ကြွေကြိုး ေျကြျကိဳး (Zawgyi+U...

Autorstwa Lyne_Ne

460K 57.3K 8K

စိတ္ကူး အိမ္မက္ နဲ႕ လက္ေတြ႕ အားလံုးမွာ ျဖစ္တည္မႈက ခ်ည္ေနွာင္ထားတဲ႔ ႀကိဳး ေၾကြ ႀကိဳး စိတ်ကူး အိမ်မက် နဲ့ လက်တွ... Więcej

Teaser
Ep- 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Part - 25
Part - 26
Part -27
Part - 28
Part - 29
Part -30
Part - 32
Part-33 (X'mas Special)
Part - 34
Part-35
Part -36
Part- 37
part -38
Part -39
part -40
part -41
part -42
part -43
part -44
part - 45
part - 46
part - 47
part - 48
part - 49
part - 50
part - 51
Review time
Part - 52
Part - 53
Part - 54
Excuse!
Part - 55
Announce!
Part - 56
Thanks note
Part - 57 (Final Part)

Part - 31

6.4K 1K 152
Autorstwa Lyne_Ne

#" ခင္ဗ်ား ဘာေျပာေျပာ ကြၽန္ေတာ္ စိတ္မဝင္စားေတာ့ဘူး
ဦး မင္းေနာင္ႀကိဳး ''

#" ဘာ?''

#" ခင္ဗ်ားဘဝ ပ်က္ေအာင္ ကြၽန္ေတာ္ရည္ရြယ္ၿပီး လုပ္ခဲ့တာ မဟုတ္ဘူး အဲ့အတြက္ ကြၽန္ေတာ့္ကို အျပစ္တင္
ေနတာေတြ ရပ္လိုက္ပါေတာ့''

#" မင္း... ငါ့ကို ဒီလိုလုပ္လို႔မရဘူး! !''

#" ဘာလို႔ မရ ရမွာလဲ? ခင္ဗ်ားတစ္ေယာက္တည္း ဆံုး႐ွံုးခဲ့
ရတာ မဟုတ္ဘူး.... ကြၽန္ေတာ္လည္း ခင္ဗ်ားနည္းတူ
ဆံုး႐ွံုးခဲ့ရတာ မို႔ ဘယ္သူ႔ကိုမွ အျပစ္မတင္ပဲ ေနသြားၾက
တာေပါ့ ''

.
.
.
ဒီစကား.... ဒီမွ်ပဲ ေျပာၿပီး သြန္းမာန္
ေနာက္ျပန္လွည့္မၾကည့္ပဲ
ထြက္လာခဲ့တာ.....

ထိုေန႔ကတည္းက အားလံုးကို စိတ္ပိုင္းျဖတ္ခဲ့တာ..

သြန္းမာန္ မွန္မွာ မ်က္နွာသစ္ျပီးခါစ
ထင္ဟပ္ေနတဲ့
ေရစက္လက္နဲ႔ မ်က္ႏွာကို အတန္ၾကာ
စိုက္ၾကည့္ေနမိသည္။

35 ႏွစ္အရြယ္ ေယာက္်ားတစ္ေယာက္
ျဖစ္ပါလ်က္
ေတြေဝလြန္းေနတဲ့ သူ....

ငါ့လို လူကို ဘာလို႔ ေမွ်ာ္လင့္ေနရတာလဲ ႀကိဳးေလး...

ငါက..မင္းကို.... ေပ်ာ္ရႊင္ေအာင္ ထားေပးႏိုင္ပါ့မလား....
ငါက... မင္း အခ်စ္ကို လက္ခံလို႔ေရာ ျဖစ္ရဲ႕လား....
ငါက...မင္းကို...
ငါက..
ငါက...
.
.
.
ငါက....မင္းကို အခ်စ္ ျပန္ေပးႏိုင္ပါ့မလား....

ေမးခြန္းေပါင္းမ်ားစြာ နဲ႔ ကိုယ့္ကိုယ္ကိုယ္ အားမလို အားမရ ျဖစ္စြာ မွန္ကို ေက်ာခိုင္းလိုက္မိသည္။

ဘာလို႔မ်ား....
ဒီေလာက္ေတာင္ ခက္ခဲေနရတာလဲ...

အေျဖမ႐ွိတဲ့ ေမးခြန္းေတြပဲ ခဏခဏ ထုတ္ေနရတာ
ငါပင္ပန္းတယ္ ႀကိဳးေလးရယ္...

အျပစ္မ႐ွိတဲ့ မင္းကို...
တစ္ခုခု မွားယြင္းေစသြားမိၿပီ ဆိုတဲ့ အေတြးေတြေၾကာင့္
ငါပင္ပန္းတယ္....

ဦးမင္းေနာင္ႀကိဳး ေျပာသလို..
ငါက အျပစ္ေတြ မ်ားၿပီး ငါနဲ႔ ပတ္သတ္တဲ့ သူတိုင္းကို
ဒုကၡေရာက္ေစေနမိတယ္ဆိုရင္ ေရာ....

ငါ မင္းကို ခ်စ္လို႔ရပါ့မလား....
.
.
.
.
.

သြန္းမာန္ သက္ျပင္းေမာ တစ္ခ်က္ခ်လိုက္ၿပီး
အဝတ္စားလဲ
ကားေသာ့ယူကာ ထြက္လာခဲ့လိုက္သည္။

ဒီေန႔ေတာ့...
တစ္ခုခုကို ေသခ်ာ ဆံုးျဖတ္ရမွာပါပဲ...

ေတြေဝမႈကို....သတိရစိတ္က လႊမ္းမိုးသြားတဲ့အခါ...
လူေတြေျပာေျပာေနၾကတဲ့
အလြမ္း ဆိုတာ ပဲ ထင္ပါရဲ႕...

ဟုတ္တယ္...

ငါ...  မင္းကို...
တကယ္.... လြမ္းေနမိတယ္ ႀကိဳးေလး..

~~~~~~~~~~~~~~~~~

Tik..tok
Tik....tok

ၾကမ္းျပင္မွာ ခ်ထားတဲ့ နာရီကို မမွိန္မသုန္ စိုက္ၾကည့္ေန
ရင္းကေန
ေႂကြ အလိုမက်စြာ နာရီဘက္ မ်က္ႏွာမူ လွဲေနရာမွ
ေက်ာေပးလိုက္ၿပီး...

ဒီေန႔နဲ႔ဆို တစ္ပတ္ျပည့္ၿပီ...

ေနႏိုင္လိုက္တဲ့ လူႀကီး....

လူယုတ္မာႀကီး....

ေႂကြ လွဲေနရာကေန ငုတ္တုပ္ ထ ထိုင္လိုက္ၿပီး..
ေဘးမွာ ခ်ထားတဲ့ ph ေလးကို လွမ္းယူလိုက္ကာ...

" ph ေလး တစ္ခ်က္ဆက္ဖို႔ေတာင္ ေတာ္ေတာ္
ခက္ခဲေနတဲ့ ပံုပဲ....
ကြၽန္ေတာ္ ဘက္က စဆက္မွာ ေမွ်ာ္ေနရင္ေတာ့..
ခင္ဗ်ား ဘိုးဘြားရိပ္သာ သြားမွပဲ ျဖစ္မွာ....
လံုးဝပဲ....
လံုးဝ...  စ မဆက္သြယ္ဘူး ''

ဘာမွ မ႐ွိတဲ့ screen အမည္းေရာင္ ကိုၾကည့္ၿပီး
ပြစိပြစိ လုပ္ေနမိတဲ့ ေႂကြ...

" ဒီေခါင္းႀကီးကလည္း အားေန ဒါပဲ ေတြးေနတာပဲ...
စိတ္႐ႈပ္လာၿပီေနာ္... ''

ဆံပင္ေတြကို စိတ္႐ွိလက္႐ွိ ဆြဲ ဖြၿပီး တစ္ေယာက္တည္း
ေရရြတ္ေနစဥ္..

ေဒါက္... ေဒါက္

တံခါးေခါက္သံေၾကာင့္ ေႂကြ မေျဖခ်င္ ေျဖခ်င္ ႏွင့္

" ဘာလဲ??''

" ေအာက္မွာ သူေဌးကေတာ္ ေရာက္ေနတယ္
သားေႂကြ ''

ေႂကြရဲ႕ နဂိုကတည္းက မၾကည္တဲ့ မ်က္ႏွာေလး ပိုစူပုတ္သြားရသည္။

ဘာလာလုပ္ၾကျပန္ၿပီလဲ မသိ..
တစ္ရက္ကေလးမွ ေအးေအးကို မေနရေသး..

" သားေႂကြ?''

" အခု ဆင္းလာခဲ့မယ္''

ေႂကြ ေျပာၿပီးတာနဲ႔ မွန္မွာ ကိုယ့္ကိုယ္ကိုယ္ တစ္ခ်က္ျပန္
ၾကည့္လိုက္မိသည္။

T-shirt အပြအ႐ွည္ ကို အေပၚက
Shirt အက်ီ ၤပြေယာင္းေယာင္းကလည္း ကပိုက႐ို နဲ႔
အစင္းက်ား ေဘာင္းဘီ ပြပြကလည္း ပါေသး

႐ႈပ္ပြေနတဲ့ ဆံပင္ကို ခပ္ၾကမ္းၾကမ္း သပ္ခ်လိုက္ၿပီး

" ကိုးမာန္.... ကိုးမာန္
ခင္ဗ်ား နဲ႔ ကြၽန္ေတာ့္အိမ္ကလည္း ေရစက္ဆိုးပါ့
လြမ္းတာေတာင္ ေကာင္းေကာင္းမလြမ္းရဘူး
အျမဲ အေႏွာင့္ယွက္ေတြက တစ္ခုၿပီး တစ္ခု....

စိတ္ကုန္တယ္... စိတ္ကုန္တယ္ ''
.
.
.
.
.
ဘာရယ္မဟုတ္ပါပဲ...
ေႂကြ႔ရဲ႕ ညည္းတြားမႈေလးထက္
ပိုေလးလံနက္နဲတဲ့ ကံတရားကိုသာ
ႀကိဳးေလး သိခဲ့ရင္......
.
.
.
.
.
.
.
ေအာက္ထပ္ကိုေရာက္ေတာ့
Sofa မွာ မိန္႔မိန္႔ႀကီး ထိုင္ေနတဲ့ mommy ကို ေတြ႔
လိုက္ရေလသည္။

" ဒါက ဘယ္လိုပံု ျဖစ္ေနရတာလဲ??''

ေႂကြ sofa ေပၚမွာ ဖင္ေတာင္မထိုင္ရေသး
စတင္ေျပာဆိုေနတဲ့ mommy စကားေၾကာင့္
စိတ္ညစ္သြားရျပန္သည္။

လူကိုေတြ႔ရင္ ေျပာဆိုလိုက္ရတာကို
အားေဆးေသာက္ေနသည့္အလား ထင္မွတ္ေနၾကလား မသိ..

" အိမ္မွာေနၿပီး ၾကမ္းျပင္မွာ လွိမ့္ေနတာကို
Gucci ဝတ္ၿပီး Zara ဖိနပ္ စီးထားဖို႔ ေမွ်ာ္လင့္ေနတာလား mommy...
အပိုေတြ ဆူညံမေနပဲ
လာရင္းကိစၥကိုသာ ေျပာေပးရင္
ေက်းဇူးတင္မိမယ္ထင္တယ္ ''

Mommy လည္း တစ္ထစ္ေလွ်ာ့ သြားေသာ မ်က္ႏွာနဲ႔ ဘာမွ ဆက္မေျပာေတာ့ပဲ
ဖိုင္ တစ္ခုကို ေႂကြ႔ေ႐ွ႕ တင္ေပးေလသည္။

ေႂကြ မယူေသးပဲ mommy ကိုသာၾကည့္ေနလိုက္သည္။

" ေႂကြ႔နာမည္ နဲ႔ mommy ေပးထားတဲ့
Myanmar Plaza က ဆိုင္ခန္း  .. အခုလက္႐ွိ fashion shop တစ္ခု ဖြင့္ထားတယ္ေလ ''

ေႂကြ memory recall လုပ္ေပမယ့္ ေခါင္းထဲ ဘာမွ
ကိုေပၚမလာ..
ပိုင္ဆိုင္တာေတြက စာရြက္ေတြထဲမွာ ႐ွိေပမယ့္
ေႂကြ က ဘာကိုမွ အေလးမထားတာမို႔ မသိ..

႐ုတ္တရက္ mommy က ဘာလို႔မ်ား အစဆြဲထုတ္
ၿပီး ေခါင္းကိုက္ေအာင္ လာလုပ္ေနတာမ်ားလဲ..

" အဲ့ဆိုင္ကို mommy ျပန္လိုခ်င္တယ္..
ေပါက္ေစ်းအတိုင္း mommy လႊဲယူမွာမို႔ ေႂကြ
မနစ္နာေစရဘူး.. ''

ေႂကြ ဘာမွ ျပန္မေျပာပဲ ဖိုင္ကို လွမ္းယူလိုက္စဥ္
Mommy ဆက္ေျပာလာတဲ့ စကားေၾကာင့္
ေလထဲမွာတင္ ရပ္တန္႔သြားရေလသည္။

" ဂုဏ္ေရာင္ရဲ႕ ေကာင္မေလးက အဲ့ေနရာေလးကို
သေဘာက်လို႔ လက္ေဆာင္အျဖစ္ေပးခ်င္လို႔တဲ့ေလ
ေႂကြ႔မွာက...  ဒါမ်ိဳး အမ်ားႀကီး ႐ွိေနတာပဲကို..
ဒါေလးတစ္ခုေလာက္ကို တြယ္ကပ္မေနပါနဲ႔ ''

" ဘယ္လို? ဘယ္လို? ျပန္ေျပာျပၾကည့္ပါလား..
အဲ့ ဆိုင္ခန္းက ဘယ္သူ႔ဟာလဲ??''

" ေႂကြ႔ဟာေလ ''

" အဲ့ဒါကို ဘယ္သူ႔ကိုေပးမွာ??''

" ဂုဏ္ေရာင္ရဲ႕ ေကာင္မေလးကို ေပးဖို႔လို႔ ေျပာျပထားတယ္ေလ ''

" အဲ့ေတာ့ အခု.... mommy က ကြၽန္ေတာ့္ သေဘာထား လာေမးေနတယ္ ဆိုပါေတာ့..''

ေႂကြ ေမးခြန္းေတြ ထုတ္ေနတာကို mommy က
စိတ္႐ွည္ေတာ့ပံုမရ..

" ေႂကြ ရစ္မေနနဲ႔ေနာ္..''

" အခု ကြၽန္ေတာ့္ ဆံုးျဖတ္ခ်က္ကို ေျပာရေတာ့မွာေပါ့ ''

" ေအး ''

" ဒါဆိုလည္း ေျပာမယ္..  မေပးႏိုင္ဘူး ''

" ေႂကြ! ဒါ စီးပြားေရးလုပ္ေနတာ...
ခံစားခ်က္ေတြ ေရာေထြးမေနနဲ႔ ''

ေႂကြ အသက္မပါစြာ တစ္ခ်က္ရယ္လိုက္ၿပီး..

" အခု ေျပာေနတာလည္း ဘာခံစားခ်က္မွမပါဘူး
မေရာင္းခ်င္လို႔ကို မေရာင္းတာ...႐ွင္း႐ွင္းေလး ''

" ဂုဏ္ေရာင့္ကို ေပးမယ္ဆိုလို႔ တမင္လုပ္တာမလား ေႂကြ ''

" ေဟာေဟာ ခက္ေနပါၿပီဗ်ာ.. mommy မွာ ပိုက္ဆံ
ေပါတယ္မလား သင့္ေတာ္ရာ ႐ွာဝယ္ေပးလိုက္ပါ
ကြၽန္ေတာ္ ပိုင္တာေတြေတာ့ စိတ္နဲ႔ ေတာင္ လာမပစ္မွား
ေစခ်င္ဘူး...''

ေႂကြ ေျပာၿပီးတာနဲ႔ မတ္တပ္ထရပ္လိုက္ၿပီး
အိမ္ေပါက္ဝ ကို ေလွ်ာက္လာလိုက္သည္။
ဖိနပ္စီးေနရင္း ေႂကြ ေနာက္ဆံုးစကား ကို အမိအရ ေျပာလိုက္ေသးသည္။

" မင္းဂုဏ္ေရာင္ အတြက္ဆိုရင္ ကြၽန္ေတာ္ပိုင္တဲ့ ပစၥည္း
ေတြထဲက အိမ္စီး ဖိနပ္တစ္ရံေတာင္ မေပးႏိုင္ဘူး
အဲ့ဒါ ကြၽန္ေတာ့္သေဘာထားပဲ..''

ေႂကြ အိမ္အျပင္ ထြက္လိုက္တာနဲ႔ အခ်ိန္ကိုက္ဆိုသလို
ဝုန္းခနဲ ရြာခ်လာတဲ့ မိုးေၾကာင့္
ေႂကြ ေကာင္းကင္ကို အသာ ေမာ့ၾကည့္ရင္း ျပံဳးလိုက္မိသည္။

အပူေတြမ်ားေနတာ ေကာင္းကင္က နတ္သမီး ေလးက
သိေနသည့္အလား...
ေဆာင္းတြင္းႀကီး မိုးရြာခ်သည္တဲ့ေလ..

မိုးရြာေတာ့လည္း ေအးခ်မ္းတာေပါ့....

ဒီလို မိုးေရထဲမွာပဲ ကိုးမာန္ကို ေတြ႔ခဲ့တာေပါ့...

ေတြ႔လား... ဒီလို အခ်ိန္မွာေတာင္ ခင္ဗ်ားကိုပဲ ေတြးမိ
တာ.. ကိုးမာန္

မသိစိတ္ကို ဆရာတင္ၿပီး
မိုးေရေလး တေဖ်ာက္ေဖ်ာက္ နဲ႔ ေႂကြ
ေလွ်ာက္လာလိုက္တာ...

ေျခလွမ္းရဲ႕ ဦးတည္ရာကို သိလိုက္တဲ့ တခဏ
ေႂကြ ရပ္တန္႔သြားရေလသည္။

ေရာက္လာတဲ့ ေနရာက Pinky Cafe....

ဟူး......
ေႂကြ ေလပူ တစ္ခ်က္မႈတ္ထုတ္ၿပီး ဆိုင္ကို
ေငးၾကည့္လိုက္မိသည္။

ဒီဆိုင္ေလးကိုလည္း လြမ္းေနခဲ့တာ..
Black coffee ေလးေရာ..... လြမ္းေနခဲ့တာ..

ခင္ဗ်ားကို ပိုသတိရမွာစိုးလို႔
ဒီကိုေတာင္ ေျခဦးမလွည့္ျဖစ္ခဲ့တာ...

ခင္ဗ်ားကေတာ့ ဒါေတြေတာင္ သိမွာမဟုတ္
အ႐ူးႀကီး..

.
.
.
" ဆိုင္ထဲမဝင္ပဲ မတ္တပ္ရပ္ေနရင္ သူေတာင္းစား
လို႔ အထင္ခံရမယ္ေနာ္ ႀကိဳးေလး ''
.
.
.
.
.
ဟင္?
ဒါ.. ဒါ
မိုးေရထဲမွာေတာင္... သဲသဲကြဲကြဲ ၾကားလိုက္ရတဲ့ အသံ..

ကိုးမာန္?

ေႂကြ မယံုရဲစြာ ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့...
ေႂကြ နဲ႔ မလွမ္းမကမ္းမွာ ထီးအနက္ႀကီးေဆာင္းလ်က္
မတ္တပ္ရပ္ေနေသာ
ကိုးမာန္....
.
.
ေႂကြ႔ကို ျပံဳးလ်က္ ၾကည့္ေနတာ....

" ဆိုင္ေ႐ွ႕က ႀကိဳးေလးကို သနားလို႔ထင္တယ္...
နတ္သမီးက အငိုမတိတ္ေတာ့ဘူး...''

" အဲ့ေတာ့ ဘာျဖစ္လဲ??''

ေႂကြ ဘုဆတ္ဆတ္ေလး ေမးလိုက္ေတာ့..

" ျကိုးေလး ကိုယ့္ ထီးေအာက္ထဲ ဝင္လာမယ္ဆိုရင္ေတာ့
နတ္သမီးက အငိုတိတ္သြားမယ္ ထင္တယ္
ဘယ္လိုလဲ လာမယ္မလား? "

ကိုးမာန္ နဲ႔မတူစြာ စကားတက္လြန္းေနတဲ့ လူႀကီးကို ေႂကြ
ခပ္မဲ့မဲ့ တစ္ခ်က္ၾကည့္လိုက္ၿပီး..
တစ္ၿပိဳင္နက္တည္း ျပံဳးလိုက္မိသည္...

အ႐ူးႀကီး....
.
.
.

ဒါေပမယ့္ ကြၽန္ေတာ္က ခင္ဗ်ားထက္ ပို႐ူးေနၿပီ ကိုးမာန္..

~~~~~~~~~~~~~~~~~~~
tbc.

Hello Suprises!!!!
Thanks for lovely my creations
I'll try more than more to best
Thanks you

21.11.2018
10:30 P.M
N.S.P

Notice*
Feedback ေလးေတြ reply မျပန္ႏိုင္ေပမယ့္ အျမဲ
ခဏခဏ ဖတ္ေနရသူပါ
ေဝဖန္ေပးၾကပါေနာ္
ပိုႀကိဳးစားပါ့မယ္ဗ်

#" ခင်ဗျား ဘာပြောပြော ကျွန်တော် စိတ်မဝင်စားတော့ဘူး
ဦး မင်းနောင်ကြိုး ''

#" ဘာ?''

#" ခင်ဗျားဘဝ ပျက်အောင် ကျွန်တော်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ဘူး အဲ့အတွက် ကျွန်တော့်ကို အပြစ်တင်
နေတာတွေ ရပ်လိုက်ပါတော့''

#" မင်း... ငါ့ကို ဒီလိုလုပ်လို့မရဘူး! !''

#" ဘာလို့ မရ ရမှာလဲ? ခင်ဗျားတစ်ယောက်တည်း ဆုံးရှုံးခဲ့
ရတာ မဟုတ်ဘူး.... ကျွန်တော်လည်း ခင်ဗျားနည်းတူ
ဆုံးရှုံးခဲ့ရတာ မို့ ဘယ်သူ့ကိုမှ အပြစ်မတင်ပဲ နေသွားကြ
တာပေါ့ ''

.
.
.
ဒီစကား.... ဒီမျှပဲ ပြောပြီး သွန်းမာန်
နောက်ပြန်လှည့်မကြည့်ပဲ
ထွက်လာခဲ့တာ.....

ထိုနေ့ကတည်းက အားလုံးကို စိတ်ပိုင်းဖြတ်ခဲ့တာ..

သွန်းမာန် မှန်မှာ မျက်နှာသစ်ပြီးခါစ
ထင်ဟပ်နေတဲ့
ရေစက်လက်နဲ့ မျက်နှာကို အတန်ကြာ
စိုက်ကြည့်နေမိသည်။

35 နှစ်အရွယ် ယောက်ျားတစ်ယောက်
ဖြစ်ပါလျက်
တွေဝေလွန်းနေတဲ့ သူ....

ငါ့လို လူကို ဘာလို့ မျှော်လင့်နေရတာလဲ ကြိုးလေး...

ငါက..မင်းကို.... ပျော်ရွှင်အောင် ထားပေးနိုင်ပါ့မလား....
ငါက... မင်း အချစ်ကို လက်ခံလို့ရော ဖြစ်ရဲ့လား....
ငါက...မင်းကို...
ငါက..
ငါက...
.
.
.
ငါက....မင်းကို အချစ် ပြန်ပေးနိုင်ပါ့မလား....

မေးခွန်းပေါင်းများစွာ နဲ့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်စွာ မှန်ကို ကျောခိုင်းလိုက်မိသည်။

ဘာလို့များ....
ဒီလောက်တောင် ခက်ခဲနေရတာလဲ...

အဖြေမရှိတဲ့ မေးခွန်းတွေပဲ ခဏခဏ ထုတ်နေရတာ
ငါပင်ပန်းတယ် ကြိုးလေးရယ်...

အပြစ်မရှိတဲ့ မင်းကို...
တစ်ခုခု မှားယွင်းစေသွားမိပြီ ဆိုတဲ့ အတွေးတွေကြောင့်
ငါပင်ပန်းတယ်....

ဦးမင်းနောင်ကြိုး ပြောသလို..
ငါက အပြစ်တွေ များပြီး ငါနဲ့ ပတ်သတ်တဲ့ သူတိုင်းကို
ဒုက္ခရောက်စေနေမိတယ်ဆိုရင် ရော....

ငါ မင်းကို ချစ်လို့ရပါ့မလား....
.
.
.
.
.

သွန်းမာန် သက်ပြင်းမော တစ်ချက်ချလိုက်ပြီး
အဝတ်စားလဲ
ကားသော့ယူကာ ထွက်လာခဲ့လိုက်သည်။

ဒီနေ့တော့...
တစ်ခုခုကို သေချာ ဆုံးဖြတ်ရမှာပါပဲ...

တွေဝေမှုကို....သတိရစိတ်က လွှမ်းမိုးသွားတဲ့အခါ...
လူတွေပြောပြောနေကြတဲ့
အလွမ်း ဆိုတာ ပဲ ထင်ပါရဲ့...

ဟုတ်တယ်...

ငါ...  မင်းကို...
တကယ်.... လွမ်းနေမိတယ် ကြိုးလေး..

~~~~~~~~~~~~~~~~~

Tik..tok
Tik....tok

ကြမ်းပြင်မှာ ချထားတဲ့ နာရီကို မမှိန်မသုန် စိုက်ကြည့်နေ
ရင်းကနေ
ကြွေ အလိုမကျစွာ နာရီဘက် မျက်နှာမူ လှဲနေရာမှ
ကျောပေးလိုက်ပြီး...

ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်ပြီ...

နေနိုင်လိုက်တဲ့ လူကြီး....

လူယုတ်မာကြီး....

ကြွေ လှဲနေရာကနေ ငုတ်တုပ် ထ ထိုင်လိုက်ပြီး..
ဘေးမှာ ချထားတဲ့ ph လေးကို လှမ်းယူလိုက်ကာ...

" ph လေး တစ်ချက်ဆက်ဖို့တောင် တော်တော်
ခက်ခဲနေတဲ့ ပုံပဲ....
ကျွန်တော် ဘက်က စဆက်မှာ မျှော်နေရင်တော့..
ခင်ဗျား ဘိုးဘွားရိပ်သာ သွားမှပဲ ဖြစ်မှာ....
လုံးဝပဲ....
လုံးဝ...  စ မဆက်သွယ်ဘူး ''

ဘာမှ မရှိတဲ့ screen အမည်းရောင် ကိုကြည့်ပြီး
ပွစိပွစိ လုပ်နေမိတဲ့ ကြွေ...

" ဒီခေါင်းကြီးကလည်း အားနေ ဒါပဲ တွေးနေတာပဲ...
စိတ်ရှုပ်လာပြီနော်... ''

ဆံပင်တွေကို စိတ်ရှိလက်ရှိ ဆွဲ ဖွပြီး တစ်ယောက်တည်း
ရေရွတ်နေစဉ်..

ဒေါက်... ဒေါက်

တံခါးခေါက်သံကြောင့် ကြွေ မဖြေချင် ဖြေချင် နှင့်

" ဘာလဲ??''

" အောက်မှာ သူဌေးကတော် ရောက်နေတယ်
သားကြွေ ''

ကြွေရဲ့ နဂိုကတည်းက မကြည်တဲ့ မျက်နှာလေး ပိုစူပုတ်သွားရသည်။

ဘာလာလုပ်ကြပြန်ပြီလဲ မသိ..
တစ်ရက်ကလေးမှ အေးအေးကို မနေရသေး..

" သားကြွေ?''

" အခု ဆင်းလာခဲ့မယ်''

ကြွေ ပြောပြီးတာနဲ့ မှန်မှာ ကိုယ့်ကိုယ်ကိုယ် တစ်ချက်ပြန်
ကြည့်လိုက်မိသည်။

T-shirt အပွအရှည် ကို အပေါ်က
Shirt အကျီ ၤပွယောင်းယောင်းကလည်း ကပိုကရို နဲ့
အစင်းကျား ဘောင်းဘီ ပွပွကလည်း ပါသေး

ရှုပ်ပွနေတဲ့ ဆံပင်ကို ခပ်ကြမ်းကြမ်း သပ်ချလိုက်ပြီး

" ကိုးမာန်.... ကိုးမာန်
ခင်ဗျား နဲ့ ကျွန်တော့်အိမ်ကလည်း ရေစက်ဆိုးပါ့
လွမ်းတာတောင် ကောင်းကောင်းမလွမ်းရဘူး
အမြဲ အနှောင့်ယှက်တွေက တစ်ခုပြီး တစ်ခု....

စိတ်ကုန်တယ်... စိတ်ကုန်တယ် ''
.
.
.
.
.
ဘာရယ်မဟုတ်ပါပဲ...
ကြွေ့ရဲ့ ညည်းတွားမှုလေးထက်
ပိုလေးလံနက်နဲတဲ့ ကံတရားကိုသာ
ကြိုးလေး သိခဲ့ရင်......
.
.
.
.
.
.
.
အောက်ထပ်ကိုရောက်တော့
Sofa မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ mommy ကို တွေ့
လိုက်ရလေသည်။

" ဒါက ဘယ်လိုပုံ ဖြစ်နေရတာလဲ??''

ကြွေ sofa ပေါ်မှာ ဖင်တောင်မထိုင်ရသေး
စတင်ပြောဆိုနေတဲ့ mommy စကားကြောင့်
စိတ်ညစ်သွားရပြန်သည်။

လူကိုတွေ့ရင် ပြောဆိုလိုက်ရတာကို
အားဆေးသောက်နေသည့်အလား ထင်မှတ်နေကြလား မသိ..

" အိမ်မှာနေပြီး ကြမ်းပြင်မှာ လှိမ့်နေတာကို
Gucci ဝတ်ပြီး Zara ဖိနပ် စီးထားဖို့ မျှော်လင့်နေတာလား mommy...
အပိုတွေ ဆူညံမနေပဲ
လာရင်းကိစ္စကိုသာ ပြောပေးရင်
ကျေးဇူးတင်မိမယ်ထင်တယ် ''

Mommy လည်း တစ်ထစ်လျှော့ သွားသော မျက်နှာနဲ့ ဘာမှ ဆက်မပြောတော့ပဲ
ဖိုင် တစ်ခုကို ကြွေ့ရှေ့ တင်ပေးလေသည်။

ကြွေ မယူသေးပဲ mommy ကိုသာကြည့်နေလိုက်သည်။

" ကြွေ့နာမည် နဲ့ mommy ပေးထားတဲ့
Myanmar Plaza က ဆိုင်ခန်း  .. အခုလက်ရှိ fashion shop တစ်ခု ဖွင့်ထားတယ်လေ ''

ကြွေ memory recall လုပ်ပေမယ့် ခေါင်းထဲ ဘာမှ
ကိုပေါ်မလာ..
ပိုင်ဆိုင်တာတွေက စာရွက်တွေထဲမှာ ရှိပေမယ့်
ကြွေ က ဘာကိုမှ အလေးမထားတာမို့ မသိ..

ရုတ်တရက် mommy က ဘာလို့များ အစဆွဲထုတ်
ပြီး ခေါင်းကိုက်အောင် လာလုပ်နေတာများလဲ..

" အဲ့ဆိုင်ကို mommy ပြန်လိုချင်တယ်..
ပေါက်ဈေးအတိုင်း mommy လွှဲယူမှာမို့ ကြွေ
မနစ်နာစေရဘူး.. ''

ကြွေ ဘာမှ ပြန်မပြောပဲ ဖိုင်ကို လှမ်းယူလိုက်စဉ်
Mommy ဆက်ပြောလာတဲ့ စကားကြောင့်
လေထဲမှာတင် ရပ်တန့်သွားရလေသည်။

" ဂုဏ်ရောင်ရဲ့ ကောင်မလေးက အဲ့နေရာလေးကို
သဘောကျလို့ လက်ဆောင်အဖြစ်ပေးချင်လို့တဲ့လေ
ကြွေ့မှာက...  ဒါမျိုး အများကြီး ရှိနေတာပဲကို..
ဒါလေးတစ်ခုလောက်ကို တွယ်ကပ်မနေပါနဲ့ ''

" ဘယ်လို? ဘယ်လို? ပြန်ပြောပြကြည့်ပါလား..
အဲ့ ဆိုင်ခန်းက ဘယ်သူ့ဟာလဲ??''

" ကြွေ့ဟာလေ ''

" အဲ့ဒါကို ဘယ်သူ့ကိုပေးမှာ??''

" ဂုဏ်ရောင်ရဲ့ ကောင်မလေးကို ပေးဖို့လို့ ပြောပြထားတယ်လေ ''

" အဲ့တော့ အခု.... mommy က ကျွန်တော့် သဘောထား လာမေးနေတယ် ဆိုပါတော့..''

ကြွေ မေးခွန်းတွေ ထုတ်နေတာကို mommy က
စိတ်ရှည်တော့ပုံမရ..

" ကြွေ ရစ်မနေနဲ့နော်..''

" အခု ကျွန်တော့် ဆုံးဖြတ်ချက်ကို ပြောရတော့မှာပေါ့ ''

" အေး ''

" ဒါဆိုလည်း ပြောမယ်..  မပေးနိုင်ဘူး ''

" ကြွေ! ဒါ စီးပွားရေးလုပ်နေတာ...
ခံစားချက်တွေ ရောထွေးမနေနဲ့ ''

ကြွေ အသက်မပါစွာ တစ်ချက်ရယ်လိုက်ပြီး..

" အခု ပြောနေတာလည်း ဘာခံစားချက်မှမပါဘူး
မရောင်းချင်လို့ကို မရောင်းတာ...ရှင်းရှင်းလေး ''

" ဂုဏ်ရောင့်ကို ပေးမယ်ဆိုလို့ တမင်လုပ်တာမလား ကြွေ ''

" ဟောဟော ခက်နေပါပြီဗျာ.. mommy မှာ ပိုက်ဆံ
ပေါတယ်မလား သင့်တော်ရာ ရှာဝယ်ပေးလိုက်ပါ
ကျွန်တော် ပိုင်တာတွေတော့ စိတ်နဲ့ တောင် လာမပစ်မှား
စေချင်ဘူး...''

ကြွေ ပြောပြီးတာနဲ့ မတ်တပ်ထရပ်လိုက်ပြီး
အိမ်ပေါက်ဝ ကို လျှောက်လာလိုက်သည်။
ဖိနပ်စီးနေရင်း ကြွေ နောက်ဆုံးစကား ကို အမိအရ ပြောလိုက်သေးသည်။

" မင်းဂုဏ်ရောင် အတွက်ဆိုရင် ကျွန်တော်ပိုင်တဲ့ ပစ္စည်း
တွေထဲက အိမ်စီး ဖိနပ်တစ်ရံတောင် မပေးနိုင်ဘူး
အဲ့ဒါ ကျွန်တော့်သဘောထားပဲ..''

ကြွေ အိမ်အပြင် ထွက်လိုက်တာနဲ့ အချိန်ကိုက်ဆိုသလို
ဝုန်းခနဲ ရွာချလာတဲ့ မိုးကြောင့်
ကြွေ ကောင်းကင်ကို အသာ မော့ကြည့်ရင်း ပြုံးလိုက်မိသည်။

အပူတွေများနေတာ ကောင်းကင်က နတ်သမီး လေးက
သိနေသည့်အလား...
ဆောင်းတွင်းကြီး မိုးရွာချသည်တဲ့လေ..

မိုးရွာတော့လည်း အေးချမ်းတာပေါ့....

ဒီလို မိုးရေထဲမှာပဲ ကိုးမာန်ကို တွေ့ခဲ့တာပေါ့...

တွေ့လား... ဒီလို အချိန်မှာတောင် ခင်ဗျားကိုပဲ တွေးမိ
တာ.. ကိုးမာန်

မသိစိတ်ကို ဆရာတင်ပြီး
မိုးရေလေး တဖျောက်ဖျောက် နဲ့ ကြွေ
လျှောက်လာလိုက်တာ...

ခြေလှမ်းရဲ့ ဦးတည်ရာကို သိလိုက်တဲ့ တခဏ
ကြွေ ရပ်တန့်သွားရလေသည်။

ရောက်လာတဲ့ နေရာက Pinky Cafe....

ဟူး......
ကြွေ လေပူ တစ်ချက်မှုတ်ထုတ်ပြီး ဆိုင်ကို
ငေးကြည့်လိုက်မိသည်။

ဒီဆိုင်လေးကိုလည်း လွမ်းနေခဲ့တာ..
Black coffee လေးရော..... လွမ်းနေခဲ့တာ..

ခင်ဗျားကို ပိုသတိရမှာစိုးလို့
ဒီကိုတောင် ခြေဦးမလှည့်ဖြစ်ခဲ့တာ...

ခင်ဗျားကတော့ ဒါတွေတောင် သိမှာမဟုတ်
အရူးကြီး..

.
.
.
" ဆိုင်ထဲမဝင်ပဲ မတ်တပ်ရပ်နေရင် သူတောင်းစား
လို့ အထင်ခံရမယ်နော် ကြိုးလေး ''
.
.
.
.
.
ဟင်?
ဒါ.. ဒါ
မိုးရေထဲမှာတောင်... သဲသဲကွဲကွဲ ကြားလိုက်ရတဲ့ အသံ..

ကိုးမာန်?

ကြွေ မယုံရဲစွာ နောက်ကို လှည့်ကြည့်လိုက်တော့...
ကြွေ နဲ့ မလှမ်းမကမ်းမှာ ထီးအနက်ကြီးဆောင်းလျက်
မတ်တပ်ရပ်နေသော
ကိုးမာန်....
.
.
ကြွေ့ကို ပြုံးလျက် ကြည့်နေတာ....

" ဆိုင်ရှေ့က ကြိုးလေးကို သနားလို့ထင်တယ်...
နတ်သမီးက အငိုမတိတ်တော့ဘူး...''

" အဲ့တော့ ဘာဖြစ်လဲ??''

ကြွေ ဘုဆတ်ဆတ်လေး မေးလိုက်တော့..

" ကြိုးလေး ကိုယ့် ထီးအောက်ထဲ ဝင်လာမယ်ဆိုရင်တော့
နတ်သမီးက အငိုတိတ်သွားမယ် ထင်တယ်
ဘယ်လိုလဲ လာမယ်မလား? "

ကိုးမာန် နဲ့မတူစွာ စကားတက်လွန်းနေတဲ့ လူကြီးကို ကြွေ
ခပ်မဲ့မဲ့ တစ်ချက်ကြည့်လိုက်ပြီး..
တစ်ပြိုင်နက်တည်း ပြုံးလိုက်မိသည်...

အရူးကြီး....
.
.
.

ဒါပေမယ့် ကျွန်တော်က ခင်ဗျားထက် ပိုရူးနေပြီ ကိုးမာန်..

~~~~~~~~~~~~~~~~~~~
tbc.

Hello Suprises!!!!
Thanks for lovely my creations
I'll try more than more to best
Thanks you

21.11.2018
10:30 P.M
N.S.P

Notice*
Feedback လေးတွေ reply မပြန်နိုင်ပေမယ့် အမြဲ
ခဏခဏ ဖတ်နေရသူပါ
ဝေဖန်ပေးကြပါနော်
ပိုကြိုးစားပါ့မယ်ဗျ

Czytaj Dalej

To Też Polubisz

2.2M 148K 104
Doctor Handsome & Medical Student
1.4M 235K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသားဆိုး အေယာင္ေဆာင္) / (ကျောင်းသားဆိုး အယေ...
401K 22.6K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...
393K 42.3K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...