The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 22

9.7K 802 116
By aseinnkyaw


Unicode

" ပြီးပြီ....."

ရွှန်းရွှန်းသည် စိုင်းစင်ခေးဆိုင်ဆိုသော ချစ်စဖွယ်အနှီကောင်လေးနဲ့အကြည့်စိုက်နေရာမှ ရုတ်တရက်ဘေးနားလာရပ်သော အရိပ်တစ်ခုကြောင့် ကိုယ်က ဆတ်ခနဲဖြစ်သွားရသည်။

"ဟာ...သူများတွေသာယာနေတာကို ဒီလူကြီးက တစ်မှောက် "

စိတ်ထဲက မချိူမချဉ်တွေးရင်း အပေါ်သို့မော့အကြည့်

"ဟယ်... ချောလိုက်တာ "

မြန်မာဆန်ဆန် ဝင်းဝါသော အသားအရေပေါ်မှာ ထင်းထွက်နေတဲ့ ရှုတည်တည် နှုတ်ခမ်းတွေပေါ်က စိမ်းဖန့်ဖန့်နှုတ်ခမ်းမွှေးတွေနဲ့ ယောကျ်ားပီသသော မျက်နှာကျ၊

မှုန်ကုပ်နေတဲ့ မျက်ခုံးမွှေးအစုအောက်ကအမည်းရောင်မျက်မှန်ကိုင်းနဲ့ဘောင်ခတ်ထားတဲ့ မိမိကို စူးစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံ။

အဲဒါတွေထက်ပိုထူးခြားသည်က ခါတိုင်းလို အနောက်ကိုရှင်းနေအောင် အပြောင်သိမ်းထားတဲ့ ဆံပင်မျိူးမဟုတ်ပဲ မဟာနဖူးပေါ်မှာ ဆွေစောင်းစောင်းနဲ့ မျက်ခုံးစပ် မထိတထိလေး ဝဲကျနေတဲ့ ပုံသွင်းပြီးခါစ ဆံပင်ပျော့ပျော့လေးတွေ။

အခုလို ကြည့်လိုက်တော့လည်း ထူးထက်ခေါင်သည်ကိုယ်ကြိုက်သော Korea မင်းသား Wonbin နဲ့ပင် ခပ်ဆင်ဆင် တူလာသလို ခံစားမိလာသည်မို့ရွှန်းရွှန်းကလှစ်ခနဲ ပြုံးလိုက်သည်။

"သွားမယ်လေ ဘာကြည့်နေတာလဲ "

"အင်း အင်း သွားမယ် ခေးဆိုင် မမသွားတော့မယ်နော် ခေးဆိုင် စိတ်ပါရင် မမဆီကို အချိန်မရွေး ဖုန်းဆက်လို့ရတယ် "

ရွှန်းရွှန်းက ပိုက်ဆံအိတ်ကို ကောက်ယူလိုက်ရင်းဘေးနားမှာ ထိုင်နေတဲ့ စိုင်းစင်ခေးဆိုင်ကို ကြည့်၍ အပြုံးကလေးနဲ့လှည့်ပြောလိုက်သည်။

"ဟုတ်မမ တကယ်နော် ကျွန်တော် ဒီနေ့ည မမဆီ ဖုန်းဆက်လိုက်မယ် "

"အိုကေ... ဘေဘီ မမသွားပြီ "

ရွှန်းရွှန်း က နှုတ်ခမ်းကလေးကို တွန့်ကွေးကာ အလှပဆုံးဖြစ်အောင်ပြုံးပြလိုက်ပြီး ထိုနေရာမှထွက်လာခဲ့သည်။

ကိုယ်သိတာပေါ့...ကိုယ့်အပြုံးအောက်မှာ
အနှီကောင်လေး ကြွေဆင်းသွားတော့မယ်ဆိုတာ။

ရွှန်းရွှန်းထင်နေသလိုပင် တစ်ဖက်မှာ ကျန်နေခဲ့
သည့် စိုင်းစင်ခေးဆိုင် သည်လည်း သူ့ကို ကျောခိုင်းထွက်သွားသော မမ၏ ကျောပြင်ကိုတစ်လှည့် မမပေးထားခဲ့သောဖုန်းနံပါတ်နဲ့ Facebook account လေးကိုတစ်လှည့်ကြည့်လျက် ကျန်ခဲ့လေသည်။

မမရဲ့ အပြုအမူ ၊ လှုပ်ရှားမှုလေးတွေ၊ စကားပြောဟန်လေးတွေသည် သွက်သွက်လက်လက်ပွင့်ပွင့်လင်းလင်း ကလေးဖြစ်ကာ တမင်တကာ ဆွဲဆောင်မှုရှိအောင် ချွဲပစ်ပစ် လုပ်ပြောသော အသံတွေနဲ့မတူပဲ ချစ်စဖွယ်အတိဖြစ်သည်။

သေချာသည် ကျွန်တော် မမကို ချစ်မိနေပြီ....... ။

~~~~~~~~~~~

"ဟေ့ ဖြေးဖြေးလျှောက်ပါဦး ရှင်လျှောက်တာမြန်လိုက်တာ "

ရွှန်းရွှန်း က ခေးဆိုင်ကို နှုတ်ဆက်အပြီး ဆံပင်ညှပ်ဆိုင်ထဲက ပြန်ထွက်လာတဲ့အချိန်မှာတော့ ရှေ့ကနေခြေလှမ်းကျဲကြီးများနဲ့ သွားနှင့်သောထူးထက်ခေါင်က အတော်ပင် ရောက်နေပြီဖြစ်သည်။

"ဟောဟဲ ဟောဟဲ မောတာ.. ရှင်ကလည်း
နဲနဲလေးမှကို စောင့်မယ်မရှိဘူး"

"မင်းကကျ ငါရှိနေတာတောင် အရေးမစိုက်ပဲ ဟို ကလေးနဲ့ အကြည်စိုက်နေတာကို မင်းကြာနေလို့ ငါ ထားခဲ့တာ "

ထူးထက်ခေါင်က အခုမှ ဟောဟဲဟောဟဲဆိုက်ကာကိုယ့်ကို အမှီလိုက်လာပြီးဘေးနားလာရပ်သော ရွှန်းရွှန်းကို မျက်မှောင် ကြုတ်ကြည့်လိုက်သည်။

"ရှင်ကလည်း ထစ်ခနဲရှိ စိတ်မရှည်ဘူးဆိုတာချည်းပဲ "

"ဟာ ရွှန်းမြတ်နိးပိုင် ငါအားအားယားယား လမ်းဘေးက ကလေကချေမဟုတ်ဘူးကွ Construction တစ်ခုရဲ့CEO ဆိုတာလည်း မင်း နဲနဲပါးပါးသတိရ"

"ဟုတ်ပါပြီ CEO ကြီးရယ် အဲလိုကြီး ရှုံ့မဲ့မနေပါနဲ့ အစကတည်းက မလှတဲ့ရုပ်က ပိုအိုစာသွားတယ်"

ထူးထက်ခေါင်သည် ရွှန်းမြတ်နိုးပိုင်ကိုမျက်မှောင်ကြုတ်ပြီးစွေစောင်းကြည့်ကာ သက်ပြင်းကိုသာမှုတ်ထုတ်လိုက်သည်။ ဒီမိန်းကလေးနဲ့စကားများနေလည်း ပြီးမှာမဟုတ်တော့။ သူ့ဆံပင်ကိုတောင်ပြန်ဆွဲရဲတဲ့ အာဂမိန်းကလေးပဲ။ တစ်ခါတစ်လေ ကလေးဆန်တာလောက်ကတော့သူ လွှတ်ထားပေးလို့ရသည်ပဲ။

"ဒါနဲ့ ခုနက ကောင်လေးက ဘယ်သူလဲ မင်း
အသိလား"

ရုတ်တရက်ကြီးမေးချလိုက်သော ထူးထက်ခေါင်၏ မေးခွန်းကြောင့် ရွှန်းရွှန်းပင် အံအားသင့်သွားမိသည်။ သူ နဲ့ဘာဆိုင်တာကျလို့... ။

" ရှင်က ဘာလို့သိချင်ရတာလဲ "

"အဟမ်း.... မင်း ကောင်လေးလားလို့ပါ "

"ဒီလိုဆိုတော့ ရှင်ကဘယ်ဆိုးလို့လဲ အခုလက်ရှိတော့မဟုတ်သေးဘူး ဒါပေမဲ့ တစ်ချိန်ချိန်တော့ ရှင်ပြောသလို ဖြစ်လာနိုင်ချေ ရှိတယ် "

"အင်း.... "

ရွှန်းရွှန်း၏စကားအဆုံး ထူးထက်ခေါင်က အသိအမှတ်ပြုသလို ခေါင်းညိမ့်ပြလိုက်သည်။

"ဒါနဲ့ အပေးအယူ ကိစ္စကရော ဘယ်တော့ စီစဉ်ပေးမှာလဲ "

ထူးထက်ခေါင်သည် ပါးစပ်ကနေသာ စကားတွေပြောနေသော်လည်း လျှောက်လက်စခြေလှမ်းတွေကတော့ အရှိန်လျော့မသွားပေ။

ရွှန်းရွှန်းမှာသာ သူ့ခြေလှမ်းကြီးတွေနဲ့ လှမ်းရင်း မှာကြားနေတာကို အမှီလိုက် နားထောင်နေကာ သူ့ရဲ့ Secretary မလေးလို အူလျားဖားလျားဖြစ်နေလေသည်။

"ကျွန်မလည်း သေချာမသိသေးဘူးလေ ကျွန်မ မောင် အားမအား မေးရဦးမှာ "

"ဟေ့... မင်း အလှည့်ကျ မညစ်နဲ့လေ ငါတုန်းကကျ မင်းစိတ်တိုင်းကျ လုပ်ခိုင်းတာတွေ ဘာမှအတွန့်မတတ်ပဲငြိမ်ခံလာရတာ "

"အဲတာ ရှင်ကြီး လှဖို့လေ သက်ကြားအိုပုံစံကနေ အခုလို ငယ်ရွယ်နုဖတ်သွားတာ ကျွန်မကို ကျေးဇူးတောင်တင်သင့်သေး "

ထိုစကားကိုတော့ ရွှန်းရွှန်း တစ်ယောက်စိတ်ထဲက ပြောလိုက်ချင်းရယ်ပါ ။

"နေပါဦး ရှင်က ကျွန်မမောင်ကို ဘာကိစ္စတွေ့ချင်ရတာတုန်း ကျွန်မသိသလောက် ရှင် နဲ့ ရှင်းလေးကြားမှာဘာမှ ပတ်သက်စရာမရှိပါဘူး"

"ဟူး...လျှာရှည်လိုက်တာကွာ မင်းမသိသေးတာတွေအများကြီး ရှိသေးတယ် မိန်းကလေးရ မင်းမောင် အားအား မအားအား ငါမနက်ဖန်ပဲ တွေ့ချင်တယ် မရရ အောင် စီစဉ်ပေးပါ "

"ပြီးတော့ မနက်ဖန် ကျွန်မ ရှင်းလေးကို မရ
ရတဲ့နည်းနဲ့ရှင့်ဆီ လွှတ်လိုက်မယ် ကျွန်မ မောင် တစ်ခုခုဖြစ်လာလို့ကတော့ ရှင်အသေပဲ "

ခပ်ပြတ်ပြတ်ပြောလိုက်ရသော်လည်း ရှင်းလေးကို စည်းရုံးဖို့တော့ လွယ်မယ်မထင်။ ရွှန်းရွှန်း သက်ပြင်းရှည်ကြီးကိုသာ လေးတွဲစွာချလိုက်သည်။ ရှင်းလေးက သူ့ကိုဆိုအမြဲအလျှော့ပေး သည်းခံတတ်တာကို သိနေ၍သာ ထူးထက်ခေါင်ကို အပိုင်ပြောလိုက်မိခြင်း။ ထူးထက်ခေါင်ကရှင်းလေးကို ဘာအကြောင်းနဲ့တွေ့ချင်တာဆိုတာ ရွှန်းရွှန်းကိုယ်တိုင်လည်း သေချာမသိ။

အင်းပါလေ...ယောကျ်ားလေးချင်းဆိုတော့
ရှင်းလေးအတွက် ဘာအန္တာရယ်မှ မရှိနိုင်ပါဘူးလေ။

