แ€กแ€†แ€ฏแ€ถแ€ธแ€™แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธ (Endless Lo...

Oleh reselda_

64.5K 3.3K 46

Singkrist....... ๐Ÿ’™๐Ÿ’™Sk๐Ÿ’™๐Ÿ’™ Peraya..........โคโคโค Lebih Banyak

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First Kiss๐Ÿ’‹๐Ÿ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kiss๐Ÿ’‹)
Part-33(Mwah mwah๐Ÿ˜˜)
Part-34(Anniversary ๐Ÿ’–๐Ÿ’–)
Part-35(Love=Love)
Part-36
Part-37
Part-38๐Ÿ’œ๐Ÿ’œ
Part-39(๐Ÿ’™๐Ÿ’™)
Part-41(๐Ÿ’›๐Ÿ’›)
Part-42(๐Ÿ’–๐Ÿ’–)
Part-43(SWEET LOVE)
Part-44(๐Ÿ’ž๐Ÿ’ž๐Ÿ’ž)
Part-45(๐Ÿ’๐Ÿ’)
Part-46(๐Ÿ’•๐Ÿ’•)
Part-47(๐Ÿ’ž๐Ÿ’ž)
Part-48(๐Ÿ’Ÿ๐Ÿ’Ÿ)
Part-49(๐Ÿ’š๐Ÿ’š๐Ÿ’š)
Part-50(๐Ÿ’๐Ÿ’)
Part-51(๐Ÿ’–๐Ÿ’–)
Part-52(๐Ÿ’˜๐Ÿ’˜)
Part-53(End๐Ÿ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-40(๐Ÿ’š๐Ÿ’š)

605 31 0
Oleh reselda_

တိတ်ဆိတ်နေတဲ့ညအချိန် သူ့အခန်းပြတင်းကနေ အပြင်ဘက်ကိုလှမ်းကြည့်နေရင်း သူ့ချစ်သူရဲ့ နာမည်ကို တိုးတိုးလေးရေရွတ်နေတဲ့အချိန် သူ့ရဲ့အခန်းတံခါးကို တစုံတယောက်ခေါက်သံကိုကြားလိုက်ရတာကြောင့် မြန်ဆန်မှုမရှိသော ခြေလှမ်းတို့ဖြင့် အခန်းတံခါးကို သွားဖွင့်ပေးလိုက်သည်.....

'အကိုလေး......အောက်မှာ ထမင်းစားဖို့ အကိုလေးရဲ့အဖေ စောင့်နေပါတယ်'

'အွမ်း....ဆင်းလာခဲ့မယ်'

သူဖြေပြီးတာနဲ့ အခန်းထဲပြန်ဝင်ကာ အပေါ်ရုံအင်္ကျီတစ်ထည်ဝတ်ပြီး အောက်ထပ်ကိုဆင်းလာတဲ့အခါ ထမင်းစားခန်းမှာ ညစာစားနေတဲ့ သူ့အဖေကို တွေ့လိုက်ရသည်...

သူလည်း ဘာစကားမှ မပြောဘဲ သူ့အဖေရှေ့ကခုံမှာဝင်ထိုင်ရင်း အဆင်သင့်လုပ်ထားပေးတဲ့ညစာကိုဘဲစားနေလိုက်တယ်....... သူစားနေတာ တဝက်ကျိုးနေတဲ့အထိ သူ့အဖေဆီက ဘာစကားမှ ပြောသံမကြားရတာကြောင့် သူ့စိတ်ထဲမှာ နဲနဲတော့ထူးဆန်းနေသည်...😕😕

'Tay....'

'ဟုတ်'

နောက်ဆုံးတော့ သူ့အဖေရဲ့နှုတ်ကနေ သူ့နာမည်ခေါ်သံကိုကြားတော့ ချက်ချင်းပြန်ဖြေလိုက်တဲ့အခါ သူ့အဖေဆက်ပြောတဲ့စကားက

'ဟိုကောင်လေးနဲ့ မင်းအဆက်အသွယ်ဖြတ်လိုက်ပြီလား'

နှုတ်ကနေ ဘာစကားမှ မထွက်ဘဲ ပြန်မဖြေတဲ့သူ့ကို အဖေက မျက်ခုံးတဖက်ပင့်ကြည့်ရင်း

'ဘာမှ ပြန်မဖြေဘူးဆိုတော့ မင်းငါပြောသလိုမလုပ်သေးဘူးပေါ့....'

