'တီးတောင်....'
'တံခါးဖွင့်ပေးလိုက်ပါဦး အဒေါ်ကြီး'
'နေ နေ သမီးသွားဖွင့်လိုက်မယ် သမီးUnnieနေမှာ'
ဒီနေ့ Unnieလာမှာဆိုတော့ Jennie အိမ်နေရင်းကို အဝတ်အစားသေချာဝတ်ထားသည်။
'အာညော် JiJi'
'အာညော် Jennie'
Jennieတဲ့ ခေါ်တာကလည်း။ Babyတို့ NiNiတို့ ဘာလို့မခေါ်တာလဲ လူဆိုးကြီး။ အိမ်မှာမို့ပဲ နေမှာပါ။
Jisooအိမ်ထဲဝင်ခဲ့တော့ Jennie Appaနဲ့ Ommaထိုင်နေတာကို တွေ့လိုက်သည်။ Appaက စာဖတ်နေတာ။ Ommaကတော့ Jisooနားလာပြီး ဖက်လှဲတကင်းနှုတ်ဆက်သည်။
'လာ သမီးလေး'
'တွေ့ရတာ ဝမ်းသာပါတယ်။ Kim Jisooလို့ ခေါ်ပါတယ် အာဘောဂျီးနဲ့ အောမောနီး'
'တွေ့ရတာ ဝမ်းသာပါတယ် သမီးလေး ။ ဦးလေးတို့ သမီးကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်။'
Jennie Appaက လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးရင်း ကျေးဇူးတင်စကားပြောလာတယ်။
Ommaကလည်း Jisooကို လှမ်းဖက်ရင်း...
'သမီးလေးက seniorဆိုပေမယ့် တကယ့်ကလေးလေးပဲ။ Ommaက လူကြီးလိုထင်နေတာ စာရှင်းပြနေတဲ့ senior unnieဆိုတော့...' Jisooကို ဖက်ထားရင်းကနေပဲ သူ့ဟာသူ သဘောကျပြီးရီနေပြန်တယ်။
'သမီးလေးက ချစ်စရာလေးပဲ ။ အဲ့တာကြောင့် Jenလေးက Jisoo Jisooဖြစ်နေတာ'
Jennieသက်ပြင်းခိုးချမိပါသည်။ ခုထိတော့ အဆင်ပြေနေတုန်း။ Unnieကလည်း ပြုံးပြီးစကားတွေ ပြောပေးနေတာ။ Ommaကလည်း ဖက်ထားတာ ခုထိ မလွှတ်သေးဘူး။
'Omma...Jisoo Unnieကို အခန်းထဲ အလည်ခေါ်သွားဦးမယ်'
'သွား သွား သမီးတို့။ ညစာ အဆင်သင့် လုပ်ထားလိုက်မယ်'
'Nae အောမောနီး သွားလိုက်ဦးမယ်နော်'
ဒါ သူ့babeအခန်းတဲ့လား။ Entertainmentကြီးရဲ့ အမွေဆက်ခံသူပီပီ အဝတ်အစားတွေက အခန်းတစ်ခန်း သီးသန့်ရှိနေသည်။ Jisooအခန်းထဲမှာ စာအုပ်တွေ အပြည့်ရှိသလို Jennieအခန်းထဲမှာ အဝတ်အစားနဲ့ မိတ်ကပ်ပစ္စည်းတွေ အပြည့်။
သူအခန်းထဲ လှည့်ပတ်ကြည့်မိသည်။
အခန်းက မိတ်ကပ်ပစ္စည်းတွေများပေမယ့် သူ့ဟာနဲ့သူ သန့်သန့်ရှင်းရှင်းဖြစ်သည်။ စာကြည့်စားပွဲပေါ်မှာတော့ စာအုပ်တွေရှိနေပြီး ဘေးမှာ စာအုပ်စင်နဲ့...
စာကြည့်စားပွဲပေါ်မှာ ရေးလက်စ စာအုပ်လေး...
