The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 31

9K 702 113
By aseinnkyaw

The dimple on his cheek

Unicode

"ရှင်းလေး ငါ့လက်ကိုသေချာတွဲထားနော် "

ချမ်းမြေ့က ရှင်းလေး၏နဖူးကို အဝတ်အမဲဖြင့်စည်းနှောင်၍ တစ်နေရာသို့ ခေါ်လာသည်။

"ချမ်းမြေ့ ငါ့ကို ဘယ်ခေါ်လာတာလဲ လူကုန်ကူးမလို့တော့ မဟုတ်ဘူးမလား"

ရှင်းလေးရဲ့ပြောဟန်လေးက ချစ်စရာကောင်းလွန်းတာရယ်မို့ ချမ်းမြေ့က ခွီးခနဲကြိတ်ရယ်မိသည်။ မေးလည်းမေးတတ်တဲ့ အာဂ ငရှင်းပါပဲ။သူ့ကြောင့် ဝမ်းနည်းနေတဲ့ စိတ်အစုံတောင်ဘယ်လိုအငွေ့ပျံသွားမှန်းမသိ။

"ရှင်းလေးရာ ဘာတွေ အတွေးခေါင်နေတာလဲ မကြောက်ပါနဲ့ ငါ့ကို ယုံကြည်ပြီး သာလိုက်ခဲ့မင်းအရမ်းအံ့သြသွားစေရမယ် "

ချမ်းမြေ့က ပါးစပ်ကလည်း တတွတ်တွတ်ပြောရင်း ရှင်းလေး လက်ကိုဆွဲလာသည်။ ရှင်းလေးကတော့မျက်လုံးကို အဝတ်စဖြင့် စည်းနှောင်ခံထားရတာကြောင့် မမြင်မကမ်းနဲ့စမ်းရင်းလက်တစ်ဖက်ကလည်း ချမ်းမြေ့လက်ကို တင်းတင်းကိုင်ကာ လျှောက်လာသည်။

ည၏ လေနုနုအေးအေးသည် မှိုင်းညှို့နေတဲ့နက်ပြာရောင်ကောင်းကင်နဲ့ လိုက်ဖက်လှစွာ ချမ်းစိမ့်စိမ့်နဲ့တဖြူးဖြူးတိုက်ခတ်လာသည်။

သူတို့နှစ်ယောက်ရောက်နေသော နေရာကလည်း မန္တလေးမြို့ဂေါဝန်ဆိပ်ကမ်းမှာဆိုက်ကပ်ထားသည့် အပန်းဖြေသင်္ဘောအကြီးကြီးပေါ်မှာ ဖြစ်သည်။

ကြီးမားလွန်းလှတဲ့အပန်းဖြေသင်္ဘောကြီးဆီမှ ရောင်စုံမီးများ၏အလှသည် ညကောင်းကင်ကိုပါ ထင်ဟပ်နေလေသည်။

ထိုသင်္ဘောကြီးသည်မန္တလေးဘက်မှ စစ်ကိုင်းသို့ တဖြေးဖြေးရွေ့လျားသည့်အလှစီးသင်္ဘောကြီးဖြစ်ကာ ယခုအချိန်မှာတော့ဧရာဝတီမြစ်ကမ်းစပ်တစ်နေရာရှိ ဂေါဝန်ဆိပ်ကမ်းတွင် ငြိမ်သက်စွာ ဆိုက်ကပ်ထားတာဖြစ်သည်။

သင်္ဘောပေါ်မှာရှိသော လျှောက်လမ်းတစ်ခုလုံးတွင် အနီရောင်ကော်ဇောကို ခမ်းနားစွာခင်းကျင်းထားသည်။ သင်္ဘောကြီး၏ ဘေးပတ်လည်ကိုလည်း ကောင်းကင်ထိထွင်းဖောက်သောမီးအလင်းတန်းများဖြင့်အလှဆင်ထားပြီး အသင့်အနေအထားနဲ့ စောင့်စားနေသော လူများစွာလည်း ရှိနေလေသည်။

ထိုလူများသည် ထူးထက်ခေါင် ပိုင်ဆိုင်သော Star Construction Groupမှ ဝန်ထမ်းများဖြစ်ကြပြီး လူဦးရေ ၁၀၀ ကျော်လောက်ရှိကာလူအားလုံးရဲ့လက်ထဲမှာတော့ ရောင်စုံမီးပုံးပျံသေးသေးလေးများကို ကိုယ်စီကိုင်ထားကြသည်။

တစ်နေရာမှာလည်းသတ်မှတ်ထားတာနဲ့အချိန်
ကိုက် ငြိမ့်ညောင်းလှတဲ့ သံစဉ်တွေကို တီးခတ်ဖို့စန္ဒာရားကြီးတစ်လုံးချထားပြီး ထိုစန္ဒရားတွင်တော့ အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ဆင်ထားသည့်လူတစ်ယောက်က တီးခတ်ရန်အသင့်စောင့်စားနေလေသည်။

ချမ်းမြေ့ကရှင်း၏လက်ကိုဆွဲလျက် ကော်ဇောနီ
ခင်းထားသောလမ်းတစ်လျှောက်ဖြေးညှင်းစွာလျှောက်လာသည်။ ကော်ဇောနီ၏အဆုံးသတ်မှာတော့ သင်္ဘောဦးထိပ်ပိုင်းနေရာမှာထူးထက်ခေါင်ကအသင့်အနေးအထားနဲ့စောင့်ကြိုနေပေသည်။

ထူးထက်ခေါင်ရပ်နေသော နေရာသို့အရောက်မှာတော့ချမ်းမြေ့က ရှင်းကို ထူးထက်​ခေါင်နှင့်မျက်
နှာချင်းဆိုင်ဖြစ်အောင် မျက်နှာမူလျက်ရပ်ခိုင်း
လိုက်ကာ ထူးထက်ခေါင်အား အဓိပ္ပါယ်ပါပါစိုက်
ကြည့်လျက် ရှင်းမကြားအောင် ကြိုးစားထားဟူသည့်သဘောနှင့်တိတ်တဆိတ် လက်သီးဆုပ်ပြလိုက်ပြီး ထိုနေရာမှအဝေးသို့ ရှောင်ထွက်သွားသည်။

ချမ်းမြေ့ကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထူးထက်ခေါင်က စိတ်လှုပ်ရှားလွန်းနေသဖြင့် တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်ကို ဖိပြီး သက်ပြင်းဖွဖွချသည်။

ညီ့ကို Propose လုပ်ရမှာကို သူအရမ်းရင်ခုန်နေ
သည်။သူ့ရဲ့အသိုင်းအဝိုင်းတစ်ခုလုံးရှေ့ ဝန်ထမ်းတွေ အားလုံးရဲ့ရှေ့မှာညီ့ကို ချစ်တဲ့အကြောင်းတစ်လောကလုံးကို ဖွင့်ဟပြမည်ဟု ခိုင်မာလှတဲ့ဆုံးဖြတ်ချက်ချပြီးနောက် ချမ်းမြေ့နဲ့တိုင်ပင်ပြီး ဒီအစီအစဉ်ကိုဆွဲခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းတွေအားလုံးကိုလည်း အပန်းဖြေဖို့စီစဉ်ပေးရင်းနဲ့လူအင်အားစိုက်ထုတ်ပေးဖို့ အားလုံးဆီက အကူအညီတောင်းထားခဲ့သည်။

ငြိမ်ငြိမ်လေးရပ်နေတဲ့ မျက်စိရှေ့က ညီရဲ့ဖူးနုနေတဲ့ မျက်နှာလှလှကလေးကိုကြည့်ပြီး ထူးထက်ခေါင် ဂလုကနဲ တံတွေးမျိူချလိုက်သည်။

ထို့နောက်ပထမဆုံးအစီအစဉ်အနေနဲ့ စန္ဒရားတီးမယ့် ကောင်လေးကိုကြည့်ပြီး လက်ဖျောက်တီးကာ အချက်ပြလိုက်တော့ ထိုကောင်လေးက နီနီခင် ဇော်ရဲ့ Stand By Me သီချင်းလေးကို စတင်တီးခတ်ဖို့ရန် ပြင်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ရှင်းလေးရဲ့နောက်မှာအသင့်ရပ်စောင့်နေတဲ့ဝန်ထမ်းတစ်ယောက်က ရှင်းလေးကို စည်းနှောင်ထားတဲ့မျက်လုံးကအဝတ်စကိုနောက်ကနေ ဖြေးဖြေးချင်းဖယ်ခွာချလိုက်သည်။

"ချစ်တယ် ညီ ငါးနှစ်လုံးလုံး မင်းတစ်ယောက်တည်းကိုပဲ မြတ်မြတ်နိုးနိုးချစ်ခဲ့တာ မင်းကို လက်ထပ်ခွင့်ပြုပါ ညီ "

တစ်ဆက်တည်းမှာပဲ လွင့်ပျံလာတဲ့ ယောကျ်ားသံ ချိူချိူသြသြလေးနဲ့ သာယာငြိမ့်ညောင်းလှပသော နောက်ခံသီချင်းသံ ။

"ရွှီး...."

ကောင်းကင်ပေါ်ကို အရှိန်အဟုန်နဲ့တစ်ပြိုင်တည်းပျံတတ်သွားသော မီးရှုးမီးပန်းများကြားထဲမှ အစီအရီတတ်လာသော လှပလွန်းသော အရောင်စုံ မီးပုံးပျံ ငယ်လေးများ ။

ပန်းချီကားတစ်ချပ်သဖွယ် လမင်းနဲ့ ကြယ်တစ်ချို့ဝန်းရံထားသော ကောင်းကင်ပေါ်ကို တလူလူတတ်သွားသော နောက်ခံမီးပုံးပျံများ ပျံတတ်နေသည့်ကြားထဲမှာမှ ပန်းရောင်အကျီဝတ်ထားသောဖြူဖြူနုနုကောင်လေးတစ်ယောက်ကို အနီရောင်
လက်စွပ်ဘူးလေးဖွင့်လျက် ဒူးထောက်လိုက်ကာ လက်ထပ်ခွင့်တောင်းလိုက်သော အအောင်မြင်ဆုံး Star Construction Group ၏ လူငယ်သူဌေးလေးတစ်ဦး ။

ထူးထက်ခေါင်က လက်စွပ်ဘူးထဲက ရွှေသားအတိဖြင့်ပြုလုပ်ထားသော လက်စွပ်မောင်းကွင်းလေးအားထုတ်ယူလျက် ရှင်းရဲ့လက်သူကြွယ်လေးပေါ် စွပ်ပေးလိုက်သည်။ ထို့နောက် နံဘေးရှိဝန်ထမ်းယူလာသော အဖြူရောင်နှင်းဆီပန်းစည်း အကြီးကြီးကိုကိုင်ကာ ဒူးထောက်ထိုင်နေလျက်ပင် ရှင်းကို ကမ်းပေးလိုက်သည်။

"ညီ ကိုယ့်အချစ်ကို လက်ခံပေးပါနော် "

မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော မြင်ကွင်းများအားလုံးသည် သူနဲ့လားလားမှ မသက်ဆိုင်သလို ရှင်းလေးက စိမ်းသက်သက် ဖြစ်နေလေ၏။

သူ့အတွက် အံအားသင့်စရာ ညတစ်ညဖန်တီးပေးမယ်ဆိုပြီး ချမ်းမြေ့ခေါ်လာခဲ့တာ ဒီနေရာကိုလား?
ပြီးတော့ သူ့ရှေ့မှာဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းနေတဲ့ သူက ငါးနှစ်လုံး စွဲစွဲလမ်းလမ်းချစ်ခဲ့ရတဲ့သူ့နှလုံးသားထဲမှာခိုင်မာစွာ တည်ရှိနှင့်ပြီးသား လူတစ်ယောက်တဲ့လား။

အခုအဲဒီလူက သူ့ကိုဒီလိုမျိူး ကြီးကျယ်ခမ်းနားတဲ့ နေရာမျိူးမှာ လက်ထပ်ခွင့်တောင်းတယ်တဲ့လား ။

