ထဆုဢးမဲ့ချစ်ခြင်း (Endless Lo...

By reselda_

64.6K 3.3K 46

Singkrist....... πŸ’™πŸ’™SkπŸ’™πŸ’™ Peraya..........❀❀❀ More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First KissπŸ’‹πŸ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-32(Deeply kissπŸ’‹)
Part-33(Mwah mwah😘)
Part-34(Anniversary πŸ’–πŸ’–)
Part-35(Love=Love)
Part-36
Part-37
Part-38πŸ’œπŸ’œ
Part-39(πŸ’™πŸ’™)
Part-40(πŸ’šπŸ’š)
Part-41(πŸ’›πŸ’›)
Part-42(πŸ’–πŸ’–)
Part-43(SWEET LOVE)
Part-44(πŸ’žπŸ’žπŸ’ž)
Part-45(πŸ’πŸ’)
Part-46(πŸ’•πŸ’•)
Part-47(πŸ’žπŸ’ž)
Part-48(πŸ’ŸπŸ’Ÿ)
Part-49(πŸ’šπŸ’šπŸ’š)
Part-50(πŸ’πŸ’)
Part-51(πŸ’–πŸ’–)
Part-52(πŸ’˜πŸ’˜)
Part-53(EndπŸ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-31(Forgive me for my mistake)

734 42 4
By reselda_

Tayသူ့အိမ်ထဲဝင်လိုက်တာနဲ့ အိမ်ရှေ့ကဆိုဖာမှာ ထိုင်နေတဲ့ သူ့အဖေရဲ့ခေါ်သံကိုအရင်ဆုံးကြားလိုက်ရတယ်...

'Tay..ဒီလာဦး'

'ဟုတ်ကဲ့'

'ပြောပါဦး အခုဘယ်သွားတာလဲ သားကိုအဖေ ကုမ္ပဏီအကြောင်းတွေလေ့လာခိုင်းထားတာလေ'

'ဟုတ် အဖေ..ဖေဖေကြည့်ခိုင်းတာတွေသားကြည့်ပီးသွားပါပီ......အခုကညောင်းလို့ဆိုပီး အပြင်ကိုလမ်းလျှောက်ဖို့ ထွက်သွားတာပါ'

'အွမ်း..နောက်ဆိုကိုယ်လုပ်ရမယ့်အလုပ်ကိုသေချာဂရုတစိုက်လုပ်...ပီးရင် အိမ်မှာအဖေရှိတဲ့အချိန် သားအပြင်သွားမယ်ဆိုလည်းအဖေ့ကို ပြောပီးမှသွား ကြားလား သွား..အပေါ်တက်တော့'

'ဟုတ်ကဲ့....'
အဖေပြောပီးတာနဲ့ အပေါ်တက်ပီးကျွန်တော့်အခန်းဆီဝင်လိုက်ပီးမှဘဲ အသက်ရှူချောင်တော့တယ်....ဟူး...😔😔😔
အဖေက ကျွန်တော်နဲ့ပတ်သက်ရင် ရည်ရွယ်ချက်ကြီးတယ်..အဖေ့ကုမ္ပဏီကိုဦးစီးပီး ကျွန်တော့်ကို သူ့လိုမျိုး ထက်မြက်တဲ့လူတယောက်ဖြစ်စေချင်နေတာ...စည်းကမ်းတွေဘောင်တွေနဲ့ အတိအကျသမားဖြစ်အောင်နေဆိုပီးတော့လည်း အမြဲတမ်းမှာလို့ရှိတယ်....သူ့စည်းကမ်းတွေမလိုက်နာရင်လည်း အပြစ်ပေးလေ့ရှိတယ်...ဒါပေမယ့် ကျွန်တော်က လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တယ်...အေးချမ်းတဲ့နေရာလေး တခုမှာ နားကြပ်လေးတပ်ပီး သီချင်းနားထောင်ရတာကိုကြိုက်တယ်...တယောက်တည်းအေးအေးဆေးဆေး စာအုပ်တွေဖတ်ရတာကြိုက်တယ်....သူငယ်ချင်းတွေကိုယ်ခင်မင်တဲ့သူတွေနဲ့တွေ့ရင် ရယ်ရယ်မောမောနဲ့ဟာသတွေပြောရတာကိုလည်း ကြိုက်တယ် ဒါပေမယ့် ကျွန်တော် ကိုယ့်စိတ်နဲ့ကိုယ် နေရတယ်ဆိုတာ ရှားတယ်..အဖေချမှတ်တဲ့ စည်းကမ်းဘောင်တွေကြားမှာဘဲ ကျွန်တော်နေလာခဲ့ရတယ်... ဒီလိုနေရလို့လည်း အဖေ့ကိုကျွန်တော် အပြစ်မတင်ရက်ပါဘူး.....သူကကျွန်တော့်ကိုကောင်းစေချင်လို့ဘဲလေ.......ဒါပေမယ့်လည်း ဖြစ်နိုင်ရင်တော့ ကျွန်တော်နေချင်တဲ့ဘဝမျိုးမှာဘဲ နေချင်မိတယ်😔😔😔😔..............
----------------------/\.../\---------------------------
ခုရက်ပိုင်း မနက်ခင်းတိုင်း ကျွန်တော်kitတိုက်ခန်းကိုသွားပီး အဲ့ဒီကနေဘဲ နှစ်ယောက်အတူတူ ကျောင်းသွားကြတယ်..
ကျွန်တော်တို့နှစ်ယောက်ကတော့ တရက်ပီးတရက် ပိုပိုပီးချစ်လာကြသလို kitကလည်း အရင်ကထက်ကို စကားတွေပိုတက်လာတယ်....kitရဲ့စကားချိုချိုလေးတွေကို Singtoဆိုတဲ့ကျွန်တော်ကတော့တပြုံးပြုံးနဲ့ ကျေနပ်ပီးကြည်နူးနေရတာပေါ့ဗျာ...kitနဲ့အတူတူ ကျွန်တော့်ရဲ့နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းခဲ့ကြတယ်....ဒါပေမယ့် တနေ့မှာတော့

'Kit ခဏလေးနေပါဦး...ကိုယ်ရှင်းပြမယ်....'

'ဘာမှလာမရှင်းပြနဲ့.....😏😏😏'

'မဟုဘူး..kit ကိုယ့်ကို အထင်လွဲနေတာ..'

'ဘာ!!!!အထင်လွဲနေတာ..ဟုလား ကျွန်တော့်မျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရတာကို အထင်လွဲတာပေါ့😡'

'kitမြင်ခဲ့တာ မှားနေတယ်လို့ အမှန်က အဲ့လိုမဟုပါဘူး'

'Singto..ခများ ကျွန်တော့်ကိုဘာမှလာမပြောနဲ့ ကျွန်တော့်မျက်လုံးကအကောင်းကြီး..မကန်းသေးဘူး...ဒါကိုတောင် ကျွန်တော်မြင်ခဲ့တာမှားတယ်လို့ပြောတယ်နော်...ခများကမှန်ပီး ကျွန်တော်ကမှားတယ်ပေါ့..'

'ကိုယ်အဲ့လိုသဘောမျိုး ပြောတာမဟုပါဘူး kitရာ.😩..'

မျက်လုံးတွေနီရဲပီး စိတ်တိုနေတဲ့ kitကို ကျွန်တော်ဘလို ရှင်းပြရမလဲမသိတော့ဘူး.....kitကတခါမှ ကျွန်တော့်ကို ဒီလောက်ထိ စိတ်မတိုဖူးဘူး....ကိုယ်ဘလိုရှင်းပြရမလဲkitရာ

'အဲ့လိုသဘောမျိုးမဟုလို့ ဘာသဘောမျိုးပြောချင်တာလဲ..... ပြောပါဦး ကျွန်တော့်ရှေ့မှာ နှစ်ယောက်လုံးက အဲ့လိုပုံစံမျိုးဖြစ် နေတာကို မြင်ရတာတောင် မဟုပါဘူးလို့ပြောချင်နေတာလား'

'kit....အထင်လွဲနေတာပါ..ကိုယ်ကဒီအတိုင်း ကူညီပေးလိုက်တာဘဲရှိတာပါ'

'ကူညီပေးလိုက်တယ်...အဟက် ကောင်းလိုက်တဲ့အကြောင်းပြချက်..တော်တော့်ကိုသဘောထားတွေပြည့်ဝနေတယ်ပေါ့ ဟုပါပီ ကျွန်တော်ကဘဲ လူဆိုးပေါ့ ဒါနဲ့ ခများက သူ့ကိုသဘောကျနေတာလား..အဲ့လိုမျိုးကူညီပေးတာ ဟင် ပြောပါဦး😏'

'kit!!!မင်း ငါ့အချစ်ကို မစော်ကားနဲ့.....ငါတခါမှအဲ့လိုမဖြစ်ဖူးဘူး...တွေးတောင်မတွေးဖူးဘူး...'

'ဘာ~~~ငါ...ဟဟား.ဟား...ခများအခုတော့ ကျွန်တော့်ကို မင်းတွေငါတွေနဲ့တောင် ပြောလိုက်တာပေါ့...
ဟုလား ပြောပါဦး ဘယ်တုန်းက ကျွန်တော့်ကို အခုလိုမျိုး ပြောဖူးလို့လဲ... အခု အခုတော့ 😣😣😣'

'မဟု..မဟုဘူးkit...ကိုယ်သတိလွတ်သွားလို့ပါ...သူ့ကြောင့်kitကိုအဲ့လိုပြောလိုက်တာမဟုပါဘူး....ကိုယ်ကkitတယောက်တည်းကိုဘဲ ချစ်ခဲ့တာပါ...ကိုယ်ချစ်တာkitကိုဘဲအဲ့မိန်းကလေးကို ကိုယ်သိတောင်မသိဘူး..အဲ့ဒါကြောင့်ပါkitရာ..'

'လာမပြောနဲ့ နောက်ပီး ကျွန်တော့်ကိုkitလို့လည်းလာ မခေါ်နဲ့ ခများအသံကိုကြားလည်းမကြားချင်ဘူး...ခများကိုလည်း မမြင်ချင်ဘူး..ခများဘယ်တော့မှ ကျွန်တော့်ဆီမလာခဲ့နဲ့...ထွက်သွား😤😤'

'Kit..kit..'

'ဂျိန်း'ဆိုတဲ့တံခါးပိတ်သံနဲ့အတူ ကျွန်တော့်နှလုံးသားတခုလုံး ကွဲကြေသွားသလို ခံစားလိုက်ရတယ်.....💔💔💔

'Kit...ကိုယ့်ကိုတံခါးဖွင့်ပေးပါ..ကိုယ်ရှင်းပြမယ်လို့kit
ကိုယ်ရှင်းပြတာကိုနားထောင်ပေးပါဦးkitရာKit~~~~~😢😢😢'

တံခါးကို'တဒုန်းဒုန်း'ထုနေတဲ့ အသံတွေကို မကြားချင်တော့လို့နားကိုပိတ်ပီး ရေချိုးခန်းထဲက ရေပန်းကိုဖွင့်ထားလိုက်တယ်.....ရေပန်းကနေကျလာတဲ့ရေတွေနဲ့အပြိုင် ကျွန်တော့်မျက်လုံးအိမ်က မျက်ရည်တွေကလည်းကျဆင်းလာတယ်....မျက်လုံးမှိတ်လိုက်တိုင်း ညနေကအဖြစ်အပျက်တွေကိုဘဲ မြင်ယောင်နေမိတဲ့အခါ မြင်ခဲ့တဲ့ကိုယ့်မျက်လုံးကိုဘဲ ဖောက်ထုတ်ပလိုက်ချင်တယ်.....ကိုကိုက ညနေကျရင် ဆရာခေါ်ထားတာရှိလို့ နဲနဲနောက်ကျမယ်လို့ ပြောတော့ ကိုကိုနဲ့တူတူပြန်ချင်လို့ စောင့်မယ်ဆိုပီး ကျောင်းရှေ့မှာစောင့်နေလိုက်တယ်..တော်တော်ကြာတဲ့အထိ မထွက်လာသေးတော့ ကျွန်တော်လည်း ကျောင်းထဲကိုဝင်လာတဲ့အချိန်..မြင်လိုက်ရတဲ့မြင်ကွင်းကလုံးဝ ကျွန်တော့်ကိုရှော့ရသွားစေတယ်...ကိုကိုက ကျွန်တော့်ကိုကျောပေးရပ်ပီး မိန်းကလေးတယောက်ကိုဖက်ထားတယ် ပီးတော့အဲ့မိန်းကလေးက ကိုကို့ရင်ခွင်ထဲမှာရှိနေတဲ့အပြင် သူ့ရဲ့လက်တွေကလည်း ကိုကို့ခါးကိုဖက်ထားတယ်.ကိုကို့ကိုဖက်ထားတဲ့မိန်းကလေးကိုကျွန်တော်တခါမှမမြင်ဖူးဘူး..ဒါဘလိုမြင်ကွင်းကြီးလဲ...😖😖...ကျွန်တော့်မျက်စိအရှေ့မှာ ကိုကို့ကို မိန်းကလေးတယောက်နဲ့ ဒီလိုပုံစံကြီး တွေ့လိုက်ရတာ ကျွန်တော့်ရင်တခုလုံး ပေါက်ထွက်မတတ်ပူလောင်လာတယ်.....ဆက်မမြင်ချင်ဘူး...ကျွန်တော်ချစ်တဲ့သူကို ဒီလိုမျိုးအခြားတယောက်နဲ့မမြင်ချင်ဘူး..😫😫😫😫....အဲ့နေရာမှာ ရပ်ကြည့်မနေနိုင်တော့ဘူး....ကျွန်တော့်ရင်ဘတ်ကြီးတခုလုံးပူလောင်နေပီ.......ကျောင်းကနေ ကျွန်တော့်တိုက်ခန်းဆီကို ပြေးလာခဲ့တယ်...ပြေးလာတဲ့ လမ်းတလျှောက်လုံးလည်း ကျွန်တော့်မျက်ရည်တွေက အတားအဆီးမရှိကျလာတယ်....ကျွန်တော့်တိုက်ခန်းဆီရောက်တော့ ကျွန်တော်အရမ်းကိုမောပန်းနေပီ...ခြေထောက်တွေကလည်းပြေးထားလို့ ထုံကျင်နေပီ.ကျွန်တော့်ရဲ့ဒူးတွေတောင်ညွတ်ခွေကျလုမတတ်ဘဲ.....ဒါပေမယ့် ကျွန်တော့်နှလုံးသားက ဒီထက်ပိုဆိုးနေတယ်..အဆပေါင်းများစွာကိုနာကျင်နေတယ်..ခဏလောက်ကြာတော့ကိုကို ကျွန်တော့်ဆီကိုရောက်လာပီး ကျွန်တော့်ကိုလာရှင်းပြနေတယ်...ကျွန်တော်နားမထောင်နိုင်ဘူး...ကိုကို့ကိုမြင်ရင် ဟိုမိန်းကလေးနဲ့ အတူရှိနေတဲ့ပုံကိုပြန်မြင်ရင်းဝမ်းနည်းမှု တွေနေရာမှာ ဒေါသတွေကဘဲအစားထိုးဝင်ရောက်လာတယ်...အခုချိန်မှာ ဘလိုရှင်းပြချက်ကိုမှ ကျွန်တော်နားမထောင်ချင်ဘူး...ကျွန်တော်ကသွေးဆူလွယ်တဲ့သူဖြစ်တဲ့အတွက် ဒေါသထွက်လာပီဆိုရင် ဘလိုမှထိန်းမရတော့ဘူး.......😣😣😣😣
ခေါင်းပေါ်ကနေ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကိုစီးကျနေတဲ့ရေအေးအေးတွေက ကျွန်တော့်ရင်ထဲကအပူကို မပြေပျောက်နိုင်ဘူး.........ကျွန်တော်ကအတ္တကြီးလား...တကိုယ်ကောင်းဆန်သွားလား..အဲ့လိုထင်လည်းမတတ်နိုင်ဘူး..ကျွန်တော်ချစ်တဲ့သူကြောင့်ဘဲ ဒီလိုခံစားချက်မျိုး ဖြစ်ပေါ်လာရတာ...ကျွန်တော့်ကို သဘောထားသေးသိမ်တယ်လို့ထင်ချင်ထင်လိမ့်မယ်...ဒါပေမယ့် ကျွန်တော့်ကိုကို့ကို ချစ်လွန်းလို့ အခုလိုမျိုး သဘောထားသေးသိမ်တာ....ဒါပေမယ့် အခုကျွန်တော်ချစ်တဲ့သူကကျွန်တော့်ဘေးမှာမရှိနေဘူး သူ့ကိုကျွန်တော်ကိုယ်တိုင်မောင်းထုတ်လိုက်မိတယ်...ဒီအချိန်မှာ ကျွန်တော့်အတွက်တော့ မျက်ရည်တွေကဘဲ အဖော်ဖြစ်နေတယ်...

ရေချိုးခန်းထဲက ကောင်လေးရဲ့ မျက်ရည်တွေနဲ့အတူ အခန်းရှေ့က တံခါးကို မှီပီး ရပ်နေတဲ့ ကောင်လေးရဲ့မျက်ရည်တွေကလည်း ထပ်တူကျဆင်းနေတယ်ဆိုတာ ဘသူသိနိုင်ပါ့မလဲနော်....

ညနေက သူ့ကိုဆရာခိုင်းထားတဲ့ကိစ္စလေးတွေရှိနေလို့ နောက်ကျမယ်လို့ပြောတော့ kitကဘာမှမဖြစ်ဘူး..သူစောင့်နေမယ်တဲ့...အဲ့ဒါကြောင့်ဆရာခိုင်းထားတာတွေကိုမြန်မြန်လုပ်နေပေမယ့် တော်တော်နဲ့မပီးဘူးဖြစ်နေတယ်...ကျောင်းရှေ့မှာ တယောက်တည်းစောင့်နေတဲ့kitကိုလည်းစိတ်မချတဲ့အတွက် ပီးသွားတာနဲ့အမြန်ဆုံးပြေးထွက်လာခဲ့တယ်..ဒါပေမယ့်ကျွန်တော်မြန်မြန်ပြေးလာရင်း ကောင်မလေးတယောက်ကိုဝင်တိုက်မိသွားတယ်...ကျွန်တော်က အရှိန်နဲ့လာတာဆိုတော့ သူ့ကိုတိုက်လိုက်မိတဲ့အတွက် သူလည်း လဲကျသွားတာ ပြန်ထတော့ မထနိုင်တော့ဘူး...ကျွန်တော့်ကြောင့်ဖြစ်သွားတာဆိုတော့ ကျွန်တော်လည်းသူ့ကိုဆွဲထူပီး သူသွားချင်တဲ့နေရာလိုက်ပို့ပေးလိုက်တာ..ဒါပေမယ့် ဒါကိုkitကနောက်ကနေတွေ့ပီးအထင်လွဲသွားတဲ့ပုံဘဲ...အခု ကျွန်တော်ဘလိုရှင်းပြရှင်းပြလက်မခံတော့ဘူး😧😧😧

'Kit~~~'

သူ့ပါးစပ်က ခေါ်နေပေမယ့်လည်း ဒီနာမည်ပိုင်ရှင်ရဲ့ထူးသံကိုတော့ ပြန်လည်ကြားနိုင်ခွင့်မရှိတော့ဘူး.....ကိုယ့်ကိုရှင်းပြခွင့်လေးတောင် မပေးနိုင်တော့ဘူးလားကွာ...ကိုယ့်ရင်ထဲမှာ အရမ်းကိုနာကျင်ခံစားနေရတယ်...ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ကိုဒီလို အထင်လွဲမှုတခုကြောင့်နဲ့အဆုံးမသတ်သွားချင်ဘူး.....နောက်ဆုံးတော့ ခေါင်းမာတတ်တဲ့ သူ့ချစ်သူလေးကို သူအလျော့ပေးခဲ့ရတယ်......kitရဲ့တိုက်ခန်းကနေ ပြန်လာပေမယ့် အခုအချိန်မှာ သူအိမ်လည်းမပြန်ချင်ဘူး....ဘသူ့ကိုမှလည်းစကားမပြောချင်ဘူး...အခုသူ့ပုံစံကအသိစိတ်လွတ်နေတဲ့သူတယောက်လိုဘဲ......ဘယ်သွားလို့သွားချင်မှန်းမသိဘူး နောက်ဆုံးသူBarတခုထဲဝင်လိုက်ပီးသူတခါမှမသောက်ဖူးတဲ့ အရက်ကိုမှာပီး တခွက်ပီးတခွက်သောက်လိုက်တယ်....သူ့လည်ချောင်းထဲကို ပူပီးကျဆင်းသွားတဲ့အရက်က သူ့ရင်ထဲက ပူလောင်မှုကိုတော့မမှီနိုင်ဘူး.....အိပ်ကပ်ထဲက phကို ထုတ်ပီး kitကိုphခေါ်လိုက်ပေမယ့် မကိုင်ဘူး...နောက်တခါခေါ်လည်းမကိုင်ဘူး နောက်တခေါက်ထပ်ခေါ်တော့ စက်ပိတ်သွားတယ်....အကြိမ်ပေါင်းများစွာခေါ်ပေမယ့် စက်ပိတ်ထားတယ်ဆိုတာကလွဲပီး ကျန်တာ မကြားရဘူး.....

'kitကိုယ့်ကိုဘလိုဖြစ်စေချင်နေတာလဲ....ကိုယ်ရှင်းပြတာကိုတောင်ဘာလို့နားမထောင်ပေးနိုင်ရတာလဲ အခု ကိုယ့်phကိုတောင် မကိုင်ချင်တော့ဘူးပေါ့😩😩'
📲📲🎶🎶🎶
ဝင်လာတဲ့phကိုကြည့်လိုက်တော့ ကျွန်တော်မျှော်လင့်နေတဲ့သူဆီက phမဟုတ်ဘူး....

'helloပြော'

'hello Singသောက်ထားတာလား...ညီလေးအခုဘယ်မှာလဲ'

'ဟုတယ်..သောက်ထားတယ်..ဒါပေမယ့် ညီလေးအခုလုံးဝကိုအဆင်မပြေဘူး...kitက ကျွန်တော့်ကို မမြင်ချင်ဘူးတဲ့ Singtoဆိုတဲ့ကျွန်တော့်ရဲ့အသံကိုတောင်မကြားချင်ဘူးတဲ့ အခုကျွန်တော့်ရင်ဘတ်ကြီးတခုလုံးပြောမပြတတ်အောင်ပူလောင်နေတယ်....ကျွန်တော်ရှင်းပြတာလေးကိုတောင်နားမထောင်ဘူးကိုကြီးရာ..ဘလိုလုပ်ရမလဲ😥😥😥😥😭'

သူပြောပီးတာနဲ့phကိုချလိုက်ပီး စားပွဲပေါ်မှာ မှောက်ရင်းငိုမိလိုက်တယ်.........အပြင်မှာ ကောင်းကင်ကြီးကလည်းမှောင်မဲလာပီး ရုတ်တရက်မိုးတွေရွာချလာတယ်.....ရွာသွန်းနေတဲ့မိုးပေါက်တွေကိုငေးကြည့်ရင်းသူ ဆိုင်အပြင်ကို ထွက်လာလိုက်တယ်...သူ့လက်ပေါ်မှာမိုးစက်လေးတွေကတပေါက်ပီးတပေါက်ကျဆင်းနေတယ်.....မိုးရေတွေအောက်မှာဒူးထောက်ထိုင်နေရင်း သူ့ခန္ဓာကိုယ်ကလည်းတုန်နေပီ...မျက်လုံးအိမ်က မျက်ရည်တွေကလည်းအဆက်မပြတ်ကို ကျဆင်းနေဆဲပါ......
ကြာလာတော့ နားထဲမှာသူ့နာမည်ခေါ်သံနဲ့အတူ သူ့ရဲ့အမြင်အာရုံတွေလည်းတဖြည်းဖြည်းနဲ့ဝေဝါးလာပီးအရာအားလုံး မှောင်မိုက်သွားခဲ့တယ်....................
-------------****************------------------
ဒီမနက်နိုးထလာတဲ့နံနက်ခင်းဟာ ကျွန်တော့်အတွက် ခါတိုင်းနေ့တွေနဲ့မတူဘဲ ပျော်ရွှင်မှုကင်းမဲ့နေခဲ့တယ်....စိတ်မကြည်မလင်နဲ့ အိပ်ရာပေါ်ကထပီး သွားတိုက်တဲ့အချိန် မှန်ထဲမှာမြင်လိုက်ရတဲ့ကျွန်တော့်ရဲ့ပုံစံက ငိုထားလို့ ဖောင်းအစ်နေတဲ့မျက်လုံးတွေနဲ့ နီရဲနေတဲ့ နှုတ်ခေါင်းထိပ်တွေအပြင်မျက်နှာတစ်ပြင်လုံးပါ နီရဲနေတဲ့အတွက် တော်တော့်ကိုကြည့်ရဆိုးနေတယ်.........သက်ပြင်းတချက်ချလိုက်ရင်း မျက်နှာသစ်ရေချိုးပီးတာနဲ့ ရေချိုးခန်းထဲက ပြန်ထွက်လာခဲ့တယ်......အဝတ်အစားလဲပီးကုတင်ပေါ်ကphကိုဖွင့်လိုက်တော့ ကိုကို့ဆီက ခေါ်ထားတာတွေကိုတွေ့တယ်...ကျွန်တော်မနေ့ကကိုကို့ကို စကားပြန်မပြောချင်တာနဲ့ phစက်ပိတ်ထားတာလေ......
အရင်က ဒီလိုအချိန်ဆို ကိုကိုရောက်လာပီး ကျွန်တော်ထမင်းစားဖို့အတွက်ပြင်ဆင်ပေးနေပီ....ကျွန်တော့်ကိုစနောက်တဲ့ကိုကို့ရဲ့အသံတွေ ကျွန်တော်တို့နှစ်ယောက်ရဲ့ရယ်မောသံတွေနဲ့အခန်းတခုလုံးအသက်ဝင်နေခဲ့တယ်...ဒါပေမယ့် အခုတော့ ဒီအသံတွေကိုကြားခွင့်မရှိတော့ဘူး....ကျွန်တော် ကျောင်းလာတဲ့တလျှောက်လုံးလည်း အရင်နေ့တွေက ကိုကိုနဲ့သွားတုန်းက ပုံကိုဘဲမြင်နေမိတယ်....အခုကျွန်တော့်ရဲ့ပျော်ရွှင်မှုတွေကို ကျွန်တော်ကိုယ်တိုင်ဖျက်ဆီးလိုက်သလိုခံစားနေရတယ်...

ကျောင်းကိုရောက်တော့ ကိုကို့နေရာကိုကြည့်လိုက်တဲ့အခါ ကိုကိုမရှိနေဘူး....Newလည်းမရှိဘူး.....ကျွန်တော်လာတာများစောနေလို့လား....ဆရာလာပီးစာသင်လို့ မနက်ခင်းအတန်းချိန်တွေသာပီးသွားတယ်...ကိုကို့အရိပ်အယောင်ကိုတောင် မတွေ့မိဘူး.....ကိုကိုဘာများဖြစ်နေလို့လဲ....ကျွန်တော်စိတ်ပူလာပီ...ကျွန်တော်ကမတွေ့ချင်ဘူးလို့ပြောလိုက်လို့ သူ့ကိုယ်သူတခုခုလုပ်လိုက်တာများလား..မဖြစ်နိုင်ပါဘူးအတွေးပေါင်းများစွာနဲ့ တွေးနေရင်း ရင်ဘတ်ထဲကပါ တဆစ်ဆစ်နဲ့အောင့်လာတယ်...😰😰😰

ကျွန်တော်အတန်းထဲမှာ ထိုင်မနေနိုင်တော့တဲ့အဆုံးအတန်းအပြင်ကို ထွက်လာလိုက်တယ်....
'ဟင်..ဟိုမိန်းကလေး!!!!'
ကျွန်တော်သေချာပြန်ကြည့်လိုက်တော့ ဟုတယ် သူဘဲ....မနေ့က မိန်းကလေးဘဲ...သူကြည့်နေရင်း အဲ့ကောင်မလေးဘေးကို တခြား ကောင်မလေးတယောက်ရောက်လာပီး လာတွဲတယ်

'နင်ရရဲ့လား....ဘလိုခိုက်မိတာလဲ...ချော်လဲတာလား'

'မဟုပါဘူးဟာ....မနေ့က ငါစာအုပ်ကျန်ခဲ့လိုလာယူတာ လူတယောက်က အလောတကြီးပြေးလာတာငါ့ကိုမမြင်ဘူးထင်တယ် အဲ့တာတိုက်မိပီး လဲကျသွားရင်းနဲ့ အခုလိုဖြစ်သွားတာ'

'နင်သူ့ကို ဘာမှပြန်မပြောလိုက်ဘူးလား...နင့်ကို ဒီလိုဖြစ်အောင်လုပ်သွားတာကို'

'သူ့မှာအရေးကြီးကိစ္စရှိလို့ထင်တယ်..ငါသွားမယ့်နေရာ သူလိုက်ပို့ပေးပါတယ်..ပီးတော့ငါ့ကိုလည်း တောင်းပန်သွားပါတယ်'

'အေ့ပါ...နင်အဆင်ပြေရင်ပီးတာဘဲ...လာ ငါတွဲပေးမယ်'

ကျွန်တော့်ရှေ့မှာ ပြောသွားတဲ့စကားတွေကိုကြားပီးကျွန်တော် ကျောက်ရုပ်တရုပ်လိုရပ်နေမိတယ်...သွားပီ...ကျွန်တော်မှားသွားပီ..ကျွန်တော်ကိုကို့အချစ်ကိုစော်ကားလိုက်သလိုဖြစ်သွားပီ....ကျွန်တော်ကိုကို့ကို အထင်လွဲပီးပြောခဲ့တာတွေ..အားလုံးကျွန်တော့်အမှားတွေကြီးဘဲ.😟..ကိုကို...ဟုတယ်ကိုကို့ကို phဆက်ရမယ်...ကိုကို့phကိုဆက်လိုက်ပေမယ့် phမကိုင်ဘူး...နောက်ထပ်ခေါ်တော့လည်း မကိုင်ဘူး...ကျွန်တော့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့..phကိုင်ပေးပါကျွန်တော့်ကိုစိတ်နာသွားပီလား...ကျွန်တော့်ကိုမမုန်းသွားပါနဲ့ဗျာ...ကျွန်တော် တောင်းပန်ပါတယ်ကိုကိုရယ်.....😥😥😥
____________________________________
(အချိုတွေကျွေးတာများနေလို့ အခါးလေးနဲနဲဘဲထည့်မယ်စိတ်ကူးထားတာ အခုရက်ပိုင်းဇင်ဇင်စိတ်ညစ်စရာတွေရှိနေလို့ ရေးလိုက်တာတော်တော်ခါးသွားတယ်😅ဇင်ဇင့်ficကိုဖတ်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်..တကယ်လို့ မဖတ်ချင်တော့ဘူးဆိုရင်လည်းပြောပါ..ဒီficကိုရပ်ပေးပါ့မယ်..)

Continue Reading

You'll Also Like

93.6K 4.1K 79
Name - Up to U Main characters -Ernest Sheldon၊ α€α€±α€Ÿα€„α€Ία€α€»α€™α€Ία€Έα€™α€Όα€±α€· Chapter- 70+ 5 extras Type - Drama , romance ,male pregnant Version - both Unicode...
19.6K 557 8
Regina has a daughter and she hasn't told her parents who the father is. 15 years later there is a curse. After the curse, Regina and her daughter st...
673 59 16
တွေ့ ဆုဢ α€€α€Όα€―α€Ά α€€α€½α€² ဖြစ်မြဲဓမ္မတာ