အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...

By Arr_Sheng

1.7M 185K 35.4K

This story book presented by Zawgyi & UNICODE. #Zawgyi ေသမိန္႔က်ၿပီး လူတစ္ေယာက္၏ ေနာက္ဆုံးဆႏၵ #UNICODE သေမိန့... More

Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng

EP-40

24.1K 3.1K 472
By Arr_Sheng

"ပုိင္ .. ကေလး allergic ျဖစ္လို႔ အခု ေဆး႐ုံေရာက္ေနတယ္၊ အေျခအေနက စိတ္ခ်ရပါၿပီ၊ ပိုင္ ျမန္ျမန္လာခဲ့ေနာ္"

ပုိင္စီး ပါးစပ္အေဟာင္းသား၊ ထိတ္လန္႔စိုးရိမ္မႈ ႔ေၾကာင့္ တုန္လႈပ္မိသည္။ သမီးအေျခအေနက စိတ္ခ်ရၿပီထားဦး၊ အားလုံး ၀ိုင္း၀ုန္းမည္က ...

"ေမာင္ ... အဲ့ေကာင္ေလး ဖုန္းဆက္တာလား၊ ဘာတဲ့လဲ"

တစ္ခ်ိန္လုံး ကားျပတင္းဘက္ကို မ်က္ႏွာလွည့္ကာ ၿငိမ္ေနေသာ မမႏုိင္က အူးလ်ားဖားလ်ား ေမးျမန္းလာသည္။ က်န္ေသာသူမ်ားကလည္း ႏႈတ္ကသာ မေမးၾကေသးတာ၊ ပိုင္စီး၏ စကားကို စိတ္၀င္တစား နားစြင့္ထားၾကသည္။

ဘယ္လိုေျပာရပ့ါမလဲ ...

ဟုိတယ္ကို ျပန္ေနသည့္ လမ္းေၾကာငး္ကေန ဂငယ္ေကြ႔ေကြ႔လုိက္ေတာ့ အားလုံး၏ နားမလည္မႈ ႔ေတြက ပိုင္စီးအျပဳအမူကို။ ကားစတီယာရင္ကို လက္တစ္ဖက္က ကိုင္ရင္း နားက နားၾကပ္ကို အသာျဖဳတ္လိုက္သည္။

"သမီး allergic ျဖစ္လို႔ ေဆး႐ုံေရာက္ေနတယ္တဲ့"

တက္ႏုိင္သမွ် ကုိယ့္စိုးရိမ္မႈ ႔ကို လူမရိပ္မိေအာင္ ပုံမွန္ေလသံအတုိင္း ေျပာလိုက္သည္။

လက္ေမာင္းကို အားကုိးတႀကီးဆုပ္ကုိင္ထားေသာ မမႏုိင္လက္ေခ်ာငး္တို႔၏ ေအးစက္ျခငး္ကို အထိအေတြ႔မွ ခံစားရသည္။

"အဲ့အေကာင္ တမင္ယုတ္မာတာ၊ ငါ့ေျမးကို တမင္ မေကာင္းႀကံတာ၊ ဒါ မေတာ္တဆလုံး၀မျဖစ္ႏုိင္ဘူး"

ပိုင္စီး မ်က္လုံးစုံ ေခတၱခဏ အသာမွိတ္ခ်ၿပီး ဆို႔တက္လာေသာ စိုးရိမ္စိတ္အလုံးအခဲႀကီးကို မက်ႏုိင္ေသာ္ျငား ခက္ခက္ခဲခဲ တံေတြးမ်ိဴခ်မိသည္။

ျဖစ္လာေသာအေျခအေနအရ Down ကို အားလုံး ၀ိုင္းလက္ညႈိးထိုးလိမ့္မယ္၊ ဘာလို႔ ဒီေလာက္ အဆင္ျခင္မဲ့ရတာလဲကြာ ... 

မနာလုိသ၀န္တိုကာ တမင္ သူ႔ကို ႏွိပ္စက္ခ်င္သည့္ စိတ္ေၾကာင့္ ကေလးကို Downေခၚခ်င္ေခၚသြားလိမ့္မည္။ allergic caseက မေတာ္တဆျဖစ္ေၾကာင္း အျပည့္အ၀ယုံသည္။ ပုိင္စီးႏွင့္ ျပသနာအတက္ခံၿပီး ဘာအျပစ္မွမ႐ွိေသာ သမီးကို တမင္ထိခိုက္ေစရန္ Downမလုပ္ေလာက္ပါ။

သို႔ေသာ္ မည္သူ႔ကုိမွ မသိမေပးဘဲ ကေလးကုိ ေခၚသြားသူက Down။ ထပ္မံ၍ allergicကိစၥက ေပၚလာေတာ့ ကိုယ္က ယုံၾကည္ေသာ္လည္း Downအေပၚ ထုိးႏွက္ခ်က္က မေသးႏုိင္။ ပိုအခက္ႀကဳံတာက အခုကိစၥက ကုိယ္တစ္ေယာက္တည္းႏွင့္ မၿပီး၊ မမႏိုင္ႏွင့္ေယာကၡမျဖစ္သူပါ ပါလာသည္။ 

သမီးကို အေရးတႀကီးမလုပ္ႏုိင္ေလာက္ေအာင္ ေျပာငး္လဲေနၿပီလို႔ စြပ္စဲြႏုိင္သည္။ သုိ႔ေသာ္ စိတ္ခ်ရၿပီလို႔ ေျပာေသာ Downစကားက သူ႔ကိုစိတ္ေအးေစသည္၊ ထုိ႔ေနာက္ ျဖစ္ႏိုင္ေခ်႐ွိေသာ ေနာက္ဆက္တြဲ အေျခအေနကို  သူႀကဳိတင္စဥ္းစားထားျခင္း။

ပူပန္ေၾကာင့္ၾကမိသမွ် ကားစတီယာရင္ကုိ အားျပဳဆုပ္ကိုင္ကာ ေဆး႐ုံကို အျမန္ေရာက္ႏုိင္ဖို႔ စိတ္ေလာမိသည္။

------------------

Downကို ေခတၱကမာၻပ်က္ေစခဲ့သူမွာ သူမဟုတ္သလို လဲေလ်ာင္း အိပ္ေပ်ာ္ေနပါေသာ ကေလးမကို ၾကည့္လ်က္ Down စိတ္မေကာင္းပါ။ ဒူးေခါင္းက ပြန္းပဲ့ဒဏ္ရာကို ဂြမ္းစခံပတ္တီးျဖဴအုပ္ထားေပးသည္။

ေဘးမွာ ခ်ထားေသာ လက္ေခ်ာင္းတုတ္တုတ္ေလးေတြကို ဆုပ္ကိုင္ကာ လက္ခုံေဖာင္းေဖာင္းေလးကို ႏႈတ္ခမ္းႏွင့္ဖိကပ္လိုက္သည္။ နမ္းတာမဟုတ္ပါ၊ ဘာမွမျဖစ္ေပးလို႔ ေက်းဇူးတင္လြန္းေသာေၾကာင့္ ေကာင္းခ်ီျပဳမိျခငး္ပါ။

"ငါဘယ္ေလာက္စိုးရိမ္သြားလဲ မင္းသိလား၊ မင္းတစ္ခုခုျဖစ္ခဲ့ရင္ ... ပိုင့္ကေလးသာ ငါ့ေၾကာင့္ တစ္ခုခုျဖစ္ခဲ့ရင္"

လက္ဖမိုးေလးကို နဖူးႏွင့္ဖိကပ္ကာ Downမ်က္ႏွာေအာက္ခ် ကြယ္၀ွက္၍ ငို႐ႈိက္မိသည္။

ကုိယ္မေမြးေပးႏုိင္ေသာ ကုိယ္ခ်စ္ေသာသူရဲ ႔ေသြးသား ကုိယ့္ေၾကာင့္ တစ္ခုခုျဖစ္ခဲ့ရင္ အဘယ္မွ် ယူႀကံဳးမရျဖစ္ရမလဲ။ ဒီကေလးကုိ ပုိင္ဘယ္ေလာက္ခ်စ္သလဲ သိသည္။ ဒီကေလးကုိ ကုိယ္တုိင္ မခ်စ္ႏုိင္ေတာင္ ႐ွိေနၿပီးမွေတာ့ မ႐ွိေစခ်င္ဘူးရယ္လို႔ တစ္ႀကိမ္တစ္ခါမွ မေတြးဖူးခဲ့။

ဒီကေလးမကို အႏၱရာယ္ကင္းေစခ်င္သည့္ စိတ္က ပိုင့္ေၾကာင့္လို႔သာ အေၾကာငး္ျပခ်င္သည္။ သူ ဒီကေလးမကို မခ်စ္ပါ။ မခ်စ္တာထက္ မခ်စ္ေပးႏုိင္ပါ။ ႏွလုံးသားက ခ်စ္ရင္ေတာင္ မခ်စ္ဘူးလို႔ ႏႈတ္က ျငင္းဆိုမည္။

ဘယ့္ႏွယ္ .. ကုိယ့္ကို ဖ်က္စီးခဲ့ေသာသူကို မမုန္းႏိုင္ တြယ္ကပ္ေနမိတဲ့ ကိုယ္က အရမ္းအခ်စ္ႀကီးတာ၊ သူ႔သမီးကိုပါ ဆက္လက္ ခ်စ္ခင္ႏုိင္သည္ဆိုေတာ့ ကိုယ္ဟာ အရမ္းသေဘာေကာင္းၿပီး မွတ္သည္းေျခမ႐ွိသည့္ အခ်စ္တတ္ဆုံးလူသားျဖစ္သြားလိမ့္မည္။

အခ်စ္ႀကီး ခ်စ္တတ္တဲ့လူေတြက သနားဖို႔ေကာင္းလြန္းလို႔ ကိုယ့္အေၾကာင္းကိုယ္ေတြးၿပီး မ်က္ရည္မလည္ခ်င္ပါ။ ကုိယ္ကုိယ္တိုင္ေတာင္ ဒုကၡေတြ သုကၡေတြ နဲ႔ နာက်င္ပင္ပန္းလွတာ၊ ကုိယ့္ကိုခံစားရေစသည့္ ပုိင့္ေသြးသားကို ခ်စ္ခင္ႏွစ္သက္ေပးရေအာင္ အဲ့ေလာက္ စိတ္ဓာက္မျမင့္ျမတ္ခ်င္ပါ။

အရာရာတိုင္းကုိ ကုိယ့္ဘက္ကပဲ အေလွ်ာ့ေပး အေကာင္းျမင္ေပးရေအာင္ ကိုယ့္ဘ၀က ေကာင္းမြန္သာယာေျဖာင့္ျဖဴးခဲ့တာမွ မဟုတ္ဘဲ။ ကုိယ္တိုင္လည္း မုန္းခ်င္သည္၊ ဆိုးသြမ္းခ်င္သည္၊ ခက္ထန္ခ်င္သည္၊ ၾကမ္းတမ္း႐ိုင္းစုိင္းခ်င္သည္။

သားအမိႏွစ္ေယာက္လုံးကို မၾကည္ျဖဴပါ။ ဒီကေလးေသးေသးေလာက္ အေရးမပါေသာ ကုိယ္အျဖစ္ကိုကုိယ္ အားမရျဖစ္သည္။ သားအမိႏွစ္ေယာက္၏ ျဖစ္တည္မႈ ႔သည္ ကုိယ့္ထက္အမာ်းႀကီး ကံအက်ိဴးေပးေကာင္းေနေသာေၾကာင့္ မနာလိုျဖစ္သည္။ ကုိယ့္တစ္ဘ၀လုံးစာနစ္နာမႈ႔နဲ႔ ပုိင္က မထိုက္တန္ေသာေၾကာင့္ ခံျပင္းသည္။

မမႏိုင္တို႔သားအမိႏွစ္ေယာက္အေပၚ မုန္းတီးျခင္း၊ မႏွစ္ၿမိဳ ႔ျခင္း၊ မနာလို ၀န္တိုျခင္းသည္ အားလုံးက ပုိင့္ကုိ ခ်စ္ေသာစိတ္သစ္ေစ့၏ လူ႔သဘာ၀အရ အ႐ိုင္းဆန္ အကုိင္းပြားလာျခင္း။ စစ္မွန္ေသာ မ်ိဴးေစ့က ပုိင့္ကုိ ခ်စ္ေသာႏွလုံးသားသည္ ဘယ္တုန္းကမွ အမုန္းတရားႏွင့္ မ်ိဴးမစပ္ခဲ့ပါ။

ထုိႏွလုံးသားသစ္ေစ့ကို အရင္းတည္ကာ ေပါက္ဖြားလာေသာ ပင္စည္မွသည္ ေလာကဓံ၏ ပ်ိဴးေထာင္မႈ ႔ေၾကာင့္ ဆင့္ပြားလာေသာ  အကုိင္းအခက္ေတြမွာ မုန္းတီးျခငး္ေတြ၊ မနာလိုျခင္းေတြနဲ႔ ဖူးပြင့္လာေသာ အသီးအပြင့္ေတြဟာ အဆိပ္ျဖစ္သြားၿပီး ကုိယ္ဟာ အ႐ိုင္းပင္ျဖစ္သြားသည္။

