The Dimple On His Cheek ( Com...
Da aseinnkyaw
464K 32.9K 2.4K
ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... Altro
Author's Note
Character Intro
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍
Part - 1
24.1K 1.2K 19
Da aseinnkyaw
Unicode
" ဗြဲ................ "
အလန့်တကြားအော်ငိုလိုက်တဲ့ သားငယ်လေးရဲ့ အသံကြောင့် မီးဖိုခန်းထဲတွင် ဟင်းချက်နေသော မိခင်ဖြစ်သူ ဒေါ်ရတီခင် လန့်သွားရသည်။
"ဟယ် ဒီကလေးတွေ ဘာဖြစ်ကြပြန်ပြီလဲ "
ကျက်ခါစ ဟင်းအိုးကို လက်စသတ်လိုက်ပြီး ကလေးတွေဆော့နေတဲ့ ဧည့်ခန်းရှိရာကို အမောတကော ပြေးထွက်လာမိတော့ ဒေါ်ရတီတွေ့လိုက်တာက ချောင်မှာကပ်ထိုင်ကာ မျက်ရည်ရွှဲလဲနဲ့ငိုနေသော သားငယ် ရှင်းမြတ်နိုးပိုင်နဲ့ သားငယ်အကြိုက်ဆုံး ၀က်ဝံရုပ်ကို ခွစီးကာ တခစ်ခစ်နဲ့ ကာတွန်းကားကြည့်ပြီး ရယ်နေသော သမီးဖြစ်သူ ရွှန်းမြတ်နိုးပိုင်ပင်.......။
"ရွှန်းရွှန်း သမီး မောင်လေးအရုပ်ကို လုပြန်ပြီလားမောင်လေးကိုအနိုင်မကျင့်ရဖူးလို့မေမေပြောထားတယ်လေ"
"မေမေကလည်း ရွှန်းရွှန်းက ကာတွန်းကားကို မောင်လေး၀က်ဝံရုပ်နဲ့ဖက်ပြီးကြည့်ချင်လို့ခဏဌားတာကို ရွှန်းရွှန်း ကာတွန်းကားကြည့်ပြီးသွားရင်ပြန်ပေးမှာပါ "
"သမီးကိုလည်း မေမေတစ်ရုပ်၀ယ်ပေးထားတယ်လေ ဘာလို့မောင်လေး အရုပ်ကိုမှယူရတာလဲ "
ရွှန်းရွှန်းအရုပ်က သေးသေးလေးဟာကို မောင်လေးဟာက ရွှန်းရွှန်းဟာထက် ပိုကြီးတယ် "
ဘယ်လိုပဲပြောပြောမနိုင်သော သမီးဖြစ်သူကို ကြည့်ပြီးဒေါ်ရတီ သက်ပြင်းဖွဖွ ချလိုက်သည်။
ရွှန်းရွှန်းဟာ စကားလေးကလည်းတတ်လှကာ မျက်လုံးဝိုင်းဝိုင်းလေးနှင့် ချစ်စဖွယ်ပြောတတ်တာမို့ဒေါ်ရတီခင်မှာ သမီးဖြစ်သူကို စိတ်လည်းမဆိုးနိုင်ပြန်။မောင်လေးကို အနိုင်ကျင့်တတ်တဲ့ ဇကလေးရှိပေမယ့် သူ့မောင်လေးကိုတော့ တုန်နေအောင်ချစ်တတ်တာကိုတော့ ဒေါ်ရတီ ကောင်းကောင်းသိသည်။
ကိုယ်၀န်စလွယ်ကတည်းက အမြွှာလေးဟု သိလိုက်ရချိန်မှာ အတိုင်းအသိပျော်ခဲ့ရသောဒေါ်ရတီမှာ မွေးလာတော့လည်း ငါးမိနစ်ပဲကွာတဲ့မိန်းကလေးနဲ့ယောကျာ်းလေးဖြစ်ပြီး ရုပ်ကလေးတွေကလည်း တူလှကာချစ်စရာကောင်းလှတာမို့နှစ်ယောက်လုံးကို တယုတယနဲ့ပိုးမွေးသလိုမွေးလာခဲ့ရတာပင်။
ငယ်ငယ်တုန်းကဆို မိခင်ဖြစ်တဲ့ သူကိုယ်တိုင်တောင် အမြွှာလေးတွေကို မခွဲတတ်ခဲ့။ အသက်ကလေးနဲနဲရလာတော့မှ သမီးရွှန်းရွှန်းလေးဟာ အမကြီးပီပီ တီတီတာတာနဲ့ စကားများလှကာ အငယ်ကောင်လေး ရှင်းလေးမှာတော့ ခပ်ကုတ်ကုတ်လေးသာ ဖြစ်ပြီး အေးအေးလူလူသာနေတတ်တာမို့ မတူညီတဲ့ အမူအရာလေးတွေ အကျင့်စရိုက်လေးတွေကြောင့်သာ အခုလို အလွယ်တကူ ခွဲခြား နိုင်တာပင်။
"ရှင်းလေးက ခွေးရုပ်လေး ခဏယူထားနော် မမကာတွန်းကားကြည့်ပြီးရင် သားအရုပ်လေးကို မေမေ ပြန်တောင်းပေးမယ် "
ရှုံ့မဲ့မဲ့နဲ့ ခွေးရုပ်ကလေး လှမ်းယူလိုက်သော သားဖြစ်သူကို ဒေါ်ရတီ ဂရုဏာသက်စွာ လှမ်းကြည့်ကာ ၀ဲကျနေတဲ့ သား ရဲ့ ဆံပင်ပျော့ပျော့လေးတွေကို ဆွဲဖွလိုက်သည်...။
"သားလေးက မေမေနဲ့လိုက်ခဲ့ ..မေမေတစ်ယောက်တည်း ပင်ပန်းနေလို့ မေမေ့ကိုဟင်းချက်ကူနော် "
ကမ်းပေးလိုက်သော သူ့လက်ကို တွဲလာတဲ့ သားငယ် ရှင်းလေးရဲ့လက်ဖြူဖြူ သေးသေးလေးတွေကို ဒေါ်ရတီခင် ဆုပ်ကိုင်လိုက်ကာ မီးဖိုခန်းထဲ ခေါ်ခဲ့လိုက်သည်။
" လာ ..မေမေ့ကို ဟင်းရွက်သင်ကူ "
" ဟုတ် မေမေ "
သားရဲဲ့ချစ်စရာအပြောကို ဒေါ်ရတီ သဘောကျသွားရသည်။ ၅နှစ်အရွယ်လေးနဲ့မလိုက်အောင်ပင် လက်သေးသေးလေးတွေနဲ့သူ ဟင်းရွက်သင်တဲ့ ပုံစံအတိုင်း ခဏလေးနဲ့ တစ်ပုံစံလည်း လိုက်လုပ်ကာ လိမ္မာလွန်းလှတဲ့ သားငယ်ကို ကြည့်ပြီး ပီတိတွေဖြာနေရသည်။အကြီးမ ရွှန်းရွှန်းလေးဟာ ဂျစ်တစ်တစ်နိုင်သလောက် ရှင်းလေးကတော့ နူးညံ့လှတာမို့ မိန်းကလေးနဲ့ယောက်ျားလေး များ မှားမွေးလာမိသလားတောင် ထင်ရလေသည်။
*************************************
"မေမေရေ ရှင်းလေးကိုလာကြည့်ပါဦး "
ရွှန်းရွှန်းရဲ့ အသံစူးစူးလေးဟာ တစ်အိမ်လုံးကိုလွှမ်းသွားတာမို့ ဘုရားပန်းအိုးလဲနေတဲ့ဒေါ်ရတီခင်သာမက တီလေးဖြစ်တဲ့ ဒေါ်၀တီခင်ပါ အလန့်တကြားနဲ့အခန်းထဲ ပြေး၀င်လာကျသည်။
"ရွှန်းရွှန်းရယ်..ဘာဖြစ်ရပြန်တာလဲ အသံပြဲကြီးနဲ့"
ရောက်ရောက်ချင်းဒေါ်ရတီခင်က ဆူလိုက်တာကြောင့် ရွှန်းရွှန်းလေးက ဇက်ကလေးလိုက်ကာ ချစ်စဖွယ်အမူအရာနဲ့ နှုတ်ခမ်းလေးစူထော်လိုက်ရင်း
