The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 14

10.9K 987 106
By aseinnkyaw


The Dimple on his cheek

Unicode

" သူရ...."

ထူးထက်ခေါင်က ပြင်းရှရှ ဝိုင်တစ်ခွက်ကို
မော့လိုက်ကာ ခွက်ကို ဘားကောင်တာပေါ်
အသာအယာ ပြန်ချလိုက်သည်။

"ဘာတွေညစ်နေတာလဲ ထက်ခေါင် မင်းလို အရာရာပြည့်စုံနေတဲ့သူဆီမှာ ဘယ်လိုစိတ်ညစ်စရာတွေရှိလို့လဲ "

"ငါ ခုတစ်လော ညီ့အကြောင်းပဲ တွေးဖြစ်
နေတယ်ကွာ ငါ လက်မထပ်ခင် ညီ နဲ့ ခဏ
လောက်ဖြစ်ဖြစ် ဆုံချင်သေးတယ် ငါ့မှာ
ညီ့ကို ပြောစရာတွေ အများကြီးရှိသေးတယ် "

ထူးထက်ခေါင်က ခေါင်းငိုက်စိုက်လာသောအခါ
သူရက ခပ်မဲ့မဲ့ ပြုံးလျက် ခေါင်းတစ်ချက် ခါ
လိုက်ပြီး ထူးထက်ခေါင် ရဲ့ ပုခုံးကို ဖျစ်ညှစ်
လိုက်သည်။

"အဲတုန်းကတည်းက မင်းကိုငါ မပြောခဲ့ဘူးလား ထက်ခေါင် မင်းကိုယ်မင်း သေချာပြန်စဉ်းစားဖို့ အဲအချိန်တုန်းကတော့ အဲကောင်လေးကို ရစရာမရှိအောင် ပြောလိုက်တာ မင်းပဲလေ သူ့ကို အရမ်းမုန်းခဲ့တာလဲ မင်းပဲ "

"မဟုတ်ဖူး သူရ ငါ ညီ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ဘူး ယောကျ်ားချင်းပြန်ကြိုက်တဲ့ ကောင်တွေကို ငါ အရမ်းရွံတယ် အရမ်းလည်းမုန်းတယ်အဲတာကို ဝန်ခံတယ် ဒါပေမဲ့ ငါမုန်းတဲ့ထဲမှာ ညီတော့မပါဘူးသူရ ညီငါ့ကို ဖွင့်ပြောတဲ့ အချိန်တုန်းကလည်း ရုတ်တရက်သွေးပူသွားလို့ "

"အခုမှ နောင်တရနေလဲ အပိုပဲ ထက်ခေါင်
ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီ အဲကောင်လေးကို
မင်းကိုယ်တိုင်ပဲ အဝေးကို ကန်ထုတ်ခဲ့တာ
အခုဆို မင်းကိုဟိုကလည်း မေ့နေလောက်ပြီ
ညီလေး တူးပို့ တစ်ဂျားလောက် "

သူရက သူ့ကို ပြောနေရင်း ရှေ့တည့်တည့်မှာ
ရပ်နေတဲ့ စားပွဲထိုးကို ဘီယာလှမ်းမှာသည်။

ညီလည်း သူ့ကို မေ့နေမှာပါတဲ့.... ။ သူရက မစဉ်းစားပဲ လွှတ်ခနဲပြောလိုက်တာ မှန်ပေမယ့် ထူးထက်ခေါင် ရင်ဘတ်တစ်ခုလုံးနာကျင်အောင့်မျက်သွားသည်။

မဖြစ်နိုင်ပါဘူး ... သူ သတိရနေခဲ့သလို ညီလည်း သူ့ကို သတိရနေလောက်မှာပါ

"သူရ ဒီနေ့ မင်းကို ခေါ်လိုက်တာ အကူအညီတစ်ခုတောင်းစရာရှိလို့ ငါ့အတွက် အရမ်း အရေးကြီးတယ် "

သူရက ဘီယာ တစ်ကျိူက်မော့ရင်း သူ့ဘက်
လှည့်လာတာမို့ သူ ဆက်ပြောလိုက်သည်။

"ငါ ညီ လို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်
ကိုတွေ့ထားတယ်ကွာ သူ့ အပြုံးတွေ သူ့ပါးပေါ်
က ပါးချိူင့်နဲ့ ပန်းရောင် အင်္ကျီ ကြိုက်တတ်တာ
တွေ က ညီနဲ့တကယ်တူတာ သက်သေမပြနိုင်
ပေမယ့် ညီလို့ကို ငါ့စိတ်ထဲက တပ်အပ်သိနေတာ
ပြသနာက အဲကောင်လေးနဲ့ ငါ့သတိုးသမီးလောင်းနဲ့ ရုပ်ချင်းဆင်နေတာပဲ "

"ဘယ်လို....."

သူရ ပါးစပ်ထဲက ဘီယာတွေ ထွက်မကျရုံတမယ် သီးခနဲ ဖြစ်သွားသည်။ ကံကြမ္မာကြီးရဲ့တိုက်ဆိုင်ပုံက သူရ အံ့သြမယ်ဆိုလည်း အံ့သြလောက်စရာပဲကို ။

"မသီးနဲ့ဦး အဲထက် အံ့သြစရာရှိသေးတယ်
ရွှန်းမြတ်နိုးပိုင် မှာလည်း အမြွှာမောင် တစ်
ယောက် ရှိတယ်ပြောတယ် အဲကောင်လေးက
သူ့အမြွှာများ ဖြစ်နေမလားလို့ ငါတွေးမိနေတာ "

"ဘာ.......အဲတာဆို မင်းတို့က အမျိူးတော်တော့မှာပေါ့ "

သူရ၏ မျက်လုံးအိမ်များသည် ပြူးကျယ်သွား
ကာ အလကားရတဲ့ အတွေးတွေကို ဟိုးအဆုံးထိ
အရှည်ကြီး တွေးပစ်လိုက်သည်။

"မသေချာဘူး ငါ သိချင်တာလည်း အဲတာပဲ
အန်တီရတီပြောတော့ သူ့သားငယ်က ဂျပန်မှာတဲ့ကွာ ငါနဲ့လည်း တစ်ခါမှမဆုံဖူးဘူး"

"မင်း ဇာတ်လမ်းက ရှုပ်ထွေးနေတာပဲကွာ
ဆက်စပ်ပြီးတွေးဖို့်တော့ လိုလာပြီ "

သူရက ရှားလော့ဟုမ်း စတိုင်ဖမ်းကာ ပြောလိုက်
တာမို့ ထူးထက်ခေါင်က ညစ်နေတဲ့ကြားက ရယ်
လိုက်မိသည်။

"အယ်... ခဏ ငါအကြံရပြီ ထက်ခေါင် ဂျပန်မှာ
ငါ့ အမဝမ်းကွဲ တစ်ယောက်ရှိတယ် သူ့ကို တစ်
ချက် စုံစမ်းခိုင်းကြည့်မယ် အရေးကြီးတာ သူ
ဘယ်မှာနေတာလဲဆိုတာ သိဖို့ပဲ "

သူရ၏ ခပ်ကြောင်ကြောင်အတွေးတွေသည်
ဒီတစ်ခါတော့ အသုံးတည့်သွားသည်။

ထို့နောက် ထူးထက်ခေါင်က သူ့ မန်နေဂျာဆီ
ဖုန်းဆက်လိုက်ကာ ဂျပန်မှာ နေတယ်ဆိုတဲ့
ရွှန်းမြတ်နိးပိုင်ရဲ့ ဦးလေးအကြောင်း အရင်
စုံစမ်းခိုင်းရသည်။

အန်တီရတီ ပြောပုံအရဆို သူ့သားက သူ့မောင်
အငယ်ဆုံးနဲ့ ဂျပန်မှာနေတာဟု သိထားတာ
ဖြစ်သည်။

မင်းကို ကိုယ်မတွေ့တွေ့အောင်ရှာပြမယ်..ညီ

"ဒါနဲ့ မင်းနဲ့ ရွှန်းမြတ်နိုးပိုင်ရော ဘယ်တော့
လက်ထပ်မှာလဲ "

သူရ ရဲ့ စကားအဆုံးမှာ သူ့မျက်လုံးထဲသို့
အေးတိအေးစက် ကောင်မလေးတစ်ယောက်ရဲ့
ပုံရိပ်က ဝင်လာသည်။ မေမေတို့ကလည်း သူ
အိမ်မှာရှိနေတဲ့ အချိန်တိုင်းလိုလို ရွှန်းမြတ်နိုး
ပိုင်နဲ့ မြန်မြန် လက်ထပ်စေချင်တဲ့ အကြောင်းပဲ
ပေါက်ပေါက်ဖောက်နေတာမို့ သူ နားညည်းလှပြီ

ရွတ်နောက်နောက်ပုံစံလေးဖြစ်တဲ့ အဲဒီမိန်းကလေး ဟာလည်း သူ့ရှေ့ရောက်သွားရင်ဘာကြောင့်အလိုလို အေးစက်သွား ရတာလဲဆိုတာ သူ စဉ်းစားမရ။

တစ်ခါတစ်လေ သူ့ကို လက်မထပ်ချင်လို့များ
လား ဟုပင် သံသယဝင်မိသည်။ သူ့လို အဘက်
ဘက်ကပြည်စုံတဲ့သူနဲ့ ယူဖို့ ကိစ္စမှာ တကယ်ဆို
ဒီကောင်မလေးအနေနဲ့ ဂုဏ်ယူလို့တောင်ရသည်ပဲ။

"အမှန်အတိုင်း ပြောရရင် ကောင်မလေးက
ချစ်ဖို့တော့ကောင်းပါတယ် တကယ်ဆိုအဲလို
မိန်းကလေးမျိူးနဲ့ အေးအေးဆေးဆေးလက်ထပ်
လို့ ရပါလျက် ညီ့ကို အရင်ရှာချင်နေမိတာ ငါ့
ကိုယ် ငါလည်း နားမလည်ဘူးကွာ "

"ထက်ခေါင် အဲဒါ မင်း အဲကောင်လေးကို ချစ်နေတာ "

သူရ ရဲ့ စကားတွေကို နားမလည်လောက်တဲ့
အထိ ကျွန်တော် တုံးအ မနေ။

သို့သော် ညီ့ကို ချစ်တယ် ဆိုတာ ကျွန်တော်
ကိုယ်တိုင်ပင် မသေချာပါ။ ညီ နဲ့ ပတ်သက်ပြီး
တိတ်တဆိတ် ရင်ခုန်ခဲ့မိသလား မေးလျှင်တော့
ရင်ခုန်ခဲ့မိတဲ့ အချိန်တစ်ချိူ့ ရှိခဲ့တာကိုတော့
ကျွန်တော် ဝန်ခံရပေမည်။

ရင်ခုန်ရုံနဲ့ ချစ်သည်ဟု ခေါင်းစဉ်တပ်ရလျှင်တော့
ရွှန်းမြတ်နိုးပိုင် ကိုလည်း ချစ်သည်ဟု ပြော၍ရ
သည်ပဲ ။ ထိုမိန်းကလေးနဲ့တွေ့သောအခါတွင်
လည်း ဝုန်းဒိုင်းကြဲမဟုတ်သော်ငြား မသိမသာ
လေးတော့ ကျွန်တော် ရင်ခုန်ခဲ့ဖူးတာပဲ။

တစ်ဆက်တည်းမှာပဲ ရွှန်းမြတ်နိုးပိုင်ဆိုသော
မိန်းကလေးက ကျွန်တော့်အာရုံတွေကို သိမ်းပိုက်
လိုက်ပြန်သည်။ ကျွန်တော်နဲ့ တွေ့လျှင် မထုံတတ်
တေးနဲ့ အေးစက်စက်ရှိလှသော ထိုမိန်းကလေး
ကို ကျွန်တော် တွေ့ချင်လာပြန်သည်။

"သူရ ငါ ပြန်တော့မယ် ငါ အခုတစ်နေရာ
သွားမှဖြစ်မယ် ဒီည ငါတိုက်မယ်နော် "

ထူးထက်ခေါင်က ဝိတ်တာကို ခေါ်ပြီး ခပ်သွက်
သွက် ဘေလ်ရှင်းလိုက်သည်။

"ဟာ...အခုမှ ထိုင်ကောင်းနေတာကို ဘာတွေ
လောနေတာလဲ မင်းက "

"ရွှန်းမြတ်နိုးပိုင် ဆီသွားမလို့ "

ထူးထက်ခေါင်က ဝိတ်တာလေး ပြန်အမ်းလိုက်တဲ့
ငွေကို ပိုက်ဆံအိတ်ထဲထည့်ကာ ကားသော့ယူပြီး
သူရကို လှည့်မကြည့်ပဲ ပြောလျက် ဘားထဲက
ခပ်မြန်မြန် ထွက်ခဲ့လိုက်သည်။

သူရ တစ်ယောက်ကတော့ ခေါင်းတစ်ခါခါနဲ့
ကျန်ခဲ့လျက် .........

မိနစ် နှစ်ဆယ်ခန့်ကြာသောအခါ ထူးထက်ခေါင်
ရဲ့ Mark X ကားလေးသည် ရွှန်းမြတ်နိုးပိုင်၏
အိမ်ရှေ့မှာ ထိုးရပ်သွားသည်။

ထူးထက်ခေါင်က ကားပေါ်က မဆင်းသေးပဲ
အဝါရောင် မီးလုံးလေးများ မှိန်ဖျော့ဖျော့လင်း
နေတဲ့ အခန်းပြတင်းပေါက်လေးကို မော့ကြည့်
လိုက်သည်။

သေချာတယ် ငါ..... Gay မဟုတ်ဘူး
မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေတာပဲ

ဝိုင်အရှိန်ကြောင့် ရီဝေဝေ ဖြစ်နေတဲ့ကြားကပင် ထူးထက်ခေါင်၏ နှုတ်ခမ်းလေးက မသိမသာတွန့်ကွေးသွားသည်။

သူ့ မသိစိတ်ထဲတွင် ယောကျ်ားချင်း ပြန်ကြိုက်
မိနေမှာကို သူကိုယ်တိုင် စိုးရိမ်နေခြင်း။

ကားပေါ်တွင် တိတ်တဆိတ်ထိုင်လျက် ရွှန်း
မြတ်နိုးပိုင်ရဲ့အခန်းကို ငေးကြည့်နေတုန်းမှာပင်
အခန်းမီးက ဖြတ်ခနဲပွင့်လာသည်။

ထို့နောက် လှစ်ခနဲ မြင်လိုက်ရသော ပန်းရောင်
ဖြာနေတဲ့ ဝါးတားတား ပုံရိပ်လေး တစ်ခု။

" ညီ နဲ့ တူလိုက်တာ "

နေပါဦး.. ငါရောက်နေတာ ရွှန်းမြတ်နိုးပိုင်တို့
အိမ်ရှေ့မှာပါ။ ဘယ်နှယ့်ကြောင့် ညီလို့ ထင်နေ
ရတာလဲ အာ့လောက်ကြီးလည်း ငါမမူးသေးပါဘူး

သူ မျက်စိကို ခပ်ကြမ်းကြမ်း ပွတ်လိုက်လျက်
အခန်းထဲပြတင်းပေါက်ကို ဖြတ်ပြီး ဟိုဟိုဒီဒီ  လျှောက်နေသော ပုံရိပ်ကလေးကို တစ်ခါပြန်
ကြည့်လိုက်သည်။

ညဝတ်ဖြစ်ဟန်တူသော ပန်းရောင် စွပ်ကျယ်
ပွပွကိုဝတ်ထားပြီး အိပ်ချင်မူးတူးဖြင့် ဖုန်းကို
ကိုင်ကာ စူးစိုက်ကြည့်နေသော ပြတင်းပေါက်
နားက ပုံရိပ်လေးသည် သူ့ အား မျက်တောင်
မခတ်မိအောင်ပင် ဆွဲဆောင် ဖြားယောင်းလို့
နေသည်။

ငါ ဘာလို့ ညီလို့ ထင်နေရတာလဲ .....
မိန်းကလေးလည်း ပန်းရောင်ဝတ်နိုင်တာပဲလေ
ဒါနဲ့နေပါဦး .ဆံပင်တွေက ဝဲဝဲတိုတိုလေးတွေ
ဟိုတလောက သူနဲ့ ဘုရားသွားတုန်းက ဖြောင့်
ဖြောင့်စင်းစင်းနဲ့ အနက်ရောင်ဆံနွယ်ရှည်တွေပါ

ရွှန်းမြတ်နိုးပိုင် ဆံပင်တွေများ ညှပ်လိုက်တာလား
ဟာ.....မိန်းကလေးဆို ဆံပင်ရှည်လေးမှ လိုက်
တာကို....

သူ တစ်ယောက်တည်း တောင်တောင်အီအီ
လျှောက်တွေးနေရင်း အခန်းပြတင်းပေါက်ကို
ပြန်ငေးလိုက်သည်။ ဒီကြားထဲ ကားမှန်ဖွင့်ထား
တာကြောင့် ဝှေ့တိုက်လာတဲ့လေက ရီဝေဝေ
ခံစားချက်ကို ပိုပြီး အရှိန်တတ်အောင် ဆွဆွ
နေသည်။

ပြတင်းပေါက်ကို အကြည့်ရောက်သွားတော့
ပုံရိပ်ကလေးသည် ပျောက်ချင်းမလှပျောက်သွား
ပြီ ဖြစ်သည်။ အခန်းမီးသည် ပြန်ပိတ်သွားကာ
နဂိုရှိနေသော အဝါရောင် အလင်းဖျော့ဖျော့သာ
ကျန်ခဲ့သည်။

" Goodnight မြတ်နိုး ကောင်းကောင်းအိပ်ပါ "

ထူးထက်ခေါင် ကြံရာမရတဲ့ အဆုံး ဖုန်းကိုထုတ်
လိုက်ပြီး message တစ်စောင် ပို့လိုက်သည်။

ဟာ..... ၁၂ တောင် ထိုးတော့မယ်
ငါ မပို့လိုက်သင့်ဘူး အရမ်းနောက်ကျနေပြီ

နာရီကို ကြည့်မိတော့ လက်တံသည် သန်း
ခေါင်ယံနဲ့ အရမ်းနီးကပ်နေပြီမို့ ထူးထက်ခေါင်
စိတ်ပျက်လက်ပျက် ညည်းတွားလိုက်ပြန်သည်

ငါ့ကို အထင်သေးသွားရင် ဒုက္ခပါပဲ
နှာဘူးလို့ ထင်သွားရင် သွားပြီ......
မိန်းကလေးတစ်ယောက်ကို ညကြီးမင်းကြီး
Message မပို့လိုက်သင့်ဘူး ငါ့မပို့လည်း
သူ့ဘာသာ ကောင်းကောင်းအိပ်မှာပဲကိုကွာ

" Goodnight "

အတွေးတွေနဲ့ ရူးခါနီးဆဲဆဲ ဖြစ်နေစဉ်တွင်
Goodnight ဟု စိတ်ထဲက ပါသည်ဖြစ်စေ
မပါသည်ဖြစ်စေ ပြန်လာသော တန်ပြန့်
message လေးကြောင့် သူ အနဲငယ် စိတ်
သက်သာရာရသွားသည်။

ဘာပဲ ဖြစ်ဖြစ် တော်ပါသေးရဲ့လေ.......

