The Dimple On His Cheek ( Com...

By aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 4

11.4K 1K 25
By aseinnkyaw

Unicode

"ဖေဖေ နဲ့မေမေ ...ရွှန်းကို ခွင့်လွတ်ပါ ...ရွှန်းယောကျ်ားမယူချင်လို့ ဦးငယ်ရှိတဲ့ ဂျပန်ကို လိုက်သွားပါပြီ ရွှန်းရဲ့လွတ်လပ်မှုတွေကို အိမ်ထောင်ဆိုတဲ့ထောင်ချောက်ကြီးထဲမှာ အကျမခံနိုင်ပါဘူး။ရွှန်းက တစ်သက်လုံး အပျိူကြီးလုပ်မှာပါ  ။တကယ်လို့ယောက်ျားယူရမယ်ဆိုရင်တောင် ရွှန်းက အေးချမ်းတဲ့ Japan နိုင်ငံက ကောင်လေးတစ်ယောက်ကိုပဲအိမ်ထောင်ဖက်အဖြစ်စဉ်းစာမှာပါ။ ရွှန်းကို အတင်းလိုက်ခေါ်ပြီး အတင်းအကြပ်စီစဉ်တာမျိူးတွေတော့ မလုပ်ပါနဲ့ ဖေဖေနဲမေမေ ။အဲလိုလုပ်တဲ့နေ့ဟာ ရွှန်းကိုယ့်ဘာသာ သတ်သေတဲ့နေ့ပဲ ဖြစ်မှာပါ။ အခုတော့ ရွှန်း Japan ကနေတဆင့် ကမ္ဘာပတ်ရင်း ငြိမ်းချမ်းတဲ့ဘ၀မှာ လွတ်လွတ်လပ်လပ် ပျံသန်းရင်း သာသနာပြုလိုက်ပါဦးမယ် ဒီစာကို မေမေတွေ့တဲ့အချိန် ရွှန်း လေယာဉ်ပေါ်ရောက်နေပါပြီ...ရွှန်းကို ခွင့်လွှတ်ပါဖေဖေနဲ့မေမေ ...........

ပုံ/ သမီးမိုက် ရွှန်းမြတ်နိုးပိုင် "

စာရဲ့အနောက်မှာလျှာထုတ်နေတဲ့ပုံပါဆွဲသွားသော ချစ်လှစွာသော သမီးမိုက်ကြီး ရွှန်းမြတ်နိုးပိုင်ရဲ့ အခန်းထဲကစာကို ဖတ်ပြီးပြီးချင်းမှာပဲ ဒေါ်ရတီခင်ခေါင်းထဲက မိုက်ခနဲဖြစ်သွားရသည်။

ရုတ်တရက်ဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

ယောကျာ်းယူရမယ့် ကိစ္စကို ရွှန်းရွှန်းတစ်ယောက် ဘာမှမပြောပဲ ငြိမ်ငြိမ်လေး လက်ခံနေကတည်းက ရွှန်းရွှန်း ဒီလို ကြိတ်ကြံနေမှန်း ဒေါ်ရတီခင် သိခဲ့သင့်တာပါ။

" ၀တီရေ ....၀တီ ..ပြသနာတော့အကြီးကြီးတတ်ပြီ"

ဒေါ်ရတီခင် ရဲ့အာခေါင်ခြစ်အော်လိုက်သံကြောင့် အပြင်သွားဖို့ ပြင်ဆင်နေတဲ့ ညီမဖြစ်သူဒေါ်ဝတီခင် တစ်ယောက် လန့်သွားရသည်။

ထို့နောက် ဒေါ်ရတီခင် ရှိနေရာကိုခပ်မြန်မြန်သွားလိုက်ကာ

" မမရယ် မနက်အစောကြီး အလန့်တကြားနဲ့ ဘာဖြစ်ရတာလဲ "

" နင်တူမ ရွှန်းရွှန်းလေ ငယ်လေးဆီကိုလိုက်သွားပြီ သူ့အဖေသိရင် ပြသနာအကြီးကြီး တတ်တော့မှာပဲ သဘက်ခါဆိုရင်ဘဲ ထူးထက်ခေါင်နဲ့ စေ့စပ်တော့မယ့်ဟာကို "

" ဘာ "

ဘာ ဆိုတဲ့ အာမေဍိတ်သံ နဲ့အတူဒေါ်၀တီခင် ရင်ထဲ ဒိတ်ခနဲဖြစ်သွားမိသည်။

အစ်မဖြစ်သူ ကို ကြည့်တော့လည်း ထိတ်ထိတ်ပြာပြာနဲ့ခြေမကိုင်မိလက်မကိုင်မိ။ရွှန်းရွှန်းအဖေ သူ့ခဲအိုသာ သိသွားလျှင်တော့ မိုးမိလောင်တော့မှာပင်။

