ထဆုဢးမဲ့ချစ်ခြင်း (Endless Lo...

By reselda_

64.5K 3.3K 46

Singkrist....... πŸ’™πŸ’™SkπŸ’™πŸ’™ Peraya..........❀❀❀ More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First KissπŸ’‹πŸ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kissπŸ’‹)
Part-33(Mwah mwah😘)
Part-34(Anniversary πŸ’–πŸ’–)
Part-35(Love=Love)
Part-36
Part-37
Part-38πŸ’œπŸ’œ
Part-39(πŸ’™πŸ’™)
Part-40(πŸ’šπŸ’š)
Part-41(πŸ’›πŸ’›)
Part-42(πŸ’–πŸ’–)
Part-43(SWEET LOVE)
Part-44(πŸ’žπŸ’žπŸ’ž)
Part-45(πŸ’πŸ’)
Part-46(πŸ’•πŸ’•)
Part-47(πŸ’žπŸ’ž)
Part-49(πŸ’šπŸ’šπŸ’š)
Part-50(πŸ’πŸ’)
Part-51(πŸ’–πŸ’–)
Part-52(πŸ’˜πŸ’˜)
Part-53(EndπŸ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-48(πŸ’ŸπŸ’Ÿ)

722 41 0
By reselda_

အခန်းထဲမှာ ထိုင်မရထမရဖြင့် သူ့ချစ်သူကိုစိတ်ပူနေသော ကောင်လေးတယောက်...သူ့ရဲ့လက်ချောင်းသွယ်သွယ်လေးများကလည်း ph screenပေါ်မှာသာ စုန်ချည်ဆန်ချည်လှုပ်ရှားနေသည်

'ကိုကိုရယ် ကျေးဇူးပြုပြီးphကိုင်ပါ'

နှုတ်ကလည်း တတွတ်တွတ်ရွတ်နေရင်းဖြင့် phခေါ်နေသော်လည်း သူခေါ်နေတဲ့ph လေးကတော့ ကိုင်သူမဲ့နေဆဲ...

ကျွတ်!!!

Kristဘယ်လိုမှနေလို့မရတော့ သူ့ရဲ့ စိုးရိမ်မှုဒီဂရီသည် တဖြည်းဖြည်းဖြင့်တိုးလာခဲ့သည်....

📲🎼🎼🎼

Kristလည်းရုတ်တရက်ကြီး ထမြည်လာတဲ့Phသံကိုကြားတာနဲ့ မြန်မြန်ကြည့်လိုက်တဲ့အခါ phပေါ်က နာမည်လေးကိုတွေ့လိုက်တော့သူ့မျက်လုံးအစုံဝိုင်းစက်သွားတော့သည်

'Koko💗💗'

Krist သူ့phကို အမြန်ဆုံးပြန်ဖြေလိုက်ကာ မေးခွန်းတွေတရစပ်မေးနေတော့သည်
မမေးလို့လဲမရဘူးလေ အခုသူအရမ်းကိုစိတ်ပူနေမိတာကိုး

'hello ကိုကို
အခုဘယ်ရောက်နေတာလဲ kit phဆက်တာကိုရော ဘာလို့မကိုင်တာလဲ အခုအိမ်မှာလည်းမရှိဘူးဆို ကိုကိုအခုဘယ်မှာတုန်း kitအရမ်းကိုစိတ်ပူနေတာနော်'

Kristဘက်ကသာ စကားတွေတရစပ်ပြော မေးခွန်းတွေမရပ်မနားမေးနေပေမဲ့ တဖက်ကတော့ ဘာမှပြန်မဖြေလာခဲ့

'ကိုကို kitမေးတာဖြေဦးလေကိုကို~~~'

ထိုသို့မေးလိုက်မှ တဖက်က အသံထွက်ပေါ်လာခဲ့သည်
ဒါပေမယ့် သူ့ချစ်သူရဲ့အသံချိုချိုလေးတော့မဟုတ်ခဲ့ပေ

'Krist Krist....ကျွတ် သနားလိုက်တာကွာ...'

'ခများ!!!!!'

