The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 19

10K 835 86
By aseinnkyaw

The dimple on his cheek

Unicode

" ရှင်း........"

ရွှန်းရွှန်းသည် အိမ်သို့ ပြန်ရောက်ရောက်ချင်း
မတွေ့ရတာကြာနေပြီ ဖြစ်တဲ့ မောင်ဖြစ်သူကို
ပြေးဖက်လိုက်သည်။

" ဖြေးဖြေးလုပ်ပါဟ "

ရှင်းလေးဟာလည်း ရွှန်းရွှန်းက အားကြီးနဲ့ ပြေးဖက်လိုက်တာမို့ နဂိုပါးလျသော ခန္ဓာကိုယ်လေးက အနောက်သို့ ယိုင်သွားသည်။ ရွှန်းရွှန်းက ရှင်းလေးကို တင်းကျပ်စွာ ဖက်ထားရင်းမှ ကိုယ်ကိုခွာလိုက်ကာ

"ရှင်း နင်အရမ်းပိန်သွားတယ် ဘာလို့ ကိုယ့်ကို
ကိုယ် ဒုက္ခပေးနေရတာလဲ ဟမ် "

"ကဲ မိရွှန်းရွန်း ညည်းက အိမ်ပြန်ရောက်ပြီ
ဆိုတာနဲ့ ရှင်းလေးကို ပြသနာ ရှာဖို့ အကြံ
ထုတ်နေတာ့တာပဲ သွား အင်္ကျီ အရင်သွားလဲ
ချေ... "

"အာ ...မေမေကလည်း ရွှန်းက ပြသနာရှာတာ
မဟုတ်ပါဖူး လာ လာ ရှင်းလေး အခန်းထဲသွား
ပြောမယ် မေမေပွားနေတာနဲ့ အေးဆေးပြောရ
မှာ မဟုတ်ဘူး"

" ဟယ် ဒီ ကောင်မလေးတော့.... "

မေမေက ပွစိပွစိပြောပြီး လက်သီးဆုပ်ကြီးနဲ့
ရွယ်နေတာကို ရွှန်းရွှန်းက လှစ်ခနဲ လျှာထုတ်ပြ
ခဲ့ကာ ရှင်းလေး ကျောကို တွန်းလျက် အခန်းထဲ
ခေါ်ခဲ့လိုက်သည်။ ရှင်းလေး အခန်းရောက်မှ
အခန်းတံခါးကို လော့ခ်ချပစ်ကာ

"ရှင်းလေး နင် အခန်းအောင်းပြီး နင့်ကိုယ် နင်
သတ်သေဖို့ ကြိုးစားနေတယ်ဆို ဘာလို့ မဆိုင်
တာတွေ လျှောက်လုပ်နေရတာလဲ တစ်ခုခုဆို
ငါ့ဆီဖုန်းဆက်လို့ရရက်သားနဲ့ ဟန်ဆောင်ရတာ
နင့်အတွက် ဘယ်လောက်တောင် ပင်ပန်းနေလို့
လဲ ဒီဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးအတွက်
နင့် အသက်ကိုနင် စွန့်လွှတ်ဖို့ ကြိုးစားတာ ငါ
အံသြလို့တောင် မဆုံးဘူး နင်ရူးနေလား ရှင်းလေး ဟမ် "

ရှင်းလေး သည် မရပ်မနားနဲ့ စက်သေနတ်ပစ်
သလိုဆက်တိုက်ပြောနေသော ရွှန်းရွှန်း၏
စကားတွေကို နားမလည်နိုင် ....။

ရွှန်းရွှန်း ဘာတွေလာပြောနေတာပါလိမ့် သူ့
ကိုယ်သူသတ်နေဖို့ ဘယ်တုန်းကများ ကြိုးစား
ခဲ့မိလို့လဲ။

ကိုယ့်ဘာသာ အလုပ်ဝင်ဖို့် သင်တန်းတွေတတ်
Bro အကြောင်းတွေးနေရတာနဲ့ ချမ်းမြေ့ကြောင့်
စိတ်ရှုပ်နေရတာနဲ့တင် အချိန်မလောက်ဖြစ်နေ
တာကို....

"မမ ...နင်ဘာတွေ လာပြောနေရတာလဲ
ရူးကြောင်မူးကြောင်နဲ့ ငါ့ဟာငါတောင်
သင်တန်းတွေနဲ့ မအားမလပ်ဖြစ်နေတဲ့တာကို"

"တီလေးပြောတော့ နင် သုံးရက်လောက်
ထမင်း မစားဘူးဆို "

"အဲတာက ငါ့ဘာသာငါစိတ်ညစ်လို့ မစားတာလေ"

"အဲဒါဆို နင့်ကိုယ်နင် သတ်သေဖို့ထိ လုပ်နေတယ် ဆိုတာကရော.... "

" အဲတာလည်း တီလေး ပြောတာပဲလား "

" မဟုတ်ဖူး..... .ချမ်းမြေ့ ပြောတာ "

" ဘာ......."

ရွှန်းရွှန်းရဲ့အဖြေကြောင့် ရှင်းလေး အံ့သြတကြီး
ဖြစ်ကာ စွံ့အသွားရသည်။ ဒီကောင် ချမ်းမြေ့
ဘာတွေ ကူလီကူမာ လုပ်ထားပြန်ပြီလဲ.... ။

"ချမ်းမြေ့ နင့်ကို ဘာတွေပြောထားလို့လဲ မမ
ဒီကောင် အမြဲနောက်နေတာကို နင်လည်း
သိရက်နဲ့ ဒီကောင်စကားကို နင်မို့ယုံတယ် "

"အင်း..ငါထင်တော့ထင်သား တီလေးကို ဖုန်း
ဆက်ကြည့်တော့လည်း ချမ်းမြေ့ပြောတာ
ဟုတ်သလိုလိုဖြစ်နေတာကို ဒင်းကြောင့် ငါ
စိတ်တွေပူပြီး ပြန်လာရတာ ဒင်းကြောင့်ပဲ ငါ
ယောကျ်ားယူရတော့မှာ ဟင်း... ချမ်းမြေ့
အဲ့ကောင်တွေ့မယ် "

ရွှန်းရွှန်းသည် ဒေါသတစိမ့်စိမ့်ထွက်လာကာ
ချမ်းမြေ့အား အစိတ်စိတ်အမြွှာမြွှာ ချေမွပစ်
ချင်စိတ်များပေါက်လာသည်။ ထင်တော့
ထင်သား။ ငါ သူ့လှည့်ကွက်ထဲ ဝင်သွားတာ ။
ငါ့မောင်ကို အရင်ဆုံး ဖုန်းဆက်မေးသင့်တာ။

"ဒီမှာ ချမ်းမြေ့ပို့ထားတဲ့ Email ဖတ်ကြည့်လိုက်"

"ရွှန်းရွှန်း နင် ပြန်လာမှဖြစ်တော့မှာ ရှင်းလေး
လုံးဝ အဆင်မပြေတော့ဘူး နင့်နေရာမှာ ဟန်
ဆောင်ရတာ သူ အရမ်းပင်ပန်းနေပြီ သူ့ကိုယ်
သူ သတ်နေဖို့ထိ လုပ်နေလို့ မနဲတားထားရတယ်
အခုဆို ထမင်းလည်းမစား ရေလည်းမသောက်ပဲ
အခန်းအောင်းနေတာ သုံးရက်ရှိပြီ ကိုယ့်မောင်ကို အသက်ရှင်နေစေချင်သေးရင် နင် မြန်မြန်ပြန်ခဲ့
တော့ "

ရှင်းလေးသည် ချမ်းမြေ့ ပို့ထားတဲ့ Email ကို
အစအဆုံး ဖတ်ပြီးသောအခါ ချမ်းမြေ့၏
စပ်ဖြီးဖြီး မျက်နှာကို မြင်ယောင်လာလျက်
တစိမ့်စိမ့် ပေါက်ကွဲလာကာ မျက်နှာတစ်ပြင်
လုံး ရဲတတ်လာလေသည်။ ထို့နောက်.....

" မမ ချမ်းမြေ့ကို အခုချက်ချင်းဖုန်းခေါ်.....
ဒီကိစ္စကို ချက်ချင်း စာရင်းရှင်းရမယ် "

~~~~~~~~~~~~~~~~~~~~~~

"အသည်းနှလုံးမရှိတဲ့ သူ နင်က အသည်းနှလုံး
မရှိတဲ့လူ နောက်ထပ်ရမယ့် ဒဏ်ရာတွေနဲ့
မိတ်မဆက်ချင်တော့ဘူး အသည်းနှလုံးမရှိတဲ့သူ
ဟိုး.....နင်က အသဲနှလုံး မရှိတဲ့လူ...... "

ဖြိုးပြည့်စုံ၏ အသဲနှလုံးမရှိတဲ့သူ သီချင်းသံ
လေးနဲ့အတူ စားပွဲပေါ်တင်ထားခဲ့သော ဖုန်းလေးသည် တုန်ခါလာသောကြောင့် သင်တန်းခန်းမထဲ အကတိုက်နေရင်းမှ ချမ်းမြေ့ကိုကို တုန့်ခနဲရပ်
သွားသည်။

သွားမကြည့်လဲ သိနေတဲ့ Private Ringtone
အသံအရ ဒါ ရှင်းလေးဆီက ဖုန်း။ ဟိုတစ်နေ့
ညကသူ့အားတစ်ချိန်လုံး စိတ်ကောက်နေသော
ရှင်းလေး ကို အမြင်ကပ်ကပ်နဲ့ ဒီ သီချင်းကို Ringtone ပြောင်းပစ်ခဲ့တာပင်။

တကယ်လည်း ဟုတ်သည်လေ ...။
Kiss ပေးလို့ သာယာရတာကနဲနဲ နောက်ဆက်
တွဲပြစ်ဒဏ်က များများဖြစ်နေတာမို့ ကြာတော့
ရှင်းလေးနဲ့တွေ့တိုင်း မနေနိုင် မထိုင်နိုင် အကျင့်
ပါနေတဲ့ ကိုယ့်နှုတ်ခမ်းကိုပဲပိတ်ပြီး ဆုံးမနေရ
သည်။

မနက်ကတည်းက အကတိုက်နေသဖြင့် လည်
ပင်း မှာစို့နေသော ချွေးစတို့ကို တဘက်နဲ့ ဟို
ဘက် ဒီဘက် ဆွဲပွတ်လိုက်ကာ တဘက်ကို
လည်ဂုတ်ကနေ ပတ်လိုက်ပြီး ဖုန်းရှိရာသို့
ခြေလှမ်းသွက်သွက်နဲ့သွားလိုက်သည်။

ကိုယ်တော်ချောက ဖုန်းကို တစ်ခါတည်း
တန်းမကိုင်ရင်လည်း စိတ်ဆိုးပြန်ဦးမည်။

ချမ်းမြေ့သည် Adapter နဲ့ချိတ်ဆက်ထားသော
ဖုန်းကိုဖြုတ်လိုက်ပြီး Contact မှာပေါ်နေသော
ရှင်းလေးရဲ့ ပုံကို ကြည့်ပြီး ခွီးကနဲရယ်မိသွားသည်။

သူကိုယ်တိုင် အတင်းအဓ္ဓမ ရိုက်ထားခဲ့သော
ရှင်းလေး၏ ဖြူဖြူနုနု မျက်နှာလေးကို သူ့
ဘာသာသူ စိတ်ပေါက်ပေါက်နဲ့ Photoshop Software တွေသုံးပြီး ရှင်းလေး၏ နှုတ်ခမ်းဖူးဖူးနုနုလေးကို အိန္ဒိယနိုင်ငံက ယောကျ်ားတွေလို မှုတ်ဆိတ်မွှေး အထူကြီးတွေလျှောက်တပ် ကလေးကလား မျက်မှန်တွေတပ်ပြီး Contact Photo ပြောင်းထားခဲ့တာမို့ ဖုန်းခေါ်တိုင်း ရှင်းလေး ပုံကို မြင်ပြီး ကျိတ်ရယ်နေမိတာပင်။

"ချမ်းမြေ့ အခုချက်ချင်း အိမ်လာခဲ့စမ်း နင်နဲ့
စာရင်းရှင်း စရာရှိတယ် "

ဖုန်းထဲကနေ နားကွဲမတတ်ထွက်လာတဲ့ ရွှန်းရွှန်း
ရဲ့ အသံစူးစူးကြောင့် ရယ်ချင်စိတ်တွေပင်
ပျောက်ကာ လူက တုန်ခနဲ ဖြစ်သွားရသည်။

ရွှန်းရွှန်းရဲ့အသံ Tone အနိမ့်အမြင့်အရ ဒါဟာ
တကယ်စိတ်ဆိုးပြီး ပေါက်ကွဲနေသော လေသံ။
ဒါနဲ့ ဒီနေ့ ရွှန်းရွှန်း ပြန်ရောက်မယ့်နေ။ ရှင်းလေး
ဖုန်းယူဆက်တယ်ဆိုတော့ အိမ်ပြန်ရောက်နေတဲ့
သဘော။

ချမ်းမြေ့သည် သူကိုယ်တိုင် ရွှန်းရွှန်းကို တခုတ်
တရ ပို့ထားခဲ့သော Email ကို သတိရလာကာ
ကိုယ့်အတွေးနဲ့ကိုယ်ကျောချမ်းလာပြီး ကြက်သီး
မွှေးညှင်းများပင် ထလာလေသည်။

သွားပြီ.... ပြသနာတော့ စပြီ။ ရှင်းလေး ရော
ရွှန်းရွှန်းပါ သိသွားပြီ။

"ဟဲဟဲ ရွှန်းရွှန်း ကလည်း စိတ်လျှော့ပါဟ ငါ
အကတိုက်နေလို့ သဘက်ခါ အရေးကြီးတဲ့ပွဲ
တစ်ပွဲ ရှိလို့လေ အဲတာ ပွဲလေးပြီးမှ လာခဲ့လို့
မရဘူးလား ဟင်....."

ရွှန်းရွှန်းရဲ့ အာဏာဟာ ပြင်းလွန်းသဖြင့်
ကြောက်ရတာမို့ ချမ်းမြေ့သည် မျက်နှာမမြင်
ရသော်ငြားလေသံပျော့ပျော့လေးနဲ့ မျက်နှာ
ချိူသွေး ပြောရတော့သည်။

ရှင်းလေး၏ အမဖြစ်သည့်အလျှောက် ရွှန်းရွှန်း
လည်းဒေါသကြီးတာပင်။

"တိတ်စမ်း ဘာမှ မျက်နှာချိူလာသွေးမနေနဲ့
အခုလာခဲ့ဆို လာခဲ့ပဲ "

ရွှန်းရွှန်းသည် ဗေဒင်ဆရာမသေလို့ဝင်စားသ
လားကို မသိပါ ။ သူ့စိတ်ကို ထွင်းဖောက်မြင်
နေသည့်အစွမ်းတွေ ရှိနေတာမို့ သူကိုယ်တိုင်
ပင် ရွှန်းရွှန်းကိုလန့်ဖြန့်သွားရသည်။

ထို့နောက် လေသံငယ်လေးဖြင့် ....

"အေးပါ... အေးပါ ငါလာပါပြီ အခုထွက်လာပြီ

ဟု ကတိပေးလိုက်ရတော့သည်။ ထို့နောက်
သရဲအိမ်ထဲ တစ်ယောက်ထဲဝင်ရမည့် အားကိုး
ရာမဲ့နေသော ကလေးငယ် တစ်ယောက်နှယ်
မျက်နှာငယ်လေးနဲ့ဖြစ်နေသော ချမ်းမြေ့ကို
ကြည့်ကာ "Sakura " အဖွဲ့သားများ အားလုံးက တဟားဟားနဲ့ အော်ရယ်နေကျတော့သည်။

"ချမ်းမြေ့ရာ မင်းဘဝကလည်း သနားစရာ
ပါကြာ Crush ကချေလိုက် မရီးက ထုလိုက်
ထောင်းလိုက်နဲ့ ကြာရင် မင်းဘဝလည်း
လုံးပြားပြားတော့မယ် "

"Shit..... တိတ်စမ်း မင်းတို့ ပါးစပ်တွေ
အကုန် ပိတ်ထားကြ "

ချမ်းမြေ့က သူ့ကိုရယ်နေကြသော အကြောင်း
သိသူငယ်ချင်းအားလုံးကို လက်ညိုးနဲ့ လက်
ခလယ်ကို ကွေးလျက်မျက်လုံးဖောက်ထုတ်ပစ်မယ် သတိထားဆိုတဲ့အမူအရာလုပ်ပြလိုက်ပြီးမှ ကား
သော့ယူကာ သင်တန်းခန်းမထဲက ခပ်မြန်မြန်
ပင် ထွက်လာရသည်။

သိပ်မကြာခင် အထုအထောင်းခံရတော့မှာမို့
ကြောက်ပါတယ်ဆို ဒင်းတို့က တမှောက်......

ပြန်လာမှတွေ့မယ် ဟု ကြိမ်းဝါးလျက် ပြသနာ
ကြီးကို ရင်ဆိုင်ဖို့ အားတင်းလိုက်ရတော့သည်။

~~~~~~~~~~~~~~

"ချမ်းမြေ့ အစုတ်ပလုတ်ကောင် နင်ကြောင့်
ငါယောကျ်ားရတော့မယ် "

ရွှန်းရွှန်း က ရောက်ရောက်ချင်း ချမ်းမြေ့ကို
အော်ဟစ် ဆူပူလျက် တရစပ် ထုရိုက်နေလေ
သည်။ချမ်းမြေ့ကလည်း ကိုယ့်အပြစ်နဲ့ကိုယ်
လက်လေးတကာကာနဲ့ ဘာမှပြန်မလုပ်နိုင်ရှာပဲ
ဘေးနားကနေ လက်ပိုက် ရပ်ကြည့်နေသော
ရှင်းလေးကို အသနားခံသလို မျက်လုံးလေးနဲ့
ကြည့်ကာ

"ရှင်းလေး ငါ့ကို မသနားဘူးလားဟင် ရွှန်းရွှန်း
လုပ်လို့ တစ်ခါတည်းသေသွားရင် ဘယ်လို
လုပ်မှာလဲ ငါမရှိပဲမင်းနေနိုင်လို့လား...အား
ရွှန်းရွှန်း အသာလုပ်ပါ နာတယ်ဟ "

ဟု ရှင်းလေးကို တလှည့် ရွှန်းရွှန်းကို တလှည့်
ကြည့်ကာ ပလုံးပထွေး အော်ဟစ်နေတော့သည်။

ရှင်းလေးကလည်း ရွှန်းရွှန်းထုရိုက်သမျှ ခံနေရ
ရှာသောချမ်းမြေ့ကို သနားမိပေမဲ့ အမြင်ကပ်
စိတ်ကလေးကလည်း ရှိသေးတာမို့

"ကိုယ့်အပြစ်နဲ့ကိုယ်ခံပေါ့ " ဟု ဆိုကာ မမြင်
ချင်ယောင်ဆောင်ပြီး ကျောခိုင်းလှည့်ထွက်ခဲ့
တော့သည် ။

ရွှန်းရွှန်းနဲ့တွေ့မှ နားအေးမှာ အဲဒီ ချမ်းမြေ့ဆိုတဲ့
ကောင်က.....ဒါတောင် ချမ်းမြေ့ သူ့ကိုနမ်းတာ
တွေ ရွှန်းရွှန်း မသိသေးလို့ သိများသိသွားလျှင်
ချမ်းမြေ့ ဘဝတော့ မတွေးရဲစရာပင်။

ရွှန်းရွှန်းသည်လည်း ချမ်းမြေ့ကို စိတ်ကြိုက်
ထုရိုက်ပြီးမောလာတော့မှ ဆိုဖာခုံပေါ် ခြေပျစ်
လက်ပျစ်ထိုင်ချကာ...

"တော်ပြီ... မောတယ် နင့်ကို ရိုက်ရတာ ငါ့
လက်တွေ နာလာပြီ "

ချမ်းမြေ့သည်တဆစ်ဆစ်နာနေသော ကျောပြင်
ကိုမျက်နှာကြီး ရှုံ့မဲ့လျက် လက်နဲ့ မမှီမကမ်း
လှမ်းပွတ်နေရာမှ ဆိုဖာပေါ် ခြေပျစ်လက်ပျစ်
ထိုင်ပြီး ပြောလိုက်တဲ့ ရွှန်းရွှန်း စကားကြောင့်
နင်သွားရတော့သည်။

တောက်လျှောက် တဘုန်းဘုန်းရိုက်နေတဲ့ သူ
ကပဲ နာရတယ် ရှိသေး။ ကျောပုတ်လုမတတ်
အရိုက်ခံရတယ့် ငါလေးညည်းဖို့လဲ ချန်ထားပါ
ဦး မယ်မင်းကြီးမရ...။

ထိုစကားကိုတော့ စိတ်ထဲက ပြောလိုက်ချင်း
ရယ်ပါ။ အပြင်မှာ ထုတ်ပြောလိုက်မိလျှင်တော့
ကျောပါကွဲသွားရုံတင်မက ခြေထောက်နဲ့ပါ
အကန်ခံရမှာ မုချမလွဲပါ ။

"ကျေနပ်ပြီလား ရွှန်းရွှန်း နင်ကျေနပ်ရင် ငါ
ပြန်တော့မယ် "

ချမ်းမြေ့၏စကားကြောင့် ရွှန်းရွှန်းက ဆိုဖာပေါ်
ကိုယ်ကို လျှောထိုင်နေရင်းနဲ့မှ အသံတိတ်မျက်ခုံး
ပင့် ကြည့်လာသည်။

ထိုမျက်လုံးများတွင် အားနာသည့်အရိပ်အယောင်
နဲနဲလေးတောင်မရှိ။ သူ လုပ်ချင်တာ လုပ်ပြီးသွား
၍ ပြန်ချင်ပြန်ဟူသည့်သဘော.... ။

" ချမ်းမြေ့ ...ခဏ နေဦး "

အိမ်ပြန်မည့် ခြေလှမ်းပြင်ဆဲဆဲမှာပင် နောက်
ကျောဘက်က ထွက်လာသော ရှင်းလေးရဲ့
အသံကြောင့်ချမ်းမြေ့၏ ခြေလှမ်းများက
တိခနဲ ရပ်သွားသည်။

" လာ ငါ နဲ့ အပေါ်လိုက်ခဲ့ "

အမိန့်ပေးသည့် လေသံမျိူးဖြစ်သော်လည်း
စိတ်ပူသည့် အသံလေး ရောယှက်နေတာမို့
ညစ်နွမ်းနေသည့် စိတ်တွေက ပြန်ပြီး လန်းဆန်း
လာသည်။

ထို့နောက် ပီတိဖြာဝေပြီး အကျေနပ်ကြီးကျေနပ်နေသည့် အပြုံးတစ်ခုသည် ချမ်းမြေ့၏ မျက်နှာထက်တွင် ခပ်မိန့်မိန့်ကြီး နေရာယူလာသည်။

" လာ ဒီမှာထိုင်..."

အခန်းထဲရောက်တော့ ရှင်းလေးက သူ့ကို ကုတင်ပေါ်ထိုင်ခိုင်းထားပြီး စာကြည့်စားပွဲနားသို့သွားကာ အံ့ဆွဲတွေ ဖွင့်ပြီး ကုန်းကုန်းကွကွနဲ့မွှေနှောက်ရှာနေလေသည်။ မိနစ်ဝက်လောက်မှာတော့ အံ့ဆွဲထဲက ပန်းရောင်ဘူးလေးတစ်ဘူးကို ယူကာ သူ့ ဘေးနားမှာ စွေ့ခနဲလာထိုင်သည်။

" အင်္ကျီ ချွတ်........"

" ဟင်......."

ရှင်းလးက မိမိရဲ့ နောက်ကျောဘက်နားကို
ခပ်ဖွဖွလေးတိုးကပ်လာလျက် ရုတ်တရက်ကြီး
ပြောချလိုက်တာမို့ ရင်ထဲက ဒိတ်ခနဲ ဖြစ်သွားရကာ ကြက်သီးမွှေးညှင်းများပင် ထသွားသည်။

နဂိုကတည်းက အသဲငယ်တတ် ပါတယ်ဆို
ဘာတွေလာပြောနေမှန်း မသိ ။

"အဲဒီ ဖြုတ်ဦးနှောက်ကြီးနဲ့ မဟုတ်တရုတ်တွေ
လျှောက်စဉ်းစားမနေနဲ့ အကျီ ချွတ်ခိုင်းတာ
ဆေးလိမ်းပေးမလို့ "

"ဟုတ်လား..... မသိပါဘူး ငါ့ကို စိတ်ဆိုးပြီး
Rape တော့မယ်မှတ်လို့ "

"တောက်... ချမ်းမြေ့ မင်းဟာလေ စကား
အကောင်းကို ပြောလို့မရဖူး အချိန်တန်ရင်
ထထဖောက်တာ သွားပြန်တော့ မင်းကို
စေတနာထားလို့ကို မရဘူး"

"ရှင်း ကလည်းကွာ စတာကို ဟီး ဟီး
ငါ အကျီ ချွတ်ပေးပါ့မယ် "

ချမ်းမြေ့ကပြောပြောဆိုဆိုနဲ့ သူဝတ်ထားတဲ့
အနီရောင် တီရှပ်ကို ဆွဲချွတ်လိုက်တာမို့ မွှေး
ညင်းစိမ်းလေးများပင် ယိမ်းနွှဲ့နေတဲ့ ဖြူဝင်းတ
သော ကျောပြင်လေးက လှစ်ခနဲပေါ်လာသည်။

ချမ်းမြေ့ရဲ့ Body ဟာ Bro လောက်တောင့်
တောင့်တင်းတင်းမဟုတ်သော်လည်း သူ့အချိူး
အစားလေးနဲ့ သူ သွယ်သွယ်လျလျလေးနဲ့ ကြည့်ကောင်းတာပင်။

အဲတာအပြင် ကျောပြင်အလယ်တည့်တည့်မှာ
ရှိနေတဲ့ မဲ့နက်ကလေးကပင် ပိုပြီးဆွဲဆောင်ညှို့ ငင်နေသယောင်။ ရှင်းလေးသည် ချမ်းမြေ့ရဲ့ကျော
ပြင်ကိုကြည့်ရင်း မတော်တဆ တံတွေးမျိူချ
မိသွားတာမို့အကြည့်တွေကို တစ်ဖက်သို့ မြန်မြန်
လွှဲဖယ်လိုက်ရသည်။

ရွှန်းရွှန်း တစ်ယောက်ဘယ်လောက်တောင်
အားသုံးပြီး ထုရိုက်ထားသလဲမသိ။ ရှင်းလေး
က အညိုအမဲစွဲနေတဲ့ ချမ်းမြေ့ရဲ့ကျောပြင်ကို
ကြည့်ကာ ခေါင်းကိုခါရမ်းလျက် သက်ပြင်းဖွဖွ
ချသည်။

ထို့်နောက်ဆေးသေတ္တာထဲမှ ဒဏ်ကြေလိမ်း
ဆေးဘူးကို ယူလိုက်လျက် ဆေးကို လက်ညှိုး
နဲ့ ထိုးကလော်လိုက်ကာကျောပေါ်တင်လိုက်ပြီး
လက်ဖဝါးလေးနဲ့ ဖွဖွလေးပွတ်ပြီး ဖိလိမ်းပေး
လိုက်သည်။

ချမ်းမြေ့ကလည်း အဝတ်မပါတဲ့ကိုယ့်ကျောပြင်
ကို ရှင်းလေးလက်ဖဝါးနုနုလေးနဲ့ တိုက်ရိုက်ထိ
ကာဟိုဟိုဒီဒီ အသာအယာလေး ပွတ်ဆွဲနေတာမို့
နာနေတောတွေတောင် မေ့လျော့ကုန်ကာ ကျော
ချမ်းသလိုဖြစ်လာပြီး သွေးကြောများပင်ထောင်
လာကုန်သည်။

အဝတ်မဲ့နေတဲ့ ကိုယ့်ကျောပြင်ကို ကိုယ်ချစ်ရတဲ့
သူက တစိမ့်စိမ့် ကြည့်နေတာကို တွေးမိလိုက်
တိုင်း ခါးနားတစ်ဝိုက်တွင် ယားလာသလို ခံစား
ချက်မျိူးကြီးကို ခံစားရပြီး လူက ဂဏှာမငြိမ်
ဖြစ်လာသည်။

"ချမ်းမြေ့ ငြိမ်ငြိမ်နေကွာ ဆေးစိမ့်ဝင်အောင်
လိမ်းပေးနေတာကို "

" အင်းပါ..."

ရှင်းလေးက စိတ်မရှည်သလို စောင့်အော်လိုက်
တာမို့ ချမ်းမြေ့ခမျာ လှုပ်စိစိ ဖြစ်နေရာမှ
အံ့ကြီးကြိတ်လျက် ငြိမ်ဖို့ကြိုးစားရတော့သည်။

" ရှင်းလေး....."

" အင်း "

"မင်းသာ ငါ့ကို အမြဲတမ်း ဒီလိုလေးဂရုစိုက်ပေး
မယ်ဆို အချိန်တိုင်းငါ့ကိုယ်ငါ ဒဏ်ရာရအောင်ပဲ
လုပ်မိနေမလား မသိဘူး"

ချမ်းမြေ့၏ စကားကြောင့် သူ ကျောပြင်ကို
ဆေးပွတ်လိမ်းပေးနေသော ရှင်းလေး၏ လက်
တွေသည် ရုတ်တရက်ဆိုသလို ငြိမ်ကျသွာသည်။

ခဏလောက်ကြာသောအခါမှ သတိဝင်လာ
သော ရှင်းလေးက ချမ်းမြေ့၏ နောက်ကျောကို
ဖြန်းခနဲ ရိုက်ချလိုက်လျက်

"အရူးကောင် အင်္ကျီဝတ်တော့ နောက်တစ်ခါ
မင်း ဒဏ်ရာရလာရင် ငါဒီလို ပြုစုပေးမယ်
မထင်နဲ့ ဒီတစ်ခါနောက်ဆုံးပဲ ဒါတောင် ငါ့အမ
ပယောဂမကင်းလို့ မကောင်းတတ်လို့ လိမ်းပေး
တာ အဲလိုရူးကြောင်ကြောင်တွေ လျှောက်လုပ်
ရင် မင်းနဲ့ငါတွေ့မယ် သွား အခု ပြန်တော့ "

"အား.... နာတယ် ရှင်းလေးရ ငါ့ကျောလေးတော့
ကွဲပါပြီကွာ "

ချမ်းမြေ့ကမျက်နှာကို ရှုံ့မဲ့လျက်ခပ်တိုးတိုး
ညည်းလိုက်ကာ တီရှပ်ကို စွေ့ကနဲ ပြန်ဝတ်
လိုက်သည်။

ထို့နောက် ရှင်းလေး ဘက်ကိုလှည့်ကြည့်ကာ

"ရှင်းလေး မနက်ဖန် သင်တန်းကို ငါလာကြိုမယ်
နော် မနေ့ကလို တစ်ယောက်တည်းပြန်မသွားနဲ့
အခုငါပြန်ရတော့မယ် အကတိုက်တာမပြီးသေး
လို့ "

ဟု မှာလိုက်လျက် ဆံပင်တွေကို လက်နဲ့ဆွဲဖွ
လိုက်ပြီး အခန်းထဲက ထွက်သွားလေတော့သည်။
ရှင်းလေးလည်း အနီရောင်တီရှပ်နဲ့ လိုက်ဖက်
လွန်းသောချမ်းမြေ့၏ ကျောပြင်ကို ငေးကြည့်
နေရင်းမှ သက်ပြင်းဖွဖွ ခိုးချလိုက်မိသည်။

"မင်းအပေါ် ငါ့သဘောထားတွေ တင်းမာနေ
သလိုဖြစ်ရင် တောင်းပန်ပါတယ် ချမ်းမြေ့
Bro ဆိုတဲ့လူသာ မရှိခဲ့ရင် သေချာပေါက် ငါ
ချစ်မိတဲ့သူက မင်းပဲ ဖြစ်မှာလေ........... "

~~~~~~~~~~~~~~~

"မြတ်နိုး အချိန်ရရင် ကိုယ်တို့ ခဏတွေ့ရအောင်
ကိုယ် မင်းကို ကြိုဖို့ Driver လွှတ်လိုက်မယ် "

ရွှန်းရွှန်းသည် ကိုယ့်ကို အကျောကြီးနဲ့ပို့လာ
သောထူးထက်ခေါင်၏ Message ကို ကြည့်ကာ
နှုတ်ခမ်းကို အစွမ်းကုန် မဲ့ရွဲ့လိုက်သည်။

ဒီလောက် အကျောတင်းတဲ့လူကို မေမေနဲ့
တီလေး ဘာတွေ ဒီလောက်တောင်သဘောကျ
နေသလဲ မသိပါ။

"ရွှန်းရွှန်း ရေ အောက်မှာ ထူးထက်ခေါင်ရဲ့
Driver ရောက်နေပြီ ဆင်းခဲ့တော့ "

အိမ်အောက်ထပ်က တီလေးရဲ့အော်သံကြောင့်
ရွှန်းရွှန်း က အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်
သော ကိုယ့်ကိုကိုယ် သေချာအောင် ပြန်စစ်တဲ့
အနေနှင့် ကိုယ်လုံးပေါ်မှန်ထဲ တစ်ချက်ပြန်ဝှေ့
ကြည့်လိုက်သည်။

ဖဲပြားလေးတွေနဲ့ အပြာနုရောင် ရှပ်အကျီ
ပွပွလေးရယ် ဂျင်းစကပ်အပြာလေးကို ရှုး
ဖိနပ်အဖြူလေးနဲ့တွဲစီးထားတာမို့ မိမိ ရှိရင်းစွဲ
အသက်ထက် သုံးနှစ်လောက်ပိုငယ်သွားသည်
ဟု တွေးမိပြီး မှန်ထဲကကိုယ့်ပုံရိပ်ကို ပြန်ကြည့်
ကာ ကျေကျေနပ်နပ်ကြီးတစ်ချက်ပြုံးလိုက်သည်။

ထို့နောက် မနေ့ကမှ ပုံစံအသစ်ပြောင်းထားခဲ့
သော ဝဲဝဲလေးကျနေတဲ့ မဟော်ဂနီရောင် ပခုံး
ကျော်ဆံပင်လေးကို လက်ကလေးနဲ့ ဖြတ်ခနဲ
ခါထုတ်လိုက်ကာ မှန်ရှေ့ကနေ ယုံကြည်မှုရှိရှိနဲ့
ထွက်လာခဲ့သည်။

"မမလေး အစကတော့ဘော့စ်က ကော်ဖီဆိုင်က
စောင့်ခိုင်းတာ အခုလေးတင် ဘော့စ်ရဲ့အတွင်း
ရေးမှူးက ဖုန်းဆက်လာတယ် ကော်ဖီဆိုင်မဝင်ပဲ
ရုံးကို တန်းလာခဲ့ပါတဲ့ ဘော့စ် Meeting မပြီး
သေးလို့တဲ့ ပြီးမှ ဘော့စ်နဲ့အတူသွားမယ်တဲ့ "

ကားပေါ်ကို ရောက်ရောက်ချင်းမှာပင် Driver
၏ ရှည်လျားထွေပြားသော ဖြေရှင်းချက်ကို
နားထောင်လိုက်ရသည်။ ထို့နောက်က ရွှန်းရွှန်း
က ခေါင်းငြိမ့်ပြလိုက်ကာ

" ရပါတယ် အဲတာဆို ရုံးကိုပဲအရင်သွားလိုက်လေ"

ဟုပြောလိုက်လျက်ငြိမ်သက်စွာပဲလိုက်လာခဲ့သည်။

" မမေလး ရောက်ပြီ "

ဒါရိုင်ဘာကပြောလိုက်မှ ကားစီးလိုက်ရတဲ့
အချိန်မှေးခနဲ အိပ်ပျော်သွားတဲ့ ကိုယ့်ဘာသာ
ပြန်အသိဝင်လာကာ ဆတ်ခနဲ နိုးလာသည်။
ထို့နောက် ကားပေါ်က စွေ့ခနဲ ဆင်းလာကာ
ထူးထက်ခေါင်၏ Company ဆိုတာကြီးကို
မော့ကြည့်လိုက်သည်။

" woww ...တော်တော် ချမ်းသာတဲ့လူပဲ "

လက်ရာဒီဇိုင်းဆန်းသစ်လှတဲ့ အဆောက်အအုံ
ကြီးကို တမေ့တမော ငေးအပြီးမှာတော့
အတွင်းပိုင်းသို့ ဝင်လာလိုက်သည်။

"သြော် မမလေး တောင်ရောက်ပြီပဲ ဘော့စ်က Meeting လုပ်နေလို့ ဘော့စ် ရုံးခန်းထဲက ခဏထိုင်စောင့်ပေးပါနော် "

အတွင်းပိုင်းသို့ရောက်ရောက်ချင်း Receptions
ကကောင်မလေးက အပြုံးချိူချိူ လေးနဲ့ နှုတ်
ဆက်သည်မို့ ရွှန်းရွှန်း တစ်ယောက် ဆက်ဆံရေး
ကောင်းလှတဲ့ဝန်ထမ်းတွေကြောင့် ကျေနပ်သွား
ရသည်။

ထို့နောက် အဲ့ကောင်မလေးကိုပဲ ထူးထက်ခေါင်
၏ရုံးခန်းရှိတဲ့နေရာကို မေးလိုက်ပြီး ကိုယ့်ဘာ
သာကိုယ်ပဲ လာခဲ့လိုက်သည်။ လာသည့် လမ်း
တစ်လျှောက်မှာလည်း အစိမ်းရောင်အပင်လေး
တွေစနစ်တကျစိုက်ပျိူးထားသည်ကို ကြည့်ရင်း ထူးထက်ခေါင်၏စိတ်ကူးကိုမချီးကျူးပဲမနေနိုင်
ဖြစ်လာရသည်။

ထူးထက်ခေါင်၏ သီးသန့် CEO ရုံးခန်းကို
ရောက်သွားသောအခါမှာတော့ တခမ်းတနားနဲ့
ထည်ဝါလွန်းလှသည်သော ရုံးခန်းကြီးကို ကြည့်
ပြီး ရွှန်ရွှန်းတစ်ယောက် ပါးစပ်ပင်မစေ့နိုင်တော့။

ဒီလိုဆိုတော့လည်း မေမေတို့ရွေးထားတာမဆိုး
ပါဘူး။ အနံကြီးကွင်းကျယ်ဆိုပေမဲ့ ပစ္စည်း
ကလေးတွေထားတာ သပ်သပ်ရပ်ရပ် ဆိုတော့
စည်းကမ်းတော့ရှိမယ့်ပုံ။ တစ်ခုပဲ အဘိုးကြီး
ပုံပေါက်နေတာလေး တစ်ခုပဲ ။

သူ့သာ ငါကြိုက်တဲ့ စတိုင်လေးဆိုပွဲသိမ်းပြီ။
လေယာဉ်ပေါ်မှာ တွေ့ခဲ့တဲ့ ပိုးဟတ်ဖြူလို
ကလေးလေး ဆိုရင်တော့ ငါသေပျော်မှာ..။

အမေလး တွေးနေရင်းကလေးကိုတောင်လွမ်း
လာသလို... ။ ဖုန်းနံပါတ်လေး ဖြစ်ဖြစ်တောင်း
ခဲ့ရမှာကိုကွာ ။

ရွှန်းရွှန်းသည် ထူးထက်ခေါင်၏ နေရာတွင်
လေယာဉ်ပေါ်မှာတွေ့ခဲ့တဲ့ စိုင်းစင်ခေးဆိုင်
ဆိုသော ရှမ်းကလေးကို အစားထိုးထည့်ကြည့်
ရင်း အားမလိုအားမရနဲ့ ရင်ထဲမှာတနုံနုံ့ ဖြစ်လာ
လေသည်။

တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်။

စိုင်းစင်ခေးဆိုင် ဆိုတဲ့ ပိုးဟတ်ဖြူလေးကို
တွေ့အောင်ရှာရင်ရှာ ။

မရှာရင်တော့ ဟိုလူကြီးကို ပိုးဟပ်ဖြူလေးလို
ဂျပန်စတိုင်လေး ပြောင်းပေးရုံပဲ ။ ဟင်းဟင်း

ရွှန်းရွှန်းသည် ကိုယ့်အတွေးနဲ့ကိုယ် မြန်မာကား
ထဲက ဗီလိန်ဇာတ်ကောင်တွေလို နှုတ်ခမ်းကြီးရွဲ့
ပြီး ကြိတ်ပြုံးလိုက်လေတော့သည်။

~~~~~~~~~~~~

အစည်းအဝေး ခန်းမထဲတွင် ထူးထက်ခေါင်
တစ်ယောက် နာရီတကြည့်ကြည့် ဖြစ်နေလေ
သည်။

ဒီနေ့က ဒါရိုက်တာတွေ ရှယ်ယာရှင်တွေနဲ့
အရေးပေါ် အစည်းအဝေးမို့သာ။ မဟုတ်လျှင်
သူ ဖျက်လိုက်မိမှာပင်။

အစည်းအဝေးခန်းမ၏ စားပွဲအလယ်ခေါင်တည့်
တည့်တွင် နေရာယူထားပြီး ဗျာများနေတဲ့ သူ့ကို
ကြည်ပြီး သော်တာက ရိပ်မိသလို သူ့စကား
အမှားတွေကို ဝင်ဝင်ဖာပေးနေလို့သာ ရုပ်မပျက်
လှတာပင်..။

မနေ့ကတည်းက တစ်ညလုံးနဖူးပေါ်လက်တင်
စဉ်းစားခဲ့ပြီးနောက် ထွက်လာတဲ့ အဖြေက
ညီ့ကို ဝန်ခံခိုင်းဖို့ တစ်ခုတည်း။

သူ့မျက်စိရှေ့တွင် ညီ ကိုယ်တိုင်ဝန်ခံလာတဲ့
အခါကျမှ သူ့ကို ဘာလို့လိမ်ခဲ့ရတာလဲဆိုတာ
တည့်တည့်ကြည့်ပြီး မေးလိုက်ဖို့ ဆုံးဖြတ်ထား
တာပင်။

ပြီးတော့ ရွှန်းမြတ်နိုးပိုင် ဆိုတဲ့ မိန်းကလေး ။
ထူးထက်ခေါင်ဆိုတဲ့ လူတစ်ယောက်ကို လွယ်
လွယ်ကစားခဲ့တဲ့အတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်
ကိုတော့ခံရသင့်သည်လေ ။

"ဖျောင်း.... ဖျောင်း.......ဖျောင်း...... "

လက်ခုပ်သံတွေစီစီညံအောင် ထွက်လာတော့မှ
အစည်းအဝေးပြီးစီးကြောင်းရိပ်မိပြီး ကျန်တဲ့
Company အဖွဲ့ဝင် ဒါရိုက်တာတွေ ရှယ်ယာ
ရှင်တွေကို ထပြီး နှုတ်ဆက်ပြုံးပြရသည်။
အကုန်ထွက်သွားတော့မှ သော်တာ့ကို ခပ်ကျိတ်
ကျိတ် ခေါ်လိုက်ရင်း

"သော်တာ ကိုယ်အရင်သွားနှင့်ပြီ အစည်းအဝေး
မှတ်တမ်းတွေယူပြီး နောက်က လိုက်ခဲ့လိုက်တော့"

ဟု ခပ်သွက်သွက်မှာကြားလျက် မိမိရဲ့ CEO
ရုံးခန်းသို့ ခြေလှမ်းကျဲကြီးများနှင့်ထွက်လာခဲ့
သည်။ဒီအချိန်ဆို ဟိုမိန်းကလေး ပုံစံဟန်ဆောင်ထားမယ့် ညီလည်းရောက်နေလောက်ပြီလေ။

ထူးထက်ခေါင် ရုံးခန်းတခါးကို ခပ်တိုးတိုး
တွန်းဖွင့်လိုက်ရင်း တိုးတိတ်သောခြေလှမ်းများ
ဖြင့် ဝင်လာခဲ့သည်။

တွေ့ပါပြီ။ သူ့ Company က ရခဲ့တဲ့ ဆုတွေ
တင်ထားတဲ့ စင်မှာ ထောင်ထားတဲ့ ဆုတွေကို
တအံ့တသြ ကိုင်ကြည့်နေတဲ့ မိန်းကလေး။
ဂျင်းစကတ်အတိုဝဲဝဲလေးနဲ့ ဆံပင်ပုံစံတွေပါ
ပြောင်းထားတာမို့ ထူးထက်ခေါင်က ထိုမိန်းက
လေး၏ နောက်ကျောပုံရိပ်ကို မျက်မှောင်တွန့်
ကြည့်လိုက်သည်။

ညီ... တစ်ခါမှ ဒီလို စကပ်မျိူး မဝတ်ဖူးပါဘူး
ခြေသလုံးလေးတွေက မိန်းကလေးအစစ်လိုပဲ
လှလိုက်တာ ။ ဆံပင်အတုကလည်း ပုံစံပြောင်း
လာသေး။

ထူးထက်ခေါင်သည် ထို မိန်းကလေး၏ နောက်
ကျောဘက်ကို တစိမ့်စိမ့် စိုက်ကြည့်နေကာ ကျွန်တော်ဟာ ညီပါ လို့ သူကိုယ်တိုင် ဝန်ခံလာ
အောင် ဘယ်လိုလုပ်ရမလဲဟု အကြံထုတ်ရင်းတွေးတောနေမိသည်။

ထို့နောက် သွက်လက်ချက်ချာလှသော မိမိ၏ ရွှေဦးနှောက်တွင် လှစ်ခနဲဆိုသလို အကြံတစ်ခုဝင်လာကာ ထိုမိန်းကလေးအနားသို့ အမြန်တိုးသွားလျက် ဆံပင်တုကြီးကိုဆွဲဖြုတ်ပစ်လိုက်ရန် ပြင်လိုက်သည်။

ခြေလှမ်းကျဲကြီးများနှင့် ထိုမိန်းကလေး၏အနား
သို့ကပ်သွားပြီး မဟော်ဂနီရောင် ဆံပင်တုကြီး
ကိုဆောင့်ဆွဲလိုက်သော်လည်း ကိုယ်ထင်သလို
ကျွတ်မပါလာပဲ မိန်းကလေး၏ခန္ဓာကိုယ်တစ်ခု
လုံးက ဆံပင်ဆောင့်ဆွဲခံလိုက်ရတာကြောင့် တစ်ပတ်လည်သွားပြီး သူ့ဘက်ကိုယိုင်ကျလာသည်။

ရွှန်းရွှန်းသည် ဆုတံဆိပ်တွေကို သဘောတကျ
ငေးနေရင်းမှ ရုတ်တရက်နောက်ကျောဘက်က
နေ ကိုယ်ဆံပင်တွေကို အားကြီးနဲ့ဆောင့်ဆွဲခံ
လိုက်ရတာမို့ အနောက်သို့ ယိုင်သွားကာ ကိုယ်
က တစ်ပတ်လည်သွားသည်။ ထို့နောက် ကိုယ့်
ဆံပင်ကို ပယ်ပယ်နယ်နယ် လာဆွဲနေသော
ထူးထက်ခေါင် ဆိုသော လူကြီးကို တွေ့လိုက်ရ
တာမို့ မျက်နှာကြီးက နီရဲလာကာ ဒေါသတွေက
တလိပ်လိပ်တတ်လာလေသည်။

"အား...... ဟေ့လူကြီး ရှင်ဘာလုပ်နေတာလဲ
ရူးနေတာလား "

ရွှန်းရွှန်းသည် မျက်နှာချင်းဆိုင်မှာ ရှိနေသော
ထူးထက်ခေါင်ဆိုသော လူကြီးကို မျက်ထောင့်နီ
ကြီးနဲ့ ကြည့်လျက် ကုန်းအော်လိုက်ကာ သေချာ
ပုံသွင်းဖီးသင်ထားပုံရသော သူ့ရဲ့ဆံပင်တိုတို ထောင်ထောင်တွေကိုပါ မမှီတမှီနဲ့ လှမ်းဆွဲလိုက်လေသည်။

"ဟေ့.... မင်း ဘာလို့ ငါ့ဆံပင်တွေ လာဆွဲနေ
တာလဲ အခုလွှတ်စမ်း "

ထူးထက်ခေါင်ကလည်း ရွှန်းရွှန်း၏ ဆံပင်ကို
ဆွဲထားကာ ရွှန်းရွှန်းကလည်းထူးထက်ခေါင်၏
ဆံပင်တွေကိုမမှီ့တမှီနဲ့ ခုန်ဆွခုန်ဆွ ဆွဲနေတာမို့
ထူးထက်ခေါင်၏ခန္ဓာကိုယ်ဟာလည်း ကုန်းကွ
ကွကြီး ဖြစ်နေလျက် ကြည့်ရသည်မှာ မုန့်စား
ပြိုင်ပွဲတွင် မုန့်လုစားနေကျသော ကလေးငယ်
နှစ်ယောက်သဖွယ်ရယ်စရာ ဖြစ်နေလေသည်။

" ဟယ်..... ဘော့စ် "

အဲဒီနောက်မှာတော့ CEO ရုံးခန်းတခါးသည်ရုတ်တရက် ပွင့်လာပြီး အခန်းဝတွင်တော့ သူ
တို့ နှစ်ယောက်ကိုသရဲမြင်သလို ပြူးကြောင်ကြည့်နေသော သော်တာတစ်ယောက် ကျောက်
ရုပ်ကြီးလို ငူငူကြီး ရပ်နေတာကို တွေ့လိုက်ရလေတော့သည်။

~~~~~~~~~~~~~

Zawgyi

" ရွင္း........"

႐ႊန္း႐ႊန္း သည္ အိမ္သို႔ ျပန္ေရာက္ေရာက္ခ်င္း
မေတြ႕ရတာၾကာေနၿပီ ျဖစ္တဲ့ ေမာင္ျဖစ္သူကို
ေျပးဖက္လိုက္သည္။

" ေျဖးေျဖးလုပ္ပါဟ "

ရွင္းေလးဟာလည္း ႐ႊန္း႐ႊန္းက အားႀကီးနဲ႕ ေျပးဖက္လိုက္တာမို႔ နဂိုပါးလ်ေသာ ခႏၶာကိုယ္ေလးက အေနာက္သို႔ ယိုင္သြားသည္။ ႐ႊန္း႐ႊန္း ကရွင္းေလးကို တင္းက်ပ္စြာ ဖက္ထားရင္းမွ ကိုယ္ကိုခြာ လိုက္ကာ

"ရွင္း နင္အရမ္းပိန္သြားတယ္ ဘာလို႔ ကိုယ့္ကို
ကိုယ္ ဒုကၡေပးေနရတာလဲ ဟမ္ "

"ကဲ မိ႐ႊန္း႐ြန္း ညည္းက အိမ္ျပန္ေရာက္ၿပီ
ဆိုတာနဲ႕ ရွင္းေလးကို ျပသနာ ရွာဖို႔ အႀကံ
ထုတ္ေနတာ့တာပဲ သြား အကၤ်ီ အရင္သြားလဲ
ေခ်... "

"အာ ...ေမေမကလည္း ႐ႊန္းက ျပသနာရွာတာ
မဟုတ္ပါဖူး လာ လာ ရွင္းေလး အခန္းထဲသြား
ေျပာမယ္ ေမေမပြားေနတာနဲ႕ ေအးေဆးေျပာရ
မွာ မဟုတ္ဖူး "

" ဟယ္ ဒီ ေကာင္မေလးေတာ့.... "

ေမေမက ပြစိပြစိ ေျပာၿပီး လက္သီးဆုပ္ႀကီးနဲ႕
႐ြယ္ေနတာကို ႐ႊန္း႐ႊန္း က လွစ္ခနဲ လွ်ာထုတ္ျပ
ခဲ့ကာ ရွင္းေလး ေက်ာကို တြန္းလ်က္ အခန္းထဲ
ေခၚခဲ့လိုက္သည္။ ရွင္းေလး အခန္း ေရာက္မွ
အခန္းတံခါးကို ေလာ့ခ္ခ်ပစ္ကာ

"ရွင္းေလး နင္ အခန္းေအာင္းၿပီး နင့္ကိုယ္ နင္
သတ္ေသဖို႔ ႀကိဳးစားေနတယ္ဆို ဘာလို႔ မဆိုင္
တာေတြ ေလွ်ာက္လုပ္ေနရတာလဲ တစ္ခုခုဆို
ငါ့ဆီဖုန္းဆက္လို႔ရရက္သားနဲ႕ ဟန္ေဆာင္ရတာ
နင့္အတြက္ ဘယ္ေလာက္ေတာင္ ပင္ပန္းေနလို႔
လဲ ဒီဘာမဟုတ္တဲ့ ကိစၥေသးေသးေလးအတြက္
နင့္ အသက္ကိုနင္ စြန႔္လႊတ္ဖို႔ ႀကိဳးစားတာ ငါ
အံၾသလို႔ေတာင္ မဆုံးဖူး နင္႐ူးေနလား ရွင္းေလး ဟမ္ "

ရွင္းေလး သည္ မရပ္မနားနဲ႕ စက္ေသနတ္ပစ္
သလိုဆက္တိုက္ေျပာေနေသာ ႐ႊန္း႐ႊန္း ၏
စကားေတြကို သူနားမလည္နိုင္ ....။

႐ႊန္း႐ႊန္း ဘာေတြလာေျပာေနတာပါလိမ့္ သူ႕
ကိုယ္သူသတ္ေနဖို႔ ဘယ္တုန္းကမ်ား ႀကိဳးစား
ခဲ့မိလို႔လဲ

ကိုယ့္ဘာသာ အလုပ္ဝင္ဖို႔္ သင္တန္းေတြတတ္
Bro အေၾကာင္းေတြးေနရတာနဲ႕ ခ်မ္းေျမ့ေၾကာင့္
စိတ္ရႈပ္ေနရတာနဲ႕တင္ အခ်ိန္မေလာက္ျဖစ္ေန
တာကို....

"မမ ...နင္ဘာေတြ လာေျပာေနရတာလဲ
႐ူးေၾကာင္မူးေၾကာင္နဲ႕ ငါ့ဟာငါေတာင္
သင္တန္းေတြနဲ႕ မအားမလပ္ျဖစ္ေနတဲ့တာကို"

"တီေလးေျပာေတာ့ နင္ သုံးရက္ေလာက္
ထမင္း မစားဖူးဆို "

"အဲတာက ငါ့ဘာသာငာ စိတ္ညစ္လို႔ မစားတာေလ"

"အဲဒါဆို နင့္ကိုယ္နင္ သတ္ေသဖို႔ထိ လုပ္ေနတယ္ ဆိုတာကေရာ.... "

" အဲတာလည္း တီေလး ေျပာတာပဲလား "

" မဟုတ္ဖူး..... .ခ်မ္းေျမ့ ေျပာတာ "

" ဘာ......."

႐ႊန္း႐ႊန္း ရဲ႕ အေျဖေၾကာင့္ ရွင္းေလး အံ့ၾသတႀကီး
ျဖစ္ကာ စြံ႕အသြားရသည္။ ဒီေကာင္ ခ်မ္းေျမ့
ဘာေတြ ကူလီကူမာ လုပ္ထားျပန္ၿပီလဲ.... ။

"ခ်မ္းေျမ့ နင့္ကို ဘာေတြေျပာထားလို႔လဲ မမ
ဒီေကာင္ အၿမဲေနာက္ေနတာကို နင္လည္း
သိရက္နဲ႕ ဒီေကာင္စကားကို နင္မို႔ယုံတယ္ "

"အင္း..ငါထင္ေတာ့ထင္သား တီေလးကို ဖုန္း
ဆက္ၾကည့္ေတာ့လည္း ခ်မ္းေျမ့ေျပာတာ
ဟုတ္သလိုလိုျဖစ္ေနတာကို ဒင္းေၾကာင့္ ငါ
စိတ္ေတြပူၿပီး ျပန္လာရတာ ဒင္းေၾကာင့္ပဲ ငါ
ေယာက်္ားယူရေတာ့မွာ ဟင္း... ခ်မ္းေျမ့
အဲ့ေကာင္ေတြ႕မယ္ "

႐ႊန္း႐ႊန္း သည္ ေဒါသတစိမ့္စိမ့္ထြက္လာကာ
ခ်မ္းေျမ့အား အစိတ္စိတ္အႁမႊာႁမႊာ ေခ်မြပစ္
ခ်င္စိတ္မ်ားေပါက္လာသည္။ ထင္ေတာ့
ထင္သား။ ငါ သူ႕လွည့္ကြက္ထဲ ဝင္သြားတာ ။
ငါ့ေမာင္ကို အရင္ဆုံး ဖုန္းဆက္ေမးသင့္တာ။

"ဒီမွာ ခ်မ္းေျမ့ပို႔ထားတဲ့ Email ဖတ္ၾကည့္လိုက္"

"႐ႊန္း႐ႊန္း နင္ ျပန္လာမွျဖစ္ေတာ့မွာ ရွင္းေလး
လုံးဝ အဆင္မေျပေတာ့ဖူး နင့္ေနရာမွာ ဟန္
ေဆာင္ရတာ သူ အရမ္းပင္ပန္းေနၿပီ သူ႕ကိုယ္
သူ သတ္ေနဖို႔ထိ လုပ္ေနလို႔ မနဲတားထားရတယ္
အခုဆို ထမင္းလည္း မစား ေရလည္းမေသာက္ပဲ
အခန္းေအာင္းေနတာ သုံးရက္ရွိၿပီ ကိုယ့္ေမာင္ကို အသက္ရွင္ေနေစခ်င္ေသးရင္ နင္ ျမန္ျမန္ျပန္ခဲ့
ေတာ့ "

ရွင္းေလးသည္ ခ်မ္းေျမ့ ပို႔ထားတဲ့ Email ကို
အစအဆုံး ဖတ္ၿပီးေသာအခါ ခ်မ္းေျမ့၏
စပ္ၿဖီးၿဖီး မ်က္ႏွာကို ျမင္ေယာင္လာလ်က္
တစိမ့္စိမ့္ ေပါက္ကြဲလာကာ မ်က္နာတစ္ျပင္
လုံး ရဲတတ္လာေလသည္။ ထို႔ေနာက္.....

" မမ ခ်မ္းေျမ့ကို အခုခ်က္ခ်င္းဖုန္းေခၚ.....
ဒီကိစၥကို ခ်က္ခ်င္း စာရင္းရွင္းရမယ္ "

~~~~~~~~~~~~~~~~~~~~~~

"အသည္းႏွလုံးမရွိတဲ့ သူ နင္က အသည္းႏွလုံး
မရွိတဲ့လူ ေနာက္ထပ္ရမယ့္ ဒဏ္ရာေတြနဲ႕
မိတ္မဆက္ခ်င္ေတာ့ဖူး အသည္းႏွလုံးမရွိတဲ့သူ
ဟိုး.....နင္က အသဲႏွလုံး မရွိတဲ့လူ...... "

ၿဖိဳးျပည့္စုံ၏ အသဲႏွလုံးမရွိတဲ့သူ သီခ်င္းသံ
ေလးနဲ႕အတူ စားပြဲေပၚတင္ထားခဲ့ေသာ ဖုန္းေလးသည္ တုန္ခါလာေသာေၾကာင့္ သင္တန္းခန္းမထဲ အကတိုက္ေနရင္းမွ ခ်မ္းေျမ့ကိုကို တုန႔္ခနဲရပ္
သြားသည္။

သြားမၾကည့္လဲ သိေနတဲ့ Private Ringtone
အသံအရ ဒါ ရွင္းေလးဆီက ဖုန္း။ ဟိုတစ္ေန႕
ညကသူ႕အားတစ္ခ်ိန္လုံး စိတ္ေကာက္ေနေသာ
ရွင္းေလး ကို အျမင္ကပ္ကပ္နဲ႕ ဒီ သီခ်င္းကို Ringtone ေျပာင္းပစ္ခဲ့တာပင္။

တကယ္လည္း ဟုတ္သည္ေလ ...
Kiss ေပးလို႔ သာယာရတာကနဲနဲ ေနာက္ဆက္
တြဲျပစ္ဒဏ္က မ်ားမ်ားျဖစ္ေနတာမို႔ ၾကာေတာ့
ရွင္းေလးနဲ႕ေတြ႕တိုင္း မေနနိုင္ မထိုင္နိုင္ အက်င့္
ပါေနတဲ့ ကိုယ့္ႏႈတ္ခမ္းကိုပဲပိတ္ၿပီး ဆုံးမေနရ
သည္။

မနက္ကတည္းက အကတိုက္ေနသျဖင့္ လည္
ပင္း မွာစို႔ေနေသာ ေခြၽးစတို႔ကို တဘက္နဲ႕ ဟို
ဘက္ ဒီဘက္ ဆြဲပြတ္လိုက္ကာ တဘက္ကို
လည္ဂုတ္ကေန ပတ္လိုက္ၿပီး ဖုန္းရွိရာသို႔
ေျခလွမ္းသြက္သြက္နဲ႕သြားလိုက္သည္။

ကိုယ္ေတာ္ေခ်ာက ဖုန္းကို တစ္ခါတည္း
တန္းမကိုင္ရင္လည္း စိတ္ဆိုးျပန္ဦးမည္

ခ်မ္းေျမ့သည္ Adapter နဲ႕ခ်ိတ္ဆက္ထားေသာ
ဖုန္းကိုျဖဳတ္လိုက္ၿပီး Contact မွာေပၚေနေသာ
ရွင္းေလးရဲ႕ ပုံကို ၾကည့္ၿပီး ခြီးကနဲရယ္မိသြားသည္။

သူကိုယ္တိုင္ အတင္းအဓၶမ ရိုက္ထားခဲ့ေသာ
ရွင္းေလး၏ ျဖဴျဖဴႏုႏု မ်က္ႏွာေလးကို သူ႕
ဘာသာသူ စိတ္ေပါက္ေပါက္နဲ႕ Photoshop Software ေတြသုံးၿပီး ရွင္းေလး၏ ႏႈတ္ခမ္း
ဖူးဖူးႏုႏုေလးကို အိႏၵိယနိုင္ငံက ေယာက်္ားေတြ
လို မႈတ္ဆိတ္ေမႊး အထူႀကီးေတြေလွ်ာက္တပ္
ကေလးကလား မ်က္မွန္ေတြတပ္ၿပီး Contact Photo ေျပာင္းထားခဲ့တာမို႔ ဖုန္းေခၚတိုင္း ရွင္း
ေလး ပုံကို ျမင္ၿပီး က်ိတ္ရယ္ေနမိတာပင္။

"ခ်မ္းေျမ့ အခုခ်က္ခ်င္း အိမ္လာခဲ့စမ္း နင္နဲ႕
စာရင္းရွင္း စရာရွိတယ္ "

ဖုန္းထဲကေန နားကြဲမတတ္ထြက္လာတဲ့ ႐ႊန္း႐ႊန္း
ရဲ႕ အသံစူးစူးေၾကာင့္ ရယ္ခ်င္စိတ္ေတြပင္
ေပ်ာက္ကာ လူက တုန္ခနဲ ျဖစ္သြားရသည္။

႐ႊန္း႐ႊန္းရဲ႕အသံ Tone အနိမ့္အျမင့္အရ ဒါဟာ
တကယ္စိတ္ဆိုးၿပီး ေပါက္ကြဲေနေသာ ေလသံ။
ဒါနဲ႕ ဒီေန႕ ႐ႊန္း႐ႊန္း ျပန္ေရာက္မယ့္ေန။ ရွင္းေလး
ဖုန္းယူဆက္တယ္ဆိုေတာ့ အိမ္ျပန္ေရာက္ေနတဲ့
သေဘာ။

ခ်မ္းေျမ့သည္ သူကိုယ္တိုင္ ႐ႊန္း႐ႊန္းကို တခုတ္
တရ ပို႔ထားခဲ့ေသာ Email ကို သတိရလာကာ
ကိုယ့္အေတြးနဲ႕ကိုယ္ေက်ာခ်မ္းလာၿပီး ၾကက္သီး
ေမႊးညွင္းမ်ားပင္ ထလာေလသည္။

သြားၿပီ.... ျပသနာေတာ့ စၿပီ။ ရွင္းေလး ေရာ
႐ႊန္း႐ႊန္းပါ သိသြားၿပီ

"ဟဲဟဲ ႐ႊန္း႐ႊန္း ကလည္း စိတ္ေလွ်ာ့ပါဟ ငါ
အကတိုက္ေနလို႔ သဘက္ခါ အေရးႀကီးတဲ့ပြဲ
တစ္ပြဲ ရွိလို႔ေလ အဲတာ ပြဲေလးၿပီးမွ လာခဲ့လို႔
မရဖူးလား ဟင္....."

႐ႊန္း႐ႊန္း ရဲ႕ အာဏာဟာ ျပင္းလြန္းသျဖင့္
ေၾကာက္ရတာမို႔ ခ်မ္းေျမ့သည္ မ်က္ႏွာမျမင္
ရေသာ္ျငားေလသံေပ်ာ့ေပ်ာ့ေလးနဲ႕ မ်က္ႏွာ
ခ်ိဴေသြး ေျပာရေတာ့သည္။

ရွင္းေလး၏ အမျဖစ္သည့္အေလွ်ာက္ ႐ႊန္း႐ႊန္း
လည္းေဒါသႀကီးတာပင္။

"တိတ္စမ္း ဘာမွ မ်က္ႏွာခ်ိဴလာေသြးမေနနဲ႕
အခုလာခဲ့ဆို လာခဲ့ပဲ "

႐ႊန္း႐ႊန္းသည္ ေဗဒင္ဆရာမေသလို႔ဝင္စားသ
လားကို မသိပါ ။ သူ႕စိတ္ကို ထြင္းေဖာက္ျမင္
ေနသည့္အစြမ္းေတြ ရွိေနတာမို႔ သူကိုယ္တိုင္
ပင္ ႐ႊန္း႐ႊန္းကိုလန႔္ျဖန႔္သြားရသည္။

ထို႔ေနာက္ ေလသံငယ္ေလးျဖင့္ ....

"ေအးပါ... ေအးပါ ငါလာပါၿပီ အခုထြက္လာၿပီ

ဟု ကတိေပးလိုက္ရေတာ့သည္။ ထို႔ေနာက္
သရဲအိမ္ထဲ တစ္ေယာက္ထဲဝင္ရမည့္ အားကိုး
ရာမဲ့ေနေသာ ကေလးငယ္ တစ္ေယာက္ႏွယ္
မ်က္ႏွာငယ္ေလးနဲ႕ျဖစ္ေနေသာ ခ်မ္းေျမ့ကို
ၾကည့္ကာ "Sakura " အဖြဲ႕သားမ်ား အားလုံးက တဟားဟားနဲ႕ ေအာ္ရယ္ေနက်ေတာ့သည္။

"ခ်မ္းေျမ့ရာ မင္းဘဝကလည္း သနားစရာ
ပါၾကာ Crush ကေခ်လိဳက္ မရီးက ထုလိုက္
ေထာင္းလိုက္နဲ႕ ၾကာရင္ မင္းဘဝလည္း
လုံးျပားျပားေတာ့မယ္ "

"Shit..... တိတ္စမ္း မင္းတို႔ ပါးစပ္ေတြ
အကုန္ ပိတ္ထားၾက "

ခ်မ္းေျမ့က သူ႕ကိုရယ္ေနၾကေသာ အေၾကာင္း
သိသူငယ္ခ်င္းအားလုံးကို လက္ညိုးနဲ႕ လက္
ခလယ္ သုံးကာ မ်က္လုံးေဖာက္ထုတ္ပစ္မယ္ သတိထားဆိုတဲ့အထာနဲ႕ေျပာလိုက္လ်က္ ကား
ေသာ့ယူကာ သင္တန္းခန္းမထဲက ခပ္ျမန္ျမန္
ပင္ ထြက္လာရသည္။

သိပ္မၾကာခင္ အထုအေထာင္းခံရေတာ့မွာမို႔
ေၾကာက္ပါတယ္ဆို ဒင္းတို႔က တေမွာက္......

ျပန္လာမွေတြ႕မယ္ ဟု ႀကိမ္းဝါးလ်က္ ျပသနာ
ႀကီးကို ရင္ဆိုင္ဖို႔ အားတင္းလိုက္ရေတာ့သည္။

~~~~~~~~~~~~~~

"ခ်မ္းေျမ့ အစုတ္ပလုတ္ေကာင္ နင္ေၾကာင့္
ငါေယာက်္ားရေတာ့မယ္ "

႐ႊန္း႐ႊန္း က ေရာက္ေရာက္ခ်င္း ခ်မ္းေျမ့ကို
ေအာ္ဟစ္ ဆူပူလ်က္ တရစပ္ ထုရိုက္ေနေလ
သည္။ခ်မ္းေျမ့ကလည္း ကိုယ့္အျပစ္နဲ႕ကိုယ္
လက္ေလးတကာကာနဲ႕ ဘာမွျပန္မလုပ္နိုင္ရွာပဲ
ေဘးနားကေန လက္ပိုက္ ရပ္ၾကည့္ေနေသာ
ရွင္းေလးကို အသနားခံသလို မ်က္လုံးေလးနဲ႕
ၾကည့္ကာ

"ရွင္းေလး ငါ့ကို မသနားဖူးလားဟင္ ႐ႊန္း႐ႊန္း
လုပ္လို႔ တစ္ခါတည္းေသသြားရင္ ဘယ္လို
လုပ္မွာလဲ ငါမရွိပဲမင္းေနနိုင္လို႔လား...အား
႐ႊန္း႐ႊန္း အသာလုပ္ပါ နာတယ္ဟ "

ဟု ရွင္းေလးကို တလွည့္ ႐ႊန္း႐ႊန္းကို တလွည့္
ၾကည့္ကာ ပလုံးပေထြး ေအာ္ဟစ္ေနေတာ့သည္။

ရွင္းေလးကလည္း ႐ႊန္း႐ႊန္းထုရိုက္သမွ် ခံေနရ
ရွာေသာခ်မ္းေျမ့ကို သနားမိေပမဲ့ အျမင္ကပ္
စိတ္ကေလးကလည္း ရွိေသးတာမို႔

"ကိုယ့္အျပစ္နဲ႕ကိုယ္ ခံေပါ့ " ဟု ဆိုကာ မျမင္
ခ်င္ေယာင္ေဆာင္ၿပီး ေက်ာခိုင္းလွည့္ထြက္ခဲ့
ေတာ့သည္ ။

႐ႊန္း႐ႊန္းနဲ႕ေတြ႕မွ နားေအးမွာ အဲဒီ ခ်မ္းေျမ့ဆိုတဲ့
ေကာင္က.....ဒါေတာင္ ခ်မ္းေျမ့ သူ႕ကိုနမ္းတာ
ေတြ ႐ႊန္း႐ႊန္း မသိေသးလို႔ သိမ်ားသိသြားလွ်င္
ခ်မ္းေျမ့ ဘဝေတာ့ မေတြးရဲစရာပင္။

႐ႊန္း႐ႊန္းသည္လည္း ခ်မ္းေျမ့ကို စိတ္ႀကိဳက္
ထုရိုက္ၿပီးေမာလာေတာ့မွ ဆိုဖာခုံေပၚ ေျခပ်စ္
လက္ပ်စ္ထိုင္ခ်ကာ...

"ေတာ္ၿပီ... ေမာတယ္ နင့္ကို ရိုက္ရတာ ငါ့
လက္ေတြ နာလာၿပီ "

ခ်မ္းေျမ့သည္တဆစ္ဆစ္နာေနေသာ ေက်ာျပင္
ကိုမ်က္ႏွာႀကီး ရႈံ႕မဲ့လ်က္ လက္နဲ႕ မမွီမကမ္း
လွမ္းပြတ္ေနရာမွ ဆိုဖာေပၚ ေျခပ်စ္လက္ပ်စ္
ထိုင္ၿပီး ေျပာလိုက္တဲ့ ႐ႊန္း႐ႊန္း စကားေၾကာင့္
နင္သြားရေတာ့သည္။

ေတာက္ေလွ်ာက္ တဘုန္းဘုန္းရိုက္ေနတဲ့ သူ
ကပဲ နာရတယ္ ရွိေသး။ ေက်ာပုတ္လုမတတ္
အရိုက္ခံရတယ့္ ငါေလးညည္းဖို႔လဲ ခ်န္ထားပါ
ဦး မယ္မင္းႀကီးမရ...။

ထိုစကားကိုေတာ့ စိတ္ထဲက ေျပာလိုက္ခ်င္း
ရယ္ပါ။ အျပင္မွာ ထုတ္ေျပာလိုက္မိလွ်င္ေတာ့
ေက်ာပါကြဲသြား႐ုံတင္မက ေျခေထာက္နဲ႕ပါ
အကန္ခံရမွာ မုခ်မလြဲပါ ။

"ေက်နပ္ၿပီလား ႐ႊန္း႐ႊန္း နင္ေက်နပ္ရင္ ငါ
ျပန္ေတာ့မယ္ "

ခ်မ္းေျမ့၏စကားေၾကာင့္ ႐ႊန္း႐ႊန္း က ဆိုဖာေပၚ
ကိုယ္ကို ေလွ်ာထိုင္ေနရင္းနဲ႕မွ အသံတိတ္မ်က္ခုံး
ပင့္ ၾကည့္လာသည္။

ထိုမ်က္လုံးမ်ားတြင္ အားနာသည့္အရိပ္အေယာင္
နဲနဲေလးေတာင္မရွိ။ သူ လုပ္ခ်င္တာ လုပ္ၿပီးသြား
၍ ျပန္ခ်င္ျပန္ဟူသည့္သေဘာ.... ။

" ခ်မ္းေျမ့ ...ခဏ ေနဦး "

အိမ္ျပန္မည့္ ေျခလွမ္းျပင္ဆဲဆဲမွာပင္ ေနာက္
ေက်ာဘက္က ထြက္လာေသာ ရွင္းေလးရဲ႕
အသံေၾကာင့္ခ်မ္းေျမ့၏ ေျခလွမ္းမ်ားက
တိခနဲ ရပ္သြားသည္။

" လာ ငါ နဲ႕ အေပၚလိုက္ခဲ့ "

အမိန႔္ေပးသည့္ ေလသံမ်ိဴးျဖစ္ေသာ္လည္း
စိတ္ပူသည့္ အသံေလး ေရာယွက္ေနတာမို႔
ညစ္ႏြမ္းေနသည့္ စိတ္ေတြက ျပန္ၿပီး လန္းဆန္း
လာသည္။

ထို႔ေနာက္ ေက်နပ္သည့္ အၿပဳံးႀကီးသည္
ခ်မ္းေျမ့၏ မ်က္ႏွာထက္တြင္ ခပ္မိန႔္မိန႔္ႀကီး
ေနရာယူလာသည္။

" လာ ဒီမွာထိုင္..."

အခန္းထဲေရာက္ေတာ့ ရွင္းေလးက သူ႕ကို ကုတင္ေပၚထိုင္ခိုင္းထားၿပီး စာၾကည့္စားပြဲနားသို႔သြားကာ အံ့ဆြဲေတြ ဖြင့္ၿပီး ကုန္းကုန္းကြကြနဲ႕ေမႊႏွောက္ရွာေနေလသည္။ မိနစ္ဝက္ေလာက္မွာေတာ့ အံ့ဆြဲထဲကပန္းေရာင္ဘူးေလးတစ္ဘူးကို ယူကာ သူ႕ ေဘးနားမွာ ေစြ႕ခနဲလာထိုင္သည္။

" အကၤ်ီ ခြၽတ္........"

" ဟင္......."

ရွင္းလးက မိမိရဲ႕ ေနာက္ေက်ာဘက္နားကို
ခပ္ဖြဖြေလးတိုးကပ္လာလ်က္ ႐ုတ္တရက္ႀကီး
ေျပာခ်လိဳက္တာမို႔ ရင္ထဲက ဒိတ္ခနဲ ျဖစ္သြားရကာ ၾကက္သီးေမႊးညွင္းမ်ားပင္ ထသြားသည္။

နဂိုကတည္းက အသဲငယ္တတ္ ပါတယ္ဆို
ဘာေတြလာေျပာေနမွန္း မသိ ။

"အဲဒီ ျဖဳတ္ဦးႏွောက္ႀကီးနဲ႕ မဟုတ္တ႐ုတ္ေတြ
ေလွ်ာက္စဥ္းစားမေနနဲ႕ အက်ီ ခြၽတ္ခိုင္းတာ
ေဆးလိမ္းေပးမလို႔ "

"ဟုတ္လား..... မသိပါဖူး ငါ့ကို စိတ္ဆိုးၿပီး
Rape ေတာ့မယ္မွတ္လို႔ "

"ေတာက္... ခ်မ္းေျမ့ မင္းဟာေလ စကား
အေကာင္းကို ေျပာလို႔မရဖူး အခ်ိန္တန္ရင္
ထထေဖာက္တာ သြားျပန္ေတာ့ မင္းကို
ေစတနာထားလို႔ကို မရဖူး"

"ရွင္း ကလည္းကြာ စတာကို ဟီး ဟီး
ငါ အက်ီ ခြၽတ္ေပးပါ့မယ္ "

ခ်မ္းေျမ့ကေျပာေျပာဆိုဆိုနဲ႕ သူဝတ္ထားတဲ့ အနီေရာင္ တီရွပ္ကို ဆြဲခြၽတ္လိုက္တာမို႔ ေမႊးညင္းစိမ္းေလးမ်ားပင္ ယိမ္းႏႊဲ႕ေနတဲ့ ျဖဴဝင္းတေသာ ေက်ာျပင္ေလးက လွစ္ခနဲေပၚလာသည္။

ခ်မ္းေျမ့ရဲ႕ Body ဟာ Bro ေလာက္ေတာင့္ေတာင့္တင္းတင္းမဟုတ္ေသာ္လည္း သူ႕အခ်ိဴးအစားေလးနဲ႕ သူ သြယ္သြယ္လ်လ်ေလးနဲ႕ ၾကည့္ေကာင္းတာပင္။

အဲတာအျပင္ ေက်ာျပင္အလယ္တည့္တည့္မွာ
ရွိေနတဲ့ အနက္ေရာင္မဲ့ေလးက ပိုၿပီး ဆြဲေဆာင္နိုင္ေစေသည္။ ရွင္းေလးသည္ ခ်မ္းေျမ့ရဲ႕ေက်ာျပင္ကိုၾကည့္ရင္း မေတာ္တဆ တံေတြးမ်ိဴခ်မိသြားတာမို႔အၾကည့္ေတြကို တစ္ဖက္သို႔ ျမန္ျမန္လႊဲဖယ္လိုက္ရသည္။

႐ႊန္း႐ႊန္း တစ္ေယာက္ဘယ္ေလာက္ေတာင္
အားသုံးၿပီး ထုရိုက္ထားသလဲမသိ။ ရွင္းေလး
က အညိုအမဲစြဲေနတဲ့ ခ်မ္းေျမ့ရဲ႕ေက်ာျပင္ကိုၾကည့္ကာ ေခါင္းကိုခါရမ္းလ်က္ သက္ျပင္းဖြဖြခ်သည္။

ထို႔္ေနာက္ေဆးေသတၱာထဲမွ ဒဏ္ေၾကလိမ္းေဆးဖူးကို ယူလိုက္လ်က္ ေဆးကို လက္ညွိုး
နဲ႕ ထိုးကေလာ္လိုက္ကာေက်ာေပၚတင္လိုက္ၿပီး
လက္ဖဝါးေလးနဲ႕ ဖြဖြေလးပြတ္ၿပီး ဖိလိမ္းေပးလိုက္သည္။

ခ်မ္းေျမ့ကလည္း အဝတ္မပါတဲ့ကိုယ့္ေက်ာျပင္ကို ရွင္းေလးလက္ဖဝါးႏုႏုေလးနဲ႕ တိုက္ရိုက္ထိကာဟိုဟိုဒီဒီ အသာအယာေလး ပြတ္ဆြဲေနတာမို႔ နာေနေတာေတြေတာင္ ေမ့ေလ်ာ့ကုန္ကာ ေက်ာခ်မ္းသလိုျဖစ္လာၿပီး ေသြးေၾကာမ်ားပင္ေထာင္ လာကုန္သည္။

အဝတ္မဲ့ေနတဲ့ ကိုယ့္ေက်ာျပင္ကို ကိုယ္ခ်စ္ရတဲ့
သူက တစိမ့္စိမ့္ ၾကည့္ေနတာကို ေတြးမိလိုက္တိုင္း ခါးနားတစ္ဝိုက္တြင္ ယားလာသလို ခံစားခ်က္မ်ိဴးႀကီးကို ခံစားရၿပီး လူက ဂဏွာမၿငိမ္ ျဖစ္လာသည္။

"ခ်မ္းေျမ့ ၿငိမ္ၿငိမ္ေနကြာ ေဆးစိမ့္ဝင္ေအာင္ လိမ္းေပးေနတာကို "

" အင္းပါ..."

ရွင္းေလးက စိတ္မရွည္သလို ေစာင့္ေအာ္လိုက္တာမို႔ ခ်မ္းေျမ့ခမ်ာ လႈပ္စိစိ ျဖစ္ေနရာမွ
အံ့ႀကီးႀကိတ္လ်က္ ၿငိမ္ဖို႔ႀကိဳးစားရေတာ့သည္။

" ရွင္းေလး....."

" အင္း "

"မင္းသာ ငါ့ကို အၿမဲတမ္း ဒီလိုေလးဂ႐ုစိုက္ေပး
မယ္ဆို အခ်ိန္တိုင္းငါ့ကိုယ္ငါ ဒဏ္ရာရေအာင္ပဲ
လုပ္မိေနမလား မသိဖူး "

ခ်မ္းေျမ့၏ စကားေၾကာင့္ သူ ေက်ာျပင္ကို ေဆးပြတ္လိမ္းေပးေနေသာ ရွင္းေလး၏ လက္ေတြသည္ ႐ုတ္တရက္ဆိုသလို ၿငိမ္က်သြာသည္။

ခဏေလာက္ၾကာေသာအခါမွ သတိဝင္လာ
ေသာ ရွင္းေလးက ခ်မ္းေျမ့၏ ေနာက္ေက်ာကို ျဖန္းခနဲ ရိုက္ခ်လိဳက္လ်က္

"အ႐ူးေကာင္ အကၤ်ီဝတ္ေတာ့ ေနာက္တစ္ခါ
မင္း ဒဏ္ရာရလာရင္ ငါဒီလို ျပဳစုေပးမယ္
မထင္နဲ႕ ဒီတစ္ခါေနာက္ဆုံးပဲ ဒါေတာင္ ငါ့အမ
ပေယာဂမကင္းလို႔ မေကာင္းတတ္လို႔ လိမ္းေပးတာ အဲလို႐ူးေၾကာင္ေၾကာင္ေတြ ေလွ်ာက္လုပ္ ရင္ မင္းနဲ႕ငါေတြ႕မယ္ သြား အခု ျပန္ေတာ့ "

"အား.... နာတယ္ ရွင္းေလးရ ငါ့ေက်ာေလးေတာ့ ကြဲပါၿပီကြာ "

ခ်မ္းေျမ့ကမ်က္ႏွာကို ရႈံ႕မဲ့လ်က္ခပ္တိုးတိုး
ညည္းလိုက္ကာ တီရွပ္ကို ေစြ႕ကနဲ ျပန္ဝတ္
လိုက္သည္။

ထို႔ေနာက္ ရွင္းေလး ဘက္ကိုလွည့္ၾကည့္ကာ

"ရွင္းေလး မနက္ဖန္ သင္တန္းကို ငါလာႀကိဳမယ္
ေနာ္ မေန႕ကလို တစ္ေယာက္တည္းျပန္မသြားနဲ႕ အခုငါျပန္ရေတာ့မယ္ အကတိုက္တာမၿပီးေသးလို႔ "

ဟု မွာလိုက္လ်က္ ဆံပင္ေတြကို လက္နဲ႕ဆြဲဖြ
လိုက္ၿပီး အခန္းထဲက ထြက္သြားေလေတာ့သည္။
ရွင္းေလးလည္း အနီေရာင္တီရွပ္နဲ႕ လိုက္ဖက္
လြန္းေသာခ်မ္းေျမ့၏ ေက်ာျပင္ကို ေငးၾကည့္
ေနရင္းမွ သက္ျပင္းဖြဖြ ခိုးခ်လိဳက္မိသည္။

"မင္းအေပၚ ငါ့သေဘာထားေတြ တင္းမာေန
သလိုျဖစ္ရင္ ေတာင္းပန္ပါတယ္ ခ်မ္းေျမ့
Bro ဆိုတဲ့လူသာ မရွိခဲ့ရင္ ေသခ်ာေပါက္ ငါ
ခ်စ္မိတဲ့သူက မင္းပဲ ျဖစ္မွာေလ........... "

~~~~~~~~~~~~~~~

"ျမတ္နိုး အခ်ိန္ရရင္ ကိုယ္တို႔ ခဏေတြ႕ရေအာင္
ကိုယ္ မင္းကို ႀကိဳဖို႔ Driver လႊတ္လိုက္မယ္ "

႐ႊန္း႐ႊန္းသည္ ကိုယ့္ကို အေက်ာႀကီးနဲ႕ပို႔လာ
ေသာထူးထက္ေခါင္၏ Message ကို ၾကည့္ကာ
ႏႈတ္ခမ္းကို အစြမ္းကုန္ မဲ့႐ြဲ႕လိုက္သည္။

ဒီေလာက္ အေက်ာတင္းတဲ့လူကို ေမေမနဲ႕
တီေလး ဘာေတြ ဒီေလာက္ေတာင္သေဘာက်
ေနသလဲ မသိပါ။

"႐ႊန္း႐ႊန္း ေရ ေအာက္မွာ ထူးထက္ေခါင္ရဲ႕
Driver ေရာက္ေနၿပီ ဆင္းခဲ့ေတာ့ "

အိမ္ေအာက္ထပ္က တီေလးရဲ႕ေအာ္သံေၾကာင့္
႐ႊန္း႐ႊန္း က အဆင္သင့္ျပင္ဆင္ထားၿပီး ျဖစ္
ေသာ ကိုယ့္ကိုကိုယ္ ေသခ်ာေအာင္ ျပန္စစ္တဲ့
အေနႏွင့္ ကိုယ္လုံးေပၚမွန္ထဲ တစ္ခ်က္ျပန္ေဝွ႕
ၾကည့္လိုက္သည္။

ဖဲျပားေလးေတြနဲ႕ အျပာႏုေရာင္ ရွပ္အက်ီ
ပြပြေလးရယ္ ဂ်င္းစကပ္အျပာေလးကို ရႈး
ဖိနပ္အျဖဴေလးနဲ႕တြဲစီးထားတာမို႔ မိမိ ရွိရင္းစြဲ
အသက္ထက္ သုံးႏွစ္ေလာက္ပိုငယ္သြားသည္
ဟု ေတြးမိၿပီး မွန္ထဲကကိုယ့္ပုံရိပ္ကို ျပန္ၾကည့္
ကာ ေက်ေက်နပ္နပ္ႀကီးတစ္ခ်က္ၿပဳံးလိုက္ သည္။

ထို႔ေနာက္ မေန႕ကမွ ပုံစံအသစ္ေျပာင္းထားခဲ့
ေသာ ဝဲဝဲေလးက်ေနတဲ့ မေဟာ္ဂနီေရာင္ ပခုံး
ေက်ာ္ဆံပင္ေလးကို လက္ကေလးနဲ႕ ျဖတ္ခနဲ
ခါထုတ္လိုက္ကာ မွန္ေရွ႕ကေန ယုံၾကည္မႈရွိရွိနဲ႕
ထြက္လာခဲ့သည္။

"မမေလး အစကေတာ့ေဘာ့စ္က ေကာ္ဖီဆိုင္က
ေစာင့္ခိုင္းတာ အခုေလးတင္ ေဘာ့စ္ရဲ႕အတြင္း
ေရးမႉးက ဖုန္းဆက္လာတယ္ ေကာ္ဖီဆိုင္မဝင္ပဲ
႐ုံးကို တန္းလာခဲ့ပါတဲ့ ေဘာ့စ္ Meeting မၿပီး
ေသးလို႔တဲ့ ၿပီးမွ ေဘာ့စ္နဲ႕အတူသြားမယ္တဲ့ "

ကားေပၚကို ေရာက္ေရာက္ခ်င္းမွာပင္ Driver
၏ ရွည္လ်ားေထြျပားေသာ ေျဖရွင္းခ်က္ကို
နားေထာင္လိုက္ရသည္။ ထို႔ေနာက္က ႐ႊန္း႐ႊန္း
က ေခါင္းၿငိမ့္ျပလိုက္ကာ

" ရပါတယ္ အဲတာဆို ႐ုံးကိုပဲအရင္သြားလိုက္ေလ"

ဟုေျပာလိုက္လ်က္ၿငိမ္သက္စြာပဲလိုက္လာခဲ့သည္။

" မေမလး ေရာက္ၿပီ "

ဒါရိုင္ဘာကေျပာလိုက္မွ ကားစီးလိုက္ရတဲ့
အခ်ိန္ေမွးခနဲ အိပ္ေပ်ာ္သြားတဲ့ ကိုယ့္ဘာသာ
ျပန္အသိဝင္လာကာ ဆတ္ခနဲ နိုးလာသည္။
ထို႔ေနာက္ ကားေပၚက ေစြ႕ခနဲ ဆင္းလာကာ
ထူးထက္ေခါင္၏ Company ဆိုတာႀကီးကို
ေမာ့ၾကည့္လိုက္သည္။

" woww ...ေတာ္ေတာ္ ခ်မ္းသာတဲ့လူပဲ "

လက္ရာဒီဇိုင္းဆန္းသစ္လွတဲ့ အေဆာက္အအုံ
ႀကီးကို တေမ့တေမာ ေငးအၿပီးမွာေတာ့
အတြင္းပိုင္းသို႔ ဝင္လာလိုက္သည္။

"ေၾသာ္ မမေလး ေတာင္ေရာက္ၿပီပဲ ေဘာ့စ္က Meeting လုပ္ေနလို႔ ေဘာ့စ္ ႐ုံးခန္းထဲက ခဏထိုင္ေစာင့္ေပးပါေနာ္ "

အတြင္းပိုင္းသို႔ေရာက္ေရာက္ခ်င္း Receptions
ကေကာင္မေလးက အၿပဳံးခ်ိဴခ်ိဴ ေလးနဲ႕ ႏႈတ္
ဆက္သည္မို႔ ႐ႊန္း႐ႊန္း တစ္ေယာက္ ဆက္ဆံေရး
ေကာင္းလွတဲ့ဝန္ထမ္းေတြေၾကာင့္ ေက်နပ္သြားရသည္။

ထို႔ေနာက္ အဲ့ေကာင္မေလးကိုပဲ ထူးထက္ေခါင္
၏႐ုံးခန္းရွိတဲ့ေနရာကို ေမးလိုက္ၿပီး ကိုယ့္ဘာ
သာကိုယ္ပဲ လာခဲ့လိုက္သည္။ လာသည့္ လမ္း
တစ္ေလွ်ာက္မွာလည္း အစိမ္းေရာင္အပင္ေလး
ေတြစနစ္စက် စိုက္ပ်ိဴးထားသည္ကို ၾကည့္ရင္း ထူးထက္ေခါင္၏စိတ္ကူးကိုမခ်ီးက်ဴးပဲမေနနိုင္
ျဖစ္လာရသည္။

ထူးထက္ေခါင္၏ သီးသန႔္ CEO ႐ုံးခန္းကို
ေရာက္သြားေသာအခါမွာေတာ့ တခမ္းတနားနဲ႕
ထည္ဝါလြန္းလွသည္ေသာ ႐ုံးခန္းႀကီးကို ၾကည့္
ၿပီး ႐ႊန္း႐ႊန္းတစ္ေယာက္ပါးစပ္ပင္မေစ့နိုင္ေတာ့။

ဒီလိုဆိုေတာ့လည္း ေမေမတို႔ေ႐ြးထားတာမဆိုပါဖူး.....အနံႀကီးကြင္းက်ယ္ဆိုေပမဲ့ ပစၥည္းကေလးေတြထားတာ သပ္သပ္ရပ္ရပ္ ဆိုေတာ့ စည္းကမ္းေတာ့ရွိမယ့္ပုံ ။ တစ္ခုပဲ အဘိုးႀကီးပုံေပါက္ေနတာေလး တစ္ခုပဲ ။

သူ႕သာ ငါႀကိဳက္တဲ့ စတိုင္ေလးဆိုပြဲသိမ္းၿပီ။
ေလယာဥ္ေပၚမွာ ေတြ႕ခဲ့တဲ့ ပိုးဟတ္ျဖဴလို
ကေလးေလး ဆိုရင္ေတာ့ ငါေသေပ်ာ္မွာ..။

အေမလး ေတြးေနရင္းကေလးကိုေတာင္လြမ္းလာသလို... ။ ဖုန္းနံပါတ္ေလး ျဖစ္ျဖစ္ေတာင္းခဲ့ရမွာကိုကြာ ။

႐ႊန္း႐ႊန္းသည္ ထူးထက္ေခါင္၏ ေနရာတြင္ေလယာဥ္ေပၚမွာေတြ႕ခဲ့တဲ့ စိုင္းစင္ေခးဆိုင္ ဆိုေသာ ရွမ္းကေလးကို အစားထိုးထည့္ၾကည့္ရင္း အားမလိုအားမရနဲ႕ ရင္ထဲမွာတႏုံႏုံ႕ ျဖစ္လာေလသည္။

တစ္ခုခုေတာ့ လုပ္မွျဖစ္ေတာ့မယ္

စိုင္းစင္ေခးဆိုင္ ဆိုတဲ့ ပိုးဟတ္ျဖဴေလးကို
ေတြ႕ေအာင္ရွာရင္ရွာ ။

မရွာရင္ေတာ့ ဟိုလူႀကီးကို ပိုးဟပ္ျဖဴ ေလးလိုဂ်ပန္စတိုင္ေလး ေျပာင္းေပး႐ုံပဲ ။ ဟင္းဟင္း

႐ႊန္း႐ႊန္းသည္ ကိုယ့္အေတြးနဲ႕ကိုယ္ ျမန္မာကားထဲက ဗီလိန္ဇာတ္ေကာင္ေတြလို ႏႈတ္ခမ္းႀကီး႐ြဲ႕ၿပီး ႀကိတ္ၿပဳံးလိုက္ေလေတာ့သည္။

~~~~~~~~~~~~

အစည္းအေဝး ခန္းမထဲတြင္ ထူးထက္ေခါင္
တစ္ေယာက္ နာရီတၾကည့္ၾကည့္ ျဖစ္ေနေသည္။

ဒီေန႕က ဒါရိုက္တာေတြ ရွယ္ယာရွင္ေတြနဲ႕
အေရးေပၚ အစည္းအေဝးမို႔သာ။ မဟုတ္လွ်င္
သူ ဖ်က္လိုက္မိမွာပင္။

အစည္းအေဝးခန္းမ၏ စားပြဲအလယ္ေခါင္တည့္တည့္တြင္ ေနရာယူထားၿပီး ဗ်ာမ်ားေနတဲ့ သူ႕ကိုၾကည္ၿပီး ေသာ္တာက ရိပ္မိသလို သူ႕စကားအမွားေတြကို ဝင္ဝင္ဖာေပးေနလို႔သာ ႐ုပ္မပ်က္လွတာပင္..။

မေန႕ကတည္းက တစ္ညလုံးနဖူးေပၚလက္တင္
စဥ္းစားခဲ့ၿပီးေနာက္ ထြက္လာတဲ့ အေျဖက
ညီ့ကို ဝန္ခံခိုင္းဖို႔ တစ္ခုတည္း။

သူ႕မ်က္စိေရွ႕တြင္ ညီ ကိုယ္တိုင္ဝန္ခံလာတဲ့
အခါက်မွ သူ႕ကို ဘာလို႔လိမ္ခဲ့ရတာလဲဆိုတာ
တည့္တည့္ၾကည့္ၿပီး ေမးလိုက္ဖို႔ ဆုံးျဖတ္ထားတာပင္။

ၿပီးေတာ့ ႐ႊန္းျမတ္နိုးပိုင္ ဆိုတဲ့ မိန္းကေလး ။
ထူးထက္ေခါင္ဆိုတဲ့ လူတစ္ေယာက္ကို လြယ္
လြယ္ကစားခဲ့တဲ့အတြက္ ထိုက္သင့္တဲ့ျပစ္ဒဏ္
ကိုေတာ့ခံရသင့္သည္ေလ ။

" ေဖ်ာင္း.... ေဖ်ာင္း.......ေဖ်ာင္း...... "

လက္ခုပ္သံေတြစီစီညံေအာင္ ထြက္လာေတာ့မွ
အစည္းအေဝးၿပီးစီးေၾကာင္းရိပ္မိၿပီး က်န္တဲ့ Company အဖြဲ႕ဝင္ ဒါရိုက္တာေတြ ရွယ္ယာ
ရွင္ေတြကို ထၿပီး ႏႈတ္ဆက္ၿပဳံးျပရသည္။
အကုန္ထြက္သြားေတာ့မွ ေသာ္တာ့ကို ခပ္က်ိတ္
က်ိတ္ ေခၚလိုက္ရင္း

"ေသာ္တာ ကိုယ္အရင္သြားႏွင့္ၿပီ အစည္းအေဝးမွတ္တမ္းေတြယူၿပီး ေနာက္က လိုက္ခဲ့လိုက္ေတာ့"

ဟု ခပ္သြက္သြက္မွာၾကားလ်က္ မိမိရဲ႕ CEO
႐ုံးခန္းသို႔ ေျခလွမ္းက်ဲႀကီးမ်ားႏွင့္ထြက္လာခဲ့သည္။ဒီအခ်ိန္ဆိုဟိုမိန္းကေလး ပုံစံဟန္ေဆာင္ထားမယ့္ ညီလည္းေရာက္ေနေလာက္ၿပီေလ။

ထူးထက္ေခါင္ ႐ုံးခန္းတခါးကို ခပ္တိုးတိုး
တြန္းဖြင့္လိုက္ရင္း တိုးတိတ္ေသာေျခလွမ္းမ်ားျဖင့္ ဝင္လာခဲ့သည္။

ေတြ႕ပါၿပီ။ သူ႕ Company က ရခဲ့တဲ့ ဆုေတြတင္ထားတဲ့ စင္မွာ ေထာင္ထားတဲ့ ဆုေတြကို
တအံ့တၾသ ကိုင္ၾကည့္ေနတဲ့ မိန္းကေလး။
ဂ်င္းစကတ္အတိုဝဲဝဲေလးနဲ႕ ဆံပင္ပုံစံေတြပါ
ေျပာင္းထားတာမို႔ ထူးထက္ေခါင္က ထိုမိန္းကေလး၏ ေနာက္ေက်ာပုံရိပ္ကို မ်က္ေမွာင္တြန႔္ၾကည့္လိုက္သည္။

ညီ... တစ္ခါမွ ဒီလို စကပ္မ်ိဴး မဝတ္ဖူးပါဖူး
ေျခသလုံးေလးေတြက မိန္းကေလးအစစ္လိုပဲလွလိုက္တာ ။ ဆံပင္အတုကလည္း ပုံစံေျပာင္းလာေသး။

ထူးထက္ေခါင္သည္ ထို မိန္းကေလး၏ ေနာက္
ေက်ာဘက္ကို တစိမ့္စိမ့္ စိုက္ၾကည့္ေနကာ ကြၽန္ေတာ္ဟာ ညီပါ လို႔ သူကိုယ္တိုင္ ဝန္ခံလာေအာင္ ဘယ္လိုလုပ္ရမလဲဟု အႀကံထုတ္ရင္းေတြးေတာေနမိသည္။

ထို႔ေနာက္ သြက္လက္ခ်က္ခ်ာလွေသာ မိမိ၏ ေ႐ႊဦးႏွောက္တြင္ လွစ္ခနဲဆိုသလို အႀကံတစ္ခုဝင္လာကာ ထိုမိန္းကေလးအနားသို႔ အျမန္တိုးသြားလ်က္ ဆံပင္တုႀကီးကိုဆြဲျဖဳတ္ပစ္လိုက္ရန္ ျပင္လိုက္သည္။

ေျခလွမ္းက်ဲႀကီးမ်ားႏွင့္ ထိုမိန္းကေလး၏အနားသို႔ကပ္သြားၿပီး မေဟာ္ဂနီေရာင္ ဆံပင္တုႀကီးကိုေဆာင့္ဆြဲလိုက္ေသာ္လည္း ကိုယ္ထင္သလို ကြၽတ္မပါလာပဲ မိန္းကေလး၏ခႏၶာကိုယ္တစ္ခုလုံးက ဆံပင္ေဆာင့္ဆြဲခံလိုက္ရတာေၾကာင့္ သူ႕ဘက္ကို ယိုင္က်လာၿပီး တစ္ပတ္လည္သြားသည္။

႐ႊန္း႐ႊန္းသည္ ဆုတံဆိပ္ေတြကို သေဘာတက် ေငးေနရင္းမွ ႐ုတ္တရက္ေနာက္ေက်ာဘက္က ေန ကိုယ္ဆံပင္ေတြကို အားႀကီးနဲ႕ေဆာင့္ဆြဲခံလိုက္ရတာမို႔ အေနာက္သို႔ ယိုင္သြားကာ ကိုယ္ က တစ္ပတ္လည္သြားသည္။ ထို႔ေနာက္ ကိုယ့္ဆံပင္ကို ပယ္ပယ္နယ္နယ္ လာဆြဲေနေသာ ထူးထက္ေခါင္ ဆိုေသာ လူႀကီးကို ေတြ႕လိုက္ရ တာမို႔ မ်က္ႏွာႀကီးက နီရဲလာကာ ေဒါသေတြက တလိပ္လိပ္တတ္လာေလသည္။



"အား...... ေဟ့လူႀကီး ရွင္ဘာလုပ္ေနတာလဲ
႐ူးေနတာလား "

႐ႊန္း႐ႊန္းသည္ မ်က္ႏွာခ်င္းဆိုင္မွာ ရွိေနေသာ ထူးထက္ေခါင္ဆိုေသာ လူႀကီးကို မ်က္ေထာင့္နီႀကီးနဲ႕ ၾကည့္လ်က္ ကုန္းေအာ္လိုက္ကာ ေသခ်ာပုံသြင္းဖီးသင္ထားပုံရေသာ သူ႕ရဲ႕ဆံပင္တိုတို ေထာင္ေထာင္ေတြကိုပါ မမွီတမွီနဲ႕ လွမ္းဆြဲလိုက္ေလသည္။

"ေဟ့.... မင္း ဘာလို႔ ငါ့ဆံပင္ေတြ လာဆြဲေနတာလဲ အခုလႊတ္စမ္း "

ထူးထက္ေခါင္ကလည္း ႐ႊန္း႐ႊန္း၏ ဆံပင္ကိုဆြဲထားကာ ႐ႊန္း႐ႊန္းကလည္းထူးထက္ေခါင္၏ဆံပင္ေတြကိုမမွီ့တမွီနဲ႕ ခုန္ဆြခုန္ဆြ ဆြဲေနတာမို႔ထူးထက္ေခါင္၏ခႏၶာကိုယ္ဟာလည္း ကုန္းကြကြႀကီး ျဖစ္ေနလ်က္ ၾကည့္ရသည္မွာ မုန႔္စားၿပိဳင္ပြဲတြင္ မုန႔္လုစားေနက်ေသာ ကေလးငယ္ႏွစ္ေယာက္သဖြယ္ရယ္စရာ ျဖစ္ေနေလသည္။

" ဟယ္..... ေဘာ့စ္ "

အဲဒီေနာက္မွာေတာ့ CEO ႐ုံးခန္းတခါးသည္
႐ုတ္တရက္ ပြင့္လာၿပီး အခန္းဝတြင္ေတာ့ သူတို႔ ႏွစ္ေယာက္ကိုသရဲျမင္သလို ျပဴးေၾကာင္ၾကည့္ေနေသာ ေသာ္တာတစ္ေယာက္ ေက်ာက္႐ုပ္ႀကီးလို ငူငူႀကီး ရပ္ေနတာကို ေတြ႕လိုက္ရေလေတာ့သည္။

~~~~~~~~~~~~~

Continue Reading

You'll Also Like

8.3K 436 58
ဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......
287K 23.1K 26
တတိယ fic.. Cover song ဆိုရတာဝါသနာပါတဲ့Model လေးတစ်ယောက်နဲ့ Hotel ပိုင်ရှင် CEO လေးရဲ့ ချစ်ဇာတ်လမ်း... ဆံပင်ခွေခွေလေးတွေရော..အဲ့ဒီကြွတ်မြှီးလေးရော...က...
179K 13.5K 47
အထပ္ထပ္ ရစ္ပတ္ေႏွာင္ဖြဲ႕၍ ျမတ္ႏိုးျခင္းမည္ေသာ ေမတၱာတရားတို႔အား ႏွလုံးသားတြင္း သန္႔ရွင္းစြာ တည္ရွိေစ .....။ အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့၍ မြတ်နိုးခြင်းမ...
465 89 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️