္ညေတာင္ အိမ္ျပန္မလာတဲ့ ေႂကြ႔ကို ပံုမွန္ဆို ဆူပူေနရမွာကို...
" မေမးေတာ့ဘူးလား ဘယ္မွာသြားအိပ္ေနလဲဆိုတာကို..''
ေႂကြ လွမ္းေမးေတာ့ Daddy ေျခလွမ္းရပ္ၿပီး ေခါင္းေလးေစာင္းငဲ့လာကာ...
" ေမးရင္ ေျဖမွာလား?''
" အင္း.... ေျဖမွာေပါ့ ''
ေျပာဆိုသည့္ သေဘာနဲ႔ ေႂကြ႔ဘက္လွည့္လာတဲ့ Daddy ကို ေႂကြ ျပံဳးျပလိုက္ၿပီး...
" ကြၽန္ေတာ့္လူႀကီး အိမ္မွာ သြားေနေနတာ... ''
ေႂကြ အကဲခပ္လိုက္ေပမယ့္ Daddy အမူအရာက ဘာမွေျပာင္းမသြားပဲ...
" အင္း.... ေကာင္းေကာင္းေနေပါ့..''
ဒါေလးပဲေျပာၿပီး အိမ္ထဲဝင္သြားေလတာ...
What the.....
ဒါ ဘာအေျခေနႀကီးလဲ?
အရင္လို ေႂကြ႔ကိစၥကို သိပ္စိတ္မဝင္စားတဲ့ Daddy ပံုစံကို ျပန္ျမင္လိုက္ရတာ ေႂကြ႔အတြက္မထူးဆန္းေပမယ့္...
ခံစားခ်က္ကေတာ့ သိပ္မေကာင္း.....
အားလံုးပဲ.... ဘာျဖစ္ေနၾကတာလဲ?
~~~~~~~~~~~~~~~~~~~~~
ေလးလံေနတဲ့ မ်က္ခြံေတြကို အားယူၿပီး ဖြင့္လိုက္ေပမယ့္....
ေခါင္းထဲ ခ်က္ခ်င္းေရာက္လာတဲ့ အေၾကာင္းရာေၾကာင့္
သြန္းမာန္ မ်က္လံုးေတြကို ျပန္ပိတ္ထားလိုက္မိသည္။
ေတြးလိုက္ရံုနဲ႔တင္ စက္ဆုတ္ဖြယ္ေကာင္းလြန္းတဲ့ ဒီအေျခေနကို
သြန္းမာန္ ဘယ္လို႐ွင္းရမလဲ မသိ...
Ph ကိုလည္း သူမၾကည့္ရဲ...
ႀကိဳးေလးဆီက msg ေတြအျပင္
ဦးမင္းေနာင္ႀကိဳးဆီက အျမန္အဆံုးသတ္ဖို႔ ဖိအားေပးေနတဲ့ msg ေတြ
အမ်ားႀကီးေရာက္ေနတာေၾကာင့္ ph ကိုပါ ခပ္လွမ္းလွမ္းမွာ ပစ္ထားမိတာ...
ဒါေပမယ့္...
သူဘယ္ေလာက္ထိ လ်စ္လ်ဴ႐ႈႏိုင္မွာတဲ့လဲ.....
တစ္ေန႔မဟုတ္ တစ္ေန႔ ႐ွင္းကို႐ွင္းရမယ့္ျပသနာ....
တကယ္ေတာ့ အေျဖကို သြန္းမာန္စဥ္းစားၿပီးသားပါ
သူ ႀကိဳးေလး ဘဝကေန ေပ်ာက္ကြယ္သြားျခင္းကသာ အမွန္ဆံုး အေျဖျဖစ္မွာ....
လိုအပ္ေနတာက နည္းလမ္း....
ႀကိဳးေလး မနာက်င္ရေအာင္ အသင့္ေတာ္ဆံုး နည္းလမ္းကို သူစဥ္းစားေနဆဲ.....
ႀကိဳးေလးကို ထားခဲ့ဖို႔စဥ္းစားမိတိုင္း သူ႔ရင္မွာလည္း နာက်င္မႈက တဆစ္ဆစ္....
ငါတို႔ရဲ႕ ကံတရားကိုက... .
တင္း....ေတာင္....
တံခါး bell ျမည္သံေၾကာင့္ သြန္းမာန္ မထခ်င္ ထခ်င္ နဲ႔ ထလာလိုက္သည္။
မထလို႔လည္းမရ....bell က ဆက္တိုက္ကိုျမည္ေနတာ....
တံခါးနားေရာက္ေတာ့ သြန္းမာန္ သက္ျပင္းခ်ရင္း တံခါးဖြင့္လိုက္စဥ္....
.
.
ဟင္?
႐ုတ္တရက္ ေလအလ်င္လို သြန္းမာန္ရင္ခြင္ထဲ ေျပးဝင္လာေသာ ႀကိဳးေလး ေၾကာင့္ သြန္းမာန္ အေနာက္ကိုေတာင္ ယိုင္လဲမတက္ျဖစ္သြားရသည္။
.
.
.
.
သြန္းမာန္လည္း တြန္းဖယ္ျခင္းမျပဳသလို
ေႂကြႀကိဳးကလည္း ခပ္တင္းတင္းကို ဖက္ထားတာ..
အၾကာႀကီး ၿငိမ္ေနၿပီးမွ...
" ခင္ဗ်ားကလည္းဗ်ာ မမိုက္ပါဘူး.... အတင္းဖက္ထားရင္ ဖယ္ရမွာေပါ့
ဘာလဲ တျခားေကာင္ေလးေတြနဲ႔ဆိုရင္ေရာ အဖက္ခံေနၾကပဲလား..?''
ရႊတ္ေနာက္ေနာက္အေျပာေလးနဲ႔ ဖယ္ခြာသြားတဲ့ ႀကိဳးေလးကို ၾကည့္ၿပီး
သြန္းမာန္ ခပ္တိုးတိုးေလး ေျဖလိုက္မိသည္။
" ကိုယ့္မွာ တျခားသူဆိုတာ ႐ွိလာႏိုင္ေတာ့မွာ မဟုတ္ပါဘူးကြာ...''
မရည္ရြယ္ပဲ ထြက္လာတဲ့စကား...
တကယ္ဆို မေျပာသင့္ဘူးေလ....
" ဟမ္? ဘာေျပာလိုက္တာ... မၾကားရဘူး..''
သြန္းမာန္ ဘာမွ ဆက္မေျပာပဲ တိတ္ေနလိုက္မိသည္။
ႀကိဳးေလးက အလိုမက်ဟန္ ႏႈတ္ခမ္းေလး ေကြးၫႊတ္သြားၿပီး...
" ၾကည့္ပါဦးဗ်ာ... မ်က္ႏွာမွာလည္း အေမႊးအမွ်င္ေတြနဲ႔ ၾကည့္ရဆိုးလိုက္တာ..... ဘာလဲ ေတာ္လွန္ေရးကား ႐ိုက္မလို႔လား
အဟက္...''
ဒီေန႔က်မွ ႀကိဳးေလးက ဘာေတြ အူျမဴးေနမွန္းမသိ
စကားေတြ ရႊန္းရႊန္းေဝေအာင္ ေျပာေနေတာ့တာ...
ဒီလိုကေလးကိုမွ....
သြန္းမာန္ဆိုတဲ့သူက......
နာက်င္ေအာင္ လုပ္မိခဲ့တာတဲ့ေလ....