"၀တီ..ငါတို့ဘာဆက်လုပ်ကြမလဲ သူ့အဖေသိသွားရင် မိုးမီးလောင်မှာစေ့စပ်ပွဲသာ ပျက်သွားရင်တော့ မမသဇင်တို့ ကိုသတိုးတို့နဲ့လည်း တစ်သက်လုံးမျက်နှာပျက်စရာတွေ ဖြစ်ကုန်မှာငါတော့သေချင်တာပါပဲအေ"

ဒေါ်ရတီခင် ငိုချင်သလိုဖြစ်လာရင်း အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။

ရွှန်းရွှန်းနဲ့စေ့စပ်ပေးမယ့် ထူးထက်ခေါင် ဆိုတာ စီးပွားရေး လုပ်ငန်းတွေအများကြီး ပိုင်ဆိုင်ထားတဲ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျော်ကြားလှတဲ့ လူငယ်သူဌေးလေးတစ်ဦး။

ထူးထက်ခေါင်အဖေ ဦးသတိုးခေါင်နဲ့ ဒေါ်ရတီခင် ရဲ့ခင်ပွန်းဖြစ်သူ ဦးမြတ်မင်းခန့်ဟာလည်း ဟိုးငယ်စဉ်ကလေးဘ၀ကတည်းက သူငယ်ချင်းတွေဖြစ်တာကတစ်ကြောင်း၊ သူမနဲ့ ကိုမြတ်မင်း တို့လက်ထပ်ခါစက အရင်းအနှီးလည်းမရှိ သာမန်စားနိုင်သောက်နိုင်ရုံနဲ့ရောင့်ရဲခဲ့ရတဲ့ ဘ၀လေးဟာ ကိုသတိုးခေါင်ရဲ့ကူညီစောင့်ရှောင့်မှုကြောင့် အခုလို ချမ်းချမ်းသာသာ နဲ့တင့်တောင်းတင့်တယ်နေနိုင်တာပင်...။

လခလေးနဲနဲနဲ့ သာမာန် Companyလေးတစ်ခုမှာ လုပ်နေတဲ့ ငယ်သူငယ်ချင်းမြတ်မင်းခန့်ကို ဦးသတိုးခေါင်ဟာ သူ့ရဲ့ ကြယ်ငါးပွင့် အဆင့်ဟိုတယ် တစ်ခုမှာမန်နေဂျာချူပ်ရာထူးအထိတိုးပေးခဲ့ကာ နောက်ဆုံး ဟိုတယ်မှာ ရှယ်ယာတွေပိုင်ဆိုင်တဲ့ ဒါရိုက်တာအဖွဲ့၀င်တစ်ယောက်ဖြစ်လာတဲ့အထိ မြေတောင်မြှောက်ပေးခဲ့တာဖြစ်သည်။

အခုဆို မိသားစုပိုင် Hotel တစ်ခုကိုတည်ထောင်လာနိုင်တဲ့အထိ ဦးသတိုးခေါင်ရဲ့ကျေးဇူးတွေမကင်းခဲ့တာမို့စေ့စပ်ပွဲ ကိစ္စကိုလက်လွတ်စပယ် ဖျက်သိမ်းလိုက်ဖို့လည်းမဖြစ်နိုင်ပါ..။ခင်ပွန်းဖြစ်သူ ကိုမြတ်မင်းသိလျှင်လည်း လုံး၀လက်ခံမှာမဟုတ်။ ဒေါ်ရတီခင် ရင်ဆိုင်ရမယ့် ပြသနာကြီးကို တွေးမိရင်းသက်ပြင်းသာ အခါခါချနေရသည်။

" မမ ..၀တီ အကြံတစ်ခုတော့ရပြီ "

လက်ဖျောက်တစ်ချက်တီးလိုက်ရင်းပြောလိုက်တဲ့ ညီမ ဖြစ်သူကြောင့်ဒေါ်ရတီခင် မျက်လုံးတွေဟာ မျှော်လင့်ချက်ရောင်ခြည်တစ်ချိူ့သန်းသွားသည်။

ထို့နောက် ညီမ ဖြစ်သူကို အားကိုးတကြီး ကြည့်လိုက်ရင်း ...

