แ€กแ€†แ€ฏแ€ถแ€ธแ€™แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธ (Endless Lo...

Af reselda_

64.5K 3.3K 46

Singkrist....... ๐Ÿ’™๐Ÿ’™Sk๐Ÿ’™๐Ÿ’™ Peraya..........โคโคโค Mere

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First Kiss๐Ÿ’‹๐Ÿ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kiss๐Ÿ’‹)
Part-33(Mwah mwah๐Ÿ˜˜)
Part-34(Anniversary ๐Ÿ’–๐Ÿ’–)
Part-35(Love=Love)
Part-36
Part-37
Part-38๐Ÿ’œ๐Ÿ’œ
Part-39(๐Ÿ’™๐Ÿ’™)
Part-40(๐Ÿ’š๐Ÿ’š)
Part-41(๐Ÿ’›๐Ÿ’›)
Part-43(SWEET LOVE)
Part-44(๐Ÿ’ž๐Ÿ’ž๐Ÿ’ž)
Part-45(๐Ÿ’๐Ÿ’)
Part-46(๐Ÿ’•๐Ÿ’•)
Part-47(๐Ÿ’ž๐Ÿ’ž)
Part-48(๐Ÿ’Ÿ๐Ÿ’Ÿ)
Part-49(๐Ÿ’š๐Ÿ’š๐Ÿ’š)
Part-50(๐Ÿ’๐Ÿ’)
Part-51(๐Ÿ’–๐Ÿ’–)
Part-52(๐Ÿ’˜๐Ÿ’˜)
Part-53(End๐Ÿ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-42(๐Ÿ’–๐Ÿ’–)

658 42 2
Af reselda_

ညနေကျောင်းဆင်းတဲ့အချိန် ကျောင်းရှေ့မှာရပ်ထားတဲ့ကားအကောင်းစားကြီးကိုကျောမှီပြီးရပ်နေတဲ့ စမတ်ကျကျကောင်လးတစ်ယောက်ကြောင့် ကျောင်းကမိန်းကလေးတွေရဲ့အကြည့်က ထိုကောင်လေးဆီမှာသာရောက်နေကြသည်....

ကျောင်းထဲကနေ ခေါင်းငိုက်စိုက်ကျကာ ထွက်လာတဲ့ ကျောင်းဝတ်စုံအပြည့်နဲ့ ကောင်လေးတယောက်ထွက်လာတာကိုမြင်တဲ့အချိန် တစုံတယောက်ရဲ့နှုတ်ခမ်းတို့ကတော့ အပေါ်ကို ကော့တက်သွားကာ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်....

ယောကျာ်းပီသတဲ့ခြေလှမ်းတွေနဲ့အတူ ဘာကိုမှသတိမထားမိဘဲလမ်းလျှောက်လာတဲ့ကောင်လေးရဲ့ရှေ့ကို Tayပိတ်ရပ်လိုက်တဲ့အခါ အလိုမကျတဲ့မျက်လုံးတွေနဲ့မော့ကြည့်လာတဲ့ကောင်လေးက Tayကိုလည်းမြင်ရော မျက်လုံးဝိုင်းလေးတွေနဲ့အတူ အံ့သြမှုအကြည့်တွေအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်...

'P'ဘလိုလုပ် ရောက်လာတာလဲ????
P'အဖေသိသွားပါဦးမယ်...P'ဘာလို့အခုလိုကြီးရုတ်တရက်ရောက်လာတာလဲ'

မေးခွန်းတွေနဲ့ တရစပ်မေးနေတဲ့ ကောင်လေးကိုသူပြုံးရင်သာကြည့်နေတဲ့အခါ.....

'Pကျွန်တော်မေးတာပြန်ဖြေဦးလေ'

သူမေးတာကိုမဖြေဘဲ ပြုံးပြုံးကြီးသာကြည့်နေတဲ့ P'Tayကိုသူစိတ်မရှည်တော့ဘဲမေးလိုက်တဲ့အခါ....

'ဖြေပါမယ်...လာ တနေရာသွားရအောင်'

သူ့လက်ကိုဆွဲကာ ကားဆီခေါ်သွားတဲ့အခါ သူ့ရင်ခုန်သံတို့ကစည်းချက်မညီနိုင်တော့ပေ.....
ကားတံခါးကအစဖွင့်ပေးနေတဲ့P'Tayကြောင့် သူမနေတတ်တော့....ဘေးမှာလည်း တချို့မိန်းကလေးတွေက ဒီမြင်ကွင်းကို အံ့သြတကြီးနဲ့ တွတ်တွတ်ထိုးကာပြောနေတဲ့အတွက်ကြောင့် သူကားပေါ်ကိုဘဲအမြန်ဆုံးတက်လိုက်တယ်.....
ကားထဲရောက်မှ သူသက်ပြင်းချလိုက်ပြီး သူပါးတွေကိုကိုင်ကြည့်လိုက်တော့
'Oeee...ဘာလို့အဲ့လောက်ပူနေရတာလဲ...ဟူး ပူလိုက်တာနော်'
သူပွစိပွစိပြောနေတုန်း Tayတက်လာပြီး သူမသိတဲ့နေရာတခုစီကိုခေါ်သွားတယ်....
.
.
.
.
.
မိနစ်၂၀လောက်စီးလာပြီးတဲ့နောက် ကန်ဘောင်တခုဘေးနား ကားရပ်လိုက်တဲ့တော့ သူကားပေါ်ကဆင်းလိုက်တဲ့အခါ P'Tayလည်းဆင်းလာပြီး သူဘေးနားမှာလာရပ်ရင်း နောက်ကျောဘက်ကနေ သူ့ကိုဖက်လာတဲ့အတွက် သူ့နှလုံးခုန်နှုန်းက သုံးဆလောက်မြန်လာခဲ့တယ်
(ဒီPကတော့လေ ငါ့ကိုနှလုံးရောဂါနဲ့သေအောင်များလုပ်နေတာလားမသိဘူး.... :|ဟု သူ့စိတ်ထဲတွေးမိလိုက်သည်)
ဒါပေမယ့် သူ့ကိုယ်သူအတတ်နိုင်ဆုံးထိန်းကာ သူ့ကိုဖက်တွယ်ထားတဲ့ P'ရဲ့လက်တွေကိုကိုင်လိုက်ရင်း မေးလိုက်တယ်...

'Pဘာဖြစ်နေတာလဲ...ကျွန်တော်မေးတာလဲမဖြေရသေးဘူးနော်'

'ဘာမှမဖြစ်ပါဘူး Newရဲ့ P'ခဏလောက် ဒီအတိုင်း နေချင်လို့ပါ'

'တကယ်ဘာမှမဖြစ်တာသေချာလို့လား...P'အဖေက ဘာမှမပြောတော့ဘူးလား...'

'ပြောတယ်...'

'ဟမ်!!!ပြောတယ်ဟုလား ဘာပြောတာလဲ'

မျက်လုံးပြူးမျက်ဆံပြူးနဲ့ သူ့ဖက်ကို လှည့်ပြီး မေးလာတဲ့ ကောင်လေးကြောင့် သူတချက်ရယ်ရင်းထိုကောင်လေးရဲ့ဆံပင်အုပ်အုပ်လေးကို ခပ်ဖွဖွလေးကိုင်လိုက်တယ်....

'P'အဖေပြောတာက
Newလေးနဲ့ သူတွေ့ချင်တယ်တဲ့
ဒီတပါတ်ကျောင်းပိတ်ရက်လောက်ပေါ့'

'ဗျာ!!!!တ...တကယ်ဘဲအဲ့လိုပြောတာလား'

မယုံကြည်နိုင်စွာ မေးနေတဲ့ကောင်လေးကိုကြည့်ရင်း သူအားပါးတရရယ်မိလိုက်တယ်....

'P'ကလိမ်ပါ့မလားNewရဲ့
တကယ်ပြောနေတာ'

'ဟင်...အဲ့!!အဲ့ဆို ကျွန်တော်ဘာလုပ်ရမလဲ???'

