Referred Pain

By Boffees

78.9K 4.9K 96

မူလ​နေရာ မဟုတ်​ဘဲ တခြား​နေရာမှာ ခံစားရတဲ့ နာကျင်​မှု​ဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့က​လေးဟာ သူ့အတွက်​ တ... More

Part0
Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part9
Part10
Part 11
Part12
Part13
Part 14
Part15
Part 16
Part17
Part18
Part 19💣
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Bonus part

Part 6

2.2K 163 1
By Boffees


မိုးဖွဲဖွဲကျ​နေတဲ့ ဒီရာသီဥတုမှာ စာသင်​ခန်းထဲ စာသင်​ဖို့ထိုင်​​နေရတာ ပျင်းလိုက်​တာ...
အဆင့်​​ကောင်းတဲ့​ကျောင်းသားထဲမှာ ပါ​ပေမယ့်​ jennieလည်း စာသင်​ဖို့ကို တစ်​ခါတစ်​​လေ ပျင်းတတ်​သည်​။
ကျောင်းအဝင်​​ပေါက်​မှာလည်း ​ကျောင်းသား​တွေက တသီသီလာ​နေကြတာ။

"ဟင်​ Jisoo Unnieပဲ။ ​ဘေးက Chaeyoungလည်း မဟုတ်​ပါလား"
Chaeyoungအစား ​ကောင်​မ​လေးတစ်​​ယောက်​။
သူကပဲ unnieကို ထီး​ဆောင်း​ပေးထား​သေးတာ။
နှစ်​​ယောက်​သား ရီလို့​မောလို့....
အဲ့လိုလူတိုင်းကို ရီပြ​နေတာ​တွေ့​တော့လည်း အဲ့unnieကို မုန်းလိုက်​တာ။
အဲ့ခံစားချက်​က မနာလိုတာလား​တော့ Jennieမသိ။
ဆက်​ကြည့်​ရင်​ ​တွေးမိ​နေဦးမှာမို့ ကိုယ့်​စာကိုယ်​သာ ပြန်​ဖတ်​​နိုင်​​အောင်​ အာရုံစိုက်​ရ​တော့တယ်​။

အာရုံစုထားပါတယ်​ဆိုမှ အတန်း​ရှေ့​ရောက်​ချလာတာ နှစ်​​ယောက်​က...Jennieစာအုပ်​ကိုသာ မဲကြည့်​​နေ​တော့တယ်​။မော့မကြည့်​ချင်​​တော့...

"Hi lisaနဲ့ Jennie"

"​ဟာ jisoo unnie, chaeyoung​ရော" Lisaက​မေး​တော့

"Chaeyoungက မ​နေ့က အ​အေးပတ်​သွားလို့ ဒီ​နေ့ အတန်းမတက်​နိုင်​ဘူး။
မျှော်​​နေကြမှာစိုးလို့ လာ​ပြောတာ။ အတန်းပိုင်​ဆရာမကိုလည်း ခွင့်​တိုင်​ခဲ့ပြီ"

"ရဲ Unnie, ည​မှ Chae youngအိမ်​ကို စာလုပ်​ကူဖို့ Jennieနဲ့ လာ​တော့မယ်​"

"ဒီမှာ lisaတို့ နှစ်​​ယောက်​အတွက်​ နွားနို့ဝယ်​လာတယ်
နွေးတုန်း​သောက်​လိုက်​"
Jisoo unnieက နွားနို့နှစ်​ဘူးကို လှမ်း​ပေးလာတယ်​။

"​Gomawoo Unnie"

"အာ ဘာမှမဟုတ်​တာကို၊ unnieက​တောင်​ ပြန်​​ကျေးဇူးတင်​ရဦးမှာ Chaeyoung ဒီ​နေ့ပျက်​ထားတာကို စာလုပ်​ကူမယ်​ဆိုလို့"

တစ်​ချိန်​လုံး ​မော့မကြည့်​တဲ့ Jennieကို သူကပဲ အရင်​စ​ခေါ်လိုက်​ရတယ်​။

"Jennieya...သွား​တော့မယ်​​နော်​။
lisa​ရောပဲ unnieသွားပြီ"

"Nae"

Lisaဆီက တုန့်​ပြန်​သံထွက်​လာ​ပေမယ့်​ Jennieက​တော့ ​ခေါင်းငြိမ့်​ပြရုံသာ ငြိမ့်​ပြသည်​။
က​လေးက ​ချေ​နေတာ...
မှုန်​ကုတ်​လို့။ စာကို ​အာရုံစိုက်​ဖတ်​​နေတာကို ​နှုတ်​ဆက်​မိလိုက်​လို့လားမသိ။

သူတို့ထွက်​သွားမှ လှမ်းကြည့်​လိုက်​​တော့ unnie​ဘေးက ​ကောင်​မ​လေးက​နောက်​ပြန်​လှည့်​ကြည့်​တာနဲ့ တည့်​တည့်​တိုး​တော့သည်​... jennieကို ပြုံးပြပြီး အသံတိတ်​နှုတ်​ဆက်​သွား​တယ်​။
သူ့မှာ ယုန်​သွား​လေး​တွေနဲ့ ...
အဲ့​ယုန်​သွား​လေး​တွေနဲ့ ​ကောင်​မ​လေးက Jisoo unnieလက်​ကို တင်းတင်းချိတ်​လို့...
Unnieနားနားကိုလည်း ကပ်​လို့ စကား​တွေ​တိုးတိုး​ပြောသွားတာ...
အာ...သူကပ်​​ပြော​နေတာကလည်း ပါးကို နမ်းမိ​တော့မလို...နည်းနည်း​လောက်​​တော့ ခွာကြပါဦး...😡

ဘာ​တွေလဲလို့ စဉ်းစားမိသွားတဲ့ Jennieမျက်​နှာကို ဖတ်​မိသည်​ထင်​...
Lisaက​ပြောလာတယ်​။

"Nayeonက Jisooတို့အတန်းထဲက​လေ...သူတို့နှစ်​​ယောက်​လုံးက နာမည်​ကြီး​တွေပဲ...နှစ်​​ယောက်လုံးက ​စာ​တော်​တာ​ကြောင့်​လည်း ပါတာ​ပေါ့...​Nayeonက ချစ်​ဖို့​ကောင်းပြီး Jisooက ​ဖော်​​ရွေ​တဲ့သူဆို​တော့ ​သူတို့နှစ်​ယောက်​က senior junior​တွေကြားမှာ ​ရေပန်းစား​ရောပဲ"

Jennieမျက်​လုံးထဲ​တော့ Jisooက အများကြီး ပိုချစ်​ဖို့​ကောင်း​နေတာပါ။

"Nayeonက သူ့ကို လိုက်​​နှောက်​ယှက်​တဲ့သူ​တွေကို
အမြဲ​ပြော​နေကျ စကားရှိတယ်​။သူက Jisooနဲ့တွဲ​နေတာ​မို့ သူ့ကို မ​နှောက်​ယှက်​ကြပါနဲ့တဲ့​​လေ"

"OMG...ဘယ်​...ဘယ်​လို..တွဲ​နေကြတာ"

Jennieလန့်​သွားတာမြင်​​တော့ lisaက ရီသည်​။

"အင်း Chaeyoungနဲ့ဘာလဲလို့​မေးရင်​လည်း... Chaeyoungနဲ့Jisooအတွဲလို့​ဖြေမှာ။
Jisoo​မေးကြည့်​ချင်​​သေးလား...သူက Chaeyoung​ရော Nayeon​ရောက သူနဲ့တွဲ​နေတာပါလို့​ဖြေမှာပဲ..
Hee Hee ^_^"

lisaဘာကို သ​ဘောကျပြီးရီ​နေတာလဲ သူနားမလည်​...
သူ​ကြောင်​​တောင်​​တောင်​​လေး ဖြစ်​​နေလို့ထင်​တယ်​...lisaက ဆက်​ရှင်းပြသည်​။

"Jen Jenနဲ့ ငါနဲ့ကလည်း အတွဲပဲ​လေ...
တူတူသွား တူတူလာ​နေကြတာ...
Jisooလည်း အဲ့လိုဆိုလိုတာပါ အတွဲဆိုတာ...အဲ စိတ်​ထဲ​တော့ရှိရင်​ရှိမှာ​ပေါ့ ခံစားချက်​​တွေ"

နင့်​ခနဲရင်​နာရပြန်​သည်​...မဖြစ်​ မဖြစ်​ သူjisooကို ချစ်​​မိလို့မဖြစ်​...ကိုယ့်​ကိုယ်​ကို ပြန်​ဆုံးမရမည်​။

"Jisoo​ပြောဖူးတာ... လက်​​ရွေးစင်​ဖြစ်​ပြီး​ သူ..ဆက်​မ​ပြေးဖို့ စဉ်းစားဖူးတယ်​တဲ့...Nayeonနဲ့ Chaeyoungတို့နှစ်​​ယောက်​ သူ​ပြေး​တော့ အား​ပေးတဲ့ပုံကို ပြန်​သတိရပြီိး ဆက်​မ​ပြေးဘဲ မ​နေနိုင်​တာတဲ့​လေ.....
Unnieရဲ့ ပြိုင်​ပွဲကျရင်​ ကြည့်​ကြည့်​...Nayeonနဲ့ Chaeyoungနဲ့က လုံးဝ နဂိုပုံ​တွေနဲ့မတူ​တော့တာ...
ပုံမှန်​ အသံမထွက်​တဲ့ Nayeonဆိုလည်း သူ့imageဘယ်​လိုဖြစ်​​နေမလဲ မစဉ်းစား​တော့ဘူး အ​ရမ်း​အော်​ပြီး အား​ပေးတာပဲ...Kim Jisooဆိုပြီး​အော်​တာ သူအကျယ်​ဆုံးလား​အောက်​​မေ့ရတယ်​။
Chaeyoungဆိုလည်း တစ်​ခါက တခြားပြိုင်​ပွဲဝင်​တစ်​​ယောက်​ Jisoo​ပြေးလမ်း​ကြောင်းပိတ်​လို့ ​အော်​တာများ ဆရာ​တောင်​လန့်​တယ်​"
ပြောပြီး တခွိခွိနဲ့ရီ​နေတာ lisaတစ်​​ယောက်​​တော့...

မရီနိုင်​သူက jennieပါ...

ဘေးမှာ ခပ်​​ချော​ချော​ကောင်​မ​လေး​တွေရှိပြီး အဲ့​ကောင်​မ​လေး​တွေက သူနဲ့တွဲ​နေကြတာပါလို့ ​ပြောမတဲ့​လေ...

ဘယ်​လိုလူလဲ Jisoo unnie...တကယ့်​playerအကြီးစားကြီး...
.
.
.
"Omma...သမီး​ရော ကြက်​​ပေါင်းရည်​ ​သောက်​မယ်​​နော်​...chicken chicken🐥"
Chaeyoungညစာအတွက်​ Jisooအ​မေက ကြက်​​ပေါင်းရည်​ လုပ်​​ပေး​နေတာ...Chaeyoungက အ​အေးမိထားတာဆို​တော့...

"Omma...Chaeလေး သူငယ်​ချင်း​တွေ စာလာကူကူး​ပေးကြမှာ ဒီည" jisoo ကြက်​​ပေါင်းရည်​ထဲက ကြက်​သားဖတ်​ကို ယူစားရင်း ​ပြောလိုက်​တယ်​။

"lisaလား သမီး"
Lisaက အိမ်​လာ​နေကြဆို​တော့ Ommaက lisaကို ​သေချာသိတယ်​​လေ...

"ဟုတ်​တယ်​​ Omma, ဒီနှစ်​မှ ​ပြောင်းလာတဲ့ lisaသူငယ်​ချင်းမ​လေး​ရောပါမှာ...Jennieတဲ့...သူက ချစ်​စရာ​လေးသိလား"

Ommaက ရီ​နေ​တော့တာပဲ။
စိတ်​ထဲ​​တော့ ​ချော​ချော​လေး​တွေဆို မြင်​တတ်​တဲ့ ​မေ​မေ့သမီး​လေးလို့ ​တွေး​နေမလားမသိ😂

"တီး...​တောင်​"
"​ဟော...​လာကြပြီထင်​တယ်​ သမီး​ရေ"

"ဟုတ်​ omma..တံခါးသွားဖွင့်​​ပေးလိုက်​ဦးမယ်​"

___________________

တံခါးဖွင့်​​ပေးတဲ့သူကို မြင်​ပြီး jennie အံ့သြသွားသည်​။
Jisoo unnieက Chaeyoungအိမ်​ကို ဘာလာလုပ်​တာလဲ...ပြီး​တော့လည်း ညအိပ်​ဝတ်​စုံ ဝမ်းဆက်​ကြီးနဲ့...
အားကစားသမားလည်း​ပြော​သေးတယ်​ ​ပေါင်​​လေး​တွေ ​ခြေသလုံး​လေး​တွေက ​သေး​သေး​လေး​တွေ...ဆံပင်​လည်းစည်းထား​သေးတာ...Aigoo ချစ်​စရာ​လေး...

"လာ...ဝင်​ခဲ့ကြ"

"Hi unnie"lisaက နှုတ်​ဆက်​လိုက်​တယ်​...Jisoo Unnie ဒီမှာ ရှိ​နေတာကို lisaက အံ့သြမ​နေ...အံ့သြသူက သူတစ်​​ယောက်​ပဲ။

"lisa​ရေ...သမီး​လေးလာလာ...Chaeyoungကို ခုလိုကူညီ​ပေးတာ ​ကျေးဇူးပါကွယ်​...jisooက​တော့​ပြော​တယ်​...lisaသူငယ်​ချင်း​လှလှ​လေး​ရောပါမယ်​တဲ့...ချစ်​စရာ​လေးလို့ သူက​ပြော​နေတာ"

"Omma!.."
Jisoo​အော်​ရသည်​။ ခုမှ ပထမဆုံး အိမ်​ကို လာဖူးတဲ့သူကို အဲ့လို​ပြောမိလို့မရဘူး​လေ...
Jennieကို လှမ်းကြည့်​​တော့ ရီ​နေတာပဲ...လူကြီး​တွေနဲ့​တော့ ဆက်​ဆံတတ်​သား မမရဲ့​baby​လေးက...

"Chaeyoung အခန်းထဲမှာ ​စောင့်​​နေတယ်​" Jisooစကားဖြတ်​ရ​တော့သည်​။

💕ညအိပ်​အင်္ကျီနဲ့က ဒီ​လောက်​ ချစ်​ဖို့​ကောင်းလို့ရလား...Jennieya...ရင်​ခုန်​သံ​တွေ မြန်​လာလိုက်​တာ💕

___________________

"Jisoo unnieက ဘာလို့ ဒီအိမ်​မှာရှိ​နေတာလဲ"

"Unnie Appaက Chaeyoungရဲ့ godfather​လေ...
Chaeyoungတို့နှစ်​​ယောက်​က ညီအမ​တွေ​"

"Not by born..."Jennieက​ပြော​တော့..
"Sisters by heart..."Chaeyoungက စကားဆက်​သည်​။

နှစ်​​ယောက်​သား ဟုတ်​​နေကြတာပဲ...lisaတစ်​​ယောက်​တည်း စာကူး​ပေး​နေရတာ...Jennie ​မေး​နေတဲ့အ​ကြောင်းအရာ​တွေက lisaဒီအိမ်​ကို ပထမဆုံးအကြိမ်​​ရောက်​ဖူးတုန်းက ​မေးခဲ့ဖူးတာ​တွေ...
ခု​တော့ သူသိပြီးသား​တွေမို့ စာကိုသာ အာရုံစိုက်​ပြီး ကူး​ပေးမိ​နေတာ...Chaeyoungကို စာ​တွေ​​နောက်​ကျမ​နေ​စေချင်​...။

ခုလို ညီမ​တွေလို့သိလိုက်​​တော့ jennieရင်​ထဲ​ပေါ့သွားသလို...အဲ့လိုဆို Unnieက Playerမဟုတ်​ဘူး​ပေါ့...Chaeyoungက ညီမ​လေးမို့ ဂရုစိုက်​​နေတာ...အဲ့တာဆို Nayeonက​ရော...တိတ်​တိတ်​က​လေးချစ်​မိ​နေသည့်​ Jennieရင်​​မောရပြန်​သည်​။
Unnieနဲ့​တွေ့မှ သူများ​တွေ​ပြောတဲ့ ​ကိုယ့်​ကို​ချေတယ်​ဆိုတာ ဘယ်​နားရှာရမှန်းမသိ...........ချစ်​ရပါသည်​။

"ဒီမှာ ​လိ​မ္မော်​ရည်​ ရပါပြီ...Chaeyoungအတွက်​က ကြက်​​ပေါင်းရည်​"

မနိုင်​မနင်းသယ်​လာတဲ့ jisooကိုမြင်​လိုက်​ရသည်​။
လင်​ဗန်းထဲမှာ ​ဖျော်​ရည်​ နှစ်​ခွက်​နဲ့ ကြက်​​ပေါင်းနှစ်​ပန်းကန်​...ဖုန်းနဲ့စာအုပ်​​တွေ​ရော ပါ​သေးတာ...ရှုပ်​​နေ​ရောပဲ...

"​ပေး​ပေး unnie, ဒီကို​ပေး"

"အရင်​စားရ​အောင်​, Chaeyoungလည်း ညစာ မစားရ​သေးဘူး...lisaတို့​ရော စားရ​အောင်​"

"စားခဲ့တယ်​ unnie...​ဖျော်​ရည်​ပဲ​သောက်​​တော့မယ်​"

"အဲ့တာဆို ထားခဲ့မယ်​​နော်​" သူ့စာအုပ်​နဲ့ ဖုန်းနဲ့ကို ​ဘေးချပြီး စားပွဲ​ပေါ် အ​အေးနှစ်​ခွက်​နဲ့ ကြက်​​ပေါင်းတစ်​ပန်​ကန်​ကို ကျကျနန ခင်း​ပေးသွားတယ်​။

"တစ်​ပန်ကန်​က unnieအတွက်​" ​jisoo​ပြောပြီး က​လေးသုံး​ယောက်​ကို မျက်​စိတစ်​ဖက်​မှိတ်​ပြလိုက်​တယ်​။ ရီပြီးကျန်​​နေခဲ့​လေရဲ့ သုံး​ယောက်​သား....

🍃Jennie....ရီ​နေ​မော​နေ​တော့လည်း က​လေး​လေးလို အပြစ်​ကင်း​နေသူ​လေး...တစ်​​နေ​တော့ ချစ်​မိ​ကြောင်း ရင်​ဖွင့်​ပါမယ်​....baby..🍃

Continue Reading

You'll Also Like

160K 3.3K 153
Story not mine!! For offline purposes only !! A continuation of the story Chapters 181-625(COMPLETED) No CP direction] " Rebirth in the Apocalypse...
98.3K 5.3K 71
It was raining and the people were covered with black umbrellas. The crowd was actually fairly big, more than half of the UA student body came to th...
42.8K 3K 23
" Chaeyoung ရယ် မင်းကိုနာကျင်စေခဲ့မိတဲ့အတွက် တို့တကယ်တောင်းပန်ပါတယ် ။ ဒါပေမယ့်လေ မင်းအတွက် တို့အမြဲရေးပေးခဲ့တဲ့ For Chaeyoung 🖤 ဆိုတာလေးက အဓိပ္ပါယ်ရ...
44.4K 2.2K 13
အမေ့ရဲ့သူငယ်ချင်းကိုမှ ချစ်မိသွားသောအခါ Mother Friend 👩‍👧 အချစ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး Kim ရယ် ချစ်တက်တဲ့ နှလုံးသားလေးနဲ့ပဲ ဆိုင်တယ်လို့တော့...