The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 7

10.9K 975 18
By aseinnkyaw

Unicode

သူ့ကို စကားလုံး၀မပြောပဲခေါက်ဆွဲကိုပဲ တလုပ်ချင်း တိတ်တိတ်ဆိတ်ဆိတ် စားနေသော ရွှန်းမြတ်နိုးပိုင်
ဆိုတဲ့ ကောင်မလေးကို ထူးထက်ခေါင် မသိမသာ ခိုးကြည့်ရင်း အကဲခတ်နေမိသည်။သူဘက်က မစလျှင်စကားတစ်ခွန်းမှမပြောသော ဒီကောင်မလေးဟာဘယ်လိုလေးပါလိမ့်။

အရင်က ရွှန်းမြတ်နိုးပိုင်ဆိုတာ သွက်သွက်လက်လက် ကလေးနဲ့ချစ်စရာကောင်းသည်ဟု သူ့အမေ
ဆီက ခကြာခဏကြားဖူးထားတာကြောင့် သူ့မျက်စိရှေ့က မိန်းကလေးဟာရွှန်းမြတ််နိုးပိုင်မှ ဟုတ်ရဲ့လားဟုပင်ထူးထက်ခေါင် တွေးနေမိသည်။

နက်မှောင်ပြီး ဖြောင့်စင်နေတဲ့ဆံပင်ရှည်ရှည်တွေက လှလွန်းလှကာ ဒီကောင်မလေးဟာ သူ့မျက်စိရှေ့မှာ
တော့ တစ်မျိူးလေး ချစ်စရာကောင်းနေတာပင်။

သူ့ကိုပင် အခုထိ စေ့စေ့မကြည့်ရဲတဲ့ ဒီကောင်မလေးဟာ မေမေတို့ စိတ်တိုင်းကျ ရွေးချယ်ထားတဲ့
သူ့ဘ၀ ရဲ့လက်တွဲဖော်တဲ့လား ။ ဒီမိန်းကလေးနဲ့ ရှေ့ဆက်သွားရမယ့် ခရီးက ရှည်လျားလွန်းတာမို့ သူနဲ့လက်တွဲရမယ့် မိန်းကလေးကို အနီးကပ်အကဲခတ် ကြည့်ချင်မိတာ သူလွန်မယ်လို့တော့မထင်မိ။

"ပြီးရင် ကိုယ့် Company ကိုလိုက်ခဲ့လေ မင်းက Fresh Graduate မလား အတွေ့အကြုံအသစ်တွေတော့ ရမှာပါ "

"ဟုတ်ကဲ့ ""

ထူးထက်ခေါင်ရဲ့ စကားလုံးတွေက ပျော့ပျော့ညင်သာမှု မရှိ။  စကားပြောပုံက အမိန့်ပေးသလိုနဲ့အထက်စီးဆန် လှတာမို့ရှင်းမြတ်နိုးပိုင် ခေါက်ဆွဲစား နေရင်းနဲ့ " ဟုတ်ကဲ့ "ဟုသာ ပြောလိုက်သည်။ ထူးထက်ခေါင် ရှေ့မှာ စကားကို တစ်လုံးစ နှစ်လုံးစထက်ပိုမပြောရဲ။ ထူးထက်ခေါင်ရဲ့ပါးနပ်မှုနဲ့ မတော်လို့ အလိမ်ပေါ်သွားရင် သူရော သူ့မိသားစုပါ ဒုက္ခရောက်မှာပင်။

အဲဒီနောက်တော့ ဘာမှဆက်မပြောမိတော့ပဲ ကားပေါ်တွင်သာ ရှင်းမြတ်နိုးပိုင် တိတ်တဆိတ်လိုက်လာမိသည်။

" ရောက်ပြီ ဒါကိုယ့် ရုံးပဲ "

Construction Company ပီသစွာ အနုပညာလက်ရာအသေးစိတ်တွေနဲ့ ပုံဖော်ထားတဲ့ အဆောက်အဦးဟာ
အပြင်ပန်းက ကြည့်ရုံနဲ့တင် ဘယ်လောက် ကြီးကျယ်ခမ်းနားလှမယ်မှန်း ရှင်းလေးခန့်မှန်းမိသည်။

အစိမ်းရောင်ကို အများဆုံးသုံးထားပြီး ရိုးရိုးရှင်းရှင်းဖြစ်သော်ငြား ကနုတ်တွေ ရှေးခေတ်လက်ရာတွေနဲ့ Modern Design ကို တွဲဖက်ပြီး ပုံဖော်ထားတဲ့ ထူးထက်ခေါင်ရဲ့ Company ဟာ ရှင်းလေး စိတ်ကူးထဲက လက်ရာတွေ အတိုင်းပင်။ Architecture မေဂျာနဲ့ကျောင်းပြီး ထားတဲ့ ရှင်းလေးအဖို့တော့ ထူးထက်ခေါင်ရဲ့ Company ဟာ စစ၀င်ချင်းမှာပင် စိတ်၀င်စားစရာတွေနဲ့ ပြည့်လို့နေ ပေသည်။

Company အတွင်းပိုင်းကိုစပြီးခြေချလိုက်သည်နဲ့ မွှေးပျံ့တဲ့ရနံ့နဲ့ Aircon ၏ စိမ့်အေးမှုကိုအရင်ဆုံး
 ခံစားလိုက်ရသည်။Star ဟူသော Company ၏ Logoအောက်က ခမ်းနားလှတဲ့ Reception၊ အနောက်တိုင်းဆန်ကာ ခေတ်မီလှသောထိုင်ခုံတွေ ရုံးအတွင်းပိုင်းမှာ အပြည့်ထွန်းလင်းထားတဲ့ မီးရောင်တွေ နဲ့နေရာတိုင်းမှာ အစိမ်းရောင် သစ်ပင်လှလှလေးတွေ ချထားပုံက စိမ်းလန်းမှုကိုအပြည့်အ၀ ခံစားရစေကာ လန်းဆန်းစေတာပင်။

အပြင်ဘက်တွင် ရှေးခတ်လက်ရာတစ်ချိူ့နဲ့အဆောက်အဦးကို ပုံဖော်ထားကာအတွင်းပိုင်းမှာတော့ Modern ဆန်လွန်းလှပြီး အလုပ်လုပ်ချင်စဖွယ် ပြင်ဆင်ထားတဲ့ ထူးထက်ခေါင်ရဲ့ စိတ်ကူးကိုတော့ ရှင်းလေး မချီးကျူးပဲမနေနိုင်။ ရှင်းလေးကိုယ်တိုင်ပင် ခဏလေး၀င်လိုက်ရုံနဲ့ ထူးထက်ခေါင်ရဲ့Companyမှာ အလုပ်လုပ်ချင်စိတ်ပေါက်သွားရ သည်မဟုတ်ပါလား။

" Morning ပါ....Boss "

" Morning ........"

ထူးထက်ခေါင်ကို မြင်လိုက်တာနဲ့သူ့ရဲ့အတွေးရေးမှူးဖြစ်ဟန်တူသော မိန်းကလေးက အိတ်ကိုလာယူပေးသည်။ ဌာနတစ်ခုချင်းစီတိုင်းရဲ့ ဝန်ထမ်းအားလုံးက ထူးထက်ခေါင်ကို မြင်လိုက်သည်နှင့်တလေးတစားနဲ့နှုတ်ဆက်ကျတာကိုလည်း ထူးထက်ခေါင်က အပြုံးချိူ ချိူ နဲ့သာ တုံ့ပြန်တတ်တာကို ရှင်းမြတ်နိုးပိုင်သတိထားမိသည်။

အပြင်ပန်းကြည့်လျှင် အကြောတင်းသည့်ပုံစံပေါက်နေပေမယ့် ၀န်ထမ်းတွေကို ဆက်ဆံတဲ့ပုံစံက နွေးနွေးထွေးထွေးရှိလှတာမို့ ထူးထက်ခေါင် နဲ့ ၀န်ထမ်းတွေဟာ တစ်သားတည်းလိုပင်။

အင်းပေါ့လေ .......

ဒီလို အရည်အချင်းတွေကြောင့်လည်း ဒီလို Company ကြီးကို ကောင်းကောင်းမွန်မွန် အုပ်ချူပ်နိုင်ပြီး နာမည်ကြီးနေတာကို

"သော်တာ ဒါကိုယ့်သတိုးသမီးလောင်း ရွှန်းမြတ်နိုးပိုင်တဲ့ သိတယ် မလား သူ့ကို တစ်ရုံးလုံး လိုက်ပြပေးလိုက်ပါ "

"ဟုတ်ကဲ့ ဆရာ "

ရုံးခန်းထဲရောက်ရောက်ချင်းမှာပင် ထူးထက်ခေါင်ကသူ့ရဲ့အတွင်းရေးမှူးကို ပြောလိုက်တာမို့ အတွင်းရေးမှူး
မသော်တာက သွားရအောင် ဟူသည့်သဘောဖြင့် မျက်စပစ်ပြလိုက်တာမို့ရှင်းလေး ခေါင်းကိုသာ ငြိမ့်ပြပြီး
မသော်တာနောက်လိုက်ခဲ့လိုက်သည်။ကိုယ်တော်ချောကတော့ တစ်ချက်မှတောင် လှည့်မကြည့်ပဲ သူ့အလုပ်သူ လုပ်နေပေပြီ။

"ညီမလေး...ကော်ဖီသောက်ဦးမလား"

" ရတယ်အမ မသောက်တော့ဖူး "

မသော်တာက သဘောကောင်းကောင်းနဲ့ကော်ဖီတိုက်နေသည်မို့ ရှင်းလေးခေါင်းကိုသာခါပြလိုက်သည်။ထို့နောက် သူ့ကိုယ်သူ မိတ်ဆက်ကာတစ်ရုံးအနှံ့လိုက်ပြတာမို့ ရှင်းလေးအာရုံတွေက ခေတ်မှီလှသော ထူးထက်ခေါင်ရဲ့ ရုံးခန်းဖွဲ့စည်းပုံတွေအပေါ် အာရုံရောက်သွားရသည်။

" ဒါကတော့ Junior Architect လေးတွေအလုပ်လုပ်ကျတဲ့နေရာပေါ့ ဟိုဘက်ကတော့ Senior Architect တွေနဲ့ Visualizer တွေဟိုးဘက်အစွန်းမှာတော့ Estimate သမားတွေနဲ့ Autocad Drafter တွေထိုင်ကျတယ်
ဒီနေရာကတော့ ဒီဇိုင်းအတွက် သီးသန့်ပေါ့ အမတို့က ၀န်ထမ်းအားလုံးကိုနွေးနွေးထွေးထွေး ရှိစေချင်တာမို့
Hall Type ပဲထားတယ် ဒီအထပ်ကတော့ အင်ဂျင်နီယာတွေနေတာ အပြင် Site တွေထဲမှာလည်း အင်ဂျင်နီယာတွေရှိသေးတယ် ဒါကတော့ အင်ဂျင်နီယာချူပ်ရဲ့ ရုံးခန်း အပေါ်မှာ HR နဲ့ Accountant ,
Finance ဌာနတွေလည်း ရှိသေးတယ် အမနဲ့လိုက်ခဲ့နော် "

မသော်တာက စိတ်ရှည်လက်ရှည်ရှင်းပြပေးတာမို့ ရှင်းလေးမှာ ခမ်းနားလှတဲ့ ရုံးတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုရင်းပါးစပ်အဟောင်းသားနဲ့ ငေးနေမိသည်။တကယ်ကို အလုပ်လုပ်ချင်စရာကောင်းပြီး လှပသောနေရာလေးပါပင် ။ အစည်းအဝေးခန်း ၊ ၀န်ထမ်းနားနေခန်း ၊ ထမင်းစားခန်းတွေက အစသစ်ပင်တွေနဲ့ သဘာ၀ကျကျပြင်ဆင်ထားကာ ရုံးတစ်ခုလုံး အစိမ်းနဲ့အဖြူရောင်ကိုသာ အများဆုံးသုံးထားသည်မို့မျက်စိအေးလှပြီး စိတ်ကူးလက်ရာကတော့ အံ့မခန်းပင်။

"အမ ဒီ Office တစ်ခုလုံးရဲ့ ဒီဇိုင်းတွေက ဘယ်သူဆွဲထားတာလဲ "

"ဒါတွေအားလုံးက သူဌေးရဲ့စိတ်ကူးတွေပဲညီမလေး သူဌေးက အရမ်းစိတ်ကူးယဉ်ဆန်ပြီး ကဗျာဆန်တာ ၀န်ထမ်းတွေအပေါ်လည်း အမြဲစဉ်းစားပေးတတ်တယ်ဒီသစ်ပင်တွေဆိုလည်း ၀န်ထမ်းတွေအမြဲ အဲကွန်းနဲ့ပဲ အလုံပိတ်အခန်းထဲမှာနေရတာမို့ အောက်စီဂျင်ရအောင်စိတ်ရှုပ်နေတဲ့ အခါတွေဆို လန်းလန်း
ဆန်းဆန်းလေးဖြစ်အောင် သူဌေးကစီစဉ်ပေးထားတာ အမကတော့ ဒီမှာအလုပ်လုပ်ရတာ အရမ်းစိတ်ချမ်းသာတယ် "

" အင်း....."

ကျွန်တော်လည်း ဒီနေရာမှာ အလုပ်လုပ်ရရင် သိပ်ကောင်းမှာပဲ ဟုရှင်းမြတ်နိုးပိုင် စိတ်ထဲကနေသာ ပြောလိုက်မိသည်။ထူးထက်ခေါင်ဆိုတဲ့ လူဟာဒီလောက်စိတ်ကူးစိတ်သန်းကောင်းပြီး အနုပညာဆန်လှသည်ဟု ရှင်းလေး ဘယ်တုန်းကမှ မတွေးမိခဲ့။ကိုယ်တိုင်ကြုံလိုက်ရမှ ထူးထက်ခေါင်ဘယ်လိုလူမျိူးလဲဆိုတာ ခံစားလိုက်ရသည်။

အပြင်ပန်းကြည့်လျှင် အကြောတင်းတင်းနဲ့ဒီလူရဲ့ပုံစံဟာ ဘာခံစားချက်မှမထားတတ်သည့်ပုံပင်။အမေတို့ပြောတုန်းက ထူးထက်ခေါင်ဆိုတာ သာမန်ယောကျ်ားတစ်ယောက်လို့ပဲထင်ခဲ့တာ။ဒီလိုဆိုလျှင်တော့ စိတ်၀င်စားစရာ ကောင်းနေပေပြီ။ သူလျှောက်ချင်တဲ့လမ်းကို ထူးထက်ခေါင်ကအရင်ဖောက်ထားနှင့်ပြီးသားဟုရှင်းလေးခံစားလိုက်ရသည်။ ရှင်းလေးရဲ့အိမ်မက်တွေဟာ ထူးထက်ခေါင် နဲ့အရမ်းနီးကပ်နေသလိုပါပင်။

ရွှန်းရွှန်း ........

ဒီလိုလူမျိူးကို ဘယ်လိုစိတ်ကူးမျိူးနဲ့ နင်မယူချင်ဘဲ ထွက်ပြေးလဲတော့ငါမသိဘူး။  တကယ်တော့ ဒီလူကအရမ်း စိတ်၀င်စားဖို့ကောင်းတဲ့လူ။

*******************************

Construction Company တစ်ခုမှာရှိသင့်တဲ့ ဌာနတွေ ရာထူးတွေကိုစိတ်ကူးနဲ့ သိသလောက်လေး ရေးထား
တာပါ။ ထူးထက်ခေါင်ရဲ့ Company ကInterior Designတွေ Architecture နဲ့ပါပေါင်းစပ်ထားတဲ့ ပုံစံမျိူးပါသိသလောက်လေးသာ ရေးထားတာမို့်အမှားအယွင်းလေးတွေ ရှိခဲ့ရင်လည်းထောက်ပြပေးပါနော် 


💚💜💙❤

Zawgyi

မကြာခဏ ကြည့်ရင်း အကဲခတ်နေမိ
သည်။

ဘယ်လိုလေးပါလိမ့်။

ဆီက ကြားဖူးထားတာကြောင့် သူ့
ရွှန်းမြတ်နိုးပိုင်မှ ဟုတ်ရဲ့လားဟုပင်

တော့ တစ်မျိုးလေး ချစ်စရာကောင်း
နေတာပင်။


တော့မထင်မိ။


" ဟုတ်ကဲ့ ""


သည်။






အတိုင်းပင်။

ပေသည်။

ခံစားလိုက်ရသည်။

အပြည့်အ၀ ခံစားရေစကာ လန်းဆန်း
စေတာပင်။

တစ်ချို့နဲ့အဆောက်အဦးကို ပုံဖော်
မနေနိုင်။

သည်မဟုတ်ပါလား။

" Morning ပါ....Boss "

" Morning ........"


လည်း ထူးထက်ခေါင်က အပြုံးချို ချို နဲ့
သတိထားမိသည်။

ပုံစံပေါက်နေပေမယ့် ၀နထြမြးတှကေို
ရှိလှတာမို့ ထူးထက်ခေါင် နဲ့ ၀နထြမြး

အင်းပေါ့လေ .......

Company ကို ကောင်းကောင်းမွန်မွန်


" ဟုတ်ကဲ့ ဆရာ "


သူ လုပ်နေပေပြီ။


" ရတယ်အမ မသောက်တော့ဖူး "


အာရုံရောက်သွားရသည်။

လိုက်ခဲ့နော် "



အစည်းအဝေးခန်း ၊ ၀နျထမျးတှနေား
တော့ အံ့မခန်းပင်။

တွေက ဘယ်သူဆွဲထားတာလဲ "

ညီမေလး သူဌေးက အရမ်းစိတ်ကူး
ယဉ်ဆန်ပြီး ကဗျာဆန်တာ ၀နျထမျးတှေ
ဒီသစ်ပင်တွေဆိုလည်း ၀နျထမျးတှေ

" အင်း....."

ပြောလိုက်မိသည်။

ကမှ မတွေးမိခဲ့။

ဘယ်လိုလူမျိုးလဲဆိုတာ ခံစားလိုက်ရသည်။

တတ်သည့်ပုံပင်။

ဆိုတာ သာမန်ယောက်ျားတစ်ယောက်လို့ပဲ
ထင်ခဲ့တာ။

ကောင်းနေပြီ။



ရွှန်းရွှန်း ........

ဒီလိုလူမျိုးကို ဘယ်လိုစိတ်ကူးမျိုးနဲ့
ငါမသိဖူး။

တကယ်တော့ ဒီလူက......

*******************************

တာပါ

ပေါင်းစပ်ထားတဲ့ ပုံစံမျိုးပါ

ထောက်ပြပေးပါနော် 

ပုံ​လေး​တွေ လက်​​ဆောင်​ 😍

ပုံလေးတွေ လက်ဆောင် 
ပုံဖော်ကြည့်လို့ရအောင်ပါ

Green💚 ( A seinn kyaw ✌ )

Oct 6 , 11:37 PM

Continue Reading

You'll Also Like

2.5K 394 69
وتەی دڵتەزین هیوادارم بەدڵتان بێت تکایە ڤۆت کۆمێنت بکەن
30.5K 1.4K 36
Unicode "ချစ်သူဘဝတောင်မဖြတ်သန်းဘဲ အိမ်ထောင်ပြုဖို့ ပြောလိုက်ရလို့ တောင်းပန်ပါတယ် မင်းများဖြတ်သန်းချင်မလားလို့ " "ဟာ ဂန္နရာ မင်းငါ့ကို ချစ်နေတာ အခုမှ...
8.3K 436 58
ဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......