The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 5

11.2K 1K 13
By aseinnkyaw

Unicode

အဲကွန်းကို အမြင့်ဆုံး လွှင့်ထားလို့ပဲမလားမသိ။ Hotel ခန်းထဲကအအေးဓါတ်က သွေးကြောထဲထိအောင် စိမ့်၀င်နေသည်။အေးစက်စက်လက်ဖျားကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိရင်း မှန်ထဲကို လှမ်းကြည့်မိတော့ မိတ်ကပ်တွေအပြည့်လိမ်းခြယ်ထားတဲ့ နုနယ်တဲ့အသွင်အပြင်နဲ့မိန်းမလှလေးတစ်ယောက်က သူ့ကိုပြုံးပြနေသယောင်။

" မျက်နှာလေးက နုဖတ်နေတာပဲ ချောလိုက်တာရှင်းလေးရယ် "

နီညိုရောင် နှုတ်ခမ်းနီကို အပြီးသတ်ဆိုးလိုက်ပြီး သူ့ကိုတစိမ့်စိမ့်ကြည့်ရင်းပြောလာတဲ့တီလေးကို ရှင်းမြတ်နိုးပိုင် ခပ်ဖျော့ဖျော့လေးသာ ပြုံးပြလိုက်သည်။

တကယ်ဆို မိန်းကလေးပွဲထက်ဂါ၀န်တစ်ထည် ၀တ်ထားရတာကို သူသိပ်တော့စိတ်တိုင်းမကျလှ။ငွေရောင်ကြိုးမျှင်တွေနဲ့ လှလှပပစီခြယ်ထားတဲ့ အဖြူတောင် ပွဲတတ် ဂါ၀န်လှလှလေးက သူ့နဲ့တိုင်းချူပ်ထားတာလားလို့ထင်ရလောက်အောင်ကို သူ့ကိုယ်ပေါ်မှာ ကွက်တိကျနေပေမဲ့ ရှင်းအတွက်တကယ်ကို သက်တော့သက်သာ မရှိလှပါ။

မိန်းကလေးတွေရဲ့ကောက်ကြောင်းပေါ်အောင် ရင်ဘတ်နဲ့တင်ပါးနေရာမှာစနစ်တကျထည့်ထားတဲ့ ဖော့တွေကလည်း ယားကျိကျနိုင်လှပေသည်။ ကပိုကရိုထုံးထားတဲ့ ဆံပင်အတုကြီးကိုမကြာခဏသပ်တင်ရင်း နဖူးပေါ်ကျလာတဲ့ ချွေးတွေကို ရှင်း လက်ဖဝါးနဲ့သာ ခပ်ဖွဖွဖိသုပ်နေမိသည်။

"ရှင်းလေး ပွဲမစခင် ဒေါက်ဖိနပ်စီးကျင့်ကြည့်ဦးနော် "

တီလေးပေးလာတဲ့ နှစ်လက်မလောက်အမြင့်ရှိသော မိန်းမစီးငွေရောင်ဒေါက်ဖိနပ်လေးကို ကြည့်ပြီး ရှင်းမြတ်နိုးပိုင်သက်ပြင်းချကာ လေပူကြီး မှုတ်ထုတ်လိုက်သည်။

သူတကယ်ကို လုပ်နိုင်တော့မည်မထင်။

"တီလေး ကျွန်တော် လုပ်နိုင်မယ် မထင်ဘူး"

မိန်းကလေး၀တ်စုံနဲ့ မနေတတ် မထိုင်တတ်ဖြစ်နေကာ ချွေးပြန်နေတဲ့ တူဖြစ်သူကို ကြည့်ပြီး ဒေါ်၀တီခင် စိတ်မသက်မသာဖြစ်မိသည်။

တကယ်ဆိုရှင်းလေးကို ဟန်ဆောင်ခိုင်းမိတာတောင် တီလေးတစ်ယောက်အနေနဲ့ တော်တော်လွန်နေပြီမိသည်။ ယောကျာ်းလေးဖြစ်တဲ့ ရှင်းလေးတစ်ယောက်ဘယ်လောက်နေရခက်နေမယ်ဆိုတာ ဒေါ်၀တီခင်ကိုယ်ချင်းစာသည်။

သို့သော်ငြားလည်း ဒီပြသနာကိုဖြေရှင်းနိုင်ဖို့နည်းလမ်းသည် ရှင်းလေးကို ဟန်ဆောင်ခိုင်းလိုက်ရုံမှ လွဲပြီးတခြားမရှိသည်မို့ ဒေါ်၀တီခင်တစ်ယောက် မျက်စိစုံမှိတ်ကာ တူဖြစ်သူကို လက်ခံနိုင်အောင် မျက်နှာပူပူ နဲ့နားချရတော့သည်။

"ရှင်းလေးရယ် ဒီတစ်ကြိမ်လေးပါပဲ . ဒီစေ့စပ်ပွဲသာပျက်သွားရင် ဦးသတိုးခေါင်တို့မိသားစုနဲ့တစ်သက်လုံးမျက်နှာပျက်စရာဖြစ်ကုန်မှာ အဲတာတင်မက သားအဖေရဲ့စီးပွားရေးလုပ်ငန်းတွေက ဦးသတိုးခေါင်နဲ့
ကင်းတာမဟုတ်တော့ သူတို့နဲ့ပြသနာတစ်ခုခုဖြစ်သွားရင်် တီလေးတို့မိသားစုပဲ ဒုက္ခရောက်မှာလေ ခဏလောက်ပဲ သည်းခံလိုက်ပါ "

"အင်းပါ တီလေး ..ကျွန်တော်အတွက်ဒီကိစ္စက တော်တော်ကကျိူးကကြောင်နိုင်တာတော့အမှန်ပဲ ဒါပေမဲ့ ရွှန်းရွှန်းလုပ်သွားတဲ့ ကိစ္စဆိုတော့ ကျွန်တော်တာ၀န်ယူရမှာပေါ့လေ "

