Referred Pain

By Boffees

78.9K 4.9K 96

မူလ​နေရာ မဟုတ်​ဘဲ တခြား​နေရာမှာ ခံစားရတဲ့ နာကျင်​မှု​ဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့က​လေးဟာ သူ့အတွက်​ တ... More

Part0
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part9
Part 11
Part12
Part13
Part 14
Part15
Part 16
Part17
Part18
Part 19💣
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Bonus part

Part10

1.9K 160 0
By Boffees

မေတ္တာဆိုတာကလည်း ဆန်းကြယ်​တယ်​​လေ
သူ့ဆီသွားတဲ့အခါ လမ်းမှာ​တောင်​ ​ပျော်​​နေတတ်​တာမျိုး....

သင်​​ပေးတာ ၄ပတ်​​မြောက်​​တဲ့​နေ့....
ဒီ​အပတ်​​နောက်​ဆုံးသင်​​ပေးပါဆိုပြီး စာပို့လာတဲ့ Jennie​ကြောင့်​ Jisooပန်းခြံထဲ​ရောက်​​နေတာ...
စာကြည့်​တိုက်​ကို မသွားဘဲ တန်းလာလိုက်​​တော့ Jennie​တောင်​ မ​ရောက်​​သေး...ဒီ​နေ့တစ်​​နေကုန်​ ည​နေအထိ အချိန်​​ပေးပါတဲ့​...​နေ့လည်​စာ တူတူစာဝယ်​​ကျွေးမယ်ချင်​လို့ပါတဲ့​လေ....

"Unnie...အ​စောကြီး​ကြို​ရောက်​​နေတာလား"

"Onn...ဟုတ်​တယ်​​။ စကိတ်​​ရော Jennie" လက်​ထဲမှာ စကိတ်​အစား လွယ်​အိတ်​​သေး​သေး​လေးသာပါလာသည်​။ ပြီး​တော့ ဂါဝန်​ အပြာ​ရောင်​အစင်း​လေးနဲ့....က​လေး​လေးလို။ လည်​ပင်းမှာ ဆွဲကြိုးမျှင်​မျှင်​​လေးဆွဲလို့...အဲ့ဆွဲကြိုး​လေးသာ ဖြစ်​ချင်​​တော့တာပဲ။

"ဂါဝန်​နဲ့ ဘယ်​လို စီးမလဲ"

"Unnie...တကယ်​က​...ဒီ​နေ့ မစီး​တော့ဘူး...
နေ့လည်​စာ ဝယ်​​ကျွေးချင်​လို့ သက်​သက်​​ခေါ်လိုက်​တာ"

"ခုမှ အ​စောကြီးရှိ​သေးတာ...ဘယ်​သွား​နေကြမှာလဲ"

"Shoppingသွားကြမယ်​​လေ...ပြီး​တော့ မနက်​စာ​ရော မစားခဲ့ရ​သေးဘူး"

"Babeya...ဟို​လေ...ပိုက်​ဆံအိတ်​ မပါခဲ့ဘူး...ကြိုမ​ပြော​တော့"ရီပြီး​ပြောရုံသာ Jisooတတ်​နိုင်​​တော့သည်​။
Jennieနဲ့ ယှဉ်​ကြည့်​လိုက်​​တော့ မမ​လေးက ပဲ​တွေများလာတာ...​လှ​နေလိုက်​တာလည်း မှုံလို့...က​လေးနဲ့မလိုက်​...

"Unnieကို ညာပြီး ​ခေါ်ထားတဲ့ jennieကပဲ ဒီ​နေ့ တစ်​​နေ့လုံးကို တာဝန်​ယူပါတယ်​​နော်​...
မနက်​စာ အရင်​သွားစားရ​အောင်​..."

မနက်​စာကို jisooက coffee puddingစားပြီး jennieက နွားနို့နဲ့ ​ပေါင်​မုန့်​နဲ့ စားသည်​။
မနက်​စာ စားရင်း စကား​တွေလည်း ​ပြောဖြစ်​ကြ​သေးတာ။

စာ​တော်​တဲ့ jennieက စာဖတ်​ပျင်းပြီး movie​တွေ ကြည့်​တာသာ ကြိုက်​​ကြောင်း သိခဲ့ရသည်​။
Jennieရဲ့ Englishအသံထွက်​ အရမ်း​ကောင်း​ကြောင်း ချီးကျူးမိ​ပြီး ​လေ့ကျင့်​ချင်​​ကြောင်း Jisoo​ပြော​တော့...

"Unnieက တကယ်​ ​ပြောတတ်​ချင်​တာလား Englishကို"

"Inn...သူများ​ပြောတာကို ထိုက်​သင့်​သ​လောက်​ နားလည်​​ပေမယ့်​ ​ပြောဖို့ မရဲဘူး"

"အကြံ​ပေးရမလား"

"Inn...​ပြောကြည့်​​လေ"

"နိုင်​ငံခြား ဘာသာစကားကို ​လေ့လာဖို့က jennieသိတဲ့ထဲမှာ နည်းလမ်းနှစ်​ခုက အထိ​ရောက်​ဆုံးပဲ"

"Onn..."

"ပထမနည်းလမ်းက ဇာတ်​ကားများများကြည့်​တာပဲ...
Englishကား များများကြည့်​..."

"ဒုတိယနည်းလမ်းက​ရော..."

"ဒုတိယနည်းလမ်းက....အဲ့ဒီနိုင်​ငံက...unnieသင်​ချင်​တဲ့ ဘာသာစကားကို ကျွမ်းကျွမ်းကျင်​ကျင်​​ပြောတတ်​တဲ့ crushတစ်​​ယောက်​ ထားလိုက်​...ဟိဟိ"
သူ့ဟာသူ​ပြောပြီး ရီ​နေ​တော့တာ။ ဒီက​လေးက​တော့ အူယား​အောင်​လုပ်​ပြန်​ပြီ။
.
.
.
ဈေးဝယ်​ထွက်​ရတာ ​jisooအတွက်​ တကယ်​ပင်​ပန်းတဲ့အလုပ်​ဖြစ်​​ပေမယ့်​...jennieတစ်​​ယောက်​က​တော့ ​ပျော်​​နေပုံ...​နောက်​lisaတို့ chaeyoungတို့နဲ့​ပါ တူတူလာချင်​​ကြောင်း မ​မောနိုင်​​ပြော​နေ​သေးတာ။

"Unnie...ခဏ ထိုင်​​စောင့်​ဦး​နော်​...ဒီအင်္ကျီ​လေး ဝတ်​ကြည့်​ဦးမယ်​"
ဘယ်​အချိန်​ကတည်းက ဝယ်​ဖို့ အားခဲထားလည်း မသိ...ဝယ်​လိုက်​တာ​တွေမှ စုံလို့...

"Jennieဝတ်​​နေတုန်း Unnie toilet ခဏသွားဦးမယ်​​နော်​"

"Nae"

Jisooပြန်​လာ​တော့ Jennieက ​ကောင်​တာမှာ ​ငွေရှင်း​နေပြီ။

"Unnie...မီရားနဲ...အင်္ကျီဝယ်​တာ စိတ်​ပါသွားတယ်​...hee...​နေ့လည်​စာ စား​တော့မလား"

"Onn...Jennie​ဗိုက်​ဆာပြီဆို သွားရ​အောင်​​လေ"

နေလည်​စာစား​နေတုန်း Jennieက ဘူးတစ်​ဘူး ထိုး​ပေးလာတယ်​။
Jisooက ဘာလဲဆိုတဲ့ မျက်​နှာနဲ့ ကြည့်​လိုက်​​တော့မှ

"Unnie...အင်္ကျီ​တွေကို အမြဲ​ပေ​အောင်​လုပ်​မိ​နေလို့...အဲ့တာ​ကြောင့်​။ပြီး​တော့...စကိတ်​စီးနည်းကို အချိန်​​တွေဖဲ့ပြီးသင်​​ပေးလို့...​"

"Gomaeow you Nini"
.
.
.
Jisooအိမ်​ပြန်​​ရောက်​​တော့ အဝတ်​အစားလဲ ​ခြေလက်​သန့်​ရှင်းပြီး Jennie​ပေးခဲ့တဲ့ ဘူး​လေးကို ဖွင့်​ကြည့်​မိသည်​။
အ​ပေါ်ဝတ်​အင်္ကျီ အဖြူနဲ့အပြာအစင်း ​ဖျော့​ဖျော့​လေး...
ပြီး​တော့ စာတစ်​​စောင်​...

"Gomawoo unnie

from yours jennie"တဲ့​လေ...

Jisooစာနဲ့ အင်္ကျီကို ကြည့်​ပြီး Jennieဆီကို ဖုန်းဆက်​လိုက်​တယ်​။

"Hello...jennieလား"

"Nae...unnie"

"လမ်းထိပ်​က ပန်းခြံကို ခဏလာ​ပေးလို့ရမလား...​နောက်​၁၀မိနစ်​​နေရင်​ unnie​ရောက်​မယ်​"

"Nae..."

Jisoo​ရောက်​​တော့ Jennieက ဒန်း​ပေါ်မှာ...​ဆော့ရင်း ​စောင့်​​နေတာ...​ပြေးလာတဲ့ Jisooကို မြင်​​တော့မှ...မတ်​တတ်​ရပ်​လိုက်​တယ်​။ Jisooက အ​မောတ​ကော​ပြေးလာ​တော့ Jennieတစ်​​ယောက်​ စိတ်​ပူသွားတာ...

"Unnie...ဘာဖြစ်​ခဲ့လို့လဲ"
မျက်​နှာ​လေးကို လှမ်းကြည့်​လိုက်​​တော့ စိတ်​ပူ​နေတာ အထင်းသား​ပေါ်​နေတယ်​။

"Jennie..."

"Nae...unnie...ဘာဖြစ်​ခဲ့တာလဲဟင်​"

"Jennie ​နေ့ခင်းက ​ပြောတယ်​​လေ..."

"Nae..."

"ဘာသာစကားသင်​ချင်​ရင်​ အဲ့နိုင်​ငံက crushတစ်​​ယောက်​ရှာဆို..."

"Nae...အဲ့တာကို ခုမှ ​ပြေးလာပြီး​​မေးတာလား..."မျက်​လုံးဝိုင်း​လေးနဲ့ အံ့သြပြီး ​ပြောလာတယ်​။

"ပြောချင်​တာ....Jennieကို Unnieချစ်​​နေတယ်​လို့..."

ခုနက မျက်​လုံး​လေးပဲဝိုင်း​နေရာက​နေ ခုနှုတ်​ခမ်း​လေးပါ ဝိုင်းလာတယ်​။ ​တော်​​တော်​ အံ့သြသွားပုံရတယ်​။ မထင်​မှတ်​ဘဲ ချစ်​တယ်​​ပြောခံလိုက်​ရလို့​လေ။Jennieတစ်​​ယောက်​ ဘာမှပြန်​မ​ပြော​တော့....Jisooကပဲ ဆက်​​ပြောရသည်​။

"Jennieနဲ့တူတူ Englishလို ​ပြောချင်​တယ်​..."

Jennie..ဝုန်းခနဲ ထိုင်​ချပြစ်​လိုက်​သည်​။
ဟင်​...Jennieငို​နေတာပဲ...
Jisooလန့်​သွားသည်​...သူဝန်​ခံလိုက်​တာ​ကြောင့်​ ငိုသွားတာလား...

ပခုံးနှစ်​ဖက်​ကို ကိုင်​ပြီး Jennieမျက်​နှာ​လေးကို ​သေချာကြည့်​​ပြောရသည်​။
"Babeya...ဘာလို့ငိုသွားတာလဲ။ Unnie​ပြောလိုက်​လို့လား။ ​တောင်းပန်​ပါတယ်...Unnieအချိန်​မှားပြီး​ပြောမိလိုက်​သလို ဖြစ်​သွားပြီ"

"မဟုတ်​ဘူး...စဉ်းစားရင်း ဝမ်းနည်းလာလို့...Englishစာ ​ကောင်း​ကောင်း​ပြောတတ်​ဖို့က ချစ်​တယ်​မ​ပြောလည်း ရပါတယ်​..."

"Hmm...မဟုတ်​ဘူး မဟုတ်​ဘူး Babeya...
Babeတွေး​နေသလို မဟုတ်​ဘူး..."

"Englishစာ​ကြောင့်​ မဟုတ်​ပါဘူး...
Unnieက Jennieကို ဒီတိုင်းဝန်​ခံဖို့ သတ္တိမရှိလို့...Englishသင်​ချင်​တယ်​လို့​ပြောလိုက်​တာ။
Jennieကို တကယ်​ ချစ်​မိ​နေတာမို့ အဲ့တာ​ကြောင့်​ဆို မငိုနဲ့​တော့​နော်​..."

Jennieငိုတာမြင်​​တော့...Jisooရင်​ထဲ တဆစ်​ဆစ်​နာလာသည်​။ သူစကားမှားသွားတာအတွက်​လည်း တကယ်​စိတ်​မ​ကောင်း...တကယ်​ချစ်​မိ​နေတာပါ က​လေးရယ်​...

ဖက်​​ပေးလိုက်​​တော့ သူ့ရင်​ခွင်​ထဲမှာ က​လေးလို တရှုံရှုံငို​တော့တာ။

"Babe....စိတ်​မ​ကောင်း မဖြစ်​နဲ့​တော့​နော်​...
Unnie​ပြောလိုက်​တာ babeအတွက်​ စိတ်​ရှုပ်​စရာ​ဖြစ်​သွားရင်​ မ​ဖြေချင်​ရင်​ မ​ဖြေနဲ့...တိတ်​​တော့​နော်​။ Babeငို​နေတာ​တော့ မ​မြင်​ချင်​လို့ပါ"

"Unnieက တကယ့်​playerကြီး"ရင်​ခွင်​ထဲမှာ ငို​နေရင်း ​ဖြေသည်​။

Jennieကို အိမ်​ပြန်​လိုက်​ပို့ပြီးသည်​အထိ Jisooစိတ်​မချ​သေး...က​လေးက ငိုသွားသည်​​လေ...
သူchaeyoungကို အပူကပ်​ပြီး ရင်​ဖွင့်​ရ​တော့သည်​။

သူဖွင့်​​ပြောလိုက်​လို့ jennieငိုသွား​ကြောင်း ​ပြောပြ​တော့..

"Arr...unnieya..."
Chaeyoungဆီက အ​အော်​ခံရသည်​။

"စကားကို တုတ်​ထိုးအိုး​ပေါက်​နဲ့ ​ပြောရလား...နက်​ဖြန်​ အ​ခြေအ​နေကြည့်​ပြီး ပြန်​​ပြောမယ်​...ခုအိပ်​​တော့ သွား"

Jisoo​ခေါင်းငိုက်​စိုက်​ချပြီးသာ အခန်းကို ပြန်​ခဲ့ရတယ်​။ Jennieတစ်​​ယောက်​​ရော ငို​နေဦးမလား....
ဘာပဲဖြစ်​ဖြစ်​လို့ အရဲစွန့်​ပြီး စာတစ်​​စောင်​​ ပို့လိုက်​သည်​။

"​တောင်းပန်​ပါတယ် jennieya...ငိုမ​နေနဲ့​တော့​နော်​"

ပြန်​စာ ချက်​ချင်း​ရောက်​လာသည်​။

"Nae..unnie" သူ့ထုံးစံအတိုင်း တိုတိုတုတ်​တုတ်​...

ပြန်​စာလာ​တော့ အ​ခြေအ​နေအရမ်းမဆိုးလို့ ခံစားရလိုက်​သည်​။

"💭ချစ်​တယ်​Babe...ချစ်​မိသွားပါတယ်​💭"

ဒီတစ်​ခါ​တော့ ပြန်​စာမလာ​တော့...
သူပို့တဲ့စာကို ဖတ်​လိုက်​တယ်​ဆိုတာက​တော့ ​သေချာပါတယ်​...က​လေးရှက်​သွားလို့ပဲ​နေမှာ...

တိတ်​တိတ်​က​လေး တစ်​ကိုယ်​တည်း ထပ်​​ပြောမိသည်​။

"အရမ်းချစ်​မိသွားတယ်​...jennieရယ်​"

Continue Reading

You'll Also Like

6.6K 269 7
Idol တစ်​​ယောက်​ကိုချစ်​မိပြီးသူ့ဆီ​ရောက်​​အောင်​သွားမယ်​ဆိုတဲ့ခံစားချက်​နဲ့အတူ အချစ်​​တွေအပြည့်​နဲ့ ရဲရင့်​စွာကြိုးစားတဲ့​ကောင်​မ​လေး ..... ကိုယ့်​အ...
1M 38.6K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
762K 17.2K 46
In wich a one night stand turns out to be a lot more than that.
93.6K 5.3K 42
Zawgyi+Uni တောင်ပန်ပါတယ်ေတာငၸႏၸါတယ္ မမွတ္မိခဲ့လို့ Lalisa Monoban ဘာလို့ကျြန္မကိုကေလးတြေနဲ့ထားခဲ့နိုင်ရတာလဲ? ...