~~~~~~~~~~~~

" ဟာ မမ တော်ပြီ ငါမတွေ့ချင်ဘူး"

"ရှင်းလေးရာ ကူညီပါဟာ တစ်ခါတည်းပါ "

ရှင်းလေးက သူဘယ်သွားသွားနောက်ကနေ တောက်တဲ့လို တွယ်ကပ်နေကာ ထူးထက်ခေါင်နဲ့တွေ့ဖို့ လိုက်ပူဆာနေသော ရွှန်းရွှန်းကြောင့် တဖြေးဖြေးစိတ်ရှုပ်လာသည်။

ဒီအမ ဘာဇယားတွေ ရှုပ်လာပြန်ပြီလဲမသိ။

"မမရာ နင်ဟာလေ ငါ့ကိုဆို အမြဲအကျပ်ရိုက်အောင်လုပ်တယ် ငါ ထူးထက်ခေါင် နဲ့တကယ်မတွေ့ချင်ဘူးတွေ့လို့လည်း မဖြစ်ဘူး"

"ရှင်းလေးရာ ဘာတွေကြောက်နေတာလဲ ငါဂျပန်မှာတုန်းကလည်း နင်သူနဲ့အကြာကြီးတွေ့လာပြီးသားပဲကို သူ့မှာလည်း ကိစ္စတစ်ခုခုရှိလို့နေမှာပေါ့ "

" နင်မသိဘူး မမ နင်အသာနေစမ်းပါ "

"ဘာလဲဟာ ဒီလောက်လေး တွေ့ဖို့ခက်ခဲပြနေတာ နင်နဲ့သူက ရည်းစားဟောင်းတွေမို့လို့လား "

" မမ.... နင်တော်တော့ "

မထင်မှတ်ပဲ ရှင်းလေးက အသံကျယ်သွားသည်မို့ ရွှန်းရွှန်း တစ်ယောက်လန့်သွားမိသည်။ ရှင်းလေး တစ်ခါမှအခုလို မအော်ဘူးတာမို့ အံ့သြသွားတာလည်း ပါသည်။

" အေးပါ နင် မတွေ့ချင်လည်း ထားလိုက်ပါ "

ရွှန်းရွှန်း၏လေသံက ခုနကနဲ့အတူပဲ တိုးတိုးလေးသာ ။

"ရတယ် ငါသွားတွေ့မယ် ဒါပေမဲ့ ဒါဟာနောက်ဆုံးအကြိမ် ထူးထက်ခေါင်နဲ့ပတ်သက်ပြီး နင့်ကိုငါ ကူညီခြင်းပဲ နောက်တစ်ခါမရတော့ဘူး ပြီးတော့ ငါ့မှာ ရည်းစားရှိတယ် ငါ့ရည်းစားကလည်း ဒါကိုသိရင် ကြိုက်မှာ မဟုတ်ဘူး"

"ဘာ... ဘယ်သူလဲ နင့်ရည်းစားက ငါလည်း
မသိရပါလား "

"အေး အချိန်တန်ရင် နင်သိလာလိမ့်မယ် အခုတော့ငါ့ကို ဘာမှလာမမေးနဲ့ ငါမဖြေချင်ဘူး"

