အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...

By Arr_Sheng

1.7M 185K 35.4K

This story book presented by Zawgyi & UNICODE. #Zawgyi ေသမိန္႔က်ၿပီး လူတစ္ေယာက္၏ ေနာက္ဆုံးဆႏၵ #UNICODE သေမိန့... More

Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
From Arr_Sheng

Final Episode

69.7K 4.5K 916
By Arr_Sheng

"ပိုင္ မၾကည္ျဖဴတဲ့ ဘ၀မွာ လူျဖစ္ရမွာထက္ ေသတာ ပုိေကာင္းပါတယ္၊ ဘာမက္ေမာတြယ္တာစရာမွ မ႐ွိတဲ့ လူ႔ေလာကထဲ ေ၀ဒနာဆုိးကုိအေဖာ္ျပဳၿပီး အသက္႐ွင္ခ်င္ခဲ့တာ ပုိင့္ေၾကာင့္ပါ၊ အခု ပုိင္ကမွ စြန္႔ပစ္လိုက္ပါရင္ ဘာသံေယာဇဥ္ေၾကာင့္ လူလုပ္ေနရမလဲ၊ ကုိယ့္ကုိတန္ဖိုးမထားတဲ့လူအတြက္ ကုိယ္က ဆင္းရဲဒုကၡခံၿပီး ဘာလို႔ ျဖစ္တည္ေပးရဦးမလဲ၊ ဒီေလာကမွာ လူသန္းေပါငး္မ်ားစြာတည္းကမွ ပုိင္တစ္ေယာက္ကလဲြရင္ တို႔မွာ ခ်စ္ခင္စုံမက္ရာလူမ႐ွိဘူး၊ ပုိင္ကမွ အနားမ႐ွိေပးရင္ နညး္နညး္ေလးေတာင္ အသက္ ဆက္မ႐ွင္ခ်င္ပါဘူး၊ တို႔႐ွင္သန္ရမဲ့အေၾကာငး္တရားက ပုိင္ျဖစ္ရင္ တို႔ေသဆုံးခ်င္တဲ့အေၾကာင္းတရားကလည္း ပုိင္ပဲ"

Piggyနာမည္နဲ႔ သၿဂိဳလၤလက္မွတ္ကို ယူလိုက္သည္။

----------------

"ျပႆနာအႀကီးႀကီးတက္ပါၿပီ ... တမန္ေတာ္"

ေက်ာက္စိမ္းေရာင္ မ်က္ခုံးတန္းေလးႏွစ္ဖက္ တြန္႔ကုတ္သြားသည္။

ထိုအသံမၾကားခ်င္လို႔ ထိုအျဖစ္နဲ႔မႀကံဳခ်င္လို႔ ရာထူးတိုးလို႔တုိးျငား အလုပ္ကခြင့္ယူၿပီး အဓိ႒ာန္၀င္ စြမ္းအားစုေဆာင္းေနပါတယ္ဆိုမွ ကုိယ္႐ွိရာကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီး ၀င္ေရာက္ခ်လာၿပီ။ တပလႅင္ေခြ ေပါင္ႏွစ္ဖက္ေပၚ တင္ထားေသာ လက္သီးဆုပ္ကုိ အသာအယာ ျဖည္ခ်ၿပီး ပင့္သက္ကုိခ် မ်က္လုံးဖြင့္လိုက္သည္။

ျဖစ္လာသမွ် ရင္ဆုိင္လိုက္႐ုံေပါ့၊ အလြန္ဆုံး ႐ွိေနတဲ့ တမန္ေတာ္ ရာထူးေလးက်႐ုံကလဲြ ဘာျဖစ္ႏုိင္ဦးမလဲ။

ထရပ္ၿပီး ၀တ္႐ုံကုိ ခါခ်လိုက္သည္။

"ဘာျပႆနာလဲ"

"၀လုံး ေခၚ Minus Down ေရာက္ေနပါၿပီ"

----------------------

ကား accident ျဖစ္ၿပီး မၾကာခင္ ပုိင္စီးျပန္သတိျပန္ရလာသည္။ သို႔ေသာ္ သူခ်က္ခ်င္းမထ။ ရက္အေတာ္အတန္ၾကာေအာင္ပင္ သစ္ပင္လူသားလို ကုတင္ထက္ လဲေလ်ာင္းေနခဲ့သည္။ 

အားလုံးကသူ႔ကုိ သတိမရေသးဘူးပဲ ထင္ေနၾကသည္။ coma၀င္မွာကို စိုးရိမ္ပူပန္ေနၾကသည္။ အားလုံး၏ အပူအပင္ကုိ သူအေရးမစိုက္စြာ သူမႏိုးထေသး။ ထိုအပူအပင္တို႔သည္ အခုသူ႔ရင္ထဲမွာ ေလာင္ကၽြမ္းေနေသာ မီးစာေလာက္ မႀကီးမား။ 

မ်က္လုံးေတြမွိတ္ အသိစိတ္ကြာသြားရင္ တစ္ဖက္ ကမာၻမွာ Downကုိေတြ႔မလား ....

ေသလူလိုေနလ်က္ မ်က္လုံးကိုမွိတ္ မ်က္ကန္းတစ္ေယာက္လို ေမွာင္မဲပိန္းနက္ေနေသာ အသိတြင္ Downကို သူေဖြ႐ွာသည္။ သူ႔အသိတြင္ သူတစ္ေယာက္တည္းသာ ေျပးေပါက္မ႐ွိ ေခ်ာင္ပိတ္မိေနသည္။ မ်က္လုံးမွိတ္ လဲေလ်ာင္းေနရင္း မဆည္ႏုိင္ေသာ မ်က္ရည္ပူတို႔သည္ နားထင္ေအာက္ ေလွ်ာက်လာသည္။

ငါဘယ္ကစၿပီး စိတ္ေျဖရမလဲ Mine၊ ငါအခု အရမ္း႐ႈပ္ပြေနတဲ့ အခန္းထဲ ေရာက္ေနသလိုပဲ။ ငါဘယ္က စ ႐ွင္းရမလဲ မသိဘူး။ ငါဘယ္က စရမလဲဟင္။

အရင္ဆုံး မင္းက ... မင္းက Piggy။ ဟုတ္ၿပီ .. မင္းက Piggyျဖစ္ေနမယ္လို႔ ငါတစ္ခါမွ မေတြးမိဘူး။ Piggyက ငါ့ဆီ ဘယ္ေတာ့မွ ျပန္လာမွာမဟုတ္ဘူး၊ ငါရက္စက္ယုတ္မာခဲ့တာ Piggyက ငါ့အနား တဖန္ ျပန္လာရဲမွာ မဟုတ္ဘူးလို႔ ငါထင္ခဲ့တယ္။

ငါက အျပစ္ႀကီးသူမို႔ Piggyကို မေမွ်ာ္လင့္ရဲခဲ့ဘူး၊ ငါ့အျပစ္ေတြနဲ႔ ငါေၾကာင့္  Piggyကိုေတြ႔လည္းမေတြ႔ရဲဘူး၊ မေတြ႔ခ်င္ဘူးကြာ ... အဲ့ဒါေၾကာင့္ ငါ မ႐ွာခဲ့ဘူး။ ျပန္ေတ႔ြလည္း ေကာင္းတဲ့ ေရစက္ေတြမွ မဟုတ္တာ။

ငါ Piggyကုိ ညီေလးတစ္ေယာက္လိုပဲ သံေယာဇဥ္႐ွိတယ္၊ ငါ့အမိုက္ေတြေၾကာင့္ ျဖဴစင္လြန္းတဲ့Piggyကုိ သနားတယ္၊ ေတာင္းပန္တယ္ ဒါပဲ ငါ့ခံစားခ်က္က။ နစ္္နာမႈ ႔အတြက္ တန္ရာတန္ေၾကးေပးခဲ့တယ္၊ ငါ့တာ၀န္ေက်ၿပီလို႔ ငါ့စိတ္ကိုငါသက္သာမႈ ႔ယူတယ္။

Piggyကုိခ်စ္သူလို ငါမခ်စ္ခဲ့ဘူး။ သူ႔ကိုသိမ္းပုိက္ခဲ့တာလည္း ေသြးသားဆႏၵတစ္ခုတည္းေၾကာင့္။ ရက္စက္ႏုိင္ခဲ့တာလည္း ေတာမီးေလာင္ ေတာေကာင္ခ်နင္းပဲ။ ငါက အဲ့သေလာက္အထိကုိ အၾကင္နာတရားမ႐ွိ လူမဆန္ရက္စက္ယုတ္မာပါတယ္။

ဘယ္သူသိႏုိင္မလဲ .. အဲ့လို အယုတ္တမာက Minus Downဆိုတဲ့ ေကာင္ဆိုးေလးကို အရာရာခ၀ါခ် သည္းခံၿပီး ခ်စ္လာမယ္ဆိုတာ။ ငါ့လိုအယုတ္တမာက ဂုဏ္ေတြစည္းစိမ္ေတြမိသားစုအားလုံးကို အံတုၿပီး မငး္လိုမေလာက္ေလးမေလာက္စား ဘာမွမဟုတ္တဲ့ အပ်က္ေကာင္ေလးကို ဘ၀နဲ႔စစ္ခင္း ႏွလုံးသားနဲ႔ရင္း ခ်စ္ေပးရတာ လြယ္တယ္ထင္ေနလား။

ငါသိပ္ပင္ပန္းခဲ့တာေပါ့။ ငါက အတၱႀကီးသူျဖစ္လို႔ ငါ့ကုိယ္ကုိပဲ ငါသိတတ္မယ္။ မင္းခံစားခ်က္ေတြကုိ ငါမစာနာေပးႏိုင္ဘူး၊ ငါသိတာ ... ငါမင္းကိုခ်စ္ရတာ အရမ္းပင္ပန္းတယ္။ ဒါေပမဲ့ မစြန္႔လႊတ္ႏုိင္ဘူး။ အဲ့သေလာက္ထိကုိ မင္းဆီမွာ ငါက်႐ႈံးခဲ့တယ္။ 

ငါခ်စ္တာ Minus Down၊ Piggy မဟုတ္ဘူး။ Minus Downကုိ စြဲလမ္းသမွ် Piggyကို ဥေပကၡာျပဳႏုိင္ခဲ့တယ္။ မင္းက Piggyျဖစ္ေနလို႔ ငါေပ်ာ္သြားမယ္ထင္ေနလား။ ဟင့္အင္း မထင္လိုက္နဲ႔။ ငါသိပ္ခ်စ္တဲ့ Mineက အတိတ္ဆုိးေတြကို နင္းျဖတ္ခဲ့ရသူမွန္း သိလိုက္ရလို႔ Mineအတြက္ ငါေျဖမဆည္ႏုိင္ဘူး၊ Mineကုိ ငါသနားလြန္းလို႔ ေဟာဒီ့ ႏွလုံးသား ေသြး႐ွင္႐ွင္ ယုိစီးစိမ့္ထြက္တယ္။

သိပ္ခ်စ္ရတဲ့ ငါ့ခ်စ္သူကိုမွ ဒီလိုအတိတ္ဆိုးမ်ိဴး ႀကံဳရသလား။ အဲ့ဒီ့အတိတ္ဆိုးေတြရဲ ႔တရားခံက ငါကိုယ္တုိင္ပဲျဖစ္ေနလို႔ ငါ့မွာ အလူးလူးအလြန္႔လြန္႔ ငါ့ကုိယ္ငါပဲ အျပစ္တင္မိတယ္။ အဲ့ဒီ့အစား Piggyဆိုတာ အျခားတစ္ေယာက္ပဲ ျဖစ္လိုက္စမ္းပါကြာ .....

