The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 13 ( Kiss Sense )

11.8K 1K 81
By aseinnkyaw

The dimple on his cheek

Unicode

ပစ္စုပ္ပန် ကာလ

ကလောမှ တောင်ကြီးသို့

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည်
ရောင်စုံမီးများ ၊ မီးပုံပျံ လွှတ်သူများ ၊
တောင်ကြီးမြို့ခံ တိုင်းရင်းသားများသာမက
ခရီးသွားဧည့်သည်များနဲ့ စည်ကားလှပေသည်။

ဘုရားကုန်းပေါ်နှင့် အဝေရာ မီးပုံးပျံကွင်းပွဲဈေးတန်းတစ်လျှောက်တွင်လည်း ဒေသခံ အစားအစာ ရောင်းချသူ ဈေးရောင်းဈေးဝယ်များနှင့် ရှုပ်ယှက် ခပ်နေပေသည်။

" ဟူး...... "

အေးလွန်းသဖြင့် လက်နှစ်ဖက်ကို ဂွမ်းကပ်အနွေးထည်ထဲ ထိုးထည့်ထားပြီး တစ်ကိုယ်လုံး တုန်နေကာ ပုခုံးများကို ကျုံ့လိုက် ပါးစပ်ကနေ
လေငွေ့များ မှုတ်ထုတ်လိုက်နဲ့ ခုန်ဆွ ခုန်ဆွ
လုပ်နေသော ရှင်းလေးကို ကြည့်ပြီး ချမ်းမြေ့
က ပြုံးနေလေသည်။

" အေးလား.... ရှင်းလေး "

ချမ်းမြေ့က လည်သာ ဂျာကင်အညိုရောင်
အိတ်ကပ်ထဲ ထည့်ထားတဲ့ အေးခဲနေသော
သူ့လက်နှစ်ဖက်ကို ထုတ်ကာ ရှင်းလေး
၏ ပါးဖောင်းဖောင်း နှစ်ဖက်ကို အုပ်ကိုင်လိုက်
တာမို့ ရှင်းလေးက တွန့်ခနဲ ဖြစ်သွားသည်။

" ဟာ... ခွေးကောင်.. လက်အေးကြီးနဲ့ "

ရှင်းလေးက နှုတ်ခမ်းကြီးဆူ မျက်လုံးကြီး
ပြူးပြီး အားရပါးရ ဆဲလိုက်တော့ ချမ်းမြေ့က တဟားဟား ထရယ်လေသည်။ ရှင်းလေး ပုံစံဟာလည်းစချင်စရာ ကောင်းလောက်အောင်ကို ချစ်ဖို့
ကောင်းနေတာပဲ ကြည့်။ သူ့ကိုဆဲနေတာတောင် ချစ်စရာကောင်းသည်ဟုထင်နေမိသည့်အထိ အချစ်မှာ အရူးအမူးပင် ပျော်ဝင်နေမိသည်။

ရှင်းလေးရဲ့မျက်လုံးမှေးမှေးလေးတွေက ပုတ်ခတ်ခတ်ဖြစ်နေကာ လေများထုတ်နေသော နှုတ်ခမ်းကိုလည်းဆူထားသေးပြီး ယုန်ပုံစံခေါင်းစွပ်ပါသော
ဂွမ်းကပ် Hoodie ပန်းနုရောင်ကြီးနဲ့ တကယ့်
ကလေးကြီးတစ်ယောက်အတိုင်းပင်။

မီးပုံပျံ ကြည့်ချင်တယ်ဆိုလို့သာ ကလောမှာ Trekking သွားပြီး တောင်ကြီးထိ ခေါ်လာရတာ ၊ လူရှုပ်လွန်းသဖြင့်မျက်စိအောက်က အပျောက်မခံနိုင်။

ဒီကြားထဲသတင်းတွေလည်းကြားထားတော့
တစ်ခုခုဆို ဗုံးတွေဘာတွေ ခွဲမှာက ကြောက်
ရသေးတာလေ။

"ရှင်းလေး ပေါင်းတင်းပူပူလေး စားမလား ငါသွားဝယ်ပေးမယ် "

ချမ်းမြေ့က မလှမ်းမကမ်းမှာ ရှိနေတဲ့ စားချင်စဖွယ် ပူပူနွေးနွေး မီးကင်ထားတဲ့ အငွေ့တထောင်းထောင်းနဲ့ ပေါင်းတင်းတွေမြင်နေရတာကြောင့် ရှင်းလေးကိုမေးငေါ့ပြလိုက်သည်။

"အင်း စားမယ် ပူတာလေး တစ်ခုခု ကိုင်ထား
ရရင်အဆင်ပြေမယ် အေးခဲနေပြီ "

"ဒီနားက စောင့်နေနော် ပျောက်သွားမယ်
ဘယ်မှလျှောက်မသွားနဲ့ "

ချမ်းမြေ့က ကလေးတစ်ယောက်ကို စိတ်ပူသလို တတွတ်တွတ်မှာနေတာမို့ ရှင်းလေးက မျက်စောင်းထိုးလိုက်ကာ

"ကဲ..သွားမှာသာ သွားစမ်းပါ ငါကလေးလည်း
မဟုတ်ဘူး ဒီမှာ ဖုန်းလည်းပါတယ် စိတ်ပူမနေနဲ့ "

ရှင်းလေးက အိတ်ကပ်ထဲက ဖုန်းကို ထောင်ပြ
လိုက်တာမို့ ချမ်းမြေ့က စိတ်ချမယ်နော် ဟု
မှကာ ခပ်သွက်သွက် ထွက်သွားလေသသည်။

လည်သာဂျာကင် အညိုရောင်နဲ့ ဦးထုတ်အမဲကို
ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ ချမ်းမြေ့ရဲ့ ကျော
ပြင်ကျယ်ကို ရှင်းလေး ငေးကြည့်နေမိသည်။

တစ်ခါတစ်လေ ချမ်းမြေ့ရဲ့ ဂရုတစိုက်ရှိမှုတွေ
ဟာ ကြည်နူးစရာကောင်းသလိုတစ်ခါတစ်လေ
ကျပြန်တော့လည်း လိုအပ်သည်ထက်ပိုနေ
တာမို့ စိတ်ရှုပ်စရာတော့ ကောင်းပြန်သည်။

"ဝိုး.......လှတယ်ဟေ့ "

ရှင်းလေး အတွေးလွန်နေဆဲမှာပင် ကွင်းထဲက
လူတွေရဲ့ဆူညံစွာ အော်လိုက်သံတွေကြောင့်
ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်သည်။

ဝိုင်းစက်နေတဲ့ လမင်းကြီးကို ကြယ်ကလေး
များက နောက်ခံပန်းချီကားသဖွယ် ဝိုင်းရံထား
သော အမဲရောင် ကောင်းကင်ကျယ်ကြီးပေါ်
တလွှင့်လွှင့်နဲ့တတ်သွားသော ကြီးမားလွန်းသော
မီးပုံးပျံကြီးသည်အမြင့်သို့ရောက်သွားသည်နဲ့
ရောင်စုံမီးပန်းများက တလက်လက်နဲ့ဖြာကျလာ
သည်။

ဝေဝေဆာဆာထွက်ပေါ်လာသော မီးပန်းများ
သည် သက်ဝင် ပန်းချီကား တစ်ချပ်သဖွယ်
တခမ်းတနားနဲ့လှပလွန်းတာမို့ ရှင်းလေး
ငေးကြည့်နေရင်းနဲ့ပင် အလိုလို ကြည်နူးလာ
ကာ နှုတ်ခမ်းလေးများက တဖြေးဖြေးနဲ့ ပြုံးလာ
လေသည်။

" ညီ...... ညီ.....မလားဟင် "

ပတ်ဝန်းကျင်တစ်ခုလုံးကိုမေ့ပြီး မီးပန်းတွေကို
စိတ်ဝင်တစားကြည့်နေတုန်းမှာပင် ဘေးနား
ကနေ အနီးကပ်ကြားလိုက်ရသည့် အသံတစ်ခု
ကြောင့် ရှင်းလေး ဆတ်ခနဲ တုန်သွားသည်။

ရှမ်းအိုးစည်သံတွေ ဆူညံနေသည့်ကြားမှာပင်
ထိုအသံက သူ့နားထဲ ခပ်အုပ်အုပ်လွင့်လာသည်။

အိတ်ကပ်ထဲက ထုတ်ထားမိသော လက်တစ်
ဖက်ကိုလည်း ထိုလူက ဆွဲထားတာကြောင့်
ရှင်းလေး ဖြတ်ခနဲ လှည့်ကြည့်လိုက်သည်။

" Bro..... "

ရှင်းလေး မျက်လုံးများပြူးကျယ်သွားကာ အံ့သြသွားသော နှုတ်ခမ်းများက Bro ဟုခေါ်သံ တိုးတိုးနဲ့အတူယောင်ပြီး ပွင့်ဟသွားသည်။

အနက်ရောင် မျက်မှန်ကိုင်းအောက်က နက်မှောင်ရွှန်းစိုသော မျက်ဝန်း ၊ လူကြားထဲ ထင်းထွက်နေသော အရပ်ရယ် ဆွယ်တာမီးခိုးရင့်ရောင်နဲ့ ဆင်စွယ်ရောင် မာဖလာကို အကျအနပတ်ထားသော ကြည့်ကောင်းလွန်းသော မျက်စိရှေ့က လူဟာ သူ့ရဲ့ Bro ပါပဲ။

ရုတ်တရက် စွံ့အံသွားသော နှုတ်ခမ်းများနဲ့အတူ မရှောင်လွှဲနိုင်သော Bro ရဲ့မျက်လုံးအကြည့်များက တစ်စုံတစ်ခုကို သိချင်နေသယောင်။

စက္ကန့်ပိုင်းစာလောက် အကြည့်ချင်းဆုံနေရာမှ ရှင်းလေးဘက်ကအရင် အကြည့်တွေကို လွှဲဖယ်လိုက်သည်။

ထို့နောက် ထူးထက်ခေါင် ဆွဲထားသော လက်များကို ဖြုတ်ချကာလူအုပ်ကြားထဲ ချာကနဲ လှည့်ထွက်ခဲ့လိုက်သည်။

"ညီ...... မပြေးနဲ့ မင်းက ညီပဲ သေချာတယ်မလားကွာ "

ခပ်သွက်သွက် ပြေးထွက်လာသော ရှင်းလေး၏ နောက်သို့ ထူးထက်ခေါင်က ပြေးလိုက်လာသည်။ ရှင်းလေးသည် လူအုပ်ကြားထဲ အတင်းတိုးဝှေ့လာရင်း ထူးထက်ခေါင်ကို မျက်ခြေဖြတ်ပစ်လိုက်သည်။
ထို့နောက် အနီးဆုံးရှမ်းခေါက်ဆွဲဆိုင် တစ်ဆိုင်၏ အကွယ် အနောက်တွင်ခပ်သွက်သွက် ဝင်ပုန်းနေလိုက်လေသည်။

ဆောရီး... Bro ... ကျွန်တော် Bro နဲ့ အတွေ့ခံလို့
မဖြစ်သေးလို့ပါ

*******************************************

ညီ ဘယ်ရောက်သွားတာလဲ

လူအုပ်ကြားထဲ အသည်းအသန် တိုးဝှေ့ရင်း
သူ့မျက်စိရှေ့တွင်ပဲ ညီတစ်ယောက် ကွယ်
ပျောက်သွားသည်။

လူလယ်ခေါင်တွင် ရပ်လိုက်ရင်း ဘေးဘီဝဲယာကို ချာလပတ်ရမ်းနေအောင် ရှာဖွေနေမိသော်လည်း ညီ့ကို မတွေ့ရတော့။

သေချာသည် ... အဲဒါ ညီပဲ။

သူ တစ်သက်လုံး မက်မက်မောမော စွဲလမ်းခဲ့ရသည့် ပါးနှစ်ဖက်မှာ ထင်းနေသောပါးချိူင့်ခွက်။

နှုတ်ခမ်းတစ်စုံက ခပ်ဟဟ ပွင့်လာသည့်
သူ ရင်းနှီးနေသော Bro ဟု ခေါ်သံတစ်ခု ။

ထို့နောက် ညီ၏ အကြိုက်ဆုံး ပန်းရောင်အင်္ကျီ။
အရာအားလုံးက စနစ်တကျ စီစဥ် ထားသော
အကယ်ဒမီ ရုပ်ရှင်ကားလို။

ဒါတွေ အကုန်လုံးကို ပေါင်းစပ်လိုက်လျှင် ညီပဲ ဆိုတာ သူ့စိတ်ထဲကကို တပ်အပ်သိနေလေသည်။

" တီ............ တီ............."

အိတ်ကပ်ထဲမှ မြည်လာသော ဖုန်းကြောင့်
ထူးထက်ခေါင် ဖုန်းကို ထုတ်လိုက်သည်။
ခေါ်နေသော Contact ကို ကြည့်မိတော့
သူ့အတွင်းရေးမှူး သော်တာဆီက

"ဘော့စ် ဘယ်ရောက်သွားတာလဲ ဆိုင်ထဲကနေ ရုတ်တရက်ကြီး ထသွားလို့ "

ဖုန်းကို ကိုင်လိုက်လိုက်ချင်းမှာပဲ သော်တာ့ဆီက ခပ်စူးစူး အသံထွက်လာတာကြောင့် ဖုန်းကို နားနဲ့ ခွာလိုက်ရသည်။

"လာပြီ ခုနက နေရာမှာပဲ စောင့်နေကြ ငါအသိ
တစ်ယောက်နဲ့တွေ့လို့ နှုတ်ဆက်မလို့ထွက်လာတာ"

သော်တာကို စကားစဖြတ်ပြီး ထူးထက်ခေါင် ဖုန်းချ လိုက်သည်။ ခုနက ညီ့ကို အဝေးကလှမ်းမြင်လိုက်တာနှင့် သော်တာတို့နဲ့ဆိုင်ထဲမှာ ထိုင်နေရာမှ ထထွက်လာတာဖြစ်သည်။

တောင်ကြီးမီးပုံးပျံပွဲကို လာရသည်မှာလည်း
တခြားအကြောင်းမဟုတ် ကလောမှာ သူနဲ့
အရောင်းအဝယ်စာချူပ်ချူပ်သည့် ခြံပိုင်ရှင်က
တောင်ကြီး တန်ဆောင်တိုင်ပွဲကို လိုက်လည်ဖို့
ခေါ်တာတစ်ကြောင်း၊ ကလော Hotel မှာ
မမျှော်လင့်ပဲ ခဏဆုံလိုက်ရသော အင်္ကျီ
ပန်းရောင်ဝတ်ထားသည့် ကောင်လေးကို ညီဟု သံသယ ဝင်မိသည်နှင့် သူ သတိထားကြည့်
ခဲ့မိသည် ။

ကလော Hotel Receptions မှာ ညီတို့ တောင်ကြီးကို ခရီးဆက်မည်ဆိုတာ စကားစပ်မိပြီးနောက် သူ လည်းလိုက်ခဲ့ဖို့ စိတ်ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်။

ကံကောင်းချင်တော့ အဝေရာ မီးပုံပျံကွင်းထဲမှာ
မှ ဆိုက်ဆိုက်မြိုက်မြိုက် လာဆုံသည်။ အနီးကပ်တွေ့လိုက်ရမှ သူ့ရဲ့ ညီပဲဆိုတာ ပိုသေချာသွားတော့သည်

ထူးခြားတာ တစ်ခုက ညီ့ကို သူရင်းရင်းနှီးနှီး
မြင်ဖူးနေခြင်း ။ နေပါဦး ။ ဒီမျက်နှာကို သူ
ရင်းနှီးနေသလိုပဲ? ?

ထူးထက်ခေါင် ခေါင်းကို ဖိညှစ်ပြီး အသည်း
အသန်စဉ်းစားသည်။

ဒီမျက်နှာဟာ သူရဲ့ သတိုးသမီးလောင်း ရွှန်းမြတ်နိုးပိုင်နဲ့ တော်တော်လေးဆင်တာကို သူ အမှတ်မထင် သတိရသွားသည်။

အန်တီ ရတီ ပြောပုံအရ ရွှန်းမြတ်နိုးပိုင်မှာ အမြွှာမောင်တစ်ယောက်ရှိသည် ။

ဒါဆို ညီက ရွှန်းမြတ်နိုးပိုင်ရဲ့မောင်လား ? ? အန်တီရတီပြောတော့ ရွှန်းမြတ်နိုးပိုင်ရဲ့မောင်က ဂျပန်မှာ နေတာဆို ???

ဒီကောင်လေးကရော သူ့ရဲ့ ညီဆိုတာ ဖြစ်နိုင်ပါ့မလား? ? သေချာပါတယ် သူ့ပါးစပ်က Bro လို့ ထွက်သွားတာပဲ.....

အား..... ရှုပ်ယှက်ခတ်နေတာပဲကွာ

ငါဘာလို့ အရင်က ညီကို တစ်ခါလေးတောင်
တွေ့ဖို့မကြိုးစားခဲ့ရတာလဲ.....

အတွေးတွေက ယောက်ယက်ခတ်နေပြီးမှ
ထူးထက်ခေါင် ခေါင်းတွေ ထူပူလာသည်။
တကယ်ကို သူ နားမလည်နိုင်တော့ ။

ညီ နဲ့ ရွှန်းမြတ်နိုးပိုင် ရဲ့ မောင် နဲ့ ဘယ်လို
ဆက်စပ်နေတာလဲ? ?

ထိုအဖြေကို ရှင်းရှင်းလင်းလင်းသိချင်လှပြီ ။

အံ့ကို ကြိတ်ပြီး လက်သီးကို ခပ်တင်းတင်း
ဆုပ်ထားလိုက်ကာအိတ်ကပ်ထဲက ဖုန်းကို
ထုတ်လိုက်ပြီး သော်တာ့ဆီ ဒုတိယတစ်ကြိမ်
ဖုန်းခေါ်လိုက်သည်။

"သော်တာ အခုပဲ မန်းလေးပြန်မယ် ဟိုတယ်ကို
လိုက်ခဲ့ကြတော့ ငါအရင် သွားနှင့်ပြီ "

" ရှင်...... "

***********************************************

"ရှင်းလေး.... ရှာလိုက်ရတာကွာ ဘာလို့
လျှောက်သွားနေရတာလဲ "

ချမ်းမြေ့က ပေါင်းတင်းတွေကိုင်လျက်
ရှင်းလေး ရှိရာခေါက်ဆွဲဆိုင်ထဲသို့ အမော
တေကာ ပြေးဝင်လာလေသည်။

" ငါ့ အသိနဲ့တွေ့လို့ ခဏ နှုတ်ဆက်တာ "

ရှင်းလေးက မျက်လုံးထောင့်ကပ်လျက်
တွေ့ကရာနေရာကို လက်ညှိုး ထိုးပြီးပြော
တော့ ချမ်းမြေ့က မယုံသင်္ကာနဲ့ ကြည့်ကာ

"ဘယ်ကအသိလဲ ဘယ်သူလဲ မင်းမှာ ငါက
လွဲပြီး သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလို့လဲ "

ချမ်းမြေ့က ရှင်းလေး၏ ပုခုံးကို တင်းတင်း
ဆုပ်ကိုင်လျက် ခပ်ကျယ်ကျယ် အော်လိုက်
တာမို့ ခေါက်ဆွဲဆိုင်ထဲက လူတစ်ချိူ့ကပါ
စူးစမ်းသလို အကြည့်တွေနဲသူ့တို့ စကားပြော
နေရာဘက်သို့ လှည့်လာကြသည်။

"ဘာလို့ အကြောင်းမဲ့ ဒေါသထွက်နေရတာလဲ
ချမ်းမြေ့ လူတွေအများကြီး ဝိုင်းကြည့်နေပြီ
မင်း မရှက်ဘူးလား "

ရှင်းလေးက သူ့ပုခုံးပေါ်တင်ထားတဲ့ ချမ်းမြေ့ရဲ့ လက်တွေကို ပုတ်ချလျက် ချမ်းမြေ့ကို စိတ်ပျက်သလိုကြည့်လိုက်သည်။

"မရှက်ဘူး ရှင်းလေး မင်းနဲ့ပတ်သက်လာရင် ငါ့မှာ ဘာအရှက်မှ မရှိဘူး"

"မင်း မရှက်ပေမဲ့ ငါ ရှက်တယ် ချမ်းမြေ့ မင်း လုပ်ပုံနဲ့လူတွေ ငါတို့ကို တစ်မျိူးထင်ကုန်တော့မယ် "

ရှင်းလေးက ချမ်းမြေ့၏ နားရွက်နားသို့ ကပ်ပြီးပြောလိုက်သည်။ သီချင်းသံတွေရော ရှမ်းအိုးစည်သံတွေရော ဆူညံနေတာကြောင့် သူ့၏ စကားသံတိုးတိုးကို ချမ်းမြေ့ မကြားမှာစိုး၍ ဖြစ်သည်။ ပြီးတော့ ဒီနေရာက မြန်မြန်သွားချင်လှပြီ။ မတော်လို့ Bro ပြန်ပေါ်လာမှ ပြေးပေါက်ပိတ်နေလိမ့်မည်။

"ရှင်းလေး စကားလွှဲဖို့ မကြိုးစားနဲ့ ငါ့မျက်လုံးကို တည့်တည့်ကြည့်စမ်း "

ချမ်းမြေ့က ရှင်းလေး၏ ကိုယ့်ကို အနောက်သို့ဆောင့်တွန်းလိုက်ကာ ရှင်းလေး၏ မျက်ဝန်းတွေကို တည့်တည့် စိုက်ကြည့်လိုက်သည်။

ရှင်းလေးသည် ရုတ်တရက်ကြီး သူ့ကို စူးစူး
စိုက်စိုက်လာကြည့်နေသော ချမ်းမြေ့၏ လုပ်ရပ်ကို အံ့သြမင်သက်စွာ ကြောင်ငေးနေပေသည်။

"ငါ မင်းကိုချစ်တယ် ရှင်းလေး အရမ်းကိုချစ်တာ
မျက်စိအောက်က အပျောက်အခံနိုင်လောက်
အောင်ကို ချစ်တာမို့ ငါ့ကို ထားခဲ့ပြီး ဘယ်ကိုမှထွက်ပြေးဖို့ မကြိုးစားပါနဲ့ "

ချမ်းမြေ့၏ နှုတ်ခမ်းဖျားမှ တစ်လုံးချင်းပီသစွာ
ထွက်ပေါ်လာသော အေးစက်စက်စကားလုံးများ။

ထိုအချိန်တွင် ရှမ်းအိုးစည်သံတွေလည်း
ရုတ်တရက် တိတ်ဆိတ်သွားသည့်ပမာ။

ကောင်းကင်ပြင်ထက်တွင်လည်း အသည်းပုံ
သဏ္ဍန်အနီရောင်မီးပုံးပျံတစ်ခုသည် အမြင့်သို့
ဆန်တတ်သွားကာ ရောင်စုံ မီးပန်းများ တဖွဲဖွဲ
ဖြာကျလာသည်။

ချမ်းမြေ့သည် ရှင်းလေးကို ရီဝေဝေ ငေးကြည့််
နေရင်း ခေါင်းကို စောင်းလိုက်ကာ ရှင်းလေး၏
ပါးနှစ်ဖက်ကိုညှစ်ကိုင်လျက် ဆူလာသော နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းနဲဖိပြီး အသာအယာ နမ်းလိုက်သည်။

ချမ်းမြေ့ လက်ထဲတွင် ကိုင်ထားသော
ကောက်ညှင်းကျည်တောက်များသည်လည်း
အောက်သို့ တလှိမ့်ချင်း ပြုတ်ကျသွားသည်။

ရှင်းလေးသည် ကိုယ့်နှုတ်ခမ်းကို စုပ်ယူခံလိုက်ရသော နူးညံ့စိုစွတ်တဲ့ အထိအတွေ့တစ်ခုကြောင့် မျက်လုံးအိမ်များဝိုင်းစက်သွားကာ ရုတ်တရက်ကြီး ဆွံ့အသွားသည်။

ထိုနောက် အညစ်ခံထားရသော ပါးနှစ်ဖက်
ကြားထဲမှာပင် အသက်ရှုလမ်းကြောင်းတွေ
ကျဉ်းသွားသလို အသက်ရှုမဝ ဖြစ်လာသည်။

စင်းကျနေသော မျက်တောင်များသည်လည်း
ပုတ်ခတ်ပုတ်ခတ် ဖြစ်လာကာ လည်ချောင်းဝမှ
မကြာခဏ တံတွေးမျိုချနေမိသည်။

ကောင်းကင်ကို တလူလူတက်သွားသော အသည်းပုံအနီရောင် မီးပုံးပျံကြီးဆီမှ ဖြာကျနေသာ မီးပန်းများ နောက်ခံထားပြီး လူအုပ်ကြီးကြားထဲတွင် အနမ်းပေးနေကြသော လူငယ်လေး နှစ်ယောက်၏ ပုံရိပ်သည် ပန်းချီကားတစ်ချပ်လိုပင် လှပလွန်းတာမို့ အနီးနားရှိ လူအများပင် အပျော်တွေကူးစက်လာလျက် လက်ခုပ်သြဘာပေးနေ ကြလေသည်။

" ဝိုး............ "

" ရိုလိုက်ကြတာ.... ဟီး "

" uke လေးက ချစ်စရာလေး "

ရှင်းလေးသည် ဘေးနာက ကောင်မလေး
တစ်အုပ်စု၏ ပွစိပွစိ တွတ်ထိုးသံတွေကြောင့်
ကြောင်စီစီလေးဖြစ်နေရာမှ အသိဝင်လာသည်။

ထိုအခါမှ လူပုံအလယ် အနမ်းခံနေရသော
ကိုယ့်အဖြစ်ကို သတိရသွားလျက် ရုတ်တရက်
ကြီး ရှက်သွေးဖြာလာကာ ပါးပြင်တစ်ဝိုက်
သွေးရောင်သန်းလာလေသည်။

ထို့နောက် လူရှေ့သူရှေ့မရှောင် အသားယူ
နေသော ချမ်းမြေ့ကို ဒေါသတကြီးဆောင့်
တွန်းပစ်ခဲ့လျက် ထိုနေရာမှ ပြေးထွက်လာခဲ့သည်။

" ဟယ် uke လေး ရှက်ပြီး ထွက်ပြေးသွားပြီ "

" Seme ကြီး လိုက်ချော့လိုက်လေ "

အနောက်တွင်လည်း Fujoshi မမများ၏
ဝိုင်းဝန်း ချီးမွန်းထောပနာပြုသံများနဲ့အတူ
ချမ်းမြေ့တစ်ယောက် သာ ငူငူကြီး ကျန်ခဲ့
လေတော့သည်။

"ချမ်းမြေ့ ခွေးကောင် ဟိုတယ်ရောက်မှ
တွေ့မယ် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Author'Note

First Kiss လေးကို ထူးထက်ခေါင် အစား
ချမ်းမြေ့လေးက ဝင်ယူသွားသည် blah blah
နေ့တိုင်း မျက်စိနောက်အောင် up တော့မှာနော်
အဲခါမှ ထွက်မပြေးကျပါနဲ့ ဟီး Love you all

♣♣♣

Zawgyi

ပစၥဳပၸန္ ကာလ

ကေလာမွ ေတာင္ႀကီးသို႔

ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္

ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္သည္
ေရာင္စုံမီးမ်ား ၊ မီးပုံပ်ံ လႊတ္သူမ်ား ၊
ေတာင္ႀကီးၿမိဳ႕ခံ တိုင္းရင္းသားမ်ားသာမက
ခရီးသြားဧည့္သည္မ်ားနဲ႕ စည္ကားလွေပသည္။

ဘုရားကုန္းေပၚႏွင့္ အေဝရာ မီးပုံးပ်ံကြင္း
ပြဲေဈးတန္းတစ္ေလွ်ာက္တြင္လည္း ေဒသခံ အစားအစာ ေရာင္းခ်သဴ ေဈးေရာင္းေဈးဝယ္မ်ားႏွင့္ ရႈပ္ယွက္ ခပ္ေနေပသည္။

" ဟူး...... "

ေအးလြန္းသျဖင့္ လက္ႏွစ္ဖက္ကို ဂြမ္းကပ္
အႏြေးထည္ထဲ ထိုးထည့္ထားၿပီး တစ္ကိုယ္လုံး
တုန္ေနကာ ပုခုံးမ်ားကို က်ဳံ႕လိုက္ ပါးစပ္ကေန
ေလေငြ႕မ်ား မႈတ္ထုတ္လိုက္နဲ႕ ခုန္ဆြ ခုန္ဆြ
လုပ္ေနေသာ ရွင္းေလးကို ၾကည့္ၿပီး ခ်မ္းေျမ့က ၿပဳံးေနေလသည္။

" ေအးလား.... ရွင္းေလး "

ခ်မ္းေျမ့က လည္သာ ဂ်ာကင္အညိုေရာင္
အိတ္ကပ္ထဲ ထည့္ထားတဲ့ ေအးခဲေနေသာ
သူ႕လက္ႏွစ္ဖက္ကို ထုတ္ကာ ရွင္းေလး
၏ ပါးေဖာင္းေဖာင္း ႏွစ္ဖက္ကို အုပ္ကိုင္လိုက္
တာမို႔ ရွင္းေလးက တြန႔္ခနဲ ျဖစ္သြားသည္။

