ေလးႏွစ္ခန္႔အၾကာ....
ေတာင္ကိုရီးယားႏိုင္ငံ၊ အင္ခြၽန္း ႏိုင္ငံတကာေလဆိပ္..
ဂ်ီမင္း အဝါေရာင္ႏွင္းဆီပန္းစည္းခပ္ေသးေသးေလးကိုကိုင္ရင္း ေလဆိပ္ထဲမွာ ထိုင္ေစာင့္ေနသည္။
' ကိုကို
၇ ရက္ေန႔ ညီမေလးျပန္လာမယ္ '
စာေရးရမွာ အလြန္ပ်င္းေသာ ညီမေလးက ျပန္လာေတာ့မည့္အေၾကာင္းကို ခပ္တိုတိုေမးလ္တစ္ေစာင္သာ ေရးပို႔ၿပီး သူ႕ကိုလာႀကိဳေစသည္။
' ညီမေလးျပန္လာရင္ ကိုကို အရမ္းကိုအံ့အားသင့္သြားမွာ '
ေမးလ္ထဲမွာ ေနာက္ဆက္တြဲပါလာသည့္ စာတစ္ေၾကာင္းေၾကာင့္လည္း သူအခုစိတ္ေတြလႈပ္ရွားေနသည္။ငယ္ငယ္ကတည္းက သြက္သြက္လက္လက္ခ်က္ခ်က္ခ်ာခ်ာရိွေသာ ဂ်ီယြန္း ကသူ႕ကိုအၿမဲ အံ့ဩေအာင္၊ဝမ္းသာေအာင္ လုပ္ဖို႔ေတာ့ ဝါသနာပါသည္။
အခုတစ္ေခါက္လည္း ဘာေတြလုပ္လာဦးမည္မသိ။
/ ေလယာဥ္ဆိုက္ၿပီ /
ေလဆိပ္ထဲမွ လာႀကိဳသည့္သူေတြ လႈပ္လႈပ္ရြရြျဖစ္သြားမွ သူလည္းသတိျပန္ဝင္လာသည္။
ညီမေလး ဂ်ီယြန္း...
႐ႈပ္ယွက္ခတ္ေနေသာ လူအုပ္ၾကားထဲတြင္ အနီေရာင္ဂါဝန္ေတာက္ေတာက္ေလးႏွင့္ ညီမေလးကို သူထင္းေနေအာင္ျမင္လိုက္ရပါသည္။
' ဂ်ီယြန္းနီး !! '
သူလွမ္းေအာ္ေတာ့ ညီမေလးက ဝမ္းသာအားရျဖင့္ လက္ေဝွ႔ယမ္းျပကာ သူ႕ထံမေျပး႐ံုတမယ္ေလွ်ာက္လာသည္။
' ကိုကို '
သူ႕နားအေရာက္ ကမ္းလင့္ေပးထားေသာ လက္ေမာင္းႏွစ္ဖက္ၾကား အေျပးေလးဝင္ေရာက္ခိုလံႈကာ သူ႕အားဖက္တြယ္လာပါေသာ ညီမေလး။
ဂ်ီယြန္းနီး ေလးထြားလာလိုက္တာ။
လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္ ညီမေလး အထက္တန္းၿပီးကတည္းက Australia မွာေက်ာင္းသြားတက္ကာ ဘြဲ႕ရၿပီး ထိုမွာပဲကုမၸဏီတစ္ခုတြင္ လုပ္ငန္းအေတြ႕အႀကံဳႏွစ္ႏွစ္ယူၿပီးေနာက္ ကိုရီးယားသို႔ျပန္ေရာက္လာေသာ ညီမငယ္။
' Welcome Home ညီမေလး '
အဝါေရာင္ႏွင္းဆီပန္းစည္းေလးကို လက္ထဲထည့္ေပးေတာ့ ကေလးတစ္ေယာက္လိုၿပံဳးကာ ပန္းစည္းကိုရင္ခြင္ထဲပိုက္ၿပီး တ႐ံႈ႕႐ံႈ႕နမ္းသည္။ဂ်ီယြန္း ကေမေမနဲ႔တူတာေၾကာင့္ အဝါေရာင္ႏွင္းဆီေတြကိုလည္း ခ်စ္သည္။
' ညီမေလး အထုပ္ေတြေရာ '
အိတ္ေလးတစ္လံုးကိုသာ လက္မွာခ်ိတ္ထားတာကို သတိထားမိ၍ သူေမးၾကည့္ေတာ့ ညီမေလးရဲ႕မ်က္ႏွာမွာ ပန္းေသြးႏုႏုေတြယွက္ျဖာသြားသည္။
' အထုပ္ေတြကို ေမာင္သြားေရြးတယ္ ကိုကို '
' ဘယ္လို!! '
ေမာင္ ဟူေသာအသံုးအႏႈန္းေၾကာင့္ သူညီမေလးမ်က္ႏွာကို ထိတ္လန္႔စြာၾကည့္လိုက္မိသည္။
' ညီမေလး ေတာင္းပန္ပါတယ္ ကိုကို။ကိုကို႔ကို မတိုင္ပင္ပဲ ညီမေလးခ်စ္သူနဲ႔ အရင္အပတ္ကပဲ လက္ထပ္လိုက္ၿပီ '
' ပတ္ဂ်ီယြန္း!! '
သူထိတ္လန္႔စြာ ေအာ္မိေတာ့ ညီမေလးရဲ႕ကိုယ္ေလးကတုန္ကနဲ။ဒီတစ္ေခါက္ ညီမေလးသယ္ေဆာင္လာေသာ အံ့အားသင့္စရာကိစၥကေတာ့ သူ႕ကိုအမွန္ပင္ေျပာစရာစကားဆိတ္သုဥ္းသြားေစသည္။ပ်က္ယြင္းေနေသာ မ်က္ႏွာထားျဖင့္ ညီမေလးက သူ႕ကိုခပ္တိုးတိုးေျပာသည္။