ကုိယ့္ကုိယ့္ကုိယ္ အျပစ္တင္ရတဲ့အမႈ ႔က မွန္ထဲကလူကုိ သတ္ခ်င္စိတ္နဲ႔ မွန္ေ႐ွ ႔မွာရပ္ မွန္ကို ဓါးနဲ႔ထိုးေနတဲ့ သူ႐ူးလိုပဲ။ မွန္ထဲကလူကုိ သိပ္မုန္းတီး နာၾကည္းေပမဲ့ ဘယ္ေလာက္ဓါးနဲ႔ထုိးထုိး မွန္အခ်ပ္ေတြသာ ကြဲသြားမယ္ မွန္ထဲက လူ မေသဘူး။ မွန္ထဲက လူ အေကာငး္ပကတိျဖစ္ေနသ၍ မွန္ေ႐ွ ႔ရပ္ ထုိးသတ္ေနရတဲ့လူမွာ ေဒါသေတြတလိမ့္လိမ့္။

ကိုယ့္ကုိယ္ကုိယ္ ျပန္ထုိးဖို႔က်ေတာ့လည္း  ကုိယ္သိပ္ကုိးကြယ္ရတဲ့ ကုိယ္ကုိယ္တုိင္ျဖစ္ေနတယ္။ လူေတြက ကိုယ့္ကိုယ္ကုိယ္ေတာ့ အနာတရျဖစ္ေအာင္ မလုပ္ရဲဘူး။ မင္းကုိယ္ခ်ငး္စာၾကည့္စမ္း ... ေန႔ရက္တုိင္းက ေလထဲကေလကို လိုက္ဖမ္းေနရသလိုပဲ။ အဲ့သေလာက္ထိကုိ ငါ့ကုိယ္ငါအျပစ္ေတြတင္ရင္း မင္းအတြက္ ရင္နာေနရပါတယ္။

မင္း Minus Down။ ၀၀တုတ္တုတ္ ညဳိခဲ အနာစိမ္းေတြ႐ွိတဲ့ Piggyနဲ႔ မသက္ဆိုင္စြာ သိပ္ေခ်ာၿပီး စြဲမက္ဖို႔ေကာင္းတဲ့ မင္းသြင္ျပင္။ လည္ဂုတ္ေလာက္႐ွိတဲ့ ဆံပင္ေပ်ာ့ႏြဲ႔ႏြဲ႔ေတြၾကား ေမး႐ိုးခၽြန္ခၽြန္နဲ႔ မငး္မ်က္ႏွာျဖဴစုတ္စုတ္ေလးက ငါ့အတြက္ ဆဲြေဆာင္မႈ ႔အျပည့္႐ွိတယ္။

ရဲတင္းၿပီး တဇြတ္ထုိးဆန္တဲ့ ခပ္ဂ်စ္ဂ်စ္ အျပဳအမူေတြနဲ႔ Minus Downကို ငါ သိပ္ခ်စ္သြားတယ္။ င့ါအတြက္ အခ်စ္ဆိုတာ ငါ့႐ုံးခန္းထဲ မေၾကာက္မလန္႔၀င္လာၿပီး ငါ့ေခါင္းကို ႏွိပ္ေပးခဲ့တဲ့ ေကာင္ေလးကေန စတင္ေပါက္ဖြားတယ္။ 

မိဘေတြက မႏုိင္လို႔ လႊတ္ထားတဲ့ သားဆိုးေလးထင္လို႔ ငါလူႀကီးလူေကာင္းဆန္ဆန္ ျပဳမူၿပီး ျငင္းတယ္။ ငါလည္း အေဖတစ္ေယာက္ျဖစ္ေနလို႔ သားသမီးခ်ငး္ကုိယ္ခ်ငး္စာၿပီး ေက်ာရ႐ုံမႀကံစည္ရဲခဲ့ဘူး။ အဲ့ဒါက မင္းကုိ အမဲကြက္စြန္းမွာ စိုးရိမ္လို႔။

မင္း... က်န္းေလာင္ေ၀့နဲ႔ ၿငိတယ္၊ စပြန္ဆာ႐ွာစားတဲ့ ေကာင္ေလးမွန္းသိေတာ့ ငါ့ကုိယ္ငါ စိုးရိမ္လာတယ္။ မင္းေသြးေဆာင္မႈ ႔ေအာက္ ငါမ႐ုနး္ထြက္ႏုိင္မွာ ငါသိတယ္။ ငါ့ဂုဏ္သိကၡာက မင္းလိုအပ်က္ေကာင္ေလးေၾကာင့္ အပ်က္စီးမခံႏိုင္လို႔ မင္းကို ပုိေ႐ွာင္လာတယ္။

မျဖစ္သင့္တာသိတယ္၊ အမ်ိဴးမ်ိဴးျငင္းဆန္ခဲ့တယ္၊ ခ်စ္ေနပါလ်က္ အေသသတ္ပစ္ဖို႔အထိ ငါ့သမာဓိအား ေကာင္းခဲ့တယ္။ ခ်စ္တယ္ေနာ္ .. သတ္ဖို႔အမိန္႔ေပးခဲ့တယ္ .. ဘာလို႔လဲ ငါက ပိုင္စီးအာဏာျဖစ္ေနလို႔ပဲ။ ခ်စ္မိရင္ အ႐ႈံးပဲတဲ့။ ငါမ႐ႈံးခ်င္လို႔ မင္းကို သတ္ခဲ့တယ္။

ငါ့ႏွလုံးသားမွာ တေျမ ႔ေျမ ႔နဲ႔ လႈိက္စားေနမဲ့အစား ဒီ့ထက္အနာမရင္းခင္ ခဲြထုတ္ပစ္ခ်င္လို႔ ဇြဲေကာင္းလြန္းတဲ့မင္းကို အေသသတ္ဖို႔ အမိန္႔ေပးခဲ့တယ္။ ရင္နာေပမဲ့ ငါေ႐ြးခ်ယ္မႈ ႔အတြက္ ငါမမႈ ႔ဘူး။ ငါက ပုိင္စီးအာဏာျဖစ္ေနလို႔ ဒီလိုနည္းနဲ႔ပဲ ငါ့အခ်စ္ကို ေဖာ္ျပတတ္တယ္။ အေသသတ္ရေလာက္တဲ့အထိကုိ မငး္ကုိငါ ခ်စ္ပါတယ္။

ငါ၀န္ခံတယ္ .. မင္းကုိ ျပန္ေတြ႔ရခ်ိန္ ငါအရမ္း၀မ္းသာသြားတယ္။ မင္းကို ဆထက္တပုိး ငါပုိ ပို,ခ်စ္သြားတယ္။ သတ္ပစ္ရေလာက္ေအာင္ ခ်စ္ရာကေန မစြန္႔လႊတ္ႏိုင္ေအာင္ သိပ္ခ်စ္သြားတယ္။

မင္းရဲ ႔အေၾကာတင္းတင္းနဲ႔ ဇြဲေကာင္းမႈ ႔ေတြကုိ ဘယ္လိုလူက မ်က္ကြယ္ျပဳႏိုင္ဦးမွာလဲကြာ။ ငါလည္း လူထဲက လူပဲမို႔ မင္းေတာ္ကီ မငး္ျပဳစုမႈ႔ေအာက္ ေၾကြက်ေျမခမိပါတယ္။'Mine' လို႔ သမုတ္ခဲ့တာက လက္လႊတ္ဖို႔မဟုတ္ဘူး။ မလြယ္ကူတဲ့လမ္းမွာ ငါနဲ႔မင္းနားလည္မႈ ႔ကုိယ္စီနဲ႔ ေ႐ွ ႔ဆက္ႏုိင္မယ္လို႔ထင္ခဲ့တယ္။

မင္းသိပ္ရဲတင္းလြန္းလာတယ္။ ေလာဘႀကီးလြန္းလာတယ္။ အခြင့္အေရးေတြ ေတာင္းဆိုလာတယ္။ မင္းေၾကာင့္ ငါေခါင္းကိုက္ရတဲ့ အခက္အခဲေပါင္းမနည္းဘူး။ ဒါေပမဲ့ မင္းကို ငါ အၿပီးမစြန္႔ပစ္ႏုိင္ခဲ့ပါဘူး။ ငါခ်စ္မွန္းသိသိရက္နဲ႔ မင္းဆိုးသြမ္းလာတယ္။ ငါခ်စ္တာကုိအခြင့္ေကာင္းယူၿပီး မင္းလူပါး၀လာတယ္။

မင္းက ငါ့အခ်စ္ေတြကုိ အပုိင္ရခဲ့တယ္၊ င့ါေ၀ယ်၀ိစၥေတြလုပ္ ငါ့သမီးကိုေမြးေပးထားတဲ့ မမႏိုင္ကို မင္းေလာက္ေတာင္ ငါမခ်စ္ေပးႏုိင္ေတာ့ ငါဘယ္ေလာက္ အားနာခဲ့ရတယ္ထင္လဲ။ အဲ့ဒါေၾကာင့္ မမႏုိင္ကို စိတ္ႏွလုံးသားမေပးႏုိင္လည္း အျပဳအမူေတြနဲ႔ အမ်ားႀကီး ဂ႐ုစိုက္ေပးမိတယ္။ မင္းက ဒါကို ယွဥ္ခ်င္လာတယ္။

ေနာက္ဆုံး မင္းစကားကိုနားေယာင္ မမႏုိင္နဲ႔ငါ ေသြးကဲြၿပီး သမီးကို DNAစစ္မိရေအာင္ ငါမငး္အေပၚမွာ တိမ္းမူးခဲ့တယ္။ ငါမင္းကုိ တကယ္ျပတ္ဆဲခ်င္ခဲ့တာပါ။ ဒါေပမဲ့ Mine .. ငါမင္းကုိ သိပ္ခ်စ္တာ။ ငါစိတ္ဆိုးတုန္းခဏပဲ၊ ၿပီးရင္ ငါ မင္းကို လြမ္းလာေရာ။ ျပန္ေတြးရင္လည္း မင္းရဲ ႔အျပစ္က ႀကီးမားလြန္းလို႔ င့ါစိတ္ကို တင္းၿပီး ငါမင္းကို အျပစ္ႀကီးႀကီးေပးမိတယ္ကြာ။

