Dating With A Gangster

By Helium_Rin

156K 16.9K 1.5K

.....အလွန်ဆိုးပြီးဂျစ်ကန်ကန်နိုင်သောကောင်လေးကို ချစ်သွားသော...ကောင်လေးတစ်ယောက်၏အကြောင်း။ ChanBaek (Yaoi) Shin... More

[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15]
[ 17 ]
[ 18 ]

[ 16 ]

7.2K 825 84
By Helium_Rin

Unicode

မနက်ခင်းနေအလင်းရောင်က
မျက်နှာပေါ်ကျရောက်လာတာမို့
မထချင်ထချင်နှင့်ပဲမျက်ခွံတွေကိုဖွင့်လိုက်ရသည် ။

တစ်ခန်းလုံးကိုဖြာကျနေသည့်
နေရောင်တွေအရ ပြတင်းပေါက်တွေ
ဖွင့်ထားတာ အဖေမှန်းခန့်မှန်းမိလ်ိုက်၏ ..

မနေ့ကChanYeol ဒိတ်မယ်ပြောခဲ့တာ
သတိရသွားပြန်တော့ ခြုံထားတဲ့စောင်ကိုဆွဲဖယ် ၊
အိပ်ရာကနေအမြန်ကုန်းထရင်း
ရေချိူးခန်းထဲဝင်ပြေးရတာ့သည်။

ပေါ့ပေါ့ပါးပါးShirtအဖြူလေးနဲ့
ဂျင်းဘောင်းဘီကိုသာ
ဝတ်လိုက်ရင်း
လမ်းထိပ်ဆီသို့သာထွက်ခဲ့လိုက်သည်။

လမ်းထိပ်ရောက်တော့
ChanYeolကားကိုတွေ့လိုက်ရသည်..

ရောက်နေတာကိုဖုန်းမဆက်ဖူး !!

ကားထဲကိုအလျင်အမြန်ဝင်ထိုင်ရင်း
ခါးပတ်ပတ်ပြီး ChanYeolကို စကားပြောရန်
အလှည့် " ပြွတ် " ဟူသည့်အသံနဲ့အတူ
ကျွန်တော့်နှုတ်ခမ်းကို
တစ်စုံတစ်ခုလာထိသည့်အထိအတွေ့ ..

" Morning Kiss Bae ..
ကိုယ်တော့အားရှိသွားပြီ "

လိုချင်တာရသွားသည်မို့
စပ်ဖြီးဖြီးမျက်နှာနှင့်ChanYeolရယ်ပါ ..

ဒါလား .. တစ်ကျောင်းလုံးကြောက်ရတဲ့
Gangster ရုပ်..
ကျောင်းကလူတွေကိုအခုချိန်ဖြစ်နေတဲ့
ChanYeolမျက်နှာကိုခေါ်ပြချင်မိသည်။

ကြောင်ရပ်ကာအတွေးများနေတဲ့
ကျွန်တော့်ကို နောက်တခါ လာပြွတ်သွားတော့
ကျွန်တော့်လက်သီးဆုပ်များက
သူ့လက်မောင်းဆီ ..။

စိတ်ရှိသလောက်ထုလိုက်သော်လည်း
ChanYeolမျက်နှာတစ်ချက်မပျက် ..
ပြုံးပြီးစိုက်ကြည့်နေသည်မို့
လူကရှက်လာကာ အရှေ့သို့အမြန်လှည့်လိုက်ရသည်။

တကယ် .. Park ChanYeolကြီးကဘာကြီးမှန်းမသိ!!
လူကိုရှက်အောင်အမြဲစိုက်ကြည့်နေတယ် ။

အတန်ကြာသည့်အထိလဲ
စိုက်ကြည့်နေတာမို့
လူက ပါးပြင်တွေတောင်ပူလာသယောင် ။

" ဒီတစ်နေ့လုံးသွားဖို့ရော
အစီအစဉ်ရှိပါသေးရဲ့လား Park ChanYeol Ssi "