"ဘာအကြံလဲ ..၀တီ ငါ့ကို မြန်မြန်ပြောစမ်းပါအေ "

"မမ မေ့နေပြီလား မမ မွေးထားတာ အမြွှာလေးတွေဆိုတာ သဘက်ခါစေ့စပ်ပွဲမှာ ရွှန်းရွှန်းအစား ရှင်းလေးကိုခဏ အစားထိုးလိုက်ရင်ရော "

ညီမဖြစ်သူရဲ့ ကြီးမားလှတဲ့ မဟာ အကြံအစည်ကြီးကြောင့် ဒေါ်ရတီခင် မျက်လုံးမျက်ဆံတွေပါပြူးသွားရသည်။

ဒီညီမတစ်ယောက်ဟာ မဟုတ်တရုတ် အကြံအစည်တွေကို ဘယ်ကနေဘယ်လိုထွက်လာမှန်းမသိ။ ရွှန်းရွှန်း နေရာမှာ ရှင်းလေးကို အစားထိုးဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်တဲ့ ကိစ္စမဟုတ်။

"၀တီ ဖြစ်နိုင်တာကိုဘဲ ပြောစမ်းပါအေ.. ရှင်းလေးက ယောကျာ်းလေးလေ ဘယ်လိုလုပ် ရွှန်းရွှန်းနေရာကို ၀င်နိုင်မှာလဲ ။  သူ့အဖေသိသွားရင်လည်း ဒီကိစ္စကို လက်ခံမှာမဟုတ်ဘူး"

"မမနင်ဟာလေ တုံးတယ်လို့ပြောရင်လည်းမကြိုက်ဘူး ဒီနည်းလမ်းကလွဲရင် နင့်မှာဘာလုပ်စရာရှိလို့လဲ ကျွန်မသမီးလေးထွက်ပြေးသွားလို့ စေ့စပ်ပွဲဖျက်ပါရစေဆိုပြီး ဦးသတိုးခေါင်ကို နင်သွားပြောရဲလို့လား နင်သေချာစဉ်းစားကြည့်စမ်းပါ။ ကလေးတွေငယ်တုန်းကတောင် ရှင်းလေးနဲ့ရွှန်းရွှန်းကို ခွဲရခက်ခဲ့တာပဲလေ ရှင်းလေးက ရွှန်းရွှန်းထက်စာရင် ပိုတောင်မိန်းကလေးဆန်ပြီး နူးညံ့သေးတယ်။ ပြီးတော့ရှင်းလေးအသံကလည်း တခြားယောကျာ်းလေးသံတွေကို ခပ်သြသြမှမဟုတ်တာ အသံလေးက ဖုန်းပြောရင်တောင် မိန်းကလေးသံလိုချိူမြနေတာလေ။ စေ့စပ်ပွဲအတွက်လည်း အချိန်မှမရှိတော့တာ ရှင်းလေးကို ခဏအစားထိုးထားပြီး နောက်မှ ရွှန်းရွှန်းကို သေချာနားချပြီး ပြန်ခေါ်လို့ရပါတယ် အဓိက ကစေ့စပ်ပွဲ အောင်အောင်မြင်မြင်ပြီးသွားဖို့ဘဲမလား "

ဝတီပြောတော့လည်း ဟုတ်သလိုလိုပင်။ အဓိက က စေ့စပ်ပွဲမှာ သတိုးသမီးရှိနေဖို့ပဲမဟုတ်လား။ အခုကိစ္စ အခုရှင်း နောက်ကိစ္စနောက်ရှင်းလို့ရတာပဲလေ။

သေချာစဉ်းစားကြည့်တော့လည်း ရှင်းလေးနဲ့ ရွှန်းရွှန်းဟာ ခန္ဓာကိုယ်ကလည်း မတိမ်းမယိမ်းနဲ့ ရုပ်ကလေးကလည်း ခွဲမရအောင်တူတာပင်။ ရှင်းလေးက အရပ်လေး မဆိုမလောက်လေးပိုမြင့်ပြီး ယောကျာ်လေးနဲ့မိန်းကလေးမို့၀တ်ပုံစားပုံကြောင့်သာ အနဲငယ် ကွဲလွဲသွားတာပဲရှိသည်မဟုတ်လား။

ထူးထက်ခေါင်ကိုယ်တိုင်ကလည်း ရွှန်းရွှန်းကို တစ်ခါမှ အပြင်မှာတွေ့ဘူးတာမဟုတ်....။ ဒေါ်ရတီခင် သေချာစဉ်းစားပြီးဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချလိုက်သည်။

"ဟုတ်ပြီ ၀တီ နင့်အကြံကိုငါသဘောတူတယ်ပဲထားတော့ ရှင်းလေးက လက်ခံပါ့မလား ""

"မမရယ် ရှင်းလေးက ဘယ်လောက်လိမ္မာတဲ့သားလဲ မိဘစကားဆိုတစ်ခွန်းထဲ နားထောင်တဲ့ကလေးပါ မမသမီးဟိုဂဂျီကဂျောင်မမ ရွှန်းရွှန်းသာ ......"

