အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...

By Arr_Sheng

1.7M 185K 35.4K

This story book presented by Zawgyi & UNICODE. #Zawgyi ေသမိန္႔က်ၿပီး လူတစ္ေယာက္၏ ေနာက္ဆုံးဆႏၵ #UNICODE သေမိန့... More

Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng

EP-36

22.3K 3K 896
By Arr_Sheng

အတိတ္တစ္ခု၏ေျခရာကို ျပန္ေကာက္ယူေသာ္ .....

"မင္းက ၿဂိဳလ္ဆိုး၊ မင္းကိုေမြးတဲ့ မင္းအေမ မီးတြင္းထဲ ေသရတယ္၊ မင္းဘ၀တစ္ေလွ်ာက္လုံးလည္း ငါ့ကို မေသ႐ုံ ဒုကၡေပးတယ္၊ ေမြးလာဖို႔မေကာင္းတဲ့ ေကာင္"

ဒီအခန္းေ႐ွ ႔မေရာက္ခင္တည္းက မၾကားသာမနာသာ ၾကမ္းၾကမ္းတမ္းတမ္း စကားေတြကို ဆီး၍ၾကားေနရသည္။

ႏွာ၀၊ လက္ေကာက္၀တ္မွာ ေဆးပိုက္ေတြ သြယ္တန္းလ်က္ ကုတင္ထက္ ေမ်ာ့ေမ်ာ့ေလးလဲွေလ်ာင္းေနေသာ ေကာင္ေလးကို ေအာ္ဟစ္ဆူပူေနေသာ ဦးေလးႀကီးအား ပုိင္ေဇ အခန္း၀ေ႐ွ ႔ေရာက္ေသာ္ ေတြ႔လိုက္ရသည္။

"မိုးဥာဏ္"

အေဖ့ေခၚသံၾကားေတာ့ ထုိဦးေလးႀကီးက ျပာျပာသလဲ အေဖ့အနားေရာက္လာသည္။ အေဖက ပတ္၀န္းက်င္ကို အကဲခတ္ကာ အခန္းထဲ ခပ္သြက္သြက္၀င္သည္။

ပိုင္ေဇမ်က္လုံးက ကုတင္ထက္မွာ အသံမထြက္ မ်က္လုံးဖြင့္ထားေသာ္လည္း မ်က္ဆန္​လႈပ္​႐ွားမႈ ႔မ႐ွိ၊ မ်က္ရည္စီးေၾကာင္းေတြ တသြင္သြင္ စီးက်လ်က္၊ ႏွာ၀မွာ ေဆးပိုက္ထိုးသြင္းကာ ပါးစပ္ကေလးဟ အသက္႐ႈေနေသာ ေကာင္ေလးငယ္ငယ္ကို သနားစိတ္နဲ႔ ၾကည့္ေနသည္။

သူေဌးႀကီးဦးပုိင္အာဏာက စကၠဴနဲ႔ပတ္ထုတ္ထားေသာ ေငြထုတ္ကို ၾကမ္းျပင္ေပၚ ပစ္ေပးကာ

"မင္းသားကိုေခၚၿပီး ဒီၿမိဳ  ႔က အေ၀းဆုံးကို ထြက္သြားေတာ့၊ မင္းတို႔သားအဖ ငါတို႔ မိသားစု​ေ႐ွ ႔ ထပ္ ေပၚမလာနဲ႔"

မိုးဥာဏ္ ဒူးစုံေထာက္သည္။ သူေဌးႀကီးဦးပုိင္အာဏာ၏ ေျခေထာက္ကို ဖက္ကုိင္ကာ

"မသြားႏုိင္ပါဘူး သူေဌးႀကီး၊ အမွားလုပ္ခဲ့တာ သူေလ ... ကၽြန္ေတာ္က သူ႔အတြက္နဲ႔ သူေဌးႀကီးအနားက ထြက္သြားရမွာတဲ့လား ... မထိုက္တန္ပါဘူး၊ ကၽြန္ေတာ္ သူ႔ကိုသာ စြန္႔ပစ္ႏိုင္မယ္၊ သူေဌးႀကီးအနားက လုံး၀ မထြက္သြားႏုိင္ဘူး"

ဘုရားသခင္! ဒါဖခင္တစ္ေယာက္က သားကို ေျပာေသာစကား။ ဒီလို ဖခင္မ်ိဴးလည္း ႐ွိပါေသးရဲ ႔လား။

ဟိုကေလးက မ်က္လုံးမ်က္စံသာ လႈပ္႐ွားမႈ ႔မ႐ွိတာ ေျပာသမွ် အကုန္ ၾကားေနသည္ဆိုတာ ေခါင္းအုံးထဲ စိမ့္၀င္သြားသည့္ အဆက္မျပတ္ ယိုစီးလာေသာ မ်က္ရည္စီးေၾကာင္းေတြက သက္ေသ။ 

"မိုးဥာဏ္ ... ဒါမင္း,သားေလ၊ အခု ငါ့သားလည္း ေသမလိုျဖစ္ေနတယ္၊ မင္း,သားနဲ႔ငါ့သားကို လုံး၀ေပးေတြ႔လို႔မရေတာ့ဘူး၊ ငါလည္း င့ါသားစိတ္ေၾကာင့္ ႐ူးေတာ့မယ္"

"အဲ့ဒါ ဒီေကာင္ေၾကာင့္မဟုတ္လား၊ သူေဌးႀကီးစီရင္ရမွာ ဒီေကာင့္ကိုပဲ၊ သူေဌးႀကီး ဒီေကာင့္ကို သတ္ပစ္မလား .. သတ္ပစ္၊ ရတယ္ ... ကၽြန္ေတာ္ ဒီ့ေကာင္ေပၚမွာ ဘာသံေယာဇဥ္မွ မ႐ွိဘူး၊ ကၽြန္ေတာ္နဲ႔ဒီေကာင္ ဘာမွမဆုိင္ဘူး၊ ဒီေကာင့္ကို သူေဌးႀကီး ဘယ္လိုလုပ္လုပ္ ရတယ္၊ ကၽြန္ေတာ့္ကိုသာ မႏွင္ပါနဲ႔ သူေဌးႀကီးရယ္"

ဖခင္တစ္ေယာက္၏ သားကို ေ႐ွ ႔ေမွာက္ထား ေျပာေသာ ဓါးမဲ့စကားေတြက ႐ွနာစြာ ရက္စက္လြန္းေသာေၾကာင့္ ပုိင္ေဇ ရပ္မေနႏုိင္ေတာ့ဘဲ ကုတင္ေပၚက လဲေလ်ာင္းေနေသာ ကေလးငယ္ကို ရင္ခြင္ထဲ ေျပးထည့္လိုက္သည္။

နားထင္အထိ စီးက်ေနေသာ ကေလးငယ္၏ မ်က္ရည္ေတြကို လက္ဖမိုးနဲ႔သုတ္ဖယ္ေပးကာ နားႏွစ္ဖက္ကို အုပ္ကြယ္ေပးထားသည္။

ဒီ့ထက္ပုိၿပီး ဒီကေလးကို မရက္စက္သင့္ေတာ့ဘူးေလ ...

ရင္ခြင္ထဲမွာ တသိမ့္သိမ့္တုန္ ႐ႈိက္ေနသာ ကေလးငယ္က အူလႈိက္သည္းလႈိက္ ၀မ္းပန္းတနည္း ငိုေၾကြးေနသည္။

ေနာက္ဆုံးမွာ အေဖက သားျဖစ္သူပုိင္စီးအတြက္ ဦးေလးမိုးဥာဏ္ကို စြန္႔ပစ္ခဲ့ပါသည္။ ထုိ႔ေၾကာင့္ပဲ ဦးေလးမိုးဥာဏ္က သူ႔သားအရင္းအေပၚ ပုိမုန္းတီးနာၾကည္းခဲ့သည္။

ဒီကေလးငယ္ကို သတ္မယ္တကဲကဲလုပ္ေနလို႔ ဦးေလးမုိးဥာဏ္ကို ေဆး႐ုံအခန္းထဲ ၀င္ခြင့္ မေပးခဲ့ေတာ့ပါ။ 

ထိုင္ေတာင္မထုိင္ႏုိင္ ကုတင္ေပၚ ပက္လက္ လဲေလ်ာငး္လ်က္ ကေလးငယ္၏ မ်က္လုံးေတြမွာ ၀မ္းနည္းနာက်င္မႈ ႔အျပည့္၊ စကားတစ္ခြန္းမဆိုေလဘဲ မ်က္ရည္မစဲႏိုင္ ႀကိတ္ငိုေနတတ္သည္။

ကုတင္ေဘးမွာ ထိကိုမထိ အေငြ႔မဲ့ေနေသာ ေအးစက္စက္ ဆန္ျပဳတ္ပန္းကန္လုံးေလးက ကေလးငယ္၏ ဥေပကၡာျပဳျခင္းကိုခံထားရသည္။

မေန႔တစ္ေန႔ကမွ စြန္ကိုေလထဲမွာလြင့္ ၿခံထဲ ေျပးလႊားေဆာ့ကစားေနေသာ ၀၀ကစ္ကစ္ ကေလးငယ္ေလးက ညီငယ္ေၾကာင့္ အခုေတာ့ ေဆး႐ုံကုတင္ထက္ စိတ္ ခႏၶာ မွာ ဒဏ္ရာေတြခ်ည္း။ ဒီၾကားထဲ အေဖျဖစ္သူ၏ အမုန္းကုိပါ ခံေနရေသာ ကေလးငယ္၏ အကူအကယ္မဲ့ အျဖစ္မွာ သူ ဘယ္လို ႏွစ္သိမ့္အားေပးရပါ့မလဲ။

ပုိင္ေဇ ဆို႔နင္လာေသာ သနားစိတ္တုိ႔ကို ေလးတြဲစြာ သက္ျပင္းခ်ၿပီး ကုတင္ေဘးမွာ ထုိင္လိုက္သည္။

"ဆန္ျပဳတ္ကေလး စားလိုက္ပါဦး ကေလးငယ္"

ကေလးငယ္က ဆန္ျပဳတ္ပန္းကန္အျပင္ သူ႔ကိုပါ ဥေပကၡာျပဳထားသည္။

"အသက္ဆက္႐ွင္ရမယ္ေလ၊ အသက္႐ွင္ေနမွ ေတြ႔ခ်င္ေနတဲ့လူကုိ ေတြ႔လို႔ရမွာေပါ့၊ ေတြ႔ခ်င္ေနတဲ့လူအတြက္ပဲ ျဖစ္ျဖစ္ ဒီဆန္ျပဳတ္ကို စားလိုက္ပါ"

ေနျခည္ႏုႏု ျဖာက်ေနေသာ ျပတင္းေပါက္ကို ေငးၾကည့္ေနရာက ပုိင္ေဇ့ကို လည္ေစာင္းငဲ့ၾကည့္လာသည္။

သူသိတာေပါ့ ... ဒီကေလး ဘယ္သူ႔ကို ေမွ်ာ္ေနသလဲ၊ ဘယ္သူ႔ကို ေတြ႔ခ်င္ေနသလဲ။

"ပုိင္စီးကို ေတြ႔ႏိုင္ဖို႔ မင္း အသက္႐ွင္ေနမွ ျဖစ္မွာေပါ့"

ကေလးငယ္၏ မ်က္ဇာက္ခုံမွ ႀကဳိးပ်က္က်ေသာ မ်က္ရည္ၾကည္လုံး။

ဒီကေလးႏွင့္သူ အရင့္အရင္က တစ္ခါမွ အဆက္အဆံ စကားမေျပာဖူးပါ။ သုိ႔ေသာ္ ညီငယ္ႏွင့္ေတာ့ ဒီကေလးက သူငယ္ခ်ငး္ျဖစ္ေနသည္။ ညီငယ္က ဒီကေလးကို အလိုလုိက္လြန္းေတာ့ ကေလးစိတ္အရ ပိုင္စီးကို တြယ္တာလြန္းသည္။

ကေလးဆိုတာ လက္သာယာမွာ ေပ်ာ္ျမဴးတတ္ၾကသည္။ နာက်င္စရာေတြပဲ ေပးေပး သူတို႔ ေပ်ာ္႐ႊင္ခဲ့ရေသာ လူကိုသာ ေတာင့္တတတ္ၾကသည္။ ညီငယ္က ဒီကေလးအေပၚ အႏုိင္က်င့္ဖ်က္စီးခဲ့ေပမဲ့ ကေလးဆိုတာ ဘာသိမွာတုန္း။ အခုလည္း အနီးကပ္အတူ ရင္းႏွီးခဲ့ဖူးေသာ ပိုင္စီးကိုပဲ ေမွ်ာ္လင့္ေနေပလိမ့္မည္။

႐ုပ္ေသႀကီးလို ေနေနရာက အနည္းငယ္ စိတ္လႈပ္႐ွားမႈ ႔ ႐ွိလာေတာ့ ပုိင္ေဇစကားဆက္လိုက္သည္။