ရှင်းမြတ်နိုးပိုင် သက်ပြင်းကိုသာ အခါခါချရင်း စိတ်ထဲကနေ အစ်မဖြစ်သူ ရွှန်းရွှန်းကိုသာ ကြိမ်ဆဲလိုက်သည်။

မနေ့ညက သူနဲ့ဖုန်းပြောတုန်းကသူ့နေရာမှာ ရှင်းမြတ်နိုးပိုင် ဟန်ဆောင်ပေးရမယ်ဆိုတဲ့ မေမေနဲ့တီလေးတို့ရဲ့မဟာအကြံအစည်ကြီးကိုပြောပြတော့သူ့ကိုနဲနဲလေးမှတောင် အားမနာပဲတခွီးခွီးနဲ့ရယ်နေတာပင်။

ရွှန်းရွှန်း Japan ထွက်ပြေးတဲ့နေ့ကလည်း သူနဲချမ်းမြေ့ကိုယ်တိုင်ရွှန်းရွှန်းကို လေဆိပ်အထိလိုက်ပို့ ပေးခဲ့တာ ဖြစ်သည်။ရွှန်းရွှန်းထွက်ပြေးရင် သူ့မိဘတွေပြသနာအကြီးကြီးတတ်မယ်ဆိုတာသိခဲ့ပေမဲ့ ဒီလို နည်းလမ်းနဲ့ဖြေရှင်းလိမ့်မယ်လို့တော့ ရှင်းမြတ််နိုးပိုင်ယောင်လို့တောင် မတွေးမိခဲ့ ။

ရွှန်းရွှန်းကို ကူညီလိုက်တာဟာ သူ့ကိုယ်သူ ချောက်ချမိမှန်း ကြိုတင်သိခဲ့ရင်တော့ သူကိုယ်တိုင် ဒီ အစ်မကို
လက်ဆွဲဲပြီး ယောကျာ်းပေးစားပစ်လိုက်မှာဖြစ်သည်။

အခုတော့ ....

"ရှင်းလေး ..သွားရအောင် အချိန်နီးနေပြီအောက်မှာလည်း ထူးထက်ခေါင်တို့ရောက်နေကြပြီတဲ့ "

" အင်း..အင်း....တီလေး "

တီလေးကို ခေါင်းငြိမ့်ပြလိုက်ပြီးဒေါက်ဖိနပ်ကို ယိုင်တိယိုင်တိုင်နဲ့စီးကာ ဂါ၀န်ဖြူကြီးကို မလျက် ရှင်းမြတ်နိုးပိုင် မိတ်ကပ်ပြင်ဆင်ဖို့ သီးသန့်ပေးထားတဲ့ ထူးထက်ခေါင်တို့ရဲ့Hotel အခန်းထဲကထွက်လာခဲ့သည်။

မကြာခင်မှာ ကြီးကျယ်ခမ်းနားလှတဲ့ ခန်းမကြီးထဲကို ရွှန်းမြတ်နိုးပိုင် အဖြစ်နဲ့ သူ၀င်ရတော့မှာဖြစ်သည်။စိတ်ကို အစွန်းဆုံးအထိဖြေလျော့ချရင်း ရှင်း အသက်ကို ခပ်၀၀ရှူလိုက်သည်။ထိုနောက် အဆင်ပြေပါစေဟု တစ်မိနစ်လောက်လက်အုပ်ကြီးချီလျက် ဆုတောင်းလိုက်ပြီးမှ အားအပြည့်မွေးရင်း ရွှန်းရွှန်းရဲ့ သတိုးသားလောင်းကြီး စောင့်နေတဲ့ ခန်းမရှိရာသို့ ခပ်သွက်သွက်ပင် လျှောက်လာခဲ့လိုက်သည်။

*****************************************

"အေးပါ မင်းပြန်လာတာနဲ့ငါတစ်၀ိုင်းပြုစုမယ် ဒါပဲ ဟေ့ရောင် ပွဲကစတော့မှာ "

ရှမ်းပြည်နယ်ဘက်ကို ခရီးလွန်နေသဖြင့် သူ့စေ့စပ်ပွဲကို မလာနိုင်တဲ့အကြောင်း ဖုန်းဆက်ပြောလာတဲ့ ငယ်သူငယ်ချင်း သူရနဲ့ ပြောနေရာမှ ပွဲစခါနီးပြီဖို့ ထူးထက်ခေါင် စကားစဖြတ်လိုက်သည်။

အခုထိ သတိုးသမီးကို မတွေ့ဖူးပါဘူးလို့ ပြောနေတာကို သူရတစ်ယောက်မယုံကြည်နိုင်စွာ အံ့သြတကြီးဖြစ်နေပေသည်။

ထို့နောက် မမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်ကို စေ့စပ်ဖို့လက်ခံလိုက်တဲ့ ထူးထက်ခေါင်ကို လေးစားတဲ့အကြောင်း တဖွဖွပြောကာ ထုံးစံအတိုင်းရစ်နေသေးသည်။

သူရရဲ့ ခပ်ပေါပေါစကားတွေထဲက

"အချစ်မရှိတဲ့ အိမ်ထောင်ရေးကို တစ်သက်လုံး မင်းဘယ်လိုတည်ဆောက်မှာလဲ ထက်ခေါင် ဟိုတစ်ယောက်ကိုပြန်မရှာတော့ဘူးလား "

ဆိုတဲ့ စကားကတော့ သူ့ရင်ကို ခဲတစ်လုံးနဲ့ပေါက်လိုက်သလို တည့်တည့်ထိမှန်သည်။တကယ်တော့ အချစ်ဆိုတာဟာဘာမှန်းလည်းသူသေချာမသိ။အချစ်ကို ဘယ်လိုပုံဖော်ရမှန်းသူမသိ။အခု သူနဲ့လက်ထပ်ရမယ့် ရွှန်းမြတ်နိုးပိုင်ဆိုတဲ့ မိန်းကလေးကို ချစ်လား မချစ်လားလည်း သူ တကယ်မသိ။