ဒေါ်၀တီခင် က ရွှန်းရွှန်း နာမည်ကိုမတော်တဆ ပြောလိုက်မိပြီးမှ ကိုယ့်အမ စိတ်ညစ်နေမှာ၍ ပါးစပ်ကို
အလျင်အမြန်ပိတ်လိုက်ရသည်။

"အေးပါ ...ဒါနဲ့ရှင်းလေးကို ရွှန်းရွှန်း နဲ့တူအောင်လုပ်ဖို့ကရော "

" မမ ..နင့်ညီမ ၀တီက နာမည်ကြီးBeauty Saloon ပိုင်ရှင်လေ မေ့နေပြီလား သဘက်ခါ ရှင်းလေး ကိစ္စငါ့တာ၀န်ထားပါ နင့်သာ ဒီကိစ္စကို မြတ်မင်းကို တိုးတိုးတိတ်တိတ် နားချဖို့မမေ့နဲ့ "

"အေးပါဟယ် ညနေ ကိုမြတ်မင်းပြန်လာရင် ငါနား၀င်အောင်ရှင်းပြလိုက်ပါ့မယ်"

ဒေါ်ရတီခင် ပြောသာပြောလိုက်ရတာ။ ညနေ ကိုမြတ်မင်းကို ရွှန်းရွှန်းထွက်ပြေးသွားတဲ့အကြောင်းရော ရှင်းလေးကို ခဏလူစားထိုးမယ့် အကြောင်းကို‌ရော ပြောရမှာ ရင်ထထိတ်ထိတ်ပင်။

ကိုယ့်ယောကျာ်းဒေါသကို ကိုယ်သာအသိဆုံးမဟုတ်လား။ ဒီဂြိုလ်မွှေမ ရွှန်းရွှန်တစ်ယောက် စေ့စပ်မယ့်အကြောင်းပြောတုန်းက ဘာမှပြန်အတွန့်မတတ်ပဲ ငြိမ်နေကတည်းကသူသဘောပေါက်ခဲ့သင့်တာ။

ရွှန်းရွှန်းဆိုတာ မကြိုက်ရင်မကြိုက်ဘူး ဘွင်းဘွင်းရှင်းရှင်းကြီး ပြောတတ် ဆိုတတ် လုပ်တတ်တဲ့သူ မဟုတ်လား.....၊

မယ်မင်းကြီးမက တစ်သက်လုံး ယောကျာ်းမယူဘူးဟု မာန်တ၀င့်၀င့်နဲ့ကြွေးကြော်ထားတဲ့အတိုင်း မထင်မှတ်ထားတာကို လုပ်ချသွားတာပင်...။ ဒေါ်ရတီခင်မှာ ရွှန်းရွှန်းကို စိတ်ဆိုးရတာတစ်မျိူး တစ်ဖက်ကလည်းသားငယ်ရှင်းလေးကို အားနာနေရသည်။

ငယ်ငယ်လေးကတည်းက အခုချိန်ထိသူ့အစ်မရဲ့ အနွံအတာကို ခံခဲ့ရရှာသောရှင်းလေးဟာ အခုချိန်ထိ မိဘကိုတစ်ခါမှ ကလန်ကဆန်လုပ်ခဲ့ဖူးသူမဟုတ်။ မကြာသေးခင်ကမှ ထိုင်းကနေဘွဲ့ယူပြီးပြန်လာတဲ့ သားလေးဟာ ပြန်ရောက်တာမှမကြာသေး အမဖြစ်သူရဲ့ အရှုပ်ထုတ်ကြီးခေါင်းပေါ်တင်ထားရမှာမို့ ဒေါ်ရတီခင်မှာ သားဖြစ်သူကို အားနာပြီးရင်းအားနာ သနားပြီးရင်း သနားနေရပေသည်။

*************************************

@A Seinn Kyaw

Oct . 2 . 2018

💚💙💜❤

Zawgyi

"ေဖေဖ နဲ႕ေမေမ ...႐ႊန္းကို ခြင့္လြတ္ပါ
႐ႊန္းေယာက်္ားမယူခ်င္လို႔ ဦးငယ္
ရွိတဲ့ ဂ်ပန္ကို လိုက္သြားပါၿပီ ႐ႊန္းရဲ႕
လြတ္လပ္မႈေတြကို အိမ္ေထာင္ဆိုတဲ့
ေထာင္ေခ်ာက္ႀကီးထဲမွာ အက်မခံနိုင္ပါဖူး
႐ႊန္းက တစ္သက္လုံး အပ်ိဴႀကီးလုပ္မွာပါ
တကယ္လို႔ေယာက္်ားယူရမယ္ဆိုရင္
ေတာင္ ႐ႊန္းက ေအးခ်မ္းတဲ့ Japan
နိုင္ငံက ေကာင္ေလးတစ္ေယာက္ကိုပဲ
အိမ္ေထာင္ဖက္အျဖစ္စဥ္းစာမွာပါ
႐ႊန္းကို အတင္းလိုက္ေခၚၿပီး အတင္း
အၾကပ္စီစဥ္တာမ်ိဴးေတြေတာ့ မလုပ္ပါနဲ႕
ေဖေဖနဲေမေမ အဲလိုလုပ္တဲ့ေန႕ဟာ
႐ႊန္းကိုယ့္ဘာသာ သတ္ေသတဲ့ေန႕ပဲ
ျဖစ္မွာပါ အခုေတာ့ ႐ႊန္း Japan ေကန
တဆင့္ ကမၻာပတ္ရင္း ၿငိမ္းခ်မ္းတဲ့ဘ၀မွာ
လြတ္လြတ္လပ္လပ္ ပ်ံသန္းရင္း
သာသနာျပဳလိုက္ပါဦးမယ္ ဒီစာကို
ေမေမေတြ႕တဲ့အခ်ိန္ ႐ႊန္း ေလယာဥ္ေပၚ
ေရာက္ေနပါၿပီ...႐ႊန္းကို ခြင့္လႊတ္ပါ
ေဖေဖနဲ႕ေမေမ ...........

ပုံ/ သမီးမိုက္ ႐ႊန္းျမတ္နိုးပိုင္ "

စာရဲ႕အေနာက္မွာလွ်ာထုတ္ေနတဲ့ပုံပါ
ဆြဲသြားေသာ ခ်စ္လွစြာေသာ သမီး
မိုက္ႀကီး ႐ႊန္းျမတ္နိုးပိုင္ရဲ႕ အခန္းထဲကစာကို
ဖတ္ၿပီးၿပီးခ်င္းမွာပဲ ေဒၚရတီခင္
ေခါင္းထဲက မိုက္ခနဲျဖစ္သြားရသည္။

႐ုတ္တရက္ဆိုေတာ့ ဘာလုပ္လို႔
ဘာကိုင္ရမွန္းမသိ။

ေယာက်ာ္းယူရမယ့္ ကိစၥကို ႐ႊန္း႐ႊန္း
တစ္ေယာက္ ဘာမွမေျပာပဲ ၿငိမ္ၿငိမ္ေလး
လက္ခံေနကတည္းက ႐ႊန္း႐ႊန္း ဒီလို
ႀကိတ္ႀကံေနမွန္း ေဒၚရတီခင္ သိခဲ့သင့္တာပါ။

" ၀တီရေ ....၀တီ ..ျပသနာေတာ့
အႀကီးႀကီးတတ္ၿပီ"

ေဒၚရတီခင္ ရဲ႕အာေခါင္ျခစ္ေအာ္လိုက္သံေၾကာင့္ အျပင္သြားဖို႔ ျပင္ဆင္ေနတဲ့ ညီမျဖစ္သူ
ေဒၚဝတီခင္ တစ္ေယာက္ လန႔္သြားရသည္။

ထို႔ေနာက္ ေဒၚရတီခင္ ရွိေနရာကို
ခပ္ျမန္ျမန္သြားလိုက္ကာ

" မမရယ္ မနက္အေစာႀကီး အလန႔္
တၾကားနဲ႕ ဘာျဖစ္ရတာလဲ "

" နင္တူမ ႐ႊန္း႐ႊန္းေလ ငယ္ေလးဆီကို
လိုက္သြားၿပီ သူ႕အေဖသိရင္ ျပသနာ
အႀကီးႀကီး တတ္ေတာ့မွာပဲ သဘက္ခါ
ဆိုရင္ဘဲ ထူးထက္ေခါင္နဲ႕ ေစ့စပ္ေတာ့
မယ့္ဟာကို "

" ဘာ "

ဘာ ဆိုတဲ့ အာေမဍိတ္သံ နဲ႕အတူ
ေဒၚ၀တီခင္ ရင္ထဲ ဒိတ္ခနဲျဖစ္သြားမိသည္။

အစ္မျဖစ္သူ ကို ၾကည့္ေတာ့လည္း
ထိတ္ထိတ္ျပာျပာနဲ႕ေျခမကိုင္မိလက္မကိုင္မိ..။

႐ႊန္း႐ႊန္းအေဖ သူ႕ခဲအိုသာ သိသြားလွ်င္
ေတာ့ မိုးမိေလာင္ေတာ့မွာပင္။

"၀တီ..ငါတို႔ဘာဆက္လုပ္ၾကမလဲ
သူ႕အေဖသိသြားရင္ မိုးမီးေလာင္မွာ
ေစ့စပ္ပြဲသာ ပ်က္သြားရင္ေတာ့ မမသဇင္
တို႔ကိုသတိုးတို႔နဲ႕လည္း တစ္သက္လုံး
မ်က္ႏွာပ်က္စရာေတြ ျဖစ္ကုန္မွာ
ငါေတာ့ေသခ်င္တာပါပဲေအ "

