အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...

By Arr_Sheng

1.8M 186K 35.7K

This story book presented by Zawgyi & UNICODE. #Zawgyi ေသမိန္႔က်ၿပီး လူတစ္ေယာက္၏ ေနာက္ဆုံးဆႏၵ #UNICODE သေမိန့... More

Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng

EP-41

26.3K 3.1K 534
By Arr_Sheng

"ဘယ္လိုျဖစ္တာလဲ ဆရာသမား ... ၾကာသာမုိႀကိဳ လူေစာင့္ၿပီး ၀င္လာပါ့လား"

အခန္းထဲ ၀င္လာေသာ သူကို ေျပာရင္း လက္က စားပဲြေပၚမွာ တင္ထားေသာ ကိုယ့္ဖုန္းေလးကို အျမန္ဆဲြယူၿပီး ဂ်ဴတီကုတ္ထဲ ထည့္လိုက္သည္။

ေငြေၾကးတတ္ႏုိင္ေသာ အထက္တန္းစားလူနာမ်ား၏ ကိုယ္ေရးအခ်က္အလက္ကို မေပါက္ၾကားေအာင္ လုံလုံၿခံဳၿခံဳ ထိန္းသိမ္း ကုသတတ္သည့္ ဤေၾကးႀကီးေဆး႐ုံမွာ ေငြအားကိုးႏွင့္ထင္တုိင္းႀကဲေသာ လူခ်မ္းသာ ဂိလာနေတြက ဆရာ၀န္ေတြကိုႏုိင္စားစၿမဲ။

ကားေသာ့ကုိ စားပဲြေပၚ အသာအယာတင္ၿပီး မ်က္မွန္ကို ဆဲြခၽြတ္လိုက္ေသာ အႏွီလူနာသည္ ခါတုိင္းထက္ ပုိယဥ္ေက်းေနသည္။ ေ႐ွ ႔တည့္တည့္မွာ ထုိင္ေနေသာ ဆရာ၀န္ကို မၾကည့္၊ ေဆး႐ုံအခန္းကို ဟိုေ၀့ဒီေ၀့ၾကည့္ေနသည္က အခုမွ ဒီအခန္းကို သူစေရာက္ဖူးသည့္အတုိငး္။

ေအးေလ ... ႀကိမ္ဖန္မ်ားစြာ ဒီကို ေရာက္ဖူးေပမဲ့ အရင္အႀကိမ္ေတြမွာ ေအးေအးေဆးေဆးထုိင္ဖို႔ ေ၀းလာေ၀း။

ေ၀ဒနာေၾကာင့္ ေအာ္ဟစ္ေသာငး္က်န္းကာ ေဆး႐ုံတစ္ခုလုံးကို ေျဗာင္းဆန္ေအာင္ ေသာငး္က်န္းသူ၊ သူေတာငး္သည့္ ေဆးမေပးလို႔ အခန္းထဲက ပစၥည္းေတြကုိ ကိုင္ေပါက္ဖ်က္စီးသူ၊ သူ႔ေ၀ဒနာကို သက္သာလာေအာင္ မကုသေပးႏိုင္သည့္ ဒီဆရာ၀န္ကို ဆဲဆို႐ိုင္းစိုင္းသူ။

လာခဲ့သည့္အေခါက္တုိငး္ လူနာ႐ွင္တစ္ဦးတစ္ေယာက္မွ မပါေသာ္လည္း စိတ္တုိငး္က် ၀ုန္းဒုိင္းႀကဲၿပီးလွ်င္ အေနာက္မွာ သုညေတြမ်ားစြာနဲ႔ ခ်က္လက္မွတ္တစ္ေစာင္ေရးၿပီး ေလ်ာ္ေၾကးေပးတတ္ေသာ လူနာ။

ဘယ္ေတာ့မွ ဆရာ၀န္စကားကုိ အေရးတယူ အေလးမထားသည့္ လူနာသည္ ရက္ခ်ိန္းကိုလည္း မွန္မွန္မလာပါ။ သူလာခ်င္သည့္အခ်ိန္ လာသည္။ ေရာက္လာလွ်င္လည္း ေ႐ွ ႔မွာ လူနာဘယ္နေယာက္႐ွိ႐ွိ အခန္းထဲ ၀ုန္းဒုိင္း ၀င္လာၿပီး ဆရာ၀န္အား ေပါက္ကြဲေသာသူ။ သူေ၀ဒနာ သည္းမခံႏုိင္ေအာင္ ဖိစီးလွ်င္ ဒီဆရာ၀န္ဆီလာ ျပသနာ႐ွာတတ္သည္။ သူေနသာသ၍ေတာ့ ေယာင္လို႔မေပၚလာပါ။

ထုိသုိ႔ေသာ လူနာသည္ အခုအႀကိမ္မွာ အလွည့္က် တုံကင္ကုိ သည္းခံေစာင့္စားၿပီး အခန္းထဲ ေအးေအးခ်မ္းခ်မ္း ၀င္လာသည္ဆိုကတည္းက အင္မတန္ ထူးျခားေသာ ထူးျခားျဖစ္စဥ္။

အခန္းထဲကို အခ်ိန္ယူ မ်က္လုံးကစားၿပီးမွ ဒီဆရာ၀န္ဆီ မ်က္လုံးေ၀့လာသည္။ တည့္တည့္ၾကည့္လိုက္ပုံက လူကို မေနတတ္ေအာင္။

ဘုရား ဘုရား .. ဒီတစ္ခါ ေသြးေအးေအးနဲ႔ ကိစၥက ပုိႀကီးမည္ထင္သည္။

စူး႐ွ႐ွ သူ႔အၾကည့္ေတြၾကား ကုိယ္သာ လူနာကုတင္ေပၚ ေျပးလွဲလိုက္ခ်င္ေတာ့သည္။ ထိုလူနာ  စကားတစ္ခြန္းေျပာဖို႔ ဆရာ၀န္ကို ထုိမွ်ေလာက္ တေလးတစား အခ်ိန္မဆြဲတတ္ပါ။

"ခြဲစိတ္လို႔ ရဦးမလား"

"ဗ်ာ!"

"ခြဲစိတ္မယ္၊ 10%ျဖစ္ျဖစ္ အခြင့္အေရး႐ွိမယ္ဆိုရင္ေတာင္ ခဲြစိတ္ပါ့မယ္၊ အသက္သာ ထပ္႐ွင္ခြင့္ရမယ္ဆိုရင္ ..."

"မျဖစ္ႏုိင္ပါဘူး၊ အခန္႔မသင့္ရင္ ခြဲေနရင္း ေသဆုံးသြားႏုိင္ပါတယ္၊ ခဲြၿပီးရင္လည္း လူေကာင္းပကတိျပန္ျဖစ္မယ္လို႔ လုံး၀အာမ မခံပါဘူး၊ တစ္သက္လုံး သစ္ပင္လူသားျဖစ္သြားႏုိင္တယ္၊ အခ်ိန္မမွီေတာ့ဘူး"

မတတ္ႏိုင္။ မျဖစ္ႏုိင္တဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ လူနာအားတက္ေအာင္ မုသားေတြ သီကုံးကာ မႏွစ္သိမ့္ခ်င္ေတာ့ပါ။ ႐ိုက္သတ္သြားပါေစဦး ေရာဂါအေျခအေနကို အ႐ွိအ႐ွိအတုိင္း ျဖစ္စဥ္အား ပြင့္ပြင့္လင္းလငး္ ေျပာရမည္။

အထူးသျဖင့္ မၾကာေသာအခ်ိန္မွာ မလဲြမေသြ ေသျခင္းတရားကို ရင္ဆိုင္ရမည့္ ေသမိန္႔က်ၿပီး ဒီလူနာကို မေသခင္အခ်ိန္ပုိင္းမွာ သူလုပ္ခ်င္တာသာ လုပ္ဖုိ႔ အခြင့္ေပးလိုက္ခ်င္သည္။ ေသရမည့္အတူတူ ေဆး႐ုံေပၚမွာပဲ အခ်ိန္မကုန္ေစခ်င္ပါ။

လူနာသည္ ဆက္ေျပာသည့္စကားတို႔ကို ပင့္မ တစ္႐ႈိက္ႏွင့္အတူ ထိန္းသိမ္းလိုက္ပုံပါပင္။ ေရာဂါဖိစီးမႈ ႔ေၾကာင့္ ျဖဴသထက္ျဖဴေလာ့်လာေသာ္လည္း ႐ုပ္မပ်က္ေသး၊ ႐ုပ္ခံ႐ွိသူေတြမ်ား ေသြးမ႐ွိသလို ျဖဴဆုတ္ေနတာပင္ ဆဲြေဆာင္မႈ ႔တစ္ခုလိုျဖစ္ေနေသးသည္။

အခန္းထဲ ယာယီ တိတ္ဆိတ္မႈ ႔ပ၀ါပါး ၿခံဳလႊမ္းသြားသည္။

ထုိလူနာသည္ စကားလုံးတို႔ကို ထိန္းခ်ဳပ္ရင္း ၀င္သက္ထြက္သက္ပါ ထိန္းခ်ဳပ္လိုက္ေလသလား၊ အသက္႐ႈသံခပ္မွ်င္းမွ်င္းကိုပင္ မၾကားရေခ်။

လူနာစိတ္အေျခအေနက အရင္အႀကိမ္ေတြထက္ ပိုဆုိးႏိုင္ေခ်႐ွိ၍ ေဘးကင္းရန္ ထိုင္ခုံေနရာက အကင္းပါးပါး အရင္ ထ ေပးၿပီး အခန္းေထာင့္တစ္ေနရာမွာ လြတ္ရာလြတ္ေၾကာငး္ ရပ္ေနလိုက္သည္။

"စားပဲြေပၚက ပစၥည္းေတြက မနက္ခငး္ကမွ သန္႔႐ွင္းေရးညီမေလး ေသခ်ာစနစ္တက် စီထားေပးခဲ့တာ၊ လက္နဲ႔တစ္ခါတည္း တုိက္ခ်လိုက္ရင္ ေက်နပ္ဖို႔ေကာင္းေအာင္ အားလုံးလြင့္စင္သြားမွာပါ၊ ဗီဒိုက မွန္လည္း အသစ္ျပန္ကပ္ထားတာ၊ ဒီပန္းေျခာက္ထည့္ထားတဲ့ ေၾကြအိုးေလးနဲ႔သာ ပစ္ေပါက္လိုက္ရင္ အသံေကာင္းေကာင္းထြက္လာၿပီး အစိတ္စိတ္အမႊာမႊာ ကြဲသြားမွာပါ ... စိတ္တုိင္းက် ဖ်က္စီးေသာင္းက်န္းလုိက္ပါ"

ေအာက္ႏႈတ္ခမ္းကို ခဲကိုက္ထားေသာေၾကာင့္ ေသြးစို႔တတ္လာသည္။ ထိန္းခ်ဴဳပ္မႈ႔ေတြေၾကာင့္ လည္ပင္းေၾကာေထာင္တတ္ကာ နားထင္ေၾကာထင္းလာသည္။ မ်က္ေတာင္မခတ္ပါပဲ မထိန္းႏုိင္ေတာ့ေသာ မ်က္ရည္ၾကည္ေပါက္တို႔သည္ ပါးျပင္ေပၚ မႏွေျမာတတ္သည့္အလား ရက္ရက္ေရာေရာ စီးကူးလာသည္။  

တံခါးႏွစ္ခ်ပ္ လွပ္ထားေသာ အခန္းျပတင္းေပါက္မွ မနက္ခင္းေနေရာင္ျခည္သည္ ေဆးနံ႔သင္းေနေသာ ေဆး႐ုံခန္းထဲ ျဖန္႔ကူး၀င္ေရာက္ေနသည္။

ေနျခည္ေအာက္ ေနေရာင္ဟပ္ေနေသာ အျဖဴေကာင္ေလးသည္ ၿငိမ္သက္ေနပါေသာ္လည္း ကိုယ္ေပၚက အက်ႌျဖဴဳခပ္ပြပြက ေလအသြဲ ႔တြင္ ပိန္ပါးပါးကုိယ္ႏွင့္ ကင္းကြာကာ ေ၀့ရမ္းလႈပ္ခါသြားသည္ကို ေနေရာင္၏ သူ႔ကုိယ္ထဲ ထိုးေဖာက္မႈ ႔ေၾကာင့္ အရိပ္သ႑ာန္ ေတြ႔ေနရသည္။

တိတ္တဆိတ္ ၀မ္းနည္းမ်က္ရည္က်ေနသည္က ၀ိဥာဥ္ျဖဴတစ္ေကာင္အလား။ တိတ္ဆိတ္ျခငး္ကို အေဖာ္ျပဳကာ ရပ္ၾကည့္ေနရသူအဖို႔ ေျခာက္ျခားမႈ ႔ႏွင့္အတူ ရင္ထဲ မေကာင္းမိ။

ေသခ်ာပါသည္ ... အိပ္မေပ်ာ္သည့္ညေတြမွာ ဒီ၀ိဥာဥ္ျဖဴေလး၏ ဒီသ႑ာန္က ကိုယ့္ကို ေျခာက္လွန္႔ေနပါလိမ့္မည္။

ထိုင္ေနရာက မတ္တပ္ရပ္လာသည္။ ထို႔ေနာက္ ကုိယ္႐ွိရာဘက္ကို ၾကည့္သည္။ မ်က္လုံးက ကုိယ့္ကို ၾကည့္လ်က္ ေျခလွမ္းတစ္လွမ္းခ်င္းက ကိုယ့္အနား ေလွ်ာက္လာသည္။

၀ဲပ်ံတက္လာမည့္ လက္သီးလုံးကို အသင့္ခံယူရန္ မ်က္လုံးစုံမွိတ္ေပးလိုက္သည္။ ေသခါနီးလူနာႏွင့္ ဆရာ၀န္က နပန္းဖက္မလုံးခ်င္ပါ။ မေသခင္ သူတို႔စိတ္ဆႏၵကုိ လြတ္လပ္စြာ ေပါက္ကြဲခြင့္ျပဳလိုက္သည္က ဆရာ၀န္ဆိုသည္ထက္ လူလူခ်ငး္စာနာေသာ အၾကင္နာတရား။

မ်က္လုံးကို က်စ္က်စ္ပါေအာင္ မွိတ္ထားေသာ ကုိယ့္ေ႐ွ ႔တြင္ အထက္ေအာက္ ယပ္ေတာင္တစ္ခ်က္ ခပ္လိုက္သလို ေလဟပ္သြားသည္။ ကုိယ့္မ်က္ႏွာကို ပြတ္တိုက္သြားသည္မဟုတ္ပါဘဲ ကိုယ့္ေ႐ွ ႔မွ အထက္ ေအာက္ကုိ က်သြားသည့္ အ႐ွိန္တစ္ခု၏ ေလလမ္းေၾကာင္း။

မ်က္လုံးမရဲတရဲ ဖြင့္ေသာအခါ စူး႐ွစြာ စိုက္ၾကည့္ေနမည့္ မ်က္၀န္းတစ္စုံကိုမေတြ႔ရပါ။

ေအာက္ငုံ႔ၾကည့္လိုက္မွ ကုိယ့္ေ႐ွ ႔ဒူးေထာက္ေနသည့္ ထုိလူနာ။

အဲ့ဒီ့အစား လက္သီးနဲ႔သာ ပစ္ထုိးလိုက္ပါေတာ့လား၊ ဒီလို ဆရာ၀န္ဆီမွာအသနားခံ ေတာင္းပန္႐ုံႏွင့္ တတ္ႏုိင္သည့္ ကိစၥမဟုတ္တာ ကာယကံ႐ွင္လည္း သိပါရဲ ႔နဲ႔။