***********************************************

" Goodnight မြတ်နိုး ကောင်းကောင်းအိပ်ပါ "

ရုတ်ချည်းဆိုသလို ဝင်လာတဲ့ Message
တစ်စောင်ကြောင့် အိပ်ချင်မူးတူးဖြစ်နေသော
မျက်လုံးတွေပင် ပြူးကျယ်သွားရသည်။

ဗုဒ္ဓေါ တစ်ခါမှ မပို့စဖူး......
Goodnight မြတ်နိုး .... ဆိုပါလား

ရှင်းမြတ်နိုးပိုင် ရုတ်တရက် လန့်ဖြန့်သွားကာ
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ။ ငါ မအိပ်သေး
တာကို သိနေတာ အကြားအမြင်များရနေလား
မသိဖူး ?

"တီ.... တီ..... တီ "

ဖုန်း စကရင်ကို ကြောင်တောင်တောင် ကြည့်နေ
တုန်းမှာပဲ ချမ်းမြေ့၏ ၇၆ ကြိမ်မြောက် ဖုန်း
ကောလ် က အမြင်ကပ် စဖွယ်ကောင်းအောင်
ဝင်လာပြန်သည်။

တောင်ကြီးက ပြန်လာတဲ့နေ့ကတည်းက
ရှင်းလေးက စိတ်ဆိုးဆိုးနဲ့ ချမ်းမြေ့ကို
အတွေ့လည်းမခံ စကားလည်း မပြော
တော့တာ ဒီနေ့က သုံးရက်မြောက်နေ့ပင်
ဖြစ်သည်။

အဲတာကိုပင် သည်းသည်းလှုပ်ဖြစ်နေသော
ချမ်းမြေ့က ညဦးပိုင်းကတည်းက မရပ်မနား
တောက်လျှောက် ခေါ်နေတာမို့ ရှင်းလေးက
ချမ်းမြေ့၏ ဖုန်းနံပါတ် အားလုံးကို စိတ်ပေါက်
ပေါက်နဲ့ အကုန် Block ထားလိုက်တာပင် ။

"တော်တော် အားယားနေလား မသိဘူး"

ပါးစပ်ကလည်း ပွတ်တွတ် ပွတ်တွတ် ရွတ်ရင်း
လက်ညိုးလေးနဲ့ အနီရောင်အဝိုင်းလေးကို
ဟန်ပါပါနဲ့ ပေါ်တွန်းတင်ကာ ထိုဖုန်းကောလ်ကိုပါ ချပစ်လိုက်သည်။

မပြောမဆိုနဲ့ ငါ့ နှုတ်ခမ်းကို အတင်း အဓမ္မ
နမ်းသွားတဲ့ကောင် ။

မှတ်လောက်သားလောက်အောင်ကို
ပစ်ထားရမယ် ။

ရှင်းလေးက တန်ဆောင်တိုင်ပွဲတော်ညကအဖြစ်
အပျက်ကို ပြန်သတိရလာကာ နှုတ်ခမ်းတွေကို
လက်နဲ့ ခပ်ကြမ်းကြမ်း ဆွဲပွတ်ပစ်လိုက်သည်။

ထို့နောက် နောက်ဆုံး တစ်လုံးတည်းသာကျန်
သော ချမ်းမြေ့၏ အိမ်ဖုန်းကိုပါ Block လုပ်
ပစ်လိုက်သည်။

အဲဒီနောက်တော့ " Bro " ဟု သီးသန့်
မှတ်ထားခဲ့သော Contact ထဲဝင်လျက်
" Goodnight " ဟု ပြန်ပို့လိုက်ကာ မီးပိတ်
လိုက်လျက် စောင်ခေါင်းမြီးခြုံကာ နှစ်နှစ်
ခြိုက်ခြိုက် အိပ်ပစ်လိုက်တော့သည်။
.
.
.

အိမ်မက်ထဲမှာ ကောင်းကင်ကြီးက တိမ်မှုန်
တိမ်မြွှားကင်းစင်နေပြီး ကြည်လင်တောက်ပ
နေသည် ။ Bro က ကျွန်တော့်လက်ကိုဆွဲ
ထားပြီး ကျွန်တော်တို့ နှစ်ယောက်အတူ
နေရောင်ကို မျက်နှာမူထားကြသည်။

Bro က ကျွန်တော့် ဘက်ကို အမြတ်တနိုး
လှည့်ကြည့်လာပြီးတော့...

" ညီ ကို ချစ်တယ် " လို့ တိုးဖွဖွပြောလာ၏။

Broရဲ့ နူးညံသာယာတဲ့ အသံချိုချိူအောက်မှာ
ကျွန်တော် ခဏ ယစ်မူးသွားသည်။ ပြီးတော့
အချစ်ရိပ်တွေ ရွန်းစိုနေတဲ့ မျက်ဝန်းနဲ့အတူ
Bro ကို ပြန်ငေးကြည့်လိုက်ရင်း အပြုံးတွေဝေနေတဲ့နှုတ်ခမ်းတွေကနေ

" ကျွန်တော်လည်း Bro ကို ချစ်နေတာကြာပြီ "

ဟု ပါးစပ်လှုပ်ရုံလေး တိုးဖွဖွ ညည်းလိုက်သည်။

" အား........ "

ထိုစကားလေး မဆုံးခင်မှာပဲ ရင်ဘတ်အတွင်း
ပိုင်းက စူးခနဲ့ ခံစားလိုက်ရပြီး နာကျင်မှုနဲ့အတူ
ကျွန်တော် ဒူးညွှတ်ပြီးခွေလဲသွားသည်။ ပြီးတော့
ကျွန်တော့် ရင်ဘတ်ဆီကနေ အနီရင့်ရောင်သွေး
တွေက တစိမ့်စိမ့် ယိုစီးလာသည်။

ကျွန်တော် သေနတ်နဲ့ အပစ်ခံလိုက်ရတာပဲ

နာကျင်အောင့်မျက်ခြင်းနဲ့အတူ ကျည်ဆံလာ
ရာကို လှည့်ကြည့်လိုက်တော့ သေနတ်တစ်လက်
ကိုင်လျက် ကျွန်တော်တို့ နှစ်ယောက် ကျေကျေ
နပ်နပ်နဲ့ ပြုံးပြုံးကြီး ရပ်ကြည့်နေသော ချမ်းမြေ့။

" ဒိုင်း.... "

ကျွန်တော် ချမ်းမြေ့ကို နာနာကြည်းကြည်း
ကြည့်နေဆဲမှာပဲ နောက်ထပ် သေနတ်သံ
တစ်ချက်နဲ့အတူ ကျွန်တော့်ကို တွဲထားသော
Bro ပါလဲကျသွားတော့သည်။

"ဟား ဟား ရှင်းလေး မင်းအချစ်ကို ငါကလွဲပြီး
ဘယ်သူမှ မရစေရဘူး"

ရင်ခေါင်းသံကြီးနဲ့ တစ်လောကလုံးကို ဂရုမစိုက်
သလို တဟားဟား အော်ရယ်နေတဲ့ ချမ်းမြေ့ကို
ကျွန်တော် တော်တော်လေးကို မုန်းမိသွားသည်။

" ငါ မင်းကို မုန်းတယ် ချမ်းမြေ့ "

ရှင်းလေး ကြောက်လန့်တကြားနဲ့ အော်ဟစ်
လိုက်စဉ်မှာပဲ ဖြတ်ခနဲ့ လန်နိုးလာခဲ့သည်။

ဟူး.... ငါ အိမ်မက်မက်နေတာပဲ တော်ပါသေးရဲ့။

အလင်းရောင်က မျက်နှာကို ရိုတ်ခတ်လာမှ မိုးလင်းမှန်း သိရသည်။ ထို့နောက် ရှင်းလေးက ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်သည်။

ချမ်းမြေ့ အိမ်မက်ထဲမှာတောင် ဒုက္ခပေးတဲ့ကောင် ။

"ရှင်းလေး.... ရှင်းလေး...ထစမ်း ချမ်းမြေ့
ရောက်နေတယ် သားတို့ ရန်ဖြစ်ထားကျတာလား သားက ချမ်းမြေ့ကို အတွေ့မခံဘူးဆို အဲလိုမဆိုးနဲ့လေ ဒီသူငယ်ချင်းတွေပဲ ရှိတာကို
အခု တံခါးဖွင့်စမ်း ရှင်းလေး "

တီလေးက သူ့အခန်းတံခါးကို တဒုန်းဒုန်းနဲ့
ထုပြီးအော်နေတာမို့ ရှင်းလေး မနက်စောစော
မှာပင် စိတ်တွေနောက်ကျိသွားရသည်။

နာရီကို ကြည့်တော့ မနက် ၇ နာရီ

WTF...စောစောစီးစီး အိမ်လာပြီး ဒုက္ခပေးတဲ့
လဒကောင်... မနေ့ညကလည်း အိမ်မက်ထဲ
မှာ သေနတ်နဲ့ ပစ်သွားသေးတယ် ။

တီလေးက ချမ်းမြေ့ကိုဆို အမြဲအချစ်ပိုတာမို့
ချမ်းမြေ့က သူ စိတ်ဆိုးနေချိန်တိုင်း အမြဲ
တီလေးကို တပ်ကူတောင်းပြီး သူ့ကို
ချော့ခိုင်းနေကြ ။

"ရှင်းလေး... မဖွင့်ပေးရင် တီလေး တံခါးဖွင့်
ဝင်လာမှာနော် တီလေးမှာ သော့ပို ရှိတယ် "