အရာရာတိုင်းသည် အိမ်မက်တစ်ခုလို ဖြစ်နေတာမို့ ရှင်းလေးက ချမ်းမြေ့ထားသွားသော ထိုနေရာ
၌ပင် အသက်မဲ့နေတဲ့ အရုပ်တစ်ရုပ်လို မလှုပ်မယှက်ပဲ ရပ်နေပေသည်။ဘယ်တော့မှမရနိုင်တော့ဘူးဟု ထထစ်ချမှတ်ယူထားခဲ့ပြီး သက်ဆုံးတိုင်မေ့ပျောက်လိုက်ဖို့ ကြံရွယ်ပြီးကာမှ အရာရာ သူ့နေရာနဲ့သူအံဝင်ခွင်ကျဖြစ်ပြီးကာမှယုတ်စွအဆုံး ချမ်းမြေ့ကိုကို ဆိုတဲ့ လူတစ်ယောက်နဲ့ ဘဝတစ်ခုထူထောင်ဖို့အထိ ဆုံးဖြတ်ပြီးကာမှ Bro က ချစ်ပါတယ်တဲ့လား ။

ငါးနှစ်လုံးလုံး ကျွန်တော့်ဘက်ကို တစ်ချက်လေးတောင် ငဲ့မကြည့်ခဲ့ပဲနဲ့ ။ ကျွန်တော့်အချစ်တွေကိုနဲနဲလေးတောင် အသိအမှတ်မပြုခဲ့ပါပဲနဲ့။

အရာရာတိုင်းဟာ နောက်ကျသွားပြီ Bro ။
ကျွန်တော် ငါးနှစ်လုံး သေလုမြောပါး ခံစားခဲ့ရတာတွေက Bro အတွက် သေးသေးမွှားမွှားလေးတွေပဲလား Bro ။

ရှင်းလေးသည် ရုတ်တရက် သွေးပူလာပြီးမှ ထူးထက်ခေါင် ကမ်းပေးနေသော ပန်းစည်းကြီးကိုယူကာ အဝေးသို့ပစ်ပေါက်လိုက်သည်။ ထို့နောက် ထူးထက်ခေါင်ကိုယ်တိုင်စွပ်ပေးထားတဲ့ သူ့ရဲ့လက်သူကြွယ်က လက်စွပ်လေးကိုလည်းအားနဲ့ဆွဲချွတ်လိုက်ကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။

"ကျွန်တော် လက်မခံနိုင်ဘူး Bro ကျွန်တော့်မှာ ချစ်သူရှိတယ် အရာရာတိုင်းဟာ နောက်ကျသွားပြီ Bro ပြီးတော့ Bro က ကျွန်တော့်အမရဲ့ ခင်ပွန်းလောင်းပဲ ကျွန်တော်နဲ့ Bro နဲ့ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ဘူး။ အရင်ကတည်းက Bro သာသတ္တိ
ရှိခဲ့ရင် အခုလိုကိစ္စတွေဖြစ်လာမှာလည်းမဟုတ်ဘူး။ဘာမှပြောင်းလဲလို့မဖြစ်နိုင်တော့မယ့်အတူတူ အရင်လိုပဲ တစ်ခါမှမသိခဲ့ဖူးတဲ့ တစိမ်းတွေလိုပဲနေကြရအောင် ကျွန်တော့်ကို သွားခွင့်ပြုပါ "

သူကိုယ်တိုင် တုန်လှုပ်နေတယ်လို့ မထင်ရအောင်အသံကိုအတတ်နိုင်ဆုံးထိန်းပြောလျက် ရှင်းလေးက ထိုနေရာကနေ ထူးထက်ခေါင်ကို ဆောင့်တွန်းလျက်ပြေးထွက်လာခဲ့သည်။

"ညီ မသွားပါနဲ့ ကိုယ်မှားခဲ့ပါတယ် ကိုယ် တောင်းပန်ပါရစေ "

ထူးထက်ခေါင်ကလည်း ရှင်းလေးရဲ့လက်ကိုမမှီမကမ်းလှမ်းဖမ်းဆွဲရာမှ သူ့လက်ကိုခပ်ကြမ်းကြမ်းခါထုတ်သွားကာ အဝေးသို့ပြေးထွက်သွားတဲ့ကျောပြင်တစ်ခုကိုသာ ငေးကြည့်နေလျက် ထိုနေရာ၌ပင် အရုပ်ကြိုးပြတ်လဲကျသွားသည်။

ထိုအဖြစ်အပျက်၏ အစအဆုံးကို တစ်နေရာကလှမ်းကြည့်နေသော ချမ်းမြေ့ကိုကိုသည်လည်းချက်ချင်းပင် ရှင်းမြတ်နိုးပိုင် နောက်ကိုပြေးလိုက်သွားသည်။

ထူးထက်ခေါင်၏အနားတွင်တော့အခြေအနေကို
အစအဆုံးမြင်လိုက်သော သူ့ရဲ့အတွင်းရေးမှူးနဲ့ မန်နေဂျာက ဝိုင်းအုံလာကာ မကြာသေးမီက ငြိမ့်ညောင်းစွာလာနေခဲ့သော သီချင်းသံသည်လည်း တိခနဲရပ်သွားလျက် သင်္ဘောကြီးတစ်ခုလုံးသည်
လည်း အသက်မဲ့သွားသလို ရုတ်တရက် တိတ်
ဆိတ်သွားသည်။

"ရှင်းလေး နေဦး ငါရှင်းပြမယ် "

ချမ်းမြေ့က ရှင်းလေးရဲ့နောက်ကိုအပြေးတစ်ပိုင်း လိုက်လာရင်း ကားနားဆီသို့ရောက်လာသည်။

"ရှင်း ...နေဦးလို့ ငါပြောတာနားထောင် "

ရှင်းလေးကို မှီသွားသော ချမ်းမြေ့က ရှင်းလေးရဲ့ပုခုံးတွေကို ဆွဲလှည့်လျက် သူ့ဘက်ကိုမျက်နှာမူလိုက်သောအခါ ရှင်းလေး၏မျက်လုံးများသည်ငိုထားသဖြင့် နီရဲနေကာ မျက်နှာတစ်ခုလုံးသည်လည်း မို့အစ်ဖောင်းကားနေ၏။

"ရှင်းရာ ဘာလို့ အဲလောက်ကြီး ငိုထားရတာလဲဲဲကွာ မင်းလည်း အကို့ကို ချစ်နေရက်သားနဲ့ "

ချမ်းမြေ့က ရှင်းရဲ့ပါးပေါ်က မျက်ရည်တွေကိုသုတ်ပေးလိုက်ပြီးမှ အံကို တင်းတင်းကြိတ်ရင်းမျက်နှာလွှဲလိုက်သည်။ရှင်းလေး နာကျင်နေတာကိုသူ မမြင်ရက် ။ ရှင်းလေး နာကျင်နေရင် သူပါအလိုလို နာကျင်လာတာ ။

"ရှင်း မငိုနဲ့တော့ တိတ်ကွာ မင်းရင်ထဲ တင်းကျပ်နေရင် ငါ့ကို အကုန်ပြောပြကွာ အဲတာမှ မင်းစိတ်ထဲပေါ့သွားမှာ "

"မင်းလည်း ကြံရာပါမလား ချမ်းမြေ့ မင်းလည်း Bro နဲ့အတူတူပဲ Bro ဆီက အခုလိုရုတ်တရက်ကြီး လက်ထပ်ခွင့်တောင်းခံရတာလေးနဲ့ ငါပျော်မယ်လို့ မင်းထင်နေတာလား။ငါးနှစ်လုံးလုံး ငါ့အချစ်တွေကို မမြင်ချင်ယောင်ဆောင်ခဲ့ပြီးတော့မှ အခုငါ့ရင်ထဲ အကုန် ရှင်းလင်းလိုက်ပြီဆိုမှ ငါ့အနာတွေကို ပြန်လာဆွနေတာ ငါ bro ကိုမယုံဘူး။ ပြီးတော့ သူက ရွှန်းရွှန်း နဲ့ လက်ထပ်ရမယ့်သူ မင်းရောပဲ။မင်းကရော ဘာလို့ငါ့ကို အတင်းထိုးပေးနေရတာလဲမင်းတို့အားလုံးငါ့အပေါ်မကောင်းကြဘူး "

ရှင်းလေးက ဒေါသတကြီးပြောရင်း ပြောလည်းပြောရင်း အီးခနဲ ထပ်ငိုချလိုက်သည်။ ထိုအခါမှ ချမ်းမြေ့က ပြာပြာသလဲ ဖြစ်သွားကာ

"ရှင်းလေး တော်ပါတော့ကွာ မငိုပါနဲ့တော့ မင်းခံစားနေရတာကို ငါနားလည်ပါတယ် ရုတ်တရက်ကြီး မင်းသွေးပူသွားတုန်းမို့ပါ တိတ်တော့နော် ငိုတာကြာရင် ရင်ဘတ်တွေနာလာမယ် "

ချမ်းမြေ့က ရှင်းလေးရဲ့ ခန္ဓာကိုယ်လေးကိုပွေ့ဖက်လိုက်ရင်း ကျောပြင်လေးကို ဖွဖွလေးပွတ်ပေးကာ နှိမ့်သိမ့်ပေးလိုက်သည်။အခုချိန်မှာရှင်းလေးနဲ့အကို့ရဲ့ပတ်သက်မှုကိုလည်း သူမတွေးပေးချင်။ သူနဲ့ ရှင်းလေးကြားထဲမှာရှိတဲ့ အချစ်လား သံယောဇဉ်လား မကွဲပြားတဲ့အရာကိုလည်းသူ မသိချင်။ဒီအချိန်မှာ ရှင်းလေးအဆင်ပြေသွားဖို့ကိုပဲ သူ အာရုံစိုက်ထားမိသည်။

တစ်ချိန်ချိန်တော့ Bro နဲ့ပတ်သက်ပြီး ရှင်းလေး နားလည်လာနိုင်ပါစေဟုပဲ ရင်နာနာနဲ့ဆုတောင်းနေမိသည်။

သူတို့နှစ်ယောက်ရှိနေသောနေရာနှင့် မလှမ်းမ
မကမ်းတွင်တော့ ချမ်းမြေ့က ရှင်းလေးကိုကြင်နာယုယစွာ ပွေ့ဖက်ထားသောမြင်ကွင်းကိုအမှောင်ထဲကငေးမောကြည့်နေရင်း မျက်ရည်ကျနေသော လူငယ်တစ်ယောက်သည် သူဘာကြောင့် ကျနေမှန်းပင် ဝေခွဲမရနိုင်ပဲ မျက်မှန်ဝိုင်းကလေးကို ပင့်တင်ကာမျက်ရည်များကို လက်ညှိုးလေးနဲ့သုတ်လိုက်ရင်းအဝေးတစ်နေရာသို့ အကြည့်တို့ကို လွှဲဖယ်လိုက်ပြီးမှ

"ကိုကို နဲ့ ကိုရှင်း ဖက်နေတာကို ငါကဘာလို့မျက်
ရည်ကျမိနေတာပါလိမ့်!  Boss အတွက် စိတ်မ
ကောင်းလို့ပဲ နေမှာပါလေ "

ဟု ဖြေသိမ့်တွေးလိုက်ရင်း ထိုနေရာမှ ခပ်သုတ်
သုတ်လေး ပြန်ထွက်သွားလေသည်။

( Two Months Later)

ထိုအရာတွေ ဖြစ်ပျက်ပြီး နှစ်လခန့်အကြာမှာတော့ CEO နေရာလွတ်နေသော ထူးထက်ခေါင်၏ Company အတွင်းတွင် သို့လော သို့လောသတင်းများ နေရာအနှံ့ ပျံနှံ့နေတော့သည်။

"Boss က ယောကျ်ားချင်းကြိုက်တာတဲ့ "

"ဟယ် မထင်ရဘူးနော် ငယ်ငယ်ချောချောလေးကို "

"ဟိုတစ်လောက ဝန်ထမ်းတွေအားလုံးရှေ့မှာ သူ့ကောင်လေးကို Propose လုပ်တာအဲတာကို အဲကောင်လေးက ပန်းစည်းနဲ့ပေါက်ပြီးချေလွှတ်လိုက်တာလေ "

"ခိခိ ကျေနပ်တာဟယ် ဘော့စ်ကို အဲလိုချေတဲ့သူရှိတာ ငါတို့ကိုဆို အမြဲအနိုင်ကျင့်ပြီး ချေမိုးလွန်းနေတဲ့ Boss ပြန်အချေခံရတာ နားအေးတာပဲ အဲနေ့က ခွင့်ယူလိုက်လို့်ဟာ ပွဲကြီးပွဲကောင်းလွတ်သွားတာ "

"အဟမ်း....."

