အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...
By Arr_Sheng
1.7M 185K 35.4K
This story book presented by Zawgyi & UNICODE. #Zawgyi သေမိန့်ကျပြီး လူတစ်ယောက်၏ နောက်ဆုံးဆန္ဒ #UNICODE သမေိန့... More
Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng
EP-32
25.7K 3.1K 505
By Arr_Sheng
မနေ့က အင်္ကျီနဲ့ ကပိုကရိုဖြစ်နေသော ပိုင်စီးကို လှမ်းကြည့်လျက် မမနိုင်က မေးသည်။
"အစောကြီးပဲ"
လမ်းမှာ ၀င်ဝယ်လာသော အင်္ကျီသစ်ကိုလဲရန် ကြယ်သီးကို ဆောင့်ခါ ဆွဲဖြုတ်လိုက်သည်။ 
"တောက်!" 
ပိုင်စီး၏ တက်ခေါက်သံ ပြင်းပြင်းက တတ်နိုင်သမျှ စိတ်ထိန်းနေသော မမနိုင် စိတ်ကို ဆွသည်။ ပိုင်စီးအနားကို ချက်ချင်း ရောက်သွားပြီး ကျောပေးလှည့်ထားသော ပိုင်စီးကို မျက်နှာချင်းဆိုင်စေသည်။
"မင်းကသာ ဘာဖြစ်နေတာလဲ၊ ငါ့ကို မယုံလို့ အခု င့ါအလုပ်ခွင်အထိ လိုက်ထောက်လှမ်း စစ်ဆေးနေတာမဟုတ်လား၊ ငါ ဒီမှာ အိပ်လား မအိပ်လား မင်းစိတ်ထဲ တနုန့်နုန့်ဖြစ်နေလို့ တစ်ညလုံး မင်း အိပ်မပျော်ပဲ မနက်စောစော ဒီကို ရောက်ချလာတာလေ၊ ယောက်ျားကို သံသယတွေနဲ့ စစ်လားဆေးလား လုပ်နေတဲ့ မင်းလုပ်ရပ်တွေက သည်းခံချင်စရာကောင်းနေလား"
ရှုးရှုးရှားရှား မ,ထက် အရင် စိတ်ကြီးပြနေသော မောင့်ကို ပါးစပ်အဟောင်းသား ကြည့်နေမိသည်။
"Receptionကို မေးပြီးပြီ ဟုတ်လား၊ မင်းကိုတစ်သက်လုံး ချီးကျူးခဲ့သမျှ ဒီတစ်ခါတော့ သြချမိတယ်၊ တလောကလုံးကိုသာ ကြေငြာမောင်းခတ်လိုက်တော့ပေါ့၊ ငါ့သိက္ခာ ငါ့မာန တစ်ခုမှ ကုန်းကောက်စရာမရှိအောင် တစ်ခါမှားမိတဲ့အမှားအတွက် တစ်ဘ၀စာ မင်းနင်းချေလိုက်တော့ပေါ့"
"ညက တစ်ညလုံး ငါဒီအလုပ်တွေကို ထိုင်လုပ်နေတယ်၊ မိုးလင်းခါနီးလေးနာရီလောက် အရမ်းအိပ်ချင်လို့ Meeting Roomမှာ ခဏ သွားအိပ်တယ်၊ နိုးတော့ နာရီမကြည့်မိလို့ ဘယ်အချိန်လဲ ငါသတိမထားမိဘူး၊ အင်္ကျီလဲဖို့ ငါကိုယ်တိုင် အပြင်ကို သွားဝယ်တယ်၊ အခု ရှစ်နာရီလေးဆယ့်ငါးမိနစ်မှာ အခန်းထဲ ပြန်ရောက်တယ်၊ မင်းကို ငုတ်တုတ်ကြီးအခန်းထဲမှာ တွေ့လိုက်တယ်"
"စိတ်လျှော့ မောင်၊ မ,က မောင်လဲဖို့ အင်္ကျီလာပို့တာ၊ မောင့်ကို breakfast စီစဉ်ပေးချင်လို့ မနက်စောစော ရောက်လာတာ၊ ဖုန်းကြိုမဆက်တာက မောင်အိပ်နေရင် အနှောက်အယှက်ဖြစ်မှာစိုးလို့၊ အားလုံးက ပုံမှန်လုပ်နေကျ လုပ်ရိုးလုပ်စဉ်တွေပဲ၊ မ,တို့အတွေးတွေကသာ ပုံမှန်မဟုတ်တာ"
"မ,စိတ်ထဲ မောင့်ကို ဟိုတစ်ယောက်နဲ့ သံသယမရှင်းသေးတာ သိတယ်၊ ဒါပေမဲ့ မ, သိပ်မကြပ်ပါနဲ့၊ မောင် အရမ်းပင်ပန်းတယ်၊ ချောင်ပိတ်ရိုက်ရင် ခွေးတောင် ပြန်ကိုက်တတ်သေးတာပဲ၊ မောင်ရော မ, ရော အိမ်တွင်းရေး မဆူချင်ဘူးလေ၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ရှင်းရှင်းထားကြရအောင်၊ မောင်လည်း မ,တောင်းဆိုသလို လုပ်ပြီးပြီ၊ မ,စိတ်ထဲက သံသယကိုတော့ မောင် မပယ်ဖျတ်နိုင်ဘူး၊ မ,ပဲ ပယ်ဖျတ်နိုင်မှာ"
"မ,ကြိုးစားပါ့မယ်"
--------------
"အင်း တုတ်ကောက်တော့ ဆောင်ရတာပေါ့၊ အဘိုးကြီးတွေလိုမျိုး"
"ဂရုစိုက်သွားပါ"
----------------
"ဟုတ်ပါတယ်.. ထိုင်ပါ"
"ကော်ဖီအဆင်ပြေမလား"
"ကျွန်တော်တို့ Panoramaရဲ့  EDကျန်းလောင်ဝေ့အကြောင်း စစ်ဆေးစရာရှိလို့ပါခင်ဗျ"
"ဟုတ်ကဲ့ ကျွန်တော့်တို့ရဲ့  EDကြီးအကြောင်းကို ဘာများ..."
"ဟုတ်ကဲ့ .. အဲ့ဒီ အမြန်လမ်း ယာဉ်တိုတ်မှု့ မှာ ခရီးသည်တင် Express နဲ့  လိုင်စင်မဲ့ Alphardကား တိုက်တာပါ၊ Alphard ကားထဲမှာ accidentကြောင့် မဟုတ်ပဲ မူလသေပြီးတဲ့ အမည်မသိအလောင်းတစ်ခု ရှိနေပါတယ်၊ အလောင်းက မီးလောင်ခံထားပြီး တော််တော်ပျက်စီးနေလို့ ကျွန်တော်တို့ ရက်အတော်ကြာအောင် စစ်ဆေးလို့အပြီးမှာ DNAအရ Panoramaက ED ကျန်းလောင်ဝေ့လို့ အတည်ပြု ဖော်ထုတ်လို့ရပါတယ်"
ရဲမှုးရဲ့ စကားအဆုံး အလိုလိုခါးမတ်သွားကာ အံ့သြထိတ်လန့်သွားသည့် ပိုင်စီး။
"ဟုတ်ကဲ့ .. / . / 2018 ပါ"
"Oh my God! EDကျန်းကိုလည်း အဲ့နေ့လောက်က မတွေ့တော့တာ၊ ရက်ကိုမှတ်မိနေတဲ့ အကြောင်းက အဲ့နေ့က ကျွန်တော်တို့ Panoramaရဲ့ အရေးကြီး အစည်းအဝေးဖြစ်နေလို့ပါ၊ EDကျန်းက တစ်ကိုယ်တည်းသမားဆိုတော့ မပြောမဆို ခရီးထွက်ရင်း ရံဖန်ရံခါ အကြာကြီး ပျောက်သွားတတ်တယ်၊ ကျွန်တော်တို့လည်း သာမန်လို ခရီးသွားတယ်ထင်ပြီး ပေါ့ပေါ့နေမိတာ၊ အခုကျမှ ကြတ်သီးထစရာဒီလိုသတင်းဆိုးကို..."
တွေးတွေးဆဆပြောလျက် လက်ချောင်းတွေအချင်းချင်း ဆုပ်နယ်နေသော ပိုင်စီးက တော်တော် ရှောခ့်ရသွားဟန် ချက်ချင်း မျက်နှာအိုကျသွားသည်။ 
"ကျွန်တော်တို့အလောင်းကို စုံစမ်းရသလောက် ကျန်းလောင်ဝေ့က အမြန်လမ်းယာဉ်တိုက်မှု့ မှာ သေဆုံးခဲ့တာမဟုတ်ဘူး၊ ဒီ့မတိုင်ခင် အသတ်ခံရတာ၊ အလောင်းကိုဖျောက်ဖျတ်ချင်လို့ အမြန်လမ်းပေါ် အလောင်းကို ကားထဲထည့်ပြီး တမင်ယာဉ်တိုက်မှု့ဖြစ်အောင် ကားကိုလမ်းလယ်ခေါင်တည့်တည့် ကန့်လန့်တင်ခဲ့တာလို့ တစ်ဖက်က Express ယာဉ်မောင်းရဲ့ ဝန်ခံချက်အရ သိရပါတယ်"
"ဟော .. ဖြစ်မှဖြစ်ရလေ"
"သေဆုံးသူကျန်းလောင်ဝေ့က Panoramaမှာ အတည်တကျနေထိုင်တယ်လို့သိရပါတယ်၊ သူနဲ့ကိုယ်ရေးကိုယ်တာ ပတ်သက်တဲ့ ကောင်လေးတွေကိုလည်း ဒီမှာ ခဏတဖြုတ် အခန်းပေးထားတယ်လို့သိရတယ်၊ အဲ့ဒီဧည့်သည်စာရင်းကို ကျွန်တော်တို့ကို ပေးနိုင်မလား၊ နောက်ပြီး CCTV Fileတွေရောပေါ့"
"ကိုပိုင်စီးအာဏာရော?"
"ဗျာ"
"ကိုပိုင်စီးအာဏာရော .. ကျန်းလောင်ဝေ့နဲ့ ပတ်သက်ပြီး မသင်္ကာတာ ထူးခြားဖြစ်စဉ် သတိထားမိတာမျိုးရှိလား"
"ဟုတ်ကဲ့ သေသွားတဲ့လူတစ်ယောက်အကြောင်းကို တစ်ဖက်သတ်အမြင်နဲ့ လက်လွတ်စပယ် မပြောချင်ဘူး၊ EDကျန်းက လူချစ်လူခင်များသလို လူမုန်းလည်းများတယ်၊ အခုလိုသေဆုံးသတင်းကြားရတာ ကျွန်တော်လည်း အံ့သြထိတ်လန့်မိတယ်၊ အခု EDကျန်းရဲ့ နောက်ဆုံးခရီးကို ဘယ်သူတာဝန်ယူထားလဲ"
"အလောင်းက အခြေအနေဆိုးရွားလွန်းလို့ ကျွန်တော်တို့ ပိုင်ရှင်မဲ့အလောင်းအဖြစ် မီးသဂြိုလ်ပြီးပြီ၊ ကျန်းလောင်ဝေ့က စုံစမ်းရသလောက် မိသားစု မရှိတော့ နာရေးတာဝန်ယူမဲ့သူလည်း မပေါ်လာသေးဘူး"
"ကျွတ် ကျွတ် .. ဒီလိုအဖြစ်ဆိုးမျိုး ... ထားပါ၊ ကျွန်တော်တို့ Panoramaမိသားစုက EDကျန်းရဲ့ နာရေးတာဝန်ကို ယူပါ့မယ်"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့ .. ကျွန်တော်တို့ရဲ့ EDကျန်းအတွက် တရားမျှတမှု့ရှိအောင် ရဲမှုးတို့ ဖော်ထုတ်ပေးပါ၊ အားကိုးပါတယ်၊ လိုအပ်တာရှိရင် ကျွန်တော်တို့ဘက်က ပူးပေါင်းဆောင်ရွက်ပါ့မယ်"
---------------
"ပြန်လာပြီလား မမနိုင်၊ နားရာကို မနက်စာ ထမင်းကျွေးပြီးပြီ၊ ဈေးကို အမေပဲသွားပေးရမလား"
ပုံမှန်အချိန်မှာဆို မမနိုင် ပက်ခနဲ ပြန်ပြောမိမှာက နားရာကို ဘာတွေနဲ့ ကျွေးလဲ၊ ကလေးကို အမေပါးစပ်ကြီးနဲ့ ၀ါးမကျွေးနဲ့နော်၊ အမေလက်ကိုရော သေချာဆေးရဲ့ လား၊ လက်ဆေးရင်လည်း ဒီပန်းကန်ဆေးဆပ်ပြာတွေနဲ့ မဆေးနဲ့၊ လက်ဆေးရည်နဲ့ သေချာဆေး၊ အမေတို့ကလည်း ဘာလို့ကျွေးထားတာလဲ၊ မ,ပြန်လာမှ ကျွေးမှာပေါ့၊ အမေတို့က ညစ်ပတ်က ညစ်ပတ်နဲ့၊ သမီးကို ရောဂါဖြစ်မယ်၊ ဈေးလည်းသွားမနေနဲ့၊ ဘာတွေဝယ်လာမှန်းမသိဘူး၊ သေချာကြည့်မ၀ယ်ဘူး ... စသဖြင့် စသဖြင့် အသက်ကြီးအိုမင်းလာသော အမေထက် မနူးမနပ်လူမဖြစ်သေးသော သမီးအတွက်ကို အစိုးရိမ်လွန်ပြီး အမေ့ကို ဆူငေါက်မိလိမ့်မည်။ 
အမေက ဆံဖြူကျိုးတို့ကျဲတဲ ချည်ထည်အင်္ကျီလက်ပြတ်နဲ့ နားရာ၏ ဘိုမရုပ်လေးကို အရေတွန့်နေသော လက်တို့နဲ့ ဆံပင်ဖြီးပေးနေသည်။
အင်္ကျီလက်ပြတ်ဝတ်ထားလို့ ထင်ပေါ်နေသော လက်မောင်းပျော့တွဲတွဲမှာ အဖေနှင့် သူတပြန်ကိုယ်တပြန် ရန်ဖြစ်တုန်းက ပုလင်းကွဲ ပြတ်ရှရာ အမာရွတ်ဟောင်းက အရောင်ဖျော့သွားပေမဲ့ အမေ့ကိုယ်ပေါ်က သေရာပါ အနာတရ။
"အမေလည်း ဒီလို ခံစားခဲ့မှာပဲ၊ အဲ့ဒီ့အချိန်တုန်းက အမေ့ခံစားချက်က ဒီလိုပါ့လား၊ အရမ်းနာကျင်ပြီး အရမ်းစိတ်ပင်ပန်းခဲ့မှာပဲ၊ အမေ့ကိုချစ်ပေမဲ့ အမေ့လိုမိန်းမမျိုးကို အရမ်းမုန်းခဲ့တာ၊ အမေ့လို မိန်းမမျိုး မဖြစ်ချင်ခဲ့ဘူး၊ အမေတူမှာ တအားကြောက်ခဲ့တာ"
စိုးရိမ်မှု့တွေနဲ့ ရင်ခေါင်းသံလှိုက်လှိုက်ကြီးက အမေပါ မ,အပူတွေ ဟပ်ပြီ။
မမနိုင်ခေါင်းခါရမ်းကာ အမေ့မျက်နှာနှင့် မရင်ဆိုင်ရဲ၊ အမေ့ရင်ခွင်ထဲ အတင်းတိုးဝင်ကာ အမေ့ကို ဖက်တွယ်လျက် အသားကုန် ငိုသည်။
ဖောက်ပြန်ပွေလီနေတဲ့ ယာက်ျားတစ်ယောက်ကို မလွန်ဆန်နိုင်တဲ့ မိန်းမ၊ ကိုယ့်အပေါ်မကောင်းသည့် ယောက်ျားရဲ့ အာဏာအောက်မှာ ပြားပြားဝပ် ရို့ ကျိုးနေတဲ့ မိန်းမ၊ ကိုယ့်ကို မချစ်တဲ့ ယောက်ျားကို မစွန့်လွှတ်နိုင်တဲ့ မိန်းမ ... အမေ့ကို မမနိုင် အထင်သေးခဲ့သည်။
"အမေ သိပ်တော်တယ်၊ အမေက အရမ်းတော်လွန်းတဲ့ အမျိုးသမီးပဲ၊ အမေ့လိုဒုက္ခမျိုးကို သမီးကြုံတွေ့လာတဲ့အချိန် သမီးအလေးစားဆုံးက အမေပဲ၊ ဒီလိုယောက်ျားမျိုးကို အမေဘယ်လိုစိတ်နဲ့ သည်းခံနိုင်ခဲ့လဲ၊ ဒီလိုခင်ပွန်းရဲ့ သစ္စာမဲ့မှု့ မှာ သမီးကို မေမမနိုင်ဆိုတဲ့ အလှမယ်တစ်ယောက်ဖြစ်အောင် ဘယ်လို ပညာတွေနဲ့ ပျိုးထောင်နိုင်ခဲ့လဲ၊ သမီးမျက်နှာကိုကြည့်ပြီး အမေဒီယောက်ျားကို ဘယ်လိုအင်အားတွေနဲ့ အံတုရင်ဆိုင်နိုင်ခဲ့လဲ၊ ဘယ်လိုလုပ်မှ မိန်းမတစ်ယောက်ရဲ့ မာန်ကျပြီး အမေ့လို မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေ ၀င်လာနိုင်မလဲ၊ ဘယ်လိုနည်းလမ်းက ခိုနားရာကို မေမမနိုင်လို စိတ်ဓာက်မာကြောတဲ့မိန်းမမျိုး ဖြစ်အောင် မွေးမြူရမလဲ၊ အမေ သမီးကို သင်ပေးနည်းပြပါ"
"သမီး၊ နင့်ယောက်ျား ..."
သမီးရယ် ....
"ငါပြောတယ် .. ငါသတိပေးတယ်၊ အဲ့ဒါတွေကို ငါမြင်နေလို့ ညည်းကို သတိပေးခဲ့တာ၊ညည်းအေ.. ညည်းအဖေတစ်ယောက်လုံး ဘယ်လိုအချိုးချိုးလဲ ညည်းငယ်ဘ၀တုန်းက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပါသနဲ့၊ ယောက်ျားတစ်ယောက်ကို စုံလုံးကန်း ကိုးကွယ်ခဲ့ရသလား၊ မိန်းမတွေရဲ့  ပေးဆပ်မှု့ နဲ့ ဘယ်ယောက်ျားမှ မထိုက်တန်ဘူး၊ လင်ယောက်ျားဆိုတာလည်း သူစိမ်းပဲ၊ အခုခေတ်မှာ ကိုယ့်ဒူးတောင် ကိုယ်မယုံရတာ၊ ညည်းမိုလို့ ယောက်ျားအတွက် ကိုယ့်ဘ၀ကို အဆုံးခံတယ်"
"အိမ်ထောင်ပြုပါတယ်ဆိုမှ သာယာတဲ့အိမ်ထောင်ရေးကိုပဲ မျှော်လင့်ခဲ့တာပေါ့၊ ဒီအိမ်ထောင်ရေးကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့ ဒီအိမ်ထောင်ရေးကို စတင်ခဲ့တာ၊ အိမ်ထောင်ရှင်မကောင်း ဖြစ်ချင်ခဲ့တယ်၊ ကလေးတွေကို ပြုစုပျိုးထောင်ရင်း သိုက်သိုက်ဝန်းဝန်း မိသားစုတစ်ခုရဲ့  မာတာမိခင်ဖြစ်ချင်ခဲ့တယ်၊ မိန်းမတစ်ယောက်ရဲ့ ဘ၀ထက် မိခင်ဘ၀ကို အမျိုးသမီးတစ်ယောက်အနေနဲ့ ပိုမက်မောခဲ့တယ်"
"...."
မမနိုင်ရှေ့ ဒူးထောက်လျက် တောင်းဆိုသော ပိုင်စီးမှာ မ,ကို ချစ်တဲ့အရိပ်အငွေ့ မခံစားရပေမဲ့ မ,တန်ဖိုးကို သိပြီး မက်မက်မောမော လိုချင်စွာ တောင်းခံနေသည်။
သူနဲ့ ထိုက်တန်တဲ့ မိန်းမက မ,အပြင်မရှိဘူးတဲ့ ... ကဲ! ဘယ်လောက် ဂုဏ်ယူချင်စရာ ကောင်းသလဲ။ ရင်ခုန်စရာမကောင်းသော်လည်း ကိုယ့်ကိုယ်ကို မိန်းမ ဘ၀င်ခိုက် မာန်တတ်စေသည်။
ပိုင်စီးအာဏာရေခဲမင်းသားက မာနကြီးလွန်းတာ နီးစပ်ရာ အသိုင်းအ၀ိုင်းအားလုံးသိသည်။ ထိုသို့သောယောက်ျားက လူအများရှေ့  ကိုယ့်ကို ဒူးထောက်တောင်းခံခဲ့ခြင်းက တော်ရုံတန်ဖိုးထားခြင်းမဟုတ်။
ကိုယ့်တန်ဖိုးကို မသိလေပဲ တန်ရာတန်ရာမိန်းမနဲ့ အကြောင်းပါလေသော ချစ်သူကို စိတ်ဖြတ်ကာ ကိုယ့်ကို တန်ဖိုးထားတောင်းခံသော ယောက်ျားကို မ,လက်ခံခဲ့တာက ကလဲ့စားချေခြင်းလည်း မြောက်သလို ပိုင်စီး၏ ဇနီးကောင်းတစ်ယောက်အဖြစ် နေထိုင်ဖို့ ကျင့်ကြံခဲ့သည်။
ချစ်စကားတစ်ခွန်းမပါသည့် မချစ်တတ်သော ယောက်ျား၏ တန်ဖိုးထား လက်ထပ်ခွင့်တောင်းမှု့ မှာ ချစ်ခြင်းတရားတွေ မရှိသောကြောင့် အချစ်နှင့်ပတ်သက်ပြီး မခံစားရတော့ဘူးလို့ ယုံကြည်ခဲ့သည်။
ပိုင်စီးမှာ အချစ်မရှိလို့ သူချစ်ရမဲ့လူလည်း မရှိနိုင်၊ အချစ်ကြောင့် ဖောက်ပြန်တာမျိုးလည်း မရှိနိုင်၊ ပိုင်စီးနဲ့ မ,ကြား အချစ်မရှိလို့ အချစ်ကြောင့် ခံစားရမှာမျိုးလည်း မရှိနိုင်။ မရှိနိုင်ခြင်း အကြောင်းတရားတွေကြောင့် ပိုင်စီးကို လက်ခံခဲ့သည်။
"ဘာကို ဘာဆက်လုပ်ရမှာလဲ၊ အပြတ်ဖြတ်ခိုင်းထားတယ်၊ သူလည်း ဖြတ်ပြီးပြီ"
"အမေ ... သူက လူပျိုလူလွတ်မဟုတ်ဘူး၊ အိမ်ထောင်သည်၊ မိသားစုရဲ့ အိမ်​​ထောင်ဦးစီး၊ အိမ်ဦးနတ်၊ သမီးမွေးထားတဲ့အဖေ၊ သူ မမိုက်မဲဘူး"
"သူ့မှာ အဲ့လိုအသိတရားမျိုး မရှိလို့ ဒီလိုတွေလုပ်တာပေါ့အေ"
"သြော် ... ငါ့နှယ်ပဲ .. ဒီမိန်းမနဲ့တော့ ခက်လှပါပြီ၊ ညည်းယောက်ျားက မမြင်ဖူး မူးကို မြစ်ထင်သွားတာ၊ အရူးအမဲသားကျွေးသလို တစ်ခါမှ မစားဖူး၊ မသုံးဆောင်ဖူးတဲ့ အရသာကို ပေးကျွေးလိုက်တော့ တမ်းတမ်းစွဲ သွားတာ၊ ညည်းအဖေလို ဒါပဲလေ့လာ ဒါပဲလိုက်စား ဒါထူနေတဲ့လူကို ငါမပြောလိုပါဘူး၊ အခု ညည်းယောက်ျားလိုလူက မငြိရင်လည်း မငြိဘူး၊ ငြိပြီဆိုရင်လည်း နက်နက်ရှိုင်းရှိုင်း တစ်ယောက်ဆို တစ်ယောက်ပဲ စွဲသွားမှာ၊ အဲ့တစ်ယောက်အင်အားက ညည်းအဖေရဲ့ KTVက အယောက်တစ်ထောင်အင်အားနဲ့ ညီမျှတယ်၊ ညည်းအဖေက များစွာသောမိန်းမတွေနဲ့ ပွေရှုပ်တာ၊ ညည်းယောက်ျားက တစ်ယောက်တည်းနဲ့ ဖောက်ပြန်တာ၊ ညည်းအဖေလို လူရှုပ်မှာ အစွဲဆုံး အချစ်ဆုံး ဆိုတာမျိုး မရှိဘူး၊ ဘာလာလာဒေါင်းတဲ့ လူ၊ ညည်းယောက်ျားကကျ တစ်ခါမှ မခံစားဖူးတော့ ပထမဆုံး ရက်ရက်ရောရော ပေးကျွေးပစ်တဲ့ကောင်မကို အစွဲဆုံးဖြစ်သွားတာ"
___________________
1:42 PM
10/18/2018
ပိုင်စီးရုံးခန်းထဲ ၀င်လိုက်စဉ် ဧည့်သည်ထိုင်ခုံမှာ ထိုင်နေသော မမနိုင်ကို အံ့သြစွာ တွေ့သည်။
"တစ်နေရာက ပြန်လာတာလား ... မောင်"
မနေ့က အကျႌနဲ့ ကပိုကရိုဖြစ်နေသော ပိုင်စီးကို လှမ်းကြည့်လျက် မမနိုင်က မေးသည်။
"အစောကြီးပဲ"
အံ့သြတုန်လှုပ်မိသည်ကို အပြင်မှာ ထုတ်မပြ၊ ပုံမှန်အနေအထားနဲ့ အလုပ်စားပွဲနားကို လျှောက်လျက် မေးလိုက်သည်။
"တစ်ညလုံး အိပ်မပျော်ခဲ့တဲ့ မ အတွက် မနက်ရှစ်နာရီက မစောပါဘူး၊ မောင်ရော ဟိုတယ်ခန်းမှာ သက်တောင့်သက်သာ မအိပ်ခဲ့ရဘူးလား"
"မ, အခု ဘယ်လိုသံသယနဲ့ မေးနေလဲ မောင် သိတယ်၊ မနက်စောစော မောင် စိတ်မတိုချင်ဘူး မ"
လမ်းမှာ ၀င်၀ယ်လာသော အကျႌသစ်ကိုလဲရန် ကြယ်သီးကို ဆောင့်ခါ ဆွဲဖြုတ်လိုက်သည်။ 
"ကြယ်သီးကို ဖြည်းဖြည်းသက်သာ ဖြုတ်ပါ မောင်၊ ကြယ်သီးက မ, မှ မဟုတ်တာ"
"တောက်!" 
ပိုင်စီး၏ တက်ခေါက်သံ ပြငး်ပြင်းက တတ်နိုင်သမျှ စိတ်ထိန်းနေသော မမနိုင် စိတ်ကို ဆွသည်။ ပိုင်စီးအနားကို ချက်ချင်း ရောက်သွားပြီး ကျောပေးလှည့်ထားသော ပိုင်စီးကို မျက်နှာချငး်ဆိုင်စေသည်။
"မောင် ဘာဖြစ်နေတာလဲ၊ မောင် ဘာဖြစ်ချင်နေလဲ ကျွန်မ ကို ပြော"
ပိုင်စီးက ဆုံလည်ထိုင်ခုံကို ဆောင့်ကန်လျက်
"မင်းကသာ ဘာဖြစ်နေတာလဲ၊ ငါ့ကို မယုံလို့ အခု င့ါအလုပ်ခွင်အထိ လိုက်ထောက်လှမ်း စစ်ဆေးနေတာမဟုတ်လား၊ ငါ ဒီမှာ အိပ်လား မအိပ်လား မင်းစိတ်ထဲ တနုန့်နုန့်ဖြစ်နေလို့ တစ်ညလုံး မင်း အိပ်မပျော်ပဲ မနက်စောစော ဒီကို ရောက်ချလာတာလေ၊ ယောက်ျားကို သံသယတွေနဲ့ စစ်လားဆေးလား လုပ်နေတဲ့ မင်းလုပ်ရပ်တွေက သည်းခံချင်စရာကောငး်နေလား"
ရှုးရှုးရှားရှား မ,ထက် အရင် စိတ်ကြီးပြနေသော မောင့်ကို ပါးစပ်အဟောငး်သား ကြည့်နေမိသည်။
ဒီယောက်ျား တော်တော် လွန်နေပြီ။ သူက ဘာတွေများ မှန်နေလို့ ...
"ဟုတ်ပြီ ... အဲ့ဒါဆို နင်ရှင်း၊ နင်အခု ဘယ်က ပြန်လာတာလဲ၊ နင်ညက ဘယ်မှာအိပ်လဲ၊ ငါ Receptionကို မေးပြီးပြီ"
မ, တုန့်ပြန်မှု ့ကြောင့် ပိုင်စီး ပိုမျက်နှာကြောတင်းသွားသည်။
"Receptionကို မေးပြီးပြီ ဟုတ်လား၊ မင်းကိုတစ်သက်လုံး ချီးကျူးခဲ့သမျှ ဒီတစ်ခါတော့ သြချမိတယ်၊ တလောကလုံးကိုသာ ကြေငြာမောငး်ခတ်လိုက်တော့ပေါ့၊ ငါ့သိက္ခာ ငါ့မာန တစ်ခုမှ ကုန်းကောက်စရာမရှိအောင် တစ်ခါမှားမိတဲ့အမှားအတွက် တစ်ဘ၀စာ မင်းနင်းချေလိုက်တော့ပေါ့"
မ ရုံးခန်းကိုသာ တန်းလာဖြစ်သည်။ မောင့်အကြောင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မမေးမြန်းခဲ့။ သူစိမ်းတွေရှေ ့မှာ မောင့်ကို မယုံသင်္ကာမေးခွန်းမျိူး မ,ထုတ်မမေးချင်။ အထူးသဖြင့် မောင့်ရဲ ့လုပ်ငန်းခွင်အတွငး်မှာ။
မ, နှုတ်ဆိတ်သွားသည်။ မောင့်မျက်နှာကို မကြည့်ချင်လို့ အလုပ်စားပွဲပေါ်က စာရွက်စာတမ်း၊ ဖိုင် အထပ်လိုက်ကို မမနိုင် အကြည့်ရောက်သွားသည်။
"ညက တစ်ညလုံး ငါဒီအလုပ်တွေကို ထိုင်လုပ်နေတယ်၊ မိုးလင်းခါနီးလေးနာရီလောက် အရမ်းအိပ်ချင်လို့ Meeting Roomမှာ ခဏ သွားအိပ်တယ်၊ နိုးတော့ နာရီမကြည့်မိလို့ ဘယ်အချိန်လဲ ငါသတိမထားမိဘူး၊ အကျႌလဲဖို့ ငါကိုယ်တိုင် အပြင်ကို သွား၀ယ်တယ်၊ အခု ရှစ်နာရီလေးဆယ့်ငါးမိနစ်မှာ အခန်းထဲ ပြန်ရောက်တယ်၊ မင်းကို ငုတ်တုတ်ကြီးအခန်းထဲမှာ တွေ့လိုက်တယ်"
မ, ရူးချင်သွားသည်။ ဘယ်သူက မှားနေလဲ ဘယ်သူက မှန်နေလဲ မခွဲခြားနိုင်တော့။ စိတ်ပင်ပန်းလွန်းလို့ ရူးသာရူးလိုက်ချင်တော့သည်။
မောင့်နေရာက ကိုယ်ချငး်စာကြည့်ရင်လည်း တစ်ညလုံးအလုပ်လုပ်လို့ ပင်ပန်းနေတဲ့ မောင့်ကို မ,က မနက်စောစော တောင်ထင်မြောက်ထင် အထင်ခံရတော့ မောင့်နေရာမှာဆို မ, လည်း ဒေါသထွက်မိမှာ။ မည်မျှပဲ သရုပ်ဆောင်ကောင်းပါစေ .. မယုံသင်္ကာဖြစ်နေသော မ,မျက်လုံးတွေက ဟန်ဆောင်နိုင်မှာ မဟုတ်။
"စိတ်လျှော့ မောင်၊ မ,က မောင်လဲဖို့ အကျႌလာပို့တာ၊ မောင့်ကို breakfast စီစဉ်ပေးချင်လို့ မနက်စောစော ရောက်လာတာ၊ ဖုန်းကြိုမဆက်တာက မောင်အိပ်နေရင် အနှောက်အယှက်ဖြစ်မှာစိုးလို့၊ အားလုံးက ပုံမှန်လုပ်နေကျ လုပ်ရိုးလုပ်စဉ်တွေပဲ၊ မ,တို့အတွေးတွေကသာ ပုံမှန်မဟုတ်တာ"
"မ,စိတ်ထဲ မောင့်ကို ဟိုတစ်ယောက်နဲ့ သံသယမရှင်းသေးတာ သိတယ်၊ ဒါပေမဲ့ မ, သိပ်မကြပ်ပါနဲ့၊ မောင် အရမ်းပင်ပန်းတယ်၊ ချောင်ပိတ်ရိုက်ရင် ခွေးတောင် ပြန်ကိုက်တတ်သေးတာပဲ၊ မောင်ရော မ, ရော အိမ်တွင်းရေး မဆူချင်ဘူးလေ၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ရှင်းရှင်းထားကြရအောင်၊ မောင်လည်း မ,တောင်းဆိုသလို လုပ်ပြီးပြီ၊ မ,စိတ်ထဲက သံသယကိုတော့ မောင် မပယ်ဖျတ်နိုင်ဘူး၊ မ,ပဲ ပယ်ဖျတ်နို်င်မှာ"
"မ,ကြိုးစားပါ့မယ်"
--------------
စိတ်ရှုပ်ထွေးမှု ့တွေကြောင့် မမနိုင် ခြေလှမ်းတွေ လေးလံနှေးကွေးနေသည်။
ခြေလှမ်းတစ်လှမ်းလှမ်းရန် ခြေကြွရသည်ကိုပင် အရမ်းပင်ပန်းနေသည်။ လူက လမ်းလျှောက်နေပေမဲ့ အတွေးတွေထဲ မောင့်ကို ရှု ့မှတ်ရင်း တစ်လှမ်းချင်း လျှောက်လာသည်။
မောင်တစ်ယောက်ပဲ ပင်ပန်းတာမဟုတ်ဘူး၊ မ,လည်း စိတ်ရော လူရော ပင်ပန်းတယ်။ ဘယ်နေရာက စ ပြီး ကျွန်မတို့တွေ အိမ်ထောင်ရေး ဒီလိုအဆင်မပြေဖြစ်ခဲ့တာလဲ။ အဲ့ကောင်လေးကြောင့် ကျွန်မတို့ အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့ရင် အဲ့ကောင်လေးမရှိတော့ရင်လည်း ပြန်အဆင်ပြေလာနိုင်ပါ့မလား ..
"ညီငယ်နဲ့တွေ့ပြီး ပြန်တော့မှာလား ... မမနိုင်"
လျှောက်လမ်းမှာ မမနိုင်သွားရာ လမ်းကြောင်းရှေ ့ ပိတ်ရပ်လိုက်သည့် ပိုင်ဇေ။
ရုတ်တရက် အရှေ ့မှာ ပိတ်ရပ်လိုက်သောကြောင့် ကျလက်စမျက်ရည်ကို အမြန်သုတ်ဖယ်လိုက်သည်။ မျက်နှာလွဲှကာ မျက်ရည်လှည့်သုတ်နေသော မမနိုင်ကြောင့် ပိုင်ဇေ ကြောင်နနဖြစ်သွားသည်။ ရွှင်လန်းနေသော စိတ်ကလည်း ချက်ချင်းငြိမ်သက်သွားသည်။
"ခြေထောက် လျှောက်နိုင်ပြီလား ကိုပိုင်ဇေ"
အပြုံးတစ်ခုနှင့်ဘာမှမဖြစ်သလို မေးလာသည်။
"အင်း တုတ်ကောက်တော့ ဆောင်ရတာပေါ့၊ အဘိုးကြီးတွေလိုမျိူး"
လက်မှာကိုင်ထားသော တုတ်ကောက်ကို မြှောက်ပြလျက် ပိုင်ဇေပြောတော့ မမနိုင်က ပြုံးရုံပြုံးသည်။
"ကော်ဖီ လိုက်သောက်ပါဦးလား၊ အခန်းကြွားချင်တာလည်းပါတယ်"
မမနိုင်က ပြုံးရုံသာပြုံးလျက်
"နောက်ကြုံမှ မောင်နဲ့အတူလာကြည့်ပါဦးမယ်၊ အခု ကျွန်မ အိမ်မှာ အလုပ်တွေ ရှိသေးလို့ ပြန်တော့မယ်"
"driver ပါလား၊ မပါရင် ကိုယ်လူထည့်ပေးလိုက်မယ်"
"နေ .. နေ ရတယ်၊ ကျွန်မတစ်ယောက်တည်း ပြန်ချင်လို့"
"ဂရုစိုက်သွားပါ"
ပိုင်ဇေ့စကားကို အလေးအနက်မလုပ်။ ၀တ်ကျေတန်းကျေ ခေါငး်ညိမ့်သည်။
မျက်နှာမကောင်းသော မမနိုင်၏ ကျောခိုင်းသွားသော ကျောပြင်ကလည်း ပိုင်ဇေ့အတွက် စိတ်မောစရာဖြစ်ကျန်ခဲ့သည်။
"ဘာများဖြစ်နေလို့လဲ၊ ဘာဖြစ်လို့ တွေ့လိုက်ရတိုင်း မြင်ရတဲ့လူ စိတ်ပူရအောင် အားဖျော့နေတာလဲ၊ ပျော်နေမယ် ထင်ထားတာ .. မဟုတ်သေးဘူး ... ပျော်အောင် နေနေမယ် ထင်ထားတာ၊ ပျော်အောင် နေရမှာပေါ့... မေ"
----------------
မဖိတ်ခေါ်သော်လည်း ခန့်မှန်းထားသည့်အတိုငး် ရုံးခန်းထဲ ရောက်လာသည့် အမှု ့အခင်းဆိုင်ရာ ရဲမှုးများ။ ဒီရက်အပိုင်းအခြားလောက်ဆို ရောက်လာမည်ဖြစ်ကြောင်း ကြိုတင် တွက်ချက်ထားခဲ့ပါရဲ ့။
"Panorama ရဲ ့ ဥက္ကဋ္ဌ ပိုင်စီးအာဏာလားခင်ဗျ"
"ဟုတ်ပါတယ်.. ထိုင်ပါ"
ဧည့်သည်ထိုင်ခုံမှာ နေရာပေး ထိုင်ခိုင်းပြီး ပိုင်စီးပါ ၀င်ထိုင်လိုက်သည်။
"ကော်ဖီအဆင်ပြေမလား"
"ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ မေးစရာရှိလို့ပါ"
"ဟုတ်ကဲ့၊ ညီမ.. ဒီကရဲမှုးကြီးတွေအတွက် ကော်ဖီစီစဉ်ပေးပါ"
အတွင်းရေးမှုးမလေးက ခါးကိုင်းဦးညွှတ်ပြီး အခန်းထဲက ထွက်သွားသည်။
"ကျွန်တော်တို့ Panoramaရဲ ့ EDကျန်းလောင်ေ၀့အကြောင်း စစ်ဆေးစရာရှိလို့ပါခင်ဗျ"
"ဟုတ်ကဲ့ ကျွန်တော့်တို့ရဲ ့ EDကြီးအကြောငး်ကို ဘာများ..."
ထိုင်ခုံမှာ သက်တောင့်သက်သာ ခါးမှီလျက် ခြေနှစ်ချောင်းချိတ်ထိုင်ရင်း ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က အမြန်လမ်းက ယာဉ်တိုက်မှု ့ကို သတင်းတွေကတဆင့် သိထားမလား မသိဘူး"
"အာ ... အရှက်ရစရာတွေတော့ ဖြစ်ကုန်ပါပြီ၊ ကျွန်တော် အလုပ်တွေရှုပ်နေလို့ ဒီရက်ထဲ သတင်းမကြည့်ဖြစ်ဘူး"
"ဟုတ်ကဲ့ .. အဲ့ဒီ အမြန်လမ်း ယာဉ်တိုတ်မှု ့မှာ ခရီးသည်တင် Express နဲ့  လိုင်စင်မဲ့ Alphardကား တိုက်တာပါ၊ Alphard ကားထဲမှာ accidentကြောင့် မဟုတ်ပဲ မူလသေပြီးတဲ့ အမည်မသိအလောငး်တစ်ခု ရှိနေပါတယ်၊ အလောငး်က မီးလောင်ခံထားပြီး တေ်ာ်တော်ပျက်စီးနေလို့ ကျွန်တော်တို့ ရက်အတော်ကြာအောင် စစ်ဆေးလို့အပြီးမှာ DNAအရ Panoramaက ED ကျန်းလောင်ေ၀့လို့ အတည်ပြု ဖော်ထုတ်လို့ရပါတယ်"
ရဲမှုးရဲ ့စကားအဆုံး အလိုလိုခါးမတ်သွားကာ အံ့သြထိတ်လန့်သွားသည့် ပို်င်စီး။
"ယာဉ်တိုက်မှု ့ရက်အတိအကျ ပြောပေးလို့ရမလားခင်ဗျ၊ လက်ရှိမှာ ကျွန်တော်တို့ EDကျန်းကလည်း ပျောက်ဆုံးနေတဲ့အနေအထားဖြစ်နေပါတယ်"
"ဟုတ်ကဲ့ .. / . / 2018 ပါ"
"Oh my God! EDကျန်းကိုလည်း အဲ့နေ့လောက်က မတွေ့တော့တာ၊ ရက်ကိုမှတ်မိနေတဲ့ အကြောငး်က အဲ့နေ့က ကျွန်တော်တို့ Panoramaရဲ ့အရေးကြီး အစည်းအေ၀းဖြစ်နေလို့ပါ၊ EDကျန်းက တစ်ကိုယ်တည်းသမားဆိုတော့ မပြောမဆို ခရီးထွက်ရင်း ရံဖန်ရံခါ အကြာကြီး ပျောက်သွားတတ်တယ်၊ ကျွန်တော်တို့လည်း သာမန်လို ခရီးသွားတယ်ထင်ပြီး ပေါ့ပေါ့နေမိတာ၊ အခုကျမှ ကြတ်သီးထစရာဒီလိုသတင်းဆိုးကို..."
တွေးတွေးဆဆပြောလျက် လက်ချောငး်တွေအချင်းချငး် ဆုပ်နယ်နေသော ပိုင်စီးက တော်တော် ရှောခ့်ရသွားဟန် ချက်ချင်း မျက်နှာအိုကျသွားသည်။ 
"ကျွန်တော်တို့အလောငး်ကို စုံစမ်းရသလောက် ကျန်းလောင်ေ၀့က အမြန်လမ်းယာဉ်တိုက်မှု ့မှာ သေဆုံးခဲ့တာမဟုတ်ဘူး၊ ဒီ့မတိုင်ခင် အသတ်ခံရတာ၊ အလောင်းကိုဖျောက်ဖျတ်ချင်လို့ အမြန်လမ်းပေါ် အလောင်းကို ကားထဲထည့်ပြီး တမင်ယာဉ်တိုက်မှု့ဖြစ်အောင် ကားကိုလမ်းလယ်ခေါင်တည့်တည့် ကန့်လန့်တင်ခဲ့တာလို့ တစ်ဖက်က Express ယာဉ်မောင်းရဲ ့၀န်ခံချက်အရ သိရပါတယ်"
"ဟော .. ဖြစ်မှဖြစ်ရလေ"
"သေဆုံးသူကျန်းလောင်ေ၀့က Panoramaမှာ အတည်တကျနေထိုင်တယ်လို့သိရပါတယ်၊ သူနဲ့ကိုယ်ရေးကိုယ်တာ ပတ်သက်တဲ့ ကောင်လေးတွေကိုလည်း ဒီမှာ ခဏတဖြုတ် အခန်းပေးထားတယ်လို့သိရတယ်၊ အဲ့ဒီဧည့်သည်စာရင်းကို ကျွန်တော်တို့ကို ပေးနိုင်မလား၊ နောက်ပြီး CCTV Fileတွေရောပေ့ါ"
"ရပါတယ် .. ကျွန်တော် Receptionကို ဖုန်းဆက်ထားပါ့မယ်"
"ကိုပိုင်စီးအာဏာရော?"
ရဲမှုးက အတွင်းရေးမှုးမလေး လာချပေးသော ကော်ဖီကို ငုံရင်း မေးသောကြောင့် ပိုင်စီး ကြောင်သွားသည်။
"ဗျာ"
"ကိုပိုင်စီးအာဏာရော .. ကျန်းလောင်ေ၀့နဲ့ ပတ်သက်ပြီး မသင်္ကာတာ ထူးခြားဖြစ်စဉ် သတိထားမိတာမျိူးရှိလား"
"ဟုတ်ကဲ့ သေသွားတဲ့လူတစ်ယောက်အကြောငး်ကို တစ်ဖက်သတ်အမြင်နဲ့ လက်လွတ်စပယ် မပြောချင်ဘူး၊ EDကျန်းက လူချစ်လူခင်များသလို လူမုန်းလည်းများတယ်၊ အခုလိုသေဆုံးသတင်းကြားရတာ ကျွန်တော်လည်း အံ့သြထိတ်လန့်မိတယ်၊ အခု EDကျန်းရဲ ့နောက်ဆုံးခရီးကို ဘယ်သူတာ၀န်ယူထားလဲ"
"အလောင်းက အခြေအနေဆိုးရွားလွန်းလို့ ကျွန်တော်တို့ ပိုင်ရှင်မဲ့အလောငး်အဖြစ် မီးသဂြိုလ်ပြီးပြီ၊ ကျန်းလောင်ေ၀့က စုံစမ်းရသလောက် မိသားစု မရှိတော့ နာရေးတာ၀န်ယူမဲ့သူလည်း မပေါ်လာသေးဘူး"
"ကျွတ် ကျွတ် .. ဒီလိုအဖြစ်ဆိုးမျိူး ... ထားပါ၊ ကျွန်တော်တို့ Panoramaမိသားစုက EDကျန်းရဲ ့နာရေးတာ၀န်ကို ယူပါ့မယ်"
"ဟုတ်ကဲ့"
"နာရေးအလှုကို တာ၀န်ယူမဲ့သူ မပေါ်သေးတာ၊ အခုမတရားသေဆုံးမှု ့အတွက် အမှုဖွင့်မဲ့လူရော... ရှိလား"
"မပြောတတ်ဘူး၊ လောလောဆယ် ကျွန်တော်တို့ တာ၀န်အရ စုံစမ်းစစ်ဆေးလိုက်ပါ့မယ်"
"ဟုတ်ကဲ့ .. ကျွန်တော်တို့ရဲ ့EDကျန်းအတွက် တရားမျှတမှု့ရှိအောင် ရဲမှုးတို့ ဖော်ထုတ်ပေးပါ၊ အားကိုးပါတယ်၊ လိုအပ်တာရှိရင် ကျွန်တော်တို့ဘက်က ပူးပေါငး်ဆောင်ရွက်ပါ့မယ်"
---------------
"ပြန်လာပြီလား မမနိုင်၊ နားရာကို မနက်စာ ထမင်းကျေွးပြီးပြီ၊ ဈေးကို အမေပဲသွားပေးရမလား"
အိမ်ထဲကိုအ၀င် ဧည့်ခန်းထဲမှ အမေက မမနိုင်ကို တွေ့တော့ လှမ်းပြောသည်။ 
ပုံမှန်အချိန်မှာဆို မမနိုင် ပက်ခနဲ ပြန်ပြောမိမှာက နားရာကို ဘာတွေနဲ့ ကျေွးလဲ၊ ကလေးကို အမေပါးစပ်ကြီးနဲ့ ဝါးမကျေွးနဲ့နော်၊ အမေလက်ကိုရော သေချာဆေးရဲ ့လား၊ လက်ဆေးရင်လည်း ဒီပန်းကန်ဆေးဆပ်ပြာတွေနဲ့ မဆေးနဲ့၊ လက်ဆေးရည်နဲ့ သေချာဆေး၊ အမေတို့ကလည်း ဘာလို့ကျေွးထားတာလဲ၊ မ,ပြန်လာမှ ကျေွးမှာပေါ့၊ အမေတို့က ညစ်ပတ်က ညစ်ပတ်နဲ့၊ သမီးကို ရောဂါဖြစ်မယ်၊ ဈေးလည်းသွားမနေနဲ့၊ ဘာတွေ၀ယ်လာမှန်းမသိဘူး၊ သေချာကြည့်မ၀ယ်ဘူး ... စသဖြင့် စသဖြင့် အသက်ကြီးအိုမင်းလာသော အမေထက် မနူးမနပ်လူမဖြစ်သေးသော သမီးအတွက်ကို အစိုးရိမ်လွန်ပြီး အမေ့ကို ဆူငေါက်မိလိမ့်မည်။ 
အမေက ဆံဖြူကျိူးတို့ကျဲတဲ ချည်ထည်အကျႌလက်ပြတ်နဲ့ နားရာ၏ ဘိုမရုပ်လေးကို အရေတွန့်နေသော လက်တို့နဲ့ ဆံပင်ဖြီးပေးနေသည်။
နားရာကိုချော့မြှူကစားပေးရင်း ရယ်လိုက်ရင် အပေါ်သွားတွေက ကျိူးလို့ သွားဖုံးပေါ် လေ ပြတင်းပေါက်ဖောက်ထားသကဲ့သို့။ သွားကြားထဲက လေထွက်၍ ပြောသမျှ စကားတို့က သိပ်မပီ။ သွားကျိူးပေါက်ကလေထွက် အမေပြောတာကို နားမလည်သောအခါ ဘာတွေ ပြောနေမှန်းလဲ မသိဘူးလို့ မ, ငြိုငြင်စိတ်ပျက်ရပေါင်းမနည်း။
အကျႌလက်ပြတ်၀တ်ထားလို့ ထင်ပေါ်နေသော လက်မောင်းပျော့တွဲတွဲမှာ အဖေနှင့် သူတပြန်ကိုယ်တပြန် ရန်ဖြစ်တုန်းက ပုလငး်ကွဲ ပြတ်ရှရာ အမာရွတ်ဟောင်းက အရောင်ဖျော့သွားပေမဲ့ အမေ့ကိုယ်ပေါ်က သေရာပါ အနာတရ။
ပေါ်လစ်တိုတ်ထားသော ကြမ်းပြင်ပြောင်ပြောင်ထက် အမေ့ခြေဖဝါးက အဖေ့ကို ဘယ်နေရာမှာ ဘယ်မိန်းမနဲ့ ဘယ်လိုတွေ့တယ်ဟေ့ သတင်းကြားတာနဲ့ အမိလိုက်ဖမ်းရန် ထမိန်မ,လျက် ဖိနပ်မပါပဲ ပြေးလွှားခဲ့သမျှ အခုမူ အသားမာတွေတတ်နေပြီ။
ဧည့်ခန်းမှာ နားရာနှင့် ကစားပေးနေသော အမေ့ကို လှမ်းကြည့်လျက် မမနိုင် အလိုလို မျက်ရည်၀ိုင်းလာသည်။ ခြေလှမ်းတွေက ဧည့်ခန်းထဲမှ အမေ့ဆီ တဖြည်းဖြည်းလျှောက်လာသည်။
 မ,ဘယ်တုန်းကမှ ဘယ်ကိစ္စမဆို အဖက်လုပ်တိုင်ပင်ခြင်းမရှိခဲ့သော အမေတစ်ယောက်အပြင် အခုချိန်မှာ မ,သောကကို ကိုယ်ချင်းစာနှစ်သိမ့်နိုင်သူမရှိ။ မ,အတွက် ရင်ဖွင့်တိုင်တန်းရာ ထွက်ပေါက်လိုအပ်နေသည်။
အမေရှေ ့ ဒူးထောက်ထိုင်ကာ အမေ့ကိုယ်ကို ကြုံးဖက်လိုက်သည်။ အမေ့ပခုံးထက်မေးတင်လျက် မျက်ရည်စီးကြောင်းက တဖြိုင်ဖြိုင် ကျဆင်းလာသည်။
"အမေလည်း ဒီလို ခံစားခဲ့မှာပဲ၊ အ့ဲဒီ့အချိန်တုန်းက အမေ့ခံစားချက်က ဒီလိုပါ့လား၊ အရမ်းနာကျင်ပြီး အရမ်းစိတ်ပင်ပန်းခဲ့မှာပဲ၊ အမေ့ကိုချစ်ပေမဲ့ အမေ့လိုမိန်းမမျိူးကို အရမ်းမုန်းခဲ့တာ၊ အမေ့လို မိန်းမမျိူး မဖြစ်ချင်ခဲ့ဘူး၊ အမေတူမှာ တအားကြောက်ခဲ့တာ"
ဒီအတောအတွင်း ထိန်းချူပ်မာန်တင်းခဲ့သမျှ မမနိုင်တစ်ယောက် ရှိုက်ကာ အော်ငိုသည်။ အမေက မမနိုင်မျက်နှာကို လက်ဖဝါးနှစ်ဖက်နှင့် အုပ်မကာ
"သမီး ... မမနိုင် .. အမေ့ကို ပြောစမ်း၊ ငါ့သမီးဘာဖြစ်နေလဲ"
စိုးရိမ်မှု့တွေနဲ့ ရင်ခေါငး်သံလှိုက်လှိုက်ကြီးက အမေပါ မ,အပူတွေ ဟပ်ပြီ။
မမနိုင်ခေါငး်ခါရမ်းကာ အမေ့မျက်နှာနှင့် မရင်ဆိုင်ရဲ၊ အမေ့ရင်ခွင်ထဲ အတငး်တိုး၀င်ကာ အမေ့ကို ဖက်တွယ်လျက် အသားကုန် ငိုသည်။
ပိုင်ဇေ့ကို သဘောကျသလောက် ပိုင်စီးနှင့်လက်ထပ်ရန်ဖြစ်လာသောအခါ ဘယ်လိုမှ သဘောမတူခဲ့သည့် အမေ့ကို တစ်ချက်အရေးမလုပ်။ အမေပွဲမတက်လည်းရတယ် .. ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လက်ထပ်ခဲ့သည်။ တစ်ယောက်တည်းရှိသော သမီးဖြစ်သူ မင်္ဂလာပွဲကို ဥပေက္ခာမပြုနိုင်သည့်အမေက ယောက္ခမအာဏာပင် မပြနိုင်၊ မချိစွာ လက်ခံခဲ့သည်။
အမေဆုံးမ သတိပေးသမျှ နားမထောင်ခဲ့သည့် အမေ့ရဲ ့တော်လှ တတ်လှတဲ့ ဒီသမီးရဲ ့ချီးပုံနင်းမိပုံကို အမေ့အနေနဲ့လည်း ကျေနပ်အားရနေမှာမဟုတ်။
ကိုယ့်ကိုယ်ကို လူကြီးဖြစ်ပြီ၊ ရင့်ကျက်တယ် ထင်ထားသမျှ အမေ့ရင်ခွင်ထဲ ရောက်သောအခါ ကလေးတစ်ယောက်လို စိတ်ရှိတဲ့အတိုင်း ငိုကြွေးမိသည်။
ဖောက်ပြန်ပွေလီနေတဲ့ ယာက်ျားတစ်ယောက်ကို မလွန်ဆန်နိုင်တဲ့ မိန်းမ၊ ကိုယ့်အပေါ်မကောငး်သည့် ယောက်ျားရဲ ့အာဏာအောက်မှာ ပြားပြား၀ပ် ရို ့ကျိူးနေတဲ့ မိန်းမ၊ ကိုယ့်ကို မချစ်တဲ့ ယောက်ျားကို မစွန့်လွှတ်နိုင်တ့ဲ မိန်းမ ... အမေ့ကို မမနိုင် အထင်သေးခဲ့သည်။
အဖေဆိုးသွမ်းသမျှကို သမီးဖြစ်သူမမနိုင် မျက်မြင်မြင်တွေ့နေရပါသော်လည်း သမီးအနေနဲ့ အဖေဖြစ်သူကို မမနိုင် အပြစ်မမြင်အောင် အဖေ့ဘက်က ကာကွယ်ပြောဆိုခဲ့သည့်အမေ့ကို လင်တရူးမကြီးဟု မိုက်မိုက်ရိုင်းရိုင်း တွေးခဲ့ဖူးသည်။
အခုမူ ... အမေ့ရဲ ့ခံစားချက်တွေကို သမီးနားလည်နိုင်ပြီ။ ယောက်ျားကို မလွန်ဆန်နို်င်တာမဟုတ်ပဲ သမီးအဖေကို မလွန်ဆန်နို်င်တာ၊ သမီးကိုအုပ်မိုးပေးထားတဲ့ အရိပ်ကြီးပျက်စီးမှာစိုးလို့ သမီးအဖေကို ရို ့ကျိူးသည်းခံခဲ့တာ၊ သမီးအဖေကို မစွန့်လွှတ်နိုင်ခဲ့တာ။ 
မည်သို့ပင်ဆိုစေကာမူ အဖေ့ရဲ ့ဖောက်ပြန်မှု့တွေကို ရွံမုန်းသော်လည်း အဖေ့ကို မုန်းတဲ့စိတ်မရှိခဲ့။ ဒါဟာ အမေ့၏ ဆုံးမသွန်သင်မှု့ကောငး်ခဲ့သောကြောင့်။ အဖေမကောငး်တာသိသော်လည်း အဖေ့မကောင်းကြောငး် အမေက စိတ်တိုချိန် စိတ်လိုက်မာန်ပါပြောခဲ့လျှင်တောင် မနှစ်သက်ခဲ့။
သမီးခိုနားရာကိုရော မောင့်ကို မမုန်းမိအောင် မမနိုင် ဆုံးမနိုင်ပါ့မလား။
"အမေ သိပ်တော်တယ်၊ အမေက အရမ်းတော်လွန်းတဲ့ အမျိူးသမီးပဲ၊ အမေ့လိုဒုက္ခမျိူးကို သမီးကြုံတွေ့လာတဲ့အချိန် သမီးအလေးစားဆုံးက အမေပဲ၊ ဒီလိုယောက်ျားမျိူးကို အမေဘယ်လိုစိတ်နဲ့ သည်းခံနိုင်ခဲ့လဲ၊ ဒီလိုခင်ပွန်းရဲ ့သစ္စာမဲ့မှု ့မှာ သမီးကို မေမမနိုင်ဆိုတဲ့ အလှမယ်တစ်ယောက်ဖြစ်အောင် ဘယ်လို ပညာတွေနဲ့ ပျိူးထောင်နိုင်ခဲ့လဲ၊ သမီးမျက်နှာကိုကြည့်ပြီး အမေဒီယောက်ျားကို ဘယ်လိုအင်အားတွေနဲ့ အံတုရင်ဆိုင်နိုင်ခဲ့လဲ၊ ဘယ်လိုလုပ်မှ မိန်းမတစ်ယောက်ရဲ ့မာန်ကျပြီး အမေ့လို မိခင်တစ်ယောက်ရဲ ့ခံစားချက်တွေ ၀င်လာနိုင်မလဲ၊ ဘယ်လိုနည်းလမ်းက ခိုနားရာကို မေမမနိုင်လို စိတ်ဓာက်မာကြောတဲ့မိန်းမမျိူး ဖြစ်အောင် မွေးမြူရမလဲ၊ အမေ သမီးကို သင်ပေးနည်းပြပါ"
ရင်ခွင်ထဲက မမနိုင်ကို ဆွဲထုတ်ကာ ...
"သမီး၊ နင့်ယောက်ျား ..."
ခန့်မှန်းမိသော ကိစ္စကြောင့် ရေရွတ်ရုံ စကားကို မဆုံးနိုင်ခင်မှာ သမီးဖြစ်သူက ပခုံးတွေ တုန်ရီအောင် ငိုရှိုက်လျက် မျက်နှာကို လက်အုပ်ကွယ်ကာ ငိုပြန်သည်။
သမီးရယ် ....
"ငါပြောတယ် .. ငါသတိပေးတယ်၊ အဲ့ဒါတွေကို ငါမြင်နေလို့ ညည်းကို သတိပေးခဲ့တာ၊ညည်းအေ.. ညည်းအဖေတစ်ယောက်လုံး ဘယ်လိုအချိူးချိူးလဲ ညည်းငယ်ဘ၀တုန်းက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပါသနဲ့၊ ယောက်ျားတစ်ယောက်ကို စုံလုံးကန်း ကိုးကွယ်ခဲ့ရသလား၊ မိန်းမတွေရဲ ့ ပေးဆပ်မှု ့နဲ့ ဘယ်ယောက်ျားမှ မထိုက်တန်ဘူး၊ လင်ယောကျ်ားဆိုတာလည်း သူစိမ်းပဲ၊ အခုခေတ်မှာ ကိုယ့်ဒူးတောင် ကိုယ်မယုံရတာ၊ ညည်းမိုလို့ ယောက်ျားအတွက် ကိုယ့်ဘ၀ကို အဆုံးခံတယ်"
တန်ဖိုးထားရသော သမီးရတနာ၏ စက်ဆုပ်စရာအိမ်ထောင်ရေးအဖြစ်ကြောင့် မမနိုင်ကျောကို လက်သီးဆုပ်နှင့် မနာအောင်  ယူကြုံးမရစွာ ထုရိုက်မိသည်။
"အိမ်ထောင်ပြုပါတယ်ဆိုမှ သာယာတဲ့အိမ်ထောင်ရေးကိုပဲ မျှော်လင့်ခဲ့တာပေါ့၊ ဒီအိမ်ထောင်ရေးကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့ ဒီအိမ်ထောင်ရေးကို စတင်ခဲ့တာ၊ အိမ်ထောင်ရှင်မကောင်း ဖြစ်ချင်ခဲ့တယ်၊ ကလေးတွေကို ပြုစုပျိူးထောင်ရင်း သိုက်သိုက်၀န်း၀န်း မိသားစုတစ်ခုရဲ ့ မာတာမိခင်ဖြစ်ချင်ခဲ့တယ်၊ မိန်းမတစ်ယောက်ရဲ ့ဘ၀ထက် မိခင်ဘ၀ကို အမျိူးသမီးတစ်ယောက်အနေနဲ့ ပိုမက်မောခဲ့တယ်"
"...."
"တကယ်လည်း ကြိုးစားခဲ့တယ်၊ ဒီအိမ်ထောင်ရေးကို စိတ်ရောကိုယ်ရောဘ၀ရော အားလုံး ပုံအောပြီး ခင်ပွန်းအပေါ်ကို ပေးဆပ်ခဲ့တယ်၊ ယုံကြည်ခဲ့တယ်၊ တာ၀န်ကျေခဲ့တယ်"
အချစ်ဦးကိုစိတ်နာတာတစ်ခုနဲ့ ပြီးပြီးရော လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေးမဟုတ်။ ချစ်လွန်းလို့ ရင်နဲ့မမျှ ခံစားရတဲ့အခါမှာ အချစ်ကို မကိုးကွယ်တော့တာ။ အချစ်ကြောင့် နာကျင်ရတဲ့အခါ အချစ်ကို ရှောင်ရှားခ့ဲတာ၊ အချစ်ကို ကြောက်လို့ ထပ် မလိုချင်ခဲ့တာ။
ချစ်ရတာ ပင်ပန်းလွန်းလို့ အချစ်ကို ဦးစားမပေးပဲ အချစ်ထက် အရေးကြီးတယ်ထင်တဲ့ နားလည်မှု့တွေနဲ့ ဒီအိမ်ထောင်ရေးကို စတင်ခဲ့သည်။
သိပ်ချစ်တတ်သည့်အစ်ကိုဖြစ်သူနှင့် ကွာခြားစွာ အေးတိအေးစက်နဲ့ အသဲနှလုံးမရှိသူ ပိုင်စီးက
"ကျွန်တော်နဲ့လက်ထပ်ပါ၊ ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင် နေကြပြီး မမနိုင်ကို သစ္စာဖောက်သွားတဲ့ လူတွေကို ကလဲ့စားချေလိုက်ပါ၊ ကျွန်တော့်အိမ်ထောင်ဖက်က မမနိုင်အပြင် ထိုက်တန်တဲ့မိန်းမ မရှိဘူး"
မမနိုင်ရှေ ့ဒူးထောက်လျက် တောငး်ဆိုသော ပိုင်စီးမှာ မ,ကို ချစ်တဲ့အရိပ်အငွေ့ မခံစားရပေမဲ့ မ,တန်ဖိုးကို သိပြီး မက်မက်မောမော လိုချင်စွာ တောင်းခံနေသည်။
သူနဲ့ ထိုက်တန်တဲ့ မိန်းမက မ,အပြင်မရှိဘူးတဲ့ ... ကဲ! ဘယ်လောက် ဂုဏ်ယူချင်စရာ ကောငး်သလဲ။ ရင်ခုန်စရာမကောငး်သော်လည်း ကိုယ့်ကိုယ်ကို မိန်းမ ဘ၀င်ခိုက် မာန်တတ်စေသည်။
ပိုင်စီးအာဏာရေခဲမင်းသားက မာနကြီးလွန်းတာ နီးစပ်ရာ အသိုငး်အ၀ိုင်းအားလုံးသိသည်။ ထိုသို့သောယောက်ျားက လူအများရှေ ့ ကိုယ့်ကို ဒူးထောက်တောငး်ခံခဲ့ခြင်းက တော်ရုံတန်ဖိုးထားခြင်းမဟုတ်။
ကိုယ့်တန်ဖိုးကို မသိလေပဲ တန်ရာတန်ရာမိန်းမနဲ့ အကြောငး်ပါလေသော ချစ်သူကို စိတ်ဖြတ်ကာ ကိုယ့်ကို တန်ဖိုးထားတောင်းခံသော ယောက်ျားကို မ,လက်ခံခဲ့တာက ကလဲ့စားချေခြင်းလည်း မြောက်သလို ပိုင်စီး၏ ဇနီးကောငး်တစ်ယောက်အဖြစ် နေထိုင်ဖို့ ကျင့်ကြံခဲ့သည်။
ချစ်စကားတစ်ခွန်းမပါသည့် မချစ်တတ်သော ယောက်ျား၏ တန်ဖိုးထား လက်ထပ်ခွင့်တောငး်မှု ့မှာ ချစ်ခြငး်တရားတွေ မရှိသောကြောင့် အချစ်နှင့်ပတ်သက်ပြီး မခံစားရတော့ဘူးလို့ ယုံကြည်ခဲ့သည်။
ပိုင်စီးမှာ အချစ်မရှိလို့ သူချစ်ရမဲ့လူလည်း မရှိနိုင်၊ အချစ်ကြောင့် ဖောက်ပြန်တာမျိူးလည်း မရှိနိုင်၊ ပိုင်စီးနဲ့ မ,ကြား အချစ်မရှိလို့ အချစ်ကြောင့် ခံစားရမှာမျိူးလည်း မရှိနိုင်။ မရှိနိုင်ခြငး် အကြောငး်တရားတွေကြောင့် ပိုင်စီးကို လက်ခံခဲ့သည်။
အခုတော့ ဘယ့်နှယ် ... မောင့် ကို ချစ်လား တဲ့ .. ပေါတောတောနဲ့ အရူးကောင် နင့်မှာ ဘယ်တုန်းက အချစ်ရှိသွားတာလဲ...
ဖခင်နှင့်ပတ်သက်ပြီး ဒီသမီးကို သနား၍ သားအမိနှစ်ယောက်ကြား ရင်းနှီးလွန်စွာ သူငယ်ချင်းပေါင်း ပေါင်းသင်းခဲ့သောကြောင့် မမနိုင်က အမေဖြစ်သူကို အရိုအသေ အကြောက်အလန့်ကြီးတာမျိူးမရှိ။ သံယောဇဉ်ရှိရှာပေမဲ့ အမေတစ်ယောက်လို တခမ်းတနား မကိုင်းရှိုင်း။
ကိုယ့်ကိုယ်ကို ယုံကြည်မှု့ ပြင်းထန်ကာ မာနကြီးသော မမနိုင်တစ်ယောက် တစ်ခါမှ ဒီလို ရှိုက်ကြီးတငင် အော်မငိုခဲ့ဖူး။ ရင်ထဲ ဘယ်လောက် ဗြောငး်ဆန်နေပါစေ တည်ငြိမ်ရင့်ကျက်စွာ ဟန်မပျက် ထိန်းချူပ်နိုင်ခဲ့သည့် သမီးက အခုမူ ကလေးတစ်ယောက်လို အော်ဟစ်ငိုနေသည်။
လူကြီးဆန်ပြီး ဆရာမကြီးသိပ်လုပ်တတ်လွန်းလို့ မွေးထားသည့်အမေပင် တစ်ခါတစ်ရံ သိပ်မြင်ပြင်းကပ်ရသည်။ အခုတော့ ဘယ်လောက် ရင်ထဲမချိ ခံစားနေရလို့ ငိုယိုနေလိုက်တာများ ...
အရုပ်ခြင်းကိုဖွကာ ကစားနေသော နားရာလေးက အဘွားနှင့်အမေကို မျက်လုံး၀ိုင်း၀ိုင်းကြည်ကြည်လေးနဲ့ ဘေးကထိုင် ကြည့်နေသည်။
"သမီး ဒီကိစ္စကို ဘယ်လို ရင်ဆိုင်ရမလဲ၊ ဘယ်လောက် ကြာအောင် ကြံ ့ကြံ ့ခံနိုင်မလဲ၊ ဘယ်လောက်သည်းခံပါစေ မာနကို ထိပါးလာလွန်းလို့ ပေါက်ကွဲပစ်ချင်တဲ့ စိတ်တွေကို ထိန်းရတာ ပင်ပန်းလာပြီ၊ သမီးသာ ၀ုန်းဒိုင်းကြဲရင် အားလုံးအပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရလိမ့်မယ်၊ အမေရော ... အမေ့တုန်းကရော.. အဖေက ဘယ်လောက် ရှုပ်ပွေပါစေ၊ အဖေ့မှာ မိန်းမတွေ ဘယ်လောက်များပါစေ၊ အဖေ့နောက်ဆုံးထွက်သက်အထိ အဖေ့အနားမှာ နေနိုင်သူက အမေတစ်ယောက်ပဲ ကျန်ခဲ့တာလေ"
အားရအောင် ငိုကြွေးလိုက်သောအခါ စိတ်ပေါ့သွားသည်။ အိမ်ထဲ၀င်စကလို လေးလံမနေပဲ ပေါ့ပါးသွားသည်။ အမေက ဘာမှ မပြောပဲ တစ်သျူးစကို ဆွဲထုတ်ကာ မမနိုင်ကိုပေးသည်။
"အခု ညည်း ဘာဆက်လုပ်မယ် စိတ်ကူးလဲ"
"ဘာကို ဘာဆက်လုပ်ရမှာလဲ၊ အပြတ်ဖြတ်ခိုငး်ထားတယ်၊ သူလည်း ဖြတ်ပြီးပြီ"
"ညည်းပြောသလို ညည်းယောက်ျားကလုပ်မှာ သေချာလို့လား"
"မလုပ်လို့ မရဘူးလေ၊ မ,ကို သူမလှန်ရဲပါဘူး"
"သူ့ကို ပြောလို့ရမယ် ထင်နေလား၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ညည်းပြောစကားကို သူနားထောင်ပါ့မလား၊ ဒါက အခြားကိစ္စမဟုတ်ဘူး၊ အသွေးအသား တဏှာကိစ္စ ညည်းတားဆီးနိုင်ပါ့မလား၊ ညည်းယောက်ျားလို စုန်းနတ်ဆိုးကို မြှူစွယ်နိုင်တာ တစ်ဖက်လူက ပေါ့သေးသေး မဟုတ်ဘူး၊ မကောင်းဆိုးဝါးပဲနေမယ်"
"အမေ ... သူက လူပျိူလူလွတ်မဟုတ်ဘူး၊ အိမ်ထောင်သည်၊ မိသားစုရဲ ့အိမ်​​ထောင်ဦးစီး၊ အိမ်ဦးနတ်၊ သမီးမွေးထားတဲ့အဖေ၊ သူ မမိုက်မဲဘူး"
"သူ့မှာ အဲ့လိုအသိတရားမျိူး မရှိလို့ ဒီလိုတွေလုပ်တာပေါ့အေ"
"ဒါက ခဏတာ စိတ်ယိုင်သွားတာ၊ အသွေးအသားတွေ လာမပြောနဲ့ .. သူထိန်းချူပ်နိုင်တာ မ,သိတယ်"
"သြော် ... ငါ့နှယ်ပဲ .. ဒီမိန်းမနဲ့တော့ ခက်လှပါပြီ၊ ညည်းယောက်ျားက မမြင်ဖူး မူးကို မြစ်ထင်သွားတာ၊ အရူးအမဲသားကျေွးသလို တစ်ခါမှ မစားဖူး၊ မသုံးဆောင်ဖူးတဲ့ အရသာကို ပေးကျေွးလိုက်တော့ တမ်းတမ်းစွဲ သွားတာ၊ ညည်းအဖေလို ဒါပဲလေ့လာ ဒါပဲလိုက်စား ဒါထူနေတဲ့လူကို ငါမပြောလိုပါဘူး၊ အခု ညည်းယောက်ျားလိုလူက မငြိရင်လည်း မငြိဘူး၊ ငြိပြီဆိုရင်လည်း နက်နက်ရှိုင်းရှိုင်း တစ်ယောက်ဆို တစ်ယောက်ပဲ စွဲသွားမှာ၊ အဲ့တစ်ယောက်အင်အားက ညည်းအဖေရဲ ့KTVက အယောက်တစ်ထောင်အင်အားနဲ့ ညီမျှတယ်၊ ညည်းအဖေက များစွာသောမိန်းမတွေနဲ့ ပွေရှုပ်တာ၊ ညည်းယောက်ျားက တစ်ယောက်တည်းနဲ့ ဖောက်ပြန်တာ၊ ညည်းအဖေလို လူရှုပ်မှာ အစွဲဆုံး အချစ်ဆုံး ဆိုတာမျိူး မရှိဘူး၊ ဘာလာလာဒေါငး်တဲ့ လူ၊ ညည်းယောက်ျားကကျ တစ်ခါမှ မခံစားဖူးတော့ ပထမဆုံး ရက်ရက်ရောရော ပေးကျေွးပစ်တဲ့ကောင်မကို အစွဲဆုံးဖြစ်သွားတာ"
မမနိုင် လက်မှိုင်ကျသွားသည်။
"ကာမပိုင်ရှိလျက်နဲ့ ဖောက်ပြန်တယ်ဆိုတာ သေရည်သေရက်လိုပဲ၊ ခါးသက်သက်ဆိုပေမဲ့ အဲ့ခါးသက်သက်ကပဲ ယစ်မူးဖို့ကောင်းတယ်၊ မသိအောင် လုပ်နေရတာကိုက အရသာ၊ စောင့်ကြည့်ရတာပေါ့အေ .. အဲ့တစ်ယောက်ကို ညည်းပြောသလို အလွယ်တကူ ဖြတ်မလား၊ ဖြတ်လိုက်ရင်လည်း သေချာတယ် .. နောက်တစ်ခါ နောက်တစ်ယောက် လွယ်လွယ်ရှိလာဦးမယ်၊ တစ်ခါခြံခုန်ဖူးတဲ့နွား ခြံအပြင်အရသာကိုသိပြီး ထပ်ခုန်ဦးမှာ၊ အေး .. မဖြတ်ပဲနဲ့ ဒီတစ်ယောက်မှ ဒီတစ်ယောက် ဖြစ်ရင် အဲ့တစ်ယောက်က ညည်းယောက်ျားရဲ ့ အချစ်ဆုံးနဲ့အစွဲဆုံးပဲ"
___________________
​ယောက္ခမကြီးနဲ့Downကို ​ပေး​တွေ့လိုက်​ရင်​​ရော 🙄
ဖတ်ပေးတဲ့ တွဲလက်တွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် <3
1:42 PM
10/18/2018
Continue Reading
You'll Also Like
214K 20.4K 35
My second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .
141K 5.8K 34
Myanmar BL👬..... လူသားနှစ်​​ယောက်ကြားကဖြူစင်​​သောချစ်​ခြင်း​မေတ္တာ...
2.4M 205K 105
"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" 19.2.2022 "ခင်ဗျားက ဟီရိ...
624K 68.3K 52
ဤဝတ္ထုသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ကြောင်းနှင့်၊ လူ၊နေရာ၊ အရပ်ဒေသ၊ နာမည် တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်မှုဟုသာ ယူဆပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ...