မောင့်​ သဲ ငယ်​ .. [ Complet...

By DaeminChennie

51.7K 5.2K 242

မောင်​ နဲ့ သဲငယ်​ ကချစ်​ခဲ့ကြလို့လား .. More

Our Friendship ..
One Side Love ..
I am His Owner ..
Just Only For Him ..
Strange Heart Feeling ..
I Have already ...
For U .. For Ever For Me ..
Believe Or Not ..
My Love All For U ..
Sequel အ​ကြောင်း 😁
Our Friendship .. [U]
One Side Love .. [U]
I am His Owner .. [U]
Just Only For Him .. [U]
Strange Heart Feeling .. [U]
I Have already .. [U]
For U .. For Ever For Me .. [U]
Believe or Not .. [U]
My Love All For U .. [U]
Are They Happy Ending ?? [U]

Are They Happy Ending ??

5.5K 528 41
By DaeminChennie

" ကျ​တော်​နဲ့​ ​တွေ့ချင်​တယ်​ဆို​တော့ ဘာကိစ္စများ
ရှိလို့ပါလဲ အန်​ တီ "

" မင်း နဲ့ ဆယ်​ ဟွန်း နဲ့ ကြိုက်​​နေကြပြီလား "

ထိုင်​ပင်​မထိုင်​ရ​သေး ​ဆောက်​နဲ့ထွင်းသလို တင်းမာ​နေ
သောမျက်​နှာထားနှင့်​ အပြစ်​တင်​​ဝေဖန်​မည့်​ စကားအသွား
အလာ​ကြောင့်​ ဆယ်​ ဟွန်း ထက်​အရင်​ ကျ​တော်​က
ဤမဖြစ်​မ​နေရင်​ဆိုင်​ရမည့်​အ​ခြေအ​နေအား ​အလုံးစုံ
ခေါင်းခံခြင်းဖြင့်​ သဲ ငယ်​ ကို ဝန်​​ပေါ့​စေချင်​ပါသည်​ ။

" ဟုတ်​ ကဲ့ ။ ကျ​တော်​တို့ ချစ်​သူဖြစ်​ပြီးပါပြီ "

" ငါ သ​ဘောမတူနိုင်​ဘူး ။ မင်းတို့အခုချက်​ချင်းဖြတ်​ "

" ခဏ​နေပါဦး .. ။ အရင်​ဆုံး အန်​ တီ့ သား ရဲ့
ဆုံးဖြတ်​ချက်​ကို​မေးပြီးပြီလား ။ ​ဒါမှမဟုတ်​ ဒီကိစ္စနဲ့
ပတ်သတ်ပြီး ​​စကား​ပြောပြီးပြီလား .. ။ "

" ​သူ ဘယ်​လိုဘဲ ဆုံးဖြတ်​ထားထား ။ ငါက​တော့
မင်းတို့ကိုမရ , ရ​အောင်​ခွဲမှာ "

" ကျ​တော့်​မိဘ​တွေ​တောင်​ သူတို့သားကို မနိုင်​လို့
ခွင့်​ပြု​ပေးထား​သေးတာဘဲ ။ အန်​ တီ လည်း
သဲငယ်​ရဲ့ ဆုံးဖြတ်​ချက်​ကို အ​လေးထားသင့်​တယ်​ "

အတက်​နိုင်​ဆုံး ချစ်​ရသူ၏မိခင်​ဆို​သောအ​တွေးကို
သွင်းထားပြီး မရိုင်းမိရ​အောင်​ ကလန်​ကဆန်​မလုပ်​မိ
ရ​အောင်​ ထိန်းထား​သော်​ငြား အသားလွတ်​ကြီး
မရ,မကခွဲမည်​ဆို​တော့ ​ယောကျာ်း​လေးချင်းဟူ​သော
ဖြစ်​ရပ်​မှန်​ကို လက်​ခံ​ပေးထားသည့်​ ကျ​တော်​၏မိဘနှစ်​ပါး
ကဘဲအလွန်​အမင်း ​သ​ဘောထားကြီးမားကြပုံပင်​ ။

" သားအမိဆက်​ဆံ​ရေးကို မင်းက ပျက်​ဆီး​စေချင်
တာလား "

" အန်​ တီ .. ကျ​တော်​တို့ကို ကြိုးစားခွင့်​​ပေးသင့်​တယ်
ဒါမှမဟုတ်​ ကျ​တော်​မှာ လိုအပ်​ချက်​​တွေ မရင့်​ကျက်​မှု​တွေ
ရှိ​သေးရင်​​ပြောပါ ။
ပြင်​သင့်​ပြင်​ပြီး ဖြည့်​သင့်​ဖြည့်​ရ​အောင်​ "

သူတို့က ကွဲကြစမ်းဆိုတိုင်း ကွဲရ​အောင်
ကျ​တော်​တို့သည်​ မစဉ်းစားတက်​​သောက​လေးအရွယ်
တွေလည်းမဟုတ်​သလို အခုမြင်​အခုကြိုက်​ပြီး
ရူး​နေကြသည်​လည်းမဟုတ်​ ။

သဲငယ်​ဘက်​က ကျ​တော့်​အ​ပေါ် နှစ်​ချီပြီး
ချစ်​ခဲ့ပြီး ကျ​တော်​သည်​လည်း အနှီး​ယောကျာ်းသားအား
ရှိရှိသမျှအချစ်​အကုန်​လုံးကို ပုံအပ်​ပြီး ချစ်​ခြင်းတွင်
မြတ်​နိုးခြင်းအဖုံဖုံ ထပ်​​ပေါင်းပြီး ချစ်​မဝဖြစ်​​နေရသူပါ ။

ဤသည်​ကိုပင်​ ခါးခါးသီးသီးနှင့်​ အတင်းအကျပ်​ကို
ခွဲချင်​​နေသည်​မသိ ။

" ကျ​တော်​တစ်​ခု​လောက်​​မေးချင်​လို့ပါ ။ အန်​ တီ
ဘာလို့ ဒီ​လောက်​​တောင်​ ကန့်​ကွက်​​နေရတာလဲ "

" ဆယ်​ဟွန်းက ငါ့ရဲ့တစ်​ဦးတည်း​သောသား
Single mother အဖြစ်​နဲ့ သူ့ကို ငါ ဘယ်​​လောက်
ပျိုး​ထောင်​ခဲ့ရတယ်​ ထင်​သလဲ ။ အ​ဖေမရှိတဲ့​ကောင်​ဆိုပြီး အနှိမ်​မခံရ​အောင်​ ငါ ဘယ်​​လောက်​ထိ ကြိုးစားခဲ့ရတယ်
ထင်​သလဲ ။ ငါ ဒီလို လုပ်​​ပေးခဲ့တာ ​ယောကျာ်း
တစ်​​ယောက်​နဲ့ ​ကြိုက်​ပြီး အရှက်​ကွဲခံရဖို့မဟုတ်​ဘူး "

မိဘတိုင်း၏ ဆန္ဒနှင့်​ဖြစ်​​စေချင်​မှုများကို ကျ​တော်​နားလည်
ပါသည်​ ။ သူမ၏ သဲငယ်​အ​ပေါ်​မျှော်​လင့်​ထားမှုနှင့်
ဖြစ်​​စေချင်​မှုကိုလည်း ကျ​တော်​ အ​တော်​အသင့်
ခန့်​မှန်းမိပြီးဖြစ်​၏ ။

" ကျ​တော်​က အန်​ တီ ထင်​ထားတာထက်
သဲငယ်​ကို ​ပျော်​​အောင်​ထား​ပေးနို​င်​တယ်​ ။
အခု​ခေတ်​မှာ ​လိင်​တူချင်းလက်​ထက်​တာမဆန်း​တော့ဘူး
အန်​တီ ။

သဲငယ်ကို ​​သားသမီးသိုက်​သိုက်​ဝန်းဝန်းနဲ့
ဖခင်​​ကောင်း ခင်​ပွန်း​ကောင်းဖြစ်​​စေချင်​တဲ့ဆန္ဒကို
ကျ​တော်​ နားလည်​ပါတယ်​ ။ ဒါ​ပေမဲ့ အန်​တီ
သဲ ငယ်​ က အန်​တီ့ သား .. ။

မိဘတိုင်းက
ကိုယ့်​သားသမီးကို ဆင်​စီးမြင်းရံ​စေချင်​တာ မှန်​​ပေမဲ့
ကိုယ့်​သားသမီးရဲ့​ပျော်​ရွှင်​မှုကို မကြည့်​​တော့ဘူးလား ။
လုံးဝ ကျ​တော်​တို့နှစ်​​ယောက်​ကို နားလည်​မ​ပေးနိုင်​ဘူး
လက်​ခံမ​ပေးနိုင်​ဘူးဆိုရင်​ ကျ​တော့်​ဘက်​ကစပြီး
လမ်းခွဲ​ပေးမယ်​ ။

အဲ့အချိန်​ ဘယ်​လိုကိစ္စမျိုးဘဲ
ဖြစ်​လာလာ အန်​တီ​နောင်​တမရဖို့ တာဝန်​ယူနိုင်​လား ။

ကျ​တော်​ သဲငယ်​ကို ချစ်​တယ်​ ။
ချစ်​လွန်းလို့ ​သေရပါ​တော့မယ်​ဆိုတဲ့အမျိုးအစားထဲ
ကျ​တော်​လည်းပါလိမ့်​မယ်​ ။ ကုန်​ကုန်​​ပြောရရင်
အန်​တီဖြစ်​​စေချင်​တဲ့ သားသမီးသိုက်​သိုက်​ဝန်းဝန်းကို
ကျ​တော်​ကိုယ်​တိုင်​ဖန်​တီး​ပေးမယ်​ ။ အခု​ခေတ်
ဆေးပညာ​တွေနဲ့ ​ယောကျာ်​​လေးလည်း ကိုယ်​ဝန်​​ဆောင်
နိုင်​တာ အန်​ တီ သိမှာပါ ။ ဟုတ်​တယ်
သဲငယ်​ အတွက်​ ကျ​တော်​ က​လေးယူ​ပေးနိုင်​တယ်​ ။
ကျ​တော်​ကိုယ်​တိုင်​ ကိုယ်​ဝန်​​ဆောင်​ပြီး "

နောက်​ဆုံးစကားသည်​ လီဆယ်​​ပြောခြင်းမဟုတ်​ဘဲ
ကျ​တော့်​၏ စိတ်​ရင်းနှင့်​ ချစ်​မြတ်​နိုးခြင်းများပါသည်​ ။

မှန်​ပါသည်​ ။ ကျ​တော်​ သဲငယ်​အား ထိုမျှ​လောက်​ချစ်​ပါ
သည်​ ။ ထိုအတိုင်းအတာထက်​လည်း ချစ်​ပါဦးမည်​ ။

" ဂျုံ အင်​ .. မင်း က အန်​ တီ့ ကို ငြင်းမရ​တော့​အောင်
ချုပ်​လိုက်​တာပါလား "

လော​လောလတ်​လတ်​ ​ဒေါသတကြီး အ​နေအထား
မဟုတ်​​တော့ဘဲ သဲ ငယ်​ မိခင်​လို့​ပြောစရာမလို​အောင်
နုပျိုပြီး လှပလွန်း​သောမျက်​နှာပြင်​တွင်​ အပြုံးတစ်​ဝက်​နှင့်
ကျ​တော့်​အား လက်​ခံစပြုလာသည်​ ။

" အများ​ပြောသလို ချစ်​တက်​လိုက်​တာ​ပေါ့ "

" တစ်​သက်​လုံး ​သွေးအရင်းက နားချတာ​တောင်
လက်​မခံတဲ့ အန်​တီက မင်းနဲ့မှ ​စိတ်​​ပြေတယ်
ပြောရမလား ။ မိဘနဲ့ သားသမီး မိဘ​ကဘဲ
နောက်​ဆုံး​တော့ လက်​​လျှော့​ပေးရတာ​ပေါ့ ။
ဆယ်​ ဟွန်း နီ နဲ့ တစ်​ခါ​လောက်​ အိမ်​လာခဲ့ဦး .. "

သဲငယ်​၏ နာမည်​ကို တစ်​ခါ​ခေါ်တိုင်း သူမ၏မျက်​နှာတွင်
မိခင်​စိတ်​​ကြောင့်​ဖြစ်​တည်​​နေ​သော ​မေတ္တာတရားထုထည်​ကို မြင်​​နေရသည်​ ။

" ကျ​တော်​တို့က အချစ်​ချင်းသာ မတူတာ ။
ဆယ်​ ဟွန်း နီး ကို မြတ်​မြတ်​နိုးနိုး ချစ်​ကြတာ​တော့
အမှန်​ဘဲ​လေ ။ မစိုးရိမ်​ပါနဲ့ အန်​တီ သဲငယ်​က
ထင်​သ​လောက်​ ​အသည်းမမာပါဘူး ။ သားအမိ​တွေ
မကြာခင်​ပြန်​အဆင်​​ပြေကြမှာပါ "

" ​မျှော်​လင့်​ရတာ​ပေါ့ "

ကျ​တော့်​ကိုယ်​ကျ​တော်​ ဤမျှ​လောက်​ ​ချော​ချောချူ ချူ နှင့်
ဖြေရှင်းနိုင်​လိမ့်​မည်​ဟု မ​တွေးထားမိ ။

အမှန်​တကယ်​ ရင်​ဆိုင်​ရချိန်​ သဲငယ်​ကိုချစ်​​သော
အချစ်​​ကြောင့်​ဖြစ်​တည်​လာသည့်​ ယုံကြည်​ချက်​ရှိမှုများက
ဖြစ်​လာသမျှအား​ပြေ​ပြေလည်​လည်​​ဖြေရှင်းပြီးသား ။

သူမနှင့်​​တွေ့အပြီး နာရီပိုင်းအကြာ စိုးရိမ်​တကြီး​လေသံနှင့်
ဖုန်းဆက်​လာ​သောသဲငယ်​ ..

* ငါ့ ကို ဘာလို့မ​ပြောတာလဲ ။ ​မောင်​ မ​ကောင်းဘူးကွာ *

* ​မောင်​က မင်း စိတ်​မရှုပ်​ရ​အောင်​ပါ ။ ပြီး​တော့
အခုလည်းအဆင်​​ပြေပြီဘဲ ။ စိတ်​မဆိုးနဲ့​တော့​နော်​ *

* ငါ စိတ်​ဆိုးတာမဟုတ်​ဘူး ။ ဒါ​ပေမဲ့ .. *

* ဒါ​ပေမဲ့​တွေ ထား​တော့ အခု ​.. ​မောင်​ သဲ ငယ်​ ကို
တွေ့ချင်​တယ်​ ။ တစ်​မနက်​​လောက်​မ​တွေ့ရ​တာ
လွမ်းလွန်းလို့​သေ​တော့မယ်​ *

* ဒါဆိုလည်း ​သေလိုက်​ *

အကြင်​နာမဲ့သည့်​စကား​နောက်​တွင်​ ​လှောင်​ရိပ်​စွန်းစွန်း
ရယ်​သံလွင်​လွင်​ပါ , ပါ​သေး၏ ။

သို့​သော်​ ။

သဲငယ်​သည်​ ​မောင်​ ကို ဆို စိတ်​ထဲမပါသည့်
စကားများသာ ​ပြောတက်​​သတဲ့ ။

.
.
.

** ဂျုံ အင်​က .. သား ကို အရမ်းချစ်​တာဘဲ ။
မားမား​ရှေ့မှာ​တောင်​ သားရင်​​သွေးကို သူကိုယ်​တိုင်
ကိုယ်​ဝန်​​ဆောင်​​ပေးနိုင်​တယ်​တဲ့ **

ချစ်​သူဖြစ်​အပြီး နှစ်​ရှည်​လများ တစ်​ဖက်​သတ်​အချစ်​​​ကြောင့်
ခံစားခဲ့ရသမျှများအား အစားထိုးပြန်​ယူမည်​ဟု
ဂျစ်​ကန်​ကန်​အ​တွေးများစွာသည်​ မားမား​ပြော​သော
ထိုစကားတစ်​ခွန်းတည်းနှင့်​ အရည်​​ပျော်​လို့ ။

ကျ​တော်​ကသာ ပိုချစ်​ခဲ့ပါသည်​ ။
ကျ​တော်​ကသာ အရင်​ချစ်​ခဲ့ပါသည်​ ။ ဟူ​သော
ထိုယုံကြည်​ချက်​သည်​ ​အခုအချိန်​ ဘယ်​လိုမှ
ခေါင်းမမာနိုင်​​တော့ ။

မကြာခင်​​ ​မောင့်​ ကို ချစ်​​ကြောင်း ဝန်​ခံရပါဦးမည်​ ။

* တီ .... *

ဖုန်းနံပါတ်​အစိမ်းနှင့်​ဝင်​လာသည့်​ ဓာတ်​ပုံအချို့ .. ။
မိန်းမလှ​လေးတစ်​ဦးနှင့်​ ​မောင်​ .. ။
ဟိုတယ်​ အမည်​ .. အခန်းနံပါတ်​ .. ကအစ
ပို့လာ၏ ။

မည်​သူကများ မည်​သို့​သောအ​ကြောင်း​ကြောင့်
ဤပုံများကို ကျ​တော့ဆီ ပို့လာသလဲမ​ပြောတက်​​ပေမဲ့
ထူးဆန်းသည်​က ​မောင့်​ အ​ပေါ် စိတ်​ဆိုးခြင်း ​ဒေါသ
ထွက်​ခြင်းမရှိသလို ယုံကြည်​ချက်​ကင်းမဲ့သွားသည်​မျိုး
လည်းရှိမလာ ။

စိတ်​​အေး​အေးနှင့်​ပင်​ ခံစားချက်​များက သက်​သက်​သာသာ
အဆင်​​ပြေလွန်း​နေ​သေးသည်​ ။

မောင်​ .. မင်း .. ဆိုး တယ်​ ကွာ ။

ပြုံး ရုံသာ ပြုံး ဖြစ်​ပြီး ထိုစကားကိုသာ ​ရေရွတ်​မိ၏ ။

အဝတ်​အစားလဲပြီး ထိုဟိုတယ်​ဆီသို့ မသွားခင်
မောင်​ ​ပြော​နေကြ ကျ​တော့်​ကို ဆံပင်​ညှပ်​ခိုင်း​နေခြင်း
အမှုအား လက်​စအရင်​သတ်​ရမည်​ ။

တစ်​နာရီ​ကျော်​နှစ်​နာရီနီးပါး​လောက်​အချိန်​ယူပြီးချိန်
ခပ်​တိုတိုဆံပင်​ဖြင့်​ အရင်​အိုဆယ်​ဟွန်းနှင့်​မတူစွာ
ကြည့်​​ကောင်း​နေဆဲ .. ။

ရွှေအို​ရောင်​ဆံပင်​ကိုလည်းအနက်​ပြန်​ဆိုးကာ
ပုံစံ​ပြောင်းလိုက်​သည်​ ။

ပို့ထား​သော ဟိုတယ်​အခန်း​ရှေ့​ရောက်​​တော့
ဘဲလ်​တီးပြီးခဏအတွင်း တံခါးလာဖွင့်​​ပေး​သော
မောင်​ .. ။

" သဲငယ်​ .. ဘယ်​လိုသိပြီး "

အ​ပေါက်​ဝကိုပိတ်​ရပ်​ထားသည့်​ ကိုယ်​လုံးကို
တွန်းဖယ်​ပြီးအခန်းထဲဝင်​လိုက်​​တော့ ချစ်​မှု​ရေးရာအတွက်
သီးသန့်​ပြင်​ဆင်​​ပေးထားသည့်​အတိုင်းပင်​ ။

" အာ ​ဆောရီး .. ငါအချိန်​​ကောင်း​ရောက်​လာပုံဘဲ "

" သဲငယ်​ .. ခဏ .. ​မောင်​​ပြောတာ​လေး
နား​ထောင်​​ပေးပါဦး "

" ရတယ်​ ။ ငါ့ကို ရှင်းပြစရာမလိုဘူး ။
တစ်​ခု​တော့သိထား​ပေး ။ မင်း ငါ ဆိုးသမျှကို
သည်းခံ​ပေးသလို ငါလည်း မင်းကို နားလည်​​ပေးနိုင်​တယ်
မစိုးရိမ်​နဲ့ ငါက အဲ့​လောက်​ထိ သ​ဘောထားမ​သေးသိမ်
ပါဘူး ။ မနက်​ဖြန်​မှ ​တွေ့ရ​အောင်​ ။ ငါသွားပြီ "

" သဲငယ်​ရာ .. ချစ်​လွန်းလို့​သေ​တော့မယ်​ "

ရုပ်​ချည်းလာဖက်​​သော ​မောင့်​ ကိုယ်​ လုံး ကို
ပြန်​မဖက်​နိုင်​​သေးခင်​ ကျ​တော့်​မှာ​ကြောင်​​တောင်​​တောင်
ရယ်​ ။

" ဆံပင်​​တွေလည်း ညှပ်​ထားတာဘဲ ။
လိမ္မာလိုက်​တဲ့ ဟွန်း ငယ်​ "

ကျောပြင်​​ပေါ်က လက်​အစုံ ပိုတင်းကျပ်​လာသလို
ကျ​တော့်​ဆံသား​တွေကြားမှ အနမ်းဖွဖွများသည်​လည်း
ပိုစိတ်​လာသည်​ ။

" လွတ်​စမ်း .. မင်းဟာမ​လေးမြင်​ဦးမယ်​ "

" ဘယ်​ဟာမ​လေးလဲ ?? ဘယ်​သူမှမရှိပါဘူး ?? "

အမှန်​တကယ်​ပင်​ သူရိုးသားသလိုပုံစံ​ကြောင့်
မင်္သကာသည်​နှင့်​ဘဲ ဓာတ်​ပုံများပို့​သော ဖုန်းနံပါတ်
အစိမ်းအား ဖုန်းဆက်​မိ​တော့ အခန်းတွင်းကုတင်​​ပေါ်မှ
အသံမြည်​လာ၏ ။

" ဂင်​ ဂျုံ အင်​ .. မင်း .. "

" ​မောင့်​ သဲ ငယ်​ ​လေး က သ​ဘောထားကြီးလိုက်​တာ
ကောင်​မ​လေးနဲ့အိပ်​တာ​တောင်​ ခွင့်​ပြု​ပေးတယ်​ "

အရယ်​တစ်​ဝက်​နှင့်​ အူမြူး​နေပုံရ​သော ​လေသံ​ကြောင့်
ချက်​ချင်း ဖက်​ထားရာမှ ခွာလိုက်​​တော့ အသံထွက်​ပြီးပါ
ရယ်​လာ၏ ။

" တမင်​ ကလိမ်​ကျပြန်​တာ​ပေါ့ .. ဂင်​ ဂျုံ အင်
မင်း ​သေချင်​​နေပြီထင်​တယ်​ "

" သဲ ငယ်​ လက်​ထဲအ​သေခံရမှ​တော့ ​မောင်​က
မ​ကြောက်​ပါဘူး​နော်​ "

ဂင်​ ဂျုံ အင်​ ဆိုသည့်​လူမျိုးက​လေ နည်းနည်း​လေး​တောင်
စေတနာသထာလို့ရမည့်​လူမဟုတ်​​ချေ ။

မုန်းဖို့​ကောင်းလိုက်​တာ .. ။

" အဲ့​ကောင်​မ​လေးက .. သဲငယ်​အရင်​ရည်းစား​လေ
သေချာစကား​ပြောကြည့်​မှ သူမက ​မောင်​တို့ကို
အရင်​ကတည်းကကြိတ်​သ​ဘောတူထားတာဘဲ ။
သူ့အကူအညီယူပြီး ဟွန်း ငယ်​ ခံစားချက်​ကို
သိချင်​လို့ ပြီး​တော့ 

မောင်​ မင်း ကို လက်​ထက်​ခွင့်​ ​တောင်းမယ်​ .. "

အရမ်းကို အရူးအလုပ်​​တွေလုပ်​သည့်​ ဂင်​ဂျုံအင်​ပါ​လေ ။

သို့​သော်​ ​ကျ​တော်​​ကျေနပ်​၏ ။

ကျ​တော့်​အချစ်​ကို သူမြင်​ရပြီ​လေ ။

" ငါ .. မင်း ကို ချစ်​တယ်​ ။
အဲ့လို ကိစ္စမျိုးကို ​အေး​အေး​ဆေး​ဆေး နားလည်​​ပေးနိုင်​တဲ့
အထိ ငါ ​မောင့်​ ကို ချစ်​တယ်​ .. "

" ​မောင်​ သဲ ငယ်​ ​လေး က စကားတက်​လိုက်​တာ ။
ချစ်​လွန်းလို့ ​သေ​တော့မှာဘဲ "

" မင်းက​လေ အရမ်းပိုတာဘဲ ။ ​နောက်​ဆို
ဒီလို​အလုပ်​မဖြစ်​တာ​တွေနဲ့ငါ့စိတ်​ကိုမစမ်းနဲ့ ။
ဒုတိယအကြိမ်​ရှိလာရင်​ ​ .. မင်း ကို
စိတ်​ဆိုးရလိမ့်​မယ်​ "

" ​နောက်​တစ်​ခါလည်းမရှိ​စေရပါဘူး ။ ဒါ​ပေမဲ့
အိပ်​ရာ​ပေါ်မှာစမ်းလို့ရမလား .. ဟင်​ .. "

" ဂင်​ ဂျုံ အင်​ စကားအ​ကောင်း​ပြောစမ်း "

" ချစ်​တယ်​​လေ သဲငယ်​ကလည်း .. ​မောင့်ကို
အလိုလိုက်​​နော်​ "

" အဲ့စကား ငါ​ပြောရမှာ .. ​မောင်​ သာ ငါ့ကို
အလိုလိုက်​သင့်​တယ်​ "

" ဟုတ်​ပါပြီ .. ဟုတ်​ပါပြီ .. အရစ်​တုံး​လေးရဲ့
ဒီလူကဘဲ ချစ်​ရ​တော့ ပါကင်​အဖွင့်​ခံရမှာ​ပေါ့ ။
အဟင့်​ .. စိတ်​​တောင်​မ​ကောင်းဘူး "

မျက်​နှာငယ်​​လေးနှင့်​ မျက်​ရည်​မထွက်​ဘဲ ငိုယိုပြ​နေသဖြင့်
လူယုတ်​မာလုပ်​ပြီး တစ်​ခါတည်းကုတင်​​ပေါ်ဆွဲသွင်းလိုက်
ရလို့ ။

ကိုယ့်​အ​တွေးနှင့်​ကိုယ်​ ပြုံးလိုက်​မိချိန်​ ..
ပါးပြင်​​ပေါ်ကခပ်​ဖွဖွ အိ​ထွေး​ထွေး အထိအ​တွေ့ ။

" ဒီအမာရွတ်​​လေးကို အမြဲတမ်းနမ်းချင်​တာ ။
အခုမှဘဲဆန္ဒပြည့်​​တော့တယ်​ ။ "

တကယ့်​ကို ​မောင့်​အချစ်​အား ကျ​တော်​ ယုံမှားသံသယ
မရှိ​တော့​ချေ ။

" ချစ်​တယ်​ သဲငယ်​ "

" ငါလည်း ​မောင့်​ ကို ချစ်​တယ်​ "

.
.

* ​မောင့်​ သဲ ငယ်​ ​လေး ​မောင့်​ ရင်​ခွင်​ထဲမှာ
တစ်​သက်​လုံး​နေ​နော်​ *

.
.

* မစဉ်းစားနဲ့ ​မောင်​ ဘဲ ငါ့ရင်​ခွင်​ထဲ​နေ *

.
.

* တကယ်​ ကွာ .. သဲ ငယ်​ မင်း ဟာ​လေ
မောင့်  ​အ​ပေါ်ကိုဆို အရမ်းဆိုးတာဘဲ *

.
.

* ချစ်​ရင်​သည်းခံပါ ဂင်​ ဂျုံ အင်​ ရှိ *


.
.
.

THE END .........

Yes !!!!
Happy Ending 😭
စ​ရေးကတည်းက  သဲငယ်​ကို လုံးဝ SE လုပ်​မယ်
တွေးထားတာ ။
ခက်​သည်​က ကိုယ်​က ဒရမ်​မာမရ SE မရ​တော့
ရေး​နေကြ ဒီလိုင်းထဲဘဲ​ရောက်​သွား ။
ဇာတ်​လမ်း ဇာတ်​သိမ်း​တွေထပ်​​နေပြီထင်​တယ်​ 😑😷
ခပ်​မြန်​မြန်​ပြီးသွားလို့ စိတ်​မ​ကောင်း​ပေမဲ့
ခွဲကြရမှာဘဲ​လေ 💔
အသဲတို့အကုန်​လုံးကို​ကျေးဇူးတင်​ရှိပါ​ကြောင်း ❤

Continue Reading

You'll Also Like

228K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
7.7K 1K 22
Jungkook Atlas Francis - Taehyung Rowan Elliot
91.3K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
52.7K 4.4K 22
ငါ -ိုး!!! အိပ်ယာက နိုးနိုးချင်း ယောက်ျားရသွားပြီ!!!