ထဆုဢးမဲ့ချစ်ခြင်း (Endless Lo...

By reselda_

64.5K 3.3K 46

Singkrist....... πŸ’™πŸ’™SkπŸ’™πŸ’™ Peraya..........❀❀❀ More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-21(First KissπŸ’‹πŸ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kissπŸ’‹)
Part-33(Mwah mwah😘)
Part-34(Anniversary πŸ’–πŸ’–)
Part-35(Love=Love)
Part-36
Part-37
Part-38πŸ’œπŸ’œ
Part-39(πŸ’™πŸ’™)
Part-40(πŸ’šπŸ’š)
Part-41(πŸ’›πŸ’›)
Part-42(πŸ’–πŸ’–)
Part-43(SWEET LOVE)
Part-44(πŸ’žπŸ’žπŸ’ž)
Part-45(πŸ’πŸ’)
Part-46(πŸ’•πŸ’•)
Part-47(πŸ’žπŸ’ž)
Part-48(πŸ’ŸπŸ’Ÿ)
Part-49(πŸ’šπŸ’šπŸ’š)
Part-50(πŸ’πŸ’)
Part-51(πŸ’–πŸ’–)
Part-52(πŸ’˜πŸ’˜)
Part-53(EndπŸ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-20(Baby kit's Jealous On his P'Sing)

1K 53 0
By reselda_

ဒီနေ့က ကျွန်တော်ပထမဦးဆုံး အလုပ်လုပ်ရမယ့်နေ့ စိတ်လှုပ်ရှားလိုက်တာ....ကျောင်းဆင်းတာနဲ့ တခါတည်း သွားရမယ်...လုပ်ရမယ့်နေရာကိုလည်း Newကပို့ထား ပီးပီဆိုတော့အားလုံးOkပီ....ကျောင်းဝတ်စုံကိုဝတ် ဆံပင်ကိုသေသေချာချာ ပုံသွင်း လွယ်အိတ်လွယ်ပီး ကျောင်းကိုထွက်လာခဲ့တယ်....aww မေ့နေတာ ညနေတခါတည်းတန်းသွားမယ်ဆိုတာ အကို့ ကိုမပြောရခဲ့ဘူးဘဲ ဖုန်းဆက်ပီးပြောထားဦးမှ တော်ကြာ စိတ်ပူနေဦးမယ်.....

တီ...တီ..တီ..

"Hello "

"Hello ကိုကြီး "

"ကျောင်းမသွားသေးဘူးလား Sing"

"အခု လမ်းမှာရောက်နေပီ...ကိုကြီးကိုပြောပြစရာရှိလို့"

"အွန်း ပြောလေ.."

"ဟို....ကျောင်းဆင်းတာနဲ့ ကျွန်တော် အလုပ်ကိုတန်း သွားမလို့ အဲ့တာ ကျွန်တော့်ကိုမစောင့်နေနဲ့ ပီးတာနဲ့ ချက်ချင်းတန်းပြန်လာခဲ့မယ်"

"Awwဟုပါပီ....ကံကောင်းပါစေနော်ညီလေး~~~"

"ဟုတ် ကိုကြီး"

ကျွန်တော့်အကို ကတော့လေ ကျွန်တော့်ကိုအခုချိန်ထိ ကလေးလို့ဘဲထင်နေသေးပုံဘဲ phပြောတာတောင် အသံကတုန်ပီး ကျွန်တော့်ကိုစိတ်မချ ဖြစ်နေတဲ့ ပုံဘဲ ကျွန်တော်ကမငယ်တော့ပါဘူး လူကြီးဖြစ်နေပါပီနော့😁ဖတ်နေတဲ့သူတွေက ပိုသိတယ်မဟုလား😄
----------------------------------------------------------
ကျွန်တော် ဒီနေ့ကျောင်းကိုအစောကြီးရောက်နေမိတယ် ညကဘာလို့လဲမသိ တော်တော်နဲ့အိပ်မပျော်ဘူး😅😅 အတန်းထဲမှာထိုင်ရင်း ဘာမှလုပ်စရာမရှိတာနဲ့ အခန်းထဲ ဝင်လာသမျှလူတွေကိုဘဲ ကြည့်နေလိုက်တယ်.....ခဏကြာတော့
OMG!!!!သူ...သူလာနေပီ...... ဘသူလို့ထင်လဲ
ကျွန်တော့်နဖူးကို အလစ်သုတ်ပီး နမ်းသွားတဲ့လူကြီး Singto Prachya...ဘလိုလုပ်ရမလဲ....သူ့ကိုမြင်တာ နဲ့ မနေ့ညနေက ကိစ္စကိုပြန်တွေးမိပီး လူကထိုင်ရမလို ထရမလိုနဲ့ သူငါ့ကိုမနေ့ကအနမ်းနဲ့ပတ်သက်ပီး ရယ် မလားမသိဘူး ငါသူ့ကိုမျက်နှာချင်းမဆိုင်ချင်ဘူး... ဟူး အခန်းထဲကနေထွက်သွားရမလား....aww စားပွဲ
အောက်ထဲဝင်နေလိုက်ရင် ကောင်းမလားမသိဘူး🙄🙄🤔
ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတော့ စားပွဲအောက် ထဲ ဝင်နေတုန်း