ရှင်းလေးက ရေခဲသေတ္တာထဲက ယူလက်စရေဘူးကိုထုတ်လိုက်လျက် ရေခဲသေတ္တာတံခါးကို ဆောင့်ပိတ်လိုက်ကာ အပေါ်ထပ်က ကိုယ့်အခန်းဆီသို့ ပြန်တတ်လာခဲ့သည်။ အခန်းထဲရောက်လျှင်တော့ မနက်ဖန် Broနဲ့တွေ့ဖို့ အားမွေးရဦးမည်လေ..။

~~~~~~~~~~~~

ကားမှန်တံခါးကို အပြည့်ချထားတာမို့ လောကကြီးမှာ နှစ်ယောက်တည်း ရှိနေသလို မသက်မသာ ခံစားနေရပြီး ရှင်းလေး ကိုယ်က ခပ်ကျူံ့ကျူံ့လေးဖြစ်နေသည်။

အဲကွန်း၏အအေးဓာတ်က နဂိုကတည်းက
ကြောက်စိတ်ကြောင့် အေးစက်နေသော
လက်ဖျားတွေကိုပို၍ထုံကျင်လာလေသည်။

စိတ်လှုပ်ရှားမှုကိုလက်သီးကိုခပ်တင်းတင်း
ဆုပ်ထားခြင်း၊ခြေအိတ်နဲ့ကွယ်ထားတဲ့ ခြေချောင်းတွေကို လှုပ်နေစေခြင်းဖြင့် ဖုံးကွယ်နေရသည်။ သူ့မျက်လုံးတွေ ဂဏှာမငြိမ်ဖြစ်နေတာကိုလည်း Bro မြင်ဟန်မတူ။

အတန်ကြာသည်အထိ ဘာမှစကားဆိုမလာပဲ တိတ်ဆိတ် နေကတည်းက Bro တစ်ခုခု ကိုပြောဖို့ အားယူနေမှန်း သူ ခံစားမိလိုက်သည်။ Bro ဆိုတာ စကားကို ပြောသင့်မပြောသင့်ဝေဖန်ချင့်ချိန်ပြီးမှ သေချာစဉ်းစားပြီး ပြောတတ်တဲ့ သူမျိူး။

Bro က ကားမောင်းတဲ့ခုံမှာ ထိုင်နေတာဖြစ်ပြီး စတီယာရင်ကို လက်နဲ့အားယူကိုင်ထားကာ ရှေ့သို့တည့်တည့်စိုက်ကြည့်နေသည်။

ရှင်းကတော့ Bro ၏ ဘယ်ဘက် Lover Seatမှာ ခပ်ကုပ်ကုပ်လေးထိုင်နေတာ ဖြစ်သည်

တကယ်ဆို စိတ်လှုပ်ရှားရမည်ဆိုလည်း လှုပ်ရှားသင့်သည်လေ။ ရှင်းမြတ်နိုးပိုင်အဖြစ် ယောကျ်ားလေး ပုံစံနဲ့ Bro နဲ့ မျက်နှာချင်းဆိုင် ဆုံရတာ အခုက ပထမဆုံးမဟုတ်လား။

" ညီ....."

Bro ၏ နှုတ်ခမ်းဝဆီမှ ထွက်ကျ လာတဲ့ စကားတစ်ခွန်းကြောင့် ရှင်း တစ်ကိုယ်လုံးတောင့်တင်းအေးစက်သွားသည်။

"အကို လူမှားနေပြီ ကျွန်တော်က ခင်ဗျားပြောတဲ့ ညီ မဟုတ်ဘူး"

သူ့ကို အေးစက်စက်နဲ့ တုံ့ပြန်လာတဲ့ ညီ့ကြောင့် ထူးထက်ခေါင် က ရှင်းကို စိုက်ကြည့်နေရာမှ တဖက်လှည့်ကာနားထင်ကြောများကို စိတ်ရှုပ်သလို ဖိကိုင်ရင်း မျက်လုံးများကို အားယူညှစ်လိုက်သည်။ နောက်တော့ ရှင်းလေးဘက် ပြန်လှည့်ကာ

"ညီ ..မင်းဆိုတာ သေချာနေရက်နဲ့ ဘာလို့
ကိုယ့်ကိုညာချင်နေရတာလဲကွာ...မင်းက
ညီဆိုတာ ဝန်ခံလိုက်စမ်းပါ "

ထူးထက်ခေါင်ရဲ့လေသံများသည် အားမရခြင်းများနဲ့အတူ တဖြေးဖြေး မာလာသည်။

"အကို ကျွန်တော်က တကယ် ညီမဟုတ်ပါဘူးဆိုဗျာ အကိုလူမှားတာ နေမှာ ကျွန်တော် အကို့ကို သိတောင် မသိပါဘူးဗျာ "

" ညီ.... မင်း လိမ်နေတာ ကိုယ်သိတယ်"

ထူးထက်ခေါင်က ကားစတီယာရင်ကို ထုရိုက်လိုက်သည်။သူ တကယ် ဒေါသထွက်လာပြီ ဖြစ်သည်။ညီ့ ဆီကဟုတ်ပါတယ် ဆိုပြီး ဝန်ခံတဲ့စကားတစ်ခွန်းကိုပဲ လိုချင်ခဲ့တာ။

ညီ့ နှုတ်ခမ်းဖျားက ထွက်လာမည့် စကားတစ်ခွန်းကိုပဲ သူထပ်နားထောင်ချင်ခဲ့တာ။

"ဒီလောကကြီးမှာ နာမည်တူ မရှား လူတူမရှားပါအကို ကျွန်တော်လို့ တပ်အပ်ပြောနေတာ အကို့မှာ သက်သေရှိလို့လား "

"ရှိတယ် ညီ ကိုယ့်ရင်ဘတ်ထဲမှအချိန်ပြည့်
ရှိနေခဲ့တဲ့ ညီက ကိုယ့်အတွက် အကောင်းဆုံးသက်သေပဲ ညီကဘယ်တော့မှ လူလုံးထွက်မပြခဲ့ဘူးအဲတာလေးကိုပဲ ကိုယ်ရင်ခုန်မိတာ ကိုယ့်အတွက် ညီက စိတ်လှုပ်ရှားစရာ ကောင်းတယ် ညီ့ရယ်လိုက်တိုင်း ထင်းထွက်လာတဲ့ ပါးချိူင့်ကလေးက တောင် ကိုယ့်ကိုရူးသွပ်စေတယ် ညီကပန်းရောင် ကြိုက်တယ် သိပ်တော်တဲ့ ဒီဇိုင်းတွေကိုဖန်တီးတတ်တဲ့ ပါရမီလေးလည်းရှိတယ် သူ့ရင်ထဲက ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံတတ်တဲ့ ညီက ကိုယ်ပြနိုင်တဲ့ တစ်ခုတည်းသော သက်သေပဲ "

ရှင်းလေးသည် သူ့မျက်လုံးတွေကို ခံစားချက်အပြည့်နဲ့တည့်တည့်စိုက်ကြည့်ပြီးပြောလာတဲ့ ထူးထက်ခေါင်ကို ကြည့်ပြီး ရင်ထဲမှာ စို့နင့်လာသည်။

မကြာခင် အပြီးတိုင် စွန့်လွှတ်ရတော့မယ့် ကိုယ်မပိုင်ဆိုင်နိုင်တဲ့ တစ်ခုတည်းသော အရာဆိုတာကိုတွေးမိတိုင်း တင်းကျပ်လာတဲ့ ရင်အစုံက ပေါက်ကွဲထွက်လာတော့မယ်။ မျက်ရည်တွေကို ပါးပြင်ပေါ်လျှံထွက်ကျ မလာအောင် ချူပ်တီးနေရပေသည်။

အချိန်တွေ အရမ်းနောက်ကျသွားပြီ Bro။ Bro သာ စောစောစီးစီး သတ္တိရှိခဲ့ရင် ကျွန်တော်တို့အခုလို နီးရက်နဲ့ ဝေးနေရမှာ မဟုတ်ဘူး။

"ညီ... ကိုယ့်ကို တည့်တည့်စိုက်ကြည့်စမ်းပါကွာ ကိုယ်သတ္တိတွေ ရှိလာဖို့ ညီ ကူညီမှရမှာ "

ထူးထက်ခေါင်သည် ရှင်းလေးစိတ်ကို ထွင်း
ဖောက် မြင်နေသည်အလား ရှင်းလေး ပုခုံးကို ဆုပ်ကိုင်လိုက်ကာ အရည်ကြည်တွေနဲ့ တောက်ပနေသော မျက်လုံးတွေကလွတ်ထွက်သွားတော့မယ့် အရာတစ်ခုကို တမေ့တမော ဖမ်းဆုပ်ထားနေရသလို ရှင်းလေးကို ငေးစိုက်ကြည့်နေသည်။

"ညီ... အခု ဝန်ခံရင် ကိုယ်တို့် ရှေ့ဆက်ဖို့ ပြန်ဆွေးနွေးလို့ရတယ် ညီဆီက အတည်ပြုချက်တစ်ခုကိုပဲ ကိုယ်လိုချင်တာ "

ထူးထက်ခေါင်က ရှင်းလေး၏ မျက်လုံးတွေကို စူးစိုက်ကြည့်နေရင်းမှ တဖြေးဖြေးနဲ့ နှုတ်ခမ်းဖျားနားဆီသို့ တိုးကပ်လာသည်။

ကျွန်တော်က ညီဆိုတာ အခု Bro ရှင်းရှင်းလင်းလင်းသိခဲ့မယ်ဆိုရင်တောင် Bro က ပြတ်သားဦးမှာမှ မဟုတ်တာ။

Bro အနားမှာ အခိုက်အတန့်လေး တစ်ခုအဖြစ် ရှင်သန်နေခဲ့ရတာပဲ ကျွန်တော့် အတွက် လုံလောက်ပါပြီ။ကိုယ့်ဘဝနဲ့ကိုယ်ပဲ ရှင်သန်ပါ Bro ။

ဝန်မခံရဲတဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပါ။
ပြီးတော့ လွတ်မြောက်ခွင့်ပေးပါတော့ဗျာ။

Bro ၏ နှုတ်ခမ်းဖျား အရသာသည် နူးညံ့ပြီး နွေးထွေးမယ်မှန်း သူသိသည်။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ပိုင်ဆိုင်ချင်ခဲ့သော ထိုနှုတ်ခမ်းများ၏ အရသာကို တစ်ခါလောက်တော့ ခံစားဖူးချင်မိသည်။ သို့သော် ဒီနှုတ်ခမ်းတွေက သူ့အတွက်မှ မဟုတ်ခဲ့တာ။

ရှင်းလေးက အသက်မဲ့သလို အေးစက်နေရာမှ ထူးထက်ခေါင်ကို ဆောင့်တွန်းပစ်လိုက်သည်။

"ကျွန်တော်က ခင်ဗျား ရှာနေတဲ့ ညီမဟုတ်ပါဘူးဆိုဗျာ ကျွန်တော့်ကို ထပ်မနှောက်ယှက်ပါနဲ့တော့ "

ရှင်းလေးသည် ကားတံခါးကို ဆွဲဖွင့်ကာ
ကားထဲက ခပ်မြန်မြန်ထွက်ခဲ့လိုက်သည်။

Bro အနားမှာ ဒီထက်ပိုကြာကြာနေရင် သူ
မျက်ရည်ကျလာတော့မှာ။ ထိုမျက်ရည်တွေကို Bro အားဘယ်လိုနည်းနဲ့မှမမြင်စေချင်ပါ။

ထူးထက်ခေါင်ကလည်း ယုန်ဖြူလေးတစ်ကောင်မုဆိုးလက်ထဲက ပြေးထွက်သွားသလို သူ့ကိုဆောင့်တွန်းပြီးထွက်သွားတဲ့ ရှင်းလေး၏ကျောပြင်ကိုကြည့်ပြီးရင်ဘတ်က တဖြေးဖြေးနဲ့ နာကျင်အောင့်သက်လာသည်။

ထိုကောင်လေးက တကယ်ပဲ သူ့ရဲညီ မဟုတ်ဘူးလား။ညီ နဲ့ပတ်သက်ပြီး ဤမျှထိ နာကျင်ခံစားရလိမ့်မည်ဟု လွန်ခဲ့တဲ့ငါးနှစ်ကတော့ သူ စိုးစဉ်းမျှမတွေးမိခဲ့။ ညီဟာ သူ့ ရင်ဘတ်ထဲမှာ ထိုးစိုက်နေတဲ့
စူးသေးသေးလေးလို အစပိုင်းမှာ မသိသာပေမဲ့ အချိန်ကြာလေလေ ပိုနစ်ဝင် လာလေလေဖြစ်ကာ နှုတ်လိုက်လျှင်တော့ သူ့ ရင်ဘတ်ကြီးတစ်ခုလုံး ဟောင်းလောင်းပေါက်ကျန်နေခဲ့မည့် ဆူးမျိူးသာ ဖြစ်လေသည်။

~~~~~~~~~~~~

"ဘယ်ခြေထောက်နဲ့ ညာလက်က တစ်ပြိုင်တည်းရွှေ့ရမှာ မှားနေတယ် ပြန်စ "

ချမ်းမြေ့သည် အကလာသင်သည့်သင်တန်းသား အားလုံးကို မမောမပန်း Training တွေပေးရင်း အလုပ်ရှုပ်နေလေသည်။ အခုမှ Basic သင်တဲ့ သင်တန်းသားတွေမို့ တစ်ယောက်ချင်းစီ အနီးကပ် ထိတွေ့ပြီး သင်ပေးရတာ ဖြစ်သည်။

အခုလည်း အခြေခံကကွက်လေးကိုတောင်
အလွဲလွဲအမှားမှား ဖြစ်နေသည့်မိန်းကလေး၏လက်ကိုကိုင်လျက် ဘယ်ညာ ရွှေ့ပေးနေတာမို့ ထိုမိန်းကလေးက သူ့ဘေးမှာရှိတဲ့ ကောင်မလေးကို အဓိပ္ပာယ်ပါပါ ကြည့်လျက် ပြုံးစိစိ လုပ်နေလေသည်။

"ဆရာ သမီးလည်းမလုပ်တတ်ဘူး ဆရာပြပေးဦး "

"အိုကေ အိုကေ ဆရာလာပြီ "

ချမ်းမြေ့က ပထမတစ်ယောက်ဆီမှ နောက်
တစ်ယောက်ဆီသို့ပြောင်းကာ အစအဆုံး
ကကွက်တွေကို ပြန်ပြရပြန်သည်။

ဒီဆယ်ကျော်သက်အရွယ် ကလေးမလေးတွေဟာ တကယ်ကိုမလွယ်။

တစ်ချိန်လုံး သူနားမှာရစ်သီရစ်သီနဲ့လက်ဆောင်ပစ္စည်းတွေတစ်မျိူး မုန့်တွေတစ်ဖုံ လာလာပေးကျနဲ့ပိုးပန်းနေကြတာပင်။ ယောကျ်ားလေး ပီပီ ရိပ်မိသော်လည်းကိုယ့်ဘက်ကတော့ ဘာမှအလွန်အကျွံပြလို့မရ။

မိန်းကလေးလှလှလေးတွေမို့ ရင်ခုန်ချင်စရာကောင်းသော်လည်း ကိုယ့်ရင်ထဲမှာက ရှင်းတစ်ယောက်သာ နေရာပေးနိုင်သည်မို့ ကိုယ့်ကို ကြိတ်ပိုးနေသော ထိုမိန်းကလေးတွေအတွက်တော့ စိတ်မကောင်းမိ ။

တစ်ခါတစ်လေ ဆရာချောလို့ သင်တန်းလာတတ်တာဆိုတဲ့ အီစီကလီ လေးတွေကလည်း ရှိသေးတာမို့ ကိုယ့်သင်တန်း နာမည်ပျက်မှာစိုး၍သာ ရေလိုက်ငါးလိုက်နေရတာပင်။

တကယ်တော့ ကိုယ်က မိန်းကလေးတွေဆိုအရိပ်မပြောနဲ့ လူတစ်ကောင်လုံး ကိုယ့်အိပ်ရာဘေး လာအိပ်ပြနေရင်တောင် စိတ်ဝင်စားတဲ့သူ မဟုတ်။

သူတို့ဆရာ ချမ်းမြေ့ကိုကိုဟာ ယောကျ်ားလေး ရည်းစားရှိနေတယ်ဆိုတာ သိရက်နဲ့တောင် လာတိုးနေကျသော ပုလင်းကွဲရှခံချင်နေကျတဲ့ ကလေးမလေးတွေကို သနားစိတ်ဖြင့်သာ ဂရုဏာ သက်ရပေသည်။

" ချမ်းမြေ့..."