' ညီမေလးလည္း အစကကိုကိုနဲ႔အရင္တိုင္ပင္ဦးမလို႔ပဲ။ဒါေပမယ့္ ေမာင္ကကိုကိုသေဘာမတူမွာစိုးတယ္ဆိုလို႔ ဘုရားေက်ာင္းမွာပဲ အရင္လက္ထပ္ထားလိုက္တာ ကိုကို '
ၾကည့္စမ္း။အဲ့လူက ထက္ျမက္တဲ့ ညီမေလးကိုေတာင္ အလြယ္တကူဖ်ားေယာင္းႏိုင္ခဲ့တယ္ေပါ့။
ဘာစကားတစ္ခြန္းမွမေျပာႏိုင္ပဲ ခပ္ေတာင့္ေတာင့္သာရပ္ေနႏိုင္သည့္ သူ႕အားၾကည့္ရင္း ခဏအၾကာမွာေတာ့ ညီမေလးက ရယ္က်ဲက်ဲျဖင့္ သူ႕လက္ေမာင္းကိုလာဆြဲသည္။
‘ ေမာင္ ကညီမေလးအလုပ္လုပ္တဲ့ ကုမၸဏီမွာပဲလုပ္တာ ကိုကိုရဲ႕။ေဘာ့စ္ကဆို သူ႕ကိုသိပ္သေဘာက်တာ။အလုပ္ကိုမခိုမကပ္ဘဲ ေစတနာထားၿပီးလုပ္လို႔တဲ့။ေမာင္ ကလည္း အလုပ္တစ္ကယ္ႀကိဳးစားတာကိုး။အခုေတာင္ ေဘာ့စ္ကေမာင့္ကိုဦးေဆာင္ခိုင္းၿပီး ျမန္မာျပည္မွာ branch တစ္ခုဖြင့္ဖို႔ လႊတ္လိုက္တာေလ ’
သူ႕လက္ေမာင္းကိုဆြဲကိုင္ထားေသာ ညီမေလးကအခ်စ္ေဆးမိေနသူတစ္ေယာက္လိုပင္ သူ(မ)ရဲ႕ခင္ပြန္း ဟုေျပာရေတာ့မည့္ ေယာက်္ားတစ္ေယာက္အေၾကာင္းကို ေကာင္းေကာင္းႀကီး အမႊန္းတင္ေနသည္။
သူျမင္ေနရတဲ့ ညီမေလးရဲ႕ မ်က္ဝန္းေတြထဲမွာ ခ်စ္ရိပ္ေတြျပည့္လ်က္ မ်က္ႏွာကလည္း အၿပံဳးေတြေဝေနသည္။
‘ အင္းေလ လက္ထပ္ၿပီးၿပီဆိုမွေတာ့ ကိုကို ကဘာေျပာလို႔ရေတာ့မွာေတာ့လဲ ’
မဟုတ္လည္း ျပန္ျပင္လို႔မရေတာ့သည့္ ကိစၥမို႔ လူၾကားသူၾကားထဲ ဒီအေၾကာင္းကို ဆက္မေျပာေတာ့ဖို႔ သူဆံုးျဖတ္လိုက္သည္။ထက္ျမက္ေသာညီမေလးက အိမ္ေထာင္ဖက္ေရြးခ်ယ္ရာတြင္လည္း သင့္ေတာ္သူကို ေရြးခ်ယ္ခဲ့လိမ့္မည္ဟု သူယံုၾကည္ပါသည္။
‘ ေဟာ ဟိုမွာ ေမာင္ လာၿပီ ’
ညီမေလး ၫႊန္ျပသည့္ဘက္ကို သူလွမ္းၾကည့္လိုက္သည္။
ဘုရားေရ.....
သူ႕ခႏၶာကိုယ္ထဲမွာ စီးဆင္းေနသမွ်ေသြးေတြအားလံုး ဆက္မစီးဆင္းေတာ့ပဲ ရပ္ဆိုင္းသြားသလို ခံစားလိုက္ရသည္။
ေအးစက္ကာတုန္ယင္လာေသာ လက္ဖ်ားေျခဖ်ားေတြသည္ ႐ုတ္တရက္ႀကီး ကဆုန္ေပါက္လာေသာ သူ႕ႏွလံုးသားတစ္စံုလိုပင္ တည္ၿငိမ္မႈကင္းမဲ့လ်က္။
အခုျမင္ေနရသမွ် အရာရာတိုင္းကို သူ မယံုၾကည္လိုက္ခ်င္ပါ။ေၾကာင္ေတာင္ေတာင္ပင္ ေငးၾကည့္ေနမိသည့္ခဏ...
* ဂြၽန္ဂ်ံဳးဂု *
အလြန္ကိုတိုးညႇင္းလွစြာေသာ ေရရြတ္သံေလးက သူ႕ႏႈတ္ဖ်ားမွေန၍ ခ်ိနဲ႔စြာခုန္ဆင္းလာသည္။
ဆံပင္ေတြကို ႏွဖူးအေျပာင္လွန္သိမ္းကာ ေနာက္တြင္စုစည္းထားပါေသာ...
ေသသပ္ခန္႔ညားသည့္ မီးခိုးေရာင္ အေနာက္တိုင္းဝတ္စံုျပည့္ကို ဆင္ျမန္းကာ သူ႕ထံသို႔တစ္လွမ္းခ်င္းေလွ်ာက္လာပါေသာ...
ဒီလိုအေျခအေနနဲ႔ျပန္ေတြ႕ရလိမ့္မည္ဟု သူဘယ္တုန္းကမွ မေမွ်ာ္လင့္ထားခဲ့ဖူးေသာ...
