"စောင့်ပါဦး Unnieရဲ့" Jennieနောက်က လှမ်းအော်လိုက်တော့ Jisooခြေလှမ်းတွေ ရပ်သွားတယ်။
အခန်းပြန်မယ်ဆိုပြီး လူမရှိတဲ့ အခြမ်းဘက်ထွက်လာတာ။ စိတ်တိုပြီး ဘယ်ဘက်ကို လျှောက်လာမိတာလဲတောင် မသိတော့ဘူး။
ပြေးလာတဲ့Jennieက လမ်းလျှောက်လာတဲ့ Jisooကို မှီသွားပြီး Jisooလက်တွေကို လှမ်းကိုင်လိုက်တယ်။
"ရေထဲထိသွားမလို့လား Ji Ji"
ကလေးနှုတ်ခမ်းက ထွက်လာတဲ့ သူ့အတွက် ပထမဆုံးသော nickname...ji jiတဲ့လား။ ဘယ်လိုပြောရင် စိတ်တိုပျောက်မလဲ သိပ်သိတဲ့ကလေး။
"ရေထဲထိ မသွားပါဘူး...လူတွေနဲ့ စိတ်ရှုပ်လာလို့" မယုတ်မလွန်ဖြေလိုက်တော့...
"ဘာလို့ စိတ်ရှုပ်ရတာလဲ"
သိရဲ့သားနဲ့မေးပြန်ပြီ။
"Babe...ကိုယ်ချစ်တဲ့သူကို တခြားသူက ချစ်တယ်အော်နေတာ စိတ်မရှုပ်ဘဲနေမလား"
"Ji Jiya...အရင်ဆုံး ဒီမှာ အရင်ထိုင်။ပြီးရင်...ဟိုက လှိုင်းတွေကို ကြည့်လိုက်။ ကမ်းစပ်က လက်မခံတာတောင် ကြိုးစားပြီး အမြဲ ကမ်းခြေကို ရိုက်ခတ်နေတာ။ ဘယ်အချိန်လက်ခံမလဲလို့။"
ဟုတ်ပါရဲ့ လှိုင်းတွေ တဝုန်းဝုန်းနဲ့ ကမ်းဆီလာနေတာပါလား။
"ဘယ်အချိန် သူပိုင်မလဲ မသိတာတောင် လှိုင်းတွေက ကမ်းစပ်ကို အမြဲကြည့်နေတာ..."
Jisoo ခေါင်းငိုက်စိုက်ချထားရုံကလွဲပြီး ပြန်မပြောတတ်ပါ။ တကယ်ဆို သူ့အပြုအမူက လွန်သွားသည်လေ။ ထထွက်လာခဲ့တာကိုး။
ခေါင်းငုံ့နေတဲ့ Jisooမျက်နှာကို မော့ခိုင်းပြီး...Jennieတစ်ယောက် Jisooရဲ့ မျက်လုံးတွေကို တည့်ကြည့်ပြီး ပြောချလိုက်တယ်။
"လှိုင်းတွေကတောင် အဲ့လိုကြိုးစားနေတာ။ Unnieက ဘာလို့ကြိုးစားပြီးတောင် ဒီကိုတစ်ချက်မကြည့်ဘဲ ထွက်သွားရတာလဲ..."
"မီရားနဲ Babeya..."
"ခု ကြားချင်တာ အဲ့စကားမဟုတ်ပါဘူး"
"ဟင်..."
"တခြားစကားပြောခိုင်းတာ..."
"ချစ်တယ် babe"
"........"
Jisooလက်လေးကို Jennieကိုင်လိုက်တယ်။
"တူတူပဲ...ji jiကို အရမ်းချစ်တာ"
"တကယ်လား"
"ဒါက ညာစရာမို့လို့လား"
ခုတော့ စိတ်ဆိုးပြေလို့...ကလေးလက်ဆွဲရာနောက်ကို လိုက်ခဲ့ရပါပြီ။ အကြီးနဲ့အငယ်က ပြောင်းပြန်တွေကို ဖြစ်လို့...Jennieက ရှေ့ကဆွဲခေါ်သွားပြီး Jisooက နောက်က လက်ဆွဲလိုက်ရသူ...
လူကြီးဆန်တဲ့ ကလေးက သိပ်ချစ်ဖို့ကောင်းတယ်ဆိုတာ တခြားသူတွေရော သိကြပါ့မလား....
.
.
.
အခန်းရှေ့ရောက်တော့ သူတို့ကို ကျန်တဲ့လေးယောက်က သူတို့ကို စောင့်နေကြတာ။ စောင့်နေတယ်ဆိုတာထက် သောက်နေတယ်ဆို ပိုမှန်လိမ့်မယ်။ ဝိုင်ပုလင်းကြီးထောင်လို့...
Chaeyoungဆိုလည်း တော်တော်သောက်ပြီးနေပြီ။
"ဟေ့ ပြန်လာကြပြီလား"
"မလာ မလာနဲ့ စောင့်ရင်းက ပုလင်းတစ်ဝက်ကျော်ပြီ...ဟီး"
"သောက်ကြမလား"
"တော်ပြီ" "သောက်မယ်" jisoo နဲ့ jennieဆီက မတူတဲ့ အဖြေနှစ်ခု။ Jisooက ငြင်းပြီး Jennieက သောက်မှာတဲ့လေ။
"Wae...Ji Jiက ဘာလို့မသောက်တာလဲ။ မမူးပါဘူး ဒါက"
"Unnieက alcohol sensitive zoneလေ Jennieshi။ အားကစားလုပ်တာကြောင့် မသောက်တာ။ လုံးဝကို မထိဘူး ဒီလိုဝိုင်မျိုးကိုတောင်"
"Chaeyoung unnieက တကယ့် ထူးထူးဆန်းဆန်းနော်"
"သောက်ကြ သောက်ကြ။ ငါက မုန့်တွေစားမယ်"
"Cheer🎉"
တစ်နာရီလောက်ထပ်ထိုင်လိုက်တော့ Chaeyoungက တော်တော်ကို မူးနေပြီ။ သူလည်း တကယ်ဆို မသောက်နိုင်ဘူးလေ။ ထိန်းမယ့်သူ လာပြီဆိုပြီး သောက်နေတာ။
"Lisaya...Chaeyoungကို Unnieအထဲ လိုက်ပို့လိုက်ဦးမယ်။ lisaက နေဦးမှာမလား"
"Nae...unnie. Chaeyoungပြီးရင် Unnieလိုက်ပို့စရာ Nayeonကျန်သေးတယ်" Nayeonကို လှမ်းကြည့်ရင်း lisaပြောလိုက်တယ်။
ဒီမိန်းကလေး နှစ်ယောက်ကတော့ အမြဲ ဒီအတိုင်း။သောက်တိုင်းထိန်းရတယ်။ ပြီးတော့ ကြားလို့လည်း မကောင်းဘူး အပျော့စားနဲ့ ဝိုင်သောက်ပြီး မူးရတယ်လို့လေ။
Jisoo အရင်ဆုံး Chaeyoungကို လိုက်ပို့လိုက်သည်။ ပြီးတော့ Nayeonကို Joyနဲ့ တူတူတွဲခေါ်ပြီး အခန်းထဲတွဲပို့ရသည်။
ခြေအိတ်တွေ ချွတ်ပေးပြီး စောင်ပါ သေချာခြုံပေးခဲ့ရသေး။ မတော် အအေးပတ်နေမှာ။
ပြီးတော့...Jennieနဲ့ lisaဆီကို ပြန်ရသည်ပေါ့။
"ပို့ပြီးသွားပြီလား unnie"
"ပြီးပြီ lisaရေ"
"ကြာနေတော့ Unnieအခန်းကို တန်းပြန်သွားပြီထင်နေတာ"
"Nayeonပေါ့ ဖိနပ်နဲ့ ခြေအိတ် ချွတ်ပေးတာကို အချွတ်မခံလို့ ကြာနေတာ"
"Nae...အဲ့တာဆို ပြန်ကြစို့"
"Ok...lisaကို လိုက်ပို့မယ်။ ပြီးရင် အခန်းပြန်မယ်လေ။ Ni Niလေး လိုက်ပို့ကြစို့လာ"
.
.
Lisaကို ပို့ပြီး Jennieကို ကြည့်လိုက်တော့ မှုန်ကုပ်ကုပ်နဲ့။
"Babe"
"Wae"
အသံက စိတ်ဆိုးနေသလိုပဲ။
"ဘာဖြစ်လို့ မှုန်မှုန်ကုပ်ကုပ်လေး ဖြစ်နေရတာလဲ။ အူယားစရာကောင်းလိုက်တာနော် ရုပ်ကလေးက Aigoo..."
"တော်ပါပြီ...လူကို အကုန်လုံးကို ပတ်ပို့ပြီးမှ စကားလာပြောနေတာ"
ကလေးက မနာလိုနေတာပဲ။
"အဲ့တာက babeနဲ့ အခန်းတူတူမို့လေ။ အဲ့တာကြောင့် ပြန်မပို့တာပေါ့ babeရဲ့"
"လူကို အရေးမလုပ်ဘူး ။ ခုနကတော့ သူပဲ ချစ်တယ်ဆိုပြီး"
"ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်က ဘယ်လိုသဘောမျိုးပြောတာလဲ စဉ်းစားကြည့်ပါဦး။ တခြားသူတွေကို ချစ်သလို ချစ်တာပဲလားလို့"
ပြောပြောဆိုဆိုနဲ့ အခန်းတံခါးကို ဝုန်းဆို ပိတ်သွားတယ်။
အယ်...ငါ့ကို အပြင်မှာ ထားခဲ့တာလား?
"Babeဝင်ခဲ့ပြီနော်"
မဝင်လို့လည်း မရ။ ဒီမှာပဲ အိပ်ရမှာကို။
တံခါးဖွင့်ပြီး ဝင်လိုက်တော့ အပေါက်ဝကနေ မျက်မှောင်ကျုံပြီး ကြည့်နေတာ ချေချေလေးက။
Jisooအခန်းထဲဝင်ပြီး တံခါးပိတ်လိုက်တော့ ချာကနဲ လှည့်ထွက်သွားတာ။
ချော့ရမယ်လေ ဒီအချိန်။ ဘယ်ရမလဲ ချော့မှာပေါ့ ကိုယ့် Babeကို။
Jennieလက်လေးကို လှမ်းဆွဲထားပြီး ကလေးကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်တယ်။
"Babeက ရုပ်တည်လေးနဲ့လည်း အရမ်းချစ်ဖို့ကောင်းတာပဲနော်"
လူကို ချော့ပြောနေတာ။ ချစ်တယ်ပြောထားပြီး ကျန်တဲ့သူတွေကို ဂရုစိုက်နေတာ သူပဲ။ ခုမှလာပြီး ချော့နေ ...မုန်းစရာကြီး။
ဘာလို့ မုန်းစရာကောင်းလောက်အောင်ထိ ချစ်ဖို့ကောင်းနေရတာလဲ။
ဒါပေမယ့် Jisooရဲ့ အပြုအမူနဲ့ စကားတွေအောက်မှာ Jennieရဲ့ သဝန်တိုပြီး စိတ်ကောက်နေတဲ့ ခံစားချက်က ကြာကြာမခံနိုင်ခဲ့...
"Babeကို ညီမလေးလိုရော သူငယ်ချင်းလိုရော...ပြီးတော့ အားလုံးထက်ပိုပြီး ချစ်သူလိုရော ချစ်တာ"
"Please open your heart for me,babe"
သူ့နှာဖူးပေါ်ကို Jisooရဲ့ နှုတ်ခမ်းလေးရောက်လာတယ်။
သူရှက်ပြီး မျက်လုံးမှိတ်လိုက်တော့...သူ့ မျက်လုံးတွေပေါ်ကို အဲ့ဒီရူးလောက်တဲ့ အနမ်းတွေက ထပ်ရောက်လာပြန်ရော။
သူသဘောကျလို့ ပြုံးမိလိုက်တော့...သူ့ပါးကို ဖျတ်ကနဲ အနမ်းတွေက ကူးလာတယ်။
တစ်ဆင့်ချင်း နမ်းနေတဲ့ နူနူညံ့ညံ့ အနမ်းတွေကြောင့် Jennieနွေးထွေးရပါတယ်။
မော့ကြည့်လိုက်တော့ ရှေ့မဆက်ရဲဘဲ ရှက်နေတဲ့ သူ့ရဲ့လူကြီးသေးသေးလေး...
လူကြီးသေးသေးလေးက တကယ်တော့ ကလေးကြီးပါ။
သူ့နှုတ်ခမ်းတွေဆီ ရောက်လာတဲ့အထိ ဆက်မနမ်းရဲ...
"ချစ်တယ် Ji Ji"
ပြောပြီး Jisooလည်ပင်းတွေကို သိုင်းဖက်လိုက်တယ်။
Jisooကို နံရံဆီတွန်းပို့ရင်း သူ့နှုတ်ခမ်းဆီအနမ်းကို Jennieပဲ ဦးဆောင်နမ်းလိုက်ရတယ်။
စမနမ်းရဲတဲ့ Jisoo...Jennieအနမ်းတွေကို မက်မက်စက်စက်လက်ခံပြီး...
သူ့ရဲ့ တုန့်ပြန်အနမ်းတွေကလည်း Jennieနှုတ်ခမ်းပါးမှာ နေရာယူလို့...
ချစ်တယ် တစ်ဘဝလုံးစာပါ။
.
.
.
ဘဝက လက်ပတ်နာရီတစ်လုံးဆိုပါစို့။
ကလေးက နာရီအိုးလေးဆို ဒီက နာရီကြိုးလေး ဖြစ်ချင်တာမျိုး။
နှစ်ယောက်ပေါင်းမှ လက်ပတ်နာရီလေးရယ်လို့ ခေါ်မှာလေ...
ချစ်တယ်စပြောတာ ဒီကဆိုပေမယ့် အနမ်းအရင်ပေးခဲ့တဲ့ကလေးက အရေးပါတဲ့ နာရီအိုးလေးပါ။
ဒီက ပါရမီ ဖြည့်ပေးနေမှာ...🙈