'ဘာကိုဘာလုပ်မလို့တုန်း'

'P'အဖေနဲ့တွေ့ဖို့ ကျွန်တော်ဘာတွေပြင်ဆင်ရမလဲ...
P!!!Pအဖေကလေ ဘလိုပုံစံမျိုးတွေကိုသဘောကျတာတုန်း
ကျွန်တော့်ပုံစံကိုမြင်ရင်ရော သဘောကျပါ့မလား....
ပြီးတော့ ကျွန်တော်တို့နှစ်ယောက်ကိုခွဲဖို့ပြောမှာဆိုရင် ကျွန်တော်ဘလိုပြန်ပြောရမှာလဲဟင်..Pကျွန်တော့်ကိုပြောပြပါဦး'

စိတ်လှုပ်ရှားကာ အသေအချာကိုမေးနေတဲ့Newရဲ့မေးခွန်းတွေကြောင့် သူအံ့သြသွားမိတယ်...
သူ့ချစ်သူလေးက အသေးစိတ်ကိုမေးပြီး ပြင်ဆင်ချင်နေတာဘဲ..သူတောင်ဒီလိုမျိုးမစဉ်းစားမိခဲ့..အင်းပေါ့လေ Newလေးကသူကိုယ်တိုင်တွေ့ရမှာဆိုတော့ သူ့စိတ်တွေလှုပ်ရှားနေမှာပေါ့..နားလည်ပါတယ် မနက်ကသူ့အဖေလာပြောတုန်းကလည်း သူစိတ်လှုပ်ရှားမိသေးတာဘဲလေ...

'P'ကျွန်တော် ဘာတွေပြင်ဆင်ရမှာလဲလို့'

'Newလေးက ဘာမှပြင်ဆင်စရာတောင်မလိုပါဘူး...
P'အမြင်မှာတော့ လုံးဝ Perfectဘဲ'
သူရယ်ကြဲကြဲပြောလိုက်တော့ နာကျင်စေလိုသော ရည်ရွယ်ချက်မပါတဲ့ လက်သီးတခုက သူ့ရင်ဘတ်ပေါ်ကို ဖွဖွလေးကျရောက်လာတော့သည်

'Pနော် ကျွန်တော်က အတည်မေးနေတာကို ပြောင်စပ်စပ်တွေလုပ်မနေနဲ့...'

'ဟုတ်ပါပြီ..မစတော့ဘူးနော်'
နှုတ်ခမ်းလေးဆူကာပြောနေတဲ့ ကောင်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းရင်း သူ့အဖေသဘောကျတဲ့အပြုအမူတွေ မကြိုက်တဲ့ အပြောအဆိုတွေကိုပြောပြတော့ ရင်ခွင်ထဲက အကောင်လေးက ခေါင်းလေးတညိမ့်ညိမ့်နဲ့ သူပြောသမျှကိုအကုန်လိုက်မှတ်နေတော့သည်......

**အချစ်ရဲ့ စွမ်းအားက တော်တော်ကြီးပါလား
သတ္တိမရှိတဲ့သူကို သတ္တိရှိသွားစေတယ်
ကြောက်တတ်တယ့်သူကို ရဲရင့်သွားစေတယ်
သိမ်ငယ်တဲ့သူကို ခွန်အားတွေရှိလာစေတယ်

သို့သော် ဒါတွေအကုန်လုံးက လွယ်လွယ်နဲ့ဖြစ်လာတဲ့အရာတွေတော့ မဟုပါဘူး.....
ကိုယ်ချစ်မိတဲ့ လူတစ်ယောက်တည်းအတွက်ကြောင့်သာ ပြောင်းလဲဖြစ်တည်လာတဲ့ အရာတွေပါ**
-----------------------------------------------------------
Kristသူနေ့လည်အတန်းမတက်တော့ဘဲ ကိုကို့အိမ်ကို ထွက်လာခဲ့ပေမယ့် မဝင်ရဲဘဲ အိမ်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းနဲ့ ညနေစောင်းလာခဲ့တယ်... အိမ်တစ်အိမ်လုံး တိတ်ဆိတ်နေတဲ့အပြင် ကိုကိုရော P'Sangရဲ့ အရိပ်အယောင်ကိုပါမတွေ့ရတဲ့အတွက် သူကြောက်နေမိသည်....

'ငါဝင်သွားရင်ကောင်းမလား
တကယ်လို့ ကိုကိုက ငါ့ကိုမတွေ့ချင်ဘူးဆိုပြီး မောင်းထုတ်ရင် ငါဘလိုလုပ်ရမလဲ...
P'Sangလည်း ဒီကိစ္စကိုသိလောက်ပြီထင်တယ်...
အခုချိန်ဆို ငါ့ကိုတော်တော်စိတ်ဆိုးနေပြီထင်တယ်...
ကိုကိုနဲ့ပါ သဘောမတူတော့ရင် ငါ့နှလုံးသားတစ်ခုလုံးတော့သွားပါပြီ....'

အိမ်ထဲသို့မဝင်ရဲဘဲ အတွေးများဖြင့်သာ စိုးရိမ်မှုလွန်ကဲနေတဲ့ Kristတယောက် P'Sangက Wheelchair နဲ့သူ့ရှေ့ရောက်လာတာကိုပင် သတိမထားမိခဲ့...

'N'Kristအိမ်ရှေ့မှာ ဘာလုပ်နေတာလဲ???'

'ဗျာ!!!!P'Sang ဟို...ဟိုဟာလေ ဟိုဟာ'

အရေးထဲမှ စကားကလည်းထစ်နေသေးတယ်...
စိတ်ပျက်လိုက်တာနော်..တကယ်ပါဘဲ

'လာပါN'ရဲ့ အိမ်ထဲကိုသာအရင်ဝင်ခဲ့ပါ'

'ဟုတ်'

P'Sangနောက်ကနေ သူခပ်ကုတ်ကုတ်သာလိုက်လာပြီး အိမ်ထဲဝင်လာတော့ တအိမ်လုံးကိုကြည့်လိုက်တဲ့အခါ ကိုကို့ရဲ့အရိပ်အယောင်ကိုလည်း မတွေ့တော့ သူဝမ်းနည်းမိလာပြန်သည်...

'N'ထိုင်လေ...'

'ဟုတ်...ဟိုP'Sang...ကိုကိုရော အခုရှိလား'

'aww..Singလား သူမရှိဘူး..
အပြင်ကိုခဏသွားဦးမယ်ဆိုပြီး ထွက်သွားတာ နှစ်နာရီလောက်တောင်ရှိနေပြီ'

'အော်...ဟုတ်..'

'ဒါနဲ့ Nတို့ ရန်ဖြစ်ထားကြတာလား'

'ဗျာ!!မဖြစ်..မဖြစ်ပါဘူးP'

'Singကမျက်နှာမကောင်းလို့လေ..
ပြီးတော့သူ့မျက်လုံးတွေကလည်းနီရဲပြီးမို့အစ်နေတာ ပုံစံကငိုထားသလိုဖြစ်နေတော့ N'နဲ့များ ပြဿနာတခုခုဖြစ်နေပြီလားလို့ပါ'

'ရန်မဖြစ်ထားပါဘူးP'

'အင်းပါ P'က ဟိုတခေါက်ကလိုကိစ္စမျိုးပြန်ဖြစ်မှာစိုးလို့ပါ'

'ဟုတ်...ကျွန်တော်နားလည်ပါတယ်P'

စကားပြောနေတဲ့တစ်လျှောက်လုံး Kristရဲ့ပုံစံက အပြစ်လုပ်ထားမိလို့ကြောက်နေတဲ့ ကလေးတစ်ယောက်လိုမျိုးဖြစ်နေတဲ့အပြင် စကားတွေကပါထစ်နေတဲ့အတွက် သူ့ညီနဲ့Kristကြားမှာ တခုခုတော့ဖြစ်နေပြီဆိုတာ Sangသတိထားမိလိုက်သည်...

'N'Krist'

'ဗျာ!!!!'

'Pမေးတာ သေချာဖြေနော်'

'ဟုတ်ကဲ့P'

'N'မှာအခက်အခဲ ရှိနေတယ်ထင်တယ်
P'ကိုပြောပြလို့ရပါတယ်...Singနဲ့လည်း တခုခုမပြေလည်ဖြစ်နေတယ်မဟုလား'

P'Sangအမေးတွေကြောင့် Kristရဲ့ လက်ချောင်းတွေက သူ့ဘောင်းဘီစကိုသူတင်းကြပ်စွာ ဆုပ်ကိုင်ထားမိလျက်သားပင်...

'P'အဲ့တာက...'

'N'အားမနာပါနဲ့ P'ကိုအကုန်ပြောပြလို့ရပါတယ်'

Pရဲ့စကားသံအဆုံး သူလေပူတစ်ချက်မှုတ်ထုတ်ကာ သူ့အမေဆုံးပါးပြီး သူ့ရဲ့အဖေနောက်မိန်းမယူလိုက်လိုက်တဲ့ အချိန်ကစပြီးသူ့ဘဝမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအကုန်လုံးကို ပြောပြလိုက်တယ်....
P'Sangကို ဓားနဲ့ထိုးခဲ့တဲ့သူကလည်း သူ့မိထွေးရဲ့အကိုဖြစ်တဲ့အကြောင်း Singကိုလည်းဆိုင်ကယ်နဲ့ တမင်တကာတိုက်အောင်လုပ်ခဲ့တဲ့အကြောင်းတွေပါမက Singtoက သူ့ကို အဆက်အသွယ်မလုပ်တဲ့အပြင် သူ့phကိုပါမကိုင်တဲ့အတွက် သူဝမ်းနည်းပြီးစိတ်ပူနေရတဲ့အကြောင်းကိုပါပြောပြမိလိုက်တော့သည်..
သူ့ရင်ထဲက ခံစားနေရတာတွေကို ပြောပြလိုက်တော့ ရင်ထဲမှာနဲနဲတော့သက်သာသွားသလိုခံစားလိုက်ရသည်....

'Pကျွန်တော်တောင်းပန်ပါတယ်နော်...'

'မတောင်းပန်ပါနဲ့ ဒါN'အပြစ်မှမဟုတာ..
ဒါတွေအကုန်လုံးက Janeလုပ်ခဲ့တာတွေကြီးဘဲလေ'

P'Sangရဲ့နှုတ်ကထွက်လာတဲ့နာမည်တစ်ခုကြောင့် Kristအံ့သြမှုကြောင့် သူ့ မျက်လုံးဝိုင်းတို့က ပြူးကျယ်လာခဲ့သည်

'P...Pအဲ့နာမည်ကိုဘလိုသိတာတုန်း'

'P'အစောကြီးကတည်းကသိတယ်
ဒါပေမယ့် N'နဲ့အခုလိုမျိုးပတ်သတ်နေတာကိုတော့ အခုမှ သိတာ'

'ဗျာ...P'ကျွန်တော်ဘာမှနားမလည်တော့ဘူး..'

'သူနဲ့P'နဲ့က ကျောင်းတက်တုန်းက အတန်းတူသူငယ်ချင်းတွေလေ..အရမ်းချစ်ကြတာ... သူကျောင်းတက်တုန်းက အရမ်းလိမ္မာတာ ပြီးတော့စာလည်းတော်တယ် P'ဆိုသူ့ကိုအမြဲအားကျနေရတာ'

P'Sangပြောနေတဲ့စကားတွေအားလုံးက သူ့အတွက်တော့ အထူးအဆန်းတွေကြီးဘဲ... အဲ့လို လူမိုက်ကောင်မှာ ဒီလိုကောင်းတဲ့အချက်တွေလည်း ရှိနေတာလား...အံ့သြစရာဘဲ

'Pကျွန်တော်တကယ်မယုံနိုင်ဘူးဗျ...
P'ပြောသလိုဆိုရင် သူက ဘာလို့ P'ကို အခုလိုမျိုးလုပ်ခဲ့တာလဲ'

'လောကမှာ လူတစ်ယောက်ကို ပြောင်းလဲစေနိုင်တာငွေဘဲလေ..ငွေရှိရင် လူတွေအားလုံးကပြောင်းလဲသွားတတ်ကြတယ် JaneကP'တို့လောက်တော့မဆင်းရဲပေမယ့်.. သူ့အမေယူလိုက်တဲ့ လူက ချမ်းသာတဲ့အတွက် သူငွေနောက်လိုက်ပြီး ပျက်စီးသွားတာထင်တယ်...P'က ပိုက်ဆံရှာဖို့အတွက် ကျောင်းနားလိုက်ရတဲ့အတွက် သူနဲ့အဆက်အသွယ်ပြတ်သွားတာ..
Singရဲ့မွေးနေ့မှာမှ သူ့ကိုပြန်တွေ့ရတာ..'

P'Sangရဲ့အပြောကို Kristငြိမ်သက်စွာဖြင့်သာနားထောင်နေရင်း နောက်ထပ်ဆက်ပြောလာတဲ့စကားကြောင့် သူတဖန်ထပ်ပြီး အံ့သြရပြန်သည်...

'သူ့ကိုပြန်တွေ့တဲ့အချိန်မှာ အဆိုးဆုံးအခြေအနေကတော့ သူဆေးစွဲနေပြီ'

'ဗျာ!!!ဆေး..မူးယစ်ဆေးလား'

'အွန်း....Pကအဲ့တာကိုမြင်သွားတဲ့အတွက် သူထိတ်လန့်ပြီး
သွေးရိုးသွေးတန်းနဲ့ P'ကိုအခုလိုမျိုးလုပ်ခဲ့တာ'

'P'...P'အကုန်သိသိကြီးနဲ့ ဘာလို့ ဘာမှမပြောရတာလဲ'

'P'မပြောရက်ဘူး....သူကP'ရဲ့အချစ်ဆုံးသူငယ်ချင်းလေ
P'သူ့ကိုအရင်လို လူကောင်းတစ်ယောက်ဖြစ်အောင်ပြောင်းလဲပေးချင်တယ်
သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ့ကိုအခုလိုမျိုး လမ်းမှားမှာမရှိနေစေချင်ဘူး....Singကိုလည်း P'မပြောခဲ့ဘူးဆိုတာက Singသိလို့ သူ့ကိုပြဿနာသွားရှာရင်အခြေအနေတွေပိုဆိုးကုန်မှာစိုးလို့ P'ဒီတိုင်းတိုင်းလေးဘဲ နေလိုက်တာ'

'P.....'

Kristဘာပြန်ပြောရမှန်းတောင်မသိတော့....
တကယ်တမ်းတွေးကြည့်ရင်P'Sangက သူ့ထက်တောင်ပိုပြီး ခံစားနေရတာဘဲ:((

'N'..Pဘာမှမဖြစ်ပါဘူး..P'ကိုအဲ့လောက်ထိလည်းမသနားနေပါနဲ့'

'ဒါပေမယ့်... P'

'အဲ့တာတွေထားပါတော့ N'က Singကိုစောင့်ဦးမှာလား'

'အမှန်တော့ ကျွန်တော်ကိုကို့ကိုတောင်းပန်ချင်တယ်...
ချစ်သူတစ်ယောက်အနေနဲ့ ဒီအကြောင်းတွေကို ကိုကို့ကို မပြောပြခဲ့မိဘူး....ကိုကိုစိတ်ဆိုးနေရင်တောင် ကျွန်တော် စိတ်ဆိုးပြေတဲ့အထိ တောင်းပန်ချင်တာပါ'

'အွန်း...ဒါပေမယ့် N'အခုကမိုးချုပ်တော့မယ်
N'တိုက်ခန်းအထိ ပြန်ရမှာဝေးတယ်...လမ်းမှာတခုခုဖြစ်နေမှ Singကပိုပြီးစိတ်ပူနေရပါဦးမယ်..တကယ်လို့ Singစိတ်ဆိုးလည်းမနက်ဖြန်လောက်ဆိုရင် နဲနဲတော့ပြေလောက်ပြာပီ.မနက်ဖြန်မှထပ်လာခဲ့ပေါ့'

'ဟုတ်ကဲ့P...
P'ပြောသလိုလုပ်ပါ့မယ် အဲ့ဆိုကျွန်တော်ပြန်တော့မယ်P'

'ကောင်းကောင်းသွားနော်N'Krist'

'ဟုတ်ကဲ့'

P'Sangကိုနှုတ်ဆက်ပြီး သူ့တိုက်ခန်းကို ပြန်လာတဲ့လမ်းမှာ သူ့ဦးလေးphဝင်လာတဲ့အတွက် သူphကိုင်လိုက်တော့

'Hello'

'Krist တိုက်ခန်းမှာလား'

'မဟုဘူးဦးလေး... ကျွန်တော်အခုလမ်းမှာ'

'hum!!!လမ်းမှာဘာလုပ်နေတာလဲ မှောင်နေပြီကို'

'ဟုတ် ကျွန်တော်အခု ကိုကိုအိမ်ကိုသွားတာ...'

'ဟာ..မင်းတို့ကလည်းကွာ အဲ့လောက်တောင်ဘဲလား
အိမ်ထိသွားလိုက်တွေ့ရတယ်လို့'

phထဲကနေ သူထင်ရာတွေပြောနေတဲ့ဦးလေးနဲ့တော့ ခက်ပါတယ်...
Kristဘာကြောင့်Singအိမ်ကိုသွားရတဲ့အကြောင်းနဲ့
P'Sangနဲ့သူပြောခဲ့တဲ့စကားတွေအကုန်လုံးကိုဦးလေးကိုပြောပြလိုက်ရင်းနဲ့ လျှောက်လာလိုက်တာ သူ့တိုက်ခန်းဆီကိုတောင်ရောက်လာခဲ့သည်...သူ့အခန်းထဲဝင်ပြီး တံခါးပြန်ပိတ်ကာ ဆက်ပြောနေပေမယ့် တစ်ဖက်မှာ အသံကဘာမှမကြားရတော့

'hello..ဦးလေးကြားလား'

'အင်းကြားတယ်....
ဦးလေးစဉ်းစားနေလို့....တကယ်ကိုအံ့သြစရာဘဲ Kristပြောပုံအရဆို N'Singရဲ့အကိုက တော်တော်ကိုသဘောထားပြည့်ဝပြီး အကောင်းမြင်စိတ်ရှိတာဘဲ'

'ဟုတယ်..ဦးလေး..'

'အေးပါ...အဲ့ဆို တူလေးက နက်ဖြန်N'Singဆီကိုထပ်သွားမှာပေါ့'

'အွမ်း...သွားရမှာပေါ့ဦးလေးရယ်...'

'အဲ့ဆိုလည်း Good Luckပါကွာ'

'ကျေးဇူးဘဲ ဦးလေး'

phချပြီးတာနဲ့ phကိုကုတင်ပေါ်ပစ်လိုက်ပြီး သူလည်း ကုတင်ပေါ်ကို လှဲချလိုက်တော့သည်...

ဟူး..........
အခုလို သူ့ဘေးနားမှာကိုကိုမရှိတဲ့အချိန်တွေတိုင်း သူဘလောက်ထိ ကိုကို့ကိုချစ်တဲ့အကြောင်း သူ့ကိုယ်သူပိုပြီးသိလာရတယ်....

သူလွမ်းနေမိတယ်..... အရင်တုန်းက ကိုကိုနဲ့အတူ ရှိနေခဲ့တဲ့ အချိန်လေးတွေ...

သူပြန်လိုချင်မိတယ်....သူစိတ်ကောက်ပြီးရစ်တိုင်း အမြဲတစေ ပြန်ချော့ကာ သူစိတ်ကျေနပ်အောင်လုပ်ပေးခဲ့တဲ့ ကိုကို့ရဲ့အပြုအမူလေးတွေ....

သူပြန်တမ်းတမိတယ်....အားရပါးရရယ်လိုက်တိုင်း ကိုကို့ရဲ့သွားဖြူဖြူလေးတွေနဲ့ချိုသာတဲ့စကားသံလေးတွေ...

သူစွဲလမ်းနေမိတယ်.....သူ့ကိုဘယ်အချိန်မဆို ယစ်မူးနေအောင် ပြုစားနိုင်လွန်းတဲ့ ကိုကို့ရဲ့ နှုတ်ခမ်းပါးလေးတွေ....

ကိုကိုသူ့ဘေးမှာမရှိတဲ့အချိန်တွေဆို သူ့ရဲ့ဘဝကခြောက်ကပ်နေသလို သူ့ရဲ့နေ့ရက်တွေတိုင်းက အဓိပ္ပါယ်မဲ့နေပြီး သူ့နှလုံးသားက အထီးကျန်နေတတ်တယ်

သူ့ဘေးနားကိုအရင်လို ဂရုစိုက်မှုတွေနဲ့ပြန်လာပေးပါ
သူ့ဘေးနားကိုအရင်လို အားပေးနှစ်သိမ့်မှုတွေနဲ့ပြန်လာပေးပါ
သူ့ဘေးနားကိုအရင်လို နွေးထွေးမှုတွေနဲ့ပြန်လာပေးပါ
သူ့ဘေးနားကိုအရင်လို ချစ်ခင်မှုတွေနဲ့ပြန်လာပေးပါ
သူ့ဘေးနားကိုအရင်လို မြတ်နိုးတွယ်တာမှုတွေနဲ့ပြန်လာပေးပါ
သူ့ဘေးနားကိုအရင်လို ချိုမြိန်တဲ့အနမ်းတွေနဲ့အတူပြန်လာပေးပါ

အခုချိန်မှာ သူ့ကိုလိုရာဆုတစ်ခုကိုတောင်းပါဆိုရင် သူတောင်းမှာက သူ့နှလုံးသားရဲ့ထာဝရပိုင်ရှင်ဧကရာဇ်တစ်ပါးဖြစ်တဲ့ "Singto Prachaya"

သူ့ရဲ့မျက်လုံးအိမ်ကနေ ပူနွေးတဲ့မျက်ရည်စီးကြောင်းတွေက စီးကျလာတဲ့အတွက် သူ့မျက်လုံးကိုမှိတ်ထားလိုက်တဲ့အခါ ကိုကို့ရဲ့ပုံရိပ်တွေကဘဲ ဝင်ရောက်ကြီးစိုးလာခဲ့ပြန်တယ်....

ကျွန်တော် ဘလိုလုပ်ရမလဲ ကိုကို?????

'ဒေါက်...ဒေါက်!!!!'

အခန်းတံခါးခေါက်သံကြောင့် သူ့မျက်လုံးတို့ဖွင့်ကာ မျက်ရည်တွေကို လက်နဲ့ ပွတ်သုတ်လိုက်ရင်း ကုတင်ပေါ်ကထကာ တံခါးသွားဖွင့်ပေးလိုက်တဲ့အခါ သူမြင်လိုက်ရတဲ့လူကြောင့် သူ့မျက်လုံးတို့ပိုမိုဝိုင်းစက်သွားကာ သူ့ခန္ဓာကိုယ်ကလည်းအဲ့နေရာမှာတင် ကျောက်ရုပ်တစ်ရုပ်ပမာ ငြိမ်သက်နေမိတော့သည်...
______________________________________

Fortsรฆt med at lรฆse

You'll Also Like

572K 12.8K 40
In wich a one night stand turns out to be a lot more than that.
96.9K 5.1K 24
Exo's XingDae(yaoi) Cover- Aries LinLet Sky
54K 3K 62
แ€™แ€บแ€€แ€นแ€…แ€ญแ€™แ€ปแ€™แ€„แ€นแ€แ€ฒแ‚”แ€ฑแ€€แ€ฌแ€„แ€นแ€ฑแ€œแ€ธแ€”แ€ฒแ‚• แ€œแ€ฐแ€ปแ€€แ€ฎแ€ธแ€ฑแ€แ€ผแ€กแ€แ€„แ€นแ€ธแ€…แ€ฎแ€…แ€ฅแ€นแ€œแ€ญแ€ฏแ‚• แ€œแ€€แ€นแ€‘แ€•แ€นแ€›แ€แ€ฒแ‚• แ€กแ€แ€ผแ€ฒแ€Ÿแ€ฌ แ€กแ€†แ€„แ€นแ€ฑแ€ปแ€•แ€”แ€ญแ€ฏแ€„แ€นแ€•แ€ซแ€ทแ€™แ€œแ€ฌแ€ธ
1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC