The Dimple On His Cheek ( Com...

aseinnkyaw által

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... Több

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 8

11K 959 46
aseinnkyaw által

Unicode

တစ်နေကုန် ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်က ရေချိူးလိုက်မှ လန်းလန်းဆန်းဆန်းဖြစ်သွားရသည်။

Lavender ပန်းရနံ့လေးသင်းနေတဲ့ Shower ကို တစ်ကိုယ်လုံး အမြှုပ်ထအောင် ညင်ညင်သာသာ ပွတ်လိုက်ပြီးမှ ပူရှိန်းပါတဲ့ယောကျ်ားသုံး Dove ခေါင်းလျှော်ရည်နဲ့တစ်ခေါင်းလုံးနှိပ်နယ်ပြီး ပွတ်ချလိုက်တာမို့ ခေါင်းက ရှိန်းခနဲဖြစ်သွားကာ တစ်ခေါင်းလုံးက အပူရှိန်တွေလျော့သွားသလိုပင်။

တကယ်ဆို သူ့အသက်အရွယ်နဲ့Companyကြီးတစ်ခုလုံးကို ဦးဆောင်ရသည်မှာ ပင်ပန်းလွန်းသည်လေ။လေးပင်နေတဲ့စိတ်တွေ ပေါ့ပါးသွားတဲ့အထိ ရေပန်း အောက်မှာ နာရီ၀က်လောက်အချိန် ဖြုန်းလို့အပြီးမှာတော့ တစ်ပတ်တစ်ထည်ကိုပတ်ပြီး သူရေချိူးခန်းထဲက ထွက်လာခဲ့သည်။ရေစိုနေတဲ့ ခန္ဓာကိုယ်ကို စင်နေအောင်သုတ် Dressing Gown ( ည၀တ်အကျီ ) အညိုရောင်တစ်ထည်ကို လဲပတ်လိုက်ကာ ရေစိုနေတဲ့ဆံပင်တွေကို Dryer နဲ့ခဏမှုတ်လိုက်ပြီးအိပ်ယာပေါ်မှာ အညောင်းဆန့်လိုက်ရင်း ထူးထက်ခေါင် လှဲလျောင်းလိုက်သည်။

နာရီကို လှမ်းကြည့်တော့ ည ကိုးနာရီ။ဒီအချိန်ဆို ကော်ဖီလေးတစ်ခွက်သောက်ပြီးစာအုပ်လေးဖတ်တာပဲဖြစ်ဖြစ် အညောင်းလေးဆန့်ရင်း အိပ်ယာပေါ်မှာ တစ်ကိုယ်တည်းသီချင်းနားထောင်ရင်း တိတ်တဆိတ်လှဲလျောင်းရတဲ့ အရသာကို သူအကြိုက်ဆုံးမလား။

မျက်စိနှစ်လုံးကို မှိတ်ထားမိရင်း ခပ်တိုးတိုးဖွင့်ထားမိတဲ့ သီချင်းက Troye Sivan ရဲ့ Strawberries and Cigarette ။

ဒီသီချင်းက သူအကြိုက်ဆုံးသီချင်း။အခေါက်ပေါင်းတစ်သိန်းလောက်နားထောင်သော်လည်း သူ့နားထဲဘယ်တော့မှ ရိုးမသွားတဲ့ သီချင်းလေး။ သီချင်းတင်မက ဒီသီချင်းကိုဆိုတဲ့Troye Sivan ကိုလည်း သူအရူးအမူးကြိုက်မိသည်ပဲ။

သူရဲ့သေးသွယ်တဲ့ ခန္ဓာကိုယ်၊စူးရှတဲ့အကြည့်တွေနဲ့ နှုတ်ခမ်းသားထူထူရယ်ဖြောင့်စင်းနေတဲ့နှာတံသွယ်သွယ်လေးကိုကျွန်တော် ရူးသွပ်ခဲ့ဖူးသည်။ တစ်ခါတစ်လေ နှုတ်ခမ်းနီဆိုးပြီး သီချင်းဆိုတတ်သော Troye Sivan ကိုကျွန်တော်ကြွေသည်။လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက Troye Sivan ဟာ သူရဲ့ Role Model ။

တွေးနေရင်းနဲ့ Troye Sivan နဲ့တူတဲ့လူတစ်ယောက်အကြောင်းကို သတိကရသွားပြန်သည်။ဟာ ...ဘာလို့အဲအကြောင်းတွေပြန်တွေးမိနေတာပါလိမ့် ။

တကယ်ဆို ဒီပတ်သက်မှုတွေက သူကိုယ်တိုင်လက်မခံနိုင်လို့ အတင်းငြင်းဆန်ခဲ့တဲ့ အိမ်မက်ဆိုးတွေပဲလေ။အတင်းကြိုးစားမေ့တိုင်းလည်း ခေါင်းထဲကိုပိုပို၀င် လာတတ်သည် ။တော်စမ်းပါ... ထူးထက်ခေါင် မင်းကအသက်နှစ်ဆယ့်ငါးနှစ်ကျော်ပြီဖြစ်တဲ့အောင်မြင်တဲ့ Construction Groupတစ်ခုလုံးကို အုပ်ချူပ်နေတဲ့ ဂုဏ်သိက္ခာရှိတဲ့ CEO တစ်ယောက်ပဲ။

သိပ်မကြာခင်မှာ အိမ်ထောင်ပြုတော့မယ့် ယောကျာ်းစစ်စစ်တစ်ယောက်။အိမ်ထောင်ပြုတော့မည်ဆိုမှ ကျွန်တော့်ရဲ့ သတိုးသမီးလောင်း ရွှန်းမြတ်နိုးပိုင်သည်လည်း Troye Sivan နဲ့အနဲငယ်ဆင်သည်ပဲ။မိန်းကလေးနဲ့ယောကျာ်းလေးကွဲနေလို့သာမသိသာပေမဲ့ Troye Sivan မိန်းကလေး Version ပင်။

ကမ္ဘာပေါ်မှာရှိတဲ့ ချစ်စရာကောင်းတဲ့ လူတိုင်းဟာ Troye Sivan နဲ့ဆင်သည်တဲ့လား။ ကျွန်တော် ခပ်ညစ်ညစ်ရယ်လိုက်သည်။ ကျွန်တော်သာ မိန်းကလေးဆို Troye Sivan နဲ့လက်ထပ်ချင်သည်။

တောင်ရောက်မြောက်ရောက်အတွေးတွေကို သုံးသပ်မိတော့ ဒီနေ့ကျွန်တော့်မျက်လုံးအိမ်တွေ တော်တော်ကျယ်နေသေးတာပဲ။ ပုံမှန်အတိုင်းဆို အလုပ်မှာပင်ပန်းတတ်တဲ့ကျွန်တော်အိပ်ယာမှာလှဲလျောင်းပြီး ခဏနဲ့အိပ်ပျော်တတ်သည်လေ။

ကျယ်ပြန်တဲ့နှစ်ယောက်အိပ်ကုတင်ပေါ်လူးလိမ့်ရင်း ကျွန်တော် ရွှန်းမြတ်နိုးပိုင် ကိုသတိရမိသည်။နောက်ဆို ဒီကုတင်မှာ ကျွန်တော်တစ်ယောက်တည်းအိပ်ရတော့မှာ မဟုတ်ဖူးပဲ။ ကျွန်တော်ဘ၀ရဲ့ လက်တွဲဖော်အဖြစ် ရွန်းမြတ်နိုးပိုင်ကို ဖေဖေမေမေတို့စိတ်တိုင်းကျ ရွေးချယ်ပေးခဲ့သည်။ ကျွန်တော်မငြင်းဆန်မိ ။ရွှန်းမြတ်နိုးပိုင်သည် ကျွန်တော့်လက်ကိုတွဲဖို့အတွက် ထိုက်တန်တဲ့ မိန်းကလေးလို့ကျွန်တော်သတ်မှတ်သည်ပဲ ။

ရွန်းမြတ်နိးပိုင်ကို ချစ်မိသွားပြီလားဆိုတဲ့ မေးခွန်းအတွက်တော့ ကျွန်တော့်မှာ အခုထိအဖြေမရှိသေးပါ။အချစ်ဆိုတာကို ကျွန်တော် ကောင်းကောင်းနားမလည်နိုင်သေးဖူးဟု ထင်သည် ။သူမကရော ကျွန်တော့်ကိုချစ်သလားဆိုတာ ကျွန်တော်တကယ်မသိ။

သို့သော် ထိုမိန်းကလေးနဲ့ပတ်သက်ပြီးအနွေးဓာတ်တစ်မျိူးကိုတော့ ကျွန်တော့်စိတ်က ခံစားလို့ရနေသည်။ထို့နောက် ကျွန်တော်လက်ချောင်းတွေသည် ရွန်းမြတ်နိုးပိုင်ရဲ့ ဖုန်းနံပါတ်ဟု သတ်မှတ်ထားတဲ့ ယခုထက်ထိတိုင် ကျွန်တော်အလွတ်မရသေးတဲ့ ကိန်းဂဏန်းတွေပေါ်သို့အလိုလိုရွေ့လျားသွားသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကွန်ပျူတာ ဖန်သားပြင်မှာ စပ်ဖြီးဖြီးပေါ်လာတဲ့ ရွှန်းရွှန်း ရဲ့မျက်နှာက အမြင်ကတ်စဖွယ်ကောင်းသည်။ တစ်လောကလုံးမှာ သူ့လောက်ပျော်သည့်သူ ရှိမည့်ပုံအပေါ်။ ဂျပန်ကို စရောက်ကတည်းက Tokyo Tower ,Tokyo Skytree,Imperial Palace Garden ,Fish Marketစသဖြင့် Tokyo မြို့ရဲ့နာမည်ကြီးနေရာတွေကိုနောက်ခံထားပြီး Post ပေါင်းတစ်သိန်းခြောက်သောင်းနဲ့ IG မွာ နေ့တိုင်းဆိုသလို တတ်လာသည့်ပုံတွေကလည်း မနဲ မနော။

ဖေဖေနဲ့မေမေက ပြန်လာဖို့နားချတော့လည်းဦးငယ်ကရှေ့က နေ ကာဆီးကာဆီးလုပ်ပေးနေတာမို့ယောကျာ်းမယူချင်သော ရွှန်းရွှန်းတစ်ယောက်ကတော့ ဦးငယ်ရဲ့ကာကွယ်ပေးမှုနဲ့ Japan မှာကောင်းစားနေကာ ပျော်ရွင်မြူးတူးနေသည်မှာ အထင်အရှား။

" အချစ်ဦးဟာ ..........