"မေမေကလည်း ရွှန်း ကိုဆို ဆူဖို့ချည်းပဲ ဒီမှာမောင်လေးကို ကြည့်ပါဦး ရွှန်း မိတ်ကပ်ပြင်ပေးထားတာလှလားလို့ "
" ဘာ ...... "
ရွှန်းရွှန်းရဲ့စကားအဆုံးမှာ ဒေါ်ရတီခင် သား ဖြစ်သူကို အလန့်တကြားနဲ့ကြည့်လိုက်မိသည်။
သူ့အမရဲ့အနီရောင် ဂါ၀န်လေး၀တ်ထားကာ မျက်လုံးဝိုင်းဝိုင်းကလေးမှာလည်း အရောင်စုံ အိုင်းလိုင်နာတွေ ခြယ်ထားပြီး မျက်တောင်ကော့ ကော့စင်းစင်းကလေးတွေနဲ့မို့ ချစ်စရာကောင်းလွန်းလှကာ ဘိုမရုပ်ကလေးနဲ့ပင်တူလွန်းနေသည် ကိုတော့ ငြင်းမရ။
ပါးမို့မို့လေးမှာလည်း ပန်းရောင်လေးခြယ်သထားသေးတာကြောင့် လှချင်တိုင်းလှနေသော သားဖြစ်သူကို ကြည့်ကာ ဒေါ်ရတီခင် အသက်ရှူတွေတောင် မ၀ချင်တော့....။
"ဟယ် ငါ့တူလေးလှချက်အေ ရွှန်းရွှန်း ညည်းက မိတ်ကပ်အတော် လိမ်းတတ်တာပဲ ငါ့ တူမမို့ထင်တယ် "
တီလေးဖြစ်သူ ဒေါ်၀တီခင်က ချီးကျူးစကားဆိုလိုက်တာမို့ ရွှန်းရွှန်း မျက်နှာက ပြုံးဖြီးသွားသည်။
"ရွှန်းရွှန်းမောင်လေးကဘယ်လောက်ပဲ သည်းခံတယ်ဆိုပေမဲ့ မောင်လေးကို ဒီလိုတော့ အနိုင်မကျင့်နဲ့လေမေမေသမီးကိုမှာထားတယ်မလား မောင်လေးကိုနောက်တစ်ခါ ဒီလိုတွေလျှောက်လုပ်နေရင် မေမေ သမီးကိုအပြစ်ပေးရလိမ့်မယ် "
ဒေါ်ရတီခင်ကတော့ သားဖြစ်သူ အခုလိုမျိူး မိတ်ကပ်လိမ်းချယ်ထားတာကို မကြိုက်လှပေ။ မျက်နှာထား တင်းတင်းနဲ့ ဆူလိုက်တော့မှ ရွှန်းရွှန်း တစ်ယောက်ငြိမ်ကျသွားသည်။ဒီလိုမှ မဆူလျှင် ဒီသမီးတစ်ယောက်နဲ့တော့ လွယ်မှာမဟုတ်။ အသက်က ဆယ်နှစ်ထဲရောက်နေပြီ။ အခုထိ သူ့မောင်လေးကို မိတ်ကပ်လိမ်းတမ်း ဆော့နေတာကတော့ အမြင်မသင့်လှပေ။ ငယ်သေးလို့ကစားတာ အကြောင်းမဟုတ်ပေမယ့် သူ့အဖေသိသွားလျှင် မိုးမီးလောင်မှာစိုးလို့သာ အမုန်းခံ တားရတာပင်.....။
"မေမေ... မမကို မဆူပါနဲ့ သားဘာမှမဖြစ်ပါဘူး "
ရှင်းလေးက ၀င်‌ပြောလိုက်တာမို့သမီးကို ဆူနေရင်းမှာပင် ဒေါ်ရတီခင် သားဖြစ်သူကို ကြည့်လိုက်သည်။
သူ့အမကို ချစ်လွန်းလှကာ သူ့အပေါ်ဘယ်လောက်ပဲ ဆိုးဆိုးသည်းခံပေးရှာတဲ့ သားလေးဟာငါးတန်း အရွယ်လေးနဲ့မလိုက်အောင်ကို ရင့်ကျက်လှတာပင်။
"မမရယ် .ကလေးတွေသူ့ဘာသာ အဆင်ပြေနေတာ လွှတ်ထားလိုက်ပါ "
"၀တီ ငါ့သားက သည်းခံလို့သာ အဆင်ပြေနေတာ ညည်းတူမ လုပ်ပုံနဲ့ကြာရင် ငါ့သားအခြောက်ဖြစ်တော့မယ် "
"ဟယ်မမကလည်း ပေါက်ပေါက်ရှာရှာ "
"မေမေ ရှင်းလေးက သမီး မိတ်ကပ်လေးလိမ်းပေးရုံနဲ့ အခြောက်မဖြစ်ပါဘူး။ အခုခေတ်မင်းသားတွေ အဆိုတော်တွေတောင် မိတ်ကပ်လိမ်းကျသေးတာပဲ ။ မေမေ သာ တစ်ချိန်လုံး ရှင်းလေးကို မီးဖိုခန်းထဲမှာ ဟင်းကူချက်ခိုင်းရနဲ့ ဈေး၀ယ်ရင် ခေါ်သွားရနဲ့ အဲတာမှ ရှင်းလေး တကယ်အခြောက်ဖြစ်မှာ "
"ဟယ်...ဒီကောင်မလေးတော့ နာတော့မယ် "
ဒေါ်ရတီက လက်နဲ့လှမ်းရွယ်လိုက်တာမို့ ရွှန်းရွှန်းက ဇက်ကလေးပုကာ လျှာထုတ်ပြလိုက်လျက် သူ့တီလေး နောက်၀င်ပုန်းလိုက်တာကြောင့် ချစ်စရာကောင်းတဲ့ရွှန်းရွှန်းအပြုအမူကိုကြည့်ရင်း တစ်ခန်းလုံးရယ်သံတွေနဲ့ဆူညံသွားသည်။ စိတ်ဆိုးနေလည်း ခဏနဲ့ပြေသွားအောင် လုပ်နိုင်သော သမီးဖြစ်သူရဲ့ ချစ်စရာအမူအရာတွေကြောင့် ဒေါ်ရတီခင် မရယ်ပဲ မနေနိုင်တော့..။
ရွှန်းမြတ်နိုးပိုင်် နဲ့ရှင်းမြတ်နိုးပိုင် ....
မတူညီတဲ့အကျင့်စရိုက်နဲ့မွေးလာတဲ့ သူ့ရဲ့ အသွေးအသားထဲက ဖြစ်တည် လာတဲ့ ဒီအမြွှာလေးနှစ်ယောက်ကိုတော့ဒေါ်ရတီခင် ငုံထားမတတ်ချစ်လေသည်။
*********************************************
"ရှင်းလေးနင် အရမ်းမိုက်သွားပြီ အဲတာကြောင့် ပြောပါတယ် ငါ့ကို အားကိုးလိုက်ပါဆို "
ရွှန်းမြတ်နိုးပိုင်က ဘေးကနေဆရာမကြီး အထာနဲ့လှမ်း ပြောလိုက်တာမို့ ရှင်းက ငွေမှင်ရောင်ပြေပြေလေးသမ်းနေသော သူ့ဆံပင် ပုံစံအသစ်ကို မှန်ထဲကနေ လှမ်းကြည့်လိုက်သည်။
မွေးကတည်းက တစ်ခါမှ မတို့မထိဖူးခဲ့တဲ့ သူဆံပင်တွေကို ချစ်လှစွာသော အမရဲ့ကောင်းမှုကြောင့်အရောင်ဆိုးကာ ပုံစံလာပြောင်းဖြစ်တာပင် ....။ ရွှန်းရွှန်းက ဆံပင်ကို အညိုရောင်ပဲဆိုးကာ ရှင်းလေးကိုတော့ ငွေရောင်ဖောက်တဲ့ အဝါဖျော့ရောင် (Blonde Hair)လေး ဆိုးခိုင်းတာကြောင့် ရှင်းလေးမှာ အမတော် အမျက်ရှရင် သုံးလေးရက်လောက်နားငြီးနေမှာ ကြိုသိနေတာမို့ ဆိုးလိုက်တာပင်ဖြစ်သည်။ နဖူးမှာလည်း ရှေ့ဆံပင်ထူထူတွေက အုပ်အုပ်လေးကျနေကာ ရမ်းလိုက်တိုင်း ၀ဲ၀ဲလေးဖြစ်နေတာမို့ သူ့ဆံပင်တွေကို ကြည့်ပြီး သူကိုယ်သူတောင် ကျေနပ်နေရသည်.....။
