The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 18

9.9K 862 118
By aseinnkyaw


The Dimple on his cheek

Unicode

နှုတ်ခမ်းအတွင်းသား၏ နူးညံ့သော အထိအတွေ့
သည် အချိန်ကြာလာသည်နှင့်အမျှ နှစ်ချိူ့ဝိုင်
တစ်ခွက်လို ချိူအီယစ်မူးဖွယ်ကောင်းလှပေသည်။

ရှင်းလေးသည် စတော်ဘယ်ရီအရသာ ချိူချဉ်
တစ်လုံးလိုနွေးထွေးချိူမြန်သော ချမ်းမြေ့ကိုကို
၏ လျှာဖျားအထိအတွေ့ကြားတွင် စိတ်ညှို့ခံ
ထားရသည့် လူတစ်ယောက်ပမာ ရုန်းထွက်မရ
ဖြစ်နေလေသည်။

ချမ်းမြေ့ကပဲ ကျွမ်းကျင်လွန်းနေသည်လားမသိ

ထိုအခိုက်အတန့်လေး ခဏအတွင်းမှာပင်
ရှင်းလေးသည် တစ်လောကလုံးရှိ အရာခပ်သိမ်း
ကိုမေ့ကာ တိမ်ဖြူဖြူများကြား လမ်းလျှောက်
နေရသလို မထိတထိနှင့် ရင်ဘတ်ထဲတွင်
တသပ်သပ် လှိုက်ဖိုလာလေ၏ ။

" ညီ "

ကြားနေကျ အသံလေးတစ်ခုနဲ့ တည်ကြည်
ခန့်ညားသော ရုပ်သွင်တစ်ခုက သတိပေး
လိုက်သလို ဖြတ်ခနဲ ပေါ်လာတာမို့ရှင်းလေး
သည် သတိလွတ်နေရာမှ စုံမှိတ်ထားသော
မျက်လုံးနှစ်ဖက်ကို ရုတ်တရက် ဖွင့်ချလိုက်ကာ
ချမ်းမြေ့အား ဆောင့်တွန်းလိုက်လေသည်။

ချမ်းမြေ့ကလည်း ကိုယ်ကို ကုန်းထားရာမှ
ဆောင့်တွန်းခံလိုက်ရသောကြောင့် အနောက်
ဘက်ကို ပက်လက်လှန်ကျသွားကာ သူတို့နှစ်ဦး
ရှိနေသော အဝါရောင် ရဟတ်အိမ်လေးသည်
လေထဲတွင် မသိမသာ ခါရမ်းသွားလေသည်။

"ချမ်းမြေ့...မင်း ငါ့ကို ဒုတိယအကြိမ် ထပ်ပြီး
အခွင့်အရေး ယူပြန်ပြီ မင်းကို ဘယ်သူက
ငါ့နှုတ်ခမ်းကို နမ်းခွင့်ပေးနေလို့လဲ "

ရှင်းလေးသည် ချမ်းမြေ့ကို မကောင်းဆိုးဝါး
တစ်ကောင်လို စူးစိုက်ကြည့်ကာ ကုန်းအော်
လိုက်သည်။

အဲတာကိုပင် ချမ်းမြေ့က မျက်နှာငယ်လေးနဲ့
ကြည့်ကာ ရဟတ် ဘေးကတန်းနှစ်ဖက်ကို
တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက်

"မင်း အနားမှာ ရှိနေရချိန်တိုင်း ငါစိတ်ထိန်းနိုင်
မှာမဟုတ်ဘူး မင်းကို မနမ်းမိဖို့ဆိုရင် မင်းနဲ့
အဝေးဆုံးမှာနေမှ ဖြစ်မှာ ရှင်းလေး ပြီးတော့
ငါ့ကို အပြစ်ပေးချင်လည်း နောက်မှပေးပါနော်
ရဟတ်ကြီးက လှုပ်နေတာ ကြောက်စရာကြီး
ငါ ပြုတ်ကျသွားမှာ ကြောက်လို့ပါ "

ရှင်းလေးသည် မျက်လုံးလေး ကလယ်ကလယ်နဲ့
လေထဲမှာ ရဟတ်ကြီး ဟိုရမ်းဒီရမ်းဖြစ်နေတာကို
အသဲအသန်ကြောက်နေပုံ ရေသာ ချမ်းမြေ့ကို
ကြည့်ပြီး စိတ်လည်းဆိုးကာ တစ်ဖက်ကလည်း
ရယ်ချင်လာသည်။

ဟုတ်သားပဲ၊ သူ မေ့နေတာ အမြင့်ကြောက်တတ်
တာ ချမ်းမြေ့ရဲ့ မဟာ အားနည်းချက်ကြီးပဲ ။

ရှင်းလေးကို ချမ်းမြေ့ကို မှတ်လောက်သားလော
က်အောင် ပညာပေးချင်လာသဖြင့် နှုတ်ခမ်းကို
ညစ်ကျယ်ကျယ်ပြုံးလိုက်ကာ ခပ်စေ့စေ့ပိတ်ထား
သော ရဟတ်တံခါးကို ဆွဲဖွင့်လိုက်သည်။

ရဟတ်သည် တံခါးပေါက်က ဖြတ်ခနဲပွင့်သွား
တာမို့ လေထုက အလုံးအရင်းနဲ့၀င်လာကာ
ရဟတ်လေးသည် ပုံမှန်ထက် ပိုပြီး လှုပ်ခါသွား
လေသည်။

"ရှင်းလေး ဘာလုပ်တာလဲ အန္တာရယ်များတယ်
ပြုတ်ကျသွားမယ် တံခါးကိုမြန်မြန်ပိတ်လိုက် "

ချမ်းမြေ့က တံခါးဟောင်းလောင်းဖြစ်နေသည်
ကို ကြည့်ကာ မျက်ပြူးဆံပြာနှင့် ကြောက်လန့်
တကြား သွေးပျက်စွာ ကုန်းအော်နေလေသည်။

လက်တစ်ဖက်ကလည်း ပြုတ်ကျသွားမှာ
စိုးထိတ်သည့်နှယ် ဘေးတန်းကို တင်းကျပ်စွာ
ကိုင်ထားတာ ဒူးခေါင်းကို ကွေးညွတ်ထားလျက်
လေးဘက်ထောက်လျက် အနေအထားနှင့် ဖြစ်
သွားတာမို့ ရှင်းလေးက ချမ်းမြေ့ဖြစ်ပျက်နေပုံ
ကိုကြည့်လျက် ရယ်ချင်လာလေသည် ။

ပွင့်နေသောတံခါးဝမှ ခပ်ကြမ်းကြမ်းတိုး၀င်လာ
သော လေတွေသည်လည်း ရဟတ်အိမ်လေးထဲ
တွင် တိုးဝှေ့တိုက်နေတာမို့ ချမ်းမြေ့၏ နဂိုဖွာသော
ဆံပင်တွေသည် ရှုပ်ထွေး နောက်ကျိကုန်ကာ
မျက်နှာတစ်ခုလုံးကို တဖတ်ဖတ် ရိုက်နေလေသည်။

ထို့အပြင် အကြောက်လွန်နေသော နှုတ်ခမ်း
ကလည်း တဆတ်ဆတ် တုန်နေသည်မို့ အရူး
ထောင်က လွတ်လာသော အရူးနဲ့တူနေလေ
သည်ဟု ရှင်းလေးက အမြင်ကပ်ကပ်နဲ့ ကောက်
ချက်ချပစ်လိုက်သည်။

ထိုနောက် ချမ်းမြေ့ကို ညစ်ကျယ်ကျယ်ကြည့်
လိုက်ရင်း

"အခု ငါခိုင်းတာ လုပ်ရင် မင်းကို ခွင့်လွတ်မယ် "

ရှင်းလေး၏ အပြောကြောင့် ချမ်းမြေ့ကိုကို၏
မျက်လုံးလေးတွေသည် အကြောက်လွန်နေသည့်
ကြားကပင် မျော်လင့်ချက်ရောင်ခြည် အနဲငယ်
သန်းလာသယောင် မော့ကြည့်လာသည်။

" ငါ ...ဘာလုပ်ပေးရမှာလဲဟင် "

တုန်ရီ အားငယ်စွာ ထွက်လာသော ချမ်းမြေ့၏ လေသံတိုးတိုးလေး ။

" ဒီပေါ်ကနေ အခု ခုန်ချပြ "

" ဘယ်လို ... "

မထင်မှတ်ထားသော စကားကြောင့် ချမ်းမြေ့၏
မျက်နှာလေးသည် ကြိုးမိန့်ပေးခံရသည့် တရားခံ
တစ်ယောက်လို ရုတ်ချည်း ငြိူးငယ်သွားသည်။

ထို့နောက်ရှင်းလေးကို တောင်းတောင်းပန်ပန်
ကြည့်ကာ

"ရှင်းလေး အဲလိုရက်စက်တော့မှာလား ငါ
သေသွားရင် ဘယ်လိုလုပ်မလဲ "

" မင်းအပြစ်နဲ့မင်းခံလေ "

"ငါ့ကို သတ်ချင်လည်း အပြင်ရောက်မှ ဓါးနဲ့ဘဲ
ဖြစ်ဖြစ်ထိုးသတ်ပါလားကွာ အဲလို အမြင့်ပေါ်က
ပြုတ်ကျရင် မားမွေးပေးထားတဲ့ ငါ့ မျက်နှာလှလှ
လေး ရုပ်ပျက်ဆင်းပျက် မရှုမလှကြီး အမလေး
တွေးနေရင်းတောင် ကြက်သီးထတယ် "

ရှင်းလေးသည် ကြောက်နေသည့်ကြားမှပင်
ပုခုံးကလေးတွန့်ရင်းစကားလာများပြနေသော ချမ်းမြေ့ကို ဘာမှပြန်မပြောပဲ စူးစူးစိုက်စိုက်သာ ကြည့်နေလေသည်။

တကယ်ဆို သူ ကိုယ်တိုင်အာ့လောက် မရက်
စက်ပါ ..။ အမြင့်ကြီးမှာ တံခါးဖွင့်လိုက်ရင်
အန္တရာယ် များသည်ဆိုတာလည်း သိသည်။

သို့သော် ချမ်းမြေ့ကို တမင်ပညာပေးချင်သဖြင့်
အခြေအနေကိုကြည့်ကာ သူတို့စီးလာသော
ရဟတ်အိမ်လေးသည် မြေပြင်ကိုရောက်လုနီးပါး
ဖြစ်မှ တံခါးကို တွန်းဖွင့်လိုက်ခြင်း...။

ပြီးတော့ ရဟတ်ကလည်း ဖြေးဖြေးလေး သာ
လည်တာမို့ ထင်သလောက်ကြီးလည်းမဟုတ် ။
ချမ်းမြေ့ကိုက အကြောက်လွန်နေတာ ။

"မင်း မဆင်းဘူးမလား ဟုတ်ပြီလေ အဲဒါဆိုလည်း ထားလိုက်တော့ မြေပြင်ပေါ်ရောက်တာနဲ့ မင်းနဲ့
ငါက ဘယ်တုန်းကမှ မသိခဲ့တဲ့ သူစိမ်းတွေ
ဖြစ်သွားပြီ လို့ သတ်မှတ်လိုက်တော့ ဘယ်တော့
မှလည်း ငါ့ကို လာမခေါ်နဲ့တော့ "

ချမ်းမြေ့သည် သူ့ အားနဲချက်ကို အကျပ်ကိုင်
ကာအေးစက်သော မျက်နှာထားဖြင့် တည်ငြိမ်
စွာပြောလာသော ရှင်းလေးကို ကြည့်ကာ ဝေခွဲ
မရဖြစ်လာလေသည်။

ရှင်းလေး ပြောသလို တကယ်ပဲ ခုန်ဆင်းလိုက်
ရမလား ။ ရဟတ်က ဖြေးဖြေးလေးလှည်တာမို့
သူသေတော့မသေနိုင် .....။

အနဲဆုံး ကျိူးရုံ ပဲရုံလောက်ပေါ့ ။

ချမ်းမြေ့သည် ခုန်ဆင်းဖို့ ကြိုးစားရင်း တစ်ဖက်
ကလည်း ပိုးမွေးသလို ဥထားရတဲ့ အသားအရေ
လေး ရုပ်ပျက်ဆင်းပျက်နဲ့ သွေးအလိမ်းလိမ်းဖြစ်
သွားမှာကိုစိုးရိမ်နေလေသည်။သို့သော်ချစ်မိလျှင်
အရာရာကို မျက်ကန်းတစ်ယောက်လို ဘာကိုမှ
မမြင်နိုင်သော စိတ်ကပဲအနိုင်ယူသွားသည်ထင်။

ချမ်းမြေ့တစ်ယောက် မပြောမဆိုနဲ့ ရဟတ်အိမ်
ပေါ်မှ ဝုန်းခနဲ ခုန်ချလိုက်လေသည်။

ကိုယ်လုပ်မိတဲ့ အပြစ်ကြောင့် သေမထူး နေ
မထူး အခြေအနေမှ လွတ်မြောက်စေရန် အလို့
ငှာ မျက်စိစုံမှိတ်လျက် ဝုန်းခနဲ ခုန်ချလိုက်ပြီးမှ
သူ ခုန်ချလိုက်တဲ့ နေရာသည် မြေပြင်နဲ့ တစ်ပေ
လောက်တောင် မကွာတော့တာကို သိသွားပြီး
ဒူးထောက်လျက်သာ လဲကျသွားတာမို့ ချမ်းမြေ့
က အခုမှ ဟီးခနဲ ရယ်နိုင်ကာ သက်ပြင်းချနိုင်
တော့သည် ။

ထို့နောက် လေးဘက်ထောက်လဲကျနေတာကို
ကုန်းရုန်းထ လက်ဖဝါးမှာ ထောက်မိထားသဖြင့်
ကပ်နေသော ဖုန်မှုန့်တွေကို လက်ဖဝါးနှစ်ဖက်
ရိုက်ကာ ခပ်ကြမ်းကြမ်းခါထုတ်လိုက်ပြီး သူ့ကို
စိတ်ကွက်သလို မျက်စောင်းထိုးကြည့်နေသော
ရှင်းလေးကို မျက်နှာချိူ သွေးရတော့သည်။

" မင်း ပြောတဲ့ အတိုင်း ငါ ခုန်ချတယ်နော် "

" သြော် အမြင့်ကြီးဆိုတော့... "

ရှင်းလေး၏ ခပ်တိုးတိုး ရေရွတ်လိုက်သံကိုပင်
ချမ်းမြေ့တစ်ယောက် ကြားသွားသည်ထင်သည် ။

"အဲတာတော့ ကံတရားလေကွာ ဘာပဲ ဖြစ်ဖြစ်
ငါ စွန့်စားလိုက်ရတာပဲကို ပြီးတော့ မင်း ငါ့ကို
စိတ်မဆိုးရတော့ဘူးနော် ဟို ထူးထက်ခေါင်
ဆိုတဲ့ လူကြီးအနားလည်း ထပ်မသွားနဲ့တော့
အဲလူကြီး အနားမှာ မင်းရှိနေတဲ့ အချိန်ဆို
ငါ ဘာကို စိုးရိမ်လို့ စိုးရိမ်နေမှန်း မသိပဲ မင်း
တစ်ခုခု ဖြစ်သွားမှာ အလိုလိုကြောက်နေမိတာ "

ချမ်းမြေ့၏ စကားသံတွေလည် အဝေးက
လွင့်ပျံလာသလို ရှင်းလေး နားထဲတွင် မကြား
တစ်ချက်ကြားတစ်ချက် ဖြစ်လာလေသည်။

ထို့နောက် ချမ်းမြေ့အား ဘာစကားတစ်ခွန်းမှ
ပြန်မဆိုပဲ တိတ်တိတ်လေးသာ ဘေးကနေ
လျှောက်လာမိသည်။

တကယ်တမ်း Bro နဲ့ ပတ်သက်တဲ့ သူ့ခံစား
ချက်တွေ ချမ်းမြေ့သိသွားမှာကိုလည်း စိုးရိမ်
နေမိသည်။

Bro နဲ့ ပတ်သက်သမျှ အရာအားလုံးသည်
ဘယ်သူမှမမြင်နိုင်တဲ့ အခန်းငယ်တစ်ခုထဲမှာ
သော့ခတ်သိမ်းထားပြီးသား ဖြစ်တာမို့ ထိုအရာ
တွေအား သူ ဘယ်တော့မှ ထုတ်ပြောလိမ့်မည်
လည်း မဟုတ်ပါ။

Bro ဘက်ကရော သူ့အပေါ် ဘယ်လိုသဘောထား
ထားလဲဆိုတာကိုတော့ တကယ်ပဲ သိချင်လှပါသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အပြည်ပြည်ဆိုင်ရာ
လေဆိပ်မှ မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်သို့
ပျံသန်းမည့်လေယာဉ်ကြီးပေါ်တွင် ရွှန်းရွှန်း
တစ်ယောက်လေးပင်စွာ ထိုင်နေလေသည်။

"ရွှန်းရွှန်း နင် ပြန်လာမှဖြစ်တော့မှာ ရှင်းလေး
လုံးဝ အဆင်မပြေတော့ဘူး နင့်နေရာမှာ ဟန်
ဆောင်ရတာသူ အရမ်းပင်ပန်းနေပြီ ။သူ့ကိုယ်
သူ သတ်နေဖို့ထိ လုပ်နေလို့ မနဲတားထားရတယ်
အခုဆို ထမင်းလည်းမစား ရေလည်းမသောက်ပဲ အခန်းအောင်းနေတာ သုံးရက်ရှိပြီ ကိုယ့်မောင်
ကို အသက်ရှင်နေစေချင်သေးရင် နင် မြန်မြန်ပြန်
ခဲ့တော့ "

ရွှန်းရွှန်း သည် လွန်ခဲ့သော တစ်ဖက်က ချမ်းမြေ့
ပို့လာခဲ့သော Mail ကို ထပ်ခါတလဲလဲ ပြန်ဖတ်
နေမိသည်။

အစကတော့ အတည်ပေါက်နဲ့ နောက်တတ်သော
ချမ်းမြေ့စကားကို မယုံကြည်သဖြင့် အလေး
မထားပဲ ဖာသိဖာတာနေခဲ့တာပင်။

လွန်ခဲ့တဲ့ သုံးရက်က တီလေးနဲ့ဖုန်းရတော့မှ
ရှင်းလေး တကယ် ထမင်းမစားပဲ အခန်းအောင်း
နေတာ သုံးရက်ရှိပြီဟုကိုယ်တိုင်နားနဲ့ဆတ်ဆတ်
ကြားခဲ့တာကြောင့် ရှင်းလေး တစ်ခုခုဖြစ်သွား
လျှင် ဆိုတဲ့ စိုးရိမ်စိတ်ကြီးကဝင်လာကာ အကျပ်
ရိုက်ရတော့သည်။

ကိုယ့်မှာကလည်း ဒီမောင် တစ်ယောက်ရှိတာ
မဟုတ်လား ။

"ရွှန်းရွှန်း မပြန်ပါနဲ့လား ဦးငယ်တို့ဆီမှာ နေတာ
တောင် ဘယ်လောက်မှ မကြာသေးပဲ "

ဟု ဦးငယ် တားခဲ့တာကိုပင် မငြင်းချင်ပဲ
ငြင်းခဲ့လျက် အထုတ်အပိုးတွေ သိမ်းကာ မြန်မာ
ပြည်ပြန်ဖို့ ပြင်ဆင်ရတော့သည်။

တကယ်ဆို သေချာပြန်စဉ်းစားကြည့်မှ သူကိုယ်
တိုင် အမကြီးအရာ မပီသခဲ့။

ယောကျ်ားမယူချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့
ပြီးပြီးရော ထွက်ပြေးခဲ့တာပင်။

ဒီကြားထဲ ရှင်းလေးကို သူ့နေရာမှာ အစားထိုး
ဟန်ဆောင်ခိုင်းမယ်ဆိုတာ သိတော့လည်း ရှင်း
လေးအတွက် ဘာမှ လေးလေးနက်နက်မတွေး
ပေးပဲ တဟီးဟီးရယ်မောရင်းသာ ပေါ့ပေါ့ပါးပါး
လေးပဲ ကျော်ဖြတ်ခဲ့တာပင်။

သေချာပြန်စဉ်းစားကြည့်ရင်လည်း ကိုယ့်မောင်
ရှင်းလေးဟာ ကိုယ့်အပေါ်ကိုဆို ညှာတာခဲ့တာ
အသေအချာပင်..။

ဟန်ဆောင်ခိုင်းတဲ့ ကိစ္စကို အသာအယာလေး
ပဲပြီးသွားလိမ့်မယ်ထင်ထားသော်လည်း တကယ်
တမ်း မင်္ဂလာပွဲကထင်သလို ပျက်မသွားတဲ့အခါ
မှာတော့တဖြေးဖြေး သွေးပျက်ခြောက်ခြားလာ
ရတော့သည်။

အိမ်က ဖေဖေတို့ မေမေတို့ တီလေးတို့သဘော
ကျလောက်ရအောင် အဲဒီ ထူးထက်ခေါင်ဆိုတဲ့
လူကြီးက ဘယ်လောက်များ ကောင်းနေလို့လဲ ?
တစ်ခါလာလည်း CEO နှစ်ခါလာလည်း CEO နဲ့
ဒီဂုဏ်ပုဒ်ကြီးနဲ့ပဲ ကိုင်ကိုင်ပေါက်နေတာမို့ ဖုန်းထဲကနေ မေမေတို့နဲ့ ရန်လှမ်းလှမ်း ဖြစ်ရတာလည်းမနဲ ။

ရွှန်းရွှန်း က CEO ဆိုတဲ့ Messenger ကနေ
တီလေး လှမ်းပို့ပေးထားတဲ့ အဲလူကြီး၏
ဓာတ်ပုံကို ပြန်ကြည့်လိုက်သည်။

ထူထဲနက်မှောင်တဲ့ မျက်ခုံးမွှေးတန်းတန်း
အောက်က အနက်ရောင် မျက်မှန်ကိုင်းနဲ့
ဘောင်ခတ်ထားတဲ့ စူးရှ နက်မှောင်ပြီး တည်
ငြိမ်တဲ့ မျက်ဝန်းတွေ။

မြန်မာဆန်ပြီး တောက်ပတဲ့ ရွှေအိုရောင်ဘက်
သန်းနေသော ဝင်းဝါနေသော အသားအေရ။

အဖြူရောင်လည်ကတုံး နဲ့ ယောပုဆိုးကိုကျကျ
နနဝတ်ထားပြီးနက်မှောင်နေသော ဆံပင်တွေကို အပေါ်ဘက်ကို သပ်ရပ်စွာဖီးသင်ထားပုံကအဆင့်
တန်း မြင့်မြင့်ထဲကမှန်း ပေါ်လွင်ထင်ရှားနေသည်။

" ဟွန်း... အဘိုးကြီးပုံနဲ့ "

ချောတယ်ဟု သုံးသပ်လိုက်မိသော်ငြား အမြင်
ကပ် စိတ်ကသုံးပုံ နှစ်ပုံလောက် ရောနေသဖြင့်
အဘိုးကြီးပုံနဲ့ဟုသာ ခပ်တိုးတိုး ရေရွတ်လိုက်
သည်။

တကယ်ဆိုအဲလူကြီး ပုံစံက ကိုယ်ကြိုက်သော
စတိုင်နဲ့ လုံးဝတခြားစီ။

အသက်ကသာ ငယ်သေးတာ စတိုင်က တီလေး
တို့ ခေတ်က ယောကျ်ားလေးစတိုင်မျိူး။

တကယ်က ရွှန်းရွှန်း နဲ့ မပေးစားပဲ တီလေးနဲ့
ပေးစားလိုက်ရမှာ...။

ရွှန်းရွှန်း သည် ထူးထက်ခေါင် နဲ့ တီလေး ၏
နှစ်ဦးသား ပုံရိပ်ကိုတွဲပြီး မြင်ယောင်လာကာ
တခွီးခွီးနဲ့ ကျိတ်ရယ်နေလေသည်။

မောင် နဲ့ မမ စုံတွဲလေးဆို ပိုတောင် Ro သေး။

ရွှန်းရွှန်းသည် ကိုယ့်ဘာသာ တီလေးနဲ့ ထူးထက်
ခေါင်ကို Ship ကာ တခွီးခွီးနဲ့ ကျိတ်ရယ်နေရင်း
ရုတ်တရက် ကိုယ်ဘေးမှာ အိကနဲ လာထိုင်နဲ့
လူတစ်ယောက်ကို ဘေးကို တစ်ချက်လှမ်း ရှိုး
လိုက်သည်။

အားပါးပါး...ချစ်စရာကောင်းလိုက်တဲ့ အဆင်
လေး....။

ဒါမျိူးမှ ငါ့စိတ်ကူးထဲကပုံစံမျိူးလေး ချစ်စရာ
လေးဟယ်...အမေလး အသဲအူတွေ ကြွေကုန်
ပါပြီ။

ရွှန်းရွှန်း သည် ရုတ်တရက် ကိုယ့်ဘေးမှာလာ
ထိုင်သော Kento Yamazaki နဲ့တူသော
မျက်နှာချွန်ချွန် သေးသေးလေးနဲ့ ပိုးဟတ်ဖြူ
ကောင်လေးကိုကြည့်ရင်းနှလုံးခုန်သံတွေ မြန်
လာကာ ခြေဖျားလက်ဖျားတွေပါ အေးလာလေ
သည်။

ရှေ့မှာ အတိကျနေတဲ့ ဆာမူရိုင်း ကေလေးနဲ့
မျက်မှန်ဝိုင်းသေးသေးကိုလည်းတပ်ထားသေး
ကာ ကျောပိုးအိတ်လေးလွယ်ထားပုံမှာ ပီဘီ
ကလေးငယ်လေး တစ်ယောက်အသွင်။

ဂျပန် လူမျိူးထင်တယ် ပုံစံလေးက နုနုနယ်နယ်
လေး။

မြန်မာနိုင်ငံကို အလည်လာတာ နေမှာပါ။

ရွှန်းရွှန်း သည် ကိုယ့်အတွေးနဲ့ကိုယ် နစ်ဝင်
နေရင်း ဘေးက ထိုပိုးဟတ်ဖြူကောင်လေးကို
မျက်တောင်မခတ်သတိလက်လွတ် ငေးနေတာ
မို့ ထိုကောင်လေးကပင် သူ့ကို စူးစိုက်ကြည့်နေ
သော ရွှန်းရွှန်းကို သတိထားမိသွားကာ ရွှန်းရွှန်း
ဘက်လှည့်ကာ ပြုံးပြလိုက်သည်။

အား.... ပါးချိူင့်လေးနဲ့တော့ ရူးပြီ အမေရေ။
အမေ့သမီးတော့ ရူးခါနေပါပြီ

ရွှန်းရွှန်းသည် ကိုယ့်ကို ရယ်ပြလာသော
ကောင်လေးကြောင့် မျက်နှာကြီးသည်
တဖြေးဖြေးနဲ့ မှိုရသလို ပြုံးဖီးလာလေသည်။

ဒါနဲ့ နေပါဦး သူရယ်နေတဲ့ ပုံက တစ်ယောက်
ယောက် နဲ့ တူသလိုပဲ၊ ရွှန်းရွှန်းသည် ပါးချိူင့်
လေးနဲ့ ထိုအပြုံးပုံစံမျိုးလေးကို မြင်ဖူးသလို
ဖြစ်နေသည်မို့အကျအန ပြန်စဉ်းစားလိုက်သည်။

ထို့နောက် ခေါင်းထဲမှာ လက်ခနဲ ပေါ်လာသော
ကိုယ့်မောင် ရှင်းလေး ၏ မျက်နှာ ။

ဟုတ်သား၊ ဒီ ဂျပန်လေးက ရယ်လိုက်ရင်
ရှင်းလေးနဲ့ တော်တော်တူတာပဲ ။ အေးလေ
တစ်နေ့နေ့တော့အမျိူးတွေ တော်လာမှာပဲကို
ဟီးဟီး ....။

ရွှန်းရွှန်းသည် ကိုယ် အတွေးနဲ့ကိုယ်တော့
တစ်ယောက်တည်း ဟုတ်နေကာ နှုတ်ခမ်းလေး
တွေကော့ညွှတ်အောင် ပြုံးနေမိသည်။

ထို ပိုးဟပ်ဖြူလေးနဲ့ နာရီတော်တော်များများ
လေယာဉ်အတူစီးရမည်ကိုတွေးကာ တစ်ယောက်
တည်း ကြိတ်ကျေနပ်နေတော့သည်။

" ခေးဆိုင်...... ပီကေ ဝါးမလား "

ရုတ်တရက် နောက်ကျောခုံမှ ထွက်လာသော
မြန်မာသံ ပီပီသသ လေသံ ။

ထို့နောက် အရှေ့ဘက်ခုံကို လှမ်းပေးသော
ပူရှိန်းပီကေကို လှမ်းယူလိုက်သော လက်ဖြူဖြူ
လေးတစ်စုံ ။

အဲဒီနောက် ကိုယ့်ဘေးက ပိုးဟတ်ဖြူလေးဆီမှ
ထွက်လာသော " ကျေးဇူး "ဟူသော စကားသံ တိုးတိုး။

မြန်မာလား...?? ရွှန်းရွှန်း သည် ဂျပန်ဟု
ထင်နေရာမှ ရုတ်တရက် မြန်မာဟု သိလိုက်ရ
သောအခါ အံ့သြမှုက လှစ်ခနဲ.....

ဘုရားစူးပါရဲ့ မြန်မာလို့ကို တစ်စက်မှ ထင်ရက်
စရာ မရှိသော ပိုးဟပ်ဖြူ လေး ရယ်ပါ။

ထို့နောက်.....

"စားပါဦး မမ " ဟု ဆိုကာ အမဲရောင် လက်ပတ်
ကလေးပတ်ထားသော လက်ဖြူဖြူလေးက
ကိုယ့်ဆီ ပီကေတောင့်ကလေး ထိုးပေးလာတာမို့
အပျော်လွန်ကာပါးစပ်ကြီးက ဘာပြောရမှန်း
မသိပဲ ဟစိဟစိ ဖြစ်သွားသည်။

စိတ်ထိန်း.. ရွှန်းရွှန်း မိန်းကလေး ပီပီ အိန္ဒြေ
ရှိရှိနေစမ်း ဟု စိတ်ထဲက ကြိတ်တွေးရင်း မထိ
တထိလေး လုပ်ပြုံးလိုက်ကာ ပီကေ တစ်ခုကို
လှမ်းယူလိုက်ရင်း.....

" ကျေးဇူးပဲ " ဟု ဆွဲဆောင်မှု ရှိရှိလေး လုပ်ပြော
လိုက်သည်။

" ဒါနဲ့ မင်းက တို့ ဗမာဆိုတာ ဘယ်လိုသိလဲ "

"မမ ရဲ့ စာအုပ်ပေါ်မှာ ရွှန်းရွှန်း လို့ရေးထားတယ်
လေ ကျွန်တော် ခုနက မြင်လိုက်လို့ "

ဟု ပိုးဟပ်ဖြူ လေးက ပြောမှ ရွှန်းရွှန်း က
ခုနက စိတ်ပြေလက်ပျောက် ထိုင်ဖတ်နေခဲ့သော
ပေါင်ပေါ်မှာ တင်ထားတဲ့ ရွှန်းရွှန်း ဟု နာမည်
လေးထိုးထားတဲ့ စာအုပ်ကို သတိရသွားသည်။

စာအုပ်ပေါ်က နာမည်ကို မြင်တယ်ဆိုတော့
ဒင်းလေးက ငါ့ပေါင်ကို ကြည့်ခဲ့တဲ့သဘော ?

"ဒါနဲ့ မမက ဘန်ကောက်ကို အလည်လာတာလား "

"မမက ဂျပန်က ဦးလေးဆီမှာ ခဏလာနေတာ
လေ အခုလည်း ဘန်ကောက် Transit ပါလို့
လေယာဥ်ပြောင်းစီးတာ ဒါနဲ့ မင်းကရော "

"ကျွန်တော်က သူငယ်ချင်းတစ်ယောက်က
Bangkok မှာ Interior Design ပြိုင်ပွဲ
လာပြိုင်လို့ အလည်လာရင်းလိုက်လာတာ
သူက ကျောင်းမှာ အရွေးခံရပြီး မြန်မာနိုင်ငံ
ကိုယ်စားပြု လာပြိုင်တာလေ ကျွန်တော်တို့က    မန္တလေး TU က 6BArchကျောင်းသားတွေပါ
နောက်မှာ ကျွန်တော့် သူငယ်ချင်းတွေရောပါတယ် "

" သြော်... ဒါနဲ့ မင်း နာမည်က... "

" စိုင်းစင်ခေးဆိုင်.. ပါ "

"ဟုတ်ပါပြီ မမကတော့ ရွှန်းမြတ်နိုးပိုင်ပါ မမ
မောင်လေးကလည်း မင်းလို Architect ပဲ
ပြီးတော့ မမကလည်း မန္တလေးကပဲလေ "

ရွှန်းရွှန်း သည် ကိုယ့်ကိုကိုယ် မမ မမနဲ့ တပ်
ပြောရသည်မို့ စိတ်ထဲကနေ ကျိတ်ပျော်နေကာ
သဘောခွေ့နေတော့သည်။

ကိုယ့်ကို အထင်အမြင်သေးသွားမှာ စိုးလို့သာ
ဟန်လုပ်ပြောနေရသော်လည်း စိတ်ရှိတိုင်းသာဆို
သူ့အကျင့်အတိုင်း စက်သေနတ်နဲ့ ပစ်နေသလို
တရစပ် ပြောပစ်လိုက်မှာပင်...။

ဘာဘဲ ဖြစ်ဖြစိ ပိုးဟပ်ဖြူ လေးက မန္တလေး
TU က 6 BArch ကျောင်းသားလေးဆိုတာ
သိလိုက်ရတာနဲ့တင် ကိုယ့်မှာ အပျော်လွန်းပြီး
လူက မြှောက်ကြွကြွ ဖြစ်နေပြီ...။

ထူးထက်ခေါင်ဆိုတဲ့ လူကြီးနေရာမှာ ဒီပိုးဟပ်
ဖြူလေးသာ ဆိုလျှင် ဘယ်လောက်တောင်
ကောင်းလိုက်မလဲဟု မတော်တရော်တွေ တွေး
လိုက်ရင်း ယောကျ်ားယူရတော့မည့် အရေးက
ခေါင်းထဲ အိမ်မက်ဆိုးကြီးလို ပြန်ဝင်လာကာ
သက်ပြင်းကိုသာ ခပ်ဖွဖွ ချရတော့သည်။

ပိုးဟတ်ဖြူလေးရယ် ရှင်လေး စောစောစီးစီး
ပေါ်လာခဲ့ရင် သိပ်ကောင်းမှာပဲ

~~~~~~~~~~~~

စိုင်းစင်ခေးဆိုင် သည် ကိုယ်ဘေးနား တစ်ခုံ
တည်းလာကျသော ချစ်စရာကောင်းလွန်းသည့်
မိန်းကလေးကို မသိမသာလေးကြည့်ပြီး အကဲ
ခတ် နေပေသည်။

သူ့ထက်စာလျှင် အသက်နဲနဲကြီး ပုံပေါ်ပေမယ့်
မမက Cute Type လေးရယ်။ ပါးလေးဖောင်း
ဖောင်းနဲ့ ဘယ်လိုလေးမှန်းကို မသိ။ လေယာဉ်
ပေါ်စတတ်လာကတည်းက မမကို မြင်လိုက်
သည် နဲ့ ဘယ်ဘဝက ရေစက်ကြောင့်မှန်း မသိ
ရင်တွေခုန်ပြီး စိတ်လှုပ်ရှားလာတာပင်။

ကိုယ်က မမကို ငမ်းမလို့ ကြံနေတုန်းရှိလေး
မမက သူ့ကို သရဲမြင်သလို ပြူးတူးပြဲတဲ ကြည့်
နေတာမို့ လန့်ဖြန့်သွားရသေး။

ထို့နောက် ကိုယ့်ပါးကိုယ် ဘာများပေနေလို့လဲ
ဟု မသိမသာ ပြန်စမ်းကြည့်ကာမှ ဘာမှလည်း
ပေမနေပဲ ပြောင်ရှင်းနေတာမို့ ကိုယ့်ကို ဘာလို့
မှန်းမသိ လာကြည့်နေသော မမကိုသာ ဟီးခနဲ
ရယ်ပြလိုက်သည်။

ထို့နောက် သူငယ်ချင်းက လက်လှမ်းပေးလာ
သော ပီကေကို ပြန်ပြီး အလှူလက်ဖက် မျက်နှာ
လုပ်ကျွေးကာ မမကို မိတ်ဆက်တော့မှ မမက
ဖော်ဖော်ရွေရွေ ပြန်ပြောလာသဖြင့် ဆက်ပြီး
စကားဖောင်ဖွဲ့မိသွားခြင်း.... ။

ထို့နောက် စာအုပ်မှာ ရေးထားသော ရွှန်းရွှန်း
ဟူသော နာမည်လေးကို မြင်လိုက်ရသည်မို့
ပိုပြီး ကျေနပ်သွားရသည်။

မမ နဲ့ စကားအနဲငယ်ပြောပြီးတော့ လေယာဉ်
က စထွက်တော့မှာ ဖြစ်သဖြင့် စကားစကို ရပ်
ကာ မျက်စိကို မှိတ်လိုက်ပြီး ငြိမ်ငြိမ်လေးလိုက်
လာမိသည်။ လေယာဉ်အတတ်သည် မူးဝေကာ
တော်တော်လေးဆိုးတာမို့ သူ အဲ အမူးဒဏ်ကို တကယ်မခံနိုင်ပါ။

မျက်စိအစုံကို မှိတ်ထားလိုက်တော့ မျက်လုံးထဲ
တွင် မနေ့ညက ကြည့်ခဲ့သော ကိုယ့် Idol ကြီး
ချမ်းမြေ့ကိုကို ဦးဆောင်သော " Sakura "အဖွဲ့
၏ Cover Dance က မျက်လုံးထဲ ကွင်းကွင်း
ကွက်ကွက် မြင်ယောင်လာလေသည်။

ထိုအချိန်ခဏလေးတွင် ငယ်စဉ်ကတည်းက
အကကို ရူးသွပ်လွန်းသော စိုင်းစင်ခေးဆိုင်သည် နံဘေးရှိ ချစ်စရာ မမ လှလှလေးကိုပါမေ့လျက် Sakuraအဖွဲ့၏ ကကွက်ဆန်းဆန်းများတွေသာ
စိတ်ရောကိုယ်ပာ မျောလွင့်နေမိတော့သည်။

~~~~~~~~~~~~

Next Chapter Coming Soon

A/N

မနေ့ညက Up နေရင်း အိပ်ပျော်သွားလို့ ပါ
ခုနကလည်း ပက်လက်လှန် ရေးနေရင်း အိပ်
ငိုက်သွားလို့ ဖုန်းကြီး မျက်နှာပေါ် ပြုတ်ကျ
သွားသေး ။

ဒီနေ့ အပိုင်းကတော့ " စိုင်းစင်ခေးဆိုင် " ဆိုတဲ့
Baby Boo လေးကို စပြီး မိတ်ဆက်ပေးလိုက်
တယ်နော် ချမ်းမြေ့ Team များ ပျော်လို့ရပါပြီ
Blah Blah ဒါပေမဲ့ ဘယ်သူ့အတွက် ဖြစ်
လာမလဲ ကိုယ်အာမမခံနိုင်ပါ
Kento ပုံလေး လက်ဆောင် ထည့်ပေးထားတယ်
နော် ❤❤

A Seinn Kyaw

Zawgyi

ႏႈတ္ခမ္းအတြင္းသား၏ ႏူးညံ့ေသာ အထိအေတြ႕
သည္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ႏွစ္ခ်ိဴ႕ဝိုင္
တစ္ခြက္လို ခ်ိဴအီယစ္မူးဖြယ္ေကာင္းလွေပသည္။

ရွင္းေလးသည္ စေတာ္ဘယ္ရီ အရသာ ခ်ိဴခ်ဥ္
တစ္လုံးလိုႏြေးေထြးခ်ိဴျမန္ေသာ ခ်မ္းေျမ့ကိုကို
၏ လွ်ာဖ်ားအထိအေတြ႕ၾကားတြင္ စိတ္ညွို႔ခံ
ထားရသည့္ လူတစ္ေယာက္ပမာ ႐ုန္းထြက္မရ
ျဖစ္ေနေလသည္။

ခ်မ္းေျမ့ကပဲ ကြၽမ္းက်င္လြန္းေနသည္လားမသိ

ထိုအခိုက္အတန႔္ေလး ခဏအတြင္းမွာပင္
ရွင္းေလးသည္ တစ္ေလာကလုံးရွိ အရာခပ္သိမ္း
ကိုေမ့ကာ တိမ္ျဖဴျဖဴမ်ားၾကား လမ္းေလွ်ာက္
ေနရသလို မထိတထိႏွင့္ ရင္ဘတ္ထဲတြင္
တသပ္သပ္ လွိုက္ဖိုလာေလ၏ ။

" ညီ "

ၾကားေနက် အသံေလးတစ္ခုနဲ႕ တည္ၾကည္
ခန႔္ညားေသာ ႐ုပ္သြင္တစ္ခုက သတိေပး
လိုက္သလို ျဖတ္ခနဲ ေပၚလာတာမို႔ရွင္းေလး
သည္ သတိလြတ္ေနရာမွ စုံ မွိတ္ထားေသာ
မ်က္လုံးႏွစ္ဖက္ကို ႐ုတ္တရက္ ဖြင့္ခ်လိဳက္ကာ
ခ်မ္းေျမ့အား ေဆာင့္တြန္းလိုက္ေလသည္။

ခ်မ္းေျမ့ကလည္း ကိုယ္ကို ကုန္းထားရာမွ
ေဆာင့္တြန္းခံလိုက္ရေသာေၾကာင့္ အေနာက္
ဘက္ကို ပက္လက္လွန္က်သြားကာ သူတို႔ႏွစ္ဦး
ရွိေနေသာ အဝါေရာင္ ရဟတ္အိမ္ေလးသည္
ေလထဲတြင္ မသိမသာ ခါရမ္းသြားေလသည္။

"ခ်မ္းေျမ့...မင္း ငါ့ကို ဒုတိယ အႀကိမ္ ထပ္ၿပီး
အခြင့္အေရး ယူျပန္ၿပီ မင္းကို ဘယ္သူက
ငါ့ႏႈတ္ခမ္းကို နမ္းခြင့္ေပးေနလို႔လဲ "

ရွင္းေလးသည္ ခ်မ္းေျမ့ကို မေကာင္းဆိုးဝါး
တစ္ေကာင္လို စူးစိုက္ၾကည့္ကာ ကုန္းေအာ္
လိုက္သည္။

အဲတာကိုပင္ ခ်မ္းေျမ့က မ်က္ႏွာငယ္ေလးနဲ႕
ၾကည့္ကာ ရဟတ္ ေဘးကတန္းႏွစ္ဖက္ကို
တင္းက်ပ္စြာ ဆုပ္ကိုင္ထားလ်က္

"မင္း အနားမွာ ရွိေနရခ်ိန္တိုင္း ငါစိတ္ထိန္းနိုင္
မြာ မဟုတ္ဖူး မင္းကို မနမ္းမိဖို႔ဆိုရင္ မင္းနဲ႕
အေဝးဆုံးမွာေနမွ ျဖစ္မွာ ရွင္းေလး ၿပီးေတာ့
ငါ့ကို အျပစ္ေပးခ်င္လည္း ေနာက္မွေပးပါေနာ္
ရဟတ္ႀကီးက လႈပ္ေနတာ ေၾကာက္စရာႀကီး
ငါ ျပဳတ္က်သြားမွာ ေၾကာက္လို႔ပါ "

ရွင္းေလးသည္ မ်က္လုံးေလး ကလယ္ကလယ္နဲ႕
ေလထဲမွာ ရဟတ္ႀကီး ဟိုရမ္းဒီရမ္းျဖစ္ေနတာကို
အသဲအသန္ေၾကာက္ေနပုံ ေရသာ ခ်မ္းေျမ့ကို
ၾကည့္ၿပီး စိတ္လည္းဆိုးကာ တစ္ဖက္ကလည္း
ရယ္ခ်င္လာသည္။

ဟုတ္သားပဲ၊ သူ ေမ့ေနတာ အျမင့္ေၾကာက္တတ္
တာ ခ်မ္းေျမ့ရဲ႕ မဟာ အားနည္းခ်က္ႀကီးပဲ ။

ရွင္းေလးကို ခ်မ္းေျမ့ကို မွတ္ေလာက္သားေလာ
က္ေအာင္ ပညာေပးခ်င္လာသျဖင့္ ႏႈတ္ခမ္းကို
ညစ္က်ယ္က်ယ္ၿပဳံးလိုက္ကာ ခပ္ေစ့ေစ့ပိတ္ထား
ေသာ ရဟတ္တံခါးကို ဆြဲဖြင့္လိုက္သည္။

ရဟတ္သည္ တံခါးေပါက္က ျဖတ္ခနဲပြင့္သြား
တာမို႔ ေလထုက အလုံးအရင္းနဲ႕၀င္လာကာ
ရဟတ္ေလးသည္ ပုံမွန္ထက္ ပိုၿပီး လႈပ္ခါသြား
ေလသည္။

"ရွင္းေလး ဘာလုပ္တာလဲ အႏၱာရယ္မ်ားတယ္
ျပဳတ္က်သြားမယ္ တံခါးကိုျမန္ျမန္ပိတ္လိုက္ "

ခ်မ္းေျမ့က တံခါးေဟာင္းေလာင္းျဖစ္ေနသည္
ကို ၾကည့္ကာ မ်က္ျပဴးဆံျပာႏွင့္ ေၾကာက္လန႔္
တၾကား ေသြးပ်က္စြာ ကုန္းေအာ္ေနေလသည္။

လက္တစ္ဖက္ကလည္း ျပဳတ္က်သြားမွာ
စိုးထိတ္သည့္ႏွယ္ ေဘးတန္းကို တင္းက်ပ္စြာ
ကိုင္ထားတာ ဒူးေခါင္းကို ေကြးၫြတ္ထားလ်က္
ေလးဘက္ေထာက္လ်က္ အေနအထားႏွင့္ ျဖစ္
သြားတာမို႔ ရွင္းေလးက ခ်မ္းေျမ့ျဖစ္ပ်က္ေနပုံ
ကိုၾကည့္လ်က္ ရယ္ခ်င္လာေလသည္ ။

ပြင့္ေနေသာတံခါးဝမွ ခပ္ၾကမ္းၾကမ္းတိုး၀င္လာ
ေသာ ေလေတြသည္လည္း ရဟတ္အိမ္ေလးထဲ
တြင္ တိုးေဝွ႕တိုက္ေနတာမို႔ ခ်မ္းေျမ့၏ နဂိုဖြာေသာ
ဆံပင္ေတြသည္ ရႈပ္ေထြး ေနာက္က်ိကုန္ကာ
မ်က္ႏွာတစ္ခုလုံးကို တဖတ္ဖတ္ ရိုက္ေနေလသည္။

ထို႔အျပင္ အေၾကာက္လြန္ေနေသာ ႏႈတ္ခမ္း
ကလည္း တဆတ္ဆတ္ တုန္ေနသည္မို႔ အ႐ူး
ေထာင္က လြတ္လာေသာ အ႐ူးနဲ႕တူေနေလ
သည္ဟု ရွင္းေလးက အျမင္ကပ္ကပ္နဲ႕ ေကာက္
ခ်က္ခ်ပစ္လိုက္သည္။

ထိုေနာက္ ခ်မ္းေျမ့ကို ညစ္က်ယ္က်ယ္ၾကည့္
လိုက္ရင္း

"အခု ငါခိုင္းတာ လုပ္ရင္ မင္းကို ခြင့္လြတ္မယ္ "

ရွင္းေလး၏ အေျပာေၾကာင့္ ခ်မ္းေျမ့ကိုကို၏
မ်က္လုံးေလးေတြသည္ အေၾကာက္လြန္ေနသည့္
ၾကားကပင္ ေမ်ာ္လင့္ခ်က္ေရာင္ျခည္ အနဲငယ္
သန္းလာသေယာင္ ေမာ့ၾကည့္လာသည္။

" ငါ ...ဘာလုပ္ေပးရမွာလဲဟင္ "

တုန္ရီ အားငယ္စြာ ထြက္လာေသာ ခ်မ္းေျမ့၏ ေလသံတိုးတိုးေလး ။

" ဒီေပၚကေန အခု ခုန္ခ်ျပ "

" ဘယ္လို ... "

မထင္မွတ္ထားေသာ စကားေၾကာင့္ ခ်မ္းေျမ့၏
မ်က္ႏွာေလးသည္ ႀကိဳးမိန႔္ေပးခံရသည့္ တရားခံ
တစ္ေယာက္လို ႐ုတ္ခ်ည္း ၿငိဴးငယ္သြားသည္။

ထို႔ေနာက္ရွင္းေလးကို ေတာင္းေတာင္းပန္ပန္
ၾကည့္ကာ

"ရွင္းေလး အဲလိုရက္စက္ေတာ့မွာလား ငါ
ေသသြားရင္ ဘယ္လိုလုပ္မလဲ "

" မင္းအျပစ္နဲ႕မင္းခံေလ "

"ငါ့ကို သတ္ခ်င္လည္း အျပင္ေရာက္မွ ဓါးနဲ႕ဘဲ
ျဖစ္ျဖစ္ထိုးသတ္ပါလားကြာ အဲလို အျမင့္ေပၚက
ျပဳတ္က်ရင္ မားေမြးေပးထားတဲ့ ငါ့ မ်က္ႏွာလွလွ
ေလး ႐ုပ္ပ်က္ဆင္းပ်က္ မရႈမလွႀကီး အမေလး
ေတြးေနရင္းေတာင္ ၾကက္သီးထတယ္ "

ရွင္းေလးသည္ ေၾကာက္ေနသည့္ၾကားမွပင္
ပုခုံးကေလးတြန့္ရင္းစကားလာမ်ားျပေနေသာ ခ်မ္းေျမ့ကို ဘာမွျပန္မေျပာပဲ စူးစူးစိုက္စိုက္သာ ၾကည့္ေနေလသည္။

တကယ္ဆို သူ ကိုယ္တိုင္အာ့ေလာက္ မရက္
စက္ပါ ..။ အျမင့္ႀကီးမွာ တံခါးဖြင့္လိုက္ရင္
အႏၱရာယ္ မ်ားသည္ဆိုတာလည္း သိသည္။

သို႔ေသာ္ ခ်မ္းေျမ့ကို တမင္ပညာေပးခ်င္သျဖင့္
အေျခအေနကိုၾကည့္ကာ သူတို႔စီးလာေသာ
ရဟတ္အိမ္ေလးသည္ ေျမျပင္ကိုေရာက္လုနီးပါး
ျဖစ္မွ တံခါးကို တြန္းဖြင့္လိုက္ျခင္း...။

ၿပီးေတာ့ ရဟတ္ကလည္း ေျဖးေျဖးေလး သာ
လည္တာမို႔ ထင္သေလာက္ႀကီးလည္းမဟုတ္ ။
ခ်မ္းေျမ့ကိုက အေၾကာက္လြန္ေနတာ ။

"မင္း မဆင္းဖူးမလား ဟုတ္ၿပီေလ အဲဒါဆိုလည္း ထားလိုက္ေတာ့ ေျမျပင္ေပၚေရာက္တာနဲ႕ မင္းနဲ႕
ငါက ဘယ္တုန္းကမွ မသိခဲ့တဲ့ သူစိမ္းေတြ
ျဖစ္သြားၿပီ လို႔ သတ္မွတ္လိုက္ေတာ့ ဘယ္ေတာ့
မွလည္း ငါ့ကို လာမေခၚနဲ႕ေတာ့ "

ခ်မ္းေျမ့သည္ သူ႕ အားနဲခ်က္ကို အက်ပ္ကိုင္
ကာေအးစက္ေသာ မ်က္ႏွာထားျဖင့္ တည္ၿငိမ္
စြာေျပာလာေသာ ရွင္းေလးကို ၾကည့္ကာ ေဝခြဲ
မရျဖစ္လာေလသည္။

ရွင္းေလး ေျပာသလို တကယ္ပဲ ခုန္ဆင္းလိုက္
ရမလား ။ ရဟတ္က ေျဖးေျဖးေလးလွည္တာမို႔
သူေသေတာ့မေသနိုင္ .....။

အနဲဆုံး က်ိဴး႐ုံ ပဲ႐ုံေလာက္ေပါ့ ။

ခ်မ္းေျမ့သည္ ခုန္ဆင္းဖို႔ ႀကိဳးစားရင္း တစ္ဖက္
ကလည္း ပိုးေမြးသလို ဥထားရတဲ့ အသားအေရ
ေလး ႐ုပ္ပ်က္ဆင္းပ်က္နဲ႕ ေသြးအလိမ္းလိမ္းျဖစ္
သြားမွာကိုစိုးရိမ္ေနေလသည္။သို႔ေသာ္ခ်စ္မိလွ်င္
အရာရာကို မ်က္ကန္းတစ္ေယာက္လို ဘာကိုမွ
မျမင္နိုင္ေသာ စိတ္ကပဲအနိုင္ယူသြားသည္ထင္။

ခ်မ္းေျမ့တစ္ေယာက္ မေျပာမဆိုနဲ႕ ရဟတ္အိမ္
ေပၚမွ ဝုန္းခနဲ ခုန္ခ်လိဳက္ေလသည္။

ကိုယ္လုပ္မိတဲ့ အျပစ္ေၾကာင့္ ေသမထူး ေန
မထူး အေျခအေနမွ လြတ္ေျမာက္ေစရန္ အလို႔
ငွာ မ်က္စိစုံမွိတ္လ်က္ ဝုန္းခနဲ ခုန္ခ်လိဳက္ၿပီးမွ
သူ ခုန္ခ်လိဳက္တဲ့ ေနရာသည္ ေျမျပင္နဲ႕ တစ္ေပ
ေလာက္ေတာင္ မကြာေတာ့တာကို သိသြားၿပီး
ဒူးေထာက္လ်က္သာ လဲက်သြားတာမို႔ ခ်မ္းေျမ့
က အခုမွ ဟီးခနဲ ရယ္နိုင္ကာ သက္ျပင္းခ် နိုင္
ေတာ့သည္ ။

ထို႔ေနာက္ ေလးဘက္ေထာက္လဲက်ေနတာကို
ကုန္း႐ုန္းထ လက္ဖဝါးမွာ ေထာက္မိထားသျဖင့္
ကပ္ေနေသာ ဖုန္ မႈန့္ေတြကို လက္ဖဝါးႏွစ္ဖက္
ရိုက္ကာ ခပ္ၾကမ္းၾကမ္းခါထုတ္လိုက္ၿပီး သူ႕ကို
စိတ္ကြက္သလို မ်က္ေစာင္းထိုးၾကည့္ေနေသာ
ရွင္းေလးကို မ်က္ႏွာခ်ိဴ ေသြးရေတာ့သည္။

" မင္း ေျပာတဲ့ အတိုင္း ငါ ခုန္က်တယ္ေနာ္ "

" ေၾသာ္ အျမင့္ႀကီးဆိုေတာ့... "

ရွင္းေလး၏ ခပ္တိုးတိုး ေရ႐ြတ္လိုက္သံကိုပင္
ခ်မ္းေျမ့တစ္ေယာက္ ၾကားသြားသည္ထင္သည္ ။

"အဲတာေတာ့ ကံတရားေလကြာ ဘာပဲ ျဖစ္ျဖစ္
ငါ စြန႔္စားလိုက္ရတာပဲကို ၿပီးေတာ့ မင္း ငါ့ကို
စိတ္မဆိုးရေတာ့ဖူးေနာ္ ဟို ထူးထက္ေခါင္
ဆိုတဲ့ လူႀကီးအနားလည္း ထပ္မသြားနဲ႕ေတာ့
အဲလူႀကီး အနားမွာ မင္းရွိေနတဲ့ အခ်ိန္ဆို
ငါ ဘာကို စိုးရိမ္လို႔ စိုးရိမ္ေနမွန္း မသိပဲ မင္း
တစ္ခုခု ျဖစ္သြားမွာ အလိုလိုေၾကာက္ေနမိတာ "

ခ်မ္းေျမ့၏ စကားသံေတြလည္ အေဝးက
လြင့္ပ်ံလာသလို ရွင္းေလး နားထဲတြင္ မၾကား
တစ္ခ်က္ၾကားတစ္ခ်က္ ျဖစ္လာေလသည္။

ထို႔ေနာက္ ခ်မ္းေျမ့အား ဘာစကားတစ္ခြန္းမွ
ျပန္မဆိုပဲ တိတ္တိတ္ေလးသာ ေဘးကေန
ေလွ်ာက္လာမိသည္။

တကယ္တမ္း Bro နဲ႕ ပတ္သက္တဲ့ သူ႕ခံစား
ခ်က္ေတြ ခ်မ္းေျမ့သိသြားမွာကိုလည္း စိုးရိမ္
ေနမိသည္။

Bro နဲ႕ ပတ္သက္သမွ် အရာအားလုံးသည္
ဘယ္သူမွမျမင္နိုင္တဲ့ အခန္းငယ္တစ္ခုထဲမွာ
ေသာ့ခတ္သိမ္းထားၿပီးသား ျဖစ္တာမို႔ ထိုအရာ
ေတြအား သူ ဘယ္ေတာ့မွ ထုတ္ေျပာလိမ့္မည္
လည္း မဟုတ္ပါ။

Bro ဘက္ကေရာ သူ႕အေပၚ ဘယ္လိုသေဘာထား
ထားလဲဆိုတာကိုေတာ့ တကယ္ပဲ သိခ်င္လွပါသည္။

ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာ
ေလဆိပ္မွ ျမန္မာနိုင္ငံ မဂၤလာဒုံေလဆိပ္သို႔
ပ်ံသန္းမည့္ေလယာဥ္ႀကီးေပၚတြင္ ႐ႊန္း႐ႊန္း
တစ္ေယာက္ေလးပင္စြာ ထိုင္ေနေလသည္။

"႐ႊန္း႐ႊန္း နင္ ျပန္လာမွျဖစ္ေတာ့မွာ ရွင္းေလး
လုံးဝ အဆင္မေျပေတာ့ဖူး နင့္ေနရာမွာ ဟန္
ေဆာင္ရတာသူ အရမ္းပင္ပန္းေနၿပီ ။သူ႕ကိုယ္
သူ သတ္ေနဖို႔ထိ လုပ္ေနလို႔ မနဲတားထားရတယ္
အခုဆို ထမင္းလည္းမစား ေရလည္းမေသာက္ပဲ အခန္းေအာင္းေနတာ သုံးရက္ရွိၿပီ ကိုယ့္ေမာင္
ကို အသက္ရွင္ေနေစခ်င္ေသးရင္ နင္ ျမန္ျမန္ျပန္
ခဲ့ေတာ့ "

႐ႊန္း႐ႊန္း သည္ လြန္ခဲ့ေသာ တစ္ဖက္က ခ်မ္းေျမ့
ပို႔လာခဲ့ေသာ Mail ကို ထပ္ခါတလဲလဲ ျပန္ဖတ္
ေနမိသည္။

အစကေတာ့ အတည္ေပါက္နဲ႕ ေနာက္တတ္ေသာ
ခ်မ္းေျမ့စကားကို မယုံၾကည္သျဖင့္ အေလး
မထားပဲ ဖာသိဖာတာေနခဲ့တာပင္။

လြန္ခဲ့တဲ့ သုံးရက္က တီေလးနဲ႕ဖုန္းရေတာ့မွ
ရွင္းေလး တကယ္ ထမင္းမစားပဲ အခန္းေအာင္း
ေနတာ သုံးရက္ရွိၿပီဟုကိုယ္တိုင္နားနဲ႕ဆတ္ဆတ္
ၾကားခဲ့တာေၾကာင့္ ရွင္းေလး တစ္ခုခုျဖစ္သြား
လွ်င္ ဆိုတဲ့ စိုးရိမ္စိတ္ႀကီးကဝင္လာကာ အက်ပ္
ရိုက္ရေတာ့သည္။

ကိုယ့္မွာကလည္း ဒီေမာင္ တစ္ေယာက္ရွိတာ
မဟုတ္လား ။

"႐ႊန္း႐ႊန္း မျပန္ပါနဲ႕လား ဦးငယ္တို႔ဆီမွာ ေနတာ
ေတာင္ ဘယ္ေလာက္မွ မၾကာေသးပဲ "

ဟု ဦးငယ္ တားခဲ့တာကိုပင္ မျငင္းခ်င္ပဲ
ျငင္းခဲ့လ်က္ အထုတ္အပိုးေတြ သိမ္းကာ ျမန္မာ
ျပည္ျပန္ဖို႔ ျပင္ဆင္ရေတာ့သည္။

တကယ္ဆို ေသခ်ာျပန္စဥ္းစားၾကည့္မွ သူကိုယ္
တိုင္ အမႀကီးအရာ မပီသခဲ့။

ေယာက်္ားမယူခ်င္ဖူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕
ၿပီးၿပီးေရာ ထြက္ေျပးခဲ့တာပင္။

ဒီၾကားထဲ ရွင္းေလးကို သူ႕ေနရာမွာ အစားထိုး
ဟန္ေဆာင္ခိုင္းမယ္ဆိုတာ သိေတာ့လည္း ရွင္း
ေလးအတြက္ ဘာမွ ေလးေလးနက္နက္မေတြး
ေပးပဲ တဟီးဟီးရယ္ေမာရင္းသာ ေပါ့ေပါ့ပါးပါး
ေလးပဲ ေက်ာ္ျဖတ္ခဲ့တာပင္။

ေသခ်ာျပန္စဥ္းစားၾကည့္ရင္လည္း ကိုယ့္ေမာင္
ရွင္းေလး ဟာ ကိုယ့္အေပၚကိုဆို ညာခဲ့တာ
အေသအခ်ာပင္..။

ဟန္ေဆာင္ခိုင္းတဲ့ ကိစၥကို အသာအယာေလး
ပဲၿပီးသြားလိမ့္မယ္ထင္ထားေသာ္လည္း တကယ္
တမ္း မဂၤလာပြဲကထင္သလို ပ်က္မသြားတဲ့အခါ
မွာေတာ့တေျဖးေျဖး ေသြးပ်က္ေျခာက္ျခားလာ
ရေတာ့သည္။

အိမ္က ေဖေဖတို႔ ေမေမတို႔ တီေလးတို႔သေဘာ
က်ေလာက္ရေအာင္ အဲဒီ ထူးထက္ေခါင္ဆိုတဲ့
လူႀကီးက ဘယ္ေလာက္မ်ား ေကာင္းေနလို႔လဲ ?
တစ္ခါလာလည္း CEO ႏွစ္ခါလာလည္း CEO နဲ႕
ဒီဂုဏ္ပုဒ္ႀကီးနဲ႕ပဲ ကိုင္ကိုင္ေပါက္ေနတာမို႔
ဖုန္းထဲကေန ေမေမတို႔နဲ႕ ရန္လွမ္းလွမ္း ျဖစ္
ရတာလည္း မနဲ ။

႐ႊန္း႐ႊန္း က CEO ဆိုတဲ့ Messenger ကေန
တီေလး လွမ္းပို႔ေပးထားတဲ့ အဲလူႀကီး၏
ဓာတ္ပုံကို ျပန္ၾကည့္လိုက္သည္။

ထူထဲနက္ေမွာင္တဲ မ်က္ခုံးေမႊးတန္းတန္း
ေအာက္က အနက္ေရာင္ မ်က္မွန္ကိုင္းနဲ႕
ေဘာင္ခတ္ထားတဲ့ စူးရွ နက္ေမွာင္ၿပီး တည္
ၿငိမ္တဲ့ မ်က္ဝန္းေတြ။

ျမန္မာဆန္ၿပီး ေတာက္ပတဲ့ ေ႐ႊအိုေရာင္ဘက္
သန္းေနေသာ ဝင္းဝါေနေသာ အသားေအရ။

အျဖဴေရာင္လည္ကတုံး နဲ႕ ေယာပုဆိုးကိုက်က်
နနဝတ္ထားၿပီးနက္ေမွာင္ ေနေသာ ဆံပင္ေတြကို အေပၚဘက္ကို သပ္ရပ္စြာဖီးသင္ထားပုံကအဆင့္
တန္း ျမင့္ျမင့္ထဲကမွန္း ေပၚလြင္ထင္ရွားေနသည္။

" ဟြန္း... အဘိုးႀကီးပုံနဲ႕ "

ေခ်ာတယ္ဟု သုံးသပ္လိုက္မိေသာ္ျငား အျမင္
ကပ္ စိတ္ကသုံးပုံ ႏွစ္ပုံေလာက္ ေရာေနသျဖင့္
အဘိုးႀကီးပုံနဲ႕ဟုသာ ခပ္တိုးတိုး ေရ႐ြတ္လိုက္
သည္။

တကယ္ဆိုအဲလူႀကီး ပုံစံက ကိုယ္ႀကိဳက္ေသာ
စတိုင္နဲ႕ လုံးဝတျခားစီ။

အသက္ကသာ ငယ္ေသးတာ စတိုင္က တီေလး
တို႔ ေခတ္က ေယာက်္ားေလးစတိုင္မ်ိဴး။

တကယ္က ႐ႊန္း႐ႊန္း နဲ႕ မေပးစားပဲ တီေလးနဲ႕
ေပးစားလိုက္ရမွာ...။

႐ႊန္း႐ႊန္း သည္ ထူးထက္ေခါင္ နဲ႕ တီေလး ၏
ႏွစ္ဦးသား ပုံရိပ္ကိုတြဲၿပီး ျမင္ေယာင္လာကာ
တခြီးခြီးနဲ႕ က်ိတ္ရယ္ေနေလသည္။

ေမာင္ နဲ႕ မမ စုံတြဲေလးဆို ပိုေတာင္ Ro ေသး။

႐ႊန္း႐ႊန္းသည္ ကိုယ့္ဘာသာ တီေလးနဲ႕ ထူးထက္
ေခါင္ကို Ship ကာ တခြီးခြီးနဲ႕ က်ိတ္ရယ္ေနရင္း
႐ုတ္တရက္ ကိုယ္ေဘးမွာ အိကနဲ လာထိုင္နဲ႕
လူတစ္ေယာက္ကို ေဘးကို တစ္ခ်က္လွမ္း ရွိုး
လိုက္သည္။

အားပါးပါး...ခ်စ္စရာေကာင္းလိုက္တဲ့ အဆင္
ေလး....။

ဒါမ်ိဴးမွ ငါ့စိတ္ကူးထဲကပုံစံမ်ိဴးေလး ခ်စ္စရာ
ေလးဟယ္...အေမလး အသဲအူေတြ ေႂကြကုန္
ပါၿပီ။

႐ႊန္း႐ႊန္း သည္ ႐ုတ္တရက္ ကိုယ့္ေဘးမွာလာ
ထိုင္ေသာ Kento Yamazaki နဲ႕တူေသာ
မ်က္ႏွာခြၽန္ခြၽန္ ေသးေသးေလးနဲ႕ ပိုးဟတ္ျဖဴ
ေကာင္ေလးကိုၾကည့္ရင္းႏွလုံးခုန္သံေတြ ျမန္
လာကာ ေျခဖ်ားလက္ဖ်ားေတြပါ ေအးလာေလ
သည္။

ေရွ႕မွာ အတိက်ေနတဲ့ ဆာမူရိုင္း ေကေလးနဲ႕
မ်က္မွန္ဝိုင္းေသးေသးကိုလည္းတပ္ထားေသး
ကာ ေက်ာပိုးအိတ္ေလးလြယ္ထားပုံမွာ ပီဘီ
ကေလးငယ္ေလး တစ္ေယာက္အသြင္။

ဂ်ပန္ လူမ်ိဴးထင္တယ္ ပုံစံေလးက ႏုႏုနယ္နယ္
ေလး။

ျမန္မာနိုင္ငံကို အလည္လာတာ ေနမွာပါ။

႐ႊန္း႐ႊန္း သည္ ကိုယ့္အေတြးနဲ႕ကိုယ္ နစ္ဝင္
ေနရင္း ေဘးက ထိုပိုးဟတ္ျဖဴေကာင္ေလးကို
မ်က္ေတာင္မခတ္သတိလက္လြတ္ ေငးေနတာ
မို႔ ထိုေကာင္ေလးကပင္ သူ႕ကို စူးစိုက္ၾကည့္ေန
ေသာ ႐ႊန္း႐ႊန္းကို သတိထားမိသြားကာ ႐ႊန္း႐ႊန္း
ဘက္လွည့္ကာ ၿပဳံးျပလိုက္သည္။

အား.... ပါးခ်ိဴင့္ေလးနဲ႕ ေတာ့ ႐ူးၿပီ အေမေရ။
အေမ့သမီးေတာ့ ႐ူးခါေနပါၿပီ

႐ႊန္း႐ႊန္း သည္ ကိုယ့္ကို ရယ္ျပလာေသာ
ေကာင္ေလးေၾကာင့္ မ်က္ႏွာႀကီးသည္
တေျဖးေျဖးနဲ႕ မွိုရသလို ၿပဳံးဖီးလာေလသည္။

ဒါနဲ႕ ေနပါဦး သူရယ္ေနတဲ့ ပုံက တစ္ေယာက္
ေယာက္ နဲ႕ တူသလိုပဲ၊ ႐ႊန္း႐ႊန္းသည္ ပါးခ်ိဴင့္
ေလးနဲ႕ ထိုအၿပဳံးပုံစံမ်ိဳးေလးကို ျမင္ဖူးသလို
ျဖစ္ေနသည္မို႔အက်အန ျပန္စဥ္းစားလိုက္သည္။

ထို႔ေနာက္ ေခါင္းထဲမွာ လက္ခနဲ ေပၚလာေသာ
ကိုယ့္ေမာင္ ရွင္းေလး ၏ မ်က္ႏွာ ။

ဟုတ္သား၊ ဒီ ဂ်ပန္ေလးက ရယ္လိုက္ရင္
ရွင္းေလးနဲ႕ ေတာ္ေတာ္တူတာပဲ ။ ေအးေလ
တစ္ေန႕ေန႕ေတာ့အမ်ိဴးေတြ ေတာ္လာမွာပဲကို
ဟီးဟီး ....။

႐ႊန္း႐ႊန္းသည္ ကိုယ္ အေတြးနဲ႕ကိုယ္ေတာ့
တစ္ေယာက္တည္း ဟုတ္ေနကာ ႏႈတ္ခမ္းေလး
ေတြေကာ့ၫႊတ္ေအာင္ ၿပဳံးေနမိသည္။

ထို ပိုးဟပ္ျဖဴေလးနဲ႕ နာရီေတာ္ေတာ္မ်ားမ်ား
ေလယာဥ္အတူစီးရမည္ကိုေတြးကာ တစ္ေယာက္
တည္း ႀကိတ္ေက်နပ္ေနေတာ့သည္။

" ေခးဆိုင္...... ပီေက ဝါးမလား "

႐ုတ္တရက္ ေနာက္ေက်ာခုံမွ ထြက္လာေသာ
ျမန္မာသံ ပီပီသသ ေလသံ ။

ထို႔ေနာက္ အေရွ႕ဘက္ခုံကို လွမ္းေပးေသာ
ပူရွိန္းပီေကကို လွမ္းယူလိုက္ေသာ လက္ျဖဴျဖဴ
ေလးတစ္စုံ ။

အဲဒီေနာက္ ကိုယ့္ေဘးက ပိုးဟတ္ျဖဴေလးဆီမွ
ထြက္လာေသာ " ေက်းဇူး "ဟူေသာ စကားသံ တိုးတိုး။

ျမန္မာလား...?? ႐ႊန္း႐ႊန္း သည္ ဂ်ပန္ဟု
ထင္ေနရာမွ ႐ုတ္တရက္ ျမန္မာဟု သိလိုက္ရ
ေသာအခါ အံ့ၾသမႈက လွစ္ခနဲ.....

ဘုရားစူးပါရဲ႕ ျမန္မာလို႔ကို တစ္စက္မွ ထင္ရက္
စရာ မရွိေသာ ပိုးဟပ္ျဖဴ ေလး ရယ္ပါ။

ထို႔ေနာက္.....

"စားပါဦး မမ " ဟု ဆိုကာ အမဲေရာင္ လက္ပတ္
ကေလးပတ္ထားေသာ လက္ျဖဴျဖဴေလးက
ကိုယ့္ဆီ ပီေကေတာင့္ကေလး ထိုးေပးလာတာမို႔
အေပ်ာ္လြန္ကာပါးစပ္ႀကီးက ဘာေျပာရမွန္း
မသိပဲ ဟစိဟစိ ျဖစ္သြားသည္။

စိတ္ထိန္း.. ႐ႊန္း႐ႊန္း မိန္းကေလး ပီပီ အိႏၵျေ
ရွိရွိေနစမ္း ဟု စိတ္ထဲက ႀကိတ္ေတြးရင္း မထိ
တထိေလး လုပ္ၿပဳံးလိုက္ကာ ပီေက တစ္ခုကို
လွမ္းယူလိုက္ရင္း.....

" ေက်းဇူးပဲ " ဟု ဆြဲေဆာင္မႈ ရွိရွိေလး လုပ္ေျပာ
လိုက္သည္။

" ဒါနဲ႕ မင္းက တို႔ ဗမာဆိုတာ ဘယ္လိုသိလဲ "

"မမ ရဲ႕ စာအုပ္ေပၚမွာ ႐ႊန္း႐ႊန္း လို႔ေရးထားတယ္
ေလ ကြၽန္ေတာ္ ခုနက ျမင္လိုက္လို႔ "

ဟု ပိုးဟပ္ျဖဴ ေလးက ေျပာမွ ႐ႊန္း႐ႊန္း က
ခုနက စိတ္ေျပလက္ေပ်ာက္ ထိုင္ဖတ္ေနခဲ့ေသာ
ေပါင္ေပၚမွာ တင္ထားတဲ့ ႐ႊန္း႐ႊန္း ဟု နာမည္
ေလးထိုးထားတဲ့ စာအုပ္ကို သတိရသြားသည္။

စာအုပ္ေပၚက နာမည္ကို ျမင္တယ္ဆိုေတာ့
ဒင္းေလးက ငါ့ေပါင္ကို ၾကည့္ခဲ့တဲ့သေဘာ ?

"ဒါနဲ႕ မမက ဘန္ေကာက္ကို အလည္လာတာလား "

"မမက ဂ်ပန္က ဦးေလးဆီမွာ ခဏလာေနတာ
ေလ အခုလည္း ဘန္ေကာက္ Transit ပါလို႔
ေလယာဥ္ေျပာင္းစီးတာ ဒါနဲ႕ မင္းကေရာ "

"ကြၽန္ေတာ္က သူငယ္ခ်င္းတစ္ေယာက္က
Bangkok မွာ Interior Design ၿပိဳင္ပြဲ
လာပြိုင်လ်ိဳ႕ အလည္လာရင္း လိုက္လာတာ
သူက ေက်ာင္းမွာ အေ႐ြးခံရၿပီး ျမန္မာနိုင္ငံ
ကိုယ္စားျပဳ လာၿပိဳင္တာေလ ကြၽန္ေတာ္တို႔က မႏၱေလး TU က 6BArchေက်ာင္းသားေတြပါ
ေနာက္မွာ ကြၽန္ေတာ့္ သူငယ္ခ်င္းေတြေရာပါတယ္ "

" ေၾသာ္... ဒါနဲ႕ မင္း နာမည္က... "

" စိုင္းစင္ေခးဆိုင္.. ပါ "

" ဟုတ္ပါၿပီ မမကေတာ့ ႐ႊန္းျမတ္နိုးပိုင္ပါ မမ
ေမာင္ေလးကလည္း မင္းလိုပဲ Architect ေလး
ၿပီးေတာ့ မမကလည္း မႏၱေလးကပဲေလ "

႐ႊန္း႐ႊန္း သည္ ကိုယ့္ကိုကိုယ္ မမ မမနဲ႕ တပ္
ေျပာရသည္မို႔ စိတ္ထဲကေန က်ိတ္ေပ်ာ္ေနကာ
သေဘာေခြ႕ေနေတာ့သည္။

ကိုယ့္ကို အထင္အျမင္ေသးသြားမွာ စိုးလို႔သာ
ဟန္လုပ္ေျပာေနရေသာ္လည္း စိတ္ရွိတိုင္းသာဆို
သူ႕အက်င့္အတိုင္း စက္ေသနတ္နဲ႕ ပစ္ေနသလို
တရစပ္ ေျပာပစ္လိုက္မွာပင္...။

ဘာဘဲ ျဖစ္ျဖစိ ပိုးဟပ္ျဖဴ ေလးက မႏၱေလး
TU က 6 BArch ေက်ာင္းသားေလးဆိုတာ
သိလိုက္ရတာနဲ႕ တင္ ကိုယ့္မွာ အေပ်ာ္လြန္းၿပီး
လူက ျမႇောက္ႂကြႂကြ ျဖစ္ေနၿပီ...။

ထူးထက္ေခါင္ဆိုတဲ့ လူႀကီးေနရာမွာ ဒီ ပိုးဟပ္
ျဖဴေလးသာ ဆိုလွ်င္ ဘယ္ေလာက္ေတာင္
ေကာင္းလိုက္မလဲဟု မေတာ္တေရာ္ေတြ ေတြး
လိုက္ရင္း ေယာက်္ားယူရေတာ့မည့္ ေအရးက
ေခါင္းထဲ အိမ္မက္ဆိုးႀကီးလို ျပန္ဝင္လာကာ
သက္ျပင္းကိုသာ ခပ္ဖြဖြ ခ်ရေတာ့သည္။

ပိုးဟတ္ျဖဴေလးရယ္ ရွင္ေလး ေစာေစာစီးစီး
ေပၚလာခဲ့ရင္ သိပ္ေကာင္းမွာပဲ

~~~~~~~~~~~~

စိုင္းစင္ေခးဆိုင္ သည္ ကိုယ္ေဘးနား တစ္ခုံ
တည္းလာက်ေသာ ခ်စ္စရာေကာင္းလြန္းသည့္
မိန္းကေလးကို မသိမသာေလးၾကည့္ၿပီး အကဲ
ခတ္ ေနေပသည္။

သူ႕ထက္စာလွ်င္ အသက္နဲနဲႀကီး ပုံေပၚေပမယ့္
မမက Cute Type ေလးရယ္။ ပါးေလးေဖာင္း
ေဖာင္းနဲ႕ ဘယ္လိုေလးမွန္းကို မသိ။ ေလယာဥ္
ေပၚစတတ္လာကတည္းက မမကို ျမင္လိုက္
သည္ နဲ႕ ဘယ္ဘဝက ေရစက္ေၾကာင့္မွန္း မသိ
ရင္ေတြခုန္ၿပီး စိတ္လႈပ္ရွားလာတာပင္။

ကိုယ္ က မမကို ငမ္းမလို႔ ႀကံေနတုန္းရွိေလး
မမက သူ႕ကို သရဲျမင္သလို ျပဴးတူးၿပဲတဲ ၾကည့္
ေနတာမို႔လန႔္ဖ်တ္သြားရေသး။

ထို႔ေနာက္ ကိုယ့္ပါးကိုယ္ ဘာမ်ားေပေနလို႔လဲ
ဟု မသိမသာ ျပန္စမ္းၾကည့္ကာမွ ဘာမွလည္း
ေပမေနပဲ ေျပာင္ရွင္းေနတာမို႔ ကိုယ့္ကို ဘာလို႔
မွန္းမသိ လာၾကည့္ေနေသာ မမကိုသာ ဟီးခနဲ
ရယ္ျပလိုက္သည္။

ထို႔ေနာက္ သူငယ္ခ်င္းက လက္လွမ္းေပးလာ
ေသာ ပီေကကို ျပန္ၿပီး အလႉလက္ဖက္ မ်က္ႏွာ
လုပ္ေကြၽးကာ မမကို မိတ္ဆက္ေတာ့မွ မမက
ေဖာ္ေဖာ္ေ႐ြေ႐ြ ျပန္ေျပာလာသျဖင့္ ဆက္ၿပီး
စကားေဖာင္ဖြဲ႕မိသြားျခင္း.... ။

ထို႔ေနာက္ စာအုပ္မွာ ေရးထားေသာ ႐ႊန္း႐ႊန္း
ဟူေသာ နာမည္ေလးကို ျမင္လိုက္ရသည္မို႔
ပိုၿပီး ေက်နပ္သြားရသည္။

မမ နဲ႕ စကားအနဲငယ္ေျပာၿပီးေတာ့ ေလယာဥ္
က စထြက္ေတာ့မွာ ျဖစ္သျဖင့္ စကားစကို ရပ္
ကာ မ်က္စိကို မွိတ္လိုက္ၿပီး ၿငိမ္ၿငိမ္ေလးလိုက္
လာမိသည္။ ေလယာဥ္အတတ္သည္ မူးေဝကာ
ေတာ္ေတာ္ေလးဆိုးတာမို႔ သူ အဲ အမူးဒဏ္ကို တကယ္မခံနိုင္ပါ။

မ်က္စိအစုံကို မွိတ္ထားလိုက္ေတာ့ မ်က္လုံးထဲ
တြင္ မေန႕ညက ၾကည့္ခဲ့ေသာ ကိုယ့္ Idol ႀကီး
ခ်မ္းေျမ့ကိုကို ဦးေဆာင္ေသာ " Sakura "အဖြဲ႕
၏ Cover Dance က မ်က္လုံးထဲ ကြင္းကြင္း
ကြက္ကြက္ ျမင္ေယာင္လာေလသည္။

ထိုအခ်ိန္ခဏေလးတြင္ ငယ္စဥ္ကတည္းက
အကကို ႐ူးသြပ္လြန္းေသာ စိုင္းစင္ေခးဆိုင္သည္ နံေဘးရွိ ခ်စ္စရာ မမ လွလွေလးကိုပါေမ့လ်က္ Sakuraအဖြဲ႕၏ ကကြက္ဆန္းဆန္းမ်ားေတြသာစိတ္ေရာကိုယ္ပာ ေမ်ာလြင့္ေနမိေတာ့သည္။

~~~~~~~~~~~~

Next Chapter Coming Soon

A/N

မေန႕ညက Up ေနရင္း အိပ္ေပ်ာ္သြားလို႔ ပါ
ခုနကလည္း ပက္လက္လွန္ ေရးေနရင္း အိပ္
ငိုက္သြားလို႔ ဖုန္းႀကီး မ်က္ႏွာေပၚ ျပဳတ္က်
သြားေသး ။

ဒီေန႕ အပိုင္းကေတာ့ " စိုင္းစင္ေခးဆိုင္ " ဆိုတဲ့
Baby Boo ေလးကို စၿပီး မိတ္ဆက္ေပးလိုက္
တယ္ေနာ္ ခ်မ္းေျမ့ Team မ်ား ေပ်ာ္လို႔ရပါၿပီ
Blah Blah ဒါေပမဲ့ ဘယ္သူ႕အတြက္ ျဖစ္
လာမလဲ ကိုယ္အာမမခံနိုင္ပါ
Kento ပုံေလး လက္ေဆာင္ ထည့္ေပးထားတယ္ေနာ္

A Seinn Kyaw

Continue Reading

You'll Also Like

30.5K 1.4K 36
Unicode "ချစ်သူဘဝတောင်မဖြတ်သန်းဘဲ အိမ်ထောင်ပြုဖို့ ပြောလိုက်ရလို့ တောင်းပန်ပါတယ် မင်းများဖြတ်သန်းချင်မလားလို့ " "ဟာ ဂန္နရာ မင်းငါ့ကို ချစ်နေတာ အခုမှ...
467 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️
17.6K 1.3K 8
One Shot collations 💛 စိတ်ကူးတည့်ရာ အဝါရောင် ပျော်ရွှင်ခြင်းများ။ (Unicode & Zawgyi)
33.1K 2.4K 30
ထက္ဦးသြင္ ရွား လင္းျမတ္သူ