မင္းကုိအျပစ္ေပးထားတဲ့ အေတာအတြင္း မမႏိုင္နဲ႔ေရာ အလုပ္ကိစၥေတြေရာ ငါ႐ွင္းႏုိုင္သမွ် ႐ွင္းထားတယ္။ မမႏိုင္နဲ႔ အၿပီးတုိင္ အိပ္ရာေပၚက လင္မယားခန္းျပတ္တယ္ကြာ။ ငါဘယ္ေလာက္လူမဆန္ခဲ့လဲ သိလား။ မမႏိုင္ကို အိမ္ေထာင္ေရးသာယာမႈ ႔မရႏုိင္တဲ့ မိန္းမတစ္ေယာက္အျဖစ္ တစ္ဘ၀စာ အက်ဥ္းခ် ေနထုိင္ေစခဲ့တယ္။

ငါ့သမီးအတြက္ မမႏုိင္ကို ငါလုံး၀ မလႊတ္ေပးခဲ့ဘူး။ ငါ့သမီးအတြက္ ဟန္ျပမိန္းမအျဖစ္ မမႏုိင္ကို ဓါးစာခံလုပ္ခဲ့တယ္။ သမီးရဲ ႔အေဖနဲ႔အေမအျဖစ္ပဲ ပတ္သက္တယ္။ မ်က္ႏွာေျပာင္တိုက္ၿပီးကို မငး္ကုိပဲ ငါၾကင္နာေထြးေပြ႔ေတာ့မလို႔။

အလုပ္ေတြ အကုန္ျဖတ္ၿပီး မင္းသိပ္သြားခ်င္ေနတဲ့ ခရီးသြားဖို႔ ငါေရာက္လာေတာ့မွ မင္းက ..... မငး္တစ္ေယာက္အတြက္နဲ႔ ေလာကႀကီးကို စုံကန္မိုက္လုံးႀကီးခဲ့တဲ့ ငါ့ကို မင္းဆီးႀကဳိပုံႀကီးက မမိုက္ပါဘူးကြာ။

Piggy ... မင္းက Piggyတဲ့။ ငါအရမ္းအံ့ၾသသြားတယ္။ အဲ့တုန္းက ငမဲလုံးေလးက အခုငါသိပ္ခ်စ္ေနတဲ့ ပိုးဟပ္ျဖဴေလးပါ့လား။ ငါမင္းကုိ ပိုခ်စ္သြားတာ မဟုတ္ဘူးေနာ္။ ငါ့မွာ႐ွိသမွ် ေပးႏိုင္သမွ် အခ်စ္ေတြအားလုံးကို မင္းပဲ အကုန္အပုိင္သိမ္းၿပီးၿပီ။

အခ်စ္အျပင္ ႏွစ္ခုပုိသြားတယ္။ အျပစ္ေတြေပးဆပ္ခ်င္တယ္၊ ေတာင္းပန္စကား ဆိုခ်င္တယ္။ င့ါအနားကုိ ျပန္လာေပးလို႔ မင္းငါ့ကုိ သိပ္ခ်စ္တာ ငါခံစားမိတယ္။ မင္းဆီက ငါအယူေတြပဲ အရမ္းမ်ားခဲ့လို႔ ငါ့ဘက္က ျပန္ ေပးခ်င္တာေတြ တအားျပည့္သိပ္ မို႔ေမာက္လွ်ံက်လာတယ္။

ငါ့မွာ မင္းနဲ႔ပတ္သက္ၿပီး ထမ္းပုိးထားသမွ် ငါ့ဘက္က မႏုိင္မနင္းျဖစ္ေနခ်ိန္ မင္းက ေျဖ႐ွင္းခြင့္၊ ေတာင္းပန္ခြင့္ မေပးဘူး။ အခ်စ္ေတြအျပင္ အျပစ္ေတြပါ နစ္ေနတဲ့ ေျမမ်ိဴခံရသလို ဒဏ္ေပးျခငး္နဲ႔ မင္းက ဒီေလာကမွာ ငါ့ကုိ ခ်န္ထားခဲ့တယ္။ ငါအခု ဘယ္ေလာက္ ေလးလံတစ္ဆို႔ေနရသလဲ။ အသံေတာင္ မထြက္ဘူး။

မငး္က Piggyျဖစ္ေနတဲ့ အေရးႀကီးစိုးေနတာေၾကာင့္ စာထဲက အျခားအေၾကာငး္အရာေတြကုိ ငါစိတ္ထဲ မ႐ွိေသးဘူး။ မင္းသိပ္ေတာ္ပါတယ္၊ မင္းကုိယ္တိုင္ Piggyလို႔ ၀န္မခံသြားေပမဲ့ ငါ့ကို ငိုရခက္ ရယ္ရခက္အေနအထားမ်ိဴးနဲ႔ တစ္ဘ၀လုံးလူ႐ုပ္မေပၚေအာင္ ဆန္႔တငင္ငင္ တေျမ ႔ေျမ ႔ ညွင္းဆဲသြားႏုိင္တယ္။

'ခြင့္လႊတ္ခဲ့တယ္ေနာ္' တဲ့။ ေျပာတတ္လိုက္တာ၊ ဟုတ္ပါတယ္။ မင္းက ဒီဘ၀ဒီမွ် စိတ္နဲ႔ ကုိယ္လြတ္႐ုန္းသြားႏုိင္တာေပါ့။ ငါကေရာ ... ငါဘယ္လိုက်န္ခဲ့ရမလဲ မင္းမစာနာေပးဘူး။ 'ခြင့္လႊတ္ခဲ့တယ္ေနာ္' အဲ့ဒီ့စကားက ငါ့အနားကို တဖန္ သရဲတေစၧအျဖစ္နဲ႔ေတာင္ ျပန္မလာဘူးလို႔ မင္း ေၾကျငာေမာင္းတီးသြားတာ။

မင္းယူမွ ေျပေလ်ာ့ႏုိင္မဲ့ ငါ့ကုိယ္မွာ ေလးလံေနတဲ့ ငါထမ္းပိုးထားတာေတြကို မငး္က 'အဲ့အတုိင္းပဲေနစမ္း၊ ျပန္လာမယူဘူး'လို႔ အသိေပးျခငး္နဲ႔ ငါ့ကုိယ္ကုိ တစ္သက္စာ ၀န္ပိေစခဲ့တာ။ ငါ့မွာအခု အခ်စ္ေတြေရာ အျပစ္ေတြေရာ ေနာင္တေတြေရာ ေလးလံဖိစီးထားလို႔ ငါ့ေျခေထာက္ မၾကြေတာ့ဘူး။

မင္းနဲ႔ပတ္သက္ၿပီး စိတ္ေျဖခြင့္ေတာင္ မေပးခဲ့ဘူး။ မငး္နဲ႔ပတ္သက္ခဲ့သမွ် အမွတ္တရ၊ အသုံးအေဆာင္ အားလုံးကို မငး္ဖ်က္သိမ္းသြားတယ္။ က်န္ရစ္ခဲ့ရတဲ့ ငါ့တစ္သက္ သြားေလသူမငး္ကုိယ္စား ေထြးေပြ႔ထားရမဲ့ အေငြ႔အသက္ မ႐ွိဘူး။ 

မင္းက မငး္နဲ႔ပတ္သက္တဲ့ အမွတ္တရကို ငါကုိယ္တုိင္ ဖန္တီးေစခဲ့တာ။ မင္းေမးခဲ့တဲ့ေမးခြန္းကိုမွ ငါမေျဖႏုိင္ရင္ အဲ့ဒီ့အခြင့္အေရးေတာင္ ငါ့ကိုမေပးမဲ့ မငး္ရဲ ႔ဥာဏ္ႀကီးမႈ ႔။

မင္းမွာခဲ့တဲ့ အမည္မေဖာ္ျပခဲ့တဲ့ ပန္း ဆုိတာ ငါ့ကို တစ္ဘ၀စာ ဒဏ္ခတ္လိုက္တာပဲ။ အဲ့ဒီ့ပန္းက ဘာပန္းလဲ ငါမသိခဲ့ဘူး။ ငါမမွတ္မိေတာ့ဘူး။ Piggyဆိုတာ ငါခ်စ္ခဲ့တဲ့ လူမွမဟုတ္တာ။ Piggyနဲ႔ပတ္သက္တဲ့ အတိတ္ေတြမွာ အျပစ္ရစရာေတြပဲမို႔ အၿပီးတုိင္ ငါေဖ်ာက္ဖ်က္ခ်င္ခဲ့တယ္။ ေမ့ေဖ်ာက္ခဲ့တယ္။

ဘာပန္းလဲ? ပန္းရဲ ႔အေျဖကုိမွ ငါမသိရင္ ခင္ဗ်ားႀကီး လြမ္းေဆြးဖို႔ေတာင္ မထိုက္တန္ဘူးဆိုၿပီး မင္းကုိ အၿပီးစြန္႔လႊတ္ပစ္ဖို႔ စြန္ကုိ လႊတ္ခိုင္းတာ။

အလႈလုပ္ခိုင္းတာ မငး္အတြက္။ မင္းအတြက္ သတိတရအလႈျပဳၿပီးမွ မင္းရဲ ႔သီခ်င္းကို ငါ့ကိုဆိုညည္းေစခဲ့တာ။ ငါ့ဆိုညည္းမႈ ႔ကုိ မင္းကေတာ့ လာနားေထာင္ေပးမွာမဟုတ္သလို ငါ့လြမ္းေဆြးမႈ႔ေတြကိုလည္း မငး္ သိႏိုင္မွာ မဟုတ္ဘူး။

မင္းသိပ္ရက္စက္တဲ့ ေကာင္ကြာ။

အဲ့အစား ငါ့ကို ဆဲဆိုၿပီး က်ိန္စာတိုက္ခဲ့ပါေတာ့လား ... ေခြးေကာင္ရဲ ႔။ မင္းအေပၚမေကာငး္ခဲ့တဲ့ ငါ့ကို မုန္းမုန္းတီးတီးနဲ႔ ထြက္သြားပါေတာ့လား။ လူ၀င္စားအျဖစ္နဲ႔ ျပန္လာကလဲ့စားေခ်မယ္၊ မကၽြတ္မလြတ္ သရဲတေစၧဘ၀နဲ႔ ငါ့ကုိမေနႏိုင္ေအာင္ ေျခာက္လွန္႔မယ္၊ ငါသြတ္သြတ္ခါ ႐ူးသြပ္မွ ငါ့ဂုတ္ခ်ိဴးၿပီး သတ္ပစ္မယ္လို႔ ေျပာသြားပါေတာ့လား။

