For U .. For Ever For Me ..

3.6K 467 32
                                    

* သဲငယ်​ အတွက်​ .. အမြဲတမ်း အတွက်​ *

နှင်းဆီပန်းတစ်​ပွင့်​နှင့်​ ခပ်​ဝိုင်းဝိုင်း​ချော့ကလက်
တစ်​တုံးကို လက်​ထဲထည့်​​ပေးပြီး ​မှုန်​ကုတ်​ကုတ်
မျက်​နှာအား သတိထား အကဲခတ်​မိ​တော့
စက္ကန့်​စာမျှ တွန့်​​ကွေးသွားသည့်​ နှုတ်​ခမ်းလွှာက
ကျ​တော့်​၏ ကြီးကျယ်​မှုမရှိသည့်​ လက်​​ဆောင်​အား
အသိအမှတ်​ပြုပုံပင်​ ။

" ဘာလဲ မင်းကို​ကြွေ​နေတဲ့​ကောင်​မ​လေး​တွေ
ပေးတာ​ကို လာ​ကြွားတာလား "

" ​မောင်​ က အဲ့ လို လူ မျိုး လား .. ဒါက
သဲ ငယ်​ အတွက်​ သီး သန့်​ "

မယုံသ​င်္ကာမျက်​နှာ​ပေးနှင့်​ မျက်​ခုံးပင့်​ကြည့်​ပုံ​ကြောင့်
စိတ်​မဆိုးမိဘဲ အသည်းတယားယား လူ​ရှေ့သူ​ရှေ့
၌ပင်​ ဖက်​ကိုက်​ချင်​သည့်​စိတ်​က လှုပ်​လှုပ်​ရွရွဖြစ်​​နေ၏ ။

" ​မင်း လည်း ပါးစပ်​ထဲရှိတာ​ပြောတက်​တဲ့အကျင့်​ကို
ပြင်​ဦး "

" ​မောင်​ ဘာ ​ပြော မိ လို့ လဲ "

သဲငယ်​ မှုန်​ကုတ်​​နေလျှင်​ ပိုလို့ပင်​စချင်​စိတ်​များလာသဖြင့်
မသိချင်​​ယောင်​​ဆောင်​ပြန်​အ​မေးထုတ်​ပြီး နှဖူး​ပေါ်
ဝဲဆင်း​နေ​သော ဆံသားအချို့ကို လက်​အကျင့်​အရ
သပ်​တင်​​ပေးမိ၏ ။

" ငါ ဒီ ​နေ့ မင်း အိမ် မလိုက်​​တော့ဘူး "

ခဏခဏ​ဆံပင်​​ဆေးဆိုးတက်​​သော​ကြောင့်​ အရမ်းကြီး
မနူးညံ့​​​ပေမဲ့ ထိုအထိအ​တွေ့ကကို အမြဲတမ်း အ​ကြောင်းရှာ
လက်​မလွှတ်​ချင်​သည့်​ ခံစားချက်​ဖြစ်​​နေ​လေ​တော့
ဘေးနားတွင်​ သဲ ငယ်​ ၏ ရည်း စား မျက်​လုံးပြူး
ကြည့်​​နေလျှင်​​တောင်​ ​ဂရုစိုက်​မည်​မဟုတ်​​ပေ ။

" ဘာလဲ ​.. သူ နဲ့ ဒိ​တ်​ လား "

သဲငယ်​ရည်းစားဟု​တွေး​နေတုန်း ချက်​ချင်း​ရောက်​လာ
သော မိန်းမပျို ​လေး က ကျ​တော့်​ ၏ မဟုတ်​မဟတ်
ဂွင်​ဖန်​မည့်​အ​ရေးကို အချိန်​ကိုက်​ အခွင့်​အလမ်းဖွင့်ပေး
လိုက်​သည့်​အတိုင်း ။

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now