ကျွန်တော်မေးလိုက်တော့
သူကကျွန်တော့်မျက်လုံးတွေကို
တည့်တည့်စိုက်ကြည့်လာသည်။

ပုံမှန်လိုစချင်နေတဲ့မျက်ဝန်းတွေလဲမဟုတ် ..
အချစ်အရိပ်တွေနှင့်ပြည့်နေသည့်မျက်ဝန်းတွေလဲ
မစဟုတ်ပဲ တကယ့်ကိုတည်ကြည်စွာဖြင့်
စိုက်ကြည့်လာသည် ။

" သိပ်ချစ်ဖို့ကောင်းအောင်မနေပါနဲ့လား Baekhyunee ..
ကိုယ့်လက်ထဲကမင်းကိုတခြားလူတွေ
ယူသွားမှာကြောက်တယ် ...။ "

" ငါက ChanYeolအပိုင်လေ ..
ChanYeolနှင်ထုတ်တောင်
မသွားဖူးမို့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့
ဘာမှမစိုးရိမ်နဲ့နော် .. "

" ဟုတ်ပါပြီ .. "

ထုံးစံအတိုင်းပင် ..
ကျွန်တော်သဘောကျသည့်
ပါးချိူင့်တစ်ဖက်ကိုမပေါ်ပေါ်အောင်
ပြုံးပြရင်း ကားမောင်းဖို့အရှေ့ကိုလှည့်သွားသည် ။

ဘေးတိုက်ဖြစ်နေသည့်
သူ့မျက်နှာထက်က
ပါးကိုတစ်ချက်နမ်းလိုက်ပြီး
မသိချင်ယောင်ဆောင်
အပြင်ကိုငေးနေတော့ ..

ChanYeolက သဘောတကျရယ်ပြီး..
ကားကိုစတင်မောင်းနှင်တော့သည်.. ။

***

" ရောက်ပြီ .. "

ကားကိုရပ်ရင်းစက်သပ်လ်ု်ိုက်သည့်
ChanYeolထံမှစကား ။

ကျွန်တော်လဲအောက်ကိုဆင်းပြီး
ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တော့
တောင်ကုန်းငယ်လေးတစ်ခု ..

အေးချမ်းပြီးလူတယောက်စ
နှယောက်စာသာရှိသည်။

သူလဲကျွန်တော့်နည်းတူ
ဆင်းလာပြီးအနောက်ခန်းကိုဖွင့်ကာ
ခြင်းတောင်းတစ်လုံးကိုဆွဲလာသည်။

" ပျော်ပွဲစားထွက်တာလား ? "

သူရဲ့အားနေတဲ့လက်တစ်ဖက်ကို
ဆုပ်ကိုင်လိုက်ရင်း ...
သိချင်မိသည့်မေးခွန်းတစ်ခုအား
မေးလိုက်သည် ။

" ဒါပေါ့Baeရ ..
ခြင်းတောင်းကြီးယူလာမှာတော့
ပျော်ပွဲစားထွက်တာပေါ့ကွ .. "

တောင်ကုန်းလေးက
အနားယူဖို့သီးသန့်လုပ်ထားဟန်တူသည်။
သစ်ပင်အရိပ်တွေအောက်မှ
စားပွဲခုံလေးတွေသီးသန့်လုပ်ထားသည် ။

ChanYeolကရှုခင်းကောင်းသည့်
နေရာလေးမှရွေးထိုင်ရင်း
ခြင်းတောင်းထဲမှစားစရာတွေကိုထုတ်နေသည်။

မနက်ခင်းထွက်လာခဲ့သော်လည်း
အနည်းငယ်ဝေးသည်ကြောင့်
အခုချိန်ကနေ့လည်စာစားချိန်တောင်ဖြစ်နေပြီဖြစ်သည်။

ChanYeolတူကိုဖောက်ပြီး
လှမ်းပေးတော့ဟန်မဆောင်နိုင်စွာ
အလျင်အမြန်လှမ်းယူလိုက်ရင်း ..
ထမင်းလိပ်နှစ်ခုလောက်ကို
ပါးစပ်ထဲတစ်ခါတည်းထည့်ဝါးလိုက်သည်။

ကျွန်တော်တစ်ခုပြီးတစ်ခု
ယူစားနေတာကို ကြည့်နေသော
ChanYeolကအတန်ကြာတော့
စကားစလာသည်။

" Bae သိလား .. "