ခေါင်းစဉ်တောင် တပ်ထားသေးသည်။
'ချစ်သူဆီသို့ ရေးသောစာ'
လှန်ကြည့်လိုက်တော့ 'ဟင် အပြေးသန်တဲ့ oppa'တဲ့။
သူ Jenကို မော့ကြည့်လိုက်သည်။ Oppaဆိုတာ Kim Jisooနော်။ ပထမဆုံး စတွေ့တော့ ပြေးလာတာ။
'Baby...ဒီက Oppaမဟုတ်ပါဘူးကွယ်'
'Oppaလို အားကိုးချင်လို့'
သူတိတ်ဆိတ်သွားမိပါသည်။ အားကိုးချင်လို့...အားကိုးချင်လို့တဲ့လား baby။ Babyအားကိုး ခံထိုက်ဖို့ ကြိုးစားရပါဦးမယ်။ လောလောဆယ် အခြေအနေမှာတော့ သူက မိသားစုထောက်ပံပေးနေသာတာမရှိရင် သာမန် အထက်တန်းပြီးတဲ့ ကျောင်းသူတစ်ယောက်။ စာတော်ပြီး အားကစားတော်ရုံသာ။ သူ့ရည်မှန်းချက်အတွက် ခုမှ ခြေလှမ်းစရမှာ။ Babyအားကိုးရလောက်တဲ့အထိ သူက မစွမ်းသာသေး။
'လျှောက်တွေးမနေနဲ့နော် JiJi။ စတွေ့တဲ့နေ့က JiJiက အားကိုးချင်စရာ အရမ်းကောင်းခဲ့လို့'
'ဟုတ်ပါပြီ။ ဒါနဲ့ အဖိုးက ဘယ်တော့ တွေ့ရမှာလဲ'
'အခုပဲ သွားစို့။ JiJiမကြောက်ဘူးမလား။ အဖိုးက နှစ်ယောက်တည်း စကားပြောချင်တာတဲ့'
'အမှားလုပ်ထားတဲ့သူမှ ကြောက်ရတာ Baby. I'm Jisoo. I'm ok'
.
.
.
အဖိုးအခန်းထဲကို ဝင်သွားတော့ ကွန်ပြူတာနဲ့ Chess ♟ ကစားနေတဲ့ Kim Jung Hoနဲ့ ဘေးက ကူကြည့်ပေးနေတဲ့ သူ့အဖိုးကို တွေ့လိုက်တယ်။
သူဝင်လာတာတွေ့တော့ ခဏနေမှ ဆက်ကစားဖို့အဖိုးကပြောတော့ ကစားနေတာကိုရပ်ပြီး Kim Jung Hoက အေးအေးဆေးဆေးပဲ ထွက်သွားတယ်။ ယဉ်ကျေးတဲ့လူပါလား။သူက သူ့ပြိုင်ဘက်မလား။ ပြိုင်ဘက်ကို လေးစားရမှာ မှန်ကန်တဲ့လူတိုင်းသိတဲ့အရာမို့ သူပြုံးပြလိုက်ပါတယ်။
'လာ သမီး ထိုင်'
'လက်ဖက်ရည်လား အအေးသောက်မလား'
'ဟာရာဘိုဂျီးနဲ့ဆိုတော့ လက်ဖက်ရည်ပဲ သောက်သင့်တာပေါ့'
'Kpop groupတွေ ပျိုးထောင်ပေးနေတဲ့ ဒီအဖိုးကြီးက အအေးကြိုက်မယ်လို့ မထင်ဘူးလား'
'ဟင့်အင်း အခု ဟာရာဘိုဂျီး လက်ဖက်ရည်ကြမ်းပဲ သောက်ချင်နေမှာ...စာအုပ်စင်ပေါ်က စာအုပ်တွေက လက်ဖက်ရည်ကြိုက်တဲ့သူလို့ ပြောနေလို့လေ'
ပထမဆုံးအကြိမ်တွေ့တာဆိုပေမယ့် ဒီကလေးကို သူလက်ခံနိုင်သွားတယ်။ စူးစမ်းလေ့လာနိုင်စွမ်းမြင့်တဲ့သူမျိုး။ သူ့အခန်းကို ဝင်လာတာနဲ့ စာအုပ်စင်ကို တန်းကြည့်ပုံထောက်ရင် စာပေပိုင်းမှာတော်တယ်လို့ကြားထားတာ တကယ်လို့လက်ခံနိုင်သွားတယ်။ အမှန်အတိုင်းပြောရရင် ဒီကလေးအကြောင်းကို သူတို့ ကြိုစုံစမ်းပြီးသားပါ။
'သမီးက အဖိုးမြေးရဲ့ Senpaiဆို...ဪ sorry.Senpaiဆိုတာ..'