တစ္ခါက သူေျပာခဲ့ဖူးသလို ဆံပင္ေတြအရွည္ထားကာ အေနာက္မွာစုစုစည္းၿပီး ကုမၸဏီလာတိုင္းသူျမင္ေအာင္ျပတတ္ပါသည့္ ေကာင္ေလးတစ္ေယာက္ကို သတိရမိေတာ့ သူ႕ရင္ထဲဆစ္ကနဲနာက်င္သြားရသည္။
‘ ကိုကို...ဒါ ညီမေလးရဲ႕ ခင္ပြန္း...ဂြၽန္ဂ်ံဳးဂု တဲ့။ညီမေလးနဲ႔ ရြယ္တူပဲ။ ’
‘ ေတြ႕ရတာ ဝမ္းသာပါတယ္...Hyung ’
ေဖာ္ေရြသလိုလိုျဖင့္ မထီတရိၿပံဳးျပလာေသာ ႏႈတ္ခမ္းတစ္စံုက သူ႕အား ေလွာင္ေျပာင္ေနသည့္ဟန္ အျပည့္။ထိုအၿပံဳးတစ္ခုႏွင့္ပင္ ဂြၽန္ဂ်ံဳးဂု ဘယ္ယုန္ကိုျမင္၍ ဘယ္ခ်ံဳကိုထြင္းႏွင့္ၿပီဆိုတာကို သူအားလံုးသေဘာေပါက္သြားခဲ့သည္။
သူအခုရင္ဆိုင္ေနရသည္ ဂြၽန္ဂ်ံဳးဂု သည္ အရင္ကလို စိတ္ျမန္လက္ျမန္ႏွင့္ အရာရာကို ေဒါသႏွင့္ေျဖရွင္းတတ္သည့္ လူငယ္ေလးမဟုတ္ေတာ့။ရင့္က်က္မႈႏွင့္အတူ ေသြးေအးေအးျဖင့္ ကလဲ့စားေခ်လိုစိတ္တို႔သာ ႀကီးစိုးေနသည့္ လူငယ္တစ္ေယာက္ ျဖစ္ေနႏွင့္ၿပီ။
* မင္း ရက္စက္ယုတ္မာလွခ်ည္လား *
သူ႕ပါးစပ္မွ ေယာင္ယမ္းကာ ထြက္မိေတာ့မလိုျဖစ္သြားရသည္။အခုအခ်ိန္ သူ႕မ်က္ႏွာက ေသြးမရိွသလို ျဖဴေလ်ာ္ေနမွာ က်ိန္းေသသည္။
‘ Hyung ကိုႀကိဳၿပီး အသိမေပးမိတဲ့အတြက္ ကြၽန္ေတာ္ကပဲ ဂ်ီယြန္းနီး အတြက္ပါေပါင္းၿပီး ေတာင္းပန္ပါတယ္ Hyung ’
ဒီလို ေသြးေအးၿပီးတည္ၿငိမ္တဲ့စကားလံုးေတြကို သူဘယ္အခ်ိန္ကတည္းကမ်ား သင္ယူတတ္ေျမာက္ခဲ့သည္တဲ့လဲ။
‘ ကြၽန္ေတာ္က ဂ်ီယြန္းနီး နဲ႔ေပါင္းၿပီး Hyung ကိုအံ့အားသင့္ေစခ်င္လို႔ပါ ’
ဂ်ီယြန္း ေျပာသည့္အံ့အားသင့္စရာဆိုသည္မွာ ဒီလိုျဖစ္ေၾကာင္းကို သူအေစာႀကီးကတည္းက ႀကိဳသိခဲ့လွ်င္ ဘယ္ေလာက္ေတာင္ေကာင္းလိမ့္မည္လဲ။အခုေတာ့ သူ႐ုတ္တရက္ႀကီး တိုက္ခိုက္ခံလိုက္ရသလို ခံစားရသည္။
ဂြၽန္ဂ်ံဳးဂု ရဲ႕အခုေျခလွမ္းေတြဟာ သူ႕ကိုကလဲ့စားေခ်ဖို႔သက္သက္သာျဖစ္ေၾကာင္း ရိပ္မိခ်ိန္တြင္သူ ညီမေလးကို သိပ္သနားမိသြားသည္။
လူယုတ္မာ....
‘ ကိုကို ’
အတန္ၾကာသည္အထိ တစ္ခြန္းမွ်ဝင္မေျပာဘဲ တိတ္ဆိတ္ေနသည့္သူလက္ေမာင္းအား ဂ်ီယြန္း ကစိုးရိမ္တႀကီးျဖင့္ ခပ္သာသာလႈပ္ယမ္းလာသည္။
‘ အိမ္ျပန္ၾကရေအာင္ ညီမေလး ’
အခုခ်ိန္မွာ သူအလိုက္ေလ်ာႏိုင္ဆံုးစကားက ဤမွ်သာလွ်င္ျဖစ္သည္။
ညီမေလးႏွင့္ ဂြၽန္ဂ်ံဳးဂု အားထားရစ္ကာ သူလွည့္ထြက္လာလိုက္သည္။
‘ Hyung လက္ခံလာေအာင္ ကိုတို႔ျဖည္းျဖည္းခ်င္း ႀကိဳးစားၾကတာေပါ့ ယြန္းနီးရယ္...စိတ္မေကာင္းမျဖစ္နဲ႔ေနာ္ ’
အႏူးညံ့ဆံုးေသာ ေလသံခ်ဳိခ်ဳိက သူ႕နားထဲသို႔ ခါးသီးစြာပင္အေျပးေလးဝင္ေရာက္လာေသးသည္။
ေခြယိုင္လဲခ်င္ေနသည့္ ေျခအစံုကို မရအရထိန္းရင္း သူဟန္မပ်က္ေအာင္ႀကိဳးစားၿပီး ေျခတစ္လွမ္းခ်င္းေလွ်ာက္ေနရသည္။
႐ုတ္တရက္ သတိရလိုက္မိသည္က...
သူေျပာခဲ့သည့္ ကိုယ္ပိုင္ဆိုင္ရမယ့္ ေနာင္တေတြဆိုတာ.....
