5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်...

By Disappear_cat

422K 35.8K 756

ကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့... More

အခန်း၁- သြရိုမန်
အခန်း၂- သြရိုမန်
အခန်း၃- သြရိုမန်
အခန်း၄- သြရိုမန်
အခန်း၅- သြရိုမန်
အခန်း၆- သြရိုမန်
အခန်း၇- သြရိုမန်
အခန်း၈- သြရိုမန်
အခန်း၉- သြရိုမန်
အခန်း၁၀- သြရိုမန်
အခန်း၁၁- သြရိုမန်
အခန်း၁၂- သြရိုမန်
အခန်း၁၃- သြရိုမန်
အခန်း၁၄- သြရိုမန်
အခန်း၁၅- သြရိုမန်
အခန်း၁၆- သြရိုမန်
အခန်း၁၈- သြရိုမန်
Note
Interview

အခန်း၁၇- သြရိုမန်

19.8K 1.8K 51
By Disappear_cat

Zawgyi



မီနာဟာ သူ့ကို ဘာတစ်ခွန်းမှ မဆိုနိုင်လိုက်သေးခင်မှာပဲ သြရိုမန်ဟာ သူမကို လူရှင်းတဲ့ကော်ရစ်ဒါဆီ ခေါ်သွားနှင့်ပြီးနေပြီ... လက်တစ်ဖက်က သူမရဲ့ ခါးကိုဖက်တွယ်ထားလေရင်း ကျန်လက်တစ်ဖက်ကတော့ မီနာ့ရဲ့ ခေါင်းပေါ်က အုတ်နံရံကိုထောက်ထားလေတယ်...

သြရိုမန်ဟာ မီနာ့ကို နံရံမှာမှီထာားစေလေပြီး သူမနှုတ်ခမ်းတွေကို စကာနမ်းရှိုက်လေတော့တယ်... မီနာဟာ ပြုံးလိုက်လေရင်း သူမရဲ့ နှုတ်ခမ်းလွှာတွေကို ဖွင့်ဟပေးလိုက်လေကာ သူ့ရဲ့ ဆန္ဒပြင်းပြနေတဲ့ လျှာဖျားကို ၀င်ရောက်ခွင့်ပြုလိုက်လေတယ်...


ရုတ်တရတ်ခံစားမိလိုက်တဲ့ ဒီခံစားချက်ကြောင့် သူမကို သူပိုပို၍သာ နက်ရှိုင်းပြင်းထန်စွာ နမ်းရှိုက်မိလေတော့တယ်... သူဟာ မီနာ့ကို- (သူမရဲ့ နှလုံးသားနဲ့ စိတ်ဝိဥာဉ်အလုံးစုံကို လုံးလုံးလျားလျား) သူ့အပိုင်ဖြစ်လာစေချင်လိုတဲ့ စိတ်ကို မထိန်းချုပ်နိုင်လေတော့ဘူး...

"ဘာဖြစ်တာလဲ??..."

"မီနာ..."
သြရိုမန်ဟာ သူနှဖူးကို မီနာ့ နဖူးပေါ်မှာ မှီထားလေရင်း သူမ မျက်လုံးတွေထဲ စိုက်ကြည့်လေတယ်...

"ဘာတွေပြောတာလဲ??..."
"အခုရှိနေတာပဲလေ..."

သြရိုမန်ဟာ ဒီချစ်စရာမိန်းကလေးရဲ့ ရယ်သံကို ကြားရတာကို နှစ်သက်မြတ်နိုးလွန်းလေတာနဲ့အတူ သူ့မျက်နှာကို သူမလည်တိုင်မှာ အပ်ထားလိုက်လေရင်း သူမရဲ့ တည်ငြိမ်တဲ့ ကိုယ်သင်းရနံ့ကို အာရုံခံနေလေတယ်...

"မီနာ..."

"ဟင်??..."


"ကိုယ်မင်းကို ချစ်တယ်..."


သြရိုမန်ဟာ ခါးသီးစွာ ဆိုလေတယ်...

မီနာဟာ နူးညံ့စွာ ခိုးခိုးခစ်ခစ်ရယ်လေတဲ့အခါမှာတော့ သြရိုမန်ဟာ သူမကို သူ့နှလုံးသားနေရာမှာသာ အပ်ကာ ဖက်တွယ်ထားလေရင်း ကယ်ရာမဲ့စွာ ပြုံးမိလေတော့တယ်...

"မီနာရိမ်းန်... မင်းကိုယ့်ကို ဘယ်လိုများ ပြုစားထားခဲ့တာလဲ???..."


ဒီလူငယ်စုံတွဲဟာတစ်ဦးကို တစ်ဦးဖက်တွယ်ထားရင်း ကြည်နူးနေချိန်မှာ အဝေးမှာ ရပ်နေတဲ့ အက်ရှ်လီဂျိုင်းလ်ရဲ့ မျက်နှာပေါ်က စိတ်ရှုပ်ထွေးမှုကို သတိမထားမိလိုက်လေတော့ဘူး... စောစောလေးတုန်းက သြရိုမန်ဟာ သူမအပေါ် ရက်စက်စွာ ပြုမူခဲ့တာဖြစ်လေတယ်... သူမ မျှော်လင့်ခဲ့တာက သူ့ဆီက ပြန်ရမယ့် အနည်းငယ်မျှသော ကြင်နာမှုလေးသာဖြစ်လေသော်ငြား သူဟာ သူမကို လှောင်ပြောင်စော်ကားခဲ့လေတယ်...

