The Dimple On His Cheek ( Com...

Bởi aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... Xem Thêm

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 25

7.9K 731 88
Bởi aseinnkyaw

The dimple on his cheek

Unicode

" ရှင်း..... "

" မမ...... "

ပြိင်တူထွက်လာသော စကားသံနှစ်ခု၏နောက်တွင် မယုံကြည့်နိုင်ခြင်းများစွာနဲ့ဆိုင်ထဲကလှည့်ထွက် သွားသော လူနှစ်ယောက်။ ထိုလူနှစ်ယောက်၏နောက်သို့ စိုးရိမ်ပူပန်ခြင်းများစွာနဲ့ပြေးလိုက်သွားသောခြေလှမ်းနှစ်စုံ။ ထိုမြင်ကွင်းအား အံသြတကြီးငေးကြည့်နေကျသော ဆိုင်ထဲက လူတစ်စု။

" ရှင်းလေး နေပါဦး ငါ ရှင်းပြပါရစေ "

" မမ ဒါကလေ တကယ်တော့ "

ကော်ဖီဆိုင်ထဲကခပ်သွက်သွက် ထွက်လာတဲ့ရှင်း နဲ့ ရွှန်းရွှန်း နောက်ကနေ ချမ်းမြေ့နဲ့ခေးဆိုင်က ဆိုင်ရာဆိုင်ရာတွေဆီသို့ ကိုယ်စီ အပြေးတစ်ပိုင်း နဲ့လိုက်လာကျသည်။လေးယောက်စလုံးကကိုယ့်
ဇောနဲ့ကိုယ်ထူပူနေတာမို့ ပတ်ဝန်းကျင်တွေဘာတွေလည်း သတိမမူမိကျတော့ ....။

"ရှင်း စောင့်ဦး ငါရှင်းပြတာနားထောင်ဦး "

ချမ်းမြေ့ကနောက်ကနေတကောက်ကောက်
လိုက်နေရတာ စိတ်မရှည်တော့တာမို့ ရှင်းရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။

"ဘာလဲ မင်းကောင်လေးတစ်ယောက်နဲ့ Couple
အင်္ကျီဝတ်ပြီး လူတွေရှေ့နမ်းပြနေတာကို ရှင်းပြချင်တာလား အဲတာဆိုရင်တော့ ရှင်းပြစရာမလိုဘူး ငါ ဘာမှမသိချင်ဘူး"

ရှင်းမြတ်နိုးပိုင်က ပုခုံးတစ်ချက်တွန့်ပြလိုက်ပြီးအပေါ်နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

"ရှင်း မင်း ဘာဖြစ်နေတာလဲ မင်းငါ့ကိုဒေါသထွက်နေရင် လက်သီးနဲ့ဖြစ်ဖြစ်ထိုးလိုက် ငါနဲ့ပတ်သက်ပြီးတော့ ဘာမှမခံစားရတဲ့ပုံစံမျိူးနဲ့တော့မဆက်ဆံနဲ့ အဲလိုဆက်ဆံတာတွေ ငါ မကြိုက်ဘူး"

ရှင်းရဲ့အေးစက်စက်အပြုအမူတွေကို မခံစားနိုင်တဲ့အဆုံး ချမ်းမြေ့က စိတ်ရှိလက်ရှိအော်ဟစ်ပေါက်ကွဲပစ်လိုက်သည်။

တကယ်တော့ ရှင်းက သူ ချစ်သူဆိုတဲ့အကြောင်း
ပြချက်တစ်ခုနဲ့ သူ ရှင်း စိတ်မဆိုးအောင် သူ့ဘက်က လိုလိုလားလား ရှင်းပြချင်မိတာ သူနဲ့ပတ်သက်ပြီး ရှင်း သဝန်တိုပြီးပေါက်ကွဲတာမျိူးတွေကိုပဲ ခံယူလိုက်ချင်ခဲ့တာ ။

ဒါပေမဲ့ သူထင်သလို ရှင်းဘက်က မတုံ့ပြန်လာတဲ့အခါမှာတော့ ခံစားချက်တွေကို ချုပ်တည်းထားနိုင်ဖို့ သူ့မှာ အင်အားမရှိတော့ ။

"ဆောရီး ရှင်း ငါအော်လိုက်မိရင်တောင်းပန်တယ် ခေးဆိုင် နဲ့ ငါနဲ့ မထင်မှတ်ပဲ နမ်းမိသွားတာ သူ့အင်္ကျီ ပေသွားလို့ မင်းအတွက်ရည်ရွယ်ပြီး ဝယ်ထားတဲ့ အင်္ကျီ ငါပေးဝတ်ခဲ့မိတာ သူနဲ့ငါနဲ့က မင်းမြင်ခဲ့သလို မျိူး ဘာပတ်သက်မှုမှမရှိဘူး"

သူ စိတ်ကို လျော့ချလိုက်ပြီး ရှင်းကို လိုလိုလားလား ရှင်းပြမိသည်။ ရှင်းက သူ့ကို တစ်ချက်ကလေးမှ ကြည့်ပဲ မျက်နှာကိုတစ်ဖက်သို့ အံကြိတ်ရင်းလွှဲထားသည်။

"မင်း အဲလောက်တောင် ယောကျ်ား လိုချင်နေတာလား ချမ်းမြေ့ ယောကျ်ားလေး အားလုံးကိုငါးစာချပြီး မျှားနေတာလား ငါကရော မင်းမျှားချနေတဲ့ ငါးစာတွေထဲက တစ်ခုလား ဟမ် "

ရူးသွပ်လောက်စရာစကားလုံးတွေက ရှင်းရဲ့နှုတ်ဖျားကနေထွက်ကျလာခဲ့တာမှဟုတ်ပါရဲ့လား... ။

သူ ရှင်းကို သတိလက်လွတ်ပင် ငေးကြည့်နေမိသည်။

အံသြခြင်းများစွာ ...
မယုံကြည်နိုင်ခြင်းများစွာ....
ဆောက်တည်ရာမရခြင်းများစွာ နှင့်...

"ပြောရက်လိုက်တာ ဒါတွေ မင်းပါးစပ်ကထွက်လာတာမှဟုတ်ရဲ့လား မင်းကို ချစ်လွန်းလို့ ဟိုးငယ်ငယ်ကတည်းကက ဒီနေ့ဒီအချိန်ထိ မင်းမျက်နှာပဲ ကြည့်နေခဲ့တဲ့ လူတစ်ယောက်ကို မင်းမို့ပြောရက််တယ် ငါ့စိတ်ကို နားမလည်ရင်တောင် ငါ့နှလုံးသားကိုတော့ မင်းနားလည်နိုင်ပြီ ထင်ခဲ့တာ မင်းနဲ့ပတ်သက်ပြီး ငါဘယ်လိုဆက်လုပ်ရမလဲ တကယ် မသိတော့ဘူး"

အရည်ကြည့်တွေ ပြည့်လျှံလာသော မျက်ဝန်းတို့နဲ့အတူ ချမ်းမြေ့စကားသံတွေက တုန်ရီလာသည်။

မင်းဆိုတဲ့ ယောကျ်ားတစ်ယောက်အတွက်ပဲ ငါ ငိဖူးတာ... ရှင်း

မင်းကို ချစ်လွန်းတဲ့အတွက်ပဲ ငါ ကျေကျေနပ်နပ် နဲ့ ငိုခဲ့ဖူးတာ ...။

"ငါတို့ ခဏလောက်မတွေ့ကြရင် ကောင်းမယ်ချမ်းမြေ့ ဒီရက်ပိုင်း ငါ့အိမ်ကိုလည်းမလာပါနဲ့ငါ့ဆီကို ဖုန်းလည်းမဆက်ပါနဲ့ "

ပြောနိုင်သူကတော့ ပြောပြီး နောက်ကျော
ပေးကာ လှည့်ထွက်သွားလေပြီ ။

မနေနိုင်သူ ကျွန်တော့်အတွက်ကတော့ ငိုနေဖို့က လွဲပြီးဘာကျန်ဦးမှာလဲ....... ။

~~~~~

"မမ ဒါကလေ တကယ်တော့ ကျွန်တော့် အင်္ကျီပေသွားလို့ ကိုကို့ဆီက ခဏဌားဝတ်ထားတာပြီးတော့ နမ်းတယ်ဆိုတာက ဟို မတော်တဆ "

"ခေးဆိုင်ပြောတဲ့ အရေးကြီးကိစ္စဆိုတာ ချမ်းမြေ့ကိုကို နဲ့ နမ်းဖို့ကို ပြောတာလား "

စိုင်းစင်ခေးဆိုင် မျက်နှာပြိုကျလုမတတ်ပျက်ယွင်းနေတာကို ကြည့်ပြီး ရွှန်းရွှန်းက စိတ်ပေါက်ပေါက်နဲ့ ပြောချလိုက်သည်။

ခေါ်ပုံကလည်း ကိုကိုတဲ့ ဟုတ်လား ။ ငါ့ကိုကျ မမ ဆိုပဲ... ဟက်။

ဘာအခုမှ ယုန်သူငယ်လေးလို လာဟန်ဆောင်နေရတာလဲ။ ချမ်းမြေ့ကိုကို အဲကောင်ကရောဘာလဲ။ နှစ်ယောက်သား Couple အကျီနဲ့ကော်ဖီဆိုင်ထဲမှာ မြင်မကောင်း ရှုမကောင်း ။

မြင်ကွင်းက ပြန်တွေးကြည့်မိရင်တောင်ကြက်သီးထစရာဖြစ်သည်။ ကိုယ့်မှာတော့ အပင်ပန်းခံစောင့်လိုက်ရတာ ။ သူကတော့ဖြင့်။ ဘာဘဲ ဖြစ်ဖြစ် ကိုယ့်အတွက်လို့ ထထစ်ချယုံကြည်ထားပြီးမှ အခုလို ကြုံလိုက်ရသောအခါ အမှုန့်ချေပစ်ချင်လောက်အောင် ပေါက်ကွဲမိတာတော့အမှန်။

"ခေးဆိုင် အခုလို ချစ်သူနဲ့အတူလျှောက်လည်ဖို့ စီစဉ်ထားရင်လည်း မမကို ပွင့်ပွင့်လင်းလင်းပြောလေ အခုက မမကိုကျနေပူထဲမှာ အကြာကြီး စောင့်ခိုင်းထားပြီး ခေးဆိုင်ကျက အခုလို ဖြစ်ပျက်နေတာ မမ ဘယ်လိုယုံကြည်ရမှာလဲ "

"မဟုတ်ဖူး မမ အထင်လွဲနေပြီ ကျွန်တော်နဲ့ကိုကိုက ချစ်သူတွေမဟုတ်ဘူး"

"သြော်..ချစ်သူတွေလည်း မဟုတ်ဘူးဆိုပြီး
ခေါ်တာကကျ ကိုကို တဲ့လား "

ရွှန်းရွှန်းက တမင်စောင့်ငေါ့ပြောပြီး နှုတ်ခမ်းကိုယွဲ့ပစ်လိုက်သည်။ တော်သေးတယ် ရှတော့မလို့ ငါ့ကို အချိန်မှီလေး ဘုရားကယ်တာ.. ။

"မဟုတ်ပါဘူးဆို မမ ကျွန်တော် ငိုချင်လာပြီ ကျွန်တော်က Straight စစ်စစ်ပါ ပြီးတော ကျွန်တော် မမကိုပဲ..... "

စိုင်းစင်ခေးဆိုင် ၏အသံသည် တဖြေးဖြေးနဲ့ငိုသံတွေပင် စွက်လာကာ တိုးတိမ်ဝင်သွားသည်။

ကိုယ်ချစ်ရတဲ့မိန်းကလေး ရှေ့မှာမှ ။

ဆိုးလွန်းတဲ့ ကံကြမ္မာ။ သူ့ကံကိုက ဆိုလွန်းနေတာ။

အထင်လွဲမယ့်လွဲ ယောကျ်ားရင့်မကြီးတစ်ယောက်နဲ့ဆိုတော့သူ့မှာ သစ္စာဖောက်ဆိုတဲ့ ဘွဲ့အပြင်နောက်ထပ် Uke ဆိုတဲ့ဘွဲ့တစ်ခုကိုပါ လုံးကြီး တင်ပေါ်ထပ်ဆင့်ပြီး ဆံခတ်ခံရပြီ...။

"တော်..တော် ရပြီ ခေးဆိုင် မပြောနဲ့တော့ မမမကြားချင်တော့ဘူး ဒီနေ့ကိစ္စက မမအတွက်အရမ်း Shock ဖြစ်သွားစေတယ် နောက်မှ ဒီကိစ္စ မင်းနဲ့ မမဆွေးနွေးမယ် အခုတော့ မမပြန်တော့မယ် "

တစ်ဖက်က ဘာပြန်ပြောလာမလည်းဆိုတာသိသော်လည်း ရွှန်းရွှန်းက ကိုယ့်ဘာသာ ပိတ်ပြောစကား အနိုင်ပိုင်းပြီး လှည့်ထွက်လာခဲ့သည်။ပါးစပ်ကလည်း တောက်တခေါက်ခေါက်နဲ့မချင့်မရဲ ဖြစ်နေကာ လက်သီးနဲ့မသေမချင်းထိုးသတ်ချင်နေတဲ့စိတ်ကို တော်တော် ဖြေလျော့ထားရသည်။

ဟူး... စိတ်လျော့... စိတ်လျော့.. မိရွှန်း
ဘာမှမဖြစ်ခင် အခြေအနေမှန်ကို သိလိုက်ရတာပိုကောင်းတယ်.....။

ညနေကျမှ အဲဒီချမ်းမြေ့ဆိုတဲ့ ကောင်နဲ့ဒီကလေးနဲ့ ပတ်သက်မှုကို သေချာမေးမြန်းရမည်။

အခုတော့ ကိုယ့်မောင်ကို ခေါ်ပြီး အိမ်ပြန်လိုက်ဖို့သာ..... ။

~~~~~

"သားရေ ဒီည ရွှန်းမြတ်နိးပိုင်တို့ မိသားစုနဲ့ ရွှေဘဲမှာDinner စားဖို့ ချိန်းထားတယ် ညနေ အိမ်စောစော ပြန်ခဲ့နော် "

မေမေ့ရဲ့ထိုစကားတစ်ခွန်းမှအစချီ၍ သူ
ဒီနေ့ရုံးကနေ အိမ်ကို စောစော ပြန်ဖြစ်ခဲ့သည်။အခုတစ်လောပိုင်းမှ ဟိုတယ် Project တွေနဲ့ အလုပ်ရှုပ်နေတာနဲ့ ဘာကိုမှ ဂရုမစိုက်နိုင်ခဲ့။

မနေ့က Valentine Day တုန်းကလည်း ရွှန်းမြတ်နိုးပိုင်ကို ပန်းတစ်စီးလောက်ပို့ခိုင်းမယ်လို့ စီစဉ်ထားပြီးမှ အစည်းအဝေးတွေကြားခေါင်းရှုပ်စရာတွေနဲ့ ထိုကိစ္စကို လုံးဝကို မေ့သွားခဲ့တာဖြစ်သည်။ဒီကြားထဲ ညီ့ကို သတိရစိတ်က တခုတ်တရနဲ့ဝင်ဝင်လာတတ်သေးတာ .....။

အိမ်ပြန်ရောက် ရေမိုးချိူးပြင်ဆင်ပြီး Dinner
အတွက် Booking လုပ်ထားတဲ့ Hotel ရောက်မှသာ အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး စိတ်လုံးလုံးချနိုင်တော့သည်။

"ရတီ ရောက်နေတာကြာပြီလား သြော် ဝတီရောသားငယ်လေးရော ပါတာပဲ သားငယ်လေး ကသမီးလေး ရွှန်းနဲ့တူလိုက်တာ ချွတ်စွပ်ပဲ ကြည့်စမ်း သားလေးက စေ့စပ်ပွဲတုန်းက ဂျပန်ရောက်နေတာနော် သူ့အမလိုပဲ နုနုဖတ်ဖတ်ကလေးရယ် သားထက်ခေါင် ရှင်းလေးကို သားညီလေးလိုပဲ ရင်းရင်း နှီးနှီးဆက်ဆံနော် "

မေမေက အန်တီရတီ့ကို နှုတ်ဆက်နေရင်း သူ့ဘက်ကိုပါ မြှားဦးလှည့်လာတာမို့ ထူးထက်ခေါင်က ထိုကောင်လေးကို တစ်ခါမှမတွေ့ဖူးကြသည့်တစိမ်းတွေလို မသိချင်ယောင်ဆောင်ကာပြုံးပြလိုက်သည်။

ထိုကောင်လေးကလည်း သူ့ကိုစေ့စေ့မကြည့်ပဲ ရိူးတိုးရှန့်တန့် ဖြစ်နေဟန်တူသည်။ သူတို့နှစ်ယောက်ရဲ့ မျက်နှာအရိပ်အကဲတွေ အရောင်အမျိူးမျိူးပြောင်းနေတာကို လူကြီးတွေ မသိတာပဲ တော်သေးသည်ဟု ပြောရပေမည်။

"ကျွန်တော် ဗိုက်မကောင်းလို့ အပြင်မှာ လမ်းထွက်လျှောက်လိုက်ဦးမယ် "

ရှင်းမြတ်နိုးပိုင်က ထူးထက်ခေါင်နဲ့မျက်နှာချင်းမဆိုင်ချင်တော့တာမို့ ထမင်းစားဝိုင်းကနေ မသိမသာထထွက်လာခဲ့သည်။

Bro နဲ့ပတ်သက်လာလျှင် သူ့စိတ်တွေအခုထိ မတည်ငြိမ်သေး ...။

ခဏလေးမေ့နိုင်ဖို့ကိုပင် အသည်းအသန်ကြိုးစားထားရတာမို့ Bro မျက်နှာကို မြင်နေရလေလေ ရင်ဘတ်ထဲက ဒဏ်ရာကတဆစ်ဆစ်နဲ့နာကျင်လာလေလေ ဖြစ်သည်။

"ကိုယ်စကားနဲနဲလောက်ပြောလို့ရမလား "

ဘယ်အချိန်က ထလိုက်လာမှန်းမသိတဲ့ခြေသံတိုးတိုးနဲ့ စကားသံတိုးတိုးက တိတ်ဆိတ်နေခြင်းကို ဖြိုခွင်းလိုက်သည်။ သူတို့နှစ်ယောက်ရှေ့ကဟိုတယ် ရေကူးကန်သည်လည်း ညမီးရောင်အောက်တွင် အသက်မပါလို ပြာရီဆွေးမြေ့နေ၏။

"အင်း ရပါတယ် "

ရှင်းလေးက ထူးထက်ခေါင် ဘက်လှည့်မကြည့်ပဲခေါင်းငြိမ့်ပြလိုက်သည်။ ထူးထက်ခေါင်က ခပ်လှမ်းလှမ်းကနေ ရှင်းလေးရပ်နေသောရေကူးကန်ဘောင်ပေါ် ရှင်းလေးနဲ့တစ်ပေအကွာခြားလောက်မှာ လာရပ်သည်။သူ့လက်တွေကိုတော့ဘောင်းဘီအိတ်ကပ်ထဲတွင် အလျဉ်းသင့်သလိုထိုးထည့်ထားသည်။

"ဟိုတစ်လော မင်းကို ညီလို့မှားပြီး စွဲစွပ်ခဲ့မိတာတောင်းပန်ပါတယ် ကိုယ်အခု ညီ အစစ်ကို ရှာတွေ့သွားပြီ "

"ဘယ်လို "

အာမေဍိတ်သံ တိုးတိုးနဲ့အတူ ရှင်းက ထူးထက်ခေါင်ဘက် လှည့်ကြည့်လာသည်။

ညီ အစစ်တဲ့။ ဘာတွေ လာပြောနေတာလဲ Bro ။
Bro ရဲ့ ညီအစစ်ဆိုတာက ကျွန်တော်လေ ဗျာ။

"မင်းက ဘာလို့အရမ်းအံ့သြသွားရတာလဲ "

ထူးထက်ခေါင်က အကဲဆတ်သူ ပီပီ ရှင်းရဲ့မျက်နှာအရိပ်အကဲကို အကဲခတ်သည်။ ညီ အစစ်ဟု ဆိုလိုက်တာနဲ့ ဒီကောင်လေး ဒီလောက်ထိ အံ့သြသွားစရာမှမလိုတာ။

"သြော် ခင်ဗျားအတွက် ဝမ်းသာပါတယ်လို့
ပြောမလို့ပါ ကျွန်တော် အရင်ဝင်နှင့်မယ်နော်လူကြီးတွေ စောင့်နေကြတော့မယ်

အရင်ဝင်နှင့်မယ်ဆိုသော်ငြားလည်း ရှင်းမြတ်နိုးပိုင်ရဲ့ ခြေလှမ်းတွေသည် တော်တော်နဲ့အရာမယွင်းသေး။

Bro.....မှား နေပြီ
Bro ရဲ့ ညီ ဆိုတာ ကျွန်တော်ပဲ.... ။
Bro ကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ရူးရူးမူးမူးချစ်နေတဲ့ ရှင်းဆိုတဲ့ကောင်က ကျွန်တော်ပဲ။

စိတ်ထဲကနေ Bro ကြားအောင် အော်ပြောပစ်လိုက်သည်။ ခင်ဗျားမှာ အစွမ်းတွေရှိရင် ကျွန်တော့် စိတ်တွေကို ထွင်းဖောက်မြင်နိုင်အောင်ကြိုးစားကြည့်လိုက်စမ်းပါ။စည်းတစ်ခုအောက်မှာ မျိူသိပ်ထားရတဲ့ ကျွန်တော့်အချစ်တွေကို ကျွန်တော်ကိုယ်တိုင်မပြောပဲ ထွက်ကျလာဖို့ ကျွန်တော့် ရင်ဘတ်ကို ခင်ဗျားဓားနဲ့တည့်တည့်ခွဲထည့်လိုက်စမ်းပါ။

ပြောမထွက်နိုင်သော စကားလုံးတွေသည် ရင်ဘတ်ထဲတွင် အသက်ရှုမရတော့အောင်ပင် မွန်းကြပ်ပိတ်စို့နေပေသည်။ ထိုစကားလုံးတွေကိုဆက်ပြီး မျိူသိပ်ဖို့ ထိန်းချူပ်နိုင်စွမ်းကင်းမဲ့လာချိန်မှာတော့ ရှင်းက ရပ်နေရာက လှည့်ထွက်ဖို့ကြိုးစားသည်။

မသက်ဆိုင်သူကို ကျောပေးလှည့်အထွက် ကိုယ့်လက်ကောက်ဝတ်ကို ဖမ်းဆုပ်ခံလိုက်ရတဲ့အထိအတွေ့တစ်ခုကြောင့် ခန္ဓာကိုယ်ကတောင့်ခနဲဖြစ်သွားပြီး နောက်သို့တစ်ချက်ငဲ့အကြည့်မှာတော့မသွားပါနဲ့ ဟူသော အဓိပ္ပာယ်နဲ့ကိုယ့်ကို ဆွေးမြေ့စွာငေးစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံက အသင့်စောင့်ကြိုနေသည်.... ။

"အချိန်ရသေးရင် မသွားပါနဲ့ဦးလား "

စိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေးအောင်က ပါးလျလျနှုတ်ခမ်းတစ်စုံမှ တိုးညှင်စွာ ထွက်လာသောလေသံနဲ့ထွက်သွားမှာစိုးသဖြင့် တောင်းပန်တိုးလျိူးနေသော မျက်ဝန်းတစ်စုံ... ။

Computer Screen ကနေပဲ ငါးနှစ်လုံး ရူးသွပ်စွဲလမ်းခဲ့ရတဲ့ မျက်ဝန်းတစ်စုံကို အနီးကပ်မြင်ရချိန်မှာတော့ အချစ်ကြောင့်ရူးတယ် ဆိုတဲ့ ဆိုရိုးကို သူလက်ခံချင်လာသည်။

သူ့ကို ခြွေချစေခဲ့သော မျက်ဝန်းတွေ ငါးနှစ်တာလုံး ငါ့ကိုပဲ ချစ်ပါဟု နှုတ်ကမဆိုသော်လည်း သူ့နှလုံးသားကို ထိန်းချူပ်ထားခဲ့သော အမိန့်ဆန်ဆန် မျက်ဝန်းတွေ။

ထိုမျက်ဝန်းတွေထဲ သတိလက်လွတ် ငေးမောမိနေခိုက် သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ခံထားရခြင်းကို လွှတ်ချခံလိုက်ရခြင်းနဲ့အတူ ရင်တစ်ခုလုံး ဟာတာတာနဲ့ ဗလာကျင်းသွားတော့သည်။

"သွားချင်သွားပါလေ ကိုယ့်မှာ တားခွင့်မှမရှိတာ"

နှင်ထုတ်တာမဟုတ်သော်လည်း စကားလုံးလှလှလေးသုံးပြီး အလိမ္မာနည်းနဲ့ နှင်ထုတ်ခံလိုက်ရခြင်းမှာ မပြေးရုံတမယ် ခြေလှမ်းများနဲ့ Bro နားမှ သူထွက်လာခဲ့သည်။

ထွက်ခွာသွားသူရဲ့ ကျောပြင်ကိုငေးပြီး ဘာ
ကြောင့်မှန်းမသိ ရင်ဘတ်တစ်ခုလုံး လှစ်ဟာ သွားသူက ကျွန်တော်.. ။

အမှန်အတိုင်း ဝန်ခံရလျှင် နူးညံနွေးထွေးတဲ့ သူ့ရဲ့အိစက်စက်လက်ဖဝါးတွေကို ကျွန်တော် ဘယ်တုန်းကမှ မလွှတ်ချင်ခဲ့ဘူး.....။

သူကိုယ်တိုင်ခင်ဗျားရဲ ညီမဟုတ်ပါဘူးလို့ ဝန်ခံထားပြီးမှ ကျွန်တော်နဲ့ဆုံတိုင်းအရောင်ပြောင်းသွားတတ်တဲ့ သူ့မျက်ဝန်းတွေဟာ ဘာကြောင့်များပါလဲ ။

အဖြေထုတ်ဖို့ခက်တဲ့ ပုစ္ဆာကိုသင်ရိုးညွှန်းတမ်းအကူတွေနဲ့ ခက်ခက်ခဲခဲ အဖြေရှာတဲ့ အချိန်မှာတော့ သူနဲ့တွေ့တိုင်း ကျွန်တော့် နှလုံးသားဟာ နွေးနွေးသွားတယ်ဆိုတဲ့ သီအိုရီကို တွေ့တယ်

ကလေးရယ်....မင်းပဲ ကိုယ့်ရဲ့ ညီ ဖြစ်လိုက်ပါတော့ကွာ........ ။



Zawgyi

" ရွင္း..... "

" မမ...... "

ၿပိင္တူထြက္လာေသာ စကားသံႏွစ္ခု၏
ေနာက္တြင္ မယုံၾကည့္နိုင္ျခင္းမ်ားစြာနဲ႕ဆိုင္ထဲကလွည့္ထြက္သြားေသာ လူႏွစ္ေယာက္။ ထိုလူႏွစ္ေယာက္၏ေနာက္သို႔ စိုးရိမ္ပူပန္ျခင္းမ်ားစြာနဲ႕ေျပးလိုက္သြားေသာေျခလွမ္းႏွစ္စုံ။ ထိုျမင္ကြင္းအား အံၾသတႀကီးေငးၾကည့္ေနက်ေသာ ဆိုင္ထဲက လူတစ္စု။

" ရွင္းေလး ေနပါဦး ငါ ရွင္းျပပါရေစ "

" မမ ဒါကေလ တကယ္ေတာ့ "

ေကာ္ဖီဆိုင္ထဲကခပ္သြက္သြက္ ထြက္လာတဲ့ရွင္း နဲ႕ ႐ႊန္း႐ႊန္း ေနာက္ကေန ခ်မ္းေျမ့နဲ႕ေခးဆိုင္က ဆိုင္ရာဆိုင္ရာေတြဆီသို႔ ကိုယ္စီ အေျပးတစ္ပိုင္း နဲ႕လိုက္လာက်သည္။ေလးေယာက္စလုံးကကိုယ့္
ေဇာနဲ႕ကိုယ္ထူပူေနတာမို႔ ပတ္ဝန္းက်င္ေတြဘာေတြလည္း သတိမမူမိက်ေတာ့ ....။

"ရွင္းေစာင့္ဦး ငါရွင္းျပတာနားေထာင္ဦး "

ခ်မ္းေျမ့ကေနာက္ကေနတေကာက္ေကာက္
လိုက္ေနရတာ စိတ္မရွည္ေတာ့တာမို႔ ရွင္းရဲ႕လက္ေကာက္ဝတ္ကို ဖမ္းဆြဲလိုက္သည္။

"ဘာလဲ မင္းေကာင္ေလးတစ္ေယာက္နဲ႕ Coupleအကၤ်ီဝတ္ၿပီး လူေတြေရွ႕နမ္းျပေနတာကို ရွင္းျပခ်င္တာလား အဲတာဆိုရင္ေတာ့ ရွင္းျပစရာမလိုဖူး ငါ ဘာမွမသိခ်င္ဖူး "

ရွင္းျမတ္နိုးပိုင္ က ပုခုံးတစ္ခ်က္တြန႔္ျပလိုက္ၿပီးအေပၚႏႈတ္ခမ္းကို တြန႔္ေကြးလိုက္သည္။

"ရွင္း မင္း ဘာျဖစ္ေနတာလဲ မင္းငါ့ကိုေဒါသထြက္ေနရင္ လက္သီးနဲ႕ျဖစ္ျဖစ္ထိုးလိုက္ ငါနဲ႕ပတ္သက္ၿပီးေတာ့ ဘာမွမခံစားရတဲ့ပုံစံမ်ိဴးနဲ႕ေတာ့မဆက္ဆံနဲ႕ အဲလိုဆက္ဆံတာေတြ ငါ မႀကိဳက္ဖူး "

ရွင္းရဲ႕ေအးစက္စက္အျပဳအမူေတြကို မခံစားနိုင္တဲ့အဆုံး ခ်မ္းေျမ့ကေအာ္ဟစ္ေပါက္ကြဲပစ္လိုက္သည္။

တကယ္ေတာ့ ရွင္းက သူ ခ်စ္သူဆိုတဲ့အေၾကာင္းျပခ်က္တစ္ခုနဲ႕ သူ ရွင္း စိတ္မဆိုးေအာင္လိုလို
လားလား ရွင္းျပခ်င္မိတာ သူနဲ႕ပတ္သက္ၿပီးရွင္း သဝန္တိုၿပီးေပါက္ကြဲတာမ်ိဴးေတြကိုပဲ ခံယူလိုက္ခ်င္ခဲ့တာ ။

ဒါေပမဲ့ သူထင္သလို ရွင္းဘက္က မတုံ႕ျပန္လာတဲ့အခါမွာေတာ့ ခံစားခ်က္ေတြကို ခ်ဳပ္တည္းထားနိုင္ဖို႔ သူ႕မွာ အင္အားမရွိေတာ့ ။

"ေဆာရီးရွင္း ငါေအာ္လိုက္မိရင္ေတာင္းပန္တယ္ ေခးဆိုင္ နဲ႕ ငါနဲ႕ မထင္မွတ္ပဲ နမ္းမိသြားတာ သူ႕အကၤ်ီ ေပသြားလို႔ မင္းအတြက္ရည္႐ြယ္ၿပီး ဝယ္ထားတဲ့ အကၤ်ီ ငါေပးဝတ္ခဲ့မိတာ သူနဲ႕ငါနဲ႕က မင္းျမင္ခဲ့သလို မ်ိဴး ဘာပတ္သက္မႈမွမရွိဖူး "

သူ စိတ္ကို ေလ်ာ့ခ်လိဳက္ၿပီး ရွင္းကိုလိုလိုလားလား ရွင္းျပမိသည္။ ရွင္းက သူ႕ကို တစ္ခ်က္ကေလးမွ မၾကည့္ပဲ မ်က္ႏွာကိုတစ္ဖက္သို႔ အံႀကိတ္ရင္းလႊဲထားသည္။

"မင္း အဲေလာက္ေတာင္ ေယာက်္ား လိုခ်င္ေနတာလား ခ်မ္းေျမ့ ေယာက်္ားေလး အားလုံးကိုငါးစာခ်ၿပီး မွ်ားေနတာလား ငါကေရာ မင္းမွ်ားခ်ေနတဲ့ ငါးစာေတြထဲက တစ္ခုလား ဟမ္ "

႐ူးသြပ္ေလာက္စရာစကားလုံးေတြက ရွင္းရဲ႕ႏႈတ္ဖ်ားကေနထြက္က်လာခဲ့တာမွဟုတ္ပါရဲ႕လား... ။

သူ ရွင္းကို သတိလက္လြတ္ပင္ ေငးၾကည့္ေနမိသည္။

အံၾသျခင္းမ်ားစြာ ...
မယုံၾကည္နိုင္ျခင္းမ်ားစြာ....
ေဆာက္တည္ရာမရျခင္းမ်ားစြာ ႏွင့္...

"ေျပာရက္လိုက္တာ ဒါေတြ မင္းပါးစပ္ကထြက္လာတာမွဟုတ္ရဲ႕လား မင္းကို ခ်စ္လြန္းလို႔ ဟိုးငယ္ငယ္ကတည္းကက ဒီေန႕ဒီအခ်ိန္ထိ မင္းမ်က္ႏွာပဲ ၾကည့္ေနခဲ့တဲ့ လူတစ္ေယာက္ကို မင္းမို႔ေျပာရက္္တယ္ ငါ့စိတ္ကို နားမလည္ရင္ေတာင္ ငါ့ႏွလုံးသားကိုေတာ့ မင္းနားလည္နိုင္ၿပီ ထင္ခဲ့တာမင္းနဲ႕ပတ္သက္ၿပီး ငါဘယ္လိုဆက္လုပ္ရမလဲ တကယ္ မသိေတာ့ဖူး "

အရည္ၾကည့္ေတြ ျပည့္လွ်ံလာေသာ မ်က္ဝန္းတို႔နဲ႕အတူ ခ်မ္းေျမ့စကားသံေတြက တုန္ရီလာသည္။

မင္းဆိုတဲ့ ေယာက်္ားတစ္ေယာက္အတြက္ပဲ ငါ ငိုဖူးတာ... ရွင္း

မင္းကို ခ်စ္လြန္းတဲ့အတြက္ပဲ ငါ ေက်ေက်နပ္နပ္ နဲ႕ ငိုခဲ့ဖူးတာ ...။

"ငါတို႔ ခဏေလာက္မေတြ႕ၾကရင္ ေကာင္းမယ္ခ်မ္းေျမ့ ဒီရက္ပိုင္း ငါ့အိမ္ကိုလည္းမလာပါနဲ႕ငါ့ဆီကို ဖုန္းလည္းမဆက္ပါနဲ႕ "

ေျပာနိုင္သူကေတာ့ ေျပာၿပီး ေနာက္ေက်ာ
ေပးကာ လွည့္ထြက္သြားေလၿပီ ။ မေနနိုင္သူ ကြၽန္ေတာ့္အတြက္ကေတာ့ ငိုေနဖို႔က လြဲၿပီးဘာက်န္ဦးမွာလဲ....... ။

~~~~~

"မမ ဒါကေလ တကယ္ေတာ့ ကြၽန္ေတာ့္ အကၤ်ီေပသြားလို႔ ကိုကို႔ဆီက ခဏဌားဝတ္ထားတာၿပီးေတာ့ နမ္းတယ္ဆိုတာက ဟို မေတာ္တဆ "

"ေခးဆိုင္ေျပာတဲ့ အေရးႀကီးကိစၥဆိုတာ ခ်မ္းေျမ့ကိုကို နဲ႕ နမ္းဖို႔ကို ေျပာတာလား "

စိုင္းစင္ေခးဆိုင္ မ်က္ႏွာၿပိဳက်လဳမတတ္
ပ်က္ယြင္းေနတာကို ၾကည့္ၿပီး ႐ႊန္း႐ႊန္း က စိတ္ေပါက္ေပါက္နဲ႕ ေျပာခ်လိဳက္သည္။

ေခၚပုံကလည္း ကိုကိုတဲ့ ဟုတ္လား ။ ငါ့ကိုက် မမ ဆိုပဲ... ဟက္။

ဘာအခုမွ ယုန္သူငယ္ေလးလို လာဟန္
ေဆာင္ေနရတာလဲ။ ခ်မ္းေျမ့ကိုကို အဲေကာင္ကေရာဘာလဲ။ နစ္ေယာက္သား Couple အက်ီနဲ႕ေကာ္ဖီဆိုင္ထဲမွာ ျမင္မေကာင္း ရႈမေကာင္း ။

ျမင္ကြင္းက ျပန္ေတြးၾကည့္မိရင္ေတာင္ၾကက္သီးထစရာျဖစ္သည္။ ကိုယ့္မွာေတာ့ အပင္ပန္းခံေစာင့္လိုက္ရတာ ။ သူကေတာ့ျဖင့္။ ဘာဘဲ ျဖစ္ျဖစ္ ကိုယ့္အတြက္လို႔ ထထစ္ခ်ယဳံၾကည္ထားၿပီးမွ အခုလို ႀကဳံလိုက္ရေသာအခါ အမႈန႔္ေခ်ပစ္ခ်င္ေလာက္ေအာင္ ေပါက္ကြဲမိတာေတာ့အမွန္။

"ေခးဆိုင္ အခုလို ခ်စ္သူနဲ႕အတူေလွ်ာက္လည္ဖို႔ စီစဥ္ထားရင္လည္း မမကို ပြင့္ပြင့္လင္းလင္းေျပာေလ အခုက မမကိုက်ေနပူထဲမွာ အၾကာႀကီး ေစာင့္ခိုင္းထားၿပီး ေခးဆိုင္က်က အခုလို ျဖစ္ပ်က္ေနတာ မမ ဘယ္လိုယုံၾကည္ရမွာလဲ "

"မဟုတ္ဖူး မမ အထင္လြဲေနၿပီ ကြၽန္ေတာ္နဲ႕ကိုကိုက ခ်စ္သူေတြမဟုတ္ဖူး "

"ေၾသာ္..ခ်စ္သူေတြလည္း မဟုတ္ဖူးဆိုၿပီး
ေခၚတာကက် ကိုကို တဲ့လား "

႐ႊန္း႐ႊန္းက တမင္ေစာင့္ေငါ့ေျပာၿပီး ႏႈတ္ခမ္းကိုယြဲ႕ပစ္လိုက္သည္။ ေတာ္ေသးတယ္ ရွေတာ့မလို႔ ငါ့ကို အခ်ိန္မွီေလး ဘုရားကယ္တာ.. ။

" မဟုတ္ပါဖူးဆို မမ ကြၽန္ေတာ္ ငိုခ်င္လာၿပီ ကြၽန္ေတာ္က Straight စစ္စစ္ပါ ၿပီးေတာ ကြၽန္ေတာ္ မမကိုပဲ..... "

စိုင္းစင္ေခးဆိုင္ ၏အသံသည္ တေျဖးေျဖးနဲ႕ငိုသံေတြပင္ စြက္လာကာ တိုးတိမ္ဝင္သြားသည္။

ကိုယ္ခ်စ္ရတဲ့မိန္းကေလး ေရွ႕မွာမွ ။

ဆိုးလြန္းတဲ့ ကံၾကမၼာ။ သူ႕ကံကိုက ဆိုးလြန္းေနတာ ။

အထင္လြဲမယ့္လြဲ ေယာက်္ားရင့္မႀကီးတစ္ေယာက္နဲ႕ဆိုေတာ့သူ႕မွာ သစၥာေဖာက္ဆိုတဲ့ ဘြဲ႕အျပင္ေနာက္ထပ္ Uke ဆိုတဲ့ ဘြဲ႕တစ္ခုကိုပါလုံးႀကီးတင္ေပၚထပ္ဆင့္ၿပီး ဆံခတ္ခံရၿပီ...။

"ေတာ္..ေတာ္ ရၿပီ ေခးဆိုင္ မေျပာနဲ႕ေတာ့ မမမၾကားခ်င္ေသးဖူး ဒီေန႕ကိစၥက မမအတြက္အရမ္း Shock ျဖစ္သြားေစတယ္ ေနာက္မွ ဒီကိစၥ မင္းနဲ႕ မမေဆြးႏြေးမယ္ အခုေတာ့ မမျပန္ေတာ့မယ္ "

တစ္ဖက္က ဘာျပန္ေျပာလာမလည္းဆိုတာသိေသာ္လည္း ႐ႊန္း႐ႊန္းက ကိုယ့္ဘာသာ ပိတ္ေျပာစကား အနိုင္ပိုင္းၿပီး လွည့္ထြက္လာခဲ့သည္။ပါးစပ္ကလည္း ေတာက္တေခါက္ေခါက္နဲ႕မခ်င့္မရဲ ျဖစ္ေနကာ လက္သီးနဲ႕မေသမခ်င္းထိုးသတ္ခ်င္ေနတဲ့ စိတ္ကို ေတာ္ေတာ္ ေျဖေလ်ာ့ထားရသည္။

ဟူး... စိတ္ေလ်ာ့... စိတ္ေလ်ာ့.. မိ႐ႊန္း
ဘာမွမျဖစ္ခင္ အေျခအေနမွန္ကို သိလိုက္ရတာပိုေကာင္းတယ္.....။

ညေနက်မွ အဲဒီခ်မ္းေျမ့ဆိုတဲ့ ေကာင္နဲ႕ဒီကေလးနဲ႕ ပတ္သက္မႈကို ေသခ်ာေမးျမန္းရမည္။

အခုေတာ့ ကိုယ့္ေမာင္ကို ေခၚၿပီး အိမ္ျပန္လိုက္ဖို႔သာ..... ။

~~~~~

"သားေရ ဒီည ႐ႊန္းျမတ္နိးပိုင္တို႔ မိသားစုနဲ႕
( -------) Hotel မွာDinner စားဖို႔ ခ်ိန္းထား
တယ္ ညေန အိမ္ေစာေစာ ျပန္ခဲ့ေနာ္ "

ေမေမ့ရဲ႕ထိုစကားတစ္ခြန္းမွအစခ်ီ၍ သူ
ဒီေန႕႐ုံးကေန အိမ္ကို ေစာေစာ ျပန္ျဖစ္ခဲ့သည္။အခုတစ္ေလာပိုင္းမွ ဟိုတယ္ Project ေတြနဲ႕ အလုပ္ရႈပ္ေနတာနဲ႕ ဘာကိုမွ ဂ႐ုမစိုက္နိုင္ခဲ့။

မေန႕က Valentine Day တုန္းကလည္း ႐ႊန္းျမတ္နိုးပိုင္ကို ပန္းတစ္စီးေလာက္ပို႔ခိုင္းမယ္လို႔ စီစဥ္ထားၿပီးမွ အစည္းအေဝးေတြၾကားေခါင္းရႈပ္စရာေတြနဲ႕ ထိုကိစၥကို လုံးဝကို ေမ့သြားခဲ့တာျဖစ္သည္။ဒီၾကားထဲ ညီ့ကို သတိရစိတ္က တခုတ္တရနဲ႕ဝင္ဝင္လာတတ္ေသးတာ .....။

အိမ္ျပန္ေရာက္ ေရမိုးခ်ိဴးျပင္ဆင္ၿပီး Dinner
အတြက္ Booking လုပ္ထားတဲ့ Hotel ေရာက္မွသာ အလုပ္ကိစၥေတြနဲ႕ပတ္သက္ၿပီး စိတ္လုံးလုံးခ်နိဳင္ေတာ့သည္။

" ရတီ ေရာက္ေနတာၾကာၿပီလား ေၾသာ္ ဝတီေရာသားငယ္ေလးေရာ ပါတာပဲ သားငယ္ေလး ကသမီးေလး ႐ႊန္းနဲ႕တူလိုက္တာ ခြၽတ္စြပ္ပဲ ၾကည့္စမ္း သားေလးက ေစ့စပ္ပြဲတုန္းက ဂ်ပန္ေရာက္ေနတာေနာ္ သူ႕အမလိုပဲ ႏုႏုဖတ္ဖတ္ကေလးရယ္ သား ထက္ေခါင္ ရွင္းေလးကို သားညီေလးလိုပဲ ရင္းရင္း ႏွီးႏွီးဆက္ဆံေနာ္ "

ေမေမက အန္တီရတီ့ကို ႏႈတ္ဆက္ေနရင္း သူ႕ဘက္ကိုပါ ျမႇားဦးလွည့္လာတာမို႔ ထူးထက္ေခါင္က ထိုေကာင္ေလးကို တစ္ခါမွမေတြ႕ဖူးၾကသည့္တစိမ္းေတြလို မသိခ်င္ေယာင္ေဆာင္ကာၿပဳံးျပလိုက္သည္။

ထိုေကာင္ေလးကလည္း သူ႕ကိုေစ့ေစ့မၾကည့္ပဲ ရိူးတိုးရွန႔္တန႔္ ျဖစ္ေနဟန္တူသည္။ သူတို႔ႏွစ္ေယာက္ရဲ႕ မ်က္ႏွာအရိပ္အကဲေတြ အေရာင္အမ်ိဴးမ်ိဴးေျပာင္းေနတာကို လူႀကီးေတြ မသိတာပဲ ေတာ္ေသးသည္ဟု ေျပာရေပမည္။

"ကြၽန္ေတာ္ ဗိုက္မေကာင္းလို႔ အျပင္မွာ လမ္းထြက္ေလွ်ာက္လိုက္ဦးမယ္ "

ရွင္းျမတ္နိုးပိုင္က Bro နဲ႕မ်က္ႏွာခ်င္းမဆိုင္ခ်င္ေတာ့တာမို႔ ထမင္းစားဝိုင္းကေန မသိမသာထထြက္လာခဲ့သည္။

Bro နဲ႕ပတ္သက္လာလွ်င္ သူ႕စိတ္ေတြအခုထိ မတည္ၿငိမ္ေသး ...။

ခဏေလးေမ့နိုင္ဖို႔ကိုပင္ အသည္းအသန္ႀကိဳးစားထားရတာမို႔ Bro မ်က္ႏွာကို ျမင္ေနရေလေလ ရင္ဘတ္ထဲက ဒဏ္ရာကတဆစ္ဆစ္နဲ႕နာက်င္လာေလေလ ျဖစ္သည္။

" ကိုယ္စကားနဲနဲေလာက္ေျပာလို႔ရမလား "

ဘယ္အခ်ိန္က ထလိုက္လာမွန္းမသိတဲ့ေျခသံတိုးတိုးနဲ႕ စကားသံတိုးတိုးက တိတ္ဆိတ္ေနျခင္းကို ၿဖိဳခြင္းလိုက္သည္။ သူတို႔ႏွစ္ေယာက္ေရွ႕ကဟိုတယ္ ေရကူးကန္သည္လည္း ညမီးေရာငေအာက္တြင္ အသက္မပါလို ျပာရီေဆြးေျမ့ေန၏

"အင္း ရပါတယ္ "

ရွင္းေလးက ထူးထက္ေခါင္ ဘက္လွည့္မၾကည့္ပဲေခါင္းၿငိမ့္ျပလိုက္သည္။ ထူးထက္ေခါင္က ခပ္လွမ္းလွမ္းကေန ရွင္းေလးရပ္ေနေသာေရကူးကန္ေဘာင္ေပၚ ရွင္းေလးနဲ႕တစ္ေပအကြာျခားေလာက္မွာ လာရပ္သည္။သူ႕လက္ေတြကိုေတာ့ေဘာင္းဘီအိတ္ကပ္ထဲတြင္ အလ်ဥ္းသင့္သလိုထိုးထည့္ထားသည္။

"ဟိုတစ္ေလာ မင္းကို ညီလို႔မွားၿပီး စြဲစြပ္ခဲ့မိတာေတာင္းပန္ပါတယ္ ကိုယ္အခု ညီ အစစ္ကို ရွာေတြ႕သြားၿပီ "

"ဘယ္လို "

အာေမဍိတ္သံ တိုးတိုးနဲ႕အတူ ရွင္းက ထူးထက္ေခါင္ဘက္ လွည့္ၾကည့္လာသည္။

ညီ အစစ္တဲ့။ဘာေတြ လာေျပာေနတာလဲ Bro ။ Bro ရဲ႕ ညီအစစ္ဆိုတာက ကြၽန္ေတာ္ေလ.. ဗ်ာ။

"မင္းက ဘာလို႔အရမ္းအံ့ၾသသြားရတာလဲ "

ထူးထက္ေခါင္က အကဲဆတ္သူ ပီပီ ရွင္းရဲ႕
မ်က္ႏွာအရိပ္အကဲကို အကဲခတ္သည္။ ညီ
အစစ္ဟု ဆိုလိုက္တာနဲ႕ ဒီေကာင္ေလး ဒီေလာက္ထိ အံ့ၾသသြားစရာမွမလိုတာ။

"ေၾသာ္ ခင္ဗ်ားအတြက္ ဝမ္းသာပါတယ္လို႔
ေျပာမလို႔ပါ ကြၽန္ေတာ္ အရင္ဝင္ႏွင့္မယ္ေနာ္လူႀကီးေတြ ေစာင့္ေနၾကေတာ့မယ္

အရင္ဝင္ႏွင့္မယ္ဆိုေသာ္ျငားလည္း ရွင္းျမတ္နိုးပိုင္ရဲ႕ ေျခလွမ္းေတြသည္ ေတာ္ေတာ္နဲ႕အရာမယြင္းေသး....။

Bro.....မွား ေနၿပီ
Bro ရဲ႕ ညီ ဆိုတာ ကြၽန္ေတာ္ပဲ.... ။
Bro ကို လြန္ခဲ့တဲ့ ငါးႏွစ္ကတည္းက ႐ူး႐ူးမူးမူးခ်စ္ေနတဲ့ ရွင္းဆိုတဲ့ေကာင္က ကြၽန္ေတာ္ပဲ။

စိတ္ထဲကေန Bro ၾကားေအာင္ ေအာ္ေျပာပစ္လိုက္သည္။ ခင္ဗ်ားမွာ အစြမ္းေတြရွိရင္ ကြၽန္ေတာ့္ စိတ္ေတြကို ထြင္းေဖာက္ျမင္နိုင္ေအာင္ႀကိဳးစားၾကည့္လိုက္စမ္းပါ။ စည္းတစ္ခုေအာက္မွာ မ်ိဴသိပ္ထားရတဲ့ ကြၽန္ေတာ့္အခ်စ္ေတြကို ကြၽန္ေတာ္ကိုယ္တိုင္မေျပာပဲ ထြက္က်လာဖို႔ ကြၽန္ေတာ့္ ရင္ဘတ္ကို ခင္ဗ်ားဓားနဲ႕တည့္တည့္ခြဲထည့္လိုက္စမ္းပါ..... ။

ေျပာမထြက္နိုင္ေသာ စကားလုံးေတြသည္ ရင္ဘတ္ထဲတြင္ အသက္ရႈမရေတာ့ေအာင္ပင္ မြန္းၾကပ္ပိတ္စို႔ေနေပသည္။ ထိုစကား
လုံးေတြကိုဆက္ၿပီး မ်ိဴသိပ္ဖို႔ ထိန္းခ်ဴပ္နိုင္စြမ္းကင္းမဲ့လာခ်ိန္မွာေတာ့ ရွင္းက ရပ္ေနရာက လွည့္ထြက္ဖို႔ႀကိဳးစားသည္။

မသက္ဆိုင္သူကို ေက်ာေပးလွည့္အထြက္ ကိုယ့္လက္ေကာက္ဝတ္ကို ဖမ္းဆုပ္ခံလိုက္ရတဲ့အထိအေတြ႕တစ္ခုေၾကာင့္ ခႏၶာကိုယ္ကေတာင့္ခနဲျဖစ္သြားၿပီး ေနာက္သို႔တစ္ခ်က္ငဲ့အၾကည့္မွာေတာ့မသြားပါနဲ႕ ဟူေသာ အဓိပ္ပါယ်နဲ႕ကိုယ့်ကိဳ ေဆြးေျမ့စြာေငးစိုက္ၾကည့္ေနေသာ မ်က္ဝန္းတစ္စုံက အသင့္ေစာင့္ႀကိဳေနသည္.... ။

" အခ်ိန္ရေသးရင္ မသြားပါနဲ႕ဦးလား "

စိမ္းဖန႔္ဖန႔္ ႏႈတ္ခမ္းေမႊးေအာင္က ပါးလ်လ်ႏႈတ္ခမ္းတစ္စုံမွ တိုးညွင္စြာ ထြက္လာေသာေလသံနဲ႕ထြက္သြားမွာစိုးသျဖင့္ ေတာင္းပန္တိုးလ်ိဴးေနေသာ မ်က္ဝန္းတစ္စုံ... ။

Computer Screen ကေနပဲ ငါးႏွစ္လုံး ႐ူးသြပ္စြဲလမ္းခဲ့ရတဲ့ မ်က္ဝန္းတစ္စုံကို အနီးကပ္ျမင္ရခ်ိန္မွာေတာ့ အခ်စ္ေၾကာင့္႐ူးတယ္ ဆိုတဲ့ ဆိုရိုးကို သူလက္ခံခ်င္လာသည္။

သူ႕ကို ေႁခြခ်ေစခဲ့ေသာ မ်က္ဝန္းေတြ ငါးႏွစ္တာလုံး ငါ့ကိုပဲ ခ်စ္ပါဟု ႏႈတိကမဆိုေသာ္လည္း သူ႕ႏွလုံးသားကို ထိန္းခ်ဴပ္ထားခဲ့ေသာ အမိန႔္ဆန္ဆန္ မ်က္ဝန္းေတြ။

ထိုမ်က္ဝန္းေတြထဲ သတိလက္လြတ္ ေငးေမာမိေနခိုက္ သူ႕လက္ေကာက္ဝတ္ကို ဖမ္းဆုပ္ခံထားရျခင္းကို လြတ္ခ်ခံလိုက္ရျခင္းနဲ႕အတူ ရင္တစ္ခုလုံး ဟာတာတာနဲ႕ ဗလာ
က်င္းသြားေတာ့သည္။

"သြားခ်င္သြားပါေလ ကိုယ့္မွာ တားခြင့္မွမရွိတာ"

ႏွင္ထုတ္တာမဟုတ္ေသာ္လည္း စကားလုံးလွလွေလးသုံးၿပီး အလိမၼာနည္းနဲ႕ ႏွင္ထုတ္ခံလိုက္ရျခင္းမွာ မေျပး႐ုံတမယ္ ေျခလွမ္းမ်ားနဲ႕ Broနားမွ သူထြက္လာခဲ့သည္။

ထြက္ခြာသြားသူရဲ႕ ေက်ာျပင္ကိုေငးၿပီး ဘာ
ေၾကာင့္မွန္းမသိ ရင္ဘတ္တစ္ခုလုံး လွစ္ဟာ သြားသူက ကြၽန္ေတာ္.. ။

အမွန္အတိုင္း ဝန္ခံရလွ်င္ ႏူးညံႏြေးေထြးတဲ့ သူ႕ရဲ႕အိစက္စက္လက္ေတြကိုကြၽန္ေတာ္မလႊတ္ခ်င္ခဲ့ဖူး... ။

သူကိုယ္တိုင္ခင္ဗ်ားရဲ ညီမဟုတ္ပါဖူးလို႔ ဝန္ခံထားၿပီးမွ ကြၽန္ေတာ္နဲ႕ဆုံတိုင္းအေရာင္ေျပာင္းသြားတတ္တဲ့ သူ႕မ်က္ဝန္းေတြဟာ ဘာေၾကာင့္မ်ားပါလဲ... ။

အေျဖထုတ္ဖို႔ခက္တဲ့ ပုစ္ဆာကိုသင္ရိုးၫႊန္းတမ္းအကူေတြနဲ႕ ခက္ခက္ခဲခဲ အေျဖရွာတဲ့ အခ်ိန္မွာေတာ့ သူနဲ႕ေတြ႕တိုင္း ကြၽန္ေတာ့္ ႏွလုံးသားဟာႏြေးႏြေးသြားတယ္ဆိုတဲ့ သီအိုရီကို ေတြ႕တယ္

ကေလးရယ္....မင္းပဲ ကိုယ့္ရဲ႕ ညီ ျဖစ္လိုက္ပါေတာ့ကြာ........ ။

Đọc tiếp

Bạn Cũng Sẽ Thích

312K 13.6K 42
This is not about male pregnant!!! ရတု ဥာဏ် သွယ်
216K 7.7K 50
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
149K 4.3K 40
(This is season 2) နွေတစ်ခေတ်သျှား×တိမ်ယံသွေးသစ် တိမ်စိုင်ဆိုတာ ဘယ်တုန်းကမှ ဖမ်းဆုပ်မရခဲ့တဲ့ ဒဏ်ရာလေးဘဲ... နွေ့နှလုံးသားနှင့်ရင်းကာ အသက်တမျှ နင့်အော...