'သမီးလည်း Sakuraကို သဘောကျပါတယ်'
Senpaiကို ဂျပန်လိုမှန်းမသိလောက်ဘူးထင်လို့ seniorလို့ ပြောပြမလို့ကို သူသိကြောင်း တဖက်လှည့်နဲ့ပြောသွားတယ်။
'Even an old man has New Year's eye...
Cherry Blossoms 🌸 '
သူရွတ်ပြတဲ့စာကို ဒီကလေးဆက်ရွတ်နိုင်မလား စဉ်းစားမိတယ်။ သူ့သားတွေတောင် ခံစားပြီးဆက်ရွတ်နိုင်တာ မဟုတ်။
'If you can love me through the seasons of a cherry blossoms tree,may the seeds of empathy grow deep within the soil of your soul.'
ဒီအထက်တန်းကျောင်းသူလေးက ဘယ်လိုအင်အားမျိုးနဲ့ ဆက်ဆိုနိုင်ရတာလဲ။ ခေသူမဟုတ်ပါလား။ ဒီကလေး နှလုံးသားဟာ ခံစားတတ်တယ်။ သူ့မြေးအပေါ် ကြမ်းတမ်းမယ့်သူမျိုး မဟုတ်။
ဒါပေမယ့် Jenလေးဆီမှာ စေ့စပ်မယ့်သူ ရှိပြီးသားဆိုတာ ပြောပြရပေဦးမယ်။
'သမီး ဘယ်တက္ကသိုလ်ဆက်သွားဖို့ စီစဉ်ထားလဲ'
'သေချာတော့ မဆုံးဖြတ်ရသေးပါဘူး ဟာရာဘောဂျီး'
'အဖိုးမြေးငယ်လေးနဲ့ သဘောကျနေကြတာဆို'
Jisoo ခေါင်းငြိမ့်ပြလိုက်သည်။
'စကားပြောကြည့်တာနဲ့ သမီးက ထူးချွန်တဲ့သူဆိုတာ သိသာပါတယ်။ အဲ့တာကြောင့် အဖိုးရှည်ရှည်ဝေးဝေး မပြောချင်တော့ဘူး။'
'Jennieမှာ စေ့စပ်မယ့်သူရှိပြီးသားခေါင်းစဉ်ဆိုရင်တော့ Jisooသိပြီးသားပါ အဖိုး။ ဟိုနေ့က ဦးလေးနဲ့ စကားပြောဖြစ်ကြတာ'
'စိတ်မကောင်းပါဘူး။ သမီးဆီ သူလာသွားတာလား'
'ဒါပြောသင့်တဲ့စကားမို့ လာပြောတာပါ အဖိုး'
'အဖိုးသားကို ကတိပေးပြီးသား ဖြစ်နေတယ်။ စေ့စပ်ပေးဖို့ကိုပေါ့။ သမီး အဖိုးမြေးနဲ့တွေ့တဲ့ အချိန်က နောက်ကျခဲ့တယ်'
'ဘဝနှစ်ခုပေါင်းဖို့က စိတ်ကြိုက်စီစဉ်လို့မှ မရတာ။ကိုယ့် စိတ်ကြိုက်လူနဲ့ စေ့စပ်တယ်ဆိုတာ Jennieရဲ့ ခံစားချက်ကို မလေးစားတာပဲ'