သူ အချိန်ပြည့်လွမ်းနေမိခဲ့တဲ့လူတစ်ယောက်ကို ချစ်ခဲ့မိသလားမချစ်ခဲ့သလားလည်းသူမသိ။မှုန်ဝါးဝါးသာ ကျန်တော့တဲ့ သူမမေ့ချင်လည်း အတင်းအကြပ်မေ့ထားရတဲ့ပျောက်ကွယ်စပြုနေပြီ ဖြစ်တဲ့ အတိတ်ကို ပြန်ဆွဲဆွဲထုတ်နေတဲ့ သူရ ကိုဒီတစ်ကြိမ်တော့ သူစိတ်ဆိုးမိသည်။

ဒီနေ့ဟာ ထိုတစ်ယောက်ကို သတိမရသင့်တော့တဲ့ သူ့ရဲ့စေ့စပ်ပွဲနေ့မဟုတ်ပါလား။

ထူးထက်ခေါင် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချလိုက်ရင်း သူရနဲ့ ဖုန်းပြောနေတဲ့ လူသူကင်းရှင်းတဲ့ အခန်းထောင့်တစ်နေရာကနေ ခန်းမဆီကို အ၀င်လှမ်းကြောင်းအတိုင်းပြန်ထွက်လာခဲ့လိုက်သည်။

ထိုအချိန်မှာပဲ သူတွေ့လိုက်တာက ၀ဲကျနေတဲ့ ဂါ၀န်ကိုမကာ ယိုင်တိယိုင်တိုင် လျှောက်သွားပြီး လက်တစ်ဖက်ကလည်း ပန်းစည်းကို ကိုင်ထားလျက် ချောက်အကွယ်တစ်ခုတွင် ရပ်ရင်း လက်အုပ်ချီကာ ဆုတောင်းနေတဲ့ မိန်းကလေးတစ်ဦး။ မနိုင်မနင်းဖြစ်နေတဲ့ ဂါ၀န်ကြီးကို မထားပြီး လမ်းလျှောက်သွားပုံက ကိုးယိုးကာယားနိုင်လှတာမို့ထူးထက်ခေါင် ကြည့်နေရင်းပြုံးလိုက််မိသည်။

ပြင်ဆင်ထားပုံက သတိုးသမီးအပြင်အဆင်မို့ သူနဲ့စေ့စပ်ရမယ့် ရွှန်းမြတ်နိုးပိုင် ပဲဖြစ်မည်ဆိုတာ အကဲခတ်ကြည့်လိုက်ရုံနဲ့ ထူးထက်ခေါင် သိလိုက်သည်။ ခန်းမထဲကို မ၀င်သေးပဲ ထောင့်တစ်နေရာမှာ လက်အုပ်ကြီးချီလျက် ဘာကို ဆုတောင်းနေမှန်းမသိ။

သူနဲ့စေ့စပ်ရမယ့် သတိုးသားလောင်းချောပါစေလို့များဆုတောင်းနေသလားပင်။ ထူးထက်ခေါင် ထိုမိန်းကလေးနားကိုဖြေးဖြေးချင်းတိုးကပ်သွားလိုက်ရင်းချောင်းတစ်ချက်ဟန့်လိုက်သည်။

" အဟမ်း ""

နောက်ဖက်က ချောင်းဟန့်လိုက်သံကြောင့် ရှင်းမြတ်နိုးပိုင် အလိမ်မပေါ်ပါစေနဲ့ဟု ထပ်ခါတလဲလဲ ဆုတောင်းနေရာမှ နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ တွေ့လိုက်တာက အနောက်တိုင်း ၀တ်စုံအဖြူနဲ့ ချောမောခန့်ငြားသည်ဆိုတာထက်ပိုကာ တောက်ပနေသည့်လူငယ်တစ်ဦး။

အမဲရောင်မျက်မှန်ကိုင်းနှင့် စနစ်တကျဘောင်ကွပ်ထားသည့် နက်မှောင်ထူထဲသည့် မျက်ခုံးအောက်က ဗန်ဒါစေ့ပုံမျက်လုံး၊ ချွန်မြနေသော နှာတံကထိပ်မှာလုံးနေကာ လိမ္မော်ရောင်ပြေပြေလေး သန်းနေသော မထူမပါးအနေတော် နှုတ်ခမ်းနဲ့ယောကျ်ားဆန်သည့်မေးရိုး နှစ်ခွက အလယ်မှာမသိမသာကွဲနေကာကြည့်ကောင်းသည် ဆိုတာထက်ကိုပိုနေပေသည်။

ဖြူ၀င်းတဲ့ အသားပေါ်မှာ ခပ်ရေးရေးလေးပေါက်နေတဲ့ စိမ်းဖန့်နေတဲ့နှုတ်ခမ်းမွေး တချိူ့က ယောကျ်ားဆန်မှုကို ပိုပြီးပံ့ပိုးနေသယောင်။သပ်သပ်ရပ်ရပ် ပုံကျအောင်ထောင်ထားတဲ့ အမဲရောင်ဆံပင်က ၆ ပေလောက်နီးပါရှည်တဲ့ အရပ်ကိုပိုရှည်စေသည်ဟု ထင်ရလေသည်။

" မင်းက ... ရွှန်းမြတ်နိုးပိုင်လား "

ဆွဲမက်ဖွယ် နှုတ်ခမ်းကွေးကွေးက ထွက်လာတဲ့ စကားလုံးတွေကြောင့် ရှင်း ထိတ်ခနဲဖြစ်သွားမိသည်။ ဒါ ... ထူးထက်ခေါင်ပဲ

" ဟုတ်တယ် ......"

မပွင့်တပွင့်နဲ့ ခပ်တိုးတိုးသာ ရှင်းပြောလိုက်မိသည်။ ကြောက်လွန်းသဖြင့်တစ်ကိုယ်လုံး ချွေးတွေစီးကျနေကာ အသက်တောင်ဘယ်အပေါက်ကရှူရမယ်မှန်းမသိ.....။

"ငါက ထူးထက်ခေါင်လေ သိတယ်မလား မင်းနဲ့စေ့စပ်ရမယ့် သတိုးသားလောင်းပဲ "

"အင်း ....... "

သူ့ကို လုံး၀လှည့်မကြည့်ပဲ ခေါင်းကြီးငုံ့ထားကာ မကြားတကြား ပြောလိုက်တဲ့ ရွှန်းမြတ်နိုးပိုင်ရဲ့ အသံတိုးတိုးကို ထူးထက်ခေါင် မနဲ အာရုံစိုက်နားထောင်လိုက်ရသည်။ တကယ်ဆို သူက အာ့လောက်ကြောက်စရာမကောင်းဘူးဟုထင်သည်။ ဘယ်လောက်ပဲ အခုမှ ဆုံဖူးတယ်ပြောပြော သူ့ရုပ်ရည်သွင်ပြင်ဟာမိန်းကလေးတစ်ယောက်ကြောက်ရလောက်အောင်မထိ စိတ်ပျက်လောက်စရာမဟုတ်မှန်း သူသိပါသည်။

သူ့အနားမှာ အမြဲလိုလို ၀ိုင်း၀ိုင်းလည်နေတဲ့ မိန်းကလေးတွေက သက်သေပင်။ ခပ်စွာစွာနဲ့ သွက်သွက်ကလေးဟု ကြားထားမိသော ရွှန်းမြတ်နိးပိုင်ရဲ့ဓါတ်ပုံထဲက ပုံစံနဲ့ အခု သူ့ကိုကြောက်ပြီး စေ့စေ့တောင် မကြည့်ရဲသော ရွှန်းမြတ်နိုးပိုင်ဟာ လားလားမှမသက်ဆိုင်သလိုပင်။

ကပိုကရိုကျနေတဲ့ ဆံပင်အောက်ကနေ မြင်နေရတဲ့ မျက်တောင်ကော့ကော့လေးတွေမြင်နေရရုံနဲ့တင် ချစ်စရာကောင်းသည့်မိန်းကလေးမှန်း သိသာနေသည်။ ဘေးတစ်စောင်းမြင်နေရတဲ့ သူရှေ့က ရွှန်းမြတ်နိုးပိုင်ဟာ အရပ်က သာမာန်မိန်းကလေးတွေထက် အနဲငယ်ရှည်နေတာကလွဲရင် ငြင်းရက်စရာ မရှိအောင်ကို ကဗျာတစ်ပုဒ်လိုပင် နူးညံ့လှပသည်ဟု ထူးထက်ခေါင် မှတ်ချက် ချလိုက်သည်....။

သို့သော်ငြားလည်း ဒီမိန်းကလေးကိုကြိုက်သွားတာလားဆိုလျှင်တော့ သူမကြိုက်မိသေးပါ...။ရင်ခုန်ရုံသာဖြစ်သည်။

"လာနောက်ကျနေပြီ ...သွားရအောင် "

ယောကျာ်းလေးဘက်က စတင်သင့်သည်ဟု ယူဆသောကြောင့် ထူးထက်ခေါင်အရင်ပြောလိုက်ရင်း ရွှန်းမြတ်နိုးပိုင်ရဲ့လက်ကို ဆွဲကာ ထိုနေရာမှ ထွက်ခဲ့လိုက်သည်။

သူခံစားလိုက်ရတာက နူးညံ့ကာအေးစက်နေသာ လက်ချောင်းတစ်ချိူ့။ထို့နောက် သူတို့နှစ်ယောက်ရဲ့ခြေလှမ်းများဟာ ခမ်းနားထည်ဝါမှုတွေနဲ့တောက်ပနေသော စေ့စပ်မင်္ဂလာခန်းမကြီးဆီသို့။

A Seinn Kyaw
9 : 55 AM
Oct 2 / 2018

💜❤💚💙

Zawgyi

အဲကြန္းကို အျမင့္ဆုံး လႊင့္ထားလို႔ပဲမလားမသိ။ Hotel ခန္းထဲကအေအးဓါတ္က ေသြးေၾကာထဲထိေအာင္ စိမ့္၀င္ေနသည္။

ေအးစက္စက္လက္ဖ်ားကို ခပ္တင္းတင္း
ဆုပ္ကိုင္ထားမိရင္း မွန္ထဲကို လွမ္းၾကည့္
မိေတာ့ မိတ္ကပ္ေတြအျပည့္လိမ္းျခယ္
ထားတဲ့ ႏုနယ္တဲ့အသြင္အျပင္နဲ႕
မိန္းမလွေလးတစ္ေယာက္က သူ႕ကို
ၿပဳံးျပေနသေယာင္။

" မ်က္ႏွာေလးက ႏုဖတ္ေနတာပဲ
ေခ်ာလိုက္တာရွင္းေလးရယ္ "

နီညိုေရာင္ ႏႈတ္ခမ္းနီကို အၿပီးသတ္
ဆိုးလိုက္ၿပီး သူ႕ကိုတစိမ့္စိမ့္ၾကည့္ရင္း
ေျပာလာတဲ့တီေလးကို ရွင္းျမတ္နိုးပိုင္
ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးျပလိုက္တယ္။

