သဲငယ်ပခုံးအားဖက်ရင်း လမ်းလျှောက်ရသည့်
အရသာသည် ကျတော် ရည်းစားထည်လဲတွဲပြီး
ချိန်းတွေ့သောခံစားချက်ထက်ပင် ပိုလတ်ဆတ်ပြီး
ပိုလှသည် ။ ပို၍လည်း နွေးထွးသည် ။
" သဲငယ် .. ဟွန်း ငယ် .. မင်း မောင့် ကို ချစ်လား "
" ဘာတွေလာမေးနေတာလဲ ?? ရူးနေလား "
ကျတော့်အမေးကို
မျက်မှောင့်ကုတ် ပေစောင်းစောင်းကြည့်ပြီး
ဘုကလန့်ပြန်ဖြေသည့် သဲငယ် စကားကြောင့် ဘယ်လိုပင်
နားထောင်ရကန့်လန့်ဖြစ်စေကာမူ ကျတော့်အတွက်တော့
ရယ်လို့မဆုံးနိုင် ။
" မင်း က ငါ့အတွက်တစ်ဦးတည်းသောသူဘဲ
ဆယ်ဟွန်း ။ ဒါလေးတော့ သိထားပေး "
မကြားဟန်ဆောင်ပြု အလေးမထားသလို မျက်နှာလွဲ
သွားသည့်တိုင် ကျတော့်ကို နည်းနည်းလေးတောင်
စိတ်မကွက်စေပါ ။
ဆိုးစမ်းပါ ။ ရစ်စမ်းပါ ။ ဂျစ်တိုက်စမ်းပါ ။
မောင် ဟာ သဲ ငယ် အတွက် စိတ်ရှည်ပြီးသား ။
အများအမြင် ကျတော်ဟာ သဲငယ် ကို ရိုးရှင်းစွာ
ခင်တွယ်သည်မဟုတ်ဘဲ နားလည်ရခက်သော
စိတ်ခံစားချက်နှင့် အတ္တနွယ်သည်ဟု လက်ညိုးထိုးကြ
လိမ့်မည် ။
သို့သော် ကျတော့် စိတ် ကျတော့် ခံစားချက်ကို
ကိုယ်တိုင်သာ နားလည်သည် ။ သိသည် ။
မောင်ဟာ သဲ ငယ် ကို ချစ်သော်လည်း
စွဲလမ်းခြင်းပါမည်မဟုတ် ။
မောင် ဟာ သဲ ငယ် ကို အပိုင်လိုချင်စိတ် ရှိသော်လည်း
တဏှာကင်းသည် ။
ဤသည်ကား နှစ်ရှည်လများ ယုံကြည်ခဲ့သော
ကျတော့်၏ စိတ်ရင်းအမှန် ဖြစ်ပေ၏ ။
သို့သော်ငြား အခုတလော မကြာခဏ
ထိုစိတ်ရင်းအမှန်ကို သံသယဝင်ချင် လာ သည် ။
" မောင် .. "
အရင်တစ်ခေါက် ဆံပင်ညှပ်ခိုင်းကတည်းက
မောင် ဟု မခေါ်မသုံးဘဲနေရာမှ မကြားရတာကြာပြီ
ဖြစ်သော အို ဆယ် ဟွန်း လေး ၏ ဆောင့်ကြီးအောင့်ကြီး
တစ်ခွန်းတည်းလေသံကတောင် နားထောင်နေကြထက်
ပိုချိုသည် ။
" နောက်တစ်ခေါက်လောက် .. သဲငယ်
မောင် လို့ နောက်တစ်ခေါက်လောက် ခေါ်ပေးပါလား "
လူကြားသူကြား ဖြစ်နေလည်း ဂရုမစိုက်နိုင်ဘဲ
ဆယ်ဟွန်းရှေ့ပိတ်ရပ်ကာ ထပ်မခေါ်မချင်း လုံးဝ
ဖယ်မပေး ။
ကျတော့်၏ ခေါင်းမာခြင်းနှင့် တစ်ဇွတ်ထိုးနိုင်သော
အကျင့်ကို သိထားသူပီပီ အများအားဖြင့် ပြန်ဂျစ်တိုက်
တက်ပေမဲ့ တစ်ခါတစ်လေတော့ စိတ်လိုလက်ရ
ကျတော်စကားကို နားထောင်သည် ။
" မောင် .. မင်း နေကောင်းပါတယ်နော် ။
ဒီနေ့မှ စကားများလိုက်တာ "
နှုတ်ခမ်းစွန်းတစ်ဖက်ကို အနည်းငယ်မျှသာ တွန့်ချိုးပြီး
ကျတော့်ကို မဖဲ့ရလျှင် စားမဝင်အိပ်မပျော်သူ သဲ ငယ်
ပါပင် ။
" စောက်အချေကောင် .. အမြင်ကပ်စရာလေး "
လမ်းမဖယ်ပေးခင် လက်ညိုးဖြင့် သူ့နှဖူးအား ခပ်ဖွဖွ
တွန်းမိတော့ ကျတော့်ကို အခုမှ တကယ်စိတ်ပြေသွားသလို
ရယ်သံခပ်တိုးတိုးဖြင့် ပခုံးတွန့်ပြသည် ။
သာမာန်အပြုအမူမျိုးဖြစ်စေကာမူ အို ဆယ် ဟွန်း ဆီက
တုန့်ပြန်မှုမျိုးဖြစ်နေသည့်အတွက်ကြောင့် ကျတော့်ကို
အသည်းတယားယားနှင့် ဖက်ကိုက်ချင်စိတ်ပေါက်စေ၏ ။
မိန်းကလေး ယောကျာ်းလေး အတော်များများ ပိုးစိုးပက်စက်
ကြွေဆင်းကြသည့် အို ဆယ် ဟွန်း ၏ အချေစတိုင်က
ကျတော့်မျက်စိထဲတွင် စုတ်လုံးအလုခံထားရသည့်
ကလေးငယ်တစ်ယောက်လို ဒီထက် ပိုနှုတ်ခမ်းဆူအောင်
စချင်နောက်ချင်စိတ်သာရှိသည် ။
ထို့ကြောင့်လည်း ကျတော့်ကိုဆို သဲ ငယ်
ခဏခဏ စိတ်ဆိုးပြီး မခေါ်မပြောနှင့် နေတက်၏ ။
ထိုသို့ဖြစ်တိုင်း မဖြစ်မနေကို
တန်ဖိုးကြီးလက်ဆောင်တစ်ခုပေးပြီး အသည်းအသန့်
ချော့ရသည် ။
သံသရာလည်နေကြ ကျတော်တို့၏ ရင်းနှီးပတ်သတ်မှု
သည် အမြဲတမ်း ဒီ ဂင် ဂျုံ အင် ကသာ အလျှော့ပေးရပြီး
အနှီးသကောင့်သားလေးကတော့ တစ်ခုခုဆို
စိတ်ဆိုး ဂျစ်တိုက်စမြဲ ။
" ဒီနေ့ မင်း ပိုက်ဆံ ကုန်ဖို့သာ ပြင်ထားတော့ ။
ကိုယ်စကားနဲ့ကိုယ်နော် ဂင် ဂျုံ အင် ရှိ "
ပုံမှန်အခြေအနေ ပြန်ရဖို့ ရင်းသင့်တာတော့
ရင်းရမည်ပေါ့ ။
သူပြောသလိုဘဲ ကျတော်က ကို အနိုင်ယူ
ဆိုး ဖို့ အကျင့်လုပ်ထားတော့ သင်းက ယုတ်မာတက်
တာလည်း အထွေအထူးမဟုတ်တော့ ။
သူ့တိုက်ခန်းကို သွားမည်ဟုစိတ်ကူးကတည်းက
ပိုက်ဆံအလုံအလောက်ထည့်ထားပြီးသား ။
" လိုချင်တာသာဝယ် ။ မင်းအတွက် ပိုက်ဆံအပြည့်
ထည့်လာပြီးသား "
" ဘာလဲ .. ငါ့ ရှူးဂါးဒယ်ဒီ လုပ်မလို့လား "
" အော်ဟော် .. ဒီလောက်ရုပ်ချော ဥစ္စာပေါ
စေတနာကောင်းလွန်းတဲ့ ရှူးဂါးဒယ်ဒီ မြင်ဖူးသလား
မောင့် သဲ ငယ် လေး ရဲ့ "
" ချီးဘဲ .. ဝယ်ပေးတာနဲ့ မတန်အောင် ဂုဏ်ဆာပြမနေနဲ့
ငါကကို စကားသွားစမိတာ ။ ငါဘဲ မှားတယ် "
မျက်နှာကို မဲ့ရွဲ့ကာ စကားနာထိုးပြီး အရင်ထွက်သွား
သဖြင့် ကျန်ခဲ့တဲ့ ကျတော့်မှာ ကျေးဇူးတင်ဖို့တောင်
မမျှော်လင့်ဘဲနေရတော့မလိုလို ။
" ဟွန်း ငယ် .. မောင့်ကိုစောင့်ဦးလေ "
ကျတော့်၏ အနည်းငယ်ကျယ်သော စကားအဆုံး
အတော်လှမ်းလှမ်းရောက်သွားပြီဖြစ်သော ဆယ် ဟွန်း ၏
နှုတ်ခမ်းလှုပ်ရုံအဆဲစကားနှင့်အတူ လက်ခလယ်
မထောင်ပြရုံတမယ်ပင် ။
လူအတော်များများ၏ ဘာလားဟူသော အကြည့်များကို
ကျင့်သားရနေကြမို့ မျက်နှာခပ်ပြောင်ပြောင်ဖြင့်
ဂရုမစိုက်တက်တော့ ။
အနောက်ကြည့်လျှင်တောင် တောင့်တင်းပြီး
ဆွဲဆောင်မှုရှိသော ပခုံးကျယ်က ကျတော် ခေါ်နေကြ
သဲငယ်ဟူသောဝေါဟာရနှင့် မလိုက်ဖက်ပေမဲ့
ကျတော့်အတွက်တော့ အမြဲတမ်း အဆိုးကောင်
မောင့် သဲ ငယ် .. အို ဆယ် ဟွန်း ဘဲ ။
အတွေးခပ်များများနှင့် ခြေလှမ်းမစရသေးသော
ကျတော့်ကိုစိတ်မရှည်တော့ဟန်ဖြင့် ခါးထောက်ကာ
မိုက်ကြည့်ကြည့်လာသည်မို့ တစ်ချက်ပြုံးပြပြီး
အပြေးတစ်ပိုင်းလျှောက်သွားလိုက်သည် ။
သူ့အနားမရောက်ခင် အသံမထွက်ဘဲ တစ်ခုခုပြောလိုက်သလို နှုတ်ခမ်းအနည်းငယ်လှုပ်သွားပေမဲ့ ဘာမှန်း
ခန့်မှန်းမရလိုက် ။
မတင်မကျဖြစ်သွားပေမဲ့ နေရောင်လင်းလင်းကို
ကျောပေးကာ ရပ်နေသည့် ဆယ် ဟွန်း ၏
အမှတ်မထင်အပြုံးစစကြောင့် ခေတ္တခဏ အသက်ရှူ
တန့်သွားပြီး ခပ်ပြင်းပြင်းနှလုံးခုန်နှုန်းက ကျတော့် ၏
စိတ်ရင်းအမှန် ခံစားချက်အား သံသယဝင်စိတ်
ပိုကြီးလာမိ၏ ။
မဖြစ်နိုင်ဘူးလို့ ဇွတ်ငြင်းပြီး ကျတော် စိတ်ရှင်းရှင်း
ထားချင်ပါသည် ။
သို့သော် ....
.
.
.
သဲငယ်က အပိုင်းအရမ်းမများဘူး
အများဆုံး ဆယ်ပိုင်းလောက်အထိဘဲ
ဒါတောင်များသွားပြီလားဘဲ 😂