Believe Or Not ..

3.7K 494 25
                                    

ခဏ​လေး ဖုန်းပြန်​ဖွင့်​လိုက်​သည်​နှင့်
တတီတီ မက်​​ဆေ့များ ..
မြောက်​မြားစွာ​သော Miss Call များ ..

မောင်​ နှင့်​ ချစ်​ တယ်​ ချင်း ထပ်​​နေ​သော အနှီး ဂင်​ ဂျုံ အင်
၏ ချစ်​စကားအဖြာဖြာ .. ​​တောင်းပန်​ပါတယ်​ဆို​သော
မရိုး​လှသည့် ​​အသနားခံစာအဖုံဖုံ ..

တစ်​ဖက်​သတ်​အချစ်​ဆိုတိုင်း တစ်​ဖက်​လူထံမှပြန်​ချစ်​ရန်
မ​မျှော်​လင့်​ထားသည့်​ ကျ​တော့်​အတွက်​ ​မောင့်​စကား
မှန်​သမျှက ယုံချင်စရာ​တော့သိပ်​​မ​ကောင်းလှ ။

* အသဲ ​ရေ .. သဲ ငယ်​ ​ရေ .. ဟွန်း ငယ်​ ​ရေ
ဖုန်းကိုင်​​ပေးပါကွာ ။ ​မောင့်​ ကို စိတ်​ပူရ​အောင်
မလုပ်​ပါနဲ့ လား *

ငါးမိနစ်​စွန်းစွန်းသာ ရှိ​သေး​သော ​မောင့်​ ဆီ က
နောက်​ဆုံး မက်​ ​ဆေ့ ​ကို ဖတ်​​နေတုန်း အိမ်​တံခါး
ကုတ်​နံပါတ်​ရိုက်​သံနှင့်​ ဝုန်းဒိုင်းကြဲဝင်​လာသည့်
ခြေသံပြင်းပြင်း ။

" သဲ ငယ်​ ရာ .. ​မောင်​ မှာ .. စိတ်​ ပူ လို့ ရူး​ ..
တော့ .. မယ်​ "

အပိုင်းပိုင်းအပြတ်​ပြတ်​ စကားတစ်​​ကြောင်း က
မောဟိုက်​မှုအပြည့်​ပါ​သော်​ငြား ကျ​တော်​မသနားချင်​ပါ ။

စိုးရိမ်​ခြင်း စလာပြီဆို အနည်းနှင့်​အများ
တွယ်​တာစိတ်​ စွက်​လာမည်​မို့ ​ကျောခိုင်းပြီး
လျစ်​လျူ ရှုမှုနှင့်​သာ မသိဟန်​​​ဆောင်​ပြုလိုက်​မည်​ ။

" ​မောင့်​ အသဲ .. စကား​ပြောဦး​လေကွာ "

ပခုံးက​နေဆွဲလှည့်​​နေပြီဖြစ်​သဖြင့်​ အလိုက်​သင့်
မျက်​နှာချင်းဆိုင်​မိ၏ ။

အမြဲတမ်းလို ကိုယ့်​ကိုကိုယ်​အထင်​ကြီးမှုဖြင့်
မျက်​နှာချီ မာန်​ဝင့်​​လွန်း​သော ဂင်​ ဂျုံ အင်​ သည်
မထင်​မှတ်​ထားစွာ မှိုင်းရီ​နေ​ပြီး ဝမ်းနည်းမှုတစ်​ပုံတစ်​ပင်
နှင့်​ ကျ​တော့်​အား စိုက်​ကြည့်​လာသည်​ ။

" ​မောင်​ .. မင်း .. "

" ချစ်​တယ်​ .. သဲ ငယ်​ .. ​ကျေးဇူးပြု ပြီး
မောင့်​ကို မမုန်းလိုက်​ပါနဲ့ "

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now