မိုးများသည်းထန်စွာရွာနေသောလမ်းမထက်
ပြေးလွှားနေသော တစ်စုံတစ်ယောက်.......
ကြောက်ရွံ့ခြင်းဆီမှလွတ်မြောက်ရန်
အစွမ်းကုန်ပြေးနေမိသည်.......
မိုးရွာနေတာလား.......ဟင့်အင်း.....
သည်းနေတဲ့မိုးထက် သူ့ကိုပိုကြောက်တယ်.....
လွတ်မြောက်ချင်လို့ပါ.......
ဘုရားသခင် ကူညီပေးပါ......
အချိန်ဘယ်လောက်ကြာကြာ ပြေးနေမိသည်လဲ
ဂရုမစိုက်နိုင်ပါ........
နာကျင်နေတဲ့ခြေထောက်ကိုလည်း
ဂရုမစိုက်နိုင်တော့ပါ.......
သူ့ဆီမှသာလွတ်မြောက်မယ်ဆိုရင်
ဘာကိုပဲပေးဆပ်ရပေးဆပ်ရ
လွတ်မြောက်ခြင်းကိုသာပေးသနားပါ.......
တစ်နေရာအရောက် ကားမီးရောင်ကြောင့်
စူးခနဲဖြစ်သွားသော မျက်၀န်းများနှင့်အတူ
နားကိုလက်နှစ်ဖက်နှင့်ပိတ်ထားကာ
ကားလမ်းမထက်ထိုင်ချမိသည်.......
ကျွီ......
ကားပေါ်မှဆင်းလာသောလူတစ်ယောက်......
" တောင်းပန်ပါတယ်!!! မရည်ရွယ်ပါဘူး!!!!
နောက်မပြေးတော့ပါဘူး!!! တောင်းပန်ပါတယ်!!! "
လက်နှစ်ဖက်ကိုပွတ်ကာ အရူးကဲ့သို့ပင်
တောင်းပန်နေမိသည်......
ကြောက်သည်......ထွက်ပြေးတိုင်းပြန်မိသွားလျှင်
သူလုပ်တတ်သည့်အပြုအမူကိုကြောက်သည်.....
" ဟိတ်!!! ဟိတ်ကောင်လေး.....မိုးရေထဲမှာ
ဘာလို့ပြေးနေရတာလဲ.....ဘာဖြစ်လို့လဲ "
လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာမေးလာသော
ခပ်စိမ်းစိမ်း အသံတစ်ခု......
ပါးပြင်ကိုပါ ပုတ်နေသောလက်ဝါးပြင်.....
" ကယ်ပါ!!! ဟွန်းကိုကယ်ပေးပါ...... "
" ဟာ....ဟေ့....သတိထားဦးလေ.... "
အင်္ကီျစဆွဲကိုင်ကာ အကူအညီတောင်းပြီးသည့်နောက်
လောကကြီးနှင့်အဆက်အသွယ်ပြတ်ခဲ့ရသည်........
.
.
.
ရီဖန်အလုပ်ကိစ္စကြောင့် ဘူဆန်ဘက်မှ
မိုးအတော်ချုပ်မှပင်ပြန်လာရသည်......
မိုးသည်းနေပေမယ့်လည်း မပြန်၍မရ.....
ဆိုးလ်တွင်မနက်ပိုင်းအရေးကြီး
အစည်းအေ၀းရှိသေးသည်......
ကားအက်စီးဒန့်ကြောင့် ကိုမာဖြစ်နေတဲ့
တစ်ဦးတည်းသော ညီငယ်လေးကိုလည်း
သေချာဂရုစိုက်ပေးရဦးမည်.......
မိုးရွာနေသည်ကြောင့် မသဲကွဲသော
ပတ်၀န်းကျင်တွင် ဂရုတစိုက်မောင်းနေရသည်.....
လမ်းမထက်ပြေးလွှားနေသော
အဖြူရောင်ပုံရိပ်လေးတစ်ခု........
မိုးသည်းနေတာကို ဘာလို့ပြေးနေရတာလဲ.....
