အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...

By Arr_Sheng

1.7M 185K 35.4K

This story book presented by Zawgyi & UNICODE. #Zawgyi ေသမိန္႔က်ၿပီး လူတစ္ေယာက္၏ ေနာက္ဆုံးဆႏၵ #UNICODE သေမိန့... More

Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng

EP-33

27.1K 3.2K 689
By Arr_Sheng

Downဆီ လာရာလမ္​းတြင္​ ပုိင္စီးေျခလွမ္းေတြ တက္ၾကြေနသည္။  လက္​ႏွစ္​ဖက္​မွာ Downႏွင္​့အတူစားရန္​ စားစရာအထုပ္ေတြ အျပည္​့ကိုင္​ဆဲြထားသည္​။ အိမ္​႐ွင္​ပီသစြာ တံခါးကုိ ဘယ္ေတာ့မွ လာမဖြင့္တတ္သည့္ ေကာင္ေလးေၾကာင့္ ဘဲလ္​မတီး၊ တံခါး​ေခါက္​မ​ေနဘဲ ကုိယ့္ဘာသာ အခန္းလွ်ဳိ႕၀ွက္ကုဒ္ကုိ ႐ုိက္ႏွိပ္ကာ အထဲ ၀င္လာသည္။

"ဟား .. မလုပ္​ပါနဲ႔ဆို ခိခိ"

"ေဘဘီကလည္းကြာ .. ႏုနယ္​တတ္လိုက္တာ"

"ယူက လက္ကုိ ၿငိမ္ၿငိမ္ထားေလ၊ ဒီမွာ ဇာက္ကားၾကည့္ေနတာ လိုက္စေနေတာ့ ႀကဳိက္မလားလို႔"

 Down၏ ကႏြဲ႔ကလ် ရယ္သံႏွင့္အတူ သူစိမ္းေယာက္်ား၏ စေနာက္သံတို႔ကို အိပ္ခန္းအတြင္းမွ ရယ္ျမဴးအူ႐ႊင္စြာ ၾကားေနရသည္။ တၿပဳံးၿပဳံး၀င္လာေသာ ပုိင္စီးမ်က္ႏွာ တည္က်သြားၿပီး လက္ထဲက အထုပ္​​ေ​​တြ ေအာက္ကုိ လြတ္​က် သြားသည္။ 

အိမ္အကူအေဒၚႀကီးက ပုိင္စီးကုိျမင္လွ်င္ မ်က္စိပ်က္မ်က္ႏွာပ်က္ ဦးညြတ္ႏႈတ္ဆက္သည္။ အိပ္ခန္းထဲက Downကုိ အသိ​ေပးသြားေျပာရန္ ျပင္ေနေသာ အေဒၚႀကီးလက္ေမာင္းကို ပုိင္စီးဖမ္​းဆဲြၿပီး ေခါင္းရမ္းျပကာ အခန္းထဲက ထြက္သြားရန္ တံခါးေပါက္ဘက္သို႔ ေမးေငါ့ျပလိုက္သည္။

အ​ေဒၚႀကီး ထြက္သြားမွ ဧည့္ခန္း ထုိင္ခုံမွာ ပုိင္စီး၀င္ထုိင္သည္​။ အိပ္ခန္းထဲက Downႏွင့္သူစိမ္းေယာက္်ား၏ ကလူကလီ ရယ္ေမာ​သံမ်ားက နားထဲ၀င္လာရင္း​။ ပုိင္စီးမ်က္ႏွာကို လက္ႏွစ္ဖက္အုပ္​ ေခါင္းငုိက္စိုက္က်လ်က္​ အိပ္ခန္းအျပင္ ဧည့္ခန္းမွာ တစ္ေယာက္တည္း ၿငိမ္သက္စြာ ထုိင္​ျဖစ္သည္။ ထိန္းခ်ဴပ္မရတဲ့အဆုံး မ်က္ႏွာကို အုပ္ကြယ္ကာ အသံမထြက္ေအာင္ႀကိတ္ငိုသည္။

မိနစ္သုံးဆယ္​​ေလးဆယ္​့ငါးမိနစ္​​နီးပါးအၾကာ Downအိပ္ခန္းထဲက သူစိမ္းေယာက္်ား ထြက္လာသည္။ ဧည့္ခန္းမွာ ေျခခ်ိတ္ထိုင္ရင္း သတင္းစာဖတ္​​ေန​ေသာ ပုိင္စီးကုိ ေတြ႔သည္​့အခါ အကဲခတ္ၾကည့္သြားသည္။

"ေဘဘီ .. ကိုယ္ျပန္ၿပီ"

"လိုက္​မပုိ႔​ေတာ့ဘူး .. ဧည့္သည္ေရာက္ေနလို႔"

"​ေအးပါကြာ"

သတင္းစာအဖတ္မပ်က္​ေသာ ပုိင္စီးကုိ ထိုသူစိမ္းေယာက္်ားက စူးစူးစမ္းစမ္း ၾကည့္,ၾကည့္သြားေသာ္လည္း ပုိင္စီး၏ အသိအမွတ္ျပဳ တန္ျပန္အၾကည့္တစ္ခ်က္ မရလိုက္။

"ဟိုတစ္ေယာက္ ... လူကုိေတြ႔ဖို႔လာရင္ ၀င္လို႔ရၿပီ၊ သတင္​းစာလာဖတ္​ရင္လည္​း အဲ့သတင္းစာ ခင္ဗ်ားအိမ္​အထိယူသြား၊ ႐ွိ​ေနတာ စိတ္​က်ဥ္​းၾကပ္​တယ္​၊ ​ေနာက္​ထပ္​ဧည္​့သည္​ မလာ​ေသးခင္​ ျပန္​စရာ႐ွိတာ ျပန္​​ေတာ့"

စီးကရက္မီးညွိရင္​း Down၏ အေခၚဆင့္စကားေၾကာင့္ ပုိင္စီးသတင္းစာကုိ ေခါက္ကာ အိပ္ခန္းထဲ ၀င္လာသည္။

အိပ္ရာခင္​း အျဖဴေရာင္ ကုတင္ထက္မွာ ဒူး​ေထာင္​​ေပါင္​ကားလ်က္​ အက်ႌလက္႐ွည္ပြပြ အျဖဴကို ဖ႐ိုဖရဲ၀တ္ထားကာ ရင္ဘတ္ၾကယ္သီးသုံးလုံး ျပဳတ္ေနသည္။ ပိုးဟပ္​ျဖဴလို ႏုန္​းဖက္​ဖက္​ေကာင္ေလးက စီးကရက္​​ေငြ႔​ေတြကုိ မက္​မက္​​ေမာ​ေမာ ဖြာ႐ိႈက္​​ေနသည္​။ ကုတင္​နား​ေရာက္​လာ​ေသာ ပိုင္​စီးကို ​ၾကည္​့မလာ​ေသးသည္​က အေရးမစိုက္သေယာင္။

သက္ျပင္းသာခ်ၿပီး ကုတင္စြန္းမွာ၀င္ထိုင္လိုက္သည္။

"အရမ္း အိ​ေျႏၵ​ေကာင္​းလြန္​းတာမဟုတ္​လား၊ အခုအ​ေျခအ​ေနကို စိတ္ .. မဆိုးဘူးလား၊ ေအးေလ ဘယ္ဆုိးပါ့မလဲ၊ ပုိင့္စိတ္​ထဲ တို႔မွ မ႐ွိတာ၊ စိတ္ဆိုးရေလာက္ေအာင္ တို႔က ပုိင့္အတြက္ အေရးမပါဘူး"

ႏွစ္ေယာက္ၾကား အခ်ိန္တစ္ခုၾကာ တိတ္ေနၿပီး Downအရင္ စကားစလာသည္။ ပုိင္စီးက Downမ်က္ႏွာကို အသာေငးၾကည့္လ်က္ စကားအ႐ွည္ႀကီးေျပာရန္ ႏႈတ္ခမ္းဟၿပီးမွ မ်က္လႊာခ် သက္ျပင္း႐ႈိက္သည္။

"ငါ့အမွားပါ၊ ငါသာ မင္းအနားမွာ ေနေပးႏိုင္ရင္ မင္းအျခားလူ မလိုအပ္ေလာက္ဘူး"

အားေကာငး္ေမာင္းသန္ တုန္႔ျပန္လာမည္ဟု ထင္ထားေသာ္လည္း စိတ္ေလွ်ာ့သြားသည့္ ပုိင္စီး။

ပိုင္​စီးက စီးကရက္နံ႔မႊန္​လို႔ ပ၀ါကိုႏွာေခါင္းမွာ အုပ္ကာ မ်က္​ႏွာတစ္​ဖက္​လဲႊသြားသည္​။ Downက မႈန္ကုပ္ကုပ္ၾကည့္လ်က္ စားပဲြေပၚ စီးကရက္ကို ​မီးစထိုးေခ်သည္။

"အရင္က ဒီ့ထက္ဆုိးတာေတြ လုပ္ခဲ့ၿပီးမွ အခု ဒီစီးကရက္ကုိ အနံ႔ မခံႏုိင္ေတာ့ဘူးလား"

ပိုင္​စီးၾကားပါ​ေစလည္​း မရည္​ရြယ္​၊ မၾကားပါ​ေစလည္​း မဆု​ေတာင္​း။ Downတစ္ကုိယ္တည္း ​ေရရြတ္​​ေသာစကား။

"ဘာ ေျပာလိုက္​တယ္​"

"ဒီအတိုင္​း ... အတိတ္​က ​ေဆးသမားတစ္​​ေယာက္​အ​ေၾကာင္​း"

ပိုင္​စီးက အဆက္​အစပ္​မရွိ​ေသာDownစကားကို နားမလည္​။ နားလည္​​ေအာင္​လည္​း စိတ္​ဝင္​စားမႈ႔မ႐ွိ။ Downစကားကို ပဝါစ​ေလာက္​ပင္​ တန္​ဖိုးမထား။ ပဝါကို အိတ္​ကပ္​ထဲ ​ေသသပ္​စြာ​ျပန္ေခါက္​ထည္​့​ေနသည္​။

ပိုင္​စီးကိုၾကည္​့လ်က္​ Down စိတ္​ပ်က္​စြာ စုတ္​သပ္​သည္​။

"ဘာကိစၥလဲ? ကိစၥ႐ွိလို႔လာတာမလား၊ ျမန္ျမန္ေျပာၿပီး ျမန္ျမန္ျပန္၊ အာ႐ုံေနာက္တယ္"

"ကိစၥလည္း ႐ွိတယ္​၊ မင္းကုိလည္း ေတြ႔ခ်င္တယ္​၊ ဘယ္​့ႏွယ္​လဲ တစ္​ခါလာ ႏွစ္​ခုၿပီး"

မ်က္​ႏွာ​ေ႐ွ႕ ထိုးခ်လာ​ေသာ ပိုင္​စီးလက္ေခ်ာင္း​​ေသနတ္​ကို Downစိတ္​႐ႈပ္​စြာ ဆဲြဖယ္​ပစ္သည္​။

Downႏႈတ္​ခမ္​း​ေလး ျပဳံးတာ ​ေတြ႔ခ်င္​လို႔ ရႊတ္​​ေနာက္​​ေနာက္​ ​ေျပာေသာ္​လည္​း မထီ​ေလးစားဟန္​ မဲ့ရြဲ႕သြားသည္​။

"ခ်စ္တယ္ လို႔ ေျပာခဲ့ဖူးတယ္ေနာ္၊ ပိုင္ တို႔ကို မခ်စ္ပါဘူး၊ ခ်စ္တယ္ဆိုတဲ့ စကားကို ထိန္းခ်ဴပ္ထားတာ၊ လူကို အၿမဲခံစားရေအာင္ လုပ္တယ္၊ အၿမဲခ်န္ထားတယ္၊ အၿမဲ ဥေပကၡာျပဳထားတယ္၊ တို႔လူသတ္လည္း လႊတ္ထားတယ္၊ အခု တုိ႔ကုတင္ေပၚက ေယာက္်ားတစ္ေယာက္ဆင္းသြားတာ ျမင္လည္း သတင္းစာအဖတ္မပ်က္ဘူး၊ ပုိင္ သိပ္ရက္စက္တယ္ သိလား .. အရမ္းရက္စက္တယ္၊ အရမ္းအသဲမာတယ္"

ပုိင္စီးရင္ဘတ္ကို လက္​သီးဆုပ္​လုံး​ေလးက အဆက္မျပတ္ မ​ေက်မနပ္​ ထုႏွက္လာသည္​။

"ငါမင္းကို အျပစ္ကုိ မျမင္ေတာ့တာ၊ မငး္ဘာလုပ္လုပ္ မင္းမွာအျပစ္မ႐ွိဘူး၊ အားလုံးက ငါအသုံးမက်လို႔ မင္းမွာျဖစ္ရတာ၊ ငါ့အျပစ္လို႔ပဲ ခံယူထားတယ္၊ ငါအားလုံး ခြင့္ျပဳတာမိုလို႔ မင္း ေပ်ာ္သလိုေန၊ မင္း ေပ်ာ္ေအာင္ထားမယ္၊ ငါ့ဘက္က ေတာင္းဆိုခ်င္တာ တစ္ခုတည္း ... ငါကဘယ္​ေလာက္စိတ္​ပ်က္​ဖို႔​ေကာင္​း​ေနပါ​ေစ ငါ့အနားက ထြက္​မသြားပါနဲ႔၊ ငါ့အနားမွာ မင္း ေနေပးပါ၊ အျပစ္မျမင္တဲ့အခ်စ္နဲ႔ ခ်စ္တတ္ၿပီး ခြင့္လႊတ္တတ္တဲ့စိတ္နဲ႔ပဲ ငါမင္းကို နားလည္ေပးထား​တယ္​၊ အဲ့ဒါက ငါ့အခ်စ္ကို ငါထိန္းသိမ္းႏိုင္တဲ့ နည္းလမ္းပဲ၊ ငါ့လိုအျပစ္ေတြအမ်ားႀကီးနဲ႔ေကာင္က Roဆန္ဆန္ခ်စ္တတ္ဖို႔ေရာ သ၀န္တိုဖို႔ေရာ အနားမွာ႐ွိေနေပးဖို႔ေရာ မထုိက္တန္ဘူး"

ပုိင္စီးလက္ထဲမွာ ဖမ္းခ်ဴပ္ထားသည့္ Down၏လက္ေကာက္၀တ္ အားေပ်ာ့သြားသည္။ မာန္ေထာင္ေနေသာ လက္သီးဆုပ္ေလးက ငိုက္က်သြားလ်က္ Downမ်က္၀န္းတို႔ အေရာင္ေဖ်ာ့ကာ ေမးဖ်ားေလး တဆက္ဆက္ တုန္ရီလာသည္။ ခုနက ခပ္ဂ်စ္ဂ်စ္ေကာင္ဆုိးေလးက အခုမူ အူလႈိက္သည္းလႈိက္ ငိုမိုးေစြေတာ့မေယာင္။

"ဒီလူႀကီးကို ဘယ္လိုလုပ္ရပ့ါ ... ထပ္ခ်စ္ဖို႔လည္း မသဒၶါခ်င္ဘူး၊ အမုန္းကုိလည္း မစြန္႔ႀကဲႏိုင္ဘူး"

ငိုခ်င္ေသာကေလးငယ္က ပုိင္စီးရင္ခြင္ထဲ ပုန္းခိုလာသည္။ ေက်ာျပင္ကို အသာေထြးဖက္ေပးထားလ်က္

"ငါသိတယ္.. မင္းက လိမၼာလြန္းတဲ့ကေလး၊ အားလုံးက ငါမေကာငး္လို႔ မင္း ဆိုးေနရတာ၊ အရမ္းလိမၼာလြန္းတဲ့ကေလးကို ႐ိုင္းစိုင္းလာေစရေအာင္ ငါေတာ္ေတာ္ မေကာင္းတာပဲ"

"အရမ္းလြမ္းေနတာ"

စိတ္ဆုိးေျပသြားေသာ ေကာင္ေလးက ပုိင္စီးေမးေစ့ကို လွမ္းနမ္းလ်က္ ရင္ခြင္မွာမွီႏြဲ႔လာသည္။