ကျွန်တော်ပါးစပ်ထဲက
ငါးအူချောင်းတွေကို အဝါးမပြတ်ရင်းက
မော့မကြည့်ပဲခေါင်းငြိမ့်ပြလိုက်သည်။

" ဟိုတနေ့ကလေJongIn သူ့ကောင်လေးကို
ခေါ်လာပြီးပြတော့ ကိုယ်တိုအတူ
ထမင်းစားကြတာ .. သူ့ကောင်လေးကလေ
JongInnie ... JongInnieနဲ့ ဟင်းတွေကိုပါ
လိုက်ရွေးပြီးထည့်ပေးတာ .. JongInကလဲဘေဘီဘေဘီနဲ့.. Baeလဲကိုယ့်ကို ကိုကိုလို့မခေါ်တောင်
ChanYeollieဖြစ်ဖြစ်ခေါ်သင့်တယ်။
ကိုယ်ကသူတို့ကိုကြည့်ရင်း ရည်းစားမရှိတဲ့
FAလေးလိုအားကျနေတာ .. Baeရော
အားမကျဖူးလား ... ? "

" အင်း ... "

ပါးစပ်ထဲကစားစရာတွေအကုန်
မြိုချလိုက်ပြီး Colaတ
ဘူးတဝက်လောက်ထိကုန်အောင်သောက်ပြီးမှ
ChanYeolအမေးကိုဖြေလိုက်သည်။

" အားကျတာပေါ့ ...

ရှိသမျှအားတွေမြေကြီးထဲထိ
စိုက်ဝင်ပြီးကျသွားတာ "

ကျွန်တော် " အင်းအားကျတာပေါ့ " ဆိုပြီး
ပြောတုန်းကရွှင်မြူးနေတဲ့ChanYeolမျက်နှာက
ချက်ချင်းကိုသုန်မှုန်သွားသည် ။

" မြန်မြန်စားပြီးသွားရအောင် .. "

စကားအသွားအလာနှင့်
လေသံကိုခန့်မှန်းကြည့်ရုံနှင့်
သူကျွန်တော့်ကိုစိတ်ဆိုးသွားသည်မှာ
သေချာသည် ။

" အင်.. ငါကစတာကို
စိတ်ဆိုးသွားတာလား ? "

" မသိဖူး .. "

မျက်နှာကိုလုံးဝတင်းထားသည်မို့
စတာလွန်သွားပြီလို့တောင်ထင်မိသည်။
ဟုတ်လဲဟုတ်တယ် .. သူက ကျွန်တော်
သီးသန့်ခေါ်တဲ့နာမည်လေးကိုလိုချင်နေတာ ..

" ကိုကိုကလည်း ... စိတ်မဆိုးနဲ့လေနော် "

ကျွန်တော်ပြောတော့
သူ့မျက်လုံးတွေကချက်ချင်းအရောင်ပြောင်းသွားပြီးကျွန်တော့်ကိုကြည့်လာသည်။
သို့သော်စိတ်ဆိုးပြေပုံတော့မပေါ်သေး ။

" နော် ကိုကိုနော် ..
Baekhyuneeက စတဲ့ဟာကို "

မတ်တတ်ရပ်နေသည့်
သူ့နားသွားကာ သူ့လက်ကိုဆွဲရမ်းရင်း
အတတ်နိုင်ဆုံးချစ်စရာကောင်းအောင်လုပ်ပြရင်း
ချော့နေမိသည်။ ..

Park ChanYeolစိတ်ဆိုးရင်
ဒီလောက်ချော့ရခက်မှန်း
မသိခဲ့ရိုးအမှန်ပါ -.- ။

" အဟမ်း .. မင်းက ချစ်စရာကောင်းအောင်
လုပ်ပြနေတော့လဲအခွင့်အရေးတစ်ခုပေးမယ် "

ရုပ်ကိုက စိတ်ဆိုးပြေချင်နေတဲ့ရုပ်ကြီးနဲ့ကို
အတင်းကောက်ချင်နေသေးတယ် !!

