Zawgyi
က်ယ္၀န္းလွတဲ့ ျခံႀကီးထဲ..
ခမ္းနားလြန္းတဲ့အိမ္ႀကီးကို ေက်ာခိုင္းထားၿပီး...
သူ႔အတြက္ဆိုၿပီး..သူ႔အေဖလုပ္ေပးထားတဲ့..
ပန္းျခံထဲက ခံုေလးထဲမွာ...
ကြၽန္ေတာ္သိပ္ခ်စ္တဲ့သူ ..ထိုင္ငိူေနခဲ့တာ..
မိနစ္ပိုင္းေတာ္ေတာ္ၾကာျမင့္ေနခဲ့ၿပီ..။
ကြၽန္ေတာ္ဘယ္ေလာက္ေခ်ာ့ေခ်ာ့..
အငိုတိတ္ဖို႔ေနေနသာသာ ပိုတိုးလို႔ပဲငိုေနေတာ့
ကြၽန္ေတာ့္မွာ ကမၻာႀကီးၿပိဳပ်က္က်ေနသလိုမ်ိဳး
ေျခမကိူင္မိလက္မကိုင္မိကိုျဖစ္လို႔..။
ရန္ပြဲေတြ ဆက္ျဖစ္ေနတဲ့သူ႔အေဖနဲ႔အေမကိုေတာင္
မဆီမဆိုင္မုန္း မိခ်င္သည္..။
ဦးေလးနဲ႔အန္တီ သူ႔ေ႐ွ႕မွာ ရန္ျဖစ္ျပလို႔..
သူငိုေနရတာ...!
"BaekHyunee..တိတ္ေတာ့ေလကြာ..
မ်က္လံုးေတြေတာ္ေတာ္ရဲေနၿပီ.."
"ငါသိတယ္..အေမက ဒီေန႔ျပန္လာမွာ မဟုတ္ဘူး..
အေဖက အရက္ေတြေသာက္ၿပီးငိုေနဦးမယ္.."
"သိတယ္..သိတာမို႔လို႔..
မင္းကပဲျဖစ္ျဖစ္..မင္းအေမကိုေဖ်ာင္းဖ်ႏိုင္ေအာင္
တတ္ႏိုင္သမ်ွ...ၾကံ့ၾကံ့ခိုင္ေနရမယ္မလား..?
အဲ့တာေၾကာင့္မငိုနဲ႔ေတာ့ေနာ္.."
"အေမက..အေဖ့ကို ဘယ္တုန္းကမွ ..
မခ်စ္ခဲ့တာ.."
အဲ့တာပါပဲ..။
သူ႔ႏွလံုးသားေလး..အျမဲတစ္ေစကြဲေၾကေနရတဲ့အေၾကာင္း
အရင္း..။
အန္တီက မခ်စ္မႏွစ္သက္ပဲ ဦးေလးကိုယူခဲ့ရလို႔..
ဦးေလးက အတင္းအက်ပ္နဲ႔သူ႔ကိုလက္ထပ္ခဲ့လို႔..
အျမဲတမ္းဦးေလးကို ကလန္ကဆန္လုပ္တာေတြ..
ဦးေလးနစ္နာရာနစ္နာေၾကာင္းလုပ္တတ္တာေတြ..
စသျဖင့္ သူ႔အေဖနဲ႔အေမၾကားျဖစ္ပ်က္သမ်ွ
အေၾကာင္းအရာအားလံုးကို..
Byun စံအိမ္ႀကီးတစ္ခုလံုး၀က္၀က္ကြဲသိရံုတင္မက..
ကြၽန္ေတာ္တို႔အိမ္ကလူေတြပါ..
အစအဆံုးသိေနတဲ့ကိစၥ..။
က်န္တဲ့လူေတြအတြက္ေတာ့မဆန္းေတာ့ေပမယ့္
အေဖနဲ႔အေမၾကားက တိုက္ပြဲေတြတိုင္းမွာ..
ရင္နဲ႔မဆံ့ေအာင္ နာက်င္ခဲ့ရသူက..
ကြၽန္ေတာ့္ရဲ႕သူျဖစ္ေနခဲ့သည္..။
ဒီေန႔လဲ..ထံုးစံထက္ပိုသည့္ ရန္ပြဲတစ္ခုေၾကာင့္..
အန္တီက ..႐ွင့္ကိုသတ္ပစ္မယ္လို႔ေျပာၿပီး..
အိမ္ကေနထြက္သြားခဲ့သည္နဲ႔ထပ္တူ..
ဦးေလးလက္ခ်က္ေၾကာင့္ ဧည့္ခန္းတစ္ခုလံုးမြစာၾကဲၿပီး..
သူသိပ္ခ်စ္ပါသည္ဆိုသည့္ သားငယ္ကေလး
Baek Hyun ကိုပင္..ေခ်ာင္ထဲထိုးထားမိသည့္အထိ..
ဦးေလးByun စိတ္ေတြလြင့္ေနခဲ့သည္..။
မနက္ထဲကရန္ပြဲ အ႐ွိန္က..
အခု ည၆ နာရီေက်ာ္တဲ့အထိတိုင္..
ဦးေလးရဲ႕စိတ္ေတြကို တည္ၿငိမ္ေအာင္လုပ္ႏိုု္င္စြမ္း႐ွိသည့္ပံုမေပၚ..။
အက်ိဳးဆက္ကေတာ့ BaekHyunee ရဲ႕
ပါးျပင္ျဖဴျဖဴေတြမွာ မ်က္ရည္စက္ေတြအက်ည္းတန္စြာ
က်ဆင္းေနရျခင္းပင္..။
"အေမမ႐ွိလဲ..
ငါက မင္းအတြက္သူငယ္ခ်င္းလိုေရာ..
မင္းအေမရဲ႕ေနရာ ကေနေရာ..ခ်စ္ေပးမွာမို႔..
ေက်းဇူးျပဳၿပီးသာ မငိုနဲ႔ေတာ့ေနာ္..
မင္းမ်က္လံုးေတြအရမ္းမို႔ေဖာင္းေနႁပီ..
Baek Hyun ရဲ႕..."
အဲ့အခ်ိန္ကစခဲ့တာျဖစ္မည္...။
ငယ္သူငယ္ခ်င္းသံေယာဇဥ္ႀကိဳးတစ္ေခ်ာင္းရဲ႕..
နက္နက္႐ိႈင္း႐ိႈင္းတြယ္ၿငိေနမိတဲ့အေပၚ..
ကြၽန္ေတာ္တစ္ဆင့္ထပ္တိုးမိလိုက္တာ...
ေသခ်ာေပါက္ အဲ့ဒီအခ်ိန္က ပဲဆိုတာ..