ကလေးမလေးကို အနီးကပ်ပြပေးနေရာမှ ကိုစိုင်း၏ခေါ်လိုက်သံကြောင့် ချမ်းမြေ့ လှည့်ကြည့်လာသည်။

" ဟာ ကိုစိုင်း...လာလေ "

ချမ်းမြေ့ကကောင်မလေးကိုမှာထားခဲ့ကာ လည်ပင်းပေါ်တင်ထားသော တဘက်အဖြူနဲ့ နဖူးပေါ်ကချွေးစတစ်ချိူ့ကို သုတ်လိုက်ရင်း ကိုစိုင်း ရှိရာသို့လျှောက်လာသည်။

"ချမ်းမြေ့ ဟိုနေ့က ပြောထားတဲ့ ငါ့ညီကို့ လာပို့တာ သင်တန်းကို မသွားရဲဘူး လုပ်နေလို့ "

ကိုစိုင်း၏ စကားအဆုံး ဟိုနေ့က သူနဲ့ဆုံခဲ့တဲ့ အနှီကောင်လေးက ဟီးခနဲရယ်ကာ ကိုစိုင်းနောက်က လှစ်ခနဲထွက်လာသည်။

"အာ ကျွန်တော်က သင်တန်းလာရဲပါတယ်
ကိုစိုင်းရ ကိုကို့ နားသာမလာရဲတာ ကိုကိုက Cele ဆိုတော့ ရှိန်လို့ "

"ဟား.... မင်း စကားပြောတာ တကယ်ချစ်ဖို့ကောင်းတာပဲ "

ချမ်းမြေ့က စိုင်းစင်ခေးဆိုင်ရဲ့အဆီအလျော်မတည့်သော စကားကိုပင် သဘောတကျ ရယ်လိုက်သည်။

တကယ်ချစ်ဖို့ကောင်းတဲ့ကောင်လေးဗျာ ။

"ချမ်းမြေ့ အဲဒါဆို မင်းဆီမှာ ဒီကောင့်ကို အပ်ခဲ့မယ်ကွာ သူ့ကို သေချာတတ်အောင် သင်ပေးလိုက်ဦးခေးဆိုင်မင်းလည်းသေချာသင် အခုမင်းတွေချင်တဲ့ ချမ်းမြေ့ နဲ့လည်း သင်ရပြီ သေချာကြိုးစား ကြားလား"

"ဟဲ ကျွန်တော် ကြိုးစားမှာပါ ကိုစိုင်းကလည်း တစ်နေ့ကျ Dance လောကမှာ ကိုကို့လို နာမည်ကြီးလာစေရမယ် "

"အပြောကတော့ ရွှေထီးပဲ စောင့်ကြည့်မယ် ကဲ ဒါဆိုချမ်းမြေ့ ငါအလုပ်တွေ ရှိသေးလို့ သွားပြီ "

"ဟုတ်ကဲ့ ကိုစိုင်း "

ကိုစိုင်းထွက်သွားတော့ ချမ်းမြေ့က ထိုကောင်လေးကို စူးစိုက်ကြည့်ကာ

"ကေလး မင်းက အသက်ဘယ်လောက်လဲ "

" 20 ....ဟီး "

အနှီကောင်လေးက အသက်မေးတာကိုပင် ရိုးရိုးမဖြေပဲ လက်လေးနှစ်ချောင်းထောင်ကာ သွားကလေးစိပြတာမို့ ချမ်းမြေ့က ရယ်လိုက်ပြန်သည်။ ထို့နောက် သူကိုယ်တိုင် နှစ်လိုဖွယ်ကောင်းစွာပင် ပြုံးပြလိုက်ကာ

"သြော် ..ကိုယ့်နဲ့သိပ်မကွာဖူးပဲ ကိုယ်ကမင်းကို 16 နှစ်သားလေး မှတ်နေတာ ဘာပဲ ဖြစ်ဖြစ် မင်း ကိုယ့်ကို ကိုကိုလို့ ခေါ်တာ အရမ်းသဘောကျတာပဲ ကိုယ့်ရည်းစားကတောင် အဲ့လိုမခေါ်ဘူး"

"ကိုကို့ နာမည်က ချမ်းမြေ့ကိုကိုလေ အဲတာ
ကြောင့် ကျွန်တော်က နောက်ဆုံးနှစ်လုံးကို
အဖျားဆွတ်ခေါ်တာဗျ ကိုယ့် Idol ကို သူများတွေခေါ်သလို လိုက် မခေါ်ချင်ဘူးလေ အဲတာကြောင့် ဘယ်သူမှမခေါ်တဲ့ ကိုကိုလို့ခေါ်တာ"

စိုင်းစင်ခေးဆိုင် ၏ စကားကြောင့် ချမ်းမြေ့က အားပါတရ ရယ်မောလိုက်သည်။ သူ့ ပုခုံးကျော်လောက်သာရှိသော ထို ချစ်စဖွယ်ကောင်လေးသည် ပြုံးလိုက်တိုင်း ပါးချိုင့်ကလေးများပေါ်လာကာ ရှင်းလေး၏ အပြုံးနဲ့ တော်တော်လေး ဆင်နေသည်မို့ သူ ပိုစိတ်ဝင်စားမိခြင်း။

"ဟုတ်ပါပြီ လာ အခု ဒီအဖွဲ့နဲ့ မှီသလောက်လိုက်လုပ် နောက်မှ ကိုယ် နှစ်ယောက်တည်း သီးသန့်သင်ပေးမယ်"

" ဟုတ် ကိုကို "

ချမ်းမြေ့က ခေးဆိုင်ရဲ့အပြောကို သဘောကျပြီးရင်းကျနေကာ ဆံပင်ပျော့ပျော့လေးကိုအူယားလာပြီးဆွဲဖွပစ်လိုက်သည်။

ဆံပင်ပျော့ပျော့လေးအောက်က ထိုကောင်လေး၏ ပါးလေးများသည် နီထွေးနေပြီး ကိုက်စားချင်စရာလေးဖြစ်တာမို့သူပို၍ အသည်းယားလာခြင်းပင် ။

ထို့်နောက် Training ပေးခြင်းကို ဆက်ရန် ပြင်ဆင်ရတော့သည်။ ထူးခြားသည်မှာတော့ ထိုကောင်လေးရောက်လာပြီး နောက်ပိုင်း သူပိုပြီး လန်းဆန်းတတ်ကြွလာကာ ညနေခင်းသည် ခုနကထက် ပို၍
သာသာယာယာ ဖြစ်လာသည် ။