ကားမီးကြီးထိုးလိုက်တော့ ရပ်တန့်သွားသော
ခြေလှမ်းများနှင့်အတူ မြေပြင်ထိုင်ချလိုက်သည်ကြောင့်
ကားပေါ်မှဆင်းကာ မေးမြန်းရသည်.......
သူ့ကိုတွေ့သည်နှင့် လက်နှစ်ဖက်ပွတ်ကာ
တောင်းပန်နေသည်ကြောင့် လက်ကိုချုပ်ကာ
မေးမြန်းရပြန်သည်......
သူထင်နေသောလူ မဟုတ်၍ဖြစ်ရမည်
အင်္ကီျစကိုဆွဲကိုင်ကာ ကူညီပေးရန်ပြောရှာသည်.....
သတိလစ်သွားသော ကောင်လေးကိုပွေ့ချီကာ
ကားပေါ်တင်၍ ဆေးရုံကိုသာအမြန်မောင်းရတော့သည်....
မင်းလေးကိုကြောက်ရွံ့အောင် ဘယ်လိုအရာကများ
ခြိမ်းခြောက်နေရသနည်း.......
ဖြူဖွေးလွန်းသော အသားအရည်တွင်
နက်မှောင်ဖြောင့်တန်းသော မျက်ခုံးများ.....
နှုတ်ခမ်းပါးလေးထောင့်နားမှ ပေါက်ပြဲဒဏ်ရာများ.....
လက်ဆစ်များပေါ်မှ ပွန်းပဲ့ဒဏ်ရာအချို့......
၁၈နှစ်လောက်သာရှိသေးမည့် အရွယ်တွင်
ဘယ်လိုဒုက္ခကြောင့် ဒီလိုဖြူဖျော့နေရသည်လည်း
ဆိုသည်ကို အရမ်းကိုသိချင်နေမိသည်.......
.
.
.
ညသန်းခေါင်ယံဖြစ်သည်ကြောင့်
ဆိုးလ်ကိုသာအမြန်မောင်းလာခဲ့ရသည်.......
ဆေးရုံရှေ့ရောက်သည်နှင့် သတိမေ့နေသော
ကောင်လေးအားပွေ့ချီကာ အရေးပေါ်ခန်းသို့
ပြေးရသည်......
" ဆရာမ!!! လူနာကိုကြည့်ပေးပါဦး!!! "
ဆေးရုံကုတင်ပေါ်အသာတင်ပေးလိုက်ရသည်.....
" လူနာရှင် အပြင်ကရပ်စောင့်နေပေးပါ...... "
လိုက်ကာများပိတ်လိုက်သည်တွင်
စိတ်မချစွာ ရပ်ကြည့်နေမိသည်.......
" ဒီဘက်မှာ ဖောင်ဖြည့်ပေးပါနော်...... "
သူနာပြုလေးခေါ်ဆောင်ရာသို့နောက်ဆံတင်းစွာ
လိုက်သွားရသည်......
ကုတင်ပေါ်မှ ဖြူဖျော့စွာလဲလျောင်းနေသော
ကောင်ငယ်လေးသတိရလာရန်သာ
ဆုတောင်းနေမိသည်.....
ရှော့ခ်ရကာသတိလစ်သွားခြင်းဖြစ်ကြောင်း
ပြောသော်လည်း စိုးရိမ်နေမိသည်.....
စိတ်ချရရန် လိုအပ်သည့်ဆေးစစ်ချက်တို့
အကုန်လုပ်ပေးထားရသည်.......
" အင်း........ "
လှုပ်ရှားလာသော ကောင်လေးကြောင့်
ကုတင်ဘေးရပ်ကာကြည့်နေမိသည်....
" ဟေ့.....သတိရပြီလား "
" ကိုကြီး.......ဟွန်းရဲ့ကိုကြီးကို.....
ခေါ်ပေးပါ.... "
" အင်း.....ခေါ်ပေးမယ်လေ.....ဖုန်းနံပါတ်.... "
" ×××××××× "
" အင်း.....ခဏအိပ်လိုက်ဦးနော်......
ကိုယ်ခေါ်ပေးမယ် "
သူရွတ်ပြသော ဖုန်းနံပါတ်ကို
အမြန်ခေါ်လိုက်ရသည်.......
" .......... "
" ဟဲလို.....ဟွန်းရဲ့ကိုကြီး ဆိုတာလားမသိဘူး....
ကျွန်တော့်ကိုခေါ်ခိုင်းလို့ပါ..... "
" ............. "
" ဒီနေရာက ဟန်ဂန်းဆေးရုံ.....အရေးပေါ်ခန်းပါ "
" ............ "
စိုးရိမ်တကြီး လာခဲ့မည်ပြောသောသူကိုသာ
စောင့်နေလိုက်တော့သည်......
သူ့အစ်ကိုရောက်လျှင်တော့ အပ်ထားခဲ့ကာ.....
အိမ်ပြန်မှဖြစ်မည်......
အရေးပေါ်ခန်းရှေ့သို့ ပြေးလာသူတစ်ဦး.....
ခေါင်းငုံ့ကာ လက်ဖြင့်မျက်နှာအုပ်၍
ခဏမှေးနေသည်တွင် ကြားလိုက်ရသောအသံ.....
" ဟို.....ကျွန်တော့်ကိုဖုန်းဆက်တာ ဒီက
အစ်ကိုလားမသိဘူး...... "
" ဟုတ်ကဲ့......ဟွန်းရဲ့အစ်ကိုဆိုတာ....
ဟမ်.......မင်း.....ကင်ဂျွန်မြောင်မလား.... "
တက္ကသိုလ်အတူတက်ခဲ့သော အရင်းနှီးဆုံးသူငယ်ချင်း....
" ဟုတ်တယ်......မင်း.....မင်းက ၀ူရီဖန်!!
ဟာ....ဘယ်လောက်တောင်ကြာနေပြီလဲကွာ "
နှစ်ယောက်သား ဖက်ကာနှုတ်ဆက်လိုက်ကြသည်...
မတွေ့ရတာ အတော်ကြာခဲ့ပြီဖြစ်သည်.......
" ဟွန်း.....ဟွန်းလေးရော..... "
ဆေးရုံခန်းထဲသို့ အမြန်ပြေး၀င်လိုက်သည်.....
ကုတင်ပေါ်တွင် ဒဏ်ရာအချို့နှင့်
လဲလျောင်းနေသော သူ့ရဲ့ညီငယ်လေး.....
သူတောင်မဆူရက် မရိုက်ရက်သောမျက်နှာလေးတွင်
ဒဏ်ရာများနှင့် ဖြူဖျော့နေသောညီငယ်လေး.....
မျက်ရည်မထိန်းနိုင်ကာ ငိုမိတော့သည်........
ခဏအကြာတွင် ပြေး၀င်လာသူနောက်တစ်ဦး.....
ငိုနေသော ဂျွန်မြောင်ကိုလာတွဲထူသည်.....
" ဂျွန်......မငိုနဲ့တော့လေ......ဟွန်းလေး
ပြန်ရောက်နေပြီပဲ...... "
" ရီဖန်......မင်း......ဘယ်မှာတွေ့ခဲ့တာလဲ "
ရီဖန်လည်း ဖြစ်စဉ်အစအဆုံးကို
ပြောပြလိုက်တော့သည်......
ပြောပြီးသည်နှင့် ပို၍ငိုကြွေးနေသော
သူငယ်ချင်းဖြစ်သူကို သူပါချော့ရတော့သည်......
" ငါမကောင်းတာပါ ရှင်းရယ်......ဟွန်းကို
ဒီကိုမခေါ်လိုက်သင့်ဘူး......ခုတော့......
အကုန်လုံးငါ့အမှားတွေပဲ "
ရင်ဘတ်ထုကာငိုနေသော သူငယ်ချင်းကို
၀င်ထိန်းရသည်.....
" ဂျွန်မြောင်......မင်းညီလေးကဘယ်လိုဖြစ်ရတာလဲ "
" ငါ့ရဲ့တစ်ဦးတည်းသောညီလေး ကင်ဆယ်ဟွန်း.....
ဒီဘက်ကတော့ ငါနဲ့မကြာခင်မှာလက်ထပ်တော့မယ့်
ငါ့ချစ်သူ ကျန်းရီရှင်း......ဆိုးလ်ရဲစခန်းက ရဲအရာရှိ....
ငါ့ညီလေးပျောက်နေတာ တစ်လကျော်နေပြီ......
စုံစမ်းနေတာလည်းကြာနေပြီ.....သတင်းအစအနတောင်
မတွေ့ခဲ့ဘူး.....ဖမ်းခေါ်သွားတဲ့သူကိုလည်း
မသိရဘူး.....ပြန်ပေးဆွဲတယ်ထင်လို့ ဆက်သွယ်မှာကို
စောင့်နေသေးတယ်.....ဘာဆိုဘာမှကိုမသိခဲ့ရတာ....
ကျေးဇူးပါ ရီဖန်.....ငါတကယ်ကိုကျေးဇူးတင်ပါတယ်.... "
" ရပါတယ်.....ဂျွန်မြောင်ရယ်......
မင်းလည်းခဏနားလိုက်ဦး....ငါလည်း
မနက်အစည်းအေ၀းရှိလို့အိမ်ပြန်လိုက်ဦးမယ် "
ရီဖန်နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်......
စိတ်ထဲတွင်တော့ ဘယ်လိုလူကလုပ်ရက်သည်
ဆိုသည်ကိုသာတွေးတောနေမိသည်......
" ကိုကြီး......ကိုကြီးမလားဟင်.... "
" ဟုတ်တယ်.....ဟွန်းရဲ့ကိုကြီးပါ "
" ကိုကြီး.....ဟင့်...... "
ရင်ခွင်ထဲတိုး၀င်ကာ ငိုနေတဲ့ဟွန်းလေးကို
ကျောပြင်ကိုပုတ်ကာ ချော့မြူနေရသည်......
ကိုကြီးရဲ့ဟွန်းလေး အန္တရာယ်ကင်းသွားပါပြီ......
" ကင်ဆယ်ဟွန်း ရဲ့လူနာရှင် "
" ဟုတ်ကဲ့..... "
" ဆရာ၀န်ကြီးအခန်း ခဏလိုက်ခဲ့ပါနော် "
" ဟုတ်ကဲ့......ဟွန်း.....ကိုကြီးခဏသွားမယ်နော်...
ရှင်းနဲ့နေခဲ့ဦး "
ခေါင်းငြိမ့်ပြသော ညီငယ်လေးကို
ခေါင်းကိုဖွဖွပုတ်ကာ ဆရာ၀န်ကြီးအခန်းသို့
သွားလိုက်သည်........
.
.
.
ရီဖန် အစည်းအေ၀းပြီးသည်နှင့်
ဆေးရုံကိုသာထွက်လာခဲ့လိုက်သည်.....
ထူးခြားမှုမရှိသေးသော ညီငယ်ကိုကြည့်ကာ
စိတ်မကောင်းဖြစ်ရပြန်သည်......
" ချန်းလေးရယ်......ကိုကြီးစောင့်နေတာမို့
မြန်မြန်သတိရလာပါတော့နော်.... "
လှုပ်ရှားမှုမရှိသော ညီငယ်လေးကိုကြည့်ရင်း
မခံစားနိုင်တော့သည်မို့ ခေါင်မိုးထပ်ဆီသာ
တက်ခဲ့လိုက်သည်.....
မွန်းကြပ်နေသောစိတ်ကို ခဏလောက်တော့
အနားပေးရန်လိုအပ်ခဲ့သည်.......
စီးကရက်တစ်လိပ်ထုတ်ကာသောက်မည်အပြု.....
အဖြူရောင်ပုံရိပ်လေး......
ဆေးရုံ၀တ်စုံအပါးလေးနှင့် နွမ်းလျစွာ
လျှောက်နေသည်......
ဂျွန်မြောင်ကဘာလို့လိုက်မလာတာပါလိမ့်......
ရီဖန်လည်းလှုပ်ရှားမှုတိုင်းကိုသေချာကြည့်နေမိသည်....
ငိုနေသည်......ရှိုက်ကြီးတငင်နှင့် ရင်ဘတ်ကိုထုကာ
ငိုနေသောကောင်ငယ်လေး.....ဘာလို့များလဲ......
ဘာလို့များ အဲ့လောက်ငိုနေခဲ့ရသလဲ......
မထင်မှတ်ထားသော အပြုအမူကြောင့်
အပြေးအလွှားသွားရပြန်သည်......
ခေါင်မိုးထပ်ဘောင်ကိုတပ်ရန်ကြံနေသူလေး.....
အနားရောက်သည်နှင့် ခါးမှပွေ့ချကာ
အတင်းချုပ်ထားရသည်.....
သူလေးကတော့အတင်းရုန်းကာ
အော်ဟစ်နေတော့သည်......
" လွှတ်ပါ!!! ဟွန်းကိုလွှတ်ပေးပါ.......
ကျေးဇူးပြုပြီး ဟွန်းသေ....ပါရစေ "
အပြေးရောက်လာကြသော ဂျွန်မြောင်နှင့်ရီရှင်း.....
" ဟွန်း!! ဟွန်းလေး အဲ့လိုမလုပ်ရဘူးလေ....
ကိုကြီးကိုသနားပါ ဟွန်းရယ်...နော်.... "
" ဟင့်အင်း......ဟွန်း.....ဟွန်းကြောက်တယ်.....
အဲ့လူရဲ့အရာအားလုံးကို ဟွန်းကြောက်တယ်.....
ကျေးဇူးပြုပြီး သေခွင့်ပေးပါ ကိုကြီးရယ်....
ဟွန်းတောင်းပန်ပါတယ်နော်..... "
အတင်းချုပ်ကာ ဆေးရုံခန်းထဲပြန်သွင်းကာ
ဆရာ၀န်များရဲ့အကူအညီဖြင့်
စိတ်ငြိမ်ဆေးထိုးမှသာငြိမ်ကျသွားတော့သည်.....
တဖြည်းဖြည်းငြိမ်သက်သွားသော
ညီဖြစ်သူကိုကြည့်ရင်း ဂျွန်မြောင်တစ်ယောက်
ရီရှင်းရင်ခွင်ထဲငိုကြွေးနေတော့တယ်.....
" ဂျွန်မြောင်......ဆယ်ဟွန်းက ဘယ်လိုဖြစ်ရတာလဲ "
အံ့သြတကြီး မေးမိတော့သည်......
" ဟွန်းလေးကပျောက်နေတဲ့တချိန်လုံး
လူတစ်ယောက်ရဲ့အလိုမတူပဲ
ဖမ်းဆီး အနိုင်ကျင့်ခံပြီးနေ နေရတာတဲ့ .....
အခုနာမည်ဘယ်သူလဲတောင် မသိတဲ့.....
အဲ့ဒီ့လူယုတ်မာကြောင့် ဟွန်းမှာ
ကိုယ်၀န် ၃ပတ်ရှိနေပြီတဲ့..... "
" ဘယ်လို...... "
ဂျွန်မြောင်မဆိုထားနှင့် သွေးမတော်သော
ကျွန်တော်ပင်လျှင် ယူကျုံးမရဖြစ်ရသည်.....
မခိုင်နိုင်သော ခြေအစုံသည်
ညွတ်ခွေကျရတော့သည်.....
ငယ်ရွယ်လွန်းသူ......
အနာဂတ်တွေလင်းလက်တောက်ပနေသူလေးမှာ
မျိုးရိုးတောင်မသိနိုင်တဲ့လူတစ်ယောက်ရဲ့
ကလေးရှိနေပြီတဲ့လား......
ဘယ်သူ့ကို အပြစ်တင်ရမည်မသိ......
လူ့လောကထဲတောင်မရောက်သေးတဲ့
ထိုကလေးရဲ့ဘ၀ကိုသနားမိသည်ကတော့
အမှန်ကန်ဆုံးသစ္စာတစ်ခုသာဖြစ်တော့သည်......
################################
ဖင်မနိုင်ပဲ ပဲကြီးဟင်းစားချင်သူပါ.....
မတရားတွေရေးချင်လာလို့ပါ😢😢
ေ၀ဖန်ပေးကြပါဦးနော်😁😁
ချေ့ယူ all ပါနော်.......
အူးမွ😘😘
Unicode
းများသည်းထန်စွာရွာနေသောလမ်းမထက်