အတွေးထဲမှာသာ
မျက်စောင်းလှိမ့်ထိုးနေမိသော်လဲ
အပြင်မှာတော့သွားကိုဖြဲထားပြီး
ခေါင်းကိုပြုတ်ထွက်မတတ်ငြိမ့်ပြနေရသည်။

" ကိုယ့်ကို အခါတစ်ရာတိတိနမ်းရင်
စိတ်ဆိုးပြေမယ် .. ! "

TBC ~

နောက်ကျသွားတာတောင်းပန်ပါတယ်နော် ..
နေမကောင်းဖြစ်ပြီးလူကခေါင်းအရမ်းကိုက်နေပေမဲ့
အကြာကြီးစောင့်ခိုင်းနေရတာအားနာလို့ TT

ခေါင်းကမူးနေတော့
ခနခနနားပြီးရေးရေးနေရတော့
နောက်ကျသွားတာရယ် ..

အခြေအနေသိပ်မကောင်းလို့ ..
Feedbackတွေကိုမနက်ဖြန်မှ
Replyပြန်ပေးပါ့မယ်နော် ..

နောက်ကျသွားတာနဲ့
Reply နောက်ကျမှာကို
စိတ်မခုဖို့မျှော်လင့်ရင်း ..❤

( ဖိဘတ်ပလိစ် >< )

Zawgyi



ရေချိုးခန်းထဲဝင်​​ပြေးရတာ့သည်​။

ဂျင်း​ဘောင်းဘီကိုသာ
ဝတ်​လိုက်​ရင်း

လမ်းထိပ်​​ရော​က်​​တော့



" Morning Kiss Bae ..


Gangster ရုပ်​..

သူ့လက်​​မောင်းဆီ ..။



အတန်​ကြာသည့်​အထိလဲ
စိုက်​ကြည့်​​နေတာမို့



စိုက်​ကြည့်​လာသည်​ ။

ယူသွားမှာ​ကြောက်​တယ် ...။ "

" ငါက ChanYeolအပိုင်​​လေ ..

" ဟုတ်​ပါပြီ .. "

ထုံးစံအတိုင်းပင်​ ..
ကျွန်​​တော်​သ​ဘောကျသည့်
ပါးချိုင့်​တစ်​ဖက်​ကိုမ​ပေါ်​ပေါ်​အောင်

ဘေးတိုက်​ဖြစ်​​နေသည့်
သူ့မျက်​နှာထက်​က
မသိချင်​​ယောင်​​ဆောင်
အပြင်​ကို​ငေး​နေ​တော့ ..


***

" ​ရောက်​ပြီ .. "

ကားကိုရပ်​ရင်းစက်​သပ်​လ်ိုက်​သည့်
ChanYeolထံမှစကား ။


နှ​ယောက်​စာသာရှိသည်​။



ဆုပ်​ကိုင်​လိုက်​ရင်း ...
မေးလိုက်​သည်​ ။

" ဒါ​ပေါ့Baeရ ..

တောင်​ကုန်း​လေးက




စကားစလာသည်​။

" Bae သိလား .. "

ကျွန်​​တော်​ပါးစပ်​ထဲက

ခေါ်လာပြီးပြေ​တာ့ ကိုယ်​တို​အတူ
အားမကျဖူးလား ... ? "

" အင်း ... "


" အားကျ​တာ​ပေါ့ ...




စကားအသွားအလာနှင့်
သေချာသည်​ ။

" အင်​.. ငါကစတာကို
စိတ်​ဆိုးသွားတာလား ? "

" မသိဖူး .. "



ကျွန်​​တော်​​ပြော​တော့

" ​နော်​ ကိုကို​နော်​ ..

မတ်​တတ်​ရပ်​​နေသည့်
ချော့​နေမိသည်​။ ..

မသိခဲ့ရိုးအမှန်​ပါ -.- ။



အ​တွေးထဲမှာသာ

စိတ်​ဆိုး​ပြေမယ်​ .. ! "

TBC ~


ခေါင်းကမူး​နေ​တော့
နောက်ကျသွားတာရယ်​ ..


နောက်​ကျသွားတာနဲ့
Reply ​နောက်​ကျမှာကို

( ဖိဘတ်​ပလိစ်​ >< )

Continue Reading

You'll Also Like

1.5M 26K 53
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
296K 7.2K 53
what will happen to ayasha (🐶) after their marriage contract with mikael (🦊) ended? Knowing that she's pregnant with the billionaire? This story a...
75.9K 2K 30
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...
789K 47.4K 119
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...