သေချာသည်။ ကိုကို လို့ခေါ်တဲ့ စကားလေး
တစ်ခွန်းအောက်မှာ သူ ရင်ခုန်ယစ်မူးနေပေပြီ.. ။

~~~~~~~~~~

နှစ်သစ်မှာ ပျော်ရွှင်ကျပါစေ
A Seinn Kyaw
11:50 PM,1 Jan 2019


Zawgyi

" ၿပီးၿပီ....."

႐ႊန္း႐ႊန္းသည္ စိုင္းစင္ေခးဆိုင္ဆိုေသာ ခ်စ္စဖြယ္အႏွီေကာင္ေလးနဲ႕အၾကည့္စိုက္ေနရာမွ ႐ုတ္တရက္ေဘးနားလာရပ္ေသာ အရိပ္တစ္ခုေၾကာင့္ ကိုယ္က ဆတ္ခနဲျဖစ္သြားရသည္။

"ဟာ...သူမ်ားေတြသာယာေနတာကို ဒီလူႀကီးက တစ္ေမွာက္ "

စိတ္ထဲက မခ်ိဴမခ်ဥ္ေတြးရင္း အေပၚသို႔ေမာ့အၾကည့္

" ဟယ္... ေခ်ာလိုက္တာ "

ျမန္မာဆန္ဆန္ ဝင္းဝါေသာ အသားအေရေပၚမွာ ထင္းထြက္ေနတဲ့ ရႈတည္တည္ ႏႈတ္ခမ္းေတြေပၚက စိမ္းဖန႔္ဖန႔္ႏႈတ္ခမ္းေမႊးေတြနဲ႕ ေယာက်္ားပီသေသာ မ်က္ႏွာက်၊

မႈန္ကုပ္ေနတဲ့ မ်က္ခုံးေမႊးအစုေအာက္ကအမည္းေရာင္မ်က္မွန္ကိုင္းနဲ႕ေဘာင္ခတ္ထားတဲ့ မိမိကို စူးစိုက္ၾကည့္ေနေသာ မ်က္ဝန္းတစ္စုံ။

အဲဒါေတြထက္ပိုထူးျခားသည္က ခါတိုင္းလို အေနာက္ကိုရွင္းေနေအာင္ အေျပာင္သိမ္းထားတဲ့ ဆံပင္မ်ိဴးမဟုတ္ပဲ မဟာနဖူးေပၚမွာ ေဆြေစာင္းေစာင္းနဲ႕ မ်က္ခုံးစပ္ မထိတထိေလး ဝဲက်ေနတဲ့ ပုံသြင္းၿပီးခါစ ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြ။

အခုလို ၾကည့္လိုက္ေတာ့လည္း ထူးထက္ေခါင္သည္ကိုယ္ႀကိဳက္ေသာ Korea မင္းသား Wonbin နဲ႕ပင္ ခပ္ဆင္ဆင္ တူလာသလို ခံစားမိလာသည္မို႔႐ႊန္း႐ႊန္းကလြစ္ခနဲ ၿပဳံးလိုက္သည္။

"သြားမယ္ေလ ဘာၾကည့္ေနတာလဲ "

"အင္း အင္း သြားမယ္ ေခးဆိုင္ မမသြားေတာ့မယ္ေနာ္ ေခးဆိုင္ စိတ္ပါရင္ မမဆီကို အခ်ိန္မေ႐ြး ဖုန္းဆက္လို႔ရတယ္ "

႐ႊန္း႐ႊန္းက ပိုက္ဆံအိတ္ကို ေကာက္ယူလိုက္ရင္းေဘးနားမွာ ထိုင္ေနတဲ့ စိုင္းစင္ေခးဆိုင္ကို ၾကည့္၍ အၿပဳံးကေလးနဲ႕လွည့္ေျပာလိုက္သည္။

"ဟုတ္မမ တကယ္ေနာ္ ကြၽန္ေတာ္ ဒီေန႕က် မမဆီ ဖုန္းဆက္လိုက္မယ္ "

"အိုေက... ေဘဘီ မမသြားၿပီ "

႐ႊန္း႐ႊန္း က ႏႈတ္ခမ္းကေလးကို တြန႔္ေကြးကာ အလွပဆုံးျဖစ္ေအာင္ၿပဳံးျပလိုက္ၿပီး ထိုေနရာမွထြက္လာခဲ့သည္။

ကိုယ္သိတာေပါ့...ကိုယ့္အၿပဳံးေအာက္မွာ
အႏွီေကာင္ေလး ေႂကြဆင္းသြားေတာ့မယ္ဆိုတာ။

႐ႊန္း႐ႊန္းထင္ေနသလိုပင္ တစၹကၠ က်န္ေနခဲ့
သည့္ စိုင္းစင္ေခးဆိုင္ သည္လည္း သူ႕ကို ေက်ာခိုင္းထြက္သြားေသာ မမ၏ ေက်ာျပင္ကိုတစ္လွည့္ မမေပးထားခဲ့ေသာဖုန္းနံပါတ္နဲ႕ Facebook account ေလးကိုတစ္လွည့္ၾကည့္လ်က္ က်န္ခဲ့ေလသည္။

မမရဲ႕ အျပဳအမူ ၊ လႈပ္ရွားမႈေလးေတြ၊ စကားေျပာဟန္ေလးေတြသည္ သြက္သြက္လက္လက္ပြင့္ပြင့္လင္းလင္း ကေလးျဖစ္ကာ တမင္တကာ ဆြဲေဆာင္မႈရွိေအာင္ ခြၽဲပစ္ပစ္ လုပ္ေျပာေသာ အသံေတြနဲ႕မတူပဲ ခ်စ္စဖြယ္အတိျဖစ္သည္။

ေသခ်ာသည္ ကြၽန္ေတာ္ မမကို ခ်စ္မိေနၿပီ....... ။

~~~~~~~~~~~

" ေဟ့ ေျဖးေျဖးေလွ်ာက္ပါဦး ရွင္ေလွ်ာက္တာျမန္လိုက္တာ "

႐ႊန္း႐ႊန္း က ေခးဆိုင္ကို ႏႈတ္ဆက္အၿပီး ဆံပင္ညွပ္ဆိုင္ထဲက ျပန္ထြက္လာတဲ့အခ်ိန္မွာေတာ့ ေရွ႕ကေနေျခလွမ္းက်ဲႀကီးမ်ားနဲ႕ သြားႏွင့္ေသာထူးထက္ေခါင္က အေတာ္ပင္ ေရာက္ေနၿပီျဖစ္သည္။

" ေဟာဟဲ ေဟာဟဲ ေမာတာ.. ရွင္ကလည္း
နဲနဲေလးမွကို ေစာင့္မယ္မရွိဖူး "

"မင္းကက်ငါရွိေနတာေတာင္ အေရးမစိုက္ပဲ ဟို ကေလးနဲ႕ အၾကည္စိုက္ေနတာကို မင္းၾကာေနလို႔ ငါ ထားခဲ့တာ "

ထူးထက္ေခါင္က အခုမွ ေဟာဟဲေဟာဟဲ
ဆိုက္ကာကိုယ့္ကို အမွီလိုက္လာၿပီးေဘးနား လာရပ္ေသာ ႐ႊန္း႐ႊန္းကို မ်က္ေမွာင္ ၾကဳတ္ၾကည့္လိုက္သည္။

" ရွင္ကလည္း ထစ္ခနဲရွိ စိတ္မရွည္ဖူးဆိုတာခ်ည္းပဲ "

"ဟာ ႐ႊန္းျမတ္နိးပိုင္ ငါအားအားယားယား
လမ္းေဘးက ကေလကေခ်မဟုတ္ဖူးကြ Construction တစ္ခုရဲ႕CEO ဆိုတာလည္း
မင္း နဲနဲပါးပါး သတိရ "

"ဟုတ္ပါၿပီ CEO ႀကီးရယ္ အဲလိုႀကီး ရႈံ႕မဲ့မေနပါနဲ႕ အစကတည္းက မလွတဲ့႐ုပ္က ပိုအိုစာသြားတယ္ "

ထူးထက္ေခါင္သည္ ႐ႊန္းျမတ္နိုးပိုင္ကိုမ်က္ေမွာင္ၾကဳတ္ၿပီးေစြေစာင္းၾကည့္ကာ သက္ျပင္းကိုသာမႈတ္ထုတ္လိုက္သည္။ ဒီမိန္းကေလးနဲ႕စကားမ်ားေနလည္း ၿပီးမွာမဟုတ္ေတာ့။ သူ႕ဆံပင္ကိုေတာင္ျပန္ဆြဲရဲတဲ့ အာဂမိန္းကေလးပဲ။ တစ္ခါတစ္ေလ ကေလးဆန္တာေလာက္ကေတာ့သူ လႊတ္ထားေပးလို႔ရသည္ပဲ။

"ဒါနဲ႕ ခုနက ေကာင္ေလးက ဘယ္သူလဲ မင္း
အသိလား"

႐ုတ္တရက္ႀကီးေမးခ်လိဳက္ေသာ ထူးထက္ေခါင္၏ ေမးခြန္းေၾကာင့္ ႐ႊန္း႐ႊန္းပင္
အံအားသင့္သြားမိသည္။ သူ နဲ႕ဘာဆိုင္တာက်လိဳ႕... ။

" ရွင္က ဘာလို႔သိခ်င္ရတာလဲ "

"အဟမ္း.... မင္း ေကာင္ေလးလားလို႔ပါ "

"ဒီလိုဆိုေတာ့ ရွင္ကဘယ္ဆိုးလို႔လဲ အခုလက္ရွိေတာ့မဟုတ္ေသးဖူး ဒါေပမဲ့ တစ္ခ်ိန္ခ်ိန္ေတာ့ ရွင္ေျပာသလို ျဖစ္လာနိုင္ေခ် ရွိတယ္ "

"အင္း.... "

႐ႊန္း႐ႊန္း၏စကားအဆုံး ထူးထက္ေခါင္က အသိအမွတ္ျပဳသလို ေခါင္းညိမ့္ျပလိုက္သည္။

"ဒါနဲ႕ ေအပးအယူ ကိစၥကေရာ ဘယ္ေတာ့ စီစဥ္ေပးမွာလဲ "

ထူးထက္ေခါင္ သည္ ပါးစပ္ကေနသာ စကားေတြေျပာေနေသာ္လည္း ေလွ်ာက္လက္စေျခလွမ္းေတြကေတာ့ အရွိန္ေလ်ာ့မသြားေပ။

႐ႊန္း႐ႊန္းမွာသာ သူ႕ေျခလွမ္းႀကီးေတြနဲ႕ လွမ္းရင္း မွာၾကားေနတာကို အမွီလိုက္ နားေထာင္ေနကာ သူ႕ရဲ႕ Secretary မေလးလို အူယားဖားလ္ား ျဖစ္ေနေလသည္။

"ကြၽန္မလည္း ေသခ်ာမသိေသးဖူးေလ ကြၽန္မ ေမာင္ အားမအား ေမးရဦးမွာ "

"ေဟ့... မင္း အလွည့္က် မညစ္နဲ႕ေလ ငါတုန္းကက် မင္းစိတ္တိုင္းက် လုပ္ခိုင္းတာေတြ ဘာမွအတြန႔္မတတ္ပဲၿငိမ္ခံလာရတာ "

"အဲတာ ရွင္ႀကီး လွဖို႔ေလ သက္ၾကားအိုပုံစံကေန အခုလို ငယ္႐ြယ္ႏုဖတ္သြားတာ ကြၽန္မကို ေက်းဇူးေတာင္တင္သင့္ေသး "

ထိုစကားကိုေတာ့ ႐ႊန္း႐ႊန္း တစ္ေယာက္စိတ္ထဲက ေျပာလိုက္ခ်င္းရယ္ပါ ။

"ေနပါဦး ရွင္က ကြၽန္မေမာင္ကို ဘာကိစၥေတြ႕ခ်င္ရတာတုန္း ကြၽန္မသိသေလာက္ ရွင္ နဲ႕ ရွင္းေလးၾကားမွာဘာမွ ပတ္သက္စရာမရွိပါဖူး "

"ဟူး...လွ်ာရွည္လိုက္တာကြာ မင္းမသိေသးတာေတြအမ်ားႀကီး ရွိေသးတယ္ မိန္းကေလးရ မင္းေမာင္ အားအား မအားအား ငါမနက္ဖန္ပဲ ေတြ႕ခ်င္တယ္ မရရ ေအာင္ စီစဥ္ေပးပါ "

"ၿပီးေတာ့ မနက္ဖန္ ကြၽန္မ ရွင္းေလးကို မရ
ရတဲ့နည္းနဲ႕ရွင့္ဆီ လႊတ္လိုက္မယ္ ကြၽန္မ ေမာင္ တစ္ခုခုျဖစ္လာလို႔ကေတာ့ ရွင္အေသပဲ "