အခုေတာ့ကြာ ... ေသြးေအးေအး ေပ်ာ့ေပ်ာ့ေလးနဲ႔ကုိ တစ္ဘ၀လုံး ခ်ည့္နဲ႔သြားေအာင္ ႏွိပ္စက္ခဲ့တာ။

ငါဒီလိုႀကီး ႐ွင္လ်က္နဲ႔ ခံစားခ်က္ေတြ ေသဆုံးကုန္တဲ့လူတစ္ေယာက္အျဖစ္ မေနႏိုင္ဘူး။

---------------

ဆယ္ရက္ေျမာက္ေသာေန႔၊

ေဆး႐ုံခန္းထဲ မည္သူမွ မ႐ွိခ်ိန္တြင္ သူမ်က္လုံးပြင့္လာသည္။ လက္မွာ သြယ္တန္းထားေသာ ေဆးပုိက္ေတြကို ဆဲြျဖဳတ္လုိက္သည္။

သူအခုေရာက္ေနတာ အထပ္သုံးဆယ္ အေဆာက္အဦး၏ ေဆး႐ုံအေပၚဆုံးထပ္။ အုတ္ေဘာင္ေပၚကို တြယ္ဖက္ တက္ကာ ေျခဖမိုးစုံသည္ ထိုအစြန္အဖ်ားေပၚတြင္ မတ္တပ္ရပ္ေနသည္။ ေလာကႀကီးကို ေနာက္ဆုံးအႀကိမ္ မ်က္စိတဆုံး စီးၾကည့္လိုက္သည္။

ငါက မင္းထားခဲ့တ့ဲအတုိင္း တစ္သက္လုံးယူႀကံဳးမရျဖစ္ရင္း ေပ်ာ္႐ႊင္မႈ ႔မ႐ွိ လူျဖစ္႐ႈံးေအာင္ ေနမယ္ထင္ေနလား .... ဟင့္အင္း။

ငါမင္းအေနာက္ လိုက္ၿပီး ငါမေက်နပ္တာေတြ မငး္ကို ေျပာဦးမွာ။ ငါမ်ိဴသိပ္ခဲ့တဲ့ ငါ့ခံစားခ်က္ေတြကို ေျပာျပဦးမွာ။ ငါ့အေပၚ သိပ္ရက္စက္တဲ့ မင္းကို တစ္ခ်က္ေလာက္ေတာ့ ဆဲြထုိးဦးမွာ။ ငါ့ကို လာေက်ာလို႔မရဘူး။ ငါက ပုိင္စီးအာဏာပဲ။ ငါတစ္ေယာက္တည္း ခံစားမေနဘူး။

ေဘာင္ေပၚမွာ ေျခတစ္ဖက္ေထာက္လ်က္ ေျခတစ္ဖက္က ေလဟာနယ္ထဲဆင္းခ်လိုက္သည္။

မ်က္လုံးကုိစုံမွိတ္ ကုိယ္ကိုေ႐ွ ႔အစိုက္ ေလထဲတြင္ တစ္ကုိယ္လုံး ပစ္လွဲခ်ေတာ့မည့္အျပဳ .....

"ေဖေဖ"

"နားရာအေဖ!"

ေက်ာေနာက္ပါး၀ယ္ တၿပိဳက္နက္တည္း အသံႏွစ္ခုက စိုက္ေရာက္လာစဥ္ ၾကက္သီးေမြးညွင္းျဖန္းခနဲ။ ဆံပင္ေတြ ေထာင္ထသြားသလို။ ေျခေထာက္ကို ျပန္႐ုတ္မိသည္။

ငါ့သမီးေလး!

အေနာက္ကို လွည့္ၾကည့္လိုက္စဥ္

ယိုင္တိုင္တိုင္ နဲ႔ သူ႔အနား ေလွ်ာက္လာသည့္ သမီးငယ္။ အေနာက္မွ မမႏိုင္က အထိတ္တလန္႔ စိုးရိမ္တႀကီး။

သူ႔မွာ ခ်က္ခ်င္းပဲ မ်က္ရည္ေတြ ေ၀့တက္အိုင္ထြန္းလာသည္။ အရင္အခါေတြက မ်က္ရည္က်သည္မွာ သူငိုခ်င္လို႔မဟုတ္၊ အခုမွ သူတကယ္ငိုခ်င္လာသည္။

သူ႔မွာ ေသဖို႔ အခြင့္အေရး မ႐ွိပါ့လား။ သူ႔အျပစ္ေတြ သိပ္ႀကီးလြန္းသည္။

သမီးအနား ေရာက္သြားၿပီး သမီးကို တင္းၾကပ္စြာ ေပြ႔ဖက္လိုက္သည္။ သမီးပခုံးေသးေသးေလးေပၚမွာ ေခါငး္စိုက္လ်က္ သူ သည္းထန္စြာ ငို႐ႈိက္သည္။ ခပ္တင္းတင္း ေပြ႔ဖက္တာမ်ိဴးကို သမီးက မႏွစ္သက္ေသာ္လည္း အခုအခါတြင္ သမီးက သူ႔ကုိႏွစ္သိမ့္နားလည္ေပးသည့္အလား သူ႔ဖက္တြယ္မႈ ႔တြင္ မ႐ုန္းလာ။ ၿငိမ္ၿငိမ္ေလးေနေပးသည္။

မ်က္ရည္လွ်ံေနေသာ မ်က္လုံးနဲ႔ သမီးမ်က္ႏွာေလးကို ေစ့ေစ့ျပန္ၾကည့္ၿပီးေနာက္ တဖန္ျပန္လည္ကာ ရင္ခြင္ထဲေပြ႔ပိုက္ထားမိသည္။ သမီးကုိ ရင္၀ယ္ပိုက္လ်က္ ၾကမ္းခင္းေပၚ ေျခပစ္လက္ပစ္ ထုိင္ကာ ေကာင္းကင္ကုိ ေမာ့ေငးၾကည့္ရင္း သူ ရင္ထဲမခ်ိစြာ ေအာ္ဟစ္ ငုိေၾကြးေနသည္။

သူ႔ကိုစြန္႔ပစ္သြားေသာ Downလိုပင္ ျပာလဲ့ေနေသာ ေကာငး္ကင္ျပင္ႀကီးသည္ သူ႔ ငိုေၾကြးမႈ ႔အပူေသာကေတြကုိ လ်စ္လ်ဴ႐ႈ ႔ကာ ေနသာေနသည္။

ဟက္တက္ကဲြေနတဲ့ ငါ့အသဲေပၚ အရက္ျပန္ ေန႔စဥ္ ေလာင္းခ်ခံရသလို ခံစားခ်က္နဲ႔ မင္းကို ငါအၿမဲတမ္း မပ်က္မကြက္ သတိရလြမ္းဆြတ္ေနပါ့မယ္။ ၀ဋ္ေၾကြးႀကီးတဲ့ ၿပိတၱာလို စားသမွ်ေသာက္သမွ် မ်ိဴမက်စြာ ေန႔႐ွိသ၍ ငရဲခံရင္း ငါ့အျပစ္ေတြအတြက္ ဒုကၡႀကီးငယ္ ေနာင္တရေနပါ့မယ္။

ငါမငး္ကုိ ဘယ္ေတာ့မွ မေမ့ပါဘူး။ ငါသာေမ့လိုက္ရင္ မင္းအတြက္ မတရားလြန္းလို႔ ငါ့အသဲအနာခံၿပီးကို မငး္ကုိ တေျမ ႔ေျမ ႔နဲ႔ သတိရေနပါ့မယ္။ 

ငါက မင္းကုိသိပ္ခ်စ္တာကိုးးး

ဘယ္ေတာ့မွ ျပန္မလာမဲ့မင္း၊ ဘယ္ေတာ့မွ ျပန္ဆုံခြင့္မ႐ွိတဲ့မင္းက ငါ့အနားမွာ႐ွိေနသလိုကို တန္ဖိုးထားၿပီး ငါ႐ူးသြပ္စြဲလမ္းေနပါ့မယ္။ ငါ့ႏွလုံးခုန္သံမရပ္သ၍  ငါ့ႏွလုံးအိမ္မွာ မငး္က အၿမဲ႐ွင္သန္တည္႐ွိေနပါတယ္။

မ႐ွိတဲ့လူကုိ အ႐ွိအထင္နဲ႔ စြဲလမ္းမႈ ႔။ အဲ့ဒီ့အစြဲအလမ္း၀ဋ္ေၾကြးက ငါ့ကံကုန္မွ လြတ္ေျမာက္မယ္။ ႐ွင္သန္ျခငး္နဲ႔ေသဆုံးျခင္းကိုေက်ာ္လြန္ၿပီး ကံကုန္မွပဲ ငါလြတ္ေျမာက္မယ္။ အခုေတာ့ ငါဟာ ပိတ္မိလ်က္ေပါ့ ..........

"Minus Downေရာက္လာတာဘာျဖစ္လဲ"

"ဘာျဖစ္မလဲ ... ကံၾကမၼာစီရင္တဲ့ ကံဇာတ္ဆရာ ေ႐ွာင္ေ႐ွာင္ေပါ့၊ လူမွားၿပီး စီရင္လိုက္တာ အခု ၀လုံးေခၚ Minus Downက သူ႔ကံေၾကြးလည္းမဟုတ္ပါဘဲ ေပးဆပ္ခဲ့ရၿပီး အခု ေသခဲ့ရပါေရာလား"

"ဘယ္လို ... လူမွားတယ္?"

