Are They Happy Ending ??

5.5K 528 41
                                    

" ကျ​တော်​နဲ့​ ​တွေ့ချင်​တယ်​ဆို​တော့ ဘာကိစ္စများ
ရှိလို့ပါလဲ အန်​ တီ "

" မင်း နဲ့ ဆယ်​ ဟွန်း နဲ့ ကြိုက်​​နေကြပြီလား "

ထိုင်​ပင်​မထိုင်​ရ​သေး ​ဆောက်​နဲ့ထွင်းသလို တင်းမာ​နေ
သောမျက်​နှာထားနှင့်​ အပြစ်​တင်​​ဝေဖန်​မည့်​ စကားအသွား
အလာ​ကြောင့်​ ဆယ်​ ဟွန်း ထက်​အရင်​ ကျ​တော်​က
ဤမဖြစ်​မ​နေရင်​ဆိုင်​ရမည့်​အ​ခြေအ​နေအား ​အလုံးစုံ
ခေါင်းခံခြင်းဖြင့်​ သဲ ငယ်​ ကို ဝန်​​ပေါ့​စေချင်​ပါသည်​ ။

" ဟုတ်​ ကဲ့ ။ ကျ​တော်​တို့ ချစ်​သူဖြစ်​ပြီးပါပြီ "

" ငါ သ​ဘောမတူနိုင်​ဘူး ။ မင်းတို့အခုချက်​ချင်းဖြတ်​ "

" ခဏ​နေပါဦး .. ။ အရင်​ဆုံး အန်​ တီ့ သား ရဲ့
ဆုံးဖြတ်​ချက်​ကို​မေးပြီးပြီလား ။ ​ဒါမှမဟုတ်​ ဒီကိစ္စနဲ့
ပတ်သတ်ပြီး ​​စကား​ပြောပြီးပြီလား .. ။ "

" ​သူ ဘယ်​လိုဘဲ ဆုံးဖြတ်​ထားထား ။ ငါက​တော့
မင်းတို့ကိုမရ , ရ​အောင်​ခွဲမှာ "

" ကျ​တော့်​မိဘ​တွေ​တောင်​ သူတို့သားကို မနိုင်​လို့
ခွင့်​ပြု​ပေးထား​သေးတာဘဲ ။ အန်​ တီ လည်း
သဲငယ်​ရဲ့ ဆုံးဖြတ်​ချက်​ကို အ​လေးထားသင့်​တယ်​ "

အတက်​နိုင်​ဆုံး ချစ်​ရသူ၏မိခင်​ဆို​သောအ​တွေးကို
သွင်းထားပြီး မရိုင်းမိရ​အောင်​ ကလန်​ကဆန်​မလုပ်​မိ
ရ​အောင်​ ထိန်းထား​သော်​ငြား အသားလွတ်​ကြီး
မရ,မကခွဲမည်​ဆို​တော့ ​ယောကျာ်း​လေးချင်းဟူ​သော
ဖြစ်​ရပ်​မှန်​ကို လက်​ခံ​ပေးထားသည့်​ ကျ​တော်​၏မိဘနှစ်​ပါး
ကဘဲအလွန်​အမင်း ​သ​ဘောထားကြီးမားကြပုံပင်​ ။

" သားအမိဆက်​ဆံ​ရေးကို မင်းက ပျက်​ဆီး​စေချင်
တာလား "

" အန်​ တီ .. ကျ​တော်​တို့ကို ကြိုးစားခွင့်​​ပေးသင့်​တယ်
ဒါမှမဟုတ်​ ကျ​တော်​မှာ လိုအပ်​ချက်​​တွေ မရင့်​ကျက်​မှု​တွေ
ရှိ​သေးရင်​​ပြောပါ ။
ပြင်​သင့်​ပြင်​ပြီး ဖြည့်​သင့်​ဖြည့်​ရ​အောင်​ "

သူတို့က ကွဲကြစမ်းဆိုတိုင်း ကွဲရ​အောင်
ကျ​တော်​တို့သည်​ မစဉ်းစားတက်​​သောက​လေးအရွယ်
တွေလည်းမဟုတ်​သလို အခုမြင်​အခုကြိုက်​ပြီး
ရူး​နေကြသည်​လည်းမဟုတ်​ ။

မောင့်​ သဲ ငယ်​ .. [ Complete ]Där berättelser lever. Upptäck nu