Plot~~~
~~~~~
~~~Twist
ကိုယ့္ကို မုန္းတီးေနစိတ္ျဖင့္ ကလဲ့စားေခ်ခ်င္ေနသည့္ လူတစ္ေယာက္အား မသိဟန္ေဆာင္ကာ တစ္အိမ္တည္းအတူေနရျခင္းက သူ႕အတြက္ေတာ့ ဝဋ္ေႂကြးႀကီးလြန္းလွသည္။
သို႔ေသာ္ အရာရာသည္က ဂြၽန္ဂ်ံဳးဂု မွလုပ္ယူဖန္တီးထားေသာ အရာမ်ားေပမို႔ အေသးအမႊားေလးကအစ သူ႕အားအစီအစဥ္တက်ပင္ စိတ္ဒုကၡေပးလာသည္။
ဂြၽန္ဂ်ံဳးဂု ရဲ႕ပထမဆံုးေျခလွမ္းက ထိုေန႔ညထမင္းဝိုင္းမွာစသည္။
‘ ကိုကိုေရ ဗိုက္ဆာၿပီ။ကိုကိုႀကိဳက္တဲ့ ငါးေပါင္းေလးလုပ္ေပးထားတယ္။စားၾကေအာင္ ’
အေဒၚႀကီးႏွင့္အတူ ဟင္းလ်ာေတြအျမန္ျပင္ဆင္ေနေသာ ညီမေလးက အေတာ္ပင္ဗိုက္ဆာေနၿပီမွန္း သူရိပ္မိလိုက္သည္။
‘ ေမာင္ေရ ထမင္းစားၾကေအာင္ ’
ညီမေလးျပန္ေရာက္ၿပီးကတည္းက တစ္အိမ္လံုး ညီမေလးရဲ႕အသံေတြနဲ႔ခ်ည္း တစာစာျဖစ္ေနသည္။
‘ ေမာင္လည္း ဗိုက္ဆာေနတာ ယြန္းနီးရ။ဟာ... ေမာင္ႀကိဳက္တဲ့ ငါးေပါင္းပါလား။ယြန္းနီးေရ ေနာက္မွစားကြာ။ကို႔ကို ငါးေပါင္းအ႐ိုးႏႊင္ေပးဦး ’
‘ ဟာ ေမာင္ကလည္း ငါးကအ႐ိုးေတြပါ ႏူးေအာင္ေသခ်ာေလးကိုေပါင္းထားတာ။အ႐ိုးႏႊင္ဖို႔ မလိုဘူးေလ ’
ဇြန္း၊ခက္ရင္းကိုကိုင္ထားကာ စားဖို႔အသင့္ျဖစ္ေနပံုရေသာ ညီမေလးရဲ႕စကားေၾကာင့္ ဂ်ံဳးဂု ရဲ႕မ်က္ခံုးေတြက စိတ္႐ႈပ္သလို တြန္႔ေကြးသြားသည္။
‘ ယြန္းနီး ကလည္း...အ႐ိုးႏူးႏူး မႏူးႏူးကြာ။ေမာင္မွ အ႐ိုးမစားတတ္တာ။အရင္ႏႊင္ေပး။ၿပီးမွစား ’
တင္းမာလြန္းေသာ သူ႕အသံေၾကာင့္ ညီမေလးမ်က္ႏွာက ခ်က္ခ်င္းကိုညိႇဳးက်သြားသည္။
သူကေတာ့ ဂ်ံဳးဂု ရဲ႕ပထမဆံုးေျခလွမ္းကို ခ်က္ခ်င္းပင္ ရိပ္မိလိုက္သည္။
သူခ်စ္တဲ့ညီမေလးကို သူ႕ေရွ႕မွာပင္ တမင္သပ္သပ္ အႏိုင္ယူျပေနျခင္းသာျဖစ္သည္။
မ်က္စိမ်က္ႏွာပ်က္ေနေသာ ညီမေလးကို သူစိတ္မေကာင္းစြာသာၾကည့္လိုက္မိသည္။
‘ ညီမေလး ဗိုက္ဆာေနၿပီ။စားပါေစ။ငါးအ႐ိုး ကိုႏႊင္ေပးမယ္ ’
ကိုင္ထားေသာ ဇြန္းကိုခ်ကာ လက္ထေဆးဟန္ျပင္ေနသည့္ သူ႕ထံဖ်တ္ကနဲေရာက္လာပါေသာ မထိတရိအၾကည့္ေတြ။
မုန္းလိုက္တာ....
‘ ေက်းဇူးပဲ Hyung ဒါေပမယ့္ ဂ်ီယြန္းနီး ကကြၽန္ေတာ့္ဇနီး။သူႏႊင္ေပးတာပဲ ကြၽန္ေတာ္စားခ်င္တယ္ ’
‘ မင္း... ’
‘ အာ ေမာင္ ကအဲ့လိုပဲ ကိုကိုရဲ႕။အ႐ိုးဆိုရင္ သိပ္ေၾကာက္တာ။ႏူးႏူးမႏူးႏူး လံုးဝကိုမစားဘူး ’
ေဒါသထြက္သြားေသာ သူ႕အား ညီမေလးကလွမ္းတားကာ ၾကားဝင္သည္။အခုထက္ထိ ထမင္းပန္းကန္ကိုပင္ မထိရေသးေသာ ဂ်ံဳးဂု ကိုညီမေလးကပဲ အေလွ်ာ့ေပးလိုက္ရသည္။
‘ အ႐ိုးေတြက ဒီေလာက္ေတာင္ႏူးေနတဲ့ဟာကို ’
ခက္ရင္းျဖင့္ ငါးေပါင္းကိုေမႊေႏွာက္ရင္း သူေျပာေတာ့ ခပ္အက္အက္ရယ္သံတစ္ခုက တိုးညႇင္းစြာထြက္ေပၚလာသည္။
အသံပိုင္ရွင္ကို မ်က္ေမွာင္ကုတ္ကာၾကည့္မိေတာ့ ေအာင္ႏိုင္သူတစ္ေယာက္လို အၿပံဳးမ်ဳိးျဖင့္ သူ႕အားစီးမိုးၾကည့္ေနပါေသာ အၾကည့္ေတြႏွင့္ဆံုသည္။
‘ Hyung ဘာမွနားမလည္ပါဘူးဗ်ာ။အိမ္ေထာင္သည္ ျဖစ္လာမွေတာ့ ဒီလိုတာဝန္ေတြဆိုတာရိွလာမွာပဲ။ဒါေတြနားမလည္လို႔လည္း Hyung လူပ်ိဳႀကီးျဖစ္ေနတာ ’
အဆံုးသတ္မွာ ရယ္သလိုေမာသလိုျဖင့္ ေမွ်ာခ်သြားပါေသာ ဂ်ံဳးဂု ရဲ႕စကားေတြထဲတြင္ အသြားထက္တဲ့ ဓားအစင္းေပါင္းေျမာက္မ်ားစြာပါဝင္သည္။
သူ႕ကို ဘာမွ်မသိ၊ဘာမွ်နားမလည္ေသာ ခပ္တံုးတံုးလူတစ္ေယာက္လို အေျပာခံလိုက္ရသျဖင့္ သူဆတ္ဆတ္ခါ နာက်င္သြားရသည္။
သို႔ေသာ္...