" ဟာ... ေခြးေကာင္.. လက္ေအးႀကီးနဲ႕ "

ရွင္းေလးက ႏႈတ္ခမ္းႀကီးဆူ မ်က္လုံးႀကီး
ျပဴးၿပီး အားရပါးရ ဆဲလိုက္ေသာ တဟားဟား
ထရယ္ေလသည္။ ရွင္းေလး ပုံစံဟာလည္း
စခ်င္စရာ ေကာင္းေလာက္ေအာင္ကို ခ်စ္ဖို႔
ေကာင္းေနတာပဲ ၾကည့္။

မ်က္လုံးေမွးေမွးသည္ ပုတ္ခတ္ခတ္ျဖစ္ေနကာ
ေလမ်ား ထုတ္ေနေသာ ႏႈတ္ခမ္းကိုလည္း
ဆူထားေသးၿပီး ယုန္ပုံစံေခါင္းစြပ္ပါေသာ
ဂြမ္းကပ္ Hoodie ပန္းႏုေရာင္ႀကီးနဲ႕ တကယ့္
ကေလးႀကီးတစ္ေယာက္အတိုင္းပင္။

မီးပုံပ်ံ ၾကည့္ခ်င္တယ္ဆိုလို႔သာ ကေလာမွာ Trekking သြားၿပီး ေတာင္ႀကီးထိ ေခၚလာ
ရတာ ၊ လူရႈပ္လြန္းသျဖင့္မ်က္စိေအာက္က
အေပ်ာက္မခံနိုင္။

ဒီၾကားထဲသတင္းေတြလည္းၾကားထားေတာ့ တစ္ခုခုဆို ဗုံးေတြဘာေတြ ခြဲမွာက ေၾကာက္ရေသးတာေလ။

"ရွင္းေလး ေပါင္းတင္းပူပူေလး စားမလားငါသြားဝယ္ေပးမယ္ "

ခ်မ္းေျမ့က မလွမ္းမကမ္းမွာ ရွိေနတဲ့ စားခ်င္
စဖြယ္ ပူပူႏြေးႏြေး မီးကင္ထားတဲ့ အေငြ႕
တေထာင္းေထာင္းနဲ႕ ေပါင္းတင္းေတြျမင္ေန
ရတာေၾကာင့္ ရွင္းေလးကိုေမးေငါ့ျပလိုက္သည္။

"အင္း စားမယ္ ပူတာေလး တစ္ခုခု ကိုင္ထား
ရရင္အဆင္ေျပမယ္ ေအးခဲေနၿပီ "

" ဒီနားက ေစာင့္ေနေနာ္ ေပ်ာက္သြားမယ္
ဘယ္မွေလွ်ာက္မသြားနဲ႕ "

ခ်မ္းေျမ့က ကေလးတစ္ေယာက္ကို စိတ္ပူ
သလို တတြတ္တြတ္မွာေနတာမို႔ ရွင္းေလးက
မ်က္ေစာင္းထိုးလိုက္ကာ

"ကဲ..သြားမွာသာ သြားစမ္းပါ ငါကေလးလည္း
မဟုတ္ဖူး ဒီမွာ ဖုန္းလည္းပါတယ္ စိတ္ပူမေနနဲ႕ "

ရွင္းေလးက အိတ္ကပ္ထဲက ဖုန္းကို ေထာင္ျပ
လိုက္တာမို႔ ခ်မ္းေျမ့က စိတ္ခ်မယ္ေနာ္ ဟု
မွကာ ခပ္သြက္သြက္ ထြက္သြားေလသသည္။

လည္သာဂ်ာကင္ အညိုေရာင္နဲ႕ ဦးထုတ္အမဲကို
ခပ္ငိုက္ငိုက္ေဆာင္းထားတဲ့ ခ်မ္းေျမ့ရဲ႕ ေက်ာ
ျပင္က်ယ္ကို ရွင္းေလး ေငးၾကည့္ေနမိသည္။

တစ္ခါတစ္ေလ ခ်မ္းေျမ့ရဲ႕ ဂ႐ုတစိုက္ရွိမႈေတြ
ဟာ ၾကည္ႏူးစရာေကာင္းသလိုတစ္ခါတစ္ေလ
က်ျပန္ေတာ့လည္း လိုအပ္သည္ထက္ပိုေန
တာမို႔ စိတ္ရႈပ္စရာေတာ့ ေကာင္းျပန္သည္။

"ဝိုး.......လွတယ္ေဟ့ "

ရွင္းေလး အေတြးလြန္ေနဆဲမွာပင္ ကြင္းထဲက လူေတြရဲ႕ဆူညံစြာ ေအာ္လိုက္သံေတြေၾကာင့္ ေကာင္းကင္ေပၚကိုေမာ့ၾကည့္လိုက္သည္။

ဝိုင္းစက္ေနတဲ့ လမင္းႀကီးကို ၾကယ္ကေလး
မ်ားက ေနာက္ခံပန္းခ်ီကားသဖြယ္ ဝိုင္းရံထား
ေသာ အမဲေရာင္ ေကာင္းကင္က်ယ္ႀကီးေပၚ
တလႊင့္လႊင့္နဲ႕တတ္သြားေသာ ႀကီးမားလြန္းေသာ မီးပုံးပ်ံႀကီးသည္အျမင့္သို႔ေရာက္သြားသည္နဲ႕ေရာင္စုံမီးပန္းမ်ားက တလက္လက္နဲ႕ျဖာက်လာသည္။

ေဝေဝဆာဆာထြက္ေပၚလာေသာ မီးပန္းမ်ားသည္ သက္ဝင္ ပန္းခ်ီကား တစ္ခ်ပ္သဖြယ္
တခမ္းတနားနဲ႕လွပလြန္းတာမို႔ ရွင္းေလး ေငးၾကည့္ေနရင္းနဲ႕ပင္ အလိုလို ၾကည္ႏူးလာကာ ႏႈတ္ခမ္းေလးမ်ားက တေျဖးေျဖးနဲ႕ ၿပဳံးလာေလသည္။

" ညီ...... ညီ.....မလားဟင္ "

ပတ္ဝန္းက်င္တစ္ခုလုံးကိုေမ့ၿပီး မီးပန္းေတြကို
စိတ္ဝင္တစားၾကည့္ေနတုန္းမွာပင္ ေဘးနား
ကေန အနီးကပ္ၾကားလိုက္ရသည့္ အသံတစ္ခု
ေၾကာင့္ ရွင္းေလး ဆတ္ခနဲ တုန္သြားသည္။

ရွမ္းအိုးစည္သံေတြ ဆူညံေနသည့္ၾကားမွာပင္ ထိုအသံက သူ႕နားထဲ ခပ္အုပ္အုပ္လြင့္လာသည္။

အိတ္ကပ္ထဲက ထုတ္ထားမိေသာ လက္တစ္
ဖက္ကိုလည္း ထိုလူက ဆြဲထားတာေၾကာင့္
ရွင္းေလး ျဖတ္ခနဲ လွည့္ၾကည့္လိုက္သည္။

" Bro..... "

ရွင္းေလး မ်က္လုံးမ်ားျပဴးက်ယ္သြားကာ
အံ့ၾသသြားေသာ ႏႈတ္ခမ္းမ်ားက Bro ဟု
ေခၚသံ တိုးတိုးနဲ႕အတူေယာင္ၿပီး ပြင့္ဟ
သြားသည္။

အနက္ေရာင္ မ်က္မွန္ကိုင္းေအာက္က
နက္ေမွာင္႐ႊန္းစိုေသာ မ်က္ဝန္း ၊ လူၾကားထဲ
ထင္းထြက္ေနေသာ အရပ္ ရယ္ ဆြယ္တာ
မီးခိုးရင့္ေရာင္နဲ႕ ဆင္စြယ္ေရာင္ မာဖလာကို
အက်အနပတ္ထားေသာ ၾကည့္ေကာင္း
လြန္းေသာ မ်က္စိေရွ႕က လူဟာ သူ႕ရဲ႕ Bro ပါပဲ။

႐ုတ္တရက္ စြံအံသြားေသာ ႏႈတ္ခမ္းမ်ားနဲ႕
အတူ မေရွာင္လႊဲနိုင္ေသာ Bro ရဲ႕မ်က္လုံး
အၾကည့္မ်ားက တစ္စုံတစ္ခုကို သိခ်င္ေန
သေယာင္။

စကၠန႔္ပိုင္းစာေလာက္ အၾကည့္ခ်င္းဆုံေနရာမွ
ရွင္းေလး ဘက္က အရင္ အၾကည့္ေတြကို
လႊဲဖယ္လိုက္သည္။

ထို႔ေနာက္ ထူးထက္ေခါင္ ဆြဲထားေသာ
လက္မ်ားကို ျဖဳတ္ခ်ကာလူအုပ္ၾကားထဲ
ခ်ာကနဲ လွည့္ထြက္ခဲ့လိုက္သည္။

"ညီ...... မေျပးနဲ႕ မင္းက ညီပဲ ေသခ်ာတယ္
မလားကြာ "

ခပ္သြက္သြက္ ေျပးထြက္လာေသာ ရွင္းေလး
၏ ေနာက္သို႔ ထူးထက္ေခါင္ က ေျပးလိုက္
လာသည္။ ရွင္းေလးသည္ လူအုပ္ၾကားထဲ
အတင္းတိုးေဝွ႕လာရင္း ထူးထက္ေခါင္ ကို
မ်က္ေျချဖတ္ပစ္လိုက္သည္။

အနီးဆုံး ရွမ္းေခါက္ဆြဲဆိုင္ တစ္ဆိုင္၏
အကြယ္ေနာက္တြင္ခပ္သြက္သြက္ ပုန္းဝင္
ေနလိုက္ေလသည္။

Bro..ေဆာရီး... ကြၽန္ေတာ္ Bro နဲ႕ အေတြ႕ခံလို႔
မျဖစ္ေသးလို႔ပါ

***********************************************

ညီ ဘယ္ေရာက္သြားတာလဲ

လူအုပ္ၾကားထဲ အသည္းအသန္ တိုးေဝွ႕ရင္း
သူ႕မ်က္စိေရွ႕တြင္ပဲ ညီတစ္ေယာက္ ကြယ္
ေပ်ာက္သြားသည္။

လူလယ္ေခါင္တြင္ ရပ္လိုက္ရင္း ေဘးဘီ
ဝဲယာကို ခ်ာလပတ္ရမ္းေနေအာင္ ရွာေဖြ
ေနမိေသာ္လည္း ညီ့ကို မေတြ႕ရေတာ့။

ေသခ်ာသည္ ... အဲဒါ ညီပဲ။

သူ တစ္သက္လုံး မက္မက္ေမာေမာ စြဲလမ္း
ခဲ့ရသည့္ ပါးႏွစ္ဖက္မွာ ထင္းေနေသာပါးခ်ိဴင့္ခြက္။

ႏႈတ္ခမ္းတစ္စုံက ခပ္ဟဟ ပြင့္လာသည့္
သူ ရင္းႏွီးေနေသာ Bro ဟု ေခၚသံတစ္ခု ။

ထို႔ေနာက္ ညီ၏ အႀကိဳက္ဆုံး ပန္းေရာင္အကၤ်ီ။
အရာအားလုံးက စနစ္တက် စီစဥ္ ထားေသာ
အကယ္ဒမီ ႐ုပ္ရွင္ကားလို။

ဒါေတြ အကုန္လုံးကို ေပါင္းစပ္လိုက္လွ်င္
ညီပဲ ဆိုတာ သူ႕စိတ္ထဲကကို တပ္အပ္
သိေနေလသည္။

" တီ............ တီ............."

အိတ္ကပ္ထဲမွ ျမည္လာေသာ ဖုန္းေၾကာင့္
ထူးထက္ေခါင္ ဖုန္းကို ထုတ္လိုက္သည္။
ေခၚေနေသာ Contact ကို ၾကည့္မိေတာ့
သူ႕အတြင္းေရးမႉး ေသာ္တာဆီက

"ေဘာ့စ္ ဘယ္ေရာက္သြားတာလဲ ဆိုင္ထဲ
ကေန ႐ုတ္တရက္ႀကီး ထသြားလို႔ "

ဖုန္းကို ကိုင္လိုက္လိုက္ခ်င္းမွာပဲ ေသာ္တာ့
ဆီက ခပ္စူးစူး အသံထြက္လာတာေၾကာင့္
ဖုန္းကို နားနဲ႕ ခြာလိုက္ရသည္။

"လာၿပီ ခုနက ေနရာမွာပဲ ေစာင့္ေနၾက ငါအသိ
တစ္ေယာက္နဲ႕ေတြ႕လို႔ ႏႈတ္ဆက္မလို႔ ထြက္
လာတာ "

ေသာ္တာကို စကားစျဖတ္ၿပီး ထူးထက္ေခါင္
ဖုန္းခ် လိုက္သည္။ ခုနက ညီ့ကို အေဝးက
လွမ္းျမင္လိုက္တာႏွင့္ ေသာ္တာတို႔နဲ႕ဆိုင္ထဲမွာ
ထိုင္ေနရာမွ ထထြက္လာတာျဖစ္သည္။

ေတာင္ႀကီးမီးပုံးပ်ံပြဲကို လာရသည္မွာလည္း
တျခားအေၾကာင္းမဟုတ္ ကေလာမွာ သူနဲ႕
အေရာင္းအဝယ္စာခ်ဴပ္ခ်ဴပ္သည့္ ၿခံပိုင္ရွင္က
ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲကို လိုက္လည္ဖို႔
ေခၚတာတစ္ေၾကာင္း၊ ကေလာ Hotel မွာ
မေမွ်ာ္လင့္ပဲ ခဏဆုံလိုက္ရေသာ အကၤ်ီ
ပန္းေရာင္ဝတ္ထားသည့္ ေကာင္ေလးကို ညီ
ဟု သံသယ ဝင္မိသည္ႏွင့္ သူ သတိထားၾကည့္ခဲ့မိသည္ ။

ေကလာ Hotel Receptions မွာ ညီတို႔
ေတာင္ႀကီးကို ခရီးဆက္မည္ဆိုတာ စကားစပ္
မိၿပီးေနာက္ သူ လည္း လိုက္ခဲ့ဖို႔ စိတ္ဆုံးျဖတ္ခ်က္ခ်လိဳက္ျခင္းပင္ ။

ကံေကာင္းခ်င္ေတာ့ အေဝရာ မီးပုံပ်ံကြင္းထဲမွာမွ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ လာဆုံသည္။

အနီးကပ္ေတြ႕လိုက္ရမွ သူ႕ရဲ႕ ညီပဲဆိုတာ
ပိုေသခ်ာသြားေတာ့သည္

ထူးျခားတာ တစ္ခုက ညီ့ကို သူရင္းရင္းႏွီးႏွီး
ျမင္ဖူးေနျခင္း ။ ေနပါဦး ။ ဒီမ်က္ႏွာကို သူရင္းႏွီးေနသလိုပဲ? ?

ထူးထက္ေခါင္ ေခါင္းကို ဖိညွစ္ၿပီး အသည္း
အသန္စဥ္းစားသည္။

ဒီမ်က္ႏွာဟာ သူရဲ႕ သတိုးသမီးေလာင္း
႐ႊန္းျမတ္နိုးပိုင္နဲ႕ ေတာ္ေတာ္ေလးဆင္တာကို သူ အမွတ္မထင္ သတိရသြားသည္။

အန္တီ ရတီ ေျပာပုံအရ ႐ႊန္းျမတ္နိုးပိုင္မွာ
အႁမႊာေမာင္တစ္ေယာက္ရွိသည္ ။

ဒါဆို ညီက ႐ႊန္းျမတ္နိုးပိုင္ ရဲ႕ေမာင္ လား ? ?
အန္တီရတီေျပာေတာ့ ႐ႊန္းျမတ္နိုးပိုင္ရဲ႕
ေမာင္က ဂ်ပန္မွာ ေနတာဆို ???

ဒီေကာင္ေလးကေရာ သူ႕ရဲ႕ ညီဆိုတာ
ျဖစ္နိုင္ပါ့မလား? ? ေသခ်ာပါတယ္
သူ႕ပါးစပ္က Bro လို႔ ထြက္သြားတာပဲ.....

အား..... ရႈပ္ယွက္ခတ္ေနတာပဲကြာ

ငါဘာလို႔ အရင္က ညီကို တစ္ခါေလးေတာင္
ေတြ႕ဖို႔မႀကိဳးစားခဲ့ရတာလဲ.....

အေတြးေတြက ေယာက္ယက္ခတ္ေနၿပီးမွ
ထူးထက္ေခါင္ ေခါင္းေတြ ထူပူလာသည္။
တကယ္ကို သူ နားမလည္နိုင္ေတာ့ ။

ညီ နဲ႕ ႐ႊန္းျမတ္နိုးပိုင္ ရဲ႕ ေမာင္ နဲ႕ ဘယ္လို
ဆက္စပ္ေနတာလဲ? ?

ထိုအေျဖကို ရွင္းရွင္းလင္းလင္းသိခ်င္လွၿပီ ။

အံ့ကို ႀကိတ္ၿပီး လက္သီးကို ခပ္တင္းတင္း
ဆုပ္ထားလိုက္ကာအိတ္ကပ္ထဲက ဖုန္းကို
ထုတ္လိုက္ၿပီး ေသာ္တာ့ဆီ ဒုတိယတစ္ႀကိမ္
ဖုန္းေခၚလိုက္သည္။

"ေသာ္တာ အခုပဲ မန္းေလးျပန္မယ္ ဟိုတယ္ကိုလိုက္ခဲ့ၾကေတာ့ ငါအရင္ သြားႏွင့္ၿပီ "

" ရွင္...... "

***********************************************

"ရွင္းေလး.... ရွာလိုက္ရတာကြာ ဘာလို႔
ေလွ်ာက္သြားေနရတာလဲ "

ခ်မ္းေျမ့က ေပါင္းတင္းေတြကိုင္လ်က္
ရွင္းေလး ရွိရာေခါက္ဆြဲဆိုင္ထဲသို႔ အေမာ
ေတကာ ေျပးဝင္လာေလသည္။

" ငါ့ အသိနဲ႕ေတြ႕လို႔ ခဏ ႏႈတ္ဆက္တာ "

ရွင္းေလးက မ်က္လုံးေထာင့္ကပ္လ်က္
ေတြ႕ကရာေနရာကို လက္ညွိုး ထိုးၿပီးေျပာ
ေတာ့ ခ်မ္းေျမ့က မယုံသကၤာနဲ႕ ၾကည့္ကာ

"ဘယ္ကအသိလဲ ဘယ္သူလဲ မင္းမွာ ငါက
လြဲၿပီး သူငယ္ခ်င္း ဘယ္ႏွစ္ေယာက္ရွိလို႔လဲ "

ခ်မ္းေျမ့က ရွင္းေလး၏ ပုခုံးကို တင္းတင္း ဆုပ္ကိုင္လ်က္ ခပ္က်ယ္က်ယ္ ေအာ္လိုက္
တာမို႔ ေခါက္ဆြဲဆိုင္ထဲက လူတစ္ခ်ိဴ႕ကပါ
စူးစမ္းသလို အၾကည့္ေတြနဲသူ႕တို႔ စကားေျပာေနရာဘက္သို႔ လွည့္လာၾကသည္။

"ဘာလို႔ အေၾကာင္းမဲ့ ေဒါသထြက္ေနရတာလဲ ခ်မ္းေျမ့ လူေတြအမ်ားႀကီး ဝိုင္းၾကည့္ေနၿပီ မင္း မရွက္ဖူးလား "

ရွင္းေလးက သူ႕ပုခုံးေပၚတင္ထားတဲ့
ခ်မ္းေျမ့ရဲ႕ လက္ေတြကို ပုတ္ခ်လ်က္
ခ်မ္းေျမ့ကို စိတ္ပ်က္သလိုၾကည့္လိုက္သည္။

"မရွက္ဖူး ရွင္းေလး မင္းနဲ႕ပတ္သက္လာရင္
ငါ့မွာ ဘာအရွက္မွ မရွိဖူး "

"မင္း မရွက္ေပမဲ့ ငါ ရွက္တယ္ ခ်မ္းေျမ့
မင္း လုပ္ပုံနဲ႕လူေတြ ငါတို႔ကို တစ္မ်ိဴး
ထင္ကုန္ေတာ့မယ္ "

ရွင္းေလးက ခ်မ္းေျမ့၏ နား႐ြက္နားသို႔
ကပ္ၿပီးေျပာလိုက္သည္။ သီခ်င္းသံေတြေရာ
ရွမ္းအိုးစည္သံေတြေရာ ဆူညံေနတာေၾကာင့္ သူ႕၏ စကားသံတိုးတိုးကို ခ်မ္းေျမ့ မၾကားမွာစိုး၍ ျဖစ္သည္။ ၿပီးေတာ့ ဒီေနရာက ျမန္ျမန္သြားခ်င္လွၿပီ။ မေတာ္လို႔ Bro ျပန္ေပၚလာမွေျပးေပါက္ပိတ္ေနလိမ့္မည္။

"ရွင္းေလး စကားလႊဲဖို႔ မႀကိဳးစားနဲ႕
ငါ့မ်က္လုံးကို တည့္တည့္ၾကည့္စမ္း "

ခ်မ္းေျမ့က ရွင္းေလး၏ ကိုယ့္ကို အေနာက္သို႔ေဆာင့္တြန္းလိုက္ကာ ရွင္းေလး၏
မ်က္ဝန္းေတြကို တည့္တည့္ စိုက္ၾကည့္
လိုက္သည္။

ရွင္းေလးသည္ ႐ုတ္တရက္ႀကီး သူ႕ကို စူးစူး
စိုက္စိုက္လာၾကည့္ေနေသာ ခ်မ္းေျမ့၏
လုပ္ရပ္ကို အံ့ၾသမင္သက္စြာ ေၾကာင္ေငး
ေနေပသည္။

"ငါ မင္းကိုခ်စ္တယ္ ရွင္းေလး အရမ္းကိုခ်စ္တာ
မ်က္စိေအာက္က အေပ်ာက္အခံနိုင္ေလာက္
ေအာင္ကို ခ်စ္တာမို႔ ငါ့ကို ထားခဲ့ၿပီး ဘယ္ကိုမွထြက္ေျပးဖို႔ မႀကိဳးစားပါနဲ႕ "

ခ်မ္းေျမ့၏ ႏႈတ္ခမ္းဖ်ားမွ တစ္လုံးခ်င္းပီသစြာ ထြက္ေပၚလာေသာ ေအးစက္စက္စကားလုံးမ်ား။

ထိုအခ်ိန္တြင္ ရွမ္းအိုးစည္သံေတြလည္း
႐ုတ္တရက္ တိတ္ဆိတ္သြားသည့္ပမာ။

ေကာင္းကင္ျပင္ထက္တြင္လည္း အသည္းပုံ
သ႑န္ အနီေရာင္မီးပုံးပ်ံတစ္ခုသည္ အျမင့္သို႔
ဆန္တတ္သြားကာ ေရာင္စုံ မီးပန္းမ်ား တဖြဲဖြဲ
ျဖာက်လာသည္။

ခ်မ္းေျမ့သည္ ရွင္းေလးကို ရီေဝေဝ ေငးၾကည့္္
ေနရင္း ေခါင္းကို ေစာင္းလိုက္ကာ ရွင္းေလး၏
ပါးႏွစ္ဖက္ကိုညွစ္ကိုင္လ်က္ ဆူလာေသာ ႏႈတ္ခမ္းေတြကို သူ႕ႏႈတ္ခမ္းနဲဖိၿပီး အသာအယာ နမ္းလိုက္သည္။

ခ်မ္းေျမ့ လက္ထဲတြင္ ကိုင္ထားေသာ
ေကာက္ညွင္းက်ည္ေတာက္မ်ားသည္လည္း
ေအာက္သို႔ တလွိမ့္ခ်င္း ျပဳတ္က်သြားသည္။

ရွင္းေလးသည္ ကိုယ့္ႏႈတ္ခမ္းကို စုပ္ယူခံ
လိုက္ရေသာ ႏူးညံ့စိုစြတ္တဲ့ အထိအေတြ႕တစ္ခု
ေၾကာင့္ မ်က္လုံးအိမ္မ်ား ဝိုင္းစက္သြားကာ
႐ုတ္တရက္ႀကီး ဆြံ႕အသြားသည္။

ထိုေနာက္ အညစ္ခံထားရေသာ ပါးႏွစ္ဖက္
ၾကားထဲမွာပင္ အသက္ရႈလမ္းေၾကာင္းေတြ
က်ဥ္းသြားသလို အသက္ရႈမဝ ျဖစ္လာသည္။

စင္းက်ေနေသာ မ်က္ေတာင္မ်ားသည္လည္း
ပုတ္ခတ္ပုတ္ခတ္ ျဖစ္လာကာ လည္ေခ်ာင္းဝမွ
မၾကာခဏ တံေတြးမ်ိဳခ်ေနမိသည္။

ေကာင္းကင္ကို တလူလူတက္သြားေသာ
အသည္းပုံအနီေရာင္ မီးပုံးပ်ံႀကီးဆီမွ
ျဖာက်ေနသာ မီးပန္းမ်ား ေနာက္ခံထားၿပီး
လူအုပ္ႀကီးၾကားထဲတြင္ အနမ္းေပးေနၾကေသာ
လူငယ္ေလး ႏွစ္ေယာက္၏ ပုံရိပ္သည္
ပန္းခ်ီကားတစ္ခ်ပ္လိုပင္ လွပလြန္းတာမို႔
အနီးနားရွိ လူအမ်ားပင္ အေပ်ာ္ေတြ
ကူးစက္လာလ်က္ လက္ခုပ္ၾသဘာေပးေန
ၾကေလသည္။

" ဝိုး............ "

" ရိုလိုက္ၾကတာ.... ဟီး "

" uke ေလးက ခ်စ္စရာေလး "

ရွင္းေလးသည္ ေဘးနာက ေကာင္မေလး
တစ္အုပ္စု၏ ပြစိပြစိ တြတ္ထိုးသံေတြေၾကာင့္
ေၾကာင္စီစီေလးျဖစ္ေနရာမွ အသိဝင္လာသည္။

ထိုအခါမြ လူပုံအလယ္ အနမ္းခံေနရေသာ
ကိုယ့္အျဖစ္ကို သတိရသြားလ်က္ ႐ုတ္တရက္
ႀကီး ရွက္ေသြးျဖာလာကာ ပါးျပင္တစ္ဝိုက္
ေသြးေရာင္သန္းလာေလသည္။

ထို႔ေနာက္ လူေရွ႕သူေရွ႕မေရွာင္ အသားယူ
ေနေသာ ခ်မ္းေျမ့ကို ေဒါသတႀကီးေဆာင့္
တြန္းပစ္ခဲ့လ်က္ ထိုေနရာမွ ေျပးထြက္လာခဲ့
သည္။

" ဟယ္ uke ေလး ရွက္ၿပီး ထြက္ေျပးသြားၿပီ "

" Seme ႀကီး လိုက္ေခ်ာ့လိုက္ေလ "

အေနာက္တြင္လည္း Fujoshi မမမ်ား၏
ဝိုင္းဝန္း ခ်ီးမြန္းေထာပနာျပဳသံမ်ားနဲ႕အတူ
ခ်မ္းေျမ့တစ္ေယာက္ သာ ငူငူႀကီး က်န္ခဲ့
ေလေတာ့သည္။

"ခ်မ္းေျမ့ ေခြးေကာင္ ဟိုတယ္ေရာက္မွ
ေတြ႕မယ္ "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Author'Note

First Kiss ေလးကို ထူးထက္ေခါင္ အစား
ခ်မ္းေျမ့ေလးက ဝင္ယူသြားသည္ blah blah
ေန႕တိုင္း မ်က္စိေနာက္ေအာင္ up ေတာ့မွာေနာ္
အဲခါမွ ထြက္မေျပးက်ပါနဲ႕ ဟီး Love you all ❤

Next chapter coming soon! !

Continue Reading

You'll Also Like

75.5K 4.9K 24
ဒီ fic ကို​ေရးဖို႔အတြက္​ အၾကံဥာဏ္​ရခဲ့တဲ့ ဂ်ဴးရဲ႕ သူ မင္​းကိုဘယ္​​ေတာ့မွနဲ႔ Ami ရဲ႕ အစိမ္​းရင္​့ရင္​့အလြမ္​း ကို​ေက်းဇူးတင္​ပါတယ္​.... Credit လဲ​ေပးပ...
33.1K 2.4K 30
ထက္ဦးသြင္ ရွား လင္းျမတ္သူ
467 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️
149K 4.3K 40
(This is season 2) နွေတစ်ခေတ်သျှား×တိမ်ယံသွေးသစ် တိမ်စိုင်ဆိုတာ ဘယ်တုန်းကမှ ဖမ်းဆုပ်မရခဲ့တဲ့ ဒဏ်ရာလေးဘဲ... နွေ့နှလုံးသားနှင့်ရင်းကာ အသက်တမျှ နင့်အော...