"ဟုတ္တယ္၊ ၂၀၁၆ Tokyoမွာ ပုိင္စီးအာဏာနဲ႔ ဆုံရမဲ့လူက ၀လုံးေခၚ Minus Downမဟုတ္ဘဲ၊ အျခားတစ္ေယာက္ ျဖစ္ရမွာ၊ အဲ့ဒါကို နာမည္မွား လူမွားၿပီး ၀လုံးေခၚ Minus Downနဲ႔ ပိုင္စီးအာဏာကို ဆုံေပးလိုက္လို႔ ေနာက္ပိုင္းေတြ ဆက္ျဖစ္လာတာ"

"ငါခံစားမိတယ္ ငါခံစားမိတယ္၊ Minus Downေရာက္လာမဲ့ရက္နီးေလေလ ငါေနလို႔ထုိင္လို႔မေကာင္းေလနဲ႔၊ တစ္ခုခုေတာ့ အမွားအယြင္း႐ွိေနတာ ငါသိေနတယ္၊ အထက္က သိသြားၿပီလား"

"ဟင့္အငး္ မသိေသးဘူး၊ ဒါေပမဲ့ ယမမင္းႀကီးေ႐ွ ႔ေရာက္ရင္ သိမွာပဲ၊ ဇာတ္ဆရာေ႐ွာင္ေ႐ွာင္ ညွင္းဆဲခဲ့တာ နည္းနည္းေနာေနာမဟုတ္ဘူး၊ ကိုယ့္ကံေၾကြးမဟုတ္ပါဘဲ အႏွိပ္စက္ခံခဲ့ရမွန္း ေပၚသြားရင္ ကၽြန္ေတ္ာတို႔ကုိ အမႈန္႔လုပ္ပစ္လိုက္မယ္"

မျဖစ္မျဖစ္ ... ဒီျပႆနာကုိ ကုိယ့္အခ်ငး္ခ်ငး္ၿပီးေအာင္ လုပ္ရမည္။

"Minus Downအတြက္ တစ္ခုခု စီစဥ္ၿပီး အေလ်ာ္ျပန္ေပးရမယ္၊ သူျဖစ္ခ်င္တဲ့ ဆႏၵနဲ႔ လုိတရေစဆုကို ေပးၿပီး ဘ၀အသစ္တစ္ခု ျပန္ေပးရမွာေပါ့"

_____THE END_____

ေကာက္ေၾကာငး္နဲ႔ပတ္သက္ၿပီး စာေရးသူရဲ ႔ ေျဖ႐ွင္းခ်က္ေျပာစကားေတြကို ေနာက္ထပ္ Chapter တစ္ခု ထပ္ေပါငး္ဖို႔က်န္ပါတယ္။

May,2018 မွာ စတင္ခဲ့တဲ့ အတိတ္တစ္ခု၏ေျခရာေကာက္ေၾကာငး္ Jan,2019 ဒီမွာတင္ ဆက္ရန္မ႐ွိ ၿပီးပါၿပီ။ No Extra / Without Bonus Chapter ပါ။

ေတာက္ေလွ်ာက္ လိုက္ပါဖတ္႐ႈ ႔အားေပးခဲ့ၾကတဲ့ စာဖတ္သူေတြအားလုံးကို ေလးျမတ္စြာနဲ႔ ေကး်ဇူးအထူးအထူးအထူး တင္႐ွိပါတယ္။

1:50PM
1/15/2018

"ပိုင် မကြည်ဖြူတဲ့ ဘ၀မှာ လူဖြစ်ရမှာထက် သေတာ ပိုကောင်းပါတယ်၊ ဘာမက်မောတွယ်တာစရာမှ မရှိတဲ့ လူ့လောကထဲ ေ၀ဒနာဆိုးကိုအဖော်ပြုပြီး အသက်ရှင်ချင်ခဲ့တာ ပိုင့်ကြောင့်ပါ၊ အခု ပိုင်ကမှ စွန့်ပစ်လိုက်ပါရင် ဘာသံယောဇဉ်ကြောင့် လူလုပ်နေရမလဲ၊ ကိုယ့်ကိုတန်ဖိုးမထားတဲ့လူအတွက် ကိုယ်က ဆင်းရဲဒုက္ခခံပြီး ဘာလို့ ဖြစ်တည်ပေးရဦးမလဲ၊ ဒီလောကမှာ လူသန်းပေါငး်များစွာတည်းကမှ ပိုင်တစ်ယောက်ကလွဲရင် တို့မှာ ချစ်ခင်စုံမက်ရာလူမရှိဘူး၊ ပိုင်ကမှ အနားမရှိပေးရင် နညး်နညး်လေးတောင် အသက် ဆက်မရှင်ချင်ပါဘူး၊ တို့ရှင်သန်ရမဲ့အကြောငး်တရားက ပိုင်ဖြစ်ရင် တို့သေဆုံးချင်တဲ့အကြောင်းတရားကလည်း ပိုင်ပဲ"

Piggyနာမည်နဲ့ သဂြိုင်္လလက်မှတ်ကို ယူလိုက်သည်။

----------------

"ပြဿနာအကြီးကြီးတက်ပါပြီ ... တမန်တော်"

ကျောက်စိမ်းရောင် မျက်ခုံးတန်းလေးနှစ်ဖက် တွန့်ကုတ်သွားသည်။

ထိုအသံမကြားချင်လို့ ထိုအဖြစ်နဲ့မကြုံချင်လို့ ရာထူးတိုးလို့တိုးငြား အလုပ်ကခွင့်ယူပြီး အဓိဋ္ဌာန်၀င် စွမ်းအားစုဆောင်းနေပါတယ်ဆိုမှ ကိုယ်ရှိရာကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ၀င်ရောက်ချလာပြီ။ တပလ္လင်ခွေ ပေါင်နှစ်ဖက်ပေါ် တင်ထားသော လက်သီးဆုပ်ကို အသာအယာ ဖြည်ချပြီး ပင့်သက်ကိုချ မျက်လုံးဖွင့်လိုက်သည်။

ဖြစ်လာသမျှ ရင်ဆိုင်လိုက်ရုံပေါ့၊ အလွန်ဆုံး ရှိနေတဲ့ တမန်တော် ရာထူးလေးကျရုံကလွဲ ဘာဖြစ်နိုင်ဦးမလဲ။

ထရပ်ပြီး ၀တ်ရုံကို ခါချလိုက်သည်။

"ဘာပြဿနာလဲ"

"၀လုံး ခေါ် Minus Down ရောက်နေပါပြီ"

----------------------

ကား accident ဖြစ်ပြီး မကြာခင် ပိုင်စီးပြန်သတိပြန်ရလာသည်။ သို့သော် သူချက်ချင်းမထ။ ရက်အတော်အတန်ကြာအောင်ပင် သစ်ပင်လူသားလို ကုတင်ထက် လဲလျောင်းနေခဲ့သည်။ 

အားလုံးကသူ့ကို သတိမရသေးဘူးပဲ ထင်နေကြသည်။ coma၀င်မှာကို စိုးရိမ်ပူပန်နေကြသည်။ အားလုံး၏ အပူအပင်ကို သူအရေးမစိုက်စွာ သူမနိုးထသေး။ ထိုအပူအပင်တို့သည် အခုသူ့ရင်ထဲမှာ လောင်ကျွမ်းနေသော မီးစာလောက် မကြီးမား။ 

မျက်လုံးတွေမှိတ် အသိစိတ်ကွာသွားရင် တစ်ဖက် ကမ္ဘာမှာ Downကိုတွေ့မလား ....

သေလူလိုနေလျက် မျက်လုံးကိုမှိတ် မျက်ကန်းတစ်ယောက်လို မှောင်မဲပိန်းနက်နေသော အသိတွင် Downကို သူဖွေရှာသည်။ သူ့အသိတွင် သူတစ်ယောက်တည်းသာ ပြေးပေါက်မရှိ ချောင်ပိတ်မိနေသည်။ မျက်လုံးမှိတ် လဲလျောင်းနေရင်း မဆည်နိုင်သော မျက်ရည်ပူတို့သည် နားထင်အောက် လျှောကျလာသည်။

ငါဘယ်ကစပြီး စိတ်ဖြေရမလဲ Mine၊ ငါအခု အရမ်းရှုပ်ပွနေတဲ့ အခန်းထဲ ရောက်နေသလိုပဲ။ ငါဘယ်က စ ရှင်းရမလဲ မသိဘူး။ ငါဘယ်က စရမလဲဟင်။

အရင်ဆုံး မင်းက ... မင်းက Piggy။ ဟုတ်ပြီ .. မင်းက Piggyဖြစ်နေမယ်လို့ ငါတစ်ခါမှ မတွေးမိဘူး။ Piggyက ငါ့ဆီ ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး၊ ငါရက်စက်ယုတ်မာခဲ့တာ Piggyက ငါ့အနား တဖန် ပြန်လာရဲမှာ မဟုတ်ဘူးလို့ ငါထင်ခဲ့တယ်။

ငါက အပြစ်ကြီးသူမို့ Piggyကို မမျှော်လင့်ရဲခဲ့ဘူး၊ ငါ့အပြစ်တွေနဲ့ ငါကြောင့်  Piggyကိုတွေ့လည်းမတွေ့ရဲဘူး၊ မတွေ့ချင်ဘူးကွာ ... အဲ့ဒါကြောင့် ငါ မရှာခဲ့ဘူး။ ပြန်တေ့ွလည်း ကောင်းတဲ့ ရေစက်တွေမှ မဟုတ်တာ။

ငါ Piggyကို ညီလေးတစ်ယောက်လိုပဲ သံယောဇဉ်ရှိတယ်၊ ငါ့အမိုက်တွေကြောင့် ဖြူစင်လွန်းတဲ့Piggyကို သနားတယ်၊ တောင်းပန်တယ် ဒါပဲ ငါ့ခံစားချက်က။ နစ််နာမှု ့အတွက် တန်ရာတန်ကြေးပေးခဲ့တယ်၊ ငါ့တာ၀န်ကျေပြီလို့ ငါ့စိတ်ကိုငါသက်သာမှု ့ယူတယ်။

Piggyကိုချစ်သူလို ငါမချစ်ခဲ့ဘူး။ သူ့ကိုသိမ်းပိုက်ခဲ့တာလည်း သွေးသားဆန္ဒတစ်ခုတည်းကြောင့်။ ရက်စက်နိုင်ခဲ့တာလည်း တောမီးလောင် တောကောင်ချနင်းပဲ။ ငါက အဲ့သလောက်အထိကို အကြင်နာတရားမရှိ လူမဆန်ရက်စက်ယုတ်မာပါတယ်။

ဘယ်သူသိနိုင်မလဲ .. အဲ့လို အယုတ်တမာက Minus Downဆိုတဲ့ ကောင်ဆိုးလေးကို အရာရာခဝါချ သည်းခံပြီး ချစ်လာမယ်ဆိုတာ။ ငါ့လိုအယုတ်တမာက ဂုဏ်တွေစည်းစိမ်တွေမိသားစုအားလုံးကို အံတုပြီး မငး်လိုမလောက်လေးမလောက်စား ဘာမှမဟုတ်တဲ့ အပျက်ကောင်လေးကို ဘ၀နဲ့စစ်ခင်း နှလုံးသားနဲ့ရင်း ချစ်ပေးရတာ လွယ်တယ်ထင်နေလား။

ငါသိပ်ပင်ပန်းခဲ့တာပေါ့။ ငါက အတ္တကြီးသူဖြစ်လို့ ငါ့ကိုယ်ကိုပဲ ငါသိတတ်မယ်။ မင်းခံစားချက်တွေကို ငါမစာနာပေးနိုင်ဘူး၊ ငါသိတာ ... ငါမင်းကိုချစ်ရတာ အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ မစွန့်လွှတ်နိုင်ဘူး။ အဲ့သလောက်ထိကို မင်းဆီမှာ ငါကျရှုံးခဲ့တယ်။ 

ငါချစ်တာ Minus Down၊ Piggy မဟုတ်ဘူး။ Minus Downကို စွဲလမ်းသမျှ Piggyကို ဥပေက္ခာပြုနိုင်ခဲ့တယ်။ မင်းက Piggyဖြစ်နေလို့ ငါပျော်သွားမယ်ထင်နေလား။ ဟင့်အင်း မထင်လိုက်နဲ့။ ငါသိပ်ချစ်တဲ့ Mineက အတိတ်ဆိုးတွေကို နင်းဖြတ်ခဲ့ရသူမှန်း သိလိုက်ရလို့ Mineအတွက် ငါဖြေမဆည်နိုင်ဘူး၊ Mineကို ငါသနားလွန်းလို့ ဟောဒီ့ နှလုံးသား သွေးရှင်ရှင် ယိုစီးစိမ့်ထွက်တယ်။

သိပ်ချစ်ရတဲ့ ငါ့ချစ်သူကိုမှ ဒီလိုအတိတ်ဆိုးမျိူး ကြုံရသလား။ အဲ့ဒီ့အတိတ်ဆိုးတွေရဲ ့တရားခံက ငါကိုယ်တိုင်ပဲဖြစ်နေလို့ ငါ့မှာ အလူးလူးအလွန့်လွန့် ငါ့ကိုယ်ငါပဲ အပြစ်တင်မိတယ်။ အဲ့ဒီ့အစား Piggyဆိုတာ အခြားတစ်ယောက်ပဲ ဖြစ်လိုက်စမ်းပါကွာ .....

ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ရတဲ့အမှု ့က မှန်ထဲကလူကို သတ်ချင်စိတ်နဲ့ မှန်ရှေ ့မှာရပ် မှန်ကို ဓါးနဲ့ထိုးနေတဲ့ သူရူးလိုပဲ။ မှန်ထဲကလူကို သိပ်မုန်းတီး နာကြည်းပေမဲ့ ဘယ်လောက်ဓါးနဲ့ထိုးထိုး မှန်အချပ်တွေသာ ကွဲသွားမယ် မှန်ထဲက လူ မသေဘူး။ မှန်ထဲက လူ အကောငး်ပကတိဖြစ်နေသ၍ မှန်ရှေ ့ရပ် ထိုးသတ်နေရတဲ့လူမှာ ဒေါသတွေတလိမ့်လိမ့်။

ကိုယ့်ကိုယ်ကိုယ် ပြန်ထိုးဖို့ကျတော့လည်း  ကိုယ်သိပ်ကိုးကွယ်ရတဲ့ ကိုယ်ကိုယ်တိုင်ဖြစ်နေတယ်။ လူတွေက ကိုယ့်ကိုယ်ကိုယ်တော့ အနာတရဖြစ်အောင် မလုပ်ရဲဘူး။ မင်းကိုယ်ချငး်စာကြည့်စမ်း ... နေ့ရက်တိုင်းက လေထဲကလေကို လိုက်ဖမ်းနေရသလိုပဲ။ အဲ့သလောက်ထိကို ငါ့ကိုယ်ငါအပြစ်တွေတင်ရင်း မင်းအတွက် ရင်နာနေရပါတယ်။

မင်း Minus Down။ ၀၀တုတ်တုတ် ညိုခဲ အနာစိမ်းတွေရှိတဲ့ Piggyနဲ့ မသက်ဆိုင်စွာ သိပ်ချောပြီး စွဲမက်ဖို့ကောင်းတဲ့ မင်းသွင်ပြင်။ လည်ဂုတ်လောက်ရှိတဲ့ ဆံပင်ပျော့နွဲ့နွဲ့တွေကြား မေးရိုးချွန်ချွန်နဲ့ မငး်မျက်နှာဖြူစုတ်စုတ်လေးက ငါ့အတွက် ဆွဲဆောင်မှု ့အပြည့်ရှိတယ်။

ရဲတင်းပြီး တဇွတ်ထိုးဆန်တဲ့ ခပ်ဂျစ်ဂျစ် အပြုအမူတွေနဲ့ Minus Downကို ငါ သိပ်ချစ်သွားတယ်။ င့ါအတွက် အချစ်ဆိုတာ ငါ့ရုံးခန်းထဲ မကြောက်မလန့်၀င်လာပြီး ငါ့ခေါင်းကို နှိပ်ပေးခဲ့တဲ့ ကောင်လေးကနေ စတင်ပေါက်ဖွားတယ်။ 

မိဘတွေက မနိုင်လို့ လွှတ်ထားတဲ့ သားဆိုးလေးထင်လို့ ငါလူကြီးလူကောင်းဆန်ဆန် ပြုမူပြီး ငြင်းတယ်။ ငါလည်း အဖေတစ်ယောက်ဖြစ်နေလို့ သားသမီးချငး်ကိုယ်ချငး်စာပြီး ကျောရရုံမကြံစည်ရဲခဲ့ဘူး။ အဲ့ဒါက မင်းကို အမဲကွက်စွန်းမှာ စိုးရိမ်လို့။

မင်း... ကျန်းလောင်ေ၀့နဲ့ ငြိတယ်၊ စပွန်ဆာရှာစားတဲ့ ကောင်လေးမှန်းသိတော့ ငါ့ကိုယ်ငါ စိုးရိမ်လာတယ်။ မင်းသွေးဆောင်မှု ့အောက် ငါမရုနး်ထွက်နိုင်မှာ ငါသိတယ်။ ငါ့ဂုဏ်သိက္ခာက မင်းလိုအပျက်ကောင်လေးကြောင့် အပျက်စီးမခံနိုင်လို့ မင်းကို ပိုရှောင်လာတယ်။

မဖြစ်သင့်တာသိတယ်၊ အမျိူးမျိူးငြင်းဆန်ခဲ့တယ်၊ ချစ်နေပါလျက် အသေသတ်ပစ်ဖို့အထိ ငါ့သမာဓိအား ကောင်းခဲ့တယ်။ ချစ်တယ်နော် .. သတ်ဖို့အမိန့်ပေးခဲ့တယ် .. ဘာလို့လဲ ငါက ပိုင်စီးအာဏာဖြစ်နေလို့ပဲ။ ချစ်မိရင် အရှုံးပဲတဲ့။ ငါမရှုံးချင်လို့ မင်းကို သတ်ခဲ့တယ်။

ငါ့နှလုံးသားမှာ တမြေ ့မြေ ့နဲ့ လှိုက်စားနေမဲ့အစား ဒီ့ထက်အနာမရင်းခင် ခွဲထုတ်ပစ်ချင်လို့ ဇွဲကောင်းလွန်းတဲ့မင်းကို အသေသတ်ဖို့ အမိန့်ပေးခဲ့တယ်။ ရင်နာပေမဲ့ ငါရွေးချယ်မှု ့အတွက် ငါမမှု ့ဘူး။ ငါက ပိုင်စီးအာဏာဖြစ်နေလို့ ဒီလိုနည်းနဲ့ပဲ ငါ့အချစ်ကို ဖော်ပြတတ်တယ်။ အသေသတ်ရလောက်တဲ့အထိကို မငး်ကိုငါ ချစ်ပါတယ်။

ငါ၀န်ခံတယ် .. မင်းကို ပြန်တွေ့ရချိန် ငါအရမ်း၀မ်းသာသွားတယ်။ မင်းကို ဆထက်တပိုး ငါပို ပို,ချစ်သွားတယ်။ သတ်ပစ်ရလောက်အောင် ချစ်ရာကနေ မစွန့်လွှတ်နိုင်အောင် သိပ်ချစ်သွားတယ်။

မင်းရဲ ့အကြောတင်းတင်းနဲ့ ဇွဲကောင်းမှု ့တွေကို ဘယ်လိုလူက မျက်ကွယ်ပြုနိုင်ဦးမှာလဲကွာ။ ငါလည်း လူထဲက လူပဲမို့ မင်းတော်ကီ မငး်ပြုစုမှု့အောက် ကြွေကျမြေခမိပါတယ်။'Mine' လို့ သမုတ်ခဲ့တာက လက်လွှတ်ဖို့မဟုတ်ဘူး။ မလွယ်ကူတဲ့လမ်းမှာ ငါနဲ့မင်းနားလည်မှု ့ကိုယ်စီနဲ့ ရှေ ့ဆက်နိုင်မယ်လို့ထင်ခဲ့တယ်။

မင်းသိပ်ရဲတင်းလွန်းလာတယ်။ လောဘကြီးလွန်းလာတယ်။ အခွင့်အရေးတွေ တောင်းဆိုလာတယ်။ မင်းကြောင့် ငါခေါင်းကိုက်ရတဲ့ အခက်အခဲပေါင်းမနည်းဘူး။ ဒါပေမဲ့ မင်းကို ငါ အပြီးမစွန့်ပစ်နိုင်ခဲ့ပါဘူး။ ငါချစ်မှန်းသိသိရက်နဲ့ မင်းဆိုးသွမ်းလာတယ်။ ငါချစ်တာကိုအခွင့်ကောင်းယူပြီး မင်းလူပါး၀လာတယ်။

မင်းက ငါ့အချစ်တွေကို အပိုင်ရခဲ့တယ်၊ င့ါေ၀ယျ၀ိစ္စတွေလုပ် ငါ့သမီးကိုမွေးပေးထားတဲ့ မမနိုင်ကို မင်းလောက်တောင် ငါမချစ်ပေးနိုင်တော့ ငါဘယ်လောက် အားနာခဲ့ရတယ်ထင်လဲ။ အဲ့ဒါကြောင့် မမနိုင်ကို စိတ်နှလုံးသားမပေးနိုင်လည်း အပြုအမူတွေနဲ့ အများကြီး ဂရုစိုက်ပေးမိတယ်။ မင်းက ဒါကို ယှဉ်ချင်လာတယ်။

နောက်ဆုံး မင်းစကားကိုနားယောင် မမနိုင်နဲ့ငါ သွေးကွဲပြီး သမီးကို DNAစစ်မိရအောင် ငါမငး်အပေါ်မှာ တိမ်းမူးခဲ့တယ်။ ငါမင်းကို တကယ်ပြတ်ဆဲချင်ခဲ့တာပါ။ ဒါပေမဲ့ Mine .. ငါမင်းကို သိပ်ချစ်တာ။ ငါစိတ်ဆိုးတုန်းခဏပဲ၊ ပြီးရင် ငါ မင်းကို လွမ်းလာရော။ ပြန်တွေးရင်လည်း မင်းရဲ ့အပြစ်က ကြီးမားလွန်းလို့ င့ါစိတ်ကို တင်းပြီး ငါမင်းကို အပြစ်ကြီးကြီးပေးမိတယ်ကွာ။

မင်းကိုအပြစ်ပေးထားတဲ့ အတောအတွင်း မမနိုင်နဲ့ရော အလုပ်ကိစ္စတွေရော ငါရှင်းနိုင်သမျှ ရှင်းထားတယ်။ မမနိုင်နဲ့ အပြီးတိုင် အိပ်ရာပေါ်က လင်မယားခန်းပြတ်တယ်ကွာ။ ငါဘယ်လောက်လူမဆန်ခဲ့လဲ သိလား။ မမနိုင်ကို အိမ်ထောင်ရေးသာယာမှု ့မရနိုင်တဲ့ မိန်းမတစ်ယောက်အဖြစ် တစ်ဘ၀စာ အကျဉ်းချ နေထိုင်စေခဲ့တယ်။

ငါ့သမီးအတွက် မမနိုင်ကို ငါလုံး၀ မလွှတ်ပေးခဲ့ဘူး။ ငါ့သမီးအတွက် ဟန်ပြမိန်းမအဖြစ် မမနိုင်ကို ဓါးစာခံလုပ်ခဲ့တယ်။ သမီးရဲ ့အဖေနဲ့အမေအဖြစ်ပဲ ပတ်သက်တယ်။ မျက်နှာပြောင်တိုက်ပြီးကို မငး်ကိုပဲ ငါကြင်နာထွေးပွေ့တော့မလို့။

အလုပ်တွေ အကုန်ဖြတ်ပြီး မင်းသိပ်သွားချင်နေတဲ့ ခရီးသွားဖို့ ငါရောက်လာတော့မှ မင်းက ..... မငး်တစ်ယောက်အတွက်နဲ့ လောကကြီးကို စုံကန်မိုက်လုံးကြီးခဲ့တဲ့ ငါ့ကို မင်းဆီးကြိုပုံကြီးက မမိုက်ပါဘူးကွာ။

Piggy ... မင်းက Piggyတဲ့။ ငါအရမ်းအံ့သြသွားတယ်။ အဲ့တုန်းက ငမဲလုံးလေးက အခုငါသိပ်ချစ်နေတဲ့ ပိုးဟပ်ဖြူလေးပါ့လား။ ငါမင်းကို ပိုချစ်သွားတာ မဟုတ်ဘူးနော်။ ငါ့မှာရှိသမျှ ပေးနိုင်သမျှ အချစ်တွေအားလုံးကို မင်းပဲ အကုန်အပိုင်သိမ်းပြီးပြီ။

အချစ်အပြင် နှစ်ခုပိုသွားတယ်။ အပြစ်တွေပေးဆပ်ချင်တယ်၊ တောင်းပန်စကား ဆိုချင်တယ်။ င့ါအနားကို ပြန်လာပေးလို့ မင်းငါ့ကို သိပ်ချစ်တာ ငါခံစားမိတယ်။ မင်းဆီက ငါအယူတွေပဲ အရမ်းများခဲ့လို့ ငါ့ဘက်က ပြန် ပေးချင်တာတွေ တအားပြည့်သိပ် မို့မောက်လျှံကျလာတယ်။

ငါ့မှာ မင်းနဲ့ပတ်သက်ပြီး ထမ်းပိုးထားသမျှ ငါ့ဘက်က မနိုင်မနင်းဖြစ်နေချိန် မင်းက ဖြေရှင်းခွင့်၊ တောင်းပန်ခွင့် မပေးဘူး။ အချစ်တွေအပြင် အပြစ်တွေပါ နစ်နေတဲ့ မြေမျိူခံရသလို ဒဏ်ပေးခြငး်နဲ့ မင်းက ဒီလောကမှာ ငါ့ကို ချန်ထားခဲ့တယ်။ ငါအခု ဘယ်လောက် လေးလံတစ်ဆို့နေရသလဲ။ အသံတောင် မထွက်ဘူး။

မငး်က Piggyဖြစ်နေတဲ့ အရေးကြီးစိုးနေတာကြောင့် စာထဲက အခြားအကြောငး်အရာတွေကို ငါစိတ်ထဲ မရှိသေးဘူး။ မင်းသိပ်တော်ပါတယ်၊ မင်းကိုယ်တိုင် Piggyလို့ ၀န်မခံသွားပေမဲ့ ငါ့ကို ငိုရခက် ရယ်ရခက်အနေအထားမျိူးနဲ့ တစ်ဘ၀လုံးလူရုပ်မပေါ်အောင် ဆန့်တငင်ငင် တမြေ ့မြေ ့ ညှင်းဆဲသွားနိုင်တယ်။

'ခွင့်လွှတ်ခဲ့တယ်နော်' တဲ့။ ပြောတတ်လိုက်တာ၊ ဟုတ်ပါတယ်။ မင်းက ဒီဘ၀ဒီမျှ စိတ်နဲ့ ကိုယ်လွတ်ရုန်းသွားနိုင်တာပေါ့။ ငါကရော ... ငါဘယ်လိုကျန်ခဲ့ရမလဲ မင်းမစာနာပေးဘူး။ 'ခွင့်လွှတ်ခဲ့တယ်နော်' အဲ့ဒီ့စကားက ငါ့အနားကို တဖန် သရဲတစေၧအဖြစ်နဲ့တောင် ပြန်မလာဘူးလို့ မင်း ကြေငြာမောင်းတီးသွားတာ။

မင်းယူမှ ပြေလျော့နိုင်မဲ့ ငါ့ကိုယ်မှာ လေးလံနေတဲ့ ငါထမ်းပိုးထားတာတွေကို မငး်က 'အဲ့အတိုင်းပဲနေစမ်း၊ ပြန်လာမယူဘူး'လို့ အသိပေးခြငး်နဲ့ ငါ့ကိုယ်ကို တစ်သက်စာ ၀န်ပိစေခဲ့တာ။ ငါ့မှာအခု အချစ်တွေရော အပြစ်တွေရော နောင်တတွေရော လေးလံဖိစီးထားလို့ ငါ့ခြေထောက် မကြွတော့ဘူး။

မင်းနဲ့ပတ်သက်ပြီး စိတ်ဖြေခွင့်တောင် မပေးခဲ့ဘူး။ မငး်နဲ့ပတ်သက်ခဲ့သမျှ အမှတ်တရ၊ အသုံးအဆောင် အားလုံးကို မငး်ဖျက်သိမ်းသွားတယ်။ ကျန်ရစ်ခဲ့ရတဲ့ ငါ့တစ်သက် သွားလေသူမငး်ကိုယ်စား ထွေးပွေ့ထားရမဲ့ အငွေ့အသက် မရှိဘူး။ 

မင်းက မငး်နဲ့ပတ်သက်တဲ့ အမှတ်တရကို ငါကိုယ်တိုင် ဖန်တီးစေခဲ့တာ။ မင်းမေးခဲ့တဲ့မေးခွန်းကိုမှ ငါမဖြေနိုင်ရင် အဲ့ဒီ့အခွင့်အရေးတောင် ငါ့ကိုမပေးမဲ့ မငး်ရဲ ့ဉာဏ်ကြီးမှု ့။

မင်းမှာခဲ့တဲ့ အမည်မဖော်ပြခဲ့တဲ့ ပန်း ဆိုတာ ငါ့ကို တစ်ဘ၀စာ ဒဏ်ခတ်လိုက်တာပဲ။ အဲ့ဒီ့ပန်းက ဘာပန်းလဲ ငါမသိခဲ့ဘူး။ ငါမမှတ်မိတော့ဘူး။ Piggyဆိုတာ ငါချစ်ခဲ့တဲ့ လူမှမဟုတ်တာ။ Piggyနဲ့ပတ်သက်တဲ့ အတိတ်တွေမှာ အပြစ်ရစရာတွေပဲမို့ အပြီးတိုင် ငါဖျောက်ဖျက်ချင်ခဲ့တယ်။ မေ့ဖျောက်ခဲ့တယ်။

ဘာပန်းလဲ? ပန်းရဲ ့အဖြေကိုမှ ငါမသိရင် ခင်ဗျားကြီး လွမ်းဆွေးဖို့တောင် မထိုက်တန်ဘူးဆိုပြီး မင်းကို အပြီးစွန့်လွှတ်ပစ်ဖို့ စွန်ကို လွှတ်ခိုင်းတာ။

အလှုလုပ်ခိုင်းတာ မငး်အတွက်။ မင်းအတွက် သတိတရအလှုပြုပြီးမှ မင်းရဲ ့သီချင်းကို ငါ့ကိုဆိုညည်းစေခဲ့တာ။ ငါ့ဆိုညည်းမှု ့ကို မင်းကတော့ လာနားထောင်ပေးမှာမဟုတ်သလို ငါ့လွမ်းဆွေးမှု့တွေကိုလည်း မငး် သိနိုင်မှာ မဟုတ်ဘူး။

မင်းသိပ်ရက်စက်တဲ့ ကောင်ကွာ။

အဲ့အစား ငါ့ကို ဆဲဆိုပြီး ကျိန်စာတိုက်ခဲ့ပါတော့လား ... ခွေးကောင်ရဲ ့။ မင်းအပေါ်မကောငး်ခဲ့တဲ့ ငါ့ကို မုန်းမုန်းတီးတီးနဲ့ ထွက်သွားပါတော့လား။ လူ၀င်စားအဖြစ်နဲ့ ပြန်လာကလဲ့စားချေမယ်၊ မကျွတ်မလွတ် သရဲတစေၧဘ၀နဲ့ ငါ့ကိုမနေနိုင်အောင် ခြောက်လှန့်မယ်၊ ငါသွတ်သွတ်ခါ ရူးသွပ်မှ ငါ့ဂုတ်ချိူးပြီး သတ်ပစ်မယ်လို့ ပြောသွားပါတော့လား။

အခုတော့ကွာ ... သွေးအေးအေး ပျော့ပျော့လေးနဲ့ကို တစ်ဘ၀လုံး ချည့်နဲ့သွားအောင် နှိပ်စက်ခဲ့တာ။

ငါဒီလိုကြီး ရှင်လျက်နဲ့ ခံစားချက်တွေ သေဆုံးကုန်တဲ့လူတစ်ယောက်အဖြစ် မနေနိုင်ဘူး။

---------------

ဆယ်ရက်မြောက်သောနေ့၊

ဆေးရုံခန်းထဲ မည်သူမှ မရှိချိန်တွင် သူမျက်လုံးပွင့်လာသည်။ လက်မှာ သွယ်တန်းထားသော ဆေးပိုက်တွေကို ဆွဲဖြုတ်လိုက်သည်။

သူအခုရောက်နေတာ အထပ်သုံးဆယ် အဆောက်အဦး၏ ဆေးရုံအပေါ်ဆုံးထပ်။ အုတ်ဘောင်ပေါ်ကို တွယ်ဖက် တက်ကာ ခြေဖမိုးစုံသည် ထိုအစွန်အဖျားပေါ်တွင် မတ်တပ်ရပ်နေသည်။ လောကကြီးကို နောက်ဆုံးအကြိမ် မျက်စိတဆုံး စီးကြည့်လိုက်သည်။

ငါက မင်းထားခဲ့တ့ဲအတိုင်း တစ်သက်လုံးယူကြုံးမရဖြစ်ရင်း ပျော်ရွှင်မှု ့မရှိ လူဖြစ်ရှုံးအောင် နေမယ်ထင်နေလား .... ဟင့်အင်း။

ငါမင်းအနောက် လိုက်ပြီး ငါမကျေနပ်တာတွေ မငး်ကို ပြောဦးမှာ။ ငါမျိူသိပ်ခဲ့တဲ့ ငါ့ခံစားချက်တွေကို ပြောပြဦးမှာ။ ငါ့အပေါ် သိပ်ရက်စက်တဲ့ မင်းကို တစ်ချက်လောက်တော့ ဆွဲထိုးဦးမှာ။ ငါ့ကို လာကျောလို့မရဘူး။ ငါက ပိုင်စီးအာဏာပဲ။ ငါတစ်ယောက်တည်း ခံစားမနေဘူး။

ဘောင်ပေါ်မှာ ခြေတစ်ဖက်ထောက်လျက် ခြေတစ်ဖက်က လေဟာနယ်ထဲဆင်းချလိုက်သည်။

မျက်လုံးကိုစုံမှိတ် ကိုယ်ကိုရှေ ့အစိုက် လေထဲတွင် တစ်ကိုယ်လုံး ပစ်လှဲချတော့မည့်အပြု .....