နေ့လည်ထမင်းစားနားချိန်တွင် ဘေးနားက
စားပွဲဝိုင်းမှနှုတ်ခမ်းနီရဲရဲဆိုးထားသည့် အမျိူးသမီးတစ်ချိူ့သည့် Bossအကြောင်းအတင်းတုပ်
နေသည်ကိုကြားလိုက်ရလျှင်စိုင်းစင်ခေးဆိုင်ကအကျယ်ကြီချောင်းဟန့်ပြလိုက်သည်။

ထိုအခါမှ မယ်မင်းကြီးမ နှစ်ယောက်က စိုင်းစင်ခေးဆိုင်ကို မျက်စောင်းထိုးလျက် စွာကျယ်စွာ
ကျယ်နဲ့အတင်းပြောနေတာ ရပ်သွားတော့သည်။

လွန်ခဲ့သည့် နှစ်လ သူ First Semester ဖြေပြီး
ကျောင်းပိတ်သွားကတည်းက Bossရဲ့Company
မှာ အလုပ်သင် လာဆင်းနေတာဖြစ်သည်။

အိမ်က မေမေ၏ နားပူနေတာက တစ်ကြောင်း၊Boss ပေးထားသည့် အမိုက်စားလစာကို မက်တာက တစ်ကြောင်း၊ သူ့အရည်အချင်းနဲ့ဆို ဒီလစာရဖို့ ဒီတစ်သက်လမ်းမမြင်တာမို့ Boss ရဲ့ Companyက နာမည်ကြီး Architect တွေဆီမှာ အနီးကပ်ပညာတွေသင်ယူရင်းတဖြေးဖြေး ပျော်လာတာဖြစ်သည်။

အရေးအကြီးဆုံး တစ်ခုကတော့ ကိုကိုရဲ့အဝေး
ဆုံးမှာ လာပြီး ရှောင်ဖယ်နေရခြင်းပင်။ လွန်ခဲ့တဲ့ နှစ်လ Boss က ကိုရှင်းကို Suprise လုပ်တဲ့ညက ကိုကို နဲ့ ကိုရှင်းဖက်နေတာမြင်ပြီး သူ အတော်ကြာ ရင်ထဲမှာ တနုံ့နုံ့နဲ့ ဖြစ်နေခဲ့ရတာ။ ရင်ထဲမှာ ထိုကိစ္စနဲ့ပတ်သက်ပြီး ရင်ဘတ်အောင့်သလိုလို အသည်းတွေ အူတွေပဲ နာနေသလိုလို ခံစားရပြီး ကိုကို့ သင်တန်းကိုလည်း လုံးဝခြေဦးမလှည့်တော့ပဲ Boss ရဲ့ Company မှာလာပုန်းနေရာမှ ကိုကိုနဲ့ဝေးနေရတဲ့ အချိန်လေးအတွင်းမှာ မထင်မှတ်ပဲသိခဲ့ရတာက သူကိုကို့ကို ရူးရူးမူးမူးချစ်မိနေပြီ ဆိုတာကိုပဲ ။

အဲအချိန်ကစပြီး သူကြောက်လန့်တကြားနဲ့ကိုကို့
အနားလုံးဝမသွာတော့ ။ ကိုရှင်းအပေါ်မှာထားတဲ့ ကိုကို့ရဲ့အချစ်အတိုင်းအဆကို မြင်နေရတာမို့
ကိုကို့အနားဆက်နေနေလျှင် လိုချင်တပ်မက်စိတ်
တွေ ကိုကို့်ကို အပိုင်သိမ်းယူချင်စိတ်တွေ ပိုများလာပြီးထိန်းမနိုင်သိမ်းမရ အသဲကွဲမှာ စိုးရိမ်သဖြင့် ပုန်းရှောင်နေခဲ့တာ။နောက်ဆုံး ကိုကိုဘက်က တစ်ခါတစ်လေ သူ့ဆီ ယောင်မှားပြီး ဖုန်းဆက်လာလျှင်တောင် မကိုင်ဖြစ်တော့ ။

"ဟိတ်.... ခေးဆိုင် "

"အောင်မလေး "

ကိုကို့အကြောင်းတွေးနေတုန်း မသော်တာကဗြုန်းခနဲဆိုရောက်ချလာပြီး စားပွဲခုံကို လက်ဖဝါးနဲ့ ခပ်ပြင်းပြင်း ပုတ်လိုက်တာမို့ ခေးဆိုင် ဇွန်းကြီးကိုင်ပြီးမေးထောက်စဉ်းစားနေရာမှ ဇွန်းကြီးက ခလွမ်းကနဲလွတ်ကျသွားရကာ မေးထောက်နေရင်း ဟန်ချက်ပါပျက်သွားပြီး မေးစေ့နဲ့ ရှေ့က စားပွဲပေါ်က အဖုံးဖွင့်ထားသောထမင်းဘူးတို့က ခွပ်ခနဲ မိတ်ဆက်သွားသည်။

"ခိခိ ဘာတွေ စဉ်းစားနေလို့ အာ့လောက်အသိ
စိတ်လွတ်နေရတာတုန်း ကိုကို့အကြောင်းမှ ဟုတ်ရဲ့လား "

အနီးကပ်ပေါင်းပါများ၍ သူ့ရဲ့ စီနီယာတစ်ဖက်ရင်ဖွင့်ဖော်တစ်ဖက်ဖြစ်နေသော အကြောင်းစုံသိနေတဲ့ မသော်တာက နောက်လိုက်တာမို့ ခေးဆိုင်က ခုနက ထမင်းခွက်ထဲ ကျသွားသဖြင့် မေးစေ့မှာ လာကပ်နေသော ထမင်းစေ့နှစ်စေ့လောက်ကို လက်ဖြင့်ဖယ်လိုက်ကာ သော်တာ့ကိုဟီးခနဲ ရှက်ရယ် ရယ်ပြလိုက်သည်။

"ဟီး မဟုတ်ပါဘူး မသော်တာရဲ့ "

"မလိမ်ချင်ပါနဲ့နော် အဲဒီမျက်လုံး​မှေးကြီးတွေမှာ ကိုကိုဆိုတဲ့ စာတန်းတွေတောင်ပေါ်နေသလိုပဲ အချိန်ပြည့် ကိုကို့ဆီပဲ စိတ်ရောက်နေပြီးတော့မသိရင်ခက်မယ် ဟင်းဟင်း "

မသော်တာက အမှန်တွေချည်း လှိမ့်ပြောနေတာမို့ခေးဆိုင်က ဆက်ပြီး စကားစစ်မထိုးတော့ပဲ စပ်
ဖြဲဖြဲလေးသာ လုပ်နေလိုက်သည်။

မသော်တာ ပြောတာလည်း ဟုတ်နေတာပဲ
သူဆိုတာကလည်း အလုပ်လုပ်နေတုန်း
တစ်ချိန်လုံး ကိုကိုပဲ ထိုင်အော်နေတာ။

ပုံဆွဲနေလည်း ကိုကို့ကိုလွမ်းလို့ ။ ရေသောက်
နေတုန်းလည်း ကိုကို့ကို လွမ်းလို့။ ထမင်းစားရင်လည်း ကိုကို့ကိုလွမ်းလို့ါနောက်ဆုံး အိမ်သာတတ်ရင်တောင် အိမ်သာခွက်ထဲ ကိုကို့မျက်နှာပဲပြေးမြင်နေမိတဲ့ဘ၀။

"ဒါနဲ့ ခေးဆိုင် ညနေ အမနဲ့ မန်နေဂျာကိုစိုးနဲ့ Boss ကိုသွားကြည့်မလို့ အဲတာ ခေးဆိုင်ရောလိုက်ခဲ့နော်"

"အင်း လိုက်ရမှာပေါ့ဗျာ Boss က ကျွန်တော့်ကျေးဇူးရှင်ပဲ "

မသော်တာနဲ့အနေနီး၍လားမသိ ။ Boss ကို
တဖြေးဖြေးနဲ့သူပါ ကြည်ညိုလေးစားလာသည်။မသော်တာဆိုတာကလည်း တစ်ချိန်လုံး Boss
ကောင်းကြောင်းပဲ ပြောနေတတ်တာဆိုတော့ သူပါ တဖြေးဖြေး Boss ကို ပိုချစ်လာသလိုလို ။

"Boss က မျက်နာသာတည်သာ အရမ်းသဘောကောင်းတာ သင်္ကြန်ဆိုလည်း Bonus တွေပေးတာသောက်သောက်လဲပဲ စည်းကမ်းကြီးပေမဲ့ဝန်ထမ်းတွေအပေါ် အရမ်းကြည့်ပေးတတ်တာ "

မသော်တာပြောတာလည်း ဟုတ်သလိုလို။
Bossက တကယ့် ကလေးဆိုးကြီးလိုပဲ ။ အခုပဲကြည့် ဟိုတစ်လောက ကိုရှင်းနဲ့သင်္ဘောပေါ်က ဟို Propose ကိစ္စပြီးကတည်းက အခုထိ ရှက်လို့ သူ့ယောကျ်ား သိက္ခာတွေအားလုံး ရောစုန်မျောပါပြီ ဆိုပြီး Company ကို လုံးဝကိုပေါ်မလာတော့
တာပဲကြည့်။

"အင်း လိုက်ခဲ့မယ် Boss မရှိတော့ Company ကြီးလည်း တစ်ခုခု လိုနေသလိုပဲ ကျွန်တော် လိုက်ခဲ့မယ် "

ဟု အစချီ၍ သူအပါအဝင် မသော်တာနှင့်
Bossရဲ့ လူယုံတစ်ဖြစ်လဲ မန်နေဂျာ ကိုစိုးပါ
Boss အိမ်ထိလိုက်ရလာတာ ဖြစ်သည်။

"မင်းတို့ Boss က အခုထိ အခန်းထဲက အခန်းပြင်လည်းမထွက်ပါဘူးကွယ် ထမင်းလည်းမစားလို့ဘယ်လိုတွေ ရှင်သန်နေသလဲတောင်မသိပါဘူး။တစ်ပတ် တစ်ခါ မုန့်ခြောက်တွေဝယ်ပြီး သူ့အခန်းရှေ့ချထားပေးရတာ အလုပ်ကိစ္စတွေဆိုလည်းဖုန်းနဲ့ပဲ ပြောတာမလား အန်တီလည်း ဘာဆက်လုပ်ရမှန်းမသိပါဘူးကွယ်။ နေရောကောင်းရဲ့လား မသိဘူး မင်းတို့ Boss အပြင်ထွက်လာအောင်တစ်ခုခုလုပ်ကျပါဦးကွယ် "

Boss အိမ်ကို ရောက်ရောက်ချင်းမှာပဲ Boss အမေက သူတို့သုံးယောက်ကို အားကိုးတကြီးပြောလာတာဖြစ်သည်။

"စိတ်ချပါ အန်တီ သော်တာတို့ Boss အပြင်
ထွက်လာအောင် တစ်ခုခု ကြိုးစားကြည့်ပါမယ် "

Boss ရဲ့အမေ စိတ်ပူပန်စေတာကို သက်သာလို သက်သာစေသော်ငြား ချော့မော့ပြောဆိုရင်း သုံးယောက်သား ခေါင်းခဲရတော့သည်။

"ကဲ ဘယ်လိုလုပ်ကြမလဲတစ်ယောက်ချင်းစီBoss ထွက်လာအောင်တစ်ခုခုအကြောင်းပြပြီး ခေါ်ကြည့်ကြမလား ကိုစိုး နင်အရင်ခေါ် "

Boss အခန်းရှေ့တည့်တည့်တွင် ခေါင်းချင်းဆိုင်တိုင်ပင်နေရင်းမှ မသော်တာရဲ့ အကြံဉာဏ်ကမဆိုးလှတာကြောင့် သုံးယောက်လုံး သဘောတူလိုက်ကြသည်။

ထိုအကြံအတိုင်းပင် ကိုစိုးကစ၍ Boss အခန်းရှေ့ရပ်လိုက်ကာ တံခါးကို သုံးလေးချက်ဆင့်ခေါက်လိုက်ပြီး...

"Boss ကျွန်တော် ..ကိုစိုးပါ Company ကလူတွေက Boss ကို မျှော်နေကြပါတယ် Boss မှBoss ဆိုပြီး ဖြစ်နေကြတယ် Boss ဒီတစ်ရက် နှစ်ရက်နေလို့မှ ရုံးပြန်မတတ်ရင် အလုပ်ထွက်မယ်ဆိုတဲ့ လူတွေလည်းရှိနေပါတယ် "

ကိုစိုးရဲ့ပလီတိခြောက်ချက်စကားကို နားထောင်ရင်း နောက်မှ သော်တာနဲ့ ခေးဆိုင်က တခွီးခွီးနဲ့ရယ်နေကြသည်။

သို့သော် ထိုပလီတိခြောက်ချက် စကားလည်း အောင်မြင်ဟန်မတူချေ။အချိန်အတော်ကြာသည့်
အထိ အခန်းအတွင်းက တုန့်ပြန်သံ မကြားရတာကြောင့် ကိုစိုးကခေါင်းတွင်တွင်ရမ်းလျက်လက်
လျော့လိုက်ကာ သော်တာ့အလှည့်ရောက်လာသည်။

"အဟမ်း Boss သော်တာပါ ဘယ်တော့ ရုံးပြန်တတ်မှာလဲ Boss ရယ် သော်တာတို့အားလုံးကBoss ကိုအရမ်းသတိရနေကြတာပါ အဲနေ့ကBoss ပန်းစည်းနဲ့အပေါက်ခံရ... အဲ ...ဟို အဲဒီသင်္ဘောပေါ်က ကိစ္စကိုလည်းလူတွေအားလုံးမေ့နေကြပါပြီ ဘယ်သူမှလည်း Boss ကိုအတင်းမတုပ်ရဲကြပါဘူး။ အဲဒီတော့ Boss ပြန်လာပါတော့နော် Boss ပြန်လာမှသာ Companyကြီးက ပြည့်စုံလာပြီး အရင်အတိုင်းလည်ပတ်နိုင်မှာပါ "

သော်တာက လိုအပ်သည်ထက် ပြည့်ပြည့်စုံစုံပိုပိုသာသာလေးပြောချလိုက်သည်။ ဒီကြားထဲစကားမှားလို့ အပြင်ထွက်လာပြီး အထောင်းခံရမှာကလည်း ကြောက်ရသေးသည်။ Boss ဆိုတဲ့ လူစားမျိူးက လွယ်တာမဟုတ် မထင်ရင် မထင်သလို ငေါက်တတ်သေးတာ ။

"Boss .......

Boss........

Boss ......."

မသော်တာစကားလည်း တိုးပေါက်ဟန်မတူ။တံခါးကို တဒုန်းဒုန်း ထုနေရင်း ဆယ်ငါးမိနစ်လောက်ကြာလာတော့ လက်လျှော့လိုက်ဟန်ဖြင့်ခေးဆိုင် နင့်အလှည့်ဟု မျက်စပစ်ပြလိုက်လျက်ထိုင်ခုံပေါ်ခြေပျစ်လက်ပျက် ထိုင်လျက်ခြေကုန်လက်ပန်းကျနေတော့သည်။

"အဟမ်း..."

ခေးဆိုင် ဘာမှမပြောရသေးခင် လည်ချောင်းရှင်း
သွားအောင် ချောင်းအရင်ဟန့်လိုက်သည်။

ထို့နောက် လက်သီးကို ဖွဖွဆုပ်လျက် မာန်တင်းလိုက်ကာ ...

"Boss ကျွန်တော် ခေးဆိုင်ပါ ကျွန်တော်ပြောချင်တာက အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းသေးသေးလေးတစ်ခုပါ။ အချစ်ဆိုတာဘဝတစ်ခုမဟုတ်သလို နောင်ဘဝအထိလည်းမပါနိုင်ပါဘူး။ ဒါပေမဲ့ Company က ဝန်ထမ်းတွေကတော့ အကုန်လုံး Boss ကို အားကိုးပြီးနေရ Boss မျက်နှာကိုတစ်ရွာထင်ပြီးနေရ......ရ ...."

" ဝုန်း......"

ခေးဆိုင်တစ်ယောက် အထစ်ထစ်အငေါ့ငေါ့နဲ့စကားလုံးရှာမရ ဖြစ်နေစဉ်မှာပင် မာနကြီးကြီးနဲ့ တစ်ခါမှ ပွင့်မလာဘဲ စေ့စေ့ပိတ်ထားသော အခန်းတံခါးကြီးသည်ဝုန်းခနဲပွင့်လာတာမို့ စိုင်းစင်ခေးဆိုင်ကကြောက်လန့်တကြားနဲ့ နောက်သို့ ခုန်ဆုတ်လိုက်မိသည်။

"အမလေး"

အသည်းငယ်စွာ အော်ဟစ်ပြီး ပွင့်လာသော တံခါးဆီမှထွက်လာသော ရှည်ရှည်မျောမျော အရာကြီးတစ်ခုကိုမော့အကြည့်

" ဟင်...."

မျက်နှာတစ်ခုလုံးကို ပိုသီပတ်သီဖုံးအုပ်နေသောရှည်လျားကာ ရှုပ်ပွနေသောဆံပင်ရှည်တွေ ။ ခါတိုင်း ကြည့်ကောင်းလွန်းနေပြီး ယောကျ်ားဆန်ပါသည်ဆိုတော့ နှုတ်ခမ်းမွှေးစိမ်းစိမ်းတွေက မရိတ်တာပဲကြာလို့လားမသိနှုတ်ခမ်းတစ်ခုလုံးကိုဖုံးနေပြီး ပုံပျက်ပန်းပျက် ။ ဝတ်ထားတာကြာပြီ ဖြစ်ပုံရသောညစ်ပတ်ပေရေသည့်ညဝတ်အင်္ကျီအဖြူဖားလျားဖားလျားကြီးဆီက ညှင်းသိုးသိုးထွက်လာသော အနံ့။

အခန်းဝကနေအပြင်ကိုတဖြေးဖြေးချင်းလျှောက်ထွက်လာပုံက အားမရှိလို ပျော့ခွေယိုင်နဲ့နေသေးကာ ချိူင့်ဝင်နေသောမျက်တွင်းဟောက်ပက်ကြီးနှင့် မျက်လုံးတွေက ကျီးကန်းတောင်မှောက်ဖြစ်နေပြီး သွေးဆာနေတဲ့ Zombie တစ်ကောင်လို။

သြော် ခါတိုင်း ရှင်းသန့်တည်ငြိမ်လွန်းတဲ့အကြည့်
တွေက နက်မှောင်စူးရှလွန်း စမတ်ကျလွန်း ချော
မောလွန်းသဖြင့် မိန်းမပျိူတွေကြား နာမည်ကြီးလွန်းလှသောသူဌေးလေး ထူးထက်ခေါင်ဟာ အခုလို ပုံစံနဲ့ကျတော့လည်း ဘုရားကြီးက အကြွေလေးရှိရင်ပေးပါ ဆိုတဲ့ကလေးတွေနဲ့ နင်လားငါလား မခြားပါလား။

သုံးယောက်လုံးသည် အပြောင်းလဲကြီးပြောင်းလဲနေသော Boss ကိုကြည့်ပြီး ဒါ ငါတို့ Boss ထူးထက်ခေါင်မှ ဟုတ်ရဲ့လား ဟူသောအကြည့်များနှင့် ကြောင်တောင်တောင်ငေးမောကာ မှင်သက်နေကြပေသည်။

ထူးထက်ခေါင်ကလည်း သူ့ကိုအူကြောင်ကြောင်
နဲ့ ငေးနေကြသော သုံးယောက်လုံးရှေ့မှာဆန့်ဆန့်ကြီးရပ်လိုက်ကာအားလုံးကို မျက်မှောင်ကြီးကျူံ့လျက်ခြုံငုံကြည့်လိုက်ပြီးမှ

"မနက်ဖန် ငါ ဉီးဇင်း သွားဝတ်တော့မယ်
မင်းတို့ သုံးယောက်လုံး ငါနဲ့လိုက်ခဲ့ကြ"

"ဗျာ..."

"ဟင် .... "

" ရှင်... "

အာမေဍိတ်သံ သုံးခုသည် တိုင်ပင်ချင်းလည်းမရှိပါပဲ သုံးယောက်လုံး၏ နှုတ်ခမ်းဝဆီမှ ပြိုင်တူဆို
သလို ထွက်လာလေတော့သည်။

Zawgyi

"ရွင္းေလး ငါ့လက္ကိုေသခ်ာတြဲထားေနာ္ "

ခ်မ္းေျမ့က ရွင္းေလး၏နဖူးကို အဝတ္အမဲျဖင့္စည္းႏွောင္၍ တစ္ေနရာသို႔ ေခၚလာသည္။

"ခ်မ္းေျမ့ ငါ့ကို ဘယ္ေခၚလာတာလဲ လူကုန္ကူးမလို႔ေတာ့ မဟုတ္ဖူးမလား"

ရွင္းေလးရဲ႕ေျပာဟန္ေလးက ခ်စ္စရာေကာင္းလြန္းတာရယ္မို႔ ခ်မ္းေျမ့က ခြီးခနဲႀကိတ္ရယ္မိသည္။ ေမးလည္းေမးတတ္တဲ့ အာဂ ငရွင္းပါပဲ။သူ႕ေၾကာင့္ ဝမ္းနည္းေနတဲ့ စိတ္အစုံေတာင္ဘယ္လိုအေငြ႕ပ်ံသြားမွန္းမသိ။

"ရွင္းေလးရာ ဘာေတြ အေတြးေခါင္ေနတာလဲ မေၾကာက္ပါနဲ႕ ငါ့ကို ယုံၾကည္ၿပီး သာလိုက္ခဲ့မင္းအရမ္းအံ့ၾသသြားေစရမယ္ "

ခ်မ္းေျမ့က ပါးစပ္ကလည္း တတြတ္တြတ္ေျပာရင္း ရွင္းေလး လက္ကိုဆြဲလာသည္။ ရွင္းေလးကေတာ့မ်က္လုံးကို အဝတ္စျဖင့္ စည္းႏွောင္ခံထားရတာေၾကာင့္ မျမင္မကမ္းနဲ႕စမ္းရင္းလက္တစ္ဖက္ကလည္း ခ်မ္းေျမ့လက္ကို တင္းတင္းကိုင္ကာေလွ်ာက္လာသည္။

ည၏ ေလႏုႏုေအးေအးသည္ မွိုင္
ညွို႔ေနတဲ့နက္ျပာေရာင္ေကာင္းကင္နဲ႕ လိုက္ဖက္လွစြာ ခ်မ္းစိမ့္စိမ့္နဲ႕တျဖဴးျဖဴးတိုက္ခတ္လာသည္။

သူတို႔ႏွစ္ေယာက္ေရာက္ေနေသာ ေနရာကလည္း မႏၱေလးၿမိဳ႕ေဂါဝန္ဆိပ္ကမ္းမွာဆိုကပ္ထားသည့္ အပန္းေျဖသေဘၤာအႀကီးႀကီးေပၚမွာ ျဖစ္သည္။

ႀကီးမားလြန္းလွတဲ့အပန္းေျဖသေဘၤာႀကီးဆီမွ ေရာင္စုံမီးမ်ား၏အလွသည္ ညေကာင္းကင္ကိုပါ ထင္ဟပ္ေနေလသည္။

ထိုသေဘၤာႀကီးသည္မႏၱေလးဘက္မွ စစ္ကိုင္းသို႔ တေျဖးေျဖးေ႐ြ႕လ်ားသည့္အလွစီးသေဘၤာႀကီးျဖစ္ကာ ယခုအခ်ိန္မွာေတာ့ဧရာဝတီျမစ္ကမ္းစပ္တစ္ေနရာရွိ ေဂါဝန္ဆိပ္ကမ္းတြင္ ၿငိမ္သက္စြာ ဆိုက္ကပ္ထားတာျဖစ္သည္။

သေဘၤာေပၚေလွ်ာက္လမ္းတစ္ေလွ်ာက္တြင္ေကာ္ေဇာအနီေရာင္ကို ခမ္းနားစြာခင္းက်င္းထားသည္။ သေဘၤာႀကီး၏ ေဘးပတ္လည္ကိုလည္း ေကာင္းကင္ထိထြင္းေဖာက္ေသာမီးအလင္းတန္းမ်ားျဖင့္အလွဆင္ထားၿပီး အသင့္အေနအထားနဲ႕ ေစာင့္စားေနေသာ လူမ်ားစြာလည္း ရွိေနေလသည္။

ထိုလူမ်ားသည္ ထူးထက္ေခါင္ ပိုင္ဆိုင္ေသာ Star Construction Groupမွ ဝန္ထမ္းမ်ားျဖစ္ ၾကၿပီး လူဦးေရ ၁၀၀ ေက်ာ္ေလာက္ရွိကာလူအားလုံးရဲ႕လက္ထဲမွာေတာ့ ေရာင္စုံမီးပုံးပ်ံေသးေသးေလးမ်ားကို ကိုယ္စီကိုင္ထားၾကသည္။

တစ္ေနရာမွာလည္းသတ္မွတ္ထားတာနဲ႕အခ်ိန္
ကိုက္ ၿငိမ့္ေညာင္းလွတဲ့ သံစဥ္ေတြကို တီးခတ္ဖို႔စႏၵာရားႀကီးတစ္လုံးခ်ထားၿပီး ထိုစႏၵရားတြင္ေတာ့ အေနာက္တိုင္းဝတ္စုံအျပည့္ဝတ္ဆင္ထားသည့္လူတစ္ေယာက္က တီးခတ္ရန္အသင့္ေစာင့္စားေနေလသည္။

ခ်မ္းေျမ့ကရွင္း၏လက္ကိုဆြဲလ်က္ ေကာ္ေဇာနီခင္းထားေသာလမ္းတစ္ေလွ်ာက္ေျဖးညွင္းစြာေလွ်ာက္လာသည္။ ေကာ္ေဇာနီ၏အဆုံးသတ္မွာေတာ့ သေဘၤာဦးထိပ္ပိုင္းေနရာမွာထူးထက္ေခါင္ကအသင့္အေနးအထားနဲ႕ေစာင့္ႀကိဳေနေပသည္။

ထူးထက္ေခါင္ရပ္ေနေသာ ေနရာသို႔အေရာက္မွာေတာ့ခ်မ္းေျမ့က ရွင္းကို ထူးထက္ေခါင္ႏွင့္မ်က္ ႏွာခ်င္းဆိုင္ျဖစ္ေအာင္ မ်က္ႏွာမူလ်က္ရပ္ခိုင္းလိုက္ကာ ထူးထက္ေခါင္အား အဓိပ္ပါယ်ပါပါစိုက် ၾကည့္လ်က္ ရွင္းမၾကားေအာင္ ႀကိဳးစားထားဟူသည့္သေဘာႏွင့္တိတ္တဆိတ္ လက္မေထာင္ျပလိုက္ၿပီး ထိုေနရာမွအေဝးသို႔ ေရွာင္ထြက္သြားသည္။

ခ်မ္းေျမ့ကိုေခါင္းၿငိမ့္ျပလိုက္ၿပီးေနာက္ ထူးထက္ေခါင္က စိတ္လႈပ္ရွားလြန္းေနသျဖင့္ တဒိတ္ဒိတ္ခုန္ေနေသာ ရင္ဘတ္ကို ဖိၿပီး သက္ျပင္းဖြဖြခ်သည္။

ညီ့ကို Propose လုပ္ရမွာကို သူအရမ္းရင္ခုန္ေန
သည္။သူ႕ရဲ႕အသိုင္းအဝိုင္းတစ္ခုလုံးေရွ႕ ဝန္ထမ္းေတြ အားလုံးရဲ႕ေရွ႕မွာညီ့ကို ခ်စ္တဲ့အေၾကာင္းတစ္ေလာကလုံးကို ဖြင့္ဟျပမည္ဟု ခိုင္မာလွတဲ့ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ ခ်မ္းေျမ့နဲ႕တိုင္ပင္ၿပီးဒီအစီအစဥ္ကိုဆြဲခဲ့ျခင္းျဖစ္သည္။

ဝန္ထမ္းေတြအားလုံးကိုလည္း အပန္းေျဖဖို႔စီစဥ္ေပးရင္းနဲ႕လူအင္အားစိုက္ထုတ္ေပးဖို႔ အားလုံးဆီက အကူအညီေတာင္းထားခဲ့တာ ။

ၿငိမ္ၿငိမ္ေလးရပ္ေနတဲ့ မ်က္စိေရွ႕က ညီရဲ႕ဖူးႏုေနတဲ့ မ်က္ႏွာလွလွကေလးကိုၾကည့္ၿပီး ထူးထက္ေခါင္ ဂလုကနဲတံေတြးမ်ိဴခ်လိဳက္သည္။

ထို႔ေနာက္ပထမဆုံးအစီအစဥ္အေနနဲ႕ စႏၵရားတီးမယ့္ ေကာင္ေလးကိုၾကည့္ၿပီး လက္ေဖ်ာက္တီးကာ အခ်က္ျပလိုက္ေတာ့ ထိုေကာင္ေလးက နီနီခင္ေဇာ္ရဲ႕ Stand By Me သီခ်င္းေလးကို စတင္တီးခတ္ဖို႔ရန္ ျပင္လိုက္သည္။

တစ္ခ်ိန္တည္းမွာပဲ ရွင္းေလးရဲ႕ေနာက္မွာအသင့္ရပ္ေစာင့္ေနတဲ့ဝန္ထမ္းတစ္ေယာက္က ရွင္းေလးကို စည္းႏွောင္ထားတဲ့မ်က္လုံးကအဝတ္စကိုေနာက္ကေန ေျဖးေျဖးခ်င္းဖယ္ခြာခ်လိဳက္သည္။

"အရမ္းခ်စ္တယ္ ညီ ငါးႏွစ္လုံးလုံး အရမ္းခ်စ္ခဲ့မိတာ မင္းကို လက္ထပ္ပါရေစ ညီ "

တစ္ဆက္တည္းမွာပဲ လြင့္ပ်ံလာတဲ့ ေယာက်္ားသံ ခ်ိဴခ်ိဴၾသၾသေလးနဲ႕ သာယာၿငိမ့္ေညာင္းလွပေသာ ေနာက္ခံသီခ်င္းသံ ။

ေကာင္းကင္တစ္ခြင္ကိုအရွိန္အဟုန္နဲ႕ တစ္ၿပိဳင္
နက္တည္း ပ်ံတတ္သြားေသာ မီးရႈးမီးပန္းမ်ားၾကားထဲမွ လွပလြန္းေသာေရာင္စုံ မီးပုံးပ်ံငယ္ေလးမ်ား ။

လမင္းနဲ႕ ၾကယ္တစ္ခ်ိဳ႕ဝန္းရံထားေသာ ပန္းခ်ီကားတစ္ခ်ပ္သဖြယ္ သာယာၾကည္ႏူးဆြံ႕ပ်ံ့ဖြယ္ေကာင္းလွေသာ ေကာင္းကင္ကို တလူလူတတ္သြားေသာ ေနာက္ခံမီးပုံးပ်ံမ်ား ပ်ံ့လြင့္ေနသည့္ၾကားထဲမွာမွ ပန္းေရာင္အက်ီဝတ္ထားေသာျဖဴျဖဴႏုႏုေကာင္ေလးတစ္ေယာက္ကို အနီေရာင္ လက္စြပ္ဘူးေလးဖြင့္လ်က္ ဒူးေထာက္လိုက္ကာ လက္ထပ္ခြင့္ေတာင္းလိုက္ေသာ အေအာင္ျမင္ဆုံး Star Construction Group ၏ လူငယ္သူေဌးေလးတစ္ဦး ။

ထူးထက္ေခါင္က လက္စြပ္ဘူးထဲက ေ႐ႊေရာင္လက္စြပ္ေမာင္းကြင္းေလးအားထုတ္ယူလ်က္ ရွင္းရဲ႕လက္ေခ်ာင္းသြယ္သြယ္ေတြကို စြပ္ေပးလိုက္သည္။ ထို႔ေနာက္ နံေဘးရွိဝန္ထမ္းလာေပးေသာ အျဖဴေရာင္ႏွင္းဆီပန္းစည္း အႀကီးႀကီးကိုယူကာ ဒူးေထာက္ထိုင္ေနလ်က္ပင္ ရွင္းကို ကမ္းေပးလိုက္သည္။

" ညီ ကိုယ့္အခ်စ္ကို လက္ခံေပးပါေနာ္ "

မ်က္စိေရွ႕တြင္ ျဖစ္ပ်က္သြားေသာ ျမင္ကြင္းမ်ားအားလုံးသည္ သူနဲ႕လားလားမွ မသက္ဆိုင္သလို ရွင္းေလးက စိမ္းသက္သက္ ျဖစ္ေနေလ၏

သူ႕အတြက္ အံအားသင့္စရာ ညတစ္ညဖန္တီးေပးမယ္ဆိုၿပီး ခ်မ္းေျမ့ေခၚလာခဲ့တာဒီေနရာကိုလား?ၿပီးေတာ့ သူ႕ေရွ႕မွာဒူးေထာက္ၿပီး လက္ထပ္ခြင့္ေတာင္းေနတဲ့ သူက ငါးႏွစ္လုံး စြဲစြဲလမ္းလမ္းခ်စ္ခဲ့ရတဲ့သူ႕ႏွလုံးသားထဲမွာခိုင္မာစြာ တည္ရွိေနၿပီးသား လူတစ္ေယာက္တဲ့လား။

အခုအဲဒီလူက သူ႕ကိုဒီလိုမ်ိဴး ႀကီးက်ယ္ခမ္းနားတဲ့ ေနရာမ်ိဴးမွာ လက္ထပ္ခြင့္ေတာင္းတယ္တဲ့လား ။

အရာရာတိုင္းသည္ အိမ္မက္တစ္ခုလို ျဖစ္ေနတာမို႔ ရွင္းေလးက ခ်မ္းေျမ့ထားသြားေသာ ထိုေနရာ၌ပင္ အသက္မဲ့ေနတဲ့ အ႐ုပ္တစ္႐ုပ္လို မလႈပ္မယွက္ပဲ ရပ္ေနေပသည္။ဘယ္ေတာ့မွမရနိုင္ေတာ့ဖူးဟု ထထစ္ခ်မွတ္ယူထားခဲ့ၿပီး သက္ဆုံးတိုင္ေမ့ေပ်ာက္လိုက္ဖို႔ ႀကံ႐ြယ္ၿပီးကာမွ အရာရာ သူ႕ေနရာနဲ႕သူအံဝင္ခြင္က်ျဖစ္ၿပီးကာမွယုတ္စြအဆုံး ခ်မ္းေျမ့ကိုကို ဆိုတဲ့ လူတစ္ေယာက္နဲ႕ ဘဝတစ္ခုထူေထာင္ဖို႔အထိ ဆုံးျဖတ္ၿပီးကာမွ Bro က ခ်စ္ပါတယ္တဲ့လား ။

ငါးႏွစ္လုံးလုံး ကြၽန္ေတာ့္ဘက္ကို တစ္ခ်က္ေလးေတာင္ ငဲ့မၾကည့္ခဲ့ပဲနဲ႕ ။ ကြၽန္ေတာ့္အခ်စ္ေတြကိုနဲနဲေလးေတာင္ အသိအမွတ္မျပဳခဲ့ပါပဲနဲ႕။

အရာရာတိုင္းဟာ ေနာက္က်သြားၿပီ Bro ။
ကြၽန္ေတာ္ ငါးႏွစ္လုံး ေသလုေျမာပါး ခံစားခဲ့ရတာေတြက Bro အတြက္ ေသးေသးမႊားမႊားေလးေတြပဲလား Bro ။

ရွင္းေလးသည္ ႐ုတ္တရက္ ေသြးပူလာၿပီးမွ ထူးထက္ေခါင္ ကမ္းေပးေနေသာ ပန္းစည္းႀကီးကိုယူကာ အေဝးသို႔ပစ္ေပါက္ လိုက္သည္။ ထို႔ေနာက္ ထူးထက္ေခါင္ကိုယ္တိုင္စြပ္ေပးထားတဲ့ သူ႕ရဲ႕လက္သူႂကြယ္က လက္စြပ္ေလးကိုလည္းအားနဲ႕ဆြဲခြၽတ္လိုက္ကာ အေဝးသို႔ လႊင့္ပစ္လိုက္သည္။

"ကြၽန္ေတာ္ လက္မခံနိုင္ဖူး Bro ကြၽန္ေတာ့္မွာ ခ်စ္သူရွိတယ္ အရာရာတိုင္းဟာ ေနာက္က်သြားၿပီ Bro ၿပီးေတာ့ Bro က ကြၽန္ေတာ့္အမရဲ႕ ခင္ပြန္းေလာင္းပဲ ကြၽန္ေတာ္နဲ႕ Bro နဲ႕ဘယ္ေတာ့မွျဖစ္လာနိုင္မွာမဟုတ္ဖူး အရင္ကတည္းက Bro သာသတၱိ ရွိခဲ့ရင္ အခုလိုကိစၥေတြျဖစ္လာမွာလည္းမဟုတ္ဖူး ဘာမွေျပာင္းလဲလို႔မျဖစ္နိုင္ေတာ့မယ့္အတူတူ အရင္လိုပဲ တစ္ခါမွမသိခဲ့ဖူးတဲ့ တစိမ္းေတြလိုပဲေနၾကရေအာင္ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါ "

သူကိုယ္တိုင္ တုန္လႈပ္ေနတယ္လို႔ မထင္ရေအာင္အသံကိုအတတ္နိုင္ဆုံးထိန္းေျပာလ်က္ ရွင္းေလးက ထိုေနရာကေန ထူးထက္ေခါင္ကို ေဆာင့္တြန္းလ်က္ေျပးထြက္လာခဲ့သည္။

"ညီ......မသြားပါနဲ႕ ကိုယ္မွားခဲ့ပါတယ္ ကိုယ္ ေတာင္းပန္ပါရေစ "

ထူးထက္ေခါင္ကလည္း ရွင္းေလးရဲ႕လက္ကိုမမွီမကမ္းလွမ္းဖမ္းဆြဲရာမွ သူ႕လက္ကိုခပ္ၾကမ္းၾကမ္းခါထုတ္သြားကာ အေဝးသို႔ေျပးထြက္သြားတဲ့ေက်ာျပင္တစ္ခုကိုသာ ေငးၾကည့္ေနလ်က္ ထိုေနရာ၌ပင္ အ႐ုပ္ႀကိဳးျပတ္လဲက်သြားသည္။

ထိုအျဖစ္အပ်က္၏ အစအဆုံးကို တစ္ေနရာကလွမ္းၾကည့္ေနေသာ ခ်မ္းေျမ့ကိုကိုသည္လည္းခ်က္ခ်င္းပင္ ရွင္းျမတ္နိုးပိုင္ ေနာက္ကိုေျပးလိုက္သြားသည္။

ထူးထက္ေခါင္၏အနားတြင္ေတာ့အေျခအေနကိုအစအဆုံးျမင္လိုက္ေသာ သူ႕ရဲ႕အတြင္းေရးမႉးနဲ႕ မန္ေနဂ်ာက ဝိုင္းအုံလာကာ မၾကာေသးမီက ၿငိမ့္ေညာင္းစြာလာေနခဲ့ေသာ သီခ်င္းသံသည္လည္း တိခနဲရပ္သြားလ်က္ သေဘၤာႀကီးတစ္ခုလုံးသည္ လည္း အသက္မဲ့သြားသလို ႐ုတ္တရက္ တိတ္ ဆိတ္သြားသည္။

" ရွင္းေလး ေနဦး ငါရွင္းျပမယ္ "

ခ်မ္းေျမ့က ရွင္းေလးရဲ႕ေနာက္ကိုအေျပးတစ္ပိုင္း လိုက္လာရင္း ကားနားဆီသို႔ေရာက္လာသည္။

" ရွင္း ...ေနဦးလို႔ ငါေျပာတာနားေထာင္ "

ရွင္းေလးကို မွီသြားေသာ ခ်မ္းေျမ့က ရွင္းေလးရဲ႕ပုခုံးေတြကို ဆြဲလွည့္လ်က္ သူ႕ဘက္ကိုမ်က္ႏွာမူလိုက္ေသာအခါ ရွင္းေလး၏မ်က္လုံးမ်ားသည္ငိုထားသျဖင့္ နီရဲေနကာ မ်က္ႏွာတစ္ခုလုံးသည္လည္း မို႔အစ္ေဖာင္းယကားေန၏

"ရွင္းရာ ဘာလို႔ အဲေလာက္ႀကီး ငိုထားရတာလဲဲဲကြာ မင္းလည္း အကို႔ကို ခ်စ္ေနရက္သားနဲ႕ "

ခ်မ္းေျမ့က ရွင္းရဲ႕ပါးေပၚက မ်က္ရည္ေတြကိုသုတ္ေပးလိုက္ၿပီးမွ အံကို တင္းတင္းႀကိတ္ရင္းမ်က္ႏွာလႊဲလိုက္သည္။ရွင္းေလး နာက်င္ေနတာကိုသူ မျမင္ရက္ ။ ရွင္းေလး နာက်င္ေနရင္ သူပါအလိုလို နာက်င္လာတာ ။

"ရွင္း မငိုနဲ႕ေတာ့ တိတ္ကြာ မင္းရင္ထဲ တင္းက်ပ္ေနရင္ ငါ့ကို အကုန္ေျပာျပကြာ အဲတာမွ မင္းစိတ္ထဲေပါ့သြားမွာ "

"မင္းလည္း ႀကံရာပါမလား ခ်မ္းေျမ့ မင္းလည္း Bro နဲ႕အတူတူပဲ Bro ဆီက အခုလို႐ုတ္တရက္ႀကီး လက္ထပ္ခြင့္ေတာင္းခံရတာေလးနဲ႕ ငါေပ်ာ္မယ္လို႔ မင္းထင္ေနတာလား ငါးႏွစ္လုံးလုံး ငါ့အခ်စ္ေတြကို မျမင္ခ်င္ေယာင္ေဆာင္ခဲ့ၿပီးေတာ့မွ အခုငါ့ရင္ထဲ အကုန္ ရွင္းလင္းလိုက္ၿပီဆိုမွ ငါ့အနာေတြကို ျပန္လာဆြေနတာ ငါ bro ကိုမယုံဖူး ၿပီးေတာ့ သူက ႐ႊန္း႐ႊန္း နဲ႕ လက္ထပ္ရမယ့္သူ မင္းေရာပဲ မင္းကေရာ ဘာလို႔ငါ့ကို အတင္းထိုးေပးေနရတာလဲမင္းတို႔အားလုံးငါ့အေပၚမေကာင္း ၾကဖူး "

ရွင္းေလးက ေဒါသတႀကီးေျပာရင္း ေျပာလည္းေျပာရင္း အီးခနဲ ထပ္ငိုခ်လိဳက္သည္။ ထိုအခါမွခ်မ္းေျမ့က ျပာျပာသလဲ ျဖစ္သြားကာ

"ရွင္းေလး ေတာ္ပါေတာ့ကြာ မငိုပါနဲ႕ေတာ့ မင္းခံစားေနရတာကို ငါနားလည္ပါတယ္ ႐ုတ္တရက္ႀကီး မင္းေသြးပူသြားတုန္းမို႔ပါ တိတ္ေတာ့ေနာ္ ငိုတာၾကာရင္ ရင္ဘတ္ေတြနာလာမယ္ "

ခ်မ္းေျမ့က ရွင္းေလးရဲ႕ ခႏၶာကိုယ္ေလးကိုေပြ႕ဖက္လိုက္ရင္း ေက်ာျပင္ေလးကို ဖြဖြေလးပြတ္ေပးကာ ႏွိမ့္သိမ့္ေပးလိုက္သည္။အခ်ိန္မွာရွင္းေလးနဲ႕အကို႔ရဲ႕ပတ္သက္မႈကိုလည္း သူမေတြးေပးခ်င္။ သူနဲ႕ ရွင္းေလးၾကားထဲမွာရွိတဲ့ အခ်စ္လား သံေယာဇဥ္လား မကြဲျပားတဲ့အရာကိုလည္းသူ မသိခ်င္။ဒီအခ်ိန္မွာ ရွင္းေလးအဆင္ေျပသြားဖို႔ကိုပဲ သူ အာ႐ုံစိုက္ထားမိသည္။

တစ္ခ်ိန္ခ်ိန္ေတာ့ Bro နဲ႕ပတ္သက္ၿပီး ရွင္းေလး နားလည္လာနိုင္ပါေစဟုပဲ ရင္နာနာနဲ႕ဆုေတာင္းေနမိသည္။

သူတို႔ႏွစ္ေယာက္ရွိေနေသာေနရာႏွင့္
မကမ္းတြင္ေတာ့ ခ်မ္းေျမ့က ရွင္းေလးမလွမ္းမကိုၾကင္နာယုယစြာ ေပြ႕ဖက္ထားေသာျမင္ကြင္းကိုအေမွာင္ထဲကေငးေမာၾကည့္ေနရင္း မ်က္ရည္က်ေနေသာ လူငယ္တစ္ေယာက္သည္ သူဘာေၾကာင့္ က်ေနမွန္းပင္ ေဝခြဲမရနိုင္ပဲ မ်က္မွန္ဝိုင္းကေလးကို ပင့္တင္ကာမ်က္ရည္မ်ားကို လက္ညွိုးေလးနဲ႕သုတ္ လိုက္ရင္းအေဝးတစ္ေနရာသို႔ အၾကည့္တို႔ကို လႊဲ
ဖယ္လိုက္ၿပီးမွ

"ကိုကို နဲ႕ ကိုရွင္း ဖက္ေနတာကို ငါကဘာလို႔မ်က္ ရည္က်မိေနတာပါလိမ့္! Boss အတြက္ စိတ္မ ေကာင္းလို႔ပဲ ေနမွာပါေလ "

ဟု ေျဖသိမ့္ေတြးလိုက္ရင္း ထိုေနရာမွ ခပ္သုတ္ သုတ္ေလး ျပန္ထြက္သြားေလသည္။

( Two Months Later)

ထိုအရာေတြ ျဖစ္ပ်က္ၿပီး ႏွစ္လခန႔္အၾကာမွာေတာ့ CEO ေနရာလြတ္ေနေသာ ထူးထက္ေခါင္ ၏ Company အတြင္းတြင္ သို႔ေလာ သို႔ေလာသတင္းမ်ား ေနရာအႏွံ႕ ပ်ံႏွံ႕ေနေတာ့သည္။

" Boss က ေယာက်္ားခ်င္းႀကိဳက္တာတဲ့ "

"ဟယ္ မထင္ရဖူးေနာ္ ငယ္ငယ္ေခ်ာေခ်ာ
ေလးကို "

"ဟိုတစ္ေလာက ဝန္ထမ္းေတြအားလုံးေရွ႕မွာ သူ႕ေကာင္ေလးကို Propose လုပ္တာအဲတာကို အဲေကာင္ေလးက ပန္းစည္းနဲ႕ေပါက္ၿပီးေခ်လႊတ္ လိုက္တာေလ "

"ခိခိ ေက်နပ္တာဟယ္ ေဘာ့စ္ကို အဲလိုေခ်တဲ့သူရွိတာ ငါတို႔ကိုဆို အၿမဲအနိုင္က်င့္ၿပီး ေခ်မိဳးလြန္းေနတဲ့ Boss ျပန္အေခ်ခံရတာ နားေအးတာပဲ အဲေန႕က ခြင့္ယူလိုက္လို႔္ဟာ ပြဲႀကီးပြဲေကာင္းလြတ္သြားတာ "

"အဟမ္း....."

ေန႕လည္ထမင္းစားနားခ်ိန္တြင္ ေဘးနားက
စားပြဲဝိုင္းမွႏႈတ္ခမ္းနီရဲရဲဆိုးထားသည့္ အမ်ိဴးသမီးတစ္ခ်ိဴ႕သည့္ Bossအေၾကာင္းအတင္းတုပ္ေနသည္ကိုၾကားလိုက္ရလွ်င္စိုင္းစင္ေခးဆိုင္ကအက်ယ္ႀကီေခ်ာင္းဟန႔္ျပလိုက္သည္။

ထိုအခါမွ မယ္မင္းႀကီးမ ႏွစ္ေယာက္က စိုင္းစင္ေခးဆိုင္ကို မ်က္ေစာင္းထိုးလ်က္ စြာက်ယ္စြာ
က်ယ္နဲ႕အတင္းေျပာေနတာ ရပ္သြားေတာ့သည္။

လြန္ခဲ့သည့္ ႏွစ္လ သူ First Semester ေျဖၿပီးေက်ာင္းပိတ္သြားကတည္းက Bossရဲ႕
Company မွာ အလုပ္သင္လာဆင္းေနတာျဖစ္သည္။

အိမ္က ေမေမ၏ နားပူေနတာက တစ္ေၾကာင္း၊Boss ေပးထားသည့္ အမိုက္စားလစာကို မက္တာက တစ္ေၾကာင္း၊ သူ႕အရည္အခ်င္းနဲ႕ဆို ဒီလစာရဖို႔ ဒီတစ္သက္လမ္းမျမင္တာမို႔ Boss ရဲ႕ Companyက နာမည္ႀကီး Interior Designer ေတြဆီမွာ အနီးကပ္ပညာေတြသင္ယူရင္းတေျဖးေျဖး ေပ်ာ္လာတာျဖစ္သည္။

အေရးအႀကီးဆုံး တစ္ခုကေတာ့ ကိုကိုရဲ႕အေဝးဆုံးမွာ လာၿပီး ေရွာင္ဖယ္ေနရျခင္းပင္။ လြန္ခဲ့တဲ့ ႏွစ္လ Boss က ကိုရွင္းကို Suprise လုပ္တဲ့ညက ကိုကို နဲ႕ ကိုရွင္းဖက္ေနတာျမင္ၿပီး သူ အေတာ္ၾကာ ရင္ထဲမွာ တႏုံ႕ႏုံ႕နဲ႕ ျဖစ္ေနခဲ့ရတာ။ ရင္ထဲမွာ ထိုကိစၥနဲ႕ပတ္သက္ၿပီး ရင္ဘတ္ေအာင့္သလိုလို အသည္းေတြ အူေတြပဲ နာေနသလိုလို ခံစားရၿပီး ကိုကို႔ သင္တန္းကိုလည္း လုံးဝေျခဦးမလွည့္ေတာ့ပဲ Boss ရဲ႕ Company မွာလာပုန္းေနရာမွ ကိုကိုနဲ႕ေဝးေနရတဲ့ အခ်ိန္ေလးအတြင္းမွာမထင္ မွတ္ပဲသိခဲ့ရတာက သူကိုကို႔ကို ႐ူး႐ူးမူးမူးခ်စ္မိေနၿပီ ဆိုတာကိုပဲ ။

အဲအခ်ိန္ကစၿပီး သူေၾကာက္လန႔္တၾကားနဲ႕ကိုကို႔နားလုံးဝမသြာေတာ့ ။ ကိုရွင္းအေပၚမွာထားတဲ့ ကိုကို႔ရဲ႕အခ်စ္အတိုင္းအဆကိုျမင္ေနရတာမို႔ကိုကို႔နားဆက္ေနေနလွ်င္လိုခ်င္တပ္မက္စိတ္ ေတြ ကိုကို႔္ကို အပိုင္သိမ္းယူခ်င္စိတ္ေတြ ပိုမ်ားလာၿပီးထိန္းမနိုင္သိမ္းမရ အသဲကြဲမွာ စိုးရိမ္သ ျဖင့္ ပုန္းေရွာင္ေနခဲ့တာေနာက္ဆုံး ကိုကိုဘက္က တစ္ခါတစ္ေလ သူ႕ဆီ ေယာင္မွားၿပီး ဖုန္းဆက္လာလွ်င္ေတာင္ မကိုင္ျဖစ္ေတာ့ ။

" ဟိတ္.... ေခးဆိုင္ "

"ေအာင္မေလး "

ကိုကို႔အေၾကာင္းေတြးေနတုန္း မေသာ္တာကျဗဳန္းခနဲဆိုေရာက္ခ်လာၿပီး စားပြဲခုံကို လက္ဖဝါးနဲ႕ ခပ္ျပင္းျပင္း ပုတ္လိုက္တာမို႔ ေခးဆိုင္ ဇြန္းႀကီးကိုင္ၿပီးေမးေထာက္စဥ္းစားေနရာမွ ဇြန္းႀကီးက ခလြမ္းကနဲလြတ္က်သြားရကာ ေမးေထာက္ေနရင္း ဟန္ခ်က္ပါပ်က္သြားၿပီး ေမးေစ့နဲ႕ ေရွ႕က စားပြဲေပၚက အဖုံးဖြင့္ထားေသာထမင္းဘူးတို႔က ခြပ္ခနဲ မိတ္ဆက္သြားသည္။

"ခိခိ ဘာေတြ စဥ္းစားေနလို႔ အာ့ေလာက္အသိ စိတ္လြတ္ေနရတာတုန္း ကိုကို႔အေၾကာင္းမွ ဟုတ္ရဲ႕လား "

အနီးကပ္ေပါင္းပါမ်ား၍ သူ႕ရဲ႕ စီနီယာတစ္ဖက္ရင္ဖြင့္ေဖာ္တစ္ဖက္ျဖစ္ေနေသာ အေၾကာင္းစုံသိေနတဲ့ မေသာ္တာက ေနာက္လိုက္တာမို႔ ေခးဆိုင္က ခုနက ထမင္းခြက္ထဲ က်သြားသျဖင့္ ေမးေစ့မွာ လာကပ္ေနေသာ ထမင္းေစ့ႏွစ္ေစ့ေလာက္ ကိုလက္ျဖင့္ဖယ္လိုက္ကာ ေသာ္တာ့ကိုဟီးခနဲ ရွက္ရယ္ ရယ္ျပလိုက္သည္။

"ဟီး မဟုတ္ပါဖူး မေသာ္တာရဲ႕ "

"မလိမ္ခ်င္ပါနဲ႕ေနာ္ အဲဒီမ်က္လုံးေမွးႀကီးေတြမွာ ကိုကိုဆိုတဲ့ စာတန္းေတြေတာင္ေပၚေနသလိုပဲ အခ်ိန္ျပည့္ ကိုကို႔ဆီပဲ စိတ္ေရာက္ေနၿပီးေတာ့မသိရင္ခက္မယ္ ဟင္းဟင္း "

မေသာ္တာက အမွန္ေတြခ်ည္း လွိမ့္ေျပာေနတာမို႔ေခးဆိုင္က ဆက္ၿပီး စကားစစ္မထိုးေတာ့ပဲ စပ္ ၿဖဲၿဖဲေလးသာ လုပ္ေနလိုက္သည္။

မေသာ္တာ ေျပာတာလည္း ဟုတ္ေနတာပဲ
သူဆိုတာကလည္း အလုပ္လုပ္ေနတုန္း
တစ္ခ်ိန္လုံး ကိုကိုပဲ ထိုင္ေအာ္ေနတာ။

ပုံဆြဲေနလည္း ကိုကို႔ကိုလြမ္းလို႔ ေရေသာက္ေနတုန္းလည္း ကိုကို႔ကို လြမ္းလို႔ဘထမင္းစားရင္လည္း ကိုကို႔ကိုလြမ္းလို႔ေနာက္ဆုံး အိမ္သာတတ္ရင္ေတာင္ အိမ္သာခြက္ထဲ ကိုကို႔မ်က္ႏွာပဲေျပးျမင္ေနမိတဲ့ဘ၀။

"ဒါနဲ႕ ေခးဆိုင္ ညေန အမနဲ႕ မန္ေနဂ်ာ ကိုစိုးနဲ႕ Boss ကို သြားၾကည့္မလို႔ အဲတာ ေခးဆိုင္ေရာလိုက္ခဲ့ေနာ္ "

"အင္း လိုက္ရမွာေပါ့ဗ်ာ Boss က ကြၽန္ေတာ့္ေက်းဇူးရွင္ပဲ "

မေသာ္တာနဲ႕အေနနီး၍လားမသိ ။ Boss ကို
တေျဖးေျဖးနဲ႕သူပါ ၾကည္ညိုေလးစားလာသည္။မေသာ္တာဆိုတာကလည္း တစ္ခ်ိန္လုံး Bossေကာင္းေၾကာင္းပဲ ေျပာေနတတ္တာဆိုေတာ့ သူပါ တေျဖးေျဖး Boss ကို ပိုခ်စ္လာသလိုလို ။

"Boss က မ်က္နာသာတည္သာ အရမ္းသေဘာယေကာင္းတာ သၾကၤန္ဆိုလည္း Bonus ေတြေသာက္ေသာက္လဲပဲ စည္းကမ္းႀကီးေပမဲ့ဝန္ထမ္းေတြအေပၚ အရမ္းၾကည့္ေပးတတ္တာ "

မေသာ္တာေျပာတာလည္း ဟုတ္သလိုလို။
Bossက တကယ့္ ကေလးဆိုးႀကီးလိုပဲ ။ အခုပဲၾကည့္ ဟိုတစ္ေလာက ကိုရွင္းနဲ႕သေဘၤာေပၚက ဟို Propose ကိစၥၿပီးကတည္းက အခုထိ ရွက္လို႔ သူ႕ေယာက်္ား သိကၡာေတြအားလုံး ေရာစုန္ေမ်ာပါၿပီ ဆိုၿပီး Company ကို လုံးဝကိုေပၚမလာေတာ့
တာပဲၾကည့္။

" အင္း လိုက္ခဲ့မယ္ Boss မရွိေတာ့ Company ႀကီးလည္း တစ္ခုခု လိုေနသလိုပဲ ကြၽန္ေတာ္ လိုက္ခဲ့မယ္ "

ဟု အစခ်ီ၍ သူအပါအဝင္ မေသာ္တာႏွင့္
Bossရဲ႕ လူယုံတစ္ျဖစ္လဲ မန္ေနဂ်ာ ကိုစိုးပါ
Boss အိမ္ထိလိုက္ရလာတာ ျဖစ္သည္။

"မင္းတို႔ Boss က အခုထိ အခန္းထဲက အခန္းျပင္လည္းမထြက္ပါဖူးကြယ္ ထမင္းလည္းမစားလို႔ဘယ္လိုေတြ ရွင္သန္ေနသလဲေတာင္မသိပါဖူးတစ္ပတ္ တစ္ခါ မုန႔္ေျခာက္ေတြဝယ္ၿပီး သူ႕အခန္းေရွ႕ခ်ထားေပးရတာ အလုပ္ကိစၥေတြဆိုလည္းဖုန္းနဲ႕ပဲ ေျပာတာမလား အန္တီလည္း ဘာဆက္လုပ္ရမွန္းမသိပါဖူးကြယ္ ေနမွေကာင္းရဲ႕လား မသိပါဖူး မင္းတို႔ Boss အျပင္ထြက္လာေအာင္တစ္ခုခုလုပ္က်ပါဦးကြယ္ "

Boss အိမ္ကို ေရာက္ေရာက္ခ်င္းမွာပဲ Boss အေမက သူတို႔သုံးေယာက္ကို အားကိုးတႀကီးေျပာလာတာျဖစ္သည္။

"စိတၡ္ပါ အန္တီ ေသာ္တာတို႔ Boss အျပင္
ထြက္လာေအာင္ တစ္ခုခု ႀကိဳးစားၾကည့္ပါမယ္ "

Boss ရဲ႕အေမ စိတ္ပူပန္ေစတာကို သက္သာလို သက္သာေစေသာ္ျငား ေခ်ာ့ေမာ့ေျပာဆိုရင္း သုံးေယာက္သား ေခါင္းခဲရေတာ့သည္။

"ကဲ ဘယ္လိုလုပ္ၾကမလဲတစ္ေယာက္ခ်င္းစီBossထြက္လာေအာင္တစ္ခုခုအေၾကာင္း
ျပၿပီး ေခၚၾကည့္က်မလား ကိုစိုး နင္အရင္ေခၚ "

Boss အခန္းေရွ႕တည့္တည့္တြင္ ေခါင္းခ်င္းဆိုင္တိုင္ပင္ေနရင္းမွ မေသာ္တာရဲ႕ အႀကံဉာဏ္ကမဆိုးလွတာေၾကာင့္ သုံးေယာက္လုံး သေဘာတူလိုက္ၾကသည္။ထိုအႀကံအတိုင္းပင္ ကိုစိုးကစ၍ Boss အခန္းေရွ႕ရပ္လိုက္ကာ တံခါးကို သုံးေလး
ခ်က္ဆင့္ေခါက္လိုက္ၿပီး

"Boss ကြၽန္ေတာ္ ..ကိုစိုးပါ Company ကလူေတြ က Boss ကို ေမွ်ာ္ေနၾကပါတယ္ Boss မွBossဆိုၿပီး ျဖစ္ေနၾကတယ္Boss ဒီတစ္ရက္ ႏွစ္ရက္ေနလို႔မွ ႐ုံးျပန္မတတ္ရင္ အလုပ္ထြက္မယ္ဆိုတဲ့ လူေတြလည္းရွိေနပါတယ္ "

ကိုစိုးရဲ႕ပလီတိေျခာက္ခ်က္စကားကို နားေထာင္ရင္း ေနာက္မွ ေသာ္တာနဲ႕ ေခးဆိုင္က တခြီးခြီးနဲ႕ရယ္ေနၾကသည္။

သို႔ေသာ္ ထိုပလီတိေျခာက္ခ်က္ စကားလည္း ေအာင္ျမင္ဟန္မတူေခ်။အခ်ိန္အေတာ္ၾကာသည့္အထိ အခန္းအတြင္းက တုန႔္ျပန္သံ မၾကားရတာေၾကာင့္ ကိုစိုးကေခါင္းတြင္တြင္ရမ္းလ်က္လက့ေလ်ာ့လိုက္ကာ ေသာ္တာ့အလွည့္ေရာက္လာသည္။

"အဟမ္း Boss ေသာ္တာပါ ဘယ္ေတာ့ ႐ုံးျပန္တတ္မွာလဲ Boss ရယ္ ေသာ္တာတို႔အားလုံးကBoss ကိုအရမ္းသတိရေနၾကတာပါ အဲေန႕ကBoss ပန္းစည္းနဲ႕အေပါက္ခံရ... အဲ ...ဟို အဲဒီသေဘၤာေပၚက ကိစၥကိုလည္းလူေတြအားလုံးေမ့ေနၾကပါၿပီ ဘယ္သူမွလည္း Boss ကိုအတင္းမတုပ္ရဲၾကပါဖူး အဲဒီေတာ့ Boss ျပန္လာပါေတာ့ေနာ္ Boss ျပန္လာမွ Companyႀကီးက ျပည့္စုံလာၿပီး အရင္အတိုင္းလည္ပတ္နိူင္မွာပါ "

ေသာ္တာက လိုအပ္သည္ထက္ ျပည့္ျပည့္စုံစုံပိုပိုသာသာေလးေျပာခ်လိဳက္သည္။ ဒီၾကားထဲစကားမွားလို႔ အျပင္ထြက္လာၿပီး အေထာင္းခံရမွာကလည္း ေၾကာက္ရေသးသည္။ Boss ဆိုတဲ့ လူစားမ်ိဴးက လြယ္တာမဟုတ္ မထင္ရင္ မထင္သလို ေငါက္တတ္ေသးတာ ။

"Boss .......

Boss........

Boss ......."

မေသာ္တာစကားလည္း တိုးေပါက္ဟန္မတူ။တံခါးကို တဒုန္းဒုန္း ထုေနရင္း ဆယ္ငါးမိနစ္ေလာက္ၾကာလာေတာ့ လက္ေလွ်ာ့လိုက္ဟန္ျဖင့္ေခးဆိုင္ နင့္အလွည့္ဟု မ်က္စပစ္ျပလိုက္လ်က္ထိုင္ခုံေပၚေျခပ်စ္လက္ပ်က္ ထိုင္လ်က္ေျခကုန္
လက္ပန္းက်ေနေတာ့သည္။

"အဟမ္း..."

ေခးဆိုင္ ဘာမွမေျပာရေသးခင္ လည္ေခ်ာင္းရွင္းသြားေအာင္ ေခ်ာင္းအရင္ဟန႔္လိုက္သည္။

ထို႔ေနာက္ လက္သီးကို ဖြဖြဆုပ္လ်က္ မာန္တင္းလိုက္ကာ ...

"Boss ကြၽန္ေတာ္ ေခးဆိုင္ပါ ကြၽန္ေတာ္ေျပာခ်င္တာက အခ်စ္ဆိုတာ ဘဝရဲ႕ အစိတ္အပိုင္းေသးေသးေလးတစ္ခုပါ အခ်စ္ဆိုတာဘဝတစ္ခုမဟုတ္သလို ေနာင္ဘဝအထိလည္းမပါနိုင္ပါဖူး ဒါေပမဲ့ Company က ဝန္ထမ္းေတြကေတာ့ အကုန္လုံး Boss ကို အားကိုးၿပီးေနရ Boss မ်က္ႏွာကိုတစ္႐ြာထင္ၿပီးေနရ......ရ ...."

" ဝုန္း......"

ေခးဆိုင္တစ္ေယာက္ အထစ္ထစ္အေငါ့ေငါ့နဲ႕စကားလုံးရွာမရ ျဖစ္ေနစဥ္မွာပင္ မာနႀကီးႀကီးနဲ႕ ဘယ္ေတာ့မွ ပြင့္မလာဖူးထင္ရေလာက္ေအာင္ေစ့ေစ့ပိတ္ထားေသာ အခန္းတံခါးႀကီးသည္ဝုန္းခနဲပြင့္လာတာမို႔ စိုင္းစင္ေခးဆိုင္ကေၾကာက္ လန႔္တၾကားနဲ႕ ေနာက္သို႔ ခုန္ဆုတ္လိုက္မိသည္။

"အေမလး "

အသည္းငယ္စြာ ေအာ္ဟစ္ၿပီး ပြင့္လာေသာတံခါးဆီမွထြက္လာေသာ ရွည္ရွည္ေမ်ာေမ်ာ အရာႀကီးတစ္ခုကိုေမာ့အၾကည့္

" ဟင္...."

မ်က္ႏွာတစ္ခုလုံးကို ပိုသီပတ္သီဖုံးအုပ္ေနေသာရွည္လ်ားကာ ရႈပ္ပြေနေသာဆံပင္ရွည္ေတြ ။ ခါတိုင္း ၾကည့္ေကာင္းလြန္းေနၿပီး ေယာက်္ားဆန္ပါသည္ဆိုေတာ့ ႏႈတ္ခမ္းေမႊးစိမ္းစိမ္းေတြက မရိတ္တာပဲၾကာလို႔လားမသိႏႈတ္ခမ္းတစ္ခုလုံးကိုဖုံးေနၿပီး ပုံပ်က္ပန္းပ်က္ ။ ဝတ္ထားတာၾကာၿပီ ျဖစ္ပုံရေသာညစ္ပတ္ေပေရသည့္ညဝတ္အကၤ်ီအျဖဴဖားလ်ားဖားလ်ားႀကီးနဲ႕ ညွင္းသိုးသိုးထြက္လာေသာ အနံ႕။

အခန္းဝကေနအျပင္ကိုတေျဖးေျဖးခ်င္းေလွ်ာက္ထြက္လာပုံက အားမရွိလို ေပ်ာ့ေခြယိုင္နဲ႕ေနေသးကာ ခ်ိဴင့္ဝင္ေနေသာမ်က္တြင္းေဟာက္ပက္ႀကီးႏွင့္ မ်က္လုံးေတြက က်ီးကန္းေတာင္ေမွာက္ျဖစ္ေနၿပီး ေသြးဆာေနတဲ့ Zombie တစ္ေကာင္လို။

ေၾသာ္ ခါတိုင္း ရွင္းသန႔္တည္ၿငိမ္လြန္းတဲ့အၾကည့္ေတြက နက္ေမွာင္စူးရွလြန္း စမတ္က်လြန္း ေခ်ာေမာလြန္းသျဖင့္ မိန္းမပ်ိဴေတြၾကား နာမည္ႀကီးလြန္းလွေသာသူေဌးေလး ဟဗဆထူးထက္ေခါင္ ဟာ အခုလို ပုံစံနဲ႕က်ေတာ့လည္း ဘုရားႀကီးက အေႂကြေလးရွိရင္ေပးပါ ဆိုတဲ့ကေလးေတြနဲ႕ နင္လားငါလား မျခားပါလား။

သုံးေယာက္လုံးသည္ အေျပာင္းလဲႀကီးေျပာင္းလဲေနေသာ Boss ကိုၾကည့္ၿပီး ဒါ ငါတို႔ Boss ထူးထက္ေခါင္မွ ဟုတ္ရဲ႕လား ဟူေသာအၾကည့္မ်ားႏွင့္ ေၾကာင္ေတာင္ေတာင္ေငးေမာကာ မွင္သက္ယေနၾကေပသည္။

ထူးထက္ေခါင္ကလည္း သူ႕ကိုအူေၾကာင္ေၾကာင္ နဲ႕ ေငးေနၾကေသာ သုံးေယာက္လုံးေရွ႕မွာဆန႔္ဆန႔္ႀကီးရပ္လိုက္ကာအားလုံးကို မ်က္ေမွာင္ႀကီးက်ဴံ႕လ်က္ၿခဳံငုံၾကည့္လိုက္ၿပီးမွ

"မနက္ဖန္ ငါ ဘုန္းႀကီး သြားဝတ္ေတာ့မယ္
မင္းတို႔ သုံးေယာက္လုံး ငါနဲ႕လိုက္ခဲ့ၾက"

"ဗ်ာ..."

"ဟင္ .... "

" ရွင္... "

အာေမဍိတ္သံ သုံးခုသည္ တိုင္ပင္ခ်င္းလည္းမရွိပါပဲ သုံးေယာက္လုံး၏ ႏႈတ္ခမ္းဝဆီမွ ၿပိဳင္တူဆို
သလို ထြက္လာေလေတာ့သည္။

Continue Reading

You'll Also Like

149K 4.3K 40
(This is season 2) နွေတစ်ခေတ်သျှား×တိမ်ယံသွေးသစ် တိမ်စိုင်ဆိုတာ ဘယ်တုန်းကမှ ဖမ်းဆုပ်မရခဲ့တဲ့ ဒဏ်ရာလေးဘဲ... နွေ့နှလုံးသားနှင့်ရင်းကာ အသက်တမျှ နင့်အော...
389K 30.7K 43
_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ္ရင္ ငါကိုယ္ေတာ္က မိစၦာျဖစ္ေစၿပီး မင္းကိုကယ္တင္မယ္ _ Start date - Octo...
75.5K 4.9K 24
ဒီ fic ကို​ေရးဖို႔အတြက္​ အၾကံဥာဏ္​ရခဲ့တဲ့ ဂ်ဴးရဲ႕ သူ မင္​းကိုဘယ္​​ေတာ့မွနဲ႔ Ami ရဲ႕ အစိမ္​းရင္​့ရင္​့အလြမ္​း ကို​ေက်းဇူးတင္​ပါတယ္​.... Credit လဲ​ေပးပ...
18.6K 820 32
သံေယာဇဥ္ ဆိုတဲ့တံတားကိုနင္းျဖတ္ပီး ႏွလုံးသားကိုပဲဦးစားေပးေ႐ြးခ်ယ္ရဲပါ့မလားဆိုရင္ ကြၽန္ေတာ္ ကေတာ့... သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသား ကို...