တကယ္ဆို မိန္းကေလးပြဲထက္ဂါ၀န္
တစ္ထည္ ၀တ်ထားရတာကို သူသိပ္
ေတာ့စိတ္တိုင္းမက်လွ။

ေငြေရာင္ႀကိဳးမွ်င္ေတြနဲ႕ လွလွပပစီျခယ္
ထားတဲ့ အျဖဴေတာင္ ပြဲတတ္ ဂါ၀န္လွလွ
ေလးက သူ႕နဲ႕တိုင္းခ်ဴပ္ထားတာလားလို႔
ထင္ရေလာက္ေအာင္ကို သူ႕ကိုယ္
ေပၚမွာ ကြက္တိက်ေနေပမဲ့ ရွင္းအတြက္
တကယ္ကို သက္ေတာ့သက္သာ မရွိလွပါ။

မိန္းကေလးေတြရဲ႕ေကာက္ေၾကာင္း
ေပၚေအာင္ ရင္ဘတ္နဲ႕တင္ပါးေနရာမွာ
စနစ္တက်ထည့္ထားတဲ့ ေဖာ့ေတြက
လည္း ယားက်ိက်နိဳင္လွေပသည္။

ကပိုကရိုထုံးထားတဲ့ ဆံပင္အတုႀကီးကို
မၾကာခဏသပ္တင္ရင္း နဖူးေပၚက်
လာတဲ့ ေခြၽးေတြကို ရွင္း လက္ဖဝါးနဲ႕သာ
ခပ္ဖြဖြဖိသုပ္ေနမိသည္။

"ရွင္းေလး ပြဲမစခင္ ေဒါက္ဖိနပ္စီးက်င့္
ၾကည့္ဦးေနာ္ "

တီေလးေပးလာတဲ့ ႏွစ္လက္မေလာက္
အျမင့္ရွိေသာ မိန္းမစီးေငြေရာင္ေဒါက္
ဖိနပ္ေလးကို ၾကည့္ၿပီး ရွင္းျမတ္နိုးပိုင္
သက္ျပင္းခ်ကာ ေလပူႀကီး မႈတ္ထုတ္
လိုက္သည္။

သူတကယ္ကို လုပ္နိုင္ေတာ့မည္မထင္။

" တီေလး ကြၽန္ေတာ္ လုပ္္နိုင္မယ္
မထင္ဖူး "

မိန္းကေလး၀တ္စုံနဲ႕ မေနတတ္ မထိုင္
တတ္ျဖစ္ေနကာ ေခြၽးျပန္ေနတဲ့ တူျဖစ္
သူကို ၾကည့္ၿပီး ေဒၚ၀တီခင္ စိတ္မသက္
မသာျဖစ္မိသည္

တကယ္ဆိုရွင္းေလးကို ဟန္ေဆာင္
ခိုင္းမိတာေတာင္ တီေလးတစ္ေယာက္
အေနနဲ႕ ေတာ္ေတာ္လြန္ေနၿပီမိသည္။

ေယာက်ာ္းေလးျဖစ္တဲ့ ရွင္းေလးတစ္
ေယာက္ဘယ္ေလာက္ေနရခက္ေနမယ္
ဆိုတာ ေဒၚ၀တီခင္ ကိုယ္ခ်င္းစာသည္။

သို႔ေသာ္ျငားလည္း ဒီျပသနာကို
ေျဖရွင္းနိုင္ဖို႔နည္းလမ္းသည္ ရွင္းေလးကို
ဟန္ေဆာင္ခိုင္းလိုက္႐ုံမွ လြဲၿပီးတျခား
မရွိသည္မို႔ ေဒၚ၀တီခင္တစ္ေယာက္
မ်က္စိစုံမွိတ္ကာ တူျဖစ္သူကို လက္ခံ
နိုင္ေအာင္ မ်က္ႏွာပူပူ နဲ႕နားခ်ရေတာ့သည္။

" ရွင္းေလးရယ္ ဒီတစ္ႀကိမ္ေလးပါပဲ ..
ဒီေစ့စပ္ပြဲသာပ်က္သြားရင္ ဦးသတိုးေခါင္
တို႔မိသားစုနဲ႕တစ္သက္လုံးမ်က္ႏွာပ်က္
စရာျဖစ္ကုန္မွာ အဲတာတင္မက သားအေဖရဲ႕
စီးပြားေရးလုပ္ငန္းေတြက ဦးသတိုးေခါင္နဲ႕
ကင္းတာမဟုတ္ေတာ့ သူတို႔နဲ႕ျပသနာ
တစ္ခုခုျဖစ္သြားရင္္ တီေလးတို႔မိသားစုပဲ
ဒုကၡေရာက္မွာေလ ခဏေလာက္ပဲ သည္းခံ
လိုက္ပါ "

"အင္းပါ တီေလး ..ကြၽန္ေတာ္အတြက္
ဒီကိစၥက ေတာ္ေတာ္ကက်ိဴးကေၾကာင္
နိုင္တာေတာ့အမွန္ပဲ ဒါေပမဲ့ ႐ႊန္း႐ႊန္း
လုပ္သြားတဲ့ ကိစၥဆိုေတာ့ ကြၽန္ေတာ္
တာ၀န္ယူရမွာေပါ့ေလ "

ရွင္းျမတ္နိုးပိုင္ သက္ျပင္းကိုသာ အခါခါခ်ရင္း
စိတ္ထဲကေန အစ္မျဖစ္သူ ႐ႊန္း႐ႊန္းကိုသာ ႀကိမ္
ဆဲလိုက္သည္။

မေန႕ညက သူနဲ႕ဖုန္းေျပာတုန္းက
သူ႕ေနရာမွာ ရွင္းျမတ္နိုးပိုင္ ဟန္ေဆာင္
ေပးရမယ္ဆိုတဲ့ ေမေမနဲ႕တီေလးတို႔ရဲ႕
မဟာအႀကံအစည္ႀကီးကိုေျပာျပေတာ့
သူ႕ကိုနဲနဲေလးမွေတာင္ အားမနာပဲ
တခြီးခြီးနဲ႕ရယ္ေနတာပင္။

႐ႊန္း႐ႊန္း Japan ထြက္ေျပးတဲ့ေန႕
ကလည္း သူနဲခ်မ္းေျမ့ကိုယ္တိုင္
႐ႊန္း႐ႊန္းကို ေလဆိပ္အထိလိုက္ပို႔
ေပးခဲ့တာ ျဖစ္သည္။

႐ႊန္း႐ႊန္းထြက္ေျပးရင္ သူ႕မိဘေတြ
ျပသနာအႀကီးႀကီးတတ္မယ္ဆိုတာ
သိခဲ့ေပမဲ့ ဒီလို နည္းလမ္းနဲ႕ေျဖရွင္း
လိမ့္မယ္လို႔ေတာ့ ရွင္းျမတ္္နိုးပိုင္
ေယာင္လို႔ေတာင္ မေတြးမိခဲ့ ။

႐ႊန္း႐ႊန္းကို ကူညီလိုက္တာဟာ သူ႕
ကိုယ္သူ ေခ်ာက္ခ်မိမွန္း ႀကိဳတင္သိခဲ့
ရင္ေတာ့ သူကိုယ္တိုင္ ဒီ အစ္မကို
လက္ဆြဲဲၿပီး ေယာက်ာ္းေပးစားပစ္
လိုက္မွာျဖစ္သည္။

အခုေတာ့ ....

"ရွင္းေလး ..သြားရေအာင္ အခ်ိန္နီးေနၿပီ
ေအာက္မွာလည္း ထူးထက္ေခါင္တို႔
ေရာက္ေနၾကၿပီတဲ့ "

" အင္း..အင္း....တီေလး "

တီေလးကို ေခါင္းၿငိမ့္ျပလိုက္ၿပီး
ေဒါက္ဖိနပ္ကို ယိုင္တိယိုင္တိုင္နဲ႕စီးကာ
ဂါ၀န္ႀကီးကို မလ်က္ ရွင္းျမတ္နိုးပိုင္
မိတ္ကပ္ျပင္ဆင္ဖို႔ သီးသန႔္ေပးထားတဲ့
ထူးထက္ေခါင္တို႔ရဲ႕Hotel အခန္းထဲက
ထြက္လာခဲ့သည္။

မၾကာခင္မွာ ႀကီးက်ယ္ခမ္းနားလွတဲ့
ခန္းမႀကီးထဲကို ႐ႊန္းျမတ္နိုးပိုင္ အျဖစ္နဲ႕
သူ၀င္ရေတာ့မွာျဖစ္သည္။

စိတ္ကို အစြန္းဆုံးအထိေျဖေလ်ာ့ခ်ရင္း
ရွင္း အသက္ကို ခပ္၀၀ ရႉလိုက္သည္။

ထိုေနာက္ အဆင္ေျပပါေစဟု တစ္မိနစ္
ေလာက္လက္အုပ္ႀကီးခ်ီလ်က္ ဆုေတာင္း
လိုက္ၿပီးမွ အားအျပည့္ေမြးရင္း ႐ႊန္း႐ႊန္းရဲ႕
သတိုးသားေလာင္းႀကီး ေစာင့္ေနတဲ့ ခန္းမ
ရွိရာသို႔ ခပ္သြက္သြက္ပင္ ေလွ်ာက္လာခဲ့
လိုက္သည္။

*****************************************

" ေအးပါ မင်းပြန်လာတာနဲ့ငါတစ်၀ိုင်း
ျပဳစုမယ္ ဒါပဲ ေဟ့ေရာင္ ပြဲကစေတာ့မွာ "

ရွမ္းျပည္နယ္ဘက္ကို ခရီးလြန္ေနသျဖင့္
သူ႕ေစ့စပ္ပြဲကို မလာနိုင္တဲ့အေၾကာင္း
ဖုန္းဆက္ေျပာလာတဲ့ ငယ္သူငယ္ခ်င္း
သူရနဲ႕ ေျပာေနရာမွ ပြဲစခါနီးၿပီဖို႔
ထူးထက္ေခါင္ စကားစျဖတ္လိုက္သည္

အခုထိ သတိုးသမီးကို မေတြ႕ဖူးပါဖူး
လို႔ ေျပာေနတာကို သူရတစ္ေယာက္
မယုံၾကည္နိုင္စြာ အံ့ၾသတႀကီးျဖစ္
ေနေပသည္။

ထို႔ေနာက္ မျမင္ဖူးတဲ့ မိန္းကေလး
တစ္ေယာက္ကို ေစ့စပ္ဖို႔လက္ခံလိုက္တဲ့
ထူးထက္ေခါင္ကို ေလးစားတဲ့အေၾကာင္း
တဖြဖြေျပာကာ ထုံးစံအတိုင္းရစ္ေနေသးသည္။

သူရရဲ႕ ခပ္ေပါေပါစကားေတြထဲက

"အခ်စ္မရွိတဲ့ အိမ္ေထာင္ေရးကို တစ္သက္လုံး
မင္းဘယ္လိုတည္ေဆာက္မွာလဲ ထက္ေခါင္
ဟိုတစ္ေယာက္ကိုျပန္မရွာေတာ့ဖူးလား "

ဆိုတဲ့ စကားကေတာ့ သူ႕ရင္ကို ခဲတစ္လုံးနဲ႕
ေပါက္လိုက္သလို တည့္တည့္ထိမွန္သည္။

တကယ္ေတာ့ အခ်စ္ဆိုတာဟာ
ဘာမွန္းလည္းသူေသခ်ာမသိ။

အခ်စ္ကို ဘယ္လိုပုံေဖာ္ရမွန္းသူမသိ။

အခု သူနဲ႕လက္ထပ္ရမယ့္ ႐ႊန္းျမတ္နိုးပိုင္
ဆိုတဲ့ မိန္းကေလးကို ခ်စ္လား မခ်စ္လား
လည္း သူ တကယ္မသိ။

သူ အခ်ိန္ျပည့္လြမ္းေနမိခဲ့တဲ့
လူတစ္ေယာက္ကို ခ်စ္ခဲ့မိသလား
မခ်စ္ခဲ့သလားလည္းသူမသိ။

မႈန္ဝါးဝါးသာ က်န္ေတာ့တဲ့ သူမေမ့ခ်င္
လည္း အတင္းအၾကပ္ေမ့ထားရတဲ့
ေပ်ာက္ကြယ္စျပဳေနၿပီ ျဖစ္တဲ့ အတိတ္ကို
ျပန္ဆြဲဆြဲထုတ္ေနတဲ့ သူရ ကိုဒီတစ္ႀကိမ္
ေတာ့ သူစိတ္ဆိုးမိသည္။

ဒီေန႕ဟာ ထိုတစ္ေယာက္ကို သတိမရ
သင့္ေတာ့တဲ့ သူ႕ရဲ႕ေစ့စပ္ပြဲေန႕
မဟုတ္ပါလား။

ထူးထက္ေခါင္ ဆုံးျဖတ္ခ်က္ကို ခိုင္ခိုင္
မာမာခ်လိဳက္ရင္း သူရနဲ႕ ဖုန္းေျပာေနတဲ့
လူသူကင္းရွင္းတဲ့ အခန္းေထာင့္တစ္ေနရာ
ေကန ခန္းမဆီကို အ၀င္လွမ္းေၾကာင္းအတိုင္း
ျပန္ထြက္လာခဲ့လိုက္သည္။

ထိုအခ်ိန္မွာပဲ သူေတြ႕လိုက္တာက
၀ဲကျနေတဲ့ ဂါ၀န္ကို မကာ ယိုင္တိယိုင္တိုင္
ေလွ်ာက္သြားၿပီး လက္တစ္ဖက္ကလည္း
ပန္းစည္းကို ကိုင္ထားလ်က္္တစ္ေနရာတြင္
ရပ္ရင္း လက္အုပ္ခ်ီကာ ဆုေတာင္းေနတဲ့
မိန္းကေလးတစ္ဦး......။

ဂါ၀န္ႀကီးကို မထားၿပီး လမ္းေလွ်ာက္
သြားပုံက ကိုးယိုးကာယားနိုင္လွတာမို႔
ထူးထက္ေခါင္ ၾကည့္ေနရင္းၿပဳံးလိုက္္မိသည္။

ျပင္ဆင္ထားပုံက သတိုးသမီးအျပင္
အဆင္မို႔ သူနဲ႕ေစ့စပ္ရမယ့္ ႐ႊန္းျမတ္နိုး
ပိုင္ ပဲျဖစ္မည္ဆိုတာ အကဲခတ္ၾကည့္
လိုက္႐ုံနဲ႕ ထူးထက္ေခါင္ သိလိုက္သည္

ခန္းမထဲကို မ၀င္ေသးပဲ ေထာင့္တစ္ေနရာမွာ
လက္အုပ္ႀကီးခ်ီလ်က္ ဘာကို ဆုေတာင္းေနမွန္း
မသိ။

သူနဲ႕ေစ့စပ္ရမယ့္ သတိုးသားေလာင္း
ေခ်ာပါေစလို႔မ်ားဆုေတာင္းေနသလားပင္။

ထူးထက္ေခါင္ ထိုမိန္းကေလးနားကို
ေျဖးေျဖးခ်င္းတိုးကပ္သြားလိုက္ရင္း
ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္သည္။

" အဟမ္း ""

ေနာက္ဖက္က ေခ်ာင္းဟန႔္လိုက္သံ
ေၾကာင့္ ရွင္းျမတ္နိုးပိုင္ အလိမ္မေပၚ
ပါေစနဲ႕ဟု ထပ္ခါတလဲလဲ ဆုေတာင္း
ေနရာမွ ေနာက္ကိုလွည့္ၾကည့္လိုက္သည္။

သူ ေတြ႕လိုက္တာက အေနာက္တိုင္း
၀တ်စုံအဖြူနဲ့ ေခ်ာေမာခန႔္ျငားသည္
ဆိုတာထက္ပိုကာ ေတာက္ပေနသည့္
လူငယ္တစ္ဦး။

အမဲေရာင္မ်က္မွန္းကိုင္းႏွင့္ စနစ္တက်
ေဘာင္ကြပ္ထားသည့္ နက္ေမွာင္ထူထဲ
သည့္ မ်က္ခုံးေအာက္က ဗန္ဒါေစ့ပုံ
မ်က္လုံး၊ ခြၽန္ျမေနေသာ ႏွာတံကထိပ္မွာ
လုံးေနကာ လိေမၼာ္ေရာင္ေျပေျပေလး
သန္းေနေသာ မထူမပါးအေနေတာ္
ႏႈတ္ခမ္းနဲ႕ေယာက်္ားဆန္သည့္ေမးရိုး
ႏွစ္ခြက အလယ္မွာမသိမသာကြဲေနကာ
ၾကည့္ေကာင္းသည္ ဆိုတာထက္ကိုပိုေန
ေပသည္။

ျဖဴ၀င္းတဲ့ အသားေပၚမွာ ခပ္ေရးေရး
ေလးေပါက္ေနတဲ့ စိမ္းဖန႔္ေနတဲ့
ႏႈတ္ခမ္းေမြး တခ်ိဴ႕က ေယာက်္ားဆန္မႈ
ကို ပိုၿပီးပံ့ပိုးေနသေယာင္။

သပ္သပ္ရပ္ရပ္ ပုံက်ေအာင္ေထာင္ထားတဲ့
အမဲေရာင္ဆံပင္က ၆ ေပေလာက္နီးပါရွည္တဲ့
အရပ္ကိုပိုရွည္ေစသည္ဟု ထင္ရေလသည္။

" မင္းက ... ႐ႊန္းျမတ္နိုးပိုင္လား "

ဆြဲမက္ဖြယ္ ႏႈတ္ခမ္းေကြးေကြးက ထြက္လာတဲ့
စကားလုံးေတြေၾကာင့္ ရွင္း ထိတ္ခနဲ
ျဖစ္သြားမိသည္။ ဒါ ... ထူးထက္ေခါင္ပဲ

" ဟုတ္တယ္ ......"

မပြင့္တပြင့္နဲ႕ ခပ္တိုးတိုးသာ ရွင္းေျပာ
လိုက္မိသည္။ ေၾကာက္လြန္းသျဖင့္
တစ္ကိုယ္လုံး ေခြၽးေတြစီးက်ေနကာ
အသက္ေတာင္ဘယ္အေပါက္ကရႉရမယ္
မွန္းမသိ.....။

"ငါက ထူးထက္ေခါင္ေလ သိတယ္
မလား မင္းနဲ႕ေစ့စပ္ရမယ့္ သတိုးသားေလာင္းပဲ "

" အင္း ....... "

သူ႕ကို လုံး၀လွည့္မၾကည့္ပဲ ေခါင္းႀကီးငုံ႕
ထားကာ မၾကားတၾကား ေျပာလိုက္တဲ့
႐ႊန္းျမတ္နိုးပိုင္ရဲ႕ စကားကို ထူးထက္
ေခါင္ အာ႐ုံစိုက္နားေထာင္လိုက္သည္။

တကယ္ဆို သူက အာ့ေလာက္
ေၾကာက္စရာမေကာင္းဖူးဟုထင္သည္။

ဘယ္ေလာက္ပဲ အခုမြ ဆုံဖူးတယ္ပဲ
ေျပာေျပာ သူ႕႐ုပ္ရည္သြင္ျပင္ဟာ
မိန္းကေလးတစ္ေယာက္ေၾကာက္ရ
ေလာက္ေအာင္မထိ စိတ္ပ်က္ေလာက္စရာ
မဟုတ္မွန္း သူသိပါသည္။

သူ႕အနားမွာ အၿမဲလိုလို ၀ိုင်း၀ိုင်းလည်နေတဲ့ မိန္းကေလးေတြက သက္ေသပင္။

ခပ္စြာစြာနိုင္ကာ ပြင့္လင္းသည္ ဟု
ထင္ရေလာက္ေသာ ႐ႊန္းျမတ္နိးပိုင္ရဲ႕
ဓါတ္ပုံထဲက ပုံစံနဲ႕ အခု သူ႕ကိုေၾကာက္ေနေသာ
႐ႊန္းျမတ္နိုးပိုင္ ဟာ လားလားမွမသက္ဆိုင္
သလိုပင္။

ကပိုကရိုက်ေနတဲ့ ဆံပင္ေအာက္ကေန
ျမင္ေနရတဲ့ မ်က္ေတာင္ေကာ့ေကာ့ေလးေတြ
ျမင္ေနရ႐ုံနဲ႕တင္ ခ်စ္စရာေကာင္းသည့္
မိန္းကေလးမွန္း သိသာေနသည္။

ေဘးတစ္ေစာင္းျမင္ေနရတဲ့ သူေရွ႕က
႐ႊန္းျမတ္နိုးပိုင္ဟာ အရပ္က သာမာန္
မိန္းကေလးေတြထက္ အနဲငယ္ရွည္ေနတာက
လြဲရင္ ျငင္းရက္စရာ မရွိေအာင္ကို ကဗ်ာ
တစ္ပုဒ္လိုပင္ ႏူးညံ့လွပသည္ဟု ထူးထက္ေခါင္
မွတ္ခ်က္ ခ်လိဳက္သည္....။

သို႔ေသာ္ျငားလည္း ဒီမိန္းကေလးကို
ႀကိဳက္သြားတာလားဆိုလွ်င္ေတာ့ သူ
မႀကိဳက္မိေသးပါ...။

ရင္ခုန္႐ုံသာျဖစ္သည္......

"လာေနာက္က်ေနၿပီ ...သြားရေအာင္ "

ေယာက်ာ္းေလးဘက္က စသင့္သည္ဟု
ယူဆေသာေၾကာင့္ ထူးထက္ေခါင္
အရင္ေျပာလိုက္ရင္း ႐ႊန္းျမတ္နိုးပိုင္ရဲ႕
လက္ကို ဆြဲကာ ထိုေနရာမွ ထြက္ခဲ့လိုက္သည္။

သူခံစားလိုက္ရတာက ႏူးညံ့ကာ
ေအးစက္ေနသာ လက္ေခ်ာင္းတစ္ခ်ိဴ႕။

ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ရဲ႕
ေျခလွမ္းမ်ားဟာ ခမ္းနားထည္ဝါမႈေတြနဲ႕
ေတာက္ပေနေသာ ေစ့စပ္မဂၤလာခန္းမႀကီးဆီသို႔။

A Seinn Kyaw
9 : 55 AM
Oct 2 / 2018

Continue Reading

You'll Also Like

30.5K 1.4K 36
Unicode "ချစ်သူဘဝတောင်မဖြတ်သန်းဘဲ အိမ်ထောင်ပြုဖို့ ပြောလိုက်ရလို့ တောင်းပန်ပါတယ် မင်းများဖြတ်သန်းချင်မလားလို့ " "ဟာ ဂန္နရာ မင်းငါ့ကို ချစ်နေတာ အခုမှ...
75.5K 4.9K 24
ဒီ fic ကို​ေရးဖို႔အတြက္​ အၾကံဥာဏ္​ရခဲ့တဲ့ ဂ်ဴးရဲ႕ သူ မင္​းကိုဘယ္​​ေတာ့မွနဲ႔ Ami ရဲ႕ အစိမ္​းရင္​့ရင္​့အလြမ္​း ကို​ေက်းဇူးတင္​ပါတယ္​.... Credit လဲ​ေပးပ...
611K 22.6K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။
2.5K 394 69
وتەی دڵتەزین هیوادارم بەدڵتان بێت تکایە ڤۆت کۆمێنت بکەن