" " ေႂကြႀကိဳး မင္း ေအးေဆးေနပါကြာ''
မခ်ိတင္ကဲ ေလသံနဲ႔ Roy ရဲ႕စကားသံ တိုးတိုးက
ေႂကြ႔အတြက္ သိပ္အသံုးမဝင္လွ..
" ငါက အခု ဘာလုပ္ေနလို႔လဲ?''
ေႂကြ ကားေဘးနား ပလက္ေဖာင္းမွာ ထိုင္ရင္း
စကားဆိုေတာ့ Roy ကပါ ေဘးနားမွာ လာဝင္ထိုင္ေလသည္။
ကိုးမာန္ကေတာ့ အလုပ္ကိစၥေပၚလာတယ္ဟုဆိုကာ
ခ်က္ခ်င္း ျပန္သြားတာေၾကာင့္
Coffee ဆိုင္ေ႐ွ႕ တစ္ဖက္ျခမ္း ပလက္ေဖာင္းမွာ
Roy နဲ႔ ေႂကြ ႏွစ္ေယာက္တည္းသာ.....
" ငါ့ကိစၥကို စိတ္ထဲထားမေနနဲ႔ ေႂကြႀကိဳး''
" စိတ္ထဲမထားေစခ်င္ရင္ မ်က္စိေ႐ွ႕ေရာက္မလာနဲ႔ေလ..
ကိုးမာန္က မင္းကို တအားစိတ္ပူေနေတာ့... ငါဝင္မပါလို႔မွ
မျဖစ္ေတာ့တာ...''
Roy ဒဏ္ရာေတြကို tissue နဲ႔ပြတ္သပ္ေနရင္းက ျပံဳး
လိုက္မိသည္။
ေႂကြႀကိဳး.... ဒီေကာင္ သဝန္တိုေနတာပဲ....
" ငါက မင္းရဲ႕ ကိုးမာန္ကို စိတ္မဝင္စားပါဘူးကြာ..
အဲ့ေလာက္တို မေနပါနဲ႔ ''
" သိတယ္ေလ.. ဒါေပမယ့္ ငါမွ မႀကိဳက္တာ...''
ဟင္း....
Roy တိုးတိုးေလး သက္ျပင္းခ်လိုက္မိသည္။
ေႂကြႀကိဳး က တကယ့္ ကေလးလိုပါပဲ...
" ေအးပါ... ငါ ဆင္ျခင္ပါ့မယ္ ဒါေပမယ့္....
ငါနဲ႔ ဂုဏ္ေရာင္နဲ႔ ကိစၥကိုေတာ့ မင္းၾကားမဝင္ပါနဲ႔
ေႂကြႀကိဳး... ''
ေႂကြ ဘာမွ ျပန္မေျပာေသးပဲ Roy မ်က္ႏွာကို
တစ္ခ်က္ၾကည့္လိုက္ၿပီး...
" ေလးနက္တယ္ေနာ္...''
" ဘာကိုလဲ?''
" မင္းအခ်စ္ကိုေျပာတာ... မင္းနဲ႔ေတာင္ မလိုက္ဖက္ဘူး''
" ငါနဲ႔ မလိုက္ဖက္ဘူးေျပာရေအာင္.... မင္းက ငါ့အေၾကာင္း သိလို႔လား ေႂကြႀကိဳး''
Roy ေျပာဆိုရင္း ေႂကြ လက္ေမာင္းကို ပုတ္မိေတာ့
ေႂကြက သေဘာမက်ဟန္ ခပ္ေစာင္းေစာင္းေလး
တစ္ခ်က္ၾကည့္ၿပီး.....
" ရင္းႏွီးသလိုလာလုပ္မေနနဲ႔... ငါမင္းနဲ႔ မခင္ခ်င္ဘူး''
" ဘာလို႔မခင္ခ်င္တာလဲ?''
" ဘဝထဲကို လူတစ္ေယာက္ ေခၚသြင္းရတာ အလြယ္ဆံုး
အလုပ္ဆိုေပမယ့္..... အဲ့လူကို နားလည္ဖို႔က အပင္ပန္းဆံုးပဲ... ငါက လူေတြကို နားလည္မေပးခ်င္ဘူး..''
Roy က ခပ္ေပါ့ေပါ့ေလး တစ္ခ်က္ျပံဳးလိုက္ၿပီး...
" အင္း... ဒါဆိုလည္း မရင္းႏွီးၾကတဲ့ သူေတြ အတိုင္း
တစ္ေယာက္ ကိစၥတစ္ေယာက္ မသိခ်င္ေယာင္ေဆာင္
ၿပီးေနၾကတာေပါ့....''
Roy တကယ္လည္း မသိခ်င္ေယာင္ ေဆာင္ေနခ်င္ေသာ
အေၾကာင္းေတြက ႐ွိေနတာေၾကာင့္..
Roy အဓိပၸါယ္ ပါပါေျပာလိုက္တာ.....
ေႂကြႀကိဳးကေတာ့ သိဟန္မေပၚ..
" အင္း အဲ့လိုပဲ ေနတာေပါ့ ဒါဆို ငါသြားၿပီ ''
ေႂကြ ေျပာၿပီး ထိုေနရာကေန ထထြက္လာခဲ့သည္။
ခပ္လွမ္းလွမ္းထိေလွ်ာက္လာၿပီးမွ... ေႂကြ ေနာက္ကို
ျပန္လွည့္ၾကည့္လိုက္ေတာ့....
ခုနကနဲ႔ မတူ...
ေခါင္းငိုက္စိုက္ က်ေနတဲ့ Roy ကိုေတြ႔လိုက္ရသည္။
ဒီေကာင္......ငိုေနတာမ်ားလား?
.
.
.
အင္းေလ.... ငိုေတာ့လည္းငိုေပါ့....
မင္းကို သနားလို႔ ဆိုၿပီး ငါလိုက္ငို လို႔ရတာမွ မဟုတ္ပဲ....
ေႂကြ တစ္ခ်က္ၾကည့္ၿပီး ေက်ာခိုင္းထြက္လာခဲ့လိုက္သည္။
သို႔ေသာ္....
ေျခလွမ္းတိုင္းမွာ အေတြးေတြက တြယ္ၿငိလ်က္....
.
.
.
.
အခ်စ္က...... လူကို နာက်င္ေစတာလား.....
နာက်င္ရလို႔....အခ်စ္လို႔ေခၚတာလား......
ေႂကြ နားလည္ထားတဲ့ အခ်စ္ကေတာ့.... နာက်င္မႈ မပါခဲ့
ေႂကြ နားလည္ထားတဲ့ အခ်စ္က ႐ိုး႐ိုးေလး.....
ကိုးမာန္ကို ခ်စ္ေနတာလည္း အဲ့ အခ်စ္႐ိုး႐ိုးေလးနဲ႔ပါပဲ...
.
.
.
.
.
လူတစ္ေယာက္ကို ....
ခ်စ္တက္လာရင္ အသံေလးၾကားခ်င္လာတယ္...
အသံေလးၾကားေနရာကေန
ေတြ႕ခ်င္လာတယ္...
ေတြ႕ေနလာရင္းကေန...
ပိုင္ဆိုင္ခ်င္လာတယ္...
ပိုင္ဆိုင္ရျပန္ေတာ့လည္း
မခြဲခြာခ်င္ျပန္ဘူး...
တကယ္ေတာ့ အခ်စ္ဆိုတာ...
ေၾကာင့္ၾကမႈ အဆံုးမရွိတဲ႕
ေတာင့္တ ျခင္းတစ္မ်ိဳးပါပဲေလ....
.
.
.
ကြၽန္ေတာ္ကေတာ့ ေသခ်ာတယ္ ကိုးမာန္...
ကြၽန္ေတာ္ ခင္ဗ်ားကို.. သိပ္ခ်စ္တယ္....
~~~~~~~~~~~~~~~~~~~~
မနက္စာ စာဝိုင္းမွာ ေႂကြ တစ္ေယာက္တည္း....
အခုတေလာ...
Daddy တစ္ေယာက္ ဘာေတြ အလုပ္မ်ားေနမွန္းမသိ
ေႂကြနဲ႔ မနက္စာ အတူမစားျဖစ္တာေတာင္
အေတာ္ၾကာေနၿပီ....
Daddy တင္မဟုတ္....
ကိုးမာန္ လည္း အခုတေလာ အလုပ္မ်ားေနသည္ဟူေသာ
အေၾကာင္းျပခ်က္ႏွင့္... ေႂကြ နဲ႔မေတြ႔ျဖစ္တာ ရက္အနည္းငယ္ ၾကာေနေလၿပီ...
အထီးက်န္လို႔ အေဖာ္႐ွာပါတယ္ဆိုမွ.....
ကိုယ့္ထက္ အေရးႀကီးတဲ့ အရာေတြနဲ႔ျပည့္ေနတဲ့ သူေတြ
နဲ႔ခ်ည္း ေတြ႔ေနရတာ....
အထီးက်န္သူတို႔ရဲ႕ ဝဋ္နာကံနာ ျဖစ္ေနမလား...
ေႂကြ ေတြးေနရင္း မီးဖိုေခ်ာင္ထဲက ထြက္လာတဲ့ ေဒၚခ်ိဳ
ကို ေတြ႔လိုက္ရေလသည္။
"အင္း.... မ႐ွိ႐ွိတဲ့သူနဲ႔ စကားေလး ဘာေလး ေျပာေပးမွပါ....ေတာ္ၾကာ အ သြားမလား စိုးရိမ္ရတယ္..''
" သားေႂကြ..ဘာေျပာလိုက္တာလဲ?''
ေႂကြ တိုးတိုးေလး ေရ ရြတ္တာကို ေဒၚခ်ိဳ ၾကားသြားသည့္ပံုပင္..
" စကားမေျပာရတာ ၾကာလို႔ အ သြားမလား ထင္ရလို႔ ''
" သားေႂကြရယ္ မေျပာေကာင္းမဆိုေကာင္း.... သားေႂကြ
နဲ႔ စကားေျပာဖို႔ ေဒၚခ်ိဳတို႔႐ွိပါေသးတယ္..''
ေႂကြ ျပံဳးလိုက္မိသည္။
ေဒၚခ်ိဳဆိုတာ ဒီအိမ္မွာေနခဲ့တာ ေႂကြ႔ထက္ေတာင္
စီနီယာက်ေနတာ...
ႏႈတ္လံုၿပီး... သူ႔ေနရာနဲ႔သူ ေနထိုင္တက္တာေၾကာင့္
Daddy ဆိုလည္း ေဒၚခ်ိဳ႕ကို
အျပည့္အဝ လစာ ခံစားခြင့္ေတြ ေပးထားတာ...
ေႂကြ႔အတြက္လည္း.... အိမ္အကူ ဆိုတာထက္
တစ္ခါတစ္ေလ ေႏြးေထြးမႈ ေငြ႔ေငြ႔ေလး ေပးႏိုင္တဲ့
အမ်ိဳးသမီးႀကီးတစ္ေယာက္ပါေလ....
" သားေႂကြ... စားခ်င္တာ တစ္ခုခု မ႐ွိဘူးလား
ေဒၚခ်ိဳ ခ်က္ေပးမယ္ေလ''
" စားခ်င္တာက တစ္ခုမကဘူး အမ်ားႀကီး႐ွိတယ္...''
" အမ်ားႀကီးဆိုလည္း ေျပာေလ သားရဲ႕ ''
" မေျပာခ်င္ဘူး..... ခ်က္ခ်င္တာခ်က္ေပး ..''
ေႂကြဆိုတာ.... သူ႔စိတ္ကို ဖြင့္ဟဖို႔မေျပာနဲ႔....
သူစားခ်င္တဲ့ အစားအေသာက္ကိုေတာင္ ဖြင့္ဟဖို႔
ဝန္ေလးတက္တာ... ေဒၚခ်ိဳ ေကာင္းေကာင္းသိတာေပါ့..
" အခုတေလာ သားေႂကြကို ၾကည့္ရတာ...
ေပ်ာ္သလိုလို.... မေပ်ာ္သလိုလိုနဲ႔... ေဒၚခ်ိဳ တကယ္ပဲ မခန္႔မွန္းတက္ဘူး ''
" မခန္႔မွန္းနဲ႔ ေဒၚခ်ိဳ... ဆံပင္ေတြ ျဖဴလာလိမ့္မယ္
လႊတ္ထားလိုက္စမ္းပါ..''
#ကလင္ #ကလင္
ေဒၚခ်ိဳ တစ္ခုခု ေျပာဖို႔ ျပင္လိုက္ေပမယ့္ အိမ္ေ႐ွ႕ ဧည့္ခန္း
ကph ျမည္လာတာေၾကာင့္ ေဒၚခ်ိဳ မေျပာျဖစ္ပဲ ထြက္လာခဲ့လိုက္သည္။
ေႂကြကေတာ့ coffee ပန္းကန္ကို ေမႊေနရင္း စားပြဲေပၚ
လက္ေလးတင္ကာ ေမးေထာက္ကာ အေတြးနယ္ခ်ဲ့ေနမိတာ..
အေၾကာင္းကေတာ့..... ကိုးမာန္ အေၾကာင္း...
Ph ဆက္ေတာ့လည္း....
မအားေသးလို႔ ခဏေနျပန္ဆက္မယ္ ဆိုတာကို ယံုၿပီး
ေစာင့္ေနလိုက္တာ... ၄ရက္ေတာင္႐ွိၿပီ
Ph မေျပာနဲ႔ msg ေတာင္ မရ...
ကိုးမာန္... ဒီကေကာင္က
ခင္ဗ်ားကို ခ်စ္ေနမွန္းသိလို႔
ခင္ဗ်ား ပညာျပေနတာလား...
.
.
.
" သားေႂကြ.. ''
ေဒၚခ်ိဳ ေခၚသံေၾကာင့္ ေႂကြ ေမးေထာက္ေနရင္းကေန ေမာ့မၾကည့္ပဲ...
" အင္း...''
" ဟိုဘက္ျခံက သူေဌးကေတာ္က ေန႔လည္စာ စားဖို႔ လာခဲ့ပါတဲ့..''
ေႂကြ အေတြးေတြေရာ လႈပ္႐ွားမႈေတြပါ ခဏတာ တိခနဲ
ရပ္တန္႔သြားကာ ေတြေတြေလးျဖစ္သြားရသည္။
Mommy က ထမင္းစားဖို႔ ေခၚတာတဲ့??
အဲ့ဒါကလည္း..... ေႂကြ႔ကိုတဲ့ေလ....
~~~~~~~~~~~~~~~~~~~~~~
" လာေလ ေႂကြ ''
ထမင္းစားခန္းမွာ အသင့္ေစာင့္ေနေသာ mommy က
ေႂကြ႔ကိုေတြ႔တာနဲ႔ ထိုင္ခံုပါ ျပင္ေပးေနတာ...
ေႂကြ ဘာမွ ခြန္းတံု႔မျပန္ပဲ ထိုင္ခံုမွာ ဝင္ထိုင္လိုက္သည္။
စားပြဲဝိုင္းမွာလည္း ဟင္းေတြက အျပည့္.....
" ေႂကြ ဘာႀကိဳက္တက္လဲ mommy မသိေတာ့...
