'အပင်ပေါ်က ငှက်တွေက ဘာလို့ သစ်ကိုင်းကျိုးကျမှာကို မကြောက်တာလဲ သိလား JiJi...
သူတို့အတောင်ပံကို သူတို့ ယုံလို့လေ...'
စာရေးဖို့ ကြိုးစားနေတဲ့ သူ့နောက်ကျောကနေ သိုင်းဖက်လာရင်း Jenပြောလာခဲ့ခြင်းဖြစ်သည်။
'ဟင်...'
Jenဘာဆိုလိုချင်မှန်းမသိလို့ သူမေးလိုက်ခြင်း...
'သစ်ပင်ပေါ်က ငှက်လေးတွေက သစ်ကိုင်းကျိုးကျမှာ ဘယ်တုန်းကမှ တွေးမကြောက်ကြဘူးတဲ့။ တစ်ကယ်လို့ ကျိုးကျခဲ့ရင်တောင် သူတို့မှာ အချိန်မရွေးပျံနိုင်တဲ့ အတောင်ပံတွေရှိနေလို့တဲ့'
'အင်း..'
'Jenအတွက် အတောင်ပံဖြစ်ပေးပါလား'
'အခုလည်း babeအတောင်ပံပဲလေ ဒီက။ အမြဲတမ်း နောက်မှာ ရပ်တည်ပေးနေတာကို'
'အာ...အဲ့လိုပြောတာ မဟုတ်ဘူးလေ။လက်ထပ်ကြစို့လို့ ပြောချင်တာ'
'လက်ထပ်ဖို့...'
'လက်ထပ်ခွင့်တောင်းထားတယ်ကို...မေ့သွားပြီလား Kim Jisoo Shi'
'အဲ့ လက်ထပ်ခွင့်က babeက အရင်တောင်တာမဟုတ်ဘူးလား'
'ဂါး😒 Kim Jisoo Shi...ဘယ်လိုလူလဲ သက်သက်ညစ်နေတာ...နေတော့ လက်မထပ်ဘူးဆိုလည်း'
မျက်နှာကို စူပုပ်ပြီး တခြားဘက်ကို လှည့်ပစ်လိက်ြတယ်။ လူဆိုးကြီး...သူပဲ လက်ထပ်မယ်လို့ ပြောထားပြီးတော့...$&@$
'စိတ်ကောက်သွားတာလား NiNiလေး'
'မကောက်ဘူး'
'သေချာရဲ့လား'
'သေချာ'
Jisoo ပြုံးမိသည်။ ဒီလောက် ဘောက်ဆတ်ဆတ်တွေ ဖြေနေမှတော့ စိတ်ကောက်နေတာသေချာတာပေါ့။
သူJenကို ဆွဲလှည့်ပြီး မျက်နှာချင်းဆိုင် ထိုင်ပစ်လိုက်တယ်။ ပြီးတော့ Jenမျက်လုံးလေးတွေကို တည့်တည့်ကြည့်ပြီး...
'Babe ကမ္ဘာပေါ်မှာ နားဝင်အချိုဆုံးစကားက ဘာလဲသိလားဟင်။ အဲ့စကားက ငါတို့အတူနေရအောင် မဟုတ်ဘူး။ ချစ်တယ်ဆိုတာလည်း မဟုတ်ဘူး'
သူJenကို လှမ်းကြည့်တော့ သူပြောတာကြားလို့ စိတ်တိုနေတဲ့အခြေအနေ...
'အဲ့ဒီတော့ တူတူမနေတော့ဘူးပေါ့ လက်မထပ်တော့ဘူးပေါ့'
'ဆုံးအောင်နားထောင်ပါဦး အချစ်ကလေးရဲ့...
အဲ့စကားကလေ...အားငယ်နေတဲ့အချိန် ဝမ်းနည်းနေတဲ့အချိန် စိတ်ဓာတ်ကျနေတဲ့အချိန် babeပြောလာမယ့် JiJiဘေးမှာ babe အမြဲရှိမယ်ဆိုတဲ့စကားပဲ'
.
'အဲ့လိုပဲ Babeဘေးမှာ ဒီလူ အမြဲတမ်းရှိနေမယ်'
ခုတစ်ခေါက်ပြောပြီး လှမ်းကြည့်လိုက်တော့ ခုနကနဲ့အခြေအနေကမတူတော့။ စိတ်ဆိုးနေတဲ့ မျက်နှာလေးမရှိတော့...တိတ်တိတ်ကလေး ခိုးပြုံးနေပြန်သည်။
Emotionalဖြစ်လွယ်လွန်းတဲ့ ကိုယ့်ကလေး။
ဘယ်လို စိတ်ချထားနိုင်မှာလဲ ကလေးရာ...အမြဲ အပိုင်သိမ်းပစ်လိုက်ချင်တာ။
ဒီတစ်ခါတော့ Jenကို back hugမိသူက သူပါ။
နောက်ကနေဖက်ပြီး Jenကို အိပ်ရာပေါ် ဆွဲလှဲပစ်လိုက်တယ်။
ကုတင်ပေါ် ဆွဲလှဲခံလိုက်ရလို့ အံ့သြတကြီး ဖြစ်နေသူက Jen...
'ဘာ...ဘာလုပ်မလို့လဲ JiJi'
'ညနက်နေပြီ အိပ်ကြရအောင်လေနော်'
'အွန်း အိပ်ကြစို့'
Jenကို နမ်းဖို့ Jisooကြိုးစားမိတော့...Jenတစ်ယောက် တစ်ဖက်ကို ဝှီးခနဲ လှည့်သွားတယ်။
အဲ့ဒီနောက်မှ အသံသေးသေးလေးနဲ့...
'ကမ္ဘာပေါ်မှာ နားဝင်အချိုဆုံးက ချစ်တယ်မဟုတ်ဘူးဆို...တူတူနေရအောင်လည်း မဟုတ်ဘူးဆို...အဲ့တာကြောင့် ခုလာနမ်းဖို့ မကြိုးစားနဲ့'
အာ...ကိုယ့်စကားနဲ့ကိုယ်ပဲ ခံလိုက်ဦးဟ Jisooရ။
___________________________
နောက်မနက် Jenနိုးလာတော့ သူဘေးမှာ JiJiရှိမနေတော့။ အဲ့အခိုက်အတန့်မျိုးကို သူရူးလောက်အောင် ကြောက်တာရယ်ပါ။ Jisooအိပ်ထဲမှာ ရှိနေမှန်း သေချာနေပေမယ့် သူ့မှာအမြဲတမ်း နောက်တစ်ခါ ထပ်ထားခဲ့ပြီလား စိုးရိမ်ရတာအမော...
အောက်ထပ်ကို ပြေးဆင်းပြီး ရှာကြည့်တော့ မီးဖိုခန်းထဲမှာ မနက်စာလုပ်နေတာကို တွေ့လိုက်ရတယ်။ သူ့ကိုမြင်သွားတော့...
'Babeလေး နိးလာပြီလား...မနက်စာရနေပါပြီနော် မမလေး'
'Nae...အခု လာစားပါမယ်'
'Babe...'
'Nae...'
'ဒီနေ့လေ Companyလိုက်ပို့မယ်နော်...Babeကားကို ထားခဲ့တော့ အိမ်မှာ'
'လာချော့နေတာလား'
'မဟုတ်ပါဘူး။ ကားအသစ်ကို ကြွားချင်လို့ လိုက်ပို့တာ'
'အရူးကြီး...$&@&$'
'စားပြီးရင် အပေါ်ပြန်တက် ရေမိုးချိုးပြီး ပြန်ဆင်းခဲ့တော့နော် စောင့်နေမယ်'
_________________________________
'ဟင် JiJi...လမ်းမှားနေတာလား' မြို့ပြင်ကို ဦးတည်မောင်းလာတဲ့ Jisooကို Jennieမေးလိုက်ခြင်း။တကယ်ဆို Companyက မြို့လည်ခေါင်မှာကို...
'မသိဘူး ဒီမှာ ကားက ပြတဲ့အတိုင်းမောင်းနေတာပဲ'
'အလုပ်နောက်ကျတော့မှာပဲ...ပြန်ကွေ့တော့'
'အလုပ်ကို ကြိုဖုန်းဆက်ထားတယ်။ ဒီနေ့ CEOမမ မလာဘူးလို့'
ရယ်ရယ်မောမောပြောလိုက်လိုက်တဲ့ သူ့မျက်နှာကို ကြည့်ပြီး Jenအော်တယ်။
'ဘော်ရာ...Kim Jisoo'
အော်လည်း မျက်နှာမပျက် ပြုံးနေတဲ့သူမို့ နောက်ဆုံး Jenလက်လျှော့ပြီး ငြိမ်ငြိမ်လေးပဲ လိုက်လာပေးခဲ့လိုက်တယ်။
Jisooကားလေးက သစ်တောအုပ်လေးတစ်ခုရဲ့ အဝင်မှာရပ်သွားတယ်။
'ရောက်ပြီ...ဆင်းလို့ရပြီ babe'
'ဒါဘယ်နေရာလဲ'
'ရောက်ရင် သိမှာပေါ့...လာ'
ပထမဆုံးအကြိမ် အားကစားပွဲမှာ လမ်းပျောက်နေတုန်း ဆွဲခေါ်ခံလိုက်ရတဲ့ခံစားချက်မျိုး...
JiJiသူ့လက်ကိုဆွဲကိုင်လာတိုင်း Jenအမြဲ နွေးထွေးရပါတယ်။
'ဟင်...'
ဒီတစ်ခါ တအံ့တသြ ရေရွတ်မိသူက Jenပါ။
ဟုတ်တယ်....သူ သိပ်ကိုလှတဲ့ ဘုရားကျောင်းဝန်းထဲကို ရောက်နေတာ...
သူ့ရှေ့မှာ တောအုပ်ငယ်လေးထဲက churchကျောင်းကို တွေ့လိုက်ရတယ်။
ဘုရားကျောင်းထဲမှာ နှစ်ယောက်သား ဝတ်ပြု ဆုတောင်းပြီးတော့...JiJiဆီက လက်ထပ်ခွင့်ပေးဖို့ သူ့ကို ပြောလာတယ်။
အဲ့ဒီနောက် JiJiက...
'On this special day,I Kim Jisoo, take you Kim Jennie,to be my wedded wife. To have and to hold, from this day forward, for better, for worse, for richer, for poorer, in sickness or in health. I promise to love, guide, and protect you till death do us part. And here to I pledge you my faithfulness.'
Jenပျော်ပြီး မျက်ရည်တွေပါ ကျလာတယ်။ သူတို့ လက်ထပ်နေတာပါလား။
'အခုချိန်က စပြီး babeက JiJiရဲ့ wifelyပဲနော်'
'Honey...'
Jenနှုတ်ခမ်းလှုပ်ရုံလေး ရေရွတ်မိတယ်။
ကြားချင်နေတဲ့ စကားဖြစ်နေလို့လားတော့မသိ။ သူ့ရဲ့JiJiက အဲ့တာကို ကြားဖြစ်အောင်ကြားပြီး...အဲ့အချိန်ကစလို့ သူ့နှုတ်ခမ်းဆီ အနမ်းတွေရောက်လာလိုက်တာပဲ။
အဲ့လိုနဲ့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာ နှစ်ယောက်တစ်ကမ္ဘာ စတင်ရွက်လွှင့်ခဲ့ကြတယ်...
အချစ်ဆိုတာ...
ဘာစာမှမပါတဲ့ စာအုပ်တစ်အုပ်လိုပဲ။
နှစ်ယောက်အတူတူ စိတ်ဝင်တစားရေးခြယ်မှ
ပျော်စရာကောင်းလာတယ်။
~~~~~~~~~~~~The End~~~~~~~~~
To all of my dear...
ဒါက ရေးခိုင်းနေတဲ့ Bonusဖြစ်ပါတယ်💛