ဟာ....တီလေးကတော့ လုပ်ပြီ ဟို သကောင့်သားက သူ့ တူတော်မောင်ကို ဘယ်လိုဒုက္ခပေးသွားလဲဖြင့် မသိပဲနဲ့

ရှင်းလေးက ကုတင်ပေါ်က ဆူဆူအောင့်အောင့်
ပြေးဆင်းလာရင်း တံခါးကို ဝုန်းခနဲဖွင့်လိုက်သည်။

"တီလေး အဲဒီ သော့ပိုရှိတယ် ဆိုပြီး ခြိမ်းခြောက်
တာတွေ တော်ပါတော့ တီလေး ဖွင့်ချင်တိုင်း
ဖွင့်ဝင်လို့ရအောင် ကျွန်တော် ကလေးမဟုတ်
တော့ဘူး ကျွန်တော့် အခန်းက လူပျိူခန်းဗျ "

ရှင်းလေးက ဆောင့်အောင့်ပြီး ပြောချင်ရာပြောပြီးမှ တီလေးနောက်က တံခါးအကွယ်ကနေ ခွီးခနဲရယ်သံထွက်လာတာမို့ တံခါးနောက်ကို ကျော်ပြီးကြည့်လိုက်တယ် ။

တီလေးနောက် တံခါးအကွယ်လေးမှာ ရပ်နေသူက ချမ်းမြေ့ ။

ချမ်းမြေ့ကလည်း ရှင်းလေးက ကိုယ့်ကိုဝါးစား
တော့မတတ်ကြည့်နေတာကြောင့် စပ်ဖြီးဖြီးနဲ့
ရယ်ချင်နေရာမှ မျက်နှာပိုးသတ်လိုက်သည်

ထို့နောက် မျက်နှာက ပုံမှန်အတိုင်း ဇီးရွက်
လေးလို ပြန်ငယ်သွားသည်။

ရှင်းလေးက သူ့ကို ကြိတ်ရယ်နေပြီးမှ မျက်နှာ
ပိုးပြန်သတ်သွားတဲ့ ချမ်းမြေ့ကို ပိုလို့ပင်
စိတ်ဆိုးသွားကာ တီလေးကို ကြည့်ပြီး

"တီလေး ကျွန်တော် အဲကောင် မျက်နှာမကြည့်
ချင်ဘူး ပြီးတော့ ဒီနေ့ ကျွန်တော် မအားဘူး
ထူးထက်ခေါင် နဲ့တွေ့ဖို့ ချိန်းထားတယ် အဲတာ
ခဏနေ တီလေး မိတ်ကပ်လိမ်းပေးရမှာ အခု
ကျွန်တော်ပြန်အိပ်တော့မယ် အိပ်ရေးမဝသေးဘူး"

ရှင်းလေးက ဘောက်ဆတ်ဆတ်ပြောကာ တံခါး
ကို ဂျိမ်းခနဲ ပြန်ပိတ်လိုက်သည်။ တံခါး မစေ့ခင်
အလိုလေးမှာ ချမ်းမြေ့ မျက်နှာ ပျက်ယွင်းသွား
တာကို မြင်လိုက်ရတာကြောင့် ပိုပြီးကျေနပ်သွား
ရသည်။

အဲလို ချေလိုက်မှ မှတ်မှာ.....

ရှင်းလေး က စောင်ခြုံထဲ ပြန်ကွေးလိုက်ရင်း
ထူးထက်ခေါင် ကို သတိရသွားသည်။

Bro နဲ့ တကယ်တွေ့ရရင် ကောင်းမှာပဲ

ရှင်းလေးက သက်ပြင်းမှုတ်ထုတ်လိုက်ရင်း
မနေ့ညက Bro ပို့ထားခဲ့တဲ့ Message လေးကို
ပြန်ဖတ်လိုက်သည်။

"ကျွန်တော် ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းနိုးနေပြီ Bro ဒီနေ့ကျွန်တော် အရမ်းလွမ်းတာပဲဗျာ "

Bro ပို့ထားတဲ့ စာကြောင်းတိုလေးကို ကြည့်ရင်း
သူ Bro ကို လွမ်းလာမိသည်။ Bro ဘက်ကတော့
သူ့ကို သတိရလို့ Message ပို့လာသည့်တိုင်
အောင် ရှင်းမြတ်နိုးပိုင် အဖြစ်နဲ့ ပို့တာမဟုတ်
သူ့အမ ရွှန်းမြတ်နိုးပိုင်ဆီကို ပို့တာပဲ ဖြစ်သည်

ထို အခြေအနေအတွက် အနဲငယ် ခံစားရသော်
လည်း ရွှန်းရွှန်း ပြန်မလာခင်အထိ Bro အနား
မှာ နေနိုင်သလောက် နေမည်ဟု သူဆုံးဖြတ်
ထားခဲ့သည်။

လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အခုထိ Bro ကို
စိတ်မနာနိုင်သေးတဲ့ အတွက်လည်း သူ့ကိုယ်သူ
အံ့သြမဆုံး ဖြစ်ရသည်။ ဓာတ်ပုံလေးတစ်ပုံက
နေ ဖြစ်တည်ခဲ့သည့် အချစ်တွေဟာ ဒီလောက်
တောင်ပဲ မြဲမြံရသလား သူ တကယ်မသိပါ။

"မြတ်နိုး အားရင် ကိုယ်တို့် ဆုံကြမလား
ဒီနေ့က ကိုယ့်ရဲ့ 26 နှစ်ပြည့် Birthday လေ"

တောင်ခနဲမြည်လာတဲ့ Message Tone ကြောင့် ရှင်းလေး ပျော်သွားသည်။ Bro ဟာ တကယ်ကို အကြားအမြင် ရနေသလားကို မသိပါ ။

" အင်း.. ကျွန်တော် အားတယ်...... "

စာတွေကို အလောတကြီး ရိုက်ချလိုက်ပြီးမှ
ခပ်မြန်မြန် ပြန်ဖျက်လိုက်ရသည်။

တော်ပါသေးရဲ့ ... အချိန်မှီလေး

မင်းက ရွှန်းရွှန်းလေ ရှင်းလေးမှမဟုတ်တာ
Bro တွေ့ဖို့ ချိန်းတာ မင်းကိုမှ မဟုတ်တာ

ထိုအတွေးကပင် သူ့ကို ညည်းပန်းနှိပ်စက်လွန်း
သည်။

" ဟုတ်ကဲ့ အားပါတယ် "

Sent >>>>>>>

ထို Message လေး Sent ဖြစ်သွားမှ ရှင်းလေး ယေးခနဲ ထအော်လိုက်သည်။

ထို့နောက် အိပ်ယာပေါ်က ဝုန်းခနဲထကာ ရှင်းလေး ရေချိူးဖို့ ပြင်လိုက်သည်။

မနက်ခင်းသည် Bro ၏ အငွေ့အသက်ကြောင့်လားမသိ ယခင်နေ့များထက်ပင် ပို၍ လှပကာ
အသက်ဝင်နေတော့သည်။

×××××××××××××××××××××××××××××××××××××××

Zawgyi

" သူရ...."

ထူးထက္ေခါင္ က ျပင္းရွရွ ဝိုင္တစ္ခြက္ကို
ေမာ့လိုက္ကာ ခြက္ကို ဘားေကာင္တာေပၚ
အသာအယာ ျပန္ခ်လိဳက္သည္။

"ဘာေတြညစ္ေနတာလဲ ထက္ေခါင္
မင္းလို အရာရာျပည့္စုံေနတဲ့သူ ဆီမွာ
ဘယ္လိုစိတ္ညစ္စရာေတြရွိလို႔လဲ "

" ငါ ခုတစ္ေလာ ညီ့အေၾကာင္းပဲ ေတြးျဖစ္
ေနတယ္ကြာ ငါ လက္မထပ္ခင္ ညီ နဲ႕ ခဏ
ေလာက္ျဖစ္ျဖစ္ ဆုံခ်င္ေသးတယ္ ငါ့မွာ
ညီ့ကို ေျပာစရာေတြ အမ်ားႀကီးရွိေသးတယ္ "

ထူးထက္ေခါင္ က ေခါင္းငိုက္စိုက္လာေသာအခါ
သူရက ခပ္မဲ့မဲ့ ၿပဳံးလ်က္ ေခါင္းတစ္ခ်က္ ခါ
လိုက္ၿပီး ထူးထက္ေခါင္ ရဲ႕ ပုခုံးကို ဖ်စ္ညွစ္
လိုက္သည္။

" အဲတုန္းကတည္းက မင္းကိုငါ မေျပာခဲ့ဖူး
လား ထက္ေခါင္ မင္းကိုယ္မင္း ေသခ်ာျပန္
စဥ္းစားဖို႔ အဲအခ်ိန္တုန္းကေတာ့ အဲေကာင္ေလး
ကို ရစရာမရွိေအာင္ ေျပာလိုက္တာ မင္းပဲေလ
သူ႕ကို အရမ္းမုန္းခဲ့တာလဲ မင္းပဲ "

"မဟုတ္ဖူး သူရ ငါ ညီ့ကို ဘယ္တုန္းကမွ
မမုန္းခဲ့ဖူး ေယာက်္ားခ်င္းျပန္ႀကိဳက္တဲ့
ေကာင္ေတြကို ငါ အရမ္း႐ြံတယ္ အရမ္းလည္း
မုန္းတယ္အဲတာကို ဝန္ခံတယ္ ဒါေပမဲ့ ငါမုန္းတဲ့
ထဲမွာ ညီေတာ့မပါဖူး သူရ ညီငါ့ကို ဖြင့္ေျပာတဲ့
အခ်ိန္တုန္းကလည္း ႐ုတ္တရက္ေသြးပူသြားလို႔ "

"အခုမွ ေနာင္တရေနလဲ အပိုပဲ ထက္ေခါင္
ၿပီးခဲ့တာေတြလည္း ၿပီးခဲ့ၿပီ အဲေကာင္ေလးကို
မင္းကိုယ္တိုင္ပဲ အေဝးကို ကန္ထုတ္ခဲ့တာ
အခုဆို မင္းကိုဟိုကလည္း ေမ့ေနေလာက္ၿပီ
ညီေလး ဘီယာ တစ္ဂ်ားေလာက္ "

သူရက သူ႕ကို ေျပာေနရင္း ေရွ႕တည့္တည့္မွာ
ရပ္ေနတဲ့ စားပြဲထိုးကို ဘီယာလွမ္းမွာသည္။

ညီလည္း သူ႕ကို ေမ့ေနမွာပါတဲ့.... ။
သူရက မစဥ္းစားပဲ လႊတ္ခနဲ ေျပာလိုက္တာ
မွန္ေပမယ့္ ထူးထက္ေခါင္ ရင္ဘတ္တစ္ခုလုံး
နာက်င္ေအာင့္မ်က္သြားသည္။

မျဖစ္နိုင္ပါဖူး......သူသတိရေန ခဲ့သလို
ညီ လည္း သူ႕ကို သတိရေန ေလာက္မွာပါ

"သူရ ဒီေန႕ မင္းကို ေခၚလိုက္တာ အကူအညီ
တစ္ခုေတာင္းစရာရွိလို႔ ငါ့အတြက္ အရမ္း
အေရးႀကီးတယ္ "

သူရက ဘီယာ တစ္က်ိဴက္ေမာ့ရင္း သူ႕ဘက္
လွည့္လာတာမို႔ သူ ဆက္ေျပာလိုက္သည္။

"ငါ ညီ လို႔ ထင္ရတဲ့ ေကာင္ေလးတစ္ေယာက္
ကိုေတြ႕ထားတယ္ကြာ သူ႕ အၿပဳံးေတြ သူ႕ပါးေပၚ
က ပါးခ်ိဴင့္နဲ႕ ပန္းေရာင္ အကၤ်ီ ႀကိဳက္တတ္တာ
ေတြ က ညီနဲ႕တကယ္တူတာ သက္ေသမျပနိုင္
ေပမယ့္ ညီလို႔ကို ငါ့စိတ္ထဲက တပ္အပ္သိေနတာ
ျပသနာက အဲေကာင္ေလးနဲ႕ ငါ့သတိုးသမီးေလာင္းနဲ႕ ႐ုပ္ခ်င္းဆင္ေနတာပဲ "

" ဘယ္လို....."

သူရ ပါးစပ္ထဲက ဘီယာေတြ ထြက္မက်႐ုံ
တမယ္ သီးခနဲ ျဖစ္သြားသည္။ ကံၾကမၼာႀကီး
ရဲ႕တိုက္ဆိုင္ပုံက သူရ အံ့ၾသမယ္ဆိုလည္း
အံ့ၾသေလာက္စရာပဲကို ။

"မသီးနဲ႕ဦး အဲထက္ အံ့ၾသစရာရွိေသးတယ္
႐ႊန္းျမတ္နိုးပိုင္ မွာလည္း အႁမႊာေမာင္ တစ္
ေယာက္ ရွိတယ္ေျပာတယ္ အဲေကာင္ေလးက
သူ႕အႁမႊာမ်ား ျဖစ္ေနမလားလို႔ ငါေတြးမိေနတာ "

"ဘာ.......အဲတာဆို မင္းတို႔က အမ်ိဴးေတာ္
ေတာ့မွာေပါ့ "

သူရ၏ မ်က္လုံးအိမ္မ်ားသည္ ျပဴးက်ယ္သြား
ကာ အလကားရတဲ့ အေတြးေတြကို ဟိုးအဆုံးထိ
အရွည္ႀကီး ေတြးပစ္လိုက္သည္။

"မေသခ်ာဖူး ငါ သိခ်င္တာလည္း အဲတာပဲ
အန္တီရတီေျပာေတာ့ သူ႕သားငယ္က
ဂ်ပန္မွာတဲ့ကြာ ငါနဲ႕လည္း တစ္ခါမွမဆုံဖူးဖူး"

"မင္း ဇာတ္လမ္းက ရႈပ္ေထြးေနတာပဲကြာ
ဆက္စပ္ၿပီးေတြးဖို႔္ေတာ့ လိုလာၿပီ "

သူရက ရွားေလာ့ဟုမ္း စတိုင္ဖမ္းကာ ေျပာလိုက္
တာမို႔ ထူးထက္ေခါင္က ညစ္ေနတဲ့ၾကားက ရယ္
လိုက္မိသည္။

"အယ္... ခဏ ငါအႀကံရၿပီ ထက္ေခါင္ ဂ်ပန္မွာ
ငါ့ အမဝမ္းကြဲ တစ္ေယာက္ရွိတယ္ သူ႕ကို တစ္
ခ်က္ စုံစမ္းခိုင္းၾကည့္မယ္ အေရးႀကီးတာ သူ
ဘယ္မွာေနတာလဲဆိုတာ သိဖို႔ပဲ "

သူရ၏ ခပ္ေၾကာင္ေၾကာင္အေတြးေတြသည္
ဒီတစ္ခါေတာ့ အသုံးတည့္သြားသည္။

ထို႔ေနာက္ ထူးထက္ေခါင္က သူ႕ မန္ေနဂ်ာဆီ
ဖုန္းဆက္လိုက္ကာ ဂ်ပန္မွာ ေနတယ္ဆိုတဲ့
႐ႊန္းျမတ္နိးပိုင္ရဲ႕ ဦးေလးအေၾကာင္း အရင္
စုံစမ္းခိုင္းရသည္။

အန္တီရတီ ေျပာပုံအရဆို သူ႕သားက သူ႕ေမာင္
အငယ္ဆုံးနဲ႕ ဂ်ပန္မွာေနတာဟု သိထားတာ
ျဖစ္သည္။

မင္းကို ကိုယ္မေတြ႕ေတြ႕ေအာင္ရွာျပမယ္..ညီ

" ဒါနဲ႕ မင္းနဲ႕ ႐ႊန္းျမတ္နိုးပိုင္ေရာ ဘယ္ေတာ့
လက္ထပ္မွာလဲ "

သူရ ရဲ႕ စကားအဆုံးမွာ သူ႕မ်က္လုံးထဲသို႔
ေအးတိေအးစက္ ေကာင္မေလးတစ္ေယာက္ရဲ႕
ပုံရိပ္က ဝင္လာသည္။ ေမေမတို႔ကလည္း သူ
အိမ္မွာရွိေနတဲ့ အခ်ိန္တိုင္းလိုလို ႐ႊန္းျမတ္နိုး
ပိုင္နဲ႕ ျမန္ျမန္ လက္ထပ္ေစခ်င္တဲ့ အေၾကာင္းပဲ
ေပါက္ေပါက္ေဖာက္ေနတာမို႔ သူ နားညည္းလွၿပီ

႐ြတ္ေနာက္ေနာက္ပုံစံေလးျဖစ္တဲ့ အဲဒီ
မိန္းကေလး ဟာလည္း သူ႕ေရွ႕ေရာက္သြားရင္
ဘာေၾကာင့္အလိုလို ေအးစက္သြား ရတာလဲ
ဆိုတာ သူ စဥ္းစားမရ။

တစ္ခါတစ္ေလ သူ႕ကို လက္မထပ္ခ်င္လို႔မ်ား
လား ဟုပင္ သံသယဝင္မိသည္။ သူ႕လို အဘက္
ဘက္ကျပည္စုံတဲ့သူနဲ႕ ယူဖို႔ ကိစၥမွာ တကယ္ဆို
ဒီ ေကာင္မေလး အေနနဲ႕ ဂုဏ္ယူလို႔ေတာင္
ရသည္ပဲ ။

"အမွန္အတိုင္း ေျပာရရင္ ေကာင္မေလးက
ခ်စ္ဖို႔ေတာ့ေကာင္းပါတယ္ တကယ္ဆိုအဲလို
မိန္းကေလးမ်ိဴးနဲ႕ ေအးေအးေဆးေဆးလက္ထပ္
လို႔ ရပါလ်က္ ညီ့ကို အရင္ရွာခ်င္ေနမိတာ ငါ့
ကိုယ္ ငါလည္း နားမလည္ဖူးကြာ "

"ထက္ေခါင္ အဲဒါ မင္း အဲေကာင္ေလးကို
ခ်စ္ေနတာ "

သူရ ရဲ႕ စကားေတြကို နားမလည္ေလာက္တဲ့
အထိ ကြၽန္ေတာ္ တုံးအ မေန။

သို႔ေသာ္ ညီ့ကို ခ်စ္တယ္ ဆိုတာ ကြၽန္ေတာ္
ကိုယ္တိုင္ပင္ မေသခ်ာပါ။ ညီ နဲ႕ ပတ္သက္ၿပီး
တိတ္တဆိတ္ ရင္ခုန္ခဲ့မိသလား ေမးလွ်င္ေတာ့
ရင္ခုန္ခဲ့မိတဲ့ အခ်ိန္တစ္ခ်ိဴ႕ ရွိခဲ့တာကိုေတာ့
ကြၽန္ေတာ္ ဝန္ခံရေပမည္။

ရင္ခုန္႐ုံနဲ႕ ခ်စ္သည္ဟု ေခါင္းစဥ္တပ္ရလွ်င္ေတာ့
႐ႊန္းျမတ္နိုးပိုင္ ကိုလည္း ခ်စ္သည္ဟု ေျပာ၍ရ
သည္ပဲ ။ ထို မိန္းကေလးနဲ႕ေတြ႕ေသာအခါတြင္
လည္း ဝုန္းဒိုင္းႀကဲမဟုတ္ေသာ္ျငား မသိမသာ
ေလးေတာ့ ကြၽန္ေတာ္ ရင္ခုန္ခဲ့ဖူးတာပဲ။

တစ္ဆက္တည္းမွာပဲ ႐ႊန္းျမတ္နိုးပိုင္ဆိုေသာ
မိန္းကေလးက ကြၽန္ေတာ့္အာ႐ုံေတြကို သိမ္းပိုက္
လိုက္ျပန္သည္။ ကြၽန္ေတာ္နဲ႕ ေတြ႕လွ်င္ မထုံတတ္
ေတး နဲ႕ ေအးစက္စက္ရွိလွေသာ ထိုမိန္းကေလး
ကို ကြၽန္ေတာ္ ေတြ႕ခ်င္လာျပန္သည္။

" သူရ ငါ ျပန္ေတာ့မယ္ ငါ အခုတစ္ေနရာ
သြားမွျဖစ္မယ္ ဒီည ငါတိုက္မယ္ေနာ္ "

ထူးထက္ေခါင္က ဝိတ္တာကို ေခၚၿပီး ခပ္သြက္
သြက္ ေဘလ္ရွင္းလိုက္သည္။

"ဟာ...အခုမွ ထိုင္ေကာင္းေနတာကို ဘာေတြ
ေလာေနတာလဲ မင္းက "

" ႐ႊန္းျမတ္နိုးပိုင္ ဆီသြားမလို႔ "

ထူးထက္ေခါင္က ဝိတ္တာေလး ျပန္အမ္းလိုက္တဲ့
ေငြကို ပိုက္ဆံအိတ္ထဲထည့္ကာ ကားေသာ့ယူၿပီး
သူရကို လွည့္မၾကည့္ပဲ ေျပာလ်က္ ဘားထဲက
ခပ္ျမန္ျမန္ ထြက္ခဲ့လိုက္သည္။

သူရ တစ္ေယာက္ကေတာ့ ေခါင္းတစ္ခါခါနဲ႕
က်န္ခဲ့လ်က္ .........

မိနစ္ ႏွစ္ဆယ္ခန႔္ၾကာေသာအခါ ထူးထက္ေခါင္
ရဲ႕ Mark X ကားေလးသည္ ႐ႊန္းျမတ္နိုးပိုင္၏
အိမ္ေရွ႕မွာ ထိုးရပ္သြားသည္။

ထူးထက္ေခါင္က ကားေပၚက မဆင္းေသးပဲ
အဝါေရာင္ မီးလုံးေလးမ်ား မွိန္ေဖ်ာ့ေဖ်ာ့လင္း
ေနတဲ့ အခန္းျပတင္းေပါက္ေလးကို ေမာ့ၾကည့္
လိုက္သည္။

ေသခ်ာတယ္ ငါ..... Gay မဟုတ္ဖူး......
မိန္းကေလးတစ္ေယာက္ကို စိတ္ဝင္စားေနတာပဲ

ဝိုင္အရွိန္ေၾကာင့္ ရီေဝေဝ ျဖစ္ေနတဲ့ၾကား
ကပင္ ထူးထက္ေခါင္၏ ႏႈတ္ခမ္းေလးက
မသိမသာတြန႔္ေကြးသြားသည္။

သူ႕ မသိစိတ္ထဲတြင္ ေယာက်္ားခ်င္း ျပန္ႀကိဳက္
မိေနမွာကို သူကိုယ္တိုင္ စိုးရိမ္ေနျခင္း။

ကားေပၚတြင္ တိတ္တဆိတ္ထိုင္လ်က္ ႐ႊန္း
ျမတ္နိုးပိုင္ရဲ႕အခန္းကို ေငးၾကည့္ေနတုန္းမွာပင္
အခန္းမီးက ျဖတ္ခနဲပြင့္လာသည္။

ထို႔ေနာက္ လွစ္ခနဲ ျမင္လိုက္ရေသာ ပန္းေရာင္
ျဖာေနတဲ့ ဝါးတားတား ပုံရိပ္ေလး တစ္ခု။

" ညီ နဲ႕ တူလိုက္တာ "

ေနပါဦး.. ငါေရာက္ေနတာ ႐ႊန္းျမတ္နိုးပိုင္တို႔
အိမ္ေရွ႕မွာပါ။ ဘယ္ႏွယ့္ေၾကာင့္ ညီလို႔ ထင္ေန
ရတာလဲ အာ့ေလာက္ႀကီးလည္း ငါ မမူးေသးပါဖူး

သူ မ်က္စိကို ခပ္ၾကမ္းၾကမ္း ပြတ္လိုက္လ်က္
အခန္းထဲျပတင္းေပါက္တြင္ ဟိုဟိုသည္သည္
ေလွ်ာက္ေနေသာ ပုံရိပ္ကေလးကို တစ္ခါျပန္
ၾကည့္လိုက္သည္။

ညဝတ္ျဖစ္ဟန္တူေသာ ပန္းေရာင္ စြပ္က်ယ္
ပြပြကိုဝတ္ထားၿပီး အိပ္ခ်င္မူးတူးျဖင့္ ဖုန္းကို
ကိုင္ကာ စူးစိုက္ၾကည့္ေနေသာ ျပတင္းေပါက္
နားက ပုံရိပ္ေလးသည္ သူ႕ အား မ်က္ေတာင္
မခတ္မိေအာင္ပင္ ဆြဲေဆာင္ ျဖားေယာင္းလို႔
ေနသည္။

ငါ ဘာလို႔ ညီလို႔ ထင္ေနရတာလဲ .....
မိန္းကေလးလည္း ပန္းေရာင္ဝတ္နိုင္တာပဲေလ
ဒါနဲ႕ေနပါဦး .ဆံပင္ေတြက ဝဲဝဲတိုတိုေလးေတြ
ဟိုတေလာက သူနဲ႕ ဘုရားသြားတုန္းက ေျဖာင့္
ေျဖာင့္စင္းစင္းနဲ႕ အနက္ေရာင္ဆံႏြယ္ရွည္ေတြပါ

႐ႊန္းျမတ္နိုးပိုင္ ဆံပင္ေတြမ်ား ညွပ္လိုက္တာလား
ဟာ.....မိန္းကေလးဆို ဆံပင္ရွည္ေလးမွ လိုက္
တာကို....

သူ တစ္ေယာက္တည္း ေတာင္ေတာင္အီအီ
ေလွ်ာက္ေတြးေနရင္း အခန္းျပတင္းေပါက္ကို
ျပန္ေငးလိုက္သည္။ ဒီၾကားထဲ ကားမွန္ဖြင့္ထား
တာေၾကာင့္ ေဝွ႕တိုက္လာတဲ့ေလက ရီေဝေဝ
ခံစားခ်က္ကို ပိုၿပီး အရွိန္တတ္ေအာင္ ဆြဆြ
ေနသည္။

ျပတင္းေပါက္ကို အၾကည့္ေရာက္သြားေတာ့
ပုံရိပ္ကေလးသည္ ေပ်ာက္ခ်င္းမလွေပ်ာက္သြား
ၿပီ ျဖစ္သည္။ အခန္းမီးသည္ ျပန္ပိတ္သြားကာ
နဂိုရွိေနေသာ အဝါေရာင္ အလင္းေဖ်ာ့ေဖ်ာ့သာ
က်န္ခဲ့သည္။

" Goodnight ျမတ္နိုး ေကာင္းေကာင္းအိပ္ပါ "

ထူးထက္ေခါင္ ႀကံရာမရတဲ့ အဆုံး ဖုန္းကိုထုတ္
လိုက္ၿပီး message တစ္ေစာင္ ပို႔လိုက္သည္။

ဟာ..... ၁၂ ေတာင္ ထိုးေတာ့မယ္
ငါ မပို႔လိုက္သင့္ဖူး အရမ္းေနာက္က်ေနၿပီ

နာရီကို ၾကည့္မိေတာ့ လက္တံသည္ သန္း
ေခါင္ယံနဲ႕ အရမ္းနီးကပ္ေနၿပီမို႔ ထူးထက္ေခါင္
စိတ္ပ်က္လက္ပ်က္ ညည္းတြားလိုက္ျပန္သည္

ငါ့ကို အထင္ေသးသြားရင္ ဒုကၡပါပဲ
ႏွာဖူးလို႔ ထင္သြားရင္ သြားၿပီ......
မိန္းကေလးတစ္ေယာက္ကို ညႀကီးမင္းႀကီး
Message မပို႔လိုက္သင့္ဖူး ငါ့မပို႔လည္း
သူ႕ဘာသာ ေကာင္းေကာင္းအိပ္မွာပဲကိုကြာ

" Goodnight "

အေတြးေတြနဲ႕ ႐ူးခါနီးဆဲဆဲ ျဖစ္ေနစဥ္တြင္
Goodnight ဟု စိတ္ထဲက ပါသည္ျဖစ္ေစ
မပါသည္ျဖစ္ေစ ျပန္လာေသာ တန္ျပန႔္
message ေလးေၾကာင့္ သူ အနဲငယ္ စိတ္
သက္သာရာရသြားသည္။

ဘာပဲ ျဖစ္ျဖစ္ ေတာ္ပါေသးရဲ႕ေလ.......

***********************************************

" Goodnight ျမတ္နိုး ေကာင္းေကာင္းအိပ္ပါ "

႐ုတ္ခ်ည္းဆိုသလို ဝင္လာတဲ့ Message
တစ္ေစာင္ေၾကာင့္ အိပ္ခ်င္မူးတူးျဖစ္ေနေသာ
မ်က္လုံးေတြပင္ ျပဴးက်ယ္သြားရသည္။

ဗုေဒၶါ တစ္ခါမွ မပို႔စဖူး......
Goodnight ျမတ္နိုး .... ဆိုပါလား

ရွင္းျမတ္နိုးပိုင္ ႐ုတ္တရက္ လန႔္ျဖန႔္သြားကာ
ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ။ ငါ မအိပ္ေသး
တာကို သိေနတာ အၾကားအျမင္မ်ားရေနလား
မသိဖူး ?

"တီ.... တီ..... တီ "

ဖုန္း စကရင္ကို ေၾကာင္ေတာင္ေတာင္ ၾကည့္ေန
တုန္းမွာပဲ ခ်မ္းေျမ့၏ ၇၆ ႀကိမ္ေျမာက္ ဖုန္း
ေကာလ္ က အျမင္ကပ္ စဖြယ္ေကာင္းေအာင္
ဝင္လာျပန္သည္။

ေတာင္ႀကီးက ျပန္လာတဲ့ေန႕ကတည္းက
ရွင္းေလးက စိတ္ဆိုးဆိုးနဲ႕ ခ်မ္းေျမ့ကို
အေတြ႕လည္းမခံ စကားလည္း မေျပာ
ေတာ့တာ ဒီေန႕က သုံးရက္ေျမာက္ေန႕ပင္
ျဖစ္သည္။

အဲတာကိုပင္ သည္းသည္းလႈပ္ျဖစ္ေနေသာ
ခ်မ္းေျမ့က ညဦးပိုင္းကတည္းက မရပ္မနား
ေတာက္ေလွ်ာက္ ေခၚေနတာမို႔ ရွင္းေလးက
ခ်မ္းေျမ့၏ ဖုန္းနံပါတ္ အားလုံးကို စိတ္ေပါက္
ေပါက္နဲ႕ အကုန္ Block ထားလိုက္တာပင္ ။

" ေတာ္ေတာ္ အားယားေနလား မသိဖူး "

ပါးစပ္ကလည္း ပြတ္တြတ္ ပြတ္တြတ္ ႐ြတ္ရင္း
လက္ညိုးေလးနဲ႕ အနီေရာင္အဝိုင္းေလးကို
ဟန္ပါပါနဲ႕ ေပၚတြန္းတင္ကာ
ထိုဖုန္းေကာလ္ကိုပါ ခ်ပစ္လိုက္သည္။

မေျပာမဆိုနဲ႕ ငါ့ ႏႈတ္ခမ္းကို အတင္း အဓမၼ
နမ္းသြားတဲ့ေကာင္ ။

မွတ္ေလာက္သားေလာက္ေအာင္ကို
ပစ္ထားရမယ္ ။

ရွင္းေလးက တန္ေဆာင္တိုင္ပြဲေတာ္ညကအျဖစ္
အပ်က္ကို ျပန္သတိရလာကာ ႏႈတ္ခမ္းေတြကို
လက္နဲ႕ ခပ္ၾကမ္းၾကမ္း ဆြဲပြတ္ပစ္လိုက္သည္။

ထို႔ေနာက္ ေနာက္ဆုံး တစ္လုံးတည္းသာက်န္
ေသာ ခ်မ္းေျမ့၏ အိမ္ဖုန္းကိုပါ Block လုပ္
ပစ္လိုက္သည္။

အဲဒီေနာက္ေတာ့ " Bro " ဟု သီးသန႔္
မွတ္ထားခဲ့ေသာ Contact ထဲဝင္လ်က္
" Goodnight " ဟု ျပန္ပို႔လိုက္ကာ မီးပိတ္
လိုက္လ်က္ ေစာင္ေခါင္းၿမီးၿခဳံကာ ႏွစ္ႏွစ္
ၿခိဳက္ၿခိဳက္ အိပ္ပစ္လိုက္ေတာ့သည္။
.
.
.

အိမ္မက္ထဲမွာ ေကာင္းကင္ႀကီးက တိမ္မႈန္
တိမ္ႁမႊားကင္းစင္ေနၿပီး ၾကည္လင္ေတာက္ပ
ေနတယ္ ။ Bro က ကြၽန္ေတာ့္လက္ကိုဆြဲ
ထားၿပီး ကြၽန္ေတာ္တို႔ ႏွစ္ေယာက္အတူ
ေနေရာင္ကို မ်က္ႏွာမူထားၾကတယ္

Bro က ကြၽန္ေတာ့္ ဘက္ကို အျမတ္တနိုး
လွည့္ၾကည့္လာၿပီးပီးေတာ့...

" ညီ ကို ခ်စ္တယ္ " လို႔ တိုးဖြဖြေျပာလိုက္တယ္

Broရဲ႕ ႏူးညံသာယာတဲ့ အသံခ်ိဳခ်ိဴေအာက္မွာ
ကြၽန္ေတာ္ ခဏ ယစ္မူးသြားတယ္ ၿပီးေတာ့
အခ်စ္ရိပ္ေတြ ႐ြန္းစိုေနတဲ့ မ်က္ဝန္းနဲ႕အတူ
Bro ကို ျပန္ေငးၾကည့္လိုက္တယ္ ။

အၿပဳံးေတြေဝေနတဲ့ ကြၽန္ေတာ္ ႏႈတ္ခမ္းေတြ
ကလည္း

" ကြၽန္ေတာ္လည္း Bro ကို ခ်စ္ေနတာၾကာၿပီ "

ဟု ပါးစပ္လႈပ္႐ုံေလး တိုးဖြဖြ ညည္းလိုက္တယ္

" အား........ "

ထိုစကားေလး မဆုံးခင္မွာပဲ ရင္ဘတ္အတြင္း
ပိုင္းက စူးခနဲ႕ ခံစားလိုက္ရၿပီး နာက်င္မႈနဲ႕အတူ
ကြၽန္ေတာ္ ဒူးၫႊတ္ၿပီးေခြလဲသြားတယ္။ ၿပီးေတာ့
ကြၽန္ေတာ့္ ရင္ဘတ္ဆီကေန အနီရင့္ေရာင္ေသြး
ေတြက တစိမ့္စိမ့္ ယိုစီးလာတယ္

ကြၽန္ေတာ္ ေသနတ္နဲ႕ အပစ္ခံလိုက္ရတာပဲ

နာက်င္ေအာင့္မ်က္ျခင္းနဲ႕အတူ က်ည္ဆံလာ
ရာကို လွည့္ၾကည့္လိုက္ေတာ့ ေသနတ္တစ္လက္
ကိုင္လ်က္ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ ေက်ေက်
နပ္နပ္နဲ႕ ၿပဳံးၿပဳံးႀကီး ရပ္ၾကည့္ေနေသာ ခ်မ္းေျမ့။

" ဒိုင္း.... "

ကြၽန္ေတာ္ ခ်မ္းေျမ့ကို နာနာၾကည္းၾကည္း
ၾကည့္ေနဆဲမွာပဲ ေနာက္ထပ္ ေသနတ္သံ
တစ္ခ်က္နဲ႕အတူ ကြၽန္ေတာ့္ကို တြဲထားေသာ
Bro ပါလဲက်သြားေတာ့တယ္။

"ဟား ဟား ရွင္းေလး မင္းအခ်စ္ကို ငါကလြဲၿပီး
ဘယ္သူမွ မရေစရဖူး "

ရင္ေခါင္းသံႀကီးနဲ႕ တစ္ေလာကလုံးကို ဂ႐ုမစိုက္
သလို တဟားဟား ေအာ္ရယ္ေနတဲ့ ခ်မ္းေျမ့ကို
ကြၽန္ေတာ္ ေတာ္ေတာ္ေလးကို မုန္းတီးသြားမိတယ္

" ငါ မင္းကို မုန္းတယ္ ခ်မ္းေျမ့ "

ရွင္းေလး ေၾကာက္လန႔္တၾကားနဲ႕ ေအာ္ဟစ္
လိုက္စဥ္မွာပဲ ျဖတ္ခနဲ႕ လန္နိုးလာခဲ့သည္

ဟူး.... ငါ အိမ္မက္မက္ေနတာပဲ
ေတာ္ပါေသးရဲ႕ ....

အလင္းေရာင္က မ်က္ႏွာကို ရိုတ္ခတ္လာမွ
မိုးလင္းမွန္း သိရသည္။

ထို႔ေနာက္ ရွင္းေလးက ကိုယ့္အေတြးနဲ႕ကိုယ္
ၿပဳံးလိုက္သည္။ ခ်မ္းေျမ့ အိမ္မက္ထဲမွာေတာင္
ဒုကၡေပးတဲ့ေကာင္ ။

" ရွင္းေလး.... ရွင္းေလး...ထစမ္း ခ်မ္းေျမ့
ေရာက္ေနတယ္ သားတို႔ ရန္ျဖစ္ထားက်တာ
လား သားက ခ်မ္းေျမ့ကို အေတြ႕မခံဖူးဆို
အဲလိုမဆိုးနဲ႕ေလ ဒီသူငယ္ခ်င္းေတြပဲ ရွိတာကို
အခု တံခါးဖြင့္စမ္း ရွင္းေလး "

တီေလးက သူ႕အခန္းတံခါးကို တဒုန္းဒုန္းနဲ႕
ထုၿပီးေအာ္ေနတာမို႔ ရွင္းေလး မနက္ေစာေစာ
မွာပင္ စိတ္ေတြေနာက္က်ိသြားရသည္။

နာရီကို ၾကည့္ေတာ့ မနက္ ၇ နာရီ

WTF...ေစာေစာစီးစီး အိမ္လာၿပီး ဒုကၡေပးတဲ့
လဒေကာင္... မေန႕ညကလည္း အိမ္မက္ထဲ
မွာ ေသနတ္နဲ႕ ပစ္သြားေသးတယ္

တီေလးက ခ်မ္းေျမ့ကိုဆို အၿမဲအခ်စ္ပိုတာမို႔
ခ်မ္းေျမ့က သူ စိတ္ဆိုးေနခ်ိန္တိုင္း အၿမဲ
တီေလးကို တပ္ကူေတာင္းၿပီး သူ႕ကိုေခ်ာ့ခိုင္း
ေနၾက ။

"ရွင္းေလး... မဖြင့္ေပးရင္ တီေလး တံခါးဖြင့္
ဝင္လာမွာေနာ္ တီေလးမွာ ေသာ့ပို ရွိတယ္ "

ဟာ....တီေလးကေတာ့ လုပ္ၿပီ
ဟို သေကာင့္သားက သူ႕ တူေတာ္ေမာင္ကို
ဘယ္လိုဒုကၡေပးသြားလဲျဖင့္ မသိပဲနဲ႕

ရွင္းေလးက ကုတင္ေပၚက ဆူဆူေအာင့္ေအာင့္
ေျပးဆင္းလာရင္း တံခါးကို ဝုန္းခနဲဖြင့္လိုက္သည္။

"တီေလး အဲဒီ ေသာ့ပိုရွိတယ္ ဆိုၿပီး ၿခိမ္းေျခာက္
တာေတြ ေတာ္ပါေတာ့ တီေလး ဖြင့္ခ်င္တိုင္း
ဖြင့္ဝင္လို႔ရေအာင္ ကြၽန္ေတာ္ ကေလးမဟုတ္
ေတာ့ဖူး ကြၽန္ေတာ့္ အခန္းက လူပ်ိဴခန္းဗ် "

ရွင္းေလးက ေဆာင့္ေအာင့္ၿပီး ေျပာခ်င္ရာ
ေျပာၿပီးမွ တီေလးေနာက္က တံခါးအကြယ္
ကေန ခြီးခနဲရယ္သံထြက္လာတာမို႔ တံခါးေနာက္
ကို ေက်ာ္ၿပီးၾကည့္လိုက္တယ္ ။

တီေလးေနာက္ တံခါးအကြယ္ေလးမွာ
ရပ္ေနသူက ခ်မ္းေျမ့ ။

ခ်မ္းေျမ့ကလည္း ရွင္းေလးက ကိုယ့္ကိုဝါးစား
ေတာ့မတတ္ၾကည့္ေနတာေၾကာင့္ စပ္ၿဖီးၿဖီးနဲ႕
ရယ္ခ်င္ေနရာမွ မ်က္ႏွာပိုးသတ္လိုက္သည္

ထို႔ေနာက္ မ်က္ႏွာက ပုံမွန္အတိုင္း ဇီး႐ြက္
ေလးလို ျပန္ငယ္သြားသည္။

ရွင္းေလးက သူ႕ကို ႀကိတ္ရယ္ေနၿပီးမွ မ်က္ႏွာ
ပိုးျပန္သတ္သြားတဲ့ ခ်မ္းေျမ့ကို ပိုလို႔ပင္
စိတ္ဆိုးသြားကာ တီေလးကို ၾကည့္ၿပီး

"တီေလး ကြၽန္ေတာ္ အဲေကာင္ မ်က္ႏွာမၾကည့္
ခ်င္ဖူး ၿပီးေတာ့ ဒီေန႕ ကြၽန္ေတာ္ မအားဖူး
ထူးထက္ေခါင္ နဲ႕ေတြ႕ဖို႔ ခ်ိန္းထားတယ္ အဲတာ
ခဏေန တီေလး မိတ္ကပ္လိမ္းေပးရမွာ အခု
ကြၽန္ေတာ္ျပန္အိပ္ေတာ့မယ္ အိပ္ေရးမဝေသးဖူး"

ရွင္းေလးက ေဘာက္ဆတ္ဆတ္ေျပာကာ တံခါး
ကို ဂ်ိမ္းခနဲ ျပန္ပိတ္လိုက္သည္။ တံခါး မေစ့ခင္
အလိုေလးမွာ ခ်မ္းေျမ့ မ်က္ႏွာ ပ်က္ယြင္းသြား
တာကို ျမင္လိုက္ရတာေၾကာင့္ ပိုၿပီးေက်နပ္သြား
ရသည္။

အဲလို ေခ်လိဳက္မွ မွတ္မွာ.....

ရွင္းေလး က ေစာင္ၿခဳံထဲ ျပန္ေကြးလိုက္ရင္း
ထူးထက္ေခါင္ ကို သတိရသြားသည္။

Bro နဲ႕ တကယ္ေတြ႕ရရင္ ေကာင္းမွာပဲ

ရွင္းေလးက သက္ျပင္းမႈတ္ထုတ္လိုက္ရင္း
မေန႕ညက Bro ပို႔ထားခဲ့တဲ့ Message ေလးကို
ျပန္ဖတ္လိုက္တယ္ ။

"ကြၽန္ေတာ္ ေကာင္းေကာင္းအိပ္ၿပီး
ေကာင္းေကာင္းနိုးေနၿပီ Bro ဒီေန႕
ကြၽန္ေတာ္ အရမ္းလြမ္းတာပဲဗ်ာ "

Bro ပို႔ထားတဲ့ စာေၾကာင္းတိုေလးကို ၾကည့္ရင္း
သူ Bro ကို လြမ္းလာမိသည္။ Broဘက္ကေတာ့
သူ႕ကို သတိရလို႔ Message ပို႔လာသည့္တိုင္
ေအာင္ ရွင္းျမတ္နိုးပိုင္ အျဖစ္နဲ႕ ပို႔တာမဟုတ္
သူ႕အမ ႐ႊန္းျမတ္နိုးပိုင္ ဆီကို ပို႔တာပဲ ျဖစ္သည္

ထို အေျခအေနအတြက္ အနဲငယ္ ခံစားရေသာ္
လည္း ႐ႊန္း႐ႊန္း ျပန္မလာခင္အထိ Bro အနား
မွာ ေနနိုင္သေလာက္ ေနမည္ဟု သူဆုံးျဖတ္
ထားခဲ့သည္။

လြန္ခဲ့တဲ့ ငါးႏွစ္ကတည္းက အခုထိ Bro ကို
စိတ္မနာနိုင္ေသးတဲ့ အတြက္လည္း သူ႕ကိုယ္သူ
အံ့ၾသမဆုံး ျဖစ္ရသည္။ ဓာတ္ပုံေလးတစ္ပုံက
ေန ျဖစ္တည္ခဲ့သည့္ အခ်စ္ေတြဟာ ဒီေလာက္
ေတာင္ပဲ ၿမဲၿမံရသလား သူ တကယ္မသိပါ။

"ျမတ္နိုး အားရင္ ကိုယ္တို႔္ ဆုံၾကမလား
ဒီေန႕က ကိုယ့္ရဲ႕ 26 ႏွစ္ျပည့္ Birthday ေလ"

ေတာင္ခနဲျမည္လာတဲ့ Message Tone
ေၾကာင့္ ရွင္းေလး ေပ်ာ္သြားသည္။ Bro ဟာ
တကယ္ကို အၾကားအျမင္ ရေနသလားကို
မသိပါ ။

" အင္း.. ကြၽန္ေတာ္ အားတယ္...... "

စာေတြကို အေလာတႀကီး ရိုက္ခ်လိဳက္ၿပီးမွ
ခပ္ျမန္ျမန္ ျပန္ဖ်က္လိုက္ရသည္။

ေတာ္ပါေသးရဲ႕ ... အခ်ိန္မွီေလး

မင္းက ႐ႊန္း႐ႊန္းေလ ရွင္းေလးမွမဟုတ္တာ
Bro ေတြ႕ဖို႔ ခ်ိန္းတာ မင္းကိုမွ မဟုတ္တာ

ထိုအေတြးကပင္ သူ႕ကို ညည္းပန္းႏွိပ္စက္လြန္း
သည္။

" ဟုတ္ကဲ့ အားပါတယ္ "

Sent >>>>>>>

ထို Message ေလး Sent ျဖစ္သြားမွ
ရွင္းေလး ေယးခနဲ ထေအာ္လိုက္သည္။

ထို႔ေနာက္ အိပ္ယာေပၚက ဝုန္းခနဲထကာ
ရွင္းေလး ေရခ်ိဴးဖို႔ ျပင္လိုက္သည္။

မနက္ခင္းသည္ Bro ၏ အေငြ႕အသက္ေၾကာင့္
လားမသိ ယခင္ေန႕မ်ားထက္ပင္ ပို၍ လွပကာ
အသက္ဝင္ေနေတာ့သည္။

Continue Reading

You'll Also Like

88.7K 3.2K 36
ကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......
467 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️
179K 13.5K 47
အထပ္ထပ္ ရစ္ပတ္ေႏွာင္ဖြဲ႕၍ ျမတ္ႏိုးျခင္းမည္ေသာ ေမတၱာတရားတို႔အား ႏွလုံးသားတြင္း သန္႔ရွင္းစြာ တည္ရွိေစ .....။ အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့၍ မြတ်နိုးခြင်းမ...
18.6K 820 32
သံေယာဇဥ္ ဆိုတဲ့တံတားကိုနင္းျဖတ္ပီး ႏွလုံးသားကိုပဲဦးစားေပးေ႐ြးခ်ယ္ရဲပါ့မလားဆိုရင္ ကြၽန္ေတာ္ ကေတာ့... သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသား ကို...