"ဖေဖေ"

"နားရာအဖေ!"

ကျောနောက်ပါး၀ယ် တပြိုက်နက်တည်း အသံနှစ်ခုက စိုက်ရောက်လာစဉ် ကြက်သီးမွေးညှင်းဖြန်းခနဲ။ ဆံပင်တွေ ထောင်ထသွားသလို။ ခြေထောက်ကို ပြန်ရုတ်မိသည်။

ငါ့သမီးလေး!

အနောက်ကို လှည့်ကြည့်လိုက်စဉ်

ယိုင်တိုင်တိုင် နဲ့ သူ့အနား လျှောက်လာသည့် သမီးငယ်။ အနောက်မှ မမနိုင်က အထိတ်တလန့် စိုးရိမ်တကြီး။

သူ့မှာ ချက်ချင်းပဲ မျက်ရည်တွေ ေ၀့တက်အိုင်ထွန်းလာသည်။ အရင်အခါတွေက မျက်ရည်ကျသည်မှာ သူငိုချင်လို့မဟုတ်၊ အခုမှ သူတကယ်ငိုချင်လာသည်။

သူ့မှာ သေဖို့ အခွင့်အရေး မရှိပါ့လား။ သူ့အပြစ်တွေ သိပ်ကြီးလွန်းသည်။

သမီးအနား ရောက်သွားပြီး သမီးကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ သမီးပခုံးသေးသေးလေးပေါ်မှာ ခေါငး်စိုက်လျက် သူ သည်းထန်စွာ ငိုရှိုက်သည်။ ခပ်တင်းတင်း ပွေ့ဖက်တာမျိူးကို သမီးက မနှစ်သက်သော်လည်း အခုအခါတွင် သမီးက သူ့ကိုနှစ်သိမ့်နားလည်ပေးသည့်အလား သူ့ဖက်တွယ်မှု ့တွင် မရုန်းလာ။ ငြိမ်ငြိမ်လေးနေပေးသည်။

မျက်ရည်လျှံနေသော မျက်လုံးနဲ့ သမီးမျက်နှာလေးကို စေ့စေ့ပြန်ကြည့်ပြီးနောက် တဖန်ပြန်လည်ကာ ရင်ခွင်ထဲပွေ့ပိုက်ထားမိသည်။ သမီးကို ရင်၀ယ်ပိုက်လျက် ကြမ်းခင်းပေါ် ခြေပစ်လက်ပစ် ထိုင်ကာ ကောင်းကင်ကို မော့ငေးကြည့်ရင်း သူ ရင်ထဲမချိစွာ အော်ဟစ် ငိုကြွေးနေသည်။

သူ့ကိုစွန့်ပစ်သွားသော Downလိုပင် ပြာလဲ့နေသော ကောငး်ကင်ပြင်ကြီးသည် သူ့ ငိုကြွေးမှု ့အပူသောကတွေကို လျစ်လျူရှု ့ကာ နေသာနေသည်။

ဟက်တက်ကွဲနေတဲ့ ငါ့အသဲပေါ် အရက်ပြန် နေ့စဉ် လောင်းချခံရသလို ခံစားချက်နဲ့ မင်းကို ငါအမြဲတမ်း မပျက်မကွက် သတိရလွမ်းဆွတ်နေပါ့မယ်။ ၀ဋ်ကြွေးကြီးတဲ့ ပြိတ္တာလို စားသမျှသောက်သမျှ မျိူမကျစွာ နေ့ရှိသ၍ ငရဲခံရင်း ငါ့အပြစ်တွေအတွက် ဒုက္ခကြီးငယ် နောင်တရနေပါ့မယ်။

ငါမငး်ကို ဘယ်တော့မှ မမေ့ပါဘူး။ ငါသာမေ့လိုက်ရင် မင်းအတွက် မတရားလွန်းလို့ ငါ့အသဲအနာခံပြီးကို မငး်ကို တမြေ ့မြေ ့နဲ့ သတိရနေပါ့မယ်။ 

ငါက မင်းကိုသိပ်ချစ်တာကိုးးး

ဘယ်တော့မှ ပြန်မလာမဲ့မင်း၊ ဘယ်တော့မှ ပြန်ဆုံခွင့်မရှိတဲ့မင်းက ငါ့အနားမှာရှိနေသလိုကို တန်ဖိုးထားပြီး ငါရူးသွပ်စွဲလမ်းနေပါ့မယ်။ ငါ့နှလုံးခုန်သံမရပ်သ၍  ငါ့နှလုံးအိမ်မှာ မငး်က အမြဲရှင်သန်တည်ရှိနေပါတယ်။

မရှိတဲ့လူကို အရှိအထင်နဲ့ စွဲလမ်းမှု ့။ အဲ့ဒီ့အစွဲအလမ်း၀ဋ်ကြွေးက ငါ့ကံကုန်မှ လွတ်မြောက်မယ်။ ရှင်သန်ခြငး်နဲ့သေဆုံးခြင်းကိုကျော်လွန်ပြီး ကံကုန်မှပဲ ငါလွတ်မြောက်မယ်။ အခုတော့ ငါဟာ ပိတ်မိလျက်ပေါ့ ..........

"Minus Downရောက်လာတာဘာဖြစ်လဲ"

"ဘာဖြစ်မလဲ ... ကံကြမ္မာစီရင်တဲ့ ကံဇာတ်ဆရာ ရှောင်ရှောင်ပေါ့၊ လူမှားပြီး စီရင်လိုက်တာ အခု ၀လုံးခေါ် Minus Downက သူ့ကံကြွေးလည်းမဟုတ်ပါဘဲ ပေးဆပ်ခဲ့ရပြီး အခု သေခဲ့ရပါရောလား"

"ဘယ်လို ... လူမှားတယ်?"

"ဟုတ်တယ်၊ ၂၀၁၆ Tokyoမှာ ပိုင်စီးအာဏာနဲ့ ဆုံရမဲ့လူက ၀လုံးခေါ် Minus Downမဟုတ်ဘဲ၊ အခြားတစ်ယောက် ဖြစ်ရမှာ၊ အဲ့ဒါကို နာမည်မှား လူမှားပြီး ၀လုံးခေါ် Minus Downနဲ့ ပိုင်စီးအာဏာကို ဆုံပေးလိုက်လို့ နောက်ပိုင်းတွေ ဆက်ဖြစ်လာတာ"

"ငါခံစားမိတယ် ငါခံစားမိတယ်၊ Minus Downရောက်လာမဲ့ရက်နီးလေလေ ငါနေလို့ထိုင်လို့မကောင်းလေနဲ့၊ တစ်ခုခုတော့ အမှားအယွင်းရှိနေတာ ငါသိနေတယ်၊ အထက်က သိသွားပြီလား"

"ဟင့်အငး် မသိသေးဘူး၊ ဒါပေမဲ့ ယမမင်းကြီးရှေ ့ရောက်ရင် သိမှာပဲ၊ ဇာတ်ဆရာရှောင်ရှောင် ညှင်းဆဲခဲ့တာ နည်းနည်းနောနောမဟုတ်ဘူး၊ ကိုယ့်ကံကြွေးမဟုတ်ပါဘဲ အနှိပ်စက်ခံခဲ့ရမှန်း ပေါ်သွားရင် ကျွန်တေ်ာတို့ကို အမှုန့်လုပ်ပစ်လိုက်မယ်"

မဖြစ်မဖြစ် ... ဒီပြဿနာကို ကိုယ့်အချငး်ချငး်ပြီးအောင် လုပ်ရမည်။

"Minus Downအတွက် တစ်ခုခု စီစဉ်ပြီး အလျော်ပြန်ပေးရမယ်၊ သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ လိုတရစေဆုကို ပေးပြီး ဘ၀အသစ်တစ်ခု ပြန်ပေးရမှာပေါ့"

_____THE END_____

ကောက်ကြောငး်နဲ့ပတ်သက်ပြီး စာရေးသူရဲ ့ ဖြေရှင်းချက်ပြောစကားတွေကို နောက်ထပ် Chapter တစ်ခု ထပ်ပေါငး်ဖို့ကျန်ပါတယ်။

May,2018 မှာ စတင်ခဲ့တဲ့ အတိတ်တစ်ခု၏ခြေရာကောက်ကြောငး် Jan,2019 ဒီမှာတင် ဆက်ရန်မရှိ ပြီးပါပြီ။ No Extra / Without Bonus Chapter ပါ။

တောက်လျှောက် လိုက်ပါဖတ်ရှု ့အားပေးခဲ့ကြတဲ့ စာဖတ်သူတွေအားလုံးကို လေးမြတ်စွာနဲ့ ကေးျဇူးအထူးအထူးအထူး တင်ရှိပါတယ်။

1:50PM
1/15/2018

Continue Reading

You'll Also Like

304K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
574K 50.8K 41
အရိုင်းတုံးလေးနှယ် ခက်ပါဘိ။ အရိုင္းတံုးေလးႏွယ္ ခက္ပါဘိ။
105K 10.4K 41
I only write Yizhan fic. So, be careful of reading lists. ​အနီ​ပြေး​ပြေးမဟုတ်​တဲ့​တောက်​လောင်​မှု​လေးတစ်​ခု သခင်​စေ​စားဖို့စိုက်​ပျိုး​နေတယ်​ မင်းအတ...
2.8M 312K 110
(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own sto...