'အဖိုးသားက Jung Hoကို သွေးသားလို ချစ်တာရယ်။ Jung Hoကိုယ်တိုင်က ဦးစီးဦးဆောင် လုပ်နိုင်တာရယ်။ ဘယ်မိန်းကလေးနဲ့ မလိုက်ဘဲနေမလဲ။ ဒီလောက်ထူးချွန်တဲ့ကလေးကိုလည်း အဖိုလက်ခံသင့်တယ်လေ'
'တစ်ခုတောင်းဆိုပါရစေ အဖိုး။ ခုချိန်ပြောရင် စကားကြီး စကားကျယ် ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် သေချာတယ် Jisooကို အချိန်၃နှစ်ပေးပါ။ နောက်၃နှစ် ကျောင်းပြီးတဲ့အခါ အဖိုးမွေးစားထားတဲ့ကလေးလို အားကိုးလောက်တဲ့သူဖြစ်နေရမယ်။ သူ့ရဲ့ အဲ့ဒီအချိန် ဖြစ်နေမယ့် အနာဂတ်နဲ့တန်းတူထိပေါ့'
'သူကလည်း ဆက်ကြိုးစားနေမယ့်သူဆိုတော့ အဲ့အချိန် တန်းတူဖြစ်ဖို့လွယ်ပါ့မလား၊ မိန်းကလေးတစ်ယောက်အနေနဲ့။ စကားကို လွယ်လွယ်ပြောလိုက်တာလား။'
'အဖိုးသာ နောက်၃နှစ်အထိ Jennieကို ဘယ်သူနဲ့မှ စေ့စပ်မပေးဘဲ ကာကွယ်ပေးမယ်လို့ကတိပေးပါ'
'အဲ့လိုဆို အဲ့၃နှစ်အတွင်း အဖိုးမြေးကို မဆက်သွယ်ဘူးလို့ ကတိပြန်ပေးမလား'
'အဲ့လောက်လိုလို့လား အဖိုး'
'အဲ့လောက်လိုအပ်တယ်။Kim Jisooကြိုးစားနေတဲ့အချိန် Kim Jennieကလည်း သူ့ခြေထောက်ပေါ်သူ ရပ်တည်နေနိုင်ရမယ်'
'အဲ့လိုဆို မခွဲခင် နှစ်ယောက်တူတူ ခရီးထွက်ခွင့်ပြုပါ အဖိုး'
'Jung Hoကို ကျော်နိုင်မယ်လို့ တကယ် သက်သေပြနိုင်မှာလား'
အဖိုးက သူ့မွေးစားသားကို အရမ်းအထင်ကြီးနေတာပဲ။ ဒီကို မိန်းကလေးမို့ လျှော့တွက်နေတာလား။ သက်သေပြနိုင်မှာလားတဲ့လား။ Jisooပြုံးမိသည်။ ပြုံးပြီး Jisooအခန်းထဲ ဝင်လာချိန်တုန်းက သူတို့နှစိယောက်ကစားနေတဲ့ computerပေါ်က Chessboardကို လက်ညှိုးလှမ်းထိုးပြရင်း...
