The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 27

9.6K 736 125
By aseinnkyaw


The dimple on his cheek

Unicode

"စိုင်းစင်ခေးဆိုင် "

စားပွဲခုံကိုလက်ညိုးနဲ့ တဒေါက်ဒေါက်ခေါက်ရင်း တစ်လုံးချင်း ပီပီသသရေရွတ်လိုက်သံ... ။

"Boss စုံစမ်းခိုင်းထားတဲ့ ကိစ္စသိခဲ့ရပြီ Company မှာရှိနေတဲ့ ကောင်လေးက Hotel Project မှာဆုရခဲ့တဲ့ ကောင်းမြတ်ရှင်းဆိုတဲ့ ကောင်လေး မဟုတ်ဘူး ကောင်းမြတ်ရှင်းအစစ်က ပြိုင်ပွဲ မပြီးခင်ကတည်းက သူ့အဖေဆုံးသွားလို့တောင်ကြီးရောက်နေတာ အခု ရောက်နေတဲ့ ကောင်လေးနာမည်က စိုင်းစင်ခေးဆိုင်တဲ့ ကောင်းမြတ်ရှင်းနဲ့ သူငယ်ချင်းတွေလို့ပြောတယ် Boss "

ရှင်းဆိုတဲ့ နာမည်လေးတစ်လုံးကြောင့် ရူးရူးမိုက်မိုက်နဲ့ သူကိုယ်တိုင် Junior Architect ရာထူးနဲ့အလုပ်ခန့်ထားခဲ့တဲ့ ကောင်လေးရဲ့ ဆိုးဝါးလွန်းတဲ့ Presention တစ်ချိူ့ကို မြင်လိုက်ရတဲ့အချိန်မှာ မထင်ထားမိလောက်အောင်ပင်လက်ဖျားခါသွားခဲ့တာပဲ ဖြစ်သည်။

"ဟာ ဒီလောက်ဆိုးတဲ့ Design ကိုဘယ်သူဆွဲထားတာလဲ "

"ကောင်း....ကောင်းမြတ်ရှင်း.. ပါ Boss "

အတွင်းရေးမှူးရဲ့တုန်တုန်ရီရီ စကားသံကို နားနဲ့
ဆတ်ဆတ်ကြားလိုက်သော်ကြားထပ်ပြီးအတည်
ပြုချင်သေးတာရယ်ကြောင့် မျက်မှောင်ကျူံ့လိုက်မိရင်းဒုတိယတစ်ကြိမ်ထပ်မေးလိုက်သည်။

"ဘယ်သူ "

"ကောင်းမြတ်ရှင်း...ပါ "

ဘဝတစ်လျှောက်လုံးမှာအလုပ်နဲ့ပတ်သက်လာလျှင်ဘယ်တော့မှအမှားမခံပဲ တိတိကျကျဘဲ ဆောင်ရွက်တတ်ခဲ့လို့ ဒီနေရာမှာ ထူးထက်ခေါင်ဆိုပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့တာ ။

အခုတော့ သူကိုယ်တိုင်မယုံကြည်ခဲ့တဲ့ အချစ်တစ်ခုအောက်မှာ သူတောင် မသိလိုက်ခင်ကျရှုံးနှင့်နေခဲ့ပြီ.... ။

အဆိုးဆုံးက ညီလို့ နဲနဲလေး သံသယရှိတဲ့သူမှန်တာနဲ့ အမှားအမှန်မစဉ်းစားနိုင်ပဲ Companyကို လက်လွတ်စပယ် ဆွဲသွင်းမိလေခြင်း ။

အခုလည်း ဒီကောင်လေးရဲ့အရည်အချင်းကို စမ်းသပ်ချင်လို့ ပြိုင်ပွဲတုန်းကပုံအပြင်နောက်ထပ်Project တစ်ခုကို အားချင်းတောင်းခဲ့ရာမှရလာတဲ့ Result ကမျှော်လင့်ထားတာနဲ့တခြားစီမို့ မန်နေဂျာကို နောက်ကြောင်းလိုက်ခိုင်းမိတော့ သွေးတိုးစရာ ကိစ္စတွေ ဖြစ်လာခဲ့ပြီ ။

" သော်တာ..."

"ရှန်..... Boss "

"ခုချက်ချင်း ကောင်းမြတ်ရှင်းတစ်ဖြစ်လဲ
စိုင်းစင်ခေးဆိုင်ဆီဖုန်းဆက် ငါ့ရုံးခန်းကို
အခုချက်ချင်းအရောက်လာခဲ့ပါလို့ပြော "

"ဟုတ် "

အတွင်းရေးမှူး၏ တဒေါက်ဒေါက်နဲ့ပြေးသွားသောဒေါက်ဖိနပ်သံက အခန်းပြင်ရောက်သွားသည်နှင့်CEO ရုံးခန်းတစ်ခုလုံးသည် အပ်ကျသဲပင်မကြားရအောင်ပင် ငြိမ်ကျသွားသည်။

မုန်တိုင်းမလာခင်တော့ လေပြည်သည် ကြောက်
မက်ဖွယ်ကောင်းစွာပင်တိတ်ဆိတ်လို့နေသည်။

~~~~~

"မင်းကို လာချော့တာ ချမ်းမြေ့ "

နှုတ်ခမ်းထောင့်စွန်းကို မသိမသာကွေးကာ တစ်လှမ်းချင်း တည်ငြိမ်စွာ လျှောက်လာသောကောင်လေးတစ်ယောက်နဲ့ ထိုကောင်လေးအား မျက်တောင်မခတ် အံ့သြတကြီး ငေးစိုက်ကြည့်နေသော နူးညံ့သော မျက်ဝန်းတစ်စုံ ။

ဘယ်တုန်းက ရှင်းက ဒီလောက်တည်ငြိမ်အေး
ဆေးသွားရတာလဲ ။ ဟိုနေ့ကပဲ သူ့မာနတွေကို ရှင်းတစ်စစီ ရိုက်ချိူးဖျက်စီးထားခဲ့တာ။

ရှင်း၏ မျက်နှာသည် ပြုံးနေသော်လည်း တစ်ခုခုကို ဖုံးကွယ်ထားသလို အေးစက်စက်နဲ့ မာတင်းတင်း ဖြစ်နေသည်။

" ရော့ မင်းကြိုက်တတ်လို့ ငါဝယ်လာတာ "

ရှင်းကလက်ထဲက Redbull ကတ်ကို ချမ်းမြေ့
လက်ထဲ ထိုးထည့်ပေးလိုက်သည်။ ချမ်းမြေ့ ကတော့ အအေးပြယ်စ ပြုနေတဲ့ ၆ လုံးတွဲ Redbull ကတ်ကြီးကို ဆွဲထားလျက် ရှင်းကိုတစ်လှည့် ခေးဆိုင်ကိုတစ်လှည့်ကြည့်ကာ နှစ်ယောက်ကြားထဲ မျက်နှာမထားတတ်ပဲ အူလည်လည်လေးဖြစ်လို့နေသည်။

" အက သင်နေတာလား "

ရှင်းရဲ့ နောက်ဆက်တွဲ စကားသံ.... ။

" အင်း "

ချမ်းမြေ့ကိုကိုက ခပ်ဆတ်ဆတ်ခေါင်းငြိမ့်ပြသည် ။

ဇောချွေးပျံနေသော မျက်နှာပေါ်တွင်တော့ ရှင်း တစ်ခုခုလုပ်ချလိုက်မှာကို ကြောက်နေသည့်ပုံစံက အထင်းသား ပေါ်နေသည်။

"သြော် မင်းတို့အိမ်ဝင်ခဲ့သေးတယ် မင်းသင်တန်းထွက်သွားတယ် ဆိုလို့ ငါလိုက်လာတာ "

သူ နဲ့ပတ်သက်ပြီး သင်တန်းကို ရှင်းလိုက်လာတာ သူ့ဘဝတစ်လျှောက်လုံး ဒါပထမဆုံး အကြိမ်ပဲ ။

ရှင်းရဲ့မျက်နှာအနေအထား အသေးစိတ်အဆင့်
ဆင့်ပြောင်းလဲသွားပုံကို ချမ်းမြေ့ကတစ်ခုချင်း လိုက်အကဲခတ်နေသည်။

ခေးဆိုင်ပြောခဲ့သလို ရှင်းသူ့ကို သဝန်တိုနေမလားဟု တိတ်တခိုး မျှော်လင့်နေမိသော်လည်း ရှင်းက ထူးထူးခြားခြားပင် အေးဆေးတည်ငြိမ်နေတာမို့ သူမျှော်လင့်ချင့်တွေသည်ပင် မချင့်မရဲ ။

သူ့အပေါ်စိတ်ဆိုးနေဟန်လည်း မရှိတာမို့အနဲငယ် စိတ်သက်သာရာ ရနေသော်ငြား တစ်ဖက်ကလည်း ကြောက်လန့်စိတ်ကို ဖုံးကွယ်မရ။ရှင်းဟာတစ်ခုခုဆို ဟန်ဆောင်ဖုံးဖိနိုင်လောက်တဲ့ အထိ မရင့်ကျက်သေးဘူးဆိုတာသိနေပေမဲ့ ရှေ့တိုးမယ့်ဆင်
နောက်ခြေတစ်လှမ်းဆုပ်ဆိုတဲ့ စကားပုံကလည်း ရှိသေးသည်မဟုတ်လား ။

" တီ.......တီ........တီ "

ဖုန်းလာလို့ အသက်ရှုချောင်သွားပုံရတဲ့ ခေးဆိုင်ကဖုန်းသွားပြောဦးမယ် ဟူသော အမူအရာပြကာအပြင်သို့ထွက်သွားတော့မှ ချမ်းမြေ့ သက်ပြင်း ချနိုင်တော့သည်။

"ရှင်းထိုင်လေ ငါ့သင်တန်းမှာ ဒီအခန်းထဲ
ထိုင်ခုံတော့မရှိဘူး ကြမ်းပြင်မှာပဲထိုင်ရမှာ "

ချမ်းမြေ့က ကိုယ်ကိုငုံ့ပြီး ရှင်းထိုင်မယ့် နေရာကို
လေဖြင့်မှုတ်လိုက်ကာ သူ့လက်ဖဝါးနဲ့ ဟိုဟိုဒီဒီပွတ်ပြီး ဖုန်ခါပေးလိုက်သည်။

အဲဒီနောက်မှာတော့ ချမ်းမြေ့ရောရှင်းပါဒူးကိုယ်
စီထောင်လျက် ခြေပစ်လက်ပျစ် ထိုင်လိုက်ကြသည်။

"ရှင်း ဘာလို့လိုက်လာတာလဲကွာ အပြင်မှာ
ဒီလောက်နေပူနေတာကို "

"မင်းကို ချော့မလို့လေ "

"ဒီစကားက ငါ့ဘဝတစ်လျှောက်လုံး မင်းဆီက
ရခဲ့တာတွေထဲက အနူးညံ့ အသိမ်မွေ့ဆုံး
စကားပဲ ရှင်း မင်းနှုတ်ခမ်းက ထွက်ကျလာ
တာမှဟုတ်ရဲ့လားလို့တောင် သံသယဝင်မိတယ်"

သူ အဲလိုပြောတော့ ရှင်းက ခပ်ဟဟ ရယ်သည်။အခုမှ ရှင်းရဲ့အပြုံးအစစ်အမှန်ကို ပြန်တွေ့ရတာ။ အခုမှ ရှင်းရဲ့ပါးချိူင့်လေးက အသက်ဝင်လာတာ ။

" ငါ့ကို စိတ်ဆိုးသေးလား ရှင်း "

"ဟင့်အင်း မင်းကိုငါ ဘယ်တော့မှ စိတ်မဆိုးဘူးလို့ဆုံးဖြတ်ထားတယ် ပြီးတော့ ဟိုနေ့ကကိစ္စ ငါပြောတာတွေလွန်သွားရင်လည်း sorry "

ရှင်းပြောတဲ့ စကားသံတွေက သူ့နားထဲတဖြေးဖြေးတိမ်ဝင်လာသည်။ သူ့ကို မကြည့်ပဲ ပြောနေသောဘေးတစောင်း မြင်နေရသည့် ပါးချိုင့်ခွက်ကိုငေးကြည့်နေရင်း သူ တဖြေးဖြေးရူးသွပ်ချင်လာမိသည်။

ဒီပါးချိူင့်တွေကြောင့်ပဲ ချမ်းမြေ့ကိုကို ဆိုတာရှင်းမြတ်နိုးပိုင်အတွက် ဖြစ်တည်လာခဲ့တာ ။

" ရှင်း မင်းငါ့ကို သဝန်မတိုဘူးလား "

ရှင်းဘက်ကို မသိမသာစောင်းငဲ့ကြည့်ရင်း သူသိချင်လွန်းသော မေးခွန်း၏ အဖြေကို အရဲစွန့်မေးလိုက်သည်။

"မင်း ဘယ်လိုထင်လို့လဲ ချမ်းမြေ့"

တဖန်ပြန်လည်မေးခွန်းထုတ်လာသော ရှင်းကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ သူ ရင်မောလာပြန်သည်။ ရှင်းသည်လည်း ထိုမေးခွန်းကိုဖြေဖို့ရေရာသေချာသည့် အဖြေ ရှိပုံမရ။

တစ်ခါတစ်လေ ကိုယ်အမြတ်နိုးဆုံးအရာကို ပိုင်ဆိုင်ထားရခြင်းသည်လည်း ဒုက္ခတစ်ခုဟုပင် သတ်မှတ်လိုက်ချင်သည် ။ ပိုင်ဆိုင်မှု၏နောက်ကွယ်တွင် ဘယ်အချိန် စွန့်လွှတ်လိုက်ရမလဲဆိုတဲ့ စိုးရိမ်စိတ်တစ်ခုသည် အမြဲဒွန်တွဲကပ်ပါနေတာမို့ အဝေးက ငေးကြည့်နေရတာကပင် ပို၍ စိတ်ချမ်းသာစေမည်လား မပြောတတ်။

"ထားလိုက်တော့ကွာ မဖြေချင်လည်းမဖြေပါနဲ့ ငါ့အနားမှာမင်းရှိနေတာနဲ့တင် အရာရာ ပြီးပြည့်စုံနေပါပြီကွာ "

ချမ်းမြေ့က ရှင်းဘက်သို့ ကိုယ်ကိုကိုင်းလိုက်ပြီး ပါးတစ်ဖက်ကို ရွှတ်ခနဲ နမ်းလိုက်ပြီးမှ ဘာအမှုမှ မကျူးလွန်ထားသလို ခပ်တည်တည်ပြန်ထိုင်နေသည်။

ရှင်းကလည်း လူအလစ်မှာ သူပါးကို ခိုးချောင်ခိုးဝှက်နဲ့ ဖြတ်ခနဲ လာနမ်းသော ချမ်းမြေ့ရဲ့ အမူအရာက ချစ်စဖွယ်လေးဖြစ်နေတာမို့သွားတွေပေါ်အောင်ပင် အလိုလို ပြုံးမိလျက်သား ။

ရှင်းပြုံးနေတာကို တစွန်းတစမြင်ရသော ချမ်းမြေ့က ရှင်းဘက်ကမီးစိမ်းပြနေတာလည်းမြင်ရော သူ့အကျင့်အတိုင်း ရှင်း မျက်နှာတစ်ခုလုံးကို ဆွဲလှည့်လျက် ကျန်နေတဲ့နောက်ပါးတစ်ဖက်ကို ထပ်နမ်းလိုက်သည်။

ထို့နောက် နဖူး မျက်လုံးနှစ်ဖက်နဲ့ နှာတံလုံးလုံးလေးပေါ်သို့ မျက်နှာတစ်ပြင်လုံး နေရာအနှံ ခပ်ဖွဖွဖိနမ်းသည်။နူးညံ့သော နှုတ်ခမ်း၏ မက်မောတွယ်တာမှုသည် ရှင်းမျက်နှာပင် နေရာလွတ် မကျန်တော့ ။

ထို့နောက် ရှင်းရဲ့ ပန်းနုရောင် သန်းနေတဲ့ နှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့ဖိကပ်ထားသေးကာ ထိစပ်နေသောနှာရိုးနုနုတို့ကို ဟိုဟိုဒီဒီပွတ်တိုက်ကစားလျက်

" ချစ်တယ် " ဟု နှစ်ကိုယ်စာကြားရုံ တိုးဖွဖွကလေးပြောလိုက်လေသည်။

~~~~~~~~

"မောင်လေး အခုချက်ချင်း ရုံးကိုလာခဲ့ပါ
Bossက မောင်လေးကို တွေ့ချင်လို့တဲ့ နာရီ
ဝက်အတွင်း အတိအကျအရောက်လာခဲ့နော်
တစ်မိနစ်တောင်စွန်းလို့မရဘူး"

နားထဲ ပါးလျစွာတိုးဝင်လာသော Star Groupက အတွင်းရေးမှူး မသော်တာရဲ့အသံကြောင့်ဘာကြောင့်မှန်းမသိ စိတ်ထဲကတစ်ခုခုကို ထင့်နေသလို တွန့်ခနဲဖြစ်သွားမိသည်။

ဟိုနေ့က ပြိုင်ပွဲဝင်ပုံမဟုတ်တဲ့ တခြား Design တစ်ခုခုကို ကြည့်ချင်ပါတယ်လို့ အတင်းတောင်းနေတာနဲ့ ကောင်းကောင်းဆီလည်း တောင်ကြီးထိ အကူအညီ လှမ်းတောင်းဖို့ အချိန်မရတော့တာမို့မနှစ်က ကျောင်းကဆွဲခိုင်းတဲ့ Project တစ်ခုကို လက်လွတ်စပယ် ထိုးပေးလိုက်ခြင်း။

သက်သက်ပညာစမ်းတာ သိပေမဲ့ သူတို့ကိုယ်တိုင် မိမိကို ဘာမှမမေးမမြန်းပဲ မဆင်မခြင်အလုပ်ခန့်ထားတာမို့ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ပုံစံမျိူးနဲ့ ကိုယ့်လက်နဲ့ဖန်တီးထားတဲ့ ပုံဖိုင်ကို ပို့လိုက်မိတာ။

ကောင်မြတ်ရှင်း နေရာဝင်အစားထိုးနေရပေမဲ့ ကျောင်းကခိုင်းတဲ့ Jury တွေမှာဆို ဆရာတွေရဲ့ ပစ်မှတ်တစ်ဖြစ်လဲ ပိုးစက်ပက်စက်အပြောခံရနေကျ ကိုယ့်အကြောင်းကို ကိုယ်သာ အသိဆုံး။

မဆင်မခြင်လုပ်မိခြင်းရဲ့ရလဒ်က ကွိုင်
အကြီးကြီး တတ်ပြီ တူပါရဲ့......

ဟူး.......

သက်ပြင်းချပြီး အကခန်းမထဲသို့ ပြန်အဝင်

ကြင်နာစွာ နမ်းရှုံ့လျက် ကြည်ကြည်နူးနူး
ရယ်မောနေကျသော လူ နှစ်ဦး ။

အဝေးကပင်လှမ်းမြင်နေရတဲ့ ဆံပင်ဖွာဖွာလေးအောက်က တောက်ပနေသောကိုကို့ ရဲ့အပြုံး။

ကိုကို့အပြုံးလေးက လှလိုက်တာ ...

ကိုကိုဒီလို အားပါတရပြုံးတာ တစ်ခါမှမမြင်ဖူးတာမို့စိုင်းစင်ခေးဆိုင်က သတိလက်လွတ် ငေးကြည့်နေမိသည်။

ကိုကို့ ချစ်သူက ကံကောင်းလိုက်တာ .

ညင်သာတိုးဖွစွာ ထွက်လာသော အသံကို သူကိုယ်တိုင် သူ့နှုတ်ခမ်းက ဆွေးမြေ့စွာပြောလိုက်မိတာ ယုံပင်မယုံနိုင်..။

အာ....ငါဘာတွေ တွေးနေမိတာလဲ ။
ငါကယောကျ်ားလေးချင်းရင်ခုန်တတ်တဲ့
သူမျိူးမှ မဟုတ်တာ။

ကိုကိုတို့ နှစ်ယောက်ကို မနှောင့်ယှက်တော့ဘူးဟု ဆုံးဖြတ်လိုက်ပြီး ပြန်အလှည့် အကြည့်တို့ကထိုနေရာမှာ ရစ်ဝဲမိသွားသေးသည်။ မိမိနဲ့ဘာမှမဆိုင်တဲ့ ထိုမြင်ကွင်းသည်ရင်ဘတ်မှာ လာတစ်စို့နေသလို။

"ခေးဆိုင် ပြန်တော့မလို့လား "

တမင်မဟုတ်သော်လည်း အလိုလိုခေါင်းငိုက်စိုက်ပြီး ပြန်ထွက်လာတဲ့ သူ့ကို Reception ကအမက တအံတသြ ကြည့်ရင်းမေးသည်။

"အင်းအမ ကျွန်တော် အရေးတကြီးသွားစရာပေါ်လာလို့ ကိုကိုမေးရင် ကျွန်တော် နှုတ်ဆက်ခဲ့တယ်လို့ပြောပေးပါ "

Receptionက အမကိုပြောပြီး ခပ်သုတ်သုတ်ခြေလှမ်းများနဲ့ သင်တန်းကနေပြန်ထွက်လာသော်လည်း ဘာကြောင့်မှန်း မသိသူ့နှလုံးသားကသိသိသာသာလေးပင်နေသလို။

ခုနက မိမိနဲ့ မည်သို့မှမသက်ဆိုင်ပါသောမြင်ကွင်းကြောင့်လား။ဒါမှမဟုတ် မာတင်းခက်ထန်သော မျက်နှာကြီးနဲ့ စောင့်ကြိုနေနိုင်သော ဟို CEO ကြီးရဲ့မျက်နှာကို မြင်ယောင်နေမိတာကြောင့်လားမသိ။

တိကျသေချာတဲ့ အကြောင်းပြချက် မယ်မယ်ရာရာ မရှိပေမဲ့ ဘယ်ဘက်ရင်ဘတ်တခြမ်းလုံးကတော့ အောင့်မျက်နေတာ အသေအချာပင် ။

အဖြေရှာမရသော နားလည်ရခက်သည့်ပုစ္ဆာတွေကို ကျောပိုးအိတ်ထဲ ထမ်းပိုးထားသော သေးသေးညှက်ညှက်နှင့် ချစ်စဖွယ်အနှီကောင်လေးသည် မိနစ်ပိုင်းလောက်အကြာတွင်တော့ Sakura အကသင်တန်းအောက်က ဆိုင်ကယ် အနက်ရောင်လေးကို စီးနင်းကာ မိုင်အမြင့်ဆုံးတင်လျက် လမ်းမပေါ်သို့ ခပ်သုတ်သုတ် ထွက်သွားလေတော့သည်။

~~~~

" Boss စိုင်းစင်ခေးဆိုင် ရောက်ပြီ "

ကျွီခနဲပွင့်လာသော ဆွဲတံခါးနှင့်အတူ အခန်းဝတွင် လှစ်ခနဲ ပေါ်လာသော အတွင်းရေးမှူး ။

ထိုအတွင်းရေးမှူး၏ နောက်တွင်တော့ ငယ်ငယ်က အမှားလုပ်မိ၍ ဆရာမတွေရှေ့ မိဘအခေါ်ခံထားရသလို မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့ရပ်နေသော ကလေးငယ်... ။

"သူ့ကိုထားခဲ့လိုက် မင်းသွားတော့ "

အေးစက်စက်ထွက်ကျလာတဲ့ အမိန့်ဆန်ဆန်စကားစုအောက်ကပြုံးရွှင်သွားတဲ့အတွင်းရေးမှူးမျက်နှာ ။

သော်တာသည် သူ့အားမသွားပါနဲ့ဟူသော သနားစဖွယ်မျက်လုံးလေးနဲ့ကြည့်နေသော ကောင်လေးကို Fightingဟု အားပေးသလိုလက်ထောင်ပြခဲ့ကာ အခန်းတံခါးကို ကျွီးခနဲပြန်ပိတ်လျက်အသာလေး လစ်ထွက်လာခဲ့သည်။

ချစ်စဖွယ်အနှီ​ကောင်လေးကိုသနားမိ၍ ဘေးနားကနေ ကြင်နာဖေးမချင်သော်ငြားအသက်ငယ်ငယ်လေးနဲ့ ဟိုတစ်ချောင်းစ ဒီတစ်ချောင်းစ ဆံံပင်တွေဖြူနေသည့် ဘော့စ်ရဲ့ဒေါသကို အတွင်း
ရေးမှူး ကိုယ်သာ အသိဆုံးပါလေ.. ။

သော်တာထွက်သွားပြီးနောက် စိုင်းစင်ခေးဆိုင်က နဂိုနေရာအတိုင်းမှာပင် မရွေ့ပဲ ခပ်ကုတ်ကုတ်လေး ရပ်နေသည်။ မသော်တာ ခုနကကျ ဘေးနားကနေ တောက်လျှောက် အတူနေပေးမယ် ဘာညာနဲ့ အားပေးလာခဲ့ပြီး အခုတော့ Boss အသံလေးကြားလိုက်ရုံနဲ့ သူမဟုတ်သလိုလှစ်ခနဲ ပြေးသွားလိုက်တာ ။

" အဟမ်း"

ကြောက်စိတ်နဲ့ ချွေးပြန်နေဆဲ ချောင်းဟန့်သံတစ်ခုကပင် လူကို ဆတ်ခနဲ ထောင်မတ်သွာစေသည်။ ထိုအချိန် တစ်ဆက်တည်းမှာပင် ထူးထက်ခေါင်သည် သူ့ရှေ့က ကွန်ပျူတာကိုဂျိမ်းခနဲ ပိတ်ချလိုက်သည်။ ထို့နောက် နံဘေးက အေးစက်စက် ကော်ဖီတစ်ခွက်ကို အရသာခံသောက်သည်။ ပြီးတော့ ဇက်နှစ်ဖက်ကို ဟိုဘက်ဒီဘက် ဂျွတ်ခနဲ့ မြည်အောင် ချိူးလိုက်လျက် ခုံနောက်ကို မှီချလိုက်ကာ မျက်စိကို မှိတ်ထားလျက် မျက်ခုံးများကို နှိပ်နယ် နေသည်။

ထိုမြင်ကွင်းအား ကြည်ပြီး ဇောချွေးပြန်နေသူ ခေးဆိုင်ကတော့အေးစက်စက်အခန်းထဲကြောက်ရွံမှုကြောင့် စီးကျလာတဲ့ ချွေးစတစ်ချိူ့လက်ထဲက တစ်ရှူးနဲ့ခပ်ဖွဖွ သုတ်လိုက်သည်။

ဇက်ချိူးနေတာကလည်း လက်ဝှေ့ စင်ပေါ်ကသူသေကိုယ်သေ ထိုးသတ်တော့မည့် Boxer တွေလို.. ။

"ဘာရပ်လုပ်နေတာလဲ လာခဲ့လေ "

တင်းတင်းမှိတ်ထားတဲ့မျက်ခွံပေါ်က မျက်ခုံးတွေကို နှိပ်နယ်နေသော်လည်း သူရပ်နေသေးတာကိုအကြားအမြင်ရနေသည့်ဟန် ။ စိုင်းစင်ခေးဆိုင်က ကြောက်လန့်တကြားနဲ့ ရှေ့သို့ လေးငါးလှမ်းတိုးလိုက်ပြီး အနီးမဝေးအကွာဝေးလောက်မှာတစ်ခါရပ်လိုက်ပြန်သည်။

"ဘာလို့ ရပ်သွားတာလဲ တိုးခဲ့ဦး အရှေ့ကို "

ဒီလူကြီးဟာ နဖူးမှာ မျက်စိတစ်လုံး ထပ်ပေါက်နေသလားပဲ ။ သူရပ်နေတာကို ဘယ်လိုသိသွားရတာလဲ ။

"ငါ့နားထိရောက်အောင်လာခဲ့ စိုင်းစင်ခေးဆိုင်ကနေ ကောင်းမြတ်ရှင်း ဆိုတဲ့ လူတစ်ယောက်လုံး ဖြစ်အောင်တောင် ပြောတတ်သေးတာပဲ အခုမှ ဘာတွေ ကြောက်ပြနေတာလဲ "

"အဲတာ ကျွန်တော် တမင်ရည်ရွယ်ပြီး လိမ်ခဲ့တာ မဟုတ်... "

"တော် တော်.. ထားလိုက်တော့လောလောဆယ်မင်း ငါ့နားသာ အရင်ရောက်အောင်လာခဲ့စမ်း "

အော်လိုက်သည်ထက် ပိုကျယ်ပြီးမာသွားတဲ့ တိကျပြတ်သားကာ သြဇာညောင်းလှတဲ့ အသံတစ်ခုနဲ့အတူ ဖြတ်ခနဲ ပွင့်လာသော စူးရှတဲ့ အနက်ရောင်မျက်ဝန်းတစ်စုံ ။

ထူးထက်ခေါင်က မျက်မှောင် ကျူံ့လျက် ခပ်စူးစူး စိုက်ကြည့်လိုက်တော့မှ စိုင်းစင်ခေးဆိုင်က မရဲတရဲခြေလှမ်းများဖြင့် သူအနားတိုးလာသည်။ ထိုအခါမှ ထူးထက်ခေါင်က သူရဲ့ ရှည်လျားထွေပြားလှတဲ့ ခြောက်ပေကျော် အရပ်ကြီးနဲ့ ထိုင်နေရာမှ ဝုန်းခနဲ ထလိုက်ကာ စိုင်းစင်ခေးဆိုင်ပေါ်အုပ်မိုးလိုက်ပြီး လည်ဂုတ်ကနေ တဆင့် အင်္ကျီစကို ဆွဲကိုင်လိုက်သည်။

" အင့် "

ဂုတ်ပိုးစကို အဆွဲလိုက်ရခြင်းနဲ့အတူ မိမိခန္ဓာ
ကိုယ် သေးသေးလေးက ထူးထက်ခေါင် လက်ထဲမှာ ကျားခံတွင်းဝ ထဲက ယုန်သူငယ်လေးသဖွယ် မြှောက်တတ်လို့နေလေသည်။

"ဘာ....ဘာ..လုပ်မလို့လဲ ကျွန်တော့်ကို အသေသတ်ပစ်မလို့လား အသက်ကိုတော့ ချမ်းသာပေးပါ တောင်းပန်ပါတယ် အီး ..ဟီး... ဟီး "

"တိတ်တိတ် နေစမ်း မင်းကိုသတ်ချင်ရင် အစကတည်းက လူမိုက်ဌားလိုက်မှာ ငါ့လက်နဲ့တောင်ထိမနေဖူး တိတ်စမ်း ယောကျ်ားဖြစ်ပြီး ငိုမနေနဲ့နားငြီးတယ် အခုမှ တကယ်သတ်ချင်လာပြီ "

ထူးထက်ခေါင်က စိုင်းစင်ခေးဆိုင်ကို ကိုယ့်ထောင်ချောက်ထဲ မိနေသည့် အချိန်မရွေး ဆန္ဒရှိသလို လုပ်စားနိုင်သည့် သတ္တဝါတစ်ကောင်လိုစူးစူးရဲရဲ ကြည့်ရင်း ပြောသည်။

ထို့နောက် စိုင်းစင်ခေးဆိုင်ရဲ့ အင်္ကျီကြယ်သီးကိုတစ်လုံးချင်း ဆွဲဖြုတ်လိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို ဘာ...ဘာလုပ်မလို့လဲ "

ထူးထက်ခေါင်ရဲ့အပြုအမူတွေကို နားမလည်နိုင်သေးသည့် စိုင်းစင်ခေးဆိုင်က မျက်နှာလေးငယ်ကာအထစ်ထစ် အငေါ့ငေါ့မေးလာသော်လည်း ထူးထက်ခေါင်က ပြန်လည်းမဖြေ ဂရုစိုက်ဟန်လည်းမပြုပဲ အလုပ်မပြီးပြတ်သေးသလို အင်္ကျီကြယ်သီးတွေကိုသာ ခပ်တည်တည်ဆက်ဖြုတ်နေပေသည်။

အပေါ်ကြယ်သီး သုံးလုံးလောက်ဖြုတ်အပြီးမှာတော့ စိုင်းစင်ခေးဆိုင် ခန္ဓာကိုယ်ကို တစောင်းအနေအထားရောက်အောင် ဆွဲလှည့်လိုက်ကာကြယ်သီးပြုတ်နေသော အင်္ကျီစကို လက်မောင်းသားဖြူဖြူပိန်ပိန်များ ပေါ်သည်အထိ အောက်ကိုဆတ်ခနဲဆွဲချလိုက်ပြီး ခေါင်းကိုလက်တစ်ဖက်က ငုံ့သွားအောင် ဖိကိုင်လိုက်ကာ ကျန်လက်တစ်ဖက်က ဂုတ်ထောက်နေတဲ့ ဆံပင်ရှည်ရှည်တွေကို အားကြီးနဲ့ဆတ်ခနဲ ဆွဲလှန်လိုက်သည်။

" အား...."

ခေါင်းကို လက်နဲ့ အားပြင်းပြင်း ဖိခံလိုက်ရပြီးကိုယ့် ဂုတ်ကဆံပင်တွေကို ဆောင့်ဆွဲခံလိုက်ရတာကြောင့် စိုင်းစင်ခေးဆိုင်က အားခနဲအော်ညည်းလိုက်သည်။ အဲတာကိုပင် သနားကြင်နာစိတ် ရှိပုံမရသော Boss ဆိုသောလူကြီးက သူ့လည်ဂုတ်ကို စိတ်ဝင်တစားဖြင့် အတန်ကြာငေးကြည့်နေပြီးမှဆောင့်တွန်းလိုက်လျက် ...

"သွားတော့ မင်းပြန်လို့ရပြီ အလကား အာရုံ
လာစားတဲ့ကောင် နောက်ရက် Company
ကိုထပ်မလာခဲ့နဲ့ မင်းကိုအလုပ်ထုတ်တယ် "

ဘာ!သူပဲ ဇွတ်တွေ အလုပ်ခန့်ပြီး အခုကျ
မပြောမဆိုနဲ့ အလုပ်ထုတ်တယ်ဆိုပဲ။ကျောင်းမပြီးသေးလို့သာပဲ ကျောင်းပြီးရင်တော့ ဒီလူကြီး Labor Law နဲ့ တရားစွဲပစ်တယ် ။ ဘာဘဲဖြစ်ဖြစ် သူ တမင်လိမ်ညာခဲ့တာမဟုတ်ဘူးဆိုတဲ့ အမှန်တရားကိုတော့ ရှင်းပြမှ ဖြစ်မယ် ။

"ကျွန်တော် တမင်လိမ်ခဲ့တာ မဟုတ်ဘူး ကောင်းကောင်းက အကူအညီတောင်းလို့သာ"

"တော်တော့ မင်း ပါးစပ်ကထွက်လာမယ့်
စကားတွေ ငါအကုန်သိပြီးသာကောင်းမြတ်
ရှင်းနဲ့လည်း ငါ စကားပြောပြီးပြီ မင်းကို ခေါ်လိုက်တာ ငါ့ကိစ္စနဲ့ငါ ခေါ်လိုက်တာ သွားတော့ အခု မင်းအင်္ကျီကြယ်သီးတွေ သေချာတပ်ပြီး ပြန်တော့ "

ထူးထက်ခေါင်ရဲ့အသံကပဲ သြဇာလွှမ်းမိုးမှုအပြည့်ရှိနေသည်လားမသိ။ စိုင်းစင်ခေးဆိုင်သည် ဘာကိုမှ နားမလည်နိုင်တော့ပါပဲ မျက်နှာလေး ရှုံ့မဲ့မဲ့ဖြစ်နေရုံ အင်္ကျီကြယ်သီးတွေ တစ်လုံးချင်း ကောက်တပ်နေရုံကလွဲပြီး ဘာစကားမှထပ်ဆိုမလာတော့ ။

"ကြယ်သီးတွေ ငါ့အခန်းထဲမှာ အပြီးတပ်သွား မျက်နှာကလည်း ငိုမဲ့မဲ့လုပ်မနေနဲ့ ဟေ့ကောင်"

ရုံးခန်းထဲခေါ်ပြီး ယောကျ်ားရင့်မကြီးတစ်ယောက်က ကြယ်သီးတွေဆွဲဖြုတ် ဘာမှန်းညာမှန်းမသိပဲပြန်လွှတ်လိုက်တာကို သည်းခံနေရအောင် ငါကအရူးလား။

အံကြိတ်ထားရင်းလက်သီးကို ဖွဖွဆုပ်ထားရာမှ နောက်ကျောဆီက မပြီးပြတ်နိုင်သေးတဲ့ အမိန့်သံကြောင့်နှုတ်ခမ်းကြီးက တစ်တောင်လောက်ထော်ကာ မျက်နှာက မဲ့နေရာမှပိုပြီး ဆူပုတ်လာလေသည်။

တွေ့မယ် ငါအသက်ကြီးလာရင် ဒီလူကြီးတွေ့မယ်! ဒင်း Company ကြီးကို ငါကိုယ်တိုင် တိုက်စားပစ်မယ်

"ဟူး......"

လက်သီးကြီးဆုပ်ပြီးသူ့အခန်းထဲက မကျေနပ်နဲ့ဆောင့်ထွက်သွားတဲ့ ကောင်လေးရဲ့နောက်ကျောကို ကြည့်ရင်း ထူးထက်ခေါင် သက်ပြင်းရှည်ကြီးဆွဲချလိုက်သည် ။

Bro ဟု လည်ဂုတ်ပေါ်မှာ ထိုးထွင်းထားတဲ့တက်တူးသေးသေးလေးတစ်ခုအား ရှိမရှိအတည်ပြုချင်ဇောနဲ့ သတိလွတ်ပြီး အာရုံတွေ ထွေပြားကုန်တာ..။

အင်္ကျီစကိုဆွဲဖယ်ပြီး ဆံပင်မွှေးတစ်ချို့ပင့်သပ်လိုက်သောအခါ ပြောင်ရှင်းနေသော လည်ဂုတ်သား ဖွေးဖွေးက သူ့အား လှောင်ပြောင်နေ သယောင်.. ။

ပန်းရောင်ကြိုက်တဲ့ ကောင်လေး ။
လည်ဂုတ်မှာ တက်တူးသေးသေးလေး
ထွင်းထားတဲ့ ကောင်လေး ။
လူပုံ မပေါ်တပေါ် တဝက်တပျက် ဓာတ်ပုံတွေကို အသည်းယားစဖွယ်ကို ရိုက်တတ်တဲ့ကောင်လေး ။ နောက်ပုံဆွဲတော်တဲ့ ကောင်လေး ။

ထိုကောင်လေးမှ မရှိတော့ရင် တစ်စစီအက်ကွဲသွားတော့မယ့် သူနှလုံးသားရဲ့ ရောဂါအခြေအနေအမှန်ကိုသိလိုက်ရတဲ့ အချိန်မှာတော့အရာရာဟာ နောက်ကျနေခဲ့ပြီ ။

ညီ မရှိရင် မဖြစ်တော့ဘူးဆိုတာ
ညီ ကြောင့် နေတိုင်း ရူးနေတယ်ဆိုတာ
ညီ သိရင် ဟားတိုက်ရယ်နေမလား ။

အတွေးထဲ ဖြတ်ခနဲပေါ်လာသော တစ်ချိန်မှာဆွေမျိူးတော်စပ်လာမည့် ရှင်းမြတ်နိုးပိုင်၏မျက်နှာ။ ရှင်းမြတ်နိုးပိုင်၏ အနားသို့ရောက်လာလျှင် မသိစိတ်ကထထ ခုန်လာတဲ့သူရင်ဘတ်ထဲက နှလုံးသားငယ်။

ဒီလောက်ရိုးစင်းလှတဲ့ အကြောင်းပြချက်တွေနဲ့ အလွယ်တကူအဖြေ ရှာလို့ရနိုင်မည့်နည်းလမ်းကိုသူဘာလို့မတွေးမိခဲ့တာပါလိမ့်။

နောက်ကျခဲ့ပြီဆိုပေမယ့် ကိုယ့်ရဲ့အဖြေဟာ နှလုံးသားရဲ့ အမိန့်တစ်ခုတည်းရယ်ပါ

အနီးဆုံးမှာရှိနေရက်နဲ့ အဝေးကိုပဲ ငေးကြည့်နေမိတဲ့ ကိုယ့်ကို ခွင့်လွှတ်ပါ ။

ကိုယ်မင်းကို သိပ်ချစ်ပါတယ်...... ညီ


Zawgyi

" စိုင္းစင္ေခးဆိုင္ "

စားပြဲခုံကိုလက္ညိုးနဲ႕ တေဒါက္ေဒါက္ေခါက္ရင္းတစ္လုံးခ်င္း ပီပီသသေရ႐ြတ္လိုက္သံ... ။

"Boss စုံစမ္းခိုင္းထားတဲ့ ကိစၥသိခဲ့ရၿပီ Company မွာရွိေနတဲ့ ေကာင္ေလးက Hotel Project မွာဆုရခဲ့တဲ့ ေကာင္းျမတ္ရွင္းဆိုတဲ့ ေကာင္ေလး မဟုတ္ဖူး ေကာင္းျမတ္ရွင္းအစစ္က ၿပိဳင္ပြဲ မၿပီးခင္ကတည္းက သူ႕အေဖဆုံးသြားလို႔ေတာင္ႀကီးေရာက္ေနတာ အခု ေရာက္ေနတဲ့ ေကာင္ေလးနာမည္က စိုင္းစင္ေခးဆိုင္တဲ့ ေကာင္းျမတ္ ရွင္းနဲ႕ေတာ့သူငယ္ခ်င္းေတြလို႔ေျပာတယ္ Boss "

ရွင္းဆိုတဲ့ နာမည္ေလးတစ္လုံးေၾကာင့္ ႐ူး႐ူးမိုက္မိုက္နဲ႕ သူကိုယ္တိုင္ Interior Designer ရာထူးနဲ႕အလုပ္ခန႔္ထားခဲ့တဲ့ ေကာင္ေလးရဲ႕ ဆိုးဝါးလြန္းတဲ့ Presention တစ္ခ်ိဴ႕ကို ျမင္လိုက္ရတဲ့အခ်ိန္မွာမထင္ထားမိေလာက္ေအာင္ပင္လက္ဖ်ားခါသြားခဲ့တာပဲ ျဖစ္သည္။

"ဟာ ဒီေလာက္ဆိုးတဲ့ Design ကိုဘယ္သူ
ဆြဲထားတာလဲ "

"ေကာင္း....ေကာင္းျမတ္ရွင္း.. ပါ Boss "

အတြင္းေရးမႉးရဲ႕တုန္တုန္ရီရီ စကားသံကို နားနဲ႕ဆတ္ဆတ္ၾကားလိုက္ေသာ္ၾကားထပ္ၿပီးအတည္ျပဳခ်င္ေသးတာရယ္ေၾကာင့္ မ်က္ေမွာင္က်ဴံ႕လိုက္မိရင္းဒုတိယတစ္ႀကိမ္ထပ္ေမးလိုက္သည္။

"ဘယ္သူ "

"ေကာင္းျမတ္ရွင္း...ပါ "

ဘဝတစ္ေလွ်ာက္လုံးမွာအလုပ္နဲ႕ပတ္သက္လာလွ်င္ဘယ္ေတာ့မွအမွားမခံပဲ တိတိက်က်ဘဲ ေဆာင္႐ြက္တတ္ခဲ့လို႔ ဒီေနရာမွာ ထူးထက္ေခါင္ဆိုၿပီး နာမည္တစ္လုံးနဲ႕ ရပ္တည္နိုင္ခဲ့တာ ။

အခုေတာ့ သူကိုယ္တိုင္ မယုံၾကည္ခဲ့တဲ့ အခ်စ္တစ္ခုေအာက္မွာ သူေတာင္ မသိလိုက္ခင္က်ရႈံးႏွင့္ေနခဲ့ၿပီ.... ။

အဆိုးဆုံးက ညီလို႔ နဲနဲေလး သံသယရွိတဲ့သူမွန္တာနဲ႕ အမွားအမွန္မစဥ္းစားနိုင္ပဲ Companyကို လက္လြတ္စပယ္ ဆြဲသြင္းမိေလျခင္း ။

အခုလည္း ဒီေကာင္ေလးရဲ႕အရည္အခ်င္းကို စမ္းသပ္ခ်င္လို႔ ၿပိဳင္ပြဲတုန္းကပုံအျပင္ေနာက္ထပ္Project တစ္ခုကို အားခ်င္းေတာင္းခဲ့ရာမွရလာတဲ့ Result ကေမွ်ာ္လင့္ထားတာနဲ႕တျခားစီမို႔ မန္ေနဂ်ာကို ေနာက္ေၾကာင္းလိုက္ခိုင္းမိေတာ့ ေသြးတိုးစရာ ကိစၥေတြ ျဖစ္လာခဲ့ၿပီ ။

" ေသာ္တာ..."

"ရွန္..... Boss "

"ခုခ်က္ခ်င္း ေကာင္းျမတ္ရွင္းတစ္ျဖစ္လဲ
စိုင္းစင္ေခးဆိုင္ဆီဖုန္းဆက္ ငါ့႐ုံးခန္းကို
အခုခ်က္ခ်င္းအေရာက္လာခဲ့ပါလို႔ေျပာ "

"ဟုတ္ "

အတြင္းေရးမႉး၏ တေဒါက္ေဒါက္နဲ႕ေျပးသြားေသာေဒါက္ဖိနပ္သံက အခန္းျပင္ေရာက္သြားသည္ႏွင့္CEO ႐ုံးခန္းတစ္ခုလုံးသည္ အပ္က်သဲပင္မၾကားရေအာင္ပင္ ၿငိမ္က်သြားသည္။

မုန္တိုင္းမလာခင္ေတာ့ ေလျပည္သည္ ေၾကာက္ မက္ဖြယ္ေကာင္းစြာပင္တိတ္ဆိတ္လို႔ေနသည္။

~~~~~

"မင္းကို လာေခ်ာ့တာ ခ်မ္းေျမ့ "

ႏႈတ္ခမ္းေထာင့္စြန္းကို မသိမသာေကြးကာ တစ္လွမ္းခ်င္း တည္ၿငိမ္စြာ ေလွ်ာက္လာေသာေကာင္ေလးတစ္ေယာက္နဲ႕ ထိုေကာင္ေလးအား မ်က္
ေတာင္မခတ္ အံ့ၾသတႀကီး ေငးစိုက္ၾကည့္ေနေသာ ႏူးညံ့ေသာ မ်က္ဝန္းတစ္စုံ ။

ဘယ္တုန္းက ရွင္းက ဒီေလာက္တည္ၿငိမ္ေအး
ေဆးသြားရတာလဲ ။ ဟိုေန႕ကပဲ သူ႕မာနေတြကို ရွင္းတစ္စစီ ရိုက္ခ်ိဴးဖ်က္စီးထားခဲ့တာ။

ရွင္း၏ မ်က္ႏွာသည္ ၿပဳံးေနေသာ္လည္း တစ္ခုခုကို ဖုံးကြယ္ထားသလို ေအးစက္စက္နဲ႕ မာတင္းတင္း ျဖစ္ေနသည္။

" ေရာ့မင္းႀကိဳက္တတ္လို႔ ငါဝယ္လာတာ "

ရွင္းကလက္ထဲက Redbull ကတ္ကို ခ်မ္းေျမ့
လက္ထဲ ထိုးထည့္ေပးလိုက္သည္။ ခ်မ္းေျမ့ ကေတာ့ အေအးျပယ္စ ျပဳေနတဲ့ ၆ လုံးတြဲ Redbull ကတ္ႀကီးကို ဆြဲထားလ်က္ ရွင္းကို
တစ္လွည့္ ေခးဆိုင္ကိုတစ္လွည့္ၾကည့္ကာ
ႏွစ္ေယာက္ၾကားထဲ မ်က္ႏွာမထားတတ္ပဲ အူလည္လည္ေလးျဖစ္လို႔ေနသည္။

" အက သင္ေနတာလား "

ရွင္းရဲ႕ ေနာက္ဆက္တြဲ စကားသံ.... ။

" အင္း "

ခ်မ္းေျမ့ကိုကိုက ခပ္ဆတ္ဆတ္ေခါင္းၿငိမ့္ျပသည္ ။

ေဇာေခြၽးပ်ံေနေသာ မ်က္ႏွာေပၚတြင္ေတာ့ ရွင္း တစ္ခုခုလုပ္ခ်လိဳက္မွာကို ေၾကာက္ေနသည့္ပုံစံက အထင္းသား ေပၚေနသည္။

"ေၾသာ္ မင္းတို႔အိမ္ဝင္ခဲ့ေသးတယ္ မင္းသင္တန္းထြက္သြားတယ္ ဆိုလို႔ ငါလိုက္
လာတာ "

သူ နဲ႕ပတ္သက္ၿပီး သင္တန္းကို ရွင္းလိုက္လာတာ သူ႕ဘဝတစ္ေလွ်ာက္လုံး ဒါပထမဆုံး အႀကိမ္ပဲ ။

ရွင္းရဲ႕မ်က္ႏွာအေနအထား အေသးစိတ္အဆင့္ဆင့္ေျပာင္းလဲသြားပုံကို ခ်မ္းေျမ့က တစ္ခုခ်င္း အကဲခတ္ေနသည္။

ေခးဆိုင္ေျပာခဲ့သလို ရွင္းသူ႕ကို သဝန္တိုေနမလားဟု တိတ္တခိုး ေမွ်ာ္လင့္ေနမိေသာ္
လည္း ရွင္းက ထူးထူးျခားျခားပင္ေအး
ေဆးတည္ၿငိမ္ေနတာမို႔ သူေမွ်ာ္လင့္ခ်င့္ေတြသည္ပင္ မခ်င့္မရဲ ။

သူ႕အေပၚစိတ္ဆိုးေနဟန္လည္း မရွိတာမို႔
အနဲငယ္ စိတ္သက္သာရာ ရေနေသာ္ျငား တစ္ဖက္ကလည္း ေၾကာက္လန႔္စိတ္ကို
ဖုံးကြယ္မရ။ရွင္းဟာတစ္ခုခုဆို ဟန္ေဆာင္
ဖုံးဖိနိုင္ေလာက္တဲ့ အထိ မရင့္က်က္ေသး
ဖူးဆိုတာသိေနေပမဲ့ ေရွ႕တိုးမယ့္ဆင္
ေနာက္ေျခတစ္လွမ္းဆုပ္ဆိုတဲ့ စကားပုံက
လည္း ရွိေသးသည္မဟုတ္လား ။

" တီ.......တီ........တီ "

ဖုန္းလာလို႔ အသက္ရႈေခ်ာင္သြားပုံရတဲ့ ေခးဆိုင္က ဖုန္းသြားေျပာဦးမယ္ ဟူေသာ အမူအရာျပကာအျပင္သို႔ထြက္သြားေတာ့မွ ခ်မ္းေျမ့ သက္ျပင္း ခ်နိဳင္ေတာ့သည္။

"ရွင္းထိုင္ေလ ငါ့သင္တန္းမွာ ဒီအခန္းထဲ
ထိုင္ခုံေတာ့မရွိဖူး ၾကမ္းျပင္မွာပဲထိုင္ရမွာ "

ခ်မ္းေျမ့က ကိုယ္ကိုငုံ႕ၿပီး ရွင္းထိုင္မယ့္ ေနရာကိုသူ႕လက္နဲ႕ ဟိုဟိုဒီဒီပြတ္ၿပီး ဖုန္ခါေပးလိုက္သည္။

အဲဒီေနာက္မွာေတာ့ ခ်မ္းေျမ့ေရာ ရွင္းပါ
ဒူးကိုယ္စီေထာင္လ်က္ ေျခပစ္လက္ပ်စ္
ထိုင္လိုက္ၾကသည္။

"ရွင္း ဘာလို႔လိုက္လာတာလဲကြာ အျပင္မွာ
ဒီေလာက္ေနပူေနတာကို "

"မင္းကို ေခ်ာ့မလို႔ေလ "

"ဒီစကားက ငါ့ဘဝတစ္ေလွ်ာက္လုံး မင္းဆီက
ရခဲ့တာေတြထဲက အႏူးညံ့ အသိမ္ေမြ႕ဆုံး
စကားပဲ ရွင္း မင္းႏႈတ္ခမ္းက ထြက္က်လာ
တာမွဟုတ္ရဲ႕လားလို႔ေတာင္ သံသယဝင္မိတယ္

သူ အဲလိုေျပာေတာ့ ရွင္းက ခပ္ဟဟ ရယ္သည္။အခုမွ ရွင္းရဲ႕အၿပဳံးအစစ္အမွန္ကို ျပန္ေတြ႕ရတာ။ အခုမွ ရွင္းရဲ႕ပါးခ်ိဴင့္ေလးက အသက္ဝင္လာတာ ။

" ငါ့ကို စိတ္ဆိုးေသးလား ရွင္း "

"ဟင့္အင္း မင္းကိုငါ ဘယ္ေတာ့မွ စိတ္မဆိုးဖူးလို႔ဆုံးျဖတ္ထားတယ္ ၿပီးေတာ့ ဟိုေန႕ကကိစၥ ငါေျပာတာေတြလြန္သြားရင္လည္း sorry "

ရွင္းေျပာတဲ့ စကားသံေတြက သူ႕နားထဲ
တေျဖးေျဖးတိမ္ဝင္လာသည္။ သူ႕ကို မၾကည့္ပဲ ေျပာေနေသာေဘးတေစာင္း ျမင္ေနရသည့္ ပါးခ်ိဳင့္ခြက္ကိုေငးၾကည့္ေနရင္း သူ တေျဖးေျဖး႐ူးသြပ္ခ်င္လာမိသည္။

ဒီပါးခ်ိဴင့္ေတြေၾကာင့္ပဲ ခ်မ္းေျမ့ကိုကို ဆိုတာရွင္းျမတ္နိုးပိုင္အတြက္ ျဖစ္တည္လာခဲ့တာ ။

" ရွင္း မင္းငါ့ကို သဝန္မတိုဖူးလား "

ရွင္းဘက္ကို မသိမသာေစာင္းငဲ့ၾကည့္ရင္း သူသိခ်င္လြန္းေသာ ေမးခြန္း၏ အေျဖကို အရဲစြန႔္ေမးလိုက္သည္။

"မင္း ဘယ္လိုထင္လို႔လဲ ခ်မ္းေျမ့"

တဖန္ျပန္လည္ေမးခြန္းထုတ္လာေသာ ရွင္းကိုၾကည့္ရင္း ဘာေၾကာင့္မွန္းမသိ သူ ရင္ေမာလာျပန္သည္။ ရွင္းသည္လည္း ထိုေမးခြန္းကိုေျဖဖို႔ေရရာေသခ်ာသည့္ အေျဖ ရွိပုံမရ။

တစ္ခါတစ္ေလ ကိုယ္အျမတ္နိုးဆုံးအရာကို ပိုင္ဆိုင္ထားရျခင္းသည္လည္း ဒုကၡတစ္ခုဟုပင္ သတ္မွတ္လိုက္ခ်င္သည္ ။ ပိုင္ဆိုင္မႈ၏ေနာက္
ကြယ္တြင္ ဘယ္အခ်ိန္ စြန႔္လႊတ္လိုက္ရမလဲဆိုတဲ့ စိုးရိမ္စိတ္ တစ္ခုသည္ အၿမဲဒြန္တြဲကပ္ပါေနတာမို႔ အေဝးက ေငးၾကည့္ေနရတာကပင္ ပိုစိတ္ခ်မ္း
သာေစမည္လား မေျပာတတ္။

"ထားလိုက္ေတာ့ကြာ မေျဖခ်င္လည္းမေျဖ
ပါနဲ႕ ငါ့အနားမွာမင္းရွိေနတာနဲ႕တင္အရာရာ
ၿပီးျပည့္စုံေနပါၿပီကြာ "

ခ်မ္းေျမ့ကရွင္းဘက္သို႔ကိုယ္ကိုကိုင္းလိုက္
ၿပီး ပါးတစ္ဖက္ကို ႐ႊတ္ခနဲ နမ္းလိုက္ၿပီးမွ ဘာအမႈမွ မက်ဴးလြန္ထားသလို ခပ္တည္တည္ျပန္ထိုင္ေနသည္။

ရွင္းကလည္း လူအလစ္မွာ သူပါးကို ခိုးေခ်ာင္ခိုးဝွက္နဲ႕ ျဖတ္ခနဲ လာနမ္းေသာ ခ်မ္းေျမ့ရဲ႕ အမူအရာကရယ္စရာေကာင္းေနတာမို႔သြားေတြေပၚေအာင္ပင္ အလိုလို ၿပဳံးမိလ်က္သား ။

ရွင္းၿပဳံးေနတာကို တစြန္းတစျမင္ရေသာ ခ်မ္းေျမ့က ရွင္းဘက္ကမီးစိမ္းျပေနတာလည္းျမင္ေရာ သူ႕အက်င့္အတိုင္း ရွင္း မ်က္ႏွာတစ္ခုလုံးကို ဆြဲလွည့္လ်က္ က်န္ေနတဲ့ေနာက္ပါးတစ္ဖက္ကို ထပ္နမ္းလိုက္သည္။

ထို႔ေနာက္ နဖူး မ်က္လုံးႏွစ္ဖက္နဲ႕ ႏွာတံလုံးလုံးေလးေပၚသို႔ မ်က္ႏွာတစ္ျပင္လုံး ေနရာအႏွံ ခပ္ဖြဖြဖိနမ္းသည္။ႏူးညံ့ေသာ ႏႈတ္ခမ္း၏ မက္ေမာတြယ္တာမႈသည္ ရွင္းမ်က္ႏွာပင္ ေနရာလြတ္ မက်န္ေတာ့ ။

ထို႔ေနာက္ ရွင္းရဲ႕ ပန္းႏုေရာင္ သန္းေနတဲ့ ႏႈတ္ခမ္းကို သူ႕ႏႈတ္ခမ္းနဲ႕ဖိကပ္ထားေသးကာ ထိစပ္ေနေသာ ႏွာရိုးႏုႏုတို႔ကို ဟိုဟိုဒီဒီ ပြတ္တိုက့ ကစားလ်က္

" ခ်စ္တယ္ " ဟု ႏွစ္ကိုယ္စာၾကား႐ုံ တိုးဖြဖြကေလးေျပာလိုက္ေလသည္။

~~~~~~~~

"ေမာင္ေလး အခုခ်က္ခ်င္း ႐ုံးကိုလာခဲ့ပါ
Bossက ေမာင္ေလးကို ေတြ႕ခ်င္လို႔တဲ့ နာရီ
ဝက္အတြင္း အတိအက်အေရာက္လာခဲ့ေနာ္
တစ္မိနစ္ေတာင္စြန္းလို႔မရဖူး "

နားထဲ ပါးလ်စြာတိုးဝင္လာေသာ Star Groupက အတြင္းေရးမႉး မေသာ္တာရဲ႕အသံေၾကာင့္ဘာေၾကာင့္မွန္းမသိ စိတ္ထဲကတစ္ခုခုကို ထင့္ေနသလို တြန႔္ခနဲျဖစ္သြားမိသည္။

ဟိုေန႕က ၿပိဳင္ပြဲဝင္ပုံမဟုတ္တဲ့ တျခား Design တစ္ခုခုကို ၾကည့္ခ်င္ပါတယ္လို႔ အတင္းေတာင္းေနတာနဲ႕ ေကာင္းေကာင္းဆီလည္း ေတာင္ႀကီးထိ အကူအညီ လွမ္းေတာင္းဖို႔ အခ်ိန္မရေတာ့တာမို႔မႏွစ္က ေက်ာင္းကဆြဲခိုင္းတဲ့ Project တစ္ခုကို လက္လြတ္စပယ္ ထိုးေပးလိုက္ျခင္း။

သက္သက္ပညာစမ္းတာ သိေပမဲ့ သူတို႔ကိုယ္တိုင္ မိမိကို ဘာမွမေမးမျမန္းပဲ မဆင္မျခင္အလုပ္ခန႔္ထားတာမို႔ ျဖစ္ခ်င္ရာျဖစ္ဆိုတဲ့ပုံစံမ်ိဴးနဲ႕ ကိုယ့္လက္နဲ႕ဖန္တီးထားတဲ့ ပုံဖိုင္ကို ပို႔လိုက္မိတာ။ေကာင္းျမတ္ရွင္း ေနရာဝင္အစားထိုးေနရေပမဲ့ေက်ာင္းကခိုင္းတဲ့ Jury ေတြမွာဆို ဆရာေတြရဲ႕ပစ္မွတ္တစ္ျဖစ္လဲ ပိုးစက္ပက္စက္အေျပာခံရေနက် ကိုယ့္အေၾကာင္းကို ကိုယ္သာ အသိဆုံး။

မဆင္မျခင္လုပ္မိျခင္းရဲ႕ရလဒ္က ကြိုင္
အႀကီးႀကီး တတ္ၿပီ တူပါရဲ႕......

ဟူး.......

သက္ျပင္းခ်ၿပီး အကခန္းမထဲသို႔ ျပန္အဝင္

ၾကင္နာစြာ နမ္းရႈံ႕လ်က္ ၾကည္ၾကည္ႏူးႏူး
ရယ္ေမာေနက်ေသာ လူ ႏွစ္ဦး ။

အေဝးကပင္လွမ္းျမင္ေနရတဲ့ ဆံပင္ဖြာဖြာေလးေအာက္က ေတာက္ပေနေသာကိုကို႔ ရဲ႕အၿပဳံး။

ကိုကို႔အၿပဳံးေလးက လွလိုက္တာ ...

ကိုကိုဒီလို အားပါတရၿပဳံးတာ တစ္ခါမွမျမင္ဖူးတာမို႔ စိုင္းစင္ေခးဆိုင္က သတိလက္လြတ္ ေငးၾကည့္ေနမိသည္။

ကိုကို႔ ခ်စ္သူက ကံေကာင္းလိုက္တာ .

ညင္သာတိုးဖြစြာ ထြက္လာေသာ အသံကို သူကိုယ္တိုင္ သူ႕ႏႈတ္ခမ္းက ေဆြးေျမ့စြာေျပာလိုက္မိတာ ယုံပင္မယုံနိုင္..။

အာ....ငါဘာေတြ ေတြးေနမိတာလဲ ။
ငါကေယာက်္ားေလးခ်င္းရင္ခုန္တတ္တဲ့
သူမ်ိဴးမွ မဟုတ္တာ။

ကိုကိုတို႔ ႏွစ္ေယာက္ကို မႏွောင့္ယွက္ေတာ့ဖူးဟု ဆုံးျဖတ္လိုက္ၿပီး ျပန္အလွည့္ အၾကည့္တို႔ကထိုေနရာမွာ ရစ္ဝဲမိသြားေသးသည္။ မိမိနဲ႕ဘာမွမဆိုင္တဲ့ ထိုျမင္ကြင္းသည္ရင္ဘတ္မွာ လာတစ္စို႔ေနသလို။

"ေခးဆိုင္ ျပန္ေတာ့မလို႔လား "

တမင္မဟုတ္ေသာ္လည္း အလိုလိုေခါင္းငိုက္စိုက္ၿပီး ျပန္ထြက္လာတဲ့ သူ႕ကို Reception ကအမက တအံတၾသ ၾကည့္ရင္းေမးသည္။

"အင္းအမ ကြၽန္ေတာ္ အေရးတႀကီးသြားစရာေပၚလာလို႔ ကိုကိုေမးရင္ ကြၽန္ေတာ္ ႏႈတ္ဆက္ခဲ့တယ္လို႔ေျပာေပးပါ "

Receptionက အမကိုေျပာၿပီး ခပ္သုတ္
သုတ္ေျခလွမ္းမ်ားနဲ႕ သင္တန္းကေနျပန္ထြက္လာေသာ္လည္း ဘာေၾကာင့္မွန္း မသိသူ႕ႏွလုံးသားကသိသိသာသာေလးပင္ေနသလို။

ခုနက မိမိနဲ႕ မည္သို႔မွမသက္ဆိုင္ပါေသာျမင္ကြင္းေၾကာင့္လား။ဒါမွမဟုတ္ မာတင္းခက္ထန္ေသာ မ်က္ႏွာႀကီးနဲ႕ ေစာင့္ႀကိဳေနနိုင္ေသာ ဟို CEO ႀကီးရဲ႕မ်က္ႏွာကို ျမင္ေယာင္ေနမိတာေၾကာင့္လားမသိ။

တိက်ေသခ်ာတဲ့ အေၾကာင္းျပခ်က္ မယ္မယ္ရာရာ မရွိေပမဲ့ ဘယ္ဘက္ရင္ဘတ္တျခမ္းလုံးကေတာ့ ေအာင့္မ်က္ေနတာ ေအသအခ်ာပင္ ။

အေျဖရွာမရေသာ နားလည္ရခက္သည့္ပုစ္ဆာေတြကို ေက်ာပိုးအိတ္ထဲ ထမ္းပိုးထားေသာေသးေသးညွက္ညွက္ႏွင့္ ခ်စ္စဖြယ္အႏွီေကာင္ေလးသည္ မိနစ္ပိုင္းေလာက္အၾကာတြင္ေတာ့ Sakura အကသင္တန္းေအာက္က ဆိုင္ကယ္ အနက္ေရာင္ေလးကို စီးနင္းကာ မိုင္အျမင့္ဆုံးတင္လ်က္ လမ္းမေပၚသို႔ ခပ္သုတ္သုတ္ ထြက္သြားေလေတာ့သည္။

~~~~

" Boss စိုင္းစင္ေခးဆိုင္ ေရာက္ၿပီ "

ကြၽီခနဲပြင့္လာေသာ ဆြဲတံခါးႏွင့္အတူ အခန္းဝတြင္ လွစ္ခနဲ ေပၚလာေသာ အတြင္းေရးမႉး ။

ထိုအတြင္းေရးမႉး၏ ေနာက္တြင္ေတာ့ ငယ္ငယ္က အမွားလုပ္မိ၍ ဆရာမေတြေရွ႕ မိဘအေခၚခံထားရသလို မ်က္ႏွာငယ္ေလးနဲ႕ ေခါင္းငုံ႕ရပ္ေနေသာ ကေလးငယ္... ။

"သူ႕ကိုထားခဲ့လိုက္ မင္းသြားေတာ့ "

ေအးစက္စက္ထြက္က်လာတဲ့ အမိန႔္ဆန္ဆန္စကားစုေအာက္က ၿပဳံး႐ႊင္သြားတဲ့အတြင္းေရးမႉး မ်က္ႏွာ ။

ေသာ္တာသည္ သူ႕အားမသြားပါနဲ႕ဟူေသာ သနားစဖြယ္မ်က္လုံးေလးနဲ႕ၾကည့္ေနေသာ ေကာင္ေလးကို Fightingဟု အားေပးသလိုလက္ေထာင္ျပခဲ့ကာ အခန္းတံခါးကို ကြၽီးခနဲျပန္ပိတ္လ်က္အသာေလး လစ္ထြက္လာခဲ့သည္။

ခ်စ္စဖြယ္အႏွီေကာင္ေလးကိုသနားမိ၍ ေဘးနားကေန ၾကင္နာေဖးမခ်င္ေသာ္ျငားအသက္ငယ္ငယ္ေလးနဲ႕ ဟိုတစ္ေခ်ာင္းစ ဒီတစ္ေခ်ာင္းစ ဆံံပင္ေတြျဖဴေနသည့္ ေဘာ့စ္ရဲ႕ေဒါသကို အတြင္း
ေရးမႉး ကိုယ္သာ အသိဆုံးပါေလ.. ။

ေသာ္တာထြက္သြားၿပီးေနာက္ စိုင္းစင္ေခးဆိုင္က နဂိုေနရာအတိုင္းမွာပင္ မေ႐ြ႕ပဲ ခပ္ကုတ္ကုတ္ေလး ရပ္ေနသည္။ မေသာ္တာ ခုနကက် ေဘးနားကေန ေတာက္ေလွ်ာက္ အတူေနေပးမယ္ ဘာညာနဲ႕ အားေပးလာခဲ့ၿပီး အခုေတာ့ Boss အသံေလးၾကားလိုက္႐ုံနဲ႕ သူမဟုတ္သလိုလွစ္ခနဲ ေျပးသြားလိုက္တာ ။

" အဟမ္း"

ေၾကာက္စိတ္နဲ႕ ေခြၽးျပန္ေနဆဲ ေခ်ာင္းဟန႔္သံတစ္ခုကပင္ လူကို ဆတ္ခနဲ ေထာင္မတ္သြာေစသည္။ ထိုအခ်ိန္ တစ္ဆက္တည္းမွာပင္ ထူးထက္ေခါင္သည္ သူ႕ေရွ႕က ကြန္ပ်ဴတာကိုဂ်ိမ္းခနဲ ပိတ္ခ်လိဳက္သည္။ ထို႔ေနာက္ နံေဘးက ေအးစက္စက္ ေကာ္ဖီတစ္ခြက္ကို အရသာခံေသာက္သည္။ ၿပီးေတာ့ ဇက္ႏွစ္ဖက္ကို ဟိုဘက္ဒီဘက္ ဂြၽတ္ခနဲ႕ ျမည္ေအာင္ ခ်ိဴးလိုက္လ်က္ ခုံေနာက္ကို မွီခ်လိဳက္ကာ မ်က္စိကို မွိတ္ထားလ်က္ မ်က္ခုံးမ်ားကို ႏွိပ္နယ္ ေနသည္။

ထိုျမင္ကြင္းအား ၾကည္ၿပီး ေဇာေခြၽးျပန္ေနသူ ေခးဆိုင္ကေတာ့ေအးစက္စက္အခန္းထဲေၾကာက္႐ြံမႈေၾကာင့္ စီးက်လာတဲ့ ေခြၽးစတစ္ခ်ိဴ႕လက္ထဲက တစ္ရႉးနဲ႕ခပ္ဖြဖြ သုတ္လိုက္သည္။

ဇက္ခ်ိဴးေနတာကလည္း လက္ေဝွ႕ စင္ေပၚကသူေသကိုယ္ေသ ထိုးသတ္ေတာ့မည့္ Boxer ေတြလို.. ။

"ဘာရပ္လုပ္ေနတာလဲ လာခဲ့ေလ "

တင္းတင္းမွိတ္ထားတဲ့မ်က္ခြံေပၚက မ်က္ခုံးေတြကို ႏွိပ္နယ္ေနေသာ္လည္း သူရပ္ေနေသးတာကိုအၾကားအျမင္ရေနသည့္ဟန္ ။ စိုင္းစင္ေခးဆိုင္က ေၾကာက္လန႔္တၾကားနဲ႕ ေရွ႕သို႔ ေလးငါးလွမ္းတိုးလိုက္ၿပီး အနီးမေဝးအကြာေဝးေလာက္ မွာ
တစ္ခါရပ္လိုက္ျပန္သည္။

"ဘာလို႔ ရပ္သြားတာလဲ တိုးခဲ့ဦး အေရွ႕ကို "

ဒီလူႀကီးဟာ နဖူးမွာ မ်က္စိတစ္လုံး ထပ္ေပါက္ေနသလားပဲ ။ သူရပ္ေနတာကို ဘယ္လိုသိသြားရတာလဲ ။

"ငါ့နားထိေရာက္ေအာင္လာခဲ့ စိုင္းစင္ေခးဆိုင္ကေန ေကာင္းျမတ္ရွင္း ဆိုတဲ့ လူတစ္ေယာက္လုံး ျဖစ္ေအာင္ေတာင္ ေျပာတတ္ေသးတာပဲ အခုမွ ဘာေတြ ေၾကာက္ျပေနတာလဲ "

"အဲတာ ကြၽန္ေတာ္ တမင္ရည္႐ြယ္ၿပီး လိမ္ခဲ့တာ မဟုတ္... "

"ေတာ္ ေတာ္.. ထားလိုက္ေတာ့ေလာေလာဆယ္မင္း ငါ့နားသာ အရင္ေရာက္ေအာင္လာခဲ့စမ္း "

ေအာ္လိုက္သည္ထက္ ပိုက်ယ္ၿပီးမာသြားတဲ့ တိက်ျပတ္သားကာ ၾသဇာေညာင္းလွတဲ့ အသံတစ္ခုနဲ႕အတူ ျဖတ္ခနဲ ပြင့္လာေသာ စူးရွတဲ့ အနက္ေရာင္မ်က္ဝန္းတစ္စုံ ။

ထူးထက္ေခါင္က မ်က္ေမွာင္ က်ဴံ႕လ်က္ ခပ္စူးစူး စိုက္ၾကည့္လိုက္ေတာ့မွ စိုင္းစင္ေခးဆိုင္က မရဲတရဲေျခလွမ္းမ်ားျဖင့္ သူအနားတိုးလာသည္။ ထိုအခါမြ ထူးထက္ေခါင္က သူရဲ႕ ရွည္လ်ားေထြျပားလွတဲ့ ေျခာက္ေပေက်ာ္ အရပ္ႀကီးနဲ႕ ထိုင္ေနရာမွ ဝုန္းခနဲ ထလိုက္ကာ စိုင္းစင္ေခးဆိုင္ေပၚအုပ္မိုးလိုက္ၿပီး လည္ဂုတ္ကေန တဆင့္ အကၤ်ီစကို ဆြဲကိုင္လိုက္သည္။

" အင့္ "

ဂုတ္ပိုးစကို အဆြဲလိုက္ရျခင္းနဲ႕အတူ မိမိခႏၶာ
ကိုယ္ ေသးေသးေလးက ထူးထက္ေခါင္ လက္ထဲမွာ က်ားခံတြင္းဝ ထဲက ယုန္သူငယ္ေလးသဖြယ္ ျမႇောက္တတ္လို႔ေနေလသည္။

"ဘာ....ဘာ..လုပ္မလို႔လဲ ကြၽန္ေတာ့္ကို
အေသသတ္ပစ္မလို႔လား အသက္ကိုေတာ့ ခ်မ္းသာေပးပါ ေတာင္းပန္ပါတယ္ အီး ..ဟီး... ဟီး "

"တိတ္တိတ္ ေနစမ္း မင္းကိုသတ္ခ်င္ရင္ အစကတည္းက လူမိုက္ဌားလိုက္မွာ ငါ့လက္နဲ႕ေတာင္ထိမေနဖူး တိတ္စမ္း ေယာက်္ားျဖစ္ၿပီး ငိုမေနနဲ႕နားၿငီးတယ္ အခုမွ တကယ္သတ္ခ်င္လာၿပီ "

ထူးထက္ေခါင္က စိုင္းစင္ေခးဆိုင္ကို ကိုယ့္
ေထာင္ေခ်ာက္ထဲ မိေနသည့္ အခ်ိန္မေ႐ြး ဆႏၵရွိသလို လုပ္စားနိုင္သည့္ သတၱဝါတစ္ေကာင္လိုစူးစူးရဲရဲ ၾကည့္ရင္း ေျပာသည္။

ထို႔ေနာက္ စိုင္းစင္ေခးဆိုင္ရဲ႕ အကၤ်ီၾကယ္သီးကိုတစ္လုံးခ်င္း ဆြဲျဖဳတ္လိုက္သည္။

"ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာ...ဘာလုပ္မလို႔လဲ "

ထူးထက္ေခါင္ရဲ႕အျပဳအမူေတြကို နားမလည္နိုင္ေသးသည့္ စိုင္းစင္ေခးဆိုင္က မ်က္ႏွာေလးငယ္ကာအထစ္ထစ္ အေငါ့ေငါ့ေမးလာေသာ္လည္း ထူးထက္ေခါင္က ျပန္လည္းမေျဖ ဂ႐ုစိုက္ဟန္လည္းမျပဳပဲအလုပ္မၿပီးျပတ္ေသးသလို အကၤ်ီၾကယ္သီးေတြကိုသာ ခပ္တည္တည္ဆက္ျဖဳတ္ေနေပသည္။

အေပၚၾကယ္သီး သုံးလုံးေလာက္ျဖဳတ္အၿပီးမွာေတာ့ စိုင္းစင္ေခးဆိုင္ ခႏၶာကိုယ္ကို တေစာင္းအေနအထားေရာက္ေအာင္ ဆြဲလွည့္လိုက္ကာၾကယ္သီးျပဳတ္ေနေသာ အကၤ်ီစကို လက္ေမာင္းသားျဖဴျဖဴပိန္ပိန္မ်ား ေပၚသည္အထိ ေအာက္ကိုဆတ္ခနဲဆြဲခ်လိဳက္ၿပီး ေခါင္းကိုလက္တစ္ဖက္ က ငုံ႕သြားေအာင္ ဖိကိုင္လိုက္ကာ က်န္လက္တစ္ဖက္က ဂုတ္ေထာက္ေနတဲ့ ဆံပင္ရွည္ရွည္ေတြကို အားႀကီးနဲ႕ဆတ္ခနဲ ဆြဲလွန္လိုက္သည္။

" အား...."

ေခါင္းကို လက္နဲ႕ အားျပင္းျပင္း ဖိခံလိုက္ရၿပီးကိုယ့္ ဂုတ္ကဆံပင္ေတြကို ေဆာင့္ဆြဲခံလိုက္ရတာေၾကာင့္ စိုင္းစင္ေခးဆိုင္က အားခနဲေအာ္ညည္းလိုက္သည္။ အဲတာကိုပင္ သနားၾကင္နာစိတ္ ရွိပုံမရေသာ Boss ဆိုေသာလူႀကီးက သူ႕လည္ဂုတ္ကို စိတ္ဝင္တစားျဖင့္ အတန္ၾကာေငးၾကည့္ေနၿပီးမွေဆာင့္တြန္းလိုက္လ်က္ ...

"သြားေတာ့ မင္းျပန္လို႔ရၿပီ အလကား အာ႐ုံလာစားတဲ့ေကာင္ ေနာက္ရက္ Company
ကိုထပ္မလာခဲ့နဲ႕ မင္းကိုအလုပ္ထုတ္တယ္ "

ဘာ!သူပဲ ဇြတ္ေတြ အလုပ္ခန႔္ၿပီး အခုက်
မေျပာမဆိုနဲ႕ အလုပ္ထုတ္တယ္ဆိုပဲ။ေက်ာင္းမၿပီးေသးလို႔သာပဲ ေက်ာင္းၿပီးရင္ေတာ့ ဒီလူႀကီး Labor Law နဲ႕ တရားစြဲပစ္တယ္ ။ ဘာဘဲျဖစ္ျဖစ္ သူ တမင္လိမ္ညာခဲ့တာမဟုတ္ဖူးဆိုတဲ့ အမွန္တရားကိုေတာ့ ရွင္းျပမွ ျဖစ္မယ္ ။

"ကြၽန္ေတာ္ တမင္လိမ္ခဲ့တာ မဟုတ္ဖူးေကာင္းေကာင္းက အကူအညီေတာင္းလို႔သာ"

"ေတာ္ေတာ့ မင္း ပါးစပ္ကထြက္လာမယ့္
စကားေတြ ငါအကုန္သိၿပီးသာေကာင္းျမတ္
ရွင္းနဲ႕လည္း ငါ စကားေျပာၿပီးၿပီ မင္းကို ေခၚလိုက္တာ ငါ့ကိစၥနဲ႕ငါ ေခၚလိုက္တာ သြားေတာ့ အခု မင္းအကၤ်ီၾကယ္သီးေတြ ေသခ်ာတပ္ၿပီး ျပန္ေတာ့ "

ထူးထက္ေခါင္ရဲ႕အသံကပဲ ၾသဇာလႊမ္းမိုးမႈအျပည့္ရွိေနသည္လားမသိ။ စိုင္းစင္ေခးဆိုင္သည္ ဘာကိုမွ နားမလည္နိုင္ေတာ့ပါပဲ မ်က္ႏွာေလး ရႈံ႕မဲ့မဲ့ျဖစ္ေန႐ုံ အကၤ်ီၾကယ္သီးေတြ တစ္လုံး ခ်င္း ေကာက္တပ္ေန႐ုံကလြဲၿပီး ဘာစကားမွထပ္ဆိုမလာေတာ့ ။

"ၾကယ္သီးေတြ ငါ့အခန္းထဲမွာ အၿပီးတပ္သြားမ်က္ႏွာကလည္း ငိုမဲ့မဲ့လုပ္မေနနဲ႕ ေဟ့ေကာင္"

႐ုံးခန္းထဲေခၚၿပီး ေယာက်္ားရင့္မႀကီးတစ္ေယာက္က ၾကယ္သီးေတြဆြဲျဖဳတ္ ဘာမွန္းညာမွန္းမသိပဲျပန္လႊတ္လိုက္တာကို သည္းခံေနရေအာင္ ငါကအ႐ူးလား။

အံႀကိတ္ထားရင္းလက္သီးကို ဖြဖြဆုပ္ထားရာမွေနာက္ေက်ာဆီက မၿပီးျပတ္နိုင္ေသးတဲ့ အမိန႔္သံေၾကာင့္ႏႈတ္ခမ္းႀကီးက တစ္ေတာင္ေလာက္ေထာ္ကာ မ်က္ႏွာက မဲ့ေနရာမွပိုၿပီး ဆူပုတ္လာေလသည္။

ေတြ႕မယ္ ငါအသက္ႀကီးလာရင္ ဒီလူႀကီးေတြ႕မယ္! ဒင္း Company ႀကီးကို ငါကိုယ္တိုင္ တိုက္ စားပစ္မယ္

"ဟူး......"

လက္သီးႀကီးဆုပ္ၿပီးသူ႕အခန္းထဲက မေက်နပ္နဲ႕ေဆာင့္ထြက္သြားတဲ့ ေကာင္ေလးရဲ႕ေနာက္ေက်ာကို ၾကည့္ရင္း ထူးထက္ေခါင္ သက္ျပင္းရွည္ႀကီးဆြဲခ်လိဳက္သည္ ။

Bro ဟု လည္ဂုတ္ေပၚမွာ ထိုးထြင္းထားတဲ့တက္တူးေသးေသးေလးတစ္ခုအား ျမင္ခ်င္ေဇာနဲ႕ သတိလြတ္ၿပီး အာ႐ုံေတြ ေထြျပားကုန္တာ..။

အကၤ်ီစကိုဆြဲဖယ္ၿပီး ဆံပင္ေမႊးတစ္ခ်ိဳ႕ပင့္သပ္လိုက္ေသာအခါ ေျပာင္ရွင္းေနေသာ လည္ဂုတ္သား ေဖြးေဖြးက သူ႕အား ေလွာင္ေျပာင္ေန သေယာင္.. ။

ပန္းေရာင္ႀကိဳက္တဲ့ ေကာင္ေလး ။

လည္ဂုတ္မွာ တက္တူးေသးေသးေလး
ထြင္းထားတဲ့ ေကာင္ေလး ။

လူပုံ မေပၚတေပၚ တဝက္တပ်က္ ဓာတ္ပုံေတြကို အသည္းယားစဖြယ္ကို ရိုက္တတ္တဲ့ေကာင္ေလး ။ ေနာက္ပုံဆြဲေတာ္တဲ့ ေကာင္ေလး ။

ထိုေကာင္ေလးမွ မရွိေတာ့ရင္ တစ္စစီ
အက္ကြဲသြားေတာ့မယ့္ သူႏွလုံးသားရဲ႕ ေရာဂါအေျခအေနအမွန္ကိုသိလိုက္ရတဲ့ အခ်ိန္မွာေတာ့အရာရာဟာ ေနာက္က်ေနခဲ့ၿပီ ။

ညီ မရွိရင္ မျဖစ္ေတာ့ဖူးဆိုတာ
ညီ ေၾကာင့္ ေနတိုင္း ႐ူးေနတယ္ဆိုတာ
ညီ သိရင္ ဟားတိုက္ရယ္ေနမလား ။

အေတြးထဲ ျဖတ္ခနဲေပၚလာေသာ တစ္ခ်ိန္မွာေဆြမ်ိဴးေတာ္စပ္လာမည့္ ရွင္းျမတ္နိုးပိုင္၏မ်က္ႏွာ။ ရွင္းျမတ္နိုးပိုင္၏ အနားသို႔ေရာက္လာလွ်င္ မသိစိတ္ကထထ ခုန္လာတဲ့သူရင္ဘတ္ထဲက ႏွလုံးသားငယ္။ဒီေလာက္ရိုးစင္းလွတဲ့အေၾကာင္းျပခ်က္ေတြနဲ႕ အလြယ္တကူအေျဖ ရွာလို႔ရနိုင္မည့္နည္းလမ္းကိုသူဘာလို႔မေတြးမိခဲ့တာပါလိမ့္။

ေနာက္က်ခဲ့ၿပီဆိုေပမယ့္ ကိုယ့္ရဲ႕အေျဖဟာ ႏွလုံးသားရဲ႕ အမိန႔္တစ္ခုတည္းရယ္ပါ

အနီးဆုံးမွာရွိေနရက္နဲ႕ အေဝးကိုပဲ ေငးၾကည့္ေနမိတဲ့ ကိုယ့္ကို ခြင့္လႊတ္ပါ ။

ခ်စ္တယ္...... ညီ

Continue Reading

You'll Also Like

509K 39.8K 40
စကားတွေ အများကြီး မလိုပါဘူး ရိုးသွင်ရယ်။ အဓိက က မင်း ငါ့ကို ချစ်တယ်ဆိုတာ... ငါ ခံစားမိတယ်....။ Pic crd {Pinterest } {Uni life/ Same age} စကားေတြ အမ်ာ...
215K 7.7K 50
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
88.7K 3.2K 36
ကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......
467 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️