The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

3 Hours ago

8.1K 552 61
By aseinnkyaw

Unicode

"ရှင်း မင်းနဲ့ငါပွင့်ပွင့်လင်းလင်းဆွေးနွေးကြမလားဟင် "

နှစ်လအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရှင်းနဲ့
သူ ဆုံတွေ့ဖြစ်ခြင်းဖြစ်သည်။

နှစ်လဆိုသည့်အချိန်က နှစ်ရှည်လများငြိတွယ်ခဲ့ရတဲ့ သံယောဇဉ်တွေကို အပြီးတိုင်ခြေဖျက်လိုက်
ဖို့လုံလောက်တဲ့အချိန်တစ်ခုတော့မဟုတ်ပေမဲ့ အကို့မျက်နှာကိုမြင်ယောင်လာတိုင်း ရှင်းကို အကို ပိုင်ဆိုင်သည့် မူပိုင်အရာတစ်ခုအဖြစ် သူကျေကျေနပ်နပ် ခံယူထားပြီးသားဖြစ်သည်။

"ပိန်သွားတယ် ရှင်း နှစ်လအတွင်း မင်းဘာတွေ
လုပ်နေတာလဲ "

အချိန်တွေဘယ်လောက်ပဲကြာကြာ ရှင်းမျက်နှာအရိပ်အကဲကိုပဲ ကြည့်နေတတ်သည့် သူ့အကျင့်ကတော့ အခုထိပျောက်မသွားသေး။

"ဆောရီး ရှင်းရာ ငါမင်းကို အရမ်းစိုးရိမ်နေသလိုဖြစ်သွားတယ် တကယ်တော့ ငါတို့ဆက်ဆံရေးက အရင်လိုမှ မဟုတ်တော့တာပဲ "

သူဘာသာ မလုံမလဲနဲ့တိုးတိုးပြောမိတော့ ရှင်းက
ခပ်သဲ့သဲ့ရယ်သည်။

"ငါလူတစ်ယောက်အကြောင်းကို နှစ်လလုံးစဉ်း
စားနေခဲ့တာ အဲလူအပေါ်မှာထားတဲ့ ငါ့အချစ်တွေကို ငါ့ဘာသာပြန်တိုင်းတာနေခဲ့တာ ။သူမရှိပဲ ငါတစ်ယောက် တည်းရှေ့ဆက်နိုင်ဖို့သေချာရဲ့လားဆိုတာ ငါ့ဘာသာ ပြန်ဆန်းစစ်နေခဲ့တာ "

"မင်းအခုထိတွေဝေနေတုန်းလား ရှင်း ငါးနှစ်လုံးစွဲစွဲလမ်းလမ်းချစ်ခဲ့ရတဲ့ လူတစ်ယောက်ကို လက်
လွှတ်နိုင်မယ်လို့ မင်းကိုယ်မင်း အာမခံနိုင်လို့လား ငါသာ မင်းနေရာမှာဆို အကို့ကိုတစ်သက်လုံးအနားမှာဆွဲထားလိုက်မှာ "

ချမ်းမြေ့ရဲ့ပုံစံက သာမာန်နေ့တွေနဲ့အတူပဲထူးခြားစွာ အေးစက် တည်ငြိမ်နေသည်။

ဒီနှစ်လအတွင်းမှာပဲ ချမ်းမြေ့လည်းအများကြီး ရင့်ကျက်ပြောင်းလဲသွားပြီပဲ။

"မင်းကဘာလို့အချိန်လေးနှစ်လအတွင်းမှာဒီလောက်လူကြီးဆန်ပြီးရင့်ကျက်သွားရတာလဲနှစ်လလုံးလည်း မင်းငါ့ကို အဆက်အသွယ်မလုပ်ဘူး"

"မေးရက်တာ ရှင်းရာ ငါချစ်တဲ့ လူတစ်ယောက်ကို
တခြားတစ်ယောက်လက်ထဲ ထိုးပေးလိုက်ရတာကို ငါကပျော်ပျော်ကြီးနေနိုင်မယ်လို့ ထင်နေတာလား အကိုမို့သာပေါ့ တခြားလူဆို မင်းကိုငါ ဆွဲထားလိုက်မှာ "

လိုချင်တာမရသဖြင့် ကလေးငယ်တစ်ယောက်လို
စူပုတ်နေသလိုပုံစံမျိူးဖြစ်နေသည့် ချမ်းမြေ့ကို ကြည့်ရင်း ရှင်းကပါးချိူင့်တွေ ပေါ်လာသည်အထိ ပြုံးမိသွားသည်။

ဟန်ဆောင်နေတာထက် အခုလို မင်းပေါ့ပေါ့ပါးပါးနေတဲ့ပုံစံလေးကိုပဲ ငါ တကယ်မြင်ချင်ခဲ့တာ ချမ်းမြေ့ ။

"အခုလိုပဲ အမြဲနေစမ်းကွာ ချမ်းမြေ့ မင်းရဲ့မူရင်း
ပုံစံက ပိုချစ်ဖို့ကောင်းပြီး မင်းနဲ့ပိုလိုက်တယ် "

ရှင်းက ချမ်းမြေ့ရဲ့ဆံပင်ဖွာဖွာလေးတွေကိုလက်နဲ့ဖွလိုက်ရင်း ကလေးတစ်ယောက်ကို ကြည့်နေသလို အမြတ်တနိုးငေးကြည့်သည်။

"ငါ့အသားကိုမထိနဲ့ရှင်း မင်းရဲ့လူကြီးမြင်သွားရင် င့ါကို လက်သီးနဲ့ထိုးလိမ့်မယ် "

"ဟား ဟား Bro အချစ်ကိုလက်ခံမယ်လို့ငါပြောမိလို့လား အခုဆို သူငါ့ကို မေ့နေရင်တောင်မေ့နေမှာ ငါးနှစ်လုံးတောင်ငါမရှိပဲ နေနိုင်သေးတာပဲ ငါချစ်နေတာကိုတောင် သိသိရက်နဲ့ဥပက္ခာပြုထားနိုင်သေးတာ "

"မင်းမှားနေပြီ ရှင်း အကိုမင်းကို ချစ်ခဲ့တယ် သူမင်းကို တကယ်မြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့တာ ရှင်း ပြီးတော့ မင်းလည်း သူ့ကိုချစ်တယ်မဟုတ်လား ဘာလို့ကိုယ့်ဘာသာနှိပ်စက်နေမှာလဲ ရှင်းရာ"

"မင်းက အောင်သွယ်နေတာလား ချမ်းမြေ့ မင်းရဲ့အကို ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ငါ့ကိုထိုးပေးနေတာလား "

"ငါချစ်တဲ့ လူနှစ်ယောက်လုံးကို ပျော်စေချင်တာပါ"

ပါးလျစွာတိုးတိမ်၀င်သွားသော အသံတိုးတိုးနဲ့ ရုတ်ချည်းညှိုးငယ်သွားသော မျက်နှာတစ်ခု ။

ဒါကိုရိပ်မိသွားသော ရှင်းက ချမ်းမြေ့ရဲ့လက်ကိုအားပေးသလို ဖွဖွဆုပ်ကိုင်လာသည်။

"ငါ့ကို အားမနာနဲ့ရှင်း မင်း အစစ်အမှန်ချစ်ခဲ့တဲ့သူကိုရွေးချယ်လိုက်မိလို့လည်း ဘယ်တော့မှနောင် တမရနဲ့ မင်းကိုလက်လွှတ်ပေးဖို့ ငါအကုန် ပြင်ဆင်ထားပြီးသား တကယ်တော့ မင်းနှလုံးသားကအကို့ ရင်ဘတ်နဲ့မှ အံ့၀င်ခွင်ကျဖြစ်တာ"

ချမ်းမြေ့က သူ့လက်ကို ဖွဖွဆုပ်ကိုင်လာသော ရှင်းရဲ့လက်တွေကို အသာအယာပြန်တွန်းဖယ်လိုက်သည်။

"ကျေးဇူးပဲ ချမ်းမြေ့ မင်းက ငါ့အတွက်အမြဲတမ်းသူငယ်ချင်းကောင်းပဲ "

ရှင်းက ချမ်းမြေ့ကို ကြည့်ရင်း တိုးဖွစွာဆိုလိုက်တော့ ထိုအကြည့်တွေကို နားလည်သည့်ဟန်ဖြင့် ချမ်းမြေ့က ကြည်လင်စွာပြန်ပြုံးပြသည်။

ကိုယ်ချစ်တဲ့သူ ပျော်နေတာကို ကြည့်နေရတာ လည်း အချစ်တစ်ခုပါပဲ ။

"သားတို့ရေ ဒုက္ခတော့ရောက်ပြီ "

ရှင်းရဲ့အမေ ဒေါ်ရတီခင်က ဖုန်းပြောနေရင်းအခန်းထဲသို့အလန့်တကြားပြေး၀င်လာတာမို့ ရှင်းရော ချမ်းမြေ့ပါ မျက်ပြူးဆန်ပြာဖြစ်ကုန်သည်။

"မေမေ ဘာဖြစ်လို့လဲဟင် "

"မမသဇင် ဖုန်းဆက်တာ သူ့သား ထူးထက်ခေါင်
ဘုန်းကြီးအပြီး၀တ်တော့မယ်ဆိုပြီး ဘုန်းကြီး
ကျောင်းကို သူ့တပည့်တွေနဲ့အတူထွက်သွားလို့တဲ့ တစ်အိမ်လုံးလည်း တားမရဘူးပြောတယ် အခုပဲ သူ့ကားနဲ့ စစ်ကိုင်းတောင်ပေါ်ကျောင်းကိုထွက်သွားပြီတဲ့ "

"ဗျာ "

အာမေဍိတ်သံနှစ်ခုသည် သူတို့နှစ်ယောက်လုံးဆီမှ တစ်ပြိုင်နက်တည်းဆိုသလိုထွက်လာသည်။

"သား ရှင်းလေး သားလိုက်သွားပြီးတားမှ အဆင်
ပြေလိမ့်မယ် မြန်မြန်လိုက်သွားလိုက် "

မေမေက သူ့အားအရာအားလုံးကို ခွင့်လွှတ်နားလည်နိုင်သလိုအကြည့်မျိူးဖြင့် ကြည့်လာသည်။

ဒီနှစ်လအတွင်းမှာ ရှော့ခ်ရစရာ ကိစ္စတွေအများကြီး ဖြစ်သွားခဲ့သောကြောင့် သူ့အခြေအနေက မေမေ့ကိုတောင် ကောင်းကောင်းရင်မဆိုင်ရဲသေး။

ပထမဆုံးနှစ်ဖက်မိဘဆွေမျိူးအသိုင်းအဝိုင်းအားလုံးက မျှော်လင့်တကြီး စောင့်စားနေကြသော Bro နဲ့ ရွှန်းရွှန်းရဲ့ မင်္ဂလာပွဲပျက်သွားသည်။

Bro Company က၀န်ထမ်းတစ်ယောက်ရဲ့လက်
ချက်ဖြင့် အလှစီးသင်္ဘောပေါ်မှာ Bro သူ့ကို Propose လုပ်တဲ့ Video ဖိုင်လည်း တခဏချင်း ပျံ့သွားခဲ့သည်။

Star Construction Group ရဲ့ CEO သူဌေးလေးက ကောင်လေးတစ်ယောက်အား သင်္ဘောပေါ်တွင်လက်ထပ်ခွင့်တောင်းပြီး အငြင်းခံလိုက်ရသော Romantic ဆန်ဆန် Video ဖိုင်သည် မိနစ်ပိုင်းအတွင်း like&Share ပေါင်းသိန်းဂဏန်းထိရောက်ကာ သတင်းခေါင်းစီးတိုင်း၏ထိပ်ဆုံးနေရာတွင်ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည်။

Broမိသားစုရောသူ့မိသားစုကပါ ထိုကိစ္စအတွက် ခေါင်းကိုက်စရာတွေဖြစ်ခဲ့ကြပြီးမှ အခုမေမေကိုယ်တိုင်က မျက်နှာရိပ်မျက်နှာကဲပြကာ Bro ရှိတဲ့နေရာကိုအတင်းလွှတ်နေတာမို့ ရှင်းတစ်ယောက် အံ့သြလို့ပင်မဆုံးတော့ ။

"ရှင်းလေးက မေမေ့ကို မယုံသင်္ကာဖြစ်နေတာလားမေမေဆုံးဖြတ်ပြီးသွားပြီ မေမေ့ရည်ရွယ်
ချက်က မမသဇင်တို့ မိသားစုနဲ့နှစ်အိမ့်တစ်အိမ်ဖြစ်စေချင်တာ။ သမီးနဲ့မရလည်း သားနဲ့ပေးစားမှာ မြန်မြန်သာလိုက်သွား သားလေး နဲ့ ထက်ခေါင်လေးကို ဘယ်သူမှသဘောမတူလည်း မေမေ သဘောတူတယ် "

မေမေ ပြုံးနေသည်။ ထိုအပြုံးသည် တစ်ခုခုအပေါ်မေမေ စိတ်တိုင်းကျတိုင်း ရွှင်ရွှင်ပြပြ ပြုံးတတ်သည့် အပြုံးမျိူးပင်ဖြစ်သည်။

ဒီလောက်ဆို သူ မေမေ့ကို ယုံကြည်လို့ရပြီ ။

"ရှင်း စဉ်းစားမနေနဲ့တော့ မြန်မြန်သွားရအောင် မင်းနောက်ကျနေမှ ကိုယ်တော်ကို ပစ်မှားမိတဲ့ အမှုနဲ့ ငရဲကြီးနေမယ် "

ချမ်းမြေ့ရဲ့ရွှတ်နောက်နောက်ပြောလာသည်မို့ ရှင်းအားပါးတရပြုံးလိုက်သည်။

နောက်တော့တွေဝေ နေပုံရသောမျက်နှာတစ်ခုသည် ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာချလိုက်သည့်ဟန် ဖြင့် ချမ်းမြေ့အား ခေါင်းငြိမ့်ပြလိုက်သည်။

သူ့ ဘ၀တွင် Bro မရှိလို့မဖြစ်ဘူးဆိုတဲ့ ခိုင်မာလှသည့် အတွေးတစ်ခု ခေါင်းထဲ၀င်လာချိန်မှာတော့ ချမ်းမြေ့ရော သူပါလှေကားပေါ်က ဒလေဟာ ပြေးဆင်းလာနေပြီဖြစ်သည်။

ထိုနောက် ကားပေါ်သို့ ကမန်းကတန်း၀င်ထိုင်လိုက်ရင်း စစ်ကိုင်းဘက်ကိုသွားသည့် မိန်းလမ်းမပေါ်သို့အမြန်ဆုံး အရှိန်နှုန်းဖြင့် ဦးတည်လာခဲ့သည်။

" ချမ်းမြေ့ မြန်မြန်မောင်းကွာ "

မီတာကုန်မောင်းနေတာကိုတောင်ဘေးကနေလှုံ့ဆော်ပြီးရင်း လှုံ့ဆော်နေကာ ဖင်တကြွကြွဖြစ်နေတဲ့ ရှင်းကို ကြည့်ရင်း ချမ်းမြေ့ကတဟားဟားနဲ့အော်ရယ်သည်။

"ခုနကကျမချစ်ဘူးဆို အခုကျ စိုးရိမ်နေတာ
နှစ်ယောက်မရှိပါလား "

"မင်းကလည်းကွာ "

အချစ်တို့ဖြင့်ထုံမွှမ်းထားသောရှင်း၏ပါးပြင်တစ်ခုလုံးသည် သွေးကြောများဖောက်ထွက်လာတော့မည့်ပမာ နီရဲနေလေ၏။

ထို့နောက် ရှင်းကပင် အံသြတကြီးဖြင့်

"ဟာ ပဉ္ဇင်းခံမှာ စိုင်းစင်ခေးဆိုင်ရောပါတယ် "

"ဘာ "

ဖုန်းကိုကြည့်ရင်း သရဲမြင်သလို လန့်အော်တော့ ချမ်းမြေ့ကားမောင်းနေရင်းပင် ဘာဟု အသံကျယ်
ကြီးနဲ့ယောင်ယမ်းထူးကာ ရှင်းဘက်သို့ မြန်ဆန်စွာလှည့်ကြည့်လာလေသည်။

"လန့်လိုက်တာချမ်းမြေ့ရာ ဖြေးဖြေးအော်ပါ နားတွေလည်းကွဲထွက်တော့မယ် ဒါနဲ့မင်းက ဘာကိစ္စ အဲဒီလောက်အလန့်တကြားဖြစ်သွားရတာလဲ "

"ငါ့ကို မင်း ဖုန်းပြစမ်းပါ ရှင်း "

ချမ်းမြေ့က ရှင်းရဲ့အဖြေကိုပင် မစောင့်နိုင်ပဲရှင်း လက်ထဲကဖုန်းကို ဆတ်ခနဲဆွဲကြည့်လိုက်သည်။

"ကျွန်တော် တစ်သက်လုံး ဦးဇင်းဝတ်တော့မယ်
ကိုရှင်းကို နှုတ်ဆက်ခဲ့ပါတယ် ကိုကို့ကိုလည်း
သတိရတယ်လို့ပြောပေးပါဦး "

"ဒီကလေး ဘာထကြောင်တာလဲ ကျွတ်စ် "

ခေးဆိုင်ပို့ထားသော ရှင်းဖုန်းထဲက SMS ကိုကြည့်ရင်း ချမ်းမြေ့က စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သည်။

တကယ်ဆို ဒီ SMS က သူ့ကိုဦးတည်ပြီး တိုက်ရိုက်ပို့တာလည်းမဟုတ်ပါပဲ ခေးဆိုင်ကိုပဲ နှမြောသလိုလို ဦးဇင်းအပြီးဝတ်သွားမှာကိုပဲ စိုးရိမ်နေသလို ဘာမှန်း မယ်မယ်ရာရာ မသိသော ခံစားချက်ကြီးက ကြောက်မက်ဖွယ်ကောင်းစွာ ကြီးစိုးလာသည်။

ခေးဆိုင်များ သူ့ကို တကယ်ချန်ထားခဲ့လျှင် ဟူသောအတွေးနှင့်အတူခြောက်ခြားစွာ ဇောချွေးတွေပါပြန်လာသော ချမ်းမြေ့ကို ရှင်းက ခပ်တွေတွေကြည့်လိုက်ပြီးမှ

"ချမ်းမြေ့ မင်း ခေးဆိုင်ကို စိတ်ပူနေတာလား "

ဟု ရယ်ကျဲကျဲဆိုလာလေတော့

"ငါဘာဖြစ်နေလဲ မသိဘူး ရှင်း လောလောဆယ် ငါ့ခံစားချက်တွေ ရှုပ်ထွေးနေတယ် "

"မင်းက ငါ့ကိုကျ ချစ်တဲ့သူကို ရအောင်ဆွဲထားဖို့
တိုက်တွန်းတယ် အခုမင်းကိုယ်တိုင်ကျတော့ရော
ဘာလို့အမှန်ကို ဝန်မခံချင် ဖြစ်နေရတာလဲ "

"မဟုတ်ဖူး ရှင်း ငါ ချစ်ခဲ့တာက မင်းကို "

"တော်စမ်း ချမ်းမြေ့ အခုချိန်မှာ ဒါတွေပြောနေဖို့
လိုသေးလို့လား မင်းနဲ့ငါ နားလည်မှုယူပြီးပြီပဲ
ပြီးတော့ ခေးဆိုင်ကလည်း မင်းကို ချစ်နေတယ် "

"ဘာ... မင်းက ဘာလို့ဒီလောက်တပ်အပ်ပြော
နေနိုင်ရတာလဲ "

"Facebook မှာ ငါနဲ့ ခေးဆိုင်နဲ့ Friend လေ ဒီနှစ်လလုံး သူ Feel Post တွေ ဆက်တိုက်တင်နေတာကို မမြင်ရအောင် ငါမျက်လုံးတွေ ကန်းမနေဘူး မင်းကသာဝန်မခံချင်တာ ခေးဆိုင်က တစ်လောကလုံးကြားအောင် ဝန်ခံပြီးပြီ။ မင်းစိတ်ထဲမှာငါနဲ့ပတ်သက်ပြီးတော့လည်း ဘာမှ တွေဝေနေစရာမလိုဘူး ချမ်းမြေ့ သံယောဇဉ်နဲ့ အချစ်ဆိုတာကို ကွဲကွဲပြားပြား သိအောင်လုပ် "

ရှင်းရဲ့စကားလုံးတွေဟာ သူ့ရင်ဘတ်ကို တစ်လုံး
ချင်း စူးနစ်စွာ စိုက်ဝင်သွားသည်။

ဒီအချိန်မှာ ရှင်းကိုနှစ်ပေါင်းများစွာ စွဲလမ်းရူးသွပ်ခဲ့တဲ့ သူ့ရင်ဘတ်ထဲက အမှန်တရားအချိူ့ကိုလည်း သိမ်းထားဖို့လိုပြီ ဖြစ်သလို ခေးဆိုင်ကိုမသိစိတ်ကနေ မက်မောစွာစွဲလမ်းနေမိပြီဆိုတာကိုလည်း ဝန်ခံလိုက်ဖို့အချိန်လည်းရောက်လာပြီဟု ထင်မိသည်။

ဒီနှစ်လအတွင်း ထပ်ခါထပ်ခါကြားယောင်မိတဲ့ ကိုကိုဟုခေါ်သံတွေ။ နှာခေါင်းထိပ်ကို လျှောကျနေတဲ့ မျက်မှန်ကိုပင့်ပင့်တင်ကာ မျက်လုံးများမှေးစင်းသည့်အထိ သူ့ကို အပြစ်ကင်းစင်စွာ ရယ်မောပြတတ်တာတွေ။ မကြာခဏဆိုသလိုကိုကို့အတွက်ဆိုပြီး သင်တန်းချိန်တွေမှာမုန့်တွေတစ်မျိူးပြီးတစ်မျိူး အိမ်ကနေ ယူလာတတ်တာတွေ ။

သူ့အပေါ်ကို ခေးဆိုင်ကောင်းပြနေခြင်းဟာ
သူ့အပေါ် မရိုးမသားစိတ်တစ်ခုကြောင့် ရယ်လို့
ယောင်လို့မျှ မတွေးမိခဲ့။

အခုတော့ဖြင့် ဒီကလေးဟာ သူ့ကိုချစ်နေသည်တဲ့။

"ရောက်တော့မယ် ချမ်းမြေ့ မေမေ ရေးပေးလိုက်တဲ့ လိပ်စာအတိုင်းဆို စစ်ကိုင်းတံတားကျော်ပြီး ညာ
ဘက်တည့်တည့်ဆက်သွားရုံပဲ "

ထို့နောက် စစ်ကိုင်းတံတားကိုဖြတ်သန်းမောင်းနှင်လာသော အနီရောင်ပြိုင်ကားအတွင်းတွင်ရှိသောကောင်လေးနှစ်ယောက်လုံးသည် ဘာစကားမှမဆိုတော့ပါပဲ ခံစားချက်ကိုယ်စီဖြင့် ငြိမ်သက်သွားကြကာစိတ်ထဲကတော့ဖြင့် ကိုယ်စီကြိတ်ပြီးဆု
တောင်းနေကြတော့သည်။

"အရှင်ဘုရား ကျွန်ုပ်သည် ထူးထက်ခေါင်ဆိုသော လူအား ငါးနှစ်လုံး မယိမ်းမယိုင်ပဲ သစ္စာရှိရှိနဲ့တစ်ဦးတစ်ယောက်တည်းသာ ဖြောင့်မှန်စွာချစ်ခဲ့ပါသည် ဤမှန်ကန်သော သစ္စာစကားကြောင့် Bro လူဝတ်နဲ့သာ အကောင်းအတိုင်းရှိနေပါစေ "

ရှင်းမြတ်နိုးပိုင်

" ခေးဆိုင်ကို အချိန်မှီတားနိုင်ပါစေ အရှင်ဘုရား"

ချမ်းမြေ့ကိုကို


Zawgyi

"ရွင္း မင္းနဲ႕ငါပြင့္ပြင့္လင္းလင္းေဆြးႏြေးၾကမလားဟင္ "

ႏွစ္လအတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ရွင္းနဲ႕ သူ ဆုံေတြ႕ျဖစ္ျခင္းျဖစ္သည္။

ႏွစ္လဆိုသည့္အခ်ိန္က ႏွစ္ရွည္လမ်ားၿငိတြယ္ခဲ့ရတဲ့ သံေယာဇဥ္ေတြကို အၿပီးတိုင္ေျခဖ်က္လိုက္
ဖို႔လုံေလာက္တဲ့အခ်ိန္တစ္ခုေတာ့မဟုတ္ေပမဲ့ အကို႔မ်က္ႏွာကိုျမင္ေယာင္လာတိုင္း ရွင္းကို အကို ပိုင္ဆိုင္သည့္မူပိုင္အရာတစ္ခုအျဖစ္သူေက်ေက်နပ္နပ္ ခံယူထားၿပီးသားျဖစ္သည္။

"ပိန္သြားတယ္ ရွင္း ႏွစ္လအတြင္း မင္းဘာေတြလုပ္ေနတာလဲ "

အခ်ိန္ေတြဘယ္ေလာက္ပဲၾကာၾကာ ရွင္းမ်က္ႏွာအရိပ္အကဲကိုပဲ ၾကည့္ေနတတ္သည့္ သူ႕အက်င့္ကေတာ့ အခုထိေပ်ာက္မသြားေသး။

"ေဆာရီးရွင္းရာ ငါမင္းကို အရမ္းစိုးရိမ္ေနသလိုျဖစ္သြားတယ္ တကယ္ေတာ့ ငါတို႔ဆက္ဆံေရးက အရင္လိုမွ မဟုတ္ေတာ့တာပဲ "