ကံေရးကံရာမွာ ပုထုဇဥ္လူသားဆရာ၀န္ကို ပသမည့္အစား ငွက္ေပ်ာပြဲ မ,ၿပီး နတ္ကြန္းမွာ နတ္ကနားေပးတာမွ ျဖစ္ႏုိင္ေသးသည္။ ထိုနတ္ေတြေတာင္ ေသကံပါေတာ့ မ႐ႈ ႔မလွ အေသဆုိးနဲ႔  ေသခ်ိန္တန္ေတာ့ ေသခဲ့ရတာပဲ။

ဆရာ၀န္ဟူသည္ ေသခ်ိန္မတန္ေသးေသာအသက္ကိုပဲ ကယ္ႏုိင္သည္၊ ေသမိန္႔က်ၿပီး လူကို ဟပ္ခ်ေလာငး္ ေပ်ာက္ကင္းေစ ဟု ႏွင္တံတို႔ကာ အသက္႐ွင္ေစႏုိင္ျခင္းငွာ မတတ္စြမ္းႏုိင္ပါ။ ကုိယ္ကုိင္ရတာ ေဆးထိုးအပ္၊ ထိပ္မွာ ၾကယ္တပ္ထားေသာ ျဖစ္ေစ ႏွင္တံမဟုတ္။

အခုလို ေသျခငး္႐ွင္ျခငး္မွာ အားကိုးျခငး္ခံရေသာအခါ ဆရာ၀န္ဟူေသာ ဂုဏ္ပုဒ္ႏွင့္အတူ ျဖစ္ေစဓာက္လုံးကိုပါ တြဲဖက္ခ်ီးျမွင့္ထားသင့္သည္ဟု မျမင္ရေသာ အမည္မသိ ပုဂၢိဳလ္ေတြထံပါး ေတာင္းခံမိသည္။

"ကယ္ေပးပါ၊ တို႔ မေသခ်င္ေသးဘူး၊ ဘယ္ေလာက္ကုန္ကုန္ ဘယ္ေလာက္ခက္ခဲ ဘယ္ေလာက္နာက်င္ပါေစ အသက္တစ္ရက္ ပို႐ွင္မယ္ဆိုရင္ တို႔ေတာင့္ခံႏုိင္ပါတယ္၊ ကိုက္ခဲတဲ့နာက်င္မႈ႔ ... မေျပာပပါဘူး၊ သူ႔အနားမွာ တစ္ရက္ထက္ ပိုေနရရင္ ဒီလိုနာက်င္မႈ ႔မ်ိဴးကို အခ်ိန္တိုင္း အေဖာ္ျပဳ ေနသြားရမယ္ဆိုလည္း ရပါတယ္၊ အသက္႐ွင္ခြင့္သာ ေပးပါ၊ တို႔ဘာမဆို ရင္ဆိုင္လက္ခံမွာမိုလို႔ အသက္႐ွင္ႏုိင္ေအာင္သာ လုပ္ေပးပါ"

သိလိုက္ၿပီ ... ဟိုးတေလာကေတာင္ ကိုက္လွခဲလွလို႔ ေသမယ္ တကဲကဲလုပ္ေနသည့္ ဒီလူနာက အခု ဘယ္ေလာက္ဒုကၡခံရပါေစ အသက္႐ွင္ခ်င္သည့္ အေၾကာင္းမွာ သူ႔ဘ၀ နိဂုံးမခ်ဴပ္ခင္ အစြဲအလမ္းသံေယာဇဥ္တစ္ခု၏ ခ်ည္ေႏွာင္ျခငး္ကို ခံလိုက္ရၿပီ။

"တို႔ဒီအတုိင္း မေသခ်င္ေတာ့ဘူး၊ အရာအားလုံးကုိ ရခါနီးမွ ေသရမွာတဲ့လား .. မတရားဘူး၊ ဒါနဲ႔မ်ား ဒီဘ၀ကို ဘာလို႔ ရခ့ဲေသးလဲ၊ ဒီအတုိင္း မေသႏိုင္ေသးဘူး၊ ေကာင္းေကာငး္ႀကီးေနၿပီး ေပ်ာ္ေပ်ာ္ႀကီးစံစားဦးမွာ"

ပိုင့္အနား အခုလိုေနခြင့္ရဖို႔ အခ်ိန္ေတြအမ်ားႀကီးၾကာၿပီး အခက္အခဲေတြ အဆင့္ဆင့္ကို ရင္ဆုိင္ေက်္ာျဖတ္ခဲ့သည္။ ေနာက္ဆုံး ေနခြင့္ရေတာ့မွ မၾကာေသးေသာကာလမွာ ေသရေတာ့မွာတဲ့လား ...

ျပကၡဒိန္မွာ ရက္မွတ္ထားေသာ အနီမွင္ေတြလည္း လအတန္တန္ကို ျခစ္ခ်ခဲ့ၿပီးၿပီ။ က်န္ရစ္ေနတာ ႏွစ္တစ္ႏွစ္၏ တစ္လပင္မျပည့္ေတာ့။ ကုိယ့္ကုိယ္ကုိယ္ သိေနသည္။ အခုရက္ပုိင္းထဲ တစ္ရက္ထက္တစ္ရက္ က်န္းမာေရးအေျခအေန ဆုိး႐ြားလာတာ။ အရင္လည္း ႀကဳံေတြ႔ခံစားရေသာ ေ၀ဒနာႀကီးျဖစ္ေပမဲ့ သိေနသည္၊ သိကုိသိေနသည္။ သူမၾကာခင္ ေသေတာ့မွာ။ ေသျခင္းတရားက သူ႔အသက္ကို ႏႈတ္ယူေတာ့မည္။

ေျခေထာက္ကုိဖက္ ေတာင္းပန္ငိုေၾကြးေနသည့္ လူနာကို ဘယ္လိုစကားမ်ိဴးနဲ႔ တရားခ်ရမလဲ။ ကိုယ္တုိင္က ေဆးပညာသာ သင္ယူခဲ့သူမို႔ ဓမၼေစတနာတရားစကား ဘာသာေရးဘက္မွာ အားနည္းခဲ့သည္ေလ။

ဒီေလာကီလူသားကုိ ေသျခင္းတရားအား မတြန္႔ဆုတ္ေစရန္ ျပန္ အခၽြတ္တရားျပႏုိင္ဖို႔မွာ ကုိယ္တုိင္ေတာင္ ေသရမွာကိုေၾကာက္တတ္ေသးေသာ ကိေလသာေတာထဲက သားေကာင္ျဖစ္ေနသည္။

---------------------

"နားရာ ... ေဖေဖသူငယ္ခ်င္းက နားရာေလးအတြက္ အက်ႌလွလွေလးေတြ လက္ေဆာင္ေပးလိုက္တယ္၊ ဒီည အျပင္ထြက္ရင္ နားရာေလး ဘာ၀တ္မလဲ၊ ေဖေဖကေတာ့ ဒီအျဖဴေလးမဆုိးဘူးထင္တယ္"

ကေလးဂါ၀န္အျဖဴနဲ႔ အ၀ါ ႏွစ္ထည္ကို ယွဥ္တြဲလ်က္ ပုိင္စီးျပသည္။

နားရာေလးက ကစားေနရာက အ႐ုပ္မကိုခ်ကာ အနားကို တေတာက္ေတာက္ေလွ်ာက္လာသည္။ ထို႔ေနာက္ ပိုင္စီးေပးေသာ အျဖဴေရာင္ကို မယူပဲ အ၀ါေရာင္ကို ဆြဲယူသည္။

ပုိင္စီးမ်က္ႏွာ မဲ့သြားသည္။

"ဒီတစ္ခါလည္း နားရာနဲ႔ ေဖေဖ အျမင္ခ်င္းမတူဘူးပဲ"

သမီး၏ဆံပင္ကို ဆြဲဖြၿပီး ပိုင္စီး အိပ္ရာထဲ လဲွခ်လိုက္သည္။

သူက ဒါဆို နားရာက ဟိုဟာ၊ ဘယ္ေသာအခါမွ အႀကဳိက္တူ ေ႐ြးခ်ယ္မႈ ႔တူသည္မ႐ွိ။ အစက စိတ္ထဲမထားေပမဲ့ ႀကိမ္ဖန္ေရမ်ားလာေသာအခါ ပိုင္စီး စိတ္မေကာငး္ျဖစ္မိသည္။

အိပ္ရာေဘးမွာ ဂါ၀န္အ၀ါေရာင္ေလးကုိ ကုိင္ကာ မပီကလာပီကလာ ဘာဘာသာမွန္းမသိ စကားေတြေျပာေနေသာ သမီးေလးကုိ ဆြဲေပြ႔ကာ ဗိုက္ေပၚ တင္လိုက္သည္။

"ဘယ္ေတာ့မ်ားမွ .. ေဖေဖနဲ႔နားရာ ေ႐ြးခ်ယ္မႈ ႔တစ္ခုတည္းျဖစ္ႏိုင္မလဲ၊ ေဖေဖလည္း ေဖေဖ့သမီးေလးန႔ဲ တူခ်င္တာေပါ့၊ ဖေအတူသမီးလို႔ အေျပာခံခ်င္တာေပါ့၊ အၿမဲတမ္း ေမေမနဲ႔ခ်ည္းတူတယ္ေျပာေတာ့ ေမေမ့ကို ေဖေဖက သ၀န္တိုလာေရာ"

သူ႔စကားကုိ နားမလည္ေသာ သမီးကို ေျပာေနလို႔ေရာ ဘာထူးႏုိင္မွာလဲ။ နားလည္ေလာက္တဲ့အ႐ြယ္ေရာက္မွ သူ႔အတုိင္း ပုံသြငး္ျပမယ္။ အခုေတာ့ ေဒၚနားရာ ေနႏွင့္ဦးေပါ့ကြာ။

စိတ္ထဲ ႀကိမ္းထားၿပီး ဗိုက္ေပၚက ၀ူး၀ူး၀ါး၀ါးနဲ႔ သမီးကို အသားယားလြန္းလို႔ ရင္ခြင္ထဲေပြ႔ဖက္ကာ ဖ်စ္လိုက္သည္။ သမီးက သူ႔ခ်ဳဴပ္တည္းမႈ ႔ေအာက္ လူးလြန္႔ရင္း ႐ုန္းသည္။ နဖူးခ်ငး္ေတ့ဆုိင္ကာ ေခ်ာ့ျမဴွေတာ့လည္း သေဘာက်ေနျပန္သည္။

သားအဖႏွစ္ေယာက္ ကစားေနတာကို အခန္းျပင္မွ ၾကည့္ေနေသာ မမႏိုင္မွာ မ်က္ရည္က်လ်က္။

-----------

ၿခံတံခါးဘဲလ္တီးသံေၾကာင့္ မမႏုိင္ ၿခံထဲဆင္းလာသည္။ ၿခံတံခါး၀မွာ ရပ္ေနေသာ Downကို ျမင္ရေသာအခါ စိတ္ေလးလံသြားျခင္းႏွင့္အတူ မ်က္ေမွာင္ၾကဳတ္မိသည္။

"မင္း ဘာလာလုပ္တာလဲ"

Downက မ်က္မွန္ကို ဟန္ပါပါခၽြတ္ကာ

"အရင္ဆုံးအိမ္ထဲေပး၀င္ပါ့လား၊ အေၾကာငး္႐ွိလို႔လာတာ၊ မ႐ွိရင္မလာဘူး"

မမႏိုင္က မ်က္ႏွာလဲႊ လက္ပုိက္လ်က္

"ေမာင္ အိမ္မွာ မ႐ွိဘူး၊ မင္းျပန္လိုက္ေတာ့"

"သိတယ္၊ မ႐ွိတဲ့အခ်ိန္ကို လာတာ၊ အေမျဖစ္သူ႐ွိတယ္မလား"

မမႏိုင္က သက္ျပင္းခ်ၿပီး လက္ပိုက္ ျဖဳတ္ကာ

"ငါ့ဘက္က ၿငိမ္ေနတာ မင္းကို လက္ခံတာမဟုတ္ဘူး၊ ငါ့ခင္ပြန္းရဲ ႔စိတ္ခ်မ္းသာမႈ႔ကို ငါမကန္႔ကြက္တာ၊ မင္းလည္း အတိုင္းအတာတစ္ခုကို မလြန္လာပါနဲ႔၊ မင္းနဲ႔ ငါတို႔ၾကား ဘာမွ ပတ္သက္စရာမ႐ွိဘူး"

အိမ္ထဲကို ေပး၀င္ဖို႔ေနေနသာသာ ၿခံတံခါးကိုပင္ ဖြင့္ေပးဖို႔ စိတ္ကူးမ႐ွိပုံ၊ ေက်ာခိုင္းသြားသည့္ မမႏုိင္ကို ဆြခ်င္လို႔ ရယ္ေပးလိုက္သည္။

"နားရာက ဘယ္သူ႔သမီးလဲ မမႏုိင္၊ တို႔အဲ့ဒါကို ေသခ်ာ သိမွျဖစ္မယ္"

မမႏုိင္ေက်ာျပင္ ေတာင့္မတ္သြားတာကို သတိထားမိသည္။ ျပန္တုံ႔ျပန္ရမည့္ စကားအတြက္ အခ်ိန္ယူေနေသးသည္။ ၿပီးမွ အေနာက္ကို ျပန္လွည့္လာသည္။

"မဟုတ္တာေတြ မေျပာဘဲ ငါ့ၿခံေ႐ွ ႔က အျမန္ထြက္သြားေပးပါ၊ မင္းအေၾကာင္း ငါသိၿပီးတည္းက စိတ္ၾကည္ၾကည္လင္လင္နဲ႔ ေနခဲ့ရတဲ့ေန႔ တစ္ရက္ေတာင္မ႐ွိခဲ့ဘူး၊ ေဒါသျဖစ္ဖို႔ ရန္ကုိရန္ခ်င္း ျပန္တုံ႔ျပန္ဖို႔ေတာင္ ငါသိပ္ပင္ပန္းေနၿပီ၊ င့ါဘာသာ ေနပါရေစ မင္းသြားလိုက္ေတာ့"

"ၿခံတံခါးေတာင္ မဖြင့္ေပးတဲ့ ဧည့္၀တ္ေက်မႈ ႔ကို မွတ္ထားလိုက္ပါ့မယ္၊ နားရာက သူ႔သမီး မဟုတ္မွန္း ပုိင္သိသြားရင္လည္း အခုလို မမႏိုင္ ေမာက္မာႏုိင္ပါဦးမလား စိတ္၀င္စားမိတယ္"

မမႏိုင္က ဘာမွမေျပာဘဲ ခပ္စူးစူး စိုက္ၾကည့္ေနသည္။ ထုိအခ်ိန္ ေဒၚသစ္သစ္ႏိုင္က ထမိန္စကို ကိုင္ဆဲြလ်က္ အိမ္ထဲက ထြက္လာသည္။

"ဒီညကစၿပီး ရက္တစ္ရာတိတိ ပိုင့္ကို တုိ႔နဲ႔လႊတ္ထားေပးပါ၊ ရက္တစ္ရာဆိုတာ ပိုပိုလိုလို ေျပာထားတာ၊ ဆယ္ရက္လညး္ျဖစ္ႏိုင္သလို ၇ရက္အတြင္းလည္းျဖစ္ႏိုင္တယ္၊ ျမန္ဖို႔ပဲ႐ွိတယ္၊ ရက္တစ္ရာထက္ေတာ့ မၾကာပါဘူး၊ ဘာျဖစ္ျဖစ္ အဲ့အခ်ိန္အတြင္းမွာ ဘာအေၾကာငး္ပဲ႐ွိ႐ွိ အဲ့ဒီ့မိသားစုဘက္က ပိုင့္ကို မဆက္သြယ္ပါနဲ႔၊ ဒါဆို ဒီလ်ိဴ ႔၀ွက္ခ်က္ကို ေသသည္အထိ..."

လက္မႏွင့္လက္ညႈိးကိုဖိကပ္လ်က္ ပါးစပ္ကို ဇစ္ပိတ္လိုက္ဟန္ အမူအရာ ျပသည္။

"ဘာေခြးစကားေတြ လာ ေျပာေနတာလဲ၊ နင္ ငါ့ၿခံေ႐ွ ႔က အခုခ်က္ခ်င္းထြက္သြား"

ေဒၚသစ္သစ္ႏိုင္က ေျပာလည္း ေျပာ ဆြဲယူလာေသာ ေရပုံးထဲက ေရနဲ႔ လွမ္းပတ္လိုက္သည္။ Downတစ္ကုိယ္လုံး စိုစို႐ႊဲသြားသည္။

"အေမ!"

ေသာ့ခတ္ထားေသာ ၿခံတံခါးကို ျခားလ်က္ ကဆုန္ေပါက္ေနေသာ ေဒၚသစ္သစ္ႏိုင္ကို မမႏိုင္က တားေတာ့ တားေပးသည္။

ေရစိုသြားေသာ မ်က္ႏွာကို လက္ျဖင့္သပ္ခ်ၿပီး Downနာနာက်င္က်င္ ရယ္သည္။

"ေနာက္ဆုံးအေပးအယူက မျဖစ္ေတာ့ဘူးပဲ"

ခပ္တိုးတိုးေရ႐ြတ္ကာ ၿခံတံခါးကို ကုိင္ေဆာင့္လ်က္

"သူမ်ားကို ရမ္းခ်ီးပန္းမေနဘဲ ကိုယ့္သမီးကုိကုိယ္ ျပန္ေမးလုိက္ဦး၊ ေမြးထားတဲ့ကေလးက ဘယ္သူအေဖလဲလို႔ ေသေသခ်ာခ်ာ လက္ႀကိတ္တို႔ ေမးလုိက္ပါဦး"

"ဘာ!"

"မိန္းမယုတ္ေတြ ... ပုိင္အားလုံးသိသြားရင္ နင္တို႔သားအမိ ေျမးအဘြားတစ္သိုက္ကို ဒီအတုိင္းထားမွာ မဟုတ္ဘူး"

ၿခံတံခါးအျပင္ဘက္က Downကို စိတ္ေတြတိုကာ လက္တျပင္ျပင္ျဖစ္ေနေသာ ေဒၚသစ္သစ္ႏိုင္ကုိ မမႏိုင္က ေအာ္ကာဟစ္ကာ ခ်ဳဴပ္ဆြဲထားသည္။

"နားရာက တို႔ပိုင္ရဲ ႔သမီးမဟုတ္ဘူး၊ ပိုင့္အစ္ကိုရဲ ႔သမီး၊ ပိုင္နဲ႔အိမ္ေထာင္က်ၿပီးမွ ျဖစ္တာ၊ အဲ့ဒါကို လက္႐ွိ ယူထားတဲ့ေယာက္်ားကို ႏြားခံခိုင္းတယ္၊ ဗိုင္းေကာငး္ေက်ာက္ဖိ ဆိုဆုံးမမႈ ႔႐ွိပါတယ္ဆိုတဲ့ ခင္ဗ်ားသမီးက ၂၁ရာစုရဲ ႔စိဥၥမာဏလက္သစ္ပဲ"

ေဒၚသစ္သစ္ႏိုင္ ႐ုတ္ခ်ည္း ၿငိမ္က်သြားသည္။ ထို႔ေနာက္ Downကို ၾကည့္ရင္း မ်က္ရည္ေတြ က် တဆက္ဆက္တုန္ယင္လာေသာ သမီးကို

"မိႏိုင္ ... ညည္း သူေျပာတာ ဟုတ္သလား၊ အမွန္အတုိင္းပဲ ငါ့ကိုေျပာ၊ ငါမွန္ေသာစကားကုိပဲ ၾကားခ်င္တယ္၊ ညည္းလုပ္ရပ္က မမွန္ရင္ေတာင္ ညည္း ငါ့ကုိ အမွန္အတုိင္းေျပာ၊ ငါ ညည္းဘက္ကပဲ ရပ္တည္မွာ"

မမႏိုင္က ေအာက္ႏႈတ္ခမ္းကို ျပတ္ထြက္လုမတတ္ ဖိကုိက္ကာ ေခါင္းခါရမ္းသည္။

"မင္းေတြ႔တယ္ေနာ္ ... ငါ့သမီးက မဟုတ္ဘူးတဲ့၊ ငါ့သမီးကုိ စိတ္ဆင္းရဲေအာင္ ထပ္မလုပ္ဘဲ အခုခ်က္ခ်င္း ငါ့ၿခံေ႐ွ ႔ကထြက္သြား"

"အဟက္ .. ေ-ာက္႐ူးသားအမိပဲ၊ ခင္ဗ်ားသမီးက ၀န္ခံဖို႔စိတ္ဆႏၵကို မ႐ွိတာ၊ ဘူးခံ ျငင္းလိုက္တာနဲ႔ မမႏိုင္သမီးကုိယ္မွာ စီးေနတဲ့ ကိုပုိင္ေဇ့ေသြးေတြက ေျခာက္ခမ္းသြားမယ္ထင္ေနလား၊ ညီအစ္ကို ႏွစ္ေယာက္ကို ပုံမွား႐ိုက္ၿပီး ကေလးထြက္လာတယ္ေပါ့၊ ေစာင့္ၾကည့္ေနပါ .. ခင္ဗ်ားတို႔သားအမိ ဟိုးေအာက္ဆုံးအထိ က်သြားတာကို တို႔ မေသခင္ ၾကည့္ကိုၾကည့္သြားမွာ"

"နင့္ ပါးစပ္ေပါက္ပိတ္ထားၿပီး ငါ့ၿခံထဲက အခုခ်က္ခ်င္း ထြက္သြားလို႔ ငါေျပာေနတယ္ေနာ္"

"သြားမွာပါ၊ တို႔ကလည္း အပ်က္ပ်က္နဲ႔ႏွာေခါငး္ေသြးထြက္မွာစိုးလို႔ ေျပလည္ေအာင္ လာညွိႏႈိင္းတာ၊ ခင္ဗ်ားတို႔က အဆုံးထိ မာန္မခ်ရင္ တုိ႔လည္း အဆုံးထိ သြား႐ုံပဲ"

ကားေမာင္းထြက္သြားကာမွ ေဒၚသစ္သစ္ႏိုင္ ေျခေထာက္ေတြ ညႊတ္ေခြယိုင္နဲ႔ကာ ထုိင္လ်က္က်သြားသည္။ ထို႔ေနာက္ မယုံမရဲစြာ ...

"မမႏိုင္ ... ညည္းတကယ္ မဟုတ္ပါဘူးေနာ္"

"အေမ့"

ခပ္ႀကိတ္ႀကိတ္မာန္ၿပီး အတန္ၾကာစိုက္ၾကည့္ကာ ေနာက္ဆုံးမွာ ေဒၚသစ္သစ္ႏိုင္ ရင္ခြင္ထဲ တုိး၀င္၍  ငို႐ႈိက္လာသည္။

---------------------

႐ုံးခန္းထဲအတင္း၀င္လာေသာ Downေၾကာင့္ အသစ္ခန္႔ထားေသာ အတြင္းေရးမႈးမေလးက ဘာလုပ္လို႔လုပ္ရမွန္းမသိ။ ပုိင္စီးမ်က္ႏွာပ်က္သြားေပမဲ့ ျပန္ထိန္းရင္း

"ရတယ္၊ ငါ့ဧည့္သည္ ထားခဲ့လိုက္၊ အခန္းထဲ ဘယ္သူမွ မ၀င္လာေစနဲ႔"

ေခါင္းညိမ့္ၿပီး အခန္းတံခါးေသခ်ာေစ့ပိတ္ေပးသြားသည္။

"Down .. ငါေျပာထားတယ္ေလ၊ ႐ုံးကုိ မလာပါနဲ႔လို႔ "

ေျပာတာကို အေရးမလုပ္ ပုိင္စီးကို အငမ္းမရဖက္နမ္းလာသည္။ ခါးကိုဖက္ကာ ရင္ခြင္ထဲ မွီႏြဲ႔ခို၀င္လာသည္။ ပါးႏွစ္ဖက္ကို သူ႔လက္ခုပ္ႏွစ္ဖက္ထဲ အုပ္ကုိင္၍ ႏႈတ္ခမ္းကို အဖန္တလဲလဲ နမ္းကာ

"ပိုင္ ... စိတ္ေအးေအးထားၿပီး အခုေျပာမဲ့ တို႔စကားကို ေသခ်ာနားေထာင္ေနာ္"

အေလးအနက္ျဖစ္ေနေသာ အမူအရာ ေလသံအေနအထားေၾကာင့္ ပုိင္စီး မ်က္ႏွာတည္သြားသည္။
အေၾကာငး္အရာ ဘာမွန္းမသိေသာ္လည္း နားေထာင္ရန္ အဆင္သင့္ျဖစ္ေၾကာင္း ေခါငး္ညိမ့္ျပလိုက္သည္။

ႏႈတ္ခမ္းကို ထပ္ေမာ့နမ္းလာကာ ပါးႏွစ္ဖက္ကို ၾကင္နာယုယစြာ ပြတ္ကိုင္လ်က္ အၾကည့္ခ်င္းဆုံကာ

"တကယ္ေတာ့ နားရာက ပိုင့္သမီးအရင္း မဟုတ္ဘူး၊ ပုိင့္အစ္ကိုရဲ ႔ သမီးပဲ၊ မမႏိုင္နဲ႔ပုိင့္အစ္ကိုတို႔ ေနျပည္ေတာ္ ေဆး႐ုံမွာ စကားမ်ားေတာ့ တုိ႔နားနဲ႔ ဆက္ဆက္ၾကားခဲ့ရတာ"

ကမာၻႀကီး၏ သက္၀င္လႈပ္႐ွားမႈ ႔ ေခတၱခဏ ရပ္ဆိုင္းသြားပါသည္။ ဟာခနဲ ဟင္ခနဲ အံ့ၾသဟန္မျပႏုိင္။ ဦးေဏွာက္ထဲ Downစကားကိုပဲ ထပ္တလဲလဲ ဘာသာျပန္ေနခဲ့ပါသည္။ မိခင္ဘာသာျမန္မာစကားကို ႐ွင္း႐ွင္းေလးေျပာသြားေသာ္လည္း နားလည္ဖို႔ကို ေတာ္ေတာ္ အခ်ိန္ယူလိုက္ရသည္။

တစ္ႀကိမ္တစ္ခါမွ သံသယ မ႐ွိခဲ့ဖူးေသာ အျဖစ္ ...

ခါးကို သြယ္ထားေသာ လက္ေတြကို ျဖည္ခ်လုိက္သည္။

"အဲ့လို ေသြးမထုိးနဲ႔ Down ... ငါလုံး၀မႀကဳိက္ဘူး၊ မင္းစကားက ဟာသလည္း မေျမာက္သလို ယုံခ်င္စရာလည္း မေကာငး္ဘူး"

"တို႔ကုိယ္တိုင္လည္း ပုိင္ေျပာရင္ေတာင္ ယုံႏုိင္မွာ မဟုတ္ဘူး၊ အခုက ကာယကံ႐ွင္ သူတို႔ကုိယ္တုိင္ေျပာေနတာကို တို႔နားနဲ႔ ၾကားခဲ့တာ၊ ဘယ္အခ်ိန္ထိ လွည့္စားခံေနမွာလဲ၊ ပုိင္က သိပ္တုံးတာ တို႔သိတယ္"

ဘာမွမေပပါေသာ သူ႔႐ွပ္ေကာ္လံကို လက္ဖ်ားေလးနဲ႔ ပုတ္ဖယ္ေပးကာ ေျပာေနေသာ Downကို ခဏတာ ေတြေတြေငးၾကည့္ေနရာမွ ႐ုန္းထြက္လိုက္သည္။

"မင္းျပန္ေတာ့ .. ငါစဥ္းစားစရာေတြ႐ွိတယ္"

"စဥ္းစားရမွာ မဟုတ္ဘူး၊ ဆုံးျဖတ္ရမွာ၊ နားရာက ပုိင့္သမီးမဟုတ္ဘူး၊ ပုိင့္အစ္ကိုရဲ ႔သမီး၊ ပုိင့္ကိုအေဖပါလို႔ ပဥၥလက္ျပ လွည့္စားထားတဲ့ မမႏုိင္ကို ပုိင္ဘာဆက္လုပ္မလဲ ဆုံးျဖတ္ပါ"

---------------

အခန္းထဲ တစ္ေယာက္တည္း ထုိင္လ်က္ အစက အဆုံး ပိုင္စီးေခါင္းထဲ ေနာက္ေၾကာင္းျပန္ ေတြးေနသည္။

အိမ္ေထာင္သက္ တစ္ႏွစ္ေက်ာ္သည္အထိ သားသမီးမရခဲ့ေသာ မမႏိုင္၊ သူကုိယ္တုိင္လည္း လိင္စိတ္၀င္စားမႈ႔မွာ မိန္းမထက္ ေယာက္်ားကို ပိုသာယာေသာေၾကာင့္ မိန္းမကုိယ္ႏွင့္ ႏွီးေႏွာ၍ ကေလးရရန္ စိတ္ကူးမယဥ္ဖူးခဲ့။

မမႏုိင္က သူရင္းႏွီးခဲ့ေသာ ပထမဦးဆုံးမိန္းမ။ မိန္းမေတြ၏ ေ၀ယ်၀ိစၥကို စိတ္မ၀င္စားသလို ဇီ၀ကမၸျဖစ္စဥ္ကို ေပါ့ဆထားခဲ့သည္။

သမီးေလးမ႐ွိခင္က မမႏုိင္ႏွင့္သူ႔ၾကား လင္ႏွင့္မယားျဖစ္လာလွ်င္ ျဖစ္႐ိုးျဖစ္စဥ္ လင္မယားအရာေျမာက္တာကလဲြ အိမ္ေထာင္သည္ဇနီးေမာင္ႏွံတို႔၏ အခ်ဴပ္အေႏွာင္သံေယာဇဥ္ မ႐ွိခဲ့။ မမႏိုင္က တာ၀န္ေက်ေသာ္လည္း သူကုိယ္တုိင္က ေသြးေအးခဲ့သည္။

ေျပာရရင္ သူ႔မွာ လင္ေယာက္်ား၏အၾကင္နာတရားေရာ အိမ္ေထာင္ဦးစီး၏ ေမတၱာတရားေရာ ေခါင္ပါးခဲ့သည္။ သမီးေလးက ထိုတရားေတြ၏ ဖန္ဆင္း႐ွင္၊ ေမွာင္မိုက္ေသာ သူ႔ဘ၀၏ အလငး္႐ွင္၊ ပူေလာင္ေသာ သူ႔စိတ္ကို ပတ္ဖ်န္းေအးၿငိမ္းေစေသာ ေရစင္ေအး။

သမီးေလး ႐ွိလာမွ မိသားစုကို တန္ဖိုးထားတတ္လာသည္။ အိမ္ေထာင္ဦးစီး ေယာက္်ားတစ္ေယာက္၏ တာ၀န္ကို လိုက္နာလာသည္။ လူျဖစ္ရသည့္ေန႔ေတြက သမီးေလးစိတ္ႏွင့္ အဓိပၸာယ္႐ွိလာသည္။

မိဘေတြႏွင့္သိပ္မဆင္မေျပသည့္ သူက ကုိယ္ေမြးလာမည့္ သားသမီးကုိလည္း မမက္ေမာခဲ့ပါ။ မူးယစ္ႏြံထဲက လြတ္ေျမာက္လာေသာ သူ႔ဘ၀သစ္တြင္ ေလာဘေတြ အတၱေတြနဲ႔ ႐ုန္းကန္လာခဲ့တာ .. .ပထမဦးဆုံး သိတတ္စြာ ခံစားတတ္သည့္ ေအးျမေသာ ေမတၱာတရားက ဖခင္ေမတၱာ။

တစ္ကုိယ္ေကာင္းဆန္ အတၱႀကီးေသာ သူ႔ကို တစ္ပါးသူအတြက္ ေမတၱာထားတတ္ေစခဲ့တာ သမီးေလးအေပၚ ဖခင္ေမတၱာ။မမႏိုင္ ကုိယ္၀န္႐ွိေၾကာင္း စသိေသာအခါ မယုံႏုိင္ျခင္းမ်ားႏွင့္ ငါ့ေသြးငါ့သား အသိက အလုိလို ပီတိမ်က္ရည္က်ခဲ့ရသည္။

မမႏုိင္၀မ္းၾကာတိုက္မွာ သမီးေလး သေႏၶတည္ေၾကာင္း သိ႐ွိရၿပီး ဗိုက္ကေလးမပူခင္ကတည္းက ၀မ္းဗိုက္နားကို ကပ္ကာ သမီး၏ အသက္႐ႈသံကို ၾကားလို႔ၾကားရျငား ညစဥ္နားေထာင္ခဲ့ဖူးသည္။ စကားေတြ ေျပာခဲ့ဖူးသည္။ လူလုံးမေပၚေသးေသာ သေႏၶသားေလာငး္ေလးအား အကဲပို သဲသဲလႈပ္ အေဖ႐ူး ႐ူးခဲ့ရသည္။

ေစ့ေစ့ မၾကည့္ခဲ့ဖူးေသာ မမႏိုင္ကို သမီးေလးႏွင့္တသားတည္း႐ွိစဥ္မွာ မ်က္စိေအာက္က အေပ်ာက္မခံ၊ ေျခလွမ္းတစ္လွမ္းခ်င္းစီမွာ ဂ႐ုစိုက္ အၾကင္နာပုိခဲ့ရသည္။

သမီးေလး၏ ႏွလုံးခုန္သံကုိ စတင္ၾကားရစဥ္ ဆရာ၀န္အား ေ႐ွ ႔ထားကာ မမႏုိင္ကိုဖက္၍ ေက်းဇူးတင္စကား အထပ္ထပ္ေျပာကာ ေယာက္်ားႀကီးတန္မဲ့ အေပ်ာ္လြန္၍ ငိုခဲ့ရသည္။ သမီးေလး၏ ပထမဆုံး အျဖဴအမဲ ultrasound ပုံေလးကိုေတြ႔ရေတာ့ မသဲကြဲေပမဲ့ လွလိုက္တာ၊ ငါ့သမီးေလးက ငါနဲ႔တူလိုက္တာလို႔ အလြန္အၾကဴးေတြ ၾကြား၀ါ ဂုဏ္ယူခဲ့ဖူးသည္။

ပိုက္ဆံေခါက္အိတ္ထဲက အခုတိုင္ ႐ွိေသးေသာ နားရာေလး၏ ultrasoundပုံေလးကို ထုတ္ၾကည့္ကာ ပုိင္စီး နင့္နင့္သည္းသည္း အသံထြက္ ငိုမိသည္။

လအတန္ရင့္၍ သေႏၶသားေလး ထြားလာေသာအခါ မမႏုိင္၀မ္းဗိုက္ကို အက်ႌလွန္၍ နိမ့္ခ်ည္ျမင့္ခ်ည္ သမီးေလး၏ ၿငိမ့္ၿငိမ့္ေလး လႈပ္႐ွားမႈ ႔ကို ထုိင္ ေစာင့္ၾကည့္ခဲ့သည္။ အေမ့ဗိုက္ထဲမွာ သမီးေလး လႈပ္႐ွားတာကို ႀကံဳေတြ႔လိုက္လွ်င္မ်ား ထုိတစ္ညလုံး ပုိင္စီး ေျပာလို႔မဆုံး အိပ္လို႔မေပ်ာ္ေတာ့။

ဗိုက္ထဲမွာ ပုန္းေအာင္းေနေသာ သမီးေလးကို တစ္ေန႔ထက္တစ္ေန႔ ေတြ႔ခ်င္လြန္းလို႔ အသဲေတြယားခဲ့ရတာ သမီးေလး ေလာကႀကီးကို မထြက္လာခင္အထိ။

သမီးေလးဖြားခါနီးတြင္ မမႏိုင္ထက္ ပိုစိတ္လႈပ္႐ွားကာ ထုိင္မရ ထမရျဖစ္ရတာ ပုိင္စီး။ ၾသကာသ ကန္ေတာ့ခန္းေတာင္ မေက်ညက္ေသာသူ႔မွာ အဂၤုလိမာလသုတ္ကို ေရမန္း႐ြတ္သလို ႏႈတ္တိုက္ရေစခဲ့သည္။

ခြဲခန္းထဲ၀င္ကာ သမီးေလး၏ ငိုသံကို စစၾကားၾကားခ်င္း သူ႔ကမာၻတုန္ဟီးသြားသည္။ သမီးေလးခ်က္ႀကဳိးကို သူကိုယ္တိုင္ျဖတ္ေပးခဲ့ရစဥ္ အခိုက္အတန္႔က အခုခ်ိန္ ျပန္ေတြး အခုခ်ိန္ ၾကတ္သီးထ ရင္ခုန္ရတုန္း။ ကေလးခ်က္ႀကဳိးျဖတ္ၿပီးတာေတာင္ ေမြးခန္းထဲကမထြက္ေသး၍ ဆရာ၀န္ေတြ ႏွင္ထုတ္သည္အထိ ေခၽြးစေတြနဲ႔ မမႏိုင္နဖူးကို အထပ္ထပ္ အနမ္းေတြေျခြမ၀ျဖစ္ခဲ့သည္။

ထိုစဥ္ကသိလိုက္သည္ ... သမီးေလးက သူ႔ဘ၀၏ တစ္သက္တာ ေအးခ်မ္းစြာ ခိုနားရာ။

သမီးေလးေမြးလာေတာ့လည္း အိပ္ေရးပ်က္သည့္ဒဏ္ကို မမႈ ႔၊ မမႏုိင္ႏွင့္ထပ္တူ ဒုကၡခံခဲ့သည္။ သမီးေလး၏ က်င္ႀကီးက်င္ငယ္ကို သူကုိယ္တိုင္ မ႐ြံမ႐ွာ သုတ္သင္ေလွ်ာ္ဖြပ္ေပးခဲ့သည္။ သမီး၏ မစင္တုံးကို ႐ႈ႐ႈိက္မ၀ ေမႊးၾကဴသည္အထိ သမီး၏ ၀မ္းေရးက်န္းမာေရးကုိ စိုးရိမ္ခဲ့သည္။

သူ႔ဘ၀၏ တုႏႈိင္းမဲ့ရတနာေလးအား အျပင္ကေလးထိန္းလက္ႏွင့္ လုံး၀မထိေစလိုေသာ သူ႔မွာ မမႏုိင္ မအားလွ်င္ သူကိုယ္တိုင္ အက်ႌလက္႐ွည္ကို လက္တံေတာင္အထိ ေခါက္၍ ၀င္ကူလုပ္ေပးခဲ့သည္။

တစတစ အ႐ြယ္ေရာက္လာၿပီး သူႏွင့္ အက်င့္မတူ၊ အႀကဳိက္မတူ၊ ဗီဇမတူေသာ သမီးေလးကို နညး္နညး္ေလးမွ အျပစ္မျမင္မိ။ စိတ္မေကာငး္ျဖစ္ခဲ့႐ုံသာ။

သူ႔ႏွလုံးသားႏွင့္ ထပ္တူ႐ွင္သန္ေမြးျမဴလာေသာ သမီးငယ္က သူ႔ေသြးမဟုတ္ဘူးတဲ့လား၊ လုံး၀ လက္မခံႏုိင္ပါ၊ နားရာက သူ႔သမီးမဟုတ္တာကို လက္မခံႏုိင္သလို မမႏိုင္က သူ႔ကေလးမဟုတ္ပါဘဲ သူ႔ကိုအေဖေနရာ ခံခုိင္းတာကိုလည္း လုံး၀ လက္မခံပါ။ မမႏိုင္သာ လိမ္ညာလွည့္ဖ်ားျခငး္ ဧကန္ျဖစ္ပါက သူ လုံး၀ ခြင့္လႊတ္ႏိုင္မွာမဟုတ္။

ဆုံးျဖတ္ခ်က္ႏွင့္အတူ ႐ုံးခန္းကထြက္လာေတာ့ အျပင္မွာ ေတာ္ေတာ္ေမွာင္ေနၿပီ။

-------------

ၿခံထဲကို ပုိင္စီးကား ၀င္၀င္ျခင္း မမႏိုင္က ေပၚတီကိုေအာက္မွာ အသင့္ေစာင့္ႀကဳိေနသည္။

"သမီးေရာ"

"သမီး ဒီေန႔ အေစာအိပ္သြားတယ္ ေမာင္"

အိတ္ကိုပင္ မသယ္၊ သမီး႐ွိရာ အေပၚထပ္ အိပ္ခန္းကို အေျပးတက္ခဲ့သည္။ ကုတင္ထက္ ေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္ေနေသာ သမီးကို သူေသေသခ်ာခ်ာ စိုက္ၾကည့္သည္။

နဖူး မ်က္ခုံး ႏွာတံ မ်က္လုံး ႏွင့္ မ်က္ႏွာက်ပုံက သူႏွင့္ဆင္သည္ဟု မထင္ရတာ သမီးက အ႐ြယ္မေရာက္ေသးလို႔ပဲဟု ေကာက္ခ်က္ခ်လို႔ရမလား ...

ဟင့္အင္း .. ကေလးကိုၾကည့္ရင္း သူ႔စိတ္လုံး၀မသန္႔ေတာ့ဘူး။ နားရာကို ေတြ႔ျမင္လိုက္လွ်င္ ရင္ထဲ အေမာေျပ ေအးခ်မ္းသြားေသာ သူ႔မွာ ဒီတစ္ခါတြင္ေတာ့ ၾကည့္ရင္း ၾကည့္ရင္း ေျဗာက္အုိးကို မီးတုိ႔လုိက္သလို ကိုယ္တြင္းအဂၤါဆဲလ္တစ္ခုခ်င္းစီ တေပါက္ေပါက္ ေပါက္ထြက္ကာ အေသြးအသားေတြ ဆူပြက္ေလာင္ၿမိဳက္လာသည္။

ပုိင္ေဇ့သမီးကို ငါက ငါ့သမီးအထင္နဲ႔ ပ်ိဴးေထာင္ခဲ့တာလား။ ငါ့ေနာက္ကြယ္မွာ ေဖာက္ျပန္ေပ်ာ္ပါးၿပီး ရတဲ့ ဒီကေလးကို ငါက ပိုးေမြးသလို တယုတယနဲ႔ ရင္၀ယ္ပုိက္ ေမြးထားရတာလား။ ငါ့သမီးလည္း မဟုတ္ပါဘဲ သမီး႐ူး႐ူးေနတဲ့ ငါ့ကို သူတို႔ေတြ ေနာက္ကြယ္မွာ ဘယ္ေလာက္ ဟားတိုက္ေနၾကမလဲ။ ငါ့ကုိ အ႐ူးလုပ္ရလို႔ ဘယ္ေလာက္ ေအာင္ပဲြခံေနၾကမလဲ။

မမႏုိင္ အနားေရာက္လာသည္ကို လွည့္မၾကည့္ေသာ္လည္း ခံစားမိသည္။

"နားရာက .. ဘယ္သူကေလးလဲ"

"႐ွင္"

"ေျပာစမ္းပါ .. နားရာက ဘယ္သူ႔ကေလးလဲလို႔"

ပုိင္စီး၏ ေဒါသမထိန္းႏိုင္ေသာ ေအာ္သံေၾကာင့္ ကေလးက အိပ္ေနရာက ႐ုတ္တရက္လန္႔ႏုိးကာ ထငိုသည္။

ကုတင္ေပၚ တင္ပါးစြန္း၀င္ထုိင္ေနသည့္ ပိုင္စီးကိုယ္ေပၚ ကို ကေလးက အားကိုးတႀကီး ကုန္းတက္လာေသာအခါ ကေလးကို ပိုင္စီးေဆာင့္ ဖယ္ပစ္သည္။ ထုိအခ်င္းအရာကို ျမင္ေတာ့ မမႏိုင္ မ်က္လုံးျပဴး ထိတ္လန္႔သြားသည္။

"ေမာင္!"

"နားရာက ဘယ္သူ႔ကေလးလဲ .. ငါ့ကို ဆက္ အ႐ူးလုပ္ဖို႔မစဥ္းစားဘဲ အမွန္အတိုင္း ေျပာ၊ ဒီကေလးကို ငါ့၀မ္းနဲ႔လြယ္ေမြးခဲ့တာမဟုတ္ေပမဲ့ ငါ့ႏွလုံးသားနဲ႔လြယ္ေမြးခဲ့တာ၊ ငါ့ကေလးမဟုတ္လည္း ငါဒီက​ေလးကို မမုန္​းရက္​ပါဘူး၊ ငါသိခ်င္တာ တစ္ခုတည္း ... ဒီကေလးက ငါ့ကေလး ဟုတ္သလား မဟုတ္သလားပဲ"

"ကၽြန္မက ဘာလို႔ ဒီလို ေမးခြန္းမ်ိဴးကို ေျဖရမွာလဲ၊ ကၽြန္မက ဘာလို႔ ကိုယ့္ခင္ပြန္းဆီက ဒီလို ေမးခြန္းမ်ိဴးကို အေမးခံရမွာလဲ၊ ဒီေမးခြန္းက ေမးေနစရာမလိုေအာင္ ခိုင္မာတဲ့ အေျဖက ႐ွိေနၿပီးသား၊ ဒီလိုေမးတယ္ဆိုကတည္းက ကၽြန္မအေနနဲ႔ဘယ္လိုျဖစ္သြားမလဲ.. လင္မယားအခ်ငး္ခ်ငး္ ေလးစားမႈ ႔႐ွိသင့္တယ္"

"ငါေမးတဲ့ေမးခြန္းမွာ မင္းအတြက္ အေျဖအတိအက်မဟုတ္ပါဘဲ အေၾကာင္းျပခ်က္ေတြ မ်ားလြန္းေနပါ့လား၊ ေလးစားမႈ ႔ဆိုတာ သစၥာမ႐ွိတဲ့မိန္းမရဲ ႔ လက္ကိုင္ထား သုံးစြဲသင့္တဲ့ အကာအကြယ္ဒိုင္းတစ္ခုမဟုတ္ဘူး၊ ငါထပ္ေမးမယ္၊ ဒီကေလးက ဘယ္သူ႔ကေလးလဲ"

ကေလးငိုသံႏွင့္အၿပဳိင္ ပိုင္စီး ေဒါသေတြ မိုင္ႏႈန္းျမင့္တက္လာသည္။

"ေမးစရာလိုေသးလို႔လား .. ေသခ်ာေပါက္ ေမာင့္ကေလးေပါ့၊ ကၽြန္မကေလးက ကၽြန္မ ခင္ပြန္းကေလးမဟုတ္လို႔ ဘယ္သူ႔ကေလးျဖစ္ရမွာလဲ"

"လင္ျဖစ္တုိငး္ ေမြးတဲ့ကေလးရဲ ႔အေဖျဖစ္ႏိုင္တာမွ မဟုတ္ဘဲ၊ အဲ့ဒါက မင္းတို႔မိန္းမေတြရဲ ႔အားသာခ်က္ပဲေလ၊ ကေလးက အေမစစ္ရင္ပဲ စစ္မယ္၊ အေဖက ယူထားတဲ့လင္ စစ္ခ်င္မွ စစ္မွာ"

"ေမာင္!"

"ငါ မယုံဘူး၊ ငါကုိယ္တိုင္ စစ္ေဆးမယ္"

ကေလးကို ခ်ီၿပီး အျပင္ထြက္ရန္ျပင္ေသာ ပိုင္စီးကုိ မမႏုိင္ အလ်င္အျမန္တားသည္။

"စစ္ေဆးမယ္ .. ဘာကိုစစ္ေဆးမွာလဲ"

"နားရာကုိ DNAစစ္မယ္"

မမႏိုင္ မ်က္လုံးအစုံ ျပဴးက်ယ္၀ိုင္းစက္သြားသည္။

"ကၽြန္မလက္မခံဘူး"

______________________

ဒီအပုိင္းဖတ္ၿပီးေတာ့ ကိုယ့္အေဖဆီ ဖုန္းဆက္တာျဖစ္ျဖစ္ အနားမွာ ႐ွိရင္ ေျပးနမ္းတာျဖစ္ျဖစ္ လုပ္သင့္တယ္ေနာ္ <3 

ဆက္တုိက္ေရးၿပီး မေန႔တည္းက တင္မလို႔ကို အားမရေသးလို႔ ဒီေန႔မွ တင္ျဖစ္တယ္။ ဒီတစ္ပတ္ထဲ ေနာက္တစ္ပုိင္းတင္ႏိုင္ေအာင္ ႀကဳိးစားၾကည့္ပါ့မယ္။

ဆက္တုိက္ေလာသလိုျဖစ္ေနေတာ့ လက္ရည္က်သြားတာမ်ိဴး ဖတ္ရတာ အဆင္မေျပ အေရးအသားေလ်ာ့ရဲမႈ႔ ျဖစ္သြားရင္ ကၽြန္ေတာ့္ကို သတိေပးပါ။

ကၽြန္ေတာ္ျဖင့္ ေရးရင္းေရးရင္း ၾကတ္သီးေတြထ မ်က္ရည္ေ၀့လာတယ္။
ကၽြန္ေတာ့္အေဖကို ခံစားၿပီး ေရးတာေတာ့ မဟုတ္ဘူး။ Mood ပ်က္သြားမွာေပါ့ XD
သီခ်င္း အရမ္းေကာငး္ပါတယ္။ လုံး၀ကို နင့္နင့္သီးသီးပဲ။ ကၽြန္ေတ္ာ အရမ္းသေဘာက်တဲ့ သီခ်င္းပါ။

ဖတ္ေပးၾကတာ ေက်းဇူးအထူးတင္ပါတယ္။
11:26 AM
12/19/2018

"ဘယ်လိုဖြစ်တာလဲ ဆရာသမား ... ကြာသာမိုကြို လူစောင့်ပြီး ၀င်လာပါ့လား"

အခန်းထဲ ၀င်လာသော သူကို ပြောရင်း လက်က စားပွဲပေါ်မှာ တင်ထားသော ကိုယ့်ဖုန်းလေးကို အမြန်ဆွဲယူပြီး ဂျူတီကုတ်ထဲ ထည့်လိုက်သည်။

ငွေကြေးတတ်နိုင်သော အထက်တန်းစားလူနာများ၏ ကိုယ်ရေးအချက်အလက်ကို မပေါက်ကြားအောင် လုံလုံခြုံခြုံ ထိန်းသိမ်း ကုသတတ်သည့် ဤကြေးကြီးဆေးရုံမှာ ငွေအားကိုးနှင့်ထင်တိုင်းကြဲသော လူချမ်းသာ ဂိလာနတွေက ဆရာ၀န်တွေကိုနိုင်စားစမြဲ။

ကားသော့ကို စားပွဲပေါ် အသာအယာတင်ပြီး မျက်မှန်ကို ဆွဲချွတ်လိုက်သော အနှီလူနာသည် ခါတိုင်းထက် ပိုယဉ်ကျေးနေသည်။ ရှေ ့တည့်တည့်မှာ ထိုင်နေသော ဆရာ၀န်ကို မကြည့်၊ ဆေးရုံအခန်းကို ဟိုေ၀့ဒီေ၀့ကြည့်နေသည်က အခုမှ ဒီအခန်းကို သူစရောက်ဖူးသည့်အတိုငး်။

အေးလေ ... ကြိမ်ဖန်များစွာ ဒီကို ရောက်ဖူးပေမဲ့ အရင်အကြိမ်တွေမှာ အေးအေးဆေးဆေးထိုင်ဖို့ ေ၀းလာေ၀း။

ေ၀ဒနာကြောင့် အော်ဟစ်သောငး်ကျန်းကာ ဆေးရုံတစ်ခုလုံးကို ဗြောင်းဆန်အောင် သောငး်ကျန်းသူ၊ သူတောငး်သည့် ဆေးမပေးလို့ အခန်းထဲက ပစ္စည်းတွေကို ကိုင်ပေါက်ဖျက်စီးသူ၊ သူ့ေ၀ဒနာကို သက်သာလာအောင် မကုသပေးနိုင်သည့် ဒီဆရာ၀န်ကို ဆဲဆိုရိုင်းစိုင်းသူ။

လာခဲ့သည့်အခေါက်တိုငး် လူနာရှင်တစ်ဦးတစ်ယောက်မှ မပါသော်လည်း စိတ်တိုငး်ကျ ၀ုန်းဒိုင်းကြဲပြီးလျှင် အနောက်မှာ သုညတွေများစွာနဲ့ ချက်လက်မှတ်တစ်စောင်ရေးပြီး လျော်ကြေးပေးတတ်သော လူနာ။

ဘယ်တော့မှ ဆရာ၀န်စကားကို အရေးတယူ အလေးမထားသည့် လူနာသည် ရက်ချိန်းကိုလည်း မှန်မှန်မလာပါ။ သူလာချင်သည့်အချိန် လာသည်။ ရောက်လာလျှင်လည်း ရှေ ့မှာ လူနာဘယ်နယောက်ရှိရှိ အခန်းထဲ ၀ုန်းဒိုင်း ၀င်လာပြီး ဆရာ၀န်အား ပေါက်ကွဲသောသူ။ သူေ၀ဒနာ သည်းမခံနိုင်အောင် ဖိစီးလျှင် ဒီဆရာ၀န်ဆီလာ ပြသနာရှာတတ်သည်။ သူနေသာသ၍တော့ ယောင်လို့မပေါ်လာပါ။

ထိုသို့သော လူနာသည် အခုအကြိမ်မှာ အလှည့်ကျ တုံကင်ကို သည်းခံစောင့်စားပြီး အခန်းထဲ အေးအေးချမ်းချမ်း ၀င်လာသည်ဆိုကတည်းက အင်မတန် ထူးခြားသော ထူးခြားဖြစ်စဉ်။

အခန်းထဲကို အချိန်ယူ မျက်လုံးကစားပြီးမှ ဒီဆရာ၀န်ဆီ မျက်လုံးေ၀့လာသည်။ တည့်တည့်ကြည့်လိုက်ပုံက လူကို မနေတတ်အောင်။

ဘုရား ဘုရား .. ဒီတစ်ခါ သွေးအေးအေးနဲ့ ကိစ္စက ပိုကြီးမည်ထင်သည်။

စူးရှရှ သူ့အကြည့်တွေကြား ကိုယ်သာ လူနာကုတင်ပေါ် ပြေးလှဲလိုက်ချင်တော့သည်။ ထိုလူနာ  စကားတစ်ခွန်းပြောဖို့ ဆရာ၀န်ကို ထိုမျှလောက် တလေးတစား အချိန်မဆွဲတတ်ပါ။

"ခွဲစိတ်လို့ ရဦးမလား"

"ဗျာ!"

"ခွဲစိတ်မယ်၊ 10%ဖြစ်ဖြစ် အခွင့်အရေးရှိမယ်ဆိုရင်တောင် ခွဲစိတ်ပါ့မယ်၊ အသက်သာ ထပ်ရှင်ခွင့်ရမယ်ဆိုရင် ..."

"မဖြစ်နိုင်ပါဘူး၊ အခန့်မသင့်ရင် ခွဲနေရင်း သေဆုံးသွားနိုင်ပါတယ်၊ ခွဲပြီးရင်လည်း လူကောင်းပကတိပြန်ဖြစ်မယ်လို့ လုံး၀အာမ မခံပါဘူး၊ တစ်သက်လုံး သစ်ပင်လူသားဖြစ်သွားနိုင်တယ်၊ အချိန်မမှီတော့ဘူး"

မတတ်နိုင်။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေနဲ့ လူနာအားတက်အောင် မုသားတွေ သီကုံးကာ မနှစ်သိမ့်ချင်တော့ပါ။ ရိုက်သတ်သွားပါစေဦး ရောဂါအခြေအနေကို အရှိအရှိအတိုင်း ဖြစ်စဉ်အား ပွင့်ပွင့်လင်းလငး် ပြောရမည်။

အထူးသဖြင့် မကြာသောအချိန်မှာ မလွဲမသွေ သေခြင်းတရားကို ရင်ဆိုင်ရမည့် သေမိန့်ကျပြီး ဒီလူနာကို မသေခင်အချိန်ပိုင်းမှာ သူလုပ်ချင်တာသာ လုပ်ဖို့ အခွင့်ပေးလိုက်ချင်သည်။ သေရမည့်အတူတူ ဆေးရုံပေါ်မှာပဲ အချိန်မကုန်စေချင်ပါ။

လူနာသည် ဆက်ပြောသည့်စကားတို့ကို ပင့်မ တစ်ရှိုက်နှင့်အတူ ထိန်းသိမ်းလိုက်ပုံပါပင်။ ရောဂါဖိစီးမှု ့ကြောင့် ဖြူသထက်ဖြူလောျ့လာသော်လည်း ရုပ်မပျက်သေး၊ ရုပ်ခံရှိသူတွေများ သွေးမရှိသလို ဖြူဆုတ်နေတာပင် ဆွဲဆောင်မှု ့တစ်ခုလိုဖြစ်နေသေးသည်။

အခန်းထဲ ယာယီ တိတ်ဆိတ်မှု ့ပဝါပါး ခြုံလွှမ်းသွားသည်။

ထိုလူနာသည် စကားလုံးတို့ကို ထိန်းချုပ်ရင်း ၀င်သက်ထွက်သက်ပါ ထိန်းချုပ်လိုက်လေသလား၊ အသက်ရှုသံခပ်မျှင်းမျှင်းကိုပင် မကြားရချေ။

လူနာစိတ်အခြေအနေက အရင်အကြိမ်တွေထက် ပိုဆိုးနိုင်ချေရှိ၍ ဘေးကင်းရန် ထိုင်ခုံနေရာက အကင်းပါးပါး အရင် ထ ပေးပြီး အခန်းထောင့်တစ်နေရာမှာ လွတ်ရာလွတ်ကြောငး် ရပ်နေလိုက်သည်။

"စားပွဲပေါ်က ပစ္စည်းတွေက မနက်ခငး်ကမှ သန့်ရှင်းရေးညီမလေး သေချာစနစ်တကျ စီထားပေးခဲ့တာ၊ လက်နဲ့တစ်ခါတည်း တိုက်ချလိုက်ရင် ကျေနပ်ဖို့ကောင်းအောင် အားလုံးလွင့်စင်သွားမှာပါ၊ ဗီဒိုက မှန်လည်း အသစ်ပြန်ကပ်ထားတာ၊ ဒီပန်းခြောက်ထည့်ထားတဲ့ ကြွေအိုးလေးနဲ့သာ ပစ်ပေါက်လိုက်ရင် အသံကောင်းကောင်းထွက်လာပြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားမှာပါ ... စိတ်တိုင်းကျ ဖျက်စီးသောင်းကျန်းလိုက်ပါ"

အောက်နှုတ်ခမ်းကို ခဲကိုက်ထားသောကြောင့် သွေးစို့တတ်လာသည်။ ထိန်းချူုပ်မှု့တွေကြောင့် လည်ပင်းကြောထောင်တတ်ကာ နားထင်ကြောထင်းလာသည်။ မျက်တောင်မခတ်ပါပဲ မထိန်းနိုင်တော့သော မျက်ရည်ကြည်ပေါက်တို့သည် ပါးပြင်ပေါ် မနှမြောတတ်သည့်အလား ရက်ရက်ရောရော စီးကူးလာသည်။  

တံခါးနှစ်ချပ် လှပ်ထားသော အခန်းပြတင်းပေါက်မှ မနက်ခင်းနေရောင်ခြည်သည် ဆေးနံ့သင်းနေသော ဆေးရုံခန်းထဲ ဖြန့်ကူး၀င်ရောက်နေသည်။

နေခြည်အောက် နေရောင်ဟပ်နေသော အဖြူကောင်လေးသည် ငြိမ်သက်နေပါသော်လည်း ကိုယ်ပေါ်က အကျႌဖြူုခပ်ပွပွက လေအသွဲ ့တွင် ပိန်ပါးပါးကိုယ်နှင့် ကင်းကွာကာ ေ၀့ရမ်းလှုပ်ခါသွားသည်ကို နေရောင်၏ သူ့ကိုယ်ထဲ ထိုးဖောက်မှု ့ကြောင့် အရိပ်သဏ္႑ာန် တွေ့နေရသည်။

တိတ်တဆိတ် ၀မ်းနည်းမျက်ရည်ကျနေသည်က ၀ိဉာဉ်ဖြူတစ်ကောင်အလား။ တိတ်ဆိတ်ခြငး်ကို အဖော်ပြုကာ ရပ်ကြည့်နေရသူအဖို့ ခြောက်ခြားမှု ့နှင့်အတူ ရင်ထဲ မကောင်းမိ။

သေချာပါသည် ... အိပ်မပျော်သည့်ညတွေမှာ ဒီ၀ိဉာဉ်ဖြူလေး၏ ဒီသဏ္႑ာန်က ကိုယ့်ကို ခြောက်လှန့်နေပါလိမ့်မည်။

ထိုင်နေရာက မတ်တပ်ရပ်လာသည်။ ထို့နောက် ကိုယ်ရှိရာဘက်ကို ကြည့်သည်။ မျက်လုံးက ကိုယ့်ကို ကြည့်လျက် ခြေလှမ်းတစ်လှမ်းချင်းက ကိုယ့်အနား လျှောက်လာသည်။

၀ဲပျံတက်လာမည့် လက်သီးလုံးကို အသင့်ခံယူရန် မျက်လုံးစုံမှိတ်ပေးလိုက်သည်။ သေခါနီးလူနာနှင့် ဆရာ၀န်က နပန်းဖက်မလုံးချင်ပါ။ မသေခင် သူတို့စိတ်ဆန္ဒကို လွတ်လပ်စွာ ပေါက်ကွဲခွင့်ပြုလိုက်သည်က ဆရာ၀န်ဆိုသည်ထက် လူလူချငး်စာနာသော အကြင်နာတရား။

မျက်လုံးကို ကျစ်ကျစ်ပါအောင် မှိတ်ထားသော ကိုယ့်ရှေ ့တွင် အထက်အောက် ယပ်တောင်တစ်ချက် ခပ်လိုက်သလို လေဟပ်သွားသည်။ ကိုယ့်မျက်နှာကို ပွတ်တိုက်သွားသည်မဟုတ်ပါဘဲ ကိုယ့်ရှေ ့မှ အထက် အောက်ကို ကျသွားသည့် အရှိန်တစ်ခု၏ လေလမ်းကြောင်း။

မျက်လုံးမရဲတရဲ ဖွင့်သောအခါ စူးရှစွာ စိုက်ကြည့်နေမည့် မျက်၀န်းတစ်စုံကိုမတွေ့ရပါ။

အောက်ငုံ့ကြည့်လိုက်မှ ကိုယ့်ရှေ ့ဒူးထောက်နေသည့် ထိုလူနာ။

အဲ့ဒီ့အစား လက်သီးနဲ့သာ ပစ်ထိုးလိုက်ပါတော့လား၊ ဒီလို ဆရာ၀န်ဆီမှာအသနားခံ တောင်းပန်ရုံနှင့် တတ်နိုင်သည့် ကိစ္စမဟုတ်တာ ကာယကံရှင်လည်း သိပါရဲ ့နဲ့။

ကံရေးကံရာမှာ ပုထုဇဉ်လူသားဆရာ၀န်ကို ပသမည့်အစား ငှက်ပျောပွဲ မ,ပြီး နတ်ကွန်းမှာ နတ်ကနားပေးတာမှ ဖြစ်နိုင်သေးသည်။ ထိုနတ်တွေတောင် သေကံပါတော့ မရှု ့မလှ အသေဆိုးနဲ့  သေချိန်တန်တော့ သေခဲ့ရတာပဲ။

ဆရာ၀န်ဟူသည် သေချိန်မတန်သေးသောအသက်ကိုပဲ ကယ်နိုင်သည်၊ သေမိန့်ကျပြီး လူကို ဟပ်ချလောငး် ပျောက်ကင်းစေ ဟု နှင်တံတို့ကာ အသက်ရှင်စေနိုင်ခြင်းငှာ မတတ်စွမ်းနိုင်ပါ။ ကိုယ်ကိုင်ရတာ ဆေးထိုးအပ်၊ ထိပ်မှာ ကြယ်တပ်ထားသော ဖြစ်စေ နှင်တံမဟုတ်။

အခုလို သေခြငး်ရှင်ခြငး်မှာ အားကိုးခြငး်ခံရသောအခါ ဆရာ၀န်ဟူသော ဂုဏ်ပုဒ်နှင့်အတူ ဖြစ်စေဓာက်လုံးကိုပါ တွဲဖက်ချီးမြှင့်ထားသင့်သည်ဟု မမြင်ရသော အမည်မသိ ပုဂ္ဂိုလ်တွေထံပါး တောင်းခံမိသည်။

"ကယ်ပေးပါ၊ တို့ မသေချင်သေးဘူး၊ ဘယ်လောက်ကုန်ကုန် ဘယ်လောက်ခက်ခဲ ဘယ်လောက်နာကျင်ပါစေ အသက်တစ်ရက် ပိုရှင်မယ်ဆိုရင် တို့တောင့်ခံနိုင်ပါတယ်၊ ကိုက်ခဲတဲ့နာကျင်မှု့ ... မပြောပပါဘူး၊ သူ့အနားမှာ တစ်ရက်ထက် ပိုနေရရင် ဒီလိုနာကျင်မှု ့မျိူးကို အချိန်တိုင်း အဖော်ပြု နေသွားရမယ်ဆိုလည်း ရပါတယ်၊ အသက်ရှင်ခွင့်သာ ပေးပါ၊ တို့ဘာမဆို ရင်ဆိုင်လက်ခံမှာမိုလို့ အသက်ရှင်နိုင်အောင်သာ လုပ်ပေးပါ"

သိလိုက်ပြီ ... ဟိုးတလောကတောင် ကိုက်လှခဲလှလို့ သေမယ် တကဲကဲလုပ်နေသည့် ဒီလူနာက အခု ဘယ်လောက်ဒုက္ခခံရပါစေ အသက်ရှင်ချင်သည့် အကြောင်းမှာ သူ့ဘ၀ နိဂုံးမချူပ်ခင် အစွဲအလမ်းသံယောဇဉ်တစ်ခု၏ ချည်နှောင်ခြငး်ကို ခံလိုက်ရပြီ။

"တို့ဒီအတိုင်း မသေချင်တော့ဘူး၊ အရာအားလုံးကို ရခါနီးမှ သေရမှာတဲ့လား .. မတရားဘူး၊ ဒါနဲ့များ ဒီဘ၀ကို ဘာလို့ ရခ့ဲသေးလဲ၊ ဒီအတိုင်း မသေနိုင်သေးဘူး၊ ကောင်းကောငး်ကြီးနေပြီး ပျော်ပျော်ကြီးစံစားဦးမှာ"

ပိုင့်အနား အခုလိုနေခွင့်ရဖို့ အချိန်တွေအများကြီးကြာပြီး အခက်အခဲတွေ အဆင့်ဆင့်ကို ရင်ဆိုင်ကျေ်ာဖြတ်ခဲ့သည်။ နောက်ဆုံး နေခွင့်ရတော့မှ မကြာသေးသောကာလမှာ သေရတော့မှာတဲ့လား ...

ပြက္ခဒိန်မှာ ရက်မှတ်ထားသော အနီမှင်တွေလည်း လအတန်တန်ကို ခြစ်ချခဲ့ပြီးပြီ။ ကျန်ရစ်နေတာ နှစ်တစ်နှစ်၏ တစ်လပင်မပြည့်တော့။ ကိုယ့်ကိုယ်ကိုယ် သိနေသည်။ အခုရက်ပိုင်းထဲ တစ်ရက်ထက်တစ်ရက် ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာ။ အရင်လည်း ကြုံတွေ့ခံစားရသော ေ၀ဒနာကြီးဖြစ်ပေမဲ့ သိနေသည်၊ သိကိုသိနေသည်။ သူမကြာခင် သေတော့မှာ။ သေခြင်းတရားက သူ့အသက်ကို နှုတ်ယူတော့မည်။

ခြေထောက်ကိုဖက် တောင်းပန်ငိုကြွေးနေသည့် လူနာကို ဘယ်လိုစကားမျိူးနဲ့ တရားချရမလဲ။ ကိုယ်တိုင်က ဆေးပညာသာ သင်ယူခဲ့သူမို့ ဓမ္မစေတနာတရားစကား ဘာသာရေးဘက်မှာ အားနည်းခဲ့သည်လေ။

ဒီလောကီလူသားကို သေခြင်းတရားအား မတွန့်ဆုတ်စေရန် ပြန် အချွတ်တရားပြနိုင်ဖို့မှာ ကိုယ်တိုင်တောင် သေရမှာကိုကြောက်တတ်သေးသော ကိလေသာတောထဲက သားကောင်ဖြစ်နေသည်။

---------------------

"နားရာ ... ဖေဖေသူငယ်ချင်းက နားရာလေးအတွက် အကျႌလှလှလေးတွေ လက်ဆောင်ပေးလိုက်တယ်၊ ဒီည အပြင်ထွက်ရင် နားရာလေး ဘာ၀တ်မလဲ၊ ဖေဖေကတော့ ဒီအဖြူလေးမဆိုးဘူးထင်တယ်"

ကလေးဂါ၀န်အဖြူနဲ့ အဝါ နှစ်ထည်ကို ယှဉ်တွဲလျက် ပိုင်စီးပြသည်။

နားရာလေးက ကစားနေရာက အရုပ်မကိုချကာ အနားကို တတောက်တောက်လျှောက်လာသည်။ ထို့နောက် ပိုင်စီးပေးသော အဖြူရောင်ကို မယူပဲ အဝါရောင်ကို ဆွဲယူသည်။

ပိုင်စီးမျက်နှာ မဲ့သွားသည်။

"ဒီတစ်ခါလည်း နားရာနဲ့ ဖေဖေ အမြင်ချင်းမတူဘူးပဲ"

သမီး၏ဆံပင်ကို ဆွဲဖွပြီး ပိုင်စီး အိပ်ရာထဲ လဲှချလိုက်သည်။

သူက ဒါဆို နားရာက ဟိုဟာ၊ ဘယ်သောအခါမှ အကြိုက်တူ ရွေးချယ်မှု ့တူသည်မရှိ။ အစက စိတ်ထဲမထားပေမဲ့ ကြိမ်ဖန်ရေများလာသောအခါ ပိုင်စီး စိတ်မကောငး်ဖြစ်မိသည်။

အိပ်ရာဘေးမှာ ဂါ၀န်အဝါရောင်လေးကို ကိုင်ကာ မပီကလာပီကလာ ဘာဘာသာမှန်းမသိ စကားတွေပြောနေသော သမီးလေးကို ဆွဲပွေ့ကာ ဗိုက်ပေါ် တင်လိုက်သည်။

"ဘယ်တော့များမှ .. ဖေဖေနဲ့နားရာ ရွေးချယ်မှု ့တစ်ခုတည်းဖြစ်နိုင်မလဲ၊ ဖေဖေလည်း ဖေဖေ့သမီးလေးန့ဲ တူချင်တာပေါ့၊ ဖအေတူသမီးလို့ အပြောခံချင်တာပေါ့၊ အမြဲတမ်း မေမေနဲ့ချည်းတူတယ်ပြောတော့ မေမေ့ကို ဖေဖေက သ၀န်တိုလာရော"

သူ့စကားကို နားမလည်သော သမီးကို ပြောနေလို့ရော ဘာထူးနိုင်မှာလဲ။ နားလည်လောက်တဲ့အရွယ်ရောက်မှ သူ့အတိုင်း ပုံသွငး်ပြမယ်။ အခုတော့ ဒေါ်နားရာ နေနှင့်ဦးပေါ့ကွာ။

စိတ်ထဲ ကြိမ်းထားပြီး ဗိုက်ပေါ်က ၀ူး၀ူးဝါးဝါးနဲ့ သမီးကို အသားယားလွန်းလို့ ရင်ခွင်ထဲပွေ့ဖက်ကာ ဖျစ်လိုက်သည်။ သမီးက သူ့ချုူပ်တည်းမှု ့အောက် လူးလွန့်ရင်း ရုန်းသည်။ နဖူးချငး်တေ့ဆိုင်ကာ ချော့မြူှတော့လည်း သဘောကျနေပြန်သည်။

သားအဖနှစ်ယောက် ကစားနေတာကို အခန်းပြင်မှ ကြည့်နေသော မမနိုင်မှာ မျက်ရည်ကျလျက်။

-----------

ခြံတံခါးဘဲလ်တီးသံကြောင့် မမနိုင် ခြံထဲဆင်းလာသည်။ ခြံတံခါး၀မှာ ရပ်နေသော Downကို မြင်ရသောအခါ စိတ်လေးလံသွားခြင်းနှင့်အတူ မျက်မှောင်ကြုတ်မိသည်။

"မင်း ဘာလာလုပ်တာလဲ"

Downက မျက်မှန်ကို ဟန်ပါပါချွတ်ကာ

"အရင်ဆုံးအိမ်ထဲပေး၀င်ပါ့လား၊ အကြောငး်ရှိလို့လာတာ၊ မရှိရင်မလာဘူး"

မမနိုင်က မျက်နှာလွဲှ လက်ပိုက်လျက်

"မောင် အိမ်မှာ မရှိဘူး၊ မင်းပြန်လိုက်တော့"

"သိတယ်၊ မရှိတဲ့အချိန်ကို လာတာ၊ အမေဖြစ်သူရှိတယ်မလား"

မမနိုင်က သက်ပြင်းချပြီး လက်ပိုက် ဖြုတ်ကာ

"ငါ့ဘက်က ငြိမ်နေတာ မင်းကို လက်ခံတာမဟုတ်ဘူး၊ ငါ့ခင်ပွန်းရဲ ့စိတ်ချမ်းသာမှု့ကို ငါမကန့်ကွက်တာ၊ မင်းလည်း အတိုင်းအတာတစ်ခုကို မလွန်လာပါနဲ့၊ မင်းနဲ့ ငါတို့ကြား ဘာမှ ပတ်သက်စရာမရှိဘူး"

အိမ်ထဲကို ပေး၀င်ဖို့နေနေသာသာ ခြံတံခါးကိုပင် ဖွင့်ပေးဖို့ စိတ်ကူးမရှိပုံ၊ ကျောခိုင်းသွားသည့် မမနိုင်ကို ဆွချင်လို့ ရယ်ပေးလိုက်သည်။

"နားရာက ဘယ်သူ့သမီးလဲ မမနိုင်၊ တို့အဲ့ဒါကို သေချာ သိမှဖြစ်မယ်"

မမနိုင်ကျောပြင် တောင့်မတ်သွားတာကို သတိထားမိသည်။ ပြန်တုံ့ပြန်ရမည့် စကားအတွက် အချိန်ယူနေသေးသည်။ ပြီးမှ အနောက်ကို ပြန်လှည့်လာသည်။

"မဟုတ်တာတွေ မပြောဘဲ ငါ့ခြံရှေ ့က အမြန်ထွက်သွားပေးပါ၊ မင်းအကြောင်း ငါသိပြီးတည်းက စိတ်ကြည်ကြည်လင်လင်နဲ့ နေခဲ့ရတဲ့နေ့ တစ်ရက်တောင်မရှိခဲ့ဘူး၊ ဒေါသဖြစ်ဖို့ ရန်ကိုရန်ချင်း ပြန်တုံ့ပြန်ဖို့တောင် ငါသိပ်ပင်ပန်းနေပြီ၊ င့ါဘာသာ နေပါရစေ မင်းသွားလိုက်တော့"

"ခြံတံခါးတောင် မဖွင့်ပေးတဲ့ ဧည့်၀တ်ကျေမှု ့ကို မှတ်ထားလိုက်ပါ့မယ်၊ နားရာက သူ့သမီး မဟုတ်မှန်း ပိုင်သိသွားရင်လည်း အခုလို မမနိုင် မောက်မာနိုင်ပါဦးမလား စိတ်၀င်စားမိတယ်"

မမနိုင်က ဘာမှမပြောဘဲ ခပ်စူးစူး စိုက်ကြည့်နေသည်။ ထိုအချိန် ဒေါ်သစ်သစ်နိုင်က ထမိန်စကို ကိုင်ဆွဲလျက် အိမ်ထဲက ထွက်လာသည်။

"ဒီညကစပြီး ရက်တစ်ရာတိတိ ပိုင့်ကို တို့နဲ့လွှတ်ထားပေးပါ၊ ရက်တစ်ရာဆိုတာ ပိုပိုလိုလို ပြောထားတာ၊ ဆယ်ရက်လညး်ဖြစ်နိုင်သလို ၇ရက်အတွင်းလည်းဖြစ်နိုင်တယ်၊ မြန်ဖို့ပဲရှိတယ်၊ ရက်တစ်ရာထက်တော့ မကြာပါဘူး၊ ဘာဖြစ်ဖြစ် အဲ့အချိန်အတွင်းမှာ ဘာအကြောငး်ပဲရှိရှိ အဲ့ဒီ့မိသားစုဘက်က ပိုင့်ကို မဆက်သွယ်ပါနဲ့၊ ဒါဆို ဒီလျိူ ့၀ှက်ချက်ကို သေသည်အထိ..."

လက်မနှင့်လက်ညှိုးကိုဖိကပ်လျက် ပါးစပ်ကို ဇစ်ပိတ်လိုက်ဟန် အမူအရာ ပြသည်။

"ဘာခွေးစကားတွေ လာ ပြောနေတာလဲ၊ နင် ငါ့ခြံရှေ ့က အခုချက်ချင်းထွက်သွား"

ဒေါ်သစ်သစ်နိုင်က ပြောလည်း ပြော ဆွဲယူလာသော ရေပုံးထဲက ရေနဲ့ လှမ်းပတ်လိုက်သည်။ Downတစ်ကိုယ်လုံး စိုစိုရွှဲသွားသည်။

"အမေ!"

သော့ခတ်ထားသော ခြံတံခါးကို ခြားလျက် ကဆုန်ပေါက်နေသော ဒေါ်သစ်သစ်နိုင်ကို မမနိုင်က တားတော့ တားပေးသည်။

ရေစိုသွားသော မျက်နှာကို လက်ဖြင့်သပ်ချပြီး Downနာနာကျင်ကျင် ရယ်သည်။

"နောက်ဆုံးအပေးအယူက မဖြစ်တော့ဘူးပဲ"

ခပ်တိုးတိုးရေရွတ်ကာ ခြံတံခါးကို ကိုင်ဆောင့်လျက်

"သူများကို ရမ်းချီးပန်းမနေဘဲ ကိုယ့်သမီးကိုကိုယ် ပြန်မေးလိုက်ဦး၊ မွေးထားတဲ့ကလေးက ဘယ်သူအဖေလဲလို့ သေသေချာချာ လက်ကြိတ်တို့ မေးလိုက်ပါဦး"

"ဘာ!"

"မိန်းမယုတ်တွေ ... ပိုင်အားလုံးသိသွားရင် နင်တို့သားအမိ မြေးအဘွားတစ်သိုက်ကို ဒီအတိုင်းထားမှာ မဟုတ်ဘူး"

ခြံတံခါးအပြင်ဘက်က Downကို စိတ်တွေတိုကာ လက်တပြင်ပြင်ဖြစ်နေသော ဒေါ်သစ်သစ်နိုင်ကို မမနိုင်က အော်ကာဟစ်ကာ ချုူပ်ဆွဲထားသည်။

"နားရာက တို့ပိုင်ရဲ ့သမီးမဟုတ်ဘူး၊ ပိုင့်အစ်ကိုရဲ ့သမီး၊ ပိုင်နဲ့အိမ်ထောင်ကျပြီးမှ ဖြစ်တာ၊ အဲ့ဒါကို လက်ရှိ ယူထားတဲ့ယောက်ျားကို နွားခံခိုင်းတယ်၊ ဗိုင်းကောငး်ကျောက်ဖိ ဆိုဆုံးမမှု ့ရှိပါတယ်ဆိုတဲ့ ခင်ဗျားသမီးက ၂၁ရာစုရဲ ့စိဉ္စမာဏလက်သစ်ပဲ"

ဒေါ်သစ်သစ်နိုင် ရုတ်ချည်း ငြိမ်ကျသွားသည်။ ထို့နောက် Downကို ကြည့်ရင်း မျက်ရည်တွေ ကျ တဆက်ဆက်တုန်ယင်လာသော သမီးကို

"မိနိုင် ... ညည်း သူပြောတာ ဟုတ်သလား၊ အမှန်အတိုင်းပဲ ငါ့ကိုပြော၊ ငါမှန်သောစကားကိုပဲ ကြားချင်တယ်၊ ညည်းလုပ်ရပ်က မမှန်ရင်တောင် ညည်း ငါ့ကို အမှန်အတိုင်းပြော၊ ငါ ညည်းဘက်ကပဲ ရပ်တည်မှာ"

မမနိုင်က အောက်နှုတ်ခမ်းကို ပြတ်ထွက်လုမတတ် ဖိကိုက်ကာ ခေါင်းခါရမ်းသည်။

"မင်းတွေ့တယ်နော် ... ငါ့သမီးက မဟုတ်ဘူးတဲ့၊ ငါ့သမီးကို စိတ်ဆင်းရဲအောင် ထပ်မလုပ်ဘဲ အခုချက်ချင်း ငါ့ခြံရှေ ့ကထွက်သွား"

"အဟက် .. ေ-ာက်ရူးသားအမိပဲ၊ ခင်ဗျားသမီးက ၀န်ခံဖို့စိတ်ဆန္ဒကို မရှိတာ၊ ဘူးခံ ငြင်းလိုက်တာနဲ့ မမနိုင်သမီးကိုယ်မှာ စီးနေတဲ့ ကိုပိုင်ဇေ့သွေးတွေက ခြောက်ခမ်းသွားမယ်ထင်နေလား၊ ညီအစ်ကို နှစ်ယောက်ကို ပုံမှားရိုက်ပြီး ကလေးထွက်လာတယ်ပေါ့၊ စောင့်ကြည့်နေပါ .. ခင်ဗျားတို့သားအမိ ဟိုးအောက်ဆုံးအထိ ကျသွားတာကို တို့ မသေခင် ကြည့်ကိုကြည့်သွားမှာ"

"နင့် ပါးစပ်ပေါက်ပိတ်ထားပြီး ငါ့ခြံထဲက အခုချက်ချင်း ထွက်သွားလို့ ငါပြောနေတယ်နော်"

"သွားမှာပါ၊ တို့ကလည်း အပျက်ပျက်နဲ့နှာခေါငး်သွေးထွက်မှာစိုးလို့ ပြေလည်အောင် လာညှိနှိုင်းတာ၊ ခင်ဗျားတို့က အဆုံးထိ မာန်မချရင် တို့လည်း အဆုံးထိ သွားရုံပဲ"

ကားမောင်းထွက်သွားကာမှ ဒေါ်သစ်သစ်နိုင် ခြေထောက်တွေ ညွှတ်ခွေယိုင်နဲ့ကာ ထိုင်လျက်ကျသွားသည်။ ထို့နောက် မယုံမရဲစွာ ...

"မမနိုင် ... ညည်းတကယ် မဟုတ်ပါဘူးနော်"

"အမေ့"

ခပ်ကြိတ်ကြိတ်မာန်ပြီး အတန်ကြာစိုက်ကြည့်ကာ နောက်ဆုံးမှာ ဒေါ်သစ်သစ်နိုင် ရင်ခွင်ထဲ တိုး၀င်၍  ငိုရှိုက်လာသည်။

---------------------

ရုံးခန်းထဲအတင်း၀င်လာသော Downကြောင့် အသစ်ခန့်ထားသော အတွင်းရေးမှုးမလေးက ဘာလုပ်လို့လုပ်ရမှန်းမသိ။ ပိုင်စီးမျက်နှာပျက်သွားပေမဲ့ ပြန်ထိန်းရင်း

"ရတယ်၊ ငါ့ဧည့်သည် ထားခဲ့လိုက်၊ အခန်းထဲ ဘယ်သူမှ မ၀င်လာစေနဲ့"

ခေါင်းညိမ့်ပြီး အခန်းတံခါးသေချာစေ့ပိတ်ပေးသွားသည်။

"Down .. ငါပြောထားတယ်လေ၊ ရုံးကို မလာပါနဲ့လို့ "

ပြောတာကို အရေးမလုပ် ပိုင်စီးကို အငမ်းမရဖက်နမ်းလာသည်။ ခါးကိုဖက်ကာ ရင်ခွင်ထဲ မှီနွဲ့ခို၀င်လာသည်။ ပါးနှစ်ဖက်ကို သူ့လက်ခုပ်နှစ်ဖက်ထဲ အုပ်ကိုင်၍ နှုတ်ခမ်းကို အဖန်တလဲလဲ နမ်းကာ

"ပိုင် ... စိတ်အေးအေးထားပြီး အခုပြောမဲ့ တို့စကားကို သေချာနားထောင်နော်"

အလေးအနက်ဖြစ်နေသော အမူအရာ လေသံအနေအထားကြောင့် ပိုင်စီး မျက်နှာတည်သွားသည်။
အကြောငး်အရာ ဘာမှန်းမသိသော်လည်း နားထောင်ရန် အဆင်သင့်ဖြစ်ကြောင်း ခေါငး်ညိမ့်ပြလိုက်သည်။

နှုတ်ခမ်းကို ထပ်မော့နမ်းလာကာ ပါးနှစ်ဖက်ကို ကြင်နာယုယစွာ ပွတ်ကိုင်လျက် အကြည့်ချင်းဆုံကာ

"တကယ်တော့ နားရာက ပိုင့်သမီးအရင်း မဟုတ်ဘူး၊ ပိုင့်အစ်ကိုရဲ ့ သမီးပဲ၊ မမနိုင်နဲ့ပိုင့်အစ်ကိုတို့ နေပြည်တော် ဆေးရုံမှာ စကားများတော့ တို့နားနဲ့ ဆက်ဆက်ကြားခဲ့ရတာ"

ကမ္ဘာကြီး၏ သက်၀င်လှုပ်ရှားမှု ့ ခေတ္တခဏ ရပ်ဆိုင်းသွားပါသည်။ ဟာခနဲ ဟင်ခနဲ အံ့သြဟန်မပြနိုင်။ ဦးဏှောက်ထဲ Downစကားကိုပဲ ထပ်တလဲလဲ ဘာသာပြန်နေခဲ့ပါသည်။ မိခင်ဘာသာမြန်မာစကားကို ရှင်းရှင်းလေးပြောသွားသော်လည်း နားလည်ဖို့ကို တော်တော် အချိန်ယူလိုက်ရသည်။

တစ်ကြိမ်တစ်ခါမှ သံသယ မရှိခဲ့ဖူးသော အဖြစ် ...

ခါးကို သွယ်ထားသော လက်တွေကို ဖြည်ချလိုက်သည်။

"အဲ့လို သွေးမထိုးနဲ့ Down ... ငါလုံး၀မကြိုက်ဘူး၊ မင်းစကားက ဟာသလည်း မမြောက်သလို ယုံချင်စရာလည်း မကောငး်ဘူး"

"တို့ကိုယ်တိုင်လည်း ပိုင်ပြောရင်တောင် ယုံနိုင်မှာ မဟုတ်ဘူး၊ အခုက ကာယကံရှင် သူတို့ကိုယ်တိုင်ပြောနေတာကို တို့နားနဲ့ ကြားခဲ့တာ၊ ဘယ်အချိန်ထိ လှည့်စားခံနေမှာလဲ၊ ပိုင်က သိပ်တုံးတာ တို့သိတယ်"

ဘာမှမပေပါသော သူ့ရှပ်ကော်လံကို လက်ဖျားလေးနဲ့ ပုတ်ဖယ်ပေးကာ ပြောနေသော Downကို ခဏတာ တွေတွေငေးကြည့်နေရာမှ ရုန်းထွက်လိုက်သည်။

"မင်းပြန်တော့ .. ငါစဉ်းစားစရာတွေရှိတယ်"

"စဉ်းစားရမှာ မဟုတ်ဘူး၊ ဆုံးဖြတ်ရမှာ၊ နားရာက ပိုင့်သမီးမဟုတ်ဘူး၊ ပိုင့်အစ်ကိုရဲ ့သမီး၊ ပိုင့်ကိုအဖေပါလို့ ပဉ္စလက်ပြ လှည့်စားထားတဲ့ မမနိုင်ကို ပိုင်ဘာဆက်လုပ်မလဲ ဆုံးဖြတ်ပါ"

---------------

အခန်းထဲ တစ်ယောက်တည်း ထိုင်လျက် အစက အဆုံး ပိုင်စီးခေါင်းထဲ နောက်ကြောင်းပြန် တွေးနေသည်။

အိမ်ထောင်သက် တစ်နှစ်ကျော်သည်အထိ သားသမီးမရခဲ့သော မမနိုင်၊ သူကိုယ်တိုင်လည်း လိင်စိတ်၀င်စားမှု့မှာ မိန်းမထက် ယောက်ျားကို ပိုသာယာသောကြောင့် မိန်းမကိုယ်နှင့် နှီးနှော၍ ကလေးရရန် စိတ်ကူးမယဉ်ဖူးခဲ့။

မမနိုင်က သူရင်းနှီးခဲ့သော ပထမဦးဆုံးမိန်းမ။ မိန်းမတွေ၏ ေ၀ယျ၀ိစ္စကို စိတ်မ၀င်စားသလို ဇီ၀ကမ္ပဖြစ်စဉ်ကို ပေါ့ဆထားခဲ့သည်။

သမီးလေးမရှိခင်က မမနိုင်နှင့်သူ့ကြား လင်နှင့်မယားဖြစ်လာလျှင် ဖြစ်ရိုးဖြစ်စဉ် လင်မယားအရာမြောက်တာကလွဲ အိမ်ထောင်သည်ဇနီးမောင်နှံတို့၏ အချူပ်အနှောင်သံယောဇဉ် မရှိခဲ့။ မမနိုင်က တာ၀န်ကျေသော်လည်း သူကိုယ်တိုင်က သွေးအေးခဲ့သည်။

ပြောရရင် သူ့မှာ လင်ယောက်ျား၏အကြင်နာတရားရော အိမ်ထောင်ဦးစီး၏ မေတ္တာတရားရော ခေါင်ပါးခဲ့သည်။ သမီးလေးက ထိုတရားတွေ၏ ဖန်ဆင်းရှင်၊ မှောင်မိုက်သော သူ့ဘ၀၏ အလငး်ရှင်၊ ပူလောင်သော သူ့စိတ်ကို ပတ်ဖျန်းအေးငြိမ်းစေသော ရေစင်အေး။

သမီးလေး ရှိလာမှ မိသားစုကို တန်ဖိုးထားတတ်လာသည်။ အိမ်ထောင်ဦးစီး ယောက်ျားတစ်ယောက်၏ တာ၀န်ကို လိုက်နာလာသည်။ လူဖြစ်ရသည့်နေ့တွေက သမီးလေးစိတ်နှင့် အဓိပ္ပာယ်ရှိလာသည်။

မိဘတွေနှင့်သိပ်မဆင်မပြေသည့် သူက ကိုယ်မွေးလာမည့် သားသမီးကိုလည်း မမက်မောခဲ့ပါ။ မူးယစ်နွံထဲက လွတ်မြောက်လာသော သူ့ဘ၀သစ်တွင် လောဘတွေ အတ္တတွေနဲ့ ရုန်းကန်လာခဲ့တာ .. .ပထမဦးဆုံး သိတတ်စွာ ခံစားတတ်သည့် အေးမြသော မေတ္တာတရားက ဖခင်မေတ္တာ။

တစ်ကိုယ်ကောင်းဆန် အတ္တကြီးသော သူ့ကို တစ်ပါးသူအတွက် မေတ္တာထားတတ်စေခဲ့တာ သမီးလေးအပေါ် ဖခင်မေတ္တာ။မမနိုင် ကိုယ်၀န်ရှိကြောင်း စသိသောအခါ မယုံနိုင်ခြင်းများနှင့် ငါ့သွေးငါ့သား အသိက အလိုလို ပီတိမျက်ရည်ကျခဲ့ရသည်။

မမနိုင်၀မ်းကြာတိုက်မှာ သမီးလေး သနေ္ဓတည်ကြောင်း သိရှိရပြီး ဗိုက်ကလေးမပူခင်ကတည်းက ၀မ်းဗိုက်နားကို ကပ်ကာ သမီး၏ အသက်ရှုသံကို ကြားလို့ကြားရငြား ညစဉ်နားထောင်ခဲ့ဖူးသည်။ စကားတွေ ပြောခဲ့ဖူးသည်။ လူလုံးမပေါ်သေးသော သနေ္ဓသားလောငး်လေးအား အကဲပို သဲသဲလှုပ် အဖေရူး ရူးခဲ့ရသည်။

စေ့စေ့ မကြည့်ခဲ့ဖူးသော မမနိုင်ကို သမီးလေးနှင့်တသားတည်းရှိစဉ်မှာ မျက်စိအောက်က အပျောက်မခံ၊ ခြေလှမ်းတစ်လှမ်းချင်းစီမှာ ဂရုစိုက် အကြင်နာပိုခဲ့ရသည်။

သမီးလေး၏ နှလုံးခုန်သံကို စတင်ကြားရစဉ် ဆရာ၀န်အား ရှေ ့ထားကာ မမနိုင်ကိုဖက်၍ ကျေးဇူးတင်စကား အထပ်ထပ်ပြောကာ ယောက်ျားကြီးတန်မဲ့ အပျော်လွန်၍ ငိုခဲ့ရသည်။ သမီးလေး၏ ပထမဆုံး အဖြူအမဲ ultrasound ပုံလေးကိုတွေ့ရတော့ မသဲကွဲပေမဲ့ လှလိုက်တာ၊ ငါ့သမီးလေးက ငါနဲ့တူလိုက်တာလို့ အလွန်အကြူးတွေ ကြွားဝါ ဂုဏ်ယူခဲ့ဖူးသည်။

ပိုက်ဆံခေါက်အိတ်ထဲက အခုတိုင် ရှိသေးသော နားရာလေး၏ ultrasoundပုံလေးကို ထုတ်ကြည့်ကာ ပိုင်စီး နင့်နင့်သည်းသည်း အသံထွက် ငိုမိသည်။

လအတန်ရင့်၍ သနေ္ဓသားလေး ထွားလာသောအခါ မမနိုင်၀မ်းဗိုက်ကို အကျႌလှန်၍ နိမ့်ချည်မြင့်ချည် သမီးလေး၏ ငြိမ့်ငြိမ့်လေး လှုပ်ရှားမှု ့ကို ထိုင် စောင့်ကြည့်ခဲ့သည်။ အမေ့ဗိုက်ထဲမှာ သမီးလေး လှုပ်ရှားတာကို ကြုံတွေ့လိုက်လျှင်များ ထိုတစ်ညလုံး ပိုင်စီး ပြောလို့မဆုံး အိပ်လို့မပျော်တော့။

ဗိုက်ထဲမှာ ပုန်းအောင်းနေသော သမီးလေးကို တစ်နေ့ထက်တစ်နေ့ တွေ့ချင်လွန်းလို့ အသဲတွေယားခဲ့ရတာ သမီးလေး လောကကြီးကို မထွက်လာခင်အထိ။

သမီးလေးဖွားခါနီးတွင် မမနိုင်ထက် ပိုစိတ်လှုပ်ရှားကာ ထိုင်မရ ထမရဖြစ်ရတာ ပိုင်စီး။ သြကာသ ကန်တော့ခန်းတောင် မကျေညက်သောသူ့မှာ အင်္ဂုလိမာလသုတ်ကို ရေမန်းရွတ်သလို နှုတ်တိုက်ရစေခဲ့သည်။

ခွဲခန်းထဲ၀င်ကာ သမီးလေး၏ ငိုသံကို စစကြားကြားချင်း သူ့ကမ္ဘာတုန်ဟီးသွားသည်။ သမီးလေးချက်ကြိုးကို သူကိုယ်တိုင်ဖြတ်ပေးခဲ့ရစဉ် အခိုက်အတန့်က အခုချိန် ပြန်တွေး အခုချိန် ကြတ်သီးထ ရင်ခုန်ရတုန်း။ ကလေးချက်ကြိုးဖြတ်ပြီးတာတောင် မွေးခန်းထဲကမထွက်သေး၍ ဆရာ၀န်တွေ နှင်ထုတ်သည်အထိ ချေွးစတွေနဲ့ မမနိုင်နဖူးကို အထပ်ထပ် အနမ်းတွေခြွေမ၀ဖြစ်ခဲ့သည်။

ထိုစဉ်ကသိလိုက်သည် ... သမီးလေးက သူ့ဘ၀၏ တစ်သက်တာ အေးချမ်းစွာ ခိုနားရာ။

သမီးလေးမွေးလာတော့လည်း အိပ်ရေးပျက်သည့်ဒဏ်ကို မမှု ့၊ မမနိုင်နှင့်ထပ်တူ ဒုက္ခခံခဲ့သည်။ သမီးလေး၏ ကျင်ကြီးကျင်ငယ်ကို သူကိုယ်တိုင် မရွံမရှာ သုတ်သင်လျှော်ဖွပ်ပေးခဲ့သည်။ သမီး၏ မစင်တုံးကို ရှုရှိုက်မ၀ မွှေးကြူသည်အထိ သမီး၏ ၀မ်းရေးကျန်းမာရေးကို စိုးရိမ်ခဲ့သည်။

သူ့ဘ၀၏ တုနှိုင်းမဲ့ရတနာလေးအား အပြင်ကလေးထိန်းလက်နှင့် လုံး၀မထိစေလိုသော သူ့မှာ မမနိုင် မအားလျှင် သူကိုယ်တိုင် အကျႌလက်ရှည်ကို လက်တံတောင်အထိ ခေါက်၍ ၀င်ကူလုပ်ပေးခဲ့သည်။

တစတစ အရွယ်ရောက်လာပြီး သူနှင့် အကျင့်မတူ၊ အကြိုက်မတူ၊ ဗီဇမတူသော သမီးလေးကို နညး်နညး်လေးမှ အပြစ်မမြင်မိ။ စိတ်မကောငး်ဖြစ်ခဲ့ရုံသာ။

သူ့နှလုံးသားနှင့် ထပ်တူရှင်သန်မွေးမြူလာသော သမီးငယ်က သူ့သွေးမဟုတ်ဘူးတဲ့လား၊ လုံး၀ လက်မခံနိုင်ပါ၊ နားရာက သူ့သမီးမဟုတ်တာကို လက်မခံနိုင်သလို မမနိုင်က သူ့ကလေးမဟုတ်ပါဘဲ သူ့ကိုအဖေနေရာ ခံခိုင်းတာကိုလည်း လုံး၀ လက်မခံပါ။ မမနိုင်သာ လိမ်ညာလှည့်ဖျားခြငး် ဧကန်ဖြစ်ပါက သူ လုံး၀ ခွင့်လွှတ်နိုင်မှာမဟုတ်။

ဆုံးဖြတ်ချက်နှင့်အတူ ရုံးခန်းကထွက်လာတော့ အပြင်မှာ တော်တော်မှောင်နေပြီ။

-------------

ခြံထဲကို ပိုင်စီးကား ၀င်၀င်ခြင်း မမနိုင်က ပေါ်တီကိုအောက်မှာ အသင့်စောင့်ကြိုနေသည်။

"သမီးရော"

"သမီး ဒီနေ့ အစောအိပ်သွားတယ် မောင်"

အိတ်ကိုပင် မသယ်၊ သမီးရှိရာ အပေါ်ထပ် အိပ်ခန်းကို အပြေးတက်ခဲ့သည်။ ကုတင်ထက် အေးအေးချမ်းချမ်း အိပ်ပျော်နေသော သမီးကို သူသေသေချာချာ စိုက်ကြည့်သည်။

နဖူး မျက်ခုံး နှာတံ မျက်လုံး နှင့် မျက်နှာကျပုံက သူနှင့်ဆင်သည်ဟု မထင်ရတာ သမီးက အရွယ်မရောက်သေးလို့ပဲဟု ကောက်ချက်ချလို့ရမလား ...

ဟင့်အင်း .. ကလေးကိုကြည့်ရင်း သူ့စိတ်လုံး၀မသန့်တော့ဘူး။ နားရာကို တွေ့မြင်လိုက်လျှင် ရင်ထဲ အမောပြေ အေးချမ်းသွားသော သူ့မှာ ဒီတစ်ခါတွင်တော့ ကြည့်ရင်း ကြည့်ရင်း ဗြောက်အိုးကို မီးတို့လိုက်သလို ကိုယ်တွင်းအင်္ဂါဆဲလ်တစ်ခုချင်းစီ တပေါက်ပေါက် ပေါက်ထွက်ကာ အသွေးအသားတွေ ဆူပွက်လောင်မြိုက်လာသည်။

ပိုင်ဇေ့သမီးကို ငါက ငါ့သမီးအထင်နဲ့ ပျိူးထောင်ခဲ့တာလား။ ငါ့နောက်ကွယ်မှာ ဖောက်ပြန်ပျော်ပါးပြီး ရတဲ့ ဒီကလေးကို ငါက ပိုးမွေးသလို တယုတယနဲ့ ရင်၀ယ်ပိုက် မွေးထားရတာလား။ ငါ့သမီးလည်း မဟုတ်ပါဘဲ သမီးရူးရူးနေတဲ့ ငါ့ကို သူတို့တွေ နောက်ကွယ်မှာ ဘယ်လောက် ဟားတိုက်နေကြမလဲ။ ငါ့ကို အရူးလုပ်ရလို့ ဘယ်လောက် အောင်ပွဲခံနေကြမလဲ။

မမနိုင် အနားရောက်လာသည်ကို လှည့်မကြည့်သော်လည်း ခံစားမိသည်။

"နားရာက .. ဘယ်သူကလေးလဲ"

"ရှင်"

"ပြောစမ်းပါ .. နားရာက ဘယ်သူ့ကလေးလဲလို့"

ပိုင်စီး၏ ဒေါသမထိန်းနိုင်သော အော်သံကြောင့် ကလေးက အိပ်နေရာက ရုတ်တရက်လန့်နိုးကာ ထငိုသည်။

ကုတင်ပေါ် တင်ပါးစွန်း၀င်ထိုင်နေသည့် ပိုင်စီးကိုယ်ပေါ် ကို ကလေးက အားကိုးတကြီး ကုန်းတက်လာသောအခါ ကလေးကို ပိုင်စီးဆောင့် ဖယ်ပစ်သည်။ ထိုအချင်းအရာကို မြင်တော့ မမနိုင် မျက်လုံးပြူး ထိတ်လန့်သွားသည်။

"မောင်!"

"နားရာက ဘယ်သူ့ကလေးလဲ .. ငါ့ကို ဆက် အရူးလုပ်ဖို့မစဉ်းစားဘဲ အမှန်အတိုင်း ပြော၊ ဒီကလေးကို ငါ့၀မ်းနဲ့လွယ်မွေးခဲ့တာမဟုတ်ပေမဲ့ ငါ့နှလုံးသားနဲ့လွယ်မွေးခဲ့တာ၊ ငါ့ကလေးမဟုတ်လည်း ငါဒီက​လေးကို မမုန်​းရက်​ပါဘူး၊ ငါသိချင်တာ တစ်ခုတည်း ... ဒီကလေးက ငါ့ကလေး ဟုတ်သလား မဟုတ်သလားပဲ"

"ကျွန်မက ဘာလို့ ဒီလို မေးခွန်းမျိူးကို ဖြေရမှာလဲ၊ ကျွန်မက ဘာလို့ ကိုယ့်ခင်ပွန်းဆီက ဒီလို မေးခွန်းမျိူးကို အမေးခံရမှာလဲ၊ ဒီမေးခွန်းက မေးနေစရာမလိုအောင် ခိုင်မာတဲ့ အဖြေက ရှိနေပြီးသား၊ ဒီလိုမေးတယ်ဆိုကတည်းက ကျွန်မအနေနဲ့ဘယ်လိုဖြစ်သွားမလဲ.. လင်မယားအချငး်ချငး် လေးစားမှု ့ရှိသင့်တယ်"

"ငါမေးတဲ့မေးခွန်းမှာ မင်းအတွက် အဖြေအတိအကျမဟုတ်ပါဘဲ အကြောင်းပြချက်တွေ များလွန်းနေပါ့လား၊ လေးစားမှု ့ဆိုတာ သစ္စာမရှိတဲ့မိန်းမရဲ ့ လက်ကိုင်ထား သုံးစွဲသင့်တဲ့ အကာအကွယ်ဒိုင်းတစ်ခုမဟုတ်ဘူး၊ ငါထပ်မေးမယ်၊ ဒီကလေးက ဘယ်သူ့ကလေးလဲ"

ကလေးငိုသံနှင့်အပြိုင် ပိုင်စီး ဒေါသတွေ မိုင်နှုန်းမြင့်တက်လာသည်။

"မေးစရာလိုသေးလို့လား .. သေချာပေါက် မောင့်ကလေးပေါ့၊ ကျွန်မကလေးက ကျွန်မ ခင်ပွန်းကလေးမဟုတ်လို့ ဘယ်သူ့ကလေးဖြစ်ရမှာလဲ"

"လင်ဖြစ်တိုငး် မွေးတဲ့ကလေးရဲ ့အဖေဖြစ်နိုင်တာမှ မဟုတ်ဘဲ၊ အဲ့ဒါက မင်းတို့မိန်းမတွေရဲ ့အားသာချက်ပဲလေ၊ ကလေးက အမေစစ်ရင်ပဲ စစ်မယ်၊ အဖေက ယူထားတဲ့လင် စစ်ချင်မှ စစ်မှာ"

"မောင်!"

"ငါ မယုံဘူး၊ ငါကိုယ်တိုင် စစ်ဆေးမယ်"

ကလေးကို ချီပြီး အပြင်ထွက်ရန်ပြင်သော ပိုင်စီးကို မမနိုင် အလျင်အမြန်တားသည်။

"စစ်ဆေးမယ် .. ဘာကိုစစ်ဆေးမှာလဲ"

"နားရာကို DNAစစ်မယ်"

မမနိုင် မျက်လုံးအစုံ ပြူးကျယ်၀ိုင်းစက်သွားသည်။

"ကျွန်မလက်မခံဘူး"

______________________

ဒီအပိုင်းဖတ်ပြီးတော့ ကိုယ့်အဖေဆီ ဖုန်းဆက်တာဖြစ်ဖြစ် အနားမှာ ရှိရင် ပြေးနမ်းတာဖြစ်ဖြစ် လုပ်သင့်တယ်နော် <3 

ဆက်တိုက်ရေးပြီး မနေ့တည်းက တင်မလို့ကို အားမရသေးလို့ ဒီနေ့မှ တင်ဖြစ်တယ်။ ဒီတစ်ပတ်ထဲ နောက်တစ်ပိုင်းတင်နိုင်အောင် ကြိုးစားကြည့်ပါ့မယ်။

ဆက်တိုက်လောသလိုဖြစ်နေတော့ လက်ရည်ကျသွားတာမျိူး ဖတ်ရတာ အဆင်မပြေ အရေးအသားလျော့ရဲမှု့ ဖြစ်သွားရင် ကျွန်တော့်ကို သတိပေးပါ။

ကျွန်တော်ဖြင့် ရေးရင်းရေးရင်း ကြတ်သီးတွေထ မျက်ရည်ေ၀့လာတယ်။
ကျွန်တော့်အဖေကို ခံစားပြီး ရေးတာတော့ မဟုတ်ဘူး။ Mood ပျက်သွားမှာပေါ့ XD
သီချင်း အရမ်းကောငး်ပါတယ်။ လုံး၀ကို နင့်နင့်သီးသီးပဲ။ ကျွန်တေ်ာ အရမ်းသဘောကျတဲ့ သီချင်းပါ။

ဖတ်ပေးကြတာ ကျေးဇူးအထူးတင်ပါတယ်။
11:26 AM
12/19/2018

Continue Reading

You'll Also Like

1.3M 83.2K 44
ချစ်သူအမုန်းခံရတာထက် သေမင်းခေါ်ရာနောက် လိုက်သွားရတာကို အလိုရှိတယ် ။ ခ်စ္သူအမုန္းခံရတာထက္ ေသမင္းေခၚရာေနာက္ လိုက္သြားရတာကို အလိုရွိတယ္ ။
1.4M 107K 54
"မြို့သစ်လမ်းမတစ်နေရာ စွယ်တော်ပင်ရိပ်အောက်က အကြင်နာ သက်ဆိုင်သူအတွက်ရည်ညွှန်းကာ ချစ်ခွန်းသီတဲ့ မောင့်မေတ္တာ" ဇက် Own Creation "ၿမိဳ႔သစ္လမ္းမတစ္ေနရာ ...
296K 24.4K 74
အခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode
1M 96.7K 116
Zawgyi.. Rebirth ပုံစံေလးေရးမွာမို႔လို႔ အမွားပါရင္ခြင့္လႊတ္ေပးပါ.. VVက အခုမွ ႀကိဳးစားၿပီးအားထုတ္ေနရတဲ့ Author ေပါက္စေလးပါ.. ေရွ႕မွာလည္း fanfic...