ေကာင္းမယ္ထင္တာေလးေတြ ခ်က္ထားလိုက္တယ္.. ''
" ဘာလို႔ ႐ုတ္တရက္ႀကီး ထမင္းအတူစားဖို႔ အေတြးရ
သြားတာလဲ mommy?''
ေႂကြ႔ပန္းကန္ထဲ ဟင္းထည့္ေပးဖို႔ လုပ္ေနတဲ့ mommy လက္ေတြ ရပ္တန္႔သြားၿပီး
" mommy က ေႂကြ နဲ႔ ထမင္းအတူစားခ်င္လာလို႔ေလ''
" ေအာ္....''
ေႂကြ ဇြန္းကို အသာကိုင္လိုက္ရင္း....
" စားဆိုေတာ့လည္း စားတာေပါ့..... ထမင္းအတူစားတာ
ေသခိုင္းတာမွမဟုတ္တာ...''
" ေႂကြ....mommy တို႔ အဲ့လိုမ်ိဳး ၾကမ္းတမ္းတဲ့
စကားေတြ မေျပာပဲ ေနၾကရေအာင္..''
ေႂကြ ဘာမွျပန္မေျပာပဲ အျပံဳးေဖ်ာ့ေဖ်ာ့ေလးနဲ႔ ထမင္း
ကို ပဲ စားေနလိုက္သည္။
Mommy ဘက္ကလည္း ဘာမွ ထပ္မေျပာပဲ
တိတ္ဆိတ္စြာ စားေနသလို....
ေႂကြလည္း စားေနရင္း စိတ္ထဲမွာ တစ္မ်ိဳးျဖစ္လာတာ..
တကယ္ေတာ့... ဝမ္းနည္းလာတာေနမွာ...
ေႂကြ မွတ္မိသေလာက္.... mommy နဲ႔ ထမင္းအတူစားတဲ့ အမွတ္တရမေျပာနဲ႔...
အတူ ၿငိမ္သက္စြာ ႐ွိေနခဲ့တဲ့ အခိုက္တန္႔ေတာင္
ခပ္႐ွား႐ွား....
Mommy ဂုဏ္ေရာင္ကို ဂ႐ုစိုက္တာကို ျမင္တိုင္း...
ဂုဏ္ေရာင့္အေပၚ ေႏြးေထြးေနတာကို ျမင္တိုင္း....
ေႂကြ တိတ္တိတ္ေလး အားက်ေနခဲ့မိတာ.....
ေႂကြ ဝန္မခံခ်င္ေသာ အမွန္တရားမ်ားထဲက တစ္ခု....
" mommy တို႔ မၾကာခဏ အခုလိုမ်ိဳး
ေတြ႔ၾကရေအာင္လား ေႂကြ...''
ေဒါက္..
Mommy ရဲ႕စကားအဆံုးမွာ ေႂကြ႔ရဲ႕ ဇြန္း ခ်သံက
တစ္ဆက္တည္း ထြက္လာေလသည္။
ပါးစပ္ကို tissue နဲ႔ ခပ္ၾကမ္းၾကမ္းသုတ္ရင္း...
" ေလာဘသိပ္မႀကီးပါနဲ႔ mommy....
ျဖစ္ႏိုင္တာကိုပဲ ေမွ်ာ္လင့္ၿပီး ေနသြားၾကတာ အသင့္ေတာ္
ဆံုး နည္းလမ္းပါပဲ.... ထမင္းက ေတာ္ေတာ္ေလး အရသာ႐ွိပါတယ္ mommy''
ေႂကြ ေျပာၿပီး ထြက္လာခဲ့ေပမယ့္...
အေနာက္ကေန လွမ္းေျပာတဲ့ mommy
စကားေတြေၾကာင့္ ေျခလွမ္းေတြ ရပ္သြားရျပန္သည္။
" mommy မွားခဲ့တာေတြ အတြက္ ျပင္ဆင္ဖို႔
အခြင့္ေရးမ႐ွိေတာ့ဘူးလား ေႂကြ...? Mommy ကို
အခြင့္ေရး မေပးႏိုင္ေတာ့ဘူးလား?''
" အမွားတိုင္းသာ ျပင္ဆင္ခြင့္႐ွိမယ္ဆို....
ေလာကႀကီးက ေတာ္ေတာ္ေလး ၿငိမ္းခ်မ္းမွာပဲ
Mommy.... ဒါေပမယ့္ အဲ့ေလာက္မလြယ္ဘူးဆိုတာ
သိတယ္မလား..''
" သိတယ္..... mommy နားလည္တယ္...
လုပ္ရပ္တိုင္းက မွန္တစ္ခ်ပ္လို ကိုယ္လုပ္တာမွန္သမွ်
ျပန္ျမင္လာရတာ... mommy လုပ္ခဲ့သမွ်
မွားခဲ့ရင္ တစ္ခုခု ျပန္လုပ္ေပးခ်င္တာ
ေႂကြလည္း နားလည္ႏိုင္မွာပါ...''
" နားမလည္ပါဘူး mommy.....
ကြၽန္ေတာ္ ပိုင္ဆိုင္ခဲ့တဲ့ မွန္က ျပဒါးသုတ္မထားလို႔
ကိုယ့္ကိုယ္ကိုယ္ ျပန္မျမင္ရဘူး mommy...
ကြၽန္ေတာ္က မွန္တစ္ဖက္ျခမ္းကိုပဲ ေငးေနရတာ
အဲ့တာနဲ႔တင္ ေနသားက်ေနၿပီ.....''
ေႂကြ ေျပာၿပီးတာနဲ႔ ဟန္မပ်က္ ျခံအျပင္ ထြက္လာေပမယ့္
ရင္ထဲမွာ တကယ္ေနလို႔မေကာင္း....
အရင္က သူႏိုင္ ကိုယ္ႏိုင္ ေျပာဆိုေနခဲ့တုန္းက လည္း
မနာက်င္ခဲ့တာမဟုတ္ေပမယိ့....
အခု mommy ရဲ႕ အေလွ်ာ့ေပးမႈေတြအေပၚ အႏိုင္ပိုင္း
ရတဲ့အခါ..... ေႂကြ႔စိတ္ေတြ ေပါ့ပါးမေနပဲ ေလးလံေနရတာ....
နာတာတင္မဟုတ္.... ဝမ္းနည္းမႈပါ ခံစားေနရတာ
ဆိုးလိုက္တဲ့ ခံစားခ်က္....
ေႂကြ ျခံႏွစ္ခုရဲ႕ အလယ္က အုတ္နံရံေလးမွာ မွီရင္း
ခဏ ၿငိမ္ေနလိုက္သည္။
ေႂကြ အိမ္ကိုလည္း ခ်က္ခ်င္းျပန္မဝင္ခ်င္ေသး....
ဘယ္သြားလို႔ သြားရမွန္းမသိပဲ
အေတြးေတြ နဲ႔ ႐ႈပ္ေနတုန္း....
ေႂကြ ေတြးမိလိုက္တဲ့ ထြက္ေပါက္က...
ကိုးမာန္...
ဟုတ္တယ္....
ကိုးမာန္ သာဆို ေႂကြ ခံစားခ်က္ေတြကို သက္သာေအာင္ လုပ္ေပးႏိုင္မွာ...
ေႂကြယံုတယ္
ကိုးမာန္က ေႂကြ႔ စိတ္ကို ေအးခ်မ္းေစမွာ...
ေႂကြ စိတ္ကူးအတိုင္း ေဘာင္းဘီ အိတ္ထဲက ph ကို
ထုတ္ၿပီးကိုးမာန္ဆီ ခ်က္ခ်င္းေခၚလိုက္ေပမယ့္
.
.
.
Ph က ေျဖၾကားမယ့္သူမ႐ွိ....
ေႂကြ စိတ္ထဲ ထင့္သြားေပမယ့္.....
ကိုယ္စိတ္ကိုယ္ ယံုၾကည္မႈ ထပ္ေမြးကာ...
ေႂကြ ဆက္တိုက္ ဆက္ေခၚေနမိတာ...
.
.
တစ္ႀကိမ္..
.
ႏွစ္ႀကိမ္
.
သံုးႀကိမ္
.
.
ငါးႀကိမ္ ေျမာက္ ph ေခၚအၿပီးမွာ ေႂကြ မယံု ႏိုင္စြာ
Ph screen ကို မ်က္လံုးေလး ပုတ္ခတ္ ပုတ္ခတ္
လုပ္ၿပီး ၾကည့္ေနမိတာ.....
Ph ကို တမင္ မကိုင္ပဲ ခ်ပစ္လိုက္တာ..
ေႂကြ ခပ္ေသာ့ေသာ့ေလး တစ္ခ်က္ရယ္လိုက္မိသည္။
ကိုုးမာန္ မွားႏွိပ္မိတာ ျဖစ္မွာပါေလ.....
ျပန္ဆက္လာမွာပါ...
ဘယ္ေလာက္ပဲ အလုပ္မ်ားမ်ား ေႂကြ႔ ph ကိုေတာ့
ေသခ်ာေပါက္ ျပန္ဆက္လာမွာပါ.....
ေႂကြ ph ကို က်စ္က်စ္ပါေအာင္ ကိုင္ရင္း လမ္းမဘက္ကို
ေငးေနလိုက္မိသည္။
.
.
.
တြယ္တာမႈ ဆိုတာ သိပ္ေၾကာက္ဖို႔ေကာင္းပါတယ္.....
အဆူးစူးတာကမွ ထုတ္ဖို႔ လြယ္လိမ့္မယ္.....
တြယ္တာမႈ ႏြယ္လာရင္ ခံစားခ်က္က
အနာ ျပည္လိုက္ေနသလို...
တစ္ဆစ္ဆစ္နဲ႔.....
~~~~~~~~~~~~~~~~~~~~~~~~
ေႂကြ ေလးလံတဲ့ ေျခလွမ္းေတြနဲ႔ အိမ္ထဲ ဝင္လာေတာ့
ေႂကြ႔ကို ေစာင့္ေနပံုရတဲ့ Daddy ကို ေတြ႔လိုက္ရသည္။
စိတိအေျခေနက သိပ္မေကာင္းတာေၾကာင့္ Daddy နဲ႔
ထိပ္တိုက္မေတြ႔ခ်င္..
သို႔ေသာ္.....
" သား mommy က ထမင္းစားေခၚတာဆို?
ေကာင္းေကာင္းစားခဲ့တယ္မလား သား?''
" အင္း..''
ေႂကြ အေျဖက တံုးတိတိ..
" ေကာင္းတယ္... သိပ္ေကာင္းတယ္....
မိသားစုဆိုတာ ဒါပဲ.... ေႂကြ႔အတြက္ မိသားစုက
အေရးပါဆံုး ဆိုတာ ေႂကြ နားလည္လာလိမ့္မယ္လို႔ Daddy ေမွ်ာ္လင့္တယ္...''
လာျပန္ၿပီ...
ဒီ မိသားစုဆိုတဲ့ စကား...
Daddy ေရာ mommy ေရာ အခုမွ ဘာျဖစ္ေနၾကတာလဲ.....
ဘာျဖစ္ခ်င္ေနၾကတာလဲ....
" ေႂကြ႔ ရဲ႕ ဘဝမွာ မိသားစုဆိုတာ ဘာနဲ႔ မွယွဥ္မရမွန္း
ေႂကြ နားလည္လာမွာပါ...''
.
.
" အခ်ိန္မွီေသးတယ္ ထင္တာလား Daddy...?''
" huh?''
" မိသားစု..... အဲ့ မိသားစု ဆိုတာႀကီး ဖန္တီးဖို႔
အခ်ိန္မွီေသးတယ္ ထင္ေနတာလားလို႔ ေမးေနတာ....
အရမ္းေနာက္က် ေနတာကို မသိတာလား...
မသိခ်င္ေယာင္ေဆာင္ေနၾကတာလား.....
Mommy ေရာ Daddy ေရာ အခုမွ လာၿပီး
ဘာေတြ ျဖစ္ေနၾကတာလဲ...!! မလိုပါဘူးဆိုမွ
ဒီ ေမတၱာ တရားကိုပဲ ေဖာေဖာသီသီ လာေပးေနၾကတယ္
"
" ဒါ ေႂကြ႔အတြက္ပဲေလ ေႂကြ... ေႂကြ႔ကို Daddy
တို႔ေလာက္ ဘယ္သူမွ ခ်စ္ေပးႏိုင္မွာ မဟုတ္တာကို
သိေစခ်င္တာ... ေႂကြ႔ကို နားလည္ေစခ်င္တာ...
သူစိမ္းဆိုတာ ဘယ္ေလာက္ပဲ ေကာင္းေကာင္း....
ကိုယ္ဟာ အဲ့သူအတြက္ ဦးစားေပးျဖစ္ခြင့္မ႐ွိတာ...
ေႂကြ႔ကို သိေစခ်င္တာ.....''
" သူက အဲ့လိုလူမ်ိဳး မဟုတ္ဘူး Daddy...''
" ေသခ်ာလို႔လား ေႂကြ? !''
ေႂကြ႔ မ်က္လံုးကို ေစ့ေစ့ၾကည့္ၿပီး ေမးလာတဲ့
Daddy ရဲ႕ေမးခြန္း....
ထူးဆန္းလိုက္တာ...
Daddy မ်က္လံုးေတြက ေႂကြ႔ရဲ႕ မေရရာမႈေတြကို
အေသခ်ာ သိေနသညိ့အလား....
ဘာကို သိေနတာလဲ....
" Daddy က အမ်ားႀကီး ျဖတ္သန္းနာက်င္ခဲ့ၿပီးသား
ေႂကြ႔ကိုေတာ႔....မနာက်င္ေစခ်င္ဘူး ဆိုတာယံု ''
ေႂကြ ဘာမွ ျပန္မေျပာပဲ အေပၚထပ္ အျမန္တက္ အခန္းတံခါး ေလာ့ခ္ ခ်လိုက္ၿပီး နံရံကို မွီကာ ထိုင္လိုက္မိသည္။
Daddy က ဘာကို ေသခ်ာေနတာလဲ....
Daddy က ကိုးမာန္အေၾကာင္းသိေနတာလား...
သိေနရင္ေတာင္..... ဘာကို ေသခ်ာေနတာလဲ
ဘာမွန္းမသိတဲ့ ေသခ်ာမႈ တစ္ခုကို Daddy မ်က္ဝနိး
ေတြထဲမွာ ေတြ႔ၿပီး ေႂကြ စိတ္ေတြ ႐ႈပ္သြားရတာ....
ဟင့္အင္း....
မျဖစ္ဘူး...
ကိုးမာန္နဲ႔ စကားေျပာရမွကို ျဖစ္မွာ...
ေႂကြ ph ထပ္ေခၚလိုက္မိသည္။
ဒီတစ္ခါေတာ့ ကံေကာင္း ေထာက္မစြာ ph call
ေလးက ဝင္သြားေလသည္။
တစ္ဖကိက ph ကိုင္တာနဲ႔..
" ကြၽန္ေတာ္.. ကြၽန္ေတာ္ အခု စိတ္ေတြ
အရမ္း႐ႈပ္ေနတယ္. ခင္ဗ်ား ကြၽန္ေတာ္နဲ႔ စကားေျပာေပး
မွ ျဖစ္....''
" ကိုယ္အခု အရမ္း အလုပ္မ်ားေနလို႔.... ေနာက္မွ ph
ဆက္ေပးမယ္ေနာ္ ႀကိဳးေလး....''
ေႂကြ စကားေတာင္ ဆံုးေအာင္မေျပာရပဲ ျဖတ္ထြက္လာတဲ့
ကိုးမာန္ ရဲ႕စကား....
ေႂကြ စကၠန္႔ပိုင္းေလာက္ ၿငိမ္သက္သြားရသည္။
ကိုးမာန္က ေႂကြ႔အတြက္ မအားဘူးတဲ့လား....
အေ႐ွ႕က ေႂကြ ေျပာတာေတြလည္း ကိုးမာန္ ၾကားပံုမရ..
" hello? ႀကိဳးေလး...''
" အင္း.... ph မွားေခၚမိတာ... sorry..''
ေႂကြ ဘက္ကပဲ အရင္စေခၚၿပီး အရင္ အဆံုးသတ္လိုက္ရတဲ့ ph call ေလးတစ္ခု....
ေႂကြ ph ကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး..
မခ်ိတင္ကဲ ေရရြတ္လိုက္မိတာ....
.
.
.
.
.
ငါ့ အတြက္ ဘယ္သူမွကို မ႐ွိခဲ့ဘူးပဲ...။
~~~~~~~~~~~~~~~~~~~~~~~~~
tbc..
Thanks for lovely my creations.
I'll try more than more to best
Thanks you
4.2.2019
11:54 P.M
N.S.P
Notice#
အပိုင္းက႐ွည္မွာဆိုေတာ့ ဇာတ္ကေလး ဆြဲသလို ျဖစ္ေနတယ္...
ဒါေပမယိ့လည္း စိတ္မပ်က္ေစရဘူးေနာ္ဗ်
ကတိေပးတယ္..
Thanks you
" " ကြွေကြိုး မင်း အေးဆေးနေပါကွာ''
မချိတင်ကဲ လေသံနဲ့ Roy ရဲ့စကားသံ တိုးတိုးက
ကြွေ့အတွက် သိပ်အသုံးမဝင်လှ..
" ငါက အခု ဘာလုပ်နေလို့လဲ?''
ကြွေ ကားဘေးနား ပလက်ဖောင်းမှာ ထိုင်ရင်း
စကားဆိုတော့ Roy ကပါ ဘေးနားမှာ လာဝင်ထိုင်လေသည်။
ကိုးမာန်ကတော့ အလုပ်ကိစ္စပေါ်လာတယ်ဟုဆိုကာ
ချက်ချင်း ပြန်သွားတာကြောင့်
Coffee ဆိုင်ရှေ့ တစ်ဖက်ခြမ်း ပလက်ဖောင်းမှာ
Roy နဲ့ ကြွေ နှစ်ယောက်တည်းသာ.....
" ငါ့ကိစ္စကို စိတ်ထဲထားမနေနဲ့ ကြွေကြိုး''
" စိတ်ထဲမထားစေချင်ရင် မျက်စိရှေ့ရောက်မလာနဲ့လေ..
ကိုးမာန်က မင်းကို တအားစိတ်ပူနေတော့... ငါဝင်မပါလို့မှ
မဖြစ်တော့တာ...''
Roy ဒဏ်ရာတွေကို tissue နဲ့ပွတ်သပ်နေရင်းက ပြုံး
လိုက်မိသည်။
ကြွေကြိုး.... ဒီကောင် သဝန်တိုနေတာပဲ....
" ငါက မင်းရဲ့ ကိုးမာန်ကို စိတ်မဝင်စားပါဘူးကွာ..
အဲ့လောက်တို မနေပါနဲ့ ''
" သိတယ်လေ.. ဒါပေမယ့် ငါမှ မကြိုက်တာ...''
ဟင်း....
Roy တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။
ကြွေကြိုး က တကယ့် ကလေးလိုပါပဲ...
" အေးပါ... ငါ ဆင်ခြင်ပါ့မယ် ဒါပေမယ့်....
ငါနဲ့ ဂုဏ်ရောင်နဲ့ ကိစ္စကိုတော့ မင်းကြားမဝင်ပါနဲ့
ကြွေကြိုး... ''
ကြွေ ဘာမှ ပြန်မပြောသေးပဲ Roy မျက်နှာကို
တစ်ချက်ကြည့်လိုက်ပြီး...
" လေးနက်တယ်နော်...''
" ဘာကိုလဲ?''
" မင်းအချစ်ကိုပြောတာ... မင်းနဲ့တောင် မလိုက်ဖက်ဘူး''
" ငါနဲ့ မလိုက်ဖက်ဘူးပြောရအောင်.... မင်းက ငါ့အကြောင်း သိလို့လား ကြွေကြိုး''
Roy ပြောဆိုရင်း ကြွေ လက်မောင်းကို ပုတ်မိတော့
ကြွေက သဘောမကျဟန် ခပ်စောင်းစောင်းလေး
တစ်ချက်ကြည့်ပြီး.....
" ရင်းနှီးသလိုလာလုပ်မနေနဲ့... ငါမင်းနဲ့ မခင်ချင်ဘူး''
" ဘာလို့မခင်ချင်တာလဲ?''
" ဘဝထဲကို လူတစ်ယောက် ခေါ်သွင်းရတာ အလွယ်ဆုံး
အလုပ်ဆိုပေမယ့်..... အဲ့လူကို နားလည်ဖို့က အပင်ပန်းဆုံးပဲ... ငါက လူတွေကို နားလည်မပေးချင်ဘူး..''
Roy က ခပ်ပေါ့ပေါ့လေး တစ်ချက်ပြုံးလိုက်ပြီး...
" အင်း... ဒါဆိုလည်း မရင်းနှီးကြတဲ့ သူတွေ အတိုင်း
တစ်ယောက် ကိစ္စတစ်ယောက် မသိချင်ယောင်ဆောင်
ပြီးနေကြတာပေါ့....''
Roy တကယ်လည်း မသိချင်ယောင် ဆောင်နေချင်သော
အကြောင်းတွေက ရှိနေတာကြောင့်..
Roy အဓိပ္ပါယ် ပါပါပြောလိုက်တာ.....
ကြွေကြိုးကတော့ သိဟန်မပေါ်..
" အင်း အဲ့လိုပဲ နေတာပေါ့ ဒါဆို ငါသွားပြီ ''
ကြွေ ပြောပြီး ထိုနေရာကနေ ထထွက်လာခဲ့သည်။
ခပ်လှမ်းလှမ်းထိလျှောက်လာပြီးမှ... ကြွေ နောက်ကို
ပြန်လှည့်ကြည့်လိုက်တော့....
ခုနကနဲ့ မတူ...
ခေါင်းငိုက်စိုက် ကျနေတဲ့ Roy ကိုတွေ့လိုက်ရသည်။
ဒီကောင်......ငိုနေတာများလား?
.
.
.
အင်းလေ.... ငိုတော့လည်းငိုပေါ့....
မင်းကို သနားလို့ ဆိုပြီး ငါလိုက်ငို လို့ရတာမှ မဟုတ်ပဲ....
ကြွေ တစ်ချက်ကြည့်ပြီး ကျောခိုင်းထွက်လာခဲ့လိုက်သည်။
သို့သော်....
ခြေလှမ်းတိုင်းမှာ အတွေးတွေက တွယ်ငြိလျက်....
.
.
.
.
အချစ်က...... လူကို နာကျင်စေတာလား.....
နာကျင်ရလို့....အချစ်လို့ခေါ်တာလား......
ကြွေ နားလည်ထားတဲ့ အချစ်ကတော့.... နာကျင်မှု မပါခဲ့
ကြွေ နားလည်ထားတဲ့ အချစ်က ရိုးရိုးလေး.....
ကိုးမာန်ကို ချစ်နေတာလည်း အဲ့ အချစ်ရိုးရိုးလေးနဲ့ပါပဲ...
.
.
.
.
.
လူတစ်ယောက်ကို ....
ချစ်တက်လာရင် အသံလေးကြားချင်လာတယ်...
အသံလေးကြားနေရာကနေ
တွေ့ချင်လာတယ်...
တွေ့နေလာရင်းကနေ...
ပိုင်ဆိုင်ချင်လာတယ်...
ပိုင်ဆိုင်ရပြန်တော့လည်း
မခွဲခွာချင်ပြန်ဘူး...
တကယ်တော့ အချစ်ဆိုတာ...
ကြောင့်ကြမှု အဆုံးမရှိတဲ့
တောင့်တ ခြင်းတစ်မျိုးပါပဲလေ....
.
.
.
ကျွန်တော်ကတော့ သေချာတယ် ကိုးမာန်...
ကျွန်တော် ခင်ဗျားကို.. သိပ်ချစ်တယ်....
~~~~~~~~~~~~~~~~~~~~
မနက်စာ စာဝိုင်းမှာ ကြွေ တစ်ယောက်တည်း....
အခုတလော...
Daddy တစ်ယောက် ဘာတွေ အလုပ်များနေမှန်းမသိ
ကြွေနဲ့ မနက်စာ အတူမစားဖြစ်တာတောင်
အတော်ကြာနေပြီ....
Daddy တင်မဟုတ်....
ကိုးမာန် လည်း အခုတလော အလုပ်များနေသည်ဟူသော
အကြောင်းပြချက်နှင့်... ကြွေ နဲ့မတွေ့ဖြစ်တာ ရက်အနည်းငယ် ကြာနေလေပြီ...
အထီးကျန်လို့ အဖော်ရှာပါတယ်ဆိုမှ.....
ကိုယ့်ထက် အရေးကြီးတဲ့ အရာတွေနဲ့ပြည့်နေတဲ့ သူတွေ
နဲ့ချည်း တွေ့နေရတာ....
အထီးကျန်သူတို့ရဲ့ ဝဋ်နာကံနာ ဖြစ်နေမလား...
ကြွေ တွေးနေရင်း မီးဖိုချောင်ထဲက ထွက်လာတဲ့ ဒေါ်ချို
ကို တွေ့လိုက်ရလေသည်။
"အင်း.... မရှိရှိတဲ့သူနဲ့ စကားလေး ဘာလေး ပြောပေးမှပါ....တော်ကြာ အ သွားမလား စိုးရိမ်ရတယ်..''
" သားကြွေ..ဘာပြောလိုက်တာလဲ?''
ကြွေ တိုးတိုးလေး ရေ ရွတ်တာကို ဒေါ်ချို ကြားသွားသည့်ပုံပင်..
" စကားမပြောရတာ ကြာလို့ အ သွားမလား ထင်ရလို့ ''
" သားကြွေရယ် မပြောကောင်းမဆိုကောင်း.... သားကြွေ
နဲ့ စကားပြောဖို့ ဒေါ်ချိုတို့ရှိပါသေးတယ်..''
ကြွေ ပြုံးလိုက်မိသည်။
ဒေါ်ချိုဆိုတာ ဒီအိမ်မှာနေခဲ့တာ ကြွေ့ထက်တောင်
စီနီယာကျနေတာ...
နှုတ်လုံပြီး... သူ့နေရာနဲ့သူ နေထိုင်တက်တာကြောင့်
Daddy ဆိုလည်း ဒေါ်ချို့ကို
အပြည့်အဝ လစာ ခံစားခွင့်တွေ ပေးထားတာ...
ကြွေ့အတွက်လည်း.... အိမ်အကူ ဆိုတာထက်
တစ်ခါတစ်လေ နွေးထွေးမှု ငွေ့ငွေ့လေး ပေးနိုင်တဲ့
အမျိုးသမီးကြီးတစ်ယောက်ပါလေ....
" သားကြွေ... စားချင်တာ တစ်ခုခု မရှိဘူးလား
ဒေါ်ချို ချက်ပေးမယ်လေ''
" စားချင်တာက တစ်ခုမကဘူး အများကြီးရှိတယ်...''
" အများကြီးဆိုလည်း ပြောလေ သားရဲ့ ''
" မပြောချင်ဘူး..... ချက်ချင်တာချက်ပေး ..''
ကြွေဆိုတာ.... သူ့စိတ်ကို ဖွင့်ဟဖို့မပြောနဲ့....
သူစားချင်တဲ့ အစားအသောက်ကိုတောင် ဖွင့်ဟဖို့
ဝန်လေးတက်တာ... ဒေါ်ချို ကောင်းကောင်းသိတာပေါ့..
" အခုတလော သားကြွေကို ကြည့်ရတာ...
ပျော်သလိုလို.... မပျော်သလိုလိုနဲ့... ဒေါ်ချို တကယ်ပဲ မခန့်မှန်းတက်ဘူး ''
" မခန့်မှန်းနဲ့ ဒေါ်ချို... ဆံပင်တွေ ဖြူလာလိမ့်မယ်
လွှတ်ထားလိုက်စမ်းပါ..''
#ကလင် #ကလင်
ဒေါ်ချို တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမယ့် အိမ်ရှေ့ ဧည့်ခန်း
ကph မြည်လာတာကြောင့် ဒေါ်ချို မပြောဖြစ်ပဲ ထွက်လာခဲ့လိုက်သည်။
ကြွေကတော့ coffee ပန်းကန်ကို မွှေနေရင်း စားပွဲပေါ်
လက်လေးတင်ကာ မေးထောက်ကာ အတွေးနယ်ချဲ့နေမိတာ..
အကြောင်းကတော့..... ကိုးမာန် အကြောင်း...
Ph ဆက်တော့လည်း....
မအားသေးလို့ ခဏနေပြန်ဆက်မယ် ဆိုတာကို ယုံပြီး
စောင့်နေလိုက်တာ... ၄ရက်တောင်ရှိပြီ
Ph မပြောနဲ့ msg တောင် မရ...
ကိုးမာန်... ဒီကကောင်က
ခင်ဗျားကို ချစ်နေမှန်းသိလို့
ခင်ဗျား ပညာပြနေတာလား...
.
.
.
" သားကြွေ.. ''
ဒေါ်ချို ခေါ်သံကြောင့် ကြွေ မေးထောက်နေရင်းကနေ မော့မကြည့်ပဲ...
" အင်း...''
" ဟိုဘက်ခြံက သူဌေးကတော်က နေ့လည်စာ စားဖို့ လာခဲ့ပါတဲ့..''
ကြွေ အတွေးတွေရော လှုပ်ရှားမှုတွေပါ ခဏတာ တိခနဲ
ရပ်တန့်သွားကာ တွေတွေလေးဖြစ်သွားရသည်။
Mommy က ထမင်းစားဖို့ ခေါ်တာတဲ့??
အဲ့ဒါကလည်း..... ကြွေ့ကိုတဲ့လေ....
~~~~~~~~~~~~~~~~~~~~~~
" လာလေ ကြွေ ''
ထမင်းစားခန်းမှာ အသင့်စောင့်နေသော mommy က
ကြွေ့ကိုတွေ့တာနဲ့ ထိုင်ခုံပါ ပြင်ပေးနေတာ...
ကြွေ ဘာမှ ခွန်းတုံ့မပြန်ပဲ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
စားပွဲဝိုင်းမှာလည်း ဟင်းတွေက အပြည့်.....
" ကြွေ ဘာကြိုက်တက်လဲ mommy မသိတော့...
ကောင်းမယ်ထင်တာလေးတွေ ချက်ထားလိုက်တယ်.. ''
" ဘာလို့ ရုတ်တရက်ကြီး ထမင်းအတူစားဖို့ အတွေးရ
သွားတာလဲ mommy?''
ကြွေ့ပန်းကန်ထဲ ဟင်းထည့်ပေးဖို့ လုပ်နေတဲ့ mommy လက်တွေ ရပ်တန့်သွားပြီး
" mommy က ကြွေ နဲ့ ထမင်းအတူစားချင်လာလို့လေ''
" အော်....''
ကြွေ ဇွန်းကို အသာကိုင်လိုက်ရင်း....
" စားဆိုတော့လည်း စားတာပေါ့..... ထမင်းအတူစားတာ
သေခိုင်းတာမှမဟုတ်တာ...''
" ကြွေ....mommy တို့ အဲ့လိုမျိုး ကြမ်းတမ်းတဲ့
စကားတွေ မပြောပဲ နေကြရအောင်..''
ကြွေ ဘာမှပြန်မပြောပဲ အပြုံးဖျော့ဖျော့လေးနဲ့ ထမင်း
ကို ပဲ စားနေလိုက်သည်။
Mommy ဘက်ကလည်း ဘာမှ ထပ်မပြောပဲ
တိတ်ဆိတ်စွာ စားနေသလို....
ကြွေလည်း စားနေရင်း စိတ်ထဲမှာ တစ်မျိုးဖြစ်လာတာ..
တကယ်တော့... ဝမ်းနည်းလာတာနေမှာ...
ကြွေ မှတ်မိသလောက်.... mommy နဲ့ ထမင်းအတူစားတဲ့ အမှတ်တရမပြောနဲ့...
အတူ ငြိမ်သက်စွာ ရှိနေခဲ့တဲ့ အခိုက်တန့်တောင်
ခပ်ရှားရှား....
Mommy ဂုဏ်ရောင်ကို ဂရုစိုက်တာကို မြင်တိုင်း...
ဂုဏ်ရောင့်အပေါ် နွေးထွေးနေတာကို မြင်တိုင်း....
ကြွေ တိတ်တိတ်လေး အားကျနေခဲ့မိတာ.....
ကြွေ ဝန်မခံချင်သော အမှန်တရားများထဲက တစ်ခု....
" mommy တို့ မကြာခဏ အခုလိုမျိုး
တွေ့ကြရအောင်လား ကြွေ...''
ဒေါက်..
Mommy ရဲ့စကားအဆုံးမှာ ကြွေ့ရဲ့ ဇွန်း ချသံက
တစ်ဆက်တည်း ထွက်လာလေသည်။
ပါးစပ်ကို tissue နဲ့ ခပ်ကြမ်းကြမ်းသုတ်ရင်း...
" လောဘသိပ်မကြီးပါနဲ့ mommy....
ဖြစ်နိုင်တာကိုပဲ မျှော်လင့်ပြီး နေသွားကြတာ အသင့်တော်
ဆုံး နည်းလမ်းပါပဲ.... ထမင်းက တော်တော်လေး အရသာရှိပါတယ် mommy''
ကြွေ ပြောပြီး ထွက်လာခဲ့ပေမယ့်...
အနောက်ကနေ လှမ်းပြောတဲ့ mommy
စကားတွေကြောင့် ခြေလှမ်းတွေ ရပ်သွားရပြန်သည်။
" mommy မှားခဲ့တာတွေ အတွက် ပြင်ဆင်ဖို့
အခွင့်ရေးမရှိတော့ဘူးလား ကြွေ...? Mommy ကို
အခွင့်ရေး မပေးနိုင်တော့ဘူးလား?''
" အမှားတိုင်းသာ ပြင်ဆင်ခွင့်ရှိမယ်ဆို....
လောကကြီးက တော်တော်လေး ငြိမ်းချမ်းမှာပဲ
Mommy.... ဒါပေမယ့် အဲ့လောက်မလွယ်ဘူးဆိုတာ
သိတယ်မလား..''
" သိတယ်..... mommy နားလည်တယ်...
လုပ်ရပ်တိုင်းက မှန်တစ်ချပ်လို ကိုယ်လုပ်တာမှန်သမျှ
ပြန်မြင်လာရတာ... mommy လုပ်ခဲ့သမျှ
မှားခဲ့ရင် တစ်ခုခု ပြန်လုပ်ပေးချင်တာ
ကြွေလည်း နားလည်နိုင်မှာပါ...''
" နားမလည်ပါဘူး mommy.....
ကျွန်တော် ပိုင်ဆိုင်ခဲ့တဲ့ မှန်က ပြဒါးသုတ်မထားလို့
ကိုယ့်ကိုယ်ကိုယ် ပြန်မမြင်ရဘူး mommy...
ကျွန်တော်က မှန်တစ်ဖက်ခြမ်းကိုပဲ ငေးနေရတာ
အဲ့တာနဲ့တင် နေသားကျနေပြီ.....''
ကြွေ ပြောပြီးတာနဲ့ ဟန်မပျက် ခြံအပြင် ထွက်လာပေမယ့်
ရင်ထဲမှာ တကယ်နေလို့မကောင်း....
အရင်က သူနိုင် ကိုယ်နိုင် ပြောဆိုနေခဲ့တုန်းက လည်း
မနာကျင်ခဲ့တာမဟုတ်ပေမယိ့....
အခု mommy ရဲ့ အလျှော့ပေးမှုတွေအပေါ် အနိုင်ပိုင်း
ရတဲ့အခါ..... ကြွေ့စိတ်တွေ ပေါ့ပါးမနေပဲ လေးလံနေရတာ....
နာတာတင်မဟုတ်.... ဝမ်းနည်းမှုပါ ခံစားနေရတာ
ဆိုးလိုက်တဲ့ ခံစားချက်....
ကြွေ ခြံနှစ်ခုရဲ့ အလယ်က အုတ်နံရံလေးမှာ မှီရင်း
ခဏ ငြိမ်နေလိုက်သည်။
ကြွေ အိမ်ကိုလည်း ချက်ချင်းပြန်မဝင်ချင်သေး....
ဘယ်သွားလို့ သွားရမှန်းမသိပဲ
အတွေးတွေ နဲ့ ရှုပ်နေတုန်း....
ကြွေ တွေးမိလိုက်တဲ့ ထွက်ပေါက်က...
ကိုးမာန်...
ဟုတ်တယ်....
ကိုးမာန် သာဆို ကြွေ ခံစားချက်တွေကို သက်သာအောင် လုပ်ပေးနိုင်မှာ...
ကြွေယုံတယ်
ကိုးမာန်က ကြွေ့ စိတ်ကို အေးချမ်းစေမှာ...
ကြွေ စိတ်ကူးအတိုင်း ဘောင်းဘီ အိတ်ထဲက ph ကို
ထုတ်ပြီးကိုးမာန်ဆီ ချက်ချင်းခေါ်လိုက်ပေမယ့်
.
.
.
Ph က ဖြေကြားမယ့်သူမရှိ....
ကြွေ စိတ်ထဲ ထင့်သွားပေမယ့်.....
ကိုယ်စိတ်ကိုယ် ယုံကြည်မှု ထပ်မွေးကာ...
ကြွေ ဆက်တိုက် ဆက်ခေါ်နေမိတာ...
.
.
တစ်ကြိမ်..
.
နှစ်ကြိမ်
.
သုံးကြိမ်
.
.
ငါးကြိမ် မြောက် ph ခေါ်အပြီးမှာ ကြွေ မယုံ နိုင်စွာ
Ph screen ကို မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်
လုပ်ပြီး ကြည့်နေမိတာ.....
Ph ကို တမင် မကိုင်ပဲ ချပစ်လိုက်တာ..
ကြွေ ခပ်သော့သော့လေး တစ်ချက်ရယ်လိုက်မိသည်။
ကိုးမာန် မှားနှိပ်မိတာ ဖြစ်မှာပါလေ.....
ပြန်ဆက်လာမှာပါ...
ဘယ်လောက်ပဲ အလုပ်များများ ကြွေ့ ph ကိုတော့
သေချာပေါက် ပြန်ဆက်လာမှာပါ.....
ကြွေ ph ကို ကျစ်ကျစ်ပါအောင် ကိုင်ရင်း လမ်းမဘက်ကို
ငေးနေလိုက်မိသည်။
.
.
.
တွယ်တာမှု ဆိုတာ သိပ်ကြောက်ဖို့ကောင်းပါတယ်.....
အဆူးစူးတာကမှ ထုတ်ဖို့ လွယ်လိမ့်မယ်.....
တွယ်တာမှု နွယ်လာရင် ခံစားချက်က
အနာ ပြည်လိုက်နေသလို...
တစ်ဆစ်ဆစ်နဲ့.....
~~~~~~~~~~~~~~~~~~~~~~~~
ကြွေ လေးလံတဲ့ ခြေလှမ်းတွေနဲ့ အိမ်ထဲ ဝင်လာတော့
ကြွေ့ကို စောင့်နေပုံရတဲ့ Daddy ကို တွေ့လိုက်ရသည်။
စိတိအခြေနေက သိပ်မကောင်းတာကြောင့် Daddy နဲ့
ထိပ်တိုက်မတွေ့ချင်..
သို့သော်.....
" သား mommy က ထမင်းစားခေါ်တာဆို?
ကောင်းကောင်းစားခဲ့တယ်မလား သား?''
" အင်း..''
ကြွေ အဖြေက တုံးတိတိ..
" ကောင်းတယ်... သိပ်ကောင်းတယ်....
မိသားစုဆိုတာ ဒါပဲ.... ကြွေ့အတွက် မိသားစုက
အရေးပါဆုံး ဆိုတာ ကြွေ နားလည်လာလိမ့်မယ်လို့ Daddy မျှော်လင့်တယ်...''
လာပြန်ပြီ...
ဒီ မိသားစုဆိုတဲ့ စကား...
Daddy ရော mommy ရော အခုမှ ဘာဖြစ်နေကြတာလဲ.....
ဘာဖြစ်ချင်နေကြတာလဲ....
" ကြွေ့ ရဲ့ ဘဝမှာ မိသားစုဆိုတာ ဘာနဲ့ မှယှဉ်မရမှန်း
ကြွေ နားလည်လာမှာပါ...''
.
.
" အချိန်မှီသေးတယ် ထင်တာလား Daddy...?''
" huh?''
" မိသားစု..... အဲ့ မိသားစု ဆိုတာကြီး ဖန်တီးဖို့
အချိန်မှီသေးတယ် ထင်နေတာလားလို့ မေးနေတာ....
အရမ်းနောက်ကျ နေတာကို မသိတာလား...
မသိချင်ယောင်ဆောင်နေကြတာလား.....
Mommy ရော Daddy ရော အခုမှ လာပြီး
ဘာတွေ ဖြစ်နေကြတာလဲ...!! မလိုပါဘူးဆိုမှ
ဒီ မေတ္တာ တရားကိုပဲ ဖောဖောသီသီ လာပေးနေကြတယ်
"
" ဒါ ကြွေ့အတွက်ပဲလေ ကြွေ... ကြွေ့ကို Daddy
တို့လောက် ဘယ်သူမှ ချစ်ပေးနိုင်မှာ မဟုတ်တာကို
သိစေချင်တာ... ကြွေ့ကို နားလည်စေချင်တာ...
သူစိမ်းဆိုတာ ဘယ်လောက်ပဲ ကောင်းကောင်း....
ကိုယ်ဟာ အဲ့သူအတွက် ဦးစားပေးဖြစ်ခွင့်မရှိတာ...
ကြွေ့ကို သိစေချင်တာ.....''
" သူက အဲ့လိုလူမျိုး မဟုတ်ဘူး Daddy...''
" သေချာလို့လား ကြွေ? !''
ကြွေ့ မျက်လုံးကို စေ့စေ့ကြည့်ပြီး မေးလာတဲ့
Daddy ရဲ့မေးခွန်း....
ထူးဆန်းလိုက်တာ...
Daddy မျက်လုံးတွေက ကြွေ့ရဲ့ မရေရာမှုတွေကို
အသေချာ သိနေသညိ့အလား....
ဘာကို သိနေတာလဲ....
" Daddy က အများကြီး ဖြတ်သန်းနာကျင်ခဲ့ပြီးသား
ကြွေ့ကိုတော့....မနာကျင်စေချင်ဘူး ဆိုတာယုံ ''
ကြွေ ဘာမှ ပြန်မပြောပဲ အပေါ်ထပ် အမြန်တက် အခန်းတံခါး လော့ခ် ချလိုက်ပြီး နံရံကို မှီကာ ထိုင်လိုက်မိသည်။
Daddy က ဘာကို သေချာနေတာလဲ....
Daddy က ကိုးမာန်အကြောင်းသိနေတာလား...
သိနေရင်တောင်..... ဘာကို သေချာနေတာလဲ
ဘာမှန်းမသိတဲ့ သေချာမှု တစ်ခုကို Daddy မျက်ဝနိး
တွေထဲမှာ တွေ့ပြီး ကြွေ စိတ်တွေ ရှုပ်သွားရတာ....
ဟင့်အင်း....
မဖြစ်ဘူး...
ကိုးမာန်နဲ့ စကားပြောရမှကို ဖြစ်မှာ...
ကြွေ ph ထပ်ခေါ်လိုက်မိသည်။
ဒီတစ်ခါတော့ ကံကောင်း ထောက်မစွာ ph call
လေးက ဝင်သွားလေသည်။
တစ်ဖကိက ph ကိုင်တာနဲ့..
" ကျွန်တော်.. ကျွန်တော် အခု စိတ်တွေ
အရမ်းရှုပ်နေတယ်. ခင်ဗျား ကျွန်တော်နဲ့ စကားပြောပေး
မှ ဖြစ်....''
" ကိုယ်အခု အရမ်း အလုပ်များနေလို့.... နောက်မှ ph
ဆက်ပေးမယ်နော် ကြိုးလေး....''
ကြွေ စကားတောင် ဆုံးအောင်မပြောရပဲ ဖြတ်ထွက်လာတဲ့
ကိုးမာန် ရဲ့စကား....
ကြွေ စက္ကန့်ပိုင်းလောက် ငြိမ်သက်သွားရသည်။
ကိုးမာန်က ကြွေ့အတွက် မအားဘူးတဲ့လား....
အရှေ့က ကြွေ ပြောတာတွေလည်း ကိုးမာန် ကြားပုံမရ..
" hello? ကြိုးလေး...''
" အင်း.... ph မှားခေါ်မိတာ... sorry..''
ကြွေ ဘက်ကပဲ အရင်စခေါ်ပြီး အရင် အဆုံးသတ်လိုက်ရတဲ့ ph call လေးတစ်ခု....
ကြွေ ph ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး..
မချိတင်ကဲ ရေရွတ်လိုက်မိတာ....
.
.
.
.
.
ငါ့ အတွက် ဘယ်သူမှကို မရှိခဲ့ဘူးပဲ...။
~~~~~~~~~~~~~~~~~~~~~~~~~
tbc..
Thanks for lovely my creations.
I'll try more than more to best
Thanks you
4.2.2019
11:54 P.M
N.S.P
Notice#
အပိုင်းကရှည်မှာဆိုတော့ ဇာတ်ကလေး ဆွဲသလို ဖြစ်နေတယ်...
ဒါပေမယိ့လည်း စိတ်မပျက်စေရဘူးနော်ဗျ
ကတိပေးတယ်..
Thanks you