သူမကိုယ်ကို သူ့ကို လိုလားစွာပေးအပ်ဖို့ စဉ်းစားခဲ့လေသော်ငြား သူကတော့ သူမကို ရန်ငြိုးထားကာ ပုတ်ချခဲ့လေတယ်... ကြင်နာမှုတွေနဲ့ ချစ်ခြင်းတရားတွေကိုသာ ကျင့်သားရခဲ့တဲ့ သူမအတွက်ကတော့ ဒီလိုငြင်းပယ်မှုမျိုးကို မခံစားနိုင်လေဘူး... တစ်ချိန်က စင်ကြယ်ပြီး အပြစ်ကင်းခဲ့တဲ့ သူမရဲ့ စိတ်ဟာ ဒီစုံတွဲရဲ့ ဖက်တွယ်ထားတဲ့ မြင်ကွင်းမှာ စတင်ဖောက်ပြန်သွားလေတော့တယ်...




သန့်ရှင်းပြီး စင်ကြယ်တဲ့ အက်ရှ်လီဂျိုင်းလ်ဟာ မီနာရိမ်းန်လိုမျိုး စွန်းထင်းပြီး ကပျက်ကချော်နိုင်တဲ့ မိန်းကလေးတစ်ယောက်က သူမကို အနိုင်ယူသွားလေတာကို မယုံကြည်နိုင်လေဘူး... ထူးဆန်းစွာပဲ အက်ရှ်လီဂျိုင်းလ်ရဲ့ စိတ်ထဲမှာ သူမဟာလည်း မီနာရိမ်းန်လိုမျိုး ကိုယ်မချစ်တဲ့သူတစ်ယောက်အပေါ် သူမရဲ့ ခန္ဓာကိုယ်ကို အပ်နှင်းလိုက်ခြင်းအားဖြင့် မစင်ကြယ်လေတော့ဘူးဆိုတဲ့ အချက်ကို သတိမထားမိလေတော့ဘူး...


သူမဟာ သူမကိုယ် သူမတော့ မေ့လျော့နေလေတယ်- သြရိုမန်ကိုတောင့်တာနေတဲ့ သူမရဲ့စိတ်တွေဟာ မျှော်လင့်ချက်မဲ့နေလေတာကြောင့် အီသန်ကင်းင်နဲ့ စိတ်လွတ်လက်လွတ်ဆက်ဆံခဲ့လေတာဖြစ်တယ်... သို့သော်ငြား သူမရဲ့ ခိုင်မာတဲ့ယုံကြည်ချက်ဟာတော့ သူမဟာ မီနာရိမ်းန်နဲ့ယှဉ်ရင် စင်ကြယ်နေသေးတယ်ဆိုတာပါပဲ...

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်အနေနဲ့ အက်ရှ်လီဂျိုင်းလ်ဟာ သူမကိုယ်သူမ မီနာရိမ်းန်လိုမျိုးဖြစ်လာလေတာကို လက်မခံနိုင်လေဘူး...



သြရိုမန်အပေါ် သူမခံစားချက်တွေ စတင်ပေါက်ဖွားလာပြီး ပိုမိုအားကောင်းလာချိန်မှာတော့ အက်ရှ်လီဂျိုင်းလ်ဟာ မီနာရိမ်းန်ကို မုန်းတီးလာရတော့တာဖြစ်လေတယ်... မိန်းမတွေဆိုတာ ဘယ်အသက်အရွယ်မှာမဆို အမျိုးသားတွေနဲ့ ပတ်သတ်လာရင် တခြားအမျိုးသမီးတစ်ဦးကိုသာ ယိုးစွပ်ပြစ်တင်ကြတာဟာ သဘာဝပါပဲ... အက်ရှ်လီဂျိုင်းလ်ဟာလည်း အတူတူပဲဖြစ်လေတယ်...


သို့သော်ငြား သူမ ဘယ်လိုများ ထွက်သွားနိုင်ပါ့မလဲ???

အဓိက ဇာတ်ကောင်ဖြစ်နေတဲ့သူမက ဘာကြောင့်များ မှေးမှိန်ပျောက်ကွယ်သွားပေးရမှာလဲ???


ဘယ်လိုပါလဲ???

မီနာဟာ Vert ဟောခန်းမထဲမှာ အမှတ်စာရင်းဘုတ်ကိုမော့ကြည့်ရင်း မတ်တပ်ရပ်နေခဲ့တာဖြစ်လေတယ်... ထို့နောက်မှာတော့ မီနာဟာ သူမရဲ့ မူလလုပ်နေကျလမ်းစဉ်အတိုင်း အတန်းတက်ဖို့ဦးတည်လေတယ်... ဒုတိယနှစ်တွေတက်ရတဲ့ အဆောက်အဦးထဲကို ၀င်သွားလိုက်လေရင်း သူမအတန်းရှိရာ သုံးလွှာကို သွားဖို့အတွက် လှေကားသုံးဆစ်ချိုးကို တက်လေတော့တယ်...

သူမကို တွန်းချလိုက်လေတဲ့ အဖြူရောင်လက်တစ်စုံကို မီနာဟာ လုံးဝ သတိမထားလိုက်မိလေဘူး... သူမ မြင်လိုက်ရတာကတော့ ရူးသွပ်နေဟန်ပေါက်တဲ့ သူမကို စိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံပါပဲ... မီနာ့ကိုယ်တွင်းက စိတ်ဝိဥာဉ်ဟာ စက္ကန့်ပိုင်းမျှ တုန်လှုပ်မိသွားလေပေမယ့် အက်ရှ်လီဂျိုင်းလ်ကို သနားဟန်နဲ့သာ နောက်ဆုံးမှာ တည့်တည့်ကြည့်ပေးခဲ့လိုက်လေတာဖြစ်တယ်... မမျှော်လင့်စွာနဲ့ပဲ မီနာဟာ ဒီဆယ်ကျော်သက်မိန်းကလေးရဲ့ မနာလိုစိတ်ပေါက်ကွဲထွက်လာခြင်းကို လျော့တွက်ထားမိခဲ့လေတာဖြစ်တယ်...

"မီနာ!!!!..."



"မီနာ!!!!..."
"မီနာ!!!..."


"ရိုမန်..."

မျက်လုံးတွေဟာ မှိတ်ကျသွားလေရင်း စိတ်ဝိဥာဉ်ဟာ လွှင့်ထွက်သွားလေကာ အေးစက်တဲ့ ခန္ဓာကိုယ်ကို ချန်ထားရစ်လေတော့တယ်...



"ရိုမန်..."

ကျောင်းသားတော်တော်များများဟာ ဒီကျောင်းသားလေး မီနာရိမ်းန်ကို တွန်းချလိုက်တယ်ဆိုတာကို မျက်မြင်သက်သေရှိနေကြတာဖြစ်လေတယ်... အကြောင်းရင်းကိုတော့ တွေဝေစွာနဲ့ တုန်လှုပ်နေခဲ့ပေမယ့် သူတို့ဟာ ဒီကျောင်းသားလေးရဲ့ သြရိုမန်အပေါ် ချိုသာပြီး မိန်းမဆန်တဲ့လေသံနဲ့ခေါ်လိုက်သံကိုကြားရချိန်မှာတော့ လမ်းပျောက်ကုန်ကြလေပြီ...

"ရိုမန်... သူ မရှိတော့ဘူး..."
"ကျွန်မတို့အတူတူနေလို့ရပြီ... ကျွန်မ ရှင်နဲ့အတူနေလို့ရပြီ..."


"ဖယ်စမ်း..."
သြရိုမန်ဟာ မီနာ့ကိုယ်ကို ဖက်ထားလိုက်လေရင်း အက်ရှ်လီဂျိုင်းလ်ကို တွန်းထုတ်လိုက်လေတော့တယ်...


အလိုလိုပါပဲ အက်ရှ်လီဂျိုင်းလ် ဘာကြောင့် မီနာရိမ်းန်ကို သေစေသည်အထိ တွန်းချလိုက်လေတာလဲဆိုတာကို အားလုံး နားလည်သွားကြလေတော့တယ်... တကယ်ကတော့ အကြောင်းရင်းဟာ မနာလိုစိတ်ကြောင့်ပါပဲ... သို့သော်ငြား ဘယ်လောက်ပဲ အက်ရှ်လီဂျိုင်းလ်ဟာ ငိုကြွေးပြီး တောင်းပန်နေပါစေဦး သြရိုမန်ဟာ သူမကို ဘာမှ မတုန့်ပြန်လေတော့ဘူး... မီနာ့ကို သူ့နှလုံးသားနဲ့အနီးဆုံးနေရာမှာသာ ပွေ့ဖက်ထားလေရင်း သူမရဲ့ ဦးခေါင်းကို နမ်းရှိုက်လေကာ သူ့နှလုံးသားထဲက သူမရဲ့ နက်ရှိုင်းစွာနေရာယူထားတဲ့ ပုံရိပ်ကို အမှတ်ရနေလေတော့တယ်...

သရိုမန်ရဲ့ မှတ်ဥာဏ်ထဲမှာတော့ သူ့အောက်မှာရှိနေတဲ့ ချစ်စရာမိန်းမငယ်လေးရဲ့ မျက်ဝန်းတွေဟာ ကြယ်လေးတွေလို တဖျတ်ဖျတ်တောက်ပစွာ ပွင့်အာလာလေရင်း သူ့ကို ဒေါသတကြီးကြည့်နေလေတယ်... သူမရဲ့ ရုတ်တရတ်ဖြစ်ပေါ်သွားတဲ့ ဒေါသကို သူနားမလည်ခင်မှာပဲ သူမဟာ သူ့ကိုတွန်းလှဲလိုက်လေရင်း သူ့အပေါ်မှာတက်ထိုင်လိုက်လေတယ်... သူပိုင်ဆိုင်ဖူးခဲ့တဲ့ သူတွေအားလုံးထက် ကြည်လင်တောက်ပနေတဲ့ မျက်လုံးအစုံဟာ သူ့ကိုစိန်ခေါ်လေသလိုမျိုး ငုံ့ကြည့်လာခဲ့တော့တာဖြစ်တယ်...

••••••••••••••••••••••••••••••
U

nicode

သြရိုမန်ဟာ အက်ရှ်လီဂျိုင်းလ်ကို ထားခဲ့ပြီးတာနဲ့ သူဟာ မီနာရှိနေမယ့် စာကြည့်တိုက်ဆီသို့ ဦးတည်လိုက်လေတယ်... စာကြည့်တိုက်အဆောက်အဦးရှေ့ကိုရောက်ချိန်မှာတော့ မီနာဟာ စာကြည့်တိုက်ထဲက ထွက်လို့လာတာကို သူမြင်လိုက်ရလေတယ်...

သူမမျက်နှာပေါ်က ပါးချိုင့်အပြုံးလေးဟာ သူ့ရဲ့နှလုံးသားကို ဖော်မပြနိုင်လောက်တဲ့ ခံစားချက်ကိုပေးစွမ်းနိုင်တာကြောင့် သြရိုမန်ဟာ သူမဆီကိုသာ လျှင်မြန်စွာ ဦးတည်လိုက်လေရင်း သူမရဲ့လက်တွေကို ဆုပ်ကိုင်ထားလိုက်တော့တယ်...

မီနာဟာ သူ့ကို ဘာတစ်ခွန်းမှ မဆိုနိုင်လိုက်သေးခင်မှာပဲ သြရိုမန်ဟာ သူမကို လူရှင်းတဲ့ကော်ရစ်ဒါဆီ ခေါ်သွားနှင့်ပြီးနေပြီ... လက္တစ္ဖက္က သူမရဲ့ ခါးကိုဖက်တွယ်ထားလေရင်း က်န္လက္တစ္ဖက္ကေတာ့ မီနာ့ရဲ့ ခေါင်းပေါ်က အုတ်နံရံကိုထောက်ထားလေတယ်...

သြရိုမန်ဟာ မီနာ့ကို နံရံမှာမှီထာားစေလေပြီး သူမနှုတ်ခမ်းတွေကို စကာနမ်းရှိုက်လေတော့တယ်... မီနာဟာ ပြုံးလိုက်လေရင်း သူမရဲ့ နှုတ််ခမ်းလွှာတွေကို ဖွင့်ဟပေးလိုက်လေကာ သူ့ရဲ့ ဆန္ဒပြင်းပြနေတဲ့ လွ်ာဖ်ားကို ၀င်ရောက်ခွင့်ပြုလိုက်လေတယ်...

မီနာ့ရဲ့ ချိုမြိန်လှတဲ့ နှုတ်ခမ်းပါးတွေကိုစုပ်ယူကိုက်ခဲနေလျက်သာပဲ သူ့နှလုံးသားဟာ ပြင်းထန်စွာ ခုန်ပေါက်လို့လာလေမှန်း သြရိုမန်ခံစားမိလာတော့တယ်... ဘာအတွက်မှန်း သူနားမလည်ပေမယ့် သူ့လက်မောင်းတွေကြားပွေ့ဖက်ထားမိတဲ့ ဒီမိန်းကလေးဟာ အချိန်မရွေးပျောက်ကွယ်သွားနိုင်သလိုမျိုး ခံစားမိလာလေတာကြောင့် သူစိတ်ထဲ စိုးရွံ့မိလာတော့တယ်...

ရုတ်တရတ်ခံစားမိလိုက်တဲ့ ဒီခံစားချက်ကြောင့် သူမကို သူပိုပို၍သာ နက်ရှိုင်းပြင်းထန်စွာ နမ်းရှိုက်မိလေတော့တယ်... သူဟာ မီနာ့ကို- (သူမရဲ့ နှလုံးသားနဲ့ စိတ်၀ိဉာဉ်အလုံးစုံကို လုံးလုံးလျားလျား) သူ့အပိုင်ဖြစ်လာစေချင်လိုတဲ့ စိတ္ကို မထိန်းချုပ်နိုင်လေတော့ဘူး...

"ဘာဖြစ်တာလဲ??..."
မီနာဟာ ဒီပြင်းပြတဲ့အနမ်းကို ဖြတ်တောက်လိုက်လေကာ သူမရဲ့ လက်ချောင်းတွေကို သူ့ရဲ့ ယောင်ယမ်းနေတဲ့ နှုတ်ခမ်းလွှာတွေအပေါ်တို့ထိနေလေရင်း ဒီခန့်ညားလွန်းလှတဲ့ အမျိုးသားလေးရဲ့ မျက်နှာကို စိုက်ကြည့်နေလေတယ်...

"မီနာ..."
သြရိုမန််ဟာ သူနှဖူးကို မီနာ့ နဖူးပေါ်မှာ မှီထားလေရင်း သူမ မျက်လုံးတွေထဲ စိုက်ကြည့်လေတယ်...
"ကိုယ်နဲ့အတူရှိနေပေးပါ..."

"ဘာတွေပြောတာလဲ??..."
မီနာဟာ နူးညံ့စွာ ရယ်မောလိုက်လေတယ်...
"အခုရှိနေတာပဲလေ..."

သြရိုမန်ဟာ ဒီချစ်စရာမိန်းကလေးရဲ့ ရယ္သံကို ကြားရတာကို နှစ်သက်မြတ်နိုးလွန်းလေတာနဲ့အတူ သူ့မျက်နှာကို သူမလည်တိုင်မှာ အပ်ထားလိုက်လေရင်း သူမရဲ့ တည်ငြိမ်တဲ့ ကိုယ်သင်းရနံ့ကို အာရုံခံနေလေတယ်...

"မီနာ..."

"ဟင်??..."

သြရိုမန်ဟာ သူ့ခေါင်းကိုမော့လာလေရင်း မီနာ့ရဲ့ ကျောက်မြတ်လိုလင်းလက်နေတဲ့ အနက်ရောင်မျက်၀န်းတွေကို ကြည့်နေလေတယ်...

"ကိုယ်မင်းကို ချစ်တယ်..."

သူမ သူ့ကို တုန့်ပြန်ပြောလေမယ့် ဒီစကားတွေကို သူကြားချင်လေသော်ငြား မီနာဟာ သူ့ကို နူးညံ့စွာသာ ပြုံးပြလေတယ်...

"တစ်နေ့ကျရင် ကိုယ့်ကို ဒီလိုပြန်ပြောနိုင်အောင် ကိုယ်ကြိုးစားမယ်..."
သြရိုမန်ဟာ ခါးသီးစြာ ဆိုလေတယ်...

မီနာဟာ နူးညံ့စွာ ခိုးခိုးခစ်ခစ်ရယ်လေတဲ့အခါမှာတော့ သြရိုမန်ဟာ သူမကို သူ့နှလုံးသားနေရာမှာသာ အပ္ကာ ဖက်တွယ်ထားလေရင်း ကယ်ရာမဲ့စွာ ပြုံးမိလေတော့တယ်...

"မီနာရိမ်းန်... မင်းကိုယ့်ကို ဘယ္လိုမ်ား ပြုစားထားခဲ့တာလဲ???..."

မီနာဟာ သူ့ရဲ့ ညင်သာလှတဲ့အမေးစကားကို မတုန့်ပြန်လေပဲ သူမမျက်နှာကို သူ့ရင်ခွင်ထဲမှာသာ အပ်ထားလေတော့တယ်... မျက်လုံးတွေကို မှိတ်၍သာထားလေရင်း သူ့ရင်ခွင်ရဲ့ အနွေးဓါတ်ကို အချိန်ကြာသည်အထိ ခံစားနေလေလိုက်တယ်...

ဒီလူငယ်စုံတွဲဟာတစ်ဦးကို တစ်ဦးဖက်တွယ်ထားရင်း ကြည်နူးနေချိန်မှာ အေ၀းမှာ ရပ်နေတဲ့ အက်ရှ်လီဂျိုင်းလ်ရဲ့ မျက်နှာပေါ်က စိတ်ရှုပ်ထွေးမှုကို သတိမထားမိလိုက်လေတော့ဘူး... စောစောလေးတုန်းက သြရိုမန်ဟာ သူမအပေါ် ရက္စက္စြာ ပြုမူခဲ့တာဖြစ်လေတယ်... သူမ မျှော်လင့်ခဲ့တာက သူ့ဆီက ပြန်ရမယ့် အနည်းငယ်မျှသော ကြင်နာမှုလေးသာဖြစ်လေသော်ငြား သူဟာ သူမကို လှောင်ပြောင်စော်ကားခဲ့လေတယ်...

သူမကိုယ်ကို သူ့ကို လိုလားစွာပေးအပ်ဖို့ စဉ်းစားခဲ့လေသော်ငြား သူကေတာ့ သူမကို ရန်ငြိုးထားကာ ပုတ်ချခဲ့လေတယ်... ကြင်နာမှုတွေနဲ့ ချစ်ခြင်းတရားတွေကိုသာ ကျင့်သားရခဲ့တဲ့ သူမအတြက္ကေတာ့ ဒီလိုငြင်းပယ်မှုမျိုးကို မခံစားနိုင်လေဘူး... တစ်ချိန်က စင်ကြယ်ပြီး အပြစ်ကင်းခဲ့တဲ့ သူမရဲ့ စိတ်ဟာ ဒီစုံတွဲရဲ့ ဖက္တြယ္ထားတဲ့ မြင်ကွင်းမှာ စတင်ဖောက်ပြန်သွားလေတော့တယ်...

ညစ်နွမ်းတယ်လို့ သူမ ယုံကြည်ခဲ့တဲ့ မီနာက သြရိုမန်ရဲ့ စင်ကြယ်တဲ့ နှလုံးသားကို ဖမ်းစားထားလိုက်လေတာကို မြင်ရချိန်မှာတော့ တစ်ချိန်က ကြည်လင်နေခဲ့တဲ့ သူမ မျက်၀န်းတွေထဲကအကြည့်တွေဟာ အမုန်းတရားတွေနဲ့ ပြည့်နှက်လာလေတော့တယ်...

ဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်အနေနဲ့ အက်ရှ်လီဂျိုင်းလ်ဟာ ဒီဇာတ်လမ်းရဲ့ အဓိကဦးဆောင်သူ ဖြစ်သင့်လေတယ်...

ဒါဟာ ဘယ်တုန်းကများ ပြောင်းလဲသွားခဲ့ရတာလဲ??

သန့်ရှင်းပြီး စင်ကြယ်တဲ့ အက်ရှ်လီဂျိုင်းလ်ဟာ မီနာရိမ်းန်လိုမျိုး စွန်းထင်းပြီး ကပျက်ကချော်နိုင်တဲ့ မိန်းကလေးတစ်ယောက်က သူမကို အနိုင်ယူသွားလေတာကို မယုံကြည်နိုင်လေဘူး... ထူးဆန်းစွာပဲ အက်ရှ်လီဂျိုင်းလ်ရဲ့ စိတ်ထဲမှာ သူမဟာလည်း မီနာရိမ်းန်လိုမျိုး ကိုယ်မချစ်တဲ့သူတစ်ယောက်အပေါ် သူမရဲ့ ခန္ဓာကိုယ်ကို အပ်နှင်းလိုက်ခြင်းအားဖြင့် မစင်ကြယ်လေတော့ဘူးဆိုတဲ့ အခ်က္ကို သတိမထားမိလေတော့ဘူး...

သူမဟာ ဇာတ်လမ်းရဲ့အဓိကဇာတ်လိုက် အမျိုးသား အီသန်ကင်းင်နဲ့ အိပ်ပြီးသွားခဲ့ပြီဆိုတာကို မေ့လျော့သွားလေတယ်... သြရိုမန်နဲ့ အတူအိပ်တဲ့ ဆက်ဆံရေးရှိတဲ့ မီနာရိမ်းန်လိုမျိုး အက်ရှ်လီဂျိုင်းလ်ဟာလည်း အီသန်ကင်းင်နဲ့ လွန်ခဲ့တဲ့လအနည်းငယ်က ပထမဆုံးအကြိမ် သူမတို့ အတူအိပ်မိကတည်းက တောက်လျှောက်ရှိလာခဲ့တာဖြစ်လေတယ်...

သူမဟာ သူမကိုယ် သူမေတာ့ မေ့လျော့နေလေတယ်- သြရိုမန်ကို်တောင့်တာနေတဲ့ သူမရဲ့စိတ်တွေဟာ မျှော်လင့်ချက်မဲ့နေလေတာကြောင့် အီသန်ကင်းင်နဲ့ စိတ်လွတ်လက်လွတ်ဆက်ဆံခဲ့လေတာဖြစ်တယ်... သို့သော်ငြား သူမရဲ့ ခိုင်မာတဲ့ယုံကြည်ချက်ဟာတော့ သူမဟာ မီနာရိမ်းန်နဲ့ယှဉ်ရင် စင်ကြယ်နေသေးတယ်ဆိုတာပါပဲ...

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်အနေနဲ့ အက်ရှ်လီဂျိုင်းလ်ဟာ သူမကိုယ္သူမ မီနာရိမ်းန်လိုမျိုးဖြစ်လာလေတာကို လက်မခံနိုင်လေဘူး...

ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်အဖြစ်ဆိုတာ တစ်ကမ္ဘာလုံးကသိထားလေတဲ့အချက်ပါပဲ... ဆယ်ကျော်သက် အဓိကဇာတ်ဆောင်တစ်ယောက်အနေနဲ့ ကမ္ဘာကြီးဟာ သူမကိုသာ ဦးတည်လည်ပတ်နေလေတယ်လို့ ထင်လေတာဖြစ်တယ်- ဒါကြောင့်ပါပဲ သြရိုမန်ရဲ့ သူမကို ငြင်းဆိုမှုကို လက်မခံနိုင်လေရှာဘူး... ဒီဆယ်ကျော်သက် ဇာတ်ဆောင်မိန်းကလေးရဲ့စိတ်ထဲမှာတော့ သူဟာ သူမ အပိုင်ဖြစ်လေတယ်လို့သာ ခံစားနေရလေတယ်-ဒီခန့်ညား ချောမောတဲ့ကောင်လေးဟာ သူမကိုသာချစ်မြတ်နိုးသင့်တာဖြစ်တယ်...

ဒါကြောင့်ပါပဲ ပြဿနာကတော့ မီနာရိမ်းန်ပဲပေါ့... အက်ရှ်လီဂျိုင်းလ်ဟာ အစကတည်းက မီနာရိမ်းန်အပေါ် ကောင်းမွန်တဲ့အမြင်မရှိနေခဲ့ဘူး- သူမကို လုံးလုံးလျားလျားမုန်းတီးမနေခဲ့ပေမယ့် သူမဟာ မီနာ့ကို ကိုယ်ကျင့်တရားမရှိသူလို့ထင်မြင်နေခဲ့လေတာဖြစ်တယ်...

သြရိုမန်အပေါ် သူမခံစားချက်တွေ စတင်ပေါက်ဖွားလာပြီး ပိုမိုအားကောင်းလာချိန်မှာတော့ အက်ရှ်လီဂျိုင်းလ်ဟာ မီနာရိမ်းန်ကို မုန််းတီးလာရတော့တာဖြစ်လေတယ်... မိန်းမတွေဆိုတာ ဘယ်အသက်အရွယ်မှာမဆို အမျိုးသားတွေနဲ့ ပတ်သတ်လာရင် တခြားအမျိုးသမီးတစ်ဦးကိုသာ ယိုးစွပ်ပြစ်တင်ကြတာဟာ သဘာ၀ပါပဲ... အက်ရှ်လီဂျိုင်းလ်ဟာလည်း အတူတူပဲဖြစ်လေတယ်...

အက်ရှ်လီဂျိုင်းလ်ရဲ့ စိတ်အခြေအနေဟာ သြရိုမန် မီနာ့အပေါ် ဘယ်လိုကြင်ကြင်နာနာနဲ့ နူးညံစွာ ဆက်နေနေတာကိုတွေ့နေရတဲ့ နေ့ရက်တွေကုန်ဆုံးလာတာနဲ့အမျှ ပို၍သာ ဆိုးဝါးလာလေတော့တယ်... ဒီိအမျိုးသားလေးရဲ့ အထင်သေးလှောင်ပြောင်မှုကိုသာ သူမဟာ နေ့တိုင်းရင်ဆိုင်နေရတဲ့အပြင် သူမသာ ထွက်မသွားရင် လျှို့၀ှက်ချက်ကို သူဟာ ဖော်ထုတ်တော့မှာဖြစ်လေတယ်...

သို့သော်ငြား သူမ ဘယ္လိုမ်ား ထွက်သွားနိုင်ပါ့မလဲ???

အဓိက ဇာတ်ကောင်ဖြစ်နေတဲ့သူမက ဘာကြောင့်များ မှေးမှိန််ပျောက်ကွယ်သွားပေးရမှာလဲ???

မျှော်လင့်ချက်တွေအားလုံး ကုန်ဆုံးလာတဲ့အဆုံးစွန်မှာတော့ အက်ရှ်လီဂျိုင်းလ်ဟာ သူမစိတ်ကူးလို့ရတဲ့ တစ်ခုတည်းသော ရိုးစင်းပြီး မရင့်ကျက်တဲ့နည်းလမ်းကိုသာ သုံးလေတော့တယ်... သူမဟာ သူမနာကြင်နေရခြင်းနဲ့ ခံပြင်းရခြင်းတွေရဲ့ အရင်းအမြစ်ကိုသာ ရှင်းလင်းပစ်ရတော့မှာဖြစ်လေတယ်... သူမဟာ မီနာရိမ်းန်ကို ရှင်းပစ်ရတော့မှာပဲပေါ့...

ဘယ်လိုပါလဲ???

မီနာဟာ Vert ဟောခန်းမထဲမှာ အမှတ်စာရင်းဘုတ်ကိုမော့ကြည့်ရင်း မတ်တပ်ရပ်နေခဲ့တာဖြစ်လေတယ်... ထို့နောက်မှာတော့ မီနာဟာ သူမရဲ့ မူလလုပ်နေကျလမ်းစဉ်အတိုင်း အတန်းတက်ဖို့ဦးတည်လေတယ်... ဒုတိယနှစ်တွေတက်ရတဲ့ အဆောက်အဦးထဲကို ၀င်သွားလိုက်လေရင်း သူမအတန််းရှိရာ သုံးလွှာကို သွားဖို့အတွက် လှေကားသုံးဆစ်ချိုးကို တက်လေတော့တယ်...

သူမကို တွန်းချလိုက်လေတဲ့ အဖြူရောင်လက်တစ်စုံကို မီနာဟာ လုံး၀ သတိမထားလိုက်မိလေဘူး... သူမ မြင်လိုက်ရတာကတော့ ရူးသွပ်နေဟန်ပေါက်တဲ့ သူမကို စိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံပါပဲ... မီနာ့ကိုယ်တွင်းက စိတ်၀ိဉာဉ်ဟာ စက္ကန့်ပိုင်းမျှ တုန်လှုပ်မိသွားလေပေမယ့် အက်ရှ်လီဂျိုင်းလ်ကို သနားဟန်နဲ့သာ နောက်ဆုံးမှာ တည့်တည့်ကြည့်ပေးခဲ့လိုက်လေတာဖြစ်တယ်... မမျှော်လင့်စွာနဲ့ပဲ မီနာဟာ ဒီဆယ်ကျော်သက်မိန်းကလေးရဲ့ မနာလိုစိတ်ပေါက်ကွဲထွက်လာခြင်းကို လျော့တွက်ထားမိခဲ့လေတာဖြစ်တယ်...

"မီနာ!!!!..."

သြရိုမန်ဟာ အဲ့ဒီနေ့ရဲ့အစောပိုင်းကတည်းက ကြောက်စရာခံစားချက်တစ်ခုနဲ့စိတ်ထဲမှာ ထင့်နေခဲ့လေတာကြောင့် မီနာ့ကို ချက်ချင်းလာရှာခဲ့ရတာပေါ့... သို့သော်ငြား သူမကို သူတွေ့လိုက်ချိန်မှာတော့ အက်ရှ်လီဂျိုင်းလ်ရဲ့ ရန်ငြိုးထားတဲ့ အပြုအမူကို မျက်ဝါးထင်ထင် သက်သေတွေ့သွားတော့တာဖြစ်လေတယ်...

မီနာ့ကို ဒီသေလောက်စရာ ပြုတ်ကျလာမှုကနေ ကာကွယ်ဖို့ သူဘယ်လောက်ပဲ သူကြိုးစားခဲ့ပေမယ့်လည်း မီနာ့ရဲ့ ခန္ဓာကိုယ်ဟာတော့ ဘန်းကနဲ မြည်သံနဲ့အတူ ကျောက်သား ကြမ်းခင်းကို ထိရိုက်ကာ သက်ဆင်းသွားခဲ့လေတာဖြစ်တယ်... မီနာ့ရဲ့ ကျိုးကြေသွားတဲ့ ခန္ဓာကိုယ်ကို မြင်ရချိန်မှာတော့ အော်သံတွေဟာ နေရာအနှံ့မှာ ကြားလာရတော့တယ်...

"မီနာ!!!!..."
သြရိုမန်ဟာ သူမကို ဖမ်းဆုပ်လိုက်လေတယ်... သူမခေါင်းကနေ သွေးတွေ တစိမ့်စိမ့်စီးကျလာတာကို သူ သတိမထားနိုင်တော့ဘူး...
"မီနာ!!!..."

ေ၀ဝါးနေတဲ့အခြေအနေမှာတော့ မီနာဟာ ဘာကိုမှ ကောင်းကောင်းမမြင်ရ၊ မကြားရလေတော့ဘူး... နောက်ဆုံးသောအချိန်လေးမှာတော့ သူမဟာ သြရိုမန်ရဲ့ မျက်၀န်းတွေထဲက ၀မ်းနည်းမျက်ရည်တွေပြည့်နေတဲ့ မျက်နှာတစ်ခုကိုတော့ မြင်တွေ့လိုက်ရလေတယ်...

"ရိုမန်..."

မျက်လုံးတွေဟာ မှိတ်ကျသွားလေရင်း စိတ်၀ိဉာဉ်ဟာ လွှင့်ထွက်သွားလေကာ အေးစက်တဲ့ ခန္ဓာကိုယ်ကို ချန်ထားရစ်လေတော့တယ်...

"မီနာ!!! ဟင့်အင်း!!!မျက်လုံးဖွင့်ပါဦး မီနာ!!!!..."

ကျောင်းသားအုပ်စုဟာ ၀မ်းနည်းမှုရော ထိတ်လန့်မှုတွေနဲ့ပါ ကြည့်နေကြလေတယ်... ၁၈နှစ်အရွယ်ငယ်ရွယ်တဲ့ သြရိုမန်ဟာ သူရဲ့ချစ်လှစွာသော မိန်းကလေးကိုဆုံးရှုံးသွားရတာကြောင့် နာကြင်စွာ ငိုကြွေးနေလေတာဖြစ်တယ်... သူဟာ မီနာရိမ်းန်ကို ဘယ်လောက်တောင် ချစ်ပြီး မြတ်နိုးလေတယ်ဆိုတဲ့အချက်ဟာ အားလုံးသိကြတဲ့အချက်ပါပဲ... သူဘယ်လောက်တောင် သူမကို အလေးအနက်ထားလေလဲဆိုတာကိုလည်း သူတို့အားလုံးသိကြလေတယ်...

"ရိုမန်..."
အက်ရှ်လီဂျိုင်းလ်ရဲ့ သာမန်မဟုတ်တဲ့ အသံချိုချိုဟာ အားလုံးကိုတုန်လှုပ်သွားစေလေတယ်...

ကျောင်းသားတော်တော်များများဟာ ဒီကျောင်းသားလေး မီနာရိမ်းန်ကို တွန်းချလိုက်တယ်ဆိုတာကို မျက်မြင်သက်သေရှိနေကြတာဖြစ်လေတယ်... အကြောင်းရင်းကိုတော့ တွေေ၀စွာနဲ့ တုန်လှုပ်နေခဲ့ပေမယ့် သူတို့ဟာ ဒီကျောင်းသားလေးရဲ့ သြရိုမန်အပေါ် ချိုသာပြီး မိန်းမဆန်တဲ့လေသံနဲ့ခေါ်လိုက်သံကိုကြားရချိန်မှာတော့ လမ်းပျောက်ကုန်ကြလေပြီ...

"ရိုမန်... သူ မရှိတော့ဘူး..."
အက်ရှ်လီဂျိုင်းလ် ဟာ သူ့ဆီကို ရောက်လာတော့တယ်...
"ကျွန်မတို့အတူတူနေလို့ရပြီ... ကြ်န္မ ရှင်နဲ့အတူနေလို့ရပြီ..."

အားလုံးဟာ ဒီကျောင်းသားလေးရဲ့ ဖွင့်ပြောမှုမှာ ထပ်မံပြီး တုန်လှုပ်သွားကြလေပြန်တယ်...

"ဖယ်စမ်း..."
သြရိုမန်ဟာ မီနာ့ကိုယ္ကို ဖက်ထားလိုက်လေရင်း အက်ရှ်လီဂျိုင်းလ်ကို တွန်းထုတ်လိုက်လေတော့တယ်...

သြရိုမန်ဟာ မီနာ့ရဲ့ ပါးပြင်ကို ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးရတနာတစ်ပါးလို ညင်သာစွာတို့ထိနေလေတာကို အက်ရှ်လီဂျိုင်းလ်ဟာ ကြည့်နေရလေတယ်... ဒီမြင်ကွင်းဟာ အက်ရှ်လီဂျိုင်းလ်ရဲ့ အမျက်ဒေါသကို အဆုံးစွန်အထိ ရောက်သွားစေတော့တယ်... သူမဟာ အပေါ်၀တ်ကို ဖြဲချလိုက်လေရင်း သြရိုမန်ကို ဖက်ဖို့ကြိုးစားလေကာ သူမကို သာချစ်ပေးဖို့ရာ တောင်းပန်နေလေတယ်... အားလုံးဟာဒီမြင်ကွင်းမှာပဲ ဒီကောင်လေးဟာ တစ်ကယ်တော့ မိန်းကလေးဖြစ်နေလေမှန်း နားလည်သွားကြလေရင်း တုန်လှုပ်သွားတော့တယ်...

အလိုလိုပါပဲ အက်ရှ်လီဂျိုင်းလ် ဘာကြောင့် မီနာရိမ်းန်ကို သေစေသည်အထိ တွန်းချလိုက်လေတာလဲဆိုတာကို အားလုံး နားလည်သွားကြလေတော့တယ်... တကယ္ကေတာ့ အကြောင်းရင်းဟာ မနာလိုစိတ်ကြောင့်ပါပဲ... သို့သော်ငြား ဘယ်လောက်ပဲ အက်ရှ်လီဂျိုင်းလ်ဟာ ငိုကြွေးပြီး တောင်းပန်နေပါစေဦး သြရိုမန်ဟာ သူမကို ဘာမွ မတုန့်ပြန်လေတော့ဘူး... မီနာ့ကို သူ့နှလုံးသားနဲ့အနီးဆုံးနေရာမှာသာ ပွေ့ဖက်ထားလေရင်း သူမရဲ့ ဦးခေါင်းကို နမ်းရှိုက်လေကာ သူ့နှလုံးသားထဲက သူမရဲ့ နက်ရှိုင်းစွာနေရာယူထားတဲ့ ပုံရိပ်ကို အမှတ်ရနေလေတော့တယ်...

သြရိုမန်ရဲ့ မှတ်ဉာဏ်ထဲမှာတော့ သူ့အောက်မှာရှိနေတဲ့ ချစ်စရာမိန်းမငယ်လေးရဲ့ မျက်၀န်းတွေဟာ ကြယ်လေးတွေလို တဖျတ်ဖျတ်တောက်ပစွာ ပွင့်အာလာလေရင်း သူ့ကို ဒေါသတကြီးကြည့်နေလေတယ်... သူမရဲ့ ရုတ်တရတ်ဖြစ်ပေါ်သွားတဲ့ ဒေါသကို သူနားမလည်ခင်မှာပဲ သူမဟာ သူ့ကိုတွန်းလှဲလိုက်လေရင်း သူ့အပေါ်မှာတက်ထိုင်လိုက်လေတယ်... သူပိုင်ဆိုင်ဖူးခဲ့တဲ့ သူတွေအားလုံးထက် ကြည်လင်တောက်ပနေတဲ့ မျက်လုံးအစုံဟာ သူ့ကိုစိန်ခေါ်လေသလိုမျိုး ငုံ့ကြည့်လာခဲ့တော့တာဖြစ်တယ်...


Continue Reading

You'll Also Like

96.7K 11.4K 23
ကျန်းချင်းပေ ( Arc.2 ) ကျန်းချင်းပေ ( Arc.2 )
924K 50.9K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
121K 13.5K 32
ကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ...