အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...

By Arr_Sheng

1.7M 185K 35.4K

This story book presented by Zawgyi & UNICODE. #Zawgyi ေသမိန္႔က်ၿပီး လူတစ္ေယာက္၏ ေနာက္ဆုံးဆႏၵ #UNICODE သေမိန့... More

Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng

EP-43

26.9K 3.2K 469
By Arr_Sheng

"ကၽြန္ေတာ္က မိုးဥာဏ္ပါ၊ ဒါ ကၽြန္ေတာ့္သား ဖိုး၀လုံး"

တိမ္ေတြၾကား ေလဟာနယ္ထဲ တစ္ကုိယ္လုံး ေမ်ာလြင့္ေနေသာ ပိုင္စီးမွာ အသံေၾကာင့္ Moodပ်က္သြားသည္။

ဧည့္ခန္း ဆက္တီထိုင္ခုံေအာက္ ၀င္လွဲေလ်ာင္း၍ ရာမစညး္စိမ္ယစ္မူးေနတာကို အသံက အေႏွာက္အယွက္ျပဳသည္။ မ်က္လုံးမပြင့္တပြင့္နဲ႔ ခုံေအာက္ကေန အသံၾကားရာ အျပင္ကို ၾကည့္သည္။

ဆက္တီထုိင္ခုံေအာက္ ပုိင္စီး၀င္ေခြလွဲေနသည္။ ထိုထိုင္ခုံေပၚတြင္ ထုိင္ေနေသာ ေမေမေျခေထာက္က ပုိင္စီးမ်က္ႏွာ အနား ၾကမ္းခင္းေပၚခ်ထားသည္။ ေမေမက ခုံေအာက္တြင္ ပုိင္စီး႐ွိေနသည္ကုိ မသိပါ။

သူ စည္းစိမ္ မိန္းေမာေနခ်ိန္အတြင္း ဧည့္ခန္းထဲကို ဘယ္အခ်ိန္ကတည္းက ေမေမနဲ႔အတူ ဒီသားအဖႏွစ္ေယာက္ ေရာက္လာပါလိမ့္။

အိမ္ႀကီးက အႀကီးႀကီး။ ၿခံႀကီးက အက်ယ္ႀကီး။

လြတ္လြတ္လပ္လပ္ ေက်ာတခင္းစာ လွဲအိပ္စရာ ေနရာမ်ား ေပါမ်ားေသာ္လည္း ပုိင္စီးအႀကဳိက္ဆုံး ေနရာက ဒီဧည့္ခန္းအတြင္းက ဆက္တီထိုင္ခုံႀကီးေတြေအာက္ ေမွာင္ေမွာင္မဲမဲ က်ဥ္းၾကပ္ေသာ ေနရာျဖစ္သည္။ မည္သူမွမသိ၊ မည္သူမွ မေတြ႔ေသာ ဒီလိုခိုေအာင္းစရာ ေနရာေပါ့။

အယ္ ... အခုေတာ့ မဟုတ္ေတာ့ဘူး။ အခု ဒီေနရာကို သိတဲ့သူ ႐ွိလာၿပီ။

အဲ့ဒါက ... ၾကမ္းခင္းမွာ ပလႅင္ေခြထိုင္ ေခါင္းငု႔ံထားေသာ ေကာင္ငယ္ေလး၏ မ်က္လုံးမွာ ေမေမထုိင္ေနေသာ ဆက္တီထုိင္ခုံေအာက္ လဲွအိပ္ေနသည့္ သူ႔ကုိ စူးစုိက္ဦးတည္လ်က္ ၾကည့္ေနသည္။

"မင္း,သားက ၀၀တုတ္တုတ္ေလးပဲ၊ ဘယ္နႏွစ္ေရာက္ၿပီလဲ"

"ဗ်ာ! ... အင္း ဆယ္ႏွစ္ေလာက္ ႐ွိၿပီထင္တယ္"

ေတြးေတြးဆဆ ေျပာေနသည့္ ထုိလူႀကီး၏ အသံေလးေလးက ဒီကေလးအသက္ အတိအက်ကို မသိတာ ေဖာ္ျပေနသည္။

"မင္း ကုိယ့္သားအသက္ကို ကုိယ္ မသိဘူးလား"

"အဟဲ ... စား၀တ္ေနေရး လုံးပန္းေနတာနဲ႔ အသက္အ႐ြယ္ေတြကို ဂ႐ုမစိုက္မိပါဘူးဗ်ာ၊ ဒီေကာင္က လူကသာ ထြားတာ၊ အသက္က ဆယ္ႏွစ္ အရမ္း မေက်ာ္ေလာက္ေသးပါဘူး၊ ဖင္ေပါ့တယ္၊ ခုိငး္စရာ႐ွိရင္ သူ႔ကုိပါ ခိုငး္လို႔ရပါတယ္၊ ကၽြန္ေတာ္တို႔ကို လက္ခံေပးပါေနာ္"

တစ္က်စ္က်စ္ႏွင့္ ေမေမက စုတ္သပ္ေနသည္။

လူႀကီးေတြ သူ႔အေၾကာငး္ေျပာေနတာကို စိတ္မ၀င္စား။ သြားၿဖဲကာ လွမ္းရယ္ျပေနသည့္ ေကာင္ေလးကို ပုိင္စီး မ်က္ေမွာင္ၾကဳတ္ ျပန္ၾကည့္ေပးလိုက္သည္။

ဘယ္လိုေကာင္ေလးလဲ၊ က်ပ္မျပည့္ဘူးလား၊ လူပုံစံကိုက အူတူတူ အတတ၊ ေၾကာင္ေတာင္ေတာင္ ေဂါက္ေတာက္ေတာက္။

နဖူးတ၀က္ ဆံရစ္အ၀ိုင္း ဆံပင္ေက၊ ဂ်ီးအေၾကာငး္လိုက္ တင္ေနေသာ ပါးေဖာင္းေဖာင္း၊ မုိ႔အစ္ေနသည့္ မ်က္ခြံ၊ စုတ္ျပတ္ေပေရေနသည့္ အက်ႌႏွင့္ ေဘာငး္ဘီ၊ မန္က်ည္းခြံေရာင္ အသားညိဳညဳိမွာ သန္႔႐ွင္းသပ္ရပ္မႈ ႔မ႐ွိ ဂ်ီးထူေသး၊ မည္းမည္းသဲသဲလို႔ပဲ ပုိင္စီးျမင္သည္။

ဒီၾကားထဲ လက္ေမာင္းသားႀကီး ႏွစ္ဖက္က တုတ္ခဲၿပီး ကုိယ္ျပားျပားခႏၶာကုိယ္ႀကီးက အ၀လြန္ေသာေၾကာင့္ ေယာက္်ားျဖစ္ေသာ္ျငား ႏို႔ဆူေနသေယာင္ေယာင္။

ထုိင္ခုံေအာက္ ပက္လက္ ဦးေခါင္းေအာက္ လက္ႏွစ္ဖက္ထိုးယွက္ၿပီး ဇာက္ေစာင္း လွဲအိပ္ေနေသာ သူ႔ကုိ သေဘာက်ေနသည့္ထင္။

စေတြ႔တည္းက အသံတိတ္ သြားႀကီးၿဖဲ ရယ္ကာျပေနေသာေၾကာင့္ ပုိင္စီးေနေတာင္ မေနတတ္ေတာ့။ မေညာငး္မညာ ရယ္ျပေနေသာ သူ႔ကို အားနာပါးနာ ျပန္ရယ္ျပသင့္သလား။

အေဖမေန႔ညက ေျပာေသာ ဒီေန႔ေရာက္လာမည့္ မႏၲေလးက ၿခံေစာင့္အလုပ္သမား သားအဖႏွစ္ေယာက္ဆိုတာ ဒါေတြပဲျဖစ္ရမည္။

"ကဲပါေလ .. ကၽြန္မ ေယာက္်ားက မႏၱေလးကေန သားအဖႏွစ္ေယာက္လုံး ေခၚလာမွေတာ့ အဓိကက ၿခံေစာင့္ေပးဖို႔ပါပဲ၊ ကၽြန္မနဲ႔ကၽြန္မေယာက္်ားက အျပင္စီးပြားေရးေတြ႐ွိလို႔ အိမ္မွာသိပ္မကပ္ဘူး၊ သားငယ္တစ္ေယာက္ပဲ အိမ္မွာ ၿမဲတယ္၊ သားႀကီးက ရန္ကုန္မွာ ေက်ာင္းတက္တယ္၊ ေက်ာင္းပိတ္မွ ျပန္လာေလ့႐ွိတယ္၊ ၿခံထဲက ပန္းပင္ေတြကို ဂ႐ုစိုက္ ေပါင္းတင္ဖို႔နဲ႔ လုံၿခံဳေရးအတြက္ပါပဲ၊ ဒီၾကားထဲ မိုးဥာဏ္က ကားေမာင္းတတ္တယ္ဆိုေတာ့ ႀကဳံရင္ႀကဳံသလို ကားဒ႐ိုင္ဘာလည္း လုပ္ေပးေပါ့၊ စည္းကမ္းပုိင္းအရေတာ့ အေရးအေၾကာင္းမ႐ွိဘဲ ဒီအိမ္မႀကီးကုိ မလာပါနဲ႔၊ အလုပ္သမား တန္းလ်ားမွာ ေဒၚသိမ့္ ေနရာခ်ေပးလိမ့္မယ္"

"ဟုတ္ကဲ့ပါ သူေဌးကေတာ္ စိတ္ခ်ပါ"

အိမ္မွာ ထမင္းခ်က္ဟင္းခ်က္ အိမ္အလုပ္လုပ္ေသာ ေဒၚသိမ့္ႏွင့္ ကူေဖာ္ကူဖက္ ေကာင္မေလးႏွစ္ေယာက္ကလြဲ အိမ္မွာ အၿမဲေနေသာ အျခားအားကိုးစရာ ေယာက္်ားသားမ႐ွိ။

ၿခံေစာင့္အလုပ္သမားတစ္ေယာက္ကို လိုေနတာနဲ႔ အေတာ္ပဲျဖစ္လို႔ အျခားအေထြအထူးေတြ မေမးျမန္းျဖစ္ေတာ့။

႐ုတ္တရက္ ေျခသလုံးကို လာကုိင္ေသာ ခုံေအာက္က လက္ေအးေအးႀကီးၾကာင့္ ေဒၚေကသရီလႈိင္ လန္႔သြားသည္။

တဟဲ့ဟဲ့ႏွင့္ ေအာ္၍ ခုံေအာက္ကုိ ငု႔ံၾကည့္သည္။ ခုံေအာက္က ကုိုယ္တစ္ပုိင္း ေလွ်ာ ထြက္လာၿပီး ၾကမ္းခင္းထက္ မ်က္ႏွာေမွးတင္လာေသာ ...

"သားငယ္! ခုံေအာက္မွာ ဘာ၀င္လုပ္ေနတာလဲ၊ ဘုန္းကံေတြ နိမ့္ကုန္ပါၿပီကြယ္၊ ဘယ့္ႏွယ့္ေၾကာင့္ ခုံေအာက္ ၀င္အိပ္ေနတာတုန္း၊ ေကာင္စုတ္ေလးရဲ ႔"

ေျပာေျပာဆိုဆိုနဲ႔ ေမေမက ပုိင္စီးလက္ေမာင္းကို အတင္းဆြဲထူသည္။ ေပကပ္ကပ္နဲ႔ တမင္ေပၿပီး ၾကမ္းခင္းေပၚက မၾကြေပးေတာ့ အေမ့ခဗ် မႏိုင္မနင္း ဗ႐ုတ္သုတ္ခေတြ ျဖစ္ေနသည္။ အေမပ်ာယာခတ္ေနတာကို သေဘာက်စြာ တမင္ ေပ ကပ္ ေနပစ္လိုက္သည္။

ပုိင္စီးမ်က္ႏွာအပ္ထားေသာ ၾကမ္းခင္းအနား ညစ္ေပေပေျခေထာက္မဲမဲေလး တစ္စုံေရာက္လာသည္။ မဲ ညစ္ေနေသာ ေျခဖမိုးမွ အစျပဳ၍ ေျခစုံပုိင္႐ွင္ကို မ်က္လုံး၀င့္ ေမာ့ၾကည့္လိုက္သည္။ ရင္းမွည့္ေနေသာ ျပည္တည္ အနာစိမ္းေတြႏွင့္ ေျခသလုံးေၾကာင့္ ပုိင္စီးမ်က္ႏွာ ေအာ္တိုမဲ့သြားသည္။

ထိုေကာင္ေလးက ေမေမႏွင့္အတူ ပုိင္စီးလက္ေမာင္းကို ကူမ၍ ဆြဲထူသည္။

ေမေမလက္ႏွင့္သူ႔လက္ကို ႐ုန္းဖယ္ကာ ကုိယ့္ဘာသာ ၾကမ္းခင္းေပၚ ငုတ္တုတ္ထထိုင္သည္။ ထို႔ေနာက္ ထုိေကာင္ေလးကုိ မေက်မနပ္ ေမာ့ၾကည့္လိုက္သည္။

ရယ္ျပသည္။ ႐ွိသမွ် သြားအကုန္ ေပၚေအာင္ ရယ္ျပေနတာ။

ဟာ! ေဂါက္ပဲ။ 

ပိုင္စီးေက်ာေပၚ အေမ့ရဲ ႔လက္၀ါးက ျဗန္းခနဲ က်လာသည္။

"အား ေမေမ့ နာတယ္"

"နာမွ ဒီ့ထက္နာမွ၊ အေကာင္ .. နင္အဲ့ဒီ့ေအာက္ထဲ ဘာ၀င္လုပ္ေနတာလဲ"

"အေမ့"

နာသြားေသာ ေက်ာကို လက္ျပန္ပြတ္သပ္လ်က္ အေမ့လို႔သာ ကုန္းေအာ္ၿပီး သူ႔ကုိ တဟီးဟီးနဲ႔ သေဘာတက် ရယ္ေနသည့္ အႏွီေကာင္ေလးဆီ အၾကည့္ေရာက္သြားသည္။ ပုိင္စီး၏ အံႀကိတ္ကာ အၾကည့္စူးစူးနဲ႔ မာန္ျပလိုက္ေတာ့ ေကာင္ေလး တိခနဲ တိတ္သြားသည္။

အၾကည့္နဲ႔ အံႀကိတ္ မာန္ျပတာကို ခ်က္ခ်င္း ၿငိမ္သြားပံုေထာက္ေတာ့ ေကာင္ေလးက မ်က္ႏွာေျပာင္တတ္လင့္ကစား အေၾကာက္အလန္႔ ႐ွိသည့္ပုံ။

"ဒါ ၿခံေစာင့္ ဦးမိုးဥာဏ္နဲ႔သူ႔သား ဖိုး၀လုံးတဲ့၊ ၀လုံးရဲ ႔ အသက္အတိအက်ကို ေမြးသဖခင္ကုိယ္တုိင္က မသိေလဘူး၊ မင္းထက္ေတာ့ ငယ္မယ္၊ မင္းခုိင္းစရာ႐ွိရင္ ေခၚခိုင္းေပ့ါ"

ေမေမ့ကို ေခါင္းညိမ့္ျပမိလား မျပမိလား ပုိင္စီးမသိ။

ပုိင္စီးၾကည့္ေနသည္က မတ္တပ္ရပ္ထားေသာ ေကာင္ေလး၏ ေျခသလုံးေတြကို ျဖစ္သည္။ ပြစာႀကဲေနေသာ အမာ႐ြတ္ေဟာင္းေတြ အျပင္ အနာလတ္လတ္ဆက္ဆက္က ျပည္တည္ေသြးစို႔လ်က္ အရည္ၾကည္ေတြက မ်က္ေမွာက္ စီးမက်ေသးေသာ္လည္း စီးက်ခဲ့ဟန္ စီးေၾကာင္းအရာက ထင္းေနသည္။

ပုိင္စီးႏွာေခါင္း႐ႈတ္မဲ့ၿပီး

"ဦးမိုးဥာဏ္ .. အျခား ဘာအလုပ္မွ မလုပ္ခင္ သားျဖစ္သူေျခေထာက္က အနာေတြကို အရင္ ေဆးလိမ္းေပးလိုက္ဦး၊ ၾကာရင္ အနာရင္းၿပီး ေျချဖတ္ေနရမယ္"

ေဆာင့္ေဆာင့္ေအာင့္ေအာင့္ေျပာၿပီး ခပ္ယိုင္ယိုင္ေလွ်ာက္သြားေသာ သားငယ္၏ ေက်ာျပင္ကုိ ၾကည့္၍ ေဒၚေကသရီလႈိင္ သက္မႀကီး ပင့္သက္႐ႈိက္သည္။

စိတ္ထားေလးက ေကာငး္ပါလ်က္ ဘာလို႔မ်ား လူက ဆိုးေနတာလဲ။ ဒီတစ္ခါ မိုးကုတ္ျပန္လာတာ သားငယ္ကို ၾကည့္ၿပီး အားမရ။ ပိန္က်သြားၿပီး ညဘက္ေတြ ဘာလုပ္ေနသလဲမသိ အိပ္ေရးမ၀သလိုလို မ်က္တြငး္ေဟာက္ပက္၊ ဆံပင္ဘုတ္သိုက္နဲ႔ လူက သူပုန္စတုိင္။ ေျပာဆိုဆုံးမလို႔လည္း မေကာငး္။

အင္း ... သားႀကီးအတြက္ စိတ္ခ်မ္းသာရသမွ် ဒီသားငယ္နဲ႔ ရင္ေလးတယ္။

--------------

"ပင္လယ္ ေန ပူ ရင္ ခ်စ္ျခင္း သေဘာတို႔ရယ္ .. အိုး အိုး... မိုးစက္တင္ေလ"

အျပင္သြားရန္ ဆိုင္ကယ္ကို ေသာ့ထိုးၿပီး စက္ႏႈိးရန္ အလုပ္ သီခ်င္းကို မရမပုိင္စြာ အပုိင္းျဖတ္ ဆိုညည္းေနေသာ ၿခံေဘးက အသံေသးေသးေလးကုိ ၾကားလုိက္သည္။ ဆုိင္ကယ္ေသာ့ကို ဆုိင္ကယ္မွာ တန္းလန္းထုိးၿပီး အသံၾကားရာကို ေရာက္သြားသည္။

တပိုင္းျဖတ္ထားသည့္ ေကာ္ပုံးခြံအစုတ္ထဲ သူ႔ကုိယ္ႀကီး ၀င္ထုိင္ၿပီး ဒုတ္တစ္ေခ်ာင္းႏွင့္ ေလွေလွာ္သလို ကစားေနသည္။

ပုိင္စီးကုိ ေက်ာေပး၊ ေျခတစ္ဖက္ ဒူးေထာင္ က်န္ေျခတစ္ဖက္လွဲထားကာ ေလွေလွာ္သေယာင္ ေဆာ့ေနေသာ ေကာင္ေလးအား

"ေဟးး မင္း .. အနာေဆးထည့္ၿပီးၿပီလား"

ေခါင္းက ခ်ာခနဲ အေနာက္ လွည့္ၾကည့္သည္။ ပုိင္စီးကုိ ျမင္ေတာ့ ေမးတာကုိမေျဖ၊ ဦးစြာ ရယ္ျပသည္။

"ငါမင္းကို ရယ္ခိုင္းေနတာမဟုတ္ဘူး"

စိတ္ေပါက္ေပါက္ႏွင့္ ေျပာလိုက္ေတာ့ ေကာ္ပုံးထဲက ကုန္းထၿပီး အနား ေျပးလာသည္။

ေပစုတ္စုတ္ အက်ႌထဲက စကၠဴေလးနဲ႔ ထုတ္ထားသည့္ ကိတ္မုန္႔အေၾကေတြကို ထုတ္ၿပီး ထိုး ေပးသည္။

"ကုိႀကီးကုိ မုန္႔ေကၽြးမလို႔၊ ေရာ့ ... စား၊ စားေကာင္းတယ္"

ပုိင္စီးကုိလည္း ေျပာ သူကုိယ္တုိင္လည္း ႏႈိက္စားေနသည္။

ပုိင္စီးနဖူးေၾကာ၀ယ္ လႈိင္းတြန္႔ေလး ထသြားသည္။

ဒီေကာင္ေလး ဘာေတြ ေလွ်ာက္စားေနတာလဲ။ ဒီကိတ္မုန္႔ေတြက မႈိတက္ေနလို႔ ေဒၚႀကီးသိမ့္ကို ေမေမ ပစ္ခိုငး္ထားတာေလ။

မုန္႔ထည့္ထားေသာ စကၠဴထုပ္ကိုယူၿပီး ခပ္ေ၀းေ၀း လႊင့္ပစ္လိုက္သည္။

"ကုန္ပါၿပီဗ်ာ ... ကုိႀကီးကလည္း .. မစားခ်င္လည္း မစားနဲ႔ေပါ့၊ ဘာလို႔ လႊင့္ပစ္တာလဲ"

ႏွေျမာတသ ေရ႐ြတ္ အျပစ္တင္၍ သြားေကာက္ရန္ ျပင္ေနသည့္ ေကာင္ေလးကို အကႌ်ဂုတ္ကေန ဖမ္းဆြဲထားၿပီး ေျခေထာက္ကို ငုံ႔ၾကည့္လိုက္သည္။ အနာေပါက္ေဟာငး္ေလာငး္ထဲ ေဆးပုံမွန္ မထည့္ေပးပုံ။

ပုိင္စီး စိတ္မၾကည္လင္ျဖစ္သြားေသာေၾကာင့္ အျပင္လည္း မသြားခ်င္ေတာ့။ သူ႔ကုိ ႏႈတ္ခမ္းဆူကာ စိတ္ေကာက္ခ်င္ေနသည့္ ေကာင္ေလးကို

"လိုက္ခဲ့စမ္း"

--------------------

ဒူးေအာက္မေရာက္ေသာ ေကာင္ေလး ေဘာငး္ဘီေၾကာင့္ မ,တင္ထားစရာမလို။ ပုိင္စီးအက်ႌလက္႐ွည္ကို မ,ေခါက္တင္၍ ေကာင္ေလး ေျခသလုံးေတြကို အဖန္ေရေႏြးေႏြးနဲ႔ ေလာငး္ေဆးခ်သည္။ မ႐ြံမ႐ွာ ၀ါဂြမ္းနဲ႔ အနာေဖးေတြကို ခြာေပးၿပီး အဖန္ရည္ႏွင့္ ေဆးေၾကာသည္။

ပုိင္စီး စိတ္႐ွည္႐ွည္ထား လုပ္ကုိင္ေပးေနသည္မွာ တယုတယ။

သူသည္ သတၱ၀ါေတြအေပၚ ေမတၱာထားတတ္ေသာသူမဟုတ္ပါ။ ဒီေကာင္ေလးကိုေတာ့ ဘာရယ္ေၾကာင့္မွန္းမသိ၊ ေမတၱာထားမိသည္။ ကုိယ့္အစ္ကုိရင္းကိုပင္ မခင္တြယ္ေသာ ပုိင္စီးက ဒီေကာင္ေလးကုိ ၾကင္နာစိတ္၀င္မိသည္။

ေခါင္းငု႔႔ံကာ အနာေဆးထည့္ေပးေနစဥ္ ဆံပင္ၾကားလက္ထုိး၍ ခပ္ဖြဖြ ပြတ္သပ္လာေသာ လက္ေခ်ာင္းအထိအေတြ႔ေၾကာင့္ ပိုင္စီး မ်က္လုံးလွန္ၾကည့္လိုက္သည္။ အၾကည့္ခ်င္းစုံေသာအခါ ေကာင္ေလးက သူ႔အက်င့္အတုိင္း ရယ္ျပသည္။

ပုိင္စီးခ်က္ခ်င္း ျပန္မရယ္ျပမိ။ တေအာင့္ၾကာေလာက္မွ ျပန္ရယ္ျပလိုက္မိသည္ထင္သည္။ ေကာင္ေလးက ဟက္ဟက္ပက္ပက္ သေဘာတက်ကို ရယ္ေနေတာ့တာ။

"မနာဘူးလား"

"နာတယ္ ... ဒါေပမဲ့ ဘယ္သူမွ ဂ႐ုမစိုက္ေပးလို႔ ပစ္ထားတာထက္စာရင္ ကိုႀကီး ေဆးလိမ္းေပးလို႔ နာတာက မေျပာပပါဘူး"

ထုိေကာငေ္လးသည္ စကားေျပာလွ်င္ သက္ဆုိင္သူ၏ မ်က္လုံးကို ေစ့ေစ့စိုက္ၾကည့္ကာ တစ္လုံးခ်ငး္ ေအးေအးေဆးေဆးေျပာတတ္သည္ဟု ပုိင္စီး ေကာက္ခ်က္ခ်လိုက္သည္။

"မင္းနာမည္က ဖိုးဝလုံးလား ... နာမည္ မေကာငး္ဘူး၊ ဝလုံးက သုညနဲ႔အတူတူပဲ၊ မင္းနာမည္ကို ဝလုံးလို႔ သတ္မွတ္မွေတာ့ မင္းဘဝကလည္း သုညဆန္ေနမွာပဲ၊ ငါမင္းကို မင္းနဲ႔လိုက္ဖက္မဲ့ ဘိုဆန္ဆန္နာမည္တစ္ခု ေပးမယ္ ... Piggy ခိခိ၊ မင္းနာမည္ Piggy""

ပုိင္စီး ကုိယ္ေပးေသာ Nickname ကုိ ကုိယ့္ဘာသာ ႀကိတ္သေဘာက်လ်က္ တခိခိျဖစ္ေနသည္။ ေကာင္ေလးက ပါးစပ္အေဟာငး္သားေလးန႔ဲ

"Pig ... Piggy"

ခပ္တြန္႔တြန္႔ ေရ႐ြတ္ေသာအခါ

"ဘာလဲ .. မႀကဳိက္ဘူးလား"

သြက္သြက္ခါေအာင္ ေခါင္းရမ္းသည္။

"ႀကဳိက္တယ္၊ အေဖေပးတဲ့ ဖိုး၀လုံးထက္ ပိုႀကဳိက္တယ္၊ အမ်ားႀကီး အမ်ားႀကီး"

လက္ႏွစ္ဖက္ကို ဆန္႔ကားၿပီး ကေလးသဖြယ္ေျပာေသာေကာင္ေလးသည္ ၀၀တုတ္တုတ္ မဲမဲလုံးလုံးေလးျဖစ္သည္။

------------------------

"Piggy ... မင္း အဲ့ဒါ ဘာလုပ္ေနတာလဲ"

အေနာက္ပါးမွ ပုိင္စီးအသံၾကားၾကားခ်င္း တုန္တက္သြားသည့္ ေက်ာျပင္ငယ္ေလး။ ထုိ႔ေနာက္ အထိတ္ထိတ္အလန္႔လန္႔နဲ႔ အေနာက္လွည့္ၾကည့္သည္။

အေပၚထပ္က လွမ္းၾကည့္႐ုံ မထင္မ႐ွားႏွင့္ မဟုတ္ေလာက္ပါဘူး အထင္သည္ ၿခံထဲကို ေျပးဆင္းၿပီး ကုိယ္တုိင္ ႐ွင္း႐ွငး္လငး္လငး္ ေတြ႔လိုက္ရေတာ့ ေသြးနားထင္ေဆာင့္တက္သြားသည္။

အစ္ကိုပုိင္ေဇ၏ ေခြး (ဂ်က္ကီ)၏ ေလွာင္အိမ္ထဲမွ ထမင္းစုံဟင္းစုံနယ္ဖက္ထားေသာ အစာခြက္ကို လွမ္းႏႈိက္စားေနသည့္ေကာင္ေလး။

ပုိင္စီးရင္ထဲ ေအာင့္မ်က္နာက်င္သြားသည္။ ႀကီးမားေသာ စိတ္ထိခိုက္မႈ ႔ႏွင့္အတူ တစ္ကုိယ္လုံးတုန္ယင္ကာ ေမးဖ်ားေတြ တဆက္ဆက္ ခိုက္တုန္ေနသည္။ မ်က္၀န္းအိမ္မွာ မ်က္ရည္ေတြ ေငြ႔ရည္ဖြဲ႔အိုင္ထြန္းလာၿပီး ပါးျပင္ကို ပူေႏြးစိုစြတ္သြားသည္။

အနားေရာက္သြားၿပီး ထိုေကာင္ေလးကို တ႐ြတ္တိုက္ မပါလာ႐ုံ ဂုတ္ဆြဲေခၚလာသည္။

မီးဖိုခန္းထဲ၀င္ၿပီး

"ေဒၚသိမ့္၊ ကၽြန္ေတာ္တို႔ အိမ္ အဲ့သေလာက္ ဆငး္ရဲမြဲေတေနၿပီလား"

ေဒါသတႀကီးေအာ္ဟစ္ေသာ သ႔ူကုိ ေဒၚသိမ့္က ေၾကာင္ၾကည့္ေနသည္။

"ကုိယ့္ၿခံမွာေနတဲ့ လူက ေခြးစားခြက္သြားႏႈိက္စားရေအာင္ ကၽြန္ေတာ္တို႔ အိမ္ စီးပြားေရး ခၽြတ္ၿခံဳက်ေနၿပီလား"

တအံ့တအားျဖစ္သြားေပမဲ့ ေဒၚသိမ့္နားလည္သြားၿပီး ေကာင္ေလးကို လွမ္းၾကည့္သည္။ ထုိေကာင္ေလးက ပုိင္စီးေက်ာေနာက္မွာ အထိတ္တလန္႔ ပုန္းကြယ္သြားသည္။

"သားပုိင္စီး၊ အေဒၚတို႔ေကၽြးပါတယ္ကြယ္၊ ဒီကေလးကုိက ငတ္လြန္းတာပါ"

"ဘာေကၽြးတာလဲ၊ အားလုံးရဲ ႔အၾကြငး္အက်န္လား၊ ပုပ္သုိးလုဆဲဆဲ ဟင္းက်န္လား၊ လႊတ္ပစ္ရမဲ့ ဒိတ္ကုန္တဲ့ မုန္႔ေတြလား၊ ဒီေကာင္ေလးက ဒီၿခံႀကီးရဲ ႔အမႈိက္ပုံးလား"

 ေဒၚသိမ့္ႏွင့္ေကာင္မေလး ႏွစ္ေယာက္ ေခါင္းငုံ႔သြားသည္။

အရင္ေန႔ေတြထဲက ဒီကေလးကုိ သူတုိ႔ဆက္ဆံေနတာျမင္ေတြ႔ခဲ့ဖူးၿပီးသား။ သို႔ေသာ္ ကုိယ့္ကိစၥမဟုတ္၍ တစ္ခြန္းမွ ၀င္မေျပာခဲ့။ အခုအႀကိမ္ ပုိင္စီး မထိန္းခ်ဴပ္ႏုိင္စြာ အရင္ထဲက စိတ္ထဲမွာ ေတးမွတ္ထားေသာ ကိစၥေတြကုိပါ အိတ္သြန္ဖာေမွာက္ခ်၍ ေသာငး္က်န္းေနသည္။

မစြတ္မပို႔ေကၽြးၿပီး အ႐ြယ္နဲ႔မမွ်ေအာင္ ခိုင္းသည္။ ဆူတယ္ ဆဲတယ္ ေအာ္တယ္ ေငါက္တယ္။ အေျပာတစ္ခြန္း၊ လက္က ေခါင္းကို ဂြက္ခနဲ။ အေျပာၾကမ္းၿပီး လက္က ရမ္းသည္။ အိမ္႐ွင္ေတြကို ႐ုိ ႔က်ိဴးသေလာက္ ကုိယ့္ထက္အငယ္ ကေလးကို ဖိႏွိပ္သည္။ အားလပ္ခ်ိန္ နင္းခုိင္းႏွိပ္ခိုင္းၿပီး ေခါငး္သန္း႐ွာခိုင္းတာပါအစ ေျမနိမ့္ရာ လွံစိုက္ အလုပ္သမားအခ်ငး္ခ်ငး္ အႏုိင္က်င့္ႏွိပ္ကြက္သည္။

ဒီကေလး ေခြးေလွာင္အိမ္ထဲက စားခြက္ကို ႏႈိက္စားေနတာေတြ႔ၿပီး ပိုင္စီး ေျဖမဆည္ႏုိင္ ေဒါသေတြထြက္ေနသည္။ ေဒါသထြက္လြန္း၍ တစ္ကိုယ္လုံး ေမာဟိုက္လႈိက္ခုန္ေနသည္။

"ဒီကေလးကို ဘယ္သူ႔မွ ဘာမွ ခိုင္းစရာမလိုဘူး၊ သူစားခ်င္တာ႐ွိရင္ ေကၽြးလိုက္၊ ေနာက္တစ္ခါ ကၽြန္ေတာ္အခ်ိဴးမေျပတာေတြ ထပ္ေတြ႔ရရင္ လက္ေတြ လိမ္ခ်ိဴးပစ္မယ္"

သူ႔ခါးကိုဆုပ္ကုိင္ထားေသာ Piggy လက္ကေလးကုိ တင္းတင္းျပန္ဆုပ္ကုိင္၍ ပိုင္စီး သူရဲေကာင္းဆန္ခဲ့ဖူးသည္။

--------------

"ကိုႀကီးရာ ...စိတ္မႀကီးပါနဲ႔ ေဒၚႀကီးတို႔က ေကၽြးပါတယ္၊ ကၽြန္ေတာ့္ဗိုက္ကသာ ၀တယ္ကို မ႐ွိတာ"

ဗိုက္ကေလးစူစူကို ပြတ္ကုိင္လ်က္ သူ႔ဗိုက္ကုိ သူျပန္အျပစ္တင္ေနသည္။

ပုိင္စီးတစ္ေယာက္ လိုက္မွတ္ထားတာ မဟုတ္ေသာ္လည္း ဒီေကာင္ေလး၀တ္ဖူးေသာ အက်ႌႏွင့္ေဘာငး္ဘီကုိ မွတ္မိသည္။ ဒီအိမ္ကုိ ေရာက္တာ သုံးလေလာက္႐ွိေသာ္လည္း ေကာင္ေလးလွည့္၀တ္ေနေသာ ခါး၀တ္အထည္က ငါးထည္မျပည့္။

ဒါလည္း သူ႔အလုပ္ မဟုတ္ပါဘူးေလ ... 

"အဲ့မိန္းမႀကီးေတြ ဆိုးကုိဆုိးတာ ငါသိတယ္၊ မင္းသူတုိ႔ကုိ မမုန္းဘူးလား၊ မငး္ကုိ အၿမဲဆူေနဆဲေနတာ ငါေတြ႔သားပဲ၊ ငါကေတာ့ မင္းအစား သူတို႔ကုိ အရမ္းမုန္းတယ္"

"ဆူတာဆဲတာမ်ား ... အသားပဲ့ပါသြားတာမွ မဟုတ္တာ၊ မမုန္းပါဘူး ... ဟီးဟီး"

သြားၿဖဲရယ္ျပျပန္သည္။

အစက ထိုေကာင္ေလးသည္ သူ႔ကုိပဲ မ်က္ႏွာခ်ိဴေသြး ရယ္ျပတတ္သည္ဟု ထင္ခဲ့သည္။ ထုိသုိ႔မဟုတ္။ ေကာငး္ေကာင္းဆိုးဆိုး အၿမဲ ရယ္ေနတတ္တာ ဒီေကာင္ေလးအက်င့္ႀကီးလိုျဖစ္ေနသည္။ မီးဖိုေခ်ာင္က အေဒၚေတြ ဆူဆဲေနလည္း အရယ္မဟုတ္ေတာင္ အၿပဳံးကမပ်က္။ 

"ငါ့လာ႐ႊီးေနေသးတယ္၊ မင္းကို မင္းအေဖ တစ္ေန႔ ငါးခါေလာက္ ႐ိုက္ေနတာ ငါေန႔တုိင္း ေတြ႔ပါတယ္၊ အဲ့ဒါကိုေရာ မင္းမမုန္းဘူးလား"

ေကာင္ေလးမ်က္ဆန္ ဟိုလည္ဒီလည္ ေ၀့သြားသည္။ ေခါင္း ေအာက္ငုုံ႔သြားၿပီး

"အေသေတာ့ မသတ္ဘူးေလ၊ မမုန္းပါဘူး ... ဟီး"

ျမတ္စြာဘုရား! ဒီေကာင္ေလးရင္ထဲမွာ စိတ္ခံစားခ်က္ မ႐ွိဘူးလား၊ ကုိယ့္အေပၚ မေကာငး္တဲ့လူေတြကို ဘာလို႔ မမုန္းႏုိင္ မနာၾကည္းႏုိင္တာလဲ။ တပါးသူကို အျပစ္မျမင္၊ ေအးေအးခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အပူေသာကမ႐ွိေနတတ္ေသာ ေကာင္ေလးကို ပိုင္စီးလို အူပုတ္စိတ္ပုတ္ေကာင္က စံနမူနာ ယူသင့္ေနၿပီ။ 

"မင္း ... ေက်ာငး္မတက္ရဘူးလား"

ေက်ာင္းဖြင့္ခ်ိန္ျဖစ္ေသာ္လည္း အျဖဴအစိမ္းနဲ႔ေယာင္လို႔ေတာင္ မျမင္ဖူး၊ ၿခံထဲမွာအခ်ိန္ျပည့္ ႐ွိေနတတ္ေသာေၾကာင့္ ေမးလိုက္သည္။

ေကာင္ေလးမ်က္ႏွာ အနည္းငယ္ ညႈိးႏြမ္းသြားသည္။ သု႔ိေသာ္လည္း ခဏတာ။

"ဟင့္အင္း၊ ေဖႀကီးက ေက်ာငး္ထားမေပးဘူး"

သစ္ကိုငး္ေျခာက္ကို ေကာက္ယူကာ သူတို႔ထိုင္ေနေသာ ေျမႀကီးေပၚ ဟိုျခစ္ဒီျခစ္ရင္း ေျဖသည္။

သူငယ္ခ်င္းေရာ ႐ွိလားလို႔ ဆက္မေမးျဖစ္။ ေမးစရာမလိုေအာင္ ဟိုတစ္ေန႔က ေတြ႔ဖူးၿပီးသားျဖစ္သည္။ ေက်ာငး္မတက္၊ အေမမ႐ွိ အေဖက သူမ်ားအိမ္မွာ အလုပ္သမားျဖစ္၍ မည္သူမွ အေပါငး္အေဖာ္မလုပ္ ၀ိုင္းဖယ္က်ဥ္ကာ အႏုိင္က်င့္တတ္ေသာ အနားက ကေလးအုပ္စုႏွင့္ သူ႔ကို ပက္ပင္းေတြ႔ဖူးၿပီးသား။

ဒီကေလးက အရယ္အၿပဳံးသာ ၾကြယ္တာ၊ စကားနညး္သည္။ လူ႐ွိန္သည္၊ ေၾကာက္တတ္သည္ကို မည္သူႏွင့္မွ တရင္းတႏွီးေနတာ မေတြ႔ဖူး၍ ပိုင္စီး သတိထားမိသည္။ သူႏွင့္ေတာင္ အနာေဆးလိမ္းေပးရင္း ေျပာဖူးဆုိဖူးလို႔ အခုကဲ့သို႔ စကားေတြ ေျပာေနျခငး္။

ေနာက္ပုိင္းတြင္ ၿခံထဲမွာ သူ႔ဘာသာ  တစ္ေယာက္တည္း စကားေတြေျပာရင္း ကစားေနတတ္တာကို ပုိင္စီး ေတြ႔ရတတ္သည္။ တစ္ခါတစ္ေလ ကစားတာထဲ စ်ာန္၀င္ေနေသာ ေကာင္ေလးမသိေအာင္ အကြယ္မွာ ရပ္ရင္း တစ္ေယာက္တည္း ကေလးဘာသာဘာ၀ ေျပာစကားမ်ားကုိ နားေထာင္၍ ပိုင္စီး ၿပဳံးမိသည္မွာ အခါခါ။

ကစားစရာကလည္း ပိုက္ဆံႏွင့္၀ယ္ရေသာ ကစားစရာေတြမဟုတ္။ ၀ါးျခမ္းျပား၊ ဗူးခြံပုံးခြံအေဟာင္း အပ်က္မ်ားကို စု၍ သူ႔စိတ္ကူးႏွင့္သူ ပုံေဖာ္ကစားျခင္း။ ဥပမာ ... ၀ါးျခမ္းျပားက ဓါး၊ ကားက ခပ္ႀကီးႀကီး စကၠဴပုံးခြံအေဟာငး္၊ ဖုန္းက သေရဖိနပ္။

ဒီကေလးႏွင့္ယွဥ္လွ်င္ ပုိင္စီး၏ ေသာကက မေျပာပေလာက္။ သို႔ေသာ္ ပုိင္စီးတစ္ေယာက္ ဘယ္ေတာ့မွ မေအးခ်မ္း စိတ္မၾကည္လင္။ အၿမဲတမ္း အစ္ကိုျဖစ္သူအား မနာလိုသ၀န္တိုစိတ္၊ မိဘေတြကို မေက်နပ္စိတ္ေတြနဲ႔ အ႐ဲြ ႔တိုက္ေနတတ္သည္။

ဒီကေလးကေတာ့ ဘယ္သူေတြဘာျဖစ္ျဖစ္ အခ်ိန္တန္ တစ္ေယာက္တည္း ကစားတယ္၊ စားတယ္။
အၿမဲ အရယ္အၿပဳံးမပ်က္၊ ဒီေလာက္ ခ်စ္ဖို႔ေကာင္းတဲ့ကေလးငယ္ကို ဘာလို႔မ်ား လူေတြက မုန္းတီးမလုိလားၾကတာလဲ။ ဒါလည္း သူ႔ကံပဲျဖစ္လိမ့္မည္။

"ငါတို႔ စြန္လႊတ္ၾကမလား ..."

ေကာင္ေလးက ေျမျပင္ေပၚ ေရးျခစ္ေနတာကေန ဖ်တ္ခနဲ ေမာ့ၾကည့္လာသည္။

"တကယ္လား"

မ်က္လုံးေလးေတြ တလက္လက္ေတာက္ေနသည္က ၾကယ္ပြင့္ေလးလို။

"တကယ္ေပါ့"

ပုိင္စီး၏ ကမ္းေပးေသာလက္ကို အဖိုးတတန္ၾကည့္လ်က္ ျပန္ကိုင္လာသည့္ Piggy၏ လက္ဖ်ားေတြကေန အားကုိးျခင္း၊ ေလးစားတြယ္တာျခင္းေတြ ကပ္ၿငိတြယ္ခ်ိတ္ခဲ့သည္။

------------

ခုႏွစ္ 2018

စာအေၾကာင္းအရာ ၿပီးဆုံးခ်ိန္မွာ ေဘာပင္ကို အသာအယာခ်လိုက္သည္။ လက္မကို ကိုက္ေဖာက္ၿပီး ေသြးစက္ကို စာ႐ြက္၏ ေအာက္ေျခမွာ လက္ေဗြရာအျဖစ္ ဖိႏိွပ္သည္။ စာ႐ြက္ေပၚ ေသြးစ ေျခာက္မွ ေခါက္ခ်ိဴးညီညီေခါက္ၿပီး အျဖဴေရာင္စာအိတ္ထဲ ေသခ်ာ ထည့္သည္။ စာအိတ္ေပၚမွာ

သို႔/ စခန္းမႈး - - -
        (- - - ) ရဲစခန္း

ေရးၿပီး အံဆြဲထဲ ထည့္လိုက္သည္။

အံဆြဲထဲမွာ ႐ွိႏွင့္ၿပီးေသာ စာအိတ္အျပာေရာင္ေလးကို ေတြ႔ေသာအခါ မ်က္ႏွာမွာ ေႏြးခနဲျဖစ္သြားသည္။

စာအိတ္အျပာေပၚမွာ

သို႔/ ခ်စ္ရပါေသာ ပုိင္

မင္ျပာနဲ႔ေရးလိုက္သည္။

စာလုံးေလးကုိ ေသခ်ာၾကည့္ရင္း ရင္ထဲက တဖြဖြ ေခၚဆိုမိေသာအခါ မကုန္ခမ္းေသးေသာ မ်က္ရည္က စာအိတ္ေပၚ က်သြားသည္။ မ်က္ရည္စေၾကာင့္ မွင္မေျခာက္ေသးေသာ'ပုိင္' စာလုံးက စာအိတ္အျပာႏုေရာင္ေလးေပၚ မွင္ပ်ံ ႔သြားသည္။ 

စာအိတ္အျဖဴႏွင့္အျပာႏွစ္ခုကို တေပါင္းထဲ ထားရန္ဆုံးျဖတ္ၿပီးမွ စာအိတ္အျပာေလးကို မျပတ္သားစြာ ထုတ္ယူၾကည့္မိသည္။

ေနာက္ဆုံးအခြင့္အေရး ေပးသင့္တယ္မလား .....

----------------

"လာေတြ႔ေပးတာ ေက်းဇူးတင္ပါတယ္"

အေငြ႔ထေနေသာ ေကာ္ဖီခြက္ပူပူကို လက္ဖ်ားေလးႏွင့္ တို႔ထိလ်က္ ေကာင္ေလးက မမႏုိင္ကို ေျပာသည္။ မေတြ႔တာ ရက္သတၱပတ္ သုံးလီအၾကာမွာ နဂိုပိန္လွပ္ေသာ ေကာင္ေလးက ပို၍ ပိန္ပါးလွပ္သြားသည္ဟု ထင္မိသည္။ ျဖဴေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းပါးက ေသြးေရာင္မ႐ွိ စုတ္ျဖဴလ်က္။

"မင္း ငါ့ကို ဘာေျပာမလဲ"

မနိမ့္မျမင့္ေသာ အသံႏႈန္းႏွင့္ မမႏိုင္ ေမးလိုက္သည္။

"ပုိင္နဲ႔ ေနာက္ဆုံးအႀကိမ္ေတြ႔ခြင့္ေပးပါ"

တိုးညွငး္ညွင္းစကားအဆုံး မမႏုိင္က မ်က္လုံး၀င့္ၾကည့္လာသည္။

ေမာင္ တကယ္ပဲ ဒီေကာင္ေလးနဲ႔ အၿပီးသတ္လိုက္တာလား...

ေသာက္မယ္ျပဳေသာ ေကာ္ဖီကို တစ္ငုံေလာက္ငုံၿပီး

"သူ႔ကို မင္းဆီ မသြားပါနဲ႔လို႔ မ,တားစီးလို႔ မရခဲ့သလို အခု မင္းကုိ အေတြ႔မခံတဲ့ သူ႔ကို မ,က နားခ်ႏိုင္မယ္ထင္လား၊ လုပ္ႏုိင္တယ္ ဆိုပါဦး၊ မ,မလုပ္ေပးဘူး၊ မင္းတို႔ကိစၥကို မင္းတို႔ဘာသာ ညွိ ႔ႏႈိငး္ၾက၊ မ,မကန္႔ကြက္ႏိုင္ေပမဲ့ ခ်ိတ္ဆက္တာအထိေတာ့ မလုပ္ေပးပါရေစနဲ႔"

"တို႔ ဦးေဏွာက္ အႀကိတ္ကင္ဆာျဖစ္ေနတယ္၊ ဒီေန႔လား မနက္ျဖန္လား ေသရေတာ့မဲ့လူပါ၊ ပိုင္က တုိ႔ ဘ၀မွာအျဖစ္ခ်င္ဆုံး ေနာက္ဆုံးဆႏၵမုိလို႔ ျဖစ္သင့္မျဖစ္သင့္တာေတြ မေတြးမိဘဲ တုိ႔ျဖစ္ခ်င္တာကုိ တုိ႔လုပ္ယူခဲ့တယ္၊ အခု တို႔ဘ၀ေန၀င္ခ်ိန္ေရာက္ေနၿပီ၊ ေနာက္ဆုံးအေနနဲ႔ မွတ္သည္းေျခမ႐ွိ ပုိင့္ကို ေမွ်ာ္လင့္မိပါေသးတယ္၊ ေနာက္ဆုံး သူ႔ရင္ခြင္မွာပဲ ဘ၀နိဂုံးခ်ဳပ္ခဲ့ခ်င္တယ္၊ တို႔အရမ္း အင္အားေဖ်ာ့ေနၿပီ၊ ပိုင့္ကုိ ေျဖာငး္ျဖႏိုင္ဖို႔ အင္အားေတာင္ မ႐ွိေတာ့ဘူး၊ ပုိင့္ဆီကုိ သြားရင္လည္း အဆင္သင့္ သူၾကည္ၾကည္ျဖဴျဖဴ ေထြးေပြ႔တာ ခံခ်င္တယ္၊ ႐ုန္းရင္းဆန္ခတ္ေတြနဲ႔ စကားနာလည္း မထိုးႏုိင္ေတာ့ပါဘူး၊ မမႏုိင္ကုိ ေနာက္ဆုံးအကူအညီေတာင္းတာပါ၊ ပုိင္ .. တို႔ဆီကို လိုလိုလားလား ေရာက္လာေအာင္ လုပ္ေပးပါ"

မရပ္မနား ေျပာၿပီး ေမာဟိုက္သြားေသာ ေကာင္ေလးက ထိုင္ခုံေနာက္မွီကုိ မွီခ်ၿပီး အေမာေျဖသည္။

မမႏိုင္မ်က္ခုံး မသိမသာ ပင့္ခ်ီသြားသည္။ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး စိတ္လႈပ္႐ွားမႈ ႔ကုိ ထိန္းခ်ဳပ္ကာ လက္ထဲက ေကာ္ဖီခြက္ကို အသာငုံ႔ေသာက္လိုက္သည္။ ေကာ္ဖီခြက္ကို စားပဲြေပၚ အသာျပန္ခ်ၿပီး

"မင္းတစ္ခုခုျဖစ္သြားရင္ ၀မ္းနည္းမဲ့လူထဲမွာ မ,ပါမယ္လို႔ထင္ေနတာလား"

မမႏိုင္ကို မ်က္လႊာဖြင့္ ၾကည့္လာသည္။

"မ,ေျပာၿပီးၿပီ၊ ေမာင္က ကၽြန္မ ထိန္းခ်ဴပ္ႏုိင္တဲ့လူ မဟုတ္ဘူး၊ ဒီလိုကိစၥမ်ိဴးကိုလည္း မ,မလုပ္ခ်င္ဘူး၊ မင္းတို႔ကိစၥ မငး္တို႔ဘာသာ ႐ွင္းၾက၊ မ,ေၾကာင့္ မင္းတို႔ အဆင္မေျပျဖစ္ရတယ္လို႔ မေတြးေစခ်င္ဘူး၊ ပိုင္စီးအာဏာက သူျဖစ္ခ်င္ရင္ မိုးနတ္မင္းဆငး္တားေတာင္ ေနာက္ဆုတ္တဲ့ လူမဟုတ္ဘူး၊ မ,စကားကုိသာ သူနာခံတတ္ရင္ မင္းနဲ႔ေတာင္ ၿငိစြန္းလာမွာမဟုတ္ဘူး၊ အားလုံးက သူ႔သေဘာ သူ႔စိတ္အလိုက် သူ႔ကုိယ္သူပဲ ေ႐ွ ႔တန္းတင္တဲ့လူ၊ ဘယ္သူ႔ေၾကာင့္ ဘယ္ဟြာေၾကာင့္နဲ႔ ေျပာငး္လဲယိမ္းယုိင္မဲ့ လူမဟုတ္ဘူး၊ မင္းကုိလည္း သူ႔စိတ္ကိုက အလိုမ႐ွိေတာ့တာ၊ မ,ေျပာလည္း အလကားပဲ"

--------------------

"အေမေရ ႔၊ ေနာက္ဖက္၀ိုင္းက ေငြ႐ွင္းမယ္တဲ့"

ပါးစပ္က ေအာ္ဟစ္ရင္း စတီးဇလုံထဲက မုန္႔ဖက္မွ်င္ကုိ ဆြဲယူၿပီး ခ်ဥ္ ငန္ စပ္ အခ်ိဴးက်ကို ခပ္သြက္သြက္ ထည့္သည္။

"ေမာင္ေလး တစ္ခါတည္းနယ္မွာလား"

"ဟုတ္ကဲ့ အစ္မ နယ္မယ္"

တစ္ခါသုံး လက္အိတ္အၾကည္ကို လက္မွာစြပ္ နယ္ဖက္ေပးကာ ပန္းကန္ထဲ ထည့္ၿပီး ေနာက္လူအတြက္ ေနာက္တစ္ပြဲ ျပင္ရသည္။

"ေနာက္တစ္ေယာက္က ... အသုတ္လား၊ မုန္႔ဟင္းခါးလား"

"မုန္႔ဟင္းခါး နံနံပင္ မထည့္ဘူး"

၀ယ္သူ ေျပာသည့္အတိုင္း ဟင္းရည္တန္းထည့္ရန္ ျပင္စဥ္ ရင္းရင္းႏွီးႏွီးျဖစ္ေနေသာ အသံေၾကာင့္ ေခါငး္ေမာ့ၾကည့္လိုက္သည္။

"အစ္ကို"

"ေထြးငယ္"

သူမကို ေႏြးေထြးသိမ္ေမြ႔စြာ ၾကည့္ေနေသာ ခပ္မႈိင္းမႈိင္းအၾကည့္တို႔ေၾကာင့္ ခ်ယ္ရီေထြး မုန္႔ဖက္ပန္းကန္ေရာ ဟင္းရည္ထည့္ရန္ ဇြန္းႀကီးကုိပါ အသာခ်လိုက္သည္။

__________________

45 မေက်္ာပါဘူး၊ ႏွစ္ပိုငး္ေလာက္ပဲ က်န္ေတာ့တယ္။ ေအးေဆးသြားတာေပါ့ XD

Commentsေတြကုိ ဖတ္ျဖစ္ပါတယ္၊ စာဖတ္သူတို႔ရဲ ႔ခံစားခ်က္ကို အေရးမစိုက္တာ မဟုတ္ပါဘူး၊ ကၽြန္ေတာ့္အေနနဲ႔ ဘာေျပာလို႔ေျပာရမွန္းမသိလို႔ စာဖတ္သူတို႔စိတ္ေက်နပ္ေအာင္ ဘယ္လိုမွ မေျပာတတ္လို႔ ကုိယ့္ဘာသာ လုပ္စရာ႐ွိတဲ့ updateကိုပဲ လုပ္ေဆာင္ျဖစ္ခဲ့ပါတယ္။ ဇာတ္လမ္းမၿပီးမခ်ငး္ဘာမွ ေျပာစရာမ႐ွိပါဘူး။

Emojiေလးပဲ Replyရင္လည္း စာဖတ္သူတို႔ရဲ ႔ခံစားခ်က္ကို အေလးမထားသလို ျဖစ္မွာစိုးလို႔ ဘာေျခရာလက္ရာမွ မခ်န္ျဖစ္တာပါ။ လြတ္လြတ္လပ္လပ္ စိတ္ထဲ႐ွိသလို ေျပာလို႔ရပါတယ္။ ကၽြန္ေတာ့္ကို အားမနာပါနဲ႔။

ဖတ္ေပးၾကတဲ့ စာဖတ္သူေတြ အားလုံးကို ေက်းဇူးအထူးတင္႐ွိပါတယ္ <3

12/27/2018
3:58PM

"ကျွန်တော်က မိုးဉာဏ်ပါ၊ ဒါ ကျွန်တော့်သား ဖိုး၀လုံး"

တိမ်တွေကြား လေဟာနယ်ထဲ တစ်ကိုယ်လုံး မျောလွင့်နေသော ပိုင်စီးမှာ အသံကြောင့် Moodပျက်သွားသည်။

ဧည့်ခန်း ဆက်တီထိုင်ခုံအောက် ၀င်လှဲလျောင်း၍ ရာမစညး်စိမ်ယစ်မူးနေတာကို အသံက အနှောက်အယှက်ပြုသည်။ မျက်လုံးမပွင့်တပွင့်နဲ့ ခုံအောက်ကနေ အသံကြားရာ အပြင်ကို ကြည့်သည်။

ဆက်တီထိုင်ခုံအောက် ပိုင်စီး၀င်ခွေလှဲနေသည်။ ထိုထိုင်ခုံပေါ်တွင် ထိုင်နေသော မေမေခြေထောက်က ပိုင်စီးမျက်နှာ အနား ကြမ်းခင်းပေါ်ချထားသည်။ မေမေက ခုံအောက်တွင် ပိုင်စီးရှိနေသည်ကို မသိပါ။

သူ စည်းစိမ် မိန်းမောနေချိန်အတွင်း ဧည့်ခန်းထဲကို ဘယ်အချိန်ကတည်းက မေမေနဲ့အတူ ဒီသားအဖနှစ်ယောက် ရောက်လာပါလိမ့်။

အိမ်ကြီးက အကြီးကြီး။ ခြံကြီးက အကျယ်ကြီး။

လွတ်လွတ်လပ်လပ် ကျောတခင်းစာ လှဲအိပ်စရာ နေရာများ ပေါများသော်လည်း ပိုင်စီးအကြိုက်ဆုံး နေရာက ဒီဧည့်ခန်းအတွင်းက ဆက်တီထိုင်ခုံကြီးတွေအောက် မှောင်မှောင်မဲမဲ ကျဉ်းကြပ်သော နေရာဖြစ်သည်။ မည်သူမှမသိ၊ မည်သူမှ မတွေ့သော ဒီလိုခိုအောင်းစရာ နေရာပေါ့။

အယ် ... အခုတော့ မဟုတ်တော့ဘူး။ အခု ဒီနေရာကို သိတဲ့သူ ရှိလာပြီ။

အဲ့ဒါက ... ကြမ်းခင်းမှာ ပလ္လင်ခွေထိုင် ခေါင်းငု့ံထားသော ကောင်ငယ်လေး၏ မျက်လုံးမှာ မေမေထိုင်နေသော ဆက်တီထိုင်ခုံအောက် လဲှအိပ်နေသည့် သူ့ကို စူးစိုက်ဦးတည်လျက် ကြည့်နေသည်။

"မင်း,သားက ၀၀တုတ်တုတ်လေးပဲ၊ ဘယ်နနှစ်ရောက်ပြီလဲ"

"ဗျာ! ... အင်း ဆယ်နှစ်လောက် ရှိပြီထင်တယ်"

တွေးတွေးဆဆ ပြောနေသည့် ထိုလူကြီး၏ အသံလေးလေးက ဒီကလေးအသက် အတိအကျကို မသိတာ ဖော်ပြနေသည်။

"မင်း ကိုယ့်သားအသက်ကို ကိုယ် မသိဘူးလား"

"အဟဲ ... စား၀တ်နေရေး လုံးပန်းနေတာနဲ့ အသက်အရွယ်တွေကို ဂရုမစိုက်မိပါဘူးဗျာ၊ ဒီကောင်က လူကသာ ထွားတာ၊ အသက်က ဆယ်နှစ် အရမ်း မကျော်လောက်သေးပါဘူး၊ ဖင်ပေါ့တယ်၊ ခိုငး်စရာရှိရင် သူ့ကိုပါ ခိုငး်လို့ရပါတယ်၊ ကျွန်တော်တို့ကို လက်ခံပေးပါနော်"

တစ်ကျစ်ကျစ်နှင့် မေမေက စုတ်သပ်နေသည်။

လူကြီးတွေ သူ့အကြောငး်ပြောနေတာကို စိတ်မ၀င်စား။ သွားဖြဲကာ လှမ်းရယ်ပြနေသည့် ကောင်လေးကို ပိုင်စီး မျက်မှောင်ကြုတ် ပြန်ကြည့်ပေးလိုက်သည်။

ဘယ်လိုကောင်လေးလဲ၊ ကျပ်မပြည့်ဘူးလား၊ လူပုံစံကိုက အူတူတူ အတတ၊ ကြောင်တောင်တောင် ဂေါက်တောက်တောက်။

နဖူးတ၀က် ဆံရစ်အ၀ိုင်း ဆံပင်ကေ၊ ဂျီးအကြောငး်လိုက် တင်နေသော ပါးဖောင်းဖောင်း၊ မို့အစ်နေသည့် မျက်ခွံ၊ စုတ်ပြတ်ပေရေနေသည့် အကျႌနှင့် ဘောငး်ဘီ၊ မန်ကျည်းခွံရောင် အသားညိုညိုမှာ သန့်ရှင်းသပ်ရပ်မှု ့မရှိ ဂျီးထူသေး၊ မည်းမည်းသဲသဲလို့ပဲ ပိုင်စီးမြင်သည်။

ဒီကြားထဲ လက်မောင်းသားကြီး နှစ်ဖက်က တုတ်ခဲပြီး ကိုယ်ပြားပြားခန္ဓာကိုယ်ကြီးက အ၀လွန်သောကြောင့် ယောက်ျားဖြစ်သော်ငြား နို့ဆူနေသယောင်ယောင်။

ထိုင်ခုံအောက် ပက်လက် ဦးခေါင်းအောက် လက်နှစ်ဖက်ထိုးယှက်ပြီး ဇာက်စောင်း လှဲအိပ်နေသော သူ့ကို သဘောကျနေသည့်ထင်။

စတွေ့တည်းက အသံတိတ် သွားကြီးဖြဲ ရယ်ကာပြနေသောကြောင့် ပိုင်စီးနေတောင် မနေတတ်တော့။ မညောငး်မညာ ရယ်ပြနေသော သူ့ကို အားနာပါးနာ ပြန်ရယ်ပြသင့်သလား။

အဖေမနေ့ညက ပြောသော ဒီနေ့ရောက်လာမည့် မန္တလေးက ခြံစောင့်အလုပ်သမား သားအဖနှစ်ယောက်ဆိုတာ ဒါတွေပဲဖြစ်ရမည်။

"ကဲပါလေ .. ကျွန်မ ယောက်ျားက မန္တလေးကနေ သားအဖနှစ်ယောက်လုံး ခေါ်လာမှတော့ အဓိကက ခြံစောင့်ပေးဖို့ပါပဲ၊ ကျွန်မနဲ့ကျွန်မယောက်ျားက အပြင်စီးပွားရေးတွေရှိလို့ အိမ်မှာသိပ်မကပ်ဘူး၊ သားငယ်တစ်ယောက်ပဲ အိမ်မှာ မြဲတယ်၊ သားကြီးက ရန်ကုန်မှာ ကျောင်းတက်တယ်၊ ကျောင်းပိတ်မှ ပြန်လာလေ့ရှိတယ်၊ ခြံထဲက ပန်းပင်တွေကို ဂရုစိုက် ပေါင်းတင်ဖို့နဲ့ လုံခြုံရေးအတွက်ပါပဲ၊ ဒီကြားထဲ မိုးဉာဏ်က ကားမောင်းတတ်တယ်ဆိုတော့ ကြုံရင်ကြုံသလို ကားဒရိုင်ဘာလည်း လုပ်ပေးပေါ့၊ စည်းကမ်းပိုင်းအရတော့ အရေးအကြောင်းမရှိဘဲ ဒီအိမ်မကြီးကို မလာပါနဲ့၊ အလုပ်သမား တန်းလျားမှာ ဒေါ်သိမ့် နေရာချပေးလိမ့်မယ်"

"ဟုတ်ကဲ့ပါ သူဌေးကတော် စိတ်ချပါ"

အိမ်မှာ ထမင်းချက်ဟင်းချက် အိမ်အလုပ်လုပ်သော ဒေါ်သိမ့်နှင့် ကူဖော်ကူဖက် ကောင်မလေးနှစ်ယောက်ကလွဲ အိမ်မှာ အမြဲနေသော အခြားအားကိုးစရာ ယောက်ျားသားမရှိ။

ခြံစောင့်အလုပ်သမားတစ်ယောက်ကို လိုနေတာနဲ့ အတော်ပဲဖြစ်လို့ အခြားအထွေအထူးတွေ မမေးမြန်းဖြစ်တော့။

ရုတ်တရက် ခြေသလုံးကို လာကိုင်သော ခုံအောက်က လက်အေးအေးကြီးကြာင့် ဒေါ်ကေသရီလှိုင် လန့်သွားသည်။

တဟဲ့ဟဲ့နှင့် အော်၍ ခုံအောက်ကို ငု့ံကြည့်သည်။ ခုံအောက်က ကိုယ်တစ်ပိုင်း လျှော ထွက်လာပြီး ကြမ်းခင်းထက် မျက်နှာမှေးတင်လာသော ...

"သားငယ်! ခုံအောက်မှာ ဘာ၀င်လုပ်နေတာလဲ၊ ဘုန်းကံတွေ နိမ့်ကုန်ပါပြီကွယ်၊ ဘယ့်နှယ့်ကြောင့် ခုံအောက် ၀င်အိပ်နေတာတုန်း၊ ကောင်စုတ်လေးရဲ ့"

ပြောပြောဆိုဆိုနဲ့ မေမေက ပိုင်စီးလက်မောင်းကို အတင်းဆွဲထူသည်။ ပေကပ်ကပ်နဲ့ တမင်ပေပြီး ကြမ်းခင်းပေါ်က မကြွပေးတော့ အမေ့ခဗျ မနိုင်မနင်း ဗရုတ်သုတ်ခတွေ ဖြစ်နေသည်။ အမေပျာယာခတ်နေတာကို သဘောကျစွာ တမင် ပေ ကပ် နေပစ်လိုက်သည်။

ပိုင်စီးမျက်နှာအပ်ထားသော ကြမ်းခင်းအနား ညစ်ပေပေခြေထောက်မဲမဲလေး တစ်စုံရောက်လာသည်။ မဲ ညစ်နေသော ခြေဖမိုးမှ အစပြု၍ ခြေစုံပိုင်ရှင်ကို မျက်လုံး၀င့် မော့ကြည့်လိုက်သည်။ ရင်းမှည့်နေသော ပြည်တည် အနာစိမ်းတွေနှင့် ခြေသလုံးကြောင့် ပိုင်စီးမျက်နှာ အော်တိုမဲ့သွားသည်။

ထိုကောင်လေးက မေမေနှင့်အတူ ပိုင်စီးလက်မောင်းကို ကူမ၍ ဆွဲထူသည်။

မေမေလက်နှင့်သူ့လက်ကို ရုန်းဖယ်ကာ ကိုယ့်ဘာသာ ကြမ်းခင်းပေါ် ငုတ်တုတ်ထထိုင်သည်။ ထို့နောက် ထိုကောင်လေးကို မကျေမနပ် မော့ကြည့်လိုက်သည်။

ရယ်ပြသည်။ ရှိသမျှ သွားအကုန် ပေါ်အောင် ရယ်ပြနေတာ။

ဟာ! ဂေါက်ပဲ။ 

ပိုင်စီးကျောပေါ် အမေ့ရဲ ့လက်ဝါးက ဗြန်းခနဲ ကျလာသည်။

"အား မေမေ့ နာတယ်"

"နာမှ ဒီ့ထက်နာမှ၊ အကောင် .. နင်အဲ့ဒီ့အောက်ထဲ ဘာ၀င်လုပ်နေတာလဲ"

"အမေ့"

နာသွားသော ကျောကို လက်ပြန်ပွတ်သပ်လျက် အမေ့လို့သာ ကုန်းအော်ပြီး သူ့ကို တဟီးဟီးနဲ့ သဘောတကျ ရယ်နေသည့် အနှီကောင်လေးဆီ အကြည့်ရောက်သွားသည်။ ပိုင်စီး၏ အံကြိတ်ကာ အကြည့်စူးစူးနဲ့ မာန်ပြလိုက်တော့ ကောင်လေး တိခနဲ တိတ်သွားသည်။

အကြည့်နဲ့ အံကြိတ် မာန်ပြတာကို ချက်ချင်း ငြိမ်သွားပုံထောက်တော့ ကောင်လေးက မျက်နှာပြောင်တတ်လင့်ကစား အကြောက်အလန့် ရှိသည့်ပုံ။

"ဒါ ခြံစောင့် ဦးမိုးဉာဏ်နဲ့သူ့သား ဖိုး၀လုံးတဲ့၊ ၀လုံးရဲ ့ အသက်အတိအကျကို မွေးသဖခင်ကိုယ်တိုင်က မသိလေဘူး၊ မင်းထက်တော့ ငယ်မယ်၊ မင်းခိုင်းစရာရှိရင် ခေါ်ခိုင်းပေ့ါ"

မေမေ့ကို ခေါင်းညိမ့်ပြမိလား မပြမိလား ပိုင်စီးမသိ။

ပိုင်စီးကြည့်နေသည်က မတ်တပ်ရပ်ထားသော ကောင်လေး၏ ခြေသလုံးတွေကို ဖြစ်သည်။ ပွစာကြဲနေသော အမာရွတ်ဟောင်းတွေ အပြင် အနာလတ်လတ်ဆက်ဆက်က ပြည်တည်သွေးစို့လျက် အရည်ကြည်တွေက မျက်မှောက် စီးမကျသေးသော်လည်း စီးကျခဲ့ဟန် စီးကြောင်းအရာက ထင်းနေသည်။

ပိုင်စီးနှာခေါင်းရှုတ်မဲ့ပြီး

"ဦးမိုးဉာဏ် .. အခြား ဘာအလုပ်မှ မလုပ်ခင် သားဖြစ်သူခြေထောက်က အနာတွေကို အရင် ဆေးလိမ်းပေးလိုက်ဦး၊ ကြာရင် အနာရင်းပြီး ခြေဖြတ်နေရမယ်"

ဆောင့်ဆောင့်အောင့်အောင့်ပြောပြီး ခပ်ယိုင်ယိုင်လျှောက်သွားသော သားငယ်၏ ကျောပြင်ကို ကြည့်၍ ဒေါ်ကေသရီလှိုင် သက်မကြီး ပင့်သက်ရှိုက်သည်။

စိတ်ထားလေးက ကောငး်ပါလျက် ဘာလို့များ လူက ဆိုးနေတာလဲ။ ဒီတစ်ခါ မိုးကုတ်ပြန်လာတာ သားငယ်ကို ကြည့်ပြီး အားမရ။ ပိန်ကျသွားပြီး ညဘက်တွေ ဘာလုပ်နေသလဲမသိ အိပ်ရေးမ၀သလိုလို မျက်တွငး်ဟောက်ပက်၊ ဆံပင်ဘုတ်သိုက်နဲ့ လူက သူပုန်စတိုင်။ ပြောဆိုဆုံးမလို့လည်း မကောငး်။

အင်း ... သားကြီးအတွက် စိတ်ချမ်းသာရသမျှ ဒီသားငယ်နဲ့ ရင်လေးတယ်။

--------------

"ပင်လယ် နေ ပူ ရင် ချစ်ခြင်း သဘောတို့ရယ် .. အိုး အိုး... မိုးစက်တင်လေ"

အပြင်သွားရန် ဆိုင်ကယ်ကို သော့ထိုးပြီး စက်နှိုးရန် အလုပ် သီချင်းကို မရမပိုင်စွာ အပိုင်းဖြတ် ဆိုညည်းနေသော ခြံဘေးက အသံသေးသေးလေးကို ကြားလိုက်သည်။ ဆိုင်ကယ်သော့ကို ဆိုင်ကယ်မှာ တန်းလန်းထိုးပြီး အသံကြားရာကို ရောက်သွားသည်။

တပိုင်းဖြတ်ထားသည့် ကော်ပုံးခွံအစုတ်ထဲ သူ့ကိုယ်ကြီး ၀င်ထိုင်ပြီး ဒုတ်တစ်ချောင်းနှင့် လှေလှော်သလို ကစားနေသည်။

ပိုင်စီးကို ကျောပေး၊ ခြေတစ်ဖက် ဒူးထောင် ကျန်ခြေတစ်ဖက်လှဲထားကာ လှေလှော်သယောင် ဆော့နေသော ကောင်လေးအား

"ဟေးး မင်း .. အနာဆေးထည့်ပြီးပြီလား"

ခေါင်းက ချာခနဲ အနောက် လှည့်ကြည့်သည်။ ပိုင်စီးကို မြင်တော့ မေးတာကိုမဖြေ၊ ဦးစွာ ရယ်ပြသည်။

"ငါမင်းကို ရယ်ခိုင်းနေတာမဟုတ်ဘူး"

စိတ်ပေါက်ပေါက်နှင့် ပြောလိုက်တော့ ကော်ပုံးထဲက ကုန်းထပြီး အနား ပြေးလာသည်။

ပေစုတ်စုတ် အကျႌထဲက စက္ကူလေးနဲ့ ထုတ်ထားသည့် ကိတ်မုန့်အကြေတွေကို ထုတ်ပြီး ထိုး ပေးသည်။

"ကိုကြီးကို မုန့်ကျေွးမလို့၊ ရော့ ... စား၊ စားကောင်းတယ်"

ပိုင်စီးကိုလည်း ပြော သူကိုယ်တိုင်လည်း နှိုက်စားနေသည်။

ပိုင်စီးနဖူးကြော၀ယ် လှိုင်းတွန့်လေး ထသွားသည်။

ဒီကောင်လေး ဘာတွေ လျှောက်စားနေတာလဲ။ ဒီကိတ်မုန့်တွေက မှိုတက်နေလို့ ဒေါ်ကြီးသိမ့်ကို မေမေ ပစ်ခိုငး်ထားတာလေ။

မုန့်ထည့်ထားသော စက္ကူထုပ်ကိုယူပြီး ခပ်ေ၀းေ၀း လွှင့်ပစ်လိုက်သည်။

"ကုန်ပါပြီဗျာ ... ကိုကြီးကလည်း .. မစားချင်လည်း မစားနဲ့ပေါ့၊ ဘာလို့ လွှင့်ပစ်တာလဲ"

နှမြောတသ ရေရွတ် အပြစ်တင်၍ သွားကောက်ရန် ပြင်နေသည့် ကောင်လေးကို အင်္ကီျဂုတ်ကနေ ဖမ်းဆွဲထားပြီး ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ အနာပေါက်ဟောငး်လောငး်ထဲ ဆေးပုံမှန် မထည့်ပေးပုံ။

ပိုင်စီး စိတ်မကြည်လင်ဖြစ်သွားသောကြောင့် အပြင်လည်း မသွားချင်တော့။ သူ့ကို နှုတ်ခမ်းဆူကာ စိတ်ကောက်ချင်နေသည့် ကောင်လေးကို

"လိုက်ခဲ့စမ်း"

--------------------

ဒူးအောက်မရောက်သော ကောင်လေး ဘောငး်ဘီကြောင့် မ,တင်ထားစရာမလို။ ပိုင်စီးအကျႌလက်ရှည်ကို မ,ခေါက်တင်၍ ကောင်လေး ခြေသလုံးတွေကို အဖန်ရေနွေးနွေးနဲ့ လောငး်ဆေးချသည်။ မရွံမရှာ ဝါဂွမ်းနဲ့ အနာဖေးတွေကို ခွာပေးပြီး အဖန်ရည်နှင့် ဆေးကြောသည်။

ပိုင်စီး စိတ်ရှည်ရှည်ထား လုပ်ကိုင်ပေးနေသည်မှာ တယုတယ။

သူသည် သတ္တဝါတွေအပေါ် မေတ္တာထားတတ်သောသူမဟုတ်ပါ။ ဒီကောင်လေးကိုတော့ ဘာရယ်ကြောင့်မှန်းမသိ၊ မေတ္တာထားမိသည်။ ကိုယ့်အစ်ကိုရင်းကိုပင် မခင်တွယ်သော ပိုင်စီးက ဒီကောင်လေးကို ကြင်နာစိတ်၀င်မိသည်။

ခေါင်းငု့့ံကာ အနာဆေးထည့်ပေးနေစဉ် ဆံပင်ကြားလက်ထိုး၍ ခပ်ဖွဖွ ပွတ်သပ်လာသော လက်ချောင်းအထိအတွေ့ကြောင့် ပိုင်စီး မျက်လုံးလှန်ကြည့်လိုက်သည်။ အကြည့်ချင်းစုံသောအခါ ကောင်လေးက သူ့အကျင့်အတိုင်း ရယ်ပြသည်။

ပိုင်စီးချက်ချင်း ပြန်မရယ်ပြမိ။ တအောင့်ကြာလောက်မှ ပြန်ရယ်ပြလိုက်မိသည်ထင်သည်။ ကောင်လေးက ဟက်ဟက်ပက်ပက် သဘောတကျကို ရယ်နေတော့တာ။

"မနာဘူးလား"

"နာတယ် ... ဒါပေမဲ့ ဘယ်သူမှ ဂရုမစိုက်ပေးလို့ ပစ်ထားတာထက်စာရင် ကိုကြီး ဆေးလိမ်းပေးလို့ နာတာက မပြောပပါဘူး"

ထိုကောငေ်လးသည် စကားပြောလျှင် သက်ဆိုင်သူ၏ မျက်လုံးကို စေ့စေ့စိုက်ကြည့်ကာ တစ်လုံးချငး် အေးအေးဆေးဆေးပြောတတ်သည်ဟု ပိုင်စီး ကောက်ချက်ချလိုက်သည်။

"မင်းနာမည်က ဖိုးဝလုံးလား ... နာမည် မကောငး်ဘူး၊ ဝလုံးက သုညနဲ့အတူတူပဲ၊ မင်းနာမည်ကို ဝလုံးလို့ သတ်မှတ်မှတော့ မင်းဘဝကလည်း သုညဆန်နေမှာပဲ၊ ငါမင်းကို မင်းနဲ့လိုက်ဖက်မဲ့ ဘိုဆန်ဆန်နာမည်တစ်ခု ပေးမယ် ... Piggy ခိခိ၊ မင်းနာမည် Piggy""

ပိုင်စီး ကိုယ်ပေးသော Nickname ကို ကိုယ့်ဘာသာ ကြိတ်သဘောကျလျက် တခိခိဖြစ်နေသည်။ ကောင်လေးက ပါးစပ်အဟောငး်သားလေးန့ဲ

"Pig ... Piggy"

ခပ်တွန့်တွန့် ရေရွတ်သောအခါ

"ဘာလဲ .. မကြိုက်ဘူးလား"

သွက်သွက်ခါအောင် ခေါင်းရမ်းသည်။

"ကြိုက်တယ်၊ အဖေပေးတဲ့ ဖိုး၀လုံးထက် ပိုကြိုက်တယ်၊ အများကြီး အများကြီး"

လက်နှစ်ဖက်ကို ဆန့်ကားပြီး ကလေးသဖွယ်ပြောသောကောင်လေးသည် ၀၀တုတ်တုတ် မဲမဲလုံးလုံးလေးဖြစ်သည်။

------------------------

"Piggy ... မင်း အဲ့ဒါ ဘာလုပ်နေတာလဲ"

အနောက်ပါးမှ ပိုင်စီးအသံကြားကြားချင်း တုန်တက်သွားသည့် ကျောပြင်ငယ်လေး။ ထို့နောက် အထိတ်ထိတ်အလန့်လန့်နဲ့ အနောက်လှည့်ကြည့်သည်။

အပေါ်ထပ်က လှမ်းကြည့်ရုံ မထင်မရှားနှင့် မဟုတ်လောက်ပါဘူး အထင်သည် ခြံထဲကို ပြေးဆင်းပြီး ကိုယ်တိုင် ရှင်းရှငး်လငး်လငး် တွေ့လိုက်ရတော့ သွေးနားထင်ဆောင့်တက်သွားသည်။

အစ်ကိုပိုင်ဇေ၏ ခွေး (ဂျက်ကီ)၏ လှောင်အိမ်ထဲမှ ထမင်းစုံဟင်းစုံနယ်ဖက်ထားသော အစာခွက်ကို လှမ်းနှိုက်စားနေသည့်ကောင်လေး။

ပိုင်စီးရင်ထဲ အောင့်မျက်နာကျင်သွားသည်။ ကြီးမားသော စိတ်ထိခိုက်မှု ့နှင့်အတူ တစ်ကိုယ်လုံးတုန်ယင်ကာ မေးဖျားတွေ တဆက်ဆက် ခိုက်တုန်နေသည်။ မျက်၀န်းအိမ်မှာ မျက်ရည်တွေ ငွေ့ရည်ဖွဲ့အိုင်ထွန်းလာပြီး ပါးပြင်ကို ပူနွေးစိုစွတ်သွားသည်။

အနားရောက်သွားပြီး ထိုကောင်လေးကို တရွတ်တိုက် မပါလာရုံ ဂုတ်ဆွဲခေါ်လာသည်။

မီးဖိုခန်းထဲ၀င်ပြီး

"ဒေါ်သိမ့်၊ ကျွန်တော်တို့ အိမ် အဲ့သလောက် ဆငး်ရဲမွဲတေနေပြီလား"

ဒေါသတကြီးအော်ဟစ်သော သ့ူကို ဒေါ်သိမ့်က ကြောင်ကြည့်နေသည်။

"ကိုယ့်ခြံမှာနေတဲ့ လူက ခွေးစားခွက်သွားနှိုက်စားရအောင် ကျွန်တော်တို့ အိမ် စီးပွားရေး ချွတ်ခြုံကျနေပြီလား"

တအံ့တအားဖြစ်သွားပေမဲ့ ဒေါ်သိမ့်နားလည်သွားပြီး ကောင်လေးကို လှမ်းကြည့်သည်။ ထိုကောင်လေးက ပိုင်စီးကျောနောက်မှာ အထိတ်တလန့် ပုန်းကွယ်သွားသည်။

"သားပိုင်စီး၊ အဒေါ်တို့ကျေွးပါတယ်ကွယ်၊ ဒီကလေးကိုက ငတ်လွန်းတာပါ"

"ဘာကျေွးတာလဲ၊ အားလုံးရဲ ့အကြွငး်အကျန်လား၊ ပုပ်သိုးလုဆဲဆဲ ဟင်းကျန်လား၊ လွှတ်ပစ်ရမဲ့ ဒိတ်ကုန်တဲ့ မုန့်တွေလား၊ ဒီကောင်လေးက ဒီခြံကြီးရဲ ့အမှိုက်ပုံးလား"

 ဒေါ်သိမ့်နှင့်ကောင်မလေး နှစ်ယောက် ခေါင်းငုံ့သွားသည်။

အရင်နေ့တွေထဲက ဒီကလေးကို သူတို့ဆက်ဆံနေတာမြင်တွေ့ခဲ့ဖူးပြီးသား။ သို့သော် ကိုယ့်ကိစ္စမဟုတ်၍ တစ်ခွန်းမှ ၀င်မပြောခဲ့။ အခုအကြိမ် ပိုင်စီး မထိန်းချူပ်နိုင်စွာ အရင်ထဲက စိတ်ထဲမှာ တေးမှတ်ထားသော ကိစ္စတွေကိုပါ အိတ်သွန်ဖာမှောက်ချ၍ သောငး်ကျန်းနေသည်။

မစွတ်မပို့ကျေွးပြီး အရွယ်နဲ့မမျှအောင် ခိုင်းသည်။ ဆူတယ် ဆဲတယ် အော်တယ် ငေါက်တယ်။ အပြောတစ်ခွန်း၊ လက်က ခေါင်းကို ဂွက်ခနဲ။ အပြောကြမ်းပြီး လက်က ရမ်းသည်။ အိမ်ရှင်တွေကို ရို ့ကျိူးသလောက် ကိုယ့်ထက်အငယ် ကလေးကို ဖိနှိပ်သည်။ အားလပ်ချိန် နင်းခိုင်းနှိပ်ခိုင်းပြီး ခေါငး်သန်းရှာခိုင်းတာပါအစ မြေနိမ့်ရာ လှံစိုက် အလုပ်သမားအချငး်ချငး် အနိုင်ကျင့်နှိပ်ကွက်သည်။

ဒီကလေး ခွေးလှောင်အိမ်ထဲက စားခွက်ကို နှိုက်စားနေတာတွေ့ပြီး ပိုင်စီး ဖြေမဆည်နိုင် ဒေါသတွေထွက်နေသည်။ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး မောဟိုက်လှိုက်ခုန်နေသည်။

"ဒီကလေးကို ဘယ်သူ့မှ ဘာမှ ခိုင်းစရာမလိုဘူး၊ သူစားချင်တာရှိရင် ကျေွးလိုက်၊ နောက်တစ်ခါ ကျွန်တော်အချိူးမပြေတာတွေ ထပ်တွေ့ရရင် လက်တွေ လိမ်ချိူးပစ်မယ်"

သူ့ခါးကိုဆုပ်ကိုင်ထားသော Piggy လက်ကလေးကို တင်းတင်းပြန်ဆုပ်ကိုင်၍ ပိုင်စီး သူရဲကောင်းဆန်ခဲ့ဖူးသည်။

--------------

"ကိုကြီးရာ ...စိတ်မကြီးပါနဲ့ ဒေါ်ကြီးတို့က ကျေွးပါတယ်၊ ကျွန်တော့်ဗိုက်ကသာ ၀တယ်ကို မရှိတာ"

ဗိုက်ကလေးစူစူကို ပွတ်ကိုင်လျက် သူ့ဗိုက်ကို သူပြန်အပြစ်တင်နေသည်။

ပိုင်စီးတစ်ယောက် လိုက်မှတ်ထားတာ မဟုတ်သော်လည်း ဒီကောင်လေး၀တ်ဖူးသော အကျႌနှင့်ဘောငး်ဘီကို မှတ်မိသည်။ ဒီအိမ်ကို ရောက်တာ သုံးလလောက်ရှိသော်လည်း ကောင်လေးလှည့်၀တ်နေသော ခါး၀တ်အထည်က ငါးထည်မပြည့်။

ဒါလည်း သူ့အလုပ် မဟုတ်ပါဘူးလေ ... 

"အဲ့မိန်းမကြီးတွေ ဆိုးကိုဆိုးတာ ငါသိတယ်၊ မင်းသူတို့ကို မမုန်းဘူးလား၊ မငး်ကို အမြဲဆူနေဆဲနေတာ ငါတွေ့သားပဲ၊ ငါကတော့ မင်းအစား သူတို့ကို အရမ်းမုန်းတယ်"

"ဆူတာဆဲတာများ ... အသားပဲ့ပါသွားတာမှ မဟုတ်တာ၊ မမုန်းပါဘူး ... ဟီးဟီး"

သွားဖြဲရယ်ပြပြန်သည်။

အစက ထိုကောင်လေးသည် သူ့ကိုပဲ မျက်နှာချိူသွေး ရယ်ပြတတ်သည်ဟု ထင်ခဲ့သည်။ ထိုသို့မဟုတ်။ ကောငး်ကောင်းဆိုးဆိုး အမြဲ ရယ်နေတတ်တာ ဒီကောင်လေးအကျင့်ကြီးလိုဖြစ်နေသည်။ မီးဖိုချောင်က အဒေါ်တွေ ဆူဆဲနေလည်း အရယ်မဟုတ်တောင် အပြုံးကမပျက်။ 

"ငါ့လာရွှီးနေသေးတယ်၊ မင်းကို မင်းအဖေ တစ်နေ့ ငါးခါလောက် ရိုက်နေတာ ငါနေ့တိုင်း တွေ့ပါတယ်၊ အဲ့ဒါကိုရော မင်းမမုန်းဘူးလား"

ကောင်လေးမျက်ဆန် ဟိုလည်ဒီလည် ေ၀့သွားသည်။ ခေါင်း အောက်ငုံ့သွားပြီး

"အသေတော့ မသတ်ဘူးလေ၊ မမုန်းပါဘူး ... ဟီး"

မြတ်စွာဘုရား! ဒီကောင်လေးရင်ထဲမှာ စိတ်ခံစားချက် မရှိဘူးလား၊ ကိုယ့်အပေါ် မကောငး်တဲ့လူတွေကို ဘာလို့ မမုန်းနိုင် မနာကြည်းနိုင်တာလဲ။ တပါးသူကို အပြစ်မမြင်၊ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် အပူသောကမရှိနေတတ်သော ကောင်လေးကို ပိုင်စီးလို အူပုတ်စိတ်ပုတ်ကောင်က စံနမူနာ ယူသင့်နေပြီ။ 

"မင်း ... ကျောငး်မတက်ရဘူးလား"

ကျောင်းဖွင့်ချိန်ဖြစ်သော်လည်း အဖြူအစိမ်းနဲ့ယောင်လို့တောင် မမြင်ဖူး၊ ခြံထဲမှာအချိန်ပြည့် ရှိနေတတ်သောကြောင့် မေးလိုက်သည်။

ကောင်လေးမျက်နှာ အနည်းငယ် ညှိုးနွမ်းသွားသည်။ သု့ိသော်လည်း ခဏတာ။

"ဟင့်အင်း၊ ဖေကြီးက ကျောငး်ထားမပေးဘူး"

သစ်ကိုငး်ခြောက်ကို ကောက်ယူကာ သူတို့ထိုင်နေသော မြေကြီးပေါ် ဟိုခြစ်ဒီခြစ်ရင်း ဖြေသည်။

သူငယ်ချင်းရော ရှိလားလို့ ဆက်မမေးဖြစ်။ မေးစရာမလိုအောင် ဟိုတစ်နေ့က တွေ့ဖူးပြီးသားဖြစ်သည်။ ကျောငး်မတက်၊ အမေမရှိ အဖေက သူများအိမ်မှာ အလုပ်သမားဖြစ်၍ မည်သူမှ အပေါငး်အဖော်မလုပ် ၀ိုင်းဖယ်ကျဉ်ကာ အနိုင်ကျင့်တတ်သော အနားက ကလေးအုပ်စုနှင့် သူ့ကို ပက်ပင်းတွေ့ဖူးပြီးသား။

ဒီကလေးက အရယ်အပြုံးသာ ကြွယ်တာ၊ စကားနညး်သည်။ လူရှိန်သည်၊ ကြောက်တတ်သည်ကို မည်သူနှင့်မှ တရင်းတနှီးနေတာ မတွေ့ဖူး၍ ပိုင်စီး သတိထားမိသည်။ သူနှင့်တောင် အနာဆေးလိမ်းပေးရင်း ပြောဖူးဆိုဖူးလို့ အခုကဲ့သို့ စကားတွေ ပြောနေခြငး်။

နောက်ပိုင်းတွင် ခြံထဲမှာ သူ့ဘာသာ  တစ်ယောက်တည်း စကားတွေပြောရင်း ကစားနေတတ်တာကို ပိုင်စီး တွေ့ရတတ်သည်။ တစ်ခါတစ်လေ ကစားတာထဲ ဈာန်၀င်နေသော ကောင်လေးမသိအောင် အကွယ်မှာ ရပ်ရင်း တစ်ယောက်တည်း ကလေးဘာသာဘာ၀ ပြောစကားများကို နားထောင်၍ ပိုင်စီး ပြုံးမိသည်မှာ အခါခါ။

ကစားစရာကလည်း ပိုက်ဆံနှင့်၀ယ်ရသော ကစားစရာတွေမဟုတ်။ ဝါးခြမ်းပြား၊ ဗူးခွံပုံးခွံအဟောင်း အပျက်များကို စု၍ သူ့စိတ်ကူးနှင့်သူ ပုံဖော်ကစားခြင်း။ ဥပမာ ... ဝါးခြမ်းပြားက ဓါး၊ ကားက ခပ်ကြီးကြီး စက္ကူပုံးခွံအဟောငး်၊ ဖုန်းက သရေဖိနပ်။

ဒီကလေးနှင့်ယှဉ်လျှင် ပိုင်စီး၏ သောကက မပြောပလောက်။ သို့သော် ပိုင်စီးတစ်ယောက် ဘယ်တော့မှ မအေးချမ်း စိတ်မကြည်လင်။ အမြဲတမ်း အစ်ကိုဖြစ်သူအား မနာလိုသ၀န်တိုစိတ်၊ မိဘတွေကို မကျေနပ်စိတ်တွေနဲ့ အရွဲ ့တိုက်နေတတ်သည်။

ဒီကလေးကတော့ ဘယ်သူတွေဘာဖြစ်ဖြစ် အချိန်တန် တစ်ယောက်တည်း ကစားတယ်၊ စားတယ်။
အမြဲ အရယ်အပြုံးမပျက်၊ ဒီလောက် ချစ်ဖို့ကောင်းတဲ့ကလေးငယ်ကို ဘာလို့များ လူတွေက မုန်းတီးမလိုလားကြတာလဲ။ ဒါလည်း သူ့ကံပဲဖြစ်လိမ့်မည်။

"ငါတို့ စွန်လွှတ်ကြမလား ..."

ကောင်လေးက မြေပြင်ပေါ် ရေးခြစ်နေတာကနေ ဖျတ်ခနဲ မော့ကြည့်လာသည်။

"တကယ်လား"

မျက်လုံးလေးတွေ တလက်လက်တောက်နေသည်က ကြယ်ပွင့်လေးလို။

"တကယ်ပေါ့"

ပိုင်စီး၏ ကမ်းပေးသောလက်ကို အဖိုးတတန်ကြည့်လျက် ပြန်ကိုင်လာသည့် Piggy၏ လက်ဖျားတွေကနေ အားကိုးခြင်း၊ လေးစားတွယ်တာခြင်းတွေ ကပ်ငြိတွယ်ချိတ်ခဲ့သည်။

------------

ခုနှစ် 2018

စာအကြောင်းအရာ ပြီးဆုံးချိန်မှာ ဘောပင်ကို အသာအယာချလိုက်သည်။ လက်မကို ကိုက်ဖောက်ပြီး သွေးစက်ကို စာရွက်၏ အောက်ခြေမှာ လက်ဗွေရာအဖြစ် ဖိနှိပ်သည်။ စာရွက်ပေါ် သွေးစ ခြောက်မှ ခေါက်ချိူးညီညီခေါက်ပြီး အဖြူရောင်စာအိတ်ထဲ သေချာ ထည့်သည်။ စာအိတ်ပေါ်မှာ

သို့/ စခန်းမှုး - - -
        (- - - ) ရဲစခန်း

ရေးပြီး အံဆွဲထဲ ထည့်လိုက်သည်။

အံဆွဲထဲမှာ ရှိနှင့်ပြီးသော စာအိတ်အပြာရောင်လေးကို တွေ့သောအခါ မျက်နှာမှာ နွေးခနဲဖြစ်သွားသည်။

စာအိတ်အပြာပေါ်မှာ

သို့/ ချစ်ရပါသော ပိုင်

မင်ပြာနဲ့ရေးလိုက်သည်။

စာလုံးလေးကို သေချာကြည့်ရင်း ရင်ထဲက တဖွဖွ ခေါ်ဆိုမိသောအခါ မကုန်ခမ်းသေးသော မျက်ရည်က စာအိတ်ပေါ် ကျသွားသည်။ မျက်ရည်စကြောင့် မှင်မခြောက်သေးသော'ပိုင်' စာလုံးက စာအိတ်အပြာနုရောင်လေးပေါ် မှင်ပျံ ့သွားသည်။ 

စာအိတ်အဖြူနှင့်အပြာနှစ်ခုကို တပေါင်းထဲ ထားရန်ဆုံးဖြတ်ပြီးမှ စာအိတ်အပြာလေးကို မပြတ်သားစွာ ထုတ်ယူကြည့်မိသည်။

နောက်ဆုံးအခွင့်အရေး ပေးသင့်တယ်မလား .....

----------------

"လာတွေ့ပေးတာ ကျေးဇူးတင်ပါတယ်"

အငွေ့ထနေသော ကော်ဖီခွက်ပူပူကို လက်ဖျားလေးနှင့် တို့ထိလျက် ကောင်လေးက မမနိုင်ကို ပြောသည်။ မတွေ့တာ ရက်သတ္တပတ် သုံးလီအကြာမှာ နဂိုပိန်လှပ်သော ကောင်လေးက ပို၍ ပိန်ပါးလှပ်သွားသည်ဟု ထင်မိသည်။ ဖြူဖျော့ဖျော့နှုတ်ခမ်းပါးက သွေးရောင်မရှိ စုတ်ဖြူလျက်။

"မင်း ငါ့ကို ဘာပြောမလဲ"

မနိမ့်မမြင့်သော အသံနှုန်းနှင့် မမနိုင် မေးလိုက်သည်။

"ပိုင်နဲ့ နောက်ဆုံးအကြိမ်တွေ့ခွင့်ပေးပါ"

တိုးညှငး်ညှင်းစကားအဆုံး မမနိုင်က မျက်လုံး၀င့်ကြည့်လာသည်။

မောင် တကယ်ပဲ ဒီကောင်လေးနဲ့ အပြီးသတ်လိုက်တာလား...

သောက်မယ်ပြုသော ကော်ဖီကို တစ်ငုံလောက်ငုံပြီး

"သူ့ကို မင်းဆီ မသွားပါနဲ့လို့ မ,တားစီးလို့ မရခဲ့သလို အခု မင်းကို အတွေ့မခံတဲ့ သူ့ကို မ,က နားချနိုင်မယ်ထင်လား၊ လုပ်နိုင်တယ် ဆိုပါဦး၊ မ,မလုပ်ပေးဘူး၊ မင်းတို့ကိစ္စကို မင်းတို့ဘာသာ ညှိ ့နှိုငး်ကြ၊ မ,မကန့်ကွက်နိုင်ပေမဲ့ ချိတ်ဆက်တာအထိတော့ မလုပ်ပေးပါရစေနဲ့"

"တို့ ဦးဏှောက် အကြိတ်ကင်ဆာဖြစ်နေတယ်၊ ဒီနေ့လား မနက်ဖြန်လား သေရတော့မဲ့လူပါ၊ ပိုင်က တို့ ဘ၀မှာအဖြစ်ချင်ဆုံး နောက်ဆုံးဆန္ဒမိုလို့ ဖြစ်သင့်မဖြစ်သင့်တာတွေ မတွေးမိဘဲ တို့ဖြစ်ချင်တာကို တို့လုပ်ယူခဲ့တယ်၊ အခု တို့ဘ၀နေ၀င်ချိန်ရောက်နေပြီ၊ နောက်ဆုံးအနေနဲ့ မှတ်သည်းခြေမရှိ ပိုင့်ကို မျှော်လင့်မိပါသေးတယ်၊ နောက်ဆုံး သူ့ရင်ခွင်မှာပဲ ဘ၀နိဂုံးချုပ်ခဲ့ချင်တယ်၊ တို့အရမ်း အင်အားဖျော့နေပြီ၊ ပိုင့်ကို ဖြောငး်ဖြနိုင်ဖို့ အင်အားတောင် မရှိတော့ဘူး၊ ပိုင့်ဆီကို သွားရင်လည်း အဆင်သင့် သူကြည်ကြည်ဖြူဖြူ ထွေးပွေ့တာ ခံချင်တယ်၊ ရုန်းရင်းဆန်ခတ်တွေနဲ့ စကားနာလည်း မထိုးနိုင်တော့ပါဘူး၊ မမနိုင်ကို နောက်ဆုံးအကူအညီတောင်းတာပါ၊ ပိုင် .. တို့ဆီကို လိုလိုလားလား ရောက်လာအောင် လုပ်ပေးပါ"

မရပ်မနား ပြောပြီး မောဟိုက်သွားသော ကောင်လေးက ထိုင်ခုံနောက်မှီကို မှီချပြီး အမောဖြေသည်။

မမနိုင်မျက်ခုံး မသိမသာ ပင့်ချီသွားသည်။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စိတ်လှုပ်ရှားမှု ့ကို ထိန်းချုပ်ကာ လက်ထဲက ကော်ဖီခွက်ကို အသာငုံ့သောက်လိုက်သည်။ ကော်ဖီခွက်ကို စားပွဲပေါ် အသာပြန်ချပြီး

"မင်းတစ်ခုခုဖြစ်သွားရင် ၀မ်းနည်းမဲ့လူထဲမှာ မ,ပါမယ်လို့ထင်နေတာလား"

မမနိုင်ကို မျက်လွှာဖွင့် ကြည့်လာသည်။

"မ,ပြောပြီးပြီ၊ မောင်က ကျွန်မ ထိန်းချူပ်နိုင်တဲ့လူ မဟုတ်ဘူး၊ ဒီလိုကိစ္စမျိူးကိုလည်း မ,မလုပ်ချင်ဘူး၊ မင်းတို့ကိစ္စ မငး်တို့ဘာသာ ရှင်းကြ၊ မ,ကြောင့် မင်းတို့ အဆင်မပြေဖြစ်ရတယ်လို့ မတွေးစေချင်ဘူး၊ ပိုင်စီးအာဏာက သူဖြစ်ချင်ရင် မိုးနတ်မင်းဆငး်တားတောင် နောက်ဆုတ်တဲ့ လူမဟုတ်ဘူး၊ မ,စကားကိုသာ သူနာခံတတ်ရင် မင်းနဲ့တောင် ငြိစွန်းလာမှာမဟုတ်ဘူး၊ အားလုံးက သူ့သဘော သူ့စိတ်အလိုကျ သူ့ကိုယ်သူပဲ ရှေ ့တန်းတင်တဲ့လူ၊ ဘယ်သူ့ကြောင့် ဘယ်ဟွာကြောင့်နဲ့ ပြောငး်လဲယိမ်းယိုင်မဲ့ လူမဟုတ်ဘူး၊ မင်းကိုလည်း သူ့စိတ်ကိုက အလိုမရှိတော့တာ၊ မ,ပြောလည်း အလကားပဲ"

--------------------

"အမေရေ ့၊ နောက်ဖက်၀ိုင်းက ငွေရှင်းမယ်တဲ့"

ပါးစပ်က အော်ဟစ်ရင်း စတီးဇလုံထဲက မုန့်ဖက်မျှင်ကို ဆွဲယူပြီး ချဉ် ငန် စပ် အချိူးကျကို ခပ်သွက်သွက် ထည့်သည်။

"မောင်လေး တစ်ခါတည်းနယ်မှာလား"

"ဟုတ်ကဲ့ အစ်မ နယ်မယ်"

တစ်ခါသုံး လက်အိတ်အကြည်ကို လက်မှာစွပ် နယ်ဖက်ပေးကာ ပန်းကန်ထဲ ထည့်ပြီး နောက်လူအတွက် နောက်တစ်ပွဲ ပြင်ရသည်။

"နောက်တစ်ယောက်က ... အသုတ်လား၊ မုန့်ဟင်းခါးလား"

"မုန့်ဟင်းခါး နံနံပင် မထည့်ဘူး"

၀ယ်သူ ပြောသည့်အတိုင်း ဟင်းရည်တန်းထည့်ရန် ပြင်စဉ် ရင်းရင်းနှီးနှီးဖြစ်နေသော အသံကြောင့် ခေါငး်မော့ကြည့်လိုက်သည်။

"အစ်ကို"

"ထွေးငယ်"

သူမကို နွေးထွေးသိမ်မွေ့စွာ ကြည့်နေသော ခပ်မှိုင်းမှိုင်းအကြည့်တို့ကြောင့် ချယ်ရီထွေး မုန့်ဖက်ပန်းကန်ရော ဟင်းရည်ထည့်ရန် ဇွန်းကြီးကိုပါ အသာချလိုက်သည်။

__________________

45 မကျေ်ာပါဘူး၊ နှစ်ပိုငး်လောက်ပဲ ကျန်တော့တယ်။ အေးဆေးသွားတာပေါ့ XD

Commentsတွေကို ဖတ်ဖြစ်ပါတယ်၊ စာဖတ်သူတို့ရဲ ့ခံစားချက်ကို အရေးမစိုက်တာ မဟုတ်ပါဘူး၊ ကျွန်တော့်အနေနဲ့ ဘာပြောလို့ပြောရမှန်းမသိလို့ စာဖတ်သူတို့စိတ်ကျေနပ်အောင် ဘယ်လိုမှ မပြောတတ်လို့ ကိုယ့်ဘာသာ လုပ်စရာရှိတဲ့ updateကိုပဲ လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းမပြီးမချငး်ဘာမှ ပြောစရာမရှိပါဘူး။

Emojiလေးပဲ Replyရင်လည်း စာဖတ်သူတို့ရဲ ့ခံစားချက်ကို အလေးမထားသလို ဖြစ်မှာစိုးလို့ ဘာခြေရာလက်ရာမှ မချန်ဖြစ်တာပါ။ လွတ်လွတ်လပ်လပ် စိတ်ထဲရှိသလို ပြောလို့ရပါတယ်။ ကျွန်တော့်ကို အားမနာပါနဲ့။

ဖတ်ပေးကြတဲ့ စာဖတ်သူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် <3

12/27/2018
3:58PM

Continue Reading

You'll Also Like

141K 5.8K 34
Myanmar BL👬..... လူသားႏွစ္​​ေယာက္ၾကားကျဖဴစင္​​ေသာခ်စ္​ျခင္​း​ေမတၱာ...
626K 48.5K 30
စက္ကပိုင် ဆိုးချင်သလောက်ဆိုး ကိုယ်နားလည်ပေးမယ် ကိုယ်အချစ်အပေါ်တော့ မဆိုးစမ်းနဲ့ အချစ် တေဇဦး အရက်သောက်ရင် လူလို့သောက်ပါ ကျွန်တော်လို့ မူးရူးပြီးယောင်...
472K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
318K 17.6K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"