'ဟုတ်ကဲ့....'

'ဟုတ်ပီ...မင်းအခု အဖေစကားကိုနားမထောင်ဘဲ အဲ့ကောင်လေးကိုရွေးလိုက်တယ်ပေါ့'

'ကျွန်တော် သူ့ကိုတကယ်ချစ်မိသွားလို့ပါ....အဖေသိပါတယ် ကျွန်တော် အဖေ့စကားကိုဘယ်တော့မှမလွန်ဆန်ဘဲလိုက်နာခဲ့တယ်ဆိုတာ...အခုတခေါက်ကတော့ ကျွန်တော့်နှလုံးသားနဲ့သက်ဆိုင်နေတဲ့ကိစ္စမို့ပါ'

'သား အဖေပြောမယ် သားက မိန်းကလေးတိုင်းကြိုက်လောက်တဲ့ ယောကျာ်းလေးတယောက်ဘဲ....ကိုယ်ကြိုက်တဲ့မိန်းကလေးကိုကောက်ယူလို့ရတာကို ဒီလိုမျိုးယောကျာ်းလေးတယောက်ကို!!!သားအချစ်အတွက်နဲ့ ဒီလောက်ထိ မိုက်ရူးရဲမဆန်စမ်းနဲ့😑'

'ကျွန်တော်သိပါတယ် ဖေဖေ...ဒါပေမယ့် ကျွန်တော်တကယ် ချစ်မိတဲ့သူက ယောကျာ်းလေးဖြစ်နေတာ...သူ့ကို ကျွန်တော့်နှလုံးသားနဲ့ကိုချစ်မိတာ...ကျွန်တော်မိုက်ရူးရဲဆန်တာမဟုပါဘူး...ဒါပေမယ့် ကျွန်တော်သူ့ကိုချစ်မိသွားတဲ့အတွက် ကျွန်တော့်အပြုအမူက လူကြီးတယောက်ဖြစ်တဲ့အဖေ့အမြင်မှာ မိုက်ရူးရဲဆန်သလိုဖြစ်သွားတာပါ'

သူပြောတာကိုခဏရပ်လိုက်တော့ သူ့အပြောကို လက်ခံပုံလည်းမပြ ငြင်းမယ့်ပုံလည်းမပြတဲ့ သူ့အဖေရဲ့အကြည့်တွေကြောင့် သူ့စကားတွေကို ဆက်လိုက်တယ်....

'ဒီလိုကိစ္စမျိုးကို အဖေလက်ခံနိုင်မှာ မဟုဘူးလို့လည်း ကျွန်တော်တွေးဖူးပါတယ်..ဒါပေမယ့် အဖေ ကျွန်တော့်ဘဝမှာ သူ့တယောက်တည်းကိုဘဲ တကယ်ချစ်ခဲ့တာပါ...အဖေ ငယ်ငယ်တုန်းက အမေ့အပေါ်မှာ ချစ်တဲ့ အချစ်လိုဘဲ ကျွန်တော်သူ့ကို ချစ်မိတာပါ.... ကျွန်တော်လည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဆုံးဖြတ်ဆင်ခြင်နိုင်တဲ့အရွယ်ရောက်နေတဲ့အတွက် ဒါကခဏတာ အပေါ်ယံချစ်မိတာလား တကယ်ချစ်တာလား ဆိုတာလည်း ကျွန်တော် သိပါတယ်.... ကိုယ်တကယ်ချစ်တဲ့သူတယောက်ကို လွယ်လွယ်မစွန့်လွတ်နိုင်တဲ့အတွက် ကျွန်တော် အဖေ့စကားကိုနားမထောင်ခဲ့တာပါ... တောင်းပန်ပါတယ်ဖေဖေ...'

'ပတ်ဝန်းကျင်ကရော မင်းတို့နှစ်ယောက်အချစ်ကို ဘလိုပြောကြမလဲရော မင်းစဉ်းစားဖူးလား? ???'

'စဉ်းစားဖူးပါတယ်...ကျွန်တော်သူ့ကို ချစ်မိကတည်းက ဒါတွေအကုန်စဉ်းစားထားပြီးသားပါ... ပတ်ဝန်းကျင်ဆိုတာကတော့ အကောင်းပြောတဲ့သူတွေထက် မကောင်းပြောတဲ့သူတွေက ပိုများကြတာပါ..ဒါပေမယ့် သူတို့ရဲ့ စကားတွေကိုနားထောင်ပြီးခံစားနေမယ်ဆိုရင် ကိုယ့်ဘဝကိုအရှုံးပေးရာကျသွားမှာပါ... ဘသူတွေဘလိုဘဲပြောပြော ကိုယ့်မိသားစုဝင်တွေကတော့ ကိုယ့်ဘက်မှာရှိနေပေးမယ်ဆိုရင်တော့ ကျွန်တော်တို့လိုလူတွေက ရှေ့ဆက်ဖို့ ခွန်အားတွေပိုပြီးရလာမှာပါ'

'သား ဆိုလိုချင်တာက အဖေက သားကို သဘောတူပေးရမယ်လို့ပြောချင်တာလား??'

'အဲ့လိုတော့မဟုပါဘူး...ဒါက အဖေ့ရဲ့ သဘောဆန္ဒပါ...ဒါပေမယ့် သားသမီးတွေအတွက်တော့ မိဘတွေရဲ့ အားပေးနှစ်သိမ့်မှုတွေ သူတို့ဘက်မှာ ရပ်တည်ပေးမှုတွေက အရမ်းကိုလိုအပ်ပါတယ်... ဘယ်မိဘမဆို ကိုယ့်သားသမီးပျော်ရွှင်တာကိုဘဲမြင်ချင်ကြတာဘဲလေ...အဖေ ကျွန်တော့်အပေါ်မှာထားတဲ့စေတနာလိုပေါ့... တခါတလေမှာ မိဘတွေရည်မှန်းထားတာနဲ့ သားသမီးတွေဖြစ်လာတာနဲ့က ကွဲလွဲသွားကြတဲ့အခါ မျိုးမှာ မိဘတွေက သားသမီးတွေအပေါ်မှာ နားလည်ပြီး လက်ခံပေးနိုင်ရင် သားသမီးတွေအတွက် ဘယ်အခက်အခဲမဆို ဖြတ်ကျော်နိုင်ဖို့အားအင်တွေရှိလာမယ်လို့ ကျွန်တော်ထင်တယ်'

ကျွန်တော်ပြောချင်တဲ့ စကားတွေကိုအားရပါးရပြောအပြီး လည်ချောင်းတွေတောင်ခြောက်လာတဲ့အတွက် စားပွဲပေါ်မှာ ရေအသင့်ထည့်ထားတဲ့ ရေခွက်ကိုလှမ်းယူလိုက်ပြီးသောက်နေတဲ့အချိန်ကျွန်တော့်ရှေ့မှာ ထိုင်နေတဲ့ အဖေက ထိုင်ရာကထကာ ထမင်းစားခန်းထဲက ထွက်ပြီး သူ့အခန်းထဲဝင်သွားတယ်.. .. ဘာစကားမှမပြောဘဲ ထသွားတဲ့အဖေကြောင့်ကျွန်တော်ပြောတဲ့အထဲမှာများ စကားအမှားပါသွားလို့ သဘောမကျသွားတာလားမသိဘူးလာလို့ စဉ်းစားမိလိုက်တယ်...ဒါပေမယ့်လည်း အခုလိုမျိုး ကျွန်တော့်စကားတွေကို အဖေမငြင်းဆန်ဘဲနားထောင်ပေးတဲ့အတွက် သူကျေနပ်ပါတယ်..... ဒီစကားတွေက လိမ်ညာမှုတွေမပါတဲ့ ရင်ထဲကလာတဲ့အမှန်တရားတွေမိုလို့လေ........
-----------------------------------------------------------
သန်းခေါင်ယံညနက်တဲ့အထိ အိပ်မပျော်နိုင်ဘဲ အိပ်ရာထဲမှာ လှဲကာ ph screenကိုဘဲကြည့်နေတဲ့သူကတော့ Krist...

'မျှော်နေတာ အခုချိန်ထိကို phဆက်မလာဘူး....
စာလေးတောင်မပို့ဘူး...တကယ်နေနိုင်ရက်တယ်....😏😏'

ပွစိပွစိ ရေရွတ်ပြီး ပြောနေပေမယ့်လည်း သူ့မျက်လုံးတွေကတော့ ph screenပေါ်ကနေ တစက္ကန့်မှ မခွာရသေး.....

'ညနေက ကိစ္စကြောင့်များ သူ့ကိုစိတ်ဆိုးနေတာလားမသိဘူး..ဟုလောက်မယ် ညနေက သူကိုကို့ကို မလိုက်ပို့ခိုင်းလို့ အခု သူ့ကိုပြန်စိတ်ကောက်နေတာဖြစ်မယ်....

တကယ်သာဟုလို့ကတော့ ကိုကိုက ကလေးအတိုင်းဘဲ... ဘာမဟုတဲ့ကိစ္စလေးကို စိတ်ကောက်ပြီး သူ့ကို phမဆက်ဘဲ good nightဆိုတဲ့ စာလေးတောင်မပို့ဘူး......
သူလည်း တဒုက္ခဘဲ ကိုကိုအကျင့်လုပ်လို့ ညဆို Good nightဆိုတဲ့စကားနဲ့ 'မွ' ဆိုတဲ့ ချယ်ရီရောင်နှုတ်ခမ်းလေးက ထွက်ကျလာတဲ့ အနမ်းကိုမှ မရရင် အိပ်မပျော်တော့ဘူး.......😧😧

အဲ့ကိုကို အကျင့်ပုတ်...အခုတော့ကြည့်ပါဦး သူ့မှာ1နာရီ ထိုးတဲ့အထိကို အိပ်မပျော်သေးဘူး....ဟူးစ်😌 မဖြစ်ဘူး အိပ်မှဖြစ်မယ်....အဲ့တာမှ မနက်ကျရင် ကိုကို့ကို ရန်လုပ်လို့ရမှာ...တော်ကြာ ရန်တွေ့ဖို့ အားမရှိဘဲနေဦးမယ်......အိပ်မယ်...အိပ်မယ်.... သူ့မျက်လုံးတွေကိုမှိတ်ထားပြီး အိပ်ပျော်အောင်ကြိုးစားရင်းနဲ့ဘဲ အချိန်အတော်ကြာမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့တယ်....😴😴😴
************************************☀☀☀
'ကျွတ်..... စူးလိုက်တာကွာ'

သူ့လက်တွေနဲ့မျက်နှာပေါ်စူးရှစွာဖြာကျနေတဲ့ နေရောင်ကိုကာလိုက်ရင်း လက်ကနာရီကိုကြည့်လိုက်တော့ ဟမ်!!!!! ၈နာရီခွဲတော့မယ်.....အားးးးး သွားပါပီ ငါဘလောက်အထိ အိပ်လိုက်တာလဲ....အိပ်ရာကနေထပြီး သွားတိုက်မျက်နှာသစ်ပြီး အဝတ်အစားမြန်မြန်လဲကာ လွယ်အိပ်ယူပြီး ကျောင်းကိုအမြန်လာခဲ့ရတဲ့အတွက် သူ့မှာဘာမှတောင်စားချိန်တောင်မရလိုက်ဘူး......🏃🏃🏃

ကျောင်းရောက်တော့ လူလည်းချွေးတွေနဲ့စိုပြီးမောနေပီ....တော်သေးတာပေါ့ ဆရာမလာခင် စက္ကန့်ပိုင်းလေးသူစောရောက်လို့...... သူ့ရှေ့က ခုံကိုကြည့်လိုက်တော့ ဟင်!!!ကိုကို
ဒီမနက်သူ့ကိုလည်း လာမခေါ်ဘူး...ကျောင်းကိုလည်းမလာသေးဘူး..... ဒုက္ခဘဲ ကိုကိုဘာဖြစ်နေလို့လဲမသိဘူး...
သူ့ဘေးကNew ကိုမေးကြည့်လိုက်တော့လည်း မသိဘူးတဲ့ မင်းနဲ့အတူလာတာမဟုဘူးလားဆိုဘဲ...ပြန်ဖြေလာတဲ့Newပုံကလည်း အားမရှိတဲ့ပုံနဲ့ သူကလည်း သူ့Tayနဲ့ ဘာဖြစ်ထားပြန်ပြီလဲမသိ...🙄🙄.အတန်းပြီးမှဘဲ ကိုကို့ဆီphဆက်လိုက်ပါမယ်လို့တွေးရင်း အတန်းပြီးဖို့ကိုသာ သူစိတ်လောစွာစောင့်နေလိုက်တော့သည်....
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
မနက်အတန်းချိန်ပြီးတော့ အပျော်ဆုံးလူက သူဘဲဖြစ်မယ်ထင် ...အခန်းအပြင်ကိုထွက်ပြီး ဘောင်းဘီအိပ်ကပ်ထဲကphကိုထုတ်ကာ ကိုကို့ဆီphဆက်မယ်လို့ လုပ်နေတဲ့အချိန် သူ့နောက်ကနေ တစုံတယောက်ရဲ့အသံကြားလိုက်ရတယ်.....

'Krist Perawat နင် Singဆီကိုph ဆက်မလို့လား???'

သူ့နာမည်ကိုခေါ်ပြီး ပြောနေတဲ့သူကိုလှည့်ကြည့်လိုက်တော့
'Pink'

'အဲ့တာနင်နဲ့မဆိုင်ပါဘူး'

အဲ့လိုသူပြောလိုက်တော့ မဲ့ပြုံးတစ်ခုနဲ့အတူသူ့ကို ပြန်ပြောလာတယ်

'ငါက စေတနာနဲ့ပြောမလို့ပါ.....တကယ်လို့ နင်phဆက်လည်း Singကကိုင်မှာမဟုဘူး...'

'ဟ!!!သူphကိုင်တာ မကိုင်တာ နင်ကဘလိုသိလဲ...... ??'

'သိတာပေါ့... အခုချိန်မှာ Singက နင့်အသံကိုတောင်ကြားချင်မှာ မဟုဘူးလေ'

လက်ကိုပိုက်ကာ သူ့ကို မထီမဲ့မြင်နဲ့ စကားပြန်ပြောနေတဲ့ Pinkကိုကြည့်ရင်း ယောကျာ်းလေးသာဆို သူအမြင်ကပ်လွန်းလို့ အဲ့နေရာမှာတင် ဆွဲထိုးပလိုက်ပြီ😏😒😒...

'နင်က ဘာတွေများသိနေလို့ ငါ့ကို ဒီစကားတွေလာပြောနေတာလဲ'

'သိတာပေါ့....သိပ်ကိုသိတာ'

'ပြောကြည့်ပါဦး နင်က ဘာတွေများသိနေလို့လဲ'

'နင်အရင်ဆုံးစဉ်းစားကြည့်လေ...ဥပမာနင့်ရဲ့အကိုကို တယောက်ယောက်က ဒုက္ခိတဘဝဖြစ်အောင် လုပ်သွားတယ်ဆိုပါစို့..ဒါပေမယ့် အဲ့လိုလုပ်သွားတဲ့သူက နင့်ချစ်သူရဲ့ အကိုတော်နေတယ် ပြီးတော့ အဲ့ချစ်သူကလည်း ဒီကိစ္စကိုသိပေမယ့် နင့်ကိုလုံးဝမပြောပြဘူးဆိုရင် နင်သူ့ကိုအရင်လိုချစ်နေဦးမှာလား????'

'နင်အခု ဘာတွေပြောနေတာလဲ!!'

'ငါဘာပြောတယ်ဆိုတာ နင်က ပိုပြီးသိမှာပါ....သွားပီ
Good LuckပါKrist Perawat.....
awwဒါနဲ့ တခြားလူကိုမသိစေချင်တဲ့အရာတွေကိုပြောမယ်ဆိုရင် သေချာသတိထားပြီးမှပြောနော် တချို့လူတွေက အခွင့်ကောင်းယူဖို့စောင့်နေကြတဲ့သူမိုလို့😏😏'

'........😑😑😑'

သူပြောသွားတဲ့စကားတွေကို သေချာပြန်စဉ်းစားကြည့်တော့

ဟာ!!!!သွားပြီ.....တကယ်ကိုပြဿနာအကြီးကျယ် တက်ပြီ.. သူမသိစေချင်တဲ့ကိစ္စတွေ ကိုကို သိသွားပြီပေါ့..... Pink..Pinkကြောင့် သိသွားတာလား.....??? သူဘာလို့များ Pinkကိုလုံးဝမတွေးမိရတာလဲ... Pinkက ကိုကို့ကို ကြိုက်နေတဲ့သူဆိုတော့ ~~~~~~~~😮😮

ကိုကို!!!မဖြစ်ဘူး...လုံးဝမဖြစ်ဘူး...
တုန်ယင်နေတဲ့လက်ချောင်းတွေက phနံပါတ်တခုကိုနှိပ်ဖို့ တော်တော်ကိုအချိန်ယူနေရတယ်..... တောက်စ် ဒီလက်ကလည်းကွာ ဘာလို့တုန်နေရတာလဲ????
နောက်ဆုံး သူချစ်ရသူရဲ့phနံပါတ်ကိုနှိပ်လိုက်ပေမယ့်
တီ.....တီ.....တီ.....တီ.....တီ.....တီ.....တီ.....တီ ဆိုတဲ့ phဝင်သံကလွဲလို့ ပြန်ဖြေတဲ့အသံကတော့မထွက်လာခဲ့ဘူး..
သူအကြိမ်ပေါင်းများစွာ ခေါ်ပေမယ့် ကိုကို သူ့phကို လုံးဝမကိုင်ခဲ့ဘူး....😥😥😥

သူအခု ဘလိုလုပ်ရမလဲ.... သူမထင်မှတ်ထားတဲ့ကိစ္စက အခုအချိန်မှာဖြစ်သွားခဲ့ပြီ....သူ ဘလိုလုပ်ရတော့မလဲ.... သူ ကိုကို့ကို ဆုံးရှုံးရတော့မှာလား....သူ့အပေါ်ကို အခုလိုတော့ မရက်စက်လိုက်ပါနဲ့ ကံတရားရယ်....

စိုးရိမ်ကြောက်ရွံ့နေတဲ့ စိတ်တို့နဲ့အတူ သူ့နှလုံးသားက တဆစ်ဆစ်နာကျင်လာတဲ့အတွက် လက်ချောင်းဖြူဖြူအိအိလေးတွေနဲ့ သူ့ရဲ့ ဝဲဘက်ရင်အုံပေါ်တင်လိုက်ရင်း လက်တဖက်က phကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိတယ်......
ကျေးဇူးပြုပြီးတော့ သူ့ကို ကိုကိုမမုန်းလိုက်ပါနဲ့ဗျာ😭😭
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
အတန်းထဲက စားပွဲခုံပေါ်မှာထိုင်ရင်း ကျေနပ်တဲ့ အပြုံးတစ်ခုနဲ့ ပြုံးလိုက်တဲ့သူကတော့ Pink.......

Krist....Krist နင်ငါ့ကိုတော်တော်လျော့တွက်တာဘဲ....ငါချစ်ရတဲ့ သူကိုလုယူသွားတဲ့နင့်ကို ငါက ဒီအတိုင်းလွတ်ထားပေးမယ်လို့များ နင်ထင်နေတာလား....စိတ်တောင်မကူးနဲ့....Pinkဆိုတဲ့ ငါ့ရဲ့ဘဝမှာ အရှုံးဆိုတာမရှိဖူးဘူး...
ငါကအချစ်ကြီးသလို အမျက်ကြီးတဲ့သူဆိုတာ နင်သိဖို့ကောင်းတယ်....

ငါချစ်ရတဲ့ သူနဲ့နင်ပျော်နေတဲ့အချိန်မှာ ငါရင်နာနာနဲ့ ကြည့်နေရပေမယ့် နင်နာကျင်နေရတဲ့အချိန်မှာတော့ ငါကျေကျေနပ်နပ်ကြီးကိုဝမ်းသာအားရကြည့်နေမှာ....😒😒😒....

ဒီလိုအခြေအနေမျိုးဖြစ်ဖို့ အချိန်ကောင်းကို စောင့်နေရတဲ့ငါ့အတွက် ဒီလိုနေ့မျိုးဟာ အပျော်ဆုံးဘဲ.....မနေ့က နင့်နောက်မှာပါလာတဲ့ငါ့ကိုနင်သတိမထားမိဘူး..တခြားသူမဟုဘဲ အဲ့နေရာမှာ ငါဖြစ်နေတဲ့အတွက် နင်ကိုယ့်သေတွင်းကိုယ်တူးလိုက်သလိုဖြစ်သွားခဲ့တယ်.....ဒီလိုဖြစ်ရတာက နင်ငါ့ကိုလျော့တွက်ပြီး ထည့်မတွေးခဲ့မိလို့ အေ့ပေါ့လေ ...အချစ်တွေနဲ့အပျော်လွန်နေတဲ့သူဆိုတော့လည်း ဒါတွေကိုထည့်စဉ်းစားမှာမဟုဘူး.....အခုတော့ ဒါတွေကြောင့်ဘဲ နင်ကိုယ်တိုင်နာကျင်ဖို့ဖြစ်လာရပြီလေ.....😏😏
______________________________________
(ဘသူသိသွားလဲဆိုတာတော့ ရေးပြီးပြီ....ကိုကို့ကဘလိုမျိုးသိပြီး kitကိုမုန်းလားမမုန်းလားဆိုတာကတော့ နောက်တပိုင်းမှပေါ့နော်.....Good Nightပါ အသဲလေးတွေ😘)

Lanjutkan Membaca

Kamu Akan Menyukai Ini

16.2K 473 23
แ€กแ€แ€ปแ€…แ€บแ€แ€ฝแ€ฑแ€€แ€กแ€†แ€ฏแ€ถแ€ธแ€™แ€ฒแ€ทแ€แ€šแ€บ แ€™แ€„แ€บแ€ธแ€”แ€ฒแ€ทแ€แ€ฝแ€ฑแ€ทแ€–แ€ญแ€ฏแ€ทแ€–แ€”แ€บแ€แ€ฎแ€ธแ€•แ€ฑแ€ธแ€œแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ท แ€€แ€ถแ€€แ€ผแ€™แ€นแ€™แ€ฌแ€€แ€ญแ€ฏแ€žแ€ญแ€•แ€บแ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€™แ€ญแ€แ€šแ€บ
114K 9.1K 20
CB Me & แ€แ€ฝแ€ฑแ€ธแ€•แ€ฑแ€ซแ€€แ€บ
681 106 6
แ€„แ€ฝแ€ฑแ€™แ€ปแ€€แ€บแ€”แ€พแ€ฌแ€•แ€ฒแ€€แ€ผแ€Šแ€ทแ€บแ€แ€ฒแ€ทHarutoแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ€”แ€ฒแ€ท แ€˜แ€แ€€แ€ญแ€ฏแ€•แ€ฑแ€ซแ€ทแ€•แ€ฑแ€ซแ€ทแ€•แ€ซแ€ธแ€•แ€ซแ€ธแ€–แ€ผแ€แ€บแ€žแ€”แ€บแ€ธแ€แ€ฒแ€ทAsahiแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธ แ€แ€…แ€บแ€”แ€ฑแ€ทแ€™แ€พแ€ฌ แ€กแ€€แ€ผแ€ฝแ€ฑแ€ธแ€†แ€•แ€บแ€–แ€ญแ€ฏแ€ท Haruto แ€กแ€ญแ€™แ€บแ€€แ€ญแ€ฏ Asahi แ€›แ€ฑแ€ฌแ€€แ€บแ€žแ€ฝแ€ฌแ€ธ...
96.9K 5.1K 24
Exo's XingDae(yaoi) Cover- Aries LinLet Sky