"မင္းနာမည္ ဖိုး၀လုံး မလား၊ မင္းက နာမည္နဲ႔လိုက္ေအာင္ ၀လုံးေလးလို ၀၀လုံးလုံးေလးနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ ညီေလးပဲ၊ အစ္ကိုက ၀လုံးကေလးလို႔ ေခၚမယ္ေနာ္၊ ၀လုံးကေလး ျပန္က်န္းမာလာတဲ့အထိ အစ္ကို မင္းကို ျပဳစုေစာင့္ေ႐ွာက္မယ္"

ဒါက ညီငယ္၏ အျပစ္ကို အစ္ကုိျဖစ္သူအေနနဲ႔ ျပန္လည္ ေပးဆပ္ျခင္း။ အျပစ္မေက်ႏုိင္ေပမဲ့ ဒီအခ်ိန္မွာ သူတတ္ႏုိင္တာ ဒါပဲ ႐ွိသည္။

"အစ္ကုိ ဘယ္သူလဲ ၀လုံးကေလး သိတယ္မလား၊ အစ္ကိုက ပိုင္စီးရဲ ႔အစ္ကိုပဲ၊ ကေလးငယ္သာ ဒီဆန္ျပဳတ္ေတြ ကုန္ေအာင္ စားႏိုင္ရင္ အစ္ကို႔စကားကုိသာ နားေထာင္ရင္ အစ္ကိုက ပုိင္စီးဆီလိုက္ပုိ႔ေပးမယ္၊ ပိုင္စီးကို ေတြ႔ခ်င္ေနတယ္မလား"

ကေလးငယ္၏ လက္ေခ်ာင္းေလးေတြ လႈပ္လာသည္။ လက္ေျမွာက္ရန္ အားထုတ္ေနလိမ့္မည္။ သို႔ေသာ္ အ႐ြယ္ႏွင့္မွ မလိုက္ သြယ္တန္းခ်ိတ္ဆက္ထားေသာ ေဆးပုိက္ေတြေၾကာင့္ လက္ကမေျမာက္လာ။ ပုိင္ေဇက ဆန္ျပဳၽတ္ကို ဇြန္းနဲ႔ခတ္ၿပီး ႏႈတ္ခမ္းနားေတ့ေပးေတာ့ ခပ္ဟဟဖြင့္လာသည့္ ႏႈတ္ခမ္းေလး။

ကေလးငယ္ ေမွ်ာ္လင့္ေနေသာပုိင္စီးႏွင့္ မွ်ားကာ မတည္ႏုိင္ေသာ ကတိေတြကို မက္လုံးေပးၿပီး ဒီကေလးျပန္လည္ ထူေထာင္က်န္းမာလာဖို႔ ေခ်ာ့ျမဴခဲ့သည္။

ဒီၿမိဳ  ႔က မထြက္သြားခင္ ဒီကေလးျပန္က်န္းမာလာေစခ်င္သည္။ အနည္းဆုံး ကိုယ္က်န္းမာမွ ဒီကေလး ေလာကဓံကို ရင္ဆုိင္ႏုိင္မွာ။ ဘာမွ မသိတဲ့ကေလးငယ္ကို ရပ္တည္ႏုိင္ဖို႔ ေလာကဓံက သင္ၾကားသြားလိမ့္မည္။

ဘယ္သူမွ အလုိမ႐ွိသည့္ ဒီကေလးကို သူမွ လက္မကမ္းရင္ ဒီကေလး ေျမာလြင့္သြား႐ုံသာ။ ကေလးမွာ ဘာအျပစ္႐ွိမွာလဲ။ မေန႔တေန႔ကေတာင္ အိမ္႐ွင္ေတြ၏ ဒိတ္ကုန္ေနေသာ မုန္႔ထုတ္ေတြကို ပစ္လို႔ စားခြင့္ရသည့္ အျဖစ္မွာ ေပ်ာ္ျမဴးထူးေနသည့္ကေလး။

ေနာက္တစ္ေန႔မွာ သူဘာလုပ္ခံရလဲေတာင္ မသိသည့္ ကေလးငယ္က အိပ္ရာေပၚလဲကာ အခုေတာ့ ဖေအက သတ္မယ္တကဲကဲ၊ ဒဏ္ရာေတြ အျပည့္ ခႏၶာကိုယ္နဲ႔ ေျပးခ်င္တုိင္းေျပးလို႔မရ၊ ကစားခ်င္တုိင္း ကစားလို႔မရ။ ကုတင္ထက္ လွဲေလ်ာင္းေနရသည္။

တကယ္အျပစ္႐ွိဖ်က္စီးခဲ့တာ ညီငယ္ေလ။ သုိ႔ေသာ္ ေျမနိမ့္ရာလွံစိုက္ ... ညီငယ္ကို ကယ္တင္ႏုိင္ဖို႔ အားလုံးက ဒီကေလးကို ထုိးသတ္ေနၾကသည္။ ျမင္ေနပါလ်က္နဲ႔ ပိုင္ေဇ မ်က္ကြယ္မျပဳႏုိင္ပါ။ ဒီကေလးကို ပိုင္ေဇ ထူေထာင္ေပးမည္။ ေနာက္ပိုင္းကိစၥကေတာ့ သတၱ၀ါတစ္ခု ကံတစ္ခုေပါ့ ...

<<<

"ငယ္ငယ္ကလို ဒါေလး ကုန္ေအာင္ စားပါ၊ ဒါေလး ၿပီးေအာင္ လုပ္ပါ၊ ၿပီးရင္ ပိုင့္ဆီလိုက္ပို႔ေပးမယ္ ... အစ္ကုိ႔ရဲ ႔ မုသားေတြကို ယံုၿပီး အစ္ကိုခိုင္းသမွ် မလိုက္နာႏိုင္ေတာ့ဘူး"

"မျဖစ္ႏိုင္ဘူး ထင္ခဲ့ေပမ့ဲ တကယ္ ၀လုံးကေလးျဖစ္ေနတာကိုး၊ ဘာလို႔ ျပန္လာခဲ့တာလဲ"

"ဖခင္စိတ္မ႐ွိတဲ့ အေဖလက္ထဲမွာ ဘယ္လိုေက်ာ္ျဖတ္ခဲ့လဲ မေမးပါဘဲ ဘာလို႔ျပန္လာခဲ့လဲလို႔ ေမးတဲ့ အစ္ကိုက အခုမွ ပြင့္လင္းလာတာပဲ"

"ဘယ္လို"

"သူမ်ားကိုေတြးေပးသလိုလိုနဲ႔ ေနာက္ဆုံး အစ္ကို႔မိသားစုဘက္ကပဲ ရပ္တည္သြားတာ၊ သူေတာ္ေကာင္းေယာင္ေဆာင္ၿပီး ယုံတမ္းပုံျပင္ေတြ ေျပာ ေမွ်ာ္လင့္ခ်က္ေတြေပး ေနာက္ဆုံးမွာ စြန္႔ပစ္ခဲ့တဲ့ အစ္ကို႔ကို မုန္းပါတယ္၊ အစ္ကို႔ကိုယုံၾကည္ခဲ့တာ အားကိုးခဲ့တာ၊ တို႔ဆက္႐ွင္သန္ခဲ့တာ အစ္ကို႔ေျပာတဲ့ ပုိင့္ဆီ ေခၚသြားေပးမယ္ဆိုတဲ့ စကားေတြေၾကာင့္၊ ေနာက္ဆုံးေတာ့ တို႔  ... သိပ္ေၾကာက္ပါတယ္ဆိုတဲ့ အေဖ့လက္ထဲ တို႔ကို ပစ္ခဲ့ၿပီး ထြက္ေျပးသြားတယ္"

ထိုင္ခုံေနရာက ထထြက္သြားေသာ Downအေနာက္ ပုိင္ေဇ လိုက္သြားသည္။

လူ႐ွင္းသည့္ ပန္းၿခံနားအေရာက္ Downေျခလွမ္းေတြ ရပ္တန္႔သြားသည္။

"အဲ့ကတည္းသာ ေပးေသခဲ့ရင္ အခုလို ဒုကၡေတြခံရမွာမဟုတ္ဘူး၊ အစ္ကုိကယ္တင္ခဲ့တဲ့ ၀လုံးက Minus Downအေနနဲ႔ ဘယ္ေလာက္ ဒုကၡေတြ ေရာက္ခ့ဲရလဲသိလား၊ ေန႔စဥ္ညဆက္ လူ႔ငရဲခံေနရတာ၊ ေသခ်င္တိုင္းလည္း မေသရ မေသခ်င္လည္း ေသရေတာ့မဲ့ ကံကို ဆက္ေစခဲ့တာ အစ္ကိုပဲ"

"ညီငယ္ ... သိလား၊ မင္းက ဦးမုိးဥာဏ္ရဲ ႔သားဆိုတာကို ညီငယ္သိလား"

Downပခုံးႏွစ္ဖက္ကို ကိုင္လႈပ္ရမ္းကာ ပိုင္ေဇ ေအာ္သည္။

"အခု တို႔ထက္ အစ္ကို႔ညီက ပိုအေရးႀကီးေနတာလား၊ အဟက္ ... အၿမဲတမ္း တို႔က ဘယ္သူတစ္ဦးတစ္ေယာက္ရဲ ႔ အေရးႀကီးေနရာကိုမွ မရခဲ့ပါဘူး၊ အစ္ကိုလည္း အဲ့တုန္းက အစ္ကို႔ညီေၾကာင့္ ကၽြန္ေတာ့္ကုိ ေဖးမခဲ့တာပဲ"

"ညီငယ္သာ မင္း ဦးမိုးဥာဏ္သားမွန္းသိရင္ ..."

"ေသခ်ာေပါက္ ဒီလိုဘယ္ပစ္ထားမလဲ၊ အရင္အျပစ္ေတြေၾကာင့္ သည္းသည္းလႈပ္ ဖူးဖူးမႈတ္ထားမွာေပါ့၊ ပုိင္ တို႔ကုိ အရင္တည္းက ဘယ္ေလာက္ ဂ႐ုစိုက္ခဲ့လဲ သိရဲ ႔သားနဲ႔"

"မင္း ဘာရည္႐ြယ္ခ်က္နဲ႔ ဒီကိုျပန္လာတာလဲ ငါမသိဘူး၊ ဒါေပမဲ့ ဘ၀သစ္မွာ အရာအားလုံးတည္ၿငိမ္ၿပီး ေနသားက်ေနတဲ့ ငါ့ညီကို မေျခာက္လွန္႔ပါနဲ႔၊ င့ါညီ သူ႔မိသားစုနဲ႔သူ႔ဘ၀ ေအးခ်မ္းေနပါေစေတာ့၊ မင္းဘာမွ ျပန္ေဖာ္စရာမလိုဘူး ... ငါမင္းကုိ ေစာင့္ၾကည့္ေနမယ္"

ပခုံးကုိ ခပ္ၾကမ္းၾကမ္း ကိုင္ေဆာင့္လႊတ္ကာ ပိုင္ေဇ ထြက္သြားသည္။

ေနရာမွာ မ်က္ရည္အ၀ဲသားက်န္ရစ္ခဲ့သူက Down။

သူ႔ဘက္မွာ ဘယ္သူမွ မ႐ွိခဲ့ဘူး

------------------

အလႈပဲြတြင္ ဧည့္ခံေနေသာ ပုိင္စီးကို မ်က္လုံးကၽြတ္က်မတတ္ Downၾကည့္ေနသည္။ ညကလည္း သူ႔မိန္းမအခန္းမွာပဲ အိပ္သည္။ Downကုိ လုံး၀လွည့္မၾကည့္။

မနက္က်ေတာ့လည္း အေစာႀကီး ႐ြာဘက္ကို ထြက္သြားၿပီတဲ့။ Downကို အသိမေပး မေခၚ။ ဒီေလာက္ ျဖစ္လွတာ အျမင္ကပ္တဲ့ ပုဒ္မနဲ႔ကို Downဘာသာ တစ္ေယာက္တည္း ကားေမာင္းၿပီး အလႈကို ေရာက္လာသည္။

ဒီေရာက္ေတာ့ ကိုယ့္ေပါင္ကိုလွန္ ဓါးနဲ႔ခြဲ ဆားသိပ္မိသကဲ့သို႔ ျဖစ္ရသည္။ အေရျပားသာ မကာထားလွ်င္ ဒီရင္က ေသြးစိမ္း႐ွင္႐ွင္ စိမ့္ထြက္ စီးအံက်လိမ့္မည္။ ျမင္ရ ေတြ႔ရတာေတြက အသဲကို တစ္ခ်က္ခ်င္း ေဆာက္ႏွင့္ထြင္းသကဲ့သို႔။

 မိသားစုလိုက္ မမႏိုင္ကအစ ပုိင္စီးအပါ ပိစိကေလးမႏွင့္အတူ ေယာကၡမျဖစ္သူပါ ဆင္တူ စိမ္းျပာေရာင္ ျမန္မာ၀တ္စုံေတြနဲ႔ ထင္းေနသည္။ ပိုင္စီးအနားမွာ ကပ္ေနေသာ မမႏုိင္ကို ျမင္ရတာ ဆြဲကုပ္ပစ္ခ်င္စရာ။ ရင္နာစရာျဖစ္ေသာ္လည္း ပုိင္စီးႏွင့္မမႏုိင္ကုိသာ Downတစ္ခ်က္မလြတ္ ၾကည့္ေနသည္။ 

ပိုင္စီး၏ တိုက္ပုံအက်ႌ ရင္ဘတ္ေပၚ မမႏိုင္က ပန္းကပ္ေပးတာ၊ မမႏုိင္၏ဆံထုံးေပၚ သဇင္ပန္းခတ္ကို ပုိင္စီးက ကလစ္ႏွင့္ တြယ္ေပးတာ ... အျခားလူေတြအျမင္မွာ ၾကည္ႏူးဖြယ္အတိ။

"ဟယ္ ... ဟုိမွာ ဦးပုိင္စီးတို႔လင္မယားႏွစ္ေယာက္ လိုက္ဖက္ညီလိုက္တာ၊ ျမင္ရတာ မ်က္စိေတာင္ က်ိန္းတယ္၊ သူတုိ႔က နာမည္ႀကီးေတြ၊ ဓာက္ပုံသြား႐ိုက္မယ္ လာလာ"

ေကာင္မေလးတစ္အုပ္က ရပ္ေနေသာ Downကုိပင္ တုိးတိုက္သြားသည္။

ဧည့္သည္ေတြက ပုိင္စီးႏွင့္မမႏိုင္တို႔၏အနားမွာ တ၀ဲလည္လည္ စကားေတြေျပာ ဓာက္ပုံတဖ်ပ္ဖ်ပ္ ႐ိုက္ မ်က္ႏွာပန္းပြင့္ေနသည္။

Down? ... Downကေတာ့ ကုိယ့္အသိလည္း မ႐ွိ တစ္ေယာက္တည္း ဟိုနားရပ္ ဒီနားရပ္ မို႔တို႔မတ္တပ္။ ဒီၾကားထဲ ကုိးလို႔ကန္႔လန္႔ရပ္ေနလို႔ ဟိုလူက တိုက္သြား၊ ဒီလူကတိုက္သြား။

ပုိင္စီးျမင္သာတဲ့ေနရာမွာ ေနေနေပမဲ့ ပုိင္စီးက လူေရာက္လာဖို႔ေနေနသာသာ အၾကည့္ေတာင္ မေရာက္လာ။ မယားကုိလက္ခ်ိတ္ ၿပဳံးၿဖီးေနတာ ပါးစပ္နားရြက္ တပ္ခ်ိတ္ေတာ့မတတ္။ သည္းမခံႏုိင္ေတာ့၍ ပိုင္စီးအနားကို လူတိုး သြားကာ

"ပုိင္"

တခ်က္ၾကည့္လာသည္။

"ကိုပုိင္စီး မေတြ႔တာၾကာၿပီ ကိုယ့္လူ"

လာႏႈတ္ဆက္ေသာ လူတစ္ေယာက္ေၾကာင့္ ပုိင္စီး အာ႐ုံျပန္ေျပာင္းသြားသည္။

"ဟုတ္ပဗ်ာ့၊ ဒါကၽြန္ေတာ့္ အမ်ိဴးသမီး မမႏိုင္တဲ့"

မမႏိုင္၏ ပခုံးကို ဖြဖြေလး ဖက္လ်က္ ေ႐ွ ႔ထုတ္ကာ မိတ္ဆက္ေပးေနသည္။

"ဟာဗ်ာ! ကိုပုိင္စီးတို႔ကေတာ့ အရင္ဘ၀က ကုသိုလ္အက်ိဴးေပးေတြေကာငး္လိုက္တာ၊ အခုဘ၀မွာ မိန္းမေခ်ာေခ်ာေလးကို ရထားတယ္"

လာႏႈတ္ဆက္သည့္လူက တစနဲ႔တစ တိုးလာေသာေၾကာင့္လည္းေကာငး္၊ ပုိင္စီးကလည္း ထပ္ မၾကည့္လာေသာေၾကာင့္လည္းေကာင္း Downလူအုပ္ထဲက ထြက္ခဲ့ေတာ့သည္။ မ်က္ရည္ကို လက္ခုံနဲ႔ ပြတ္သက္ကာ ေအာက္ႏႈတ္ခမ္းကို ဖိကုိက္မိသည္။

ကြာျခားျခင္းအဆင့္အတန္းကို နားလည္လာသည္။ သူႏွင့္တုိက္ခန္းမွာ ေပ်ာ္ျမဴးေနတတ္ေသာ ပုိင္၏ ဘ၀အစစ္အမွန္က အခု ဧည့္ပရိသက္ေ႐ွ ႔ တခမ္းတနား ႀကီးက်ယ္ေနသည့္ ပိုင္စီးအာဏာပဲ ျဖစ္သည္။

မမႏုိင္ႏွင့္သူ၏ အဆင့္ကို ကြဲကြဲျပားျပားသိလာသည္။ သူဘယ္လိုပဲ ႀကဳိးစားပါေစ မမႏုိင္ကိုမမွီႏုိင္။ လူေ႐ွ ႔တြင္ ပိုင့္လက္ကို ခ်ိတ္ဆြဲႏုိင္ဖို႔ေနေနသာသာ ေခၚေျပာႏႈတ္ဆက္လို႔ပင္ မသင့္ေတာ္သည့္ တိတ္တိတ္ပုန္း။

မယားႀကီးဂုဏ္က ပကာသနလို႔ဆိုေစကာမူ မက္ေမာစရာပကာသန ျဖစ္ေနသည္။ Downလိုအငယ္အေႏွာင္းအေနနဲ႔ စိတ္ကူးထည့္ယဥ္လို႔ေတာင္ မရသည့္ ပကာသန။

က်န္းေလာင္ေ၀့လက္ကို ခ်ိတ္တြဲလ်က္ ပြဲတတ္လာသည့္အခါ လူေတြ ၾကည့္သည့္ အၾကည့္ႏွင့္ အခု မမႏုိင္ကုိ လူေတြ ၾကည့္သည့္ အၾကည့္ လုံး၀မတူညီ။ ႐ြံ႐ွာအထင္ေသးသည့္ အၾကည့္ႏွင့္ ေလးစားအားက်သည့္ အၾကည့္။ ထို႔ေၾကာင့္ လူေတြက ဂုဏ္သိကၡာကို တန္ဖိုးထားၾကသည္ေနမွာ။

မည္သူမွ မသိေသာ အေၾကာင္းအရာျဖစ္ေစကာမူ Down ဒီေန႔ဒီအခ်ိန္မွာ ပက္ပက္စက္စက္ အ႐ွက္ကြဲသိမ္ငယ္ခဲ့ရသည္။ ေနစရာေနရာမ႐ွိသည့္ ကုိယ့္ကုိ ေလွာင္ရယ္ေနမည့္ အၾကည့္အား မခံႏုိင္လို႔ မမႏိုင္ကုိ မ်က္လုံးခ်င္းမဆုံ၀ံ့။

အခု ပုိင္၏ လက္ကိုခ်ိတ္ ေမာ္ၾကြားေနေသာ မမႏုိင္ေနရာမွာ သူျဖစ္ခဲ့ရင္ ....  သိပ္ေပ်ာ္ဖို႔ေကာင္းမွာ။ Downကိုယ့္ဘ၀ကုိကုိယ္ အားမရ သိမ္ငယ္လာသည္။ ေမြးကတည္းက သူဟာ မွားယြင္းစြာ ေမြးလာသူ။ Downလုံး၀ မရႏုိင္ေသာ အရာအားလုံးကို ပုိင္ဆိုင္ေနသည့္ မမႏိုင္ကုိ မနာလိုျဖစ္မိသည္။

အခုလည္း စားပဲြ၀ိုင္းတစ္ခုမွာထိုင္ကာ ကတၱီပါဗူးနီနီထဲက ေ႐ႊဆြဲႀကဳိးကို မမႏုိင္က ပုိင္စီးလည္ပင္းမွာ ဆြဲေပးေနသည္။ မမႏိုင္က ဆင္ေပးသမွ်ကို ပုိင္စီးက ၿပဳံးၿပဳံးႀကီးနဲ႔ ၿငိမ္ခံေနသည္။ လက္ဟန္းခ်ိန္း ခ်ိတ္, ခ်ိတ္ေတာ့ ႏွစ္ေယာက္ ေခါငး္ခ်င္းဆိုင္သြားတာက ျမင္ရသူ Downအဖို႔ စိတ္တိုဖို႔ေကာငး္လြန္းသည္။

ပုိင္စီးတို႔လင္မယားကုိ မျမင္ခ်င္လို႔ အျခားကိုအၾကည့္လႊဲသည္။ ပုိင္စီးတို႔ဇနီးေမာင္ႏွံအား အားက်ေနေသာ မ်က္၀န္းေတြႏွင့္ေငးေနေသာ ပြဲပရိတ္သက္တို႔၏ မ်က္လုံးေတြကို ရင္ဆုိင္ရျပန္သည္။ ပုိင့္ေဘးမွာ သူမဟုတ္ေသာ အျခားမိန္းမႏွင့္အတူ႐ွိေနျခငး္ကုိ သေဘာတက် ေငးၾကည့္ေနေသာ ထုိမ်က္လုံးေတြအား ေဖာက္ထုတ္ပစ္ခ်င္လာသည္။

ပုိင္စီးကအျခားမိန္းမႏွင့္ ပြဲလယ္တင့္တယ္ေနတာကို ေခ်ာင္ကေန ေငးၾကည့္ေနရေသာ သူ႔ဘ၀ကို ခံျပင္းမိသည္။ တရား၀င္ဇနီးေမာင္ႏွံဆိုတာ ဒါမ်ိဴ း တင့္တယ္ျခငး္လား။

ပုိင္ေျပာေသာ အခ်စ္က အေရးမႀကီးဘူး စကားကို နားထဲမွာ ၾကားေယာင္လ်က္ ရင္နာလာသည္။ အခ်စ္ ... အခ်စ္ ... ဒီလိုအေျခအေနမွာ ပုိင္သူ႔ကို ခ်စ္ပါတယ္ဆိုေသာ အခ်စ္က ထုတ္ေဖာ္ျပလို႔မရ။ တကယ္တမ္း ပုိင့္ကုိ သူပုိင္ဆိုင္ႏိုင္ပါတယ္ဆိုဦးငွာ .. ႏွစ္ဦးႏွစ္ေယာက္၏ ကုတင္ထက္မွာသာ ျဖစ္သည္။

မမႏုိင္ကသာ ...

Down ေနရာကလည္း ထမသြားႏိုင္၊ ဆက္ထိုင္ေနဖို႔လည္း စိတ္ကတိုႏွင့္ တစ္ေယာက္တည္း အကုသိုလ္ပြားေနသည္။

အလႈပဲြတစ္ေလွ်ာက္လုံး ဧည့္ခံလုံးပန္းရင္း မအားမလပ္ျဖစ္ေနေသာ ပုိင္စီးမွာ အခုတစ္ေယာက္တည္းရပ္ေနစဥ္ အခြင့္အေရးကို လက္လႊတ္မခံ ခါးမွာ ၿမဲေနေသာ ပုဆိုးကို ျဖည္ခ်ၿပီး ပုိင္စီးအနားကို Downကပ္သြားသည္။

"ပုိင္ ပုဆိုးကေလ .. ခဏခဏ ကၽြတ္က်ေနတယ္"

သနားစရာအသံခၽြဲခၽြဲနဲ႔ ဂ်ီလိုက္ေတာ့ ပိုင့္ခဗ် ျပာေတာ့ျပာသြားသည္။

"ဟမ္! ပုဆိုးမ၀တ္တတ္လည္း မ၀တ္နဲ႔ေလကြာ၊ ဘာလို႔၀တ္လာတာလဲ"

"အားလုံးက ပုဆိုး၀တ္ေနတာကိုး၊ တို႔တစ္ေယာက္တည္း ေဘာင္းဘီႀကီးနဲ႔ မသင့္ေတာ္ပါဘူး"

Downက ခါးမၿမဲေသာ ပုဆိုးကြင္းကို မ,ထားေသာ္လည္း ပုဆိုးေအာက္နားက ေျခတိုက္ေနသည္။ ၾကည့္ရတာ ဖ႐ိုဖရဲ အျမင္မသင့္ေတာ္ေသာေၾကာင့္ Downကုိ ဆြဲေခၚလာကာ လူ႐ွင္းသည့္ေနရာမွာ ပုိင္စီးကုိယ္တုိင္ ပုဆိုးပတ္ခ်ည္ ၀တ္ေပးေနသည္။

ပုိင္စီးက သူ၏ပုဆိုးခါးမွာပတ္ထားသည့္ ခါးပတ္ကို ျဖဳတ္ကာ Downပုဆိုးမွာ ျမွပ္ ပတ္ေပးလိုက္ေတာ့ Downေက်နပ္ၿပဳံးႀကီးၿပဳံးမိသည္။ 

"ဒါနဲ႔ဆို ၿမဲတယ္၊ ငါလည္း ပုဆိုးမၿမဲတတ္လို႔ မ,က ငါပုဆုိးပတ္ရင္ ေအာက္က ခါးပတ္ခံေပးတယ္၊ မ, က အရမ္း ေစ့စပ္ေသခ်ာတယ္၊ မဟုတ္ရင္ ငါလည္း မင္းလို ခဏခဏကၽြတ္က်လို႔ ဖ႐ိုဖရဲျဖစ္ေနမွာ"

ၿပဳံးလက္စအၿပဳံးက တိခနဲ ျပတ္သြားသည္။ Downစိတ္ထဲ ေထာငး္ခနဲ။

"ကြယ္လြန္သူမ်ားအား ရည္စူး၍ အလႈဒါယိကာဦးပုိင္စီးအာဏာနဲ႔ အလႈ ႔ဒါယိကာမႀကီး ေဒၚေမမမႏိုင္တို႔ သံဃာေတာ္ေတြကို အလႈပစၥည္းဆပ္ကပ္လႈဒါနး္ေပးဖို႔ ၾကြေရာက္ေနရာယူေပးၾကပါရန္.........."

ေလာ္စပီကာမွ က်ယ္ေလာင္လွေသာ ႏႈိးေဆာ္သံေၾကာင့္ ခါးပတ္ၿပီးေအာင္မပတ္ရေသး၊ တန္းလန္းႀကီး ထားခဲ့ကာ

"ေခၚေနၿပီ ... သြားလိုက္ဦးမယ္၊ ဆက္လုပ္လိုက္ေနာ္"

"ပိုင္"

ပိုင္စီးက ခပ္သုတ္သုတ္ ထြက္သြားသည္။

ေက်ာင္းေဆာင္ေပၚတတ္ရန္ ပိုင္စီးက လက္တစ္ဖက္မွာ ကေလးကိုေပြ႔ခ်ီလ်က္ က်န္လက္တစ္ဖက္က မမႏိုင္ကို ကမ္းေပးသည္။ အေပၚမွာ ပုိင္စီးကမ္းေပးေသာ လက္ကုိ မမႏုိင္က ဆုပ္ကိုင္ကာ ေလွကား တက္သည္။ အေပၚေရာက္ေတာ့ မမႏုိင္ပခုံးကို ဖက္ကာ အၿပဳံးႀကီးၿပဳံးလ်က္ တဖ်က္ဖ်က္ ကင္မရာေတြေအာက္ ဓာက္ပုံအ႐ိုက္ခံေနသည္။

အလႈပစၥည္းေတြကပ္ေတာ့ မမႏိုင္ႏွင့္ပုိင္စီးက အတူတူ။ ဆြမ္းကပ္ေတာ့လည္း စားပဲြကို အတူတူမကာ ဆြမ္းကပ္သည္။ ၾကားထဲက ကေလးပိစိကပါ ကန္႔လန္႔ကန္႔လန္႔။

ေလာ္စပီကာက အလႈဒါယိကာဦးပုိင္စီးအာဏာနဲ႔ အလႈ ႔ဒါယိကာမႀကီး ေဒၚေမမမႏိုင္ ဆိုတာ ၀က္၀က္ကြဲ အက္ေၾကာင္းထပ္ ေအာ္ေနသည္။

စိတ္တိုရလြန္းလို႔ နားထင္ေၾကာေတြ တင္းခနဲ ေအာင့္တက္လာသည္။

"ေမာင္ရင္"

ခပ္မာမာ အသံေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္ေတာ့ မ်က္ႏွာထိမ်က္ႏွာထားနဲ႔ ေခ်မိုးေနေသာ ပုိင္စီး၏ေယာကၡမ မမႏုိင္၏အေမ။

"စကားေျပာရေအာင္ ငါ့ေနာက္လိုက္ခဲ့"

Down ခပ္ညစ္ညစ္ၿပဳံးလိုက္သည္။

အေတာ္ပဲ .. ေဒါသထြက္ရလြန္းလို႔ ပတ္ရမ္းစရာလူ႐ွာေနတာနဲ႔ အဖြားႀကီးက တည့္တည့္ကို လာတိုးေတာ့တာ။

------------

"အျခားေနရာမွာ ေျပာလို႔မရဘူးလား .. ဒီေနရာက အနံ႔အသက္မေကာငး္လိုက္တာ"

အနံ႔က ဆိုး႐ြားလြန္းလို႔ Downႏွာေခါင္း၀ကုိ လက္ညွစ္ပိတ္၍ ေျပာသည္။ မည္မွ် ဆုိးဆုိး႐ြား႐ြား လူၾကားမေကာငး္ေသာ စကားေျပာမွာျဖစ္ေစ မိလႅာကၽြင္းအပ်က္ အနားေခၚလာေသာ အဖြားႀကီးကို Down နားမလည္ႏိုင္ပါ။

"ဒီေနရာက ဘယ္ေလာက္ညစ္ပတ္နံေစာ္ေနပါေစ .. နင့္စိတ္ဓာက္ေလာက္ ႐ြံဖို႔မေကာငး္ဘူး၊ ပုိင္စီး အငယ္ထားတယ္သိရေတာ့ မယားငယ္ထင္ေနတာ .. လက္စသတ္ေတာ့ လင္ငယ္ျဖစ္ေနတာပဲ"

ေဒၚသစ္သစ္ႏိုင္က Downကုိ ႐ြံ႐ွာစရာသတၱ၀ါတစ္ေကာင္လို ၾကည့္လ်က္

"႐ုပ္ကေလးကသနားကမား ေယာက္်ားျဖစ္ပါလ်က္ သမီးမယား႐ွိတ့ဲ ေယာက္်ားတစ္ေယာက္ရဲ ႔တိတ္တိတ္ပုန္း လင္ငယ္ျဖစ္ေနတာ နင္မ႐ွက္ဘူးလား"

"ခ်စ္တာကိုး ... ပိုင္ေရာ တုိ႔ ေရာ သိပ္ခ်စ္တာကိုး"

ေဒၚသစ္သစ္ႏုိင္၏ လက္အေျမာက္ ပါးတစ္ဖက္ ထူပူအုံခဲသြားသည္။ ကုိယ့္ပါးကုိကုိယ္ကုိင္ အငုိက္မိသြားတုန္း ႐ုတ္ခ်ည္း ရင္ဘတ္ကို ေဆာင့္တြန္းခံရေသာအခါ ေျခေထာက္ေခါက္ၿပီး အ႐ွိန္မထိန္းႏုိင္ဘဲ အေနာက္က မိလႅာက်င္းထဲ ေျခေခ်ာ္က်သြားသည္။ 

စိုစိစိအညစ္အေၾကးေတြက တစ္ကုိယ္လုံး ေပေရညစ္ပတ္သြားသည္။ အံ့ၾသလြန္းလို႔ မင္သက္မိစဥ္ 

"ထြီ"

ေဒၚသစ္သစ္ႏိုင္က အေပၚစီးမွ Downအေပၚ တံေတြးေထြးသည္။

"နင့္အျပစ္က သိပ္႐ြံ႐ွာဖို႔ေကာငး္တာ နင့္ကို ဥပမာျပမယ္"

ေဒၚသစ္သစ္ႏိုင္က ခါးၾကားထဲက လက္ကုိင္ပု၀ါကို ႐ြ႐ြေလး ထုတ္ကာ မ်က္ႏွာမွာအုပ္လ်က္ ထြက္သြားသည္။

အညစ္အေၾကး မိလႅာက်င္းေဟာငး္ထဲ ရပ္လ်က္ အသားေတြ တဆက္ဆက္ တုန္ကာ Downစိတ္ေတြတို မ်က္ရည္၀ဲလာသည္။

ကစားေနေသာ ကေလးတသိုက္အနား ေဒၚသစ္သစ္ႏိုင္ ေရာက္သြားၿပီး

"ဟဲ့ .. ကေလးေတြ ဟိုမိလႅာက်င္းေဟာငး္ထဲကို အ႐ူးတစ္ေယာက္ ျပဳတ္က်ေနတယ္ သြားၾကည့္ေခ်"

ကေလးေတြက ၀ါးခနဲ ေအာ္ကာ ထြက္သြားၾကသည္။ ေဒၚသစ္သစ္ႏိုင္က မဲ့ၿပဳံးႏွင့္ ..

နင္ကမ်ား ... ငါ့သမီးမ်က္ရည္က်ေအာင္ လုပ္တယ္ေပါ့၊ ငါ့သမီးငိုေၾကြးခဲ့ရသလို နင့္ဘ၀လည္း မေနသာဘူးမွတ္ ...

"ဒီမွာ ဧည့္သည္ေကာင္ေလးတစ္ေယာက္ မိလႅာက်င္းထဲ ေျခေခ်ာ္က်လို႔ လုပ္ၾကပါဦးဟဲ့"

ေဒၚသစ္သစ္ႏိုင္စကားေၾကာင့္ အားလုံး လႈပ္လႈပ္႐ွား႐ွားျဖစ္သြားသည္။

မၾကာ ...

"ခ်ီးတြင္းထဲ က်သြားၿပီ၊ ခ်ီးတြင္းထဲ က်သြားၿပီ၊ အ႐ူးႀကီးတစ္ေယာက္ ခ်ီးတြင္းထဲ က်သြားၿပီ"

ကေလးတစ္အုပ္က သံၿပဳိင္႐ြတ္ကာ အနားကို ေရာက္လာၾကသည္။ ေခါင္းအစတစ္ကိုယ္လုံး ညစ္စုတ္ပတ္ေနေသာ Downကို ၾကည့္ကာ လက္ညႈိးထိုး ၀ိုင္းဟားတုိက္ ေလွာင္ရယ္ၾကသည္။ က်ီစယ္သေယာင္ ေနာက္ေျပာင္သေယာင္ တထြီထြီ တံေတြး၀ုိင္းေထြးၾကသည္။

လူႀကီးေတြက ေနာက္မွေရာက္လာသည္။ ေရာက္လာေသာ လူအုပ္ထဲ ကေလးကိုခ်ီထားေသာ ပိုင္စီးပါ ေရးႀကီးသုတ္ပ်ာပါလာသည္။

ပုိင့္ကုိ ျမင္လ်င္ျမင္ခ်င္း  အားတက္သြားၿပီး ရင္ခြင္ထဲတိုးကာ ငိုခ်ခ်င္ေပမဲ့ ေ႐ွ ႔ကိုတိုးလာသည့္ ပုိင္စီးေျခလွမ္းတို႔သည္ ႏွာေခါင္းပိတ္လ်က္ အေနာက္ကုိ ဆုတ္သြားသည္။ လူအခ်ိဴ ႔ကလည္း ၿပဳံးစိစိ။

"ဒီေနရာကို ဘယ္လိုေရာက္လာတာလဲ ေကာင္ေလးရယ္၊ ျဖစ္မွျဖစ္ရေလ မႀကီးမငယ္နဲ႔ ေျခေခ်ာ္လဲက်ရလား၊ ေပါ့ဆလိုက္တာ"

အေဒၚႀကီးတစ္ေယာက္က ရယ္ခ်င္ပက္က်ိမ်က္ႏွာနဲ႔ ၀င္ေျပာသည္။ Downကုိ က်င္းထဲမွ မည္သူတစ္ဦးတစ္ေယာက္မွ လာမထူတဲြေခၚၾကေသး။ ခပ္ေ၀းေ၀းမွ ေနကာ ေဖ်ာ္ေျဖမႈ ႔တစ္ရပ္လို ၀ုိင္း ဟားတိုက္ ၾကည့္ေနၾကသည္။

Downမွာ အမ်ိဴးအမည္မသိ ခံစားခ်က္ေတြနဲ႔ ငိုခ်င္လာသည္။ စကားက မထြက္။ ကိုယ့္ကိုကုိယ္လညး္ မသတီ။

သူတို႔စိတ္ထဲေတာ့ Downအေနအထိုင္မတတ္၍ မိလႅာက်င္းထဲ ျပဳတ္က်သည္ ထင္ေနလိမ့္မည္။ တကယ့္တကယ္ လက္သည္တရားခံကို လူအုပ္ထဲမွ Down စူးရဲစြာ စိုက္ၾကည့္လိုက္သည္။ ေဒၚသစ္သစ္ႏိုင္ကလည္း Downနားလည္မိေသာ အဓိပၸာယ္ေတြနဲ႔ ခပ္မဲ့မဲ့ၿပဳံး၍ စုိက္ၾကည့္ေနသည္။

မၾကာ အလုပ္သမားတစ္ေယာက္က လာဆြဲေခၚသည္။ Downအေပၚကို ေရာက္ေတာ့ Downအနားကုိမည္သူမွ မကပ္။ ႏွာေခါငး္တပိတ္ပိတ္ တေ႐ွာင္ေ႐ွာင္ ျဖစ္ေနၾကသည္။

"ပိုင္"

ငုိမဲ့မဲ့ႏွင့္ လွမ္းေခၚလိုက္ေတာ့ ပိုင္စီးက အေနရခက္ဟန္

"အရင္ဆုံးသန္႔႐ွင္းေရးလုပ္လိုက္ပါ"

ေျပာၿပီး ေက်ာခိုင္းထြက္သြားသည္။

"ဒါက ဥပမာပဲ ႐ွိေသးတယ္၊ နင့္အျပစ္ေတြကိုသာ လူေတြ သိသြားရင္ နင့္ကုိ ပုိၿပီး စက္ဆုပ္ၾကလိမ့္မယ္၊ ဒီမစင္တြငး္ေဟာငး္ထဲ က်တာေတာင္ နင့္ကုိ ဘယ္သူမွ အဖက္မလုပ္တာ၊ နင္က ကာမပုိင္႐ွိတဲ့ ေယာက္်ားတစ္ေယာက္နဲ႔ ေဖာက္ျပန္ေနတာသာ သိသြားၾကရင္ နင္ေရာ ပိုင္စီးေရာ လူ႔ေဘာင္မ၀င္ေတာ့ဘူး"

အဖြားႀကီးက ႏွစ္ကုိယ္ၾကားေျပာသြားသည္။

_________________

မယားႀကီးက မယားႀကီးပါပဲ နံပါတ္အငယ္ေတြ ယွဥ္လို႔မရပါဘူး ဒါက ဇာက္ေကာင္ေတြနဲ႔မဆုိင္တဲ့ ကၽြန္ေတာ္ေျပာခ်င္တဲ့ message ပါ

ကၽြန္ေတ္ာဘာလို႔ ေကာက္ေၾကာငး္မွာ Roleplayers မထားခဲ့လဲ နားလည္ႏုိင္ၿပီလို႔ ထင္ပါတယ္။

ေ႐ွ ႔အပုိင္းေတြက ကြန္းမန္႔ေတြေၾကာင့္ updateႏုိင္ခဲ့တာပါ။
ဖတ္ေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ <3

4:24PM
12/10/2018

အတိတ်တစ်ခု၏ခြေရာကို ပြန်ကောက်ယူသော် .....

"မင်းက ဂြိုလ်ဆိုး၊ မင်းကိုမွေးတဲ့ မင်းအမေ မီးတွင်းထဲ သေရတယ်၊ မင်းဘ၀တစ်လျှောက်လုံးလည်း ငါ့ကို မသေရုံ ဒုက္ခပေးတယ်၊ မွေးလာဖို့မကောင်းတဲ့ ကောင်"

ဒီအခန်းရှေ ့မရောက်ခင်တည်းက မကြားသာမနာသာ ကြမ်းကြမ်းတမ်းတမ်း စကားတွေကို ဆီး၍ကြားနေရသည်။

နှာ၀၊ လက်ကောက်၀တ်မှာ ဆေးပိုက်တွေ သွယ်တန်းလျက် ကုတင်ထက် မျော့မျော့လေးလဲှလျောင်းနေသော ကောင်လေးကို အော်ဟစ်ဆူပူနေသော ဦးလေးကြီးအား ပိုင်ဇေ အခန်း၀ရှေ ့ရောက်သော် တွေ့လိုက်ရသည်။

"မိုးဉာဏ်"

အဖေ့ခေါ်သံကြားတော့ ထိုဦးလေးကြီးက ပြာပြာသလဲ အဖေ့အနားရောက်လာသည်။ အဖေက ပတ်၀န်းကျင်ကို အကဲခတ်ကာ အခန်းထဲ ခပ်သွက်သွက်၀င်သည်။

ပိုင်ဇေမျက်လုံးက ကုတင်ထက်မှာ အသံမထွက် မျက်လုံးဖွင့်ထားသော်လည်း မျက်ဆန်​လှုပ်​ရှားမှု ့မရှိ၊ မျက်ရည်စီးကြောင်းတွေ တသွင်သွင် စီးကျလျက်၊ နှာ၀မှာ ဆေးပိုက်ထိုးသွင်းကာ ပါးစပ်ကလေးဟ အသက်ရှုနေသော ကောင်လေးငယ်ငယ်ကို သနားစိတ်နဲ့ ကြည့်နေသည်။

သူဌေးကြီးဦးပိုင်အာဏာက စက္ကူနဲ့ပတ်ထုတ်ထားသော ငွေထုတ်ကို ကြမ်းပြင်ပေါ် ပစ်ပေးကာ

"မင်းသားကိုခေါ်ပြီး ဒီမြို  ့က အေ၀းဆုံးကို ထွက်သွားတော့၊ မင်းတို့သားအဖ ငါတို့ မိသားစု​ရှေ ့ ထပ် ပေါ်မလာနဲ့"

မိုးဉာဏ် ဒူးစုံထောက်သည်။ သူဌေးကြီးဦးပိုင်အာဏာ၏ ခြေထောက်ကို ဖက်ကိုင်ကာ

"မသွားနိုင်ပါဘူး သူဌေးကြီး၊ အမှားလုပ်ခဲ့တာ သူလေ ... ကျွန်တော်က သူ့အတွက်နဲ့ သူဌေးကြီးအနားက ထွက်သွားရမှာတဲ့လား ... မထိုက်တန်ပါဘူး၊ ကျွန်တော် သူ့ကိုသာ စွန့်ပစ်နိုင်မယ်၊ သူဌေးကြီးအနားက လုံး၀ မထွက်သွားနိုင်ဘူး"

ဘုရားသခင်! ဒါဖခင်တစ်ယောက်က သားကို ပြောသောစကား။ ဒီလို ဖခင်မျိူးလည်း ရှိပါသေးရဲ ့လား။

ဟိုကလေးက မျက်လုံးမျက်စံသာ လှုပ်ရှားမှု ့မရှိတာ ပြောသမျှ အကုန် ကြားနေသည်ဆိုတာ ခေါင်းအုံးထဲ စိမ့်၀င်သွားသည့် အဆက်မပြတ် ယိုစီးလာသော မျက်ရည်စီးကြောင်းတွေက သက်သေ။ 

"မိုးဉာဏ် ... ဒါမင်း,သားလေ၊ အခု ငါ့သားလည်း သေမလိုဖြစ်နေတယ်၊ မင်း,သားနဲ့ငါ့သားကို လုံး၀ပေးတွေ့လို့မရတော့ဘူး၊ ငါလည်း င့ါသားစိတ်ကြောင့် ရူးတော့မယ်"

"အဲ့ဒါ ဒီကောင်ကြောင့်မဟုတ်လား၊ သူဌေးကြီးစီရင်ရမှာ ဒီကောင့်ကိုပဲ၊ သူဌေးကြီး ဒီကောင့်ကို သတ်ပစ်မလား .. သတ်ပစ်၊ ရတယ် ... ကျွန်တော် ဒီ့ကောင်ပေါ်မှာ ဘာသံယောဇဉ်မှ မရှိဘူး၊ ကျွန်တော်နဲ့ဒီကောင် ဘာမှမဆိုင်ဘူး၊ ဒီကောင့်ကို သူဌေးကြီး ဘယ်လိုလုပ်လုပ် ရတယ်၊ ကျွန်တော့်ကိုသာ မနှင်ပါနဲ့ သူဌေးကြီးရယ်"

ဖခင်တစ်ယောက်၏ သားကို ရှေ ့မှောက်ထား ပြောသော ဓါးမဲ့စကားတွေက ရှနာစွာ ရက်စက်လွန်းသောကြောင့် ပိုင်ဇေ ရပ်မနေနိုင်တော့ဘဲ ကုတင်ပေါ်က လဲလျောင်းနေသော ကလေးငယ်ကို ရင်ခွင်ထဲ ပြေးထည့်လိုက်သည်။

နားထင်အထိ စီးကျနေသော ကလေးငယ်၏ မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ဖယ်ပေးကာ နားနှစ်ဖက်ကို အုပ်ကွယ်ပေးထားသည်။

ဒီ့ထက်ပိုပြီး ဒီကလေးကို မရက်စက်သင့်တော့ဘူးလေ ...

ရင်ခွင်ထဲမှာ တသိမ့်သိမ့်တုန် ရှိုက်နေသာ ကလေးငယ်က အူလှိုက်သည်းလှိုက် ၀မ်းပန်းတနည်း ငိုကြွေးနေသည်။

နောက်ဆုံးမှာ အဖေက သားဖြစ်သူပိုင်စီးအတွက် ဦးလေးမိုးဉာဏ်ကို စွန့်ပစ်ခဲ့ပါသည်။ ထို့ကြောင့်ပဲ ဦးလေးမိုးဉာဏ်က သူ့သားအရင်းအပေါ် ပိုမုန်းတီးနာကြည်းခဲ့သည်။

ဒီကလေးငယ်ကို သတ်မယ်တကဲကဲလုပ်နေလို့ ဦးလေးမိုးဉာဏ်ကို ဆေးရုံအခန်းထဲ ၀င်ခွင့် မပေးခဲ့တော့ပါ။ 

ထိုင်တောင်မထိုင်နိုင် ကုတင်ပေါ် ပက်လက် လဲလျောငး်လျက် ကလေးငယ်၏ မျက်လုံးတွေမှာ ၀မ်းနည်းနာကျင်မှု ့အပြည့်၊ စကားတစ်ခွန်းမဆိုလေဘဲ မျက်ရည်မစဲနိုင် ကြိတ်ငိုနေတတ်သည်။

ကုတင်ဘေးမှာ ထိကိုမထိ အငွေ့မဲ့နေသော အေးစက်စက် ဆန်ပြုတ်ပန်းကန်လုံးလေးက ကလေးငယ်၏ ဥပေက္ခာပြုခြင်းကိုခံထားရသည်။

မနေ့တစ်နေ့ကမှ စွန်ကိုလေထဲမှာလွင့် ခြံထဲ ပြေးလွှားဆော့ကစားနေသော ၀၀ကစ်ကစ် ကလေးငယ်လေးက ညီငယ်ကြောင့် အခုတော့ ဆေးရုံကုတင်ထက် စိတ် ခန္ဓာ မှာ ဒဏ်ရာတွေချည်း။ ဒီကြားထဲ အဖေဖြစ်သူ၏ အမုန်းကိုပါ ခံနေရသော ကလေးငယ်၏ အကူအကယ်မဲ့ အဖြစ်မှာ သူ ဘယ်လို နှစ်သိမ့်အားပေးရပါ့မလဲ။

ပိုင်ဇေ ဆို့နင်လာသော သနားစိတ်တို့ကို လေးတွဲစွာ သက်ပြင်းချပြီး ကုတင်ဘေးမှာ ထိုင်လိုက်သည်။

"ဆန်ပြုတ်ကလေး စားလိုက်ပါဦး ကလေးငယ်"

ကလေးငယ်က ဆန်ပြုတ်ပန်းကန်အပြင် သူ့ကိုပါ ဥပေက္ခာပြုထားသည်။

"အသက်ဆက်ရှင်ရမယ်လေ၊ အသက်ရှင်နေမှ တွေ့ချင်နေတဲ့လူကို တွေ့လို့ရမှာပေါ့၊ တွေ့ချင်နေတဲ့လူအတွက်ပဲ ဖြစ်ဖြစ် ဒီဆန်ပြုတ်ကို စားလိုက်ပါ"

နေခြည်နုနု ဖြာကျနေသော ပြတင်းပေါက်ကို ငေးကြည့်နေရာက ပိုင်ဇေ့ကို လည်စောင်းငဲ့ကြည့်လာသည်။

သူသိတာပေါ့ ... ဒီကလေး ဘယ်သူ့ကို မျှော်နေသလဲ၊ ဘယ်သူ့ကို တွေ့ချင်နေသလဲ။

"ပိုင်စီးကို တွေ့နိုင်ဖို့ မင်း အသက်ရှင်နေမှ ဖြစ်မှာပေါ့"

ကလေးငယ်၏ မျက်ဇာက်ခုံမှ ကြိုးပျက်ကျသော မျက်ရည်ကြည်လုံး။

ဒီကလေးနှင့်သူ အရင့်အရင်က တစ်ခါမှ အဆက်အဆံ စကားမပြောဖူးပါ။ သို့သော် ညီငယ်နှင့်တော့ ဒီကလေးက သူငယ်ချငး်ဖြစ်နေသည်။ ညီငယ်က ဒီကလေးကို အလိုလိုက်လွန်းတော့ ကလေးစိတ်အရ ပိုင်စီးကို တွယ်တာလွန်းသည်။

ကလေးဆိုတာ လက်သာယာမှာ ပျော်မြူးတတ်ကြသည်။ နာကျင်စရာတွေပဲ ပေးပေး သူတို့ ပျော်ရွှင်ခဲ့ရသော လူကိုသာ တောင့်တတတ်ကြသည်။ ညီငယ်က ဒီကလေးအပေါ် အနိုင်ကျင့်ဖျက်စီးခဲ့ပေမဲ့ ကလေးဆိုတာ ဘာသိမှာတုန်း။ အခုလည်း အနီးကပ်အတူ ရင်းနှီးခဲ့ဖူးသော ပိုင်စီးကိုပဲ မျှော်လင့်နေပေလိမ့်မည်။

ရုပ်သေကြီးလို နေနေရာက အနည်းငယ် စိတ်လှုပ်ရှားမှု ့ ရှိလာတော့ ပိုင်ဇေစကားဆက်လိုက်သည်။

"မင်းနာမည် ဖိုး၀လုံး မလား၊ မင်းက နာမည်နဲ့လိုက်အောင် ၀လုံးလေးလို ၀၀လုံးလုံးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ညီလေးပဲ၊ အစ်ကိုက ၀လုံးကလေးလို့ ခေါ်မယ်နော်၊ ၀လုံးကလေး ပြန်ကျန်းမာလာတဲ့အထိ အစ်ကို မင်းကို ပြုစုစောင့်ရှောက်မယ်"

ဒါက ညီငယ်၏ အပြစ်ကို အစ်ကိုဖြစ်သူအနေနဲ့ ပြန်လည် ပေးဆပ်ခြင်း။ အပြစ်မကျေနိုင်ပေမဲ့ ဒီအချိန်မှာ သူတတ်နိုင်တာ ဒါပဲ ရှိသည်။

"အစ်ကို ဘယ်သူလဲ ၀လုံးကလေး သိတယ်မလား၊ အစ်ကိုက ပိုင်စီးရဲ ့အစ်ကိုပဲ၊ ကလေးငယ်သာ ဒီဆန်ပြုတ်တွေ ကုန်အောင် စားနိုင်ရင် အစ်ကို့စကားကိုသာ နားထောင်ရင် အစ်ကိုက ပိုင်စီးဆီလိုက်ပို့ပေးမယ်၊ ပိုင်စီးကို တွေ့ချင်နေတယ်မလား"

ကလေးငယ်၏ လက်ချောင်းလေးတွေ လှုပ်လာသည်။ လက်မြှောက်ရန် အားထုတ်နေလိမ့်မည်။ သို့သော် အရွယ်နှင့်မှ မလိုက် သွယ်တန်းချိတ်ဆက်ထားသော ဆေးပိုက်တွေကြောင့် လက်ကမမြောက်လာ။ ပိုင်ဇေက ဆန်ပြုျတ်ကို ဇွန်းနဲ့ခတ်ပြီး နှုတ်ခမ်းနားတေ့ပေးတော့ ခပ်ဟဟဖွင့်လာသည့် နှုတ်ခမ်းလေး။

ကလေးငယ် မျှော်လင့်နေသောပိုင်စီးနှင့် မျှားကာ မတည်နိုင်သော ကတိတွေကို မက်လုံးပေးပြီး ဒီကလေးပြန်လည် ထူထောင်ကျန်းမာလာဖို့ ချော့မြူခဲ့သည်။

ဒီမြို  ့က မထွက်သွားခင် ဒီကလေးပြန်ကျန်းမာလာစေချင်သည်။ အနည်းဆုံး ကိုယ်ကျန်းမာမှ ဒီကလေး လောကဓံကို ရင်ဆိုင်နိုင်မှာ။ ဘာမှ မသိတဲ့ကလေးငယ်ကို ရပ်တည်နိုင်ဖို့ လောကဓံက သင်ကြားသွားလိမ့်မည်။

ဘယ်သူမှ အလိုမရှိသည့် ဒီကလေးကို သူမှ လက်မကမ်းရင် ဒီကလေး မြောလွင့်သွားရုံသာ။ ကလေးမှာ ဘာအပြစ်ရှိမှာလဲ။ မနေ့တနေ့ကတောင် အိမ်ရှင်တွေ၏ ဒိတ်ကုန်နေသော မုန့်ထုတ်တွေကို ပစ်လို့ စားခွင့်ရသည့် အဖြစ်မှာ ပျော်မြူးထူးနေသည့်ကလေး။

နောက်တစ်နေ့မှာ သူဘာလုပ်ခံရလဲတောင် မသိသည့် ကလေးငယ်က အိပ်ရာပေါ်လဲကာ အခုတော့ ဖအေက သတ်မယ်တကဲကဲ၊ ဒဏ်ရာတွေ အပြည့် ခန္ဓာကိုယ်နဲ့ ပြေးချင်တိုင်းပြေးလို့မရ၊ ကစားချင်တိုင်း ကစားလို့မရ။ ကုတင်ထက် လှဲလျောင်းနေရသည်။

တကယ်အပြစ်ရှိဖျက်စီးခဲ့တာ ညီငယ်လေ။ သို့သော် မြေနိမ့်ရာလှံစိုက် ... ညီငယ်ကို ကယ်တင်နိုင်ဖို့ အားလုံးက ဒီကလေးကို ထိုးသတ်နေကြသည်။ မြင်နေပါလျက်နဲ့ ပိုင်ဇေ မျက်ကွယ်မပြုနိုင်ပါ။ ဒီကလေးကို ပိုင်ဇေ ထူထောင်ပေးမည်။ နောက်ပိုင်းကိစ္စကတော့ သတ္တဝါတစ်ခု ကံတစ်ခုပေါ့ ...

<<<

"ငယ်ငယ်ကလို ဒါလေး ကုန်အောင် စားပါ၊ ဒါလေး ပြီးအောင် လုပ်ပါ၊ ပြီးရင် ပိုင့်ဆီလိုက်ပို့ပေးမယ် ... အစ်ကို့ရဲ ့ မုသားတွေကို ယုံပြီး အစ်ကိုခိုင်းသမျှ မလိုက်နာနိုင်တော့ဘူး"

"မဖြစ်နိုင်ဘူး ထင်ခဲ့ပေမ့ဲ တကယ် ၀လုံးကလေးဖြစ်နေတာကိုး၊ ဘာလို့ ပြန်လာခဲ့တာလဲ"

"ဖခင်စိတ်မရှိတဲ့ အဖေလက်ထဲမှာ ဘယ်လိုကျော်ဖြတ်ခဲ့လဲ မမေးပါဘဲ ဘာလို့ပြန်လာခဲ့လဲလို့ မေးတဲ့ အစ်ကိုက အခုမှ ပွင့်လင်းလာတာပဲ"

"ဘယ်လို"

"သူများကိုတွေးပေးသလိုလိုနဲ့ နောက်ဆုံး အစ်ကို့မိသားစုဘက်ကပဲ ရပ်တည်သွားတာ၊ သူတော်ကောင်းယောင်ဆောင်ပြီး ယုံတမ်းပုံပြင်တွေ ပြော မျှော်လင့်ချက်တွေပေး နောက်ဆုံးမှာ စွန့်ပစ်ခဲ့တဲ့ အစ်ကို့ကို မုန်းပါတယ်၊ အစ်ကို့ကိုယုံကြည်ခဲ့တာ အားကိုးခဲ့တာ၊ တို့ဆက်ရှင်သန်ခဲ့တာ အစ်ကို့ပြောတဲ့ ပိုင့်ဆီ ခေါ်သွားပေးမယ်ဆိုတဲ့ စကားတွေကြောင့်၊ နောက်ဆုံးတော့ တို့  ... သိပ်ကြောက်ပါတယ်ဆိုတဲ့ အဖေ့လက်ထဲ တို့ကို ပစ်ခဲ့ပြီး ထွက်ပြေးသွားတယ်"

ထိုင်ခုံနေရာက ထထွက်သွားသော Downအနောက် ပိုင်ဇေ လိုက်သွားသည်။

လူရှင်းသည့် ပန်းခြံနားအရောက် Downခြေလှမ်းတွေ ရပ်တန့်သွားသည်။

"အဲ့ကတည်းသာ ပေးသေခဲ့ရင် အခုလို ဒုက္ခတွေခံရမှာမဟုတ်ဘူး၊ အစ်ကိုကယ်တင်ခဲ့တဲ့ ၀လုံးက Minus Downအနေနဲ့ ဘယ်လောက် ဒုက္ခတွေ ရောက်ခ့ဲရလဲသိလား၊ နေ့စဉ်ညဆက် လူ့ငရဲခံနေရတာ၊ သေချင်တိုင်းလည်း မသေရ မသေချင်လည်း သေရတော့မဲ့ ကံကို ဆက်စေခဲ့တာ အစ်ကိုပဲ"

"ညီငယ် ... သိလား၊ မင်းက ဦးမိုးဉာဏ်ရဲ ့သားဆိုတာကို ညီငယ်သိလား"

Downပခုံးနှစ်ဖက်ကို ကိုင်လှုပ်ရမ်းကာ ပိုင်ဇေ အော်သည်။

"အခု တို့ထက် အစ်ကို့ညီက ပိုအရေးကြီးနေတာလား၊ အဟက် ... အမြဲတမ်း တို့က ဘယ်သူတစ်ဦးတစ်ယောက်ရဲ ့ အရေးကြီးနေရာကိုမှ မရခဲ့ပါဘူး၊ အစ်ကိုလည်း အဲ့တုန်းက အစ်ကို့ညီကြောင့် ကျွန်တော့်ကို ဖေးမခဲ့တာပဲ"

"ညီငယ်သာ မင်း ဦးမိုးဉာဏ်သားမှန်းသိရင် ..."

"သေချာပေါက် ဒီလိုဘယ်ပစ်ထားမလဲ၊ အရင်အပြစ်တွေကြောင့် သည်းသည်းလှုပ် ဖူးဖူးမှုတ်ထားမှာပေါ့၊ ပိုင် တို့ကို အရင်တည်းက ဘယ်လောက် ဂရုစိုက်ခဲ့လဲ သိရဲ ့သားနဲ့"

"မင်း ဘာရည်ရွယ်ချက်နဲ့ ဒီကိုပြန်လာတာလဲ ငါမသိဘူး၊ ဒါပေမဲ့ ဘ၀သစ်မှာ အရာအားလုံးတည်ငြိမ်ပြီး နေသားကျနေတဲ့ ငါ့ညီကို မခြောက်လှန့်ပါနဲ့၊ င့ါညီ သူ့မိသားစုနဲ့သူ့ဘ၀ အေးချမ်းနေပါစေတော့၊ မင်းဘာမှ ပြန်ဖော်စရာမလိုဘူး ... ငါမင်းကို စောင့်ကြည့်နေမယ်"

ပခုံးကို ခပ်ကြမ်းကြမ်း ကိုင်ဆောင့်လွှတ်ကာ ပိုင်ဇေ ထွက်သွားသည်။

နေရာမှာ မျက်ရည်အ၀ဲသားကျန်ရစ်ခဲ့သူက Down။

သူ့ဘက်မှာ ဘယ်သူမှ မရှိခဲ့ဘူး

------------------

အလှုပွဲတွင် ဧည့်ခံနေသော ပိုင်စီးကို မျက်လုံးကျွတ်ကျမတတ် Downကြည့်နေသည်။ ညကလည်း သူ့မိန်းမအခန်းမှာပဲ အိပ်သည်။ Downကို လုံး၀လှည့်မကြည့်။

မနက်ကျတော့လည်း အစောကြီး ရွာဘက်ကို ထွက်သွားပြီတဲ့။ Downကို အသိမပေး မခေါ်။ ဒီလောက် ဖြစ်လှတာ အမြင်ကပ်တဲ့ ပုဒ်မနဲ့ကို Downဘာသာ တစ်ယောက်တည်း ကားမောင်းပြီး အလှုကို ရောက်လာသည်။

ဒီရောက်တော့ ကိုယ့်ပေါင်ကိုလှန် ဓါးနဲ့ခွဲ ဆားသိပ်မိသကဲ့သို့ ဖြစ်ရသည်။ အရေပြားသာ မကာထားလျှင် ဒီရင်က သွေးစိမ်းရှင်ရှင် စိမ့်ထွက် စီးအံကျလိမ့်မည်။ မြင်ရ တွေ့ရတာတွေက အသဲကို တစ်ချက်ချင်း ဆောက်နှင့်ထွင်းသကဲ့သို့။

 မိသားစုလိုက် မမနိုင်ကအစ ပိုင်စီးအပါ ပိစိကလေးမနှင့်အတူ ယောက္ခမဖြစ်သူပါ ဆင်တူ စိမ်းပြာရောင် မြန်မာ၀တ်စုံတွေနဲ့ ထင်းနေသည်။ ပိုင်စီးအနားမှာ ကပ်နေသော မမနိုင်ကို မြင်ရတာ ဆွဲကုပ်ပစ်ချင်စရာ။ ရင်နာစရာဖြစ်သော်လည်း ပိုင်စီးနှင့်မမနိုင်ကိုသာ Downတစ်ချက်မလွတ် ကြည့်နေသည်။ 

ပိုင်စီး၏ တိုက်ပုံအကျႌ ရင်ဘတ်ပေါ် မမနိုင်က ပန်းကပ်ပေးတာ၊ မမနိုင်၏ဆံထုံးပေါ် သဇင်ပန်းခတ်ကို ပိုင်စီးက ကလစ်နှင့် တွယ်ပေးတာ ... အခြားလူတွေအမြင်မှာ ကြည်နူးဖွယ်အတိ။

"ဟယ် ... ဟိုမှာ ဦးပိုင်စီးတို့လင်မယားနှစ်ယောက် လိုက်ဖက်ညီလိုက်တာ၊ မြင်ရတာ မျက်စိတောင် ကျိန်းတယ်၊ သူတို့က နာမည်ကြီးတွေ၊ ဓာက်ပုံသွားရိုက်မယ် လာလာ"

ကောင်မလေးတစ်အုပ်က ရပ်နေသော Downကိုပင် တိုးတိုက်သွားသည်။

ဧည့်သည်တွေက ပိုင်စီးနှင့်မမနိုင်တို့၏အနားမှာ တ၀ဲလည်လည် စကားတွေပြော ဓာက်ပုံတဖျပ်ဖျပ် ရိုက် မျက်နှာပန်းပွင့်နေသည်။

Down? ... Downကတော့ ကိုယ့်အသိလည်း မရှိ တစ်ယောက်တည်း ဟိုနားရပ် ဒီနားရပ် မို့တို့မတ်တပ်။ ဒီကြားထဲ ကိုးလို့ကန့်လန့်ရပ်နေလို့ ဟိုလူက တိုက်သွား၊ ဒီလူကတိုက်သွား။

ပိုင်စီးမြင်သာတဲ့နေရာမှာ နေနေပေမဲ့ ပိုင်စီးက လူရောက်လာဖို့နေနေသာသာ အကြည့်တောင် မရောက်လာ။ မယားကိုလက်ချိတ် ပြုံးဖြီးနေတာ ပါးစပ်နားရွက် တပ်ချိတ်တော့မတတ်။ သည်းမခံနိုင်တော့၍ ပိုင်စီးအနားကို လူတိုး သွားကာ

"ပိုင်"

တချက်ကြည့်လာသည်။

"ကိုပိုင်စီး မတွေ့တာကြာပြီ ကိုယ့်လူ"

လာနှုတ်ဆက်သော လူတစ်ယောက်ကြောင့် ပိုင်စီး အာရုံပြန်ပြောင်းသွားသည်။

"ဟုတ်ပဗျာ့၊ ဒါကျွန်တော့် အမျိူးသမီး မမနိုင်တဲ့"

မမနိုင်၏ ပခုံးကို ဖွဖွလေး ဖက်လျက် ရှေ ့ထုတ်ကာ မိတ်ဆက်ပေးနေသည်။

"ဟာဗျာ! ကိုပိုင်စီးတို့ကတော့ အရင်ဘ၀က ကုသိုလ်အကျိူးပေးတွေကောငး်လိုက်တာ၊ အခုဘ၀မှာ မိန်းမချောချောလေးကို ရထားတယ်"

လာနှုတ်ဆက်သည့်လူက တစနဲ့တစ တိုးလာသောကြောင့်လည်းကောငး်၊ ပိုင်စီးကလည်း ထပ် မကြည့်လာသောကြောင့်လည်းကောင်း Downလူအုပ်ထဲက ထွက်ခဲ့တော့သည်။ မျက်ရည်ကို လက်ခုံနဲ့ ပွတ်သက်ကာ အောက်နှုတ်ခမ်းကို ဖိကိုက်မိသည်။

ကွာခြားခြင်းအဆင့်အတန်းကို နားလည်လာသည်။ သူနှင့်တိုက်ခန်းမှာ ပျော်မြူးနေတတ်သော ပိုင်၏ ဘ၀အစစ်အမှန်က အခု ဧည့်ပရိသက်ရှေ ့ တခမ်းတနား ကြီးကျယ်နေသည့် ပိုင်စီးအာဏာပဲ ဖြစ်သည်။

မမနိုင်နှင့်သူ၏ အဆင့်ကို ကွဲကွဲပြားပြားသိလာသည်။ သူဘယ်လိုပဲ ကြိုးစားပါစေ မမနိုင်ကိုမမှီနိုင်။ လူရှေ ့တွင် ပိုင့်လက်ကို ချိတ်ဆွဲနိုင်ဖို့နေနေသာသာ ခေါ်ပြောနှုတ်ဆက်လို့ပင် မသင့်တော်သည့် တိတ်တိတ်ပုန်း။

မယားကြီးဂုဏ်က ပကာသနလို့ဆိုစေကာမူ မက်မောစရာပကာသန ဖြစ်နေသည်။ Downလိုအငယ်အနှောင်းအနေနဲ့ စိတ်ကူးထည့်ယဉ်လို့တောင် မရသည့် ပကာသန။

ကျန်းလောင်ေ၀့လက်ကို ချိတ်တွဲလျက် ပွဲတတ်လာသည့်အခါ လူတွေ ကြည့်သည့် အကြည့်နှင့် အခု မမနိုင်ကို လူတွေ ကြည့်သည့် အကြည့် လုံး၀မတူညီ။ ရွံရှာအထင်သေးသည့် အကြည့်နှင့် လေးစားအားကျသည့် အကြည့်။ ထို့ကြောင့် လူတွေက ဂုဏ်သိက္ခာကို တန်ဖိုးထားကြသည်နေမှာ။

မည်သူမှ မသိသော အကြောင်းအရာဖြစ်စေကာမူ Down ဒီနေ့ဒီအချိန်မှာ ပက်ပက်စက်စက် အရှက်ကွဲသိမ်ငယ်ခဲ့ရသည်။ နေစရာနေရာမရှိသည့် ကိုယ့်ကို လှောင်ရယ်နေမည့် အကြည့်အား မခံနိုင်လို့ မမနိုင်ကို မျက်လုံးချင်းမဆုံဝံ့။

အခု ပိုင်၏ လက်ကိုချိတ် မော်ကြွားနေသော မမနိုင်နေရာမှာ သူဖြစ်ခဲ့ရင် ....  သိပ်ပျော်ဖို့ကောင်းမှာ။ Downကိုယ့်ဘ၀ကိုကိုယ် အားမရ သိမ်ငယ်လာသည်။ မွေးကတည်းက သူဟာ မှားယွင်းစွာ မွေးလာသူ။ Downလုံး၀ မရနိုင်သော အရာအားလုံးကို ပိုင်ဆိုင်နေသည့် မမနိုင်ကို မနာလိုဖြစ်မိသည်။

အခုလည်း စားပွဲ၀ိုင်းတစ်ခုမှာထိုင်ကာ ကတ္တီပါဗူးနီနီထဲက ရွှေဆွဲကြိုးကို မမနိုင်က ပိုင်စီးလည်ပင်းမှာ ဆွဲပေးနေသည်။ မမနိုင်က ဆင်ပေးသမျှကို ပိုင်စီးက ပြုံးပြုံးကြီးနဲ့ ငြိမ်ခံနေသည်။ လက်ဟန်းချိန်း ချိတ်, ချိတ်တော့ နှစ်ယောက် ခေါငး်ချင်းဆိုင်သွားတာက မြင်ရသူ Downအဖို့ စိတ်တိုဖို့ကောငး်လွန်းသည်။

ပိုင်စီးတို့လင်မယားကို မမြင်ချင်လို့ အခြားကိုအကြည့်လွှဲသည်။ ပိုင်စီးတို့ဇနီးမောင်နှံအား အားကျနေသော မျက်၀န်းတွေနှင့်ငေးနေသော ပွဲပရိတ်သက်တို့၏ မျက်လုံးတွေကို ရင်ဆိုင်ရပြန်သည်။ ပိုင့်ဘေးမှာ သူမဟုတ်သော အခြားမိန်းမနှင့်အတူရှိနေခြငး်ကို သဘောတကျ ငေးကြည့်နေသော ထိုမျက်လုံးတွေအား ဖောက်ထုတ်ပစ်ချင်လာသည်။

ပိုင်စီးကအခြားမိန်းမနှင့် ပွဲလယ်တင့်တယ်နေတာကို ချောင်ကနေ ငေးကြည့်နေရသော သူ့ဘ၀ကို ခံပြင်းမိသည်။ တရား၀င်ဇနီးမောင်နှံဆိုတာ ဒါမျိူ း တင့်တယ်ခြငး်လား။

ပိုင်ပြောသော အချစ်က အရေးမကြီးဘူး စကားကို နားထဲမှာ ကြားယောင်လျက် ရင်နာလာသည်။ အချစ် ... အချစ် ... ဒီလိုအခြေအနေမှာ ပိုင်သူ့ကို ချစ်ပါတယ်ဆိုသော အချစ်က ထုတ်ဖော်ပြလို့မရ။ တကယ်တမ်း ပိုင့်ကို သူပိုင်ဆိုင်နိုင်ပါတယ်ဆိုဦးငှာ .. နှစ်ဦးနှစ်ယောက်၏ ကုတင်ထက်မှာသာ ဖြစ်သည်။

မမနိုင်ကသာ ...

Down နေရာကလည်း ထမသွားနိုင်၊ ဆက်ထိုင်နေဖို့လည်း စိတ်ကတိုနှင့် တစ်ယောက်တည်း အကုသိုလ်ပွားနေသည်။

အလှုပွဲတစ်လျှောက်လုံး ဧည့်ခံလုံးပန်းရင်း မအားမလပ်ဖြစ်နေသော ပိုင်စီးမှာ အခုတစ်ယောက်တည်းရပ်နေစဉ် အခွင့်အရေးကို လက်လွှတ်မခံ ခါးမှာ မြဲနေသော ပုဆိုးကို ဖြည်ချပြီး ပိုင်စီးအနားကို Downကပ်သွားသည်။

"ပိုင် ပုဆိုးကလေ .. ခဏခဏ ကျွတ်ကျနေတယ်"

သနားစရာအသံချွဲချွဲနဲ့ ဂျီလိုက်တော့ ပိုင့်ခဗျ ပြာတော့ပြာသွားသည်။

"ဟမ်! ပုဆိုးမ၀တ်တတ်လည်း မ၀တ်နဲ့လေကွာ၊ ဘာလို့၀တ်လာတာလဲ"

"အားလုံးက ပုဆိုး၀တ်နေတာကိုး၊ တို့တစ်ယောက်တည်း ဘောင်းဘီကြီးနဲ့ မသင့်တော်ပါဘူး"

Downက ခါးမမြဲသော ပုဆိုးကွင်းကို မ,ထားသော်လည်း ပုဆိုးအောက်နားက ခြေတိုက်နေသည်။ ကြည့်ရတာ ဖရိုဖရဲ အမြင်မသင့်တော်သောကြောင့် Downကို ဆွဲခေါ်လာကာ လူရှင်းသည့်နေရာမှာ ပိုင်စီးကိုယ်တိုင် ပုဆိုးပတ်ချည် ၀တ်ပေးနေသည်။

ပိုင်စီးက သူ၏ပုဆိုးခါးမှာပတ်ထားသည့် ခါးပတ်ကို ဖြုတ်ကာ Downပုဆိုးမှာ မြှပ် ပတ်ပေးလိုက်တော့ Downကျေနပ်ပြုံးကြီးပြုံးမိသည်။ 

"ဒါနဲ့ဆို မြဲတယ်၊ ငါလည်း ပုဆိုးမမြဲတတ်လို့ မ,က ငါပုဆိုးပတ်ရင် အောက်က ခါးပတ်ခံပေးတယ်၊ မ, က အရမ်း စေ့စပ်သေချာတယ်၊ မဟုတ်ရင် ငါလည်း မင်းလို ခဏခဏကျွတ်ကျလို့ ဖရိုဖရဲဖြစ်နေမှာ"

ပြုံးလက်စအပြုံးက တိခနဲ ပြတ်သွားသည်။ Downစိတ်ထဲ ထောငး်ခနဲ။

"ကွယ်လွန်သူများအား ရည်စူး၍ အလှုဒါယိကာဦးပိုင်စီးအာဏာနဲ့ အလှု ့ဒါယိကာမကြီး ဒေါ်မေမမနိုင်တို့ သံဃာတော်တွေကို အလှုပစ္စည်းဆပ်ကပ်လှုဒါနး်ပေးဖို့ ကြွရောက်နေရာယူပေးကြပါရန်.........."

လော်စပီကာမှ ကျယ်လောင်လှသော နှိုးဆော်သံကြောင့် ခါးပတ်ပြီးအောင်မပတ်ရသေး၊ တန်းလန်းကြီး ထားခဲ့ကာ

"ခေါ်နေပြီ ... သွားလိုက်ဦးမယ်၊ ဆက်လုပ်လိုက်နော်"

"ပိုင်"

ပိုင်စီးက ခပ်သုတ်သုတ် ထွက်သွားသည်။

ကျောင်းဆောင်ပေါ်တတ်ရန် ပိုင်စီးက လက်တစ်ဖက်မှာ ကလေးကိုပွေ့ချီလျက် ကျန်လက်တစ်ဖက်က မမနိုင်ကို ကမ်းပေးသည်။ အပေါ်မှာ ပိုင်စီးကမ်းပေးသော လက်ကို မမနိုင်က ဆုပ်ကိုင်ကာ လှေကား တက်သည်။ အပေါ်ရောက်တော့ မမနိုင်ပခုံးကို ဖက်ကာ အပြုံးကြီးပြုံးလျက် တဖျက်ဖျက် ကင်မရာတွေအောက် ဓာက်ပုံအရိုက်ခံနေသည်။

အလှုပစ္စည်းတွေကပ်တော့ မမနိုင်နှင့်ပိုင်စီးက အတူတူ။ ဆွမ်းကပ်တော့လည်း စားပွဲကို အတူတူမကာ ဆွမ်းကပ်သည်။ ကြားထဲက ကလေးပိစိကပါ ကန့်လန့်ကန့်လန့်။

လော်စပီကာက အလှုဒါယိကာဦးပိုင်စီးအာဏာနဲ့ အလှု ့ဒါယိကာမကြီး ဒေါ်မေမမနိုင် ဆိုတာ ၀က်၀က်ကွဲ အက်ကြောင်းထပ် အော်နေသည်။

စိတ်တိုရလွန်းလို့ နားထင်ကြောတွေ တင်းခနဲ အောင့်တက်လာသည်။

"မောင်ရင်"

ခပ်မာမာ အသံကြောင့် နောက်လှည့်ကြည့်လိုက်တော့ မျက်နှာထိမျက်နှာထားနဲ့ ချေမိုးနေသော ပိုင်စီး၏ယောက္ခမ မမနိုင်၏အမေ။

"စကားပြောရအောင် ငါ့နောက်လိုက်ခဲ့"

Down ခပ်ညစ်ညစ်ပြုံးလိုက်သည်။

အတော်ပဲ .. ဒေါသထွက်ရလွန်းလို့ ပတ်ရမ်းစရာလူရှာနေတာနဲ့ အဖွားကြီးက တည့်တည့်ကို လာတိုးတော့တာ။

------------

"အခြားနေရာမှာ ပြောလို့မရဘူးလား .. ဒီနေရာက အနံ့အသက်မကောငး်လိုက်တာ"

အနံ့က ဆိုးရွားလွန်းလို့ Downနှာခေါင်း၀ကို လက်ညှစ်ပိတ်၍ ပြောသည်။ မည်မျှ ဆိုးဆိုးရွားရွား လူကြားမကောငး်သော စကားပြောမှာဖြစ်စေ မိလ္လာကျွင်းအပျက် အနားခေါ်လာသော အဖွားကြီးကို Down နားမလည်နိုင်ပါ။

"ဒီနေရာက ဘယ်လောက်ညစ်ပတ်နံစော်နေပါစေ .. နင့်စိတ်ဓာက်လောက် ရွံဖို့မကောငး်ဘူး၊ ပိုင်စီး အငယ်ထားတယ်သိရတော့ မယားငယ်ထင်နေတာ .. လက်စသတ်တော့ လင်ငယ်ဖြစ်နေတာပဲ"

ဒေါ်သစ်သစ်နိုင်က Downကို ရွံရှာစရာသတ္တဝါတစ်ကောင်လို ကြည့်လျက်

"ရုပ်ကလေးကသနားကမား ယောက်ျားဖြစ်ပါလျက် သမီးမယားရှိတ့ဲ ယောက်ျားတစ်ယောက်ရဲ ့တိတ်တိတ်ပုန်း လင်ငယ်ဖြစ်နေတာ နင်မရှက်ဘူးလား"

"ချစ်တာကိုး ... ပိုင်ရော တို့ ရော သိပ်ချစ်တာကိုး"

ဒေါ်သစ်သစ်နိုင်၏ လက်အမြောက် ပါးတစ်ဖက် ထူပူအုံခဲသွားသည်။ ကိုယ့်ပါးကိုကိုယ်ကိုင် အငိုက်မိသွားတုန်း ရုတ်ချည်း ရင်ဘတ်ကို ဆောင့်တွန်းခံရသောအခါ ခြေထောက်ခေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ အနောက်က မိလ္လာကျင်းထဲ ခြေချော်ကျသွားသည်။ 

စိုစိစိအညစ်အကြေးတွေက တစ်ကိုယ်လုံး ပေရေညစ်ပတ်သွားသည်။ အံ့သြလွန်းလို့ မင်သက်မိစဉ် 

"ထွီ"

ဒေါ်သစ်သစ်နိုင်က အပေါ်စီးမှ Downအပေါ် တံတွေးထွေးသည်။

"နင့်အပြစ်က သိပ်ရွံရှာဖို့ကောငး်တာ နင့်ကို ဥပမာပြမယ်"

ဒေါ်သစ်သစ်နိုင်က ခါးကြားထဲက လက်ကိုင်ပုဝါကို ရွရွလေး ထုတ်ကာ မျက်နှာမှာအုပ်လျက် ထွက်သွားသည်။

အညစ်အကြေး မိလ္လာကျင်းဟောငး်ထဲ ရပ်လျက် အသားတွေ တဆက်ဆက် တုန်ကာ Downစိတ်တွေတို မျက်ရည်၀ဲလာသည်။

ကစားနေသော ကလေးတသိုက်အနား ဒေါ်သစ်သစ်နိုင် ရောက်သွားပြီး

"ဟဲ့ .. ကလေးတွေ ဟိုမိလ္လာကျင်းဟောငး်ထဲကို အရူးတစ်ယောက် ပြုတ်ကျနေတယ် သွားကြည့်ချေ"

ကလေးတွေက ဝါးခနဲ အော်ကာ ထွက်သွားကြသည်။ ဒေါ်သစ်သစ်နိုင်က မဲ့ပြုံးနှင့် ..

နင်ကများ ... ငါ့သမီးမျက်ရည်ကျအောင် လုပ်တယ်ပေါ့၊ ငါ့သမီးငိုကြွေးခဲ့ရသလို နင့်ဘ၀လည်း မနေသာဘူးမှတ် ...

"ဒီမှာ ဧည့်သည်ကောင်လေးတစ်ယောက် မိလ္လာကျင်းထဲ ခြေချော်ကျလို့ လုပ်ကြပါဦးဟဲ့"

ဒေါ်သစ်သစ်နိုင်စကားကြောင့် အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

မကြာ ...

"ချီးတွင်းထဲ ကျသွားပြီ၊ ချီးတွင်းထဲ ကျသွားပြီ၊ အရူးကြီးတစ်ယောက် ချီးတွင်းထဲ ကျသွားပြီ"

ကလေးတစ်အုပ်က သံပြိုင်ရွတ်ကာ အနားကို ရောက်လာကြသည်။ ခေါင်းအစတစ်ကိုယ်လုံး ညစ်စုတ်ပတ်နေသော Downကို ကြည့်ကာ လက်ညှိုးထိုး ၀ိုင်းဟားတိုက် လှောင်ရယ်ကြသည်။ ကျီစယ်သယောင် နောက်ပြောင်သယောင် တထွီထွီ တံတွေး၀ိုင်းထွေးကြသည်။

လူကြီးတွေက နောက်မှရောက်လာသည်။ ရောက်လာသော လူအုပ်ထဲ ကလေးကိုချီထားသော ပိုင်စီးပါ ရေးကြီးသုတ်ပျာပါလာသည်။

ပိုင့်ကို မြင်လျင်မြင်ချင်း  အားတက်သွားပြီး ရင်ခွင်ထဲတိုးကာ ငိုချချင်ပေမဲ့ ရှေ ့ကိုတိုးလာသည့် ပိုင်စီးခြေလှမ်းတို့သည် နှာခေါင်းပိတ်လျက် အနောက်ကို ဆုတ်သွားသည်။ လူအချိူ ့ကလည်း ပြုံးစိစိ။

"ဒီနေရာကို ဘယ်လိုရောက်လာတာလဲ ကောင်လေးရယ်၊ ဖြစ်မှဖြစ်ရလေ မကြီးမငယ်နဲ့ ခြေချော်လဲကျရလား၊ ပေါ့ဆလိုက်တာ"

အဒေါ်ကြီးတစ်ယောက်က ရယ်ချင်ပက်ကျိမျက်နှာနဲ့ ၀င်ပြောသည်။ Downကို ကျင်းထဲမှ မည်သူတစ်ဦးတစ်ယောက်မှ လာမထူတွဲခေါ်ကြသေး။ ခပ်ေ၀းေ၀းမှ နေကာ ဖျော်ဖြေမှု ့တစ်ရပ်လို ၀ိုင်း ဟားတိုက် ကြည့်နေကြသည်။

Downမှာ အမျိူးအမည်မသိ ခံစားချက်တွေနဲ့ ငိုချင်လာသည်။ စကားက မထွက်။ ကိုယ့်ကိုကိုယ်လညး် မသတီ။

သူတို့စိတ်ထဲတော့ Downအနေအထိုင်မတတ်၍ မိလ္လာကျင်းထဲ ပြုတ်ကျသည် ထင်နေလိမ့်မည်။ တကယ့်တကယ် လက်သည်တရားခံကို လူအုပ်ထဲမှ Down စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ဒေါ်သစ်သစ်နိုင်ကလည်း Downနားလည်မိသော အဓိပ္ပာယ်တွေနဲ့ ခပ်မဲ့မဲ့ပြုံး၍ စိုက်ကြည့်နေသည်။

မကြာ အလုပ်သမားတစ်ယောက်က လာဆွဲခေါ်သည်။ Downအပေါ်ကို ရောက်တော့ Downအနားကိုမည်သူမှ မကပ်။ နှာခေါငး်တပိတ်ပိတ် တရှောင်ရှောင် ဖြစ်နေကြသည်။

"ပိုင်"

ငိုမဲ့မဲ့နှင့် လှမ်းခေါ်လိုက်တော့ ပိုင်စီးက အနေရခက်ဟန်

"အရင်ဆုံးသန့်ရှင်းရေးလုပ်လိုက်ပါ"

ပြောပြီး ကျောခိုင်းထွက်သွားသည်။

"ဒါက ဥပမာပဲ ရှိသေးတယ်၊ နင့်အပြစ်တွေကိုသာ လူတွေ သိသွားရင် နင့်ကို ပိုပြီး စက်ဆုပ်ကြလိမ့်မယ်၊ ဒီမစင်တွငး်ဟောငး်ထဲ ကျတာတောင် နင့်ကို ဘယ်သူမှ အဖက်မလုပ်တာ၊ နင်က ကာမပိုင်ရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေတာသာ သိသွားကြရင် နင်ရော ပိုင်စီးရော လူ့ဘောင်မ၀င်တော့ဘူး"

အဖွားကြီးက နှစ်ကိုယ်ကြားပြောသွားသည်။

_________________

မယားကြီးက မယားကြီးပါပဲ နံပါတ်အငယ်တွေ ယှဉ်လို့မရပါဘူး ဒါက ဇာက်ကောင်တွေနဲ့မဆိုင်တဲ့ ကျွန်တော်ပြောချင်တဲ့ message ပါ

ကျွန်တေ်ာဘာလို့ ကောက်ကြောငး်မှာ Roleplayers မထားခဲ့လဲ နားလည်နိုင်ပြီလို့ ထင်ပါတယ်။

ရှေ ့အပိုင်းတွေက ကွန်းမန့်တွေကြောင့် updateနိုင်ခဲ့တာပါ။
ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် <3

4:24PM
12/10/2018

Continue Reading

You'll Also Like

2.3M 200K 73
Credit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ...
140K 6.6K 23
-ေငးၾကည့္ေနရံုႏွင့္ေက်နပ္ေနခဲ့သည့္သူ႔ဘဝက ေနာင္တစ္ခ်ိန္ေငးၾကည့္ခြင့္ေတာင္ မရႏိုင္ေတာ့မွန္း သိသည့္အခ်ိိန္မွာ ထိုသူ႔အေပၚထားသည့္ သူ႔ရဲ႕အခ်စ္ေတြက နယ္ကြၽံေ...
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
657K 43.4K 91
ဒဏ္ရာေတြေပးလည္း ေပးသူ အျပစ္လို႔ ကြ်န္ေတာ္ မျမင္သလို ေက်နပ္စြာ ခံယူသူရဲ႕ အျပစ္ဟုသာ ကြ်န္ေတာ္ယူဆသည္ ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သ...