ေဒၚရတီခင္ ငိုခ်င္သလိုျဖစ္လာရင္း
အ႐ုပ္ႀကိဳးျပတ္ထိုင္ခ်လိဳက္သည္။

႐ႊန္း႐ႊန္းနဲ႕ေစ့စပ္ေပးမယ့္ ထူးထက္ေခါင္
ဆိုတာ စီးပြားေရး လုပ္ငန္းေတြအမ်ားႀကီး
ပိုင္ဆိုင္ထားတဲ့ အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႕
ေက်ာ္ၾကားလွတဲ့ လူငယ္သူေဌးေလးတစ္ဦး။

ထူးထက္ေခါင္အေဖ ဦးသတိုးေခါင္နဲ႕
ေဒၚရတီခင္ ရဲ႕ခင္ပြန္းျဖစ္သူ ဦးျမတ္မင္းခန႔္
ဟာလည္း ဟိုးငယ္စဥ္ကေလးဘ၀ကတည္းက
သူငယ္ခ်င္းေတြျဖစ္တာကတစ္ေၾကာင္း၊
သူမ နဲ႕ ကိုျမတ္မင္း တို႔လက္ထပ္ခါစက
အရင္းအႏွီးလည္းမရွိ သာမန္ စားနိုင္
ေသာက္နိုင္႐ုံနဲ႕ေရာင့္ရဲခဲ့ရတဲ့ ဘ၀ေလးဟာ
ကိုသတိုးေခါင္ရဲ႕ကူညီေစာင့္ေရွာင့္မႈေၾကာင့္
အခုလို ခ်မ္းခ်မ္းသာသာ နဲ႕တင့္ေတာင္း
တင့္တယ္ေနနိုင္တာပင္...။

လခေလးနဲနဲနဲ႕ သာမာန္ Company
ေလးတစ္ခုမွာ လုပ္ေနတဲ့ ငယ္သူငယ္ခ်င္း
ျမတ္မင္းခန႔္ကို ဦးသတိုးေခါင္ဟာ သူ႕ရဲ႕
ၾကယ္ငါးပြင့္ အဆင့္ဟိုတယ္ တစ္ခုမွာ
မန္ေနဂ်ာခ်ဴပ္ရာထူးအထိတိုးေပးခဲ့ကာ
ေနာက္ဆုံး ဟိုတယ္မွာ ရွယ္ယာေတြ
ပိုင္ဆိုင္တဲ့ ဒါရိုက္တာအဖြဲ႕၀င္တစ္ေယာက္
ျဖစ္လာတဲ့အထိ ေျမေတာင္ျမႇောက္ေပးခဲ့တာ
ျဖစ္သည္။

အခုဆို မိသားစုပိုင္ Hotel တစ္ခုကို
တည္ေထာင္လာနိုင္တဲ့အထိ ဦးသတိုးေခါင္ရဲ႕
ေက်းဇူးေတြမကင္းခဲ့တာမို႔ေစ့စပ္ပြဲ ကိစၥကို
လက္လြတ္စပယ္ ဖ်က္သိမ္းလိုက္ဖို႔လည္း
မျဖစ္နိုင္ပါ..။

ခင္ပြန္းျဖစ္သူ ကိုျမတ္မင္းသိလွ်င္လည္း
လုံး၀လက္ခံမွာမဟုတ္။

ေဒၚရတီခင္ ရင္ဆိုင္ရမယ့္ ျပသနာႀကီးကို
ေတြးမိရင္းသက္ျပင္းသာ အခါခါခ်ေနရသည္။

" မမ ..၀တီ အႀကံတစ္ခုေတာ့ရၿပီ "

လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ရင္း
ေျပာလိုက္တဲ့ ညီမ ျဖစ္သူေၾကာင့္
ေဒၚရတီခင္ မ်က္လုံးေတြဟာ ေမွ်ာ္လင့္ခ်က္
ေရာင္ျခည္တစ္ခ်ိဴ႕သန္းသြားသည္။

ထို႔ေနာက္ ညီမ ျဖစ္သူကို အားကိုးသလို
ၾကည့္လိုက္ရင္း ...

"ဘာအႀကံလဲ ..၀တီ ငါ့ကို ျမန္ျမန္ေျပာ
စမ္းပါေအ "

"မမ ေမ့ေနၿပီလား မမ ေမြးထားတာ
အႁမႊာ ေလးေတြဆိုတာ သဘက္ခါ
ေစ့စပ္ပြဲမွာ ႐ႊန္း႐ႊန္းအစား ရွင္းေလးကို
ခဏ အစားထိုးလိုက္ရင္ေရာ "

ညီမျဖစ္သူရဲ႕ ႀကီးမားလွတဲ့ မဟာ အႀကံ
အစည္ႀကီးေၾကာင့္ ေဒၚရတီခင္ မ်က္လုံး
မ်က္ဆံေတြပါျပဴးသြားရသည္။

ဒီ ညီမတစ္ေယာက္ဟာ မဟုတ္တ႐ုတ္
အႀကံအစည္ေတြကို ဘယ္ကေန
ဘယ္လိုထြက္လာမွန္းမသိ။

ရွင္းေလးကို အစားထိုးဖို႔ဆိုတာ .......
ဘယ္လိုမွျဖစ္နိုင္မယ္မထင္ပါ

"၀တီ ျဖစ္နိုင္တာကိုဘဲ ေျပာစမ္းပါေအ
ရွင္းေလးက ေယာက်ာ္းေလးေလ
ဘယ္လိုလုပ္ ႐ႊန္း႐ႊန္းေနရာကို ၀င်နိုင်မှာလဲ
သူ႕အေဖသိသြားရင္လည္း ဒီကိစၥကို
လက္ခံမွာမဟုတ္ဖူး"

"မမနင္ဟာေလ တုံးတယ္လို႔ေျပာရင္
လည္းမႀကိဳက္ဖူး ဒီနည္းလမ္းကလြဲရင္
နင့္မွာဘာလုပ္စရာရွိလို႔လဲ ကြၽန္မသမီး
ေလးထြက္ေျပးသြားလို႔ ေစ့စပ္ပြဲဖ်က္ပါရေစ
ဆိုၿပီး ဦးသတိုးေခါင္ကို နင္သြားေျပာရဲလို႔လား
နင္ေသခ်ာစဥ္းစားၾကည့္စမ္းပါ ကေလးေတြ
ငယ္တုန္းကေတာင္ ရွင္းေလးနဲ႕႐ႊန္း႐ႊန္းကို
ခြဲရခက္ခဲ့တာပဲေလ ရွင္းေလးက ႐ႊန္း႐ႊန္း
ထက္စာရင္ ပိုေတာင္မိန္းကေလးဆန္ၿပီး
ႏူးညံ့ေသးတယ္ ၿပီးေတာ့ရွင္းေလး အသံ
ကလည္း တျခားေယာက်ာ္းေလးသံေတြကို
ခပ္ၾသၾသမွမဟုတ္တာ အသံေလးက
ဖုန္းေျပာရင္ေတာင္ မိန္းကေလးသံလို
ခ်ိဴျမေနတာေလ ေစ့စပ္ပြဲအတြက္လည္း
အခ်ိန္မွမရွိေတာ့တာ ရွင္းေလးကို ခဏ
အစားထိုးထားၿပီး ေနာက္မွ ႐ႊန္း႐ႊန္းကို
ေသခ်ာနားခ်ၿပီး ျပန္ေခၚလို႔ရပါတယ္
အဓိက ကေစ့စပ္ပြဲ ေအာင္ေအာင္ျမင္ျမင္
ၿပီးသြားဖို႔ဘဲမလား "

ဝတီေျပာေတာ့လည္း ဟုတ္သလိုလိုပင္

အဓိက က ေစ့စပ္ပြဲမွာ သတိုးသမီးရွိေနဖို႔ပဲ
မဟုတ္လား။ အခုကိစၥ အခုရွင္း
ေနာက္ကိစၥေနာက္ရွင္းလို႔ရတာပဲေလ။

ေသခ်ာစဥ္းစားၾကည့္ေတာ့လည္း နဲ႕
႐ႊန္း႐ႊန္းဟာ ခႏၶာကိုယ္ကလည္း မတိမ္း
မယိမ္းနဲ႕ ႐ုပ္ကေလးကလည္း ၿခဲမရ
ေအာင္တူတာပင္။

ရွင္းေလးက အရပ္ေလး မဆိုမေလာက္
္ပိုျမင့္ၿပီး ေယာက်ာ္ေလးနဲ႕မိန္းကေလးမို႔
၀တျပုံစားပုံကွောင့ျသာ အနဲငၾယၠဲႀလဲ
သြားတာပဲရွိသည္မဟုတ္လား။

ထူးထက္ေခါင္ကိုယ္တိုင္ကလည္း ႐ႊန္း႐ႊန္းကို
တစ္ခါမွ အျပင္မွာေတြ႕ဖူးတာမဟုတ္....။

ေဒၚရတီခင္ ေသခ်ာစဥ္းစားၿပီး ဆုံးျဖတ္
ခ္ကၠို ခိုင္ခိုင္မာမာခ်လိဳက္သည္။

"ဟုတ္ၿပီ ၀တီ နင့္အႀကံကိုငါသေဘာတူတယ္ပဲထားေတာ့ ရွင္းေလးက လက္ခံပါ့မလား ""

"မမရယ္ ရွင္းေလးက ဘယ္ေလာက္
လိမၼာတဲ့သားလဲ မိဘစကားဆိုတစ္ခြန္းထဲ
နားေထာင္တဲ့ကေလးပါ မမသမီး
ဟိုဂဂ်ီကေဂ်ာင္မမ ႐ႊန္း႐ႊန္းသာ ......"