Kristတဖက်မှပြန်ဖြေသူအသံကိုကြားလိုက်သည်နှင့်တပြိုက်နက် ဒေါသတို့က ကြီးစိုးလာခဲ့သည့်အပြင် စိုးရိမ်မှုတွေကပါ ဝင်ရောက်လာခဲ့တော့သည်

'ခများ ကျုပ်ချစ်သူရဲ့phကိုဘာလို့ကိုင်တာတုန်း'

'ရှင်းရှင်းလေးဘဲလေကွာ မင်းရဲ့ချစ်သူကြီးက ငါ့လက်ထဲရောက်နေလို့လေ ဟားဟား'

'တောက်!!!ခများ ကျုပ်ချစ်သူကိုဘာလုပ်ထားတာတုန်း'

'စိတ်မပူပါနဲ့ ငါကသူ့ကိုအရမ်းကြီးမလုပ်ချင်ပါဘူး ဒါပေမယ့် မင်းကောင်က စကားနားမထောင်လို့ နဲနဲတော့ပညာပေးလိုက်တယ်'

'ခများ...ခများသူ့ကိုလုံးဝလက်ဖျားနဲ့တောင်မထိနဲ့ ခများကိုကျုပ်သတ်ပြစ်မှာ'

'ကြောက်တောင်ကြောက်လာပြီ သတ်မှာဟုလား ဟာသတွေလာမပြောစမ်းနဲ့ အခုတော့ ငါ့လက်ချက်ကြောင့်မင်းချစ်သူ မသေပါစေနဲ့လို့ဘဲမင်းအရင်ဆုတောင်းထားလိုက်'

'တောက်စ်!!!!!'

Kristရဲ့ဒေါသတကြီး တောက်ခေါက်လိုက်သံဟာ အခန်းတခုလုံးမှာ ကျယ်လောင်စွာထွက်ပေါ်လာတော့သည်...
သူ့ရဲ့ ဒေါသတွေကလည်းပိုတိုးလာခဲ့တဲ့အပြင် ဒေါသကြောင့် လက်တွေကပင်တုန်နေလေပြီ အခုအဲ့လူသာ သူ့ရှေ့မှာဆိုရင် အဲ့ကျက်သရေမရှိတဲ့အခွက်ကိုခုနှစ်ဆင့်ရှစ်ဆင့်ထိုးပလိုက်ချင်သည်

'ခများ ဘာအပြစ်မှမရှိတဲ့သူကို ဘာလို့အဲ့လိုလုပ်တာလဲ
ခများကဘာလိုချင်လို့ အဲ့လိုလုပ်တာလဲ
ခများ ယောကျာ်းဆိုရင် ယောကျာ်းလိုသတ္တိရှိရှိဖြေရှင်း အခုလိုမျိုးတွေလာလုပ်မနေနဲ့'

'အေး ငါဘာလိုချင်လည်းဆိုတော့ ပိုက်ဆံ မင်းအဖေရဲ့အမွေတွေကိုငါလည်းပိုင်ဆိုင်ရမယ် အဲ့တာ ငါလိုချင်တာဘဲ'

'ခများ လူရောစိတ်ဓာတ်ရော အောက်တန်းကျလှချည်လား ခများလိုချင်တဲ့ဟာကိုကျုပ်မပေးနိုင်ဘူး...'

'ရတယ်လေ မပေးနဲ့ပေါ့ ဒါပေမယ့် မင်းကောင်ကိုတော့ အသက်ရှင်လျှက်ပြန်တွေ့နိုင်မှာမဟုဘူးဆိုတာ မင်းမှတ်ထား
အေး ပြန်တွေ့ချင်တယ်ဆိုရင်တော့ အခုငါ့ပို့ထားတဲ့လိပ်စာအတိုင်းလိုက်လာခဲ့ အမွေကိုငါ့ဆီလွှဲပြောင်းပေးပါသည်ဆိုတဲ့စာချုပ်အပါအဝင်ပေါ့'

တီ!!!!

Janeပြောသွားတဲ့စကားတွေကြောင့် Kristမခံမရပ်နိုင်ဖြစ်ကာ ဒေါသတွေသာပိုတိုးလာတော့သည်
တဖန် သူ့အာရုံထဲတွင် သူ့ချစ်သူရဲ့ပုံရိပ်ကိုမြင်လာတဲ့အချိန်တွင်တော့....

'ကိုကို~~~~'

မဖြစ်ဘူး အဲ့ကောင်လက်ထဲမှာ ကိုကိုတခုခုဖြစ်လို့မဖြစ်ဘူး
ဒီကိစ္စကို သူတစ်ခုခုတော့လုပ်ရပေလိမ့်မယ် အမွေတွေကိုလည်း အဲ့လူယုတ်မာလက်ထဲထည့်လို့မဖြစ်ဘူး
ကိုကိုလည်း တခုခုဖြစ်လို့မရဘူး သူဘလိုလုပ်ရမလဲ? ??
Kristစဉ်းစားရင်း ခေါင်းတွေပါထူပူလာခဲ့သည်
ဒီကိစ္စကငါတယောက်တည်းဖြေရှင်းလို့မရဘူး...ဟုတယ် ဦးလေး ဦးလေးနဲ့ငါတိုင်ပင်မှရမယ် မြန်မြန်လုပ်မှရမယ် အချိန်မရှိတော့ဘူး

Kristလည်းသူ့အခန်းထဲကနေထွက်ကာအောက်ထပ်ကို ပြေးဆင်းလာခဲ့ပြီးTaxiတစီးငှါးကာ သူ့ဦးလေးဆီထွက်လာခဲ့လိုက်တော့သည်
.
.
.
သူ့ဦးလေးကုမ္ပဏီရှေ့ရောက်တာနဲ့ကားခအမြန်ရှင်းကာ သူ့ဦးလေးရှိရာဆီ အမြန်လာခဲ့သည်....
.
.
'ဦးလေး!!!'

ရုတ်တရက်ကြီး သူ့နာမည်ခေါ်ကာ အလောတကြီးရောက်ချလာတဲ့ Kristကို Mikeကြောင်စီစီလေးကြည့်နေမိသည်

'Krist နေပါဦး..မင်းပုံကိုကြည့်ရတာ အလောတကြီးနဲ့ဘာတွေဖြစ်လာတာလဲ???'

Kristထိုင်တောင်မထိုင်နိုင်ဘဲ ခုနက ပြောခဲ့တဲ့စကားတွေအားလုံးကို ပြောပြလိုက်တော့ ဦးလေးက သူ့ရှေ့နေ့ကိုအမြန်ဆုံးခေါ်လိုက်ကာ စာချုပ်ပြင်ဆင်ခိုင်းလိုက်ပြီး Kristနဲ့Mikeကတော့ ခေါင်းချင်းဆိုင်ကာ ပြဿနာဖြေရှင်းဖို့ တိုင်ပင်ပြောဆိုနေကြသည်

'Krist မင်းဘာမှစိတ်မပူနဲ့
မင်း ဒီစာချုပ်ယူပြီး သူပြောတဲ့လိပ်စာအတိုင်းသွားပြီး သူပြောသလိုလုပ်လိုက် ကျန်တာကဦးလေးတာဝန် ဦးလေးခဏကြာရင်အဲ့ကိုလိုက်လာခဲ့မယ်'

'ဟုတ်...... '

Kristလည်းရုံးခန်းထဲကနေ ပြန်ထွက်လာခဲ့ပြီးကားငှါးပြီး Janeပို့ထားတဲ့လိပ်စာအတိုင်း လာခဲ့လိုက်သည်

ကားပေါ်မှာထိုင်နေရင်းနဲ့...Kristတွေးမိတာက

'ငါ P'Sangကိုပြောပြလိုက်ရမလား
မဖြစ်ပါဘူးလေ ငါတောင် ဒီလောက်စိတ်ပူနေတာP'Sangဆိုအရမ်းကို စိတ်ပူနေလိမ့်မယ် ပြီးမှပြောပြတာကပိုကောင်းမယ် အွန်း အဲ့တာဘဲပိုကောင်းတယ်'
.
.
Janeပို့ထားတဲ့လိပ်စာရဲ့နေရာကိုလည်းရောက်တော့ သူကားပေါ်ကဆင်းလာခဲ့လိုက်သည်....

ချုံပင်ရှည်ကြီးတွေကြားထဲမှာ ဂိုထောင်အဟောင်းအစုတ်အပျက်ကြီးတစ်ခု....

Kristလည်းဘာမှမစဉ်းစားတော့ဘဲ ခြေလှမ်းကြဲကြီးတွေဖြင့် ဂိုထောင်ကြီးထဲကိုဝင်လိုက်တော့ သူတွေ့လိုက်ရတာက သွေးစသွေးနတွေ....

'ဟော လာပီပေါ့ သူဌေးလေး'

သူ့ကိုမထီမဲ့မြင်ဒီဇိုင်းနဲ့ပြောလာသည့် Janeကို Kristစိတ်တိုတိုဖြင့်သာပြန်ကြည့်လိုက်သည်

'ငါ့ချစ်သူဘယ်မှာလဲ...'