ဒီတစ်ခါ ရွှန်းရွှန်းဆေးထိုးတာ သိပ်တော့မဆိုးလှ ။
"ညီလေး.ကိုယ်ညှပ်ပေးထားတာ အဆင်ပြေရဲ့လား... "
သူ့ပါးနှစ်ဖက်ကို နောက်ကနေအုပ်ကိုင်ပြီး မှန်ထဲကနေ စူးစိုက်ကြည့်ရင်း ပြောလာတဲ့ Hair Stylist အကိုကြီးကြောင့် ရှင်း အလိုလိုကျောချမ်းကာ တွန့်သွားမိသည်။ ထို့နောက် စိတ်ရှုပ်လှစွာပင် ခေါင်းကို ခပ်မြန်မြန် ငြိမ့်ပြလိုက်သည်။
သူ ဆယ်တန်းတတ်နေတုန်းကလည်း ယောကျ်ားလေးတော်တော်များများရဲ့ ရိသလို သဲ့သလို ခပ်ရိုင်းရိုင်းအကြည့်တွေနဲ့ အမြဲအကြည့်ခံနေရတာမို့ သူ့အတွက် ဒါတွေဟာ သိပ်တော့ မဆန်းတော့။ ဒါပေမဲ့လည်း သူ့ကိုတွေ့လိုက်တိုင်း သားကောင်တစ်ကောင်ကို ဝါးမြိုတော့မယ့်မုဆိုးတွေလို စူးစူးရဲရဲ ကြည့်တတ်တဲ့ အရွယ်စုံယောကျာ်းတွေများနေတာကိုတော့ ရှင်း စိတ်ညစ်ရပါသည်...။
ဆယ်တန်းတတ်နေစဉ် အချိန်ကတည်းက မိန်းကလေးတွေရော ယောက်ျားလေးတွေပါမကျန် စိတ်၀င်စားခံရတဲ့ အမြဲလိုလို အတန်းထဲမှာ ရည်းစားစာပေးခံရလေ့ရှိတဲ့ ရှင်းမြတ်နိုးပိုင်ဟာ သူ့အစ်မ ရွှန်းရွှန်းထက် စာလျှင်တော့ ပိုပြီးစန်းပွင့်လှတာပင်။ ရှင်းကိုစိတ်၀င်စားကြတဲ့ လူအများစုဟာကြမ်းကြမ်းတမ်းတမ်း နဲ့တစ်ခုခုဆို ချမယ်ဟေ့ရိုက်မယ်ဟဲ့ ဆိုတဲ့ သူ့အမ ရွှန်းရွှန်းကို ကြောက်နေတာနဲ့ပင် တစ်လထက်ပိုမလိုက်နိုင်ကြ။
ရွှန်းရွှန်းနဲ့ရှင်းဟာ ရုပ်ကလေးက ခွဲမရအောင်တူပြီး နှစ်ယောက်စလုံးချစ်စရာကောင်းကြသော်လည်း ရှင်းက အေးအေးလေးဖြစ်ကာရွှန်းရွှန်း ကတော့အာပြဲကြီးနဲ့အော်တတ်ပြီး လက်ရဲဇက်ရဲ နိုင်လှတာမို့ ရွှန်းရွှန်းဆိုလျှင် ကပ်တဲ့သူမရှိပဲ မတော်တဆ ချစ်မိသွားလျှင်တောင် အဝေးချစ်နဲ့ပဲ တိတ်တခိုးချစ်ကြတာဖြစ်သည်။ ခေါင်းကွဲခံနိုင်သည့်သူများ ခေါင်းမာသူများသာ ရွှန်ရွှန်းအနား ကပ်ရဲကြတာဖြစ်သည်။
အခုလည်းကြည့် သူ့မောင် ရှင်းကို ရိသဲ့သဲ့ လုပ်နေတဲ့ Hair Stylist ကို ရွှန်းရွှန်းက ဘေးကနေ မဲ့ကာရွဲ့ကာဖြင့် ပယ်ပယ်နယ်နယ်စူးစိုက်ကြည့်ကာ ....
"အမလေး  Hair Stylist ကြီးရယ် ရှင်းလေးကို ကြည့်နေတာ မျက်စိနှစ်လုံးကျွတ်ကျတော့မယ် ဆံပင်ညှပ်နေတာလားအသားယူနေတာလား မသဲကွဲဘူး ဟင်း...ဟင်း "
"မမ .."
တဲ့တိုးကြီးဖဲ့လိုက်တဲ့ ရွှန်းရွှန်းကြောင့် သိသိသာသာ မျက်နှာပျက်သွားတဲ့ Hair Stylish ကိုအားနာလွန်းကာ ရှင်းက အံကြိတ်ပြလိုက်သည်။
ဒီအစ်မလုပ်ပေါက်နဲ့တော့မလွယ်ပါဖူး...တော်ကြာ ဟိုကစိတ်ဆိုးပြီး သူခေါင်းက အမွှေးတွေပြောင်အောင်ရိတ်ပစ်လိုက်မှ။
ရှင်းက ကျသင့်ငွေကို ခပ်မြန်မြန်ရှင်းလိုက်လျက် ရွှန်းရွှန်းကို လက်ဆွဲခေါ်ကာ ဆိုင်ထဲက ခပ်မြန်မြန်ပင်ထွက်လာရသည်.....။ ထွက်မလာလည်း ရွှန်းရွှန်းလုပ်ပေါက်နဲ့ ဆိုင်ထဲက ရိုက်ထုတ်တော့မှာပင်။
"မမ နင်ဟာလေ စကားပြောကို မဆင်ခြင်ဘူး နင်အခုလိုလုပ်လိုက်တော့မျက်နှာပျက်စရာ ဖြစ်ရောမလား "
"အမေလး ပျက်လည်း ဂရုမစိုက်ပေါင်..ဒီဆိုင်မရရင် နောက်တစ်ဆိုင်သွားမှာပေါ့ ဟွန့် ဒီဆိုင်က အကောင်တွေကလည်း နှာဘူးလိုက်တာပြောမနေနဲ့ မိန်းကလေးဖြစ်တဲ့ ငါ့ကိုတောင် စေ့စေ့မကြည့်ဖူး နင့်ကို မတရားသဖြင့် အလကားရတိုင်း ဘီလူးသရဲ စီးနေသလို စူးစိုက်ကြည့်နေတာ ဝါးစားမတတ်ပဲ။ နင်လည်းငြိမ်ခံနေသိလာား။ ငါရှိနေလို့သာပေါ့ ငါသာမရှိရင် နင့်ကိုဘယ်အချိန် ဘယ်အကောင်၀င်ပြီးဆွဲစိသွားမလဲမသိဘူး"
"ဟား .ဟား ငါက ယောကျာ်းလေးပါ မမရယ် ငါ့ကို စိတ်မပူဘဲ နင့်ကိုနင်ပဲ စိတ်ပူစမ်းပါ "
"ဘာယောကျာ်းလေးလဲ ဟို ခန့်စည်သူအခြောက်ကားထဲကလို ငါဟဲ့ယောကျာ်း ဆိုတဲ့ယောကျာ်းမျိူးလား ..."
ရွှန်းရွှန်းက လက်သီးလက်မောင်းတန်းလိုက်ပြီး ခန့်စည်သူ လုပ်သလို"ငါဟဲ့ယောကျ်ား " ဆိုတဲ့မြန်မာကားတွေထဲက အခြောက်တွေလို နွဲ့တဲ့တဲ့ လုပ်ပြလိုက်တာမို့ရှင်းက ခွက်ထိုးခွက်လန် ရယ်လိုက်သည်.....။
ရွှန်းရွှန်း လုပ်ပြပုံက မျက်နှာအမူအရာတွေက အိုက်တင်အပြည့်ဖို့ ဘေးကတစိမ်းကြည့်မိရင်တောင် ရယ်စရာပင် .....။
" တောင် .. တောင် "
ရှင်းလက်ထဲက ဖုန်းမှ Messenger Notification ဆက်တိုက်ဆိုသလိုတတ်လာတဲ့ အသံကြောင့် နှစ်ယောက်သား ရယ်သံတွေက ရုတ်တရက် ဆိုသလို တိတ်ဆိတ်သွားသည်။
"ငရှင်း ပြစမ်း ဘယ်သူလဲနင့်ကိုစာပို့တာ"
စပ်စုစိန် ရွှန်းရွှန်းရဲ့ နဂါးမျက်စောင်းနဲ့အတူ မြန်ဆန်လှတဲ့ လက်တစ်ဖက် ရောက်မလာခင်မှာပဲ ရှင်း ဖုန်းကို အမြန်ဖွက်လိုက်ရသည်။ ထင်ထားသည့်အတိုင်း ရွှန်းရွှန်းက ပြောလည်းပြော ဆွဲလည်းလုလိုက်တာမို့ ရှင်း မနဲပင်ရှောင်လိုက်ရသည်။ တစ်ခုခုဆို ဇိုးကနဲ ဇတ်ကနဲလုပ်တတ်တဲ့ သူ့အမ ရွှန်းရွှန်းဟာ  တကယ်မလွယ်ကျောပင်။
ရွှန်းရွှန်းထက်စာလျှင် ရှင်းက အရပ်နဲနဲ ပိုရှည်တာမို့လက်ကိုမိုးပေါ်ဆန့်တန်းထားတာကြောင့် ရွှန်းရွှန်းက အောက်ကနေ ခုန်ဆွခုန်ဆွနဲ့လုနေပေသည်...။
"ရှင်း .နင် ရိုးရိုးသားသားတော့မဟုတ်ဘူး ရည်းစားတွေ ဘာတွေရနေမလား.. ကောင်စုတ် ...ကိုယ့်အမကို လျှိူထားတယ်ပေါ့ ဟုတ်လား "
ဖုန်းလုနေရင်းနဲ့က နှုတ်ခမ်းကြီးတစ်တောင်လောက် ဆူထော်နေကာ ဆူဆူအောင့်အောင့်ပြောနေသော ရွှန်းရွှန်းကိုကြည့်ပြီး ရှင်း မရယ်ပဲမနေနိုင် ။ ဟိုးငယ်ငယ်ကတည်းက အတူတူ ရှိလာခဲ့တဲ့ ရဲဖော်ရဲဖက် သူ့အစ်မ။
မေမေ မသိအောင်တစ်မျိူး သိိအောင်တစ်မျိူးသူ့ကို မကြာခဏဆိုသလို အနိုင်ကျင့် ဗိုလ်ကျတတ်ပေမယ့် သူ အခက်အခဲတွေ ကြုံလာတိုင်း ဒီအမပဲ အနားမှာ အမြဲ အေးအတူပူအမျှ ရှိနေပေးခဲ့တာ မဟုတ်လား။
ငါးမိနစ်လောက်ပဲ ကွာပြီးမွေးလာတာပေမယ့် အမဟာ သူ့ကို ရွှန်းရွှန်းလို့ခေါ်ရင်မကြိုက်တာကြောင့် မမဟု ငယ်ငယ်ကတည်းက ခေါ်ခဲ့တာ နှုတ်ကျိူးနေပြီတောင် ဖြစ်သည်။ ဆယ်တန်းအောင်စာရင်းထွက်တော့ သူရော ရွှန်းရွှန်းပါ ဂုဏ်ထူးလေးခုစီပါခဲ့တာကြောင့် ထိုအချိန်တွေဟာ ဖေဖေနဲ့မေမေ့ရဲ့ အပျော်ဆုံး အချိန်တွေဖြစ်ခဲ့သည်လေ။ဆယ်တန်းအောင်ပြီး သင်တန်းတွေတတ် ကျတော့လည်း နှစ်ယောက်လုံး အတူတူပင်.....။
"မမရာ .ဘာမှမဟုတ်ပါဘူးဆိုကွာ ဒီအတိုင်း ငါ့သူငယ်ချင်းနဲ့ပြောတာပါ ငါရည်းစားရရင် နင့်ကိုအရင်ဆုံး ပြောပြမယ်ဟုတ်ပြီလား "
"ဟွန်း  ပြီးရော .မပြောလို့ကတော့ သေပြီသာမှတ် ရှင်းစုတ် "
"အေးပါ ..နင်လည်း ငါ့ကိုအနိုင်ကျင့်တာလေးတွေ နဲနဲလျော့ မကြာခင် နင်နဲ့ငါခွဲရတော့မှာ အဲခါမှ ငါ့ကိုလွမ်းမနေနဲ့ ကိုယ့်မောင်လေးကိုအနိုင်ကျင့် ခဲ့လေခြင်းဆိုပြီး နင်နောင်တရနေမှာစိုးလို့ သတိပေးတာ "
"ဆုတောင်းလေ.နင့်ကိုလွမ်းဖို့နေနေသာသာငါ့ဟာ ငါ Anime တွေကြည့် Manga တွေဖတ်နေရတာနဲ့ အချိန်လောက်မှာကို မဟုတ်ဘူး"
ဟန်မပျက် ပြောလိုက်ရတာ ဆိုပေမယ့် ရှင်းလေးနဲ့တကယ်ခွဲရတော့မယ်ဆိုတာ တွေးမိတိုင်း ရွှန်းရွှန်းစိတ်မကောင်း။ မကြာခင်မှာ ရှင်းလေးဟာ သူတတ်ချင်လွန်းတဲ့ ထိုင်းနိုင်ငံက Architectural School တစ်ခုမှာScholarshipအောင်ပြီး ကျောင်းသွားတတ် ရတော့မှာပင်။
ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါပြီး အနုပညာကိုအသေးစိတ် ပုံဖော်ခံစားတတ်တဲ့ ရှင်းလေးဟာ သူ့ရည်မှန်းချက်ဖြစ်တဲ့ Architect တစ်ယောက်ဖြစ်အောင်ကြိုစားမယ်လို့ဆုံးဖြတ်ထားတဲ့အတိုင်း တကယ် ဖြစ်အောင်လုပ်ပြတတ်တာမို့ ရွှန်းရွှန်း ဒီတစ်ချက်တော့ ရှင်းလေးကို အထင်ကြီးလေးစားမိသည်။အိမ်မက်တွေတပုံတပင်နဲ့ ယုံကြည်ချက်တွေပွေ့ပိုက်ရင်း ပျော်နေတဲ့ ရှင်းလေးကိုကြည့်ပြီးရွှန်းရွှန်း ကျေနပ်စွာ ပြုံးမိသည်...။
ဂုဏ်ထူးလေးခုစီ ထွက်ခဲ့ပေမယ့် ရွှန်းရွှန်းကတော့ ရှင်းလေးနဲ့ ခံယူချက်ချင်းမတူပါ။ ဘ၀ကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းချင်တဲ့ ရွှန်းရွှန်းကမန္တလေးမှာပဲ နေခဲ့ကာ UFL မှာ Japan ဘာသာယူဖို့ ဆုံးဖြတ်ထားတာပင်။
ရွှန်းရွှန်း ဘ၀မှာ Japan Anime တွေ ကြည့်ရတာလောက် ဘာကို စွဲလမ်းရူးသွပ်တာမရှိ...။
ငယ်ငယ်ကတည်းက လူကြီးတွေက ဘာလုပ်ချင်လဲ မေးရင် Japan မှာနေ Japan ကကောင်လေးတွေနဲ့လက်ထပ်ပြီး ကလေးတွေအများကြီးမွေးမှာ ဟုသာ ဖြေတတ်ခဲ့တာဖြစ်သည်။ အနောက်နိုင်ငံတွေက မုတ်ဆိတ်မွှေးတွေ၊ Six packs နဲ့ဗလတောင့်တောင့် ယောကျ်ားမျိူးတွေထက်စာလျှင် ဆံပင်ရှည်ရှည် မျက်လုံးမှေးမှေး နဲ့ ပိန်ပိန်ပါးပါး Japan ကောင်လေးတွေကိုသာ ရွှန်းရွှန်း ရူးသွပ်တတ်တာပင်.... ။
လူတွေက နင့်ရည်မှန်းချက်က ဘာလဲလို့မေးလာလျှင်တော့ ပိုက်ဆံတွေ အများကြီးရှာ ခရီးတွေအများကြီးသွားပြီး လွတ်လွတ်လပ်လပ်နဲ့ ပျံသန်းဖို့ပဲဟုသာကျွန်မ ရွှန်းမြတ်နိုးပိုင်က ရိုးရိုးလေး ဖြေမှာဖြစ်သည်။
******************************************************************************
Author's Note
ရှင်းလေးသွားတတ်မည့် တက္ကသိုလ်ကို
ထိုင်းနိုင်ငံက Chuularlongkhom University ကို ခံစားပြီး ရေးဖွဲ့ထားပါတယ်
တစ်ခုခု မှားနေတာရှိရင်လည်း
ဝေဖန်ထောက်ပြပေးပါနော်
A Seinn Kyaw
💚💙💜❤
Zaw Gyi
" ၿဗဲ................ "
အာဗြဲကြီးနဲ့အော်ငိုလိုက်သံတဲ့ သားငယ်လေးရဲ့ အသံကြောင့် မီးဖိုခန်းထဲတွင် ဟင်းချက်နေသော မိခင်ဖြစ်သူ ဒေါ်ရတီခင် လန့်သွားရသည်။
ကျက်ခါစ ဟင်းအိုးကို လက်စသတ်လိုက်ပြီး ကလေးတွေဆော့နေတဲ့ ဧည့်ခန်းရှိရာကို အမောတကော ပြေးထွက်လာမိတော့ ဒေါ်ရတီတွေ့လိုက်တာက ချောင်မှာကပ်ထိုင် ကာ မျက်ရည်ရွှဲလဲနဲ့ငိုနေသော သားငယ် ရှင်းမြတ်နိုးပိုင်နဲ့ သားငယ်အကြိုက်ဆုံး ၀ကဝြံရုပကြို ခွစီးကာ တခစ်ခစ်နဲ့ကာတွန်း