ကြၽန္ေတာ္ေျပာရဲသည္..။
မ်က္ရည္ဗရပြနဲ႔နာနာက်င္က်င္ငိုေႂကြးေနသည့္..
ေကာင္ေလးကို..
ကြၽန္ေတာ့္ရင္ခြင္ထဲ ထည့္..
ေက်ာျပင္ေလးကိုဖြဖြေလးပုတ္ေပးႁပီး...
သူနာက်င္ေနရတဲ့အျဖစ္ကို မၾကည့္ရက္ႏိုင္စြာ..
ႏွစ္သိမ့္ေပးခဲ့သည္..။
ေနာက္က်ရင္ တစ္ျခားလူေတြက
ဘယ္လိုဘယ္ပံု နာက်င္ေအာင္လုပ္ၾကပါေစ..
ကြၽန္ေတာ္ကေတာ့..သူ႔ေဘးမွာ..
သူ႔လက္ကေလးျမဲျမဲကိုင္ၿပီး႐ွိေနေပးပါမယ္လို႔..
၁၂ ႏွစ္အရြယ္ကေလးတစ္ေယာက္ နဲ႔မလိုက္ဖက္စြာ
သူ႔အေပၚမွာ ..ခံစားခ်က္ေတြနယ္လြန္မိခဲ့သည္...။
သူ႔ကိုခ်စ္မိခဲ့သည္....။
သူကေတာ့...။
:::::::::::::::::::::::::::::::
"အေမက အေဖ့ကိုသတ္လိုက္ၿပီ...
သူ႔ခ်စ္သူနဲ႔ကြဲေအာင္လုပ္ၿပီးသူ႔ကိုအပိုင္သိမ္းထားလို႔
အျပစ္ေႂကြးဆပ္ခိုင္းတာတဲ့.."
"ဟမ္..!?"
"အေမလဲထြက္သြားၿပီ...
ကားအက္စီးဒင့္က သူလုပ္ခဲ့တာလို႔..
ဦးေလး Minကို ေျပာေနတာ..ငါကိုယ္တိုင္ၾကားခဲ့တယ္.."
ေစာေစာကေလးတင္ကြၽန္ေတာ္တို႔အိမ္ကိုပ်ံ့လြင့္လာခဲ့သည့္
ဦးေလး Byun..ကားအက္စီးဒင့္ျဖစ္သည္ဆိုသည့္
သတင္းေၾကာင့္..
သူ႔ကိုစိုးရိမ္လြန္ၿပီး သူ႔အိမ္ကိုခ်က္ခ်င္းေျပးလိုက္လာၾကည့္ရာတြင္..မေန႔ကလို..ေသြး႐ူးေသြးတန္းနဲ႔
ငိုေနတာမ်ိဳးမ႐ွ္ိပဲ..
ဘာမွ မျဖစ္သလို တည္ၿငိမ္ေနသည္..။
မဟုတ္ဘူး...!
ဘာမွမျဖစ္သလို တည္ၿငိမ္ေနတာမဟုတ္ပဲ..
နာက်င္ရလြန္းအားႀကီးလို႔ ငိုဖို႔မ်က္ရည္မ႐ွိေတာ့တာမ်ိဳး..။
ၿပီးေတာ့တစ္ခုခုကို အရြဲ႔တိုက္ခ်င္တဲ့အရိပ္အေယာင္ေတြ
သူ႔မ်က္ႏွာေလးမွာ..ျပည့္လ်ွံက်လ်က္႐ွိသည္..။
တစ္ခုခုမွားယြင္းေတာ့မယ္ဆိုတာ...
ကြၽန္ေတာ္သိလိုက္တယ္..။
ကြၽန္ေတာ္ထင္တဲ့အတိုု္င္း..ေနာက္ထပ္နာရီပိုူ္င္း
ေလာက္အၾကာမွာ..ဦးေလးByun ဆံုးၿပီဆိုတဲ့..
သတင္းကို ၾကားလိုက္ရတာနဲ႔အတူ...
ကြၽန္ေတာ့္နံေဘးကေကာင္ေလး..
ၾကမး္ျပင္ေပၚအ႐ုပ္ႀကိဳးျပတ္လဲက်သြားခဲ့သည္..။
ကြၽန္ေတာ္ကငိုခ်ခ်င္ငိုခ်လိုက္ ေျပာေပမယ့္..
လံုး၀မငို..။
ေလာကႀကီးကို စိတ္ကုန္သြားတဲ့ပံုစံမ်ိဳးနဲ႔..
နာရီအခ်ိဳ႕ၾကာေအာင္ အဲ့ေနရာမွာ..
မတုန္မလႈပ္ထိုင္ေနခဲ့သည္..။
ေဘးနားကေန ကြၽန္ေတာ္ေဖးမေပးေနေပမယ့္လဲ...
ကြၽန္ေတာ္ မျဖစ္ေစခ်င္တဲ့အေျခအေနႀကီးကို...
သူလြယ္လြယ္ကူကူပဲ ေျပာင္းလဲသြားခဲ့တဲ့အခါ..။
ကြၽန္ေတာ္သိတဲ့ Byun Baek Hyun ဆိုတဲ့
ေကာင္ေလးတစ္ေယာက္..
သူ႔အေဖဆံုးသြားၿပီးတဲ့ေနာက္ပိုင္း...
အခ်စ္ဆိုတဲ့အရာ..
သံေယာဇဥ္ဆိုတဲ့အရာကို..
မၾကားခ်င္ေလာက္ေအာင္မုန္းတီးလို႔သြားခဲ့သည္တဲ့ေလ..။
အဲ့တာနဲ႔ထပ္တူပဲ..
သူ႔ေဘးနားမွာ..ေသရင္ေတာင္မကြၽတ္ေလာက္မယ့္
ၿငိတြယ္ျခင္းေတြနဲ႔အရိပ္လိုကပ္ညိေနတဲ့..
ကြၽန္ေတာ့္ဘ၀ ကံဆိုးမိုးေမွာင္က်ခဲ့သည္...။
သူအျမဲတမ္းကြၽန္ေတာ့္ႏွလံုးသားကို..
ႏွိပ္စက္ညႇင္းပန္းေနတာကိုေတာ့..
အထူးလုပ္ၿပီးေျပာေနစရာမလိုေတာ့ေလာက္ေအာင္ပင္..
သူ႔ရဲ႕ ရက္စက္တတ္မႈ ေတြၾကားထဲ..
ကြၽန္ေတာ္ေနသားက်ခဲ့သည္..။
သူေျပာတာကေတာ့ သူ႔အေမကို မုန္းတယ္တဲ့..။
ၿပီးေတာ့..
ကိုယ့္ကိုေသမလိုမုန္းေနတဲ့မိန္းမကို ေသမလိုခယခဲ့တဲ့
အေဖ့ရဲ႕ အခ်စ္ဆိုတဲ့ ေပါေၾကာင္ေၾကာင္အရာကိုလဲ..
အထင္မႀကီးဘူး..။
႐ွံု႔ခ်တယ္တဲ့ေလ..။
အဲ့ဒါေၾကာင့္ သူ႔ေဘးနားမွာ သူ႔ကို
ခ်စ္တယ္လို႔တဖြဖြေျပာေနတဲ့ ကြၽန္ေတာ့္ကိုလဲ...
သူ ေသမလို႐ွံု႔ခ်ခဲ့ပါသည္...။
ဒါေပမယ့္ကြၽန္ေတာ္ကေတာ့..ကြၽန္ေတာ္ေသမွပဲ..
သူ႔ေဘးနားကခြာမည္ဆိုတဲ့ သံဓိဌာန္တစ္ခုဆြဲကိုင္
လ်က္ပဲ..
သူ႔ရက္စက္မႈေတြၾကားမွာ..
အလဲလဲအၿပိဳၿပိဳ႐ွံုးနိမ့္လို႔...။
ဒါေပမယ့္ကြၽန္ေတာ္ေပ်ာ္ပါတယ္...။
::::::::::Tyranny :::::::::::
After 14 yrs have passed,...
တစ္လက္လက္ေတာက္ပေနေသာ..စိန္အပြင့္ေတြကို
ေစ့ေစ့ေပါက္ေပါက္ ၾကည့္႐ႈစစ္ေဆးေနသည့္ လူႀကီးကို
ၾကည့္ၿပီး ကြၽန္ေတာ္သိပ္စိတ္မ႐ွည္ခ်င္ေတာ့..။
Park Chan Yeol ဆိုတာ ဒီေလာကထဲမွာ..
နာမည္တစ္လံုးနဲ႔ ေနေနတဲ့လူမွန္း
သိသိႀကီးနဲ႔..သူ သက္သက္မထီမဲ့ျမင္လုပ္ေနတာ...။
လုပ္စရာ႐ွိတဲ့ကိစၥေတြအျပတ္ျဖတ္ၿပီး...
ကိုယ့္လမ္းကိုယ္ျပန္ၾကရင္ၿပီးတာပဲကို..
တစ္ကယ္..ဒီလူ...။
ပံုမွန္ဆို..ဒီလိုအေရာင္းအ၀ယ္ကိစၥမ်ိဳးက..
ကြၽန္ေတာ္ လိုက္လာရတဲ့အထိမဟုတ္ေပမယ့္..
ေ႐ွ႕ကတစ္ဖြဲ႔ က နည္းနည္း..ကလိမ္က်တတ္တာမို႔..
ငယ္သားေတြခ်ည္းပဲ စိတ္မခ်လို႔
လိုက္လာရင္း..ဒီအဖြဲံဆီပါ..လိုက္လာျဖစ္လိုက္တာ..။
တစ္ေန႔လံူး.ဟိုသြားဒီသြားနဲ႔..
ကိစၥေတြ႐ႈပ္ယွက္ခတ္ေအာင္ လုပ္ခဲ့ရလို႔..
နားခ်င္ေနပါသည္ဆိုမွ အရစ္႐ွည္တဲ့အမ်ိဳးနဲ႔..
လာေတြ႔ဆိုသလိုပင္...။
ကြၽန္ေတာ္ဒီအလုပ္လုပ္ကတည္းက..
ဖက္စပ္လုပ္လာတဲ့လူမပီသစြာ..
လ်ွာ႐ွည္ေနတဲ့ လူႀကီး..။
ေခါင္းေျပာင္ေျပာင္ကို ေသနတ္ဒင္နဲ႔ထု လိုက္ခ်င္တဲ့
စိတ္ေတြကို မနည္းထိန္းေနရသည္..။
"စစ္ပါတယ္.."
ဓာတ္မီးေသးေသးေလးကို သိမ္းၿပီး..
စစ္ပါတယ္လုပ္ေနတဲ့ပံုကို အျမင္ကပ္လြန္းလို႔ ဘာစကားမွ
ျပန္မေနေတာ့ပဲ တိတ္တိတ္ဆိတ္ဆိတ္ပဲ
ေနလိုက္သည္..။
ျပန္ေျပာေနရင္ မိတ္ျဖစ္ေဆြျဖစ္ စကား၀ိုင္းေလးက
၄၅ မိနစ္ေလာက္ၾကာသြားႏုိင္တဲ့ဒီေခါင္းေျပာင္ႀကီး
အေၾကာင္းကို သိထားတယ္မလား...။
အဲ့ေတာ့ ဘာမွေျပာမေနေတာ့ပဲ..
ေဘးနားက ပိုက္ဆံေသတၱာကို လက္ကဆြဲၿပီး..
တပည့္ေတြေခၚကာ..
ေခါင္းေျပာင္ႀကီးကိုႏႈတ္ဆက္ၿပီး ျပန္ခဲ့လိုက္သည္..။
"ေနာက္လဲ ဒီလိုပဲ အလုပ္လက္တြဲလုပ္ခ်င္ပါတယ္..
Park Chan Yeol လူငယ္ေလး.."
"ကြၽန္ေတာ္လဲတူတူပါပဲ..
ခုေတာ့ခြင့္ျပဳဦးေနာ္.."
"ေကာင္းပါၿပီဗ်ာ.."
အ႐ႈပ္ထုတ္တစ္ခုအဆံုးသတ္သြားၿပီဆိုၿပီး..
ကား႐ွိရာကို ေျမာက္ႂကြေျမာက္ႂကြျပန္လွမ္းလာခဲ့တဲ့..
ေျခေထာက္ေတြက..
အိမ္ျပန္ေရာက္ရင္ အိပ္စက္အနားယူရေတာ့မယ့္အေရး
ေတြးၿပီး ႀကိဳေပ်ာ္ေနသလို..။
စိုးရိမ္စရာမ႐ွိတဲ့ဂိုဏ္းမို႔
ပိုက္ဆံျပန္လုၿပီး သတ္မွာျဖတ္မွာေတြလဲ မလုပ္တတ္တဲ့
ေခါင္းေျပာင္ႀကီးမို႔..
စိတ္ပူစရာမ႐ွိတာလဲ ပါမည္...။
ညဘက္ေကာင္းကင္ျပင္က်ယ္ႀကီးကို..
ေမာ့ၾကည့္ရင္းကား႐ွိရာ ျပန္ေလ်ွာက္လာခဲ့လိုက္သည္ ..။
"ဆရာ..ဖုန္းေတြ၀င္ထားပါတယ္.."
"အာ..BaekHyunee ဆက္ထားတာပဲ.."
အလုပ္လုပ္ေနရင္..ဖုန္းကိုထားပစ္ခဲ့သည့္
အက်င့္ေၾကာင့္..ခုနကလဲ..ကားထဲမွာသာထားပစ္ခဲ့သည္..။
ကားထဲ၀င္၀င္ခ်င္း..ဒ႐ိုင္ဘာက လက္ထဲဖုန္းထည့္ေပး
လာတာေၾကာင့္ ဆက္သြယ္သူနာမည္ကို..
ၾကည့္လိုက္ေတာ့..
ကြၽန္ေတာ့္ရဲ႕ေကာင္းကင္ေလး..။
အဲ့တာထက္အေရးႀကီးတာက..
missed call ေလးခုေတာင္ျဖစ္ေနတာေၾကာင့္..
ေသြးေတြနားထင္ ေဆာင့္တက္သြားသလို..။
BaekHyunee ဘာမ်ားျဖစ္လို႔လဲ..။
"ဟယ္လို..Khyunee..
ကိုယ့္ကို ဖုန္းေတြဆက္ထားလို႔..
ကိုယ္ခုနက စိန္ေရာင္းေနတာနဲ႔ ..ဖုန္းမကိုင္ျဖစ္လိုက္တာ.."
"....."
"အဲ့တာဆို..ကိုယ္အခုလာခဲ့ရမလား..?
အာ...
မလာရေတာ့ဘူးလား.."
ဖုန္းထဲကေန ပ်ံ့လြင့္လာသည့္ ကြၽန္ေတာ္သိပ္ခ်စ္ရသည့္
အသံခ်ိဳခ်ိဳေလးသည္..
ေဒါသထြက္ျခင္းတစ္စံုတစ္ရာ မေရာယွက္ေနေပမယ့္..
ကြၽန္ေတာ့္ရင္ကို ဓားနဲ႔ထိုးႏွက္လိုက္သလို..။
ေစာေစာက ဖုန္းေတြဆက္ထားတာက..
ကြၽန္ေတာ့္ကိုအရမ္းသတိရေနမိလို႔..
ေတြ႔ခ်င္လို႔ပါတဲ့..။
ဒါေပမယ့္အခုေတာ့..နည္းနည္းေလးမွ မေတြ႔ခ်င္ေတာ့တာမို႔...
သူ႔ဆီလာစရာ မလိုေတာ့ပါဘူးတဲ့ေလ..။
သူနည္းနည္းေတာ့ရက္စက္တယ္မထင္ဘူးလား..။
ကြၽန္ေတာ္မအားလပ္လို႔သူ႔ဖုန္းမကိုင္မိလိုက္တဲ့အေၾကာင္း
ေသခ်ာေပါက္႐ွင္းျပခဲ့ပါရက္..
သူမ်က္ႏွာေလးကို သူ႔ဆနၵပါပါနဲ႔ ဖူးေမာ္ခြင့္ေလးကို..
ကြၽန္ေတာ္နဲ႔လက္တစ္ကမ္းမွာ..ေပးအပ္ခဲ့ေပမယ့္လို႔..
ကြၽန္ေတာ့္ရဲ႕ေမ်ွာ္လင့္ခ်က္ေတြကိုအဆံုးထိ
ျပန္ၿပီး႐ိုက္ခ်သြားခဲ့ပါသည္..။
သူဘာေျပာေျပာ..ကြၽန္ေတာ္ေတြ႔ခ်င္ရင္သြားေတြ႔လို႔ရေပမယ့္..
သူနဲ႔ယွဥ္ရင္ ကြၽန္ေတာ့္မွာ႐ွိသည့္ စြမ္းေဆာင္ႏိုင္ရည္ေတြ..
အာဏာေတြဆိုတာ..ဘာမွမဟုတ္ေတာ့သလိုပင္..။
သူသာကြၽန္ေတာ္နဲ႔ေတြ႔ခ်င္စိတ္မ႐ွိရင္..
သူ႔အိမ္ႀကီးထဲသာ ေျခခ်လို႔ရခ်င္ရမည္..။
သူ႐ွိေနတဲ့ အခန္းထဲကို ေျခဦးေတာင္လွည့္ခြင့္မရ..။
သူ႔မ်က္ႏွာေလးျမင္ရဖို႔ဆိုတာ...
ေနသာအေနာက္ဖက္က ထြက္ခ်င္ထြက္လာလိမ့္မည္..။
သူ႔ကိုေတြ႔ရဖို႔ကေတာ့ မျဖစ္ႏိုင္..။
သူကြၽန္ေတာ့္ကိုေတြ႔ခ်င္မွသာ..
ကြၽန္ေတာ့္မွာ..ျမတ္ျမတ္ႏိုးႏိုးနဲ႔သူ႔မ်က္ႏွာေလး
ေမာ္ဖူးခြင့္႐ွိသည္...။
မတရားဘူးဆိုတာသိေပမယ့္..
ၾကင္သူက အဲ့လိုဆနၵ႐ွိပါတယ္ဆိုမွ ကြၽန္ေတာ္ကဘာတတ္ႏိုင္မွာတဲ့လဲ..။
အခုလဲ..အိမ္ျပန္ရင္ အိပ္စက္အနားယူလိုက္ေတာ့မယ္လို္..
ေတြးေတာထားတဲ့လူကို..
ကယက္႐ိုက္ေအာင္ ျပဳစားသြားျပန္တာေၾကာင့္..
ကြၽန္ေတာ္႐ွံုးရျပန္သည္..။
ကြၽန္ေတာ္တြက္တာမမွားဘူးဆိုရင္..
ကြၽန္ေတာ္သူနဲ႔မေတြ႔ရတာ..၁၁ ရက္႐ွိေနၿပီ..။
သူ႔လိုအင္အားႀကီးခ်င္လို႔..
သူ႔အေဖရဲ႕အ႐ိုက္အရာကိုဆက္ခံခဲ့တဲ့..
သူ႔လိုမ်ိဳး..
ကြၽန္ေတာ္လဲ gangster တစ္ေယာက္ျဖစ္ေအာင္
ႀကိဳးစားခဲ့ေပမယ့္...
တစ္ျခားေနရာမွာသာ..ပါ၀ါႀကီးခ်င္ႀကီးလိမ့္မည္..။
သူ႔မာန္မာနနဲ႔အတၱဆိုတဲ့အရာေတြနဲ႔..
ယွဥ္လိုက္တဲ့အခါက်..
ပုရြက္ဆိတ္ေလးတစ္ေကာင္လိုအင္အားေသးငယ္သြားတဲ့
ကြၽန္ေတာ္က...
လြမ္းေနရင္ေတာင္ သူခြင့္ေပးမွ ေတြ႔ခြင့္႐ွိတဲ့ဘ၀မို႔...
လြမ္းနာက်တာေတြကို..အရက္နဲ႔ေျဖခ်ရံုကလြဲ..
တစ္ျခားမ႐ွ္ိ...။
ကြၽန္ေတာ့္အခ်စ္ေတြကို ျမင္ရက္သားနဲ႔
ခဏခဏျငင္းပယ္ခ်ေနတဲ့သူ႔ကိုလဲ အျပစ္မတင္..။
သူ႔ကိုခ်စ္ရမွျဖစ္မွာလား..။
တစ္ျခားလူေတြကိုသြားခ်စ္ပါလားလို႔ ရင့္ရင့္သီးသီး
ေျပာတတ္တဲ့ႏႈတ္ခမ္းပါးပါးေတြကိုလဲ မမုန္းရက္..။
သူ႔ကိုခ်စ္မိလို႔ဆိုၿပီးလဲ တစ္ခါမွ..ေနာင္တမရခဲ့ဖူး...။
ဒါေပမယ့္..သူ႔ရဲ႕တစ္ဖက္သတ္အေတြးေတြ
ေလ်ွာ့ခ်သြားဖို႔ေတာ့ ေမ်ွာ္လင့္ခ်က္ေရးေရးေလး႐ွိပါတယ္..။
ကြၽန္ေတာ့္အခ်စ္ေတြက အရမ္းကိုႏူးညံ့သိမ္ေမြ႔တယ္ဆိုတဲ့
အေၾကာင္းသူသိေအာင္..
တစ္ေန႔ေတာ့ ကြၽန္ေတာ္ေျပာျပခြင့္ရမွာပါ...။
TBC #
Unicode
Zawgyi
ကျယ်ဝန်းလှတဲ့ ခြံကြီးထဲ..
ခမ်းနားလွန်းတဲ့အိမ်ကြီးကို ကျောခိုင်းထားပြီး...
သူ့အတွက်ဆိုပြီး..သူ့အဖေလုပ်ပေးထားတဲ့..
ပန်းခြံထဲက ခုံလေးထဲမှာ...
ကျွန်တော်သိပ်ချစ်တဲ့သူ ..ထိုင်ငိူနေခဲ့တာ..
မိနစ်ပိုင်းတော်တော်ကြာမြင့်နေခဲ့ပြီ..။
ကျွန်တော်ဘယ်လောက်ချော့ချော့..
အငိုတိတ်ဖို့နေနေသာသာ ပိုတိုးလို့ပဲငိုနေတော့
ကျွန်တော့်မှာ ကမ္ဘာကြီးပြိုပျက်ကျနေသလိုမျိုး
ခြေမကိူင်မိလက်မကိုင်မိကိုဖြစ်လို့..။
ရန်ပွဲတွေ ဆက်ဖြစ်နေတဲ့သူ့အဖေနဲ့အမေကိုတောင်
မဆီမဆိုင်မုန်း မိချင်သည်..။
ဦးလေးနဲ့အန်တီ သူ့ရှေ့မှာ ရန်ဖြစ်ပြလို့..
သူငိုနေရတာ...!
"BaekHyunee..တိတ်တော့လေကွာ..
မျက်လုံးတွေတော်တော်ရဲနေပြီ.."
"ငါသိတယ်..အမေက ဒီနေ့ပြန်လာမှာ မဟုတ်ဘူး..
အဖေက အရက်တွေသောက်ပြီးငိုနေဦးမယ်.."
"သိတယ်..သိတာမို့လို့..
မင်းကပဲဖြစ်ဖြစ်..မင်းအမေကိုဖျောင်းဖျနိုင်အောင်
တတ်နိုင်သမျှ...ကြံ့ကြံ့ခိုင်နေရမယ်မလား..?
အဲ့တာကြောင့်မငိုနဲ့တော့နော်.."
"အမေက..အဖေ့ကို ဘယ်တုန်းကမှ ..
မချစ်ခဲ့တာ.."
အဲ့တာပါပဲ..။
သူ့နှလုံးသားလေး..အမြဲတစ်စေကွဲကြေနေရတဲ့အကြောင်း
အရင်း..။
အန်တီက မချစ်မနှစ်သက်ပဲ ဦးလေးကိုယူခဲ့ရလို့..
ဦးလေးက အတင်းအကျပ်နဲ့သူ့ကိုလက်ထပ်ခဲ့လို့..
အမြဲတမ်းဦးလေးကို ကလန်ကဆန်လုပ်တာတွေ..
ဦးလေးနစ်နာရာနစ်နာကြောင်းလုပ်တတ်တာတွေ..
စသဖြင့် သူ့အဖေနဲ့အမေကြားဖြစ်ပျက်သမျှ
အကြောင်းအရာအားလုံးကို..
Byun စံအိမ်ကြီးတစ်ခုလုံးဝက်ဝက်ကွဲသိရုံတင်မက..
ကျွန်တော်တို့အိမ်ကလူတွေပါ..
အစအဆုံးသိနေတဲ့ကိစ္စ..။
ကျန်တဲ့လူတွေအတွက်တော့မဆန်းတော့ပေမယ့်
အဖေနဲ့အမေကြားက တိုက်ပွဲတွေတိုင်းမှာ..
ရင်နဲ့မဆံ့အောင် နာကျင်ခဲ့ရသူက..
ကျွန်တော့်ရဲ့သူဖြစ်နေခဲ့သည်..။
ဒီနေ့လဲ..ထုံးစံထက်ပိုသည့် ရန်ပွဲတစ်ခုကြောင့်..
အန်တီက ..ရှင့်ကိုသတ်ပစ်မယ်လို့ပြောပြီး..
အိမ်ကနေထွက်သွားခဲ့သည်နဲ့ထပ်တူ..
ဦးလေးလက်ချက်ကြောင့် ဧည့်ခန်းတစ်ခုလုံးမွစာကြဲပြီး..
သူသိပ်ချစ်ပါသည်ဆိုသည့် သားငယ်ကလေး
Baek Hyun ကိုပင်..ချောင်ထဲထိုးထားမိသည့်အထိ..
ဦးလေးByun စိတ်တွေလွင့်နေခဲ့သည်..။
မနက်ထဲကရန်ပွဲ အရှိန်က..
အခု ည၆ နာရီကျော်တဲ့အထိတိုင်..
ဦးလေးရဲ့စိတ်တွေကို တည်ငြိမ်အောင်လုပ်နိုု်င်စွမ်းရှိသည့်ပုံမပေါ်..။
အကျိုးဆက်ကတော့ BaekHyunee ရဲ့
ပါးပြင်ဖြူဖြူတွေမှာ မျက်ရည်စက်တွေအကျည်းတန်စွာ
ကျဆင်းနေရခြင်းပင်..။
"အမေမရှိလဲ..
ငါက မင်းအတွက်သူငယ်ချင်းလိုရော..
မင်းအမေရဲ့နေရာ ကနေရော..ချစ်ပေးမှာမို့..
ကျေးဇူးပြုပြီးသာ မငိုနဲ့တော့နော်..
မင်းမျက်လုံးတွေအရမ်းမို့ဖောင်းနေပြီ..
Baek Hyun ရဲ့..."
အဲ့အချိန်ကစခဲ့တာဖြစ်မည်...။
ငယ်သူငယ်ချင်းသံယောဇဉ်ကြိုးတစ်ချောင်းရဲ့..
နက်နက်ရှိုင်းရှိုင်းတွယ်ငြိနေမိတဲ့အပေါ်..
ကျွန်တော်တစ်ဆင့်ထပ်တိုးမိလိုက်တာ...
သေချာပေါက် အဲ့ဒီအချိန်က ပဲဆိုတာ..
ကျွန်တော်ပြောရဲသည်..။
မျက်ရည်ဗရပွနဲ့နာနာကျင်ကျင်ငိုကြွေးနေသည့်..
ကောင်လေးကို..
ကျွန်တော့်ရင်ခွင်ထဲ ထည့်..
ကျောပြင်လေးကိုဖွဖွလေးပုတ်ပေးပြီး...
သူနာကျင်နေရတဲ့အဖြစ်ကို မကြည့်ရက်နိုင်စွာ..
နှစ်သိမ့်ပေးခဲ့သည်..။
နောက်ကျရင် တစ်ခြားလူတွေက
ဘယ်လိုဘယ်ပုံ နာကျင်အောင်လုပ်ကြပါစေ..
ကျွန်တော်ကတော့..သူ့ဘေးမှာ..
သူ့လက်ကလေးမြဲမြဲကိုင်ပြီးရှိနေပေးပါမယ်လို့..
၁၂ နှစ်အရွယ်ကလေးတစ်ယောက် နဲ့မလိုက်ဖက်စွာ
သူ့အပေါ်မှာ ..ခံစားချက်တွေနယ်လွန်မိခဲ့သည်...။
သူ့ကိုချစ်မိခဲ့သည်....။
သူကတော့...။
:::::::::::::::::::::::::::::::
"အမေက အဖေ့ကိုသတ်လိုက်ပြီ...
သူ့ချစ်သူနဲ့ကွဲအောင်လုပ်ပြီးသူ့ကိုအပိုင်သိမ်းထားလို့
အပြစ်ကြွေးဆပ်ခိုင်းတာတဲ့.."
"ဟမ်..!?"
"အမေလဲထွက်သွားပြီ...
ကားအက်စီးဒင့်က သူလုပ်ခဲ့တာလို့..
ဦးလေး Minကို ပြောနေတာ..ငါကိုယ်တိုင်ကြားခဲ့တယ်.."
စောစောကလေးတင်ကျွန်တော်တို့အိမ်ကိုပျံ့လွင့်လာခဲ့သည့်
ဦးလေး Byun..ကားအက်စီးဒင့်ဖြစ်သည်ဆိုသည့်
သတင်းကြောင့်..
သူ့ကိုစိုးရိမ်လွန်ပြီး သူ့အိမ်ကိုချက်ချင်းပြေးလိုက်လာကြည့်ရာတွင်..မနေ့ကလို..သွေးရူးသွေးတန်းနဲ့
ငိုနေတာမျိုးမရှိပဲ..
ဘာမှ မဖြစ်သလို တည်ငြိမ်နေသည်..။
မဟုတ်ဘူး...!
ဘာမှမဖြစ်သလို တည်ငြိမ်နေတာမဟုတ်ပဲ..
နာကျင်ရလွန်းအားကြီးလို့ ငိုဖို့မျက်ရည်မရှိတော့တာမျိုး..။
ပြီးတော့တစ်ခုခုကို အရွဲ့တိုက်ချင်တဲ့အရိပ်အယောင်တွေ
သူ့မျက်နှာလေးမှာ..ပြည့်လျှံကျလျက်ရှိသည်..။
တစ်ခုခုမှားယွင်းတော့မယ်ဆိုတာ...
ကျွန်တော်သိလိုက်တယ်..။
ကျွန်တော်ထင်တဲ့အတိုု်င်း..နောက်ထပ်နာရီပိုူ်င်း
လောက်အကြာမှာ..ဦးလေးByun ဆုံးပြီဆိုတဲ့..
သတင်းကို ကြားလိုက်ရတာနဲ့အတူ...
ကျွန်တော့်နံဘေးကကောင်လေး..
ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်လဲကျသွားခဲ့သည်..။
ကျွန်တော်ကငိုချချင်ငိုချလိုက် ပြောပေမယ့်..
လုံးဝမငို..။
လောကကြီးကို စိတ်ကုန်သွားတဲ့ပုံစံမျိုးနဲ့..
နာရီအချို့ကြာအောင် အဲ့နေရာမှာ..
မတုန်မလှုပ်ထိုင်နေခဲ့သည်..။
ဘေးနားကနေ ကျွန်တော်ဖေးမပေးနေပေမယ့်လဲ...
ကျွန်တော် မဖြစ်စေချင်တဲ့အခြေအနေကြီးကို...
သူလွယ်လွယ်ကူကူပဲ ပြောင်းလဲသွားခဲ့တဲ့အခါ..။
ကျွန်တော်သိတဲ့ Byun Baek Hyun ဆိုတဲ့
ကောင်လေးတစ်ယောက်..
သူ့အဖေဆုံးသွားပြီးတဲ့နောက်ပိုင်း...
အချစ်ဆိုတဲ့အရာ..
သံယောဇဉ်ဆိုတဲ့အရာကို..
မကြားချင်လောက်အောင်မုန်းတီးလို့သွားခဲ့သည်တဲ့လေ..။
အဲ့တာနဲ့ထပ်တူပဲ..
သူ့ဘေးနားမှာ..သေရင်တောင်မကျွတ်လောက်မယ့်
ငြိတွယ်ခြင်းတွေနဲ့အရိပ်လိုကပ်ညိနေတဲ့..
ကျွန်တော့်ဘ၀ ကံဆိုးမိုးမှောင်ကျခဲ့သည်...။
သူအမြဲတမ်းကျွန်တော့်နှလုံးသားကို..
နှိပ်စက်ညှင်းပန်းနေတာကိုတော့..
အထူးလုပ်ပြီးပြောနေစရာမလိုတော့လောက်အောင်ပင်..
သူ့ရဲ့ ရက်စက်တတ်မှု တွေကြားထဲ..
ကျွန်တော်နေသားကျခဲ့သည်..။
သူပြောတာကတော့ သူ့အမေကို မုန်းတယ်တဲ့..။
ပြီးတော့..
ကိုယ့်ကိုသေမလိုမုန်းနေတဲ့မိန်းမကို သေမလိုခယခဲ့တဲ့
အဖေ့ရဲ့ အချစ်ဆိုတဲ့ ပေါကြောင်ကြောင်အရာကိုလဲ..
အထင်မကြီးဘူး..။
ရှုံ့ချတယ်တဲ့လေ..။
အဲ့ဒါကြောင့် သူ့ဘေးနားမှာ သူ့ကို
ချစ်တယ်လို့တဖွဖွပြောနေတဲ့ ကျွန်တော့်ကိုလဲ...
သူ သေမလိုရှုံ့ချခဲ့ပါသည်...။
ဒါပေမယ့်ကျွန်တော်ကတော့..ကျွန်တော်သေမှပဲ..
သူ့ဘေးနားကခွာမည်ဆိုတဲ့ သံဓိဌာန်တစ်ခုဆွဲကိုင်
လျက်ပဲ..
သူ့ရက်စက်မှုတွေကြားမှာ..
အလဲလဲအပြိုပြိုရှုံးနိမ့်လို့...။
ဒါပေမယ့်ကျွန်တော်ပျော်ပါတယ်...။
::::::::::Tyranny :::::::::::
After 14 yrs have passed,...
တစ်လက်လက်တောက်ပနေသော..စိန်အပွင့်တွေကို
စေ့စေ့ပေါက်ပေါက် ကြည့်ရှုစစ်ဆေးနေသည့် လူကြီးကို
ကြည့်ပြီး ကျွန်တော်သိပ်စိတ်မရှည်ချင်တော့..။
Park Chan Yeol ဆိုတာ ဒီလောကထဲမှာ..
နာမည်တစ်လုံးနဲ့ နေနေတဲ့လူမှန်း
သိသိကြီးနဲ့..သူ သက်သက်မထီမဲ့မြင်လုပ်နေတာ...။
လုပ်စရာရှိတဲ့ကိစ္စတွေအပြတ်ဖြတ်ပြီး...
ကိုယ့်လမ်းကိုယ်ပြန်ကြရင်ပြီးတာပဲကို..
တစ်ကယ်..ဒီလူ...။
ပုံမှန်ဆို..ဒီလိုအရောင်းအဝယ်ကိစ္စမျိုးက..
ကျွန်တော် လိုက်လာရတဲ့အထိမဟုတ်ပေမယ့်..
ရှေ့ကတစ်ဖွဲ့ က နည်းနည်း..ကလိမ်ကျတတ်တာမို့..
ငယ်သားတွေချည်းပဲ စိတ်မချလို့
လိုက်လာရင်း..ဒီအဖွဲံဆီပါ..လိုက်လာဖြစ်လိုက်တာ..။
တစ်နေ့လူံး.ဟိုသွားဒီသွားနဲ့..
ကိစ္စတွေရှုပ်ယှက်ခတ်အောင် လုပ်ခဲ့ရလို့..
နားချင်နေပါသည်ဆိုမှ အရစ်ရှည်တဲ့အမျိုးနဲ့..
လာတွေ့ဆိုသလိုပင်...။
ကျွန်တော်ဒီအလုပ်လုပ်ကတည်းက..
ဖက်စပ်လုပ်လာတဲ့လူမပီသစွာ..
လျှာရှည်နေတဲ့ လူကြီး..။
ခေါင်းပြောင်ပြောင်ကို သေနတ်ဒင်နဲ့ထု လိုက်ချင်တဲ့
စိတ်တွေကို မနည်းထိန်းနေရသည်..။
"စစ်ပါတယ်.."
ဓာတ်မီးသေးသေးလေးကို သိမ်းပြီး..
စစ်ပါတယ်လုပ်နေတဲ့ပုံကို အမြင်ကပ်လွန်းလို့ ဘာစကားမှ
ပြန်မနေတော့ပဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ
နေလိုက်သည်..။
ပြန်ပြောနေရင် မိတ်ဖြစ်ဆွေဖြစ် စကားဝိုင်းလေးက
၄၅ မိနစ်လောက်ကြာသွားနိုင်တဲ့ဒီခေါင်းပြောင်ကြီး
အကြောင်းကို သိထားတယ်မလား...။
အဲ့တော့ ဘာမှပြောမနေတော့ပဲ..
ဘေးနားက ပိုက်ဆံသေတ္တာကို လက်ကဆွဲပြီး..
တပည့်တွေခေါ်ကာ..
ခေါင်းပြောင်ကြီးကိုနှုတ်ဆက်ပြီး ပြန်ခဲ့လိုက်သည်..။
"နောက်လဲ ဒီလိုပဲ အလုပ်လက်တွဲလုပ်ချင်ပါတယ်..
Park Chan Yeol လူငယ်လေး.."
"ကျွန်တော်လဲတူတူပါပဲ..
ခုတော့ခွင့်ပြုဦးနော်.."
"ကောင်းပါပြီဗျာ.."
အရှုပ်ထုတ်တစ်ခုအဆုံးသတ်သွားပြီဆိုပြီး..
ကားရှိရာကို မြောက်ကြွမြောက်ကြွပြန်လှမ်းလာခဲ့တဲ့..
ခြေထောက်တွေက..
အိမ်ပြန်ရောက်ရင် အိပ်စက်အနားယူရတော့မယ့်အရေး
တွေးပြီး ကြိုပျော်နေသလို..။
စိုးရိမ်စရာမရှိတဲ့ဂိုဏ်းမို့
ပိုက်ဆံပြန်လုပြီး သတ်မှာဖြတ်မှာတွေလဲ မလုပ်တတ်တဲ့
ခေါင်းပြောင်ကြီးမို့..
စိတ်ပူစရာမရှိတာလဲ ပါမည်...။
ညဘက်ကောင်းကင်ပြင်ကျယ်ကြီးကို..
မော့ကြည့်ရင်းကားရှိရာ ပြန်လျှောက်လာခဲ့လိုက်သည် ..။
"ဆရာ..ဖုန်းတွေဝင်ထားပါတယ်.."
"အာ..BaekHyunee ဆက်ထားတာပဲ.."
အလုပ်လုပ်နေရင်..ဖုန်းကိုထားပစ်ခဲ့သည့်
အကျင့်ကြောင့်..ခုနကလဲ..ကားထဲမှာသာထားပစ်ခဲ့သည်..။
ကားထဲဝင်ဝင်ချင်း..ဒရိုင်ဘာက လက်ထဲဖုန်းထည့်ပေး
လာတာကြောင့် ဆက်သွယ်သူနာမည်ကို..
ကြည့်လိုက်တော့..
ကျွန်တော့်ရဲ့ကောင်းကင်လေး..။
အဲ့တာထက်အရေးကြီးတာက..
missed call လေးခုတောင်ဖြစ်နေတာကြောင့်..
သွေးတွေနားထင် ဆောင့်တက်သွားသလို..။
BaekHyunee ဘာများဖြစ်လို့လဲ..။
"ဟယ်လို..Khyunee..
ကိုယ့်ကို ဖုန်းတွေဆက်ထားလို့..
ကိုယ်ခုနက စိန်ရောင်းနေတာနဲ့ ..ဖုန်းမကိုင်ဖြစ်လိုက်တာ.."
"....."
"အဲ့တာဆို..ကိုယ်အခုလာခဲ့ရမလား..?
အာ...
မလာရတော့ဘူးလား.."
ဖုန်းထဲကနေ ပျံ့လွင့်လာသည့် ကျွန်တော်သိပ်ချစ်ရသည့်
အသံချိုချိုလေးသည်..
ဒေါသထွက်ခြင်းတစ်စုံတစ်ရာ မရောယှက်နေပေမယ့်..
ကျွန်တော့်ရင်ကို ဓားနဲ့ထိုးနှက်လိုက်သလို..။
စောစောက ဖုန်းတွေဆက်ထားတာက..
ကျွန်တော့်ကိုအရမ်းသတိရနေမိလို့..
တွေ့ချင်လို့ပါတဲ့..။
ဒါပေမယ့်အခုတော့..နည်းနည်းလေးမှ မတွေ့ချင်တော့တာမို့...
သူ့ဆီလာစရာ မလိုတော့ပါဘူးတဲ့လေ..။
သူနည်းနည်းတော့ရက်စက်တယ်မထင်ဘူးလား..။
ကျွန်တော်မအားလပ်လို့သူ့ဖုန်းမကိုင်မိလိုက်တဲ့အကြောင်း
သေချာပေါက်ရှင်းပြခဲ့ပါရက်..
သူမျက်နှာလေးကို သူ့ဆန္ဒပါပါနဲ့ ဖူးမော်ခွင့်လေးကို..
ကျွန်တော်နဲ့လက်တစ်ကမ်းမှာ..ပေးအပ်ခဲ့ပေမယ့်လို့..
ကျွန်တော့်ရဲ့မျှော်လင့်ချက်တွေကိုအဆုံးထိ
ပြန်ပြီးရိုက်ချသွားခဲ့ပါသည်..။
သူဘာပြောပြော..ကျွန်တော်တွေ့ချင်ရင်သွားတွေ့လို့ရပေမယ့်..
သူနဲ့ယှဉ်ရင် ကျွန်တော့်မှာရှိသည့် စွမ်းဆောင်နိုင်ရည်တွေ..
အာဏာတွေဆိုတာ..ဘာမှမဟုတ်တော့သလိုပင်..။
သူသာကျွန်တော်နဲ့တွေ့ချင်စိတ်မရှိရင်..
သူ့အိမ်ကြီးထဲသာ ခြေချလို့ရချင်ရမည်..။
သူရှိနေတဲ့ အခန်းထဲကို ခြေဦးတောင်လှည့်ခွင့်မရ..။
သူ့မျက်နှာလေးမြင်ရဖို့ဆိုတာ...
နေသာအနောက်ဖက်က ထွက်ချင်ထွက်လာလိမ့်မည်..။
သူ့ကိုတွေ့ရဖို့ကတော့ မဖြစ်နိုင်..။
သူကျွန်တော့်ကိုတွေ့ချင်မှသာ..
ကျွန်တော့်မှာ..မြတ်မြတ်နိုးနိုးနဲ့သူ့မျက်နှာလေး
မော်ဖူးခွင့်ရှိသည်...။
မတရားဘူးဆိုတာသိပေမယ့်..
ကြင်သူက အဲ့လိုဆန္ဒရှိပါတယ်ဆိုမှ ကျွန်တော်ကဘာတတ်နိုင်မှာတဲ့လဲ..။
အခုလဲ..အိမ်ပြန်ရင် အိပ်စက်အနားယူလိုက်တော့မယ်လို..
တွေးတောထားတဲ့လူကို..
ကယက်ရိုက်အောင် ပြုစားသွားပြန်တာကြောင့်..
ကျွန်တော်ရှုံးရပြန်သည်..။
ကျွန်တော်တွက်တာမမှားဘူးဆိုရင်..
ကျွန်တော်သူနဲ့မတွေ့ရတာ..၁၁ ရက်ရှိနေပြီ..။
သူ့လိုအင်အားကြီးချင်လို့..
သူ့အဖေရဲ့အရိုက်အရာကိုဆက်ခံခဲ့တဲ့..
သူ့လိုမျိုး..
ကျွန်တော်လဲ gangster တစ်ယောက်ဖြစ်အောင်
ကြိုးစားခဲ့ပေမယ့်...
တစ်ခြားနေရာမှာသာ..ပါဝါကြီးချင်ကြီးလိမ့်မည်..။
သူ့မာန်မာနနဲ့အတ္တဆိုတဲ့အရာတွေနဲ့..
ယှဉ်လိုက်တဲ့အခါကျ..
ပုရွက်ဆိတ်လေးတစ်ကောင်လိုအင်အားသေးငယ်သွားတဲ့
ကျွန်တော်က...
လွမ်းနေရင်တောင် သူခွင့်ပေးမှ တွေ့ခွင့်ရှိတဲ့ဘဝမို့...
လွမ်းနာကျတာတွေကို..အရက်နဲ့ဖြေချရုံကလွဲ..
တစ်ခြားမရှိ...။
ကျွန်တော့်အချစ်တွေကို မြင်ရက်သားနဲ့
ခဏခဏငြင်းပယ်ချနေတဲ့သူ့ကိုလဲ အပြစ်မတင်..။
သူ့ကိုချစ်ရမှဖြစ်မှာလား..။
တစ်ခြားလူတွေကိုသွားချစ်ပါလားလို့ ရင့်ရင့်သီးသီး
ပြောတတ်တဲ့နှုတ်ခမ်းပါးပါးတွေကိုလဲ မမုန်းရက်..။
သူ့ကိုချစ်မိလို့ဆိုပြီးလဲ တစ်ခါမှ..နောင်တမရခဲ့ဖူး...။
ဒါပေမယ့်..သူ့ရဲ့တစ်ဖက်သတ်အတွေးတွေ
လျှော့ချသွားဖို့တော့ မျှော်လင့်ချက်ရေးရေးလေးရှိပါတယ်..။
ကျွန်တော့်အချစ်တွေက အရမ်းကိုနူးညံ့သိမ်မွေ့တယ်ဆိုတဲ့
အကြောင်းသူသိအောင်..
တစ်နေ့တော့ ကျွန်တော်ပြောပြခွင့်ရမှာပါ...။
TBC #