'ဖြည်းဖြည်းပေါ့ကွာ လာမှာပေါ့'

Janeကပြောပြီးတာနဲ့ လက်ဖြောက်တစ်ချက်တီးလိုက်တော့ လူနှစ်ယောက်ထွက်လာပြီး Singကိုသူတို့နဲ့အတူဆွဲခေါ်လာခဲ့သည်...ထို့နောက် Kristရှေ့လည်းရောက်ရော Singကိုဆွဲခေါ်ထားတာကိုလွတ်ချလိုက်တော့ အားအင်မဲ့နေသော Singတယောက် မြေကြီးပေါ်ဒူးထောက်လျက်ကျလာတော့သည်...
Kristလည်း Singကိုအလျင်အမြန်ဖမ်းကိုင်လိုက်တော့ SingကKristရဲ့ရင်ခွင်ထဲကျလာတော့သည်....

Krist သူ့ရင်ခွင်ထဲမှာရှိနေတဲ့ Singရဲ့ဆံပင်တွေကို သပ်တင်ပေးလိုက်ရင်းမြင်လိုက်ရတဲ့ အရာတွေကြောင့် ရင်ထဲကဒေါသမီးတို့က တဟုန်းဟုန်းတောက်လာခဲ့သည်

သူသဘောကျရတဲ့ ပါးပြင်လေးက အခုတော့ ထိုးထားတဲ့ဒဏ်ကြောင့် အညိုအမဲစွဲနေလို့ပါလား

သူစွဲမက်ရတဲ့ နှုတ်ခမ်းပါးပါးတို့ကလည်း ဒဏ်ရာများဖြင့်စုတ်ပြတ်သက်ကာ သွေးတို့ပင်စိုနေသေးသည်...

Singဝတ်ထားတဲ့ အင်္ကျီအဖြူပေါ်မှာ သွေးကွက်တွေကလည်းဟိုတကွက်ဒီတကွက်....

Singကတော့ မျက်လုံးတောင်မဖွင့်နိုင်ဘဲ ဒဏ်ရာတွေကြောင့် သတိရတချက် မရတချက်ဖြစ်နေတော့သည်

သို့သော် တုန်ယင်နေတဲ့သူ့နှုတ်ခမ်းကတော့ နာမည်လေးတစ်ခုကိုမမောနိုင်မပန်းနိုင်ခေါ်နေဆဲ....

'Kit~~~'

'ကိုကို...ကိုကို kitဘေးမှာရှိတယ်နော်...ဘာမှမဖြစ်ဘူးနော်'

Kristရဲ့အသံကိုနားထဲကြားလိုက်တော့ Sing မျက်လုံးမဖွင့်နိုင်ပေမဲ့ ပြုံးလိုက်မိတဲ့အခါ သူ့နှုတ်ခမ်းဒဏ်ရာတွေရဲ့နာကျင်မှုကြောင့် ညည်းညူမိလိုက်သည်...

Kristသူ့ချစ်သူရဲ့အခုလိုပုံကို မြင်နေရတာ သူ့နှလုံးသားတခုလုံးကို ဓားနဲ့အစိမ်းလိုက် မွှန်းနေသလိုနာကျင်နေရသည်
သူအသက်လောက်တန်ဖိုးထားရတဲ့သူကို အခုလိုမျိုးဖြစ်အောက်လုပ်ခဲ့တယ်ပေါ့....
Kristရဲ့ ဒေါသသည် အခုချိန်မှာတော့ ထိပ်ဆုံးကိုရောက်သွားလေပြီ....ဒေါသကြောင့် သူ့ရဲ့ မျက်နှာတွေလည်း နီမြန်းလာကာ ခန္ဓာကိုယ်လည်း တဆက်ဆက်ဖြင့် တုန်လာခဲ့သည်

'သနားစရာကောင်းတဲ့မြင်ကွင်းကိုကြည့်နေရပါလား.... ဟားဟား ဝမ်းနည်းလိုက်တာကွာ'

Kristနဲ့ Singနှစ်ယောက်ကိုလှောင်ကာရယ်မောပြီးပြောဆိုနေတဲ့Janeသည် သူ့ကိုမော့ကြည့်လာတဲ့ Kristရဲ့အကြည့်တွေကြောင့် အရယ်ရပ်သွားမိသည် ထို့အပြင် အမည်မဖော်လိုတဲ့ ကြောက်စိတ်တခုက သူ့ဆီဝင်ရောက်လာခဲ့သည်

ဒီအချိန်မှာ Kristသာနဂါးဆိုရင် သူ့အကြည့်ကြောင့် အကြည့်ခံရတဲ့သူအားလုံး ပြာဖြစ်နေလောက်ပြီ...

Kristရဲ့ဒီလိုအကြည့် ဒီလိုမျက်နှာမျိုးကို Janeဘယ်တော့မှ မမြင်ဖူးခဲ့...
Kristကို သူမကောင်းကြံစည်ဖို့ လုပ်ခဲ့တုန်းကတောင် Kristသည် ဒီလောက်ကြောက်ဖို့မကောင်းခဲ့...

အခုအချိန် Janeရှေ့မှာမြင်နေရတဲ့ Kristသည် အရင် Krist Perawatမဟုတ်တော့......

Singtoမသိသေးသော မမြင်ဖူးသေးသော Krist Perawat၏ Dark Sideတခုပင်....
Krist၏ Dark Sideသည် သူတယောက်တည်းသောချစ်သူကြောင့်ပေါ်လာခဲ့လေပြီ.....

Krist သူ့ရင်ခွင်ထဲမှာရှိနေတဲ့ Singကိုမချီလိုက်ပြီး အမှီရှိတဲ့တနေရာမှာ ညင်သာစွာချလိုက်သည်...

Janeနဲ့သူ့လူနှစ်ယောက်ကတော့ Krist၏လှုပ်ရှားမှုတို့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေကြသည်

Singကို နေရအဆင်ပြေတဲ့နေရာမှာချထားပြီးတာနဲ့ Kristခြေလှမ်းတို့က Janeရှိရာရှေ့တည့်တည့်ဆီ....

သူ့ရှေ့မှာ အေးအေးဆေးဆေးတလှမ်းချင်း လှမ်းလာတဲ့Kristကြောင့် Jane ရပ်နေရာကနေ ရှေ့တိုးရမလို နောက်ဆုတ်ရမလို...
Kristကအခုချိန်မှာ သူ့ကိုဘာလုပ်မယ်ဆိုတာလည်းသူမမှန်းဆနိုင်တော့ဘူး....

Kristရဲ့ပုံစံက အပြင်ပန်းက အေးစက်စက်ဖြစ်နေပေမယ့် သူ့ရင်ထဲကဒေါသမီးလျှံတွေကတော့ အားကောင်းကောင်းနဲ့ပိုမိုတောက်လောင်ဆဲ... သူ့ရဲ့နူးညံ့ဖောင်းအိနေတဲ့လက်ချောင်းတို့ကလည်း ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ထားသည်

သူ့ချစ်သူရဲ့နာကျင်မှုဝေဒနာ တွေကို သူ့ရှေ့မှာမြင်တွေ့လိုက်ရတဲ့အချိန်ကစပြီး Kristရဲ့ သည်းခံနိုင်မှု ထိန်းချုပ်နိုင်မှုသနားညှာတာမှုတို့သည် ပျောက်ချင်းမလှပျောက်သွားခဲ့တော့သည်....
သူ့ချစ်သူဒဏ်ရာတွေရဲ့နာကျင်မှုကြောင့် ထွက်ပေါ်လာခဲ့တဲ့ အသံတွေကိုကြားရတိုင်းသူ့နှလုံးသား သူ့ရင်ဘတ်ကြီးတစ်ခုလုံးသည် ဆူးချွန်တခုနဲ့ထိုးခံရသလို ခံစားလာရတော့သည်..
.
.
ပတ်ဝန်းကျင်ရှိလေထုအားလုံးသည် အေးစက်လျက်
သို့သော် Janeနဲ့ သူ့လူနှစ်ယောက်၏ နဖူးစပ်တွင်တော့ ချွေးစက်တို့က တွဲလဲခိုလျက်....

Janeနဲ့ တတောင်လောက်အကွာ မျက်နှာချင်းဆိုင်ရှေ့မှာ Kristရပ်လိုက်ပြီး စူးရှရက်စက်သော အကြည့်တို့ဖြင့် Janeကိုကြည့်လိုက်သည်....

ထို့နောက် သူ့ရဲ့ပန်းနုရောင်နှုတ်ခမ်းက ထွက်လာတဲ့ စကားလုံးကတော့ ခြောက်ကပ်စွာ ကြောင်မက်ဖွယ်ကောင်းလွန်းနေ၏

'ခများ!!!!'

Kristရဲ့ ခများဟူသော အသံသည် Jane၏နားထဲသို့ အေးစက်တုန်လှုပ်ဖွယ်ကောင်းစွာဝင်ရောက်လာ၏...
Janeမယုံကြည်နိုင်တော့....Kristရဲ့အကြည့်တို့က သူ့အားကြောက်ရွံ့စေ၏....ဘလိုကြောင့် ဒီကောင်လေးသည် တခြားလူတယောက်ကဲ့သို့ ပြောင်းလဲသွားရသနည်း....

'ကျုပ်ချစ်သူကို အခုလိုဖြစ်အောင်လုပ်တာ ခများကိုယ်တိုင်လား ဒါမှမဟုတ် သူတို့လား'

အမှန်တော့ Singtoဆိုသောကောင်လေးကို သူသုံးချက်သာထိုးလိုက်သည် ထိုသို့ထိုးလိုက်ရသည်မှာလည်း သူ့ကိုကလန်ကဆန်လုပ်သောကြောင့်ပင် ကျန်တဲ့ဒဏ်ရာတွေက သူ့လူတွေထိုးထားသည်များသာ....
သို့သော် Janeတိတိကျကျသိလိုက်ရတာတခုက အခုလိုမျိုး Kristကိုအပြောင်းလဲကြီးပြောင်းလဲသွားစေတာက သူ၏ချစ်သူကောင်လေးကြောင့်ဆိုတာဘဲ....

Janeအရမ်းအံ့သြမိသည်
အချစ်သည်လူတယောက်ကို ထိုမျှလောက်ပြောင်းလဲသွားစေနိုင်တာလား

'ခများ ကျုပ်မေးတာကိုမဖြေဘူးလား'

အက်ကွဲကွဲအသံတခုကြောင့် Janeသည် အတွေးလွန်နေရာမှ ပစ္စုပ္ပန်အချိန်သို့ပြန်လည်ရောက်ရှိလာခဲ့သည်...

ဘာမှပြန်မဖြေတဲ့ Janeကိုကြည့်ပြီး Kristသူ့ရင်ထဲ၌ ဒေါသတွေအပြင်စိတ်မရှည်မှုတို့ကပါ ဖြစ်ပေါ်လာတော့သည်...

'ဒီမှာ ကျုပ်ဒီကိုမလာခင်တုန်းက ခများပြောတဲ့အတိုင်း လိုက်လျောပေးမယ်လို့ဆုံးဖြတ်ခဲ့တာ'

Krist၏စကားကြောင့်Jane၏မျက်လုံးတို့က အရောင်တောက်လာခဲ့တော့သည်...

'Krist မင်းစာချုပ်ပါလာတယ်ပေါ့...ဟုလား ပေး အခုပေး..'

Kristသူ့ဆီမှာပါလာတဲ့ စာချုပ်ကို ထုပ်လိုက်ပြီး လက်ထဲကိုင်ထားလိုက်သည်...

'ပေး..အဲ့တာငါ့ကိုပေး'

ငွေကလွဲပြီး ဘာကိုမှမျက်လုံးထဲမမြင်နိုင်တော့တဲ့ Janeကိုကြည့်ရင်း Kristမဲ့ပြုံးတချက်ပြုံးကာ မြန်ဆန်စွာပင် ထိုစာချုပ်ကို အပိုင်းပိုင်းဖြစ်အောင်ဆွဲဖြဲလိုက်တော့သည်...

'Sorryဘဲ ခများကိုပေးဖို့ စိတ်ကူးမရှိတော့ဘူး....'

စာရွက်အပိုင်းအစတို့ကတော့ မြေပြင်ပေါ်မှာပြန့်ကျဲစွာ
မထင်မှတ်ထားတဲ့လုပ်ရပ်ကြောင့် Janeကတော့ဆွံ့အစွာ

'မင်း မင်း ဘာလုပ်လိုက်တာလဲ'

'ကျုပ်ချစ်သူကို အနာတရဖြစ်အောင်လုပ်တဲ့အတွက်လေ
ကျုပ်အရှင်းဆုံးပြောမယ် ကျုပ်ချစ်သူကိုထိလာတဲ့ဘသူမဆို သတ်ပစ်ဖို့လည်းကျုပ်ဝန်မလေးဘူး...အဲ့တာခများ မှတ်ထား'

'Krist မင်း!!!'

သူပြောလိုက်တဲ့စကားကြောင့် ဒေါသထွက်သွားပြီး လက်သီးဖြင့်ချိန်ရွယ်လာတဲ့Janeကိုကြည့်ပြီး Kristအားရပါးရရယ်လိုက်သည်...သို့သော် သူ့ရယ်သံတို့ကတော့အသက်မပါခဲ့ပေ...

'ခများက ကျုပ်ကိုထိုးမလို့လား ထိုးလေ ထိုးစမ်းပါ...
ဒါပေမယ့် ခများထိုးတာကိုကျုပ်ငြိမ်ခံနေမှာမဟုဘူးနော်...
ခများတစ်ချက်ဆိုရင် ကျုပ်ကသုံးချက်ဘဲ'

Kristရဲ့အပြုအမူတွေကြောင့် Janeဒေါသူပုန်ထလာကာ သူ့လူတွေကအချက်ပြလိုက်တော့ နောက်မှာရပ်နေတော့ လူနှစ်ယောက်ကရှေ့ထွက်လာပြီး Kristကို လက်သီးဖြင့်ထိုးနေကြသည်..

မိန်းကလေးတယောက်ကဲ့သို့ ဖြူဥနုဖတ်နေတဲ့ကောင်လေးတယောက်က ထိုလူနှစ်ယောက်နှင့် ပြိုင်ထိုးနေတာကိုမြင်ရင် ရှုံးမှာပါဘဲလို့တွေးရင်လည်းတွေးနေမိလိမ့်မယ် သို့သော် ထိုသို့ တွေးမိရင်တော့ ခများတို့အမှားကြီးမှားသွားပေလိမ့်မည်..

အခုချိန်မှာ တကယ်တမ်း ခံနေရတဲ့သူက Kristမဟုတ်ဘဲ ဟိုလူနှစ်ယောက်သာ....
Krist၏ရက်ရက်စက်စက်ဖြင့်အားပါသော လက်သီးချက်များအောက် အသက်ကိုလုနေကြရသည်...
နောက်ဆုံး Kristကိုမနိုင်တော့ဘဲ မြေကြီးပေါ်မှာအတုန်းအရုန်းလဲနေကြတော့သည်...

Kristသူ့နှုတ်ခမ်းမှာအနဲငယ်စို့နေတဲ့ သွေးစတချို့ကိုလက်မနဲ့ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး Janeဆီလျှောက်လာခဲ့သည်

'Krist မင်းဘာကြောင့် အခုလိုပြောင်းလဲသွားတာလဲ'

'အဟက်....အချစ်~~အချစ်ကြောင့် ကျုပ်ချစ်ရတဲ့သူကြောင့်'

Kristလည်းဖြေပြီးပြီးချင်း သူ့ရဲ့အားပြင်းသောလက်သီးတစ်ချက်က လျှပ်စီးပမာJaneဆီသို့ကျရောက်သွားတော့သည်..

ဒီထိုးချက်ကို Janeမခုခံနိုင်ခဲ့တဲ့အတွက် မြေကြီးပေါ်ဘုန်းခနဲ လဲကျသွားရတော့သည်...

Kristလည်း လဲကျသွားတဲ့ Janeရဲ့ကော်လံကိုဆွဲလိုက်ပြီး အားမလျော့သွားသော လက်သီးချက်များဖြင့် စိတ်ရှိလက်ရှိထိုးနေမိတော့သည်...

Janeကတော့ သူ့ကိုဘာမှပြန်မလုပ်နိုင်တော့ဘဲ Kristထိုးသမျှကိုသာခံနေရတော့သည်

'ခများပြောတယ်နော် မင်းချစ်သူအသက်ရှင်အောင်ဆုတောင်းထားလို့
အခုတော့ ကျုပ်ပြောမယ် ခများကျုပ်လက်ချက်နဲ့ မသေသွားပါစေနဲ့လို့ဘဲဆုတောင်းထားလိုက်'

Kristလည်း အရှိန်ယူပြီး အားအပြည့်ထည့်ကာ ထိုးဖို့လက်မြှောက်လိုက်တဲ့အချိန်မှာဘဲ သူ့လက်ကို တစုံတယောက်က လှမ်းဆွဲတာခံလိုက်ရသည်

'Kristမလုပ်နဲ့တော့... ရပ်တော့'

Kristမော့ကြည့်လိုက်တဲ့အခါ တွေ့လိုက်ရတဲ့သူက သူ့ရဲ့ဦးလေး နောက်မှာလည်း ရဲတွေပါ ပါလာသည်ကိုတွေ့ရတဲ့အခါ သူ Janeကိုလွတ်ပေးလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်...

အဲ့နောက်မှာတော့ Krist သူ့ချစ်သူဆီအမြန်ပြေးသွားကာ

'ကိုကို....ကိုကို!!!ကိုကို ထပါဦး'

ဦးလေး ကိုကိုက ကျွန်တော်ခေါ်နေတာကိုပြန်မထူးဘူး
ကိုကို့ကို အမြန်ဆုံးဆေးရုံတင်မှရမယ်....

'အေးအေး'

ဦးလေးကားနဲ့ ကိုကို့ကိုတင်ကာဆေးရုံဆီအမြန်မောင်းခဲ့လိုက်သည်..... Janeနဲ့သူ့လူတွေကတော့ သူတို့လုပ်ထားတဲ့အပြစ်တွေအတွက် ဥပဒေနဲ့အညီအပြစ်ပေးခံရတော့မယ်လေ
.
.
ဆေးရုံကိုရောက်တဲ့အခါ ဆရာဝန်က ကိုကို့ဒဏ်ရာတွေကိုဆေးထည့်ပေးပြီး အားဆေးသွင်းကာအနားယူခိုင်းထားသည်

'ဘာမှစိတ်မပူပါနဲ့ ပြန်သတိရလာမှာပါ ဒဏ်ရာရှိန်ကြောင့် အခုလိုမျိုးဖြစ်သွားတာပါ'

'ဟုကဲ့ ကျေးဇူးပါဒေါက်တာ'

Drထွက်သွားပြီးတဲ့အခါ Mikeလည်း

'Kristဦးလေးပြန်လိုက်ဦးမယ် Janeတို့ကိုလည်းသွားကြည့်လိုက်ဦးမယ်'

'ဟုတ်ကဲ့ဦးလေး'

ဦးလေးပြန်သွားတဲ့နောက် Kristလည်းSingtoဘေးနားကခုံမှာထိုင်ကာ သူ့ချစ်သူကိုကြည့်နေရင်း လူတယောက်ကိုသတိရလာသည့်အတွက် phကိုထုတ်ကာ ဆက်လိုက်သည်

'hello P'Sangလား ကျွန်တော်ပါ'

Kristလည်း P'Sangကို ဖြစ်ကြောင်းကုန်စင်ပြောပြပြီး အရမ်းကြီးစိတ်ပူမနေဖို့ ပြောလိုက်တဲ့အခါP'ကမနက်မှဘဲလာတော့မယ်တဲ့....

Kristလည်းP'Sangကို ပြောပြီးတာနဲ့ phချလိုက်ကာ Singtoရဲ့နဖူးပေါ်အနမ်းတစ်ပွင့်ခြွေပြီးသူ့ချစ်သူရဲ့ လက်ကလေးတွေကိုသာဆုပ်ကိုင်ထားလိုက်တော့သည်.....

*kristရဲ့ စိတ်အစဉ်ကိုလွှမ်းမိုးပြီးပြောင်းလဲနိုင်စွမ်းရှိတဲ့ကမ္ဘာပေါ်မှာတယောက်တည်းသောသူက Singto*

*kristရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု ခံစားချက်မျိုးစုံကို ဖြစ်ပေါ်စေတဲ့တယောက်တည်းသောသူက Singto*

*Kristကိုယ်တိုင်တောင် သေချာမသိတဲ့သူ့ရဲ့Dark sideကိုပေါ်လာအောင်လုပ်နိုင်တဲ့ တယောက်တည်းသောသူက Singto*

*Singtoသည် Krist၏အပိုင်
Kristသည် Singto၏အပိုင်
ဒါသည်ပြောင်းလဲသွားမည်မဟုသော အမှန်တရားတခုပင်

Singtoရှေ့မှာသာ kristကလေးတယောက်လိုဆိုးနွဲ့မည်
Singtoနှင့်ပတ်သက်လာလျှင် Kristသည် ဘာကိုမှဆတ်ဆတ်ထိမခံနိုင်ပေ....အသေးအဖွဲ့လေးတွေကအ သူဂရုစိုက်မိသည်...

တနေ့ထက်တနေ့ Singtoကို Kristပိုပိုပြီးဆိုးချင်လာမိသည် ချစ်မြတ်နိုးလာရသည်....
Kristသူ့ရဲ့အသက်ထက်ကိုတန်ဖိုးထားရတဲ့သူသည် Singto Prachayaဆိုတဲ့လူသားတယောက်ပင်....

💘💘💘💘💘💘💘💘

Continue Reading

You'll Also Like

1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
5.7K 611 18
My 4th sukhoon fiction β™‘ We're just friends, What are you saying?
107K 5.2K 15
THE DEVIL'S SUNSHINE BOOK 2
577K 12.9K 40
In wich a one night stand turns out to be a lot more than that.