အခုမွအိမ္ျပန္ေရာက္တဲ့ ညီမေလးေရွ႕တြင္ သူမ်က္ႏွာမပ်က္ခ်င္၍ ဘာမွမျဖစ္သလိုသာဟန္ေဆာင္ရင္း ထမင္းဝိုင္းမွ ထထြက္လာခဲ့သည္။
ေပၚတင္ႀကီးကို ခပ္က်ယ္က်ယ္ရယ္ေမာလာပါသည့္ ရယ္သံတစ္ခုကေတာ့ သူ႕ေနာက္ကိုတေစၧသရဲတစ္ေကာင္လို ကပ္ပါလာခဲ့ေသးသည္။
ညီမေလးကို ခ်စ္တဲ့စိတ္ႏွင့္ ငဲ့ညႇာစိတ္အတြက္နဲ႔ပင္ ပြဲဦးထြက္မွာ သူ ဂ်ံဳးဂု ကိုအ႐ံႈးေပးလိုက္ရသည္။
PLOT~~~
~~~~~
~~~TWIST
Original Novel - ‘ အိပ္မက္ထဲက ကာရံခ်ဳိ ’ by ‘ အိုစြမ္းျပည့္ ’ ❤
#update
#Thanks
-nonoe-
(Unicode)
လေးနှစ်ခန့်အကြာ....
တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်း နိုင်ငံတကာလေဆိပ်..
ဂျီမင်း အဝါရောင်နှင်းဆီပန်းစည်းခပ်သေးသေးလေးကိုကိုင်ရင်း လေဆိပ်ထဲမှာ ထိုင်စောင့်နေသည်။
' ကိုကို
၇ ရက်နေ့ ညီမလေးပြန်လာမယ် '
စာရေးရမှာ အလွန်ပျင်းသော ညီမလေးက ပြန်လာတော့မည့်အကြောင်းကို ခပ်တိုတိုမေးလ်တစ်စောင်သာ ရေးပို့ပြီး သူ့ကိုလာကြိုစေသည်။
' ညီမလေးပြန်လာရင် ကိုကို အရမ်းကိုအံ့အားသင့်သွားမှာ '
မေးလ်ထဲမှာ နောက်ဆက်တွဲပါလာသည့် စာတစ်ကြောင်းကြောင့်လည်း သူအခုစိတ်တွေလှုပ်ရှားနေသည်။ငယ်ငယ်ကတည်းက သွက်သွက်လက်လက်ချက်ချက်ချာချာရှိသော ဂျီယွန်း ကသူ့ကိုအမြဲ အံ့ဩအောင်၊ဝမ်းသာအောင် လုပ်ဖို့တော့ ဝါသနာပါသည်။
အခုတစ်ခေါက်လည်း ဘာတွေလုပ်လာဦးမည်မသိ။
/ လေယာဉ်ဆိုက်ပြီ /
လေဆိပ်ထဲမှ လာကြိုသည့်သူတွေ လှုပ်လှုပ်ရွရွဖြစ်သွားမှ သူလည်းသတိပြန်ဝင်လာသည်။
ညီမလေး ဂျီယွန်း...
ရှုပ်ယှက်ခတ်နေသော လူအုပ်ကြားထဲတွင် အနီရောင်ဂါဝန်တောက်တောက်လေးနှင့် ညီမလေးကို သူထင်းနေအောင်မြင်လိုက်ရပါသည်။
' ဂျီယွန်းနီး !! '
သူလှမ်းအော်တော့ ညီမလေးက ဝမ်းသာအားရဖြင့် လက်ဝှေ့ယမ်းပြကာ သူ့ထံမပြေးရုံတမယ်လျှောက်လာသည်။
' ကိုကို '
သူ့နားအရောက် ကမ်းလင့်ပေးထားသော လက်မောင်းနှစ်ဖက်ကြား အပြေးလေးဝင်ရောက်ခိုလံှုကာ သူ့အားဖက်တွယ်လာပါသော ညီမလေး။
ဂျီယွန်းနီး လေးထွားလာလိုက်တာ။
လွန်ခဲ့တဲ့ ခုနှစ်နှစ် ညီမလေး အထက်တန်းပြီးကတည်းက Australia မှာကျောင်းသွားတက်ကာ ဘွဲ့ရပြီး ထိုမှာပဲကုမ္ပဏီတစ်ခုတွင် လုပ်ငန်းအတွေ့အကြုံနှစ်နှစ်ယူပြီးနောက် ကိုရီးယားသို့ပြန်ရောက်လာသော ညီမငယ်။
' Welcome Home ညီမလေး '
အဝါရောင်နှင်းဆီပန်းစည်းလေးကို လက်ထဲထည့်ပေးတော့ ကလေးတစ်ယောက်လိုပြုံးကာ ပန်းစည်းကိုရင်ခွင်ထဲပိုက်ပြီး တရံှု့ရံှု့နမ်းသည်။ဂျီယွန်း ကမေမေနဲ့တူတာကြောင့် အဝါရောင်နှင်းဆီတွေကိုလည်း ချစ်သည်။
' ညီမလေး အထုပ်တွေရော '
အိတ်လေးတစ်လုံးကိုသာ လက်မှာချိတ်ထားတာကို သတိထားမိ၍ သူမေးကြည့်တော့ ညီမလေးရဲ့မျက်နှာမှာ ပန်းသွေးနုနုတွေယှက်ဖြာသွားသည်။
' အထုပ်တွေကို မောင်သွားရွေးတယ် ကိုကို '
' ဘယ်လို!! '
မောင် ဟူသောအသုံးအနှုန်းကြောင့် သူညီမလေးမျက်နှာကို ထိတ်လန့်စွာကြည့်လိုက်မိသည်။
' ညီမလေး တောင်းပန်ပါတယ် ကိုကို။ကိုကို့ကို မတိုင်ပင်ပဲ ညီမလေးချစ်သူနဲ့ အရင်အပတ်ကပဲ လက်ထပ်လိုက်ပြီ '
' ပတ်ဂျီယွန်း!! '
သူထိတ်လန့်စွာ အော်မိတော့ ညီမလေးရဲ့ကိုယ်လေးကတုန်ကနဲ။ဒီတစ်ခေါက် ညီမလေးသယ်ဆောင်လာသော အံ့အားသင့်စရာကိစ္စကတော့ သူ့ကိုအမှန်ပင်ပြောစရာစကားဆိတ်သုဉ်းသွားစေသည်။ပျက်ယွင်းနေသော မျက်နှာထားဖြင့် ညီမလေးက သူ့ကိုခပ်တိုးတိုးပြောသည်။
' ညီမလေးလည်း အစကကိုကိုနဲ့အရင်တိုင်ပင်ဦးမလို့ပဲ။ဒါပေမယ့် မောင်ကကိုကိုသဘောမတူမှာစိုးတယ်ဆိုလို့ ဘုရားကျောင်းမှာပဲ အရင်လက်ထပ်ထားလိုက်တာ ကိုကို '
ကြည့်စမ်း။အဲ့လူက ထက်မြက်တဲ့ ညီမလေးကိုတောင် အလွယ်တကူဖျားယောင်းနိုင်ခဲ့တယ်ပေါ့။
ဘာစကားတစ်ခွန်းမှမပြောနိုင်ပဲ ခပ်တောင့်တောင့်သာရပ်နေနိုင်သည့် သူ့အားကြည့်ရင်း ခဏအကြာမှာတော့ ညီမလေးက ရယ်ကျဲကျဲဖြင့် သူ့လက်မောင်းကိုလာဆွဲသည်။
‘ မောင် ကညီမလေးအလုပ်လုပ်တဲ့ ကုမ္ပဏီမှာပဲလုပ်တာ ကိုကိုရဲ့။ဘော့စ်ကဆို သူ့ကိုသိပ်သဘောကျတာ။အလုပ်ကိုမခိုမကပ်ဘဲ စေတနာထားပြီးလုပ်လို့တဲ့။မောင် ကလည်း အလုပ်တစ်ကယ်ကြိုးစားတာကိုး။အခုတောင် ဘော့စ်ကမောင့်ကိုဦးဆောင်ခိုင်းပြီး မြန်မာပြည်မှာ branch တစ်ခုဖွင့်ဖို့ လွှတ်လိုက်တာလေ ’
သူ့လက်မောင်းကိုဆွဲကိုင်ထားသော ညီမလေးကအချစ်ဆေးမိနေသူတစ်ယောက်လိုပင် သူ(မ)ရဲ့ခင်ပွန်း ဟုပြောရတော့မည့် ယောကျ်ားတစ်ယောက်အကြောင်းကို ကောင်းကောင်းကြီး အမွှန်းတင်နေသည်။
သူမြင်နေရတဲ့ ညီမလေးရဲ့ မျက်ဝန်းတွေထဲမှာ ချစ်ရိပ်တွေပြည့်လျက် မျက်နှာကလည်း အပြုံးတွေဝေနေသည်။
‘ အင်းလေ လက်ထပ်ပြီးပြီဆိုမှတော့ ကိုကို ကဘာပြောလို့ရတော့မှာတော့လဲ ’
မဟုတ်လည်း ပြန်ပြင်လို့မရတော့သည့် ကိစ္စမို့ လူကြားသူကြားထဲ ဒီအကြောင်းကို ဆက်မပြောတော့ဖို့ သူဆုံးဖြတ်လိုက်သည်။ထက်မြက်သောညီမလေးက အိမ်ထောင်ဖက်ရွေးချယ်ရာတွင်လည်း သင့်တော်သူကို ရွေးချယ်ခဲ့လိမ့်မည်ဟု သူယုံကြည်ပါသည်။
‘ ဟော ဟိုမှာ မောင် လာပြီ ’
ညီမလေး ညွှန်ပြသည့်ဘက်ကို သူလှမ်းကြည့်လိုက်သည်။
ဘုရားရေ.....
သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေသမျှသွေးတွေအားလုံး ဆက်မစီးဆင်းတော့ပဲ ရပ်ဆိုင်းသွားသလို ခံစားလိုက်ရသည်။
အေးစက်ကာတုန်ယင်လာသော လက်ဖျားခြေဖျားတွေသည် ရုတ်တရက်ကြီး ကဆုန်ပေါက်လာသော သူ့နှလုံးသားတစ်စုံလိုပင် တည်ငြိမ်မှုကင်းမဲ့လျက်။
အခုမြင်နေရသမျှ အရာရာတိုင်းကို သူ မယုံကြည်လိုက်ချင်ပါ။ကြောင်တောင်တောင်ပင် ငေးကြည့်နေမိသည့်ခဏ...
* ဂျွန်ဂျုံးဂု *
အလွန်ကိုတိုးညှင်းလှစွာသော ရေရွတ်သံလေးက သူ့နှုတ်ဖျားမှနေ၍ ချိနဲ့စွာခုန်ဆင်းလာသည်။
ဆံပင်တွေကို နှဖူးအပြောင်လှန်သိမ်းကာ နောက်တွင်စုစည်းထားပါသော...
သေသပ်ခန့်ညားသည့် မီးခိုးရောင် အနောက်တိုင်းဝတ်စုံပြည့်ကို ဆင်မြန်းကာ သူ့ထံသို့တစ်လှမ်းချင်းလျှောက်လာပါသော...
ဒီလိုအခြေအနေနဲ့ပြန်တွေ့ရလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးသော...
တစ်ခါက သူပြောခဲ့ဖူးသလို ဆံပင်တွေအရှည်ထားကာ အနောက်မှာစုစုစည်းပြီး ကုမ္ပဏီလာတိုင်းသူမြင်အောင်ပြတတ်ပါသည့် ကောင်လေးတစ်ယောက်ကို သတိရမိတော့ သူ့ရင်ထဲဆစ်ကနဲနာကျင်သွားရသည်။
‘ ကိုကို...ဒါ ညီမလေးရဲ့ ခင်ပွန်း...ဂျွန်ဂျုံးဂု တဲ့။ညီမလေးနဲ့ ရွယ်တူပဲ။ ’
‘ တွေ့ရတာ ဝမ်းသာပါတယ်...Hyung ’
ဖော်ရွေသလိုလိုဖြင့် မထီတရိပြုံးပြလာသော နှုတ်ခမ်းတစ်စုံက သူ့အား လှောင်ပြောင်နေသည့်ဟန် အပြည့်။ထိုအပြုံးတစ်ခုနှင့်ပင် ဂျွန်ဂျုံးဂု ဘယ်ယုန်ကိုမြင်၍ ဘယ်ချုံကိုထွင်းနှင့်ပြီဆိုတာကို သူအားလုံးသဘောပေါက်သွားခဲ့သည်။
သူအခုရင်ဆိုင်နေရသည် ဂျွန်ဂျုံးဂု သည် အရင်ကလို စိတ်မြန်လက်မြန်နှင့် အရာရာကို ဒေါသနှင့်ဖြေရှင်းတတ်သည့် လူငယ်လေးမဟုတ်တော့။ရင့်ကျက်မှုနှင့်အတူ သွေးအေးအေးဖြင့် ကလဲ့စားချေလိုစိတ်တို့သာ ကြီးစိုးနေသည့် လူငယ်တစ်ယောက် ဖြစ်နေနှင့်ပြီ။
* မင်း ရက်စက်ယုတ်မာလှချည်လား *
သူ့ပါးစပ်မှ ယောင်ယမ်းကာ ထွက်မိတော့မလိုဖြစ်သွားရသည်။အခုအချိန် သူ့မျက်နှာက သွေးမရှိသလို ဖြူလျော်နေမှာ ကျိန်းသေသည်။
‘ Hyung ကိုကြိုပြီး အသိမပေးမိတဲ့အတွက် ကျွန်တော်ကပဲ ဂျီယွန်းနီး အတွက်ပါပေါင်းပြီး တောင်းပန်ပါတယ် Hyung ’
ဒီလို သွေးအေးပြီးတည်ငြိမ်တဲ့စကားလုံးတွေကို သူဘယ်အချိန်ကတည်းကများ သင်ယူတတ်မြောက်ခဲ့သည်တဲ့လဲ။
‘ ကျွန်တော်က ဂျီယွန်းနီး နဲ့ပေါင်းပြီး Hyung ကိုအံ့အားသင့်စေချင်လို့ပါ ’
ဂျီယွန်း ပြောသည့်အံ့အားသင့်စရာဆိုသည်မှာ ဒီလိုဖြစ်ကြောင်းကို သူအစောကြီးကတည်းက ကြိုသိခဲ့လျှင် ဘယ်လောက်တောင်ကောင်းလိမ့်မည်လဲ။အခုတော့ သူရုတ်တရက်ကြီး တိုက်ခိုက်ခံလိုက်ရသလို ခံစားရသည်။
ဂျွန်ဂျုံးဂု ရဲ့အခုခြေလှမ်းတွေဟာ သူ့ကိုကလဲ့စားချေဖို့သက်သက်သာဖြစ်ကြောင်း ရိပ်မိချိန်တွင်သူ ညီမလေးကို သိပ်သနားမိသွားသည်။
လူယုတ်မာ....
‘ ကိုကို ’
အတန်ကြာသည်အထိ တစ်ခွန်းမျှဝင်မပြောဘဲ တိတ်ဆိတ်နေသည့်သူလက်မောင်းအား ဂျီယွန်း ကစိုးရိမ်တကြီးဖြင့် ခပ်သာသာလှုပ်ယမ်းလာသည်။
‘ အိမ်ပြန်ကြရအောင် ညီမလေး ’
အခုချိန်မှာ သူအလိုက်လျောနိုင်ဆုံးစကားက ဤမျှသာလျှင်ဖြစ်သည်။
ညီမလေးနှင့် ဂျွန်ဂျုံးဂု အားထားရစ်ကာ သူလှည့်ထွက်လာလိုက်သည်။
‘ Hyung လက်ခံလာအောင် ကိုတို့ဖြည်းဖြည်းချင်း ကြိုးစားကြတာပေါ့ ယွန်းနီးရယ်...စိတ်မကောင်းမဖြစ်နဲ့နော် ’
အနူးညံ့ဆုံးသော လေသံချိုချိုက သူ့နားထဲသို့ ခါးသီးစွာပင်အပြေးလေးဝင်ရောက်လာသေးသည်။
ခွေယိုင်လဲချင်နေသည့် ခြေအစုံကို မရအရထိန်းရင်း သူဟန်မပျက်အောင်ကြိုးစားပြီး ခြေတစ်လှမ်းချင်းလျှောက်နေရသည်။
ရုတ်တရက် သတိရလိုက်မိသည်က...
သူပြောခဲ့သည့် ကိုယ်ပိုင်ဆိုင်ရမယ့် နောင်တတွေဆိုတာ.....
Plot~~~
~~~~~
~~~Twist
ကိုယ့်ကို မုန်းတီးနေစိတ်ဖြင့် ကလဲ့စားချေချင်နေသည့် လူတစ်ယောက်အား မသိဟန်ဆောင်ကာ တစ်အိမ်တည်းအတူနေရခြင်းက သူ့အတွက်တော့ ဝဋ်ကြွေးကြီးလွန်းလှသည်။
သို့သော် အရာရာသည်က ဂျွန်ဂျုံးဂု မှလုပ်ယူဖန်တီးထားသော အရာများပေမို့ အသေးအမွှားလေးကအစ သူ့အားအစီအစဉ်တကျပင် စိတ်ဒုက္ခပေးလာသည်။
ဂျွန်ဂျုံးဂု ရဲ့ပထမဆုံးခြေလှမ်းက ထိုနေ့ညထမင်းဝိုင်းမှာစသည်။
‘ ကိုကိုရေ ဗိုက်ဆာပြီ။ကိုကိုကြိုက်တဲ့ ငါးပေါင်းလေးလုပ်ပေးထားတယ်။စားကြအောင် ’
အဒေါ်ကြီးနှင့်အတူ ဟင်းလျာတွေအမြန်ပြင်ဆင်နေသော ညီမလေးက အတော်ပင်ဗိုက်ဆာနေပြီမှန်း သူရိပ်မိလိုက်သည်။
‘ မောင်ရေ ထမင်းစားကြအောင် ’
ညီမလေးပြန်ရောက်ပြီးကတည်းက တစ်အိမ်လုံး ညီမလေးရဲ့အသံတွေနဲ့ချည်း တစာစာဖြစ်နေသည်။
‘ မောင်လည်း ဗိုက်ဆာနေတာ ယွန်းနီးရ။ဟာ... မောင်ကြိုက်တဲ့ ငါးပေါင်းပါလား။ယွန်းနီးရေ နောက်မှစားကွာ။ကို့ကို ငါးပေါင်းအရိုးနွှင်ပေးဦး ’
‘ ဟာ မောင်ကလည်း ငါးကအရိုးတွေပါ နူးအောင်သေချာလေးကိုပေါင်းထားတာ။အရိုးနွှင်ဖို့ မလိုဘူးလေ ’
ဇွန်း၊ခက်ရင်းကိုကိုင်ထားကာ စားဖို့အသင့်ဖြစ်နေပုံရသော ညီမလေးရဲ့စကားကြောင့် ဂျုံးဂု ရဲ့မျက်ခုံးတွေက စိတ်ရှုပ်သလို တွန့်ကွေးသွားသည်။
‘ ယွန်းနီး ကလည်း...အရိုးနူးနူး မနူးနူးကွာ။မောင်မှ အရိုးမစားတတ်တာ။အရင်နွှင်ပေး။ပြီးမှစား ’
တင်းမာလွန်းသော သူ့အသံကြောင့် ညီမလေးမျက်နှာက ချက်ချင်းကိုညှိုးကျသွားသည်။
သူကတော့ ဂျုံးဂု ရဲ့ပထမဆုံးခြေလှမ်းကို ချက်ချင်းပင် ရိပ်မိလိုက်သည်။
သူချစ်တဲ့ညီမလေးကို သူ့ရှေ့မှာပင် တမင်သပ်သပ် အနိုင်ယူပြနေခြင်းသာဖြစ်သည်။
မျက်စိမျက်နှာပျက်နေသော ညီမလေးကို သူစိတ်မကောင်းစွာသာကြည့်လိုက်မိသည်။
‘ ညီမလေး ဗိုက်ဆာနေပြီ။စားပါစေ။ငါးအရိုး ကိုနွှင်ပေးမယ် ’
ကိုင်ထားသော ဇွန်းကိုချကာ လက်ထဆေးဟန်ပြင်နေသည့် သူ့ထံဖျတ်ကနဲရောက်လာပါသော မထိတရိအကြည့်တွေ။
မုန်းလိုက်တာ....
‘ ကျေးဇူးပဲ Hyung ဒါပေမယ့် ဂျီယွန်းနီး ကကျွန်တော့်ဇနီး။သူနွှင်ပေးတာပဲ ကျွန်တော်စားချင်တယ် ’
‘ မင်း... ’
‘ အာ မောင် ကအဲ့လိုပဲ ကိုကိုရဲ့။အရိုးဆိုရင် သိပ်ကြောက်တာ။နူးနူးမနူးနူး လုံးဝကိုမစားဘူး ’
ဒေါသထွက်သွားသော သူ့အား ညီမလေးကလှမ်းတားကာ ကြားဝင်သည်။အခုထက်ထိ ထမင်းပန်းကန်ကိုပင် မထိရသေးသော ဂျုံးဂု ကိုညီမလေးကပဲ အလျှော့ပေးလိုက်ရသည်။
‘ အရိုးတွေက ဒီလောက်တောင်နူးနေတဲ့ဟာကို ’
ခက်ရင်းဖြင့် ငါးပေါင်းကိုမွှေနှောက်ရင်း သူပြောတော့ ခပ်အက်အက်ရယ်သံတစ်ခုက တိုးညှင်းစွာထွက်ပေါ်လာသည်။
အသံပိုင်ရှင်ကို မျက်မှောင်ကုတ်ကာကြည့်မိတော့ အောင်နိုင်သူတစ်ယောက်လို အပြုံးမျိုးဖြင့် သူ့အားစီးမိုးကြည့်နေပါသော အကြည့်တွေနှင့်ဆုံသည်။
‘ Hyung ဘာမှနားမလည်ပါဘူးဗျာ။အိမ်ထောင်သည် ဖြစ်လာမှတော့ ဒီလိုတာဝန်တွေဆိုတာရှိလာမှာပဲ။ဒါတွေနားမလည်လို့လည်း Hyung လူပျိုကြီးဖြစ်နေတာ ’
အဆုံးသတ်မှာ ရယ်သလိုမောသလိုဖြင့် မျှောချသွားပါသော ဂျုံးဂု ရဲ့စကားတွေထဲတွင် အသွားထက်တဲ့ ဓားအစင်းပေါင်းမြောက်များစွာပါဝင်သည်။
သူ့ကို ဘာမျှမသိ၊ဘာမျှနားမလည်သော ခပ်တုံးတုံးလူတစ်ယောက်လို အပြောခံလိုက်ရသဖြင့် သူဆတ်ဆတ်ခါ နာကျင်သွားရသည်။
သို့သော်...
အခုမှအိမ်ပြန်ရောက်တဲ့ ညီမလေးရှေ့တွင် သူမျက်နှာမပျက်ချင်၍ ဘာမှမဖြစ်သလိုသာဟန်ဆောင်ရင်း ထမင်းဝိုင်းမှ ထထွက်လာခဲ့သည်။
ပေါ်တင်ကြီးကို ခပ်ကျယ်ကျယ်ရယ်မောလာပါသည့် ရယ်သံတစ်ခုကတော့ သူ့နောက်ကိုတစေၧသရဲတစ်ကောင်လို ကပ်ပါလာခဲ့သေးသည်။
ညီမလေးကို ချစ်တဲ့စိတ်နှင့် ငဲ့ညှာစိတ်အတွက်နဲ့ပင် ပွဲဦးထွက်မှာ သူ ဂျုံးဂု ကိုအရံှုးပေးလိုက်ရသည်။
PLOT~~~
~~~~~
~~~TWIST
Original Novel - ‘ အိပ်မက်ထဲက ကာရံချို ’ by ‘ အိုစွမ်းပြည့် ’ ❤
#update
#Thanks
-nonoe-