'အဖိုး သိလား။
Kim Jisooသာ ကစားနေတဲ့ Playerဆို ဘယ်ဘက်က မြင်းကို ခုန်လိုက်မှာပဲ။ အဲ့လိုဆို ၃ကွက်အတွင်း ကိုယ့်ဘက်ကတောင် အရေးသာသွားနိုင်ပါတယ်။'
အဖိုးမျက်လုံးတွေ ကွန်ပြူတာပေါ်စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေဆီ ပြန်ရောက်သွားတယ်။ အဖိုးမျက်နှာလည်း တစ်မျိုးဖြစ်သွားတယ်။
ဒီကလေးက သူ့မြေးမလေး သဘောကျသင့်တဲ့အထိ တကယ်တော်တဲ့ ကလေးပါလား။ သူလက်ခံနိုင်ပါသည်။ ဒါပေမယ့် ကတိတွေရှိနေတော့ သူတို့ကိုယ်တိုင် ကြိုးစားမှ ရလိမ့်မည်။
'မပြန်ခင် နောက်ဆုံးမေးခွန်း...Jennieဘာလိုချင်လဲသိလား'
'Jennieလိုချင်တာ Kim Jisooကိုပါ'
Jisooရိုရိုသေသေနှုတ်ဆက်ပြီး အောင်နိုင်သူ အပြုံးနဲ့ထွက်လာခဲ့တယ်။
နောက်၃နှစ်နေရင် ကလေးကို အဖိုးစိတ်ချလက်ချထည့်နိုင်တဲ့လူတစ်ယောက်အနေနဲ့ ပြန်လာခဲ့မယ် အဖိုးရေ....
.
.
.
Jennieတကယ် စိတ်လှုပ်ရှားနေတာ။ Unnieနဲ့ နှစ်ယောက်တူတူလည်ရတဲ့ ပထမဆုံးခရီး ဖြစ်လို့...
သူတို့ ခရီးထွက်ခဲ့တာက အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဆီ....
Europeဆန်တဲ့ ဒီလိုနေရာမျိုးကို Jennieသိပ်သဘောကျတာ။ ခုတော့ ချစ်ရတဲ့သူနဲ့ လာရတယ်တဲ့လေ။
'Baby ဒီမှာ coffeeရပြီ'
'ဂိုမားဝေါ် JiJi'
ကော်ဖီခွက်ကို စားပွဲပေါ်တင်ထားလိုက်ရင်း သူတို့တည်းနေတဲ့နေရာကနေ လှမ်းမြင်နေရတဲ့ နေကြာရိုင်းတွေ ပွင့်နေတဲ့ အခင်းကြီးကို လက်ညှိုးထိုးပြရင်း...
'ပန်းခင်းကြီးက အရမ်းလှတယ်နော် JiJi'
'Babyလောက်တော့ ဘယ်လှမလဲ'
'အာ....'
Jennieရှက်သွားတော့ ရဲလာတဲ့ ပါးလေးကို Jisooဖွဖွလေး ကိုက်လာတယ်။
'ဟောဒီ ပါးလေးတွေလို ကိုက်လို့လည်း ကောင်းမှာမဟုတ်ဘူး'
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ JiJiက သူ့ပါးကို ကိုက်ပြီးတော့ သူ့ဟာသူ သဘောကျပြီးရယ်နေတယ်။ သူ့သိပ်ချစ်ရတဲ့ နှုတ်ခမ်းက ပြုံးလို့....
ညနေခင်းကြီး ဘာလို့ ကော်ဖီဖျော်တိုက်ရတာလဲမေးတော့လည်း အေးလို့နွေးအောင်တိုက်တာတဲ့။ သူကျ ရေဘူးကြီးကို တစ်ဂွတ်ဂွတ်နဲ့ မော့သောက်နေတာ။
အား....ရေသောက်နေတာကို ကြည့်ရင်း Jennieရူးတော့မှာပဲ။ လည်တိုင်...ဟုတ်တယ် ခုမှပထမဆုံး သတိထားမိတဲ့ JiJiရဲ့ လည်တိုင်က ဖွေးနုပြီး သူသောက်နေတဲ့ရေတွေတောင် ဖြတ်စီးနေသလို ကျော့ရှင်းနေတာ။
Jennie သူ့နောက်ကနေ သိုင်းဖက်ထားလိုက်မိတယ်။
JiJiနောက်ကျောကို သူနမ်းမိနေတာ...
ငယ်သေးလို့ စိတ်ကစားနေတဲ့ ခံစားချက်နဲ့ မဟုတ်ပါဘူး။ သူ JiJiကို သိပ်ချစ်သည်။
'Baby...လွှတ်ဦး ခဏ။ Babyကို ပေးစရာရှိတယ်'
'မလွှတ်ဘူး'
သူချစ်တဲ့ကလေးက အဲ့လို ဂျစ်တီးဂျစ်ကန် ကောင်မလေးဖြစ်သည်။ သူ့ကို ကပ်ပြီး သိပ်ချွဲတတ်တာ။
သူ့ကို နောက်ကနေ ဖက်ထားရင်းနဲ့ပဲ သူလက်ဆောင်ဘူးလေးကို ထုတ်လိုက်တယ်။
'ဒီမှာ Babyအတွက်'
'ဘူးလေးက ချစ်စရာလေး...ဘာလေးတွေလဲ'
'အဲ့တာ ပန်းမျိုးစေ့တွေ။ ဂျပန်လူမျိုးတွေမှာ အလေ့အကျင့် တစ်ခုရှိတယ်။ မွေးနေ့တွေ ဘာတွေမှာ မျိုးစေ့တွေ လက်ဆောင်ပေးလေ့ရှိတယ်'
'ကောင်းကောင်းသိမ်းထားပါမယ်'
'ဟင့်အင်း သိမ်းမထားနဲ့baby...ချစိုက်လိုက်။ ပန်းစိုက်တာ သဘာဝတရားကို မြတ်နိုးတာပဲလေ'
'Lavenderတဲ့...ခရမ်းရောင် အပွင့်လေးတွေ ပွင့်လာတဲ့အခါ သိပ်လှမှာပဲနော်။'
'သိပ်သေချာတာပေါ့...သိပ်မွှေးပြီး သိပ်လှနေမှာ'
'မွေးနေ့မှပေးတာဆို ဒီနေ့မွေးနေ့လည်း မဟုတ်ဘူး'
'ဒီနေ့က Unnieတို့ စတွေ့တဲ့နေ့လေ...ဒီနေ့ထိ တူတူရှိချင်လို့ပဲ ခရီးရက် နစ်ရက်ထပ်တိုးထားတာပေါ့။ တကယ်ဆို Babyကို ပြန်ပို့ရတော့မှာ...'
'အမြဲတမ်း တူတူပဲနေချင်တယ်'
'ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တဲ့အခါ နေကြတာပေါ့'
အဲ့အချိန် Jennieဆီ ဖုန်းဝင်လာသည်။ ဖုန်းပေါ်မှာ Oppaတဲ့....
'Hello...Jung Ho Oppa'
'ဘာ အခန်းရှေ့ရောက်နေတာ။ ပြန်လာခေါ်တာ'
သူ့ဟာသူပြန်ခဲ့မှာပေါ့။ ဘာလို့ပြန်လာခေါ်ရတာလဲ။
'JiJi...babyအပြင်ခဏ သွားဦးမယ်နော်'
.
.
.
'အဖိုးက ပြန်ခေါ်ခိုင်းတာ Jenလေးရဲ့'
'ပြောလိုက်လေ ဒီမှာ Jenမရှိဘူးလို့'
'ကားပေါ်မှာ အဖိုးရောပါတယ် Jenလေး'
'မလိုက်ဘူး ဒီည JiJiနဲ့ တူတူနေဦးမှာ'
'ခရီးထွက်တာ ဒီနေ့နဲ့ဆို ၄ရက်ရှိနေပြီလေ ထပ်လိုသေးတာလား'
'Oppaက ကူပြောပေးလေ....နော်'
Jung Ho Oppaက ငယ်ငယ်ကတည်းက သူကို အလိုလိုက်ခဲ့သူပါ။
'Oppa please...'
သူအဲ့လောက်ထိ ရိုရိုကျိုးကျိုးမပြောဘူးတော့ Oppaမတတ်သာဘဲ ခေါင်းငြိမ့်ပြလိုက်ရသည်။
'အဲ့လိုဆို ကောင်းကောင်းနေ။ နက်ဖြန် တစ်ရက်နေပြီးမှ ပြန်လာမယ်လို့ကူပြောပေးမယ်'
Jennieခေါင်းကို လှမ်းပုတ်ရင်းပြောလိုက်တယ်။
'Oppaက အတော်ဆုံးပဲ...သွားပြီနော်'
Jennieပျော်လွန်းလို့ Oppaလက်ကို ကိုင်ပြီး ခုန်ပေါက်ပြောပြီ နှုတ်ဆက်ခဲ့တယ်။
သူပြန်လှည့်လိုက်တော့....
'ဟင် JiJi'
အပြင်လိုက်လာတာလား။သူနဲ့ Oppaကို လှမ်းကြည့်နေတာလား။ အဝေးကကြည့်နေရင် သူဒီမှာ ဆက်နေချင်လို့ ပြောနေမှန်း သူသိမှာမဟုတ်။ သူ Jung Ho Oppaကို ချွဲနေတယ်လို့ပဲ မြင်မှာ....
အဲ့လိုယူဆလိုက်တာ သေချာပါတယ်။ JiJiမျက်နှာ မကောင်း။ သူတို့ကို လှမ်းပြုံးပြနေပေမယ့် မျက်လုံးတွေက စိုစွတ်နေတာ သူမြင်နေရသည်။
'JiJi...'
'ပြောလေ Baby'
'တစ်မျိုးမထင်ပါနဲ့....'
'ဘာကိုလဲ Baby'
'Jung Ho oppaနဲ့ကိုပေါ့'
'Jung Ho Oppaက အတော်ဆုံးပဲလို့ပြောလိုက်တာကိုလား'
'အကုန်ကြားလိုက်တာလား'
'အကုန်မကြားပါဘူး အဲ့နားပဲ ကြားတာ....တစ်အိမ်လုံးက သူ့ကို တော်တယ်ပြောထားကြတာပဲ'
'တကယ်က JiJiကအတော်ဆုံး'
'ခုနတုန်းကလည်း ဟိုတစ်ယောက်ကို ပြောနေတာ'
'ခုနက ညာတာ။ ခုက တကယ်ပြောတာ'
Jennieပြောတာကို နားထောင်ပြီး အစပ်အဆက်မရှိ ကောင်းကင်ကို လက်ညှိုးထိုးပြီး ပြတယ်။
'ကြယ်တွေ အများကြီးပဲ ဒီနေ့'
'အခန်းထဲကနေ ညမအိပ်ခင် ကြယ်ကြည့်ကြမယ်'
'အခန်းထဲ ပြန်ဝင်စို့'
ခုထိ မျက်နှာမကောင်းသေးတဲ့ JiJiကို ကြည့်ရတာ သူတောင်နေလို့ မကောင်းတော့။ တစ်ခါမှ အဲ့လို မမြင်ဖူးဘူးလေ။ သူ့အိမ်လာတုန်းကတောင် အကောင်းဆုံး ပြုံးပြခဲ့တဲ့သူ။
'ဝိုး ကြယ်တွေ အရမ်းလှတာပဲ JiJi'
'အဲ့တာ မစ်ကီဝေးလေ၊ သူက နွေရာသီ တြိဂံဖြစ်တဲ့ ဗီဂါ၊ အယ်တီယာနဲ့ ဒီးနတ်တို့ကြားမှာရှိတာ....ဟောတာက ဓူဝံကြယ်...မြောက်ဘက်ကြယ်လို့လဲ ပြောကြတယ်။ ကံကောင်းစေတဲ့ ကောင်လေးပေါ့'
'ကံကောင်းတတ်တဲ့အရာတွေကို သဘောကျတာလား'
'အဲ့လိုရယ် မဟုတ်ပေမယ့် ပန်းထဲမှာဆိုလည်း Sakuraနဲ့ Cloverရွက်ကို သဘောကျတာ'
'Lavenderကရော...'
'အဲ့တာက Babyနဲ့တူလို့ မွှေးတယ်။ ရှားပါးတယ်။ နေရာတိုင်းမှာ မပေါက်နိုင်ဘူး။ တန်ဖိုးထားအပ်တယ်'
Jennie jisooရင်ခွင်ထဲ ဝင်တိုးလိုက်တယ်။
'ကြယ်ထဲမှာတော့ ဓူဝံကြယ်ကို သဘောကြတာ...သူက လမ်းပြမယ့်သူလေ။ လမ်းပျောက်တိုင်း ကြောက်စရာမလိုအောင် လမ်းပြပေးမယ်သူ...babyလိုပေါ့'
Jennieတင်းတင်းကြပ်ကြပ် ပိုဖက်ထားလိုက်မိတယ်။ ဒီအခြေအနေလေးကို ရပ်တန့်ထားချင်သည်။
'JiJiက babyရဲ့ မြောက်ဘက်ကြယ်...'
'Can I own you tonight,baby'
Jennieဖက်နေရင်း Jisooရင်ခွင်ထဲကနေ မော့ကြည့်မိသွားတယ်။ စပြီးတောင် မနမ်းရဲခဲ့တဲ့ သူ့ရဲ့JiJiက တောင်းဆိုလိုက်တာလား။
Jisooနှုတ်ခမ်းတွေ သူ့နှုတ်ခမ်းဆီရွေ့လာတော့ မျက်လုံးတွေ မှိတ်ပေးထားမိလိုက်တယ်။
အံသြစရာကောင်းလောက်အောင် တို့နှစ်ယောက်တွေ့မိခဲ့တဲ့အတွက်
အရမ်းကျေးဇူးတင်ပါတယ်
အချိန်တိုင်း ထာဝရအဖြစ်ရှိနေမှာပါ....
အဲ့ညဟာ သိပ်ကို လှပလွန်းခဲ့တာ...
.
.
.
နောက်ကျမှ နိုးတတ်တဲ့အတိုင်း နိုးလာတော့ ဘေးမှာ အမြဲ စောသောထတတ်တဲ့ JiJiမရှိနေ။ တကယ်ဆို မနက်ခင်း အနမ်းပေးသင့်တာပေါ့။ အပြင်မှာ ဘာလုပ်နေလဲ မသိဘူး။ သူတံခါးကို ဖွင့်လိုက်တော့ အပြင်မှာ...
'ဟင် ဟာရာဘိုဂျီး....'
'ဒီမှာ Jisooပေးခဲ့တဲ့စာ'
'JiJiရော ဘယ်မှာလဲ...သမီးရဲ့ JiJiဘယ်မှာလဲလို့'
'သူ နိုင်ငံခြားကို ဒီမနက်လေယာဉ်နဲ့ ပါသွားပြီ'
အဲ့အကြောင်းကို သူပဲ မသိခဲ့တာပေါ့။ အဖိုးဆီမှာ အဖြေရှိနေတယ်ဆိုတော့။ အိမ်ကို လာတွေ့တဲ့နေ့က ဘာတွေ ပြောလိုက်ကြတာလဲ။
သူစာကို ဖွင့်ကြည့်လိုက်တော့....
'Babyကြိုက်တဲ့ မနက်စာပြင်ပေးခဲ့တယ်။
ကုန်အောင်စားနော်'
သူ့ပါးပေါ်က မျက်ရည်တွေကို သူမတားဆီနိုင်ပါ။
မျက်ရည်တွေကြားမှာ မနက်စာကုန်အောင်စားဖို့ဆိုတာ ဘယ်လောက်ခက်လဲ မသိဘူးလား JiJi...
ရင်ဘက်ထဲမှာလည်း အောင့်လာတယ်။
ဘယ်တော့မှ ထပ်စားနိုင်မလဲ မသိလို့ ကုန်အောင်စားမှ ဖြစ်ပါမည်။ ကုန်အောင်စားဖို့လည်း မှာသွားသည်လေ။
မသွားပါနဲ့ တားခွင့်တောင် မရှိခဲ့တာလား။
မသွားပါနဲ့....ထွက်မသွားပါနဲ့လား JiJiရယ်....