"Kristဘာလုပ်နေတာလဲ စားပွဲအောက်မှာ ကုန်းကုန်း ကွကွနဲ့.... "

ကျွန်တော့်ဘေးကNewက ကျွန်တော်ဘာဖြစ်နေမှန်း သိချင်လို့ သူ့ခုံကနေ ခေါင်းငုံ့ပီးမေးလာတယ်

" အယ်...ဘာမှမလုပ်ပါဘူး...ဘောပင်ကျသွားလို့ ရှာတာ"

ကျွန်တော်လည်း သွားအစွမ်းကုန်ဖြီးပီး Newကိုပြန် ဖြေတဲ့အချိန် Singကလည်း Newအရှေ့မှာ ရပ်ပီး ကျွန်တော့်ကို ကြည့်နေတယ်လေ

"တွေ့လား မင်းဘောပင်"

"မတွေ့ဘူး...ဟီးဟီး"

"Kitကိုယ့်ဘောပင်ယူမလား....ကိုယ့်မှာအပိုပါသေး
တယ်"

"ဟင်...ရတယ်...မယူတော့ဘူးရှိတယ်😅😅"

ဟင်...ခုမှSingကိုသေချာကြည့်မိတယ်...အံမယ် ဆံပင် တောင်သေချာပုံသွင်းထားတာဘဲ...ဝတ်ထားတာလည်း စမတ်ကျနေတာဘဲ....ဒီနေ့ကြည့်ရတာ အရင်နေ့က ထက် ပိုကြည့်ကောင်းနေသလိုဘဲ😮😮

ဒုတ်!!!

"အ😰"

"ရလား kit တော်တော်နာသွားလား"

"ရ..ရတယ်"

အားးး နာလိုက်တာနော်....ကောင်းတယ် အငမ်းလွန်ပီး ထတော့ စားပွဲခုံစောင်းနဲ့တိုက်မိပီ...သေစမ်းKrist ဒီလူကြီးကို အဲ့လောက်ထိ ငမ်းပလိုက်ရလား😥"

ကျွန်တော်လည်း အရှက်ပြေ ရယ်ပြလိုက်ပီး အင်္ကျီတွေသေချာဆွဲချ ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်

"Sing...မင်းဒီနေ့သွားမှာလား"

"အွန်း...သွားမှာလေ ကျောင်းဆင်းတာနဲ့တခါတည်း သွားမှာ"

အစက singကို Newမေးတဲ့ မေးခွန်းကိုနားမလည်ဘူး နောက်Singပြန်ဖြေတော့မှ သတိရတယ်...ဟုသား ဒီနေ့Singအလုပ် လုပ်ရမှာဘဲ

" ငါနဲ့သိတဲ့သူဆိုတော့ ငါလည်း မင်းအကြောင်း ပြောပြထားတယ် အဲ့ဆိုင်ရှင်က သဘောလည်းကောင်း တယ် မင်းကလည်းစေ့စပ်သေချာတယ့်သူဆိုတော့ သူနဲ့အဆင်ပြေမှာပါ...သူကလည်းအသက်အရမ်းမကြီး
သေးဘူး ငါတို့ထက်နဲနဲဘဲ အသက်ကြီးတာ.....ငါ့အဒေါ် နဲ့လည်းတော်တော်ခင်တယ်......မင်းကိုသူသဘောကျမှာပါ😉"

"Aww..ဟုလား အဲ့တာဆိုကောင်းတာပေါ့ ငါလည်း ဒီနေ့မှ ပထမဦးဆုံး လုပ်ရမယ့်နေ့ဆိုတော့လေ နဲနဲတော့ စိတ်လှုပ်ရှားနေတယ်....ကိုယ့်ကိုယ်ကို ကြည့်ကောင်းအောင်လည်းနဲနဲလုပ်ခဲ့ရသေးတယ်.😅
ကျေးဇူးတင်တယ်နော် Newမင်းအလုပ်ရှာပေးတဲ့ အတွက်"

"ရပါတယ်ကွာ မလိုပါဘူးသူငယ်ချင်းတွေဘဲ ဒါနဲ့ မင်းက အမြဲတမ်းကြည့်ကောင်းနေပါတယ်ကွ"

"ဟားဟား...တော်ပီတော်ပီမမြှောက်နဲ့တော့ ဆရာလာ နေပီ"

ဟွန့်.....ဘာလို့များဒီနေ့ပိုကြည့်ကောင်းနေလဲမှတ်တယ်
အလုပ်သွားရမှာ မိုလို့တဲ့ အဲ့လောက်တောင် ကြည့်ကောင်းအောင် ပြင်လာရမယ်လို့ ဘယ်အလုပ်ရှင်ကများ ပြောခဲ့သလဲမသိဘူး အခုပုံစံက ဒီလောက်စမတ်ကျနေတာ အလုပ်သွားမှာနဲ့မတူဘူး ရှိုးပွဲသွားမယ့်သူကျနေတာဘဲ....ဒီလောက်ထိ ကြည့်ကောင်းအောင်နေဖို့လိုလား....ဆိုင်ရှင်ကိုကြွေအောင်လုပ်ချင်နေတယ်ထင်တယ်...အလကား ဒီအဖိုးကြီး သူများတွေအာရုံစိုက်အောင် နေနေတာ ဒီပုံစံနဲ့ ကျောင်းလာတာ လမ်းမှာ ကျောင်းကမိန်းကလေး တွေဘနှယောက်လောက်ငမ်းပီးပီလဲမသိဘူး........
သူ့ကိုယ်သူ ဆော်ကြည်ဘဲတအားလုပ်ချင်နေတယ် လုပ်လည်းဘသူမှမကြည့်ဘူး....😏😏😏😏
-------------------------------------------------------------
ကျွန်တော်နဲ့New စကားပြောပီးရယ်မောနေတော့ Krist မျက်နှာက အလိုမကျတဲ့မျက်နှာနဲ့ ဘာဖြစ်တာလဲ မနေ့ကကိစ္စကြောင့် ကျွန်တော့်ကိုစိတ်ခုနေတာလား ဟော...အခုလည်းကြည့် နေ့လည်ကျောင်းခဏ ဆင်းတဲ့အချိန်မှာ ရုတ်တရက်ကြီးဝိုင်းဒိုင်းထပီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ အခန်းထဲ ကနေထွက်သွားတယ်လေ အခန်းထဲကလူတွေကလည်း ဘာဖြစ်လို့လဲဆိုပီး လိုက်ကြည့်နေကြတယ်လေ တော်သေးတာပေါ့ ဒါတောင်အခန်းထဲမှာ လူနည်းနည်း ဘဲရှိလို့...... ကျွန်တော်လည်း တခုခုဖြစ်မှာစိုးလို့ kitနောက်ကနေ ပြေးလိုက်သွားလိုက်တယ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်တော်စဉ်းစားရင်း စဉ်းစားရင်းပိုပိုပီး စိတ်တို လာတယ် ဒီလူကြီး ဘာအချိုး ချိုးတာလဲ မနေ့က သူ့ကျွန်တော့်ကိုနမ်းသွားတာ ဒီနေ့ကျသူမဟုတ်တဲ့ အတိုင်းဘဲ....အဟက်..အလကားလူကြီး...ကျွန်တော်က ဘဲရှက်ပီး နေစရာမရှိဖြစ်နေရတယ်လို့ သူတောင်ဘာမှမဖြစ်ဘဲ အခုလို ကြည့်ကောင်းနေအောင် ဝတ်စားပီးပြင်ဆင်လာတာ ကျွန်တော်က ဘာဖြစ်ရမှာတုန်း အတန်းထဲကမိန်းကလေးအားလုံးနီးပါးကလည်း မျက်လုံး တွေက Singဆိဘဲရောက်နေကြတယ် သရေကျမတတ် ငမ်းနေကြတာ ငမ်းမှာပေါ့ အဲ့အဖိုးကြီးက ကြည့်ကောင်းအောင်ပြင်လာတာကိုး😏😏
ကျွန်တော်ဘဲ မျက်နှာသစ်တာတောင် သူနမ်းထားတာ လေးပျက်မှာစိုးလို့ အဲ့နေရာလေးကို မျက်နှာတောင်မ သစ်ရက်တာ သူကတော့ဘာမှမဖြစ်တဲ့ပုံပါဘဲ ဟွန့် Kristတဲ့ တKristဘဲရှိတယ် ဟင်ဆိုလှည့်မကြည့်ဘူး သူတောင်ဘာမှမဖြစ်တာ ငါလည်းအေးဆေးဘဲ စိတ်တိုပီး အခန်းထဲကနေထွက်လာလိုက်တာ အခုမှကြည့်မိတယ် ကျွန်တော် ရောက်နေတာ သန့်စင်ခန်းဘဲ အဆင်ပြေသွားတာပေါ့ ဒီနဖူးကအနမ်းကို ဖျက်ပစ်ရမယ်....ကျွန်တော်လည်းရေဖွင့်ပီး နဖူးကိုရေဆေးမလို့ လုပ်နေတုန်း

"Kit~~~"

"ပြော!!!!"

ဟွန့် အဘိုးကြီး အခုကျမှဘာလာလုပ်မှန်းမသိဘူး ကျွန်တော်လည်းသူ့ကို အမြင်ကတ်တဲ့ပုံစံနဲ့ကြည့်ရင်း ဘုဆက်ဆက်ပြောလိုက်တယ်

"ဟမ်!!!ဟို ကိုယ်က kitတခုခုဖြစ်နေတာလားလို့ ဆိုပီး လိုက်ကြည့်တာ"

"မလိုပါဘူး...ဘာမှလည်းမဖြစ်ဘူး... သွားတော့!!!"

ကျွန်တော်Singမျက်နှာကိုကြည့်ရင်း ဒေါသတွေက ပိုထွက်လာတယ် ဘာမှမသိတဲ့ပုံနဲ့လာမေးနေတာကို ကျွန်တ်ာကလည်းဒေါသထွက်ပီဆိုရင် ထိန်းချုပ်ရခက်တဲ့ သူလေ

"Kitဒီလောက်ထိ စိတ်တိုနေတာ ဘာကို ဘာမှမဖြစ်ရမှာ လဲ...ပြော..kitဘာကိုစိတ်တိုနေတာလဲ"

ကျွန်တော့်ကိုkitသက်သက်လိမ်နေတာ ဒီလောက် စိတ်တို ပီးကျွန်တော့်ကိုအော်ပြောနေတာတောင် စိတ်မတိုဘူး ပြောနေသေးတယ်

"သိချင်တယ်ပေါ့ ဟုလားSingto Prachaya"

"အွန်း"

ဟွန့် ဒီလောက်သိချင်နေတယ်ပေါ့ ဟုလား သိချင်တော့လည်း ပြောပြရမှာပေါ့😏😏😏

"ဒီမှာ Sing ကျွန်တော့်ကို ဘလိုထင်နေတာလဲ မနေ့ကဘာမပြော ညာမပြောနဲ့ ကျွန်တော့်နဖူးကိုနမ်း သွားတယ် ဒီနေ့တော့ ကျောင်းလာတာ မနေ့က ကျွန်တော့်ကိုဘာမှမလုပ်ခဲ့သလိုပါလား...ဘာတုန်း ကျွန်တော့်ကို ဘာလုပ်လုပ်ရတယ်ဆိုပီး ကစားသွားတာလား ဟင်!!!!! ဟဟ မထင်ထားဘူး တော်တော်ကိုမျက်နှာပြောင်တာဘဲနော် ဒါတောင် အလုပ်သွားမယ်ဆိုပီး ကျောင်းကိုရှိုးစမိုးနဲ့လာ တယ်ပေါ့ အဟက်...ကိုယ့်ကိုယ်ကိုမင်းသားထင်နေလား Singto Prachaya...သူများတွေကြည့်တာ တော်တော် ကို ခံချင်နေတယ်ပေါ့ အဲ့လိုကြည့်တာကို တော်တော်ကျေနပ်နေတယ်ပေါ့ ဟုလား ပြောပါဦး
P'Singto Prachaya😣😣😣😡😡"

ကျွန်တော်လည်း ပြောချင်တာပြောလိုက်ရလို့ အခုမှ ရင်ထဲနဲနဲပေါ့သွားတယ်....ဒါတောင်စိတ်ထဲမှာမကျေနပ် သေးဘူး

ဟားဟား....ကျွန်တော့်အရှေ့က အကောင်ပေါက် လေးက ကျွန်တော့်ကိုစိတ်တိုနေတယ်ပေါ့ ပီးတော့ သူ ပြောတဲ့စကားထဲမှာ ကျွန်တော့်ကိုသဝန်တိုပီးပြောတဲ့ စကားတွေလည်းပါတယ်.....ကျွန်တော့်ကို ဒေါသတွေထွက်ပီး ပြောဆိုနေတဲ့ကောင်လေးကိုကြည့် ရင်း စိတ်တွေထိန်းမရတော့ဘူး....
ငါနော်... ..... 😰😰😰

"Hrr....ဘာလုပ်တာလဲ"

ရုတ်တရက်ကြီး အရှေ့တိုးလာပီး လက်ကိုလာဆွဲတယ် ပြီးတော့ လူလွတ်နေတဲ့ အိမ်သာခန်းထဲဆွဲခေါ်လာပီး တံခါးကိုချက်ချလိုက်တယ် ပီးတာနဲ့ ကျွန်တော့်ကိုတံခါးနံရံမှာ ကပ်ပီး ထွက်ပြေးလို့မရအောင်သူ့လက်နှစ်ဖက်နဲ့ ကျွန်တော့်တဖက်တချက်စီမှာထောက်ထားတယ်
ခုနက ဒေါသထွက်နေတာ တောင် ဘယ်နားကို
ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပီလဲမသိဘူး...
Singအခုဘာလုပ်ဖို့ ကြိုးစားနေတာလဲ...ဒီလို အခန်းကျဉ်းကျဉ်း အိမ်သာခန်းလေးထဲမှာလေ...😨😨

"S..sing~~ကျွန်တော့်ကိုဘာလုပ်မလို့လဲ ခဗျားကြီး နော် မယုတ်မာရဘူး😩😩"

ကျွန်တော့်ရှေ့မှာ အထိတ်တလန့်နဲ့ကြောက်နေတဲ့ kit ပုံစံကိုကြည့်ပီး ခုနကပြောနေတာ သူမဟုတ်ခဲ့တဲ့အတိုင်း ဘဲ....စိတ်တိုလို့နီနေတဲ့မျက်နှာလေးက အခုပိုတောင်နီရဲ နေပီ.......ကျွန်တော်လည်း သူ့ကိုစချင်တာနဲ့ kitမျက်နှာ နားတိုးကပ်သွားပီး....လေသံတိုးတိုးလေးနဲ့ မေးလိုက်တယ်

"ကိုယ်ဘာလုပ်မယ်ထင်လဲ kit~~~"

အမလေး....မျက်နှာနားကပ်ပီးသူ့အသက်ရှူသံပြင်းပြင်း ကြီးနဲ့ပြောလိုက်တာကျောထဲတောင်အေးစိမ့်သွား တာဘဲ...ဘာကို ဘာလုပ်မယ်ထင်လဲမေးနေတာတုန်း ဗုဒ္ဓေါ....သူအခု ငါ့ကိုဘာလုပ်ဖို့ကြံစည်😱😱😱 !!!!!!!!ဒိလိုနေရာကြီးမှာ မဖြစ်ဘူး!!!!

"Singနော် မယုတ်မာနဲ့ ကျွန်တော်ထိုးမှာနော်😣"

ကျွန်တော့်ရှေ့မှာ လက်သီးလေးတရွယ်ရွယ်နဲ့kitကို ကြည့်ပီး အသဲတွေယားပီး ရယ်ချင်မိတယ် မရယ်ရက်ပါဘူး သူလေးစိတ်ဆိုးသွားဦးမယ်.....
ငါနော်စိတ်ရှိတိုင်းသာဆို ဒီအကောင်ပေါက်လေးကို ပါးစပ်ထဲထည့်ပီးငုံထားပလိုက်ချင်တယ်
ချိုလိုက်မယ့်ဖြစ်ခြင်း😋😋😋

"ကိုယ်က စတာပါkitရယ်....ကိုယ့်ကိုစိတ်မဆိုးပါနဲ့ မနေ့ကကိစ္စကိုကိုယ်မသိသလိုနေတယ်ဆိုတာကလည်း kitကိုအားနာလို့ပါkitရှက်သွားမှာစိုးလို့ပါ ကိုယ်လည်း ဘာမှမဖြစ်ဘဲမနေပါဘူး တညလုံး သွားစိမရအောင် ပြုံးဖြီးနေတာလေ😅ပီးတော့ကျောင်းလာတာ အရမ်း ကြီးပြင်လာတာလည်းမဟုတ်ပါဘူး ဒီနေ့ကပထမဦးဆုံးနေ့ဆိုတော့ စိတ်လှုပ်ရှားနေလို့နဲနဲလေး ပြင်ဆင်မိတာပါ....ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်...နော်လို့"

ကျွန်တော်Singရဲ့တောင်းပန်စကားကိုကြားတော့လည်း နဲနဲစိတ်ဆိုးပြေမိတယ်ပီးတော့ အားနာမိတယ်ကျွန်တော် ကတအားစိတ်ဆိုးနေတဲ့ပုံဖြစ်သွားတယ်လေ...အခုပုံစံက ချစ်သူရည်းစားတွေစိတ်ဆိုးလို့ ပြန်ချော့နေတဲ့ ပုံစံနဲ့ ဟင်😨😨😨ငါဘလိုတွေးမိလိုက်တာလဲ Singကို ချစ်သူရည်းစားလို့တောင်တွေးပလိုက်တာလား
သေလိုက်တော့kristမင်းသေလို့ရပီ😫😫😫

"အဟမ်း!!!!မဆိုး..မဆိုးတော့ဘူး...ရပီနော် အခု ထွက်လို့ရပီလား~~~~"

"ကိုယ်ကဘာမှမလုပ်ရသေးဘူး.....ဘယ်ဟာကို ထွက်ပေးရမှာလဲ😄😄😄"

"Hum!!😲😲Sing မမိုက်ရိုင်းနဲ့နော် ကျွန်တော်ပြောတာက ဒီအခန်းထဲက ထွက်လို့ရပီလားလို့ပြောတာ"

"ဟားဟား...ကိုယ်ကစတာပါkitရယ်....ထွက်လို့ရပီနော် ဟဲဟဲ😁😁"

"😏😏😏နေဦး...မထွက်နဲ့ဦး ကျွန်တော်အရင်ဆုံး ထွက်မယ် သူများမြင်ရင်မကောင်းဘူး"

တခါးပေါက်ကနေအပြင်ကိုချောင်း ....လူရှင်းတယ်လို့ ပြောပီး အိမ်သာခန်းထဲကနေ လုံးနေအောင်ပြေးထွက် သွားတဲ့လိပ်ပေါက်လေးကိုကြည့်ပီး ကျွန်တော်ဘဲ အသဲတယားယားနဲ့ကျန်ခဲ့တယ်....ဒီကောင်လေး ကျွန်တော့်သမာဓိအားတွေစမ်းနေတာ အကြိမ်ပေါင်း မနည်းတော့ဘူး...ကျွန်တော်ကလည်း စိတ်ကိုမနဲ ထိန်းထားရတယ်နော်....ကျွန်တော့်နာမည်ကိုကSingtoတဲ့ ငါနော်.....စိတ်မထိန်းနိုင်တဲ့ တနေ့ကျရင်တော့ မတွေးရဲစရာတွေဖြစ်တော့မှာဘဲ...ဟင်းဟင်း......😏😏😏😋😋😋😋

တဖက်မှာလည်း Krist Perawatတယောက် သန့်စင်ခန်းကနေ အမောတကော ပြေးလာတာ အတန်းထဲရောက်မှ သူ့ခမျာ အမောဖြေနိုင်တော့တယ် အမယ်လေး...ငါနော်...ခြင်္သေ့စာဖြစ်တော့မလို့ ကံကောင်းပေလို့ တော်ပီတော်ပီ နောက်ဆို အဲ့ခြင်္သေ့ ကိုခုနကလိုသွားမပြောတော့ဘူး မဟုတ်ရင် ခြင်္သေ့စာဖြစ်ရင်ဖြစ် ဒါမှမဟုရင် ကျွန်တော် နှလုံးခုန်ရပ်ပီးသေသွားနိုင်တယ်😧😧😧
လူက မောလို့အမောဖြေနေပါတယ်ဆို Newပြော လိုက်တဲ့စကားကြောင့် လူက ပိုပီးအမောဆို့ သွားသလိုဘဲ

"ဟေ့ kristဘာဖြစ်တာတုန်း အမောတကောနဲ့ မသိရင် မင်းကိုခွေးလိုက်လို့ ပြေးလာတဲ့အတိုင်းဘဲ😮😮"

"ခွေးလိုက်တာမဟုဘူးဟေ့...ခြင်္သေ့လိုက်တာကွ.....နော် မင်းသူငယ်ချင်း kristခြင်္သေ့ဂူထဲဝင်မိတော့မလို့ကွ သိပီလား😏😏"

ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ Newကိုပြော ပလိုက်တယ်...တကယ်ဘဲမေးတတ်တယ် ခွေးလိုက် တာလားတဲ့...ဟော....ခြင်္သေ့ကြီးအခန်းထဲကို ဝင်လာပါ ပီရုပ်ကိုက အောင်နိုင်သူရုပ်နဲ့.... ဟွန့်..အေးပေါ့လေ ကျွန်တော်က သူ့အစာဖြစ်တော့မလိုဆိုတော့လည်း သူအဲ့လိုနေနိုင်မှာပေါ့...😒😒😒

ဟဲဟဲ အခန်းထဲဝင်လိုက်တာနဲ့ ကျွန်တော့်ရဲ့ကလေးကို တန်းတွေ့တာဘဲ ရင်ဘတ်လေးနိမ့်ချည် မြင့်ချည်နဲ့ အသက်ကိုအမောတကောရှူနေတာလေးက ဆွဲကိုက် ပစ်ချင်စရာ😋.....ကျွန်တော်လည်း kitကိုစချင်တာနဲ့ kitဘေးနားကNewကိုစကားသွားပြောလိုက်တယ်

"ဟေ့ Newငါတို့အတန်းထဲကိုလေ လိပ်ပေါက်လေးတ ကောင် လုံးလုံးလေးနဲ့လေ အမောတကောပြေးဝင်လာ တာမတွေ့ဘူးလား😁😁"

"Hum!!!လိပ်.. ဘာလိပ်တုန်း အတန်းထဲမှာ ဘာလိပ်ရှိ လို့တုန်း Singရ"

ဟုသားဘဲ Newပြောတာမှန်တယ်Singကဘယ်လိပ် ကို ပြောတာတုန်း....ပီးတော့ လိပ်က အမောတကော ပြေး ဝင်လာတယ်ဆိုတော့ကာ.. 😑😑😑ဟမ်.......
ခြင်္သေ့စုတ်!!! ငါ့ကိုလိပ် လို့ပြောလိုက်တာဘဲ ဟွန့် လုံးလုံးလေးဆို တော့ မသိရင်ငါက ဝတုတ်နေတာကျနေတာဘဲ.....
ငါ့ကိုများ လိပ်တဲ့ငါကဘယ်နေရာကများ လိပ်နဲ့တူနေလို့လဲ😣😣😣

"မင်းတို့ နှစ်ယောက်ကြားမှာငါရူးချင်လာပီ...တယောက် ကလည်း ခြင်္သေ့လိုက်လို့တဲ့...နောက်တယောက်က လည်း လိပ်ပြေးဝင်လာတာတဲ့ ဘာတွေပြောနေကြတာတုန်းကွာ 😵😵😵"

ဟာ....အဲ့ဆိုkitက ကျွန်တော့်ကို ခြင်္သေ့လို့ပြောတာပေါ့ အယ်..ဟုသားကျွန်တော့်နာမည်ကSingtoလေ ခြင်္သေ့ ပေါ့ ဟားဟား.....😂😂😂ချစ်ဖို့ကောင်းလိုက်တာကွာ

"မသိရင်လည်း မသိသလိုနေတော့ Newရာ😆😆😆"

ကျွန်တော်လည်း Newကိုကြည့်ပီးရယ်ချင်မိတယ် သူ့ခ မျာ ကျွန်တော်တို့နှစ်ယောက်ပြောတာကို ဘာမှမသိဘဲ ကြောင်တောင်တောင်လေးနဲ့ kitကိုကြည့်တော့လည်း မျက်နှာကိုနီရဲနေတာဘဲ သူ့ကိုလိပ်ပေါက်လို့ပြောလိုက် တာမကျေနပ်လို့ထင်တယ်....လိပ်ကလေး....... ကျွန်တော့်ရဲ့လိပ်ပေါက်လေး🐢🐢🐢 ကျွန်တော်ကလည်း kitစိတ်ဆိုးမှန်းသိရဲ့သားနဲ့ဒီလိုမျိုး စရတာ ပျော်တယ်kitရဲ့ စိတ်ဆိုးလို့နီရဲလာတဲ့ မျက်နှာ လေးနဲ့ ဆူပီးထော်လာတဲ့ နှုတ်ခမ်းလေးကိုကြည့်ရတာ ဘလောက်အရသာရှိလဲ ဘသူမှသိမှာမဟုဘူး......😋
အခုဖတ်နေတဲ့ သူတွေရော သိကြလို့လား😁
ကျေးဇူးတင်ပါတယ်Kitရယ်...ကိုယ်ဒီနေ့ လုပ်ရမယ့်အလုပ်အတွက်အားအင်တွေကို kitဆီကနေ ရတဲ့ကိုယ့်ပျော်ရွှင်မှုတွေကနေ ရလိုက်ပီ......ကျွန်တော် ထင်ပါတယ်...ကျွန်တော့် လိပ်ပေါက်လေးကြောင့် ကျွန်တော်လုပ်ရမယ့် အလုပ်တွေအကုန်လုံး အဆင်ပြေနေမှာပါ😊😊😊😊
_______________________________________
(အဆင်ပြေကြရဲ့လားအသဲလေးတွေရေ နောက်နေ့ မှkitလေးရဲ့ Jealous 2လာမယ်နော်.....ficကိုဖတ် ရတာကြိုက်ရောကြိုက်ကြရဲ့လား....
အသဲလေးတွေကို ဆီးချိုဖြစ်အောင် အချိုကျွေးချင်ပေမယ့် ဇင်ဇင်က မရေးတတ်ဘူးဖြစ်နေတယ်....အချိုမကြိုက်ရင်လည်း ပြောကြနော်အသဲလေးတွေ..အခါးပြောင်းပေးမယ်😁.Good Nightပါ🌃)

Continue Reading

You'll Also Like

686 106 6
α€„α€½α€±α€™α€»α€€α€Ία€”α€Ύα€¬α€•α€²α€€α€Όα€Šα€·α€Ία€α€²α€·Harutoα€†α€­α€―α€α€²α€·α€€α€±α€¬α€„α€Ία€œα€±α€Έα€”α€²α€· α€˜α€α€€α€­α€―α€•α€±α€«α€·α€•α€±α€«α€·α€•α€«α€Έα€•α€«α€Έα€–α€Όα€α€Ία€žα€”α€Ία€Έα€α€²α€·Asahiα€†α€­α€―α€α€²α€·α€€α€±α€¬α€„α€Ία€œα€±α€Έ တစ်နေ့မှာ ထကြွေးဆပ်ဖို့ Haruto ထိမ်ကို Asahi α€›α€±α€¬α€€α€Ία€žα€½α€¬α€Έ...
619K 37.7K 102
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
5.7K 611 18
My 4th sukhoon fiction β™‘ We're just friends, What are you saying?
You'e mine By GG

Fanfiction

39.9K 2.7K 23
Gxxodβ€’β€’β€’β€’β€’β€’α€€α€ΆαΎα€€α€™αΌα€¬α€‘α€œα€­α€―α€α€­α€―α€„α€Ήα€Έ ဖြစ်စေရမှာပေါ့ Bas‒‒‒‒‒‒ကျွန်တော်ထမုန်းဆဢုး ကခင်ဗျားကိုပဲ