ခပ္ျပတ္ျပတ္ေျပာလိုက္ရေသာ္လည္း ရွင္းေလးကို စည္း႐ုံးဖို႔ေတာ့ လြယ္မယ္မထင္။ ႐ႊန္း႐ႊန္း သက္ျပင္းရွည္ႀကီးကိုသာ ေလးတြဲစြာခ်လိဳက္သည္။ ရွင္းေလးက သူ႕ကိုဆိုအၿမဲအေလွ်ာ့ေပး သည္းခံတတ္တာကို သိေန၍သာ ထူးထက္ေခါင္ကို အပိုင္ေျပာလိုက္မိျခင္း။ ထူးထက္ေခါင္ကရွင္းေလးကို ဘာအေၾကာင္းနဲ႕ေတြ႕ခ်င္တာဆိုတာ သူ ကိုယ္တိုင္လည္း ေသခ်ာမသိ။

အင္းပါေလ...ေယာက်္ားေလးခ်င္းဆိုေတာ့ ရွင္းေလးအတြက္ ဘာအႏၱာရယ္မွ မရွိနိုင္ပါဖူးေလေ ....။

~~~~~~~~~~~~

" ဟာ မမ ေတာ္ၿပီ ငါမေတြ႕ခ်င္ဖူး "

"ရွင္းေလးရာ ကူညီပါဟာ တစ္ခါတည္းပါ "

ရွင္းေလးက သူဘယ္သြားသြားေနာက္
ကေန ေတာက္တဲ့လို တြယ္ကပ္ေနကာ
ထူးထက္ေခါင္နဲ႕ေတြ႕ဖို႔ လိုက္ပူဆာေနေသာ ႐ႊန္း႐ႊန္း ေၾကာင့္ တေျဖးေျဖးစိတ္ရႈပ္လာသည္။

ဒီအမ ဘာဇယားေတြ ရႈပ္လာျပန္ၿပီလဲမသိ။

"မမရာ နင္ဟာေလ ငါ့ကိုဆို အၿမဲအက်ပ္ရိုက္ေအာင္လုပ္တယ္ ငါ ထူးထက္ေခါင္ နဲ႕တကယ္မေတြ႕ခ်င္ဖူးေတြ႕လို႔လည္း မျဖစ္ဖူ "

"ရွင္းေလးရာ ဘာေတြေၾကာက္ေနတာလဲ ငါဂ်ပန္မွာတုန္းကလည္း နင္သူနဲ႕အၾကာႀကီးေတြ႕လာၿပီးသားပဲကို သူ႕မွာလည္း ကိစၥတစ္ခုခုရွိလို႔ေနမွာေပါ့ "

" နင္မသိဖူး မမ နင္အသာေနစမ္းပါ "

"ဘာလဲဟာ ဒီေလာက္ေလး ေတြ႕ဖို႔ခက္ခဲျပေနတာ နင္နဲ႕သူက ရည္းစားေဟာင္းေတြမို႔လို႔လား "

" မမ.... နင္ေတာ္ေတာ့ "

မထင္မွတ္ပဲ ရွင္းေလးက အသံက်ယ္သြား
သည္မို႔ ႐ႊန္း႐ႊန္း တစ္ေယာက္လန႔္သြားမိသည္။ ရွင္းေလး တစ္ခါမွအခုလို မေအာ္ဖူးတာမို႔ အံ့ၾသသြားတာလည္း ပါသည္။

" ေအးပါ နင္ မေတြ႕ခ်င္လည္း ထားလိုက္ပါ "

႐ႊန္း႐ႊန္း၏ေလသံက ခုနကနဲ႕အတူပဲ တိုးတိုးေလးသာ ။

"ရတယ္ ငါသြားေတြ႕မယ္ ဒါေပမဲ့ ဒါဟာ
ေနာက္ဆုံးအႀကိမ္ ထူးထက္ေခါင္ နဲ႕ပတ္သက္ၿပီး နင့္ကိုငါ ကူညီျခင္းပဲ ေနာက္တစ္ခါမရေတာ့ဖူး ၿပီးေတာ့ ငါ့မွာ ရည္းစားရွိတယ္ ငါ့ရည္းစားကလည္း ဒါကိုသိရင္ ႀကိဳက္မွာ မဟုတ္ဖူး "

"ဘာ... ဘယ္သူလဲ နင့္ရည္းစားက ငါလည္း
မသိရပါလား "

"ေအး အခ်ိန္တန္ရင္ နင္သိလာလိမ့္မယ္ အခုေတာ့ငါ့ကို ဘာမွလာမေမးနဲ႕ ငါမေျဖခ်င္ဖူး "

ရွင္းေလးက ေရခဲေသတၱာထဲက ယူလက္စ
ေရဘူးကိုထုတ္လိုက္လ်က္ ေရခဲေသတၱာတံခါးကို ေဆာင့္ပိတ္လိုက္ကာ အေပၚထပ္က ကိုယ့္အခန္းဆီသို႔ ျပန္တတ္လာခဲ့သည္။ အခန္းထဲေရာက္လွ်င္ေတာ့ မနက္ဖန္ Broနဲ႕ေတြ႕ဖို႔ အားေမြးရဦးမည္ေလ..။

~~~~~~~~~~~~

ကားမွန္တံခါးကို အျပည့္ခ်ထားတာမို႔ ေလာကႀကီးမွာ ႏွစ္ေယာက္တည္း ရွိေနသလို မသက္မသာ ခံစားေနရၿပီး ရွင္းေလး ကိုယ္က ခပ္က်ဴံ႕က်ဴံ႕ေလးျဖစ္ေနသည္။

အဲကြန္း၏အေအးဓာတ္က နဂိုကတည္းက
ေၾကာက္စိတ္ေၾကာင့္ ေအးစက္ေနေသာ
လက်ဖျားတွေကိုပို၍ထုံကျင်လာေ သည္။

စိတ္လႈပ္ရွားမႈကိုလက္သီးကိုခပ္တင္းတင္း
ဆုပ္ထားျခင္း၊ေျခအိတ္နဲ႕ကြယ္ထားတဲ့ ေျခေခ်ာင္းေတြကို လႈပ္ေနေစျခင္းျဖင့္ ဖုံးကြယ္ေနရသည္။ သူ႕မ်က္လုံးေတြ ဂဏွာမၿငိမ္ျဖစ္ေနတာကိုလည္း Bro ျမင္ဟန္မတူ။

အတန္ၾကာသည္အထိ ဘာမွစကားဆိုမလာပဲ တိတ္ဆိတ္ ေနကတည္းက Bro တစ္ခုခု ကိုေျပာဖို႔ အားယူေနမွန္း သူ ခံစားမိလိုက္သည္။ Bro ဆိုတာ စကားကို ေျပာသင့္မေျပာသင့္ေဝဖန္ခ်င့္ခ်ိန္ၿပီးမွ ေသခ်ာစဥ္းစားၿပီး ေျပာတတ္တဲ့ သူမ်ိဴး။

Bro က ကားေမာင္းတဲ့ခုံမွာ ထိုင္ေနတာျဖစ္ၿပီး စတီယာရင္ကို လက္နဲ႕အားယူကိုင္ထားကာ ေရွ႕သို႔တည့္တည့္စိုက္ၾကည့္ေနသည္။

ရွင္းကေတာ့ Bro ၏ ဘယ္ဘက္ Lover Seatမွာ ခပ္ကုပ္ကုပ္ေလးထိုင္ေနတာ ျဖစ္သည္

တကယ္ဆို စိတ္လႈပ္ရွားရမည္ဆိုလည္း လႈပ္ရွားသင့္သည္ေလ။ ရွင္းျမတ္နိုးပိုင္ အျဖစ္ေယာက်္ားေလး ပုံစံနဲ႕ Bro နဲ႕ မ်က္ႏွာခ်င္းဆိုင္ ဆုံရတာ အခုက ပထမဆုံးမဟုတ္လား။

" ညီ....."

Bro ၏ ႏႈတ္ခမ္းဝဆီမွ ထြက္က် လာတဲ့ စကားတစ္ခြန္းေၾကာင့္ ရွင္း တစ္ကိုယ္လုံးေတာင့္တင္းေအးစက္သြားသည္။

"အကို လူမွားေနၿပီ ကြၽန္ေတာ္က ခင္ဗ်ားေျပာတဲ့ ညီ မဟုတ္ဖူး "

သူ႕ကို ေအးစက္စက္နဲ႕ တုံ႕ျပန္လာတဲ့ ညီ့ေၾကာင့္ ထူးထက္ေခါင္ က ရွင္းကို စိုက္ၾကည့္ေနရာမွ တဖက္လွည့္ကာနားထင္ေၾကာမ်ားကို စိတ္ရႈပ္သလို ဖိကိုင္ရင္း မ်က္လုံးမ်ားကို အားယူညွစ္လိုက္သည္။ ေနာက္ေတာ့ ရွင္းေလးဘက္ ျပန္လွည့္ကာ

"ညီ ..မင္းဆိုတာ ေသခ်ာေနရက္နဲ႕ ဘာလို႔
ကိုယ့္ကိုညာခ်င္ေနရတာလဲကြာ...မင္းက
ညီဆိုတာ ဝန္ခံလိုက္စမ္းပါ "

ထူးထက္ေခါင္ရဲ႕ေလသံမ်ားသည္ အားမရျခင္းမ်ားနဲ႕အတူ တေျဖးေျဖး မာလာသည္။

"အကို ကြၽန္ေတာ္က တကယ္ ညီမဟုတ္ပါဖူးဆိုဗ်ာ အကိုလူမွားတာ ေနမွာ ကြၽန္ေတာ္ အကို႔ကို သိေတာင္ မသိပါဖူးဗ်ာ "

" ညီ.... မင္း လိမ္ေနတာ ကိုယ္သိတယ္"

ထူးထက္ေခါင္က ကားစတီယာရင္ကို ထုရိုက္လိုက္သည္။သူ တကယ္ ေဒါသထြက္လာၿပီ ျဖစ္သည္။ညီ့ ဆီကဟုတ္ပါတယ္ ဆိုၿပီး ဝန္ခံတဲ့စကားတစ္ခြန္းကိုပဲ လိုခ်င္ခဲ့တာ။

ညီ့ ႏႈတ္ခမ္းဖ်ားက ထြက္လာမည့္ စကားတစ္ခြန္းကိုပဲ သူထပ္နားေထာင္ခ်င္ခဲ့တာ။

"ဒီေလာကႀကီးမွာ နာမည္တူ မရွား လူတူမရွားပါအကို ကြၽန္ေတာ္လို႔ တပ္အပ္ေျပာေနတာ အကို႔မွာ သက္ေသရွိလို႔လား "

"ရွိတယ္ ညီ ကိုယ့္ရင္ဘတ္ထဲမွအခ်ိန္ျပည့္
ရွိေနခဲ့တဲ့ ညီက ကိုယ့္အတြက္ အေကာင္းဆုံးသက္ေသပဲ ညီကဘယ္ေတာ့မွ လူလုံးထြက္မျပခဲ့ဖူး အဲတာေလးကိုပဲကိုယ္ ရင္ခုန္မိတာ ကိုယ့္အတြက္ ညီက စိတ္လႈပ္ရွားစရာ ေကာင္းတယ္ ညီ့ရယ္လိုက္တိုင္း ထင္းထြက္လာတဲ့ ပါးခ်ိဴင့္ကေလးကေတာင္ ကိုယ့္ကို ႐ူးသြပ္ေစတယ္ ညီက ပန္းေရာင္ႀကိဳက္တယ္ သိပ္ေတာ္တဲ့ ဒီဇိုင္းေတြကိုဖန္တီးတတ္တဲ့ ပါရမီေလးလည္းရွိတယ္ သူ႕ရင္ထဲက ခံစားခ်က္ေတြကို ပြင့္ပြင့္
လင္းလင္း ဝန္ခံတတ္တဲ့ ညီက ကိုယ္ျပနိုင္တဲ့ တစ္ခုတည္းေသာ သက္ေသပဲ "

ရွင္းေလးသည္ သူ႕မ်က္လုံးေတြကို ခံစားခ်က္အျပည့္နဲ႕တည့္တည့္စိုက္ၾကည့္ၿပီးေျပာလာတဲ့ ထူးထက္ေခါင္ကို ၾကည့္ၿပီး ရင္ထဲမွာ စို႔နင့္လာသည္။

မၾကာခင္ အၿပီးတိုင္ စြန႔္လႊတ္ရေတာ့မယ့္
ကိုယ္မပိုင္ဆိုင္နိုင္တဲ့ တစ္ခုတည္းေသာ အရာဆိုတာကို ေတြးမိတိုင္း တင္းက်ပ္လာတဲ့ ရင္အစုံက ေပါက္ကြဲထြက္လာေတာ့မယ္
မ်က္ရည္ေတြကို ပါးျပင္ေပၚလွ်ံထြက္က်
မလာေအာင္ ခ်ဴပ္တီးေနရေပသည္။

အခ်ိန္ေတြ အရမ္းေနာက္က်သြားၿပီ Bro။
Bro သာ ေစာေစာစီးစီး သတၱိရွိခဲ့ရင္ ကြၽန္ေတာ္တို႔အခုလို နီးရက္နဲ႕ ေဝးေနရမွာ
မဟုတ္ဖူး ။

"ညီ... ကိုယ့္ကို တည့္တည့္စိုက္ၾကည့္စမ္းပါကြာ ကိုယ္သတၱိေတြ ရွိလာဖို႔ ညီ ကူညီမွရမွာ "

ထူးထက္ေခါင္သည္ ရွင္းေလးစိတ္ကို ထြင္း
ေဖာက္ ျမင္ေနသည္အလား ရွင္းေလး ပုခုံးကို ဆုပ္ကိုင္လိုက္ကာ အရည္ၾကည္ေတြနဲ႕ ေတာက္ပေနေသာ မ်က္လုံးေတြကလြတ္ထြက္သြားေတာ့မယ့္ အရာတစ္ခုကို တေမ့တေမာ ဖမ္းဆုပ္ထားေနရသလို ရွင္းေလးကို ေငးစိုက္ၾကည့္ေနသည္။

"ညီ... အခု ဝန္ခံရင္ ကိုယ္တို႔္ ေရွ႕ဆက္ဖို႔ ျပန္ေဆြးႏြေးလို႔ရတယ္ ညီဆီက အတည္ျပဳခ်က္တစ္ခုကိုပဲ ကိုယ္လိုခ်င္တာ "

ထူးထက္ေခါင္က ရွင္းေလး၏ မ်က္လုံးေတြကို စူးစိုက္ၾကည့္ေနရင္းမွ တေျဖးေျဖးနဲ႕ ႏႈတ္ခမ္းဖ်ားနားဆီသို႔ တိုးကပ္လာသည္။

ကြၽန္ေတာ္က ညီဆိုတာ အခု Bro ရွင္းရွင္း
လင္းလင္းသိခဲ့မယ္ဆိုရင္ေတာင္ Bro က ျပတ္သားဦးမွာမွ မဟုတ္တာ။

Bro အနားမွာ အခိုက္အတန႔္ေလး တစ္ခုအျဖစ္ ရွင္သန္ေနခဲ့ရတာပဲ ကြၽန္ေတာ့္ အတြက္ လုံေလာက္ပါၿပီ။ကိုယ့္ဘဝနဲ႕ကိုယ္ပဲ ရွင္သန္ပါ Bro ။

ဝႏၼခံရဲတဲ့ ကြၽန္ေတာ့္ကို ခြင့္လႊတ္ပါ။
ၿပီးေတာ့ လြတ္ေျမာက္ခြင့္ေပးပါေတာ့ဗ်ာ။

Bro ၏ ႏႈတ္ခမ္းဖ်ား အရသာသည္ ႏူးညံ့ၿပီး ႏြေးေထြးမယ္မွန္း သူသိသည္။ လြန္ခဲ့တဲ့ ငါးႏွစ္ကတည္းက ပိုင္ဆိုင္ခ်င္ခဲ့ေသာ ထိုႏႈတ္ခမ္းမ်ား၏ အရသာကို တစ္ခါေလာက္ေတာ့ ခံစားဖူးခ်င္မိသည္။ သို႔ေသာ္ ဒီႏႈတ္ခမ္းေတြက သူ႕အတြက္မွ မဟုတ္ခဲ့တာ။

ရွင္းေလးက အသက္မဲ့သလို ေအးစက္ေနရာမွ ထူးထက္ေခါင္ကို ေဆာင့္တြန္းပစ္လိုက္သည္။

"ကြၽန္ေတာ္က ခင္ဗ်ား ရွာေနတဲ့ ညီမဟုတ္ပါဖူးဆိုဗ်ာ ကြၽန္ေတာ့္ကို ထပ္မႏွောက္ယွက္ပါနဲ႕ေတာ့ "

ရွင္းေလးသည္ ကားတံခါးကို ဆြဲဖြင့္ကာ
ကားထဲက ခပ္ျမန္ျမန္ထြက္ခဲ့လိုက္သည္။

Bro အနားမွာ ဒီထက္ပိုၾကာၾကာေနရင္ သူ
မ်က္ရည္က်လာေတာ့မွာ။ ထိုမ်က္ရည္ေတြကို Bro အားဘယ္လိုနည္းနဲ႕မွမျမင္ေစခ်င္ပါ။

ထူးထက္ေခါင္ကလည္း ယုန္ျဖဴေလးတစ္ေကာင္မုဆိုးလက္ထဲက ေျပးထြက္သြားသလို သူ႕ကိုေဆာင့္တြန္းၿပီးထြက္သြားတဲ့ ရွင္းေလး၏ေက်ာျပင္ကိုၾကည့္ၿပီးရင္ဘတ္က တေျဖးေျဖးနဲ႕ နာက်င္ေအာင့္သက္လာသည္။

ထိုေကာင္ေလးက တကယ္ပဲ သူ႕ရဲညီ မဟုတ္ဖူးလား။ညီ နဲ႕ပတ္သက္ၿပီး ဤမ္ြ နာက်င္လိမ့္မည္ဟု လြန္ခဲ့တဲ့ငါးႏွစ္က သူ စိုးစဥ္းမွ်မေတြးမိခဲ့။

ညီဟာ သူ႕ ရင္ဘတ္ထဲမွာ ထိုးစိုက္ေနတဲ့
စူးေသးေသးေလးလို အစပိုင္းမွာ မသိသာေပမဲ့ အခ်ိန္ၾကာေလေလ ပိုနစ္ဝင္ လာေလေလျဖစ္ကာ ႏႈတ္လိုက္လွ်င္ေတာ့ သူ႕ ရင္
ဘတ္ႀကီးတစ္ခုလုံး ေဟာင္းေလာင္းေပါက္
က်န္ေနခဲ့မည့္ ဆူးမ်ိဴးသာ ျဖစ္ေလသည္။

~~~~~~~~~~~~

"ဘယ္ေျခေထာက္နဲ႕ ညာလက္က တစ္ၿပိဳင္
တည္းေ႐ႊ႕ရမွာ မွားေနတယ္ ျပန္စ "

ခ်မ္းေျမ့သည္ အကလာသင္သည့္သင္တန္းသား အားလုံးကို မေမာမပန္း Training ေတြေပးရင္း အလုပ္ရႈပ္ေနေလသည္။ အခုမွ Basic သင္တဲ့ သင္တန္းသားေတြမို႔ တစ္ေယာက္ခ်င္းစီ အနီးကပ္ ထိေတြ႕ၿပီး သင္ေပးရတာ ျဖစ္သည္။

အခုလည္း အေျခခံကကြက္ေလးကိုေတာင္
အလြဲလြဲအမွားမွား ျဖစ္ေနသည့္မိန္းကေလး
၏လက္ကိုကိုင္လ်က္ ဘယ္ညာ ေ႐ႊ႕ေပးေနတာမို႔ ထိုမိန္းကေလးက သူ႕ေဘးမွာရွိတဲ့ ေကာင္မေလးကို အဓိပၸာယ္ပါပါ ၾကည့္လ်က္ ၿပဳံးစိစိ လုပ္ေနေလသည္။

"ဆရာ သမီးလည္းမလုပ္တတ္ဖူး ဆရာျပေပးဦး "

"အိုေက အိုေက ဆရာလာၿပီ "

ခ်မ္းေျမ့က ပထမတစ္ေယာက္ဆီမွ ေနာက္
တစ္ေယာက္ဆီသို႔ေျပာင္းကာ အစအဆုံး
ကကြက္ေတြကို ျပန္ျပရျပန္သည္။

ဒီဆယ္ေက်ာ္သက္အ႐ြယ္ ကေလးမေလးေတြဟာ တကယ္ကိုမလြယ္။

တစ္ခ်ိန္လုံး သူနားမွာရစ္သီရစ္သီနဲ႕လက္ေဆာင္ပစၥည္းေတြတစ္မ်ိဴး မုန႔္ေတြတစ္ဖုံ လာလာေပးက်နဲ႕ပိုးပန္းေနၾကတာပင္။ ေယာက်္ားေလး ပီပီ ရိပ္မိေသာ္လည္းကိုယ့္ဘက္ကေတာ့ ဘာမွအလြန္အကြၽံျပလို႔မရ။မိန္းကေလးလွလွေလးေတြမို႔ ရင္ခုန္ခ်င္စရာေကာင္းေသာ္လည္း ကိုယ့္ရင္ထဲမွာက ရွင္းတစ္ေယာက္သာ ေနရာေပးနိုင္
သည္မို႔ ကိုယ့္ကို ႀကိတ္ပိုးေနေသာ ထို
မိန္းကေလးေတြအတြက္ေတာ့ စိတ္မေကာင္းမိ ။

တစ္ခါတစ္ေလ ဆရာေခ်ာလို႔ သင္တန္းလာတတ္တာဆိုတဲ့ အီစီကလီ ေလးေတြကလည္း ရွိေသးတာမို႔ ကိုယ့္သင္တန္း နာမည္ပ်က္မွာစိုး၍သာ ေရလိုက္ငါးလိုက္ေနရတာပင္။

တကယ္ေတာ့ ကိုယ္က မိန္းကေလးေတြဆို
အရိပ္မေျပာနဲ႕ လူ တစ္ေကာင္လုံး ကိုယ့္အိပ္ရာေဘး လာအိပ္ျပေနရင္ေတာင္ စိတ္ဝင္စားသူ မဟုတ္။

သူတို႔ဆရာ ခ်မ္းေျမ့ကိုကိုဟာ ေယာက်္ားေလး ရည္းစားရွိေနတယ္ဆိုတာ သိရက္နဲ႕ေတာင္ လာတိုးေနက်ေသာ ပုလင္းကြဲရွခံခ်င္ေနက်တဲ့ ကေလးမေလးေတြကို သနားစိတ္ျဖင့္သာ ဂ႐ုဏာ သက္ရေပသည္။

" ခ်မ္းေျမ့..."

ေကလးေမလးကို အနီးကပ္ျပေပးေနရာမွ
ကိုစိုင္း၏ေခၚလိုက္သံေၾကာင့္ ခ်မ္းေျမ့
လွည့္ၾကည့္လာသည္။

" ဟာ ကိုစိုင္း...လာေလ "

ခ်မ္းေျမ့ကေကာင္မေလးကိုမွာထားခဲ့ကာ
လည္ပင္းေပၚတင္ထားေသာ တဘက္အျဖဴနဲ႕ နဖူးေပၚကေခြၽးစတစ္ခ်ိဴ႕ကို သုတ္လိုက္ရင္း ကိုစိုင္း ရွိရာသို႔ေလွ်ာက္လာသည္။

"ခ်မ္းေျမ့ ဟိုေန႕က ေျပာထားတဲ့ ငါ့ညီကို႔ လာပို႔တာ သင္တန္းကို မသြားရဲဖူး လုပ္ေနလို႔ "

ကိုစိုင္း၏ စကားအဆုံး ဟိုေန႕က သူနဲ႕ဆုံခဲ့တဲ့ အႏွီေကာင္ေလးက ဟီးခနဲရယ္ကာ ကိုစိုင္းေနာက္က လွစ္ခနဲထြက္လာသည္။

"အာ ကြၽန္ေတာ္က သင္တန္းလာရဲပါတယ္
ကိုစိုင္းရ ကိုကို႔ နားသာမလာရဲတာ ကိုကိုက
Cele ဆိုေတာ့ ရွိန္လို႔ "

"ဟား.... မင္း စကားေျပာတာ တကယ္ခ်စ္ဖို႔ေကာင္းတာပဲ "

ခ်မ္းေျမ့က စိုင္းစင္ေခးဆိုင္ရဲ႕အဆီအေလ်ာ္မတည့္ေသာ စကားကိုပင္ သေဘာတက် ရယ္လိုက္သည္။

တကယ္ခ်စ္ဖို႔ေကာင္းတဲ့ေကာင္ေလးဗ်ာ ။

"ခ်မ္းေျမ့ အဲဒါဆို မင္းဆီမွာ ဒီေကာင့္ကို အပ္ခဲ့မယ္ကြာ သူ႕ကို ေသခ်ာတတ္ေအာင္ သင္ေပးလိုက္ဦးေခးဆိုင္မင္းလည္းေသခ်ာသင္ အခုမင္းေတြခ်င္တဲ့ ခ်မ္းေျမ့ နဲ႕လည္း သင္ရၿပီ ေသခ်ာႀကိဳးစား ၾကားလား"

"ဟဲ ကြၽန္ေတာ္ ႀကိဳးစားမွာပါ ကိုစိုင္းကလည္း တစ္ေန႕က် Dance ေလာကမွာ ကိုကို႔လို နာမည္ႀကီးလာေစရမယ္ "

"အေျပာကေတာ့ ေ႐ႊထီးပဲ ေစာင့္ၾကည့္မယ္ ကဲ ဒါဆိုခ်မ္းေျမ့ ငါအလုပ္ေတြ ရွိေသးလို႔ သြားၿပီ "

"ဟုတ္ကဲ့ ကိုစိုင္း "

ကိုစိုင္းထြက္သြားေတာ့ ခ်မ္းေျမ့က ထိုေကာင္ေလးကို စူးစိုက္ၾကည့္ကာ

"ေကလး မင္းက အသက္ဘယ္ေလာက္လဲ "

" 20 ....ဟီး "

အႏွီေကာင္ေလးက အသက္ေမးတာကိုပင္
ရိုးရိုးမေျဖပဲ လက္ေလးႏွစ္ေခ်ာင္းေထာင္ကာ သြားကေလးစိျပတာမို႔ ခ်မ္းေျမ့က ရယ္လိုက္ျပန္သည္။ ထို႔ေနာက္ သူကိုယ္
တိုင္ ႏွစ္လိုဖြယ္ေကာင္းစြာပင္ ၿပဳံးျပလိုက္ကာ

"ေၾသာ္ ..ကိုယ့္နဲ႕သိပ္မကြာဖူးပဲ ကိုယ္ကမင္းကို 16 ႏွစ္သားေလး မွတ္ေနတာ ဘာပဲ ျဖစ္ျဖစ္ မင္းကိုယ့္ကို ကိုကိုလို႔ ေခၚတာ အရမ္းသေဘာက်တာပဲ ကိုယ့္ရည္းစားကေတာင္ အဲ့လိုမေခၚဖူး "

"ကိုကို႔ နာမည္က ခ်မ္းေျမ့ကိုကိုေလ အဲတာ
ေၾကာင့္ ကြၽန္ေတာ္က ေနာက္ဆုံးႏွစ္လုံးကို
အဖ်ားဆြတ္ေခၚတာဗ် ကိုယ့္ Idol ကို သူမ်ားေတြေခၚသလို လိုက္ မေခၚခ်င္ဖူးေလ အဲတာေၾကာင့္ ဘယ္သူမွမေခၚတဲ့ ကိုကိုလို႔ေခၚတာ"

စိုင္းစင္ေခးဆိုင္ ၏ စကားေၾကာင့္ ခ်မ္းေျမ့က အားပါတရ ရယ္ေမာလိုက္သည္။ သူ႕ ပုခုံးေက်ာ္ေလာက္သာရွိေသာ ထို ခ်စ္စဖြယ္ေကာင္ေလးသည္ ၿပဳံးလိုက္တိုင္း ပါးခ်ိဳင့္ကေလးမ်ားေပၚလာကာ ရွင္းေလး၏ အၿပဳံးနဲ႕ ေတာ္ေတာ္ေလး ဆင္ေနသည္မို႔ သူ ပိုစိတ္ဝင္စားမိျခင္း။

"ဟုတ္ပါၿပီ လာ အခု ဒီအဖြဲ႕နဲ႕ မွီသေလာက္လိုက္လုပ္ ေနာက္မွ ကိုယ္ ႏွစ္ေယာက္တည္း သီးသန႔္သင္ေပးမယ္"

" ဟုတ္ ကိုကို "

ခ်မ္းေျမ့က ေခးဆိုင္ရဲ႕အေျပာကို သေဘာ
က်ၿပီးရင္းက်ေနကာ ဆံပင္ေပ်ာ့ေပ်ာ့ေလးကိုအူယားလာၿပီးဆြဲဖြပစ္လိုက္သည္။

ဆံပင္ေပ်ာ့ေပ်ာ့ေလးေအာက္က ထိုေကာင္ေလး၏ ပါးေလးမ်ားသည္ နီေထြးေနၿပီး ကိုက္စားခ်င္စရာေလးျဖစ္တာမို႔သူပို၍ အသည္းယားလာျခင္းပင္ ....။

ထို႔္ေနာက္ Training ေပးျခင္းကို ဆက္ရန္ ျပင္ဆင္ရေတာ့သည္။ ထူးျခားသည္မွာေတာ့ ထိုေကာင္ေလးေရာက္လာၿပီး ေနာက္ပိုင္း သူပိုၿပီး လန္းဆန္းတတ္ႂကြလာကာ ညေနခင္းသည္ ခုနကထက္ ပို၍
သာသာယာယာ ျဖစ္လာသည္ ။

ေသခ်ာသည္ ကိုကို လို႔ေခၚတဲ့ စကားေလး
တစ္ခြန္းေအာက္မွာ သူ ရင္ခုန္ယစ္မူးေနေပၿပီ.. ။

~~~~~~~~~~

ႏွစ္သစ္မွာ ေပ်ာ္႐ႊင္က်ပါေစ
A Seinn Kyaw
11:50 PM,1 Jan 2019

Continue Reading

You'll Also Like

312K 13.6K 42
This is not about male pregnant!!! ရတု ဥာဏ် သွယ်
2.5K 394 69
وتەی دڵتەزین هیوادارم بەدڵتان بێت تکایە ڤۆت کۆمێنت بکەن
2.1K 349 32
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio
468 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️