တူးေဖာ္ၾကည့္ပါ ... ဒီအ႐ိုင္းပင္၏ သစ္ေစ့က ပုိင့္ကုိ စစ္မွန္စြာခ်စ္ေသာ ႏွလုံးသားပင္။ သစ္ပင္၏ ဆင့္ပြားလာေသာ အကုိင္းအခက္ေတြ၊ ဖူးပြင့္လာေသာ အသီးအပြင့္ေတြကိုသာ လူျမင္ခံစားႏိုင္သည္။ ေျမႀကီးေအာက္ တူးျမွပ္ခဲ့ေသာ သစ္ေစ့၏ မူရင္းကို လူမျမင္။

ပုိင့္ကေလးမိုလို႔ မႏွစ္သက္တာက မႏွစ္သက္တာ၊ တစ္ဖက္မွာလည္း ကုိယ္ခ်စ္ေသာသူ၏ ေသြးသားမိုလို႔ ကုိယ္တန္ဖိုးထားသည္။

မျပတ္မသား ဒြိဟစိတ္ေတြနဲ႔ ညွင္းဆဲႏုိင္လြန္းေသာ ပုိင္ပါေလ။

အခန္းထဲ ၀င္လာေသာ ဗ႐ုတ္သုတ္ခ ေျခလွမ္းေတြေၾကာင့္ Downအလ်င္အျမန္ မ်က္ရည္ေတြကို သုတ္ဖယ္လိုက္သည္။

ေ႐ွးဦးစြာ လက္ခံရတာက မမႏုိင္အေမ၏ လက္၀ါး႐ိုက္ခ်က္။ ရင္ဘတ္ကိုပါ တဖုန္းဖုန္း ဆက္တိုက္ ႐ိုက္ႏွက္လာေသာေၾကာင့္ လက္ႏွစ္ဖက္ကို ခ်ဴပ္ကိုင္ၿပီး

"ဒါက ဘယ္လို အျပဳအမူမ်ိဴးလဲ"

"နင္ကေလးကို တမင္ေခၚသြားၿပီး ဒုကၡေပးတာ၊ နင့္ စိတ္ထဲ ဒီကေလးမ႐ွိေတာ့ရင္ ပိုင္စီးကို နင္ရႏိုင္ၿပီထင္ေနလား၊ မမႏိုင္နဲ႔သံေယာဇဥ္ျဖစ္တဲ့ ဒီကေလးကို နင္အရမ္းမုန္းတီးေနတာမဟုတ္လား၊ အဲ့ဒါေၾကာင့္ နင္တမင္ ယုတ္မာတာမလား၊ ပုိင္စီး ေတြ႔လား .. .နင္ေမႊးခဲ့တဲ့ မီးက အခု ငါ့သမီးနဲ႔ငါ့ေျမးကုိပါ ကူးစက္ေလာင္ကၽြမ္းေနၿပီ"

"ဘာေတြ လာေျပာေနတာလဲ၊ ကေလးကို တုိ႔ တမင္ေခၚသြားတာ မဟုတ္ဘူး၊ ပုိင္အပ္ခဲ့တာ၊ အခုလိုျဖစ္တာလည္း တကယ္မေတာ္တဆပါ၊ ကေလးျခငး္ထဲက ပုစြန္နဲ႔ ထမင္းဗူးကို ေကၽြးၿပီး allergic ျဖစ္သြားတာ၊ ကေလးမွာ ပုစြန္ allergic႐ွိတာ မသိဘူးလား... ပိုင္"

"နားရာမွာ ပုစြန္ allergic႐ွိတာလား"

တန္ျပန္အေျဖစကားက ငူငူႀကီးရပ္ေနေသာ ပုိင့္ဆီမွ မဟုတ္။

ပုိင္ေဇက ကုတင္နား ေရာက္သြားကာ ကေလးကို တစိမ့္စိမ့္ၾကည့္ရင္း မ်က္ရည္ခေနသည္။ အၾကည့္ေတြကေန Downစိတ္ထဲကို မသိုးမသန္႔အေတြး တစ္ခုက ႐ုတ္တရက္ ၀င္ေရာက္ ခံစားမိသြားသည္။

"အခု သမီးအေျခအေန ဘယ္လိုေနေသးလဲ"

မမႏိုင္က သိမ္ေမြ႔စြာ ယဥ္ယဥ္ေက်းေက်း ေမးလာသည္။

ေလာကႀကီးဘာေတြျဖစ္သြားၿပီလဲ။ မမႏိုင္ ဒီေလာက္ ေကာငး္ေကာငး္ တုန္႔ျပန္မည္ဟု မထင္မိပါ။ ဒီအခ်ိန္ ေဒါသအျဖစ္သင့္ဆုံးလူက မမႏိုင္ မဟုတ္လား။

"ကေလးအေျခအေန စိတ္ခ်ရပါၿပီ"

"အဖုအပိန္႔ေတြျဖစ္တာမ်ိဴး မဟုတ္လား"

ပိုင္ေဇက ကေလးကို ဂ႐ုဏာသက္စြာ ၾကည့္လ်က္ ၀င္ေမးျပန္သည္။ ကေလးအနားအေရာက္သြားသည္က မမႏိုင္ႏွင့္ ပိုင္ေဇသာ။ ေဒၚသစ္သစ္ႏုိင္က Downအက်ႌကုိ ဆဲြထားတုန္း၊

"အင္း"

ပုိင္ေဇ၏ အေမးကို အင္းတစ္လုံးတုန္႔ျပန္ကာ ဖခင္အရင္းတစ္ေယာက္လုံးက ဘာစကားမွ မဆိုေသာေၾကာင့္ ပုိင့္ကုိ သတိထား ၾကည့္မိပါ၏။ အခုထိ ခပ္လွမ္းလွမ္းမွာ ရပ္ကာ ကုတင္ေပၚက သမီးျဖစ္သူကို ေငးစုိက္ၾကည့္ေနေသာ ပုိင္က ဘာေတြ စဥ္းစားေနပါလိမ့္ ...

"နင္ တမင္လုပ္တာမဟုတ္လား၊ ငါ့ေျမးက ပုစြန္နဲ႔မတည့္မွန္းသိလို႔ နင္တမင္ ေဘးျဖစ္ေစလိုတဲ့ ရည္ရြယ္ခ်က္နဲ႔"

ေႀသာ္ .. ဒီအဖြားႀကီးနဲ႔ေတာ့ ခက္ပါေပ့၊ ကာယကံ႐ွင္ေတြအားလုံးက ဆိတ္ၿငိမ္ေနပါလ်က္ သူက ေျမးအနားလည္း မသြားေသးပါဘဲ Downကုိ ရန္ေတြ႔အျပစ္႐ွာဖို႔သာ တာစူေနသည္။

ပုိင္စီးက အနားေရာက္လာၿပီး ေဒၚသစ္သစ္ႏိုင္ဆြဲထားေသာ Downအက်ႌစကို ၾကား၀င္ ျဖည္ခ်ေပးကာ

"ကၽြန္ေတာ့္အမွားပါ၊ ကၽြန္ေတာ္ အလႈမွာ အရမ္းအလုပ္႐ႈပ္ေနလို႔ သူ႔ကို ကေလးအပ္ထားမိပါတယ္၊ ထမင္းဗူးကိုလည္း ကၽြန္ေတာ္သတိမထားႏုိင္ေလာက္ေအာင္ မွားယြင္းၿပီး ထည့္ေပးလိုက္မိပါတယ္၊ စိတ္နဲ႔လူနဲ႔မကပ္လို႔ သူ႔ကုိ အပ္ထားမိတဲ့အျဖစ္ကုိလည္း ကေလးေပ်ာက္တယ္ၾကားေတာ့ ေသြးပူေနတုန္း ခဏတာ ေမ့ေလ်ာ့သြားပါတယ္၊ အားလုံးက ကၽြန္ေတာ့္ေပါ့ဆမႈ ႔နဲ႔အမွားသာျဖစ္လို႔ သူ႔မွာ အျပစ္မ႐ွိပါဘူး၊ ႐ုိက္ႏွက္ခ်င္ရင္ ဆဲဆိုခ်င္ရင္ ကၽြန္ေတာ့္ကိုပဲ လုပ္ပါ"

Downေ႐ွ ႔မွာ မားမားမတ္မတ္ ရပ္တည္ကာ ၀န္ခံေသာေၾကာင့္ အားလုံးအံ့ၾသသြားသည္။ Downတစ္ေယာက္ ဆက္စပ္ေတြးလိုက္ေတာ့ သံသယ၀င္လာသည္။

ကေလးကို အပ္ခဲ့တာ ပိုင္မဟုတ္ဘူး၊ အဖြားႀကီးကမ်ား ...

မမႏိုင္က ပိုင္စီးကို မ်က္ရည္ေတြ တေပါက္ေပါက္က်လာၿပီး ေမးဖ်ား တုန္ယင္ေအာင္  နာနာၾကည္းၾကည္း စိုက္ၾကည့္ေနသည္။

ပုိင္စီးကုိယ္ကြယ္ထား၍ ၀င္ေျပာရန္ ေ႐ွ ႔ထြက္ေတာ့မည့္ Downကို ပုိင္က လက္အသာ လွမ္းကုိင္ကာ ထိန္းသည္။ Downက ေ႐ွ ႔ထြက္မယ္ လုပ္ေလ ပုိင္စီးက လက္ကုိ အားပါပါ ဖိခ်ဳဴပ္ကုိင္ထားေလ ...

ပုိင္က ကုိယ္စား၀င္ခံၿပီး အျဖစ္မွန္ကို သိေနတာ ေသခ်ာေနပါၿပီ၊ ေသခ်ာေနပါလ်က္ Downကုိ ထိန္းခ်ဴပ္ထားျခငး္က ေယကၡမကုိ ကာကြယ္ေပးေနတာဆိုတာ ....

" ေသခ်ာ ေတာငး္ပန္ခ်င္လို႔ ခဏအျပင္ထြက္ခဲ့ေပးပါ့လား"

ေဒၚသစ္သစ္ႏိုင္ကို စိုက္ၾကည့္ကာ Down ေျပာလိုက္သည္။ မ်က္ႏွာလႊဲသြားသည္က မသိခ်င္ေယာင္ေဆာင္ေနပုံ။

"ဒါမွမဟုတ္ ... သမီးျဖစ္သူေ႐ွ ႔မွာပဲ ေတာင္းပန္ရမလား"

ေၾကာက္လန္႔မႈ ႔မကင္းသည့္ အၾကည့္နဲ႔ ျပန္ၾကည့္လာသည္။

လက္ေကာက္၀တ္ကို အတင္း ခ်ဴပ္ကိုင္ထားပါေသာ ပိုင္စီးလက္အား နားလည္မႈ႔ႏွင့္အတူ အသာ႐ုန္းဖယ္လိုက္ေတာ့ ေျဖေလ်ာ့ေပးလာသည္။

ေဒၚသစ္သစ္ႏိုင္၏ လက္ကုိဆြဲကာ Down အခန္းျပင္ ေခၚထုတ္လာခဲ့သည္။

-----------

"ခင္ဗ်ား ဘယ္လိုအဘြားလဲ၊ ကုိယ့္ေျမးအရင္းကို ဓါးစာခံလုပ္ၿပီး ေထာင္ေခ်ာက္ဆင္ရလား၊ အခန္႔မသင့္လို႔ ကေလးတစ္ခုခုျဖစ္ရင္"

"မျဖစ္ေအာင္ ငါႀကဳိတင္ စီမံထားၿပီးသား"

မ်က္လုံးျပဴးမ်က္ဆန္ျပဴး ေျပာလာေသာအခါ Down လက္ဖ်ားခါသည္။

"ခင္ဗ်ားက တို႔ေလာက္ေတာင္ ကေလးမကို တန္ဖိုးမထားပါ့လား၊ ခင္ဗ်ားသမီးေၾကာင့္ ဘယ္ေလာက္ ခံစားရပါေစ အဲ့ဒီ့ကေလးမကို အႏၱရာယ္နဲ႔ယွဥ္တြဲၿပီး မၿခိမ္းေျခာက္ခဲ့ဖူးဘူး၊ တို႔အေနနဲ႔ ဒီလိုစကားမ်ိဴးေျပာရတာ လွ်ာယားေပမဲ့ ဟုတ္ပါတယ္ .. အဲ့ကေလးမကို ဥာဏ္မဲ့စြာ တစ္ခါေခၚသြားခဲ့ဖူးတယ္၊ ဒါေပမဲ့ အဲ့ကေလးမကို တမင္သက္သက္ ထိခိုက္နစ္နာေစလိုတဲ့စိတ္အလ်ဥ္းမ႐ွိခဲ့ဘူး၊ ခင္ဗ်ားလို သိသိလ်က္နဲ႔ အသဲမာမာ ဒုကၡမေပးခဲ့ဘူး၊ ခင္ဗ်ားလက္ထဲမွာ ကေလးအပ္မဲ့အစား တုိ႔ပဲ ေခၚထားမယ္"

"ငါ့ေျမးကုိ ငါတန္ဖိုးမထားဘဲေနမလား၊ ငါ့ေျမးကို ဒုကၡေပးရေလာက္တဲ့အထိ င့ါအတြက္ ငါ့သမီးက ပုိအေရးႀကီးတယ္၊ သမီးၿပီးမွ ေျမးလာတာ၊ ငါ့အတြက္ ငါ့သမီးက အေရးအႀကီးဆုံးပဲ၊ မင္းတို႔ေၾကာင့္ ငါ့သမီးခံစားခဲ့ရတာ ေသးေသးေကြးေကြးလား၊ သိပ္မာနႀကီးတဲ့ အဲ့မိန္းမရင္ထဲ မ်ိဴသိပ္ထားတဲ့ မခ်ိတင္ကဲေ၀ဒနာႀကီးက ဘယ္ေလာက္ ပူျပင္းေလာင္ၿမိဳက္ေနမလဲ၊ ဖခင္ကံမေကာငး္တဲ့ ငါ့သမီးကုိ အိမ္ေထာင္ေရး ကံေကာင္းေစခ်င္တာ ငါ့အျပစ္လား၊ ေအာင္ျမင္တဲ့လင္ေယာက္်ားရဲ ႔ေဖာက္ျပန္မႈ႔မွာ ေနာက္ကြယ္က ဇနီးမယားကို မစာနာေပးတဲ့ ဂုဏ္မက္တဲ့လူ႔ေလာကႀကီးမွာ ေအာက္လမ္းနည္းနဲ႔ျဖစ္ျဖစ္ ငါ့သမီးဘက္က ရပ္တည္ကူညီေပးတာ ငါမွားလား၊ မင္းတို႔ႏုိင္ပါတယ္၊ မင္းတုိ႔ဘာလုပ္လုပ္ သင့္ေတာ္ပါတယ္၊ မင္းတို႔ဘာလုပ္လုပ္ ေငြနဲ႔ေပါက္ၿပီး လက္ခုပ္တီးခိုင္းႏိုင္ပါတယ္၊ မေက်နပ္ တရားစဲြရေအာင္လည္း မယားခိုးမႈ႔ပဲ ႐ွိတယ္ လင္ခိုးမႈ ႔မ႐ွိဘူး၊ မွ်တပါတယ္ဆိုတဲ့ တရားဥပေဒေတာင္ အိမ္ေထာင္သည္ မိန္းမေတြဘက္မ႐ွိတဲ့ ေလာကႀကီးမွာ ငါက ငါ့သမီးဘက္က ရပ္တည္မယ္"

Downေျခလွမ္းေတြ အေနာက္ဆုတ္မိသည္။ ဆံျဖဴသြားက်ိဴး ပါး႐ိုးေပၚ အေရတြန္႔ အသား ေပ်ာ့တြဲေနေသာ အဖြားႀကီးကို Downေၾကာက္မိပါသည္။ အားအင္ခ်ိနဲ႔ေကာငး္ ခ်ိနဲ႔လိမ့္မည္။ သားသမီးအတြက္ ႐ုန္းၾကြေနေသာ ေသြးမာန္က ကုိက္ခဲရန္လာေသာ က်ားကိုပင္ ေနာက္ဆုတ္ျပန္ေျပးေစလိမ့္မည္။

ငယ္ငယ္က နားစြန္နားဖ်ားၾကားခဲ့ပါေသာ သင္႐ိုးညႊန္းတမ္းပါ ျမန္မာစာ၏ သင္ခန္းစာတစ္ခုက ဒါမ်ိဴးအဓိပၸာယ္လား ... သူႀကီးက လင္႐ွိမယားကိုလိုခ်င္လို႔ လင္ေယာက္်ားကို မတရားေခ်ာက္ခ်ၿပီး ေထာင္ထဲထည့္ခဲ့သည္။ ထိုမိန္​းမ၏ အိုႀကီးအိုမမိခင္​က မတရား​ေခ်ာက္​ခ်ခံရ​ေသာ သမက္​ျဖစ္​သူအတြက္​ ငွက္ႀကီးေတာင္ဓားကုိ ဆဲြကာ သူႀကီးအိမ္ေ႐ွ ႔မွာ ေအာ္ဟစ္ေသာင္းက်န္းခဲ့သည္။ ထိုအခ်ိန္က လူမသိေအာင္ ထြက္ေျပးခဲ့ေသာ အားေကာင္းေမာင္းသန္ သူႀကီး၏ ခံစားခ်က္ကို သူအခု နားလည္ႏုိင္ၿပီ။

ေလာကနိယာမအရၾကည့္လွ်င္ ကုိယ့္ဘက္က မွားေနသည္။ ရင္ဆုိင္ေနရတာက ေလာကနိယာမ၏မတရားမႈ ႔နဲ႔မိခင္ေမတၱာ။

သမီးဘက္က ကာကြယ္ရပ္တည္ေပးေသာ မိခင္တစ္ေယာက္၏ ရန္စြယ္ကို ကိုယ္ထိလက္ေရာက္ ေတြ႔ႀကံဳေနရသည္။ သားသမီးအတြက္ဆိုရင္ ေျမးေတာင္ ဓါးစာခံသက္သက္ပဲတဲ့။ သူစိမ္းသာဆိုရင္ ....

ဒါနဲ႔မ်ား ငါ့အေဖက်ေတာ့ ငါ့အေပၚ ဘယ္လိုေတြ လုပ္ခဲ့လဲ။ အဲ့ဒါေတြေၾကာင့္ မမႏုိင္ကုိ မုန္းတာ၊ မနာလုိတာ။ ပုိင္ဆုိင္တာေတြ အရမ္းမ်ားေနလြန္းလို႔ မမႏုိင္ကို သူဘယ္လိုမွ မႏွစ္ၿမိဳ ႔ႏုိင္တာ။ 

မမႏိုင္ကို အႏိုင္က်င့္မတရားလုပ္ေနပါတယ္လို႔ စြပ္စြဲခံေနရတဲ့ ငါ့ရဲ ႔နစ္နာမႈ႔ေတြကို ဘာလို႔မျမင္ေပးႏုိင္ၾကတာလဲ။ တရား၀င္ဇနီးျဖစ္တာနဲ႔ အားလုံးႏုိင္စားေရာလား။ တကယ္ဆို ငါကေတာင္ ပိုသနားဖို႔ေကာငး္ပါတယ္။ ငယ္ငယ္ေလးတည္းက လူျဖစ္႐ႈံးတဲ့ငါ၊ ေ၀ဒနာမခ်ိမဆန္႔ခံစားေနရၿပီး ေသခါနီးငါ့ကိုေရာ ... ဘာလို႔မစာနာေပးႏုိင္ၾကတာလဲ။ ဘာလို႔အားလုံးက မမႏုိင္ကုိပဲ ျမင္ေနၾကတာလဲ။

မခံခ်င္ မနာလိုစိတ္ေတြနဲ႔ အ႐ဲြ ႔တိုက္ခ်င္လာသည္။

စိတ္က အ႐ိုင္းဆန္လာေသာအခါ လက္ခုပ္ သုံးခ်က္ တီး ခ်ီးျမွင့္ေပးလိုက္သည္။

"အံ့ဖြယ္ပဲ၊ ခင္ဗ်ားေတာင္ ဒီေလာက္ ႀကံ ႔ခိုင္ေနမွ မမႏိုင္လည္း ဒီေလာက္ကေတာ့ မၿဖံဳပါဘူး၊ သိပ္စိုးရိမ္မေနပါနဲ႔၊ ခင္ဗ်ားသမီးပဲ၊ သိပ္ထက္တဲ့မိန္းမျဖစ္ေနလို႔ ဒီေလာက္က စာဖြဲ႔မွာမဟုတ္ဘူး၊ ေယာက္်ားအလုခံရ႐ုံနဲ႔ ဒီေလာက္မ်က္ရည္ခ်ဴလို႔ရရင္ ေသခါနီး လူတစ္ေယာက္ရဲ ႔ ကမ္းမျမင္လမ္းမျမင္ စြန္႔စားမႈ႔ကိုလည္း ေမွ်ာ္လင့္ေနပါ၊ တကယ့္ဘ၀နာတာ ဘာလဲ တို႔ သင္ေပးမယ္၊ အဲ့ဒါေၾကာင့္ ဘာမဟုတ္တာေလးနဲ႔ သားအမိႏွစ္ေယာက္ ဖ်ပ္ဖ်ပ္လူးမေနပါနဲ႔၊ တို႔က အစစ္အမွန္ နာက်င္ျခင္းကို ေပးမယ္၊ တို႔ခံစားခဲ့ရတဲ့ တရားမ၀င္ လူမသိခဲ့တဲ့ ႐ႈံးနိမ့္မႈ႔ေတြ နာက်င္ျခငး္ေတြကုိ မမႏိုင္ ခံစားရေစမယ္၊ အဲ့ဒါကခင္ဗ်ားလို သိပ္အကာအကြယ္ေကာငး္တဲ့ အေမတစ္ေယာက္ရဲ ႔ဇကို စိန္ေခၚလိုက္တာပဲ"

---------------------

အိပ္ရာမႏိုးေသးေသာ သမီးလက္ကေလးကို ကိုင္ကာ တစ္ေယာက္တည္းႀကိတ္ငိုေနသည့္ မမႏိုင္အနားကို ေရာက္သြားသည္။

"ေမာင့္ကုိ တစ္ခုခု ေျပာပါ မ, ႐ိုက္မယ္ဆိုလည္း ခံပါ့မယ္၊ သတ္မယ္ဆိုလည္း ေသေပးပါ့မယ္"

"ကၽြန္မ ေျပာရမဲ့စကားပါ၊ ေမာင္ဘာလုပ္လုပ္ ကၽြန္မက ခံရမွာပါ၊ ကၽြန္မ ဘယ္လိုအင္အားနဲ႔ ေမာင့္ကုိ ဆန္႔က်င္ႏို္င္မလဲ၊ ကၽြန္မဘာမွမတတ္ႏုိင္ပါဘူး၊ ေမာင့္ကုိ မစြန္႔လႊတ္ႏုိင္သ၍ ေမာင့္ရဲ ႔အရာရာကို ႏွစ္သက္သည္ျဖစ္ေစ မႏွစ္သက္သည္ျဖစ္ေစ လက္ခံေပးဖို႔ကလဲြ ကၽြန္မမွာ အထြန္႔တက္စရာမ႐ွိပါဘူး၊ ေမာင္က ကၽြန္မဘ၀တစ္ခုလုံးကုိ ပုံအပ္ထားၿပီးတဲ့ ကၽြန္မခင္ပြန္းပါ၊ ဒါေပမဲ့ ေမာင္ ... တစ္ခုေတာ့ ေတာင္းပန္လို႔ရမလား"

ပုိင္စီး မ်က္ရည္ေတြၾကားထဲက ေခါင္းညိမ့္သည္။ 

"သမီးနဲ႔သူ႔ကို မေပါငး္စပ္ေပးပါနဲ႔၊ သူ႔လက္ထဲမွာ သမီးၿပံဳးေပ်ာ္ေနမွာကုိ ကၽြန္မ တကယ္မ႐ႈ ႔စိမ့္ဘူး၊ ေမာင့္တစ္ေယာက္လုံးကုိ အပါခံရၿပီးၿပီ၊ သမီးကိုပါထပ္ၿပီး အလုခံရရင္ ကၽြန္မေသမွာ၊ အဲ့ေကာင္ေလးကုိ ေမာင္သိပ္ခ်စ္တာ ကၽြန္မ ခံစားမိပါတယ္၊ ေမာင့္လို ဦးစုန္းနတ္ဆိုးကို ျပဳစားႏိုင္တဲ့ သူ႔ကုိ ကၽြန္မ သိပ္အံ့မခန္းျဖစ္ရပါတယ္၊ သူ႔အစြမ္းအစကို ကၽြန္မ အထင္မေသး၀ံ့ပါဘူး၊ သမီးနဲ႔သာ အေနနီးရင္ သမီးကိုပါ သူသိမ္သြင္းႏိုင္မွာ ကၽြန္မသိေနတယ္၊ ကၽြန္မအေနနဲ႔ ကၽြန္မသမီးက ကၽြန္မကုိပဲ ခင္တြယ္အားကိုးေစခ်င္တယ္၊ ေက်းဇူးျပဳၿပီး သူနဲ႔သမီးကို မခ်ိတ္ဆက္ေပးပါနဲ႔၊ အဲ့တစ္ခုတည္းပါ ... ေမာင္၊ က်န္တာေတာ့ ေမာင္စိတ္ခ်မ္းသာသလိုသာ လုပ္ပါေတာ့ ... ကၽြန္မလည္း ပင္ပန္းလွၿပီ"

ပုိင္စီး ေခါငး္တဆက္ဆက္ညိမ့္ကာ ရင္ခြင္ထဲ ၿပဳိလဲက်လာေသာ မ,ကုိ သိမ္းႀကဳံးဖက္လိုက္သည္။

"ေက်းဇူးတင္ပါတယ္ မ၊ ေမာင္ အရမ္းေက်းဇူးတင္ပါတယ္၊ မ,က ေမာင့္ရဲ ႔အစားမထုိးႏိုင္တဲ့ ေမာင့္ရဲ ႔ တစ္ဦးတည္း ပင္တုိင္စံမိဖုရားပါ"

ပုိင္ေဇေျခလွမ္းေတြ ယိုင္နဲ႔စြာ အခန္းထဲ ၀င္လာေသာအခါ တစ္ေယာက္ႏွင့္တစ္ေယာက္ ဖက္လ်က္ ငိုေနၾကေသာ ပုိင္စီးႏွင့္မမႏိုင္ကို ေတြ႔လုိက္ရသည္။ တံခါးအ၀မွာ ၾကားခဲ့ရပါေသာ စကားေတြက ကုိယ့္နားနဲ႔ကုိယ္ မယုံႏုိင္။ နား႐ွိလို႔သာ ၾကားလိုက္ရသည္။

ေမက ပိုင္စီးကို လက္ခံသတဲ့ ... ဟင့္အင္း ငါလက္မခံႏိုင္ဘူး၊ ငါ့သမီးကို ငါ့တူမလို ငါလက္မခံႏုိင္ဘူး။

"ညီငယ္ ... မမႏိုင္ဆီက ေသခ်ာေပါက္အတည္ျပဳ စရာ႐ွိလို႔ မမႏိုင္ကို ခဏေခၚသြားလို႔ရမလား"

ပုိင္စီးက မမႏိုင္ႏွင့္ပုိင္ေဇ့ကို တစ္လွည့္စီ ၾကည့္သည္။

"မမႏိုင္ကုိ ငါတိုက္႐ိုက္ခြင့္ေတာင္းရင္ လိုက္မွာမဟုတ္လို႔ မမႏိုင္သိပ္နာခံတဲ့မင္းဆီမွာ ခြင့္ေတာင္းတာ ပုိထိေရာက္ႏိုင္လို႔ ငါမင္းကို ေမးတာပါ"

မမႏုိင္ကုိ စိုက္ၾကည့္ေနေသာ ပုိင္ေဇ့အၾကည့္ေတြက ၾကမ္း႐ွစူးနစ္လြန္းသည္။

"ဘာမိုလို႔လဲ၊ ကၽြန္ေတာ့္ေ႐ွ ႔မွာ ေျပာပါ"

"တစ္ခ်ိန္က အခ်စ္ေဟာငး္ေတြပဲ၊ အခုလက္႐ွိ လင္ေယာက္်ားမင္းေ႐ွ ႔မွာ ေျပာလို႔မျဖစ္တဲ့ စကားေတြ႐ွိတာေပါ့"

ပိုင္စီးစိတ္ထဲ တစ္မ်ိဴးးျဖစ္သြားသည္။

အစ္ကိုပုိင္ေဇက တစ္ခါမွ မ႐ြဲ ႔တတ္ မေစာင္းတတ္ပါဘဲ အခုမွ စိတ္ဆက္ေနပုံရသည္။ မမႏိုင္ကုိ ျပန္ၾကည့္ေတာ့ မမႏုိင္လည္း စိတ္ပ်က္ေနသည့္ပုံ။

"မ,အဆင္မေျပရင္"

"ရတယ္ေမာင္ ... သူအတည္ျပဳခ်င္ေနတာ ကၽြန္မကုိပါ"

မမႏိုင္အေနာက္က ပုိင္ေဇလိုက္သြားသည္။

ပုိင္စီးကေတာ့ ႏွစ္ေယာက္ၾကား နားမလည္မႈ႔ေတြနဲ႔ မ်က္ေမွာင္ၾကဳတ္မိသည္။

သမီးက လူးလြန္႔လာေသာအခါ တင္ပါးေလးကို အသာပုတ္ေပးရင္း ျပန္ေခ်ာ့သိပ္လိုက္သည္။ ခဏအၾကာ မ်က္လုံးေမွးစင္းသြားၿပီး ျပန္အိပ္ေပ်ာ္သြားသည္။

"ေဖေဖ့ ခိုနားရာေလးကေလ .. အရမ္း အအိပ္ႀကီးတာပဲ"

မ်က္ႏွာေလးကုိ ဖိကပ္နမ္းလ်က္ ပါးျပင္ေပၚက အေရာင္က်သြားေသာ အဖုအပိန္႔ေလးေတြကို လက္နဲ႔ ခပ္ဖြဖြ တို႔ထိလိုက္သည္။

"ေဖ့သမီးေလးက ေဖေဖနဲ႔အလုံးစုံ အားလုံး တူရင္ သိပ္ေကာင္းမွာပဲ၊ ဘာလို႔မ်ား ေဖေဖနဲ႔မတူဘဲ ေဖေဖ့ရဲ ႔ေမေမ နားရာေလးရဲ ႔ဘြားဘြားႀကီးနဲ႔ တူေနရတာလဲ၊ ေဖေဖကေတာ့ ေဖေဖသိပ္မုန္းပါတယ္ဆိုတဲ့ ေဖ့ေဖရဲ ႔ေဖေဖ နားရာေလးရဲ ႔ဘိုးဘိုးႀကီးနဲ႔ တစ္ေထရာထဲ တူေနတယ္၊ နားရာေလးက တကယ္ပဲ ေဖေဖရဲ ႔ အေမ ၀င္စားတာလား"

အိပ္ေပ်ာ္ေနေသာ သမီးေလးက အေျဖမေပးႏိုင္မွန္းသိလ်က္ႏွင့္ ပုိင္စီးေမးခြန္းေတြ ထုတ္ေနသည္။

ထိုအခ်ိန္ အခန္းထဲ ျပန္၀င္လာေသာ မမႏုိင္အေမ။

Downျပန္သြားၿပီလား မသိဘူး ...

စိတ္ထဲေတြးမိေပမဲ့ အျပင္မွာ အမူအရာထုတ္မျပမိ။

"မင္းသိေနတယ္မလား"

"ဘာကိုလဲ အန္တီ"

ေဒၚသစ္သစ္ႏုိင္ကုိ မၾကည့္၊ သမီးလက္ကေလးဆုပ္ကိုင္ထားလ်က္က ေမးလိုက္သည္။

"ကေလးကုိ ဒီလိုျဖစ္ေအာင္ ငါလုပ္ခဲ့တာကို မင္းသိေနတယ္မလား၊ ဘာလို႔ငါ့ကုိ ကာကြယ္ေပးခဲ့တာလဲ"

သမက္ျဖစ္သူပိုင္စီးက ကေလးႏွင့္ပတ္သက္လွ်င္ အထိမခံ။ ပုိင္စီးကို ကုိင္လႈပ္ႏုိင္ေသာအရာက ဒီကေလးတစ္ေယာက္ပဲ ႐ွိေသာေၾကာင့္ ကေလးကုိ အသုံးခ်ၿပီး သူတို႔ႏွစ္ေယာက္ၾကား ကေတာက္ကဆျဖစ္ေစရန္ ႀကံ႐ြယ္ခဲ့သည္။ တစ္ခါတည္း စိတ္နာအမုန္းႀကီးကာ ျပတ္ေတာက္သြားဖို႔ အႀကံႀကီးခဲ့တာပါ။ လက္ေတြ႔မွာလည္း ကေလးကို ရင္း၍ စြန္႔စားခဲ့သည္။ သုိ႔ေသာ္ ...

"မ,က အန္တီကို သူရဲေကာင္းေမေမအျဖစ္ စံထားတာပါ၊ မ, အရမ္း႐ိုေသေလးစားထားတဲ့ အန္တီကို မ,အၾကည္ညဳိမဲ့ေအာင္ မလုပ္ခ်င္ဘူး၊ ကၽြန္ေတာ္ကေတာ့ မ,အတြက္လင္ဆိုးျဖစ္ခဲ့ၿပီးၿပီမို႔ ထပ္ဆိုးလည္း မမႏုိင္အတြက္ အေကာင္းမျဖစ္ႏုိင္ေတာ့ပါဘူး၊ အန္တီကေတာ့ မတူဘူးေလ၊ မမႏိုင္အေပၚမွာ အၿမဲေကာငး္ခဲ့တာမဟုတ္လား၊ ကိုယ္​့ သားသမီး​ေ႐ွ႕ အ႐ွက္​မရခ်င္​တာက​ေတာ့ အန္​တီနဲ႔ကြၽန္​​ေတာ္​ အတူတူပါပဲ၊ ဒါေပမဲ့ အန္တီ ... ေနာက္ထပ္ အဲ့လိုမလုပ္ပါနဲ႔၊ အန္တီဘာပဲလုပ္လုပ္ ကၽြန္ေတာ္ေ႐ြးခ်ယ္မႈ ႔မေျပာငး္လဲဘူး၊ မဆုိင္တာေတြပဲ ထိခိုက္ရလိမ့္မယ္၊ အခု နားရာေလး ထိခိုက္ရၿပီမဟုတ္လား"

----------

"ကုိယ္ နားရာရဲ ႔ဆရာ၀န္နဲ႔ေတြ႔ၿပီးၿပီ၊ ပုစြန္allergicလို႔ေျပာတယ္၊ ေသြးလည္း ကုိယ္ေသခ်ာစစ္ေမးၿပီးၿပီ"

"အဲ့ဒါဘာျဖစ္လဲ"

မ်က္ႏွာတစ္ခ်က္မပ်က္ေသာ မမႏိုင္က ဒီႏွစ္ေတြမွာ အိုက္တင္အရမ္းေကာင္းလာသည္ပဲ။ ေအးေလ တစ္ခ်ိန္လုံး ဟန္ေဆာင္ေနရေတာ့ ဘယ္မူပ်က္မလဲ။ ဒီေလာက္မွ မပိရိရင္ ပုိင္စီးကို ဘယ္လိုလိမ္ထားႏိုင္မလဲ။

"အေမ့မွာ ပုစြန္allergic႐ွိေပမဲ့ ပုိင္စီးက မျပင္းထန္ဘူး၊ ကုိယ္ကမွ ပုစြန္ကို အနံ႔ေတာင္ခံလို႔မရတာ၊ နားရာလိုပဲ ပုစြန္စားမိရင္ အသားမွာ အပိန္႔ေတြထလာတတ္တယ္၊ ေနာက္ထပ္ နားရာ ေသြးက ကုိယ္နဲ႔အတူတူပဲ"

"ေမာင့္အေမမွာ ႐ွိေနမွေတာ့ နားရာမွာ ႐ွိတာထူးဆန္းလား၊ ေသြးက ေမာင္နဲ႔လည္း အတူတူပဲ"

"အဲ့ဒါေၾကာင့္ ဒီႏွစ္ေတြအထိ ပုိင္စီးကုိ မင္း လိမ္ထားလို႔ရတာေပါ့"

"႐ွင္ဘာစကားေျပာတာလဲ"

"နားရာက ငါ့သမီးပဲ၊ မငး္ဘာလို႔ ၀န္မခံေသးတာလဲ၊ အဲ့ဒါေၾကာင့္ ပိုင္စီးအျပစ္ကို မငး္လို မိန္းမက ခြင့္လႊတ္ေပးတာေပါ့၊ မငး္မွာလည္း ျပစ္ခ်က္႐ွိေနလို႔ေလ"

ပုိင္ေဇ စိတ္လိုက္မာန္ပါ ေအာ္ေျပာရင္း မမႏိုင္ပခုံးကို အၾကမ္းပတမ္း ကိုင္လႈပ္ေဆာင့္ခါမိသည္။ မမႏိုင္က မ်က္လုံးအ၀ိုင္းသားႏွင့္ ခပ္စိမ္းစိမ္း ေငးစိုက္ၾကည့္ေနသည္။

"႐ွင္ ဘယ္လိုျဖစ္ေနတာလဲ၊ ေမြးထားတဲ့အေမထက္ ႐ွင္က ေသခ်ာေနလို႔လား၊ ကၽြန္မ၀မ္းနဲ႔လြယ္ေမြးခဲ့တဲ့သမီး ဘယ္သူ႔သမီးလဲ ကၽြန္မအသိဆုံးပါ"

"သိသိရက္နဲ႔ ပိပိရိရိ ဖုံးကြယ္လိမ္ညာထားတယ္ေလ၊ ဒီေလာက္လိမ္ညာမႈ ႔ႀကီးလုပ္ထားၿပီး ပုိင္စီးကုိတြယ္ကပ္ေနတဲ့ အေၾကာင္းက ဘာလဲ၊ အိမ္ေထာင္က်ၿပီးမွ ေဖာက္ျပားမိတဲ့ မင္းသိကၡာတရားအတြက္လား၊ အဟား ... မင္းကြာ .. အစ္ကိုရင္းနဲ႔ျပတ္ၿပီး ညီနဲ႔ျပန္ယူကတည္းက မင္းမွာ သိကၡာမ႐ွိေတာ့တာ၊ မင္းကုိယ္တုိင္က ပုိင္စီးကုိ စြဲလမ္းေနတာ၊ ငါနဲ႔မျပတ္ခင္ကတည္းက မင္းပိုင္စီးကုိ စိတ္႐ွိေနတာ၊ အဲ့ဒါေၾကာင့္ ငါ့ဘက္က အမွားအယြင္းျဖစ္ေတာ့ အလြယ္တကူပဲ ပိုင္စီးကုိ မငး္လက္ခံခဲ့တာ၊ ငါနဲ႔ရတဲ့ကေလးကို ပုိင္စီးကေလးပါလို႔ မင္းလုပ္ယူၿပီး ပုိင္စီးကို ခ်ဳပ္ေႏွာင္ထားတာ၊ မင္းကိုယ္တုိင္က ပုိင္စီးကုိ မစြန္႔လႊတ္ႏိုင္တုိင္း မိန္းမေကာင္းေယာင္ေဆာင္ၿပီး သမီးကုိ အေၾကာငး္ျပေနတာ၊ အဲ့ဒါေတြအားလုံး ... ပုိင္စီးသိသြားရင္ မင္းကိုသတ္မွာ"

မမႏိုင္၏ မ်က္ရည္စက္က ေအာက္ေလွ်ာလိမ့္ဆင္းသြားသည္။ ပိုင္ေဇ့ကုိ မ်က္ေတာင္တစ္ခ်က္မခတ္ စိုက္ ၾကည့္ေနေသာ အၾကည့္ေတြက နားလည္ရ ခက္သည္။ အသနားခံေနတာလား ... မမႏိုင္အစား အသက္႐ႈၾကပ္လာသည္။ မမႏိုင္ ေၾကကြဲတုန္ယင္ေနတာေတာ့ သိသည္။

အဆုံးထိ ၀န္မခံခ်င္တာလား၊ ထုတ္ေျပာရဖို႔ပင္ သူမ အင္မတန္ေၾကာက္ေနတာလား ...

"နားရာက ႐ွင့္သမီး မဟုတ္ဘူး၊ ယုံတာ မယုံတာ ႐ွင့္အပုိင္း၊ ကၽြန္မကေတာ့ အမွန္အတိုင္း ေျပာၿပီးၿပီ"

"အဆုံးထိ အဆုံးထိကို မင္းမ၀န္ခံဘူးပဲ"

ပခုံးကုိ ဆုပ္ကိုင္ထားဆဲျဖစ္ေသာ လက္ကို ေဆာင့္ဖယ္ၿပီး မမႏုိင္က မ်က္ရည္ေတြကို သုတ္ဖယ္ကာ ေက်ာခိုင္းသြားသည္။

ေဆး႐ုံ၀န္း ပန္းၿခံမွာ ပိုင္ေဇတစ္ေယာက္တညး္ က်န္ရစ္ခဲ့သည္။

"နားရာက ပုိင့္သမီး မဟုတ္ဘူးလား ... "

Downျပန္ခါနီးအခ်ိန္တြင္ ေဆး႐ုံပန္းၿခံထဲကို ေရာက္လာေသာ မမႏုိင္ႏွင့္ပုိင္ေဇကုိေတြ႔ၿပီး မရည္႐ြယ္ပါဘဲ သစ္ပင္အကြယ္မွာ ရပ္ေနခဲ့ရင္း ေျပာသမွ် စကားအားလုံးကို ၾကားခဲ့ရသည္။

ပါးနပ္လိမၼာေသာ အၿပဳံးက Downမ်က္ႏွာထက္ ခပ္ညစ္ညစ္ ေပၚလာသည္။

"အဖြားႀကီး ... ဒီတစ္ခါေရာ ခင္ဗ်ားသမီးဘက္က  ရပ္တည္ႏုိင္ပါဦးမလား"

______________

ပင္ပန္းတယ္ ညဘက္အေတြးေတြ နယ္ခ်ဲ ႔ရလြန္းလို႔ အိပ္ေရးေတြပ်က္ရေပါငး္လညး္ မ်ားၿပီ။
စာဖတ္သူေတြေၾကာင့္လည္းေကာင္း ကုိယ္ကုိယ္တိုင္က စိတ္အားထက္သန္ေနတာေၾကာင့္လညး္ေကာငး္ Updateတာပါပဲ။ Publishကုိ Clickၿပီးတာနဲ႔ လူကို ေပ်ာ့ေခြေညာငး္ခ်ိသြားတာပဲ။

ဖတ္ေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ <3

5:15PM
12/17/2018

"ပိုင် .. ကလေး allergic ဖြစ်လို့ အခု ဆေးရုံရောက်နေတယ်၊ အခြေအနေက စိတ်ချရပါပြီ၊ ပိုင် မြန်မြန်လာခဲ့နော်"

ပိုင်စီး ပါးစပ်အဟောင်းသား၊ ထိတ်လန့်စိုးရိမ်မှု ့ကြောင့် တုန်လှုပ်မိသည်။ သမီးအခြေအနေက စိတ်ချရပြီထားဦး၊ အားလုံး ၀ိုင်း၀ုန်းမည်က ...

"မောင် ... အဲ့ကောင်လေး ဖုန်းဆက်တာလား၊ ဘာတဲ့လဲ"

တစ်ချိန်လုံး ကားပြတင်းဘက်ကို မျက်နှာလှည့်ကာ ငြိမ်နေသော မမနိုင်က အူးလျားဖားလျား မေးမြန်းလာသည်။ ကျန်သောသူများကလည်း နှုတ်ကသာ မမေးကြသေးတာ၊ ပိုင်စီး၏ စကားကို စိတ်၀င်တစား နားစွင့်ထားကြသည်။

ဘယ်လိုပြောရပ့ါမလဲ ...

ဟိုတယ်ကို ပြန်နေသည့် လမ်းကြောငး်ကနေ ဂငယ်ကွေ့ကွေ့လိုက်တော့ အားလုံး၏ နားမလည်မှု ့တွေက ပိုင်စီးအပြုအမူကို။ ကားစတီယာရင်ကို လက်တစ်ဖက်က ကိုင်ရင်း နားက နားကြပ်ကို အသာဖြုတ်လိုက်သည်။

"သမီး allergic ဖြစ်လို့ ဆေးရုံရောက်နေတယ်တဲ့"

တက်နိုင်သမျှ ကိုယ့်စိုးရိမ်မှု ့ကို လူမရိပ်မိအောင် ပုံမှန်လေသံအတိုင်း ပြောလိုက်သည်။

လက်မောင်းကို အားကိုးတကြီးဆုပ်ကိုင်ထားသော မမနိုင်လက်ချောငး်တို့၏ အေးစက်ခြငး်ကို အထိအတွေ့မှ ခံစားရသည်။

"အဲ့အကောင် တမင်ယုတ်မာတာ၊ ငါ့မြေးကို တမင် မကောင်းကြံတာ၊ ဒါ မတော်တဆလုံး၀မဖြစ်နိုင်ဘူး"

ပိုင်စီး မျက်လုံးစုံ ခေတ္တခဏ အသာမှိတ်ချပြီး ဆို့တက်လာသော စိုးရိမ်စိတ်အလုံးအခဲကြီးကို မကျနိုင်သော်ငြား ခက်ခက်ခဲခဲ တံတွေးမျိူချမိသည်။

ဖြစ်လာသောအခြေအနေအရ Down ကို အားလုံး ၀ိုင်းလက်ညှိုးထိုးလိမ့်မယ်၊ ဘာလို့ ဒီလောက် အဆင်ခြင်မဲ့ရတာလဲကွာ ... 

မနာလိုသ၀န်တိုကာ တမင် သူ့ကို နှိပ်စက်ချင်သည့် စိတ်ကြောင့် ကလေးကို Downခေါ်ချင်ခေါ်သွားလိမ့်မည်။ allergic caseက မတော်တဆဖြစ်ကြောင်း အပြည့်အ၀ယုံသည်။ ပိုင်စီးနှင့် ပြသနာအတက်ခံပြီး ဘာအပြစ်မှမရှိသော သမီးကို တမင်ထိခိုက်စေရန် Downမလုပ်လောက်ပါ။

သို့သော် မည်သူ့ကိုမှ မသိမပေးဘဲ ကလေးကို ခေါ်သွားသူက Down။ ထပ်မံ၍ allergicကိစ္စက ပေါ်လာတော့ ကိုယ်က ယုံကြည်သော်လည်း Downအပေါ် ထိုးနှက်ချက်က မသေးနိုင်။ ပိုအခက်ကြုံတာက အခုကိစ္စက ကိုယ်တစ်ယောက်တည်းနှင့် မပြီး၊ မမနိုင်နှင့်ယောက္ခမဖြစ်သူပါ ပါလာသည်။ 

သမီးကို အရေးတကြီးမလုပ်နိုင်လောက်အောင် ပြောငး်လဲနေပြီလို့ စွပ်စွဲနိုင်သည်။ သို့သော် စိတ်ချရပြီလို့ ပြောသော Downစကားက သူ့ကိုစိတ်အေးစေသည်၊ ထို့နောက် ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲ အခြေအနေကို  သူကြိုတင်စဉ်းစားထားခြင်း။

ပူပန်ကြောင့်ကြမိသမျှ ကားစတီယာရင်ကို အားပြုဆုပ်ကိုင်ကာ ဆေးရုံကို အမြန်ရောက်နိုင်ဖို့ စိတ်လောမိသည်။

------------------

Downကို ခေတ္တကမ္ဘာပျက်စေခဲ့သူမှာ သူမဟုတ်သလို လဲလျောင်း အိပ်ပျော်နေပါသော ကလေးမကို ကြည့်လျက် Down စိတ်မကောင်းပါ။ ဒူးခေါင်းက ပွန်းပဲ့ဒဏ်ရာကို ဂွမ်းစခံပတ်တီးဖြူအုပ်ထားပေးသည်။

ဘေးမှာ ချထားသော လက်ချောင်းတုတ်တုတ်လေးတွေကို ဆုပ်ကိုင်ကာ လက်ခုံဖောင်းဖောင်းလေးကို နှုတ်ခမ်းနှင့်ဖိကပ်လိုက်သည်။ နမ်းတာမဟုတ်ပါ၊ ဘာမှမဖြစ်ပေးလို့ ကျေးဇူးတင်လွန်းသောကြောင့် ကောင်းချီပြုမိခြငး်ပါ။

"ငါဘယ်လောက်စိုးရိမ်သွားလဲ မင်းသိလား၊ မင်းတစ်ခုခုဖြစ်ခဲ့ရင် ... ပိုင့်ကလေးသာ ငါ့ကြောင့် တစ်ခုခုဖြစ်ခဲ့ရင်"

လက်ဖမိုးလေးကို နဖူးနှင့်ဖိကပ်ကာ Downမျက်နှာအောက်ချ ကွယ်၀ှက်၍ ငိုရှိုက်မိသည်။

ကိုယ်မမွေးပေးနိုင်သော ကိုယ်ချစ်သောသူရဲ ့သွေးသား ကိုယ့်ကြောင့် တစ်ခုခုဖြစ်ခဲ့ရင် အဘယ်မျှ ယူကြုံးမရဖြစ်ရမလဲ။ ဒီကလေးကို ပိုင်ဘယ်လောက်ချစ်သလဲ သိသည်။ ဒီကလေးကို ကိုယ်တိုင် မချစ်နိုင်တောင် ရှိနေပြီးမှတော့ မရှိစေချင်ဘူးရယ်လို့ တစ်ကြိမ်တစ်ခါမှ မတွေးဖူးခဲ့။

ဒီကလေးမကို အန္တရာယ်ကင်းစေချင်သည့် စိတ်က ပိုင့်ကြောင့်လို့သာ အကြောငး်ပြချင်သည်။ သူ ဒီကလေးမကို မချစ်ပါ။ မချစ်တာထက် မချစ်ပေးနိုင်ပါ။ နှလုံးသားက ချစ်ရင်တောင် မချစ်ဘူးလို့ နှုတ်က ငြင်းဆိုမည်။

ဘယ့်နှယ် .. ကိုယ့်ကို ဖျက်စီးခဲ့သောသူကို မမုန်းနိုင် တွယ်ကပ်နေမိတဲ့ ကိုယ်က အရမ်းအချစ်ကြီးတာ၊ သူ့သမီးကိုပါ ဆက်လက် ချစ်ခင်နိုင်သည်ဆိုတော့ ကိုယ်ဟာ အရမ်းသဘောကောင်းပြီး မှတ်သည်းခြေမရှိသည့် အချစ်တတ်ဆုံးလူသားဖြစ်သွားလိမ့်မည်။

အချစ်ကြီး ချစ်တတ်တဲ့လူတွေက သနားဖို့ကောင်းလွန်းလို့ ကိုယ့်အကြောင်းကိုယ်တွေးပြီး မျက်ရည်မလည်ချင်ပါ။ ကိုယ်ကိုယ်တိုင်တောင် ဒုက္ခတွေ သုက္ခတွေ နဲ့ နာကျင်ပင်ပန်းလှတာ၊ ကိုယ့်ကိုခံစားရစေသည့် ပိုင့်သွေးသားကို ချစ်ခင်နှစ်သက်ပေးရအောင် အဲ့လောက် စိတ်ဓာက်မမြင့်မြတ်ချင်ပါ။

အရာရာတိုင်းကို ကိုယ့်ဘက်ကပဲ အလျှော့ပေး အကောင်းမြင်ပေးရအောင် ကိုယ့်ဘ၀က ကောင်းမွန်သာယာဖြောင့်ဖြူးခဲ့တာမှ မဟုတ်ဘဲ။ ကိုယ်တိုင်လည်း မုန်းချင်သည်၊ ဆိုးသွမ်းချင်သည်၊ ခက်ထန်ချင်သည်၊ ကြမ်းတမ်းရိုင်းစိုင်းချင်သည်။

သားအမိနှစ်ယောက်လုံးကို မကြည်ဖြူပါ။ ဒီကလေးသေးသေးလောက် အရေးမပါသော ကိုယ်အဖြစ်ကိုကိုယ် အားမရဖြစ်သည်။ သားအမိနှစ်ယောက်၏ ဖြစ်တည်မှု ့သည် ကိုယ့်ထက်အမာျးကြီး ကံအကျိူးပေးကောင်းနေသောကြောင့် မနာလိုဖြစ်သည်။ ကိုယ့်တစ်ဘ၀လုံးစာနစ်နာမှု့နဲ့ ပိုင်က မထိုက်တန်သောကြောင့် ခံပြင်းသည်။

မမနိုင်တို့သားအမိနှစ်ယောက်အပေါ် မုန်းတီးခြင်း၊ မနှစ်မြို ့ခြင်း၊ မနာလို ၀န်တိုခြင်းသည် အားလုံးက ပိုင့်ကို ချစ်သောစိတ်သစ်စေ့၏ လူ့သဘာ၀အရ အရိုင်းဆန် အကိုင်းပွားလာခြင်း။ စစ်မှန်သော မျိူးစေ့က ပိုင့်ကို ချစ်သောနှလုံးသားသည် ဘယ်တုန်းကမှ အမုန်းတရားနှင့် မျိူးမစပ်ခဲ့ပါ။

ထိုနှလုံးသားသစ်စေ့ကို အရင်းတည်ကာ ပေါက်ဖွားလာသော ပင်စည်မှသည် လောကဓံ၏ ပျိူးထောင်မှု ့ကြောင့် ဆင့်ပွားလာသော  အကိုင်းအခက်တွေမှာ မုန်းတီးခြငး်တွေ၊ မနာလိုခြင်းတွေနဲ့ ဖူးပွင့်လာသော အသီးအပွင့်တွေဟာ အဆိပ်ဖြစ်သွားပြီး ကိုယ်ဟာ အရိုင်းပင်ဖြစ်သွားသည်။

တူးဖော်ကြည့်ပါ ... ဒီအရိုင်းပင်၏ သစ်စေ့က ပိုင့်ကို စစ်မှန်စွာချစ်သော နှလုံးသားပင်။ သစ်ပင်၏ ဆင့်ပွားလာသော အကိုင်းအခက်တွေ၊ ဖူးပွင့်လာသော အသီးအပွင့်တွေကိုသာ လူမြင်ခံစားနိုင်သည်။ မြေကြီးအောက် တူးမြှပ်ခဲ့သော သစ်စေ့၏ မူရင်းကို လူမမြင်။

ပိုင့်ကလေးမိုလို့ မနှစ်သက်တာက မနှစ်သက်တာ၊ တစ်ဖက်မှာလည်း ကိုယ်ချစ်သောသူ၏ သွေးသားမိုလို့ ကိုယ်တန်ဖိုးထားသည်။

မပြတ်မသား ဒွိဟစိတ်တွေနဲ့ ညှင်းဆဲနိုင်လွန်းသော ပိုင်ပါလေ။

အခန်းထဲ ၀င်လာသော ဗရုတ်သုတ်ခ ခြေလှမ်းတွေကြောင့် Downအလျင်အမြန် မျက်ရည်တွေကို သုတ်ဖယ်လိုက်သည်။

ရှေးဦးစွာ လက်ခံရတာက မမနိုင်အမေ၏ လက်ဝါးရိုက်ချက်။ ရင်ဘတ်ကိုပါ တဖုန်းဖုန်း ဆက်တိုက် ရိုက်နှက်လာသောကြောင့် လက်နှစ်ဖက်ကို ချူပ်ကိုင်ပြီး

"ဒါက ဘယ်လို အပြုအမူမျိူးလဲ"

"နင်ကလေးကို တမင်ခေါ်သွားပြီး ဒုက္ခပေးတာ၊ နင့် စိတ်ထဲ ဒီကလေးမရှိတော့ရင် ပိုင်စီးကို နင်ရနိုင်ပြီထင်နေလား၊ မမနိုင်နဲ့သံယောဇဉ်ဖြစ်တဲ့ ဒီကလေးကို နင်အရမ်းမုန်းတီးနေတာမဟုတ်လား၊ အဲ့ဒါကြောင့် နင်တမင် ယုတ်မာတာမလား၊ ပိုင်စီး တွေ့လား .. .နင်မွှေးခဲ့တဲ့ မီးက အခု ငါ့သမီးနဲ့ငါ့မြေးကိုပါ ကူးစက်လောင်ကျွမ်းနေပြီ"

"ဘာတွေ လာပြောနေတာလဲ၊ ကလေးကို တို့ တမင်ခေါ်သွားတာ မဟုတ်ဘူး၊ ပိုင်အပ်ခဲ့တာ၊ အခုလိုဖြစ်တာလည်း တကယ်မတော်တဆပါ၊ ကလေးခြငး်ထဲက ပုစွန်နဲ့ ထမင်းဗူးကို ကျေွးပြီး allergic ဖြစ်သွားတာ၊ ကလေးမှာ ပုစွန် allergicရှိတာ မသိဘူးလား... ပိုင်"

"နားရာမှာ ပုစွန် allergicရှိတာလား"

တန်ပြန်အဖြေစကားက ငူငူကြီးရပ်နေသော ပိုင့်ဆီမှ မဟုတ်။

ပိုင်ဇေက ကုတင်နား ရောက်သွားကာ ကလေးကို တစိမ့်စိမ့်ကြည့်ရင်း မျက်ရည်ခနေသည်။ အကြည့်တွေကနေ Downစိတ်ထဲကို မသိုးမသန့်အတွေး တစ်ခုက ရုတ်တရက် ၀င်ရောက် ခံစားမိသွားသည်။

"အခု သမီးအခြေအနေ ဘယ်လိုနေသေးလဲ"

မမနိုင်က သိမ်မွေ့စွာ ယဉ်ယဉ်ကျေးကျေး မေးလာသည်။

လောကကြီးဘာတွေဖြစ်သွားပြီလဲ။ မမနိုင် ဒီလောက် ကောငး်ကောငး် တုန့်ပြန်မည်ဟု မထင်မိပါ။ ဒီအချိန် ဒေါသအဖြစ်သင့်ဆုံးလူက မမနိုင် မဟုတ်လား။

"ကလေးအခြေအနေ စိတ်ချရပါပြီ"

"အဖုအပိန့်တွေဖြစ်တာမျိူး မဟုတ်လား"

ပိုင်ဇေက ကလေးကို ဂရုဏာသက်စွာ ကြည့်လျက် ၀င်မေးပြန်သည်။ ကလေးအနားအရောက်သွားသည်က မမနိုင်နှင့် ပိုင်ဇေသာ။ ဒေါ်သစ်သစ်နိုင်က Downအကျႌကို ဆွဲထားတုန်း၊

"အင်း"

ပိုင်ဇေ၏ အမေးကို အင်းတစ်လုံးတုန့်ပြန်ကာ ဖခင်အရင်းတစ်ယောက်လုံးက ဘာစကားမှ မဆိုသောကြောင့် ပိုင့်ကို သတိထား ကြည့်မိပါ၏။ အခုထိ ခပ်လှမ်းလှမ်းမှာ ရပ်ကာ ကုတင်ပေါ်က သမီးဖြစ်သူကို ငေးစိုက်ကြည့်နေသော ပိုင်က ဘာတွေ စဉ်းစားနေပါလိမ့် ...

"နင် တမင်လုပ်တာမဟုတ်လား၊ ငါ့မြေးက ပုစွန်နဲ့မတည့်မှန်းသိလို့ နင်တမင် ဘေးဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့"

သြော် .. ဒီအဖွားကြီးနဲ့တော့ ခက်ပါပေ့၊ ကာယကံရှင်တွေအားလုံးက ဆိတ်ငြိမ်နေပါလျက် သူက မြေးအနားလည်း မသွားသေးပါဘဲ Downကို ရန်တွေ့အပြစ်ရှာဖို့သာ တာစူနေသည်။

ပိုင်စီးက အနားရောက်လာပြီး ဒေါ်သစ်သစ်နိုင်ဆွဲထားသော Downအကျႌစကို ကြား၀င် ဖြည်ချပေးကာ

"ကျွန်တော့်အမှားပါ၊ ကျွန်တော် အလှုမှာ အရမ်းအလုပ်ရှုပ်နေလို့ သူ့ကို ကလေးအပ်ထားမိပါတယ်၊ ထမင်းဗူးကိုလည်း ကျွန်တော်သတိမထားနိုင်လောက်အောင် မှားယွင်းပြီး ထည့်ပေးလိုက်မိပါတယ်၊ စိတ်နဲ့လူနဲ့မကပ်လို့ သူ့ကို အပ်ထားမိတဲ့အဖြစ်ကိုလည်း ကလေးပျောက်တယ်ကြားတော့ သွေးပူနေတုန်း ခဏတာ မေ့လျော့သွားပါတယ်၊ အားလုံးက ကျွန်တော့်ပေါ့ဆမှု ့နဲ့အမှားသာဖြစ်လို့ သူ့မှာ အပြစ်မရှိပါဘူး၊ ရိုက်နှက်ချင်ရင် ဆဲဆိုချင်ရင် ကျွန်တော့်ကိုပဲ လုပ်ပါ"

Downရှေ ့မှာ မားမားမတ်မတ် ရပ်တည်ကာ ၀န်ခံသောကြောင့် အားလုံးအံ့သြသွားသည်။ Downတစ်ယောက် ဆက်စပ်တွေးလိုက်တော့ သံသယ၀င်လာသည်။

ကလေးကို အပ်ခဲ့တာ ပိုင်မဟုတ်ဘူး၊ အဖွားကြီးကများ ...

မမနိုင်က ပိုင်စီးကို မျက်ရည်တွေ တပေါက်ပေါက်ကျလာပြီး မေးဖျား တုန်ယင်အောင်  နာနာကြည်းကြည်း စိုက်ကြည့်နေသည်။

ပိုင်စီးကိုယ်ကွယ်ထား၍ ၀င်ပြောရန် ရှေ ့ထွက်တော့မည့် Downကို ပိုင်က လက်အသာ လှမ်းကိုင်ကာ ထိန်းသည်။ Downက ရှေ ့ထွက်မယ် လုပ်လေ ပိုင်စီးက လက်ကို အားပါပါ ဖိချုူပ်ကိုင်ထားလေ ...

ပိုင်က ကိုယ်စား၀င်ခံပြီး အဖြစ်မှန်ကို သိနေတာ သေချာနေပါပြီ၊ သေချာနေပါလျက် Downကို ထိန်းချူပ်ထားခြငး်က ယေက္ခမကို ကာကွယ်ပေးနေတာဆိုတာ ....

" သေချာ တောငး်ပန်ချင်လို့ ခဏအပြင်ထွက်ခဲ့ပေးပါ့လား"

ဒေါ်သစ်သစ်နိုင်ကို စိုက်ကြည့်ကာ Down ပြောလိုက်သည်။ မျက်နှာလွှဲသွားသည်က မသိချင်ယောင်ဆောင်နေပုံ။

"ဒါမှမဟုတ် ... သမီးဖြစ်သူရှေ ့မှာပဲ တောင်းပန်ရမလား"

ကြောက်လန့်မှု ့မကင်းသည့် အကြည့်နဲ့ ပြန်ကြည့်လာသည်။

လက်ကောက်၀တ်ကို အတင်း ချူပ်ကိုင်ထားပါသော ပိုင်စီးလက်အား နားလည်မှု့နှင့်အတူ အသာရုန်းဖယ်လိုက်တော့ ဖြေလျော့ပေးလာသည်။

ဒေါ်သစ်သစ်နိုင်၏ လက်ကိုဆွဲကာ Down အခန်းပြင် ခေါ်ထုတ်လာခဲ့သည်။

-----------

"ခင်ဗျား ဘယ်လိုအဘွားလဲ၊ ကိုယ့်မြေးအရင်းကို ဓါးစာခံလုပ်ပြီး ထောင်ချောက်ဆင်ရလား၊ အခန့်မသင့်လို့ ကလေးတစ်ခုခုဖြစ်ရင်"

"မဖြစ်အောင် ငါကြိုတင် စီမံထားပြီးသား"

မျက်လုံးပြူးမျက်ဆန်ပြူး ပြောလာသောအခါ Down လက်ဖျားခါသည်။

"ခင်ဗျားက တို့လောက်တောင် ကလေးမကို တန်ဖိုးမထားပါ့လား၊ ခင်ဗျားသမီးကြောင့် ဘယ်လောက် ခံစားရပါစေ အဲ့ဒီ့ကလေးမကို အန္တရာယ်နဲ့ယှဉ်တွဲပြီး မခြိမ်းခြောက်ခဲ့ဖူးဘူး၊ တို့အနေနဲ့ ဒီလိုစကားမျိူးပြောရတာ လျှာယားပေမဲ့ ဟုတ်ပါတယ် .. အဲ့ကလေးမကို ဉာဏ်မဲ့စွာ တစ်ခါခေါ်သွားခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲ့ကလေးမကို တမင်သက်သက် ထိခိုက်နစ်နာစေလိုတဲ့စိတ်အလျဉ်းမရှိခဲ့ဘူး၊ ခင်ဗျားလို သိသိလျက်နဲ့ အသဲမာမာ ဒုက္ခမပေးခဲ့ဘူး၊ ခင်ဗျားလက်ထဲမှာ ကလေးအပ်မဲ့အစား တို့ပဲ ခေါ်ထားမယ်"

"ငါ့မြေးကို ငါတန်ဖိုးမထားဘဲနေမလား၊ ငါ့မြေးကို ဒုက္ခပေးရလောက်တဲ့အထိ င့ါအတွက် ငါ့သမီးက ပိုအရေးကြီးတယ်၊ သမီးပြီးမှ မြေးလာတာ၊ ငါ့အတွက် ငါ့သမီးက အရေးအကြီးဆုံးပဲ၊ မင်းတို့ကြောင့် ငါ့သမီးခံစားခဲ့ရတာ သေးသေးကွေးကွေးလား၊ သိပ်မာနကြီးတဲ့ အဲ့မိန်းမရင်ထဲ မျိူသိပ်ထားတဲ့ မချိတင်ကဲေ၀ဒနာကြီးက ဘယ်လောက် ပူပြင်းလောင်မြိုက်နေမလဲ၊ ဖခင်ကံမကောငး်တဲ့ ငါ့သမီးကို အိမ်ထောင်ရေး ကံကောင်းစေချင်တာ ငါ့အပြစ်လား၊ အောင်မြင်တဲ့လင်ယောက်ျားရဲ ့ဖောက်ပြန်မှု့မှာ နောက်ကွယ်က ဇနီးမယားကို မစာနာပေးတဲ့ ဂုဏ်မက်တဲ့လူ့လောကကြီးမှာ အောက်လမ်းနည်းနဲ့ဖြစ်ဖြစ် ငါ့သမီးဘက်က ရပ်တည်ကူညီပေးတာ ငါမှားလား၊ မင်းတို့နိုင်ပါတယ်၊ မင်းတို့ဘာလုပ်လုပ် သင့်တော်ပါတယ်၊ မင်းတို့ဘာလုပ်လုပ် ငွေနဲ့ပေါက်ပြီး လက်ခုပ်တီးခိုင်းနိုင်ပါတယ်၊ မကျေနပ် တရားစွဲရအောင်လည်း မယားခိုးမှု့ပဲ ရှိတယ် လင်ခိုးမှု ့မရှိဘူး၊ မျှတပါတယ်ဆိုတဲ့ တရားဥပဒေတောင် အိမ်ထောင်သည် မိန်းမတွေဘက်မရှိတဲ့ လောကကြီးမှာ ငါက ငါ့သမီးဘက်က ရပ်တည်မယ်"

Downခြေလှမ်းတွေ အနောက်ဆုတ်မိသည်။ ဆံဖြူသွားကျိူး ပါးရိုးပေါ် အရေတွန့် အသား ပျော့တွဲနေသော အဖွားကြီးကို Downကြောက်မိပါသည်။ အားအင်ချိနဲ့ကောငး် ချိနဲ့လိမ့်မည်။ သားသမီးအတွက် ရုန်းကြွနေသော သွေးမာန်က ကိုက်ခဲရန်လာသော ကျားကိုပင် နောက်ဆုတ်ပြန်ပြေးစေလိမ့်မည်။

ငယ်ငယ်က နားစွန်နားဖျားကြားခဲ့ပါသော သင်ရိုးညွှန်းတမ်းပါ မြန်မာစာ၏ သင်ခန်းစာတစ်ခုက ဒါမျိူးအဓိပ္ပာယ်လား ... သူကြီးက လင်ရှိမယားကိုလိုချင်လို့ လင်ယောက်ျားကို မတရားချောက်ချပြီး ထောင်ထဲထည့်ခဲ့သည်။ ထိုမိန်​းမ၏ အိုကြီးအိုမမိခင်​က မတရား​ချောက်​ချခံရ​သော သမက်​ဖြစ်​သူအတွက်​ ငှက်ကြီးတောင်ဓားကို ဆွဲကာ သူကြီးအိမ်ရှေ ့မှာ အော်ဟစ်သောင်းကျန်းခဲ့သည်။ ထိုအချိန်က လူမသိအောင် ထွက်ပြေးခဲ့သော အားကောင်းမောင်းသန် သူကြီး၏ ခံစားချက်ကို သူအခု နားလည်နိုင်ပြီ။

လောကနိယာမအရကြည့်လျှင် ကိုယ့်ဘက်က မှားနေသည်။ ရင်ဆိုင်နေရတာက လောကနိယာမ၏မတရားမှု ့နဲ့မိခင်မေတ္တာ။

သမီးဘက်က ကာကွယ်ရပ်တည်ပေးသော မိခင်တစ်ယောက်၏ ရန်စွယ်ကို ကိုယ်ထိလက်ရောက် တွေ့ကြုံနေရသည်။ သားသမီးအတွက်ဆိုရင် မြေးတောင် ဓါးစာခံသက်သက်ပဲတဲ့။ သူစိမ်းသာဆိုရင် ....

ဒါနဲ့များ ငါ့အဖေကျတော့ ငါ့အပေါ် ဘယ်လိုတွေ လုပ်ခဲ့လဲ။ အဲ့ဒါတွေကြောင့် မမနိုင်ကို မုန်းတာ၊ မနာလိုတာ။ ပိုင်ဆိုင်တာတွေ အရမ်းများနေလွန်းလို့ မမနိုင်ကို သူဘယ်လိုမှ မနှစ်မြို ့နိုင်တာ။ 

မမနိုင်ကို အနိုင်ကျင့်မတရားလုပ်နေပါတယ်လို့ စွပ်စွဲခံနေရတဲ့ ငါ့ရဲ ့နစ်နာမှု့တွေကို ဘာလို့မမြင်ပေးနိုင်ကြတာလဲ။ တရား၀င်ဇနီးဖြစ်တာနဲ့ အားလုံးနိုင်စားရောလား။ တကယ်ဆို ငါကတောင် ပိုသနားဖို့ကောငး်ပါတယ်။ ငယ်ငယ်လေးတည်းက လူဖြစ်ရှုံးတဲ့ငါ၊ ေ၀ဒနာမချိမဆန့်ခံစားနေရပြီး သေခါနီးငါ့ကိုရော ... ဘာလို့မစာနာပေးနိုင်ကြတာလဲ။ ဘာလို့အားလုံးက မမနိုင်ကိုပဲ မြင်နေကြတာလဲ။

မခံချင် မနာလိုစိတ်တွေနဲ့ အရွဲ ့တိုက်ချင်လာသည်။

စိတ်က အရိုင်းဆန်လာသောအခါ လက်ခုပ် သုံးချက် တီး ချီးမြှင့်ပေးလိုက်သည်။

"အံ့ဖွယ်ပဲ၊ ခင်ဗျားတောင် ဒီလောက် ကြံ ့ခိုင်နေမှ မမနိုင်လည်း ဒီလောက်ကတော့ မဖြုံပါဘူး၊ သိပ်စိုးရိမ်မနေပါနဲ့၊ ခင်ဗျားသမီးပဲ၊ သိပ်ထက်တဲ့မိန်းမဖြစ်နေလို့ ဒီလောက်က စာဖွဲ့မှာမဟုတ်ဘူး၊ ယောက်ျားအလုခံရရုံနဲ့ ဒီလောက်မျက်ရည်ချူလို့ရရင် သေခါနီး လူတစ်ယောက်ရဲ ့ ကမ်းမမြင်လမ်းမမြင် စွန့်စားမှု့ကိုလည်း မျှော်လင့်နေပါ၊ တကယ့်ဘ၀နာတာ ဘာလဲ တို့ သင်ပေးမယ်၊ အဲ့ဒါကြောင့် ဘာမဟုတ်တာလေးနဲ့ သားအမိနှစ်ယောက် ဖျပ်ဖျပ်လူးမနေပါနဲ့၊ တို့က အစစ်အမှန် နာကျင်ခြင်းကို ပေးမယ်၊ တို့ခံစားခဲ့ရတဲ့ တရားမ၀င် လူမသိခဲ့တဲ့ ရှုံးနိမ့်မှု့တွေ နာကျင်ခြငး်တွေကို မမနိုင် ခံစားရစေမယ်၊ အဲ့ဒါကခင်ဗျားလို သိပ်အကာအကွယ်ကောငး်တဲ့ အမေတစ်ယောက်ရဲ ့ဇကို စိန်ခေါ်လိုက်တာပဲ"

---------------------

အိပ်ရာမနိုးသေးသော သမီးလက်ကလေးကို ကိုင်ကာ တစ်ယောက်တည်းကြိတ်ငိုနေသည့် မမနိုင်အနားကို ရောက်သွားသည်။

"မောင့်ကို တစ်ခုခု ပြောပါ မ, ရိုက်မယ်ဆိုလည်း ခံပါ့မယ်၊ သတ်မယ်ဆိုလည်း သေပေးပါ့မယ်"

"ကျွန်မ ပြောရမဲ့စကားပါ၊ မောင်ဘာလုပ်လုပ် ကျွန်မက ခံရမှာပါ၊ ကျွန်မ ဘယ်လိုအင်အားနဲ့ မောင့်ကို ဆန့်ကျင်နို်င်မလဲ၊ ကျွန်မဘာမှမတတ်နိုင်ပါဘူး၊ မောင့်ကို မစွန့်လွှတ်နိုင်သ၍ မောင့်ရဲ ့အရာရာကို နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ လက်ခံပေးဖို့ကလွဲ ကျွန်မမှာ အထွန့်တက်စရာမရှိပါဘူး၊ မောင်က ကျွန်မဘ၀တစ်ခုလုံးကို ပုံအပ်ထားပြီးတဲ့ ကျွန်မခင်ပွန်းပါ၊ ဒါပေမဲ့ မောင် ... တစ်ခုတော့ တောင်းပန်လို့ရမလား"

ပိုင်စီး မျက်ရည်တွေကြားထဲက ခေါင်းညိမ့်သည်။ 

"သမီးနဲ့သူ့ကို မပေါငး်စပ်ပေးပါနဲ့၊ သူ့လက်ထဲမှာ သမီးပြုံးပျော်နေမှာကို ကျွန်မ တကယ်မရှု ့စိမ့်ဘူး၊ မောင့်တစ်ယောက်လုံးကို အပါခံရပြီးပြီ၊ သမီးကိုပါထပ်ပြီး အလုခံရရင် ကျွန်မသေမှာ၊ အဲ့ကောင်လေးကို မောင်သိပ်ချစ်တာ ကျွန်မ ခံစားမိပါတယ်၊ မောင့်လို ဦးစုန်းနတ်ဆိုးကို ပြုစားနိုင်တဲ့ သူ့ကို ကျွန်မ သိပ်အံ့မခန်းဖြစ်ရပါတယ်၊ သူ့အစွမ်းအစကို ကျွန်မ အထင်မသေးဝံ့ပါဘူး၊ သမီးနဲ့သာ အနေနီးရင် သမီးကိုပါ သူသိမ်သွင်းနိုင်မှာ ကျွန်မသိနေတယ်၊ ကျွန်မအနေနဲ့ ကျွန်မသမီးက ကျွန်မကိုပဲ ခင်တွယ်အားကိုးစေချင်တယ်၊ ကျေးဇူးပြုပြီး သူနဲ့သမီးကို မချိတ်ဆက်ပေးပါနဲ့၊ အဲ့တစ်ခုတည်းပါ ... မောင်၊ ကျန်တာတော့ မောင်စိတ်ချမ်းသာသလိုသာ လုပ်ပါတော့ ... ကျွန်မလည်း ပင်ပန်းလှပြီ"

ပိုင်စီး ခေါငး်တဆက်ဆက်ညိမ့်ကာ ရင်ခွင်ထဲ ပြိုလဲကျလာသော မ,ကို သိမ်းကြုံးဖက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် မ၊ မောင် အရမ်းကျေးဇူးတင်ပါတယ်၊ မ,က မောင့်ရဲ ့အစားမထိုးနိုင်တဲ့ မောင့်ရဲ ့ တစ်ဦးတည်း ပင်တိုင်စံမိဖုရားပါ"

ပိုင်ဇေခြေလှမ်းတွေ ယိုင်နဲ့စွာ အခန်းထဲ ၀င်လာသောအခါ တစ်ယောက်နှင့်တစ်ယောက် ဖက်လျက် ငိုနေကြသော ပိုင်စီးနှင့်မမနိုင်ကို တွေ့လိုက်ရသည်။ တံခါးအ၀မှာ ကြားခဲ့ရပါသော စကားတွေက ကိုယ့်နားနဲ့ကိုယ် မယုံနိုင်။ နားရှိလို့သာ ကြားလိုက်ရသည်။

မေက ပိုင်စီးကို လက်ခံသတဲ့ ... ဟင့်အင်း ငါလက်မခံနိုင်ဘူး၊ ငါ့သမီးကို ငါ့တူမလို ငါလက်မခံနိုင်ဘူး။

"ညီငယ် ... မမနိုင်ဆီက သေချာပေါက်အတည်ပြု စရာရှိလို့ မမနိုင်ကို ခဏခေါ်သွားလို့ရမလား"

ပိုင်စီးက မမနိုင်နှင့်ပိုင်ဇေ့ကို တစ်လှည့်စီ ကြည့်သည်။

"မမနိုင်ကို ငါတိုက်ရိုက်ခွင့်တောင်းရင် လိုက်မှာမဟုတ်လို့ မမနိုင်သိပ်နာခံတဲ့မင်းဆီမှာ ခွင့်တောင်းတာ ပိုထိရောက်နိုင်လို့ ငါမင်းကို မေးတာပါ"

မမနိုင်ကို စိုက်ကြည့်နေသော ပိုင်ဇေ့အကြည့်တွေက ကြမ်းရှစူးနစ်လွန်းသည်။

"ဘာမိုလို့လဲ၊ ကျွန်တော့်ရှေ ့မှာ ပြောပါ"

"တစ်ချိန်က အချစ်ဟောငး်တွေပဲ၊ အခုလက်ရှိ လင်ယောက်ျားမင်းရှေ ့မှာ ပြောလို့မဖြစ်တဲ့ စကားတွေရှိတာပေါ့"

ပိုင်စီးစိတ်ထဲ တစ်မျိူးးဖြစ်သွားသည်။

အစ်ကိုပိုင်ဇေက တစ်ခါမှ မရွဲ ့တတ် မစောင်းတတ်ပါဘဲ အခုမှ စိတ်ဆက်နေပုံရသည်။ မမနိုင်ကို ပြန်ကြည့်တော့ မမနိုင်လည်း စိတ်ပျက်နေသည့်ပုံ။

"မ,အဆင်မပြေရင်"

"ရတယ်မောင် ... သူအတည်ပြုချင်နေတာ ကျွန်မကိုပါ"

မမနိုင်အနောက်က ပိုင်ဇေလိုက်သွားသည်။

ပိုင်စီးကတော့ နှစ်ယောက်ကြား နားမလည်မှု့တွေနဲ့ မျက်မှောင်ကြုတ်မိသည်။

သမီးက လူးလွန့်လာသောအခါ တင်ပါးလေးကို အသာပုတ်ပေးရင်း ပြန်ချော့သိပ်လိုက်သည်။ ခဏအကြာ မျက်လုံးမှေးစင်းသွားပြီး ပြန်အိပ်ပျော်သွားသည်။

"ဖေဖေ့ ခိုနားရာလေးကလေ .. အရမ်း အအိပ်ကြီးတာပဲ"

မျက်နှာလေးကို ဖိကပ်နမ်းလျက် ပါးပြင်ပေါ်က အရောင်ကျသွားသော အဖုအပိန့်လေးတွေကို လက်နဲ့ ခပ်ဖွဖွ တို့ထိလိုက်သည်။

"ဖေ့သမီးလေးက ဖေဖေနဲ့အလုံးစုံ အားလုံး တူရင် သိပ်ကောင်းမှာပဲ၊ ဘာလို့များ ဖေဖေနဲ့မတူဘဲ ဖေဖေ့ရဲ ့မေမေ နားရာလေးရဲ ့ဘွားဘွားကြီးနဲ့ တူနေရတာလဲ၊ ဖေဖေကတော့ ဖေဖေသိပ်မုန်းပါတယ်ဆိုတဲ့ ဖေ့ဖေရဲ ့ဖေဖေ နားရာလေးရဲ ့ဘိုးဘိုးကြီးနဲ့ တစ်ထေရာထဲ တူနေတယ်၊ နားရာလေးက တကယ်ပဲ ဖေဖေရဲ ့ အမေ ၀င်စားတာလား"

အိပ်ပျော်နေသော သမီးလေးက အဖြေမပေးနိုင်မှန်းသိလျက်နှင့် ပိုင်စီးမေးခွန်းတွေ ထုတ်နေသည်။

ထိုအချိန် အခန်းထဲ ပြန်၀င်လာသော မမနိုင်အမေ။

Downပြန်သွားပြီလား မသိဘူး ...

စိတ်ထဲတွေးမိပေမဲ့ အပြင်မှာ အမူအရာထုတ်မပြမိ။

"မင်းသိနေတယ်မလား"

"ဘာကိုလဲ အန်တီ"

ဒေါ်သစ်သစ်နိုင်ကို မကြည့်၊ သမီးလက်ကလေးဆုပ်ကိုင်ထားလျက်က မေးလိုက်သည်။

"ကလေးကို ဒီလိုဖြစ်အောင် ငါလုပ်ခဲ့တာကို မင်းသိနေတယ်မလား၊ ဘာလို့ငါ့ကို ကာကွယ်ပေးခဲ့တာလဲ"

သမက်ဖြစ်သူပိုင်စီးက ကလေးနှင့်ပတ်သက်လျှင် အထိမခံ။ ပိုင်စီးကို ကိုင်လှုပ်နိုင်သောအရာက ဒီကလေးတစ်ယောက်ပဲ ရှိသောကြောင့် ကလေးကို အသုံးချပြီး သူတို့နှစ်ယောက်ကြား ကတောက်ကဆဖြစ်စေရန် ကြံရွယ်ခဲ့သည်။ တစ်ခါတည်း စိတ်နာအမုန်းကြီးကာ ပြတ်တောက်သွားဖို့ အကြံကြီးခဲ့တာပါ။ လက်တွေ့မှာလည်း ကလေးကို ရင်း၍ စွန့်စားခဲ့သည်။ သို့သော် ...

"မ,က အန်တီကို သူရဲကောင်းမေမေအဖြစ် စံထားတာပါ၊ မ, အရမ်းရိုသေလေးစားထားတဲ့ အန်တီကို မ,အကြည်ညိုမဲ့အောင် မလုပ်ချင်ဘူး၊ ကျွန်တော်ကတော့ မ,အတွက်လင်ဆိုးဖြစ်ခဲ့ပြီးပြီမို့ ထပ်ဆိုးလည်း မမနိုင်အတွက် အကောင်းမဖြစ်နိုင်တော့ပါဘူး၊ အန်တီကတော့ မတူဘူးလေ၊ မမနိုင်အပေါ်မှာ အမြဲကောငး်ခဲ့တာမဟုတ်လား၊ ကိုယ်​့ သားသမီး​ရှေ့ အရှက်​မရချင်​တာက​တော့ အန်​တီနဲ့ကျွန်​​တော်​ အတူတူပါပဲ၊ ဒါပေမဲ့ အန်တီ ... နောက်ထပ် အဲ့လိုမလုပ်ပါနဲ့၊ အန်တီဘာပဲလုပ်လုပ် ကျွန်တော်ရွေးချယ်မှု ့မပြောငး်လဲဘူး၊ မဆိုင်တာတွေပဲ ထိခိုက်ရလိမ့်မယ်၊ အခု နားရာလေး ထိခိုက်ရပြီမဟုတ်လား"

----------

"ကိုယ် နားရာရဲ ့ဆရာ၀န်နဲ့တွေ့ပြီးပြီ၊ ပုစွန်allergicလို့ပြောတယ်၊ သွေးလည်း ကိုယ်သေချာစစ်မေးပြီးပြီ"

"အဲ့ဒါဘာဖြစ်လဲ"

မျက်နှာတစ်ချက်မပျက်သော မမနိုင်က ဒီနှစ်တွေမှာ အိုက်တင်အရမ်းကောင်းလာသည်ပဲ။ အေးလေ တစ်ချိန်လုံး ဟန်ဆောင်နေရတော့ ဘယ်မူပျက်မလဲ။ ဒီလောက်မှ မပိရိရင် ပိုင်စီးကို ဘယ်လိုလိမ်ထားနိုင်မလဲ။

"အမေ့မှာ ပုစွန်allergicရှိပေမဲ့ ပိုင်စီးက မပြင်းထန်ဘူး၊ ကိုယ်ကမှ ပုစွန်ကို အနံ့တောင်ခံလို့မရတာ၊ နားရာလိုပဲ ပုစွန်စားမိရင် အသားမှာ အပိန့်တွေထလာတတ်တယ်၊ နောက်ထပ် နားရာ သွေးက ကိုယ်နဲ့အတူတူပဲ"

"မောင့်အမေမှာ ရှိနေမှတော့ နားရာမှာ ရှိတာထူးဆန်းလား၊ သွေးက မောင်နဲ့လည်း အတူတူပဲ"

"အဲ့ဒါကြောင့် ဒီနှစ်တွေအထိ ပိုင်စီးကို မင်း လိမ်ထားလို့ရတာပေါ့"

"ရှင်ဘာစကားပြောတာလဲ"

"နားရာက ငါ့သမီးပဲ၊ မငး်ဘာလို့ ၀န်မခံသေးတာလဲ၊ အဲ့ဒါကြောင့် ပိုင်စီးအပြစ်ကို မငး်လို မိန်းမက ခွင့်လွှတ်ပေးတာပေါ့၊ မငး်မှာလည်း ပြစ်ချက်ရှိနေလို့လေ"

ပိုင်ဇေ စိတ်လိုက်မာန်ပါ အော်ပြောရင်း မမနိုင်ပခုံးကို အကြမ်းပတမ်း ကိုင်လှုပ်ဆောင့်ခါမိသည်။ မမနိုင်က မျက်လုံးအ၀ိုင်းသားနှင့် ခပ်စိမ်းစိမ်း ငေးစိုက်ကြည့်နေသည်။

"ရှင် ဘယ်လိုဖြစ်နေတာလဲ၊ မွေးထားတဲ့အမေထက် ရှင်က သေချာနေလို့လား၊ ကျွန်မ၀မ်းနဲ့လွယ်မွေးခဲ့တဲ့သမီး ဘယ်သူ့သမီးလဲ ကျွန်မအသိဆုံးပါ"

"သိသိရက်နဲ့ ပိပိရိရိ ဖုံးကွယ်လိမ်ညာထားတယ်လေ၊ ဒီလောက်လိမ်ညာမှု ့ကြီးလုပ်ထားပြီး ပိုင်စီးကိုတွယ်ကပ်နေတဲ့ အကြောင်းက ဘာလဲ၊ အိမ်ထောင်ကျပြီးမှ ဖောက်ပြားမိတဲ့ မင်းသိက္ခာတရားအတွက်လား၊ အဟား ... မင်းကွာ .. အစ်ကိုရင်းနဲ့ပြတ်ပြီး ညီနဲ့ပြန်ယူကတည်းက မင်းမှာ သိက္ခာမရှိတော့တာ၊ မင်းကိုယ်တိုင်က ပိုင်စီးကို စွဲလမ်းနေတာ၊ ငါနဲ့မပြတ်ခင်ကတည်းက မင်းပိုင်စီးကို စိတ်ရှိနေတာ၊ အဲ့ဒါကြောင့် ငါ့ဘက်က အမှားအယွင်းဖြစ်တော့ အလွယ်တကူပဲ ပိုင်စီးကို မငး်လက်ခံခဲ့တာ၊ ငါနဲ့ရတဲ့ကလေးကို ပိုင်စီးကလေးပါလို့ မင်းလုပ်ယူပြီး ပိုင်စီးကို ချုပ်နှောင်ထားတာ၊ မင်းကိုယ်တိုင်က ပိုင်စီးကို မစွန့်လွှတ်နိုင်တိုင်း မိန်းမကောင်းယောင်ဆောင်ပြီး သမီးကို အကြောငး်ပြနေတာ၊ အဲ့ဒါတွေအားလုံး ... ပိုင်စီးသိသွားရင် မင်းကိုသတ်မှာ"

မမနိုင်၏ မျက်ရည်စက်က အောက်လျှောလိမ့်ဆင်းသွားသည်။ ပိုင်ဇေ့ကို မျက်တောင်တစ်ချက်မခတ် စိုက် ကြည့်နေသော အကြည့်တွေက နားလည်ရ ခက်သည်။ အသနားခံနေတာလား ... မမနိုင်အစား အသက်ရှုကြပ်လာသည်။ မမနိုင် ကြေကွဲတုန်ယင်နေတာတော့ သိသည်။

အဆုံးထိ ၀န်မခံချင်တာလား၊ ထုတ်ပြောရဖို့ပင် သူမ အင်မတန်ကြောက်နေတာလား ...

"နားရာက ရှင့်သမီး မဟုတ်ဘူး၊ ယုံတာ မယုံတာ ရှင့်အပိုင်း၊ ကျွန်မကတော့ အမှန်အတိုင်း ပြောပြီးပြီ"

"အဆုံးထိ အဆုံးထိကို မင်းမ၀န်ခံဘူးပဲ"

ပခုံးကို ဆုပ်ကိုင်ထားဆဲဖြစ်သော လက်ကို ဆောင့်ဖယ်ပြီး မမနိုင်က မျက်ရည်တွေကို သုတ်ဖယ်ကာ ကျောခိုင်းသွားသည်။

ဆေးရုံ၀န်း ပန်းခြံမှာ ပိုင်ဇေတစ်ယောက်တညး် ကျန်ရစ်ခဲ့သည်။

"နားရာက ပိုင့်သမီး မဟုတ်ဘူးလား ... "

Downပြန်ခါနီးအချိန်တွင် ဆေးရုံပန်းခြံထဲကို ရောက်လာသော မမနိုင်နှင့်ပိုင်ဇေကိုတွေ့ပြီး မရည်ရွယ်ပါဘဲ သစ်ပင်အကွယ်မှာ ရပ်နေခဲ့ရင်း ပြောသမျှ စကားအားလုံးကို ကြားခဲ့ရသည်။

ပါးနပ်လိမ္မာသော အပြုံးက Downမျက်နှာထက် ခပ်ညစ်ညစ် ပေါ်လာသည်။

"အဖွားကြီး ... ဒီတစ်ခါရော ခင်ဗျားသမီးဘက်က  ရပ်တည်နိုင်ပါဦးမလား"

______________

ပင်ပန်းတယ် ညဘက်အတွေးတွေ နယ်ချဲ ့ရလွန်းလို့ အိပ်ရေးတွေပျက်ရပေါငး်လညး် များပြီ။
စာဖတ်သူတွေကြောင့်လည်းကောင်း ကိုယ်ကိုယ်တိုင်က စိတ်အားထက်သန်နေတာကြောင့်လညး်ကောငး် Updateတာပါပဲ။ Publishကို Clickပြီးတာနဲ့ လူကို ပျော့ခွေညောငး်ချိသွားတာပဲ။

ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် <3

5:15PM
12/17/2018

Continue Reading

You'll Also Like

657K 43.4K 91
ဒဏ္ရာေတြေပးလည္း ေပးသူ အျပစ္လို႔ ကြ်န္ေတာ္ မျမင္သလို ေက်နပ္စြာ ခံယူသူရဲ႕ အျပစ္ဟုသာ ကြ်န္ေတာ္ယူဆသည္ ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သ...
252K 27.5K 38
Cover - Artist Ko Khant Aung [Book 3] Story Genre: Romance, Drama, Historical, Fantasy Age Restriction - 12 years and older Plot: သမိုင်းကြောင်းတွေပြ...
573K 50.8K 41
အရိုင်းတုံးလေးနှယ် ခက်ပါဘိ။ အရိုင္းတံုးေလးႏွယ္ ခက္ပါဘိ။
223K 17.7K 22
[Unicode]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးသပ်သပ်သာဖြစ်သည်။ Date - 12.2.20...