သူဘာသာ မလုံမလဲနဲ႕တိုးတိုးေျပာမိေတာ့ ရွင္းက ခပ္သဲ့သဲ့ရယ္သည္။

"ငါလူတစ္ေယာက္အေၾကာင္းကို ႏွစ္လလုံးစဥ္းစားေနခဲ့တာ အဲလူအေပၚမွာထားတဲ့ ငါ့အခ်စ္ေတြကို ငါ့ဘာသာျပန္တိုင္းတာေနခဲ့တာ သူမရွိပဲငါတစ္ေယာက္ တည္းေရွ႕ဆက္နိုင္ဖို႔ေသခ်ာရဲ႕လားဆိုတာ ငါ့ဘာသာ ျပန္ဆန္းစစ္ေနခဲ့တာ "

"မင္းအခုထိေတြေဝေနတုန္းလား ရွင္း ငါးႏွစ္လုံးစြဲစြဲလမ္းလမ္းခ်စ္ခဲ့ရတဲ့လူတစ္ေယာက္ကိုလက္ လႊတ္နိုင္မယ္လို႔မင္းကိုယ္မင္း အာမခံနိုင္လို႔လား ငါသာ မင္းေနရာမွာဆို အကို႔ကိုတစ္သက္လုံးအနားမွာဆြဲထားလိုက္မွာ "

ခ်မ္းေျမ့ရဲ႕ပုံစံက သာမာန္ေန႕ေတြနဲ႕အတူပဲထူးျခားစြာ ေအးစက္ တည္ၿငိမ္ေနသည္။

ဒီႏွစ္လအတြင္းမွာပဲ ခ်မ္းေျမ့လည္းအမ်ားႀကီး ရင့္က်က္ေျပာင္းလဲသြားၿပီပဲ။

"မင္းကဘာလို႔အခ်ိန္ေလးႏွစ္လအတြင္းမွာဒီေလာက္လူႀကီးဆန္ၿပီးရင့္က်က္သြားရတာလဲႏွစ္လလုံးလည္း မင္းငါ့ကို အဆက္အသြယ္မလုပ္ဖူး"

"ေမးရက္တာရွင္းရာ ငါခ်စ္တဲ့လူတစ္ေယာက္ကို
တခြားတဈေယာက်က်ိဳ ထိုးေပးလိုက္ရတာကို ငါကေပ်ာ္ေပ်ာ္ႀကီးေနနိုင္မယ္လို႔ထင္ေနတာလား အကိုမို႔သာေပါ့ တျခားလူဆို မင္းကိုငါ ဆြဲထားလိုက္မွာ "

လိုခ်င္တာမရသျဖင့္ ကေလးငယ္တစ္ေယာက္လို
စူပုတ္ေနသလိုပုံစံမ်ိဴးျဖစ္ေနသည့္ ခ်မ္းေျမ့ကို ၾကည့္ရင္း ရွင္းကပါးခ်ိဴင့္ေတြ ေပၚလာသည္အထိ ၿပဳံးမိသြားသည္။

ဟန္ေဆာင္ေနတာထက္ အခုလို မင္းေပါ့ေပါ့ပါးပါးေနတဲ့ပုံစံေလးကိုပဲငါတကယ္ျမင္ခ်င္ခဲ့တာခ်မ္းေျမ့ ။

"အခုလိုပဲ အၿမဲေနစမ္းကြာ ခ်မ္းေျမ့ မင္းရဲ႕မူရင္း ပုံစံက ပိုခ်စ္ဖို႔ေကာင္းၿပီး မင္းနဲ႕ပိုလိုက္တယ္ "

ရွင္းက ခ်မ္းေျမ့ရဲ႕ဆံပင္ဖြာဖြာေလးေတြကိုလက္နဲ႕ဖြလိုက္ရင္း ကေလးတစ္ေယာက္ကို ၾကည့္ေနသလို အျမတ္တနိုးေငးၾကည့္သည္။

"ငါ့အသားကိုမထိနဲ႕ရွင္း မင္းရဲ႕လူႀကီးျမင္သြားရင္ င့ါကို လက္သီးနဲ႕ထိုးလိမ့္မယ္ "

"ဟား ဟား Bro အခ်စ္ကိုလက္ခံမယ္လို႔ငါေျပာမိလို႔လား အခုဆို သူငါ့ကို ေမ့ေနရင္ေတာင္ေမ့ေနမွာ ငါးႏွစ္လုံးေတာင္ငါမရွိပဲ ေနနိုင္ေသးတာပဲ ငါခ်စ္ေနတာကိုေတာင္ သိသိရက္နဲ႕ဥပကၡာျပဳထားနိုင္ေသးတာ "

"မင္းမွားေနၿပီ ရွင္း အကိုမင္းကို ခ်စ္ခဲ့တယ္ သူမင္းကို တကယ္ျမတ္ျမတ္နိုးနိုးနဲ႕ခ်စ္ခဲ့တာရွင္း ၿပီးေတာ့ မင္းလည္းသူ႕ကိုခ်စ္တယ္မဟုတ္လားဘာလို႔ကိုယ့္ဘာသာႏွိပ္စက္ေနမွာလဲရွင္းရာ"

"မင္းက ေအာင္သြယ္ေနတာလား ခ်မ္းေျမ့ မင္းရဲ႕အကို ဆိုတဲ့အေၾကာင္းျပခ်က္တစ္ခုနဲ႕ငါ့ကိုထိုးေပးေနတာလား "

"ငါခ်စ္တဲ့ လူႏွစ္ေယာက္လုံးကို ေပ်ာ္ေစခ်င္တာပါ"

ပါးလ်စြာတိုးတိမ္၀င္သြားေသာ အသံတိုးတိုးနဲ႕႐ုတ္ခ်ည္းညွိုးငယ္သြားေသာ မ်က္ႏွာတစ္ခု ။

ဒါကိုရိပ္မိသြားေသာရွင္းကခ်မ္းေျမ့ရဲ႕လက္ကိုအား ေပးသလို ဖြဖြဆုပ္ကိုင္လာသည္။

"ငါ့ကို အားမနာနဲ႕ရွင္း မင္း အစစ္အမွန္ခ်စ္ခဲ့တဲ့သူကိုေ႐ြးခ်ယ္လိုက္မိလို႔လည္း ဘယ္ေတာ့မွေနာင္ တမရနဲ႕ မင္းကိုလက္လႊတ္ေပးဖို႔ငါအကုန္ျပင္ဆင္ထားၿပီးသား တကယ္ေတာ့မင္းႏွလုံးသားကအကို႔ ရင္ဘတ္နဲ႕မွ အံ့၀င္ခြင္က်ျဖစ္တာ"

ခ်မ္းေျမ့က သူ႕လက္ကို ဖြဖြဆုပ္ကိုင္လာေသာ ရွင္းရဲ႕လက္ေတြကို အသာအယာျပန္တြန္းဖယ္လိုက္သည္။

"ေက်းဇူးပဲ ခ်မ္းေျမ့ မင္းက ငါ့အတြက္အၿမဲတမ္းသူငယ္ခ်င္းေကာင္းပဲ "

ရွင္းက ခ်မ္းေျမ့ကို ၾကည့္ရင္း တိုးဖြစြာဆိုလိုက္ေတာ့ ထိုအၾကည့္ေတြကို နားလည္သည့္ဟန္ျဖင့္ ခ်မ္းေျမ့က ၾကည္လင္စြာျပန္ၿပဳံးျပသည္။

ကိုယ္ခ်စ္တဲ့သူ ေပ်ာ္ေနတာကို ၾကည့္ေနရတာလည္း အခ်စ္တစ္ခုပါပဲ ။

" သားတို႔ေရ ဒုကၡေတာ့ေရာက္ၿပီ "

ရွင္းရဲ႕အေမ ေဒၚရတီခင္က ဖုန္းေျပာေနရင္းအခန္းထဲသို႔အလန႔္တၾကားေျပး၀င္လာတာမို႔ ရွင္းေရာ ခ်မ္းေျမ့ပါ မ်က္ျပဴးဆန္ျပာျဖစ္ကုန္သည္။

" ေမေမ ဘာျဖစ္လို႔လဲဟင္ "

"မမသဇင္ဖုန္းဆက္တာ သူ႕သား ထူးထက္ေခါင္
ဘုန္းႀကီးအၿပီး၀တ္ေတာ့မယ္ဆိုၿပီ ဘုန္းႀကီး ေက်ာင္းကိုသူ႕တပည့္ေတြနဲ႕အတူထြက္သြားလို႔တဲ့ တစ္အိမ္လုံးလည္း တားမရဖူးေျပာတယ္ အခုပဲသူ႕ကားနဲ႕စစ္ကိုင္းေတာင္ေပၚေက်ာင္းကိုထြက္သြားၿပီတဲ့ "

" ဗ်ာ "

အာေမဍိတ္သံႏွစ္ခုသည္ သူတို႔ႏွစ္ေယာက္လုံးဆီမွ တစ္ၿပိဳင္နက္တည္းဆိုသလိုထြက္လာသည္။

"သား ရွင္းေလး သားလိုက္သြားၿပီးတားမွ အဆင္ေျပလိမ့္မယ္ ျမန္ျမန္လိုက္သြားလိုက္ "

ေမေမကသူ႕အားအရာအားလုံးကိုခြင့္လႊတ္နားလည္နိုင္သလိုအၾကည့္မ်ိဴးျဖင့္ ၾကည့္လာသည္။

ဒီႏွစ္လအတြင္းမွာ ေရွာ့ခ္ရစရာ ကိစၥေတြအမ်ားႀကီး ျဖစ္သြားခဲ့ေသာေၾကာင့္ သူ႕အေျခအေနက ေမေမ့ကိုေတာင္ ေကာင္းေကာင္းရင္မဆိုင္ရဲေသး

ပထမဆုံးႏွစ္ဖက္မိဘေဆြမ်ိဴးအသိုင္းအဝိုင္းအားလုံးက ေမွ်ာ္လင့္တႀကီး ေစာင့္စားေနၾကေသာ Bro နဲ႕ ႐ႊန္း႐ႊန္းရဲ႕ မဂၤလာပြဲပ်က္သြားသည္။

Bro Company က၀န္ထမ္းတစ္ေယာက္ရဲ႕လက္
ခ်က္ျဖင့္ အလွစီးသေဘၤာေပၚမွာ Bro သူ႕ကို Propose လုပ္တဲ့ Video ဖိုင္လည္း တခဏခ်င္း ပ်ံ့သြားခဲ့သည္။

Star Construction Group ရဲ႕ CEO သူေဌးေလးက ေကာင္ေလးတစ္ေယာက္အား သေဘၤာေပၚတြင္လက္ထပ္ခြင့္ေတာင္းၿပီး အျငင္းခံလိုက္ရေသာRomatic ဆန္ဆန္ Video ဖိုင္သည္ မိနစ္ပိုင္းအတြင္း like&Shareေပါင္းသိန္းဂဏန္းထိေရာက္ကာ သတင္းေခါင္းစီးတိုင္း၏ထိပ္ဆုံးေနရာတြင္ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္ခဲ့သည္။

Broမိသားစုေရာသူ႕မိသားစုကပါ ထိုကိစၥအတြက္ ေခါင္းကိုက္စရာေတြျဖစ္ခဲ့ၾကၿပီးမွ အခုေမေမကိုယ္တိုင္က မ်က္ႏွာရိပ္မ်က္ႏွာကဲျပကာ Bro ရွိတဲ့ေနရာကိုအတင္းလႊတ္ေနတာမို႔ ရွင္းတစ္ေယာက္ အံ့ၾသလို႔ပင္မဆုံးေတာ့ ။

"ရွင္းေလးက ေမေမ့ကို မယုံသကၤာျဖစ္ေနတာလားေမေမဆုံးျဖတ္ၿပီးသြားၿပီ ေမေမ့ရည္႐ြယ္ ခ်က္က မမသဇင္တို႔ မိသားစုနဲ႕ႏွစ္အိမ့္တစ္အိမ္ျဖစ္ေစခ်င္တာ သမီးနဲ႕မရလည္းသားနဲ႕ေပးစားမွာ ျမန္ျမန္သာလိုက္သြား သားေလး နဲ႕ ထက္ေခါင္ေလးကို ဘယ္သူမွသေဘာမတူလည္းေမေမ သေဘာတူတယ္ "

ေမေမ ၿပဳံးေနသည္။ ထိုအၿပဳံးသည္ တစ္ခုခုအေပၚေမေမ စိတ္တိုင္းက်တိဳင္း ႐ႊင္႐ႊင္ျပျပၿပဳံးတတ္သည့္ အၿပဳံးမ်ိဴးပင္ျဖစ္သည္။

ဒီေလာက္ဆို သူ ေမေမ့ကို ယုံၾကည္လို႔ရၿပီ ။

"ရွင္း စဥ္းစားမေနနဲ႕ေတာ့ ျမန္ျမန္သြားရေအာင္ မင္းေနာက္က်ေနမွ ကိုယ္ေတာ္ကို ပစ္မွားမိတဲ့ အမႈနဲ႕ ငရဲႀကီးေနမယ္ "