လူတိုင်းမှာ...... ရှိဖူးမှာပါ

ငါကေတာ့........ငါ့အချစ်ဦးကို

အခုထိ မမေ့နိုင်သေးပါ...... "

သူအကြိုက်ဆုံ အိုင်းရင်းဇင်မာမြင့်ရဲ့ Ringtone ထမြည်လာတော့ ရှင်းလေးဖုန်းကို အသာအယာ လှမ်းယူလိုက်သည်။ Contact ကိုကြည့်မိတော့ လုံး၀ မျှော်လင့်မထားမိတဲ့ လူတစ်ယောက်။

များသောအားဖြင့် အိမ်ကမိသားစုတွေနဲ့ချမ်းမြေ့ရဲ့အ၀င်ကော အချိူ့သာရှိသောရှင်းရဲ့ဖုန်းထဲမှာ ထူးထက်ခေါင်ဆိုတဲ့နာမည်နဲ့ Contact တစ်ခုက အစိမ်းသက်သက် ။ အဆင်သင့်မဖြစ်သေးသော စိတ်ကို တည်ငြိမ်သွားစေရန် ချောင်းတစ်ချက်ဟန့်လိုက်တာလည်ချောင်းအရင်ရှင်းလိုက်သည်။

ထို့နောက် မှာတော့

" ဟယ်လို "

" ရွှန်းမြတ်နိုးပိုင် လား "

" ဟုတ် "

" အိပ်နေပြီလား "

" မအိပ်သေးဘူး "

" အင်း ........ "

စကားစက ထိုမျှသာ ။ ဘာဆက်ပြောရမှန်းမသိပဲ ကြောင်အမ်းအမ်း ဖြစ်နေခြင်းကိုထူးထက်ခေါင်ဘက်က အရင်ဖြိုခွင်းလိုက်သည်။

"မနက်ဖန် အားလား မြတ်နိုး "

အား ......ဘယ်လိုတောင်ခေါ်လိုက်တာလဲဗျာ။ မြတ်နိုးတဲ့ .... ထူးထက်ခေါင်ရဲ့ ရင်းရင်းနှီးနှီးခေါ်သံနောက်မှာ ရှင်းလေးနောက်ကျောဘက်က စိမ့်ခနဲဖြစ်သွားသည်။

"မနက်ဖန် သူငယ်ချင်းတစ်ယောက်နဲ့ရုပ်ရှင်သွားကြည့်မလို့"

ချမ်းမြေ့နဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားခြင်းကိုရှင်း ရည်ရွယ်ပြီး ပြောလိုက်ခြင်းပင်။

" Ok အဲဒါဆိုလည်း Goodnight "

စကားစက ဒီ ထက်ပို ဆက်ရန်မရှိတော့တကယ်ဆို ကိုယ်နဲ့လက်ထပ်ရမယ့်မိန်းကလေးတစ်ယောက်ကို ကောင်းကောင်းသွား ဘာညာလောက်တော့မှာလိုက်သင့်သည် မဟုတ်လား ။ 

" Goodnight ...... Bro "

အလှဆုံးနဲ့ အရိုးရှင်းဆုံးဟု ထင်ရသောစကားလုံးကိုသာ ရွေးချယ်သုံးနှုန်းပြီးရှင်းဘက်က ဖုန်းအရင်စချလိုက်သည်။ အဲတာကိုပင် Bro ဆိုတဲ့စကားက ပါဖြစ်အောင်ပါသွားသေးသည်။ ကိစ္စတော့မရှိ ..မိန်းကလေးတစ်ယောက်သာဆိုလဲBro ဟုပဲ ခေါ်ကောင်းခေါ်နိုင်သည်။

တကယ်တော့ Bro ဆိုတာ မရည်ရွယ်ပါပဲလွှတ်ထွက်သွားမိသော သူနှုတ်ဖျားကအကျင့်ပါနေသောစကား။ဘယ်တော့မှ ခေါ်ခွင့်မရှိတော့ဘူးဟုထင်ထားခဲ့သည့် ထို နာမ်စားကိုပင်သူ့နှုတ်ဖျားကနေ လွှတ်ခနဲ ထွက်သွားမိသေးသည် ။

Bro တစ်ယောက်တော့ မှတ်မိလောက်မယ် မထင်။ 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" Goodnight..... Bro "

Bro ဆိုတဲ့ ခေါ်သံနောက်မှာ ကျွန်တော့် နှလုံးသားတစ်ခုလုံး ကပ်ပါသွားသလို ခံစားလိုက်ရသည်။

" တီ .....  တီ.......... တီ "

ရွှန်းမြတ်နိုးပိုင် ဖုန်းချသွားသည်အထိကျွန်တော် ဖုန်းကို မလှုပ်မယှက်ကိုင်ထားမိသည်။

Bro ဆိုတဲ့ နာမ်စား တစ်ခုကို ကျွန်တော့်အတွက်ရည်ရွယ်ပြီး သုံးခဲ့ဖူးတဲ့ လူတစ်ယောက်ကျွန်တော့် ဘ၀ထဲမှာ ရှိခဲ့ဖူးတာပဲ ။ သူ့ဆီက Bro လို့ခေါ်သံကြားတိုင်း ကျွန်တော့်ရင်တွေ တသိမ့်သိမ့်နွေးခဲ့ဖူးသည်။

ခံစားချက်ကို ကျွန်တော်ကိုယ်တိုင်၀န်မခံရဲခဲ့တဲ့အချိန်မှာ တစ်ယောက်သောသူကတော့ ကျွန်တော့်ထံ ပွင့်လင်းစွာ ၀န်ခံခဲ့ဖူးသည်။ အမှန်အတိုင်း၀န်ခံရလျှင် ကျွန်တော် ညီ့ကိုတစ်ကြိမ်လေးမျှ မြင်ဖူးခဲ့ခြင်းမရှိပါ။ကွန်ပျူတာထဲမှာ သီးသန့်ဖိုင်တစ်ခုအဖြစ်ထားခဲ့တဲ့ " ညီ"ဟု ကျွန််တော်တိတ်တခိုးအမည်နာမတပ်ထားခဲ့ဖူးတဲ့ သူ့ပုံတွေ စုသိမ်းထားတဲ့ ဖိုင်ကို ကျွန်တော် မက်မက်မောမောပြန်ဖွင့်လိုက်မိသည်။

ကော်ဖီခွက်လှလှလေးတွေ၊နေလုံးကိုနောက်ခံထားပြီး အရိပ်ကလေး ပဲ ရိုက်တတ်တာမျိူးတွေ၊
လက်သွယ်သွယ်ကလေးတွေနဲ့ ရှုးဖိနပ်ကလေးတွေပဲ မြင်ရတဲ့ပုံလေးတွေ ၊ နောက်ဆုံးပါးချိူင့်
လေးထင်းနေတဲ့ ပါးလေးတစ်ဖက်ပဲပါတဲ့ပုံလေးကျွန်တော် တစ်ပုံချင်း ထောက်ကြည့်မိရင်း ရင်ဘတ်ထဲက တဖြေးဖြေးနာလာတာ အရည်ကြည်များက မျက်ခမ်းစပ်တစ်ဝိုက်တွင် စို့လာသည်။

ကျွန်တော် ဘာလို့ညီ ကို ပစ်ပစ်ခါခါပြောလိုက်မိပါလိမ့်။ ကျွန်တော်ဟာ အချစ်ရေးကိစ္စမှာ ကိုယ့်ကိုကိုယ် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့ သိပ်ညံ့တဲ့ကောင်တစ်ယောက်ပါ။နောက်ဆုံး ညီ့ ရင်ထဲမှာ နာကျင်အောင်ပြောလိုက်မိတဲ့ အချိန်တုန်းကဆို ကျွန်တော်ပြန်လည်ရရှိခဲ့တဲ့ ရလဒ်က ညီ့အကောင့်တစ်ခုလုံး Deactivate လုပ်သွားခဲ့တာပဲ ဖြစ်သည်။

အဲဒီနောက်တော့ ကျွန်တော့်ဘ၀ထဲကနေ ညီတစ်ယောက် အပြီးတိုင်ပျောက်ကွယ်သွားခဲ့သည်။အဲနောက်ပိုင်း ညီ ရဲ့ Bro လို့ခေါ်တဲ့အသံတွေကျွန်တော် မကြားရတော့။ Design ဆွဲတာဝါသနာပါလွန်းတဲ့ညီ့ဆီက ညီ့လက်ရာ အိမ် Design လေးတွေကို ကျွန်တော်ဝေဖန်ခွင့်မရတော့။နောက်ဆုံး Deactivate လုပ်သွားတဲ့ အကောင့်လေးတစ်ခု ကိုသာ ကျွန်တော် လက်ခံရရှိခဲ့သည်။

နောက်ဆုံးတော့ ညီသည်လည်း ကျွန်တော့်ကိုနှုတ်မဆက်ပဲ ထားခဲ့သည်။အခုဆို ညီ ကျွန်တော့်ကို ထားခဲ့တာ ငါးနှစ်ကျော်တောင် ကြာခဲ့ပြီ။ 

ညီ .... မင်း မွှေနှောက်သွားခဲ့တဲ့ ကိုယ့်ခံစားချက်တွေက အခုထိ ရှုပ်ထွေးနေတုန်းပဲ ။မင်းနဲ့ပတ်သက်တဲ့ အိမ်မက်ဆိုးတွေကကိုယ်ငြင်းဆန်လေ ကိုယ့်ဆီကို လေပြေတစ်ခုလို အတင်းတိုး၀င်လာလေပဲ ။

ညီ..... မင်းဘယ်မှာလဲကွာ......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထူးထက်ခေါင် ရဲ့အသည်းစွဲလေး
#Troye_Sivan ဆိုထားတဲ့ Love Simon
ဇာတ်ကားထဲက Strawberries and Cigarettes
သီချင်းလေးလက်ဆောင်ထည့်ပေးထားတယ်နော်

A Seinn Kyaw

Zaw Gyi

တစ္ေနကုန္ ပင္ပန္းႏြမ္းနယ္ေနတဲ့စိတ္က
ေရခ်ိဴးလိုက္မွ လန္းလန္းဆန္းဆန္း
ျဖစ္သြားရသည္။

Lavender ပန္းရနံ႕ေလးသင္းေနတဲ့ Shower
ကို တစ္ကိုယ္လုံး အျမႇုပ္ထေအာင္ ညင္ညင္
သာသာ ပြတ္လိုက္ၿပီးမွ ပူရွိန္းပါတဲ့ေယာက်္ား
သုံး Dove ေခါင္းေလွ်ာ္ရည္နဲ႕တစ္ေခါင္းလုံး
ႏွိပ္နယ္ၿပီး ပြတ္ခ်လိဳက္တာမို႔ ေခါင္းက ရွိန္း
ခနဲျဖစ္သြားကာ တစ္ေခါင္းလုံးက အပူရွိန္ေတြ
ေလ်ာ့သြားသလိုပင္။

တကယ္ဆို သူ႕အသက္အ႐ြယ္နဲ႕Company
ႀကီးတစ္ခုလုံးကို ဦးေဆာင္ရသည္မွာ ပင္ပန္း
လြန္းသည္ေလ

ေလးပင္ေနတဲ့စိတ္ေတြ ေပါ့ပါးသြားတဲ့အထိ
ေရပန္း ေအာက္မွာ နာရီ၀က္ေလာက္အခ်ိန္
ျဖဳန္းလို႔အၿပီးမွာေတာ့ တစ္ပတ္တစ္ထည္ကို
ပတ္ၿပီး သူေရခ်ိဴးခန္းထဲက ထြက္လာခဲ့သည္။

ေရစိုေနတဲ့ ခႏၶာကိုယ္ကို စင္ေနေအာင္သုတ္ Dressing Gown ( ည၀တ္အက်ီ ) အညိုေရာင္
တစ္ထည္ကို လဲပတ္လိုက္ကာ ေရစိုေနတဲ့
ဆံပင္ေတြကို Dryer နဲ႕ခဏမႈတ္လိုက္ၿပီး
အိပ္ယာေပၚမွာ အေညာင္းဆန႔္လိုက္ရင္း
ထူးထက္ေခါင္ လွဲေလ်ာင္းလိုက္သည္။

နာရီကို လွမ္းၾကည့္ေတာ့ ည ကိုးနာရီ။

ဒီအခ်ိန္ဆို ေကာ္ဖီေလးတစ္ခြက္ေသာက္ၿပီး
စာအုပ္ေလးဖတ္တာပဲျဖစ္ျဖစ္ အေညာင္းေလး
ဆန႔္ရင္း အိပ္ယာေပၚမွာ တစ္ကိုယ္တည္း
သီခ်င္းနားေထာင္ရင္း တိတ္တဆိတ္လွဲ
ေလ်ာင္းရတဲ့ အရသာကို သူအႀကိဳက္ဆုံး
မလား။

မ်က္စိႏွစ္လုံးကို မွိတ္ထားမိရင္း ခပ္တိုးတိုး
ဖြင့္ထားမိတဲ့ သီခ်င္းက Troye Sivan ရဲ႕ Strawberries and Cigarette ။

ဒီသီခ်င္းက သူအႀကိဳက္ဆုံးသီခ်င္း။

အေခါက္ေပါင္းတစ္သိန္းေလာက္နားေထာင္
ေသာ္လည္း သူ႕နားထဲဘယ္ေတာ့မွ ရိုးမသြား
တဲ့ သီခ်င္းေလး။

သီခ်င္းတင္မက ဒီသီခ်င္းကိုဆိုတဲ့
Troye Sivan ကိုလည္း သူအ႐ူးအမူး
ႀကိဳက္မိသည္ပဲ။

သူရဲ႕ေသးသြယ္တဲ့ ခႏၶာကိုယ္၊
စူးရွတဲ့အၾကည့္ေတြနဲ႕ ႏႈတ္ခမ္းသားထူထူရယ္
ေျဖာင့္စင္းေနတဲ့ႏွာတံသြယ္သြယ္ေလးကို
ကြၽန္ေတာ္ ႐ူးသြပ္ခဲ့ဖူးသည္။

တစ္ခါတစ္ေလ ႏႈတ္ခမ္းနီဆိုးၿပီး သီခ်င္းဆို
တတ္ေသာ Troye Sivan ကိုကြၽန္ေတာ္
ေႂကြသည္။

လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္ကတည္းက
Troye Sivan ဟာသူရဲ႕ Role Model ။

ေတြးေနရင္းနဲ႕ Troye Sivan နဲ႕တူတဲ့လူ
တစ္ေယာက္အေၾကာင္းကို သတိကရသြား
ျပန္သည္။

ဟာ ...ဘာလို႔အဲအေၾကာင္းေတြျပန္ေတြးမိ
ေနတာပါလိမ့္ ။

တကယ္ဆို ဒီပတ္သက္မႈေတြက သူကိုယ္တိုင္
လက္မခံနိုင္လို႔ အတင္းျငင္းဆန္ခဲ့တဲ့ အိမ္မက္
ဆိုးေတြပဲေလ။

အတင္းႀကိဳးစားေမ့တိုင္းလည္း ေခါင္းထဲကို
ပိုပို၀င္ လာတတ္သည္ ။

ေတာ္စမ္းပါ... ထူးထက္ေခါင္ မင္းက
အသက္ႏွစ္ဆယ့္ငါးႏွစ္ေက်ာ္ၿပီျဖစ္တဲ့
ေအာင္ျမင္တဲ့ Construction Group
တစ္ခုလုံးကို အုပ္ခ်ဴပ္ေနတဲ့ ဂုဏ္သိကၡာ
ရွိတဲ့ CEO တစ္ေယာက္ပဲ။

သိပ္မၾကာခင္မွာ အိမ္ေထာင္ျပဳေတာ့မယ့္
ေယာက်ာ္းစစ္စစ္တစ္ေယာက္

အိမ္ေထာင္ျပဳေတာ့မည္ဆိုမွ ကြၽန္ေတာ့္ရဲ႕
သတိုးသမီးေလာင္း ႐ႊန္းျမတ္နိုးပိုင္သည္လည္း Troye Sivan နဲ႕အနဲငယ္ဆင္သည္ပဲ။

မိန္းကေလးနဲ႕ေယာက်ာ္းေလးကြဲေနလို႔သာ
မသိသာေပမဲ့ Troye Sivan မိန္းကေလး
Version ပင္။

ကမၻာေပၚမွာရွိတဲ့ ခ်စ္စရာေကာင္းတဲ့
လူတိုင္းဟာ Troye Sivan နဲ႕ဆင္သည္တဲ့လား။

ကြၽန္ေတာ္ခပ္ညစ္ညစ္ရယ္လိုက္သည္။
ကြၽန္ေတာ္သာ မိန္းကေလးဆို Troye Sivan
နဲ႕လက္ထပ္ခ်င္သည္။

ေတာင္ေရာက္ေျမာက္ေရာက္အေတြးေတြကို
သုံးသပ္မိေတာ့ ဒီေန႕ကြၽန္ေတာ့္မ်က္လုံးအိမ္
ေတြ ေတာ္ေတာ္က်ယ္ေနေသးတာပဲ။ ပုံမွန္
အတိုင္းဆို အလုပ္မွာပင္ပန္းတတ္တဲ့ကြၽန္ေတာ္
အိပ္ယာမွာလွဲေလ်ာင္းၿပီး ခဏနဲ႕အိပ္ေပ်ာ္
တတ္သည္ေလ။

က်ယ္ျပန္တဲ့ႏွစ္ေယာက္အိပ္ကုတင္ေပၚ
လူးလိမ့္ရင္း ကြၽန္ေတာ္ ႐ႊန္းျမတ္နိုးပိုင္ ကို
သတိရမိသည္။

ေနာက္ဆို ဒီကုတင္မွာ ကြၽန္ေတာ္တစ္ေယာက္
တည္းအိပ္ရေတာ့မွာ မဟုတ္ဖူးပဲ။

ကြၽန္ေတာ္ဘ၀ရဲ႕ လက္တြဲေဖာ္အျဖစ္
႐ြန္းျမတ္နိုးပိုင္ကို ေဖေဖေမေမတို႔စိတ္တိုင္းက်
ေ႐ြးခ်ယ္ေပးခဲ့သည္။ ကြၽန္ေတာ္မျငင္းဆန္မိ ။

႐ႊန္းျမတ္နိုးပိုင္သည္ ကြၽန္ေတာ္ လက္ကိုတြဲဖို႔
အတြက္ထိုက္တန္တဲ့...... မိန္းကေလးလို႔
ကြၽန္ေတာ္သတ္မွတ္သည္ပဲ ။

႐ြန္းျမတ္နိးပိုင္ကို ခ်စ္မိသြားၿပီလားဆိုတဲ့
ေမးခြန္းအတြက္ေတာ့ ကြၽန္ေတာ့္မွာ အခုထိ
အေျဖမရွိေသးပါ။

အခ်စ္ဆိုတာကို ကြၽန္ေတာ္ ေကာင္းေကာင္း
နားမလည္နိုင္ေသးဖူးဟု ထင္သည္ ။

သူမေကရာ ကြၽန္ေတာ့္ကိုခ်စ္သလားဆိုတာ
ကြၽန္ေတာ္တကယ္မသိ။

သို႔ေသာ္ ထိုမိန္းကေလးနဲ႕ပတ္သက္ၿပီး
အႏြေးဓာတ္တစ္မ်ိဴးကိုေတာ့ ကြၽန္ေတာ့္
စိတ္က ခံစားလို႔ရေနသည္။

ထို႔ေနာက္ ကြၽန္ေတာ္လက္ေခ်ာင္းေတြသည္
႐ြန္းျမတ္နိုးပိုင္ရဲ႕ ဖုန္းနံပါတ္ဟု သတ္မွတ္ထား
တဲ့ ယခုထက္ထိတိုင္ ကြၽန္ေတာ္အလြတ္မရေသး
တဲ့ ကိန္းဂဏန္းေတြေပၚသို႔အလိုလိုေ႐ြ႕လ်ားသြား
သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကြန္ပ်ဴတာ ဖန္သားျပင္မွာ စပ္ၿဖီးၿဖီးေပၚ
လာတဲ့ ႐ႊန္း႐ႊန္း ရဲ႕မ်က္ႏွာက အျမင္ကတ္
စဖြယ္ေကာင္းသည္။ တစ္ေလာကလုံးမွာ သူ႕
ေလာက္ေပ်ာ္သည့္သူ ရွိမည့္ပုံအေပၚ။ ဂ်ပန္
ကို စေရာက္ကတည္းက Tokyo Tower ,Tokyo Skytree,Imperial Palace Garden ,Fish Market
စသျဖင့္ Tokyo ၿမိဳ႕ရဲ႕နာမည္ႀကီးေနရာေတြကို
ေနာက္ခံထားၿပီး Post ေပါင္းတစ္သိန္းေျခာက္
ေသာင္းနဲ႕ IG မြာ ေန႕တိုင္းဆိုသလို တတ္လာသည့္
ပုံေတြကလည္း မနဲ မေနာ။

ေဖေဖနဲ႕ေမေမက ျပန္လာဖို႔နားခ်ေတာ့လည္း
ဦးငယ္ကေရွ႕က ေန ကာဆီးကာဆီးလုပ္ေပး
ေနတာမို႔ေယာက်ာ္းမယူခ်င္ေသာ ႐ႊန္း႐ႊန္း
တစ္ေယာက္ကေတာ့ ဦးငယ္ရဲ႕ကာကြယ္ေပး
မႈနဲ႕ Japan မွာေကာင္းစားေနကာ ေပ်ာ္႐ြင္ျမဴးတူး
ေန သည္္မွာ အထင္အရွား။

" အခ်စ္ဦးဟာ ..........

လူတိုင္းမွာ...... ရွိဖူးမွာပါ

ငါေကတာ့........ငါ့အခ်စ္ဦးကို

အခုထိ မေမ့နိုင္ေသးပါ...... "

သူအႀကိဳက္ဆုံ အိုင္းရင္းဇင္မာျမင့္ရဲ႕
Ringtone ထျမည္လာေတာ့ ရွင္းေလး
ဖုန္းကို အသာအယာ လွမ္းယူလိုက္သည္။

Contact ကိုၾကည့္မိေတာ့ လုံး၀
ေမွ်ာ္လင့္မထားမိတဲ့ လူတစ္ေယာက္။

မ်ားေသာအားျဖင့္ အိမ္ကမိသားစုေတြနဲ႕
ခ်မ္းေျမ့ရဲ႕အ၀င္ေကာ အခ်ိဴ႕သာရွိေသာ
ရွင္းရဲ႕ဖုန္းထဲမွာ ထူးထက္ေခါင္ဆိုတဲ့နာမည္
နဲ႕ Contact တစ္ခုက အစိမ္းသက္သက္ ။

အဆင္သင့္မျဖစ္ေသးေသာ စိတ္ကို တည္ၿငိမ္
သြားေစရန္ ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္တာ
လည္ေခ်ာင္းအရင္ရွင္းလိုက္သည္။

ထို႔ေနာက္ မွာေတာ့

" ဟယ္လို "

" ႐ႊန္းျမတ္နိုးပိုင္ လား "

" ဟုတ္ "

" အိပ္ေနၿပီလား "

" မအိပ္ေသးဖူး "

" အင္း ........ "

စကားစက ထိုမွ်သာ ။ ဘာဆက္ေျပာရမွန္း
မသိပဲ.... ေၾကာင္အမ္းအမ္း ျဖစ္ေနျခင္းကို
ထူးထက္ေခါင္ဘက္က အရင္ၿဖိဳခြင္းလိုက္သည္။

" မနက္ဖန္ အားလား ျမတ္နိုး "

အား ......ဘယ္လိုေတာင္ေခၚလိုက္တာလဲဗ်ာ

ျမတ္နိုးတဲ့ .... ထူးထက္ေခါင္ရဲ႕ ရင္းရင္းႏွီးႏွီး
ေခၚသံေနာက္မွာ ရွင္းေလးေနာက္ေက်ာ
ဘက္က စိမ့္ခနဲျဖစ္သြားသည္။

" မနက္ဖန္ သူငယ္ခ်င္းတစ္ေယာက္နဲ႕
႐ုပ္ရွင္သြားၾကည့္မလို႔"

ခ်မ္းေျမ့နဲ႕ ႐ုပ္ရွင္ၾကည့္ဖို႔ ခ်ိန္းထားျခင္းကို
ရွင္း ရည္႐ြယ္ၿပီး ေျပာလိုက္ျခင္းပင္။

" Ok အဲဒါဆိုလည္း Goodnight "

စကားစက ဒီ ထက္ပို ဆက္ရန္မရွိေတာ့
တကယ္ဆို ကိုယ္နဲ႕လက္ထပ္ရမယ့္
မိန္းကေလးတစ္ေယာက္ကို ေကာင္းေကာင္း
သြား ဘာညာေလာက္ေတာ့မွာလိုက္သင့္သည္
မဟုတ္လား........

" Goodnight ...... Bro "

အလွဆုံးနဲ႕ အရိုးရွင္းဆုံးဟု ထင္ရေသာ
စကားလုံးကိုသာ ေ႐ြးခ်ယ္သုံးႏႈန္းၿပီး
ရွင္းဘက္က ဖုန္းအရင္စခ်လိဳက္သည္။

အဲတာကိုပင္ Bro ဆိုတဲ့စကားက
ပါျဖစ္ေအာင္ပါသြားေသးသည္။

ကိစၥေတာ့မရွိ ......

မိန္းကေလးတစ္ေယာက္သာဆိုလဲ
Bro ဟုပဲ ေခၚေကာင္းေခၚနိုင္သည္။

တကယ္ေတာ့ Bro ဆိုတာ မရည္႐ြယ္ပါပဲ
လႊတ္ထြက္သြားမိေသာ သူႏႈတ္ဖ်ားက
အက်င့္ပါေနေသာစကား။

ဘယ္ေတာ့မွ ေခၚခြင့္မရွိေတာ့ဖူးဟု
ထင္ထားခဲ့သည့္ ထို နာမ္စားကိုပင္
သူ႕ႏႈတ္ဖ်ားကေန လႊတ္ခနဲ ထြက္သြားမိ
ေသးသည္ ။

Bro တစ္ေယာက္ေတာ့ မွတ္မိေလာက္
မယ္မထင္............

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" Goodnight..... Bro "

Bro ဆိုတဲ့ ေခၚသံေနာက္မွာ ကြၽန္ေတာ့္
ႏွလုံးသားတစ္ခုလုံး ကပ္ပါသြားသလို
ခံစားလိုက္ရသည္။

" တီ .....  တီ.......... တီ "

႐ႊန္းျမတ္နိုးပိုင္ ဖုန္းခ်သြားသည္အထိ
ကြၽန္ေတာ္ ဖုန္းကို မလႈပ္မယွက္ကိုင္ထား
မိသည္။

Bro ဆိုတဲ့ နာမ္စား တစ္ခုကို ကြၽန္ေတာ့္
အတြက္ရည္႐ြယ္ၿပီး သုံးခဲ့ဖူးတဲ့ လူတစ္ေယာက္
ကြၽန္ေတာ့္ ဘ၀ထဲမွာ ရွိခဲ့ဖူးတာပဲ ။

သူ႕ဆီက Bro လို႔ေခၚသံၾကားတိုင္း
ကြၽန္ေတာ့္ရင္ေတြ တသိမ့္သိမ့္ႏြေးခဲ့ဖူးသည္။

ခံစားခ်က္ကို ကြၽန္ေတာ္ကိုယ္တိုင္၀န္မခံရဲခဲ့တဲ့
အခ်ိန္မွာ တစ္ေယာက္ေသာသူကေတာ့
ကြၽန္ေတာ့္ထံ ပြင့္လင္းစြာ ၀နျခံခဲ့ဖူးသညျ။

အမွန္အတိုင္း၀န္ခံရလွ်င္ ကြၽန္ေတာ္ ညီ့ကို
တစ္ႀကိမ္ေလးမွ် ျမင္ဖူးခဲ့ျခင္းမရွိပါ။

ကြန္ပ်ဴတာထဲမွာ သီးသန႔္ဖိုင္တစ္ခုအျဖစ္
ထားခဲ့တဲ့ " ညီ"ဟု ကြၽန္္ေတာ္တိတ္တခိုး
အမည္နာမတပ္ထားခဲ့ဖူးတဲ့ သူ႕ပုံေတြ စုသိမ္း
ထားတဲ့ ဖိုင္ကို ကြၽန္ေတာ္ မက္မက္ေမာေမာ
ျပန္ဖြင့္လိုက္မိသည္။

ေကာ္ဖီခြက္လွလွေလးေတြ၊ေနလုံးကိုေနာက္ခံ
ထားၿပီး အရိပ္ကေလး ပဲ ရိုက္တတ္တာမ်ိဴးေတြ၊
လက္သြယ္သြယ္ကေလးေတြနဲ႕ ရႈးဖိနပ္ကေလး
ေတြပဲ ျမင္ရတဲ့ပုံေလးေတြ ၊ ေနာက္ဆုံးပါးခ်ိဴင့္
ေလးထင္းေနတဲ့ ပါးေလးတစ္ဖက္ပဲပါတဲ့ပုံေလး
ကြၽန္ေတာ္ တစ္ပုံခ်င္း ေထာက္ၾကည့္မိရင္း
ရင္ဘတ္ထဲက တေျဖးေျဖးနာလာတာ အရည္
ၾကည္မ်ားက မ်က္ခမ္းစပ္တစ္ဝိုက္တြင္ စို႔လာ
သည္။

ကြၽန္ေတာ္ ဘာလို႔ညီ ကို ပစ္ပစ္ခါခါေျပာ
လိုက္မိပါလိမ့္........

ကြၽန္ေတာ္ဟာ အခ်စ္ေရးကိစၥမွာ ကိုယ့္ကို
ကိုယ္ ေဝ ဖန္ပိုင္းျခားနိုင္စြမ္းမရွိတဲ့ သိပ္ညံ့တဲ့
ေကာင္တစ္ေယာက္ပါ။

ေနာက္ဆုံး ညီ့ ရင္ထဲမွာ နာက်င္ေအာင္
ေျပာလိုက္မိတဲ့ အခ်ိန္တုန္းကဆို ကြၽန္ေတာ္
ျပန္လည္ရရွိခဲ့တဲ့ ရလဒ္က ညီ့အေကာင့္တစ္ခု
လုံး Deactivate လုပ္သြားခဲ့တာပဲ ျဖစ္သည္။

အဲဒီေနာက္ေတာ့ ကြၽန္ေတာ့္ဘ၀ထဲကေန ညီ
တစ္ေယာက္ အၿပီးတိုင္ေပ်ာက္ကြယ္သြားခဲ့
သည္။

အဲေနာက္ပိုင္း ညီ ရဲ႕ Bro လို႔ေခၚတဲ့အသံေတြ
ကြၽန္ေတာ္ မၾကားရေတာ့။ Design ဆြဲတာ
ဝါသနာပါလြန္းတဲ့ညီ့ဆီက ညီ့လက္ရာ အိမ္
Design ေလးေတြကို ကြၽန္ေတာ္ေဝဖန္ခြင့္မရေတာ့။

ေနာက္ဆုံး Deactivate လုပ္သြားတဲ့ အေကာင့္ေလးတစ္ခု ကိုသာ ကြၽန္ေတာ္ လက္ခံရရွိခဲ့သည္။

ေနာက္ဆုံးေတာ့ ညီသည္လည္း ကြၽန္ေတာ့္ကို
ႏႈတ္မဆက္ပဲ ထားခဲ့သည္။

အခုဆို ညီ ကြၽန္ေတာ့္ကို ထားခဲ့တာ
ငါးႏွစ္ေက်ာ္ေတာင္ ၾကာခဲ့ၿပီ.........

ညီ .... မင္း ေမႊႏွောက္သြားခဲ့တဲ့ ကိုယ့္
ခံစားခ်က္ေတြက အခုထိ ရႈပ္ေထြးေနတုန္းပဲ ။

မင္းနဲ႕ပတ္သက္တဲ့ အိမ္မက္ဆိုးေတြက
ကိုယ္ျငင္းဆန္ေလ ကိုယ့္ဆီကို ေလေျပ
တစ္ခုလို အတင္းတိုး၀င္လာေလပဲ ။

ညီ..... မင္းဘယ္မွာလဲကြာ......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထူးထက္ေခါင္ ရဲ႕အသည္းစြဲေလး
#Troye_Sivan ဆိုထားတဲ့ Love Simon
ဇာတ္ကားထဲက Strawberries and Cigarettes
သီခ်င္းေလးလက္ေဆာင္ထည့္ေပးထားတယ္ေနာ္

A Seinn Kyaw

Olvasás folytatása

You'll Also Like

2K 341 31
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio
389K 30.6K 43
_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ္ရင္ ငါကိုယ္ေတာ္က မိစၦာျဖစ္ေစၿပီး မင္းကိုကယ္တင္မယ္ _ Start date - Octo...
467 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️
510K 39.8K 40
စကားတွေ အများကြီး မလိုပါဘူး ရိုးသွင်ရယ်။ အဓိက က မင်း ငါ့ကို ချစ်တယ်ဆိုတာ... ငါ ခံစားမိတယ်....။ Pic crd {Pinterest } {Uni life/ Same age} စကားေတြ အမ်ာ...