ပုိင္စီးသက္ျပင္းခ်လ်က္ Downလက္ေခ်ာင္းေတြကို ဆုပ္ကုိင္ကာ

"ရဲစခန္းသြားရမယ္"

"ဘာရယ္"

Down ဆက္ခနဲ ေခါင္းေထာင္လာသည္။

"က်န္းေလာင္ေ၀့ အမႈ ႔ကို လက္စသတ္ရမယ္ေလ၊ အဲ့ဒါသာ ေကာင္းေကာငး္ ေက်ာ္ျဖတ္ႏိုင္ရင္ ဒီအမႈ ႔ၿပီးသြားၿပီ"

"မသြားဘူး"

ရင္ခြင္ထဲက ႐ုန္းၾကြေနေသာ ေကာင္ေလးကို ေျခေထာက္နဲ႔ဖိၿပီး အတငး္ခ်ဴပ္ဖက္ကာ

"မသြားလို႔ မရဘူး၊ က်န္းေလာင္ေ၀့နဲ႔ အနီးဆုံးပတ္သက္ခဲ့တဲ့ လူေတြကို စစ္ေနတာ၊ ျမန္ျမန္သြားေတြ႔ၿပီး ျမန္ျမန္ အၿပီးသတ္လိုက္ေတာ့ မင္းစိတ္ေပါ့သြားတာေပါ့"

ခါးတစ္ခြင္ကို ပိုင္စီးေျခေထာက္ၾကားထဲ ဖိညွပ္ထားေသာေၾကာင့္ အားမတန္ မာန္ေလွ်ာ့ မ႐ုန္းႏုိင္ေတာ့ေပ။

"စိတ္ေပါ့တယ္? ဘာလို႔ေျပာလိုက္တဲ့စကားတုိငး္ မုန္းဖို႔ေကာငး္ေနတာလဲ"

 ရင္ခြင္ထဲမွာ ႐ွိလ်က္ကပင္ မ်က္ႏွာခ်င္းနီးကပ္စြာ ေခါငး္ေမာ့ ေမးလာေသာအခါ ပိုင္စီး ေျပာလက္စစကားကုိ မဆက္ႏုိင္ပဲ အသဲယားလြန္းလို႔ အရင္ဆုံး ငုံ႔နမ္းပစ္လိုက္သည္။ ပိုးဟပ္ျဖဴေလးက ေက်ာကိုထု႐ိုက္လ်က္ ႐ုန္းကာ ဖယ္ကာ ျငင္းဆန္လာေသးသည္။

လက္တစ္ဖက္က သူ႔ေက်ာကုိ ထိန္းကိုင္ကာ ႏႈတ္ခမ္းေတြကို ဖယ္ခြာမေပးပဲ စုပ္နမ္းေနရင္း က်န္လက္တစ္ဖက္က ကိုယ့္ေက်ာေပၚေရာက္ေနေသာ သူ႔လက္တံကို ဆဲြယူလိုက္သည္။ ျဖဴသြယ္လ်လ်လက္ေခ်ာင္းေတြကုိ ကိုယ့္လက္ဖ၀ါးႀကီးႀကီးထဲ အုပ္ကုိင္ကာ အားပါပါ ဆုပ္ညွစ္ၿပီး အိပ္ရာခင္းထက္ သူ႔ကိုယ္ကို လဲေလ်ာင္းေစလိုက္သည္။

သူက ကုိယ့္ေအာက္ ျပားျပား၀ပ္သြားသည့္အခါ အၿငိဳးတရားမေျပေသးေသာ ပိုးဟပ္ျဖဴေလးက အာခံတြင္းဆက္ႏြယ္ေနေသာ ကုိယ့္၀စီေပါက္ကို သူလွ်ာလုံးနဲ႔ ရန္႐ွာသည္။ ႏွစ္ေယာက္၏ ပညာခန္းက တိုက္ခါ ခုိက္ကာ အၾကမ္းပတမ္းျဖစ္သြားသည္။

ေခၽြးတလုံးလုံး ေမာေမာပန္းပန္း ႏွစ္ေယာက္ ပန္းျဖာၿပီးေနာက္ အေပၚက ပိုင္စီးက equation sign အေနအထားမွ ကိုယ္မတ္လိုက္သည္။ ကုတင္ေဘး စားပဲြပုေပၚက တစ္လ်ဴးစကို ဆြဲထုတ္ကာ သုတ္ဖယ္ရင္း

"Mine .. မလဲြမေသ ရင္ဆုိင္ရမဲ့ ကိစၥတစ္ခုကို အခ်ိန္ေတြ ၾကာေအာင္ ေ႐ွာင္ေျပးမေနနဲ႔၊ ျမန္ျမန္ရင္ဆုိင္ၿပီး ျမန္ျမန္ေျဖ႐ွင္းတာ စိတ္အသက္သာဆုံးပဲ၊ မင္းကုိ သံသယမ၀င္ခင္ မင္းက ပုံမွန္အတုိငး္ အရင္ဆုံး အစစ္ေဆးခံလိုက္ရင္ ေနာက္ထပ္မင္းကို ဒီကိစၥႀကီး ထပ္ မႏြယ္ေစရဘူးကြာ၊ ငါကာကြယ္ေပးမယ္၊ မင္းက အခုတစ္ခါ ေနာက္ဆုံးအေနနဲ႔ သြားလိုက္ပါ"

"တစ္ေယာက္တည္း မေနရဲဘူး၊ တစ္ေယာက္တည္းဆို အဲ့ညက အျဖစ္ေတြကို ျပန္ျမင္ေယာင္လာၿပီး ေျခာက္ျခားေနတာ၊ က်နး္ေလာင္ေ၀့က ဒီတိုက္ခန္းကုိလညး္ သိတယ္၊ အဲ့အဘိုးႀကီးက ကၽြတ္မွာမဟုတ္ဘူး၊ တို႔ကို သူအရမ္းမုန္းေနမွာ"

႐ႈတ္တြလ်က္ ေျပာေနေသာ Downေျခေထာက္ကုိ ေျမွာက္ကိုင္ကာ တစ္သ်ဴး သုတ္ေပးရင္း

"သူက ေသသြားၿပီ၊ မင္းကိုသူေပးႏိုင္တာ အေၾကာက္တရားပဲ ႐ွိတယ္၊ ေသၿပီးတဲ့လူလည္း ေသၿပီးၿပီ စိတ္ထဲ မထားနဲ႔ေတာ့"

မ်က္ႏွာလႊဲထားဆဲျဖစ္ေသာ ေကာင္ေလးအေပၚ တဖန္ အုပ္မိုးလ်က္ မ်က္ႏွာခ်ငး္ဆိုင္ျဖစ္ေအာင္ မ်က္ႏွာကို ဆြဲယူကာ

"အဲ့ေန႔ကို ငါမေမ့ဘူး ... မင္းသိပ္ၾကည့္ေကာငး္ခဲ့တဲ့ ေန႔ေပါ့ကြာ၊ က်န္းေလာင္ေ၀့နဲ႔အသက္လုပြဲမွာ မင္းကို ေအာင္ႏိုင္သူအျဖစ္ ေတြ႔လိုက္ရတဲ့ အခ်ိန္၊ အေလာငး္ေဖ်ာက္ဖို႔ လုပ္စရာ႐ွိတာကုိ ေသြးေအးေအးနဲ႔ မေၾကာက္မလန္႔ လုပ္ကိုင္ရဲတဲ့ မင္းက အရမ္းဆြဲေဆာင္မႈ ႔႐ွိခဲ့တယ္၊ အခု အေရးမပါတဲ့ နာနာဘာ၀သရဲတေစၧကို ေၾကာက္လန္႔ေနတဲ့ ပုံစံက မင္းနဲ႔ မလုိက္ဖက္ဘူး၊ သရဲထက္ လူက ပိုေၾကာက္ဖို႔ေကာင္းတယ္၊ ေခါင္းအုံးနဲ႔ဖိလို႔ ထြန္႔ထြန္႔လူးေနတာကို စိတ္ေျပနေျပနဲ႔ ဇီ၀ိန္ခ်ဴပ္ၿငိမ္းေပးခဲ့တယ္၊ အေလာင္းကို ပက္ပက္စက္စက္ မီး႐ႈိ ႔ဖ်က္စီးခဲ့ၿပီးမွကြာ ... မနက္ျဖန္ case က child playပါ ... Mine"

Downႏႈတ္ခမ္းေပၚကို အနမ္းတစ္ပြင့္ေျခႊလ်က္ Winkတစ္ခ်က္က ေဘးလူျမင္ရင္ ေက်ာခ်မ္းစရာ။ Down၏ ဗလာသက္သက္ကုိယ္ေပၚကို တဖြဖြနမ္းေနေလေသာသူ ...

"ပိုင္မသိဘူး .. ဘဲႀကီးက တုိ႔အေပၚကို ေကာင္းခဲ့တယ္၊ လူေကာငး္ႀကီးမဟုတ္ေပမဲ့ တုိ႔,အေပၚကုိေတာ့ သူ တကယ္ေစတနာ႐ွိတာ၊ သူ႔ safe boxကုိ တို႔အခန္းမွာ ထားခဲ့တာကုိ ၾကည့္ျခင္းျဖင့္ တို႔ကုိ ေတာ္ေတာ္ ယုံၾကည္ခဲ့တာ၊ တုိ႔ဆီက သူအားကိုးတႀကီးအဖန္တလဲလဲ ေတာင္းခဲ့တဲ့ ကတိတစ္ခု... ပိုင္မသိဘူး၊ သူ သိပ္အားကိုးခဲ့တဲ့ တို႔က သူ႔ကို"

"မီးတုိင္ေအာက္က အလငး္ဆုံးပဲတဲ့၊ အႏၱရာယ္အမာ်းဆုံးလို႔ထင္ရတဲ့ ေနရာက အလုံၿခံဳဆုံးပဲ၊ အဲ့ဒါေၾကာင့္ ဘယ္သူမွ မထင္ထားတဲ့ ေနရာမွာ ထားခဲ့တာ၊ မင္းကို ယုံလြန္းလို႔ မဟုတ္ဘူး Feelတတ္မေနနဲ႔၊ လူတုိင္း မင္းလို မအ,ဘူး စိတ္ခ်"

"ပုိင္!"

"ငါပါ ေထာင္ထဲ လိုက္မ၀င္ႏိုင္ဘူး၊ မင္းလည္း ငါနဲ႔ မခြဲႏိုင္ရင္ ေထာင္အက်မခံနဲ႔၊ ငါနဲ႔မင္း မခဲြရေအာင္  လုပ္ေနတာမိုလို႔ ငါ့စကားနားေထာင္"

စိတ္မေကာငး္ျဖစ္၍ ထပ္စကားမဆိုႏိုင္ေသာ ေကာင္ေလးနားထင္ကို ပုိင္စီး ငုံ႔နမ္းလ်က္

"စိတ္႐ွိသလို ၀ုန္းပစ္ကြာ ... ေနာက္ပုိင္းကိစၥ ငါတာ၀န္ယူတယ္"

--------------

အိမ္ေ႐ွ ႔မွ အသံၾကား၍  မီးဖိုခန္းထဲ ခ်က္ေနရင္း ျပဳတ္ေနရင္း မမႏိုင္ အိမ္ေ႐ွ ႔ကို ထြက္ၾကည့္သည္။ ဖိနပ္စင္နားမွာ ဖိနပ္ကို စိတ္မ႐ွည္စြာ ေဆာင့္ေအာင့္ခၽြတ္ေနသည့္ ေမာင္။

"ေမာင္ေရာက္ၿပီပဲ ... sorry ေမာင္ရယ္ မ,မသိလိုက္ဘူး"

ဖိနပ္ကို ခၽြတ္ၿပီး ပစ္ခ်ကာ မမႏိုင္ကုိ အေရးမစိုက္၊ အေပၚထပ္ကို တက္သြားသည္။ မမႏိုင္က လက္ထဲမွာ ဟင္းခ်က္ဇြန္းႀကီး တကားကား ကိုင္လ်က္ မီးဖိုခန္းထဲ ျပန္၀င္ ေအပ႐ြန္ကို ခၽြတ္ သံပုရာရည္ေဖ်ာ္ၿပီး ပုိင္စီးအေနာက္လိုက္သြားသည္။

"အေမက ကထိန္အလႈကိစၥနဲ႔ ပ်ဥ္းမနားျပန္သြားေတာ့ မ,တစ္ေယာက္တည္း ကေလးထိန္းရင္း အိမ္အလုပ္႐ႈပ္ေနတာ၊ ေမာင္ ဒီေန႔ ေစာသားပဲ"

"ဘာလဲ .. အေစာျပန္လာလို႔မရဘူးလား"

"မဟုတ္ပါဘူး ေမာင္ရယ္ ေမာင္အေစာျပန္လာေတာ့ ေကာငး္တာေပါ့"

"ေမာင္ အေလလိုက္ေနတာ မဟုတ္ဘူး၊ မိသားစုစား၀တ္ေနေရး လူတန္းေစ့ေနႏိုင္ေအာင္ အလုပ္လုပ္ေနတာ၊ ေစာတဲ့ေန႔လည္း ႐ွိသလို ေနာက္က်တဲ့ေန႔လည္း ႐ွိမွာပဲ၊ အလုပ္က႐ႈပ္ပါတယ္ဆို နာရီတၾကည့္ၾကည့္နဲ႔ အိမ္မွာ ဇိမ္နဲ႔ေနေနတဲ့ မ,တို႔ မၿငိဳျငင္ေအာင္ ဂ႐ုစိုက္ေပးရဦးမွာလား"

ဇိမ္နဲ႔ေနေနတယ္တဲ့။ တစ္ေနကုန္ နားရာကိစၥကုိလုပ္လိုက္ အိမ္ကိစၥလုပ္လိုက္ ညေန ေမာင္ျပန္လာခါနီး ခ်က္ရျပဳတ္ရ တစ္ခ်က္ကေလးမွ နားနားေနေန မေနရေသး။

အိမ္ေထာင္႐ွင္မဆိုသည္မွာ လစာမေပးရေသာ အိမ္တစ္အိမ္၏ essential ဘုံကၽြန္,မ၊ အိမ္တစ္အိမ္၏ အေရးအပါဆုံး ပဲ့ကုိင္႐ွင္။ ဒါကို အျပင္စီးပြား႐ွာေနေသာ အိမ္ေထာင္ဦးစီးႀကီးက တန္ဖိုးအသိအမွတ္မျပဳ။

သံပုရာရည္ကို လက္ကမ္းေပးရင္း မမႏိုင္ ႏႈတ္ဆိတ္ေနလိုက္သည္။ ဆိတ္ဆိတ္ေနျခင္းသည္ အမွန္တရားအား ၀န္ခံျခငး္ေျမာက္ႏိုင္သလို တစ္နည္း ... စိတ္ပ်က္လြန္း၍ အၿပဳိင္ ျငင္းဆန္ခ်င္စိတ္လည္း ကုန္ခမ္းေနလို႔ျဖစ္သည္။

သူေျပာတာ သိပ္မွန္ေနလို႔ ျပန္ေျပာစရာစကားမ႐ွိလို႔ေတာ့ မဟုတ္။ တစ္ခ်က္ခ်ငး္စီ ေထာက္ျပ ေျပာလွ်င္ စကားအက်ယ္အက်ယ္ျဖစ္ရဦးမည္။ ေျပာတယ္ဆိုတာ နားလည္သူကိုပဲ ေျပာခ်င္သည္။ နားမလည္ေသာသူကို ေျပာလည္း ေျပာသူသာေမာသြားမည္၊ နားလည္လာမွာ မဟုတ္။ အဲ့ေတာ့ ... မေျပာေတာ့ဘူး။

သံပုရည္ ေသာက္ၿပီး ပိုင္စီးမ်က္ႏွာ ႐ႈတ္မဲ့သြားသည္။

"ခ်ဥ္စုတ္ေနတာပဲ၊ ႐ွာလကာရည္ ထည့္လာတာလား"

တစ္ငုံေလာက္ငုံၿပီး မမႏိုင္ လက္ထဲ ဖန္ခြက္ကို ထိုးထည့္ေပးသည္။

"မ်က္ႏွာက အဲ့လို ပ်က္မသြားနဲ႔, မ၊ ေမာင္ မႀကဳိက္ဘူး"

"မ မ်က္ႏွာက ဘာျဖစ္ေနလို႔လဲ၊ မ,မ်က္ႏွာက နဂိုတည္းက ဒီလိုပဲ၊ ေမာင့္ဘာသာ ဒီေန႔က်မွ ထူးခၽြန္ၿပီး မေကာငး္ျမင္ေနတာေတာ့ ေမာင့္စိတ္ပဲ"

"မမႏိုင္"

မမႏိုင္ ျပန္ေမာ္ၾကည့္ေပးလိုက္ေတာ့ ပိုင္စီး အံႀကိတ္ကာ မ်က္ႏွာလဲႊသြားသည္။ ခၽြတ္ၿပီးအက်ႌကို မမႏိုင္လက္ထဲ ထည့္ကာ ေရခ်ဴိးခန္းကို ေလွ်ာက္သြားသည္။ နဖူးေပၚက ဆံစတို႔ကို လက္နဲ႔တစ္ခ်က္ သပ္တင္ၿပီး ေလွ်ာ္မဲ့ျခငး္ထဲ ထည့္ရန္အျပဳ အက်ႌမွာ ကပ္ပါလာေသာ အန႔ံတစ္မ်ိဴးက မမႏိုင္ကုိ မ်က္ေမွာင္ကုတ္သြားသည္။

"အ"

နားရာ၏ ကစားစရာအပုိင္းအစကို ပုိင္စီးေျခဖ၀ါးေအာက္ တက္နင္းမိျခင္း။

"ေတာက္! ဒါေတြက ဘာလို႔ ဒီမွာ႐ွိေနတာလဲ၊ မ တစ္ေနကုန္ ဘာေတြ လုပ္ေနလဲ၊ နည္းနည္းပါးပါးလည္း ႐ွင္းဦး၊ အိမ္တစ္အိမ္လုံး ၀င္လာတည္းက ေနရာမက်ဘူး"

ကေလးတစ္ေယာက္႐ွိသည့္အိမ္မွာ ကစားစရာေတြ ဟိုတစ္စ ဒီတစ္စ ႐ွိေနတတ္ျခင္းက ပုံမွန္။ အရင္လည္း မေတာ္တဆ တက္နင္းဖူးပါလ်က္ စိတ္မတုိခဲ့သည့္ ေမာင္က ဒီေန႔မွ အထူးအဆန္း စိတ္တုိေနသည္။

"ေမာင္ မပင္ပန္းဘူးလား"

"ဘာ"

"ေမာင္ အျပင္မွာ အျပစ္လုပ္ထားၿပီး အေနေခ်ာင္ဖို႔ အိမ္ကို အတငး္အၾကပ္ စိတ္ဆိုးေယာင္ေဆာင္ အျပစ္ေတြ လိုက္႐ွာေနရတာ မပင္ပန္းဘူးလား၊ အကႌ်မွာ အန႔ံပါလာ႐ုံေလာက္နဲ႔ မ,ဘာမွ ေျပာမွာ မဟုတ္လို႔ ပုံမွန္အတုိငး္ စိတ္ေအးေအးထားေနလည္း ရတယ္၊ တမင္လုပ္ဇာက္ႀကီးေတြ ခင္းျပေနဖို႔မလိုဘူး၊ ျမင္ရတဲ့လူက ေဘာင္မကြပ္ထားတဲ့ ဒရမ္မာကားၾကည့္ေနရသလိုပဲ၊ မမႏိုင္ဆုိတဲ့ မိန္းမက ဒီအက်ႌထက္ခုိင္လုံတဲ့ သက္ေသကို အမိဖမ္းမွာမိုလို႔ ေမာင္သာ လုံေအာင္ ဖုံးႏုိင္သ၍ ေမာင္ဒီအိမ္မွာ ေအးေအးေဆးေဆးေနႏိုင္တယ္"

--------------

က်န္းေလာင္ေ၀့အတြက္ ရက္လည္အလႈကို Panoramaဟိုတယ္မွာ ၀န္ထမ္းမ်ားႏွင့္အတူ ဆြမ္းေကၽြးအမွ်ေ၀ခဲ့သည္။ က်န္းေလာင္ေ၀့၏ အသတ္ခံရမႈ႔အေပၚ အားလုံးက အံ့ၾသစိတ္ႏွင့္ ပူေဆြးေနၾကသည္။ 

က်န္းေလာင္ေ၀့ဆြမ္းေကၽြးအၿပီး မမႏိုင္ကို အိမ္ျပန္ပုိ႔ေသာလမ္းတြင္ ပုိင္စီးက ကားမွန္ေပၚ ေမးေထာက္လ်က္ လက္တစ္ဖက္တည္းႏွင့္ စတီယာရင္ကုိ ကုိင္ထိန္းကာ ကားေမာင္းရင္း ခါတိုုင္းထက္ တိတ္ေနသည္။

"အေမ့ရဲ ႔မိသားစုကထိန္အလႈ နီးလာၿပီေနာ္ ... ပ်ဥ္းမနားကို သြားဖို႔ ေမာင္အခ်ိန္ ယူထားဦး၊ လာမဲ့ Sundayက ေမာင္ေမြးေန႔၊ ေမာင္ ဘာအမွတ္တရ လုပ္ခ်င္လဲ"

မမႏုိင္ ေျပာမွ ပိုင္စီး စိတ္ထဲ ရက္တြက္ၿပီး ကိုယ့္ေမြးေန႔မွန္း သတိရလိုက္သည္။

"ဘာမွ မလုပ္ခ်င္ဘူး၊ က်န္းေလာင္ေ၀့နာေရး ပူပူေႏြးေႏြး႐ွိတုန္း ေပ်ာ္ပဲြ႐ႊင္ပဲြ လုပ္ရင္ မေကာငး္ဘူး"

"နားရာကို အျပင္မလိုက္ပုိ႔ျဖစ္တာ ၾကာၿပီ၊ ပိတ္ရက္နဲ႔တိုက္ေနတာ .. ဒီၿမိဳ ႔ျပင္ အနီးအနား သားအမိသားအဖသုံးေယာက္ Day trip သြားရင္ေရာ"

"ေကာငး္သားပဲ၊ မ,သြားခ်င္တဲ့ေနရာ႐ွိလား"

"အျပင္ေလာကနဲ႔ အဆက္ျပတ္ေနေတာ့ ဘယ္ေနရာေတြ အသစ္အဆန္း ႐ွိမွန္း မသိေတာ့ဘူး၊ ေမာင္ပဲ ေနရာေ႐ြးလိုက္ပါ"

"ဟုတ္ၿပီ၊ ေမာင္ေနရာေ႐ြးလိုက္မယ္"

"ဟုတ္ကဲ့ .. နားရာ ေပ်ာ္ေနေတာ့မွာပဲ"

ပုိင္စီးက မမႏုိင္ေပြ႔ပိုက္ထားလ်က္ အိပ္ေပ်ာ္ေနေသာ နားရာကို ၾကည့္ၿပီး ၿပဳံးသည္။ ကားမီးပြိဳင့္ မိစဥ္ သမီးဘက္လွည့္လာကာ

"ေဖေဖ့ မင္းသမီးေလး ဒီေန႔လွေနတာ၊ လာမဲ့ ပိတ္ရက္ ဟိုးးး ကို ေဖေဖက လုိက္ပုိ႔မယ္ေနာ္"

အိပ္ေပ်ာ္ေနသည့္ နားရာလက္ကို ကုိင္ကာ ေမႊးၾကဴေနသည္။

မ,တို႔သားအမိကုိ အိမ္ေပၚတီကိုေအာက္အထိ လိုက္ပုိ႔ၿပီး ေမာင္က ခ်က္ခ်ငး္ ဟိုတယ္ကိုျပန္သြားသည္။

----------------

"ကုိအာဏာ ေရာက္လာတာလား"

စကားသံေၾကာင့္ ေခ်ာင္က်က် ေထာင့္တစ္ေနရာမွာ ထုိင္ေနေသာ Down,ေခါင္းေထာင္ၾကည့္ကာ အသံၾကားရာကို လိုက္႐ွာသည္။

"ဟုတ္ကဲ့ ... ဒီေန႔ Panoramaမွာ EDက်န္းရဲ ႔ ဆြမ္းေကၽြးအလႈပါ၊ ရဲမႈးတို႔ အတြက္ မုန္႔ဟင္းခါးလာပုိ႔ရင္း အမႈ ႔အေျခအေန လာၾကားနာတာပါ၊ လိုအပ္တာ ကၽြန္ေတာ့္ကို ေျပာႏိုင္ပါတယ္"

ပုိင္စီးက စကားေျပာေနရင္း စခန္းထဲကို မသိမသာ မ်က္လုံး တစ္ခ်က္ေ၀့ၾကည့္လိုက္သည္။

ဟိုးေထာင့္က်က်ေနရာမွာ သူ႔ကို ၾကည့္ေနေသာ Downကုိ ျမင္ေတာ့ စကၠန္႔ပိုင္းေလာက္ ႏွစ္ဦး မ်က္လုံးဆုံသြားလ်က္ ဘယ္သူမွ သတိမထားမိခင္ အၾကည့္ျပန္ေ႐ြ ႔သြားသည္။ ပိုင္စီးက Downႏွင့္ အၾကည့္ဆုံသြားတာ ကာယကံ႐ွင္ေတြမွလဲြ မည္သူမွ မသိလိုက္။

ပုိင္စီးက ေနာက္ပါလူကုိ ေခါင္းညိမ့္ျပေသာအခါ အိုးႀကီးႏွင့္ မုန္႔ဖက္ အထုပ္ေတြကို မ,လာသည္။  ပုိင္စီးလက္ထဲက ေနကာမ်က္မွန္အနက္ေရာင္ ကုိင္းကို ေခါက္လိုက္ ျပန္ဆန္႔လိုက္ ရဲမႈးႏွင့္စကားေျပာေနလ်က္ Down႐ွိရာအနား ေလွ်ာက္လာသည္။

"က်န္းေလာင္ေ၀့ရဲ ႔အမႈ ႔က တရားခံကုိေဖာ္ထုတ္ဖို႔ ထင္သေလာက္ မလြယ္ဘူး၊ စုံစမ္းၾကည့္ေတာ့ က်န္းေလာင္ေ၀့က တ႐ုတ္ျပည္မႀကီးရဲ ႔စစ္ေျပးတစ္ေယာက္ျဖစ္ေနတယ္၊ တရားခံက အဲ့ဒီ့ဘက္က ျဖစ္မယ္လို႔ ခန္႔မွန္းမိတယ္၊ ဒါဆိုႏွစ္ႏိုင္ငံ ဆက္ဆံေရးနဲ႔ ၿငိၿပီး ႏုိင္ငံေရးအခ်ငး္ပြားမႈ႔ေတြ ျဖစ္လာႏုိင္တယ္"

ပိုင္စီးက သက္ျပင္းတမမ ပင့္သက္႐ႈိက္လ်က္ ေခါငး္တညိမ့္ညိမ့္။ မ်က္ႏွာမေကာင္းေသာ ပုိင္စီးကို ရဲမႈးက အားနာသြားသည္။

"တရားခံက ျပည္တြင္းကဆိုရင္ေတာ့ စိတ္မပူပါနဲ႔၊ တရားမွ်တေအာင္ ေဆာင္႐ြက္ေပးမွာပါ၊ ေလာေလာဆယ္ ကိုအာဏာအကူအညီနဲ႔ မေသဆုံးခင္က အနီးစပ္ဆုံး ပတ္သက္ခဲ့တဲ့ လူေတြကို စစ္ေဆးေနတယ္၊ ဒီေန႔ေတာင္ အစစ္ေဆးခံဖို႔ ကျပားေကာင္ေလးတစ္ေယာက္ ေရာက္လာတယ္၊ ေနာက္ဆုံးက်န္ေနတာက ေဒၚသင္းခ်ယ္ရီေထြးပဲ၊ သူက မႏၱေလးျပန္သြားတယ္လို႔ သတင္းရတယ္"

"ဟုတ္ကဲ့ အစ္မခ်ယ္ရီေထြးက ကၽြန္ေတာ့္အစ္ကိုရဲ ႔ဇနီး.. ကၽြန္ေတာ့္ မရီးပါ၊ သူက မႏၱေလးမွာေနတာဗ်၊ ရဲမႈးတို႔ လိုအပ္ရင္ အခ်ိန္မေ႐ြး သူ႔ကိုေခၚစစ္ႏိုင္တယ္၊ EDက်န္းက ကၽြန္ေတ္ာအခက္အခဲျဖစ္ေနတုန္း ကၽြန္ေတာ့္အစ္ကိုနဲ႔ ေပါင္းၿပီး အကူအညီေပးဖို႔ ႀကဳိးစားခဲ့ရင္း ျဖစ္သြားတာဆိုေတာ့"

ရဲမႈးက ေတာ္ေတာ္အားနာသြားသည္။ Panorama၏ ပုိင္စီးအာဏာကုိ သူတုိ႔ဘက္က အမွားလုပ္မိထားတာ ႐ွိျပန္ေတာ့ သိပ္ရမ္းကားလို႔မျဖစ္။

"ေႀသာ္ မဟုတ္တာ၊ ကိုအာဏာ မရီးအထိ စစ္ေမးဖို႔ မလိုပါဘူး၊ အဟမ္းအဟမ္း"

ပုိင္စီးႏႈတ္ခမ္းစြန္း ခပ္လ်ိဴလိ်ဴ  တြန္႔တတ္သြားသည္။

ေျပာလို႔မရဘူး ... ခ်ယ္ရီေထြးက ပုိင္စီးကုိ ျဖဳတ္ခ်ဖို႔ က်န္းေလာင္ေ၀့ႏွင့္ ႀကံစည္ခဲ့သူ။ က်န္းေလာင္ေ၀့နဲ႔ ပတ္သက္ၿပီး တစ္ခုခု သိထားရင္သိထားမွာ။ တစ္စုံတရာကို ဆက္စပ္မိၿပီး Downကုိ သံသယ၀င္သြားရင္ .. မျဖစ္ဘူး၊ ခ်ယ္ရီေထြးကုိ စစ္ေဆးလို႔ မျဖစ္ဘူး။

"ဟို ညီေလး .. အဲ့အခန္းမဟုတ္ဘူး၊ ဒီဘက္အခန္းထဲ သယ္မယ္"

မုန္႔ဟင္းခါးအိုးကုိ ေနရာခ်ရန္ ပုိင္စီးႏွင့္စကားေျပာေနေသာ ရဲမႈးက ပိုင္စီးကို ထားခဲ့ကာ ခပ္သြက္သြက္ ေ႐ွ ႔ကအရင္ ေလွ်ာက္သြားသည္။

Down႐ွိရာ ေခ်ာင္က်က်စားပဲြေနရာကို ပုိင္စီးက ပုံမွန္အတုိင္း ေျခလွမ္းတျဖည္းျဖည္း ေလွ်ာက္လာသည္။ Downအနားေရာက္ေသာအခါ ပုိင္စီးလက္ထဲက မ်က္မွန္ ေအာက္လြတ္က်သြားသည္။

စားပဲြေအာက္မွာ မ်က္မွန္ကို ကုန္းေကာက္ရင္း ေပါင္ေပၚတင္ထားေသာ Downလက္ဖမိုးကို ဆုပ္ကိုင္ကာ ႏွစ္လိုေသာ အနမ္းတပြင့္ကုိ ဆုခ်သည္။ စားပဲြေအာက္ေမွာင္ရိပ္ထဲ ၿပဳံးစစနဲ႔ၾကည့္ေနေသာ ပိုင္စီးကုိ Down မ်က္ေစာင္းခဲလိုက္သည္။

ပိုင္စီးက မူမပ်က္ မတ္တပ္ျပန္ရပ္သည္။ စားပဲြေအာက္မွာ ႐ွိေနသည့္ ၿပဳံးစစမ်က္ႏွာထားႏွင့္ ျခားနားစြာ တစ္ေလာကလုံးကုိ သူ႔လုပ္စာေကၽြးထားရသကဲ့သို႔ မာန္၀င့္ၾကြားလ်က္ ခပ္တည္တည္ျပန္ျဖစ္သြားၿပီး မ်က္မွန္ကုိ စတုိင္က်က် တပ္လိုက္သည္။

"အကယ္ဒမီေ႐ွာခ့္"

Down ႏႈတ္ခမ္းပါးက ျမင္ျပင္းကပ္စြာ ေရရြတ္လိုက္သည္။

"Minus Down ... ၀င္လာလို႔ရၿပီ"

စုံစမ္းေရးအရာ႐ွိ၏ ေခၚသံေၾကာင့္ Down သက္ျပင္းခ်ၿပီး ရပ္လိုက္သည္။

လုပ္ႏိုင္တယ္ .. ဒါ ေနာက္ဆုံးပဲ။ စိတ္မေကာင္းျဖစ္မိေပမဲ့ ေထာင္ထဲ မ၀င္ႏိုင္လို႔ အားနာပါတယ္။ ေနာင္တရမိေပမဲ့ မ၀န္ခံႏုိင္ပါဘူး။ ေနာက္ဆုံးေတာ့ လူဆိုတာ ကုိယ့္အတြက္ပဲ ကိုယ္ၾကည့္တတ္ၾကတာပဲေလ။ တို႔လည္း မေသေသးသ၍ လူျဖစ္ေနလို႔ လူသားဆန္ေနရဦးမယ္။

-------------

"ငါမင္း ေထာင္မက်ေအာင္ အကာအကြယ္ပဲ ေပးႏုိင္မယ္၊ မင္း အမွားအယြင္းေၾကာင့္ မင္းေထာင္က်သြားရင္ ငါမင္းေနာက္ကို လိုက္လာမွာမဟုတ္ဘူး၊ ၾကည့္လုပ္ေပါ့ ... "

ေထာင္က်လို႔ မျဖစ္ဘူး၊ ေထာင္က်ရင္ ပုိင္နဲ႔ေ၀းရလိမ့္မယ္ စိတ္ကို ႐ိုက္သြင္းၿပီး အတည္ၿငိမ္ဆုံးအေနအထား အိေျႏၵမူေကာငး္လြန္းစြာ စစ္ေမးသမွ်ကို ဟန္မပ်က္ေျဖၿပီး သံသယကငး္စြာ ျပန္ထြက္လာႏိုင္ခဲ့သည္။

ပုိင္ ႐ွိဦးမလား ႐ွာမိေပမဲ့ ျပန္သြားေလာက္ၿပီ အေတြးက လူကို အားပ်က္သြားသည္။ ပုိင္စီးနမ္းသြားေသာ လက္ခုံကို စိတ္နာစြာ ခပ္ၾကမ္းၾကမ္း ပြတ္သပ္ရင္း Downေလွ်ာက္လာသည္။ အားနဲ႔ပြတ္လိုက္ေသာေၾကာင့္ ရဲတတ္သြားေသာ လက္ခုံကို ေရႏွင့္ေဆးခ်ရန္ သန္႔စင္ခန္းထဲ ၀င္ခဲ့သည္။

"မုဒိမ္းေကာင္၊ ေဆးသမား၊ ဘိန္းသမား၊ လူယုတ္မာ၊ ေခြးတိရိစာၧန္ ေခြး၀ဲစား ပန္းေသပါေစ"

ေဘစင္မွာ လက္ေရေဆးရင္း မေက်မနပ္ အံႀကိတ္ဆဲေနတုန္း Downကုိယ္ကုိ အေနာက္က သြယ္ဖက္လာသည့္ သန္မာေသာ လက္အစုံ။ Downပခုံးသားကို ေလစုပ္ယူလ်က္ သြားခၽြန္ခၽြန္နဲ႔ ဖိကုိက္ေသာအခါ Downအေနာက္ကို လွည့္ရပ္ၿပီး တရားခံႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

ဘာသေဘာလဲ အဓိပၸာယ္နဲ႔ သူ႔ကို ေပေစာင္းေစာငး္ ၾကည့္ေနတုန္း သူက Downလည္ပင္းမွာ လူငယ္ဆန္ဆန္ ခပ္ေလ်ာ့ေလ်ာ့ စီးေႏွာင္ထားသည့္ နက္ကတုိင္ႀကဳိးကို ေဆာင့္ဆြဲလိုက္ေသာအခါ သူ႔မ်က္ႏွာႏွင့္ နီးကပ္သြားသည္။

Downႏႈတ္ခမ္းပါးကို မ်က္စင္း ေမွးၾကည့္ေနေသာ သူ႔ကို စူေငါက္ေငါက္ျပန္ၾကည့္ကာ စိတ္မ႐ွည္သည့္ Downကပဲ ႏႈတ္ခမ္းႏွစ္ခုကုိ စုပ္ကပ္လုိက္သည္။ သူ႔ေအာက္ႏႈတ္ခမ္းကို အျမင္ကပ္လြန္းလို႔ အၿငိဳးႏွင့္ ဖိကိုက္ပစ္လိုက္သည္။

နာသြားသည့္ ဒဏ္ေၾကာင့္ ခါးကို ဖက္ထားသည့္ သူ႔လက္က ပုိတင္းသြားသည္။

အားႏွင့္ဖိကုိက္ထားတုန္း သူ့ဖက္က ျငင္းဆန္႐ုန္းကန္ျခင္းမျပဳ။ ခါးကို ဖက္ထားသည့္လက္ေတြက ပိုအားသန္ၿပီး ကုိယ္ႏွစ္ခုကို တင္းတင္းဖိကပ္ကာ အံႀကိတ္ခံေနသည္။ လ်ာဖ်ားေပၚက ႏႈတ္ခမ္း၏ ညွီညိႈ ႔ညႈိ ႔ေသြးစကို ျမည္းစမ္းရမွ ကိုက္ထားတာကို လႊတ္ေပးလိုက္သည္။

"ေက်နပ္ၿပီလား"

ႏွဖူးခ်င္းထိ၊ မ်က္ႏွာခ်င္းအပ္လ်က္ သူေမးသည္။

"ဟင့္အင္း မေက်နပ္ေသးဘူး"

သူ ၿပဳံးသည္။ ထို႔ေနာက္ မ်က္လုံးမွိတ္ေပးသည္။ သေဘာက ခြင့္ျပဳတယ္ေပါ့။

ေသြးစ တစ္စိမ့္စိမ့္ ယိုစိမ့္ေနေသာ သူ၏ရဲစိုစိုႏႈတ္ခမ္းလႈံေဆာ္မႈ ႔က Downကို Vampire mood on ေစသည္။

သူ႔ပခုံးကိုကုိင္ကာ သူ႔ကို ကုိက္ခဲပစ္ရန္ အ႐ိုင္းစိတ္နဲ႔ သူ႔မ်က္ႏွာနား ျပန္ခ်ဥ္းကပ္စဥ္ အျပင္က စကားသံႏွင့္ ေျခသံေတြက ဒီသန္႔စင္ခန္းအတြင္းကို ၀င္လာမည့္ အေျခအေန။ သန္႔စင္ခန္းတံခါးမႀကီးကို Downလွမ္းၾကည့္လ်က္ စိတ္ပ်က္ေနစဥ္ သူက နီးစပ္ရာ အိမ္သာခန္းထဲ၀င္ၿပီး ဂ်က္ခ်လိုက္သည္။

ဘိုထုိင္အိမ္သာကမုတ္ေပၚ အဖုံးပိတ္ၿပီး သူ ထိုင္သည္။ ခါးပတ္ေခါင္းကို ျဖဳတ္ၿပီး အျပင္က အသံေတြကုိ သူက မ်က္ခုံးတြန္႔ျပကာ ႏႈတ္ခမ္းေပၚ လက္ညႈိးတင္ၿပီး ေခါင္းညိမ့္ျပသည္။

လူကို ျမွဴစြယ္ေနတာပဲ ဒီလူႀကီးက ...

ပုိင္စီး ေပါင္ေပၚ ခြထိုင္လ်က္ ပုိင္စီးမ်က္ႏွာကုိ လက္ႏွစ္ဖက္ႏွင့္ အုပ္ကုိင္ ေမာ့ယူလိုက္တာ အၿငိဳးတႀကီး။

-----------------

အေဖျဖစ္သူ၏ ပုခုံးေပၚမွာ ပါးတင္အိပ္ေပ်ာ္သြားေသာနားရာ၏ တင္ပါးေလးကို ခပ္ဖြဖြ ပုတ္ေပးေနသည္။

"နားရာအိပ္သြားရင္ အိပ္ရာေပၚတင္လိုက္ေတာ့ေလ၊ ေမာင္ ေညာင္းေနမွာေပါ့"

"ရတယ္ .. ေမာင့္ ခိုနားရာေလးကို ခ်ီထားခ်င္ေသးတယ္"

သမီးကို ခ်ီပိုးလ်က္ သားေခ်ာ့ေတးကို သီက်ဴးေနေသးသည္။

က်ဴးလြန္မိေသာအျပစ္ေတြေၾကာင့္ ဒီသမီးကို အေ၀းမွာထားရန္ ႀကံစည္ခဲ့ဖူးသည္။ ဘယ္လိုမွ မခဲြႏုိင္လို႔သာ အေကာင္အထည္မေဖာ္ျဖစ္တာ။ သမီးကုိ တျဖည္းျဖည္း အားနာလာသည္။ သမီးမ်က္ႏွာကို ေစ့ေစ့မၾကည့္ရဲ။ က်န္းေလာင္ေ၀့ အမႈ ႔ၿပီးေတာ့ သမီးကို ေပြ႔ခ်ီဖို႔ပင္ ပုိင္စီးအတြက္ ခက္ခဲလာသည္။

ကုိယ့္အျပစ္ေတြကုိ သမီးေလးသာ သိသြားရင္ ဘယ္ေလာက္ မုန္းတီးလိုက္မလဲ။

ေတာငး္ပန္ပါတယ္ ... ေဖေဖ့ခိုနားရာေလး။ အေဖသမီးကုိ ဘယ္လိုမွ မခဲြႏုိင္လို႔ပါ။ သမီးအတြက္ ဂုဏ္ယူစရာေကာငး္တဲ့ အေဖအျဖစ္ အေကာင္းဆုံး ဟန္ေဆာင္ေနထိုင္မွာမုိလို႔ သမီးေလး အေဖ့ေၾကာင့္ ဘယ္ေတာ့မွ အ႐ွက္မရေစရဘူး။ အေဖ့အျပစ္ေတြကို သမီးဘယ္ေတာ့မွ မသိေစရဘူး။

"မ,တို႔ ဒီႏွစ္ကထိန္အလႈမွာ မိသားစုဆင္တူ၀တ္ဖို႔ စိမ္းျပာေရာင္ေလးေရြးထားတယ္"

မ, ေျပာေသာေၾကာင့္ ပုိင္စီးလက္႐ွိအေျခအေနကုိ အသိျပန္၀င္လာသည္။

"အင္း.. အန္တီလိုအပ္တာ အကုန္ ပါရမီျဖည့္ေပးလိုက္ပါ"

"ဟုတ္ကဲ့ စိတ္ခ်ပါ"

"မ, လည္း အိပ္ေတာ့ေလ"

"မနက္ျဖန္ Day trip အတြက္ ျပင္ေနတာ .. ၿပီးပါၿပီ၊ ေမာင္အိပ္ရင္ အိပ္ႏွင့္ေတာ့၊ မနက္ျဖန္မွ Birthday wishes ေပးေတာ့မယ္"

ပုိင္စီးက အိပ္ရာေပၚ သမီးကုိ အသာအယာခ်ကာ သူပါ ၀င္အိပ္လိုက္သည္။

မနက္ျဖန္သြားမွာ ခရီးတိုျဖစ္ေပမဲ့ ကေလးပါေတာ့ ေ၀ယ်ာ၀ိစၥ အထုပ္ကမေသးလွ။ မ,အားလုံးျပင္ဆင္ၿပီးခ်ိန္ ညဆယ့္တစ္နာရီေလာက္႐ွိၿပီျဖစ္သည္။ ေမာင္က အိပ္ေပ်ာ္သြားၿပီ။

အိပ္ရာထဲ မ,၀င္လဲွၿပီးမၾကာ တစ္ေန႔လုံး ပင္ပန္းထားေသာေၾကာင့္ အိပ္ေပ်ာ္ဆဲဆဲ ေမွးခနဲျဖစ္သြားတုန္း။

ညသန္းေခါင္ ဖုန္းသံေၾကာင့္ ပိုင္စီး ႐ုတ္ခ်ည္းလန္႔ ႏိုးသြားသည္။ မ,တို႔မႏိုးခင္ ဖုန္းကို အျမန္ယူ အသံပိတ္လုိက္သည္။

နားရာကို ေခ်ာ့သိပ္ရင္း ဖုန္းကို silent လုပ္ရန္ ေမ့သြားတာ။

ဖုန္းကိုအၿပီးပိတ္ရန္ မ,ကို ေနာက္လွည့္ၾကည့္စဥ္ မ ကအိပ္ေနတုန္း။

ဖုန္း screen ထက္က ေခၚဆိုသူေၾကာင့္ ဖုန္းစပီကာကို လက္ႏွင့္အုပ္လ်က္ ပုိင္စီး နားေထာင္လိုက္သည္။ တစ္ဖက္က ေသလုေမ်ာပါး အသံႏွင့္

"ပုိင္ ... တို႔ ေသ ေတာ့ မယ္ ထင္တယ္"

_______________

ဘာဆက္ျဖစ္မလဲဆိုတာေတာ့ ေနာက္လ 12လပုိင္းမွ ျပန္ဆက္ၾကတာေပါ့။

အိမ္းးး ဒီတစ္ႏွစ္အတြက္ ႏႈတ္ဆက္ခ်ိန္ကို ေရာက္လာပါၿပီ။

ကၽြန္ေတာ္ အေ၀းသင္တတိယအသုတ္ ျမန္မာစာ ေနာက္ဆုံးႏွစ္စာေမးပဲြ႐ွိလို႔ Arr_Shengအျဖစ္ ေကာက္ေၾကာငး္Updateကို  တစ္လတိတိ ရပ္နားၿပီျဖစ္ေၾကာငး္

မနားခင္ ေကာက္ေၾကာငး္ကုိ အၿပီးသတ္ခ်င္ေသာ္လည္း စိတ္သြားတုိင္းကုိယ္မပါသလို ကုိယ္ပါတုိင္း စိတ္မလာႏုိင္တဲ့အေၾကာငး္အရင္း အမ်ိဴးမ်ိဴးအေထြေထြအသုပ္စုံေၾကာင့္ စာေမးပဲြၿပီးမွ ျပန္ဆက္ရေတာ့မယ္။ အပုိင္းက သိပ္မက်န္ေတာ့ဘူး။ အဲ့ဒါကို စာေမးပဲြမၿပီးခင္ လက္စမသတ္ႏုိင္ခဲ့ဘူး။

ႏွစ္တုိငး္ဒီလိုအခ်ိန္ ဒီလိုမ်ိဴး တစ္လေက်ာ္ေလာက္ မႏႈတ္ဆက္ခ်င္ရင္ Arr_Shengကို ဒီႏွစ္အၿပီးစာေမးပဲြေအာင္ျမင္ပါေစလို႔ ဆုေတာငး္ေပးပါ :-)
ကၽြန္ေတာ္ဒီႏွစ္ေတာ့ အၿပီးကၽြတ္ခ်င္ၿပီ။

ကၽြန္ေတာ္ အမာ်းႀကီး ခ်ျပစရာေတြ ႐ွိတယ္။ ကၽြန္ေတာ့္ရဲ ႔ Draft Files ေတြအမ်ားႀကီး႐ွိတယ္။ အသစ္အသစ္ေတြနဲ႔ ေသခ်ာေပါက္ျပန္လာမွာမိုလို႔ ေစာင္ေ့နပါလို႔မမွာ၀ံ့ေပမဲ့ မေမ့လိုက္ပါနဲ႔။

စာေမးပဲြ႐ွိလို႔သာ ခဲြရမွာ ကၽြန္ေတာ္ မခဲြႏုိင္ပါဘူး။ ေနာက္ႏွစ္ေတြမွာ ဒီလိုထပ္မခဲြရဖို႔အတြက္ ဒီတစ္ႏွစ္ ေနာက္ဆုံး ေရကုန္ေရခမ္းႀကဳိးစားမွာမုိလို႔ တြဲလက္ေတြက ေမွ်ာ္လင့္ေနပါ။ ဒီႏွစ္က ကၽြန္ေတာ္တုိ႔ရဲ ႔ေနာက္ဆုံးခြဲခြာမႈ႔ပါ။ ေနာက္ႏွစ္တုိင္း ဒီလိုအခ်ိန္ေတြမွာ တြဲလက္ေတြနဲ႔ အတူ႐ွိေနေပးပါ့မယ္။ Ro တယ္ဟ XD

ေက်းဇူးအထူးတင္ပါတယ္ "တဲြလက္" တို႔ ... ေရးသမွ် ဖတ္ေပးၿပီး ခ်စ္ခင္ႏွစ္သက္ေပးတဲ့အတြက္၊ တစ္ခါမွ မၾကားဖူးခဲ့တဲ့ အားေပးစကားေတြအတြက္၊ ခ်ီးက်ဴးေျမွာက္စားေပးမႈ႔ေတြအတြက္၊ ေနရာတစ္ခုကို အသိအမွတ္အျပဳ ဆဲြေခၚလာေပးတဲ့အတြက္၊ Arr_Shengအျဖစ္ တြဲလက္ေတြ ႐ွိလာကတည္းက ကိုယ္ Internet Data Onလိုက္တာနဲ႔ အထီးမက်န္ခဲ့ေတာ့တဲ့အတြက္၊ အသိမိတ္ေဆြသူငယ္ခ်ငး္ေတြအမ်ားႀကီးကို မိတ္ဆက္ေပးခဲ့တဲ့အတြက္၊ ကၽြန္ေတာ္မသိတဲ့ ကမာၻတစ္ခုကို ဆဲြေခၚလာေပးတဲ့အတြက္ ... အၿမဲ ေက်းဇူးတင္ခဲ့တာပါ။

ေက်းဇူးတရားေတြကုိ ကၽြန္ေတာ္ႀကဳိးစားဖန္တီးမႈ႔ေတြနဲ႔ ျပန္ေပးဆပ္ပါ့မယ္။

တစ္လေလာက္ခဲြရမွာကို Arr_Sheng ရစ္လို႔မဆုံးေတာ့ဘူး XD

ႏႈတ္ဆက္ပါတယ္ ... လိမ္လိမ္မာမာေနၾက။ တစ္လတိတိ လြန္ၿပီး December လမွာ ျပန္ေတြ႔မယ္။

ႏွလုံးသားထဲ နင့္ေနေအာင္ တအားခ်စ္ပါတယ္။ တြဲလက္ေတြအတြက္ပဲျဖစ္ျဖစ္ ကၽြန္ေတာ္ စာေမးပဲြမွာ ႀကိဳးစားပါ့မယ္။ စာေမးပြဲေျဖရမဲ့ ေရာင္းရင္းေတြလည္း ဖုိက္တင္းးးး

ကၽြန္ေတာ္ခ်စ္တာ သိတယ္မလား ... တာတာ့

2:23PM
10/27/2018

Downဆီ လာရာလမ်​းတွင်​ ပိုင်စီးခြေလှမ်းတွေ တက်ကြွနေသည်။  လက်​နှစ်​ဖက်​မှာ Downနှင်​့အတူစားရန်​ စားစရာအထုပ်တွေ အပြည်​့ကိုင်​ဆွဲထားသည်​။ အိမ်​ရှင်​ပီသစွာ တံခါးကို ဘယ်တော့မှ လာမဖွင့်တတ်သည့် ကောင်လေးကြောင့် ဘဲလ်​မတီး၊ တံခါး​ခေါက်​မ​နေဘဲ ကိုယ့်ဘာသာ အခန်းလျှို့၀ှက်ကုဒ်ကို ရိုက်နှိပ်ကာ အထဲ ၀င်လာသည်။

"ဟား .. မလုပ်​ပါနဲ့ဆို ခိခိ"

"ဘေဘီကလည်းကွာ .. နုနယ်​တတ်လိုက်တာ"

"ယူက လက်ကို ငြိမ်ငြိမ်ထားလေ၊ ဒီမှာ ဇာက်ကားကြည့်နေတာ လိုက်စနေတော့ ကြိုက်မလားလို့"

 Down၏ ကနွဲ့ကလျ ရယ်သံနှင့်အတူ သူစိမ်းယောက်ျား၏ စနောက်သံတို့ကို အိပ်ခန်းအတွင်းမှ ရယ်မြူးအူရွှင်စွာ ကြားနေရသည်။ တပြုံးပြုံး၀င်လာသော ပိုင်စီးမျက်နှာ တည်ကျသွားပြီး လက်ထဲက အထုပ်​​ေ​​တွ အောက်ကို လွတ်​ကျ သွားသည်။ 

အိမ်အကူအဒေါ်ကြီးက ပိုင်စီးကိုမြင်လျှင် မျက်စိပျက်မျက်နှာပျက် ဦးညွတ်နှုတ်ဆက်သည်။ အိပ်ခန်းထဲက Downကို အသိ​ပေးသွားပြောရန် ပြင်နေသော အဒေါ်ကြီးလက်မောင်းကို ပိုင်စီးဖမ်​းဆွဲပြီး ခေါင်းရမ်းပြကာ အခန်းထဲက ထွက်သွားရန် တံခါးပေါက်ဘက်သို့ မေးငေါ့ပြလိုက်သည်။

အ​ဒေါ်ကြီး ထွက်သွားမှ ဧည့်ခန်း ထိုင်ခုံမှာ ပိုင်စီး၀င်ထိုင်သည်​။ အိပ်ခန်းထဲက Downနှင့်သူစိမ်းယောက်ျား၏ ကလူကလီ ရယ်မော​သံများက နားထဲ၀င်လာရင်း​။ ပိုင်စီးမျက်နှာကို လက်နှစ်ဖက်အုပ်​ ခေါင်းငိုက်စိုက်ကျလျက်​ အိပ်ခန်းအပြင် ဧည့်ခန်းမှာ တစ်ယောက်တည်း ငြိမ်သက်စွာ ထိုင်​ဖြစ်သည်။ ထိန်းချူပ်မရတဲ့အဆုံး မျက်နှာကို အုပ်ကွယ်ကာ အသံမထွက်အောင်ကြိတ်ငိုသည်။

မိနစ်သုံးဆယ်​​လေးဆယ်​့ငါးမိနစ်​​နီးပါးအကြာ Downအိပ်ခန်းထဲက သူစိမ်းယောက်ျား ထွက်လာသည်။ ဧည့်ခန်းမှာ ခြေချိတ်ထိုင်ရင်း သတင်းစာဖတ်​​နေ​သော ပိုင်စီးကို တွေ့သည်​့အခါ အကဲခတ်ကြည့်သွားသည်။

"ဘေဘီ .. ကိုယ်ပြန်ပြီ"

"လိုက်​မပို့​တော့ဘူး .. ဧည့်သည်ရောက်နေလို့"

"​အေးပါကွာ"

သတင်းစာအဖတ်မပျက်​သော ပိုင်စီးကို ထိုသူစိမ်းယောက်ျားက စူးစူးစမ်းစမ်း ကြည့်,ကြည့်သွားသော်လည်း ပိုင်စီး၏ အသိအမှတ်ပြု တန်ပြန်အကြည့်တစ်ချက် မရလိုက်။

"ဟိုတစ်ယောက် ... လူကိုတွေ့ဖို့လာရင် ၀င်လို့ရပြီ၊ သတင်​းစာလာဖတ်​ရင်လည်​း အဲ့သတင်းစာ ခင်ဗျားအိမ်​အထိယူသွား၊ ရှိ​နေတာ စိတ်​ကျဉ်​းကြပ်​တယ်​၊ ​နောက်​ထပ်​ဧည်​့သည်​ မလာ​သေးခင်​ ပြန်​စရာရှိတာ ပြန်​​တော့"

စီးကရက်မီးညှိရင်​း Down၏ အခေါ်ဆင့်စကားကြောင့် ပိုင်စီးသတင်းစာကို ခေါက်ကာ အိပ်ခန်းထဲ ၀င်လာသည်။

အိပ်ရာခင်​း အဖြူရောင် ကုတင်ထက်မှာ ဒူး​ထောင်​​ပေါင်​ကားလျက်​ အကျႌလက်ရှည်ပွပွ အဖြူကို ဖရိုဖရဲ၀တ်ထားကာ ရင်ဘတ်ကြယ်သီးသုံးလုံး ပြုတ်နေသည်။ ပိုးဟပ်​ဖြူလို နုန်​းဖက်​ဖက်​ကောင်လေးက စီးကရက်​​ငွေ့​တွေကို မက်​မက်​​မော​မော ဖွာရှိုက်​​နေသည်​။ ကုတင်​နား​ရောက်​လာ​သော ပိုင်​စီးကို ​ကြည်​့မလာ​သေးသည်​က အရေးမစိုက်သယောင်။

သက်ပြင်းသာချပြီး ကုတင်စွန်းမှာ၀င်ထိုင်လိုက်သည်။

"အရမ်း အိ​နြေ္ဒ​ကောင်​းလွန်​းတာမဟုတ်​လား၊ အခုအ​ခြေအ​နေကို စိတ် .. မဆိုးဘူးလား၊ အေးလေ ဘယ်ဆိုးပါ့မလဲ၊ ပိုင့်စိတ်​ထဲ တို့မှ မရှိတာ၊ စိတ်ဆိုးရလောက်အောင် တို့က ပိုင့်အတွက် အရေးမပါဘူး"

နှစ်ယောက်ကြား အချိန်တစ်ခုကြာ တိတ်နေပြီး Downအရင် စကားစလာသည်။ ပိုင်စီးက Downမျက်နှာကို အသာငေးကြည့်လျက် စကားအရှည်ကြီးပြောရန် နှုတ်ခမ်းဟပြီးမှ မျက်လွှာချ သက်ပြင်းရှိုက်သည်။

"ငါ့အမှားပါ၊ ငါသာ မင်းအနားမှာ နေပေးနိုင်ရင် မင်းအခြားလူ မလိုအပ်လောက်ဘူး"

အားကောငး်မောင်းသန် တုန့်ပြန်လာမည်ဟု ထင်ထားသော်လည်း စိတ်လျှော့သွားသည့် ပိုင်စီး။

ပိုင်​စီးက စီးကရက်နံ့မွှန်​လို့ ပဝါကိုနှာခေါင်းမှာ အုပ်ကာ မျက်​နှာတစ်​ဖက်​လွဲှသွားသည်​။ Downက မှုန်ကုပ်ကုပ်ကြည့်လျက် စားပွဲပေါ် စီးကရက်ကို ​မီးစထိုးချေသည်။

"အရင်က ဒီ့ထက်ဆိုးတာတွေ လုပ်ခဲ့ပြီးမှ အခု ဒီစီးကရက်ကို အနံ့ မခံနိုင်တော့ဘူးလား"

ပိုင်​စီးကြားပါ​စေလည်​း မရည်​ရွယ်​၊ မကြားပါ​စေလည်​း မဆု​တောင်​း။ Downတစ်ကိုယ်တည်း ​ရေရွတ်​​သောစကား။

"ဘာ ပြောလိုက်​တယ်​"

"ဒီအတိုင်​း ... အတိတ်​က ​ဆေးသမားတစ်​​ယောက်​အ​ကြောင်​း"

ပိုင်​စီးက အဆက်​အစပ်​မရှိ​သောDownစကားကို နားမလည်​။ နားလည်​​အောင်​လည်​း စိတ်​ဝင်​စားမှု့မရှိ။ Downစကားကို ပဝါစ​လောက်​ပင်​ တန်​ဖိုးမထား။ ပဝါကို အိတ်​ကပ်​ထဲ ​သေသပ်​စွာ​ပြန်ခေါက်​ထည်​့​နေသည်​။

ပိုင်​စီးကိုကြည်​့လျက်​ Down စိတ်​ပျက်​စွာ စုတ်​သပ်​သည်​။

"ဘာကိစ္စလဲ? ကိစ္စရှိလို့လာတာမလား၊ မြန်မြန်ပြောပြီး မြန်မြန်ပြန်၊ အာရုံနောက်တယ်"

"ကိစ္စလည်း ရှိတယ်​၊ မင်းကိုလည်း တွေ့ချင်တယ်​၊ ဘယ်​့နှယ်​လဲ တစ်​ခါလာ နှစ်​ခုပြီး"

မျက်​နှာ​ရှေ့ ထိုးချလာ​သော ပိုင်​စီးလက်ချောင်း​​သေနတ်​ကို Downစိတ်​ရှုပ်​စွာ ဆွဲဖယ်​ပစ်သည်​။

Downနှုတ်​ခမ်​း​လေး ပြုံးတာ ​တွေ့ချင်​လို့ ရွှတ်​​နောက်​​နောက်​ ​ပြောသော်​လည်​း မထီ​လေးစားဟန်​ မဲ့ရွဲ့သွားသည်​။

"ချစ်တယ် လို့ ပြောခဲ့ဖူးတယ်နော်၊ ပိုင် တို့ကို မချစ်ပါဘူး၊ ချစ်တယ်ဆိုတဲ့ စကားကို ထိန်းချူပ်ထားတာ၊ လူကို အမြဲခံစားရအောင် လုပ်တယ်၊ အမြဲချန်ထားတယ်၊ အမြဲ ဥပေက္ခာပြုထားတယ်၊ တို့လူသတ်လည်း လွှတ်ထားတယ်၊ အခု တို့ကုတင်ပေါ်က ယောက်ျားတစ်ယောက်ဆင်းသွားတာ မြင်လည်း သတင်းစာအဖတ်မပျက်ဘူး၊ ပိုင် သိပ်ရက်စက်တယ် သိလား .. အရမ်းရက်စက်တယ်၊ အရမ်းအသဲမာတယ်"

ပိုင်စီးရင်ဘတ်ကို လက်​သီးဆုပ်​လုံး​လေးက အဆက်မပြတ် မ​ကျေမနပ်​ ထုနှက်လာသည်​။

"ငါမင်းကို အပြစ်ကို မမြင်တော့တာ၊ မငး်ဘာလုပ်လုပ် မင်းမှာအပြစ်မရှိဘူး၊ အားလုံးက ငါအသုံးမကျလို့ မင်းမှာဖြစ်ရတာ၊ ငါ့အပြစ်လို့ပဲ ခံယူထားတယ်၊ ငါအားလုံး ခွင့်ပြုတာမိုလို့ မင်း ပျော်သလိုနေ၊ မင်း ပျော်အောင်ထားမယ်၊ ငါ့ဘက်က တောင်းဆိုချင်တာ တစ်ခုတည်း ... ငါကဘယ်​လောက်စိတ်​ပျက်​ဖို့​ကောင်​း​နေပါ​စေ ငါ့အနားက ထွက်​မသွားပါနဲ့၊ ငါ့အနားမှာ မင်း နေပေးပါ၊ အပြစ်မမြင်တဲ့အချစ်နဲ့ ချစ်တတ်ပြီး ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ပဲ ငါမင်းကို နားလည်ပေးထား​တယ်​၊ အဲ့ဒါက ငါ့အချစ်ကို ငါထိန်းသိမ်းနိုင်တဲ့ နည်းလမ်းပဲ၊ ငါ့လိုအပြစ်တွေအများကြီးနဲ့ကောင်က Roဆန်ဆန်ချစ်တတ်ဖို့ရော သ၀န်တိုဖို့ရော အနားမှာရှိနေပေးဖို့ရော မထိုက်တန်ဘူး"

ပိုင်စီးလက်ထဲမှာ ဖမ်းချူပ်ထားသည့် Down၏လက်ကောက်၀တ် အားပျော့သွားသည်။ မာန်ထောင်နေသော လက်သီးဆုပ်လေးက ငိုက်ကျသွားလျက် Downမျက်၀န်းတို့ အရောင်ဖျော့ကာ မေးဖျားလေး တဆက်ဆက် တုန်ရီလာသည်။ ခုနက ခပ်ဂျစ်ဂျစ်ကောင်ဆိုးလေးက အခုမူ အူလှိုက်သည်းလှိုက် ငိုမိုးစွေတော့မယောင်။

"ဒီလူကြီးကို ဘယ်လိုလုပ်ရပ့ါ ... ထပ်ချစ်ဖို့လည်း မသဒ္ဓါချင်ဘူး၊ အမုန်းကိုလည်း မစွန့်ကြဲနိုင်ဘူး"

ငိုချင်သောကလေးငယ်က ပိုင်စီးရင်ခွင်ထဲ ပုန်းခိုလာသည်။ ကျောပြင်ကို အသာထွေးဖက်ပေးထားလျက်

"ငါသိတယ်.. မင်းက လိမ္မာလွန်းတဲ့ကလေး၊ အားလုံးက ငါမကောငး်လို့ မင်း ဆိုးနေရတာ၊ အရမ်းလိမ္မာလွန်းတဲ့ကလေးကို ရိုင်းစိုင်းလာစေရအောင် ငါတော်တော် မကောင်းတာပဲ"

"အရမ်းလွမ်းနေတာ"

စိတ်ဆိုးပြေသွားသော ကောင်လေးက ပိုင်စီးမေးစေ့ကို လှမ်းနမ်းလျက် ရင်ခွင်မှာမှီနွဲ့လာသည်။

ပိုင်စီးသက်ပြင်းချလျက် Downလက်ချောင်းတွေကို ဆုပ်ကိုင်ကာ

"ရဲစခန်းသွားရမယ်"

"ဘာရယ်"

Down ဆက်ခနဲ ခေါင်းထောင်လာသည်။

"ကျန်းလောင်ေ၀့ အမှု ့ကို လက်စသတ်ရမယ်လေ၊ အဲ့ဒါသာ ကောင်းကောငး် ကျော်ဖြတ်နိုင်ရင် ဒီအမှု ့ပြီးသွားပြီ"

"မသွားဘူး"

ရင်ခွင်ထဲက ရုန်းကြွနေသော ကောင်လေးကို ခြေထောက်နဲ့ဖိပြီး အတငး်ချူပ်ဖက်ကာ

"မသွားလို့ မရဘူး၊ ကျန်းလောင်ေ၀့နဲ့ အနီးဆုံးပတ်သက်ခဲ့တဲ့ လူတွေကို စစ်နေတာ၊ မြန်မြန်သွားတွေ့ပြီး မြန်မြန် အပြီးသတ်လိုက်တော့ မင်းစိတ်ပေါ့သွားတာပေါ့"

ခါးတစ်ခွင်ကို ပိုင်စီးခြေထောက်ကြားထဲ ဖိညှပ်ထားသောကြောင့် အားမတန် မာန်လျှော့ မရုန်းနိုင်တော့ပေ။

"စိတ်ပေါ့တယ်? ဘာလို့ပြောလိုက်တဲ့စကားတိုငး် မုန်းဖို့ကောငး်နေတာလဲ"

 ရင်ခွင်ထဲမှာ ရှိလျက်ကပင် မျက်နှာချင်းနီးကပ်စွာ ခေါငး်မော့ မေးလာသောအခါ ပိုင်စီး ပြောလက်စစကားကို မဆက်နိုင်ပဲ အသဲယားလွန်းလို့ အရင်ဆုံး ငုံ့နမ်းပစ်လိုက်သည်။ ပိုးဟပ်ဖြူလေးက ကျောကိုထုရိုက်လျက် ရုန်းကာ ဖယ်ကာ ငြင်းဆန်လာသေးသည်။

လက်တစ်ဖက်က သူ့ကျောကို ထိန်းကိုင်ကာ နှုတ်ခမ်းတွေကို ဖယ်ခွာမပေးပဲ စုပ်နမ်းနေရင်း ကျန်လက်တစ်ဖက်က ကိုယ့်ကျောပေါ်ရောက်နေသော သူ့လက်တံကို ဆွဲယူလိုက်သည်။ ဖြူသွယ်လျလျလက်ချောင်းတွေကို ကိုယ့်လက်ဖဝါးကြီးကြီးထဲ အုပ်ကိုင်ကာ အားပါပါ ဆုပ်ညှစ်ပြီး အိပ်ရာခင်းထက် သူ့ကိုယ်ကို လဲလျောင်းစေလိုက်သည်။

သူက ကိုယ့်အောက် ပြားပြား၀ပ်သွားသည့်အခါ အငြိုးတရားမပြေသေးသော ပိုးဟပ်ဖြူလေးက အာခံတွင်းဆက်နွယ်နေသော ကိုယ့်၀စီပေါက်ကို သူလျှာလုံးနဲ့ ရန်ရှာသည်။ နှစ်ယောက်၏ ပညာခန်းက တိုက်ခါ ခိုက်ကာ အကြမ်းပတမ်းဖြစ်သွားသည်။

ချေွးတလုံးလုံး မောမောပန်းပန်း နှစ်ယောက် ပန်းဖြာပြီးနောက် အပေါ်က ပိုင်စီးက equation sign အနေအထားမှ ကိုယ်မတ်လိုက်သည်။ ကုတင်ဘေး စားပွဲပုပေါ်က တစ်လျူးစကို ဆွဲထုတ်ကာ သုတ်ဖယ်ရင်း

"Mine .. မလွဲမသေ ရင်ဆိုင်ရမဲ့ ကိစ္စတစ်ခုကို အချိန်တွေ ကြာအောင် ရှောင်ပြေးမနေနဲ့၊ မြန်မြန်ရင်ဆိုင်ပြီး မြန်မြန်ဖြေရှင်းတာ စိတ်အသက်သာဆုံးပဲ၊ မင်းကို သံသယမ၀င်ခင် မင်းက ပုံမှန်အတိုငး် အရင်ဆုံး အစစ်ဆေးခံလိုက်ရင် နောက်ထပ်မင်းကို ဒီကိစ္စကြီး ထပ် မနွယ်စေရဘူးကွာ၊ ငါကာကွယ်ပေးမယ်၊ မင်းက အခုတစ်ခါ နောက်ဆုံးအနေနဲ့ သွားလိုက်ပါ"

"တစ်ယောက်တည်း မနေရဲဘူး၊ တစ်ယောက်တည်းဆို အဲ့ညက အဖြစ်တွေကို ပြန်မြင်ယောင်လာပြီး ခြောက်ခြားနေတာ၊ ကျနး်လောင်ေ၀့က ဒီတိုက်ခန်းကိုလညး် သိတယ်၊ အဲ့အဘိုးကြီးက ကျွတ်မှာမဟုတ်ဘူး၊ တို့ကို သူအရမ်းမုန်းနေမှာ"

ရှုတ်တွလျက် ပြောနေသော Downခြေထောက်ကို မြှောက်ကိုင်ကာ တစ်သျူး သုတ်ပေးရင်း

"သူက သေသွားပြီ၊ မင်းကိုသူပေးနိုင်တာ အကြောက်တရားပဲ ရှိတယ်၊ သေပြီးတဲ့လူလည်း သေပြီးပြီ စိတ်ထဲ မထားနဲ့တော့"

မျက်နှာလွှဲထားဆဲဖြစ်သော ကောင်လေးအပေါ် တဖန် အုပ်မိုးလျက် မျက်နှာချငး်ဆိုင်ဖြစ်အောင် မျက်နှာကို ဆွဲယူကာ

"အဲ့နေ့ကို ငါမမေ့ဘူး ... မင်းသိပ်ကြည့်ကောငး်ခဲ့တဲ့ နေ့ပေါ့ကွာ၊ ကျန်းလောင်ေ၀့နဲ့အသက်လုပွဲမှာ မင်းကို အောင်နိုင်သူအဖြစ် တွေ့လိုက်ရတဲ့ အချိန်၊ အလောငး်ဖျောက်ဖို့ လုပ်စရာရှိတာကို သွေးအေးအေးနဲ့ မကြောက်မလန့် လုပ်ကိုင်ရဲတဲ့ မင်းက အရမ်းဆွဲဆောင်မှု ့ရှိခဲ့တယ်၊ အခု အရေးမပါတဲ့ နာနာဘာ၀သရဲတစေၧကို ကြောက်လန့်နေတဲ့ ပုံစံက မင်းနဲ့ မလိုက်ဖက်ဘူး၊ သရဲထက် လူက ပိုကြောက်ဖို့ကောင်းတယ်၊ ခေါင်းအုံးနဲ့ဖိလို့ ထွန့်ထွန့်လူးနေတာကို စိတ်ပြေနပြေနဲ့ ဇီ၀ိန်ချူပ်ငြိမ်းပေးခဲ့တယ်၊ အလောင်းကို ပက်ပက်စက်စက် မီးရှို ့ဖျက်စီးခဲ့ပြီးမှကွာ ... မနက်ဖြန် case က child playပါ ... Mine"

Downနှုတ်ခမ်းပေါ်ကို အနမ်းတစ်ပွင့်ခြွှေလျက် Winkတစ်ချက်က ဘေးလူမြင်ရင် ကျောချမ်းစရာ။ Down၏ ဗလာသက်သက်ကိုယ်ပေါ်ကို တဖွဖွနမ်းနေလေသောသူ ...

"ပိုင်မသိဘူး .. ဘဲကြီးက တို့အပေါ်ကို ကောင်းခဲ့တယ်၊ လူကောငး်ကြီးမဟုတ်ပေမဲ့ တို့,အပေါ်ကိုတော့ သူ တကယ်စေတနာရှိတာ၊ သူ့ safe boxကို တို့အခန်းမှာ ထားခဲ့တာကို ကြည့်ခြင်းဖြင့် တို့ကို တော်တော် ယုံကြည်ခဲ့တာ၊ တို့ဆီက သူအားကိုးတကြီးအဖန်တလဲလဲ တောင်းခဲ့တဲ့ ကတိတစ်ခု... ပိုင်မသိဘူး၊ သူ သိပ်အားကိုးခဲ့တဲ့ တို့က သူ့ကို"

"မီးတိုင်အောက်က အလငး်ဆုံးပဲတဲ့၊ အန္တရာယ်အမာျးဆုံးလို့ထင်ရတဲ့ နေရာက အလုံခြုံဆုံးပဲ၊ အဲ့ဒါကြောင့် ဘယ်သူမှ မထင်ထားတဲ့ နေရာမှာ ထားခဲ့တာ၊ မင်းကို ယုံလွန်းလို့ မဟုတ်ဘူး Feelတတ်မနေနဲ့၊ လူတိုင်း မင်းလို မအ,ဘူး စိတ်ချ"

"ပိုင်!"

"ငါပါ ထောင်ထဲ လိုက်မ၀င်နိုင်ဘူး၊ မင်းလည်း ငါနဲ့ မခွဲနိုင်ရင် ထောင်အကျမခံနဲ့၊ ငါနဲ့မင်း မခွဲရအောင်  လုပ်နေတာမိုလို့ ငါ့စကားနားထောင်"

စိတ်မကောငး်ဖြစ်၍ ထပ်စကားမဆိုနိုင်သော ကောင်လေးနားထင်ကို ပိုင်စီး ငုံ့နမ်းလျက်

"စိတ်ရှိသလို ၀ုန်းပစ်ကွာ ... နောက်ပိုင်းကိစ္စ ငါတာ၀န်ယူတယ်"

--------------

အိမ်ရှေ ့မှ အသံကြား၍  မီးဖိုခန်းထဲ ချက်နေရင်း ပြုတ်နေရင်း မမနိုင် အိမ်ရှေ ့ကို ထွက်ကြည့်သည်။ ဖိနပ်စင်နားမှာ ဖိနပ်ကို စိတ်မရှည်စွာ ဆောင့်အောင့်ချွတ်နေသည့် မောင်။

"မောင်ရောက်ပြီပဲ ... sorry မောင်ရယ် မ,မသိလိုက်ဘူး"

ဖိနပ်ကို ချွတ်ပြီး ပစ်ချကာ မမနိုင်ကို အရေးမစိုက်၊ အပေါ်ထပ်ကို တက်သွားသည်။ မမနိုင်က လက်ထဲမှာ ဟင်းချက်ဇွန်းကြီး တကားကား ကိုင်လျက် မီးဖိုခန်းထဲ ပြန်၀င် အေပရွန်ကို ချွတ် သံပုရာရည်ဖျော်ပြီး ပိုင်စီးအနောက်လိုက်သွားသည်။

"အမေက ကထိန်အလှုကိစ္စနဲ့ ပျဉ်းမနားပြန်သွားတော့ မ,တစ်ယောက်တည်း ကလေးထိန်းရင်း အိမ်အလုပ်ရှုပ်နေတာ၊ မောင် ဒီနေ့ စောသားပဲ"

"ဘာလဲ .. အစောပြန်လာလို့မရဘူးလား"

"မဟုတ်ပါဘူး မောင်ရယ် မောင်အစောပြန်လာတော့ ကောငး်တာပေါ့"

"မောင် အလေလိုက်နေတာ မဟုတ်ဘူး၊ မိသားစုစား၀တ်နေရေး လူတန်းစေ့နေနိုင်အောင် အလုပ်လုပ်နေတာ၊ စောတဲ့နေ့လည်း ရှိသလို နောက်ကျတဲ့နေ့လည်း ရှိမှာပဲ၊ အလုပ်ကရှုပ်ပါတယ်ဆို နာရီတကြည့်ကြည့်နဲ့ အိမ်မှာ ဇိမ်နဲ့နေနေတဲ့ မ,တို့ မငြိုငြင်အောင် ဂရုစိုက်ပေးရဦးမှာလား"

ဇိမ်နဲ့နေနေတယ်တဲ့။ တစ်နေကုန် နားရာကိစ္စကိုလုပ်လိုက် အိမ်ကိစ္စလုပ်လိုက် ညနေ မောင်ပြန်လာခါနီး ချက်ရပြုတ်ရ တစ်ချက်ကလေးမှ နားနားနေနေ မနေရသေး။

အိမ်ထောင်ရှင်မဆိုသည်မှာ လစာမပေးရသော အိမ်တစ်အိမ်၏ essential ဘုံကျွန်,မ၊ အိမ်တစ်အိမ်၏ အရေးအပါဆုံး ပဲ့ကိုင်ရှင်။ ဒါကို အပြင်စီးပွားရှာနေသော အိမ်ထောင်ဦးစီးကြီးက တန်ဖိုးအသိအမှတ်မပြု။

သံပုရာရည်ကို လက်ကမ်းပေးရင်း မမနိုင် နှုတ်ဆိတ်နေလိုက်သည်။ ဆိတ်ဆိတ်နေခြင်းသည် အမှန်တရားအား ၀န်ခံခြငး်မြောက်နိုင်သလို တစ်နည်း ... စိတ်ပျက်လွန်း၍ အပြိုင် ငြင်းဆန်ချင်စိတ်လည်း ကုန်ခမ်းနေလို့ဖြစ်သည်။

သူပြောတာ သိပ်မှန်နေလို့ ပြန်ပြောစရာစကားမရှိလို့တော့ မဟုတ်။ တစ်ချက်ချငး်စီ ထောက်ပြ ပြောလျှင် စကားအကျယ်အကျယ်ဖြစ်ရဦးမည်။ ပြောတယ်ဆိုတာ နားလည်သူကိုပဲ ပြောချင်သည်။ နားမလည်သောသူကို ပြောလည်း ပြောသူသာမောသွားမည်၊ နားလည်လာမှာ မဟုတ်။ အဲ့တော့ ... မပြောတော့ဘူး။

သံပုရည် သောက်ပြီး ပိုင်စီးမျက်နှာ ရှုတ်မဲ့သွားသည်။

"ချဉ်စုတ်နေတာပဲ၊ ရှာလကာရည် ထည့်လာတာလား"

တစ်ငုံလောက်ငုံပြီး မမနိုင် လက်ထဲ ဖန်ခွက်ကို ထိုးထည့်ပေးသည်။

"မျက်နှာက အဲ့လို ပျက်မသွားနဲ့, မ၊ မောင် မကြိုက်ဘူး"

"မ မျက်နှာက ဘာဖြစ်နေလို့လဲ၊ မ,မျက်နှာက နဂိုတည်းက ဒီလိုပဲ၊ မောင့်ဘာသာ ဒီနေ့ကျမှ ထူးချွန်ပြီး မကောငး်မြင်နေတာတော့ မောင့်စိတ်ပဲ"

"မမနိုင်"

မမနိုင် ပြန်မော်ကြည့်ပေးလိုက်တော့ ပိုင်စီး အံကြိတ်ကာ မျက်နှာလွဲှသွားသည်။ ချွတ်ပြီးအကျႌကို မမနိုင်လက်ထဲ ထည့်ကာ ရေချိူးခန်းကို လျှောက်သွားသည်။ နဖူးပေါ်က ဆံစတို့ကို လက်နဲ့တစ်ချက် သပ်တင်ပြီး လျှော်မဲ့ခြငး်ထဲ ထည့်ရန်အပြု အကျႌမှာ ကပ်ပါလာသော အန့ံတစ်မျိူးက မမနိုင်ကို မျက်မှောင်ကုတ်သွားသည်။

"အ"

နားရာ၏ ကစားစရာအပိုင်းအစကို ပိုင်စီးခြေဖဝါးအောက် တက်နင်းမိခြင်း။

"တောက်! ဒါတွေက ဘာလို့ ဒီမှာရှိနေတာလဲ၊ မ တစ်နေကုန် ဘာတွေ လုပ်နေလဲ၊ နည်းနည်းပါးပါးလည်း ရှင်းဦး၊ အိမ်တစ်အိမ်လုံး ၀င်လာတည်းက နေရာမကျဘူး"

ကလေးတစ်ယောက်ရှိသည့်အိမ်မှာ ကစားစရာတွေ ဟိုတစ်စ ဒီတစ်စ ရှိနေတတ်ခြင်းက ပုံမှန်။ အရင်လည်း မတော်တဆ တက်နင်းဖူးပါလျက် စိတ်မတိုခဲ့သည့် မောင်က ဒီနေ့မှ အထူးအဆန်း စိတ်တိုနေသည်။

"မောင် မပင်ပန်းဘူးလား"

"ဘာ"

"မောင် အပြင်မှာ အပြစ်လုပ်ထားပြီး အနေချောင်ဖို့ အိမ်ကို အတငး်အကြပ် စိတ်ဆိုးယောင်ဆောင် အပြစ်တွေ လိုက်ရှာနေရတာ မပင်ပန်းဘူးလား၊ အင်္ကီျမှာ အန့ံပါလာရုံလောက်နဲ့ မ,ဘာမှ ပြောမှာ မဟုတ်လို့ ပုံမှန်အတိုငး် စိတ်အေးအေးထားနေလည်း ရတယ်၊ တမင်လုပ်ဇာက်ကြီးတွေ ခင်းပြနေဖို့မလိုဘူး၊ မြင်ရတဲ့လူက ဘောင်မကွပ်ထားတဲ့ ဒရမ်မာကားကြည့်နေရသလိုပဲ၊ မမနိုင်ဆိုတဲ့ မိန်းမက ဒီအကျႌထက်ခိုင်လုံတဲ့ သက်သေကို အမိဖမ်းမှာမိုလို့ မောင်သာ လုံအောင် ဖုံးနိုင်သ၍ မောင်ဒီအိမ်မှာ အေးအေးဆေးဆေးနေနိုင်တယ်"

--------------

ကျန်းလောင်ေ၀့အတွက် ရက်လည်အလှုကို Panoramaဟိုတယ်မှာ ၀န်ထမ်းများနှင့်အတူ ဆွမ်းကျေွးအမျှေ၀ခဲ့သည်။ ကျန်းလောင်ေ၀့၏ အသတ်ခံရမှု့အပေါ် အားလုံးက အံ့သြစိတ်နှင့် ပူဆွေးနေကြသည်။ 

ကျန်းလောင်ေ၀့ဆွမ်းကျေွးအပြီး မမနိုင်ကို အိမ်ပြန်ပို့သောလမ်းတွင် ပိုင်စီးက ကားမှန်ပေါ် မေးထောက်လျက် လက်တစ်ဖက်တည်းနှင့် စတီယာရင်ကို ကိုင်ထိန်းကာ ကားမောင်းရင်း ခါတိုင်းထက် တိတ်နေသည်။

"အမေ့ရဲ ့မိသားစုကထိန်အလှု နီးလာပြီနော် ... ပျဉ်းမနားကို သွားဖို့ မောင်အချိန် ယူထားဦး၊ လာမဲ့ Sundayက မောင်မွေးနေ့၊ မောင် ဘာအမှတ်တရ လုပ်ချင်လဲ"

မမနိုင် ပြောမှ ပိုင်စီး စိတ်ထဲ ရက်တွက်ပြီး ကိုယ့်မွေးနေ့မှန်း သတိရလိုက်သည်။

"ဘာမှ မလုပ်ချင်ဘူး၊ ကျန်းလောင်ေ၀့နာရေး ပူပူနွေးနွေးရှိတုန်း ပျော်ပွဲရွှင်ပွဲ လုပ်ရင် မကောငး်ဘူး"

"နားရာကို အပြင်မလိုက်ပို့ဖြစ်တာ ကြာပြီ၊ ပိတ်ရက်နဲ့တိုက်နေတာ .. ဒီမြို ့ပြင် အနီးအနား သားအမိသားအဖသုံးယောက် Day trip သွားရင်ရော"

"ကောငး်သားပဲ၊ မ,သွားချင်တဲ့နေရာရှိလား"

"အပြင်လောကနဲ့ အဆက်ပြတ်နေတော့ ဘယ်နေရာတွေ အသစ်အဆန်း ရှိမှန်း မသိတော့ဘူး၊ မောင်ပဲ နေရာရွေးလိုက်ပါ"

"ဟုတ်ပြီ၊ မောင်နေရာရွေးလိုက်မယ်"

"ဟုတ်ကဲ့ .. နားရာ ပျော်နေတော့မှာပဲ"

ပိုင်စီးက မမနိုင်ပွေ့ပိုက်ထားလျက် အိပ်ပျော်နေသော နားရာကို ကြည့်ပြီး ပြုံးသည်။ ကားမီးပွိုင့် မိစဉ် သမီးဘက်လှည့်လာကာ

"ဖေဖေ့ မင်းသမီးလေး ဒီနေ့လှနေတာ၊ လာမဲ့ ပိတ်ရက် ဟိုးးး ကို ဖေဖေက လိုက်ပို့မယ်နော်"

အိပ်ပျော်နေသည့် နားရာလက်ကို ကိုင်ကာ မွှေးကြူနေသည်။

မ,တို့သားအမိကို အိမ်ပေါ်တီကိုအောက်အထိ လိုက်ပို့ပြီး မောင်က ချက်ချငး် ဟိုတယ်ကိုပြန်သွားသည်။

----------------

"ကိုအာဏာ ရောက်လာတာလား"

စကားသံကြောင့် ချောင်ကျကျ ထောင့်တစ်နေရာမှာ ထိုင်နေသော Down,ခေါင်းထောင်ကြည့်ကာ အသံကြားရာကို လိုက်ရှာသည်။

"ဟုတ်ကဲ့ ... ဒီနေ့ Panoramaမှာ EDကျန်းရဲ ့ ဆွမ်းကျေွးအလှုပါ၊ ရဲမှုးတို့ အတွက် မုန့်ဟင်းခါးလာပို့ရင်း အမှု ့အခြေအနေ လာကြားနာတာပါ၊ လိုအပ်တာ ကျွန်တော့်ကို ပြောနိုင်ပါတယ်"

ပိုင်စီးက စကားပြောနေရင်း စခန်းထဲကို မသိမသာ မျက်လုံး တစ်ချက်ေ၀့ကြည့်လိုက်သည်။

ဟိုးထောင့်ကျကျနေရာမှာ သူ့ကို ကြည့်နေသော Downကို မြင်တော့ စက္ကန့်ပိုင်းလောက် နှစ်ဦး မျက်လုံးဆုံသွားလျက် ဘယ်သူမှ သတိမထားမိခင် အကြည့်ပြန်ရွေ ့သွားသည်။ ပိုင်စီးက Downနှင့် အကြည့်ဆုံသွားတာ ကာယကံရှင်တွေမှလွဲ မည်သူမှ မသိလိုက်။

ပိုင်စီးက နောက်ပါလူကို ခေါင်းညိမ့်ပြသောအခါ အိုးကြီးနှင့် မုန့်ဖက် အထုပ်တွေကို မ,လာသည်။  ပိုင်စီးလက်ထဲက နေကာမျက်မှန်အနက်ရောင် ကိုင်းကို ခေါက်လိုက် ပြန်ဆန့်လိုက် ရဲမှုးနှင့်စကားပြောနေလျက် Downရှိရာအနား လျှောက်လာသည်။

"ကျန်းလောင်ေ၀့ရဲ ့အမှု ့က တရားခံကိုဖော်ထုတ်ဖို့ ထင်သလောက် မလွယ်ဘူး၊ စုံစမ်းကြည့်တော့ ကျန်းလောင်ေ၀့က တရုတ်ပြည်မကြီးရဲ ့စစ်ပြေးတစ်ယောက်ဖြစ်နေတယ်၊ တရားခံက အဲ့ဒီ့ဘက်က ဖြစ်မယ်လို့ ခန့်မှန်းမိတယ်၊ ဒါဆိုနှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ငြိပြီး နိုင်ငံရေးအချငး်ပွားမှု့တွေ ဖြစ်လာနိုင်တယ်"

ပိုင်စီးက သက်ပြင်းတမမ ပင့်သက်ရှိုက်လျက် ခေါငး်တညိမ့်ညိမ့်။ မျက်နှာမကောင်းသော ပိုင်စီးကို ရဲမှုးက အားနာသွားသည်။

"တရားခံက ပြည်တွင်းကဆိုရင်တော့ စိတ်မပူပါနဲ့၊ တရားမျှတအောင် ဆောင်ရွက်ပေးမှာပါ၊ လောလောဆယ် ကိုအာဏာအကူအညီနဲ့ မသေဆုံးခင်က အနီးစပ်ဆုံး ပတ်သက်ခဲ့တဲ့ လူတွေကို စစ်ဆေးနေတယ်၊ ဒီနေ့တောင် အစစ်ဆေးခံဖို့ ကပြားကောင်လေးတစ်ယောက် ရောက်လာတယ်၊ နောက်ဆုံးကျန်နေတာက ဒေါ်သင်းချယ်ရီထွေးပဲ၊ သူက မန္တလေးပြန်သွားတယ်လို့ သတင်းရတယ်"

"ဟုတ်ကဲ့ အစ်မချယ်ရီထွေးက ကျွန်တော့်အစ်ကိုရဲ ့ဇနီး.. ကျွန်တော့် မရီးပါ၊ သူက မန္တလေးမှာနေတာဗျ၊ ရဲမှုးတို့ လိုအပ်ရင် အချိန်မရွေး သူ့ကိုခေါ်စစ်နိုင်တယ်၊ EDကျန်းက ကျွန်တေ်ာအခက်အခဲဖြစ်နေတုန်း ကျွန်တော့်အစ်ကိုနဲ့ ပေါင်းပြီး အကူအညီပေးဖို့ ကြိုးစားခဲ့ရင်း ဖြစ်သွားတာဆိုတော့"

ရဲမှုးက တော်တော်အားနာသွားသည်။ Panorama၏ ပိုင်စီးအာဏာကို သူတို့ဘက်က အမှားလုပ်မိထားတာ ရှိပြန်တော့ သိပ်ရမ်းကားလို့မဖြစ်။

"သြော် မဟုတ်တာ၊ ကိုအာဏာ မရီးအထိ စစ်မေးဖို့ မလိုပါဘူး၊ အဟမ်းအဟမ်း"

ပိုင်စီးနှုတ်ခမ်းစွန်း ခပ်လျိူလိျူ  တွန့်တတ်သွားသည်။

ပြောလို့မရဘူး ... ချယ်ရီထွေးက ပိုင်စီးကို ဖြုတ်ချဖို့ ကျန်းလောင်ေ၀့နှင့် ကြံစည်ခဲ့သူ။ ကျန်းလောင်ေ၀့နဲ့ ပတ်သက်ပြီး တစ်ခုခု သိထားရင်သိထားမှာ။ တစ်စုံတရာကို ဆက်စပ်မိပြီး Downကို သံသယ၀င်သွားရင် .. မဖြစ်ဘူး၊ ချယ်ရီထွေးကို စစ်ဆေးလို့ မဖြစ်ဘူး။

"ဟို ညီလေး .. အဲ့အခန်းမဟုတ်ဘူး၊ ဒီဘက်အခန်းထဲ သယ်မယ်"

မုန့်ဟင်းခါးအိုးကို နေရာချရန် ပိုင်စီးနှင့်စကားပြောနေသော ရဲမှုးက ပိုင်စီးကို ထားခဲ့ကာ ခပ်သွက်သွက် ရှေ ့ကအရင် လျှောက်သွားသည်။

Downရှိရာ ချောင်ကျကျစားပွဲနေရာကို ပိုင်စီးက ပုံမှန်အတိုင်း ခြေလှမ်းတဖြည်းဖြည်း လျှောက်လာသည်။ Downအနားရောက်သောအခါ ပိုင်စီးလက်ထဲက မျက်မှန် အောက်လွတ်ကျသွားသည်။

စားပွဲအောက်မှာ မျက်မှန်ကို ကုန်းကောက်ရင်း ပေါင်ပေါ်တင်ထားသော Downလက်ဖမိုးကို ဆုပ်ကိုင်ကာ နှစ်လိုသော အနမ်းတပွင့်ကို ဆုချသည်။ စားပွဲအောက်မှောင်ရိပ်ထဲ ပြုံးစစနဲ့ကြည့်နေသော ပိုင်စီးကို Down မျက်စောင်းခဲလိုက်သည်။

ပိုင်စီးက မူမပျက် မတ်တပ်ပြန်ရပ်သည်။ စားပွဲအောက်မှာ ရှိနေသည့် ပြုံးစစမျက်နှာထားနှင့် ခြားနားစွာ တစ်လောကလုံးကို သူ့လုပ်စာကျေွးထားရသကဲ့သို့ မာန်၀င့်ကြွားလျက် ခပ်တည်တည်ပြန်ဖြစ်သွားပြီး မျက်မှန်ကို စတိုင်ကျကျ တပ်လိုက်သည်။

"အကယ်ဒမီရှောခ့်"

Down နှုတ်ခမ်းပါးက မြင်ပြင်းကပ်စွာ ရေရွတ်လိုက်သည်။

"Minus Down ... ၀င်လာလို့ရပြီ"

စုံစမ်းရေးအရာရှိ၏ ခေါ်သံကြောင့် Down သက်ပြင်းချပြီး ရပ်လိုက်သည်။

လုပ်နိုင်တယ် .. ဒါ နောက်ဆုံးပဲ။ စိတ်မကောင်းဖြစ်မိပေမဲ့ ထောင်ထဲ မ၀င်နိုင်လို့ အားနာပါတယ်။ နောင်တရမိပေမဲ့ မ၀န်ခံနိုင်ပါဘူး။ နောက်ဆုံးတော့ လူဆိုတာ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်ကြတာပဲလေ။ တို့လည်း မသေသေးသ၍ လူဖြစ်နေလို့ လူသားဆန်နေရဦးမယ်။

-------------

"ငါမင်း ထောင်မကျအောင် အကာအကွယ်ပဲ ပေးနိုင်မယ်၊ မင်း အမှားအယွင်းကြောင့် မင်းထောင်ကျသွားရင် ငါမင်းနောက်ကို လိုက်လာမှာမဟုတ်ဘူး၊ ကြည့်လုပ်ပေါ့ ... "

ထောင်ကျလို့ မဖြစ်ဘူး၊ ထောင်ကျရင် ပိုင်နဲ့ေ၀းရလိမ့်မယ် စိတ်ကို ရိုက်သွင်းပြီး အတည်ငြိမ်ဆုံးအနေအထား အိနြေ္ဒမူကောငး်လွန်းစွာ စစ်မေးသမျှကို ဟန်မပျက်ဖြေပြီး သံသယကငး်စွာ ပြန်ထွက်လာနိုင်ခဲ့သည်။

ပိုင် ရှိဦးမလား ရှာမိပေမဲ့ ပြန်သွားလောက်ပြီ အတွေးက လူကို အားပျက်သွားသည်။ ပိုင်စီးနမ်းသွားသော လက်ခုံကို စိတ်နာစွာ ခပ်ကြမ်းကြမ်း ပွတ်သပ်ရင်း Downလျှောက်လာသည်။ အားနဲ့ပွတ်လိုက်သောကြောင့် ရဲတတ်သွားသော လက်ခုံကို ရေနှင့်ဆေးချရန် သန့်စင်ခန်းထဲ ၀င်ခဲ့သည်။

"မုဒိမ်းကောင်၊ ဆေးသမား၊ ဘိန်းသမား၊ လူယုတ်မာ၊ ခွေးတိရိစာၧန် ခွေး၀ဲစား ပန်းသေပါစေ"

ဘေစင်မှာ လက်ရေဆေးရင်း မကျေမနပ် အံကြိတ်ဆဲနေတုန်း Downကိုယ်ကို အနောက်က သွယ်ဖက်လာသည့် သန်မာသော လက်အစုံ။ Downပခုံးသားကို လေစုပ်ယူလျက် သွားချွန်ချွန်နဲ့ ဖိကိုက်သောအခါ Downအနောက်ကို လှည့်ရပ်ပြီး တရားခံနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ဘာသဘောလဲ အဓိပ္ပာယ်နဲ့ သူ့ကို ပေစောင်းစောငး် ကြည့်နေတုန်း သူက Downလည်ပင်းမှာ လူငယ်ဆန်ဆန် ခပ်လျော့လျော့ စီးနှောင်ထားသည့် နက်ကတိုင်ကြိုးကို ဆောင့်ဆွဲလိုက်သောအခါ သူ့မျက်နှာနှင့် နီးကပ်သွားသည်။

Downနှုတ်ခမ်းပါးကို မျက်စင်း မှေးကြည့်နေသော သူ့ကို စူငေါက်ငေါက်ပြန်ကြည့်ကာ စိတ်မရှည်သည့် Downကပဲ နှုတ်ခမ်းနှစ်ခုကို စုပ်ကပ်လိုက်သည်။ သူ့အောက်နှုတ်ခမ်းကို အမြင်ကပ်လွန်းလို့ အငြိုးနှင့် ဖိကိုက်ပစ်လိုက်သည်။

နာသွားသည့် ဒဏ်ကြောင့် ခါးကို ဖက်ထားသည့် သူ့လက်က ပိုတင်းသွားသည်။

အားနှင့်ဖိကိုက်ထားတုန်း သူ့ဖက်က ငြင်းဆန်ရုန်းကန်ခြင်းမပြု။ ခါးကို ဖက်ထားသည့်လက်တွေက ပိုအားသန်ပြီး ကိုယ်နှစ်ခုကို တင်းတင်းဖိကပ်ကာ အံကြိတ်ခံနေသည်။ လျာဖျားပေါ်က နှုတ်ခမ်း၏ ညှီညှို ့ညှို ့သွေးစကို မြည်းစမ်းရမှ ကိုက်ထားတာကို လွှတ်ပေးလိုက်သည်။

"ကျေနပ်ပြီလား"

နှဖူးချင်းထိ၊ မျက်နှာချင်းအပ်လျက် သူမေးသည်။

"ဟင့်အင်း မကျေနပ်သေးဘူး"

သူ ပြုံးသည်။ ထို့နောက် မျက်လုံးမှိတ်ပေးသည်။ သဘောက ခွင့်ပြုတယ်ပေါ့။

သွေးစ တစ်စိမ့်စိမ့် ယိုစိမ့်နေသော သူ၏ရဲစိုစိုနှုတ်ခမ်းလှုံဆော်မှု ့က Downကို Vampire mood on စေသည်။

သူ့ပခုံးကိုကိုင်ကာ သူ့ကို ကိုက်ခဲပစ်ရန် အရိုင်းစိတ်နဲ့ သူ့မျက်နှာနား ပြန်ချဉ်းကပ်စဉ် အပြင်က စကားသံနှင့် ခြေသံတွေက ဒီသန့်စင်ခန်းအတွင်းကို ၀င်လာမည့် အခြေအနေ။ သန့်စင်ခန်းတံခါးမကြီးကို Downလှမ်းကြည့်လျက် စိတ်ပျက်နေစဉ် သူက နီးစပ်ရာ အိမ်သာခန်းထဲ၀င်ပြီး ဂျက်ချလိုက်သည်။

ဘိုထိုင်အိမ်သာကမုတ်ပေါ် အဖုံးပိတ်ပြီး သူ ထိုင်သည်။ ခါးပတ်ခေါင်းကို ဖြုတ်ပြီး အပြင်က အသံတွေကို သူက မျက်ခုံးတွန့်ပြကာ နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြီး ခေါင်းညိမ့်ပြသည်။

လူကို မြှူစွယ်နေတာပဲ ဒီလူကြီးက ...

ပိုင်စီး ပေါင်ပေါ် ခွထိုင်လျက် ပိုင်စီးမျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ကိုင် မော့ယူလိုက်တာ အငြိုးတကြီး။

-----------------

အဖေဖြစ်သူ၏ ပုခုံးပေါ်မှာ ပါးတင်အိပ်ပျော်သွားသောနားရာ၏ တင်ပါးလေးကို ခပ်ဖွဖွ ပုတ်ပေးနေသည်။

"နားရာအိပ်သွားရင် အိပ်ရာပေါ်တင်လိုက်တော့လေ၊ မောင် ညောင်းနေမှာပေါ့"

"ရတယ် .. မောင့် ခိုနားရာလေးကို ချီထားချင်သေးတယ်"

သမီးကို ချီပိုးလျက် သားချော့တေးကို သီကျူးနေသေးသည်။

ကျူးလွန်မိသောအပြစ်တွေကြောင့် ဒီသမီးကို အေ၀းမှာထားရန် ကြံစည်ခဲ့ဖူးသည်။ ဘယ်လိုမှ မခွဲနိုင်လို့သာ အကောင်အထည်မဖော်ဖြစ်တာ။ သမီးကို တဖြည်းဖြည်း အားနာလာသည်။ သမီးမျက်နှာကို စေ့စေ့မကြည့်ရဲ။ ကျန်းလောင်ေ၀့ အမှု ့ပြီးတော့ သမီးကို ပွေ့ချီဖို့ပင် ပိုင်စီးအတွက် ခက်ခဲလာသည်။

ကိုယ့်အပြစ်တွေကို သမီးလေးသာ သိသွားရင် ဘယ်လောက် မုန်းတီးလိုက်မလဲ။

တောငး်ပန်ပါတယ် ... ဖေဖေ့ခိုနားရာလေး။ အဖေသမီးကို ဘယ်လိုမှ မခွဲနိုင်လို့ပါ။ သမီးအတွက် ဂုဏ်ယူစရာကောငး်တဲ့ အဖေအဖြစ် အကောင်းဆုံး ဟန်ဆောင်နေထိုင်မှာမိုလို့ သမီးလေး အဖေ့ကြောင့် ဘယ်တော့မှ အရှက်မရစေရဘူး။ အဖေ့အပြစ်တွေကို သမီးဘယ်တော့မှ မသိစေရဘူး။

"မ,တို့ ဒီနှစ်ကထိန်အလှုမှာ မိသားစုဆင်တူ၀တ်ဖို့ စိမ်းပြာရောင်လေးရွေးထားတယ်"

မ, ပြောသောကြောင့် ပိုင်စီးလက်ရှိအခြေအနေကို အသိပြန်၀င်လာသည်။

"အင်း.. အန်တီလိုအပ်တာ အကုန် ပါရမီဖြည့်ပေးလိုက်ပါ"

"ဟုတ်ကဲ့ စိတ်ချပါ"

"မ, လည်း အိပ်တော့လေ"

"မနက်ဖြန် Day trip အတွက် ပြင်နေတာ .. ပြီးပါပြီ၊ မောင်အိပ်ရင် အိပ်နှင့်တော့၊ မနက်ဖြန်မှ Birthday wishes ပေးတော့မယ်"

ပိုင်စီးက အိပ်ရာပေါ် သမီးကို အသာအယာချကာ သူပါ ၀င်အိပ်လိုက်သည်။

မနက်ဖြန်သွားမှာ ခရီးတိုဖြစ်ပေမဲ့ ကလေးပါတော့ ေ၀ယျာ၀ိစ္စ အထုပ်ကမသေးလှ။ မ,အားလုံးပြင်ဆင်ပြီးချိန် ညဆယ့်တစ်နာရီလောက်ရှိပြီဖြစ်သည်။ မောင်က အိပ်ပျော်သွားပြီ။

အိပ်ရာထဲ မ,၀င်လဲှပြီးမကြာ တစ်နေ့လုံး ပင်ပန်းထားသောကြောင့် အိပ်ပျော်ဆဲဆဲ မှေးခနဲဖြစ်သွားတုန်း။

ညသန်းခေါင် ဖုန်းသံကြောင့် ပိုင်စီး ရုတ်ချည်းလန့် နိုးသွားသည်။ မ,တို့မနိုးခင် ဖုန်းကို အမြန်ယူ အသံပိတ်လိုက်သည်။

နားရာကို ချော့သိပ်ရင်း ဖုန်းကို silent လုပ်ရန် မေ့သွားတာ။

ဖုန်းကိုအပြီးပိတ်ရန် မ,ကို နောက်လှည့်ကြည့်စဉ် မ ကအိပ်နေတုန်း။

ဖုန်း screen ထက်က ခေါ်ဆိုသူကြောင့် ဖုန်းစပီကာကို လက်နှင့်အုပ်လျက် ပိုင်စီး နားထောင်လိုက်သည်။ တစ်ဖက်က သေလုမျောပါး အသံနှင့်

"ပိုင် ... တို့ သေ တော့ မယ် ထင်တယ်"

_______________

ဘာဆက်ဖြစ်မလဲဆိုတာတော့ နောက်လ 12လပိုင်းမှ ပြန်ဆက်ကြတာပေါ့။

အိမ်းးး ဒီတစ်နှစ်အတွက် နှုတ်ဆက်ချိန်ကို ရောက်လာပါပြီ။

ကျွန်တော် အေ၀းသင်တတိယအသုတ် မြန်မာစာ နောက်ဆုံးနှစ်စာမေးပွဲရှိလို့ Arr_Shengအဖြစ် ကောက်ကြောငး်Updateကို  တစ်လတိတိ ရပ်နားပြီဖြစ်ကြောငး်

မနားခင် ကောက်ကြောငး်ကို အပြီးသတ်ချင်သော်လည်း စိတ်သွားတိုင်းကိုယ်မပါသလို ကိုယ်ပါတိုင်း စိတ်မလာနိုင်တဲ့အကြောငး်အရင်း အမျိူးမျိူးအထွေထွေအသုပ်စုံကြောင့် စာမေးပွဲပြီးမှ ပြန်ဆက်ရတော့မယ်။ အပိုင်းက သိပ်မကျန်တော့ဘူး။ အဲ့ဒါကို စာမေးပွဲမပြီးခင် လက်စမသတ်နိုင်ခဲ့ဘူး။

နှစ်တိုငး်ဒီလိုအချိန် ဒီလိုမျိူး တစ်လကျော်လောက် မနှုတ်ဆက်ချင်ရင် Arr_Shengကို ဒီနှစ်အပြီးစာမေးပွဲအောင်မြင်ပါစေလို့ ဆုတောငး်ပေးပါ :-)
ကျွန်တော်ဒီနှစ်တော့ အပြီးကျွတ်ချင်ပြီ။

ကျွန်တော် အမာျးကြီး ချပြစရာတွေ ရှိတယ်။ ကျွန်တော့်ရဲ ့ Draft Files တွေအများကြီးရှိတယ်။ အသစ်အသစ်တွေနဲ့ သေချာပေါက်ပြန်လာမှာမိုလို့ စောင်ေ့နပါလို့မမှာဝံ့ပေမဲ့ မမေ့လိုက်ပါနဲ့။

စာမေးပွဲရှိလို့သာ ခွဲရမှာ ကျွန်တော် မခွဲနိုင်ပါဘူး။ နောက်နှစ်တွေမှာ ဒီလိုထပ်မခွဲရဖို့အတွက် ဒီတစ်နှစ် နောက်ဆုံး ရေကုန်ရေခမ်းကြိုးစားမှာမိုလို့ တွဲလက်တွေက မျှော်လင့်နေပါ။ ဒီနှစ်က ကျွန်တော်တို့ရဲ ့နောက်ဆုံးခွဲခွာမှု့ပါ။ နောက်နှစ်တိုင်း ဒီလိုအချိန်တွေမှာ တွဲလက်တွေနဲ့ အတူရှိနေပေးပါ့မယ်။ Ro တယ်ဟ XD

ကျေးဇူးအထူးတင်ပါတယ် "တွဲလက်" တို့ ... ရေးသမျှ ဖတ်ပေးပြီး ချစ်ခင်နှစ်သက်ပေးတဲ့အတွက်၊ တစ်ခါမှ မကြားဖူးခဲ့တဲ့ အားပေးစကားတွေအတွက်၊ ချီးကျူးမြှောက်စားပေးမှု့တွေအတွက်၊ နေရာတစ်ခုကို အသိအမှတ်အပြု ဆွဲခေါ်လာပေးတဲ့အတွက်၊ Arr_Shengအဖြစ် တွဲလက်တွေ ရှိလာကတည်းက ကိုယ် Internet Data Onလိုက်တာနဲ့ အထီးမကျန်ခဲ့တော့တဲ့အတွက်၊ အသိမိတ်ဆွေသူငယ်ချငး်တွေအများကြီးကို မိတ်ဆက်ပေးခဲ့တဲ့အတွက်၊ ကျွန်တော်မသိတဲ့ ကမ္ဘာတစ်ခုကို ဆွဲခေါ်လာပေးတဲ့အတွက် ... အမြဲ ကျေးဇူးတင်ခဲ့တာပါ။

ကျေးဇူးတရားတွေကို ကျွန်တော်ကြိုးစားဖန်တီးမှု့တွေနဲ့ ပြန်ပေးဆပ်ပါ့မယ်။

တစ်လလောက်ခွဲရမှာကို Arr_Sheng ရစ်လို့မဆုံးတော့ဘူး XD

နှုတ်ဆက်ပါတယ် ... လိမ်လိမ်မာမာနေကြ။ တစ်လတိတိ လွန်ပြီး December လမှာ ပြန်တွေ့မယ်။

နှလုံးသားထဲ နင့်နေအောင် တအားချစ်ပါတယ်။ တွဲလက်တွေအတွက်ပဲဖြစ်ဖြစ် ကျွန်တော် စာမေးပွဲမှာ ကြိုးစားပါ့မယ်။ စာမေးပွဲဖြေရမဲ့ ရောင်းရင်းတွေလည်း ဖိုက်တင်းးးး

ကျွန်တော်ချစ်တာ သိတယ်မလား ... တာတာ့

2:23PM
10/27/2018

Continue Reading

You'll Also Like

141K 5.8K 34
Myanmar BL👬..... လူသားႏွစ္​​ေယာက္ၾကားကျဖဴစင္​​ေသာခ်စ္​ျခင္​း​ေမတၱာ...
258K 41.2K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
2.8M 312K 110
(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own sto...
105K 10.4K 41
I only write Yizhan fic. So, be careful of reading lists. ​အနီ​ပြေး​ပြေးမဟုတ်​တဲ့​တောက်​လောင်​မှု​လေးတစ်​ခု သခင်​စေ​စားဖို့စိုက်​ပျိုး​နေတယ်​ မင်းအတ...