သြန္းမာန္.... ႀကိဳးေလးကိုၾကည့္ရင္း
ရင္ထဲ နင့္လာရျပန္သည္။
သြန္းမာန္ မ်က္ဝန္းေတြ ဘယ္လိုအေရာင္ေျပာင္းသြားလဲမသိ..
အၾကည့္ခံေနရတဲ့ ႀကိဳးေလးက
" အဲ့မ်က္လံုးေတြနဲ႔ မၾကည့္နဲ႔ ကိုးမာန္....''
ေလသံမာမာနဲ႔ ဆိုလာတဲ့ႀကိဳးေလး....
" မႀကိဳက္ဘူး..... အဲ့မ်က္ဝန္းေတြကို ခင္ဗ်ားမ်က္ႏွာမွာ ျမင္ေနရတာကိုလည္း သေဘာမက်ဘူး..''
သေဘာမက်လည္း မတက္ႏိုင္ဘူး ႀကိဳးေလးရယ္...
ငါလည္းသေဘာမက်ပါဘူး
" ကိစၥ႐ွိလို႔လား ႀကိဳးေလး? "
တမင္ သြန္းမာန္ စကားလမ္းေၾကာင္းလႊဲလိုက္တာ....
သြန္းမာန္ ေမးခြန္းဆံုးသြားတာနဲ႔ ဝင္းလက္သြားေသာ
ေႂကြ႔မ်က္ႏွာေလး.....
" အင္း... အျပင္သြားမယ္ အက်ီ ၤသြားလဲ ကိုးမာန္..''
" ဘယ္ကိုလဲ? "
" မေမးနဲ႔... . ျမန္ျမန္သြားလဲ ''
သြန္းမာန္ သက္ျပင္းခ်ၿပီး အခန္းထဲ ဝင္လာခဲ့လိုက္သည္။
မင္းေပ်ာ္ေအာင္ ငါတက္ႏိုင္သေလာက္ လုပ္ေပးရမွာေပါ့ ႀကိဳးေလးရယ္
မၾကာခင္... . မင္းနာက်င္ရေတာ့မွာ အတြက္ အနည္းငယ္ေတာ့
ကာမိတန္ေကာင္းပါရဲ႕....
~~~~~~~~~~~~~~~~~~~~~~~~~
" ႐ွင္ ဘယ္လိုလုပ္မယ္ စိတ္ကူးလဲ ဦးမင္းေနာင္ႀကိဳး..?''
စီးပြားေရးကိစၥ...
တစ္ခါတစ္ေလ ရန္ေဆာင္ေနတဲ့ အခိုက္တန္႔ကလြဲရင္
သိပ္ဆံုေလ့မ႐ွိသည့္
ဦးမင္းေနာင္ႀကိဳး နဲ႔ ေဒၚေႂကြရြက္ဝါ....
အခုေတာ့ ေႂကြ႔ရဲ႕ အေရးကိစၥေၾကာင့္ ေတြ႔ဆံုျဖစ္ခဲ့ၿပီ
" ေႂကြ႔အတြက္ မင္းစိတ္ပူစရာမလိုဘူး ရြက္ဝါ..''
ေလသံမာမာနဲ႔ တံု႔ျပန္လာတဲ့ ဦးမင္းေနာင္..
" မပူလို႔ရမလား... ေႂကြက ကြၽန္မေမြးထားတဲ့သားပါ..''
" သိတယ္ေလ.... ဒါေပမယ့္ မင္းကိုယ္တိုင္ ေႂကြ႔အုပ္ထိန္းခြင့္ကို လိုလိုလားလား စြန္႔လႊတ္ခဲ့တာကို အခုမွလာၿပီး ဘာျဖစ္ေနရတာလဲ?''
" ကြၽန္မ ေႂကြ နဲ႔ တြဲေနတဲ့သူ ဘယ္သူဆိုတာ သိၿပီးၿပီ ''
ေဒၚေႂကြရြက္ဝါ ဆီ ေရာက္လာတဲ့ အၾကည့္စူးစူးကို မသိဟန္ေဆာင္ၿပီး
ဆက္ေျပာလိုက္သည္။
" ေႂကြကေတာ့ သူနဲ႔ဆို ေတာ္ေတာ္ေပ်ာ္ေနပံုပဲ...''
" မၾကာခင္ ၿပီးသြားေတာ့မယ့္ ကိစၥေတြပါ.... ခံစားရလည္း တစ္လ ေပါ့''
" ႐ွင္....ၾကားဝင္လိုက္တာလား.?? မလုပ္သင့္ဘူးေလ... .ဒါေႂကြ႔ရဲ႕ ေပ်ာ္ရႊင္မႈ..''
" အဲ့ေကာင္နဲ႔ေတာ့ ေႂကြ မေပ်ာ္ရဘူး ရြက္ဝါ....
ငါသူ႔ကို သိပ္မုန္းတာ.....အဲ့အတြက္ ငါဘာမဆိုလုပ္မွာ....
အဲ့တာကို ယံုထား....''
" ႐ွင္ မုန္းလို႔ရတယ္.....
႐ွင္ နာက်ည္းလို႔ရတယ္....
ဒါေပမယ့္... . ေႂကြ႔ကိုေတာ့ နားလည္ေပးရမယ္ေလ...''
" မင္းအခုတေလာ ႐ုတ္တရက္ႀကီး ဘာေတြျဖစ္ေနတာလဲ ရြက္ဝါ....
အရင္လိုပဲ ေနစမ္းပါ...''
ေဒၚရြက္ဝါ အေဝးကို ခပ္ေတြေတြေလးေငးလိုက္ၿပီး..
" ေႂကြနဲ႔ စကားေျပာၾကည့္လိုက္ ဦးမင္းေနာင္...
နားနဲ႔ နားမေထာင္ပဲ ရင္ဘတ္နဲ႔နားေထာင္...
ဒါဆို ႐ွင္သိလာလိမ့္မယ္..... ေႂကြ ဘာစိတ္နဲ႔ ႐ွင္သန္ေနလဲဆိုတာ....''
ထိုအခ်ိန္...
ေကာင္းကင္ယံမွာ.... တိမ္ေတြအံု႔ၿပီး ေနရိပ္သြားျပန္တာ....
ဒါေပမယ့္လည္း ခဏေပါ့....
ေနက ပူျမဲပူဆဲ....
လူေတြရဲ႕ စိတ္ခံစားခ်က္လည္း ေနမင္းလိုပဲ
အထိမခံ ပူေလာင္ေနတက္တဲ့ လူ႔စိတ္ကို တျခားအရာေတြက တိမ္လို
လာအံု႔လည္း ခဏေပါ့....
~~~~~~~~~~~~~~~~~~~~~~
" ကိုးမာန္..... သေဘာၤစီးခ်င္တယ္ ''
" ဟင္... အင္း ကိုယ္ အခု စီစဥ္လိုက္မယ္ ''
ေျပာၿပီးတာနဲ႔ ph တစ္လံုးနဲ႔ တစ္ဖက္လွည့္သြားေသာ ကိုးမာန္ကို ၾကည့္ၿပီး
ေႂကြ လံုးဝ ဘဝင္မက်ပါ...
တစ္ေန႔လံုး စားခ်င္တာေတြ ဝယ္ေကြၽး...
လုပ္ခ်င္တာေတြကို တစ္ခ်က္ကေလး မညည္းညဴပဲ
အကုန္ကို လိုက္လုပ္ေပးေနတာ...
ဘယ္ေတာ့မွ ထပ္မေတြ႔ၾကေတာ့မယ့္ သူေတြလိုမ်ိဳး....
ခင္ဗ်ား ဘာျဖစ္ေနတာလဲ ဟု ေႂကြ ေမးလိုက္ခ်င္ေပမယ့္
ေႂကြ မေမးရဲ...
ေမးမိကာမွ ေႂကြ မလိုခ်င္သည့္အေျဖၾကားရၿပီး
စိတ္မတိုခ်င္....
ဟင္း........
ေႂကြ သက္ျပင္းေမာေလး ခ်လိုက္တဲ့ အခ်ိန္နဲ႔ ကိုးမာန္ ph ေျပာၿပီး ျပန္လွည့္လာတဲ့အခ်ိန္ ကြက္တိ....
" ခဏေန ဆိပ္ကမ္းကိုသြားၾကတာေပါ့...''
" ဒီအခ်ိန္ႀကီး သေဘာၤစီးဖို႔ကို ျမန္ျမန္ စီစဥ္လို႔ရတယ္ေပါ့?''
" အင္း..''
ဘာစကားမွ ထပ္မေျပာပဲ အေဝးကိုပဲ ေငးေနျပန္တဲ့ ကိုးမာန္..
ဒီလူနဲ႔ေတာ့ ျပသနာပဲ..
ဘာျဖစ္ေနမွန္းကိုမသိ....
ဘဝင္မက်လိုက္တာ.....
မတင္မက် ခံစားခ်က္ လံုးဝကို အဆင္မေျပတာပါေလ...
ေႂကြ သေဘာၤေပၚေျခ ခ်မိခ်ိန္မွာေတာ့ ဒီကိစၥကို တည့္တိုးေျဖ႐ွင္းဖို႔ လိုအပ္ေနၿပီဆိုတာ နားလည္လိုက္ေလသည္။
သေဘာၤတစ္စီးလံုးကို အျပတ္ဌားၿပီး ေႂကြ႔ကိုေခၚလာေပးတာ....
တျခားသူေတြ အတြက္ဆို ေပ်ာ္ရႊင္ဖြယ္ရာ suprises ျဖစ္မလား မေျပာတက္ေပမယ့္ ေႂကြ႔အတြက္ေတာ့မဟုတ္...
ၿပိဳက်ေတာ့မယ့္မိုးလို ပ်က္ယြင္းေနတဲ့ မ်က္ႏွာနဲ႔ ကိုးမာန္ကို ျမင္ေနရတာ...
ဘယ္လိုလုပ္ေပ်ာ္ႏိုင္မွာတဲ့လဲ.....
အခုလည္း ေႂကြ နဲ႔ ေဝးရာ သေဘာၤဦးမွာ တစ္ေယာက္တည္းငူေနျပန္တာ...
ေႂကြ အသာ အနားေလွ်ာက္သြားၿပီး...
" ခင္ဗ်ား အလုပ္ေဒဝါလီ ခံလိုက္ရလို႔လား?''
" ဟမ္? "
႐ုတ္တရက္ ေၾကာင္စီစီ ပံုစံနဲ႔ ျပန္ၾကည့္လာတဲ့ ကိုးမာန္...
" ဒါမွမဟုတ္ ခင္ဗ်ားမိဘေတြ နာမက်န္းျဖစ္ေနလို႔လား?''
" ဟာ.... မဟုတ္ရပါဘူးကြာ.. ႀကိဳးေလးကလည္း ေပါက္ကရေတြ ''
" ဒါဆို ဘာျဖစ္ေနတာလဲ?''
" ဟင္?''
" ျဖစ္ႏိုင္ေခ်ေတြလည္း မဟုတ္ဘူးဆိုေတာ့ ခင္ဗ်ားတကယ္ပဲ ဘာျဖစ္ေနတာလဲ ကိုးမာန္? "
ကိုးမာန္ ျပန္မေျဖပဲ ေရျပင္ေတြဘက္ကို အၾကည့္ေတြ ျပန္လွည့္သြားျပန္တာ....
" ေ႐ွာင္ေျပးဖို႔ မႀကိဳးစားနဲ႔ ကိုးမာန္... ခင္ဗ်ား ေျဖကို ေျဖရမယ္...
လိုခ်င္တာေတြ ကို အားလံုးျဖည့္စည္းေပးေနတဲ့ ခင္ဗ်ားပံုစံက ပံုမွန္ကိုမဟုတ္ဘူး.... ဘာလဲ drama ေတြထဲကလို တစ္ရက္လံုး ေပ်ာ္စရာေတြ ဖန္တီးၿပီး ေနာက္ေန႔က် ငါတို႔ ထပ္မေတြ႔ပဲ ေနၾကရေအာင္လို႔ေျပာၿပီး ဇာတ္နာေအာင္ လုပ္မလို႔လား?''
" အင္း.... အဲ့လိုလုပ္ဖို႔ အေတြး႐ွိေနတယ္ဆိုရင္ေရာ? "
ဝုန္းခနဲ ေခ်ာက္နက္ႀကီးထဲကို ေနာက္ျပန္ျပဳတ္က်သြားသလို ခံစားခ်က္...ေယာင္ရမ္းၿပီး ေဘးက လက္ရန္းကိုေတာင္
အျမန္လွမ္းကိုင္လိုက္မိတာ....
ငါ နားၾကားမ်ား မွားေလသလား...
မျဖစ္ႏိုင္မွန္းသိေပမယ့္ ေမွ်ာ္လင့္ေနတုန္း....
" မင္းက သိပ္ကို မ်က္ႏွာရိပ္မ်က္ႏွာကဲ ၾကည့္တက္ေတာ့
ငါၾကာၾကာ ဖံုးကြယ္ထားလို႔မရဘူးပဲ....
ငါ မင္းနဲ႔ ထပ္မေတြ႔ခ်င္ေတာ့ဘူး ႀကိဳးေလး... အဲ့ဒါ အခု ငါျဖစ္ေနတဲ့စိတ္အမွန္ပဲ.. ''
" လိမ္ေနတာ...''
" ငါ မလိမ္ဘူး..... ငါတို႔ ဇာတ္လမ္း ဒီမွာပဲ အဆံုးသတ္ရေအာင္...
အဲ့ဒါက ငါတို႔ အထိခိုက္နည္းမယ့္ လမ္းပဲ..''
ေျပာရင္း အသံတိမ္ဝင္သြားတာမို႔ သြန္းမာန္ ဆက္မေျပာေတာ့..
ႀကိဳးေလး စကားစလိုက္တာကို အခြင့္ယူၿပီး သူဆက္တိုက္ကို ေျပာပစ္လိုက္တာ...
သူေတာင္ ဒီေလာက္ခံစားေနရတာ.... ႀကိဳးေလးသာဆို....
.
.
.
" ဒီစကားေတြ နားမေထာင္ခ်င္လို႔ ေရထဲခုန္ခ်လို႔လည္းမရ...
မၾကားခ်င္တဲ့ စကားကိုမွ ေျပာရေလျခင္းဆိုၿပီး... ခင္ဗ်ားမ်က္ႏွာကိုလည္း လက္သီးနဲ႔ မထိုးရက္....
ကိုးမာန္ ခင္ဗ်ားကေလ.... ကြၽန္ေတာ့္ကို အျမဲေတြေဝေအာင္ လုပ္တဲ့သူပဲ...''
" ႀကိဳးေလး...''
" တရားမခ်နဲ႔ ကိုးမာန္....မရဘူး ကြၽန္ေတာ္က ခင္ဗ်ားနဲ႔ဆို ကြၽတ္တန္း
မဝင္ႏိုင္တဲ့ ၿပိတၱာ ဘဝေရာက္ေနၿပီးသား....အဲ့ေတာ့ ေမာတာပဲ အဖတ္တင္မယ္ စိတ္ေလွ်ာ့လိုက္....''
တည္တည္ၿငိမ္ၿငိမ္ နဲ႔ တံု႔ျပန္လာတဲ့ ႀကိဳးေလးကို ၾကည့္ၿပီး
သြန္းမာန္ ဘာဆက္ေျပာရမွန္းေတာင္မသိေတာ့....
တကယ္ဆို အေျခေနက တင္းမာၿပီး ေပါက္ကြဲ ေဒါသျဖစ္ေနရမွာကို..
အခုေတာ့ ဆန္႔က်င္ဘက္..
" ခင္ဗ်ားေျပာသလို ဇာတ္လမ္း အဆံုးသတ္ရေအာင္လည္း
ကြၽန္ေတာ္တို႔ ဇာတ္လမ္းက ဘယ္တုန္းကမ်ား စရေသးလို႔လဲ?
ဘယ္ႏွစ္ခါမ်ား ro ဆန္ဆန္ Date ဖူးေနလို႔လဲ?
ဒီမွာ ကိုးမာန္ လမ္းခြဲမယ္ဆိုလည္း ခ်စ္သူတစ္ေယာက္ ရပိုင္ခြင့္ေတြ အကုန္ေပးၿပီးမွ လမ္းခြဲဖို႔စကားေျပာ..... မဟုတ္ရင္ ေႂကြႀကိဳးဆိုတဲ့ ကြၽန္ေတာ္က ခင္ဗ်ားနဲ႔ လမ္းခြဲဖို႔ကို ေတြးေပးမွာေတာင္ မဟုတ္ဘူး ဆိုတာ သိထား!''
ေျပာၿပီး အနားကေန ထြက္သြားတဲ့ ႀကိဳးေလးကိုၾကည့္ၿပီး
သြန္းမာန္ မွာ ယူၾကံဳးမရ...
ေ႐ွ႕ဆက္တိုးလို႔မရ....
ေနာက္လည္းဆုတ္ဖို႔ ခက္ေနတဲ့ ေဘးက်ပ္ နံက်ပ္ အေျခေနထဲ သူေရာက္ေနရၿပီ...
ဘယ္လိုလုပ္ရမလဲ.....
ဒီထက္ပို မနာက်င္ရခင္ အၿပီးသတ္မွ ျဖစ္မွာကို...
တကယ္ပဲ ဘယ္လိုလုပ္ရမလဲ.....။
~~~~~~~~~~~~~~~~~~~~~
tbc.
Hola Update!!!
Sorry for my late bcoz i've so busy & mess
But i'll never forget my creations ans
My LOVELY READERS
Thanks for lovely my creations.
I'll try more than more to best
N.S.P
27.3.2019
4:45 P.M
*Feedback is one of my Strength
Thanks.
" mommy နေမကောင်းဘူးလား ဟင်?''
အိပ်ရာပေါ်မှာ အတွေးများစွာ နဲ့ လှဲနေရင်း အခန်းထဲဝင်လာပြီး အနားရောက်လာတဲ့ ဂုဏ်ရောင်ကြောင့် ဒေါ်ကြွေရွက်ဝါ အတွေးစတွေ ပြတ်တောက်သွားရလေသည်။
အခုတလော အတွေးတွေက သိပ်ကို စုံနေတာ...
အထူးသဖြင့်
ကြွေ့ ရဲ့ရှေ့ရေးကိုတွေးပြီး ရင်ပူနေရတာ...
ဒီကလေး အတွက် သူ ဘာများလုပ်ပေးနိုင်တာရှိမလဲ အတွေးတွေနဲ့ပေါ့..
"mommy သားမေးတာကြားရဲ့လား?''
" ကြား.. ကြားပါတယ် သားရယ် mommy . နည်းနည်းလေး ပင်ပန်းနေလို့ပါ ''
" ဘာစိတ်ညစ်စရာများရှိနေလို့လဲ Mommy... ''
" မရှိပါဘူး သားရယ်... ဘာလိုလိုနဲ့ mommy သားလေးတောင် စေ့စပ်ပြီးနေပြီနော် ''
ဂုဏ်ရောင်ရဲ့ ဆံပင်တွေကိုဖွရင်း ဒေါ်ကြွေရွက်ဝါ ခပ်တွေးတွေးလေး ဆိုလိုက်မိသည်။
" mommy က သားကို နှမြောနေတာလား.. သားက mommy ဘေးကနေ ဘယ်တော့မှ ခွဲသွားမှာ မဟုတ်ဘူး..''
" ယုံပါတယ် သားရယ် mommy မှာ သားရှိနေခဲ့တာ ကံကောင်းလွန်းတာပါ...သားကို mommy သိပ်ချစ်ပါတယ် သားရယ်..''
ပြောရင်းနဲ့ ဂုဏ်ရောင့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားမိလိုက်သည်။
သားနှစ်ယောက်မွေးထားခဲ့မိတာ မှန်ပေမယ့်
တစ်ဘဝလုံး ဂုဏ်ရောင့်ကိုပဲ ကြည့်ပြီးနေလာခဲ့တာ...
တစ်ခါတစ်လေ ကြွေ့ကိုတောင် မေ့နေတဲ့အထိလေ...
ဝန်ခံပါတယ်....
ကြွေ့ကို ဘဝရဲ့ နောင်တအဖြစ် သတ်မှတ်ခဲ့ဖူးတာကို....
ဒါပေမယ့်အခု....
သိသင့်တာတွေ သိပြီး...
နားလည်နိုင်တာတွေ နားလည်ပြီးနောက်မှာ...
ကြွေ့အပေါ်ပေးဆပ်ချင်နေတာပါ...
ဒါ သူရဲ့ တကယ့်စိတ်ရင်း....
" သားငယ်လေးကို mommy ပြောစရာရှိတယ် ''
" ပြောလေ mommy''
" သားငယ်လေး ဒီ အသက်ရွယ်ရောက်တဲ့အထိ mommy တစ်ခါမှ
မတောင်းဆိုဖူးဘူးနော် ''
" သားသိပါတယ် ''
" အခု mommy သားကို တစ်ခုပဲ တောင်းဆိုချင်တယ်..
သား ကြွေ့ကို မမုန်းပါနဲ့ကွယ် နော် ''
" ဗျာ?''
အံ့အားသင့် မျက်ဝန်းအစုံနဲ့ ကြည့်လာတဲ့ ဂုဏ်ရောင်...
" အတွေးမှားတွေ သားခေါင်းထဲဝင်အောင် mommy တို့ လုပ်ခဲ့မိတယ်.... သတိမထားမိခဲ့တဲ့ လျစ်လျူရှုမှုတွေက ညီအစ်ကို အချင်းချင်း မုန်းတီးနေကြဖို့ မဖြစ်စေချင်လို့ပါ..''
" mommy က ကိုကြွေ့ဘက်ကနေ ရုတ်တရက်ကြီး ဘာလို့ပြောပေးနေရတာလဲ?''
" တအားနောက်ကျလွန်းတဲ့ အသိတရားက အသုံးမဝင်ဖြစ်တဲ့ဘဝ သားကို မရောက်စေချင်လို့ပါ...''
ဂုဏ်ရောင်မယုံနိုင်စွာမေးခွန်း ပြန်ထုတ်မိတော့
Mommy ပြန်ဖြေတဲ့ အဖြေစကားကြောင့် ခပ်တွေတွေလေး ဖြစ်သွားရလေသည်။
ကိုကြွေက ဘာဖြစ်နေလို့လဲ?
Roy နဲ့ အဆက်သွယ်ပြတ်ပြီးကတည်းက အဲ့ကိစ္စတွေနဲ့ ဝေးနေခဲ့တာ..
ကိုကြွေ နဲ့ ပတ်သတ်ရင် အမြဲ ခါးသက်အေးစက်နေတက်တဲ့ mommy က အခုလိုရုတ်တရက်ပြောင်းလဲသွားတာ ဘာကြောင့်လဲ....
ဒါပေမယ့် သေချာတာ တစ်ခုကတော့ မင်းဂုဏ်ရောင်ဆိုတဲ့ သူက
Mommy ကိုတော့ ဘယ်တော့မှ စိတ်ဆင်းရဲအောင်လုပ်မှာမဟုတ်တဲ့
သားလိမ္မာလေးပါပဲ...။
~~~~~~~~~~~~~~~~~~~~~~
💬
ကြိုးလေး......
အိမ်ကို ကောင်းကောင်းပြန်ရောက်ရဲ့လား?
ကိုယ် အလုပ်အားမှ ph ခေါ်လိုက်မယ်..💬
Ph screen ပေါ်က msg အတိုလေးကိုကြည့်ပြီး ကြွေ မဲ့လိုက်မိသည်။
မိုးလင်းတဲ့အချိန်ထိ ပြန်ရောက်မလာလို့ ကိုယ့်ဘာသာ အိမ်ပြန်လာရတာ...
အလုပ်က အဲ့လောက်တောင် နေ့မအိပ် ညမအိပ် များတာပဲလား...
အေးလေ... Daddy လည်း အလုပ်သိပ်များတာ....
အမြဲ အလုပ်ကို ပဲ အကြောင်းပြတက်ကြတဲ့ လူတွေ....
စိတ်ပျက်ဖို့ကောင်းတယ်...
တကယ်ဆို အလုပ်လက်မဲ့တွေနဲ့ပဲ ပတ်သတ်ခဲ့သင့်တာ...
ဒါမှ.... တစ်ခုခုဆို အလုပ်ကို အကြောင်းပြပြီး ကြွေ့ကို မထားခဲ့ကြမှာ..
ပိုက်ဆံဆိုတာ မရှိမဖြစ် အရေးပါပေမယ့်...
တကယ်တော့ ငြီးငွေ့စရာကောင်းတဲ့ အသုံးဆောင် တစ်ခုလိုပါပဲ...
သူ့ဘဝလိုပဲပေါ့....
မသေနိုင်လို့ အသက်ရှင်နေရပေမယ့်...
ဘဝကြီးက သိပ်ကို ငြီးငွေ့စရာကောင်းနေပြီလေ...
တစ်ခါတစ်လေ ကိုးမာန်ကြောင့် ပျော်ရတဲ့ အခိုက်တန့်လေးတွေက တော့ ချွင်းချက်ပေါ့.....
ကြွေ အတွေးစတွေကို ခဏလေးဖြတ်လိုက်ပြီး ရေချိုးဖို့ ပြင်ဆင်လိုက်လေသည်။
ထိုစဉ်...
ပြတင်းတံခါးဆီ အမှတ်တမဲ့ရောက်သွားတဲ့ ကြွေ မြင်ကွင်းထဲဝင်လာတာက ခြံရှေ့မှာ မယောင်မလည်လုပ်နေသော သူတစ်ယောက်...
ကြွေ မျက်မှောင်ကျုံ့ပြီး သေချာကြည့်လိုက်တော့...
Roy...
မင်းဂုဏ်ရောင်ကို လာချောင်းတာပဲ ဖြစ်လိမ့်မည်ဟု တွေးမိလိုက်ပေမယ့်
သူ့အကြည့်တွေကို ကြွေ့အိမ်ကို ရောက်နေတာကြောင့်
ဇဝေဇဝါ ဖြစ်သွားရသည်။
Roy က ငါ့ကို လာရှာတာများလား?
လာရှာရအောင်လည်း ဘာကိစ္စရှိနေလို့လဲ?
ကြွေ တွေ့ရာ အကျီ ၤတစ်ထည်ကောက်စွတ်ပြီး အောက်ထပ်ပြေးဆင်းကာ ခြံရှေ့ထွက်လာခဲ့လိုက်သည်။
" Roy? မင်းငါ့ကို လာရှာတာလား?''
" ဟင်? ကြွေ..... ကြွေကြိုး..''
ကြွေ့ကိုတွေ့လိုက်တာနဲ့ မျက်စိမျက်နှာပျက်ကာ နောက်ကို ဆုတ်သွားတဲ့ Roy ကိုကြည့်ပြီး ကြွေ နားမလည်နိုင် ဖြစ်သွားရသည်။
ဒီကောင် ဘာဖြစ်နေတာလဲ?
" Roy!''
" ငါ... ငါသွားတော့မယ်..''
ပြောနေရင်းကနေ ထွက်ပြေးသွားတဲ့ Roy ကိုကြည့်ပြီး
ကြွေ တကယ့်ကို နားမလည်နိုင်..။
ဘာတွေလာကြောင်နေကြလဲမသိ..
လူကို ကသိကအောက်ဖြစ်အောင် သိပ်လုပ်ကြတာပဲ...
ဟင်း....
ဘာလို့မှန်းမသိ feel က သိပ်မကောင်းတော့တာကြောင့်
ခြံထဲက ပန်းအိုးလေးတွေနားမှာ ဆောင့်ကြောင့်လေးထိုင်လိုက်မိသည်။
တစ်ခါတစ်လေ ရူးနေတဲ့သူလို အာရုံတွေ လွင့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အခါ ရောက်တဲ့နေရာမှာ ထိုင်ချပြီး
ဟိုငေးသည်ငေးလုပ်ရတာက ကုထုံးတစ်ခုလို...
မေးစေ့လေးထောက်ပြီး ဟိုငေးသည်ငေးလုပ်နေတဲ့ ကြွေ့ရှေ့ကနေ Daddy ကား ဖြတ်မောင်းဝင်လာတော့လည်း ကြွေက ငေးမြဲ ငေးဆဲ
Daddy ကကားပေါ်ကနေဆင်းလာပြီး ကြွေ့ကို တစ်ချက်လှည့်ကြည့်ကာ...
" အကြာကြီးထိုင်မနေနဲ့... အေးတယ် ''
ထူးဆန်းစွာ လေသံငြိမ်နေတဲ့ Daddy အမူအရာ ကြောင့်
ကြွေ အနည်းငယ် အံ့သြသွားရသည်။
နှစ်ညတောင် အိမ်ပြန်မလာတဲ့ ကြွေ့ကို ပုံမှန်ဆို ဆူပူနေရမှာကို...
" မမေးတော့ဘူးလား ဘယ်မှာသွားအိပ်နေလဲဆိုတာကို..''
ကြွေ လှမ်းမေးတော့ Daddy ခြေလှမ်းရပ်ပြီး ခေါင်းလေးစောင်းငဲ့လာကာ...
" မေးရင် ဖြေမှာလား?''
" အင်း.... ဖြေမှာပေါ့ ''
ပြောဆိုသည့် သဘောနဲ့ ကြွေ့ဘက်လှည့်လာတဲ့ Daddy ကို ကြွေ ပြုံးပြလိုက်ပြီး...
" ကျွန်တော့်လူကြီး အိမ်မှာ သွားနေနေတာ... ''
ကြွေ အကဲခပ်လိုက်ပေမယ့် Daddy အမူအရာက ဘာမှပြောင်းမသွားပဲ...
" အင်း.... ကောင်းကောင်းနေပေါ့..''
ဒါလေးပဲပြောပြီး အိမ်ထဲဝင်သွားလေတာ...
What the.....
ဒါ ဘာအခြေနေကြီးလဲ?
အရင်လို ကြွေ့ကိစ္စကို သိပ်စိတ်မဝင်စားတဲ့ Daddy ပုံစံကို ပြန်မြင်လိုက်ရတာ ကြွေ့အတွက်မထူးဆန်းပေမယ့်...
ခံစားချက်ကတော့ သိပ်မကောင်း.....
အားလုံးပဲ.... ဘာဖြစ်နေကြတာလဲ?
~~~~~~~~~~~~~~~~~~~~~
လေးလံနေတဲ့ မျက်ခွံတွေကို အားယူပြီး ဖွင့်လိုက်ပေမယ့်....
ခေါင်းထဲ ချက်ချင်းရောက်လာတဲ့ အကြောင်းရာကြောင့်
သွန်းမာန် မျက်လုံးတွေကို ပြန်ပိတ်ထားလိုက်မိသည်။
တွေးလိုက်ရုံနဲ့တင် စက်ဆုတ်ဖွယ်ကောင်းလွန်းတဲ့ ဒီအခြေနေကို
သွန်းမာန် ဘယ်လိုရှင်းရမလဲ မသိ...
Ph ကိုလည်း သူမကြည့်ရဲ...
ကြိုးလေးဆီက msg တွေအပြင်
ဦးမင်းနောင်ကြိုးဆီက အမြန်အဆုံးသတ်ဖို့ ဖိအားပေးနေတဲ့ msg တွေ
အများကြီးရောက်နေတာကြောင့် ph ကိုပါ ခပ်လှမ်းလှမ်းမှာ ပစ်ထားမိတာ...
ဒါပေမယ့်...
သူဘယ်လောက်ထိ လျစ်လျူရှုနိုင်မှာတဲ့လဲ.....
တစ်နေ့မဟုတ် တစ်နေ့ ရှင်းကိုရှင်းရမယ့်ပြသနာ....
တကယ်တော့ အဖြေကို သွန်းမာန်စဉ်းစားပြီးသားပါ
သူ ကြိုးလေး ဘဝကနေ ပျောက်ကွယ်သွားခြင်းကသာ အမှန်ဆုံး အဖြေဖြစ်မှာ....
လိုအပ်နေတာက နည်းလမ်း....
ကြိုးလေး မနာကျင်ရအောင် အသင့်တော်ဆုံး နည်းလမ်းကို သူစဉ်းစားနေဆဲ.....
ကြိုးလေးကို ထားခဲ့ဖို့စဉ်းစားမိတိုင်း သူ့ရင်မှာလည်း နာကျင်မှုက တဆစ်ဆစ်....
ငါတို့ရဲ့ ကံတရားကိုက... .
တင်း....တောင်....
တံခါး bell မြည်သံကြောင့် သွန်းမာန် မထချင် ထချင် နဲ့ ထလာလိုက်သည်။
မထလို့လည်းမရ....bell က ဆက်တိုက်ကိုမြည်နေတာ....
တံခါးနားရောက်တော့ သွန်းမာန် သက်ပြင်းချရင်း တံခါးဖွင့်လိုက်စဉ်....
.
.
ဟင်?
ရုတ်တရက် လေအလျင်လို သွန်းမာန်ရင်ခွင်ထဲ ပြေးဝင်လာသော ကြိုးလေး ကြောင့် သွန်းမာန် အနောက်ကိုတောင် ယိုင်လဲမတက်ဖြစ်သွားရသည်။
.
.
.
.
သွန်းမာန်လည်း တွန်းဖယ်ခြင်းမပြုသလို
ကြွေကြိုးကလည်း ခပ်တင်းတင်းကို ဖက်ထားတာ..
အကြာကြီး ငြိမ်နေပြီးမှ...
" ခင်ဗျားကလည်းဗျာ မမိုက်ပါဘူး.... အတင်းဖက်ထားရင် ဖယ်ရမှာပေါ့
ဘာလဲ တခြားကောင်လေးတွေနဲ့ဆိုရင်ရော အဖက်ခံနေကြပဲလား..?''
ရွှတ်နောက်နောက်အပြောလေးနဲ့ ဖယ်ခွာသွားတဲ့ ကြိုးလေးကို ကြည့်ပြီး
သွန်းမာန် ခပ်တိုးတိုးလေး ဖြေလိုက်မိသည်။
" ကိုယ့်မှာ တခြားသူဆိုတာ ရှိလာနိုင်တော့မှာ မဟုတ်ပါဘူးကွာ...''
မရည်ရွယ်ပဲ ထွက်လာတဲ့စကား...
တကယ်ဆို မပြောသင့်ဘူးလေ....
" ဟမ်? ဘာပြောလိုက်တာ... မကြားရဘူး..''
သွန်းမာန် ဘာမှ ဆက်မပြောပဲ တိတ်နေလိုက်မိသည်။
ကြိုးလေးက အလိုမကျဟန် နှုတ်ခမ်းလေး ကွေးညွှတ်သွားပြီး...
" ကြည့်ပါဦးဗျာ... မျက်နှာမှာလည်း အမွှေးအမျှင်တွေနဲ့ ကြည့်ရဆိုးလိုက်တာ..... ဘာလဲ တော်လှန်ရေးကား ရိုက်မလို့လား
အဟက်...''
ဒီနေ့ကျမှ ကြိုးလေးက ဘာတွေ အူမြူးနေမှန်းမသိ
စကားတွေ ရွှန်းရွှန်းဝေအောင် ပြောနေတော့တာ...
ဒီလိုကလေးကိုမှ....
သွန်းမာန်ဆိုတဲ့သူက......
နာကျင်အောင် လုပ်မိခဲ့တာတဲ့လေ....
သွန်းမာန်.... ကြိုးလေးကိုကြည့်ရင်း
ရင်ထဲ နင့်လာရပြန်သည်။
သွန်းမာန် မျက်ဝန်းတွေ ဘယ်လိုအရောင်ပြောင်းသွားလဲမသိ..
အကြည့်ခံနေရတဲ့ ကြိုးလေးက
" အဲ့မျက်လုံးတွေနဲ့ မကြည့်နဲ့ ကိုးမာန်....''
လေသံမာမာနဲ့ ဆိုလာတဲ့ကြိုးလေး....
" မကြိုက်ဘူး..... အဲ့မျက်ဝန်းတွေကို ခင်ဗျားမျက်နှာမှာ မြင်နေရတာကိုလည်း သဘောမကျဘူး..''
သဘောမကျလည်း မတက်နိုင်ဘူး ကြိုးလေးရယ်...
ငါလည်းသဘောမကျပါဘူး
" ကိစ္စရှိလို့လား ကြိုးလေး? "
တမင် သွန်းမာန် စကားလမ်းကြောင်းလွှဲလိုက်တာ....
သွန်းမာန် မေးခွန်းဆုံးသွားတာနဲ့ ဝင်းလက်သွားသော
ကြွေ့မျက်နှာလေး.....
" အင်း... အပြင်သွားမယ် အကျီ ၤသွားလဲ ကိုးမာန်..''
" ဘယ်ကိုလဲ? "
" မမေးနဲ့... . မြန်မြန်သွားလဲ ''
သွန်းမာန် သက်ပြင်းချပြီး အခန်းထဲ ဝင်လာခဲ့လိုက်သည်။
မင်းပျော်အောင် ငါတက်နိုင်သလောက် လုပ်ပေးရမှာပေါ့ ကြိုးလေးရယ်
မကြာခင်... . မင်းနာကျင်ရတော့မှာ အတွက် အနည်းငယ်တော့
ကာမိတန်ကောင်းပါရဲ့....
~~~~~~~~~~~~~~~~~~~~~~~~~
" ရှင် ဘယ်လိုလုပ်မယ် စိတ်ကူးလဲ ဦးမင်းနောင်ကြိုး..?''
စီးပွားရေးကိစ္စ...
တစ်ခါတစ်လေ ရန်ဆောင်နေတဲ့ အခိုက်တန့်ကလွဲရင်
သိပ်ဆုံလေ့မရှိသည့်
ဦးမင်းနောင်ကြိုး နဲ့ ဒေါ်ကြွေရွက်ဝါ....
အခုတော့ ကြွေ့ရဲ့ အရေးကိစ္စကြောင့် တွေ့ဆုံဖြစ်ခဲ့ပြီ
" ကြွေ့အတွက် မင်းစိတ်ပူစရာမလိုဘူး ရွက်ဝါ..''
လေသံမာမာနဲ့ တုံ့ပြန်လာတဲ့ ဦးမင်းနောင်..
" မပူလို့ရမလား... ကြွေက ကျွန်မမွေးထားတဲ့သားပါ..''
" သိတယ်လေ.... ဒါပေမယ့် မင်းကိုယ်တိုင် ကြွေ့အုပ်ထိန်းခွင့်ကို လိုလိုလားလား စွန့်လွှတ်ခဲ့တာကို အခုမှလာပြီး ဘာဖြစ်နေရတာလဲ?''
" ကျွန်မ ကြွေ နဲ့ တွဲနေတဲ့သူ ဘယ်သူဆိုတာ သိပြီးပြီ ''
ဒေါ်ကြွေရွက်ဝါ ဆီ ရောက်လာတဲ့ အကြည့်စူးစူးကို မသိဟန်ဆောင်ပြီး
ဆက်ပြောလိုက်သည်။
" ကြွေကတော့ သူနဲ့ဆို တော်တော်ပျော်နေပုံပဲ...''
" မကြာခင် ပြီးသွားတော့မယ့် ကိစ္စတွေပါ.... ခံစားရလည်း တစ်လ ပေါ့''
" ရှင်....ကြားဝင်လိုက်တာလား.?? မလုပ်သင့်ဘူးလေ... .ဒါကြွေ့ရဲ့ ပျော်ရွှင်မှု..''
" အဲ့ကောင်နဲ့တော့ ကြွေ မပျော်ရဘူး ရွက်ဝါ....
ငါသူ့ကို သိပ်မုန်းတာ.....အဲ့အတွက် ငါဘာမဆိုလုပ်မှာ....
အဲ့တာကို ယုံထား....''
" ရှင် မုန်းလို့ရတယ်.....
ရှင် နာကျည်းလို့ရတယ်....
ဒါပေမယ့်... . ကြွေ့ကိုတော့ နားလည်ပေးရမယ်လေ...''
" မင်းအခုတလော ရုတ်တရက်ကြီး ဘာတွေဖြစ်နေတာလဲ ရွက်ဝါ....
အရင်လိုပဲ နေစမ်းပါ...''
ဒေါ်ရွက်ဝါ အဝေးကို ခပ်တွေတွေလေးငေးလိုက်ပြီး..
" ကြွေနဲ့ စကားပြောကြည့်လိုက် ဦးမင်းနောင်...
နားနဲ့ နားမထောင်ပဲ ရင်ဘတ်နဲ့နားထောင်...
ဒါဆို ရှင်သိလာလိမ့်မယ်..... ကြွေ ဘာစိတ်နဲ့ ရှင်သန်နေလဲဆိုတာ....''
ထိုအချိန်...
ကောင်းကင်ယံမှာ.... တိမ်တွေအုံ့ပြီး နေရိပ်သွားပြန်တာ....
ဒါပေမယ့်လည်း ခဏပေါ့....
နေက ပူမြဲပူဆဲ....
လူတွေရဲ့ စိတ်ခံစားချက်လည်း နေမင်းလိုပဲ
အထိမခံ ပူလောင်နေတက်တဲ့ လူ့စိတ်ကို တခြားအရာတွေက တိမ်လို
လာအုံ့လည်း ခဏပေါ့....
~~~~~~~~~~~~~~~~~~~~~~
" ကိုးမာန်..... သဘောၤစီးချင်တယ် ''
" ဟင်... အင်း ကိုယ် အခု စီစဉ်လိုက်မယ် ''
ပြောပြီးတာနဲ့ ph တစ်လုံးနဲ့ တစ်ဖက်လှည့်သွားသော ကိုးမာန်ကို ကြည့်ပြီး
ကြွေ လုံးဝ ဘဝင်မကျပါ...
တစ်နေ့လုံး စားချင်တာတွေ ဝယ်ကျွေး...
လုပ်ချင်တာတွေကို တစ်ချက်ကလေး မညည်းညူပဲ
အကုန်ကို လိုက်လုပ်ပေးနေတာ...
ဘယ်တော့မှ ထပ်မတွေ့ကြတော့မယ့် သူတွေလိုမျိုး....
ခင်ဗျား ဘာဖြစ်နေတာလဲ ဟု ကြွေ မေးလိုက်ချင်ပေမယ့်
ကြွေ မမေးရဲ...
မေးမိကာမှ ကြွေ မလိုချင်သည့်အဖြေကြားရပြီး
စိတ်မတိုချင်....
ဟင်း........
ကြွေ သက်ပြင်းမောလေး ချလိုက်တဲ့ အချိန်နဲ့ ကိုးမာန် ph ပြောပြီး ပြန်လှည့်လာတဲ့အချိန် ကွက်တိ....
" ခဏနေ ဆိပ်ကမ်းကိုသွားကြတာပေါ့...''
" ဒီအချိန်ကြီး သဘောၤစီးဖို့ကို မြန်မြန် စီစဉ်လို့ရတယ်ပေါ့?''
" အင်း..''
ဘာစကားမှ ထပ်မပြောပဲ အဝေးကိုပဲ ငေးနေပြန်တဲ့ ကိုးမာန်..
ဒီလူနဲ့တော့ ပြသနာပဲ..
ဘာဖြစ်နေမှန်းကိုမသိ....
ဘဝင်မကျလိုက်တာ.....
မတင်မကျ ခံစားချက် လုံးဝကို အဆင်မပြေတာပါလေ...
ကြွေ သဘောၤပေါ်ခြေ ချမိချိန်မှာတော့ ဒီကိစ္စကို တည့်တိုးဖြေရှင်းဖို့ လိုအပ်နေပြီဆိုတာ နားလည်လိုက်လေသည်။
သဘောၤတစ်စီးလုံးကို အပြတ်ဌားပြီး ကြွေ့ကိုခေါ်လာပေးတာ....
တခြားသူတွေ အတွက်ဆို ပျော်ရွှင်ဖွယ်ရာ suprises ဖြစ်မလား မပြောတက်ပေမယ့် ကြွေ့အတွက်တော့မဟုတ်...
ပြိုကျတော့မယ့်မိုးလို ပျက်ယွင်းနေတဲ့ မျက်နှာနဲ့ ကိုးမာန်ကို မြင်နေရတာ...
ဘယ်လိုလုပ်ပျော်နိုင်မှာတဲ့လဲ.....
အခုလည်း ကြွေ နဲ့ ဝေးရာ သဘောၤဦးမှာ တစ်ယောက်တည်းငူနေပြန်တာ...
ကြွေ အသာ အနားလျှောက်သွားပြီး...
" ခင်ဗျား အလုပ်ဒေဝါလီ ခံလိုက်ရလို့လား?''
" ဟမ်? "
ရုတ်တရက် ကြောင်စီစီ ပုံစံနဲ့ ပြန်ကြည့်လာတဲ့ ကိုးမာန်...
" ဒါမှမဟုတ် ခင်ဗျားမိဘတွေ နာမကျန်းဖြစ်နေလို့လား?''
" ဟာ.... မဟုတ်ရပါဘူးကွာ.. ကြိုးလေးကလည်း ပေါက်ကရတွေ ''
" ဒါဆို ဘာဖြစ်နေတာလဲ?''
" ဟင်?''
" ဖြစ်နိုင်ချေတွေလည်း မဟုတ်ဘူးဆိုတော့ ခင်ဗျားတကယ်ပဲ ဘာဖြစ်နေတာလဲ ကိုးမာန်? "
ကိုးမာန် ပြန်မဖြေပဲ ရေပြင်တွေဘက်ကို အကြည့်တွေ ပြန်လှည့်သွားပြန်တာ....
" ရှောင်ပြေးဖို့ မကြိုးစားနဲ့ ကိုးမာန်... ခင်ဗျား ဖြေကို ဖြေရမယ်...
လိုချင်တာတွေ ကို အားလုံးဖြည့်စည်းပေးနေတဲ့ ခင်ဗျားပုံစံက ပုံမှန်ကိုမဟုတ်ဘူး.... ဘာလဲ drama တွေထဲကလို တစ်ရက်လုံး ပျော်စရာတွေ ဖန်တီးပြီး နောက်နေ့ကျ ငါတို့ ထပ်မတွေ့ပဲ နေကြရအောင်လို့ပြောပြီး ဇာတ်နာအောင် လုပ်မလို့လား?''
" အင်း.... အဲ့လိုလုပ်ဖို့ အတွေးရှိနေတယ်ဆိုရင်ရော? "
ဝုန်းခနဲ ချောက်နက်ကြီးထဲကို နောက်ပြန်ပြုတ်ကျသွားသလို ခံစားချက်...ယောင်ရမ်းပြီး ဘေးက လက်ရန်းကိုတောင်
အမြန်လှမ်းကိုင်လိုက်မိတာ....
ငါ နားကြားများ မှားလေသလား...
မဖြစ်နိုင်မှန်းသိပေမယ့် မျှော်လင့်နေတုန်း....
" မင်းက သိပ်ကို မျက်နှာရိပ်မျက်နှာကဲ ကြည့်တက်တော့
ငါကြာကြာ ဖုံးကွယ်ထားလို့မရဘူးပဲ....
ငါ မင်းနဲ့ ထပ်မတွေ့ချင်တော့ဘူး ကြိုးလေး... အဲ့ဒါ အခု ငါဖြစ်နေတဲ့စိတ်အမှန်ပဲ.. ''
" လိမ်နေတာ...''
" ငါ မလိမ်ဘူး..... ငါတို့ ဇာတ်လမ်း ဒီမှာပဲ အဆုံးသတ်ရအောင်...
အဲ့ဒါက ငါတို့ အထိခိုက်နည်းမယ့် လမ်းပဲ..''
ပြောရင်း အသံတိမ်ဝင်သွားတာမို့ သွန်းမာန် ဆက်မပြောတော့..
ကြိုးလေး စကားစလိုက်တာကို အခွင့်ယူပြီး သူဆက်တိုက်ကို ပြောပစ်လိုက်တာ...
သူတောင် ဒီလောက်ခံစားနေရတာ.... ကြိုးလေးသာဆို....
.
.
.
" ဒီစကားတွေ နားမထောင်ချင်လို့ ရေထဲခုန်ချလို့လည်းမရ...
မကြားချင်တဲ့ စကားကိုမှ ပြောရလေခြင်းဆိုပြီး... ခင်ဗျားမျက်နှာကိုလည်း လက်သီးနဲ့ မထိုးရက်....
ကိုးမာန် ခင်ဗျားကလေ.... ကျွန်တော့်ကို အမြဲတွေဝေအောင် လုပ်တဲ့သူပဲ...''
" ကြိုးလေး...''
" တရားမချနဲ့ ကိုးမာန်....မရဘူး ကျွန်တော်က ခင်ဗျားနဲ့ဆို ကျွတ်တန်း
မဝင်နိုင်တဲ့ ပြိတ္တာ ဘဝရောက်နေပြီးသား....အဲ့တော့ မောတာပဲ အဖတ်တင်မယ် စိတ်လျှော့လိုက်....''
တည်တည်ငြိမ်ငြိမ် နဲ့ တုံ့ပြန်လာတဲ့ ကြိုးလေးကို ကြည့်ပြီး
သွန်းမာန် ဘာဆက်ပြောရမှန်းတောင်မသိတော့....
တကယ်ဆို အခြေနေက တင်းမာပြီး ပေါက်ကွဲ ဒေါသဖြစ်နေရမှာကို..
အခုတော့ ဆန့်ကျင်ဘက်..
" ခင်ဗျားပြောသလို ဇာတ်လမ်း အဆုံးသတ်ရအောင်လည်း
ကျွန်တော်တို့ ဇာတ်လမ်းက ဘယ်တုန်းကများ စရသေးလို့လဲ?
ဘယ်နှစ်ခါများ ro ဆန်ဆန် Date ဖူးနေလို့လဲ?
ဒီမှာ ကိုးမာန် လမ်းခွဲမယ်ဆိုလည်း ချစ်သူတစ်ယောက် ရပိုင်ခွင့်တွေ အကုန်ပေးပြီးမှ လမ်းခွဲဖို့စကားပြော..... မဟုတ်ရင် ကြွေကြိုးဆိုတဲ့ ကျွန်တော်က ခင်ဗျားနဲ့ လမ်းခွဲဖို့ကို တွေးပေးမှာတောင် မဟုတ်ဘူး ဆိုတာ သိထား!''
ပြောပြီး အနားကနေ ထွက်သွားတဲ့ ကြိုးလေးကိုကြည့်ပြီး
သွန်းမာန် မှာ ယူကြုံးမရ...
ရှေ့ဆက်တိုးလို့မရ....
နောက်လည်းဆုတ်ဖို့ ခက်နေတဲ့ ဘေးကျပ် နံကျပ် အခြေနေထဲ သူရောက်နေရပြီ...
ဘယ်လိုလုပ်ရမလဲ.....
ဒီထက်ပို မနာကျင်ရခင် အပြီးသတ်မှ ဖြစ်မှာကို...
တကယ်ပဲ ဘယ်လိုလုပ်ရမလဲ.....။
~~~~~~~~~~~~~~~~~~~~~
tbc.
Hola Update!!!
Sorry for my late bcoz i've so busy & mess
But i'll never forget my creations ans
My LOVELY READERS
Thanks for lovely my creations.
I'll try more than more to best
N.S.P
27.3.2019
4:45 P.M
*Feedback is one of my Strength
Thanks.