ခ်မ္းေျမ့ရဲ႕႐ႊတ္ေနာက္ေနာက္ေျပာလာသည္မို႔ ရွင္းအားပါးတရၿပဳံးလိုက္သည္။

ေနာက္ေတာ့ေတြေဝ ေနပုံရေသာမ်က္ႏွာတစ္ခုသည္ ဆုံးျဖတ္ခ်က္တစ္ခုကိုခိုင္မာစြာခ်လိဳက္သည့္ဟန္ျဖင့္ ခ်မ္းေျမ့အား ခပ္ဆတ္ဆတ္ ေခါင္းၿငိမ့္ျပသည္။

သူ႕ ဘ၀တြင္ Bro မရွိလို႔မျဖစ္ဖူးဆိုတဲ့ ခိုင္မာလွသည့္ အေတြးတစ္ခု ေခါင္းထဲ၀င္လာခ်ိန္မွာေတာ့ ခ်မ္းေျမ့ေရာ သူပါေလွကားေပၚက ဒေလဟာ ေျပးဆင္းလာေနၿပီျဖစ္သည္။

ထိုေနာက္ ကားေပၚသို႔ ကမန္းကတန္း၀င္ထိုင္လိုက္ရင္း စစ္ကိုင္းဘက္ကိုသြားသည့္ မိန္းလမ္းမေပၚသို႔အျမန္ဆုံး အရွိန္ႏႈန္းျဖင့္ ဦးတည္လာခဲ့သည္။

" ခ်မ္းေျမ့ ျမန္ျမန္ေမာင္းကြာ "

မီတာကုန္ေမာင္းေနတာကိုေတာင္ေဘးကေနလႈံ႕ေဆာ္ၿပီးရင္း လႈံ႕ေဆာ္ေနကာ ဖင္တႂကြႂကြျဖစ္ေနတဲ့ ရွင္းကို ၾကည့္ရင္း ခ်မ္းေျမ့ကတဟားဟားနဲ႕ေအာ္ရယ္သည္။

"ခုနကက်မခ်စ္ဖူးဆိုအခုက်စိဳးရိမ္ေနတာ
ႏွစ္ေယာက္မရွိပါလား "

" မင္းကလည္းကြာ "

အခ်စ္တို႔ျဖင့္ထုံမႊမ္းထားေသာရှင္း၏
ပါးျပင္တစ္ခုလုံးသည္ ေသြးေၾကာမ်ားေဖာက္ထြက္လာေတာ့မည့္ပမာ နီရဲေနေလ၏။

ထို႔ေနာက္ ရွင္းကပင္ အံၾသတႀကီးျဖင့္

" ဟာ ပၪၨင္းခံမွာ စိုင္းစင္ေခးဆိုင္ေရာပါတယ္ "

"ဘာ "

ဖုန္းကိုၾကည့္ရင္း သရဲျမင္သလို လန႔္ေအာ္ေတာ့ ခ်မ္းေျမ့ကားေမာင္းေနရင္းပင္ဘာဟုအသံက်ယ္ ႀကီးနဲ႕ေယာင္ယမ္းထူးကာ ရွင္းဘက္သို႔ျမန္ဆန္စြာလွည့္ၾ ည့္လာေလသည္။

"လန႔္လိုက္တာခ်မ္းေျမ့ရာ ေျဖးေျဖးေအာ္ပါ နားေတြလည္းကြဲထြက္ေတာ့မယ္ ဒါနဲ႕မင္းက ဘာကိစၥ အဲဒီေလာက္အလန႔္တၾကားျဖစ္သြားရတာလဲ "

" ငါ့ကို မင္း ဖုန္းျပစမ္းပါ ရွင္း "

ခ်မ္းေျမ့က ရွင္းရဲ႕အေျဖကိုပင္ မေစာင့္နိုင္ပဲရွင္း လက္ထဲကဖုန္းကို ဆတ္ခနဲဆြဲၾကည့္လိုက္သည္။

"ကြၽန္ေတာ္ တစ္သက္လုံး ဦးဇင္းဝတ္ေတာ့မယ္ ကိုရွင္းကို ႏႈတ္ဆက္ခဲ့ပါတယ္ ကိုကို႔ကိုလည္း သတိရတယ္လို႔ေျပာေပးပါဦး "

"ဒီကေလး ဘာထေၾကာင္တာလဲ ကြၽတ္စ္ "

ေခးဆိုင္ပို႔ထားေသာ ရွင္းဖုန္းထဲက SMS ကိုၾကည့္ရင္း ခ်မ္းေျမ့က စိတ္ပ်က္လက္ပ်က္ညည္းတြားလိုက္သည္။

တကယ္ဆို ဒီ SMS က သူ႕ကိုဦးတည္ၿပီး တိုက္ရိုက္ပို႔တာလည္းမဟုတ္ပါပဲ ေခးဆိုင္ကိုပဲ ႏွေျမာသလိုလို ဦးဇင္းအၿပီးဝတ္သြားမွာကိုပဲ စိုးရိမ္ေနသလို ဘာမွန္း မယ္မယ္ရာရာ မသိေသာ ခံစားခ်က္ႀကီးက ေၾကာက္မက္ဖြယ္ေကာင္းစြာႀကီးစိုးလာသည္။

ေခးဆိုင္မ်ား သူ႕ကို တကယ္ခ်န္ထားခဲ့လွ်င္ ဟူေသာအေတြးႏွင့္အတူေျခာက္ျခားစြာ ေဇာေခြၽးေတြပါျပန္ လာေသာ ခ်မ္းေျမ့ကို ရွင္းက ခပ္ေတြေတြၾကည့္လိုက္ၿပီးမွ

"ခ်မ္းေျမ့ မင္း ေခးဆိုင္ကို စိတ္ပူေနတာလား "

ဟု ရယ္က်ဲက်ဲဆိုလာေလေတာ့

"ငါဘာျဖစ္ေနလဲ မသိဖူး ရွင္း ေလာေလာဆယ္ ငါ့ခံစားခ်က္ေတြ ရႈပ္ေထြးေနတယ္ "

"မင္းက ငါ့ကိုက် ခ်စ္တဲ့သူကို ရေအာင္ဆြဲထားဖို႔
တိုက္တြန္းတယ္ အခုမင္းကိုယ္တိုင္က်ေတာ့ေရာ
ဘာလို႔အမွန္ကိုဝန္မခံခ်င္ျဖစ္ေနရတာလဲ "

"မဟုတ္ဖူးရွင္း ငါ ခ်စ္ခဲ့တာက မင္းကို "

"ေတာ္စမ္း ခ်မ္းေျမ့ အခုခ်ိန္မွာ ဒါေတြေျပာေနဖို႔လိုေသးလို႔လား မင္းနဲ႕ငါ နားလည္မႈယူၿပီးၿပီပဲၿပီးေတာ့ ေခးဆိုင္ကလည္း မင္းကို ခ်စ္ေနတယ္ "

"ဘာ... မင္းက ဘာလို႔ဒီေလာက္တပ္အပ္ေျပာ
ေနနိုင္ရတာလဲ "

" Facebook မွာ ငါနဲ႕ ေခးဆိုင္နဲ႕ Friend ေလ ဒီႏွစ္လလုံး သူ Feel Post ေတြ ဆက္တိုက္တင္ေနတာကို မျမင္ရေအာင္ ငါမ်က္လုံးေတြ ကန္းမေနဖူး မင္းကသာဝန္မခံခ်င္တာေခးဆိုင္ကတစ္ေလာကလုံးၾကားေအာင္ ဝန္ခံၿပီးၿပီ မင္းစိတ္ထဲမွာငါနဲ႕ပတ္သက္ၿပီးေတာ့လည္း ဘာမွေတြေဝေနစရာမလိုဖူး ခ်မ္းေျမ့ သံေယာဇဥ္နဲ႕ အခ်စ္ဆိုတာကို ကြဲကြဲျပားျပား သိေအာင္လုပ္ "

ရွင္းရဲ႕စကားလုံးေတြဟာ သူ႕ရင္ဘတ္ကို တစ္လုံး
ခ်င္း စူးနစ္စြာ စိုက္ဝင္သြားသည္။

ဒီအခ်ိန္မွာရွင္းကိုႏွစ္ေပါင္းမ်ားစြာ စြဲလမ္း႐ူးသြပ္ခဲ့တဲ့ သူ႕ရင္ဘတ္ထဲက အမွန္တရားအခ်ိဴ႕ကိုလည္း သိမ္းထားဖို႔လိုၿပီျဖစ္သလို ေခးဆိုင္ကိုမသိစိတ္ကေန မက္ေမာစြာစြဲလမ္းေနမိၿပီဆိုတာကိုလည္း ဝန္ခံလိုက္ဖို႔အခ်ိန္လည္းေရာက္လာၿပီဟု ထင္မိသည္။

ဒီႏွစ္လအတြင္းတစ္ခါတစ္ခါၾကားေယာင္မိတဲ့ကိုကို ဟုေခၚသံေတြ။ ႏွာေခါင္းထိပ္ကို ေလွ်ာက်ေနတဲ့ မ်က္မွန္ကိုပင့္ပင့္တင္ကာ မ်က္လုံးမ်ားေမွးစင္းသည့္အထိ သူ႕ကို အျပစ္ကင္းစင္စြာရယ္ေမာျပတတ္တာေတြ။ မၾကာခဏဆိုသလိုကိုကို႔အတြက္ဆိုၿပီး သင္တန္းခ်ိန္ေတြမွာမုန႔္ေတြတစ္မ်ိဴးၿပီးတစ္မ်ိဴးအိမ္ကေန ယူလာတတ္တာေတြ ။

သူ႕အေပၚကို ေခးဆိုင္ေကာင္းျပေနျခင္းဟာ သူ႕အေပၚ မရိုးမသားစိတ္တစ္ခုေၾကာင့္ ရယ္လို႔ေယာင္လို႔မွ် မေတြးမိခဲ့။

အခုေတာ့ျဖင့္ ဒီကေလးဟာ သူ႕ကိုခ်စ္ေနသည္တဲ့။

"ေရာက္ေတာ့မယ္ ခ်မ္းေျမ့ ေမေမ ေရးေပးလိုက္တဲ့ လိပ္စာအတိုင္းဆို စစ္ကိုင္းတံတားေက်ာ္ၿပီး ညာ စဘက္တည့္တည့္ဆက္သြား႐ုံပဲ "

ထို႔ေနာက္ စစ္ကိုင္းတံတားကိုျဖတ္သန္းေမာင္းႏွင္လာေသာ အနီေရာင္ၿပိဳင္ကားအတြင္းတြင္ရွိေသာေကာင္ေလးႏွစ္ေယာက္လုံးသည္ ဘာစကားမွမဆိုေတာ့ပါပဲခံစားခ်က္ကိုယ္စီျဖင့္ ၿငိမ္သက္သြားၾကကာစိတ္ထဲကေတာ့ျဖင့္ ကိုယ္စီႀကိတ္ၿပီးဆုေတာင္းေနၾကေတာ့သည္။

"အရွင္ဘုရား ကျွန်ုပ်သည် ထူးထက္ေခါင္ဆိုေသာ လူအား ငါးႏွစ္လုံး မယိမ္းမယိုင္ပဲ သစၥာရွိရွိနဲ႕တစ္ဦးတစ္ေယာက္တည္းသာ ေျဖာင့္မွန္စြာခ်စ္ခဲ့ပါသည္ ဤမွန္ကန္ေသာ သစၥာစကားေၾကာင့္ Bro လူဝတ္နဲ႕သာ အေကာင္းအတိုင္းရွိေနပါေစ "

ရွင္းျမတ္နိုးပိုင္

" ေခးဆိုင္ကို အခ်ိန္မွီတားနိုင္ပါေစ ဘုရား"

ခ်မ္းေျမ့ကိုကို

Continue Reading

You'll Also Like

2.5K 394 69
وتەی دڵتەزین هیوادارم بەدڵتان بێت تکایە ڤۆت کۆمێنت بکەن
287K 23.1K 26
တတိယ fic.. Cover song ဆိုရတာဝါသနာပါတဲ့Model လေးတစ်ယောက်နဲ့ Hotel ပိုင်ရှင် CEO လေးရဲ့ ချစ်ဇာတ်လမ်း... ဆံပင်ခွေခွေလေးတွေရော..အဲ့ဒီကြွတ်မြှီးလေးရော...က...
8.3K 436 58
ဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......
179K 13.5K 47
အထပ္ထပ္ ရစ္ပတ္ေႏွာင္ဖြဲ႕၍ ျမတ္ႏိုးျခင္းမည္ေသာ ေမတၱာတရားတို႔အား ႏွလုံးသားတြင္း သန္႔ရွင္းစြာ တည္ရွိေစ .....။ အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့၍ မြတ်နိုးခြင်းမ...