ေဒၚ၀တီခင္ က ႐ႊန္း႐ႊန္း နာမည္ကို
မေတာ္တဆ ေျပာလိုက္မိၿပီးမွ ကိုယ့္
အမ စိတ္ညစ္ေနမွာ၍ ပါးစပၠို
အလ်င္အျမန္ပိတ္လိုက္ရသည္။

" ေအးပါ ...ဒါနဲ႕ရွင္းေလးကို ႐ႊန္း႐ႊန္း နဲ႕
တူေအာင္လုပ္ဖို႔ကေရာ "

" မမ ..နင့္ညီမ ၀တီက နာမည္ႀကီး
Beauty Saloon ပိုင္ရွင္ေလ ေမ့ေနၿပီ
လား သဘက္ခါ ရွင္းေလး ကိစၥငါ့တာ၀န္
ထားပါ နင့္သာ ဒီကိစၥဳ ကိုျမတ္မင္းကို
တိုးတိုးတိတ္တိတ္ နားခ်ဖိဳ႕မေမ့နဲ႕ "

"ေအးပါဟယ္ ေညန ကိုျမတ္မင္းျပန္လာရင္
ငါနား၀င္ေအာင္ရွင္းျပလိုက္ပါ့မယ္"

ေဒၚရတီခင္ ေျပာသာေျပာလိုက္ရတာ
ေညန ကိုျမတ္မင္းကို ႐ႊန္း႐ႊန္းထြက္ေျပး
သြားတဲ့အေၾကာင္းေရာ ရွင္းေလးကို
ခဏလူစားထိုးမယ့္ အေၾကာင္းက
ိုေျပာရမွာ ရင္ထထိတ္ထိတ္ပင္။

ကိုယ့္ေယာက်ာ္းေဒါသကို ကိုယ္သာ
အသိဆုံးမဟုတ္လား။

ဒီၿဂိဳလ္ေမႊမ ႐ႊန္း႐ႊန္း ေစ့စပ္မယ့္
အေၾကာင္းေျပာတုန္းက ဘာမြ ျပန္
အတြန႔္မတတ္ပဲ ၿငိမ္ေနကတည္းက
သူသေဘာေပါက္ခဲ့သင့္တာ။

႐ႊန္း႐ႊန္းဆိုတာ မႀကိဳက္ရင္မႀကိဳက္ဖူး
ဘြင္းဘြင္းရွင္းရွင္းႀကီးေျပာတတ္တဲ့
သူ မဟုတ္လား.....၊

မယ္မင္းႀကီးမက တစ္သက္လုံး
ေယာက်ာ္းမယူဖူးဟု မာန္တ၀င့္၀င့္နဲ႕
ေႂကြးေၾကာ္ထားတဲ့အတိုင္း မထင္မွတ္
ထားတာကို လုပ္ခ်သြားတာပင္...။

ေဒၚရတီခင္မွာ ႐ႊန္း႐ႊန္းကို စိတ္ဆိုး
ရတာတစ္မ်ိဴး တစ္ဖက္ကလည္း
သားငယ္ရွင္းေလးကို အားနာေနရသည္။

ငယ္ငယ္ေလးကတည္းက အခုခ်ိန္ထိ
သူ႕အစ္မရဲ႕ အႏြံအတာကို ခံခဲ့ရရွာေသာ
ရွင္းေလးဟာ အခုခ်ိန္ထိ မိဘကိုတစ္ခါမွ
ကလန္ကဆန္လုပ္ခဲ့ဖူးသူမဟုတ္။

မၾကာေသးခင္ကမွ ထိုင္းကေနဘြဲ႕ယူၿပီး
ျပန္လာတဲ့ သားေလးဟာ ျပန္ေရာက္တာမွ
မၾကာေသး အမျဖစ္သူရဲ႕ အရႈပ္ထုတ္ႀကီး
ေခါင္းေပၚတင္ထားရမွာမို႔ ေဒၚရတီခင္မွာ
သားျဖစ္သူကို အားနာၿပီးရင္းအားနာ
သနားၿပီးရင္း သနားေနရေပသည္။

******************************************************************************************

@A Seinn Kyaw

Oct . 2 . 2018

Continue Reading

You'll Also Like

33.1K 2.4K 30
ထက္ဦးသြင္ ရွား လင္းျမတ္သူ
149K 4.3K 40
(This is season 2) နွေတစ်ခေတ်သျှား×တိမ်ယံသွေးသစ် တိမ်စိုင်ဆိုတာ ဘယ်တုန်းကမှ ဖမ်းဆုပ်မရခဲ့တဲ့ ဒဏ်ရာလေးဘဲ... နွေ့နှလုံးသားနှင့်ရင်းကာ အသက်တမျှ နင့်အော...
611K 22.6K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။
2.1K 346 32
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio